ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
The Land Within (2022) ⭐IMDB: 6.4/10 (195 Votes) 🎬 #Drama #Mystery #Thriller 🗓 2022 🎞 movie 🌎 #Kosovo #Switzerland #France ⏰ 1 နာရီ 54 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီ Drama/Myetery ကားလေးမှာတော့ မင်းသား Florist Bajgora (Her 2018) နဲ့ မင်းသမီး Luàna Bajrami (Portrait of a Lady on Fire) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဒီကားကို ရိုက်တဲ့ဒါရိုက်တာ Fisnik Maxville က အကောင်းဆုံးဒါရိုက်တာဆုနဲ့ ရုပ်ရှင်ဆုအပါအဝင် ဆု ၅ ဆု ရရှိပြီး ဇကာတင် ၅ခု ဝင်ခဲ့တာပါ။ နှစ်အတော်ကြာ တခြားနိုင်ငံမှာ ပြည်ပြေးအဖြစ်နဲ့ ရောက်ရှိနေခဲ့တဲ့ မိဘမဲ့ဖြစ်သူ ရာမိုက ဘယ်လ်ကန်မှာရှိတဲ့ သူ့ငယ်ဘဝရွာလေးကို ပြန်ရောက်လာခဲ့ပါတယ်။ သူ့ကိုမွေးစားခဲ့တဲ့အဖေဖြစ်သူ စကန်ဒါ နေမကောင်းဖြစ်နေလို့ အမြန်ပြန်လာပါဆိုတဲ့ မွေးစားအစ်မဖြစ်သူ အူနာရဲ့အကြောင်းကြားမှုကြောင့် ပြန်ရောက်လာခဲ့တဲ့ ရာမို့ကို ဆီးကြိုနေခဲ့တာတွေကတော့ စစ်အတွင်းကသေဆုံးသွားခဲ့တဲ့ သူတို့ရွာလေးကလူတွေရဲ့ သင်္ချိုင်းဂူ တူးဖော်မှုပါပဲ။ စစ်အတွင်းမှာ သူတို့အမျိုးတွေ၊ မိသားစုဝင်တွေနဲ့ ရွာက လူတော်တော်များများ သေဆုံးခဲ့ပြီး အဲဒီအလောင်းတွေမြှုပ်ထားတဲ့ သင်္ချိုင်းဂူကို သိပ္ပံပညာရှင်အချို့က စစ်ဆေးမှုတစ်ခုအတွက် တူးဖော်ဖို့လိုတယ်လို့ ဆိုတာမို့ မိသားစုဆွေမျိုးတွေ စာရင်းကို အရင်တုန်းက ဓာတ်ပုံတွေကိုကြည့်ကာ နှစ်ယောက်သားရှာဖွေ စာရင်းပြုစုပြီးပေးခဲ့ရင်း မထင်မှတ်ထားတဲ အရာတစ်ခုကို သိခဲ့ရပါတော့တယ်။ အဲဒါကတော့ သူတို့ပြုစုထားတဲ့စာရင်းနဲ့ မူလသန်းခေါင်စာရင်းက ကွဲပြားနေပြီး ပျောက်ဆုံးနေသူတစ်ယောက် ရှိနေခဲ့တာပါပဲ။ ဖက်တီမီရာဆိုတဲ့အမျိုးသမီးက မူလသန်းခေါင်စာရင်းမှာ ရှိခဲ့ပေမဲ့ သူတို့ကအဲဒီအမျိုးသမီးကို မသိခဲ့တာမို့ နားလည်ရခက်စွာ အဖြေရှာရင်းနဲ့ အတိတ်က ဖုံးကွယ်ထားတဲ့အမှန်တရားတွေကို သိလိုက်ရချိန်မှာတော့.. တူးဖော်ခဲ့တဲ့အလောင်းတွေနဲ့အတူ ပေါ်ပေါက်လာခဲ့တဲ့ အတိတ်က အမှန်တရားက ဘာများဖြစ်မလဲ.. စစ်အတွင်းမှာ ရွာက လူတော်တော်များများ သေဆုံးခဲ့ရပေမဲ့ ရာမိုက ဘယ်လိုဖြစ်လို့ ပြည်ပြေးအဖြစ်နဲ့ အသက်ရှင်ကျန်ရစ်ခဲ့တာလဲ.. ဖက်တီမီရာကရော ဘယ်သူလဲ.. ဘာလို့ သူတို့က ဖက်တီမီရာရဲ့အကြောင်းကို မသိခဲ့ရတာလဲ ဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်ပြီး ရှာဖွေကြည့်ရှုလိုက်ကြပါဦးနော်။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ)...

It's Kind of a Funny Story (2010) ⭐TMDB: 70.0% User Score 🎬 #Comedy #Drama #Romance 🗓 2010 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 2010က ထွက်ရှိခဲ့တဲ့ ဒီကားကို Ned Vizzini ရဲ့ နာမည်တူ နာမည်ကြီး စာအုပ်ကို ပြန်လည်ရိုက်ကူးထားပြီးတော့ မျက်နှာသိသရုပ်ဆောင်တွေလည်းပါ ပါတယ်။ Emma Robert, Viola Davis တို့လို နာမည်ကြီးတွေနဲ့ Zach Galifianakusတို့လို ဟာသသရုပ်ဆောင်မင်းသား Atypical Serieက ခေါင်းဆောင် မင်းသား Keir Gilchrist တို့လည်း ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ Craigဆိုတဲ့ ဆယ်ကျော်သက် ကောင်လေးက တစ်ညမှာ သေကြောင်းကြံစည်မယ့်အိမ်မက်ကနေ လန့်နို့လာပြီးတော့ သူ့အိမ်နဲ့ အနီးဆုံး ဆေးရုံမှာ သွားပြီး ပြခဲ့ပါတယ်။ သူ့အကြံအစည်ကတော့ ဆေးပဲ လိုချင်တာဆိုပေမယ့် ဆရာဝန်က သူ့ကိုဆေးရုံတင်ပစ်လိုက်ပါတယ်။ ဆေးရုံရဲ့ပေါ်လစီအရ အနည်းဆုံးဆေးရုံမှာ ငါးရက်ကတော့ မဖြစ်မနေ နေရတော့မှာပါ။ အစမှာတော့ ဆေးရုံကလူတွေနဲ့ သူတို့ရဲ့ထူးထူးဆန်းဆန်းပုံတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေဖို့ ခဲယဉ်းခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ နေသားကျလာပါတယ်။ ဒါ့အပြင် Bobbyလို့ခေါ်တဲ့ လူကြီးတစ်ယောက်နဲ့လည်း မိတ်ဆွေတွေ ဖြစ်လာခဲ့ပါတယ်။ ဆေးရုံတစ်ခုရဲ့ စိတ်ကျန်းမာရေးဌာနတစ်ခုမှာ ဖြစ်ပျက်နေပုံတွေကို ရိုးရှင်းတဲ့ ဇာတ်လမ်းနဲ့တင်ဆက်ထားပြီး ဟာသလေးအနည်းငယ်နှောထားလို့ တော်တော်များများ သဘောကျမယ့်ကားမျိုးပါ။...

Monsters of California (2023) ⭐IMDB: 4.8/10 (464 Votes) 🎬 #Adventure #ScienceFiction #SciFi 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဂြိုဟ်သားတွေ ရောက်နှင့်နေပြီးသားလို့ ပြောရင် ယုံကြမလား❓ Sci-fi, Adventure သမားတွေအတွက် ဇာတ်လမ်းပဲ ဆိုပါတော့။ အဓိကဇာတ်ဆောင်မင်းသားဖြစ်သူ ဒဲလက်စ်အက်ဝေါ့ဒ်က ဖခင်ဖြစ်သူ အကြောင်းမဲ့ ပျောက်ဆုံးသွားရတဲ့ကိစ္စကို တူးဖော်ဖို့ ကြိုးစားနေရင်း ဖခင်ဖြစ်သူရဲ့ အလုပ်အကြောင်းကို မတော်တဆ သိသွားခဲ့တယ်။ အဲနောက်မှာတော့ သူ့ဖခင်က အားလုံးယုံကြည်ထားသလို သေဆုံးသွားခြင်းမဟုတ်ဘူးဆိုတဲ့ သူ့ယုံကြည်မှုက ပိုပြီး ခိုင်မာလာခဲ့ပြီး သူ့အဖေထားတဲ့ သဲလွန်စတွေ၊ မှတ်စုတွေနဲ့ ဒီအဖြစ်အပျက်နောက်ကွယ်က အကြောင်းအရာတစ်ခုလုံးကို နောက်ကြောင်းလိုက်ဖော်ဖို့ သူငယ်ချင်းကောင်း ၂ ယောက်နဲ့အတူ မဆုတ်မနစ်ကြိုးစားတော့တယ်။ ကမ္ဘာကြီးမှာ ကိုယ်တိုင်မတွေ့သရွေ့ ယုံနိုင်မှာ မဟုတ်တဲ့ အကြောင်းအရာတွေမှ အများကြီးပါ။ ဒီထဲက ဇာတ်ကောင်တွေကရော ကမ္ဘာကြီးရဲ့ ဘယ်လိုသဘာဝလွန်ဖြစ်ရပ်တွေကို တွေ့ခဲ့ရမယ်လို့ ထင်ပါသလဲ❓ ဒီကားထဲမှာ ဘာထူးခြားသလဲလို့ ပြောရရင် Sci-fi ဆိုပေမဲ့ ကိုးကွယ်မှုအကြောင်းတွေလဲပါတယ်၊ ဒသနိကဆိုင်ရာအကြောင်းအရာတွေလဲပါလဲ၊ သရဲ၊ တစ္ဆေအကြောင်းအရာတွေလဲ ပါတယ်။ ဒါတွေက မဆိုင်ဘဲ ဘာလို့ပါရသလဲလို့ တွေးမိကြမှာပေါ့။ ဘာလို့လဲဆိုတဲ့ အဖြေကိုတော့ ဇာတ်ကားထဲမှာပဲ ရှာကြည့်လိုက်ကြတာပေါ့...

In the Electric Mist (2009) ⭐TMDB: 61.0% User Score 🎬 #Crime #Drama #Mystery #Thriller 🗓 2009 🎞 movie 🌎 #France #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 57 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Man In Black ကားတွေထဲက အေးဂျင့်ကေ အဖြစ်ပါဝင်ထားတဲ့ မင်းသားကြီး Tommy Lee Jonesရဲ့ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးကတော့လူစီယားနားပြည်နယ် နယူးအိုင်ဘီရီးယားမြို့မှာ အရမ်းလှပတဲ့ အသက်19 နှစ်အရွယ်ပြည့်တန်ကောင်မလေးတစ်ယောက်ရက်ရက်စက်အသတ်ခံခဲ့ရတယ် ထိုလူသတ်မှုကို စုံထောက်ကြီးရော်ဘီချော့တစ်ယောက် ကိုင်တွယ်စုံစမ်းရပါတော့တယ် ထိုအမှုကိုစုံစမ်းရင်းမှ နောက်ထပ်အမှုတွေ တစ်စတစ်စပေါ်ထွက်လာခဲ့တယ် ထိုအမှူတွေနဲ့ပက်သက်နေသူမှာ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းလုပ်နေတဲ့ ဘယ်လ်ဘွန်နီ(ဘေဘီဖိ) လို့သံသယဝင်လာပြီး သူ့ကိုစောင့်ကြည့်စုံစမ်းနေခဲ့ပါတယ် ထို့နောက် ရုပ်ရှင်သရုပ်ဆောင်ဖြစ်တဲ့အဲလ်ရော့ဆိုက်ဟာလည်း ရိုက်ကွင်းတစ်ခုကနေ အလောင်းတစ်ခုတွေ့ရှိခဲ့တာကြောင့် ရော်ဘီချော့ထံ သတင်းပို့ပြောပြခဲ့ပါတယ် စုံထောက်ကြီးရော်ဘီချော့တစ်ယောက် အမှုမှန်ပေါ်အောင်စုံစမ်းနေရင်း သူ့အတွက် အသက်အန္တရာယ်နဲ့ပါကြုံတွေ့လာရပါတယ် နောက်တော့ ဒီထပ်ပိုဆိုးလာပြီး သူ့မိသားစုကိုပါ ခြိမ်းခြောက်လာမှုကြုံတွေ့ရတဲ့အခါ စုံထောက်ကြီးအနေနဲ့ ဘယ်လိုဖြေရှင်းသွားမလဲ အမှုမှန်ရောပေါ်ပေါက်ပါ့မလား…… ဘယ်သူက ဒီအမှုတွေရဲ့ တရားခံဖြစ်နေတာလဲဆိုတာတွေကို စိတ်ဝင်စားစွာကြည့်ရှုရမှာပါ...

The First Day of My Life (2023) ⭐IMDB: 6.7/10 (1 k Votes) 🎬 #Comedy #Drama #Fantasy 🗓 2023 🎞 movie 🌎 #Italy ⏰ 2 နာရီ 1 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 “ကိုယ့်ဘ၀ရဲ့ ပထမဆုံးနေ့”ဆိုတဲ့အတိုင်း ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်ကို သေချာ မီးမောင်းထိုး ရိုက်ကူးပြထားတဲ့ အီတလီဒရာမာကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မိုးတွေသည်းတဲ့ညတစ်ညမှာ ဘယ်ကမှန်းမသိတဲ့ အမည်မသိ အဖိုးကြီးတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို့ကြိုးစားနေတဲ့ လူလေးယောက်ကို အသက်ဘေးကကယ်တင်ပေးခဲ့ပြီး စတေရှင်ဝက်ဂန်ကားလေးနဲ့ ခေါ်လာခဲ့ပါတယ်။ ဒီ အဆုံးစီရင်ဖို့ကြိုးစားခဲ့တဲ့ လူလေးယောက်ကတော့ နပိုလီယွန်လို့အမည်ရတဲ့ယောင်္ကျားကြီးရယ်၊ အာရီယာနာဆိုတဲ့ သက်လတ်အရွယ် မိန်းမကြီးရယ်၊ အမ်မီလီယာလို့ခေါ်တဲ့ မိန်းမပျိုလေးရယ်၊ ဒန်နီရယ်ဆိုတဲ့ ကလေးလေးတစ်ယောက်ပါ။ ဒီအဖိုးကြီးဟာ သူတို့လေးယောက်ကို ခုနစ်ရက်အချိန်ပေးလိုက်ပြီး သူတို့မရှိတော့တဲ့နောက်ပိုင်း သူတို့ဘ၀တွေဟာ ဘယ်လိုဖြစ်ဆက်သွားမလဲဆိုတာကို ခုနစ်ရက်တာကာလအတွင်း စတေရှင်ဝက်ဂန်လေးနဲ့ လိုက်လံပြသပေးပြီးတော့ သေဆုံးမှုထက် ရှင်သန်မှုကိုပဲရွေးချယ်ဖို့ရာကို တိုက်တွန်းဖို့ကြိုးစားပေးပါတော့တယ်။ ရုပ်ရှင်တလျှောက် လူလေးယောက်ရဲ့ မတူညီတဲ့ ဇာတ်လမ်းတွေကို အသေးစိတ်ပုံဖော်ထားပြီး စိတ်ခံစားမှုကို လှုပ်ခတ်‌စေအောင် နောက်ခံတေးတွေကိုလည်း သေချာအသုံးပြုထားတာကိုတွေ့ရပါမယ်။ ဒီလိုနဲ့ ခုနစ်ရက်ပြည့်တဲ့အချိန် သူတို့ဟာအသက်ရှင်နေခဲ့‌သေးရင် သူတို့ရဲ့အနာဂတ်နေ့ရက်မှာ သူတို့ကိုစောင့်မျှော်နေမယ့်သူတွေ၊ အဆုံးစီရင်ဖို့မကြိုးစားခင်က အထင်အမြင်လွဲမှားနေခဲ့တဲ့အရာတွေကို သိရှိသွားခဲ့ကြပြီးနောက်မှာတော့ သေကြောင်းကြံဖို့ ကြိုးစားနေခဲ့တဲ့ ဒီလူလေးယောက်ထဲမှာ ဘယ်သူတွေကဆက်ရှင်သန်ဖို့ လမ်းကို ရွေးချယ်မလဲ၊ ဘယ်သူတွေက‌ ကယ်တင်မှုကို လက်မခံဘဲ မူလရွေးချယ်မှုကိုပဲ ပြုလုပ်သွားကြမလဲဆိုတာကိုတော့ စိတ်ခံစားမှုကို ကိုင်လှုပ်‌ပေးမယ့် ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူးပုံဖော်ထားပါတယ်။ ဒီရုပ်ရှင်ဟာ စိတ်ဓာတ်ရေးရာ ဒရာမာကားဆိုပေမဲ့ တစ်ကားလုံး စိတ်ညစ်စရာတွေချည်းထိုင်ပြနေတာမဟုတ်ဘဲ ဘ၀မှာ ဘယ်လောက်ပဲ အခက်အခဲတွေနဲ့ ကြုံတွေ့ရပြီး ဆင်းရဲဒုက္ခခံစားနေရပါစေ ကိုယ့်ဘ၀ကိုရှေ့ဆက်‌နိုင်စေမယ့် အကြောင်းရင်း၊ ပျော်ရွှင်မှုတစ်စုံတရာ ရှိစမြဲဖြစ်ကြောင်းကို မက်ဆေ့ခ်ျပေးရင်း တချို့နေရာလေးတွေမှာ dark humor လေးတွေပါထည့်ထားပြီး ရိုက်ကူးထားပါတယ်။ ရုပ်ရှင်အပြီးမှာတော့ ကြည့်ရှုသူကိုယ်တိုင်လည်း ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်နဲ့ ပတ်သက်ပြီး ခေါင်းထဲမှာ အတွေးတစ်ခုခုတော့ ကျန်ရစ်ခဲ့မှာမလို့ ရုပ်ရှင်ကြည့်ပရိတ်သတ်အနေနဲ့ ဒရာမာကားကောင်းတစ်ကားကို ကြည့်ချင်နေတယ်ဆိုရင်တော့ သေချာပေါက်မြည်းစမ်းကြည့်ဖို့ ညွှန်းဆိုရင်းနဲ့ပဲ နိဂုံးချုပ်လိုက်ပါတယ်။...

Herd (2023) ⭐IMDB: 3.9/10 (250 Votes) 🎬 #Action #Horror 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Herd (2023) ဒီလအတွင်းမှာမှ လတ်လတ်​ဆတ်ဆတ် ထွက်ရှိထားတဲ့ Herd ဆိုတဲ့ အက်ရှင် သည်းထိတ်ရင်ဖိုကား​​လေးနဲ့ မိတ်ဆက်​ပေးပါရ​စေ။ ~ ဇာတ်လမ်းအညွှန်း ~ ​ဂျေမီတစ်​ယောက် သူမရဲ့ နာကျင်စရာ အတိတ်က​နေ လွတ်​မြောက်ဖို့အ​ရေး သူမရဲ့ ချစ်သူ အဲလက်နဲ့အတူ ထွက်​ပြေးလာရာက​နေ ဖုတ်​ကောင်ကူးစက်မှု​တွေပျံ့နှံ့​နေတဲ့ အ​ခြေအ​နေဆိုးနဲ့ ကြုံ​တွေ့လာရတဲ့အခါ… တစ်ဖက်မှာလည်း ဖုတ်​ကောင်​တွေကို ရှင်းလင်းဖို့ အဖွဲ့ဖွဲ့စည်းထားကြ​ပေမဲ့ မိမိကိုယ်ကျိုးကိုသာဦးစား​ပေးတဲ့ အဖွဲ့နှစ်ဖွဲ့ကြား ​ဂျေမီတို့​ရောက်သွားတဲ့အခါ… ​ဂျေမီတို့ဘယ်လိုအခက်အခဲ​တွေကြုံရမလဲ… သူမရဲ့ အတိတ်​ဆိုး​တွေက​နေ​ရော လွတ်​မြောက်​အောင်လုပ်နိုင်ခဲ့လား… ဆိုတာ​တွေကို စိတ်ဝင်တစားကြည့်ရှူရမယ့် ဇာတ်ကား​လေးဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)...

No Dogs or Italians Allowed (2022) ⭐IMDB: 7.2/10 (925 Votes) 🎬 #Animation #Drama 🗓 2022 🎞 movie 🌎 #France #Belgium #Switzerland #Italy #Portugal ⏰ 1 နာရီ 8 မိနစ် 5 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ၂၀ရာစုအစပိုင်းကာလရဲ့နိုင်ငံရေးနဲ့ စီးပွားရေးအပြောင်းအလဲတွေကြားမှာ လုပ်ရှားရုန်းကန်ခဲ့ရတဲ့ မိသားစုလေးအကြောင်းကိုရိုက်ပြထားတဲ့ Animation/Coloring Cartoon ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ဒီဇာတ်ကားလေးရဲ့ထူးခြားချက်ကတော့ အဲဒီကာလအတွင်းမှာဖြစ်ပျက်ခဲ့တဲ့ မိသားစုနဲ့ နိုင်ငံရေးအခက်အခဲတွေကို သရုပ်ဆောင်တွေနဲ့ သရုပ်ဆောင်တာမဟုတ်ဘဲနဲ့ ကာတွန်းဇာတ်ကောင်လေးတွေနဲ့ သရုပ်ဆောင်ပြီးတော့ ဇာတ်ကွက်ကို ပုံဖော်သွားတာပဲဖြစ်ပါတယ် အီတလီနိုင်ငံမြောက်ပိုင်း အူတဲရာ ကျေးရွာလေးမှာနေထိုင်တဲ့မိသားစုလေးရဲ့ဘဝဇာတ်ကြောင်းကိုမြေးတော်စပ်သူတစ်ယောက်ကနေ Background Story အနေနဲ့ပြန်လည်တမ်းတတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့ ဒီဇာတ်ကားလေးကို ကြည့်ရင်းကြည့်ရင်းနဲ့ ရင်ထဲမှာ ခံစားချက်တစ်ခုခုကျန်ခဲ့မယ့် Feeling မျိုးပေးစွမ်းမယ့် အကြောင်းအရာတွေကို ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုခံစားလိုက်ကြပါဦးနော်။ Rating ကလည်းကောင်းကောင်းနဲ့ဆိုတော့ ပြောစရာမလိုတော့ဘူးပေါ့ ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်။...

Hail to Hell (2022) ⭐IMDB: 7.1/10 (20 Votes) 🎬 #Adventure #Drama 🗓 2022 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 49 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hail to Hell (2023) ကျောင်းတွင်းမှာ အနိုင်ကျင့်မှုတွေခံရတဲ့ ကျောင်းသူတွေအဖို့တော့ ကျောင်းက ငရဲလိုပါပဲတစ်ယောက်ပြီးတစ်ယောက် မပြီးနိုင်တဲ့အနိုင်ကျင့်မှုတွေကြားမှာအလူးအလဲခံရတဲ့ ဟွမ်ဆွန်းဝူနဲ့ ဆုန်းနာမီတို့နှစ်ယောက်ကလည်းငရဲကနေလွတ်မြောက်ချင်လို့ သေလမ်းကိုရွေးဖို့ လုပ်ကြပါတယ် ဒါပေမဲ့ မသေခင်လေး သူတို့ကို အရင်ဆုံးအနိုင်ကျင့်ခဲ့ပြီးကောင်းကောင်းနေ ကောင်းကောင်းစားနေတဲ့ ဘတ်ချယ်ရင်းကို လက်စားချေဖို့ ဆုံးဖြတ်လိုက်ပါတယ် အဲလိုနဲ့ လက်စားချေဖို့ ဆိုးလ်ကို ရောက်သွားတဲ့အခါမှာမထင်မှတ်တဲ့အရာတွေ အပြောင်းအလဲတွေနဲ့ ကြုံတွေ့လိုက်ရပါတော့တယ် နောက်ဆုံးမှာ လက်စားချေမှုက အောင်မြင်သွားမလားဘယ်လိုအခက်အခဲတွေကို အတူဖြေရှင်းမလဲဆိုတာ ကြည့်ရှူခံစားပေးကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့Joyzပဲ ဖြစ်ပါတယ်။...

Havana (2023) ⭐TMDB: 60.0% User Score 🎬 #Crime #Thriller 🗓 2023 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 42 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Havana (2023) မှုခင်းဇာတ်လမ်းကို ကြိုက်တတ်တဲ့သူတွေအတွက် ဇာတ်လမ်းကောင်းလေးတစ်ခုကို တင်ဆက်ပေးပါဦးမယ် အစိုးရရှေ့နေ အီဂျောင်မင်းဟာ အထက်ကနေ အမှုတစ်ခုကိုတာဝန်ပေးလို့ အဲအမှုလိုက်ရှေ့နေဖြစ်လာပါတယ်..အမှုက ခင်ပွန်းဖြစ်တဲ့သူကို အိပ်နေတဲ့အချိန်မှာ ဇနီးသည်ကသတ်လိုက်တယ်လို့ စွပ်စွဲထားပါတယ် ရှုပ်ထွေးတဲ့အမှုကို ရဲတွေဘက်ကလည်း လုပ်ဆောင်တာပေါ့လျော့တာရယ်၊အမှုစစ်က တရားခံပါလို့ တစ်ထစ်ချယုံထားတဲ့အတွက် အမှုလိုက်တဲ့ရှေ့နေကတော့ မလွယ်ကြောပါပဲ ဒီအမှုမှာ ဇနီးဖြစ်တဲ့သူက တကယ်ပဲ တရားခံလားတခြားအလှည့်အပြောင်းတွေရှိဦးမလားဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရဦးမှာပါ Havana ဆိုတဲ့ နာမည်နဲ့ ဘာဆိုင်သွားသလဲဆိုတော့ဇာတ်လမ်းအစမှာပဲ ဟာဗာနားဆိုတဲ့ နာမည်ဝှက်နဲ့ ရှေ့နေဆီကို သက်သေတွေ ပို့ပေးနေရာကနေ အစပြုလာတဲ့ နာမည်ဖြစ်ပါတယ် Thriller Crime ဇာတ်လမ်းကောင်းကောင်းလေး ကြည့်ချင်ရင်တော့ ကြည့်ဖို့ညွှန်းပေးပါရစေနော် အညွှန်းကိုတော့Joyzက ရေးထားပေးပြိးတော့ဘာသာပြန်ထားတာကတော့Joyz&Hmweပဲ ဖြစ်ပါတယ်။...

Red Sandal Wood (2023) ⭐IMDB: 9.0/10 (1 k Votes) 🎬 #Action #Bollywood #Thriller #Crime 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 32 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Red Sandal Wood (2023)IMDb – 9.0/10 2021 ခုနှစ်ရဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ အာလူးအာဂျွန်နဲ့ ရာရှ်မီကားတို့ရဲ့ Pushpaရုပ်ရှင်လို စန္ဒကူးနီမှောင်ခိုလုပ်ငန်းအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားသစ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါရစေ။ ဒီကားမှာတော့ ဇာတ်လိုက်ကျော်မင်းသားကို စန္ဒကူးနီမှောင်ခိုဂိုဏ်းကို ဖော်ထုတ်မယ့် လက်ဝှေ့‌ကျော်လေးပရာဘာအဖြစ် မြင်တွေ့ရမှာပါ။ Pushpa 2 လည်း ပြသဖို့ရက်ဝေးသေးတာဆိုတော့ ကိုအာလူးကိုစောင့်ရင်းနဲ့ အလွမ်းပြေကြည့်ရှုလိုက်ရအောင်ပါ။ ဇာတ်လမ်းအကျဉ်း အန်ဒရာမြို့အတွက်တော့ စန္ဒကူးဆိုတာ မြေဆီမြေနှစ်ကထွက်တဲ့ ရတနာတစ်ပါးပါပဲ။ ကြီးမားကျယ်ပြန့်လှတဲ့ တီရူပသီက စန္ဒကူးနီတောအုပ်ကြီးဟာ အန်ဒရာသားတွေအတွက် ဂုဏ်ယူစရာဖြစ်သလို ဝိသမ‌လောဘသားတွေအတွက်လည်း အသင့်ယူသုံးလို့ရတဲ့ ရွှေတွင်းကြီးဆိုလည်းမမှားပါဘူး။ ‌ဘယ်လောက်ပဲ ဥပဒေနဲ့ထိန်းနေပါစေ စန္ဒကူးနီမှောင်ခိုမှုတွေကတော့ တောကြီးအနှံ့မှာ ရှိနေဆဲပါပဲ။ ကာရုနာတစ်ယောက် အရွယ်ရောက်လာပြီး မိသားစုတာဝန်ကိုထမ်းရတော့မယ်ဆိုပေမဲ့ အလုပ်ကရှာမရတာကြောင့် ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်နေရသူပါ။ သားကြီးတစ်ယောက်ပီပီ အဖေ့ကိုလည်း အလုပ်တွေကနေ နားစေချင်၊ အလုပ်ကလည်းမရ။ ဒီကြားထဲ လူတွေ့ကပါအဆင်မပြေပြန်တော့ ရရာအလုပ်ကိုဝင်လုပ်ဖို့ စိတ်စောနေပါပြီ။ ဒါပေမဲ့ ကာရုနာရဲ့မိဘတွေကတော့ တင့်တောင့်တင့်တယ် အစိုးရအလုပ်ကိုသာ လုပ်စေချင်တာကြောင့် စိတ်ပြေလက်ပျောက်ဖြစ်အောင် ဦးလေးဆီကို ပို့လိုက်ရာကနေ စန္ဒကူးမှောင်ခိုဂိုဏ်းနဲ့ ပတ်သက်မိတဲ့အခါ… ဒီအချိန်မှာ ကာရုနာရဲ့အဖေကလည်း မတော်တဆဖြစ်ပြီး သတိလစ်နေတာတောင် သားချစ်တဲ့အဖေပီပီ သားကိုပဲ တမ်းတရေရွတ်နေတဲ့အပြင် အဖေစိတ်နဲ့ အမေကပါ အိပ်ရာထဲလဲနေတော့ ကာရုနာကိုရှာပေးဖို့ သူ့ညီမက ပရာဘာကို တောင်းဆိုပါတော့တယ်။ ဒီတော့ ပရာဘာတစ်ယောက် ကာရုနာကိုရှာဖို့ထွက်လာရင်း ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex, ToMo, Yunni, Deeနဲ့ Zwe Yan တို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Heavenly Sword and Dragon Sabre (2002) ⭐TMDB: 86.0% User Score 🎬 #Drama 🗓 2002 🎞 tv series 🌎 #Taiwan #China #Singapore ⏰ 43 မိနစ် 49 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Heavenly Sword and Dragon Sabre ( 2003 ) ( Completed )Heavenly Sword And Dragon Sabre ( 2003 )သိုင်းစီးရီးတွေအတွဲလိုက်တင်ပြီးပေမယ့် နဂါးနိုင်ဓါး တတွဲကျန်နေသေးလို့ ဘယ် version လုပ်ရင် ကောင်းမလဲစဉ်းစားမိပါတယ် 2003 Version ထဲက ကျောက်မိန်သာ ပုံအလာဆုံးမို့ ဒီဗားရှင်းလေးပဲတင်ဆက်လိုက်ပါတယ် နောက်တာပါ ဒီဗားရှင်းကို သဘောအကျဆုံးမို့ ပြန်တင်ဆက်လိုက်ပါတယ် ပထမဆုံးတင်တဲ့ရက်မို့ Bonus အနေနဲ့ 10 ပိုင်းတင်ဆက်လိုက်ပါတယ် နောက်ရက်တွေကတော့ထုံးစံအတိုင်းတရက် ငါးပိုင်းပေါ့ အပိုင်း 40 ပါဝင်ပါတယ် ( စကားချပ် ) Your browser does not support the video tag.ဒီဇာတ်လမ်းကိုတော့ ၁၄ ရာစုမှာ တည်ဆောက်ထားပါတယ်။ အဓိက ဇာတ်ကောင်ကတော့ ဝူတန် ဂိုဏ်းကို တည်ထောင်ခဲ့သူ ကျန်းစန်းဖုန်းရဲ့ တပည့် ကျန်းချွေးဆန်းရဲ့ သား ကျန်းဝူကျိပဲဖြစ်ပါတယ်။အဲဒီခေတ်မှာ နဂါးနိုင်ဓားနဲ့ တိမ်လွှာဓားကို ပိုင်ရင် သိုင်းလောကမှာ ပြိုင်ဘက်ကင်းပြီဆိုတဲ့ အဆိုကြောင့် ဒီဓား၂လက်ကို လုကြရင်းတိုက်ပွဲတွေ ဖြစ်လာခဲ့တာပါ။နဂါးနိုင်ဓားနဲ့တိမ်လွှာဓားဟာ ဒီအတိုင်းအသုံးပြုရင်တောင် သတ္တုအားလုံးကို ဖြတ်တောက်ပစ်နိုင်တဲ့ အစွမ်းရှိပါတယ်။ ဒါပေမယ့် တကယ်ပိုအရေးကြီးတဲ့အချက်က ကောကျင့်တို့ခေတ်မှာ ထိပ်သီးတွေ လုခဲ့ကြတဲ့ ဝူမု စစ်ဗြူဟာကျမ်းကို နဂါးနိုင်ဓားထဲမှာ ထည့်ထားပြီး၊ ကျိုရင်းသိုင်းကျမ်းထဲက အရိုးဖြူလက်သည်းသိုင်း၊ ကျာပွတ်သိုင်း နဲ့နဂါးနိုင်လက်ဝါး ၁၈ ကွက်ကိုတော့ တိမ်လွှာဓားထဲမှာ ထည့်သွင်းထားခဲ့တာပါပဲ။ကျန်းဝူကျိဟာ မင်ဂိုဏ်းရဲ့ စကြဝဠာလွှဲပြောင်းသိုင်း၊ နေစကြာအတွင်းအားသိုင်း ၊ ထိုက်ချိသိုင်းတွေကိုရရှိခဲ့ပြီး ကျိုးကျစ်လော့ကတော့ တိမ်လွှာဓားရဲ့ သိုင်းကျမ်းတွေကို ရသွားတာပါ။ ကျိုးကျစ်လော့ကို နောက်ဆုံးမှာ အနိုင်တိုက်ခဲ့တဲ့ သူကတော့ ရန်ကော်နဲ့ရှောင်လုံနွီတို့ရဲ့ မျိုးဆက်ဖြစ်တာကြောင့် ကျိုးကျစ်လော့ရဲ့ သိုင်းကွက်တွေကို အလွယ်တကူပဲ ချေဖျက်ခဲ့ပါတယ်။...

Dream Girl 2 (2023) ⭐IMDB: 6.0/10 (7 k Votes) 🎬 #Bollywood #Comedy #Drama #Romance 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 7 မိနစ် 42 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dream Girl 2 2023 (လုံးရာကပြားချင်ယောင်ဆောင်တဲ့ ဘုန်းကညာတစ်ပါး) IMDB (6/10) ရရှိထားပြီး ဘတ်ဂျက် ၃၅ ကုဋေရင်း ကုဋေ ၁၄၀ ထိပြန်အမြတ်ထွက်ခဲ့တဲ့ပထမကားထဲကမင်းသားအာရူရှမန် ဂူရာနားနဲ့ student of the yearဒီပီကားရဲ့လေးပွင့်ဆိုင်ဖောက်ပြန်ရေးဇာတ်ကား Gehraiyann ထဲကမင်းသမီးချောလေး အန်နယာပန်ဒေးတို့ ဦးဆောင်ပါဝင်ထားတဲ့ ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ ခေါင်းစဉ်အတိုင်းပါပဲ ကာရမ်ကနတ်ဘုရားပူဇော်ပွဲတွေမှာ ဖျော်ဖြေပေးတဲ့သူတစ်ယောက်ပါ သု့ပါပါဂျက်ဂျိကတော့ အိမ်တိုင်ပါချွတ်ပေါင် အကြွေးပတ်လည်ဝိုင်းနေတဲ့ အဖေလိမ္မာလေးပေါ့… သားက ယောင်ချာချာအလုပ်မရှိ အဖေက အကြွေးတောထဲနစ်နေပေမဲ့ နှစ်ယောက်သားကတော့ အေးဆေးပါပဲကာရမ်ရဲ့ကောင်မလေးက ရှေ့နေမလေးတစ်ယောက်ဖြစ်ပြီး ချမ်းသာတဲ့မိသားစုကပါ အဲ့ကနေ သူ့သားကိုတင်တောင်းမဲ့ ခန်းဝင်ပစ္စည်းတွေနဲ့ အကြွေးတွေဆပ်မယ်လို့ အကြံကြီးပေမဲ့ ကောင်မလေးရဲ့အဖေက အိမ်လာလည်ပြီး ကာရမ်တို့သားအဖရဲ့ အခြေအနေမှန်ကိုသိသွားတော့ သမီးနဲ့သဘောမတူတော့ပါဘူး သမီးနဲ့တူအောင်တန်အောင် ခြောက်လအတွင်း အိမ်ခြံအလုပ်ငွေသားပြနိုင်မှ ပေးစားမယ်ဆိုလို့မစ္စတာကာရမ်လဲ ပိုက်ဆံမြန်မြန်ရအောင် ကြံရာမရ လုံးရာကပြားချင်ယောင်ဆောင်ပြီး |ဘားတွေမှာ သီချင်းလိုက်ဆိုပါတော့တယ် ဘာတွေဘယ်လိုဆက်ဖြစ်မလဲ ချစ်သူနှစ်ဦးရော ပေါင်းစပ်နိုင်ကြမလား လိုအပ်တဲ့အရာတွေကိုရောခြောက်လအတွင်းရမလား စသည်ဖြင့် အချစ်ဟာသကားလေးကို မိသားစုနဲ့တူတူ ရီမောရင်းကြည့်ရှုနိုင်ဖို့ CM team ကနေ စေတနာဗလပွနဲ့ တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ရဲ့လက်ရာပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

A Beautiful Teacher-Aka Asuka[SSIS-858-Decensored] ⭐- 🎬 #Asian #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 1 နာရီ 59 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 JAV မင်းသမီးတွေထဲ Aka Asuka ဆိုတာနဲ့ ကြီးမားလုံးဝိုင်းတဲ့သူမရဲ့ ပုံစံကိုပြေးမြင်ကြမှာပါ။ သူမရဲ့နဂိုအရှိတရားတွေက ဇာတ်လမ်းသဘော မလိုအပ်အောင် ပြည့်စုံနေတာမလို့ JAV ဇာတ်လမ်းဆင်ပြီး ရိုက်ကူးတာနည်းပေမယ့် SSIS-858-Decensored ဒီဇာတ်လမ်းထဲမှာတော့ သူမကို ဇာတ်လမ်းဇာတ်ကွက်နဲ့မြင်ရမှာပါ။ JAV ကားတွေထဲ လူဆိုးအဖြစ်အမြဲမြင်ရတဲ့ ဖက်တီးကောင် Yuta Imai ပါဝင်တာမလို့ ဇာတ်လမ်းကြမ်းသလိုရှိပါတယ်။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့  ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။ Aka Asuka ပရိတ်သတ်အတွက် Decensored Version နဲ့တင်ဆက်လိုက်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...

Karumegangal Kalaiginrana (2023) ⭐TMDB: 0.0% User Score 🎬 #Bollywood #Drama 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 17 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Karumegangal Kalaiginrana (2023) ပထမဆုံးပြောချင်တာက ဒီကားက IMDb 9.4 ရထားတဲ့ ဇာတ်ကားပါတမေးလ်ကားတွေရဲ့ ပင်တိုင်မင်းသား ပွဲတိုင်းကျော် ယိုဂီဘာဘူလည်း ပါဝင်ထားသလို Aditi Balan နဲ့ Bharathiraja တို့လည်း အားဖြည့်ထားပါတယ် မိသားစုဆိုတာဘာလဲ ကျွန်တော်တို့အတူရှိနေချိန်မှာ သတိမထားမိတဲ့ မိသားစုရဲ့တန်ဖိုးကို ဝေးမှပဲ နားလည်ကြတယ်ဒီကားမှာဆိုရင် မိသားစု နဲ့ relationship တွေရဲ့ ဆက်သွယ်မှုအကြောင်းကို ဒါရိုက်တာက သူ ၂၀၀၆ ခုနှစ်က ရေးခဲ့တဲ့ဇာတ်လမ်းတိုလေးကို အခြေခံပြီးရိုက်ကူးထားတဲ့အတွက် ဒါရိုက်တာရဲ့ ရင်တွင်းခံစားချက်အစစ်ကို ခံစားကြရမှာပါ ဇာတ်လမ်းကတော့ မတူညီတဲ့ လူတန်းစားအလွှာ သုံးရပ်က ကွဲပြားတဲ့ ဇာတ်ကြောင်း သုံးခုအကြောင်းပါပဲ ကျိကျိတက်ချမ်းသာတဲ့လူတန်းစား မိသားစုတစ်စု ရှိမယ် အောက်ခြေလူတန်းစား ဘဝသမားလေး ယိုဂီဘာဘူနဲ့ ချောမောလှပပြီး ကိုယ်ကျိုးမငဲ့တဲ့မိဘမဲ့ကျောင်းက ဆရာမလေးတစ်ယောက်တို့ အကြောင်းပါပဲ လုပ်ငန်းကိုင်ငန်းတွေ ဘယ်လိုပဲအောင်မြင်နေပါစေ မာန်မာနတွေကြားမှာခံလို့ဖခင်အိုကြီးနဲ့ စကားမပြောကြတဲ့ သားသမီး အလွှာကြီးက လူတန်းစားဖြစ်နေပါစေ မိသားစုရဲ့ နွေးထွေးမှုကို ငတ်မွတ်နေကြတဲ့သူတွေ…. ပလာတာ ရောင်းပြီး အပြင်ပန်းမှာ ပျော်ပျော်နေတတ်တဲ့ ယိုဂီဘာဘူကြီးလည်း အတွင်းစိတ်မှာတော့ သမီးလေးကို ကံတရားမျက်နှာသာမပေးလို့မိဘမဲ့ကျောင်းပို့ထားရတဲ့ လွမ်းဒုက္ခ နဲ့…. ကိုယ်ကျိုးမငဲ့ အခြေခံလူတန်းစားတွေဖက်က ရပ်တည်ပေးတတ်တဲ့ ဆရာမ ချောချောလေးတို့ရဲ့ ကိုယ်စီကိုယ်စီဘဝဇာတ်ခုံမှာ လောကဓံကို ဘယ်လိုရင်ဆိုင်ကြလဲဆိုတာကို ဒီ တမေးလ် drama ကားလေးမှာ ကြည့်ရှုခံစားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်ခင်ဗျာ (CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Saw X (2023) ⭐IMDB: 7.1/10 (21 k Votes) 🎬 #Horror #Mystery #SawCollection #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #Mexico #Canada #UnitedStatesofAmerica ⏰ 1 နာရီ 59 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Saw X (2023) ဒါဟာ Saw ရုပ်ရှင်တွဲကြီးရဲ့ ၁၀ ကားမြောက် ရုပ်ရှင်ပါ။ ဆော ရုပ်ရှင်တွေဟာ ရုပ်ရှင်လောကမှ သူမတူတဲ့ ဇာတ်အိမ်တစ်ခုနဲ့ ထိုးဖောက်လာခဲ့တာ ဆယ်စုနှစ်ချီနေပါပြီ။ ဒီရုပ်ရှင်ရဲ့အချိန်ကတော့ Saw 2004 နဲ့ Saw II 2005 ကြားကာလကို ပြထားတာပါ။ နာမည်ကျော် ဂျစ်ဆောလူသတ်သမားကြီး ဂျွန်ခရာမာကို ဒီရုပ်ရှင်မှာ ပထမဆုံး ဇာတ်လိုက်အဖြစ် မြင်ကြရမှာပါ။ ဒါရိုက်တာကတော့ အရင် ဆောရုပ်ရှင်တွေရဲ့ တည်းဖြတ်သူ Kevin Greutert ပါပဲ။ဒီရုပ်ရှင်ဟာ IMDb Rating (7.1)/ RT (79%) ရရှိထားပြီး ဆောရုပ်ရှင်အားလုံးထဲမှာ ရိတ်တင်အကောင်းဆုံးဖြစ်လာခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း…ဂျစ်ဆောလူသတ်သမားကြီး ဂျွန်ခရာမာဟာ ပန်ကရိယကင်ဆာ အဆင့်-၄ ကြောင့် ဆရာဝန်တွေပါလက်လျှော့လိုက်ရပါပြီ။ ဒါပေမဲ့ မက္ကဆီကိုမှာ ရှိနေတဲ့ ဆရာဝန်တစ်စုက နောက်ဆုံးပေါ်ကုထုံးနဲ့ ကုပေးမယ်လို့ လိမ်ခေါ်ပြီး သူ့ငွေတွေကို လိမ်သွားပါတယ်။ ဂျစ်ဆောကိုမှ ဖျံကျမိတဲ့ ဆရာဝန်လူလိမ်တစ်သိုက်လည်း ဂျစ်ဆောနဲ့သူ့လက်ထောက် အမန်ဒါတို့ ပညာပြန်ပေးတာကို ခံရပါတော့တယ်။ ဆောရုပ်ရှင်တွေကို စတင်ခဲ့တဲ့ ဒါရိုက်တာနှစ်ယောက်ကတော့ James Wan နဲ့ Leigh Whannell ဖြစ်ပြီး သူတို့ရဲ့ဇာတ်လမ်းကို လူအတော်များများကြားဖူးကြမှာပါ။ ရုပ်ရှင်ကျောင်းဆင်းခါစ ရှိမဲ့စုမဲ့ငွေလေးနဲ့ အိမ်လေးတစ်လုံးထဲမှာ ရိုက်ခဲ့တဲ့ Saw 2004 ဟာ သမိုင်းတလျှောက် အမြတ်အစွန်းအများဆုံးရုပ်ရှင်စာရင်းဝင်သွားခဲ့ပြီး (ဒေါ်လာ ၁.၂ သန်းရင်းပြီး သန်း ၁၀၀ ကျော် ပြန်ဝင်သွား) တစ်ကမ္ဘာလုံးကိုလွှမ်းမိုးခဲ့တာပါ။ အဲဒီအောင်မြင်မှုကတဆင့် Conjuring, Aquaman တို့လို နောက်ထပ်ကမ္ဘာကျော်ကားတွေကို တက်လှမ်းနိုင်ခဲ့တာပါ။ ဒီရုပ်ရှင်ရဲ့မင်းသား Tobin Bell ကလည်း Jigsaw အဖြစ် ဆောရုပ်ရှင်တိုင်းမှာပါခဲ့ပြီး သူမပါဖြစ်တဲ့ Saw Spiral မှာတောင် ပုံလေးတော့ ထည့်ခံရပါသေးတယ်။ ကြည့်ကြည့်လိုက်ကြပါဦး။ Saw ဇာတ်ကားများအားလုံးကို ဒီမှာhttps://channelmyanmar.org/category/special-package/saw-collection/ကြည့်ပါ။...

My Beautiful Man: Eternal (2023) ⭐IMDB: 7.3/10 (173 Votes) 🎬 #BL #Drama #Romance 🗓 2023 🎞 movie 🌎 #Japan ⏰ 1 နာရီ 43 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 My Beautiful Man : Eternal (2023) ဒီဇာတ်လမ်းလေးကတော့ 2021မှာ My Beautiful Man ဆိုပြီးSeason 1 နဲ့ 2ထွက်ထားတဲ့ ဂျပန်BLဇာတ်လမ်းတွဲ‌လေးရဲ့ နောက်ဆက်တွဲMy Beautiful Man: Eternal ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တက္ကသိုလ်ကနေဘွဲ့ရခါနီးလို့ နာမည်ကြီးဓာတ်ပုံဆရာဆီမှာလက်ထောက်အဖြစ်စတင်လုပ်ကိုင်နေတဲ့ Hira နဲ့အနုပညာနယ်ပယ်မှာစတင်နာမည်ရလာ‌နေပြီဖြစ်တဲ့ kiyoiတို့ချစ်သူနှစ်‌ယောက် ။Hiraက သူ့အပေါ်မှာအရမ်းချစ်တယ်လို့ယုံကြည်ထားတဲ့ Kiyoi တစ်ယောက်ဟာHiraရဲ့ မပိုင်ဆိုင်ရရင်တောင် တည်ရှိနေပေးရုံ‌လေးနဲ့ လုံလောက်တယ်ဆိုတဲ့မြတ်နိုးခြင်းတွေချစ်ခြင်းမေတ္တာတွေကို နားလည်မပေးနိုင်ဘဲ သူ့ကိုချစ်တဲ့ Hiraဟာပြောင်းလဲသွားခဲ့ပြီလို့ အထင်လွဲခဲ့ပါတော့တယ်။ Kiyoiရဲ့အထင်လွဲမှုတွေကို Hira ရဲ့ချစ်ခြင်းတွေနဲ့ဘယ်လိုအနိုင်ယူသွားမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Khaingပဲ ဖြစ်ပါတယ်။...

The Kill Room (2023) ⭐IMDB: 5.4/10 (1 k Votes) 🎬 #Comedy #Thriller #Crime #Action 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Kill Room (2023)============Comedy , Thriller Samuel L.Jackson နဲ့ Ethan Hawke သမီး Maya တို့ ပါဝင်ထားတဲ့ Thriller ဇာတ်ကားကောင်းဖြစ်ပါတယ် ဂေါ်ဒန်လို့ခေါ်တဲ့ ဆင်မြူရယ်ဂျက်ဆင်က နယူးဂျာစီမှာ စားသောက်ဆိုင်ဗန်းပြပြီး မူးယစ်မှောင်ခိုတွေလုပ်နေတဲ့ လူမိုက်ကြီးပေါ့…ဒါပေမယ့် တစ်နေ့သူ့ရဲ့ မသမာတဲ့ ငွေတွေကို ငွေကြေးခဝါချပြီး…တရားဝင်သုံးလို့ရတဲ့ ငွေဖြူအဖြစ်ပြောင်းလဲဖို့ လိုအပ်လာပါတယ်အဲ့ဒီမှာ သူသွားတွေ့လိုက်တာက ပန်းချီပြခန်းတစ်ခုပါပဲ…..ကားရောင်းအဝယ်လုပ်ပြီး ဗန်းပြရင်တောင်..ကားတစ်စီးရဲ့တန်ဖိုးနဲ့ကိုယ့်ရဲ့ဝင်ငွေထွက်ငွေကို IRS ခေါ် အခွန်ဌာနက လူတွေက သိပြီး အမှုပတ်သွားနိုင်ပါတယ်…ဒါပေမယ့် အနုပညာပစ္စည်းဖြစ်တဲ့ ပန်းချီကားတွေဆိုတာက …တစ်ချပ်ကို သိန်းချီ သန်းချီဆိုလည်း တန်ကြေးရှိနိုင်ပြီးဗန်းပြလို့ကောင်းပြီး ငွေဖြူပြောင်းပေးနိုင်တဲ့ အကောင်းဆုံး လမ်းကြောင်းတစ်ခုပဲဒါကို မြင်သွားတဲ့ ဂေါ်ဒန်ကသူ့တပည့် ရက်ဂျီကို ပန်းချီကားတစ်ချပ် ဆွဲချင်သလို ဆွဲခိုင်းပါတယ်…ရက်ဂျီကလည်း လက်တည့်စမ်းလိုက်တာ..သူဆွဲလိုက်တဲ့ ပန်းချီကားက ကမ္ဘာ့အနှံ့က ပန်းချီကားစုဆောင်းသူတွေထိပ်ထိပ်ကြဲသူဌေး‌ မီလီယံနာကြီးတွေအထိ နာမည်ကြီးပြီး…သတင်းစာ မီဒီယာတွေကတောင် ဆောင်းပါးတွေ ရေးကုန်ပါတယ်…ဒီအတွက် ရက်ဂျီလည်း လူတွေမရိပ်မိအောင် နောက်တစ်ချပ် ထပ်ဆွဲရပြန်ပါတယ်…ပန်းချီဆွဲရင်းနဲ့ ငွေပိုရှာနိုင်လာတဲ့ ရက်ဂျီနဲ့ဂေါ်ဒန်တို့ နှစ်ယောက်…ဒုစရိုက်လုပ်ငန်းတွေနဲ့ တရားဉပဒေကြားမှာ ဘယ်လို လှုပ်ရှားရင်း အဆုံးသတ်ကျော်ဖြတ်သွားမလဲ စိတ်ဝင်တစားကြည့်ရမယ့် Comedy , Thriller ကားကောင်းလေးဖြစ်ပါတယ်Cast တွေကလည်း အားလုံးသိတဲ့နာမည်ကြီးတွေဆိုတော့…မလွတ်တန်းစောင့်ကြည့်သင့်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Thiha Yan Naingပဲ ဖြစ်ပါတယ်။...

Passages (2023) ⭐IMDB: 6.9/10 (5 k Votes) 🎬 #BL #Drama #Romance 🗓 2023 🎞 movie 🌎 #France #Germany ⏰ 1 နာရီ 33 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Passages (2023) ဒီရုပ်ရှင်ဟာ Drama/ Romance အမျိုးအစားပါ။BL Drama လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။IMDb Rating 7.0 ရရှိထားပါတယ်။မိသားစုနဲ့ အတူမကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ပါဝင်တာမို့ ကြိုပြီး သတိပေးလိုက်ပါ့ရစေ။ သိပ်ပြီး အများကြီးမညွှန်းတော့ပါဘူး။တိုမတ်စ်နဲ့ မာတင်ဟာ သာယာတဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ Gay စုံတွဲတစ်တွဲပါ။တိုမတ်စ်ဟာ ရုပ်ရှင်ဒါရိုက်တာ တစ်ယောက်ပါ။ရုပ်ရှင် ရိုက်ကူးရေးအပြီး ပါတီတစ်ခုမှာ အာဂတ်သ် ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ဒီလိုနဲ့ တိုမတ်စ်လည်း မစားသင့်တဲ့ အသီးကို စားသုံးပြီး အစွဲလန်းကြီး စွဲလန်းသွားပါတယ်။တိုမတ်စ်နဲ့ မာတင်တို့ကြား အစစ်မ တစ်ယောက်ရောက်လာပြီးသုံးပွင့်ဆိုင် အချစ်ဇာတ်လေးတစ်ပုဒ် ဘယ်လိုဆက်ဖြစ်မယ်ဆိုတာဇာတ်ကားထဲမှာ ဆက်လက်ပြီး ခံစားလိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့Leonard Linပဲ ဖြစ်ပါတယ်။...

Escape (2023) ⭐TMDB: 0.0% User Score 🎬 #Crime #Mystery #Thriller 🗓 2023 🎞 movie 🌎 #Indonesia #Malaysia ⏰ 1 နာရီ 49 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Escape [2023] ( IMDb 7.5/10 ) စစ်ကြောရေးအခန်းတစ်ခန်းထဲမှာ အက်ဒမ်တစ်ယောက် မူးဝေပြာရီစွာနဲ့ပဲလက်ထိတ်ခတ်လျက်သား သတိပြန်လည်လာပါတယ်…သူ့ရှေ့မှာ ကြိုးဖုန်းအနီတစ်လုံး ရှိနေပြီးတော့ မျက်နှာကျက်နားက နံရံပေါ်မှာ တီဗီတစ်ခု ရှိနေပါတယ်…တီဗီထဲက သတင်းမှာတော့ သူသေဆုံးသွားပြီဆိုတဲ့ သတင်းက ထုတ်လွှင့်လာပါတယ်… အက်ဒမ် မယုံကြည်နိုင်ဖြစ်နေချိန်မှာပဲ ဖုန်းမြည်လာပါတယ်…လာတဲ့ ဖုန်းက အရေးပေါ်ဖုန်းလိုင်းကပါ…တစ်ဖက် အသံကိုသာ ကြားရပြီး အက်ဒမ့်အသံကို သူတို့မကြားရပါဘူး… ဒီလိုနဲ့ နောက်ဖုန်းတစ်ကောလ်… အက်ဒမ်သူ့အဖြစ်ကို ပြန်ပြောပြန်တယ်…ဒီတစ်ခါတော့ အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ကတဲ့လေ…အက်ဒမ်ဟာ ဝန်ကြီးကို လုပ်ကြံဗုံးခွဲခဲ့တဲ့ တရားခံပါတဲ့…သူ့ကို ဖမ်းဖို့ လိုက်နေကြတာပါတဲ့… အက်ဒမ်ရဲ့ ဇဝေဇဝါဖြစ်မှုဟာ အမြင့်ဆုံးကို ရောက်နေရှိနေပါပြီ…အဲ့နောက်မှာပဲ အစွမ်းထက်ဆုံးလက်နက်ဖြစ်တဲ့ EMP-47 ချပ်စ်ပြား ကိစ္စကလည်း ပေါ်လာပါတော့တယ်…အဲ့နောက်မှာတော့ အကြမ်းဖက်အဖွဲ့တစ်ခုဖြစ်တဲ့ လက်စ်ကာ တီမောရဲ့ အမဲလိုက်တာကိုလည်း ခံနေရမှန်း သိလာရပါတယ်…တစ်ပူပေါ် တစ်ပူဆင့်နေရင်းကမှ အခန်းထဲမှာ ပေးထားတဲ့အချိန်အတွင်း ချပ်စ်ပြားတည်နေရာကို မပေးနိုင်ရင်အချိန်ကုန်တာနဲ့ တစ်ခန်းလုံး ပေါက်ကွဲထွက်သွားမယ့် အချိန်ကိုက် ဗုံးကလည်း အသင့်တပ်ဆင်ထားပြီးသား ဖြစ်ပါတယ်…. ဒီလိုအခြေအနေဆိုးကြီးထဲမှာ ဦးခေါင်းထိခိုက်ထားတဲ့ ဝေဒနာနဲ့ အက်ဒမ်တစ်ယောက်အတိတ်ကို မနည်းပြန်တူးဆွရင်း ဒီအခန်းထဲက လွတ်မြောက်အောင် လုပ်သွားနိုင်မလား ရှုစားရမှာပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Tun Aung Kyawပဲ ဖြစ်ပါတယ်။္...

Karumegangal Kalaiginrana (2023) ⭐TMDB: 0.0% User Score 🎬 #Bollywood #Drama 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 18 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Karumegangal Kalaiginrana (2023) ပထမဆုံးပြောချင်တာက ဒီကားက IMDb 9.4 ရထားတဲ့ ဇာတ်ကားပါတမေးလ်ကားတွေရဲ့ ပင်တိုင်မင်းသား ပွဲတိုင်းကျော် ယိုဂီဘာဘူလည်း ပါဝင်ထားသလို Aditi Balan နဲ့ Bharathiraja တို့လည်း အားဖြည့်ထားပါတယ် မိသားစုဆိုတာဘာလဲ ကျွန်တော်တို့အတူရှိနေချိန်မှာ သတိမထားမိတဲ့ မိသားစုရဲ့တန်ဖိုးကို ဝေးမှပဲ နားလည်ကြတယ်ဒီကားမှာဆိုရင် မိသားစု နဲ့ relationship တွေရဲ့ ဆက်သွယ်မှုအကြောင်းကို ဒါရိုက်တာက သူ ၂၀၀၆ ခုနှစ်က ရေးခဲ့တဲ့ဇာတ်လမ်းတိုလေးကို အခြေခံပြီးရိုက်ကူးထားတဲ့အတွက် ဒါရိုက်တာရဲ့ ရင်တွင်းခံစားချက်အစစ်ကို ခံစားကြရမှာပါ ဇာတ်လမ်းကတော့ မတူညီတဲ့ လူတန်းစားအလွှာ သုံးရပ်က ကွဲပြားတဲ့ ဇာတ်ကြောင်း သုံးခုအကြောင်းပါပဲ ကျိကျိတက်ချမ်းသာတဲ့လူတန်းစား မိသားစုတစ်စု ရှိမယ် အောက်ခြေလူတန်းစား ဘဝသမားလေး ယိုဂီဘာဘူနဲ့ ချောမောလှပပြီး ကိုယ်ကျိုးမငဲ့တဲ့မိဘမဲ့ကျောင်းက ဆရာမလေးတစ်ယောက်တို့ အကြောင်းပါပဲ လုပ်ငန်းကိုင်ငန်းတွေ ဘယ်လိုပဲအောင်မြင်နေပါစေ မာန်မာနတွေကြားမှာခံလို့ဖခင်အိုကြီးနဲ့ စကားမပြောကြတဲ့ သားသမီး အလွှာကြီးက လူတန်းစားဖြစ်နေပါစေ မိသားစုရဲ့ နွေးထွေးမှုကို ငတ်မွတ်နေကြတဲ့သူတွေ…. ပလာတာ ရောင်းပြီး အပြင်ပန်းမှာ ပျော်ပျော်နေတတ်တဲ့ ယိုဂီဘာဘူကြီးလည်း အတွင်းစိတ်မှာတော့ သမီးလေးကို ကံတရားမျက်နှာသာမပေးလို့မိဘမဲ့ကျောင်းပို့ထားရတဲ့ လွမ်းဒုက္ခ နဲ့…. ကိုယ်ကျိုးမငဲ့ အခြေခံလူတန်းစားတွေဖက်က ရပ်တည်ပေးတတ်တဲ့ ဆရာမ ချောချောလေးတို့ရဲ့ ကိုယ်စီကိုယ်စီဘဝဇာတ်ခုံမှာ လောကဓံကို ဘယ်လိုရင်ဆိုင်ကြလဲဆိုတာကို ဒီ တမေးလ် drama ကားလေးမှာ ကြည့်ရှုခံစားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်ခင်ဗျာ (CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...