ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
https://m.media-amazon.com/images/M/MV5BY2RiOGNmMmYtNmFlOC00MDg2LTk2YTItZWRmMmZjZjc1OGMxXkEyXkFqcGdeQXVyMTYxMDYwMzI2._V1_FMjpg_UX1000_.jpg Lockwood & Co (2023- ) ⭐IMDB: 8.0/10 (107 Votes) 🎬 #Action #Adventure #Drama #SciFi #Fantasy #Horror #Mystery #Thriller 🗓️ 2023- 🎞️ tv series 📺 1080p FHD 🌎 #UnitedKingdom ⏰ 49 မိနစ် 45 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Lockwood & Co. (2023)Lockwood & Co. (2023) ================== IMDb Rating – 8.1/10Netflix ကနေ အသစ်ထွက်ရှိလာတဲ့ ရှားလော့ဟုမ်းနဲ့ Supernatural ပေါင်းထားသလို စိတ်၀င်စားဖို့ကောင်းတဲ့ Horror ဇာတ်လမ်းတွဲ အသစ်တစ်ပုဒ်လာပါပြီ။ ဒါရိုက်တာ ကလည်း Marvel ရဲ့ Ant-Man , Starwars The last Jedi တို့မှာ ဇာတ်ညွှန်းဆရာဖြစ်ခဲ့တဲ့ Joel Cornish ဖြစ်ပါတယ်။ IMDb မှာလည်း အခုလောလောဆယ်  Rating 8 လောက် ထိရထားပါတယ်။ ဇာတ်လမ်းအညွှန်း – ကမ္ဘာကြီးက ပရလောက ကပ်ဆိုက်ပြီး တစ်လောကလုံး သရဲ တွေ ကပ်ရောဂါလိုကြီးစိုးနေတဲ့ခေတ်ပါ။ ဒါပေမယ့် မရီဆာဖစ်စ်နဲ့ တွန်ရော်ဝယ်လ်ဆိုတဲ့ လူနှစ်ယောက်က ဒီကပ်ရောဂါကြီးကို နှိမ် နင်းခဲ့ပြီးနောက်ပိုင်းမှာ ကမ္ဘာအနှံ့ သရဲဖမ်းအေဂျင်စီတွေ မှိုလိုပေါက် လာပါတယ်။ အဲ့ထဲမှာမှ ဖစ်စ်နဲ့တွန်တို့ ဖွင့်ထားတဲ့ အေဂျင်စီက နာမည်အကြီးဆုံးဖြစ်ပါတယ်။နှစ် 50 အကြာမှာ မျိုးဆက်သစ်တွေအဖြစ် ဒီ series ရဲ့ MC တွေ ဖြစ်တဲ့ လူစီကိုင်လာနဲ့ အန်တိုနီလော့ဝုဒ်တို့ပေါ်လာပြီး သူတို့နှစ် ယောက်ကိုဇာတ်လမ်း ကျောရိုးတည်ရိုက်ထားတာဖြစ်ပါတယ်။ Lockwood universe ဟာအရမ်းကျယ်ပြန့်ပြီး comic တွေ ရုပ်ရှင် တွေထွက်ရှိထားပါတယ်။ ဒီ Netflix ရဲ့Lockwood and Co ဇာတ် လမ်းတွဲကလည်း Supernatural တို့လိုဇာတ်လမ်းတွဲတွေကိုကြိုက် ခဲ့တဲ့ပရိတ်သတ်တွေ စိတ်၀င်တစားစောင့်ကြည့်ရမယ့်ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။(စုစုပေါင်း ၈ပိုင်းတပြိုင်တည်းထွက်ရှိလာပြီး cmမှ ဆက်တိုက် တင်ဆက်ပေးသွားပါမည်။)(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Thiha Yan Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size………….(250 MB) / (650 MB)

https://m.media-amazon.com/images/M/MV5BZWU5ZTIzMzEtYzAyYy00NWY4LWFkZTgtZjkxOTM0YzdlZTAxXkEyXkFqcGdeQXVyMTMwNjQxNDU1._V1_FMjpg_UX1000_.jpg The Night of the 12th (2022) ⭐IMDB: 7.1/10 (2 k Votes) 🎬 #Crime #Drama #Mystery #Thriller 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #France #Belgium ⏰ 1 နာရီ 54 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Night of the 12th (2022) ~ IMDb – 7.1/10, Rotten Tomatoes – 85% ~ Memories of Murder တို့ Zodiac တို့လို ဖြစ်ရပ်မှန်ကို အခြေခံပြီး တရားခံမပေါ်တဲ့ ဇာတ်လမ်းတွေကို ကြိုက်တယ်ဆိုရင်တော့ ဒီကားဟာ သင့်အတွက်ပါပဲ။ စုံထောက်တိုင်းမှာ သူတို့မေ့မရတဲ့ သူတို့ကို အတွင်းထဲက လှိုက်စားနေတဲ့ အမှုတစ်ခုစီတော့ ရှိတတ်ကြပါတယ်။ ဒီကားထဲက စုံထောက်အတွက်ကတော့ ၁၂ရက်နေ့ညမှာအသတ်ခံခဲ့ရတဲ့ ကလာရာဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အမှုပါ။ ဒီကားဟာလည်း ကလာရာ့အသတ်ခံရမှုနောက်ကို စုံစမ်းဖော်ထုတ်ကြမယ့် ဖြစ်စဉ်အကြောင်းပဲဖြစ်ပါတယ်။ အပေါ်မှာပြောခဲ့သလိုပါပဲ… ဒီကားဟာ ပြင်သစ်ရဲဌာနရဲ့ မဖြေရှင်းနိုင်ခဲ့တဲ့ အမှုတစ်ခုအပေါ် အခြေခံပြီး ပြန်ရိုက်ထားတာဖြစ်ပါတယ်။ သိတဲ့အတိုင်းပါပဲ ဒီလိုကားတွေဟာ ဇာတ်လမ်းအကြောင်း သိပ်များများပြောပြဖို့ မသင့်တာမို့ ကိုယ်တိုင် ကြည့်ရှုကြဖို့ပဲ တိုက်တွန်းချင်ပါတယ်။ တစ်ခုရှိတာက ဒါဟာဖြစ်ရပ်မှန်စုံထောက်ကားဆိုပေမယ့် အလွှာတွေအများကြီးနဲ့ ဖွဲ့စည်းထားတဲ့ လူမှုရေးရာခေါင်းစဉ်တွေပါဝင်သလို လူမှုရေးစံနှုန်းတွေဘက်ကကြည့်ရင် နက်နဲပါတယ်။ နောက်ပြီး တကယ့်အစစ်အမှန်ဆန်တဲ့ တင်ပြမှုပုံံစံမျိုးနဲ့ တွေ့ရမှာမို့ စိတ်မပျက်စေရဘူးလို့တော့ အာမ,ခံပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)

https://m.media-amazon.com/images/M/MV5BYWI3ZTg2ZGEtZDg5My00NjIzLWJhNzEtYmU0ZTliZDA5NjhiXkEyXkFqcGdeQXVyNjcwNTg2MjM@._V1_FMjpg_UX1000_.jpg Making Wolf s Path (2022) ⭐TMDB: 0.0% User Score 🎬 #Drama 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #UnitedStates ⏰ 1 နာရီ 20 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Making Wolf’s Path (2022) Independent Film ဆန်ဆန် အမေရိကန်မှာထုတ်တဲ့ အီတလီစကားပြော ရုပ်ရှင်လေးပါ။ ရုပ်ရှင်ပွဲတော် တစ်ချို့မှာလည်း ဆုရထားပါတယ်။ အင်ဒီဖလင်လိုဖြစ်နေတယ်ဆိုတော့ ကြည့်ရတာတော့ ပဒေသာမဖြစ်ပေမဲ့ ဇာတ်လမ်းကတော့ တော်တော်လေး အချိုးအကွေ့တွေနဲ့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ သူ့နာမည်နဲ့ဆက်စပ်ပြီး ခေါင်းစွပ်နီမလေးနဲ့ မြေခွေးပုံပြင်ကို ထည့်သုံးသွားတာလေးလည်း မဆိုးပါဘူး။ စစချင်း သူက ကလေးတစ်ယောက် ပြန်ပေးဆွဲခံရတဲ့အမှုအတွက် မှားယွင်းစွပ်စွဲခံရတဲ့သူနဲ့ အဲဒီအမှုကိုကိုင်ခဲ့တဲ့ရဲအကြောင်း ဒိုကူမန်ထရီရိုက်ပြတဲ့ ရုပ်ရှင်သက်သက်လိုမျိုး ခံစားရအောင်ပြတယ်။ တဖြည်းဖြည်းနဲ့ ဇာတ်ကရုပ်လုံးပေါ်လာပြီးတဲ့နောက် ဒိုကူလိုလို တကယ့်အဖြစ်လိုလို အခန်းဖြတ်လေးတွေထည့်၊ ပြီးမှ ၂ခုကိုပေါင်းပြီး ဟာခနဲဖြစ်အောင်လုပ်သွားတဲ့ ဇာတ်ကြောင်းပြောပုံလေးနဲ့ ဇာတ်လမ်းလေးက တော်တော်တော့မဆိုးပါဘူး။ စုံထောက်ကားလိုလို အငွေ့အသက်လည်းရပါတယ်။ ကြည့်ပျော်တဲ့ အင်ဒီကားကောင်းလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်)

https://m.media-amazon.com/images/M/MV5BMDA5ZjdmYTEtYTBmZi00ZjFmLWFkNWUtMTIyMGYzZGNjZjkxXkEyXkFqcGdeQXVyMTQzNTA5MzYz._V1_FMjpg_UX1000_.jpg Shotgun Wedding (2022) ⭐IMDB: 5.8/10 (2 k Votes) 🎬 #Action #Comedy #Romance 🗓️ 2022 🎞️ Movie 📺 720p HD 🌎 #UnitedStates #UnitedStatesofAmerica #DominicanRepublic ⏰ 1 နာရီ 41 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Shotgun Wedding (2023) ဂျနီဖာလိုပက်ရဲ့ အက်ရှင်ဟာသအချစ်ကားအသစ် ထွက်လာပါပြီ။ ဇာတ်ကားနာမည် Shotgun Wedding ဆိုတာ တိုက်ရိုက်ဘာသာပြန်ရင်တော့ နှလုံးပြူးသေနတ်မင်္ဂလာဆောင်ပေါ့။ဒါပေမဲ့ တကယ့်အဓိပ္ပါယ်က အလောသုံးဆယ်ဆောင်ရတဲ့မင်္ဂလာဆောင်မျိုးကို ပြောတာပါ။တစ်ခါတလေ သတို့သမီးကိုယ်ဝန်ရှိသွားလို့ ထဆောင်လိုက်ရတာမျိုးပေါ့။ ဒီရုပ်ရှင်ထဲမှာတော့ နာမည်နဲ့လိုက်အောင် ဂျေလိုကြီး နှလုံးပြူးနဲ့ ပစ်ပြပါလိမ့်မယ်။မင်းသားကတော့ ထရန်စဖော်ကားထဲက ဗိုလ်ကြီး Josh Duhamel ပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ ဖိလစ်ပိုင်က ကျွန်းတစ်ကျွန်းမှာ မင်္ဂလာဆောင်လုပ်တာကနေ စပါတယ်။မင်းသမီးက ချမ်းသာတယ်။ မင်းသားက ဘေ့စ်ဘောကစားသမားကိုမှ အသင်းကထုတ်ခံထားရပြီး အလုပ်လက်မဲ့။အဲဒီကျွန်းမှာ နှစ်ဘက်မိသားစုတွေ အကုန်စုံပြီး တလွဲဖြစ်နေတဲ့အချိန်မှာမှပင်လယ်ဓားပြတွေက ဓားပြဝင်တိုက်တဲ့အခါ ဟိုအတန်းမီးလောင်သလို ပွဲတွေဖြစ်ကြတဲ့ ဇာတ်ကားမျိုးပါပဲ။သတို့သားနဲ့သတို့သမီး ရန်တွေဖြစ်ရင် ပင်လယ်ဓားပြတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ…. အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။

https://m.media-amazon.com/images/M/MV5BYTUwNTljNjYtMjFhZi00ZGE5LThmMWEtYzQ3YmY2ZWNiZTU1XkEyXkFqcGdeQXVyMTMxODk2OTU@._V1_FMjpg_UX1000_.jpg Rust and Bone (2012) ⭐IMDB: 7.4/10 (68 k Votes) 🎬 #Drama #Romance 🗓️ 2012 🎞️ Movie 📺 1080p FHD 🌎 #France #Belgium #Singapore ⏰ 2 နာရီ 03 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Rust and Bone(2012) ================= လက်ဝှေ့သမားဟောင်း အလီဟာ ကြုံရာကျပန်းလုပ်ကိုင်ရင်း အလုပ်ရှာဖို့ရည်ရွယ်ချက်နဲ့ အစ်မဖြစ်သူအိမ်ကို သားလေးလက်ကို ဆွဲပြီး ရောက်လာပါတယ်။ ကလပ်တစ်ခုမှာဂိတ်စောင့် အနေနဲ့ လုပ်ကိုင်ရင်း စတပ်ဖ်ဖနီဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ဆုံခဲ့တယ်။ တစ်နေ့တော့စတပ်ဖ်ဖနီတစ်ယောက် အလုပ်ကမတော်တဆမှုကြောင့် ထိခိုက်သွားချိန် အလီ နဲ့ပြန်ဆက်သွယ်မိသွားတယ် အလီ ဟာလည်း အလုပ်ကအသိတစ်ယောက်ဆက်သွယ်ပေးမှုနဲ့ လက်ဝှေ့ပွဲတွေကို စတပ်ဖ်ဖနီကိုခေါ်သွားပြီး ထိုးဖြစ်တယ်။ ကြုံရာအလုပ်ကို လုပ်ကိုင်ရင်းမိသားစုဝမ်းရေးကို ဖြေရှင်းနေတဲ့ အလီ နဲ့ မတော်တဆမှုကြောင့်စိတ်ဓာတ်ကျနေတဲ့ စတပ်ဖ်ဖနီတို့ ဘဝအခက်အခဲတွေကိုကျော်ဖြတ်ကြပုံ အလီ တို့သားအဖနှစ်ယောက်ရဲ့ သံယောဇဉ်တွေနဲ့ ကံကြမ္မာရဲ့ကျီစားပုံ တို့ကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။

https://m.media-amazon.com/images/M/MV5BNTViZDE4ZWMtYzE2Zi00NzNiLTg3Y2QtNmE4NjgwNGYzOTk3XkEyXkFqcGdeQXVyMTUxNzk3OTA4._V1_FMjpg_UX1000_.jpg Everglow (2021) ⭐IMDB: 5.6/10 (23 Votes) 🎬 #Drama 🗓️ 2021 🎞️ Movie 📺 720p HD 🌎 #SouthKorea ⏰ 1 နာရီ 36 မိနစ် 06 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Everglow (2021) “အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပါပဲ” ဆိုတဲ့ ဘွားဘွားနဲ့ ကောင်လေးတို့ရဲ့ ဇာတ်လမ်းလေးတစ်ပုဒ်လာပါပြီ :3 ဒီဇာတ်လမ်းလေးမှာတော့ ရေငုပ်သမဘွားဘွားနဲ့ဆိုးလ်ကနေ ရိုက်ကူးရေးလာလုပ်တဲ့ ပီဒီကောင်လေးတို့နှစ်ယောက်ဂျယ်ဂျူဒိုမှာ တွေ့ဆုံကြပြီးချစ်သွားကြတဲ့အကြောင်းလေးကို ပုံဖော်ထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဂိုဂျင်အို့ဆိုတဲ့ ဘွားဘွားအန်တီက ဂျယ်ဂျူကျွန်းရဲ့အတော်ဆုံးရေငုပ်သမဖြစ်ပါတယ်။ဒါပေမယ့် သူ့ဘဝဟာ သမီးလေးမရှိတော့တဲ့နောက် အထီးကျန်မှုတွေနဲ့သာပြည့်နှက်နေခဲ့ပါတယ်။ဒါ့အပြင် အိပ်ရာပေါ်လဲနေတဲ့ ခင်ပွန်းဖြ်စ်သူကို ပြုစုရင်း ၊တစ်ဖက်မှာလည်း ရေငုပ်သမအနေနဲ့ အသက်မွေးရင်း အထီးကျန်ဆန်စွာဖြတ်သန်းနေခဲ့ရပါတယ်။ ဂယောင်ဟွန်းကတော့ ဆိုးလ်ရုပ်သံလွှင့်ဌာနမှာအလုပ်လုပ်နေတဲ့ ပီဒီတစ်ဦးဖြစ်ပြီးဂိုဂျင်အို့အကြောင်းကို အစီအစဉ်မှာထည့်သွင်းရိုက်ကူးချင်တာကြောင့် ဂျယ်ဂျူဒိုကိုရောက်လာခဲ့သူပါ။ဒါပေမယ့် ဂိုဂျင်အို့ကတော့ ရိုက်ကူးရေးလုပ်ဖို့ အဆုံးထိငြင်းဆန်နေတဲ့အတွက်ကြောင့်မရရတဲ့နည်းလမ်းအစုံသုံးပြီး ဖြောင်းဖျကြည့်ဖို့ ကြိုးစားတဲ့အခါမှာတော့ သူတို့နှစ်ယောက် ဘယ်လိုနီးစပ်သွားမလဲ …..တူညီတဲ့စိတ်ဒဏ်ရာရှိတဲ့သူအချင်းချင်း ဘယ်လိုအားပေးရင်း ချစ်မိသွားကြမလဲဆိုတာကိုရသဆန်ဆန်တင်ဆက်ထားတဲ့ ကားကောင်းလေးမို့ မလွတ်တမ်းအားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်….. အညွှန်း နဲ့ ဘာသာပြန်ကတော့ThantSinပဲ ဖြစ်ပါတယ်။

https://m.media-amazon.com/images/M/MV5BNTViZDE4ZWMtYzE2Zi00NzNiLTg3Y2QtNmE4NjgwNGYzOTk3XkEyXkFqcGdeQXVyMTUxNzk3OTA4._V1_FMjpg_UX1000_.jpg Everglow (2021) ⭐IMDB: 5.6/10 (23 Votes) 🎬 #Drama 🗓️ 2021 🎞️ Movie 📺 1080p FHD 🌎 #SouthKorea ⏰ 1 နာရီ 36 မိနစ် 06 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Everglow (2021) “အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပါပဲ” ဆိုတဲ့ ဘွားဘွားနဲ့ ကောင်လေးတို့ရဲ့ ဇာတ်လမ်းလေးတစ်ပုဒ်လာပါပြီ :3 ဒီဇာတ်လမ်းလေးမှာတော့ ရေငုပ်သမဘွားဘွားနဲ့ဆိုးလ်ကနေ ရိုက်ကူးရေးလာလုပ်တဲ့ ပီဒီကောင်လေးတို့နှစ်ယောက်ဂျယ်ဂျူဒိုမှာ တွေ့ဆုံကြပြီးချစ်သွားကြတဲ့အကြောင်းလေးကို ပုံဖော်ထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဂိုဂျင်အို့ဆိုတဲ့ ဘွားဘွားအန်တီက ဂျယ်ဂျူကျွန်းရဲ့အတော်ဆုံးရေငုပ်သမဖြစ်ပါတယ်။ဒါပေမယ့် သူ့ဘဝဟာ သမီးလေးမရှိတော့တဲ့နောက် အထီးကျန်မှုတွေနဲ့သာပြည့်နှက်နေခဲ့ပါတယ်။ဒါ့အပြင် အိပ်ရာပေါ်လဲနေတဲ့ ခင်ပွန်းဖြ်စ်သူကို ပြုစုရင်း ၊တစ်ဖက်မှာလည်း ရေငုပ်သမအနေနဲ့ အသက်မွေးရင်း အထီးကျန်ဆန်စွာဖြတ်သန်းနေခဲ့ရပါတယ်။ ဂယောင်ဟွန်းကတော့ ဆိုးလ်ရုပ်သံလွှင့်ဌာနမှာအလုပ်လုပ်နေတဲ့ ပီဒီတစ်ဦးဖြစ်ပြီးဂိုဂျင်အို့အကြောင်းကို အစီအစဉ်မှာထည့်သွင်းရိုက်ကူးချင်တာကြောင့် ဂျယ်ဂျူဒိုကိုရောက်လာခဲ့သူပါ။ဒါပေမယ့် ဂိုဂျင်အို့ကတော့ ရိုက်ကူးရေးလုပ်ဖို့ အဆုံးထိငြင်းဆန်နေတဲ့အတွက်ကြောင့်မရရတဲ့နည်းလမ်းအစုံသုံးပြီး ဖြောင်းဖျကြည့်ဖို့ ကြိုးစားတဲ့အခါမှာတော့ သူတို့နှစ်ယောက် ဘယ်လိုနီးစပ်သွားမလဲ …..တူညီတဲ့စိတ်ဒဏ်ရာရှိတဲ့သူအချင်းချင်း ဘယ်လိုအားပေးရင်း ချစ်မိသွားကြမလဲဆိုတာကိုရသဆန်ဆန်တင်ဆက်ထားတဲ့ ကားကောင်းလေးမို့ မလွတ်တမ်းအားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်….. အညွှန်း နဲ့ ဘာသာပြန်ကတော့ThantSinပဲ ဖြစ်ပါတယ်။

https://m.media-amazon.com/images/M/MV5BYTUwNTljNjYtMjFhZi00ZGE5LThmMWEtYzQ3YmY2ZWNiZTU1XkEyXkFqcGdeQXVyMTMxODk2OTU@._V1_FMjpg_UX1000_.jpg Rust and Bone (2012) ⭐IMDB: 7.4/10 (68 k Votes) 🎬 #Drama #Romance 🗓️ 2012 🎞️ Movie 📺 720p HD 🌎 #France #Belgium #Singapore ⏰ 2 နာရီ 03 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Rust and Bone(2012) ================= လက်ဝှေ့သမားဟောင်း အလီဟာ ကြုံရာကျပန်းလုပ်ကိုင်ရင်း အလုပ်ရှာဖို့ရည်ရွယ်ချက်နဲ့ အစ်မဖြစ်သူအိမ်ကို သားလေးလက်ကို ဆွဲပြီး ရောက်လာပါတယ်။ ကလပ်တစ်ခုမှာဂိတ်စောင့် အနေနဲ့ လုပ်ကိုင်ရင်း စတပ်ဖ်ဖနီဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ဆုံခဲ့တယ်။ တစ်နေ့တော့စတပ်ဖ်ဖနီတစ်ယောက် အလုပ်ကမတော်တဆမှုကြောင့် ထိခိုက်သွားချိန် အလီ နဲ့ပြန်ဆက်သွယ်မိသွားတယ် အလီ ဟာလည်း အလုပ်ကအသိတစ်ယောက်ဆက်သွယ်ပေးမှုနဲ့ လက်ဝှေ့ပွဲတွေကို စတပ်ဖ်ဖနီကိုခေါ်သွားပြီး ထိုးဖြစ်တယ်။ ကြုံရာအလုပ်ကို လုပ်ကိုင်ရင်းမိသားစုဝမ်းရေးကို ဖြေရှင်းနေတဲ့ အလီ နဲ့ မတော်တဆမှုကြောင့်စိတ်ဓာတ်ကျနေတဲ့ စတပ်ဖ်ဖနီတို့ ဘဝအခက်အခဲတွေကိုကျော်ဖြတ်ကြပုံ အလီ တို့သားအဖနှစ်ယောက်ရဲ့ သံယောဇဉ်တွေနဲ့ ကံကြမ္မာရဲ့ကျီစားပုံ တို့ကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။

https://m.media-amazon.com/images/M/MV5BNDE0MWE1ZTMtOWFkMS00YjdiLTkwZTItMDljYjY3MjM0NTk5XkEyXkFqcGdeQXVyNDYyMDk5MTU@._V1_FMjpg_UX1000_.jpg Philadelphia (1993) ⭐IMDB: 7.7/10 (245 k Votes) 🎬 #Drama 🗓️ 1993 🎞️ Movie 📺 1080p FHD 🌎 #UnitedStates ⏰ 2 နာရီ 07 မိနစ် 31 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Philadelphia (1993) PG-13 | 125 min | DramaIMDB —– 7.7 ⭐⭐⭐⭐⭐⭐⭐⭐Rotten Tomatoes —– 79% ကာလအားဖြင့်တော့ ၁၉၉၀ ဝန်းကျင်  AIDSအကြောင်း လူတွေ သိပ်မသိသေးတဲ့အချိန်မှာပါ။ လူတွေဟာ သူတို့ နားမလည်တာကို ကြောက်ရွံ့ တက်ကြတယ်။ AIDSကို ရောဂါဆိုးကြီးလို့ပဲ သိပြီးဂဃနဏ မသိကြသေးတဲ့အချိန်မှာ ဒီရောဂါသည်ကို ဘယ်လို ဆက်ဆံခဲ့ကြလဲ ပြသ သွားခဲ့တဲ့ ထိုခေတ်ထိုအခါက AIDS ပညာပေး ပထမဆုံးရုပ်ရှင်ပါ။ဒီ ရုပ်ရှင်ဟာ ဟောလိဝုဒ် Mainstreamရဲ့AlDS နဲ့ ပက်သက်တဲ့ ပထမဆုံး  Big Budget ရုပ်ရှင်လည်း ဟုတ်ပါတယ်။Goffrey Bowersဆိုတဲ့ ရှေ့နေ့တစ်ယောက်ရဲ့  အဖြစ်အပျက်ကို Inspiration လုပ်ထားတာမို့ဖြစ်ရပ်မှန်ကို ကျောရိုးယူပြီး တင်ပြထားတဲ့ ကားတစ်ကားလည်း ဖြစ်ပါတယ်တဲ့။ ဒီ အဖြစ်အပျက်ကလေးကတော့ Philadelphia ဆိုတဲ့ မြို့ကလေးကအရည်အချင်းရှိတဲ့ Andrew Beckett ဆိုတဲ့ စီနီယာရှေ့နေတစ်ယောက်ဟာ ပေါ်ဦးစ AIDS ရောဂါ ကူးစက်ခံခဲ့ရပါတယ်။အလုပ်အတွက်စိုးရိမ်လို့ ထုတ်မပြောခဲ့ပေမဲ့ သိပ်မကြာခင် နဖူးက အနာကြောင့်သိသွားကြတဲ့အခါ ကိုင်တွယ်ဆဲ အရေးကြီ; အမှုကိုပါ အကြောင်းတစ်ခု ပြပြီး ပြန်ရုပ်သိမ်းခဲ့တဲ့အပြင် အလုပ်ကပါ ထုတ်ပစ်ခဲ့ပါတယ်။ သူ့ရောဂါကြောင့် အလုပ်ထုတ်တာပါလို့ ယုံကြည်ထားတဲ့ Andrew ကတော့ ရှေ့နေအဖွဲ့ကို ရင်ဆိုင်ဖို့ စပါတော့တယ်။ ဒါပေမဲ့ သူ့ရှေ့နေ အဖွဲ့ရဲ့ ဂုဏ်သတင်းကြောင့်ဘယ် ရှေ့နေကမှ သူ့ဘက်က မလိုက်ပေးရဲပါဘူး။ ကိုးယောက်မြောက်ထိ အငြင်းခံခဲ့ရပြီးJoe Miller( Denzel Washigton) ဆီ ရောက်လာတဲ့အခါအမှန်တရားကို  ဖော်ထုတ်ဖို့ လက်ခံခဲ့ပါတယ်။ရှေ့နေတစ်ယောက်ရဲ့ ရှေ့နေငှါးခြင်းနဲ့ စခဲ့တဲ့ ဒီပွဲဟာ တရားခွင်မှာ ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာနဲ့… AIDSရောဂါသည်တစ်ယောက်ကို လူတွေက ဘယ်လိုအဆုံးအဖြတ်ပေးကြမလဲ..ဆိုတာကိုTom နဲ့ Denzel တို့ရဲ့ acting ကောင်းကောင်းတွေနဲ့သက်ဝင်ခံစား စီးမျောကြည့်ကြပါ။ ဂွတီးဂွကျ အဖြစ်အပျက်တစ်ခုကတော့ ဒီရုပ်ရှင် ရိုက်ကူးဖို့ Tom Hanks ဟာ၂၆ပေါင် ဝိတ်ချ ခဲ့ရပြီး Denzel Washington ကတော့ ဝိတ်တက်အောင် ချောကလက်တွေတနင့်တပိုးစားပေးခဲ့ရပါတယ်တဲ့။ Drama အမျိုးအစားဖြစ်ပြီး PG-13 ဖြစ်တာကြောင့်၁၃နှစ်အထက်လူတိုင်း ကြည့်လို့ရတဲ့ ရုပ်ရှင် ဖြစ်ပါတယ်။  ဇာတ်လမ်းအညွှန်းကိုတော့ Wira Aung  မှရေးသားပေးပြီး ဘာသာပြန်သူကတော့ Ko Ye Pye Sone ပဲဖြစ်ပါတယ်…

https://m.media-amazon.com/images/M/MV5BOGY0YmVlOTYtMmYyMS00ZGY0LTk2Y2MtNDg2YmViNTkzMzMwXkEyXkFqcGdeQXVyMTkxNjUyNQ@@._V1_FMjpg_UX1000_.jpg PVT CHAT (2020) ⭐IMDB: 5.9/10 (2 k Votes) 🎬 #Adult #Drama 🗓️ 2020 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 [18+]PVT Chat (2020) ================ IMDb Rating – 5.9/10ဒီဇာတ်ကားလေးကတော့ ၂၀၂၀ခုနှစ်က ထွက်ရှိခဲ့တဲ့ 18+လူကြီးကားလေးဖြစ်ပါတယ်။ sex chatလုပ်ရာ ကနေစတဲ့ အချစ်ဇာတ်လမ်းလေးလို့ ပြောလို့ရပါတယ်။ ဇာတ်လမ်းသဘောကတော့ ဂျက်ခ်က နယူးရော့ခ်မှာ နေထိုင်ပြီး အင်တာနက်လောင်းကစားလုပ်တဲ့လူတစ် ယောက်ပါ၊ အပြာဝက်ဘ်ဆိုဒ်တစ်ခုက အဖော်အချွတ် မယ်လေး စကားလက်နဲ့ စကားတွေပြောဖြစ်ရင်း ချစ်မိ တဲ့ အဆင့်ထိရောက်သွားတာပေါ့။ ဆန်ဖရန်စစ္စကိုက အဖော်အချွတ်မယ်လေးကို အမှတ်မထင် နယူးရော့ခ်က ညတစ်ညမှာ ရှာတွေ့သွားရင်းက စိတ်ကူးယဉ်အိပ်မက်တွေ တကယ်ဖြစ်လာပြီး ဇာတ်လမ်းတွေဖြစ်တယ့်အကြောင်း လေးပါ။လူနှစ်ဦးကြားက စိတ်ကူးယဉ်ဘဝနဲ့ လက်ရှိဘဝလေးကို ချိန်ထိုးပြထားတဲ့ ဇာတ်လမ်းလေးပါ။ ဝတ်လစ်စလစ်ခန်း တွေ ရှင်းရှင်းလင်းလင်းပါပေမယ့်လည်း အပြာကားပုံစံ မဟုတ်ပဲ romanceဖြစ်လောက်အောင်အထိ ဇာတ်လမ်း ဇာတ်ကွက်ဆန်းတဲ့အတွက်ကြောင့် တင်ဆက်ပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ ZMT ဖြစ်ပါတယ်)File Size……….(1.6 GB) / (539 MB) / (288 MB) Quality…………BluRay 1080p / 720p / 480p Duration………1Hr 38mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Adult, Drama Translator…….ZMT Encoder……….AdminX Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။

https://m.media-amazon.com/images/M/MV5BMjA2NzEzNjIwNl5BMl5BanBnXkFtZTgwNzgwMTEzNzE@._V1_FMjpg_UX1000_.jpg Central Intelligence (2016) ⭐IMDB: 6.3/10 (195 k Votes) 🎬 #Action #Comedy #Crime #Mystery 🗓️ 2016 🎞️ Movie 📺 720p HD 🌎 #UnitedStates #China #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Datshin Review : Central Intelligence (2016)Action , Comedy , Crime.Storyline.တစ်ချိန်တုန်းက ကျောင်းမှာ Bully လုပ်ခံခဲ့ရတဲ့ Bobတစ်ယောက် ထိုအချိန်ထဲကပျောက်သွားပြီး နောက်နှစ်ပေါင်းများစွာကြာမှ ကျောင်းသားဟောင်းတွေတွေ့စုံပွဲကို CIA Agent အဖြစ်ပြန်လည်ရောက်ရှိလာပြီး ကျောင်းတုန်းကခင်ခဲ့တဲ့သူငယ်ချင်းဖြစ်သူ Calvin ကိုသူ့ရဲ့ Top Secret Case ထဲကိုအတင်းဆွဲသွင်းပြီး ထိုပြႆနာတွေကိုဖြေရှင်းကြတဲ့အကြောင်းဟာသနှောပြီးရိုက်ကူးတင်ဆက်ထားတာပါ။.Review.Central Intelligence….. ဒီဇာတ်ကားကို Trailer တွေစပြကတည်းကကြည့်ချင်ခဲ့တာ။ အကြောင်းအမျိုးမျိုးကြောင့် ရုံမှာသွားမကြည့်ခဲ့ရပေမဲ့ အခုအခွေတွေထွက်လာတော့ကြည့်တဲ့အခါမှာ တော်တော်ရီရတဲ့ဇာတ်ကားတစ်ကားဆိုတာတွေ့ပါတယ်။ ဒီဇာတ်ကားက Comedy ကြီးသက်သက်ကို ဒီတိုင်းပြရင်တောင် ဒီလောက်ရီရမှာမဟုတ်ပဲ အခုလို CIA Agent တစ်ယောက်ကသူငယ်ငယ်တုန်းကခင်ခဲ့တဲ့ ငယ်သူငယ်ချင်းကို သူ ့Case ထဲအတင်းဆွဲသွင်းပြီး ရုပ်တည်ကြီးနဲ့ ပေါက်ကရတွေပါလုပ်တာကြောင့် ကြည့်ရှုတဲ့လူကိုတော်တော် Entertain ဖြစ်စေတာအမှန်ပါပဲ။ ဒါပေမဲ့လဲ Central Intelligence မှာဇာတ်လမ်းကတော့ ဘာမှသိပ်မရှိပါဘူး။ Central Intelligence ဟာ သူ့ရဲ့ဇာတ်လမ်းအတိုလေးကိုဆွဲဆန့်ထားပြီး ဟာသတွေနဲ တွဲရိုက်ထားတဲ့ဇာတ်ကားတစ်ကားပါ။ ဒီဇာတ်ကားထဲမှာ Dwayne Johnson နဲ့ Kevin Hart တို့နှစ်ယောက်ကြားက Chemistry ကလဲတော်တော်လိုက်ဖက်ညီပါတယ်။ ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့ Chemistry က Simon Pegg နဲ့ Nick Frost တို့နှစ်ယောက်ရဲ့ Chemistry ကိုတော့မမှီဘူးလို့ထင်တယ်။ နှစ်ယောက်စလုံးရဲ့ Acting ကတော့ဘာမှသိပ်ပြောစရာမလိုပါဘူး။.ဒီဇာတ်ကားမှာတကယ့် Star ကတော့ Dwayne Johnson ပါပဲ။သူ့ရဲ့ ဗလကြီးကြီး Body ကြီးနဲ့ Unicorn ပုံပါတဲ့ အကျၤီတွေဝတ် ၊ ဖိနပ်အဝါကြီးစီးပြီး ရုပ်တည်ကြီးနဲ ့ဟာသတွေလုပ်နေတာကတော့ တော်တော်ရီရပါတယ်။ Dwayne Johnson အနေနဲ့ 2016 ရဲ့ဝင်ငွေအများဆုံးမင်းသားစာရင်းထဲမှာပါခဲ့တာလဲသိပ်တော့မဆန်းဘူးလို့တွေးမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ Acting ကအရင်ထက်စာရင်တော်တော်ကိုကောင်းမွန်နေပြီး ဇာတ်ရုပ်တွေနဲ ့လိုက်ဖက်အောင်သရုပ်ဆောင်နိုင်တာကိုတွေ့ရပါတယ်။ ဒီဇာတ်ကားရဲ့ အားနည်းချက်တွေထဲကတစ်ခုကတော့ တစ်ချို့အခန်းတွေကတော့ ဇာတ်လမ်းပိုင်းမှာယုတ်တိသိပ်မရှိတာတွေပါနေပြီး တစ်ချို့အခန်းတွေကတော့ မလိုအပ်တဲ့ နဲနဲခပ်ပေါပေါဟာသလုပ်ကွက်တွေပါနေတာတွေရှိပါတယ်။.အချုပ်ပြောရရင်တော့ Central Intelligence ဟာကြည့်ရှုသူကိုပေါ့ပေါ့ပါးပါးနဲ ့ရီစရာတွေပေးပြီး Entertain ဖြစ်စေမဲ့ဇာတ်ကားတစ်ကားထက်တော့မပိုပါဘူး။ ကြည့်နေတုန်းရီစရာတွေ ပျော်စရာတွေပေးတဲ့အတွက်ကြောင့် အလုပ်တွေပင်ပန်းလို့ ပေါ့ပေါ့ပါးပါးနဲ ့ရီစရာကောင်းတဲ့ဇာတ်ကားတစ်ကားကြည့်ချင်တယ်ဆိုရင်တော့ Central Intelligence ကအချိန်ပေးရကျိုးနပ်မဲ့ဟာသကားတစ်ကားပါပဲ။.Movie InformationDirector : Rawson Marshall ThurberTop Billed Cast : Dwayne Johnson , Kevin Hart , Amy Ryan , Aaron PaulProduction : New Line Cinema , RatPac-Dune EntertainmentDistribution : Warner Bros. PicturesBudget : $50 MillionBox office : $217 Million.RatingDatshin : 3.5/5IMDB : 6.3/10RT : 70%.~  TiiT ~ (ရုပ်ရှင်အညွှန်းကိုDatshin Facebook Pageမှ ကူးယူဖော်ပြပါသည်။)

https://m.media-amazon.com/images/M/MV5BYjM1MWE0ODgtNDA2MS00ZmVmLThiMzAtYWQzNWQzM2NlMzBjXkEyXkFqcGdeQXVyNDc2NzU1MTA@._V1_FMjpg_UX1000_.jpg Korameenu (2022) ⭐IMDB: 8.8/10 (1 k Votes) 🎬 #Action #Bollywood #Drama #Thriller 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 2 နာရီ 01 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Korameenu(2022) IMDb-8.5/10 ဒီတစ်ခါတော့ အောင်မြင်တဲ့ဇာတ်လမ်းပေါင်းများစွာကိုကိုယ်တိုင်ရေးကိုယ်တိုင်ရိုက်ကိုယ်တိုင်သရုပ်ဆောင်လေ့ရှိတဲ့ မင်းသားကြီး Anad Ravi ရဲ့ ကားလေးအလှည့်ပါ သူကိုယ်တိုင်ရေးထားတဲ့ဒီကားထဲမှာတော့ ကောင်မလေးတစ်ယောက်ကိုနှစ်ရှည်လများသဘောကျနေတဲ့ ကိုတီဆိုတဲ့လူရိုးကြီးအဖြစ်သရုပ်ဆောင်ထားပါတယ်မီနာရှီရ်လို့ ခေါ်တဲ့အမျိုးသမီးကို အဲ့မြို့ကနိုင်ငံရေးစီးပွားရေးအားလုံးကို လက်ဝါးကြီးအုပ်ထားတဲ့ ကာရူနာနဲ့သူ့လက်အောက်က ကိုတီတို့ နှစ်ယောက်အပြိုင်ကြိုက်မိတဲ့အခါမှာဇာတ်လမ်းလေးက ရှင်းမလိုနဲ့ အဆုံးထိကို ဆွဲခေါ်သွားမှာပါ ကိုယ့်ထက်အင်အားအဆမတန်ကြီးမားတဲ့ ရန်သူကိုဘယ်လိုတိုက်ခိုက်မလဲဆိုတာ ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းမြှပ်ကွက်များစွာနဲ့ တင်ဆက်ပြထားတာမို့ မလွတ်တမ်းကြည့်ရှုကြဖို့ တင်ဆက်ပေးလိုက်ပါရစေ

https://m.media-amazon.com/images/M/MV5BNzkyMzFhMWUtNDM2ZS00MTdhLWI4NDAtZjg0NzM0YTgwMGU5XkEyXkFqcGdeQXVyOTIxNDQ1MTQ@._V1_FMjpg_UX1000_.jpg Bride for Rent (2018) ⭐IMDB: 4.8/10 (18 Votes) 🎬 #Comedy #Romance 🗓️ 2018 🎞️ Movie 📺 1080p FHD 🌎 #Vietnam ⏰ 1 နာရီ 32 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bride for Rent (2018) နာမည်ကြီး Bride for Rent ဖိလစ်ပိုင်ဇာတ်ကားကို ပြန်ရိုက်ထားတဲ့ ဗီယက်နမ်ကားလေးပါ။ဖိလစ်ပိုင်ကားက 2014 မှာ ထွက်ခဲ့တာဖြစ်ပြီးတော့ဗီယက်နမ်ကားကာတော့ 2018 မှာ ထွက်ထားတာ ဖြစ်ပါတယ်။ဖိလစ်ပိုင်ကားကို ကြည့်ဖူးပြီးသားသူတွေအတွက်တော့ သိပ်မထူးဆန်းပေမယ့်မကြည့်ဖူးသေးတဲ့သူတွေအတွက်တော့ ဟာသ၊ အချစ်ရသကို ခံစားရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မိသားစုအတွက် အရေးပေါ်ငွေလိုနေတဲ့ Linh ရယ်အိမ်ထောင်ပြုမှ အမွေရမှာမို့ အိမ်ထောင်ဖက်လိုက်ရှာနေတဲ့ Long ရယ် တွေ့သွားတဲ့အချိန်မှာအဘွားဆီက အမွေတွေရဖို့ ဟန်ဆောင်လက်ထပ်ဖို့ စာချုပ်ချုပ်လိုက်ကြတဲ့အခါဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဇာတ်ကားထဲမှာပဲ ဆက်ကြည့်သွားပါနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Moh Mohပဲ ဖြစ်ပါတယ်။

https://image.tmdb.org/t/p/original/r5C85R0Bc6RL51PnPv2HIvpSMJ7.jpg The King Of Snipers ( 2023 ) ⭐⁉️ 🎬 #Action #Crime 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #China ⏰ 1 နာရီ 39 မိနစ် 07 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Libiwala ဆိုတဲ့ နယ်မြေအတွင်းမှာ မူးယစ်ဆေးဝါး တွေတွင်တွင်ကျယ်ကျယ်အသုံးပြုမှုရှိလာခဲ့ပြီး တရားဝန်စိုက်ပျိုးဖို့အထိအာဏာပိုင်တွေက လက်ဝါးကြီးအုပ်တိုးချဲ့ခဲ့ပါတယ် ။ ပြည်သူတွေ ဘေးကင်းလုံခြုံစေဖို့ / အထိအခိုက်မရှိစေဖို့အတွက်အနယ်နယ်အရပ်ရပ်ကနေ လုပ်ဆောင်ခဲ့ကြပြီး ဆန္ဒပြပွဲတွေလဲဆက်တိုက်ဖြစ်ခဲ့ပါတော့တယ် ။ တစ်ဆက်ထဲမှာပါအမျိုးသမီးစနိုက်ပါသမား အန်းန ၊ အေးဂျင့် အားထိုက် နဲ့ဒေါက်တာဖန်းတို့ဟာ တာဝန်တစ်ခုက်ို အတူတူ လုပ်ကိုင်ကြဖို့အကြောင်းဖန်လာခဲ့ပါတယ် ။ ဒီတာဝန်ကို သူတို့တွေလုပ်ကိုင်ကြရင်း လုပ်ကြံသတ်ဖြတ်မှုတစ်ခုရဲ့ နောက်ကွယ်ကအမှန်တရားကို သိရှိခဲ့ကြပြီး အမှောင်ထု ဒုစရိုက်လောကထဲကို နက်နက်ရှိုင်းရှိုင်း လုပ်ဝင်ရောက်လာခဲ့ကြတဲ့အခါ – ❏ မူးယစ်ဆေးနွံနစ်နေတဲ့ အပြစ်မဲ့ပြည်သူတွေကိုရော သူတို့တွေကယ်တင်နိုင်ကြပါ့မလား ?❏ သူတို့တွေ တာဝန်ထမ်းဆောင်ရတဲ့ မစ်ရှင်ကိုရောအပြစ်ဆုံးထိ တာဝန်ထမ်းဆောင်နိုင်ပါ့မလား ?❏ သူတို့ကိုယ်တိုင်ကရော ဒုစရိုက် အမှောင်ထုတောကြီးအတွင်းက ရုန်းထွက်နိုင်ပါ့မလား? ဆိုတာကြည့်ရှုလိုက်ရအောင်ပါနော် ။ အက်ရှင်ကားကောင်းကောင်းလေးဖြစ်တာမ်ို့ လက်လွှတ်မခံတမ်းကြည့်ရှုပေးကြပါဦးရှင် ။

https://image.tmdb.org/t/p/original/zlNr3fDFvZGrPWdDrCzsnf3kNuh.jpg A Sealed Book (2022) ⭐TMDB: 30.0% User Score 🎬 #Fantasy #Romance 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #China ⏰ 1 နာရီ 35 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဟိုးတစ်ချိန်တစ်ခါက လောကကြီး တစ်ခုလုံးဟာအလင်းရောင်တွေပျောက်ကွယ်သွားပြီး အမှောင်ထုဖုံးလွှမ်းသွားခဲ့ပါတယ် ။ဒီတော့ အနယ်နယ်အရပ်ရပ်မှာရှိတဲ့လူတွေဟာအမှောင်ထုဖုံးလွှမ်းသွားရခြင်းရဲ့ အကြောင်းပြချက်ကို ရှာဖို့ကြိုးစားခဲ့ကြပါတယ် ။ အဲ့ဒီအထဲကမှ ရဲအရာရှိလေး ရှောင်ဝူလဲ အပါအဝင်ပါ ။အမှောင်ထုဖုံးလွှမ်းရခြင်းရဲ့ အကြောင်းပြချက်ကို ရှာပြီး သူဟာလောကရဲ့ သူရဲကောင်းဖြစ်ချင်နေခဲ့တာပါ ။ သူတို့တွေ ခရီးဆက်လာခဲ့ပြီးလမ်းတစ်ထောက်မှာတော့ အမှောင်ထုဖုံးလွှမ်းရခြင်းဟာရှေးခေတ် ထူးဆန်းလှတဲ့ ကောင်းကင်ဘုံစာအုပ်ကြောင့်ဖြစ်ပြီးအဲ့ဒီစာအုပ်ဟာ မြေအောက်နန်းတော်ကနေ ပျောက်ဆုံးနေခဲ့ပါတယ် ။ မြေအောက်နန်းတော်က လူတွေဟာ မသေမျိုးတွေဖြစ်ပြီးအဲ့ဒီထူးဆန်းစာအုပ်ဟာလဲ အဘယ်သူကမှ ရယူနိုင်ခြင်းမရှိတဲ့ အခါမှာ …?❏ လောကကို ဖုံးလွှမ်းနေတဲ့ အမှောင်ထုကြီးကို သူတို့တွေ ဖြိုဖျက်နိုင်ပါ့မလား ?❏ ဒီကိစ္စကြီးဟာ ရှောင်ဝူ နဲ့ပါ သက်ဆိုင်နေတဲ့အခါနောက်ကွယ်က အမှန်တရားဟာ ဘာများဖြစ်မလဲ❏ သူရဲကောင်းဖြစ်ချင်ရှာတဲ့ ရှောင်ဝူတစ်ယောက် အဖြစ်မှန်ကိုရှာပေးပြီး လောကအတွက် အလင်းဆောင်ပေးနိုင်ပါ့မလား ?ဆိုတာ ဒီဇာတ်ကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။

https://m.media-amazon.com/images/M/MV5BNGNjNjU1YmEtZGM5MC00ODgzLWEyY2MtZmZmNTlhOGU4OWJjXkEyXkFqcGdeQXVyNTAyODkwOQ@@._V1_FMjpg_UX1000_.jpg Natural Born Killers (1994) ⭐IMDB: 7.2/10 (238 k Votes) 🎬 #Action #Crime #Drama 🗓️ 1994 🎞️ movie 📺 720p HD 🌎 #UnitedStates ⏰ 2 နာရီ 02 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Natural Born Killers(1994) ====================== မစ်ကီနဲ့ မယ်လိုရီ တို့ဟာ ငယ်စဉ်ကတည်းက စိတ်ဒဏ်ရာကိုယ်စီနဲ့ ကြီးပြင်းလာခဲ့သူတွေဖြစ်ပါတယ် မစ်ကီနဲ့ မယ်လိုရီတို့ အချင်းချင်း တွေ့ဆုံမိချိန်မှာတော့ နှစ်ယောက်ပေါင်းပြီး မယ်လိုရီရဲ့ အနိုင်ကျင့်တတ်တဲ့ မိဘတွေကိုသတ်ကာ နှစ်ယောက်သားထွက်ပြေးခဲ့ကြပါတော့တယ် ဒါပေမယ့် ငယ်ငယ်ကစိတ်ဒဏ်ရာရှိခဲ့သူတွေဖြစ်တာကြောင့် နှစ်ယောက်ပေါင်းမိချိန်မှာတော့ တစ်ဖြည်းဖြည်း စိတ္တဇ လူသတ်စုံတွဲ အဖြစ်ပြောင်းလဲလာပါတော့တယ် သူတို့ဟာ သူတို့ကားရပ်တဲ့ နေရာတိုင်း အနားမှာရှိသမျှလူအကုန်သတ်ပစ်တတ်ကြပြီး သူတို့သတ် သွားတဲ့ဇာတ်လမ်းကိုပြန်ပြောနိုင်ဖို့ လူတစ်ယောက်ကိုတော့ ချန်ခဲ့တတ်တဲ့စုံတွဲအဖြစ် နာမည်ကြီးပါတယ် အဲ့အချိန်မှာပဲ မီဒီယာရဲ့ မြောှက်ထိုးပင့်ကော်လုပ်မှုကြောင့် တစ်နိုင်ငံလုံးဟာ ဒီရာဇဝတ်စုံတွဲကို ထောက်ခံအားပေးလာကြတဲ့အချိန်မှာတော့ မစ်ကီနဲ့မယ်လိုရီတို့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ စိတ်ဝင်စားစရာ ကြည့်ရှုရမှာဖြစ်ပါတယ် သရုပ်ဆောင်တွေကတော့ မင်းးသားကြီး Woody Harrelsonနဲ့ မင်းသမီး Juliette Lewisပဲဖြစ်ပါတယ် ဒါ့အပြင် မင်းသား Robert Downey Jrကလည်း သတင်းထောက် ဝိန်းဂေးလ်အနေနဲ့ ပါဝင်အားဖြည့်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်..

https://m.media-amazon.com/images/M/MV5BNGNjNjU1YmEtZGM5MC00ODgzLWEyY2MtZmZmNTlhOGU4OWJjXkEyXkFqcGdeQXVyNTAyODkwOQ@@._V1_FMjpg_UX1000_.jpg Natural Born Killers (1994) ⭐IMDB: 7.2/10 (238 k Votes) 🎬 #Action #Crime #Drama 🗓️ 1994 🎞️ Movie 📺 1080p FHD 🌎 #UnitedStates ⏰ 2 နာရီ 02 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Natural Born Killers(1994) ====================== မစ်ကီနဲ့ မယ်လိုရီ တို့ဟာ ငယ်စဉ်ကတည်းက စိတ်ဒဏ်ရာကိုယ်စီနဲ့ ကြီးပြင်းလာခဲ့သူတွေဖြစ်ပါတယ် မစ်ကီနဲ့ မယ်လိုရီတို့ အချင်းချင်း တွေ့ဆုံမိချိန်မှာတော့ နှစ်ယောက်ပေါင်းပြီး မယ်လိုရီရဲ့ အနိုင်ကျင့်တတ်တဲ့ မိဘတွေကိုသတ်ကာ နှစ်ယောက်သားထွက်ပြေးခဲ့ကြပါတော့တယ် ဒါပေမယ့် ငယ်ငယ်ကစိတ်ဒဏ်ရာရှိခဲ့သူတွေဖြစ်တာကြောင့် နှစ်ယောက်ပေါင်းမိချိန်မှာတော့ တစ်ဖြည်းဖြည်း စိတ္တဇ လူသတ်စုံတွဲ အဖြစ်ပြောင်းလဲလာပါတော့တယ် သူတို့ဟာ သူတို့ကားရပ်တဲ့ နေရာတိုင်း အနားမှာရှိသမျှလူအကုန်သတ်ပစ်တတ်ကြပြီး သူတို့သတ် သွားတဲ့ဇာတ်လမ်းကိုပြန်ပြောနိုင်ဖို့ လူတစ်ယောက်ကိုတော့ ချန်ခဲ့တတ်တဲ့စုံတွဲအဖြစ် နာမည်ကြီးပါတယ် အဲ့အချိန်မှာပဲ မီဒီယာရဲ့ မြောှက်ထိုးပင့်ကော်လုပ်မှုကြောင့် တစ်နိုင်ငံလုံးဟာ ဒီရာဇဝတ်စုံတွဲကို ထောက်ခံအားပေးလာကြတဲ့အချိန်မှာတော့ မစ်ကီနဲ့မယ်လိုရီတို့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ စိတ်ဝင်စားစရာ ကြည့်ရှုရမှာဖြစ်ပါတယ် သရုပ်ဆောင်တွေကတော့ မင်းးသားကြီး Woody Harrelsonနဲ့ မင်းသမီး Juliette Lewisပဲဖြစ်ပါတယ် ဒါ့အပြင် မင်းသား Robert Downey Jrကလည်း သတင်းထောက် ဝိန်းဂေးလ်အနေနဲ့ ပါဝင်အားဖြည့်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်..

https://m.media-amazon.com/images/M/MV5BYWYyZWU5NzctYjY4Zi00MzYyLTgxZTMtZjBmYWE2NGMwYTllXkEyXkFqcGdeQXVyODk4OTc3MTY@._V1_FMjpg_UX1000_.jpg Teen Wolf: The Movie (2023) ⭐IMDB: 6.5/10 (1 k Votes) 🎬 #Action #Drama #Fantasy #Mystery #Romance #Thriller 🗓️ 2023 🎞️ Movie 📺 720p HD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 21 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကတော့ Teen Wolf (2011-2017) စီးရီးရဲ့နောက်ဆက်တွဲကို ရုပ်ရှင်အနေနဲ့ ၂ နာရီခွဲကြာအောင်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ မူလသရုပ်ဆောင်အားလုံး ပြန်လာကြတာမို့ Teen Wolf ဖန်တွေတော့ အရမ်းကြိုက်ကြမှာပါပဲ။ စီးရီးမကြည့်ဖူးတဲ့သူတွေလည်း ကြည့်လို့ရအောင် အတိုချုံးလေး ရှင်းပြပေးထားပါ့မယ်။ အဓိက ဇာတ်ကောင်ကတော့ ဘီကွန်ဟေးလ်မြို့လေးမှာနေတဲ့ စကော့ မက်ကော ဆိုတဲ့ သမန်းဝံပုလွေပါပဲ။ စီးရီးအဆုံးမှာတော့ သူဟာ သမန်းဝံပုလွေအုပ်ရဲ့ အယ်ဖာခေါင်းဆောင်ဖြစ်သွားခဲ့ပါပြီ။ သူ့အမေကတော့ သူနာပြုပါ။ သူ့ရဲ့ ချစ်သူ အလီဆန်အားဂျန့်ကတော့ သမန်းဝံပုလွေ မုဆိုးမျိုးရိုးဖြစ်ပြီး စီးရီးထဲမှာ သေဆုံးသွားခဲ့ပါပြီ။ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းက စတလင်းစကီးခေါ် စတိုင်းပါ။ သူကတော့ သမန်းဝံပုလွေတွေကို တချိန်လုံးကူညီခဲ့တဲ့ ဉာဏ်ကောင်းတဲ့ သူငယ်ချင်းပါပဲ။ နောက်တော့ FBI ထဲရောက်သွားပါပြီ။ စတလင်းစကီးရဲ့အဖေကတော့ ရဲမှူးပါ။ စတိုင်းရဲ့ကောင်မလေး လစ်ဒီယာကတော့ ဘန်းရှီးဖြစ်ပြီး သေခြင်းတွေကို မြင်နိုင်တဲ့အစွမ်းနဲ့ အသံလှိုင်းနဲ့တိုက်ခိုက်နိုင်တဲ့အစွမ်းရှိပါတယ်။ စကော့မက်ကောရဲ့ နောက်ထပ်အချစ်ဆုံးမိတ်ဆွေကတော့ ဒဲရက်ဟေးလ်လို့ခေါ်တဲ့ သမန်းဝံပုလွေဖြစ်ပြီး စီးရီးအဆုံးမှာတော့ အီလိုင်ဆိုတဲ့ သားတစ်ယောက်နဲ့ အတူနေထိုင်နေပါပြီ။ ဒဲရက်ရဲ့ ညီမကတော့ မာလီရာတိတ် ဖြစ်ပြီး သမန်းမြေခွေးပါပဲ။ နောက်ပြီး ပဲရစ်ရှ်ဆိုတဲ့ ရဲတပ်သားကတော့ ငရဲခွေးဖြစ်ပါတယ်။လစ်ဒီယာရဲ့ သူငယ်ချင်း ဂျက်ဆန်ဝစ်မောကလည်း ကာနီမာဆိုတဲ့ မှော်သတ္တဝါအဖြစ် ပါဝင်ထားပါတယ်။စကော့မက်ကောကနေ သမန်းဝံပုလွေအဖြစ်ပြောင်းပေးထားတဲ့ လီယမ်လည်း ပါလာပါတယ်။ ဒီရုပ်ရှင်အစမှာတော့ Teen Wolf တွေဟာ Adult Wolf တွေဖြစ်ပြီး ကိုယ့်အလုပ်နဲ့ကိုယ် အခြားမှာ အခြေကျနေပါပြီ။ ဒါပေမဲ့ သူတို့အားလုံးကို လက်စားချေချင်နေတဲ့ ရန်သူဟောင်းတစ်ယောက်က အရမ်းအစွမ်းထက်တဲ့ ဂျပန်နတ်ဘုရားမိစ္ဆာနိုဂစ်ဆူနဲကို လွှတ်ပေးလိုက်ပြီး တိုက်ခိုက်ခိုင်းလာပါတော့တယ်။ သူတို့တစ်ယောက်ချင်းစီအနေနဲ့ ရန်သူကို မယှဉ်နိုင်တော့မို့ ဘီကွန်ဟေးလ်ရဲ့ မှော်သတ္တဝါတွေနဲ့ မုဆိုးတွေပူးပေါင်းပြီး ပြန်ရင်ဆိုင်ကြရတဲ့အခါ…

https://m.media-amazon.com/images/M/MV5BMDQzZTVmZWMtYWJkNy00ZGViLThiNzctMzEwMmNmMDY5NWI2XkEyXkFqcGdeQXVyMTA3MDk2NDg2._V1_FMjpg_UX1000_.jpg Seriously Red (2022) ⭐IMDB: 5.1/10 (332 Votes) 🎬 #Comedy #Drama #Music #Musical #Romance 🗓️ 2022 🎞️ Movie 📺 720p HD 🌎 #Australia ⏰ 1 နာရီ 39 မိနစ် 08 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Seriously Red (2022)=============== “if you don’t like the road you’re walking,start paving other” by Dolly Parton” သင်အခုလျှောက်လှမ်းနေရတဲ့ လမ်းကို မကြိုက်ဘူးဆိုရင်အခြားလမ်းဖောက်လိုက်ပါတဲ့” နာမည်ကြီး မင်းသမီးဒေါ်လီပါတွန်ရဲ့ ပြောခဲ့တဲ့စကားပါ။ ရေးလင်း ရက်ဒ် ဟာ အိမ်ခြံမြေတန်ဖိုးဖြတ်သူအဖြစ်လုပ်ကိုင်တဲ့သူပါ။ ကုမ္ပဏီရဲ့ ပါတီတစ်ခုမှာ ဒေါ်လီပါတွန်လိုဝတ်ဆင်ပြီးတော့ ဖျော်ဖြေခဲ့ပါတယ်။ အဲနေ့ညမှာပဲအမျိုးသမီးတစ်ယောက်နဲ့တွေ့ဖြစ်ပြီး နာမည်ကြီးတွေလိုဝတ်စားပြီး ဖျော်ဖြေကြတဲ့လုပ်ငန်းကို စိတ်ဝင်စားသွားပါတယ်။ နောက်နေ့မှာပဲ သူ အလုပ်ဖြုတ်ခံလိုက်ရပါတယ်။ထို့နောက် ဒေါ်လီပါတွန်လို ဝတ်စားပြီး အတုအနေနဲ့ဖျော်ဖြေဖို့အတွက် စတင်ကြိုးစားပါတော့တယ်။ ငယ်စဉ်ကတည်းက ဒေါ်လီ့ပရိသတ်ဖြစ်တာမို့ ဒေါ်လီ့စကားအတိုင်းပဲ အခြားလမ်းကို ဖောက်ပါတော့တယ်။ ဒီလိုနဲ့ ဒေါ်လီလို ဝတ်စား၊ နေထိုင်စားသောက်၊ ပြောဆိုနေရင်း ကိုယ့်ကိုယ်ကိုယ် ရှာဖွေဖို့ ကြိုးစားနေတဲ့ ရက်ဒ် တစ်ယောက် အဆင်ပြေပါ့မလား။ ဘာတွေကြုံတွေ့ရမယ်ဆိုတာကိုတော့ ဟာသလေးတွေရယ် ဒေါ်လီပါတွန့်ရဲ့ နာမည်ကြီး သီချင်းတွေရယ်နဲ့ တဝကြီးကြည့်ရှု့နိုင်မှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ LeonardLin ဖြစ်ပါတယ်)

https://m.media-amazon.com/images/M/MV5BMTgxODY3Njc0M15BMl5BanBnXkFtZTgwMzYyNjcyMjE@._V1_FMjpg_UX1000_.jpg Sonyeo (2013) ⭐IMDB: 6.1/10 (440 Votes) 🎬 #Drama #Horror #Thriller #Mystery 🗓️ 2013 🎞️ Movie 📺 1080p FHD 🌎 #SouthKorea ⏰ 1 နာရီ 50 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Steel Cold Winter (2013) ယွန်းဆူဟာ သူငယ်ချင်းကို သတ်တဲ့တရားခံဆိုတဲ့ စိတ်ဒဏ်ရာနဲ့အတူ‌ကျေးရွာလေးကို မိခင်နဲ့အတူ ပြောင်းလာခဲ့သူဖြစ်ပါတယ်။အဲ့ကျေးရွာမှာ မကောင်းတဲ့ကောလဟာလတွေ အဖြန့်ခံနေရပြီးစိတ်မကျန်းမာတဲ့ အဖေနဲ့အတူတူနေတဲ့ အပယ်ခံဖြစ်နေတဲ့ ဟေးဝန်လည်းရှိနေပါတယ်။ယွန်းဆူက ဟေးဝန်တို့ရွာကို ပြောင်းလာပြီး ဟေးဝန်ကို ချစ်မိသွားတဲ့အခါမှာ…. ယွန်းဆူက တကယ်ပဲ သူငယ်ချင်းကို သတ်ခဲ့တာလား?ဟေးဝန်ရဲ့ ကောလဟာလတွေကရော တကယ်ပဲလား?သူတို့နှစ်ဦးရဲ့ ဖုံးကွယ်ထားတဲ့တစ်ဖက်ခြမ်းက ဘာဖြစ်မလဲဆိုတာကိုလှည့်ကွက်တွေများစွာနဲ့ ကြည့်ရှုရမယ့် thriller ဇာတ်လမ်းလေးပဲဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့P&Dပဲ ဖြစ်ပါတယ်။