ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Catch Me If You Claus (2023)
⭐IMDB: 6.6/10 (1 k Votes)
🎬 #Romance #TVMovie #Comedy
🗓 2023 🎞 tv movie
🌎 #UnitedStates
⏰ 1 နာရီ 24 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Catch Me If You Claus (2023)=====================IMDb Rating – 6.6/10
ဒီကားလေးက ခရစ်စမတ်ဒရာမာကားလေးပါပဲ။ သတင်းတင်ဆက်သူအဖြစ်အလုပ်ရနိုင်ဖို့ကြိုးစားနေတဲ့အေဗရီက ခရစ်စမတ်ကိုအကြောင်းပြုပြီးတော့သူ့ရဲ့လုပ်နိုင်စွမ်းကိုရှာဖွေတွေ့ရှိသွားတဲ့ စွန့်စားခန်းတွေနဲ့ ကြည့်ရတဲ့ကားလေးပါ။မိသားစုနဲ့အတူ ကြည့်ဖို့သင့်လျော်တဲ့ ဇာတ်ကားပါ။
အလုပ်တွေလုပ်နေကြပေမယ့် ဘဝမှာ ကိုယ်တကယ်လုပ်သင့်တာကဘာလဲဆိုတာကို ရှာဖွေဖို့လိုအပ်ပါတယ်။ ဘဝရဲ့အရေးကြီးတဲ့အရာတွေကို လုပ်ဆောင်နိုင်မှာသာ ကျွန်တော်တို့ဟာ ဘဝကို အဓိပ္ပါယ်ရှိရှိဖြတ်သန်းနိုင်ကြတယ်လို့ဆိုကြရမှာပါ။ ဒီဇာတ်လမ်းမှာလည်းကြည့်ရှုသူတွေအနေနဲ့ အဲဒါကိုတွေ့ကြရမှာပါ။ ဒီရုပ်ရှင်ကို ဒါရိုက်တာ Bradley Walsh က စီစဥ်ရိုက်ကူးခဲ့ခြင်းဖြစ်ပြီးIMDb rating 6.6 ရရှိထားပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thy Santa ဖြစ်ပါတယ်)...
Macabre (2009)
⭐IMDB: 6.4/10 (4 k Votes)
🎬 #Drama #Horror #Thriller
🗓 2009 🎞 movie
🌎 #Indonesia #Singapore
⏰ 1 နာရီ 36 မိနစ် 7 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါမှာတော့ Horror ဇာတ်ကားကောင်းကောင်းလေးတွေကိုမှ ကြည့်ရှုရတာ
ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိတ်သတ်ကြီးကို rating 6.4/10 အထိရရှိထားတဲ့
Macabreဆိုတဲ့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေး တစ်ကားနဲ့မိတ်ဆက်ပေးပါရစေ
ဒီဇာတ်ကားကို Kimo Stamboel က ဒါရိုက်တာအဖြစ်ကော ဇာတ်ညွှန်းရေးဆရာ
အဖြစ်ကော တာဝန်ယူရိုက်ကူးထားပြီး အင်ဒိုနီးရှားရုပ်ရှင်သရုပ်ဆောင်
အကျော်အမော်တွေဖြစ်တဲ့ မင်းသား Ario Bayuနဲ့ မင်းသမီး Julie
Estellaကပါဝင်အားဖြည့်ရိုက်ကူးထားပါတယ် ဇာတ်လမ်းအစမှာ မိဘတွေအက်ဂျီကြောင့်
ကားမတော်တဆမှုဖြစ်ပြီးဆုံးသွားလို့ ခပ်တန်းတန်းဖြစ်သွားတဲ့ ညီမဖြစ်သူ
လိုင်ဒီယာနဲ့ အက်ဂျီတို့ မောင်နှမနှစ်ယောက်ကို ပြန်လည်ပေါင်းစည်းဖို့ကြိုးစားကြပုံနဲ့
အစပျိုးထားပါတယ် အဲ့နောက်မှာတော့ ညီမဖြစ်သူလိုင်ဒီယာတစ်ယောက်
အကိုဖြစ်သူတို့အက်ဂျီနဲ့ဇနီးဖြစ်သူ ကိုယ်ဝန်သည် အက်စ်ထရစ်တို့
အတူတူဂျာကာတာမြို့ကိုသွားတော့မှာဖြစ်တဲ့အတွက် လိုက်ပို့လိုက်ပါတယ် ဒီလိုနဲ့
အက်ဂျီတို့ငါးယောက် ဂျာကာတာကိုသွားတဲ့လမ်း ညကြီးမိုးချုပ်မှာ လမ်းမှာ
မျှော်လင့်မထားဘဲ ကောင်မလေးတစ်ယောက် ဒုက္ခရောက်နေတာတွေ့လို
ကူညီဖို့ဆုံးဖြတ်လိုက်ကြပြီး ကားအသွားမလာမရှိတာနဲ့ အိမ်အထိလိုက်ပို့
ပေးလိုက်ကြပါတယ် သူတို့တစ်တွေ လမ်းမှာကူညီပေးလိုက်တဲ့ ကောင်မလေး
နာမည်ကဆိုနီဖြစ်ပြီး ကောင်မလေးအိမ်ကိုရောက်တဲ့အခါမှာတော့ ထင်မှတ်
မထားတဲ့အရာတွေနဲ့တွေ့ကြုံလိုက်ရပါတော့တယ် အဲ့တာကတော့
ဆိုနီတို့မိသားစုဟာ အိမ်ကိုရောက်လာတဲ့ ဧည့်သည်တွေကို စားကောင်းသောက်ဖွယ်တွေနဲ့
ဧည့်ခံကျွေးမွေးပြီး ဆေးခတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ပြီး ကလိစာတွေကို
လူချမ်းသာတွေထံပြန်လည်ရောင်းချတာပဲ ဖြစ်ပါတယ် သူတို့တွေ ဒီအိမ်ကြီးမှာ
ဘယ်လိုရက်စက်မှုအပေါင်းသရဖူဆောင်းထားတဲ့လုပ်ရက်တွေကို ရင်ဆိုင်ကြုံတွေ့ကြမလဲ
သူတို့တွေ ဒီအိမ်ကြီးကနေ အသက်ရှင်လျက်လွတ်မြောက်အောင် ဘယ်လိုတွေ
ကြိုးပမ်းကြမလဲ အဲ့ဒီနောက် သူတို့တစ်တွေ ဒီအိမ်ကြီးကနေကော အသက်ရှင်လျက်
လွတ်မြောက်နိုင်ပါ့မလား ဆိုတာကိုဒီဇာတ်ကားလေးထဲမှာ လိုက်ပါစီးမျောခံစား
ကြည့်ရှုလိုက်ပါဦး
ဒီဇာတ်ကားက Horror,Drama&Thriller ဖြစ်ပြီး ကြည့်ရှုသူပရိတ်သတ်က
ဟာခနဲ့ ဟင်ခနဲ့ဖြစ်သွားအောင် မျက်တောင်မခတ်ကြည့်ရှုရမယ့် ဇာတ်ကားဖြစ်ပါတယ်
ဒီဇာတ်ကားဟာ အင်ဒိုနီးရှားHorrorကားဖြစ်တာနဲ့အညီ သွေးသံရဲရဲအခန်းတွေ
ပါဝင်တဲ့အတွက် ကလေးငယ်လေးတွေ ကြည့်ရှုဖို့မသင့်တော်ဘူးဆိုတဲ့အကြောင်းကို
ကြိုတင်အသိပေးပါရစေ...
Thai Female Secretary (2020)
⭐TMDB: 0.0% User Score
🎬 #Adult #Drama
🗓 2020 🎞 movie
🌎 #SouthKorea
⏰ 56 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
********************************ထိုင်းမှာ စီးပွားရေးလုပ်ရတာ တဖြည်းဖြည်းခက်ခဲလာတဲ့ ဟန်ရှစ်က
ကိုးရီးယားမှာရှိတဲ့ အသိတွေဆီကို လိမ်လည်ဖိုအတွက် ဖုန်းဆက်ပေမဲ့
အားလုံးက ဖုန်းကို တန်းချပစ်လိုက်တာဖြစ်လို မအောင်မြင်ခဲ့ပါဘူးစိတ်ဓာတ်ကျကျနဲ့ သူငယ်ချင်းထယ်ရှစ်ကို သွားတွေ့တဲ့အခါ ထယ်ရှစ်က
ထိုင်းမော်ဒယ်လ်မလေးနဲ့ sex လုပ်နေတာကို တွေ့လိုက်ရပါတယ်အဲဒါကိုမြင်လိုက်ရတဲ့ ဟန်ရှစ်လည်း sex လုပ်ချင်လာပြီး ဟိုးတစ်နေ့က
အတွင်းရေးမှူးအင်တာဗျူးလာဖြေတဲ့ ပယ်ပါဆိုတဲ့ ကောင်မလေးကို ဖုန်းဆက်ပါတော့တယ်...
Our Secret Diary (2023)
⭐TMDB: 0.0% User Score
🎬 #Romance
🗓 2023 🎞 movie
🌎 #Japan
⏰ 1 နာရီ 51 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Our Secret Diary (2023)
~ IMDb – 7.5/10, MyDramaList – 8.2/10 ~
ဟိုတလောက နာမည်ကြီးသွားတဲ့ Videoထဲက Anime Voice Actor လေး တဖြစ်လဲ မင်းသား Fumiya Takahashi ရဲ့ အသစ်စက်စက်ရုပ်ရှင်လေး ထွက်ရှိလာပါပြီ။
ကျောင်းရဲ့စားပွဲခုံပေါ်မှာ စာအပြန်အလှန်ရေးရာက စတဲ့ဇာတ်လမ်းလေးဖြစ်တာမို့ Highschool Movie တွေကြိုက်တဲ့သူတွေအဖို့ သေချာပေါက် ရင်ခုန်စွာနဲ့ လိပ်ပြာတွေပျံရင်း ကြည့်ရှုရမှာပါ။
ဇာတ်လမ်းကိုတော့ ဘောလုံးကစားတာကို နားရတော့မဲ့ ကောင်လေး “ဆဲတိုရာမ”က စာရေးစားပွဲပေါ်မှာ သူလက်မလျှော့ချင်တဲ့အကြောင်း ရေးထားခဲ့တာကနေ စထားပါတယ်။ အတန်းတွေချိန်းကြတဲ့အခါ အဲဒီခုံနေရာမှာထိုင်မိတဲ့ “ခုရိုဒ”ဆိုတဲ့ကောင်မလေးက သူ့စာရဲ့အောက်မှာ အရှုံးမပေးဖို့အတွက် အားပေးစကားလေး ရေးထားခဲ့ပါတယ်။
ဒီစာကြောင့်ပဲ ဆဲတိုရာမတစ်ယောက် မိုတီတွေရသွားခဲ့ပြီးတော့ စာရေးခဲ့တဲ့ကောင်မလေးကို လိုက်ရှာနေခဲ့ပါတယ်။ ခုံပေါ်မှာ စာလေးတွေသွားထားရင်းနဲ့ သူတို့နှစ်ယောက်က စာပေးစာယူကနေတဆင့် စကားပြောဖြစ်လာပါတယ်။ ဒီလိုနဲ့ တစ်ယောက်အကြောင်း တစ်ယောက်သိအောင်လုပ်ဖို့ ဒိုင်ယာရီစာအုပ်လေးတစ်ခုကို ကျောင်းရဲ့တစ်နေရာမှာထားပြီး အပြန်အလှန် ရေးဖြစ်လာကြပါတယ်။
ဒါပေမဲ့ ဆဲတိုရာမ ရှာနေတဲ့သူက စာအတူရေးနေတဲ့ကောင်မလေးမဟုတ်ဘဲ သူ့ရဲ့သူငယ်ချင်းမလေးရဲ့နာမည်ဖြစ်နေတဲ့အခါ…
တစ်ဖက်မှာလည်း ခုရိုဒရဲ့ ရည်းစားဟောင်းဖြစ်သူက ခုရိုဒကို ပြန်ပြီး ချဉ်းကပ်လာတဲ့အခါမှာတော့…
သူတို့ကြားက Romance, ဂရုစိုက်ပေးတာလေးတွေ အထင်လွဲမှုတွေနဲ့ သူငယ်ချင်းတွေကြားက ချစ်စရာကောင်းလောက်အောင်နားလည်မှုရှိတဲ့အကြောင်းတွေက ဘယ်လိုဆက်ပြီးဖြစ်သွားမှာလဲဆိုတာကို သူတို့နှစ်ယောက်ရဲ့ Secret Diary လေးထဲမှာ ဆက်လက် ဖတ်ရှုလိုက်ကြပါဦး။
(ဒီဇာတ်ကားနဲ့အညွှန်းကိုIngyin Sanမှ ပြန်ဆို ရေးသားထားပါတယ်)...
Why We're Killing Gunther (2017)
⭐IMDB: 4.8/10 (15 k Votes)
🎬 #Action #Comedy #Thriller
🗓 2017 🎞 movie
🌎 #UnitedStates #UnitedKingdom #HongKong #Canada #UnitedStatesofAmerica
⏰ 1 နာရီ 34 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
နာမည်ကြီး အာနိုးမင်းသားလို့ လူသိများကြတဲ့မင်းသားကြီး
“Arnold Schwarzenegger” ပါဝင်သရုပ်ဆောင်ထားတဲ့ Killing Gunther ဆိုတဲ့
ဇာတ်ကားလေးကို မိတ်ဆက်ပေးချင်ပါတယ်
ဒီဇာတ်လမ်းထဲမှာတော့ မင်းသားကြီးအာနိုးက တလောကလုံးကလေးစားပြီး
ကြောက်ရတဲ့ အရည်အချင်းရှိတဲ့ကြေးစားလူသတ်သမား “ဂါးသာ”နေရာကနေ
သရုပ်ဆောင်ထားပါတယ် တဖက်မှာတော့ “ဘလိတ်” လို့ခေါ်တဲ့ ကြေးစား
လူသတ်သမားကလည်း ကြေးစားလောကရဲ့ထိပ်တန်းဖြစ်ချင်တာကြောင့်
ဂါးသာကိုရှင်းပစ်ဖို့ အစီအစဉ်ဆွဲပါတော့တယ်
သူသိသမျှ လက်စွမ်းရှိတဲ့ကြေးစားလူသတ်သမားတွေ လုပ်ကြံရေးသမားတွေကို
ဆက်သွယ်ပြီး အဖွဲ့ထောင်ကာ ဂါးသာကို သတ်ပစ်ဖို့ကြိုးစားခဲ့တဲ့နောက်ပိုင်းမှာတော့
ဂါးသာအသတ်ခံလိုက်ရမလား ဒါမှမဟုတ် ကြေးစားလောကမှာရှိတဲ့သူ့ရဲ့ဂုဏ်ကို
ဆက်လက်ထိန်းသိမ်းထားနိုင်မလားဆိုတာကို အက်ရှင်အကွက်တွေအပြင်
ဟာသလေးပါ နှောထားလို့ စိတ်အပန်းပြေစေမှာတော့ အမှန်ပါပဲ...
Play Busty (2020)
⭐-
🎬 #Drama #Adult
🗓 2020 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 11 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
**********************သူငယ်ချင်းချောလ်ဆူစီစဥ်ပေးတဲ့ဒိတ်မှာရောက်လာတဲ့ကောင်မလေးက
ချန်းအီရဲ့ အနောက်အိမ်ကမချောလေးဖြစ်နေပါတော့တယ်sex မတော်ရင်ထပ်မတွေ့တော့ဘူးဆိုတဲ့မချောလေး မီယန်းနဲ့ယုံကြည်ချက်တွေပြင်းထန်လွန်းနေတဲ့ ချန်းအီတို့တွေ့ကြပြီးတဲ့အခါမှာတော့…….
အဲဒီနောက်မှာတော့ ချန်းအီကိုတန်းတန်းစွဲနေတဲ့ဂျစ်ကန်ကန်ညဥ့်ငှက်မလေးဟီဂျင်းကို
ချောလ်ဆူနဲ့တွေ့ပေးဖို့အကြောင်းဖန်လာပါတော့တယ်...
12 Feet Deep (2017)
⭐IMDB: 5.2/10 (17 k Votes)
🎬 #Horror #Thriller
🗓 2017 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 25 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီရုပ်ရှင်လေးကတော့ ရေကူးကန်တစ်ခုမှာပဲ တစ်ကားလုံးရိုက်ကူးသွားတာပါ…။
အဓိကသရုပ်ဆောင်ကလည်း မင်းသမီးနှစ်လက်သာပါပြီး တစ်ကားလုံးကို
ညီအစ်မနှစ်ယောက်ရဲ့ခံစားချက်တွေ သံယောဇဥ်တွေနဲ့သာ ဖွဲ့စည်းပါထားပါတယ်….
ဇာတ်လမ်းအကြောင်းအရာလေးကတော့ မဆုံဖြစ်တာကြာပြီဖြစ်တဲ့ ညီအစ်မ
နှစ်ယောက်ဟာ သူတို့ငယ်ငယ်ကဆုံနေကျ ရေကူးကန်လေးမှာ ရှေးဟောင်းနှောင်းဖြစ်တွေ
ပြောရင်း ရေလာကူးကြပါတယ်….။
ကံဆိုးချင်တော့ ဇာတ်လမ်းလှည့်ကွက်တွေကြောင့် ရေကူးကန်ပိတ်သွားတာတောင်
ညီအစ်မနှစ်ယောက်ဟာ ရေကူးကန်ထဲပိတ်မိပြီးကျန်နေခဲ့ပါတယ်….။
နှစ်ယောက်သား ရေကူးကန်ထဲမှာပဲ ကူကယ်ရာမဲ့ အချိန်ကြာလာလေ
အသက်အန္တရာယ်ရှိလာလေပါ…။
ဒီလို ရေကူးကန်အိပ်မက်ဆိုးကနေ ညီအစ်မနှစ်ယောက်ဘယ်လိုရုန်းထွက်နိုင်မလဲဆိုတာ
ဇာတ်လမ်းလေးထဲကြည့်ရှုလို့ရပါပြီ...
Ala Ninnu Cheri (2023)
⭐IMDB: 8.7/10 (3 k Votes)
🎬 #Action #Bollywood #Romance #Comedy
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 37 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Al Ninnu Cheri (2023)“အိပ်မက်တွေနဲ့ ချစ်သူ”
IMDb 8.7 ရထားပြီး ကြည့်ပျော်တဲ့ rom-com ကားလေးတစ်ကား ဖြစ်ပါတယ်…အချစ်နဲ့ ဘဝတိုးတက်ရေး တစ်ခုကို မဖြစ်မနေရွေးချယ်ဖို့ ရှိလာတဲ့အခါ ဘယ်ဟာကို စွန့်လွှတ်မလဲဖုန်းတွေ မပေါ်သေးတဲ့ ခေတ်ကာလက နယ်မြို့လေးကို ပုံဖော်ထားတာဖြစ်ပြီးအရာရာရိုးစင်းခဲ့တဲ့ ကာလကို ပြန်လည် တမ်းတလွမ်းဆွတ်မိစေမှာပါ
ဇာတ်လမ်းအကျဥ်းကို ပြောရရင် ဂါနစ်ရှ်ဆိုတဲ့ ကောလိပ်ကျောင်းသားလေးဟာ သူ့ဘော်ဒါ ဖက်တီးတို့နဲ့အတူဘဝကို ကြောင့်ကြမှုကင်းကင်း ဖြတ်သန်းပြီး ပျော်ပျော်နေတတ်ပေမယ့် ရုပ်ရှင်ရိုက်ကူးမှုအတတ်ပညာကိုတော့ ဝါသနာပါသူတစ်ယောက်ပါ
ဒီဗရာကတော့ ရွာက သူဌေးသမီးဖြစ်ပြီး တစ်နေ့ အသိုင်းအဝိုင်းကြီးထဲကသူဌေးသမီးလေး ဒီဗရာနဲ့ ရုပ်ရှင်ဒါရိုက်တာဖြစ်ချင်သူ ဂါနစ်ရှ်တို့ ထုံးစံအတိုင်း ငြိကြပါတော့တယ်
ဒါပေမဲ့လည်း တကယ်တမ်းလက်ထပ်မယ့်အရေးမှာတော့ ဂါနက်ရှ်တစ်ယောက်အချစ်နဲ့ အလုပ်မှာ အချစ်ကိုပဲ စွန့်ပယ်ခဲ့ပါတယ်..အသည်းကွဲကျန်ခဲ့တဲ့ သူဌေးသမီးလေး မိဘပေးစားသူနဲ့ ယူတော့မှာလား
ဂါနစ်ရှ်ကရော သူဖြစ်ချင်ခဲ့တဲ့ အိပ်မက်တွေ ဆက်ပြီး အကောင်အထည်ဖော်နိုင်ဦးမှာလားဘဝတွေ မတူညီကြတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းက ခွဲခွာမှုနဲ့ အဆုံးသတ်ရမှာလားပေါင်းစပ်နိုင်မယ့် အခွင့်အရေးရော ရှိနိုင်သေးလား ဆိုတာကို ပရိသတ်ကြီးပဲ ဆက်လက်ခံစားလိုက်ကြပါ
အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Venom (2005)
⭐TMDB: 55.0% User Score
🎬 #Horror #Thriller
🗓 2005 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 25 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
သည်းထိပ်ရင်ဖို horrorကား၊ သေပြေးရှင်ပြေး ပြေးရတဲ့ကားတွေကိုမှ
ကြိုက်နှစ်သက်ရင် ဒီကားလေးကလည်း တစ်မျိုးတစ်မည်တော့ ခံစားရမှာပါ….။
ဇာတ်လမ်းလေးကတော့ ဗူဒူးစုန်းအတတ် ဓလေ့တစ်ခုကို အမှီပြုပြီးဇာတ်အိမ်
တည်ထားတာပါ…။
ဗူဒူးစုန်းပညာမှာ လူသတ်သမားတွေ၊ဆိုးယုတ်သူတွေရဲ့ ဝိညာဥ်တွေ၊ နတ်ဆိုးတွေရဲ့
ဝိညာဥ်တွေကို အပင်းထုတ်သလိုထုတ်ပြီး သူတစ်ပါးကို ဒုက္ခမပေးနိုင်အောင်
သေချာစီမံသိမ်းဆည်းထားတတ်တဲ့ ဓလေ့တစ်ခုလည်းရှိတယ်….။
ဥပမာ- ပုလင်းတစ်လုံးထဲဖြစ်ဖြစ်၊ အိုးတစ်ခုတည်းဖြစ်ဖြစ် ထည့်သိမ်းပြီး
တစ်နေရာရာမှာမြှုပ်နှံထားတတ်ကြတယ်ပေါ့…။
အကယ်၍များအဲ့ဒီနတ်ဆိုးဝိညာဥ်တွေ လွတ်ထွက်သွားရင်တော့
တစ်ယောက်ယောက်ကို ပူးကပ်ပြီး ကောင်းကောင်းကြီးဒုက္ခပေးတော့တာပါပဲ….။
အခုဇာတ်လမ်းလေးကလည်း ဒီလိုအကြောင်းအရာလေးကိုမှ ရိုက်ကွင်းရိုက်ကွက်
ကောင်းကောင်းနဲ့ ရိုက်ကူးထားတာမို့ ကြည့်ရှုလို့ကောင်းမယ့် သည်းထိပ်ရင်ဖို
ကားလေးတစ်ကားပဲဖြစ်ပါတယ်...
Sublime (2022)
⭐IMDB: 6.4/10 (915 Votes)
🎬 #Drama
🗓 2022 🎞 movie
🌎 #Argentina
⏰ 1 နာရီ 40 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကမ်းခြေကနယ်မြို့လေးတစ်မြို့မှာ မန်နူအယ်ဆိုတဲ့ဆယ်ကျော်သက်ကောင်လေးတစ်ယောက်နေပါတယ်။ သူ့မှာ သူငယ်ချင်းတွေအများကြီးရှိပေမယ့် ငယ်ငယ်လေးကတည်းကပေါင်းလာတဲ့ သံယောဇဥ်အရှိဆုံးဖိလစ်ကိုတော့အခင်ဆုံးပေါ့ သူဖိလစ်ကိုဘယ်လောက်အထိခင်လဲဆိုရင် သူငယ်ငယ်ကမွေးနေ့ပွဲမှာ ဖိလစ်မလာရင် မျက်နှာတွေပျက်ပြီး မွေးနေ့မကျင်းပချင်တဲ့အထိပါ
ဒီလိုနဲ့ မန်နူတစ်ယောက်ကြီးပြင်းလာပြီး အာဇူးဆိုတဲ့ကောင်မလေးနဲ့ တွဲကြပါတယ် တစ်ရက်သူ့ကောင်မလေးအာဇူးနဲ့ ပထမဆုံးအကြိမ်အတူတူအိပ်ဖို့လုပ်နေချိန်မှာ သူ့စိတ်ထဲမှာတစ်မျိုးကြီးခံစားလိုက်ရပါတယ် ဒါကတော့ သူဟာ ဖိလစ်အပေါ်မှာ သူငယ်ချင်းထက်ပိုနေမိပြီဆိုတာပါပဲ
မန်နူတို့သူငယ်ချင်းအုပ်စုဟာ တီးဝိုင်းတစ်ခုလုပ်ပြီး တူရိယာတစ်မျိုးစီတီးကြပါတယ် ဖိလစ်ရဲ့မွေးနေ့ပွဲမှာ ဖျော်ဖြေပွဲလုပ်မယ်ဆိုပြီး အပြင်းအထန်လေ့ကျင့်ကြပါတယ် မန်နူဟာ ဘေ့စ်တီးပြီး ဖိလစ်က ဂီတာတီးပါတယ်
မန်နူတစ်ယောက်ဖိလစ်ကိုချစ်မိနေတာကိုသတိထားမိချိန်မှစပြီး သူ့ရဲ့အပြုအမူတွေဘယ်လိုတွေပြောင်းလဲသွားလဲ သူ့ကောင်မလေးအာဇူးနဲ့ကရောအဆင်ပြေပါ့မလား သူတို့ကြိုးစားလေ့ကျင့်နေတဲ့ ဂီတဖျော်ဖြေပွဲကြီးကရော အောင်မြင်ပါ့မလားဆိုတာ ကြည့်ရှုရမှာပါ...
Lotawana (2022)
⭐IMDB: 5.3/10 (234 Votes)
🎬 #Adventure #Drama #Romance
🗓 2022 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 38 မိနစ် 1 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဖောရက်စ်ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ တခြားလူတွေနည်းတူ စားဝတ်နေရေးအတွက် ခက်ခဲပင်ပန်းစွာ ရုန်းကန်ပြီး စည်းစိမ်ဥစ္စာတွေ ခံစားရတဲ့ဘဝမျိုးကို တဖြည်းဖြည်း ငြီးငွေ့လာခဲ့တာကြောင့် Missouri က လိုတာဝါနာရေကန်ထဲမှာပဲ ကိုယ်ပိုင်ရွက်လှေလေးတစ်စင်းလွှင့်ပြီး သူ့ရဲ့လက်ကျန်အချိန်တွေကို သဘာဝတရားထဲမှာနစ်မြုပ်ရင်း ကုန်ဆုံးစေကာ အဆင်ပြေရုံတမယ် တစ်ယောက်တည်း နေထိုင်နေခဲ့ပါတယ်။
ဒါပေမဲ့ တနေ့တော့ သူ့လိုပဲအတွေးတူတဲ့ နီကိုလာကော်လီဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာလည်း အိမ်ကနေထွက်လာပြီး သူနဲ့အတူ ရေကန်ထဲက ရွက်လှေလေးထဲမှာပဲ အတူတူလိုက်နေဖို့ ဖြစ်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ ချစ်သူနှစ်ဦး စိတ်တူကိုယ်တူ သဘာဝတရားထဲမှာပဲ အလိုလောဘနည်းနည်း အပူအပင်ကင်းကင်းနဲ့ လေလွင့်နေကြရင်း ကော်လီဆီမှာ ကိုယ်ဝန်ရှိလို့ လာခဲ့ပါတယ်။ ဖျက်ချဖို့လည်း မရွေးချယ်နိုင်ခဲ့တဲ့ နှစ်ယောက်သားဟာ နောက်ဆုံးတော့ တာဝန်များပြားလှတဲ့ မိသားစုဘဝလေးတစ်ခုအတွင်းဆီ ခြေစုံပစ်ဝင်နိုင်ဖို့အတွက် ခက်ခက်ခဲခဲ ကြိုတင်ပြင်ဆင်ကြရပါတော့တယ်။
ဒီလိုနဲ့ အနာဂတ်မှာ သူတို့နှစ်ယောက်ရဲ့ဘဝအပေါ် ခံယူချက်တွေကရော ဘယ်လိုအသီးသီးပြောင်းလဲသွားပြီး ပျော်ရွှင်တဲ့မိသားစုဘဝလေးကိုရော ပိုင်ဆိုင်လာနိုင်မလားဆိုတာ Lotawana လို့အမည်ရတဲ့ ဒီဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုလိုက်ကြပါ။...
Bookie (2023- )
⭐IMDB: 7.4/10 (2 k Votes)
🎬 #Comedy
🗓 2023- 🎞 tv series
🌎 #UnitedStates #UnitedStatesofAmerica
⏰ 25 မိနစ် 41 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bookie (2023)Bookie (Season 1)
Genre – Comedy
IMDB – 7.3/10LA က လောင်းကစားဒိုင်အကြောင်း အခြေခံထားတဲ့
Your browser does not support the video tag.HBO Max ထုတ် အပိုင်း ၈ ပိုင်းပါတဲ့ ဟာသစီးရီး ဖြစ်ပါတယ်။မကောင်းမှာတော့ မပူပါနဲ့ ဖန်တီးသူ ၂ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့Chuck Lorre ဆိုတာ Big Bang Theory တို့ Young Sheldon တို့ကိုဖန်တီးထားတဲ့သူ ဖြစ်နေလို့ပါပဲ။ ဒီ စီးရီးကို ကြည့်ရင်း ဘာကို ပြေးသတိရလည်းဆိုတော့တွတ်ပီနဲ့ ဗိုက်ကလေးလို “ဒီနေ့ ကံမကောင်းပါလား” ဆိုတာမျိုးနှစ်ယောက်သား လွဲကြတာကို ပျော်ပျော်ပါးပါး ကြည့်ရမှာ ဖြစ်ပါတယ်။ဒန်နီဆိုတာက ကလေးတစ်ယောက်ပါဆယ်နဲ့စင်ဂယ်မားသားကို ယူထားတဲ့ လောင်းကစားဒိုင်တစ်ယောက်ပါ။သူနဲ့ တွဲဖက်လုပ်နေတာတော့ အမေရိကန်ဘောလုံးကစားသမားဟောင်း ရေးလ် ဖြစ်ပြီးသူကလည်း ကလေးထောက်ပံ့ရေးကြေးတွေ ပေးရ အဖွားကိုပေးရနဲ့ လုံးချာလိုက်နေတဲ့တစ်ယောက်။ ဒန်နီက ညီမဖြစ်သူ လိုရိန်းကိုလည်း အွန်လိုင်းတာဝန်ပေးထားပေးမဲ့ တစ်ဖက်တစ်လမ်းက မှိုစိုက်ရောင်းနေတဲ့လူ။ဒီလိုနဲ့ ဒန်နီတစ်ယောက် ဒိုင်တစ်ယောက်ဖြစ်ပေမဲ့ ရစရာအကြွေးတွေလိုက်တောင်းတဲ့အခါ ရဲစိတ်ဝင်စားမှာကို မလိုချင်တော့လူမိုက်တွေလိုမဟုတ်ပဲ မိုက်ကြေးမခွဲပဲ ဘယ်လိုတောင်းမလဲနောက်ပြီး ရုပ်ပြဘော်ဒီပြပြီး ဖြဲခြောက်နေကြရေးလ်နဲ့ အတူတူ လောင်းကစားကြွေးတွေ လိုက်တောင်းကြရင်းဘယ်လိုပေါက်ကရမျိုးစုံ ကြိုးခုန်ကြမလဲဆိုတာ ကြည့်ရမှာပါ။...
Our Christmas Mural (2023)
⭐IMDB: 6.1/10 (507 Votes)
🎬 #Comedy #Drama #Romance #TVMovie
🗓 2023 🎞 tv movie
🌎 #Canada #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 25 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခေါက်မှာတော့ IMDB 6.1 ရရှိထားတဲ့ ခရစ္စမတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိုလစ်ဗီယာက ပန်းချီပညာရှင် ပြတိုက်မှူးတစ်ယောက်ဖြစ်ပြီး မကြာသေးခင်ကကြုံခဲ့ရတဲ့ စိတ်မကောင်းဖွယ်အဖြစ်အပျက်တစ်ခုကြောင့် ဖန်တီးနိုင်စွမ်းတွေ ပျောက်ဆုံးနေခဲ့သူပါ။ ခရစ္စမတ်ကာလမှာ တစ်ဦးတည်းသောသားလေး ပါကာ့ကို ခေါ်ပြီး မိဘအိမ်ပြန်နေဖို့ စီစဉ်ထားရာကနေ သူ့ဘဝရဲ့အလှည့်အပြောင်းလေး တစ်ခုဖြစ်ခဲ့ပါတော့တယ်။
အဲဒါကတော့ သူမရဲ့မိဘအိမ်ဖြစ်တဲ့ ဝယ်လ်လင်တန်ကို ရောက်ရှိသွားခဲ့ရာကနေ အဲဒီမြို့လေးမှာ ဘုနဲ့ဘောက်ဖြစ်စွာ လူတစ်ယောက်နဲ့ တွေ့ရှိခဲ့တာပါပဲ။ စကတည်းက ယဉ်သလိုဆိုသလို ရန်ဖြစ်ပြီး စတွေ့ခဲ့တဲ့ ဝယ်လ်ဆိုတဲ့သူက သူမနဲ့ အမှတ်မထင်ဘဲ အလုပ်အတူလုပ်ရဖို့ ဖြစ်လာခဲ့ချိန်မှာတော့.. ဖြစ်ချင်တော့ အဲဒီမြို့လေးမှာ နံရံဆေးရေးပန်းချီပြိုင်ပွဲတစ်ခု ရှိနေခဲ့ပြီး ပါဝင်ယှဉ်ပြိုင်သူတွေကို ဖိတ်ခေါ်နေခဲ့တာပါ။
အိုလစ်ဗီယာက ဝင်ပြိုင်ဖို့စိတ်ကူးမရှိခဲ့ပေမဲ့ သူ့အမေဖြစ်သူ ကောင်းမှုကြောင့် ဝင်ပြိုင်ဖြစ်သွားခဲ့တယ်ပေါ့လေ။ စိတ်ကူးစိတ်သန်းတွေပျောက်ဆုံးနေသူ အိုလစ်ဗီယာတစ်ယောက် နံရံဆေးရေးပန်းချီကိုသတ်မှတ်အချိန်အတွင်း ပြီးဆုံးအောင်ဆွဲနိုင်ပါ့မလား.. သူ့ဘဝရဲ့ကြီးမားတဲ့အလှည့်အပြောင်းကရော ဘာများဖြစ်မလဲ.. ဝယ်လ်နဲ့ရော ဘုနဲ့ဘောက်ဖြစ်ရာကနေ ဘယ်လိုတွေ love spark လေးတွေပေါက်ဖွားလာမလဲ ဆိုတာကိုတော့.. ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
(ဒီကားရဲ့ အညွှန်းနဲ့ဘာသာပြန်ကတော့ Emily ပါ)...
Barbie in 'A Christmas Carol' (2008)
⭐IMDB: 6.3/10 (3 k Votes)
🎬 #Animation #Family
🗓 2008 🎞 video movie
🌎 #UnitedStates #Canada
⏰ 1 နာရီ 19 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်လမ်းလေးကတော့ ကလေးတွေအတွက် ဘယ်တော့မှ
မရိုးနိုင်တဲ့ ဘာဘီဇာတ်ကားလေးပဲဖြစ်ပြီး ခရစ္စမတ်themeနဲ့
ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့
ခရစ္စမတ်အကြိုညနေခင်း ရန်ပုံငွေကပွဲကို သွားရမယ့် ဘာဘီ
မင်းသမီးလေးဟာ ညီမဖြစ်သူရဲ့ ကပွဲကိုမလိုက်ချင်ဘူးဆိုတဲ့
ဂျီတိုက်မှုကြောင့် ပုံပြင်တစ်ပုဒ်နဲ့ ချော့ဖို့ဖြစ်လာပါတယ်။
ဘာဘီပြောပြလိုက်တဲ့ ပုံပြင်ကတော့ ခရစ္စမတ်ရဲ့နာမည်ကျော်
ပုံပြင်တစ်ပုဒ်ဖြစ်တဲ့ ခရစ္စမတ်ရဲ့တစ္ဆေ၃ကောင်ဆိုတဲ့ ပုံပြင်ပါ။
အဲဒီပုံပြင်ကို ဘာဘီမင်းသမီးရဲ့ဇာတ်လမ်းအဖြစ် ဘယ်လိုမျိုး
ဆန်းသစ်ထားမလဲ၊ ကလေးတို့အတွက် ဘယ်လိုသင်ခန်းစာမျိုး
ပေးစွမ်းသွားမလဲဆိုတာ ကြည့်ရှုရမှာပါ။...
Wrath of Dracula (2023)
⭐IMDB: 4.3/10 (63 Votes)
🎬 #Action #Horror
🗓 2023 🎞 movie
🌎 #UnitedKingdom
⏰ 1 နာရီ 25 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
19ရာစုရဲ့စာရေးဆရာ Bram Stokerရဲ့ နာမည်ကြီးဝတ္တု Draculaကို low budget adaptationအနေနဲ့ ပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ တခြား romance vampireဇာတ်လမ်းတွေလိုမဟုတ်ဘဲ သွေးစုပ်ဖုတ်ကောင်ဆိုတဲ့ဖြစ်တည်မှုကို လက်တွေ့ဆန်ဆန် မသတီဖွယ်factတွေနဲ့မကောင်းဆိုးဝါးပုံစံမြင်တွေ့ရမှာပါ။
ဇာတ်လမ်းအကျဥ်းထဲမှာတော့ မီနာဟာကာရဲ့ခင်ပွန်း ဂျွန်နသန်ဟာကာက ထရန်စ်လေဗေးနီးရားမှာရှိတဲ့ ဒရာကူလာရဲတိုက်ကို အလုပ်ခရီးနဲ့ရောက်ရှိပြီး ရဲတိုက်မှာပိတ်မိနေခဲ့တယ်။ မီနာဆီကို ဝှက်စာပေးပို့အပြီးမှာ မီနာက အင်္ဂလန်ကနေချက်ချင်းပဲထွက်လာပြီး ခင်ပွန်းဖြစ်သူကို လာကယ်ဖို့ကြိုးစားတယ်။ ရဲတိုက်နားကိုရောက်ရောက်ချင်းမှာ ပရော်ဖက်ဆာဗန်ဟဲလ်ဆင်နဲ့ဆုံပြီး နှစ်ဦးသားပူးပေါင်းရင်း မြို့စားဒရာကူလာနဲ့ရင်ဆိုင်ရပုံကို ဇာတ်လမ်းတည် ရိုက်ကူးထားတဲ့ gothic horror အမျိုးအစားဇာတ်ကားတစ်ကားဖြစ်ပါတယ်။...
Haul out the Holly: Lit Up (2023)
⭐IMDB: 5.7/10 (837 Votes)
🎬 #Comedy #Romance #TVMovie
🗓 2023 🎞 tv movie
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 25 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ခရစ္စမတ်ကာလနီးလာပြီမို့ ခရစ္စမတ်ဇာတ်ကားအသစ်တွေ အများကြီးထွက်ရှိလာခဲ့တဲ့အထဲ IMDB 6.1/10 ရရှိထားတဲ့ Romance ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ခရစ္စမတ်ကားတွေအရိုက်များတာမို့ ခရစ္စမတ်မင်းသမီးလို့တောင် တင်စားရမယ့်Lacey Chabert (The Wedding Veil/Christmas Waltz) နဲ့ အလားတူ ခရစ္စမတ်မင်းသား Wes Brown (Christmas At Graceland/ Check Inn To Christmas) တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။
ခရစ္စမတ်ကို အရူးအမူးရူးသွပ်ပြီး တစ်လမ်းလုံး အင်တိုက်အားတိုက် ပျော်ရွှင်စွာ တက်တက်ကြွကြွပါဝင်တတ်ကြတဲ့ အဲဗားဂရင်းလမ်းက အိမ်ပိုင်ရှင်တွေအတွက်တော့ ခရစ္စမတ်ကာလက တစ်နှစ်တာလုံးအတွက် ရင်ခုန်စိတ်အလှုပ်ရှားရဆုံးကာလပေါ့။ ရပ်ကွက်ဥက္ကဌဖြစ်သူ ဂျရတ်ဒ်ကလည်း အိမ်ပိုင်ရှင်တွေ စည်းကမ်းနဲ့အညီ ခရစ္စမတ်ကာလကို ဖြတ်သန်းနိုင်တာသေချာဖို့ အဓိကအာရုံစိုက်နေရတာပါ။ သူ့ချစ်သူ အမ်မလီကလည်း စိတ်ရောကိုယ်ပါ ပါဝင်အားဖြည့်ကူညီပေးခဲ့တာပေါ့လေ။
ဒီလိုနဲ့ အေးချမ်းနေတဲ့ သူတို့ရဲ့ပတ်ဝန်းကျင်လေးထဲကို မိသားစုတစ်စုပြောင်းလာရာကနေ အလှုပ်အခတ်တွေ အများကြီးဖြစ်ပေါ်ခဲ့ရပါတော့တယ်။ ရသစုံရှိုးစတားမိသားစုဖြစ်တဲ့ ဂျွန်ဆင်တို့ ပြောင်းလာမှာမို့ သူတို့ရဲ့ပရိသတ်ဖြစ်သူ အိမ်နီးချင်းတွေအကုန်လုံးက ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ပျော်ပျော်ကြီး ကြိုဆိုခဲ့ကြပေမယ့် ယှဉ်ပြိုင်လိုစိတ်ပြင်းထန်လွန်းသူ ဂျွန်ဆင်တို့လင်မယားက အမ်မလီတို့ စီစဉ်ထားတဲ့ ခရစ္စမတ်အစီအစဉ်တွေကို ပြင်းထန်တဲ့ ပြိုင်ပွဲတွေအဖြစ် ပြောင်းလဲချင်လာတဲ့အခါမှာတော့..
ပတ်ဝန်းကျင်က လူတွေအကုန်လုံးက စိတ်ဝမ်းတွေကွဲကုန်ပြီး သူ့လူ ငါ့လူ သူ့ဘက် ငါ့ဘက် အပြိုင်အဆိုင်ဖြစ်စွာနဲ့ ရင်ဆိုင် ယှဉ်ပြိုင်ရဖို့ ဖြစ်လာတဲ့အခါ.. ပြောင်းလဲသွားတဲ့လူတွေရဲ့ သဘောထားကို အမ်မလီတို့နှစ်ယောက်က အရင်လို ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် သိမ်းသွင်းနိုင်မှာလား.. သူတို့ရဲ့ လမ်းလေးကရော အရင်လိုပျော်ပျော်ရွှင်ရွှင်နဲ့ ဘာပြိုင်ဆိုင်မှုမှမရှိဘဲ အေးအေးချမ်းချမ်း ပြန်ဖြစ်နိုင်ပါ့မလား.. ဂျွန်ဆင်တို့မိသားစုကရော သူတို့နားချတဲ့အတိုင်းလက်ခံနိုင်ပါ့မလား.. ခရစ္စမတ်ရဲ့အနှစ်သာရကရော ဘာများဖြစ်မလဲဆိုတာကိုတော့.. ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ)...
A Brush with Christmas (2022)
⭐IMDB: 5.5/10 (1 k Votes)
🎬 #Comedy #Drama #Romance #TVMovie
🗓 2022 🎞 tv movie
🌎 #Canada #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 24 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ခရစ်စမတ်ဆိုရင် အရောင်စုံလင်တဲ့ပွဲတော်တွေ၊ခေါင်းလောင်းသံမြိုင်မြိုင်နဲ့ပုံရိပ်ကို မြင်မိတဲ့အတိုင်း ဒီကားလေးမှာ ဘေဆိုက်မြို့က နှစ်တိုင်းလုပ်နေကျ ခရစ်စမတ် အားလပ်ရက် ပွဲတော်အရသာလေးတွေ ရမယ့်ကားပါ
ဇာတ်လမ်းက ပန်းချီဆွဲဝါသနာပါတဲ့ ရှာလိုအက်၊ တစ်ဦးတည်းသောသမီးမို့ မိသားစုရဲ့ စားသောက်ဆိုင်လုပ်ငန်းကို လက်လွှဲယူပြီး ဦးစီးနေရချိန် တဖက်မှာ နှစ်သက်ရတဲ့ ပန်းချီကို အချိန်မပေးနိုင်တော့လို့ လက်လွှတ်ခါနီးမှာ ဘဝထဲကို နယ်လှည့် ဗိသုကာရေးဆွဲတဲ့ ဝိုင်ယက်ရောက်လာချိန် ဘာတွေဆက်ဖြစ်မလဲ၊ ရှာလိုအက် အလုပ်နှစ်ခုကို သူဘယ်လို ကိုင်တွယ်မလဲ ဝိုင်ယက်နဲ့ရော ရှေ့ဆက်ဖို့ ဖြစ်နိုင်ပါ့မလား ဆိုတာ အားလပ်ရက်မှာ မိသားစုနဲ့ ပါအတူကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးဖြစ်မှာပါ။...
Vidocq (2001)
⭐TMDB: 59.0% User Score
🎬 #Action #Crime #Fantasy #Mystery #SciFi #Thriller #ScienceFiction
🗓 2001 🎞 movie
🌎 #France
⏰ 1 နာရီ 38 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဇာတ်လမ်းကတော့ ပြင်သစ်နိုင်ငံက သမိုင်းဝင်စုံထောက်ကြီးဖြစ်တဲ့ဗီဒေါခ့်ကို
စိတ်ကူးယဉ်ဇာတ်လမ်းနဲ့ ပေါင်းစပ်ရိုက်ကူးထားတာဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့
စုံထောက်ကြီးဗီဒေါ့ခ်ကို ရဲတပ်ဖွဲ့ကအမှုတစ်ခုစုံးစမ်းခိုင်းတာဖြစ်ပါတယ်။
အကြောင်းကတော့ ပြင်သစ်နိုင်ငံကိုကြီးကြီးမားမားကူညီပေးတဲ့ ဘယ်မွ့န် နဲ့
ဘရာဒီတို့သေဆုံးသွားရတာကြောင့်ပါ။ ဒါဟာ နိုင်ငံရေးလုပ်ကြံမှုလို့ထင်တဲ့အတွက်
ပဲရစ်မြို့အင်စပတ်ကြီး ဗီဒေါ့ကိုခပ်မြန်မြန်စုံးစမ်းဖို့အမိန့်ပေးလိုက်တယ်။
ဘယ်မွန့် နဲ့ ဘရာဒီတို့နှစ်ယောက်သာ မိုးကြိုးပစ်ခံရပြီးမီးလောင်သေဆုံးသွားတဲ့အတွက်
သွေးရိုးသားရိုးမဟုတ်ဘူးဆိုတာသိပြီး လိုက်လံစုံစမ်းတဲ့အခါ မထင်ထားတဲ့
အကြောင်းအရာတွေပေါ်ထွက်လာပါတော့တယ်။...
Precious (2009)
⭐TMDB: 73.0% User Score
🎬 #Uncategorized #Drama
🗓 2009 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 50 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အော်စကာဆု ၂ ခုကို ဆွတ်ခူးထားခဲ့ပြီး IMDb Rating 7.3 ထိ ရထားတဲ့ ဒီဇာတ်ကားဟာဆိုရင် Claireece Precious Jones ဆိုတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။
အဓိကဇာတ်ဆောင်ဖြစ်တဲ့ Precious ဟာ အဝလွန်တဲ့ လူမည်းတစ်ယောက်ဖြစ်ပြီး ကျောင်းတက်ပေမဲ့ ဘာစာမှမတတ်တဲ့ ကောင်မလေး၊ အသက် ၁၇ နှစ်အရွယ်မှာတင် Down’s Syndrome ရှိတဲ့ ကလေးတစ်ယောက်မွေးထားပြီး ဒုတိယကိုယ်ဝန်ကို လွယ်ထားရတဲ့သူ ဖြစ်တယ်။ ဒုတိယကိုယ်ဝန်လွယ်ထားရတဲ့အချိန်မှာပဲ ကျောင်းက သူ့ကို လက်မခံနိုင်တော့တာကြောင့် ကျောင်းက အထုတ်ခံခဲ့ရပြန်တယ်။ အဲကိုယ်ဝန်ဟာ ဘယ်သူ့ကြောင့်လို့ ထင်ပါသလဲ။
အဖေအရင်းဖြစ်သူဆီကပါ။ ငယ်ငယ်လေးကတည်းက အဖေအရင်းဖြစ်သူဆီမှာ အကြမ်းဖက်အနိုင်ကျင့်ခံခဲ့ရသလို အမေဖြစ်သူကိုယ်တိုင်ကလဲ သိရက်နဲ့ တားဆီးခြင်းမရှိတဲ့အပြင် သမီးဖြစ်သူကိုပါ သူ့ယောက်ျားကို ခိုးတယ်ဆိုပြီး မုန်းတီးနေခဲ့တယ်။ Precious ဟာ အကြမ်းဖက်ခံရမှုတွေကြားထဲမှာ ကိုယ့်ဘာသာပဲ Daydreaming လုပ်ပြီး ကိုယ့်ကိုယ်ကိုယ်ဖြေသိမ့်ခဲ့တယ်။
ကျောင်းက အထုတ်ခံခဲ့ရပေမဲ့ ကျောင်းအုပ်က သူ့ကို Alternative School တစ်ခုဆီ ပို့ပေးခဲ့တယ်။ အဲကျောင်းမှာ Precious ဟာ သူ့ဘဝအတွက် အလင်းရောင်ဖြစ်တဲ့သူကို ရှာတွေ့ခဲ့တယ်။ Alternative School မှာတက်ပြီးနောက်ပိုင်း Precious တစ်ယောက် ဒီနွံထဲက သူ့ဘဝကိုယ်သူ ဘယ်လိုမျိုး ရုန်းထွက်မလဲ။...
Baby Shark's Big Movie! (2023)
⭐IMDB: 4.5/10 (352 Votes)
🎬 #Adventure #Animation #Comedy #Family #Fantasy #Musical
🗓 2023 🎞 movie
🌎 #SouthKorea #UnitedStates #Australia #Canada #India #Mexico #France #Spain #UnitedStatesofAmerica
⏰ 1 နာရီ 24 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Baby Shark ဆိုတာက Pinkfong ကနေထုတ်ထားတဲ့ Youtube ပေါ်မှာ
ကြည့်ရှုသူအများဆုံး ကလေးသီချင်းဖြစ်တယ်ဆိုတာ ကလေးလူကြီးအကုန်
သိကြမှာပါ။ သီချင်းရဲ့ဆွဲဆောင်မှုနဲ့ လွယ်ကူမှုတွေကြောင့် တစ်ခါနားထောင်ဖူးရုံနဲ့
နားထဲမှာစွဲစေတဲ့ သီချင်းလည်းဖြစ်ပါတယ်။
ဒီဇာတ်ကားကတော့ အဲ့ဒီသီချင်းကိုပဲကာတွန်းဇာတ်ကားအဖြစ် ကလေးလူကြီး
အားလုံးကြိုက်မယ့်ပုံစံအဖြစ် ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
Baby Shark သီချင်းနဲ့ ကိုရီးယားနာမည်ကြီးအဆိုတော်အဖွဲ့ Enhypen တို့ရဲ့
သီချင်း Keep Swimmin’ Through အပါအဝင် သီချင်းကောင်းများစွာပါဝင်တဲ့အပြင်
Cardi B နဲ့ Enhypen တို့နဲ့အတူ နာမည်ကြီးအနုပညာရှင်များလည်း ဧည့်သည်အဖြစ်
ပါဝင်ထားတဲ့အတွက် ကလေးတွေအပြင် လူကြီးတွေအနေနဲ့လည်း ပေါ့ပေါ့ပါးပါး
ကြည့်ရှုလို့ရမယ့် Animation ဇာတ်ကားလေးပဲဖြစ်ပါတယ်။
ဇာတ်လမ်းအနေနဲ့ကတော့ သမုဒ္ဒရာရေပြင်တစ်ခုလုံးက ဂီတအားလုံးကိုခိုးယူပြီး
သူတစ်ယောက်တည်းလွှမ်းမိုးချင်နေတဲ့ စတားရီးယားနားဆိုတဲ့ကြယ်ငါးမလေးကို
Baby Shark တို့အဖွဲ့ ဂီတကိုဂီတနဲ့ပြန်တိုက်ထုတ်ဖို့ကြိုးစားကြပုံကို သူငယ်ချင်း
နှစ်ယောက်ကြားက သံယောစဉ်နဲ့ချစ်ခြင်းတွေ ဂီတဆိုတာ ကမ္ဘာကြီးလှပဖို့အတွက်
လိုအပ်ကြောင်းတွေကို သီချင်းတွေအများကြီးနဲ့ မပျင်းရအောင်တင်ဆက်ထားတဲ့အတွက်
လူကြီးလူငယ်အားလုံး ကြိုက်ကြမယ့် ကာတွန်းကားမျိုးပဲဖြစ်ပါတယ်။...
