ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Big Top Scooby-Doo! (2012) ⭐IMDB: 6.7/10 (2 k Votes) 🎬 #Adventure #Animation #Country #Family #Comedy #Mystery #Fantasy 🗓 2012 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 20 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စကူဘီဒူးတို့အဖွဲ့က ဒီတစ်ခေါက်မှာတော့ အတ္တလန္တိတ်မြို့ကို ရောက်လာခဲ့ကြပါပြီ။ ဆပ်ကပ်ဝါသနာအိုး ဖရတ်ရဲ့ တောင်းဆိုမှုကြောင့် ပွဲသွားကြည့်ကြတဲ့ စကူဘီဒူးတို့တစ်သိုက် တိုးလာကြတာကတော့ သမန်းဝံပုလွေတစ်ကောင်နဲ့ပါ။ ဒီသမန်းဝံပုလွေက ဆပ်ကပ်အဖွဲ့ ရောက်ခဲ့တဲ့နေရာတိုင်းမှာ ကျောက်မျက်ရတနာတွေ ခိုးယူနေတဲ့အပြင် ဆပ်ကပ်ပိုင်ရှင် မားစီးယက်စ်ကိုယ်တိုင်ကလည်း သူ့ရဲ့အဖွဲ့ဝင်တွေကို သံသဃဖြစ်နေခဲ့တာကြောင့် စကူဘီဒူးတို့တွေက ကူညီစုံစမ်းပေးဖို့ဖြစ်လာခဲ့ပါတယ်။ ဒီသမန်းဝံပုလွေဆိုတာကရော တကယ့်အစစ်အမှန်ဟုတ်ရဲ့လား။ ဘာဖြစ်လို့ ဒီလိုမျိုး ကျောက်မျက်ရတနာတွေကိုခိုးနေတာလဲ။ ဒါတွေရဲ့ နောက်ကွယ်မှာရော မားစီးယက်စ်ရဲ့ သံသဃတွေက မှန်နေခဲ့သလား ဆိုတာကို စကူဘီဒူးပရိတ်သတ်တို့အကြိုက် ကြည့်ရှုခံစားကြရဦးမှာပဲဖြစ်ပါတယ်။...
Snapshots (2018) ⭐TMDB: 71% User Score 🎬 #Drama 🗓 2018 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Snapshots (2018) IMDb Rating (7.0) / Rotten Tomatoes (75%) အချစ်ကို ဆုံးရှုံးဖူးသူတွေရှိမယ်.. အချစ်ကို တွေ့ရှိခဲ့သူတွေ ရှိမယ်.. အချစ်က သစ္စာဖောက်တာကို ခံခဲ့ရသူတွေရှိမယ်.. အချစ်ဆိုတာဘာလဲ? ဒီအရာတွေအားလုံးကို တစ်ပြိုင်နက်တည်း သိရှိခံစားနိုင်မယ့် Snapshots ရုပ်ရှင်ကားကြီး။ သမီးဖြစ်သူပက်တီနဲ့ မြေးဖြစ်သူအယ်လီဆန်တို့ ရောက်ရှိလာပြီး ရို့စ်ရဲ့ တဲအိမ်ထဲက ကင်မရာအဟောင်းတစ်ခုကို တွေ့ရှိကြတဲ့အခါ ဖုန်းကွယ်ထားတဲ့ ရို့စ်ရဲ့ ဘယ်သူမှမသိခဲ့တဲ့ အတိတ်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ ရို့စ်ရဲ့ အတိတ်က လျှို့ဝှက်ချက်က သူ့မြေးလေးရဲ့ အနာဂတ်လျှို့ဝှက်ချက်တစ်ခုနဲ့ ဆက်စပ်နေတဲ့အခါမှာ ဘာတွေဆက်ဖြစ်ကြမလဲ? လူဝီနဲ့ဇီးဆိုတဲ့ လင်မယားစုံတွဲက ရို့စ်နဲ့ ဂျိုးမူလာတို့ရဲ့ ဘဝထဲကို ဝင်လာတဲ့အချိန်မှာ ဘာတွေဖြစ်ခဲ့ကြသလဲ? လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်မှာ ဖြစ်ခဲ့တဲ့အရာတွေအားလုံးကို ကင်မရာတစ်လုံးကြောင့် သိလာရတဲ့အခါ။ အချစ်၊ အလွမ်း၊ အဆွေး ရသပေါင်းစုံကို မတူညီတဲ့ ရှုထောင့်ကနေ ခံစားရမှာ ဖြစ်လို့ မလွတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။)...
Scooby-Doo and the Ghoul School (1988) ⭐TMDB: 74% User Score 🎬 #Adventure #Animation #Comedy #Family #TVMovie #Mystery #Fantasy 🗓 1988 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးမှာတော့ ကျွန်တော်တို့ရဲ့ အချစ်တော် ရှက်ဂီနဲ့ စကူဘီတို့ကို ကျောင်းတစ်ခုမှာ စာသင်ပေးဖို့ ဆရာအဖြစ်ဖိတ်ခေါ်ခံရပါတယ် ဒီလိုနဲ့ အဲဒီကျောင်းလေးကို ရောက်သွားချိန်မှာတော့ ဒီကျောင်းဟာ သာမန်ကျောင်းတစ်ခုမဟုတ်ဘဲ မကောင်းဆိုးဝါးတွေကို သင်ပေးရတဲ့ ကျောင်းတစ်ကျောင်းဖြစ်နေတာကို သိလိုက်ရပါတယ် ဒီလိုနဲ့ သာမန်မဟုတ်တဲ့ကျောင်းတစ်ခုမှာ ရှက်ဂီတို့တွေ သာမန်လူသားကျောင်းသားတွေနဲ့ မတူဘဲ အစွမ်းရှိတဲ့ ကျောင်းသားတွေကို စာသင်ဖို့ လုံးပန်းနေရင်း ကျောင်းကို အန္တရာယ်ပေးမယ့် သူရှိနေတာကို သိလိုက်ရတဲ့ အခါ စကူဘီတို့တွေ ဒီထူးဆန်းမှုတွေကို ဖော်ထုတ်ရပါတော့တယ်...
The Wig (2024) ⭐TMDB: 65% User Score 🎬 #Drama #Mystery #Thriller 🗓 2024 🎞 movie 🌎 #China ⏰ 2 နာရီ 1 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ထဲမှာတော့ အားလုံးရင်းနှီးပြီးသားဖြစ်မဲ့ Xiaoming Huang ကိုတစ်ခါမှ မမြင်ဖူးတဲ့ ပုံစံနဲ့ မြင်ရမှာ ဖြစ်ပါတယ်။ အက်ရှင်၊ မှုခင်း၊ ပြစ်မှု၊သဲထိတ်ရင်ဖိုစတဲ့ ရသအစုံကို ခံစားရမဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့- ရှေ့နေမုံ့ကျုံးရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို သရုပ်ဖော်ထားတာ ဖြစ်ပါတယ်။ဆင်းရဲတဲ့ မိသားစုက မွေးဖွားလာပြီး ငယ်စဉ်ကတည်းက အမေမရှိတော့တဲ့မုံ့ကျုံးဟာ ကြီးလာတဲ့အချိန်မှာ အဖေ့အလုပ်ကို ဆက်ခံဖို့ထက်ရှေ့နေကြီးတစ်ယောက် ဖြစ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဥပဒေစာမေးပွဲဟာနတ်ကြီးတယ်လို့ ပြောရမလားပဲ ထူးချွန်လှပါတယ်ဆိုတဲ့မုံ့ကျုံးတစ်ယောက် ၄ ကြိမ်တိတိဖြေပြီးမှ အောင်ခဲ့ပါတယ်။ ရှေ့နေဖြစ်ပြီးနောက် နှစ် ၂၀ ခန့်ကြာတဲ့အခါ ရှေ့နေလောကမှာ ရပ်တည်နိုင်လာတဲ့မုံ့ကျုံးဟာ အကူအညီလိုအပ်သူတွေကိုပဲ လိုက်ကူညီပေးပါတော့တယ်။မိန်းကလေးကို မုဒိမ်းကျင့်မှုတစ်ခုကို လိုက်လံစုံစမ်းနေတဲ့အချိန်မှာဝေ့ရှန်ဆိုတဲ့ မိန်းကလေးနဲ့ တွေ့ခဲ့ပါတယ်။ မိန်းမကို စိတ်မဝင်စားဘဲအလုပ်ထဲပဲ စိတ်နစ်ထားတဲ့ မုံ့ကျုံးဟာ ဝေ့ရှန်အပေါ်တော့ ထူးခြားနေခဲ့ပါတယ်။ဒါပေမဲ့ ကျားမမေတ္တာတော့ မဟုတ်ပါဘူး။ ဝေ့ရှန်ဟာ ဘယ်သူဖြစ်မလဲ……မုံ့ကျုံးဆီမှာရော ဘယ်လို လျှို့ဝှက်ချက်မျိုးတွေ ရှိနေမလဲ……သူစုံစမ်းနေတဲ့ အမှုကရော အဆင်ပြေနိုင်ပါ့မလား……ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။...
Evolution (2001) ⭐TMDB: 61% User Score 🎬 #Action #Comedy #SciFi #ScienceFiction 🗓 2001 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Evolution (2001) IMDb Rating (6.1) / Rotten Tomatoes (44%) ဇာတ်လမ်းအကျဉ်း ဟောလီးဝုဒ် ဂြိုလ်သားတို့ ထုံးစံအတိုင်း အမေရိကန်ပြည်ထောင်စုကိုပဲ ဆင်းကြပါတယ်။ တစ်ညမှာ ဥက္ကာခဲတစ်ခု အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ်ပေါ်ကို ကျပြီး မြေအောက်လိုဏ်ဂူထဲ ပြုတ်ကျသွားပါတယ်။ ကောလိပ်ကျောင်းဆရာ၂ယောက်ဖြစ်တဲ့ အိုင်ရာကိန်းနဲ့ ဟယ်ရီဘလော့ခ်တို့ သွားရောက်လေ့လာရာမှ အလွန်အပွားမြန်ပြီး ဆင့်ကဲပြောင်းလဲမှုမှာလည်း လျင်မြန်လွန်းတဲ့ ဂြိုလ်သားမျိုးစိတ်တွေကို အဆိုပါဥက္ကာခဲပေါ်မှ လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါကို အိုင်ရာနဲ့ ကျောင်းတော်က ရန်စရှိဖူးတဲ့ အစိုးရ လက်အောက်ခံဗိုလ်ချုပ် ရပ်ဆယ်ဝုဒ်မန်းက သိသွားတဲ့အခါမှာတော့ ဂြိုလ်သားအန္တရာယ်ကို ပူးပေါင်းကာကွယ်ကြမလား၊ အချင်းချင်း စားမာန်ခုတ်ကြမလား ဆိုတာကို ရှုစားရမှာပါ။ ၂၀၀၁ခုနှစ်က ရုပ်ရှင်ဖြစ်ပေမယ့် အတော်လေး ကြည့်ပျော်ပါတယ်။ တိတ်ခွေခေတ်တုန်းက ဝက်ဝက်ကွဲအောင်မြင်ခဲ့သလို trend ဖြစ်စေခဲ့တဲ့ ပြကွက်တွေလဲ ပါပါတယ်။ Golden Schmoes Award မှာ Best Sci-Fi Movie of the Year ၂၀၀၁ Nominee ဝင်ခဲ့ပါတယ်။ ဇာတ်ကို ဦးဆောင်လာသူတွေကတော့ The X-Files နဲ့ နာမည်ကြီးလာသူ David Duchovny နဲ့ ဟာသပညာရှင် Orlando Jones တို့ဖြစ်ပါတယ်။ လုပ်ကွက်သိပ်မများပေမယ့် ကောင်းကောင်းဇာတ်ပို့ပေးခဲ့သူတွေကတော့ American Pie သရုပ်ဆောင် Seann William Scott နဲ့ ၂၁ရာစုအကောင်းဆုံးသရုပ်ဆောင်တွေထဲကတစ်ယောက်ဖြစ်တဲ့ Julianne Moore တို့ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။)...
An American Crime (2007) ⭐TMDB: 73% User Score 🎬 #Crime #Drama #Horror 🗓 2007 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tommy O’Haver ရိုက်ကူးတင်ဆက်ထားပြီးDecember 7, 2007 မှာ ရုံတင်ခဲ့တဲ့ အမေရိကန် တစ်နိုင်ငံလုံးကိုတုန်လှုပ်စေခဲ့တဲ့ ဖြစ်ရပ်မှန် မှုခင်း ရုပ်ရှင်ဖြစ်ပါတယ်… ဒီဇတ်ကားကို Channel Myanmar ရဲ့ Admin တစ်ဦးဖြစ်သူLittle Neo မှ အချိန်ပေး အသေးစိတ်က အစ ဘာသာပြန်ခဲ့တာဖြစ်ပြီး ဘာသာပြန်နေစဉ် အချိန်အတွင်း ဇတ်ကားအတွင်းက ရက်စက်မှုတွေကြောင့်စိတ်မကောင်းဖြစ်ပြီး ရက်အနည်းငယ် အချိန်ထပ်ယူပြီးမှ ဘာသာပြန်ခဲ့ရပါတယ် အလွန်တရာ စိတ်ထိခိုက်စရာတွေ မြင်ရလို့ပဲ ဖြစ်ပါတယ် ဇတ်လမ်း အကျဉ်း နယ်လှည့်ပွဲစျေး ရောင်းသူ လင်မယား နှစ်ယောက်ရှိပါတယ်သူတို့မှာ သမီးကြီး ဆလ်ဗီယာ နဲ့ သမီးငယ် ဂျန်းနီ ဆိုတဲ့ သမီးနှစ်ယောက်ရှိပါတယ် သမီးကြီး ဆလ်ဗီယာ မှာ စိတ်ထားရိုးဖြောင့်လှသူဖြစ်ပြီး ခြေထောက်မသန် ပိုလီယို ဖြစ်နေသောညီမဖြစ်သူ ဂျန်းနီ အပေါ်တွင်လဲ အနွံတာ ခံသူ တစ်ယောက်ပါ… တစ်ရက်မှာတော့ သူမ တို့ မိဘ တွေနဲ့ မြို့တစ်မြို့က ခရစ်ယာန် ဘုရားကျောင်းတွင်တရားဟော သွားနားထောင်စဉ် ဂါထရု ရဲ့ သမီးတွေ နဲ့ တွေ့ပြီးသူတို့ ညီအစ်မ နှစ်ယောက်ဟာ ဂါထရု တို့ အိမ်ကို အလည်လိုက်သွားပါတော့တယ် ကလေးတွေ နဲ့ ပတ်သက်ပြီး အမျိုးသမီးကြီး ဂါထရု နှင့် ဆလ်ဗီယာ ရဲ့ အဖေ တို့တွေ့ဆုံကြပြီ ကလေးတွေ ကျောင်းပြောင်းပြောင်းနေရတာ မလွယ်ကြောင်း အိမ်မှာလဲ သမီးတွေ ရှိလို့ ဆလ်ဗီယာ နဲ့ ဂျန်းနီ ကို စိတ်ချ လက်ချ အပ်ခဲ့ပါတစ်ပတ် ကို ဒေါ်လာ ၂၀ ပဲ ပေးပါလို့ နားချတော့ ဆလ်ဗီယာ အမေနဲ့ တိုင်ပင်ပြီးကလေးတွေကို ဂါထရု တို့ အိမ်မှာ အပ်ခဲ့တယ်… တစ်ရက်သော နေ့မှာတော့ ဆလ်ဗီယာ အဖေ ငွေပို့တာ ရောက်မလာသေးလို့ ဆိုပြီးဆလ်ဗီယာ နဲ့ ဂျန်းနီ ကို မြေအောက်ခန်းထဲ ခေါ်သွားပြီး တစ်ယောက် ၃ ချက်ကြာပွတ်နဲ့ ရိုက်တယ် ဂျန်းနီ မှာ မကျန်းမာသူမို့ တစ်ချက်အရိုက်ခံရပြီး ငိုနေလို့ဆလ်ဗီယာ က ဂျန်းနီ အစား အရိုက်ခံပါ့မယ် ဆိုပြီး အရိုက်ခံလိုက်ရပါတယ်… နောက်နေ့ ဆလ်ဗီယာ နဲ့ ဂျန်းနီ တို့ဟာ ကျောင်းနားက အမှိုက်တစ်ချို့ ကောက်ရောင်းပြီးရတဲ့ ပိုက်ဆံလေးနဲ့ သူတို့ မိဘ တွေဆီ သွားဖုန်းဆက်ပါတယ် နေရတာ အဆင်မပြေဘူး ဂါထရုက ပိုက်ဆံပို့ နောက်ကျလို့ စိတ်ဆိုးတယ် ဆိုပြီးမိဘ တွေကို ပြောပြပေမယ့် အလုပ်ရှုပ်နေတဲ့ မိဘတွေဟာ အဆုံးထိ သေချာနားမထောင်ပါဘူးနောက် လဆို လာခေါ်ပါမယ် လိမ်လိမ်မာမာ နေကြပါဆိုပြီး ပြန်ပြောလွှတ်လိုက်တယ် ဖုန်းဆက်တာကို မြင်သွားတဲ့ ဂါထရု ရဲ့ သမီးတွေက သူတို့ အမေကို ပြန်တိုင်တဲ့အခါဂါထရုက ပိုက်ဆံခိုးပါတယ်လို့ စွပ်ဆွဲပြီး ဆလ်ဗီယာ ကို ဆေးလိပ်မီး နဲ့ တစ်ကိုယ်လုံးကိုတို့ပြီး နှိပ်စက်ပါတယ် နောက်ရက်များမှာလဲ ပြသနာမျိုးစုံရှာပြီး နည်းမျိုးစုံနဲ့ဆလ်ဗီယာ ကို နှိပ်စက်ပြန်ပါတယ် ဂျန်းနီ အစား သူပဲ ခံတဲ့ အတွက်ဂျန်းနီ အနှိပ်စက်မခံရပေမယ့် ဆလ်ဗီယာ တစ်ယောက်မျာတော့ သေလုမျှောပါးပါပဲ… တစ်ရက်မှာတော့ ဂါထရု ရဲ့ သမီးကြီး ကိုယ်၀န်ရှိနေတယ်လို့ လူတကာကို လိုက်ပြောပါတယ်ဆိုပြီးဆလ်ဗီယာ ကို စွပ်ဆွဲပါတယ် အပြစ်ပေးတယ်ဆိုပြီး တစ်စိမ်းယောင်္ကျားလေးတွေ ရှေ့နဲ့တစ်အိမ်သားလုံးရှေ့မှာ အပျိုလေး ဆလ်ဗီယာ ကို မဖွယ်မရာ လုပ်ခိုင်းခဲ့ပြီး မြေအောက်ခန်းထဲ တွန်းချကာ အစာရေစာ မကျွေးပဲ ကြိုးဖြင့် ချည်နှောင်ထားခဲ့ပါတယ်.. အော်သံတွေကို အိမ်နီးနားချင်းတွေက ကြားပေမယ့် သူများကိစ္စ၀င်မပါတာကောင်းတယ်ဆိုပြီးမသိကျိုးကျွန်သာ ပြုနေခဲ့ပါတော့တယ်.. ဂျန်းနီမှာလဲ ဂါထရုက ချောက်ထားသဖြင့် မည်သူ့ကိုမျှ မပြောရဲပဲ ကျိတ်ငိုနေခဲ့ပါတော့တယ်… ဆလ်ဗီယာ ကို ချုပ်ထားသည့် ရက်များအတွင် ဂါထရု ၏ အငယ်ဆုံးသား ဂျွန်နီ မှာကျောင်းက ကလေးတစ်ချို့ကို ခေါ်လာပြီး မြေအောက်ခန်းတွင်း ဆလ်ဗီယာ အားခြေထောက်ဖြင့် ကန်ချင်း လက်သီးဖြင့် ထိုးချင်း ရေဖြင့် ပတ်ချင်း ဖြင့် လူပေါင်းစုံဖြင့်မျိုးစုံ နှိပ်စက်လျက် ရှိပါတော့တယ်.. ဆလ်ဗီယာ မှာ တောင်းပန်ပါတယ် ဆိုတဲ့ စကားသာ အသံတိုးတိုးလေးပြောနိုင်ပြီးမျက်ရည်များသာ စီးကျပြီး ဒုက္ခက လွတ်မြောက်ဖို့ ဘုရားမှာသာ ဆုတောင်းနေမိပါတော့တယ်...
Kiss of the Dragon (2001) ⭐TMDB: 69% User Score 🎬 #Action #Crime #Drama #Thriller 🗓 2001 🎞 movie 🌎 #France #USA #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kiss of the Dragon (2001) IMDb Rating (6.6) / Rotten Tomatoes (53%) နာမည်ကြီး အက်ရှင်မင်းသားကြီး ဂျက်လီရဲ့ ၂၀၀၀ အစောပိုင်း ကားဟောင်းလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ ဂျက်လီက တရုတ်မူးယစ်ဂိုဏ်းခေါင်းဆောင်ကို ဖမ်းဖို့ ပြင်သစ်ကို ရောက်လာတဲ့ တရုတ်အေးဂျင့် လွီယန်းအနေနဲ့ ပါဝင်ထားပါတယ်။ ဒါပေမဲ့ သူနဲ့တွဲအလုပ်လုပ်ရမယ့် ပြင်သစ်ရဲအရာရှိဟာ မူးယစ်ဂိုဏ်းခေါင်းဆောင်နဲ့ အဆက်အသွယ်ရှိနေပြီး သူက မူးယစ်ဂိုဏ်းခေါင်းဆောင်ကို သတ်ပစ်ပြီး လွီယန်းကို အပြစ်ပုံချလိုက်ပါတယ်။ တစ်ဖက်မှာ ဒါတွေအကုန်လုံးကိုသိပြီး လွီယန်းမှာ အပြစ်မရှိကြောင်းသက်သေပြနိုင်မဲ့သူက ပြင်သစ်ရဲအတွက် အလုပ်လုပ်ပေးရတဲ့ ဂျက်ဆီကာ ဆိုတဲ့ပြည့်တန်ဆာမလေးပါ။ ဒါကြောင့် လွီယန်းဟာ ပြင်သစ်ရဲတွေ လက်ကနေ ထွက်ပြေးရင်း သူ့မှာအပြစ်မရှိကြောင်း သက်သေပြဖို့ ဘယ်လိုကြိုးစားသွားမလဲဆိုတာကို အက်ရှင်ခန်းတွေ အများအပြားနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Marco ဖြစ်ပါတယ်။)...
Phullwanti (2024) ⭐IMDB: 7.9/10 (501 Votes) 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 13 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Phullwanti 2024 ကချေသည်မလေးဖူလ်ဝမ်တီ IMdb – 7.8/10 ၁၈ ရာစု အနုပညာထွန်းကားမှု အထွတ်ထိပ်ကိုရောက်နေတဲ့ခေတ်မှာအင်ဒိုစတန်တစ်ခွင်မှာ ဒိတ်ဒိတ်ကြဲကျော်ကြားတဲ့ကချေသည်တစ်ယောက်ရှိပါသတဲ့။ သူ့ရဲ့နာမည်ကတော့ ဖူလ်ဝမ်တီပါ။ ဖူလ်ဝမ်တီကို လက်တွေ့မြင်ဖူးတဲ့သူမရှိပေမဲ့ သူ့ရဲ့ဟိုးလေးတကျော်ဂုဏ်သတင်းတွေနဲ့အတူ အနုပညာကို ကိုးကွယ်ပြီး တော်ရုံဖျော်ဖြေဖို့ခေါ်လို့မရတာကလည်း ဖူလ်ဝမ်တီကို လူတွေအကြားမှာပိုပြီးတော့ ရေပန်းစားစေတာပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့လူတွေက မရနိုင်တဲ့မနွမ်းပန်းကိုမှ လှမ်းဆွတ်ချင်ကြတာသဘာဝဖြစ်နေတဲ့အတွက်ကြောင့်ပါပဲ။ ဒါပေမဲ့ ဖူလ်ဝမ်တီကလည်း ခေသူတော့မဟုတ် ၊ ဒေလီဧကရာဇ်မင်းရဲ့ချီးမြှောက်မှုကိုတောင်မှ ငြင်းဆန်ဝံ့တဲ့သူမျိုး အနုပညာရဲ့တန်ဖိုးကိုထိပါးတယ်ထင်ရင် ရှင်ဘုရင်ကိုတောင် ချွင်းချက်ထားမယ့်သူမျိုးမဟုတ်ပါဘူး။ ဒီလိုနဲ့ ဖူလ်ဝမ်တီတစ်ယောက် ပက်ရှ်ဝါတိုင်း ပူနဲကိုလာပြီးတော့ ဖျော်ဖြေဖို့လာရောက်ဖိတ်ခေါ်မှုနဲ့အတူ ပူနဲကို ရောက်လာချိန်မှာတော့ နေရာတိုင်းကပုရိသတို့ရဲ့ ပါးစပ်ဖျားမှာ ဖူလ်ဝမ်တီဆိုတဲ့နာမည်က ပျံ့လွင့်နေတာပေါ့။ ဒါပေမဲ့ ရုတ်တရက် ရှာစထရီဆိုတဲ့သူ ရောက်လာချိန်မှာ ပြည်သူတွေရဲ့အာရုံကဖူလ်ဝမ်တီဆီကနေ ရှာစထရီဆိုသူဆီ ရုတ်တရက်ပြောင်းလဲသွားခြင်းနဲ့အတူဒီရှာစထရီအပေါ် သူ့ရဲ့စိတ်ဝင်စားမှုတွေ တိုးလာချိန်မှာတော့… (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှပဲ ဖြစ်ပါတယ်)...
Unicorns (2023) ⭐IMDB: 7.3/10 (912 Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #UnitedKingdom #UnitedStates #Sweden #UnitedStatesofAmerica ⏰ 2 နာရီ 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Unicorns (2023) IMDb Rating (7.3) / Rotten Tomatoes (91%) 18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ သားလေး နှင့် single father ဖြစ်နေသူကို Asia LGBT DANCER လေးတို့ နှင့် တွေ့ဆုံမိရာကနေမှဇာတ်လမ်းကိုစထားပါတယ်။ ယခုနှစ်မှာတော့ BRITISH LGBTS တွေကြားမှာတော်တော်ကိုနာမည်ကြီးနေတဲ့ဇာတ်ကားပါ ။ လိင်တူဆက်ဆံခြင်းသည် BI ဖြစ်ခြင်းတွေဘာတွေထက် ဘာလိင်ညာလိင်မခွဲခြားတော့ပဲ အကုန်လုံးကိုလိင်တူချစ်သူလေးဖြစ်သွားတဲ့ ‘ pansexual ‘ လို့သတ်မှတ်ထားတဲ့ လူတွေလည်းအတော်ကိုများလာပါတယ် ။ Unicorns စာရေးဆရာနှင့် ဒါရိုက်တာ James Krishna Floyd ကတော့ ကိုယ်တိုင်းလည်းဒီလိုမျိုးနေထိုင်ခဲ့တာပါ။ အရင်ကတော့အဖြောင့်လိုပြောနေပေမယ့်လည်းအခုတော့အကုန်DOWN နေတဲ့လူပါ။ ကိုယ်တိုင်က lgbts တွေကိုသဘောကျတဲ့သူဆိုရင်တော့ ကြည့်သင့်ပါတယ် ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ BANYAR AUNG ဖြစ်ပါတယ်။)...
Romeo Ingkar Janji (2024) ⭐IMDB: 7.7/10 (12 Votes) 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 54 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Romeo Ingkar Janji (2024) ယခုတစ်ခါမှာတော့ အင်ဒိုနီးရှား အချစ်ရိုမန့်ဒရာမာကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အာဂသာလို့ခေါ်တဲ့ကောင်မလေးတစ်ယောက်၊ သူကတော့ မိဘတွေကကွာရှင်းထားရပြီးတော့ သူ့ကိုလည်း မိသားစုက ဂရုမစိုက် သူရှိတယ်လို့ကိုမသတ်မှတ်ထားကြအောင်ကို ပစ်ပယ်ထားခံရလို့ ဒီလောကကြီးမှာမွေးမလာရင်ကောင်းမှာပဲလို့ တွေးနေတတ်တဲ့ကောင်မလေးတစ်ယောက်ပေါ့။ သူဟာ အမြဲ သေချင်တယ်စကားပဲ ပြောနေတတ်တဲ့ကောင်မလေးလည်းဖြစ်ပြီးတော့သူ့အတွက်ဆိုရင် ဘယ်သူမှ မရှိဘူးလို့ သတ်မှတ်ထားတဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ အာဂသာ့ဆီမှာ ရှားရှားပါးပါး ရူနာလို့ခေါ်တဲ့ သူငယ်ချင်းမလေး ရှိနေပါတယ်။ဘဝမှာ ဘယ်သူမှမရှိတဲ့အာဂသာ့အတွက်တော့ ရူနာက ရင်ဖွင့်ရာ ပျော်ရွှင်မှုတွေ ပေးနိုင်တဲ့သူတစ်ဦးပေါ့။ အာဂသာတစ်ယောက် အဘွားဖြစ်သူနဲ့ ရန်ဖြစ်စကားများရင်း အိမ်အပြင်ကို ထွက်လာရာကနေဓာတ်ပုံမရိုက်ရနေရာမှာ ပုံဆွဲနေတဲ့ တက်တူးဆရာလေး ရိုမီယိုနဲ့ဆုံကြပါတယ်။ဆုံမိတာက ခဏတစ်ဖြုတ်လေးဆိုပေမယ့်လည်း ကံကြမ္မာက တွေ့ဆုံဖို့ အကြောင်းဖန်လာတော့ဘားမှာထပ်ပြီးတော့ ဆုံကြရင်း အချင်းချင်း ရင်းနှီးတဲ့အဆင့်ကို ရောက်သွားပါတော့တယ်။ရိုမီယိုဆိုတဲ့ တက်တူးဆရာလေးမှာလည်း သူ့အပေါ်မှာ အမြဲအဆင်သင့်ရှိနေပေးတဲ့ဒါယုဆိုတဲ့ သူငယ်ချင်းမလေးက ရှိနေပြန်ပါသေးတယ်။ အာဂသာ, ရိုမီယိုနဲ့ ဒါယုတို့ ၃ယောက်သားရဲ့ အချစ်ဇာတ်လမ်းလေးကဘယ်လိုတွေ ဆက်ပြီးတော့ ဖြစ်လာမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~V~Yunni တို့ပဲဖြစ်ပါတယ်)...
LEGO Scooby-Doo! Blowout Beach Bash (2017) ⭐TMDB: 73% User Score 🎬 #Adventure #Animation #Mystery #Thriller #Comedy #Family 🗓 2017 🎞 tv movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 17 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စကူဘီဒူးတို့အဖွဲ့ကို ဒီတစ်ခေါက်မှာတော့ Lego version အနေနဲ့ တွေ့ကြရမှာပဲဖြစ်ပါတယ်။ Lego movie တွေရဲ့ ထုံးစံအတိုင်း မထင်ရင် မထင်သလိုပြောင်တဲ့ဇာတ်ကွက်တွေ ဒိုင်ယာလော့တွေနဲ့ စကူဘီဒူးတို့ရဲ့ ပုံမှန်အလွဲတွေ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ဖြေရှင်းကြပုံတွေလည်း ကြည့်ရှုကြရမှာပါ။ ဇာတ်လမ်းကတော့ စကူဘီတို့တို့အဖွဲ့က အမှုတစ်ခုပြီးတဲ့နောက် အနားယူတဲ့အနေနဲ့ ဘလိုးအောက် ကမ်းခြေမှာ သုံးရက်တိုင်တိုင်ကျင်းပတဲ့ ဘင်ဂိုဘက်ရှ် ပွဲတော်ဆီကို ထွက်လာခဲ့ကြပါတယ်။ ဒါပေမဲ့ ကမ်းခြေကို ပင်လယ်ဓားပြသရဲတွေက ဝင်သောင်းကျန်းသွားခဲ့တဲ့အပြင် ဘင်ဂို ဘက်ရှ်ပွဲတော်ပါ ပျက်လုနီးပါးဖြစ်ရုံမက ဖရတ်နဲ့ ဗယ်မာတို့ရဲ့ ဘင်ဂိုဘက်ရှ်ရဲ့ ကပ္ပတိန်ဖြစ်ချင်ကြတဲ့ အိမ်မက်လေးပါ ပျောက်သွားခဲ့တဲ့အချိန်မှာတော့ အပန်းဖြေခရီးကနေ စုံစမ်းစစ်ဆေးရေးခရီးတစ်ခု ဖြစ်သွားခဲ့ပါတော့တယ်။ ဒီပင်လယ်ဓားပြသရဲတွေက ဘယ်သူတွေလဲ ဘာကြောင့်တိုက်ခိုက်နေကြတာလဲ ဒါတွေရဲ့နောက်ကွယ်မှာ ဘာတွေရှိနေတာလဲဆိုတာကို စကူဘီဒူးတို့ သူငယ်ချင်းတသိုက် ဘယ်လိုအဖြေရှာသွားကြမလဲဆိုတာ ရယ်မောခံစားကြည့်ရှုပေးကြပါဦးခင်ဗျ။...
A New York Story (2024) ⭐IMDB: 4.9/10 (112 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Veronica Mars Series မှာသရုပ်ဆောင်ခဲ့တဲ့ Paul Karmiryan ပါဝင်ထားပြီး Fiona Robertနဲ့ Sophia Robert ညီအစ်မနှစ်ယောက်ပူးပေါင်းရိုက်ကူးထားသော Drama အမျိုးအစားဇာတ်လမ်းပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း လူကုံထံလူတန်းစား အပေါင်းအသင်းတွေနဲ့သာကျင်လည်နေခဲ့တဲ့ Annabel ဆိုတဲ့ကောင်မလေးဟာ တစ်နေ့မှာတော့ Theo Offitဆိုတဲ့ ဓာတ်ပုံဆရာတစ်ယောက်နဲ့ မမျှော်လင့်ပဲတွေ့ဆုံခဲ့ကြရင်း သူတို့နှစ်ယောက်ရဲ့ ရင်းနှီးကျွမ်းဝင်လာခဲ့ပါတယ်။ အထက်တန်းလွှာသူငယ်ချင်းတွေက သာမန်လူတန်းစားလူတွေအပေါ်ခွဲခြားဆက်ဆံတာတွေ၊ Annabel တစ်ယောက် မတူညီတဲ့အသိုင်းအဝိုင်းနှစ်ခုကြားကို ဘယ်လိုပေါင်းသင်းဆက်ဆံနေရတယ်ဆိုတာနဲ့အတူ ချစ်သူရှိပြီးသား Annabel တစ်ယောက် Theo ကြောင့်ချစ်သူနဲ့နားလည်မှုလွဲပြီးပြတ်စဲသွားမလား၊ သူငယ်ချင်းတွေနဲ့ဖယ်ကျဉ်တဲ့ဒဏ်ကို ခံရပြီးနောက် Theo နဲ့ပဲဆက်လက်ခင်မင်သွားမလားဆိုတာကိုခန့်မှန်းကြည့်ရှုရမှာဖြစ်သလို Drama ဇာတ်အေးခုံမင်သူတွေ အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်...
Death Wish V: The Face of Death (1994) ⭐TMDB: 55% User Score 🎬 #Action #Crime #Drama #Thriller 🗓 1994 🎞 movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Death Wish Film Series ရဲ့ ငါးကားမြောက်နဲ့ နောက်ဆုံးကားအဖြစ် City of Dreams ဖြစ်တဲ့ နယူးယောက်မြို့တော်ကြီးမှာ ဇာတ်အိမ် တည်လာခဲ့ပါတယ်။ ပေါလ်ကာဆင်ဟာ အယ်လ်အေမှာ အဓိကမူးယစ်ဂိုဏ်းကြီး ၂ ခုကို ဖြိုခွဲအပြီး ၇ နှစ်အကြာမှာ မျက်မြင်သက်သေကာကွယ်ရေးပရိုဂရမ် အနေနဲ့ နယူးယောက်မှာ ပရော်ဖက်ဆာ ပေါလ်စတူးဝပ်အနေနဲ့ ဇာတ်မြှုပ်နေထိုင်ခဲ့ပြန်ပါတယ်.။ ရည်းစားဖြစ်သူ အိုလစ်ဗီယာရီးဂျန့်ရဲ့ ဖက်ရှင်ရှိုးကို တက်ရောက်ခဲ့တဲ့အချိန်မှာ အိုလစ်ဗီယာရဲ့လက်က ဒဏ်ရာကိုတွေ့ပြီး ယောကျ်ားဟောင်းဖြစ်တဲ့ တွန်မီအိုရှေးရဲ့လက်ချက်ဖြစ်မှန်း သိရှိသွားခဲ့ပါတယ်။ တွန်မီ့ကို ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီးနောက်ပိုင်းမှာ အိုလစ်ဗီယာရဲ့ဘဝထဲမှာ အတင်းတွယ်ကပ်နေတဲ့ ဂိုဏ်းစတား တွန်မီအိုရှေးကို မဖြစ်မနေ ဖယ်ရှားရမှာကို သဘောပေါက်သွားခဲ့ပါတယ်။ တွန်မီအိုရှေးကို ဖြုတ်ချနိုင်ဖို့ မိတ်ဆွေဟောင်း ခရိုင်ရှေ့နေဘရိုင်ယန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ပေါလ်နဲ့ အိုလစ်ဗီယာတို့ရဲ့အကြံ အထမမြောက်ခင်မှာပဲ အိုလစ်ဗီယာကို တွန်မီ့ဘက်ကနေ လက်ဦးမှုရယူပြီး မျက်နှာကိုဖျက်ဆီးကာ ချိန်းခြောက်ခဲ့ပါတယ်.။ သူနဲ့ထိစပ်ပတ်သက်သူတိုင်း နာကျင်ရတဲ့ဖြစ်ရပ်ဆိုးဟာ ပေါလ်ရဲ့ဘဝမှာ ကျိန်စာတစ်ခုလို အမြစ်တွယ်နေခဲ့ပြန်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ပေါလ်ရဲ့အဖြစ်ဆိုးသံသရာကို ရပ်တန့်နိုင်မှာလား. ရှုပ်ထွေးလှတဲ့ နယူးယောက်မြို့တော်ကြီးထဲမှာရော အရင်ကလို လက်စွမ်းနဲ့ ရာဇဝတ်သားတွေကို တားဆီးနိုင်ဦးမှာလား ဆိုတာကို ကြည့်ရှုရင်း အဖြေရှာနိုင်ဖို့ CM ကနေ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။...
Blue Van (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Crime #Drama 🗓 2024 🎞 movie 🌎 # ⏰ 1 နာရီ 31 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Blue Van (2024) “ဗန်ကားပြာရဲ့လျှို့ဝှက်ချက်”======================================= အခုတစ်ခါမှာတော့ အသစ်ထွက်ရှိထားတဲ့ ပန်ချာပီ –သည်းထိတ်ရင်ဖို-ဒရမ်မာမှုခင်းဇာတ်လမ်းကောင်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ အိန္ဒိယနိုင်ငံ၊ မူလန်ပူရ်ဆိုတဲ့ မြို့လေးတစ်မြို့မှာ ထူးခြားတဲ့အမှုတစ်ခု ဖြစ်ခဲ့ပါတယ်။အဲဒါကတော့ ဆင်မရတ်ဆိုတဲ့ မိန်းကလေးတစ်ယောက် သေဆုံးမှုပါပဲ။ အဲဒီဖြစ်စဉ်မှာ သူနဲ့စေ့စပ်ထားတဲ့ သူ့ခင်ပွန်းလောင်း ဟာမန်းလည်းဦးခေါင်းဒဏ်ရာနဲ့ ဆေးရုံရောက်ရှိခဲ့ပေမဲ့ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ဆင်မရတ်ဆိုတဲ့ မိန်းကလေးကို တောထဲမှာ သေဆုံးလျက်တွေ့ခဲ့ကြတာဖြစ်ပြီး မျက်နှာကိုလည်း အက်ဆစ်နဲ့ အလောင်းခံထားရပါတယ်။ တာ၀န်ကျရဲတပ်ဖွဲ့၀င်တွေ စုံစမ်းစစ်ဆေးမှုအရ သိခဲ့ရတာကတော့ ဟာမန်းနဲ့ ဆင်မရတ်တို့စေ့စပ်ပွဲအပြီး နောက်တစ်ရက်မှာ နှစ်ဦးသားလမ်းလျှောက်ထွက်ခဲ့ရာကနေ အခင်းဖြစ်ပွားခဲ့တာပါ။လူသတ်သမားဟာ ကားတစ်စီးနဲ့ရောက်လာပြီး ဟာမန်းရဲ့ခေါင်းကိုနောက်ကနေ ရိုက်သွားတာကလွဲပြီး ကျန်တာ မသိခဲ့ရပါဘူး။ ဒီလိုနဲ့ ဆက်လက်စုံစမ်းစစ်ဆေးရာမှာတော့ အမှုရဲ့ နောက်ကွယ်မှာဘယ်လိုလျှို့ဝှက်နက်နဲမှုတွေ ရှိနေမလဲ၊ တရားခံဟာ ဘယ်သူဖြစ်နေမလဲ၊အပြာရောင်ဗန်ကားတစ်စီးနဲ့ ဘယ်လိုပတ်သက်နေမလဲဆိုတာကို အဖြေရှာရင်း စိတ်၀င်တစား ကြည့်ရှုကြရမှာ ဖြစ်ပါတယ်…။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)...
Death Wish 4: The Crackdown (1987) ⭐TMDB: 57% User Score 🎬 #Action #Crime #Drama #Thriller 🗓 1987 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပေါလ်ကာဆင်ရဲ့ ဇာတ်လမ်းဟာ နယူးယောက်မှာတင် အဆုံးမတင်နိုင်သေးဘဲ City of Angels လို့ တင်စားခေါ်ဝေါ်တဲ့ လော့စ်အိန်ဂျလိကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ Vigilante ဘဝကနေ အနားယူခဲ့တာကြာပြီဖြစ်တဲ့ ပေါလ်ကာဆင်ရဲ့ဘဝထဲကို ကယ်ရန် နဲ့ အယ်ရစ်ကာတို့ သားအမိက ဝင်ရောက်လာခဲ့ပြန်ပါတယ်။ အရမ်းထူးချွန်ပြီး လိမ္မာလွန်းတဲ့ အယ်ရစ်ကာကို ဆုံးပါးသွားတဲ့သမီးလေးကို သတိရစိတ်နဲ့ ခင်တွယ်မိနေပြန်ပါတယ်။ လူငယ်သဘာဝ စူးစမ်းချင်စိတ်နဲ့ မူးယစ်ဆေးကို သုံးစွဲမိခဲ့တဲ့ အယ်ရစ်ကာတစ်ယောက် ကံမကောင်းအကြောင်းမလှဘဲ ဆေးလွန်ပြီး သေဆုံးသွားခဲ့ပြန်ပါတယ်။ အယ်ရစ်ကာ သေဆုံးရတဲ့ကိစ္စကို မကျေချမ်းနိုင်ဘဲ အယ်ရစ်ကာရဲ့ရည်းစားကို ခြေရာခံလိုက်ရင်း ဆေးအရောင်းသမား ဂျိုဂျိုရဲ့ လက်ချက်မှန်း သိခဲ့ပါတယ်။ ဂျိုဂျိုက ရန်ဒီကို သတ်နေတဲ့အချိန်မှာ မျက်မြင်တွေ့လိုက်ရပြီး ဂျိုဂျို့ကို တစ်ခါတည်း ပစ်သတ်ခဲ့ပါတယ်။ ထိုကိစ္စပြီးတဲ့အချိန်မှာ ပေါလ်တစ်ယောက် ထူးဆန်းတဲ့စာတစ်စောင်ကို အိမ်မှာတွေ့ရှိပြီး သူ့ကို ဖုန်းခေါ်ဆိုလာခဲ့ပါတယ်.။ သူ့ရဲ့နောက်ကြောင်းတွေကို သိရှိတဲ့သူဖြစ်ပြီး သူနဲ့တွေ့ဆုံဖို့ ငြင်းဆန်ပါက ရဲတွေကို သူ့ရဲ့ Vigilante ဘဝကို ထုတ်ဖော်သွားမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ပေါလ် သွားရောက်တွေ့ဆုံတဲ့အချိန်မှာ လူကုံတံသတင်းစာတိုက်ပိုင်ရှင် နေသန်ဝှိုက်ဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။ အယ်ရစ်ကာ့လို အဖြစ်ဆိုးမျိုးကြုံခဲ့ရတဲ့ သူ့သမီးလီဆာအကြောင်းကိုပြောပြရင်း မူးယစ်ဆေးနဲ့ပတ်သက်ဆက်နွယ်သမျှ လူအားလုံးကို ခွင့်မလွှတ်သင့်ဘဲ အဆုံးသတ်ပေးသင့်ကြောင်း နှင့် သူ့လက်အောက်မှာ အလုပ်လုပ်ပေးရန် သိမ်းသွင်းခဲ့ပါတယ်။ လော့စ်အိန်ဂျလိမြို့မှာ သူပစ်သတ်ခဲ့တဲ့ ဂျိုဂျိုရဲ့နောက်ကွယ်မှာရှိတဲ့ မူးယစ်ရာဇာ အက်ဒ် ဇက်ခရိုင်းရက်စ် အပြင် ဂျက်ခ် နဲ့ တိုနီရိုမယ်ရို ညီအစ်ကိုနှစ်ယောက်တို့ မူးယစ်ဂိုဏ်း ၂ ဂိုဏ်းက ကြီးစိုးနေပါတယ်။ မူးယစ်ဆေးကြောင့် ခံစားရတဲ့ မိသားစုတွေရဲ့ ပူဆွေးမှုကို အပြီးတိုင်ဖြေဖျောက်ပေးနိုင်ရန် ရည်ရွယ်ပြီး ပေါလ်ကာဆင်ဟာ “Vigilante” ဘဝကို ပြန်လည်ခံယူခဲ့ရပြန်ပါတော့တယ်။...
A Reason for the Season (2024) ⭐IMDB: 7.2/10 (1 k Votes) 🎬 #Romance #TVMovie 🗓 2024 🎞 tv movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Christmas နီးလာပြီဆိုတော့ Christmas နဲ့ပတ်သက်တဲ့ဇာတ်ကားလေးတွေ အပြိုင်အဆိုင်ထွက်လာတဲ့အချိန်ပေါ့။ ဒီတစ်ခါဇာတ်ကားလေးကတော့ မိသားစုနဲ့ကြည့်လို့ကောင်းမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့ A Reason For A Season ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ Elizabeth Lane လို့ခေါ်တဲ့ Single Mother လေးတစ်ယောက်ဟာ သူမရဲ့အိမ်မက်ဖြစ်တဲ့ အလှကုန်ပစ္စည်းကုမ္မဏီကြီးတည်ထောင်ချင်တဲ့အတွက် တစ်အိမ်ဝင်တစ်အိမ်ထွက် ဈေးလိုက်ရောင်းနေတဲ့သူပါ။ သူမဟာ Christmas ညမှာ ကိုယ်ဝန်ကြီးနဲ့ ဈေးရောင်းနေတုန်း ဗိုက်နာလာတဲ့အတွက် Brookswood လို့ခေါ်တဲ့မြို့လေးမှာဝင်နားခဲ့ရပါတယ်။ စိတ်ကောင်းရှိတဲ့ မြို့သားတစ်စုဟာ စားသောက်ဆိုင်ထဲမှာ အစည်းဝေးလုပ်နေတုန်း Elizabeth အကူညီလိုတဲ့အခါ သူမကို စိတ်ရင်းအမှန်နဲ့ ကူညီပေးခဲ့တဲ့အတွက် Elizabeth ရော ကလေးပါအသက်ရှင်ခဲ့ရပါတယ်။ Elizabeth က သူ့သမီးလေးမွေးတဲ့ Christmas Eve နေ့ကိုအစွဲပြုပြီး Evie လို့ နာမည်ပေးခဲ့ပါတယ်။ ၃၅နှစ်ကြာတော့ Elizabeth ဟာ သူ့တို့သားအမိကိုကူညီခဲ့တဲ့ Brookswood မြို့ကမြို့သူမြို့သားတွေကို ပြန်ကျေးဇူးဆပ်ဖို့ Evie ကိုလွှတ်လိုက်ပါတယ်။ Evie တစ်ယောက် ယောင်ချာချာနဲ့ရောက်သွားခဲ့ပေမဲ့ Kyle Newman လို့ခေါ်တဲ့ရှေ့နေနဲ့တွေ့ပြီး သူတို့ကိုကူညီခဲ့တဲ့ လူတွေကိုပြန်လာရှာဖွေပြီး ကျေးဇူးဆပ်ကြပုံကို ကြည့်ရှု့ခံစားရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားက အက်ရှင်ခန်းတွေ plot twist တွေမပါဘဲ Green Book တုန်းကလို Positive energy တွေရစေမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အရာရာကို အကောင်းမြင်တတ်တဲ့ Brookswood မြို့သားတွေအနေနဲ့ Evie လေးအတွက်ဘဝသင်ခန်းစာရအောင် ဘယ်လိုကူညီပေးသွားမလဲဆိုတာကို ပေါ့ပေါ့ပါးပါးလေးကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ IMDb မှာလည်း 7.3 အထိရထားပြီး ပူပူနွေးနွေးထွက်ရှိထားတဲ့ Christmas ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။...
Big Trouble in Little China (1986) ⭐TMDB: 72% User Score 🎬 #Action #Adventure #Comedy #Fantasy 🗓 1986 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်းသားကြီး Kurt Russell ရဲ့ 1986 ခုနှစ်ထွက် သဘာဝလွန် ဟာသအက်ရှင်ရုပ်ရှင်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျက်ခ်ဘာတန် (Kurt Russell) ဟာ ထရပ်ကားဒရိုင်ဘာတစ်ယောက်ဖြစ်ပြီး အချိန်ပြည့်လမ်းပေါ်မှာအချိန်ကုန်နေတဲ့လူစားမျိုးပါ။ တစ်ညမှာတော့ ဆန်ဖရန်စစ္စကိုက ဝာရုတ်တန်းမှာ သူ့မိတ်ဆွေဝမ်ချီဆီရောက်ဖြစ်ရင်းနဲ့ လေဆိပ်မှာ ဝမ်ချီရဲ့ ဇနီးလောင်းကိုသွားကြိုဖို့ လမ်းကြုံလိုက်ပို့ပေးခဲ့ပါတယ်။ ဒါပေမဲ့အဆင်ပြေမသွားဘဲ ဝမ်ရဲ့ ဇနီးလောင်းကို သေခြင်းသခင်ဆိုတဲ့ ဝာရုတ်လူမိုက်ဂိုဏ်းက ဝင်ဖမ်းသွားတဲ့အတွက် မိတ်ဆွေအတွက်ဆို ဘာမဆိုစွန့်စားရဲတဲ့ ဂျက်ခ်တစ်ယောက် လိုက်ကူညီပေးရင်း သေခြင်းသခင်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ လိုပန်ဆိုတဲ့ အောက်လမ်းနတ်ဆရာ ရဲ့ အောက်လမ်းမှော်အတတ်တွေနဲ့ပါ ရင်ဆိုင်ခဲ့ရပါတယ်။ ဝမ်ကိုလိုက်ကူညီရင်း ဂျက်ခ်ရဲ့ ထရပ်ကားပါအခိုးခံလိုက်ရတာဖြစ်လို့ ဝမ်ရဲ့ဇနီးလောင်းနဲ့ သူ့ရဲ့ထရပ်ကားကို ပြန်ရနိုင်မလား ဂျက်ခ်နဲ့ ဝမ်တို့ ဘာတွေကို ရင်ဆိုင်ဖြတ်ကျော်ကြရမလည်းဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။...
Team of Two (2024) ⭐IMDB: 5.1/10 (100 Votes) 🎬 #Action #Adventure #Comedy #Crime 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 47 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Team of Two (2024) IMDb Rating (5.1) ဒီကားကတော့ 2024 ခုနှစ်ထဲမှာ ထွက်ရှိထားတဲ့ ဟာသအက်ရှင် ဇာတ်ကားလေးဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေ အနေနဲ့ကတော့ Joss Gomez , Marc Singer , Eric Roberts စတဲ့ သရုပ်ဆောင်များစွာပါဝင်ထားပြီးတော့ ဒါရိုက်တာအနေနဲ့ရော ဇာတ်ညွှန်းကိုပါ Joss Gomez ကိုယ်တိုင်ပဲ ပါဝင်ထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း Marc Valentine(Joss Gomez) ကတော့ တစ်ယောက်တည်း အလုပ်လုပ်ရတာကို ကြိုက်တဲ့ လူသတ်မှု စုံထောက်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် အထက်လူကြီးရဲ့ အမိန့်အရ လူမျိုးစုံနဲ့ အလုပ်တွဲလုပ်ရဖို့ဖြစ်လာပါတယ်။ Marc ကတော့ သူ့ကိုယ်သူ 80 ခုနှစ်တွေထဲမှာပဲ နေထိုင်နေတယ်လို့ ထင်ပြီးတော့ နည်းနည်းတော့ ရူးကြောင်ကြောင်နိုင်ပါတယ်။ Big Boss Tango(Marc Singer) ကတော့ တစ်ကမ္ဘာလုံးကို ကပ်ဘေးဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တစ်ခုကို ဖန်တီးပြီးတော့ Marc သာ မတားဘူးဆိုရင် Los Angeles မြို့ထဲမှာ စပြီးတော့ ဖြန့်ပစ်ဖို့ စီစဉ်နေတဲ့ ရာဇဝတ်သားတစ်ယောက်ဖြစ်ပါတယ်။ ပရော်ဖက်ဆာ Malevolent (Dr Robert Ray) ကတော့ Captain Dupree(Ken Davitian) ရဲ့သမီးကို ပြန်ပေးဆွဲလိုက်ပြီးတော့ အခြေအနေတွေပိုဆိုးလာခဲ့ပါတယ်။ Marc ရဲ့အဖေ (Lorenzo Lamas) နဲ့ Captain Johnson(Eric Roberts) တို့ရဲ့ လမ်းညွှန်မှုနဲ့အတူ Marc တစ်ယောက် အခက်အခဲတွေကို ဘယ်လို ကျော်ဖြတ်ပြီးတော့ Big Boss Tango ရဲ့ အစီအစဉ်တွေကို ဘယ်လိုတားသွားမလဲ ဆိုတာကို ဟာသဆန်ဆန်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။)...
Matka (2024) ⭐IMDB: 4.7/10 (473 Votes) 🎬 #Action #Bollywood #Crime #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 37 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Matka (2024) “ဗာဆူ” အသစ်ထွက်ရှိလာတဲ့ တေလဂူး အက်ရှင်ဇာတ်ကြမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် သရုပ်ဆောင်တွေကတော့ Varun Tej နဲ့ ဟိုတလောကနာမည်ကြီးသွားတဲ့ ဘာစကာဇာတ်ကားထဲက မင်းသမီး Meenakshi Chaudhary ပဲ ဖြစ်ပါတယ် ဇာတ်လမ်းကိုတော့ ၁၉၅၈ ကနေ ၁၉၈၂ မှာတည်ထားပြီးဗာဆူဟာ အမေနဲ့အတူတူ ဒုက္ခသည်ဘဝနဲ့ပြောင်းရွှေ့လာပြီး စားစရာကို လုယက်တောင်းရတဲ့ ဘဝပါ အဲဒါကြောင့်ပဲ ဗာဆူက ငယ်ငယ်လေးနဲ့ လူသတ်မှုကြောင့်ကလေးထောင်ရောက်ခဲ့ပြီး မိစ္ဆာတွေကြားမှာမိစ္ဆာတစ်ကောင်အသွင်ပြောင်းလာခဲ့တယ် ထောင်ကထွက်လို့ သူ့မှာရည်မှန်းချက်တစ်ခုပဲရှိပါတယ်သူ့ကိုယ်သူ တစ်ရာမှာ တစ်ယောက်လို့ယုံကြည်ပြီး အထက်ကိုတက်လှမ်းနိုင်ဖို့ပါပဲ ဒီလိုနဲ့ အိန္ဒိယမှာ လောင်းကစားအင်ပါယာတစ်ခုထူထောင်နိုင်ခဲ့ပုံ၊အချစ်နဲ့ မိသားစုဘဝ၊ အနိမ့်အမြင့်အတက်အကျတွေကို လိုက်ပါခံစားကြည့်ရှုလိုက်ပါဦး (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်)...
Death Ph.D (2024) ⭐IMDB: 1.9/10 (105 Votes) 🎬 #Horror 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Death PhD (2024) IMDb Rating (2.0) ကဲဒီတစ်ခေါက်ကတော့ ဇာတ်ကားနာမည်အတိုင်းပါပဲ Ph.D ဘွဲ့ယူမယ့် ကျောင်းသားတွေအကြောင်း horror ဇာတ်ကားအနေနဲ့ရိုက်ကူးထားဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့စိတ်နယ်လွန်ပညာရပ်က ကျောင်းသားတွေ စောစောစီးစီး ဘွဲ့ယူလို့ရမယ်ဆိုတဲ့ အခွင့်အရေးကို ကျောင်းကနေ ရုတ်တရက်ကမ်းလှမ်းလိုက်ပါတယ်။ ရိုးရိုးတမ်းတမ်းတော့မဟုတ်ပါဘူး။ သရဲခြောက်ပါတယ်လို့ နာမည်ကြီးတဲ့ အိမ်ကြီးထဲမှာ တစ်ညတိတိ သွားနေရမှာဖြစ်ပြီး အိမ်ထဲမှာဖြစ်ပျက်နေတဲ့ သဘာ၀လွန်ဖြစ်ရပ်တွေကို မှတ်တမ်းယူပေးရမှာဖြစ်ပါတယ်။ သတ်မှတ်ချိန်မရောက်မချင်း တံခါးကလဲ ပွင့်မှာမဟုတ်ပါဘူး။ ကျောင်းကပဲ တမင်လှည့်စားပြီး သူတို့ကို ခိုင်းတာလား ဒါမှမဟုတ် သရဲက တကယ်ပဲခြောက်တာလားဆိုတာကိုတော့ ဇာတ်ကားအဆုံးထိ ကြည့်ရှုပေးကြပါဦးနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။)...
