ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
The Good Mother (2023)
⭐IMDB: 4.6/10 (619 Votes)
🎬 #Crime #Drama #Mystery #Thriller
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 30 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
၂၀၂၃ ခုနှစ်ထွက် အမေရိကန် crime/mystery ဇာတ်လမ်းအမျိုးအစားလေးပါ။ Academy award နှစ်ခါရရှိထားတဲ့ Hillary Swank နဲ့ House of Dragons က Olivia Cooke တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရရင် မယ်ရီဆာဘန်းနင်း (Hillary Swank) ရဲ့သားအငယ်ဖြစ်တဲ့မိုက်ကယ်ဟာဇာတ်လမ်းရဲ့အစမှာအသတ်ခံလိုက်ရပါတယ်။ သူဟာမူးယစ်ဆေးသုံးစွဲသူဖြစ်ပြီး သူ့သူငယ်ချင်းဖြစ်တဲ့ဒက်ကီနဲ့ပေါင်းပြီးမူးယစ်ဆေးအရောင်းအဝယ်လုပ်နေတဲ့သူပါ။ မိုက်ကယ်ရဲ့အကိုဖြစ်တဲ့ တိုဘီကရဲတစ်ယောက်ပါ။ ညီဖြစ်သူအသတ်ခံရတော့ တိုဘီက မိုက်ကယ်ရဲ့စီးပွားရေးလုပ်ဖက်ဖြစ်တဲ့ ဒက်ကီရဲ့လက်ချက်ဖြစ်မယ်လို့ထင်ပါတယ်။ တစ်ဖက်မှာလည်း မိုက်ကယ်ရဲ့ကောင်မလေးဖြစ်တဲ့ ပေ့ဂ်ျ ကနေစရာမရှိလို့ မယ်ရီဆာနဲ့အတူလာနေရင်း မိုက်ကယ်ကိုသတ်သွားတဲ့သူကိုလိုက်စုံစမ်းပါတယ်။ ပေ့ဂ်ျနဲ့မယ်ရီဆာ အတူလိုက်စုံစမ်းရင် ဘာတွေဆက်ဖြစ်မယ်၊ ဘယ်လိုမြှုပ်ကွက်တွေကိုသွားတွေ့မလဲဆိုတာတော့ ရုပ်ရှင်ထဲမှာခံစားကြည့်ကြပါခင်ဗျာ။...
Sound of My Voice (2011)
⭐IMDB: 6.6/10 (23 k Votes)
🎬 #Drama #Mystery #ScienceFiction #Thriller #SciFi
🗓 2011 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 25 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Psychological thriller ကြိုက်သူတွေအတွက် Sound Of My Voice ဆိုတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားလေးကတော့ ပီတာနဲ့လော်နာတို့ချစ်သူစုံတွဲက လျှို့ဝှက်ဘာသာရေးကျင့်စဥ်အဖွဲ့တစ်ခုအကြောင်းကို မှတ်တမ်းရုပ်ရှင်ရိုက်ဖို့အတွက် အဖွဲ့ဝင်အဖြစ်ဝင်ရောက်ပြီး သက်ဝင်ယုံကြည်သူတွေအဖြစ်ဟန်ဆောင်နေခဲ့ကြတယ် အဲ့အဖွဲ့ရဲ့ခေါင်းဆောင်ကတော့ မက်ဂီဆိုတဲ့အမျိုးသမီးပါ သူမက သူမကိုယ်သူမ 2054 ကနေလာတဲ့အချိန်ခရီးသွားသူလို့ဆိုပြီး အဖွဲ့ဝင်တွေစုဆောင်းတယ် အနာဂတ်ကအကြောင်းတွေကိုပြောပြတယ် နောက်ပြီး သူမရဲ့အဖွဲ့ဝင်တွေကိုဘေးကင်းလုံခြုံတဲ့နေရာကိုခေါ်သွားပေးမှာဖြစ်ကြောင်းလည်းပြောဆိုစည်းရုံးထားတယ် ပီတာဟာ ငယ်ဘဝကအဖြစ်အပျက်တစ်ခုကြောင့် ဘာသာရေးကျင့်ထုံးတွေကိုမုန်းတီးနေသူတစ်ယောက်ပါ မှတ်တမ်းရုပ်ရှင်ရိုက်ပြီး ဒီလိုအဖွဲ့တွေရဲ့ရူးကြောင်ကြောင်နိုင်တာတွေကိုဖော်ထုတ်ချင်နေတာပါ အဲ့လိုမုန်းတီးနေသူတစ်ယောက်က ဒီဘာသာရေးကျင့်စဥ်အဖွဲ့ဝင်အဖြစ်ဟန်ဆောင်နေရတဲ့အခါ အဆင်ပြေပါ့မလား မက်ဂီရဲ့သရုပ်မှန်ကရောဘာဖြစ်မလဲ ပီတာကလည်းမှတ်တမ်းရုပ်ရှင်ကိုအောင်မြင်အောင်ရိုက်နိုင်ပါ့မလား ဒီဇာတ်ကားလေးဟာ တစ်ကားလုံး အေးအေးငြိမ်ငြိမ်လေးဆိုပေမယ့် အသည်းတယားယားနဲ့ကြည့်ရမယ်ကားကောင်းလေးပါ...
10 Years (2011)
⭐IMDB: 6.1/10 (27 k Votes)
🎬 #Comedy #Drama #Romance
🗓 2011 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 41 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အထက်တန်းကျောင်းနဲ့ပက်သက်ပြီး အမှတ်တရများတဲ့သူတွေကိုမှ Nostalgia feelingမျိုးပေးနိုင်တဲ့ Friendshipအသားပေး slice of life ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားတစ်ကားလုံးကို၁၀နှစ်ကြာဝေးကွာသွားတဲ့ ကျောင်းနေဖက်သူငယ်ချင်းတွေ ပြန်တွေ့ကြတဲ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲအခိုက်အတန့်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတယ်။ ဇာတ်လမ်းထဲမှာ ဂျိတ်က သူ့ရဲ့ရည်းစားနဲ့အတူ မွေးရပ်မြေက ကျောင်းသားဟောင်းတွေ့ဆုံပွဲကို ပြန်လာခဲ့တယ်။ ကျန်တဲ့သူငယ်ချင်းတွေဖြစ်တဲ့ ကာလီနဲ့ဆမ်တို့လင်မယား၊ တက်သစ်စအဆိုတော်ရီးဗ်၊ မာတီနဲ့အေဂျေတို့နဲ့အတူ တခြားသရုပ်ဆောင်များစွာပါဝင်ပါတယ်။ ကျောင်းသားဟောင်းပါတီပွဲကို သွားကြရင်း good old daysတွေအတိုင်း ပျော်ကြတာ ကဲကြတာတွေနဲ့ ကျောင်းတုန်းကတွဲခဲ့တဲ့ex နဲ့ပြန်တွေ့တဲ့သူကတွေ့ ၊ high school loveကိုမမေ့နိုင်တဲ့သူကမမေ့နိုင်၊ prom queenကို ပြန်ကြောင်ကြတဲ့သူတွေကကြောင်နဲ့ သရုပ်ဆောင်တစ်ယောက်ချင်းစီရဲ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲmomentတွေမှာ မတူညီတဲ့ဘဝအတွေ့အကြုံတွေ အချိန်နဲ့အမျှပြောင်းလဲသွားတဲ့အခြေအနေတွေခံစားချက်တွေအပြင်၊ ဘယ်လောက်အချိန်တွေကြာကြာမပြောင်းလဲတဲ့အရာတွေကိုပါ သရုပ်ဆောင်တစ်ယောက်ချင်းစီရဲ့ရှုထောင့်ကနေ ကြည့်ရှုရမှာပါ။...
Poultrygeist: Night of the Chicken Dead (2006)
⭐TMDB: 59.0% User Score
🎬 #Horror #Comedy #Musical #SciFi
🗓 2006 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 43 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Poultrygeist: Night of the Chicken Dead (2006)Genre – Comedy, Horror, MusicalIMDB – 6.0/10
(ရုပ်ရှင် မကြည့်ခင် သတိပေးလိုတာကတော့
၁၈ နှစ်အောက်မကြည့်ကြပါနဲ့၊ ထမင်းစားရင်း မကြည့်ကြပါနဲ့)
Troma Entertainment ဆိုတာက ဘတ်ဂျတ်နည်းနည်း
Independent ရုပ်ရှင်မျိုးတွေ ထုတ်ပေးတဲ့ ကုမ္ပဏီပါ။
သူ့ဆီက ထွက်လာတဲ့ကားတွေက လူကြီးတွေအတွက်သာ ရည်ရွယ်ထားပြီး
၁၉၅၀ ခုနှစ်စတိုင် Horror-Comedy တွေဖြစ်ပြီး
သွေးသံတရဲရဲ သတ်တာဖြတ်တာ ပါမယ်
ကိုယ်လုံးတီးတွေ ဗုံးဗောလအော ပါမယ်
သောက်တလွဲဇာတ်လမ်း ဇာတ်ကောင်တွေ ပါမယ် ဒါ သူ့ ထူးခြားမှုပေါ့။
သူတို့ဆီက ရုပ်ရှင်တွေကြည့်မယ်ဆို ယုတ္တိဆန်တာတွေ
တွေးခေါ်တာတွေ အကုန်မေ့ပစ်လိုက်ပါ ဘာလို့လဲဆိုတော့
သူတို့ကားတွေက Fuk-up ဖြစ်ပြီး သောက်ဆန်းတွေမို့လို့ပါ။
သူတို့ဆီက နာမည်ကြီးကား ၁၉၈၄ ထွက် Toxic Avenger ကိုတောင်
ဒီနှစ်ထဲမှာ နာမည်ကြီးတွေဖြစ်တဲ့ Elijah Wood တို့ Kevin Bacon တို့ Peter Dinklage တို့နဲ့
ပြန်ရိုက်ကူးထားပြီး သိပ်မကြာခင် ထွက်ရှိလာတော့မှာပါ။
ကဲ ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင်တော့
အစကတည်းက သောက်တလွဲပါပဲ။
အာဘီဆိုတဲ့ လူငယ်လေးက သူနဲ့ သူ့ကောင်မလေးတို့
အင်ဒီးယန်းသချိုင်းကြီးပေါ် ချစ်ရည်လူးခဲ့ရာမှာ
မအောင်မြင်ခဲ့လို့ တစ်နှစ်ကြာတော့ အလွမ်းပြေအနေနဲ့ သွားကြည့်ရာမှာ
အလွယ်စား ကြက်ကြော်ဆိုင်ကြီး ဖြစ်နေပါပြီ။
အရှေ့မှာလည်း ခရိုနီတွေကို ဆန့်ကျင်ဖို့ရယ် အင်ဒီးယန်းတွေအတွက်
ကြက်တွေအတွက် ဆန္ဒပြပွဲကြီးလည်း ရှိနေပါတယ်။
အဲဒီထဲမှာ သူ့ ချစ်သူဝန်ဒီ ပါနေပြီး သစ္စာမဖောက်ဘူးပြောထားပေမဲ့ Lesbian တစ်ယောက် ဖြစ်လို့ နေခဲ့ပါပြီ။
ဒီဟာကို စိတ်နာပြီး အာဘီတစ်ယောက် ရွဲ့ပြမယ်ဆိုပြီး
ဒီ ကြက်ကြော်ဆိုင်မှာ အလုပ်ဝင်လုပ်ပါတော့တယ်။
ဒီအချိန်မှာပဲ ဒီ ကြက်ကြော်ဆိုင်ဟာ အင်ဒီးယန်းသချိုင်းပေါ် တည်ဆောက်ထားတဲ့အတွက်
အင်ဒီးယန်းဝိဉာဉ်တွေဟာ ကြက်ကြော်ဆိုင်က ကြက်တွေကို ဝင်ပူးပြီး
တွေ့သမျှ အကုန်သတ်ဖြတ်ကြတဲ့ အခါမှာတော့
အာဘီတစ်ယောက် ချစ်သူနဲ့ သူကိုယ်တိုင်
အသက်ရှင်သန်ဖို့ ရုန်းကန်ရပါတော့တယ်။...
The One I Love (2014)
⭐IMDB: 7.0/10 (42 k Votes)
🎬 #Comedy #Drama #Romance #Fantasy #Mystery #SciFi #Thriller
🗓 2014 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 31 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အိမ်ထောင်သက်ကြာလာတာနဲ့အမျှ ဆက်ဆံရေးတွေခြောက်ကပ်လာတာ
အဆင်မပြေတော့တာ၊ လင်စိတ်သားစိတ်ကုန်တာဖြစ်တတ်စမြဲပါပဲ။
အဲ့ဒီလိုပဲ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်နှစ်ယောက်ဖြစ်တဲ့
အီသန်နဲ့ဆိုဖီဟာ ထိုပြဿနာကိုကြုံနေရပါတယ်။
နှစ်တွေကြာလာတာနဲ့အမျှ သူတို့ရဲ့အိမ်ထောင်ရေးက
အသစ်အဆန်းမရှိခြောက်ကပ်နေတာကြောင့် အရင်ကလုပ်ခဲ့ဖူးတာတွေပျော်ခဲ့ဖူးတာတွေကို
ပြန်လုပ်ကြည့်ပေမယ့်လဲ အဆင်ပြေမလာတာကြောင့် တစ်နေ့မှာ
အိမ်ထောင်ရေးအကြံပေးတစ်ယောက်ကိုတွေ့ရပါတော့တယ်။
အဲ့တာနဲ့ပဲအကြံပေးက ဗီလာတစ်ခုကိုဒီပိတ်ရက်မှာသွားနေဖို့၊ အဲ့ဒီဗီလာမှာနေခဲ့ပြီးပြန်လာတဲ့စုံတွဲတွေ
လင်မယားတွေက ဘယ်လောက်ပြန် အဆင်ပြေသွားကြောင်းပြောပြတဲ့အခါ
အီသန်တို့လဲ သွားနေဖို့ ဆုံးဖြတ်လိုက်ကြတာပေါ့။
ဆိုတော့ အဲ့ဒီဗီလာကြီးကြောင့်စုံတွဲတွေဘယ်လိုပြန်အဆင်ပြေလာကြတာလဲ၊
တကယ်အဆင်ပြေတာရောဟုတ်ရဲ့လား၊
အဲ့ဒီဗီလာကြီးကဘယ်လိုထူးခြားနေတာလဲဆိုတာကို
Thriller ဆန်ဆန် Ro-Comedy လေးနှောပြီးတော့ကြည့်ရမှာပဲဖြစ်ပါတယ်။
Genre fusion လေးကတော့တော်တော်လှတယ်ဗျ။
IMDB 7.0 နဲ့ ခရမ်းချဥ်သီး ၈၀ရာခိုင်နှုန်းတောင်ရထားတာမလို့
ဒီလိုပုံမှန်မြင်တွေ့နေကြနဲ့မတူတဲ့ကားလေးကို
ရုပ်ရှင်ချစ်သူများလက်လွှတ်မခံဖို့ပဲအကြံပေးပါရစေဗျာ။...
Raid on the Lethal Zone (2023)
⭐IMDB: 5.9/10 (34 Votes)
🎬 #Action #Crime #Drama #Thriller
🗓 2023 🎞 movie
🌎 #China
⏰ 1 နာရီ 48 မိနစ် 9 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အခုတစ်ခေါက် CM ရဲ့ပရိသတ်တွေအတွက် ဖြစ်ရပ်မှန်မှုခင်းကိုအခြေခံပြီးရိုက်ကူးထားတဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-
၁၉၉၈ ခုနှစ် ၇ လပိုင်း တရုတ်အနောက်မြောက်ပိုင်းနယ်စပ်မှာမိုးအဆက်မပြတ်ရွာခဲ့ပြီး တစ်ခါမှ မကြုံဖူးတဲ့ ရေကြီးမှုကပ်ဘေးအန္တရာယ်နဲ့ကြုံတွေ့နေရပါတယ်။ ရေကြီးမှုဟာ နယ်စပ်မှာရှိတဲ့ မူးယစ်ဂိုဏ်းတွေအတွက်တော့မူးယစ်ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့ အကောင်းဆုံး အကာအကွယ်ပဲ ဖြစ်ပါတယ်။နယ်စပ်မှ လက်နက်ကိုင်တပ်ဖွဲ့တွေအတွက်တော့သဘာဝဘေးအန္တရာယ်ရော ရန်သူအန္တရာယ်ရောရှိနေတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။
ထိုကဲ့သို့ အခြေအနေမျိုးမှာ တပ်သားတွေဟာ အသက်စတေးရမယ့်အန္တရာယ်ကို မကြောက်မရွံ့နဲ့ မူးယစ်ဂိုဏ်းတွေကို လိုက်လံဖမ်းဆီးဖို့ဆုံးဖြတ်ခဲ့ပါတယ် မူးယစ်ဂိုဏ်းတွေကို လိုက်လံဖမ်းဆီးစဉ်မှာပဲ ဝမ်ကျင်းဟောင်၊ကောလိုင်လိုင်၊ စွင်းကျိ၊ ခုံကျူ့ကော်၊ လျိုချွင်းရှန်း စတဲ့ မူးယစ်ချေမှုန်းတဲ့တပ်သားများဟာ ငယ်ရွယ်တဲ့ အချိန်မှာပဲ သူတို့အသက်ကို တိုင်းပြည်အတွက် စတေးခဲ့ကြပါတယ်။
ကပ်ဘေးအန္တရာယ်တွေကတစ်ကြောင်း၊ ဒုစရိုက်ဂိုဏ်းတွေက တစ်ဖွယ်နဲ့နှောက်ယှက်နေတဲ့နယ်စပ်ကို ကာကွယ်ဖို့အတွက် နယ်စပ်ကလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ရဲစွမ်းသတ္တိပြည့်ဝမှုကိုရင်တထိတ်ထိတ်နဲ့ ခံစားကြည့်ရှုရမယ့် ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။...
Dark Asset (2023)
⭐IMDB: 4.0/10 (148 Votes)
🎬 #Action #Thriller #ScienceFiction
🗓 2023 🎞 movie
🌎 #UnitedStates
⏰ 1 နာရီ 30 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Elon Musk မိတ်ဆက်ပေးခဲ့တဲ့ ဦးနှောက်ထဲကွန်ပြူတာချစ်ပ်ပြားတွေထည့်ပြီး
လူရဲ့လုပ်ဆောင်မှုတွေကို တိုးမြှင့်နိုင်မဲ့နည်းပညာကိုကြားဖူးကြမှာပါ။
ဒီ Dark Asset ဆိုတဲ့ဇာတ်ကားထဲမှာလည်း အဲ့လိုနည်းပညာကို အဓိကထားပြီး
ရိုက်ကူးထားတာကိုတွေ့နိုင်မှာပါ။နည်းပညာတွေကတဖြည်းဖြည်းနဲ့ တိုးတက်လာတဲ့
အချိန်မှာ လူသားဦးနှောက်တွေက မတိုးတက်လာဘဲ ဒီအတိုင်းရပ်တန့်ပြီး
ကျန်နေခဲ့ပါတော့တယ်။ဒီလိုနဲ့ လူသားဦးနှောက်တွေကို မြှင့်တင်ပေးဖို့အတွက်
မိုက်ခရိုချစ်ပ်ပြားတွေထည့်တဲ့ ပရိုဂရမ်တစ်ခုကို ဒေါက်တာကိန်းဆိုတဲ့ လူက
ဦးဆောင်ခဲ့ပါတယ်။အဲ့ဒီ ပရိုဂရမ်ရဲ့ လက်ရှိစမ်းသပ်ခံကတော့ ဂျွန်ဒိုးဆိုတဲ့
အထူးတပ်သားဟောင်း တစ်ယောက်ဖြစ်ပါတယ်။ချစ်ပ်ပြားက သူ့ဦးနှောက်ရဲ့
လုပ်ဆောင်မှုတွေကို တကယ်တိုးမြှင့်ပေးနိုင်ပေမဲ့ ချို့ယွင်းချက်တွေရှိနေတဲ့အတွက်
ဂျွန်ကို ထိန်းချုပ်လို့မရတော့ဘဲနဲ့ အစောင့်တွေကို သတ်ပြီးထွက်ပြေးလွတ်မြောက်
သွားပါတော့တယ်။ဒါပေမယ့် ဂျွန်ထွက်မပြေးသွားခင်မှာ အဲ့ဒီပရိုဂရမ်ရဲ့ ပင်မစနစ်ထဲကို
ဖောက်ဝင်ခဲ့ပြီး အရင်တုန်းက စမ်းသပ်ခံတွေဆီကို အကြံပြုချက်လို့ခေါ်တဲ့
စေခိုင်းတဲ့ အမိန့်လိုမျိုးသတင်းစကားပါးခဲ့ပါတယ်။အဲ့ဒီသတင်းစကားကဘာဖြစ်မလဲ
ထွက်ပြေးလွတ်မြောက်သွားတဲ့ ဂျွန်ဒိုးကိုရောဖမ်းဆီးနိုင်ပါ့မလား ဒီပရိုဂရမ်ကြီးရဲ့
နောက်ကွယ်မှာ ဘယ်လိုမှောင်မိုက်တဲ့ အမှန်တရားတွေရှိနေလဲဆိုတာကို
ကြည့်ရမဲ့စိတ်ကူးယဉ်အက်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။...
Dark Asset (2023)
⭐IMDB: 4.0/10 (148 Votes)
🎬 #Action #Thriller #ScienceFiction
🗓 2023 🎞 movie
🌎 #UnitedStates
⏰ 1 နာရီ 31 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Elon Musk မိတ်ဆက်ပေးခဲ့တဲ့ ဦးနှောက်ထဲကွန်ပြူတာချစ်ပ်ပြားတွေထည့်ပြီး
လူရဲ့လုပ်ဆောင်မှုတွေကို တိုးမြှင့်နိုင်မဲ့နည်းပညာကိုကြားဖူးကြမှာပါ။
ဒီ Dark Asset ဆိုတဲ့ဇာတ်ကားထဲမှာလည်း အဲ့လိုနည်းပညာကို အဓိကထားပြီး
ရိုက်ကူးထားတာကိုတွေ့နိုင်မှာပါ။နည်းပညာတွေကတဖြည်းဖြည်းနဲ့ တိုးတက်လာတဲ့
အချိန်မှာ လူသားဦးနှောက်တွေက မတိုးတက်လာဘဲ ဒီအတိုင်းရပ်တန့်ပြီး
ကျန်နေခဲ့ပါတော့တယ်။ဒီလိုနဲ့ လူသားဦးနှောက်တွေကို မြှင့်တင်ပေးဖို့အတွက်
မိုက်ခရိုချစ်ပ်ပြားတွေထည့်တဲ့ ပရိုဂရမ်တစ်ခုကို ဒေါက်တာကိန်းဆိုတဲ့ လူက
ဦးဆောင်ခဲ့ပါတယ်။အဲ့ဒီ ပရိုဂရမ်ရဲ့ လက်ရှိစမ်းသပ်ခံကတော့ ဂျွန်ဒိုးဆိုတဲ့
အထူးတပ်သားဟောင်း တစ်ယောက်ဖြစ်ပါတယ်။ချစ်ပ်ပြားက သူ့ဦးနှောက်ရဲ့
လုပ်ဆောင်မှုတွေကို တကယ်တိုးမြှင့်ပေးနိုင်ပေမဲ့ ချို့ယွင်းချက်တွေရှိနေတဲ့အတွက်
ဂျွန်ကို ထိန်းချုပ်လို့မရတော့ဘဲနဲ့ အစောင့်တွေကို သတ်ပြီးထွက်ပြေးလွတ်မြောက်
သွားပါတော့တယ်။ဒါပေမယ့် ဂျွန်ထွက်မပြေးသွားခင်မှာ အဲ့ဒီပရိုဂရမ်ရဲ့ ပင်မစနစ်ထဲကို
ဖောက်ဝင်ခဲ့ပြီး အရင်တုန်းက စမ်းသပ်ခံတွေဆီကို အကြံပြုချက်လို့ခေါ်တဲ့
စေခိုင်းတဲ့ အမိန့်လိုမျိုးသတင်းစကားပါးခဲ့ပါတယ်။အဲ့ဒီသတင်းစကားကဘာဖြစ်မလဲ
ထွက်ပြေးလွတ်မြောက်သွားတဲ့ ဂျွန်ဒိုးကိုရောဖမ်းဆီးနိုင်ပါ့မလား ဒီပရိုဂရမ်ကြီးရဲ့
နောက်ကွယ်မှာ ဘယ်လိုမှောင်မိုက်တဲ့ အမှန်တရားတွေရှိနေလဲဆိုတာကို
ကြည့်ရမဲ့စိတ်ကူးယဉ်အက်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။...
King of Kotha (2023)
⭐IMDB: 6.6/10 (5 k Votes)
🎬 #Action #Bollywood #Drama #Thriller #Crime
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 54 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
King Of Kotha (2023)
IMDb – 6.6/10
အင်္ဂလိပ်တွေ အုပ်စိုးတဲ့ခတ်တုန်းက ခိုသာဆိုတဲ့ မြို့လေးဟာ ရာဇဝတ်ကာင်တွေကို သေဒဏ်ပေးပြီးရင်မြေမြှုပ်ပစ်တဲ့ နေရာတစ်ခုဖြစ်ပါတယ် ခေတ်အဆက်ဆက်ပြောင်းလာပြီးတဲ့နောက်မှာတော့ခိုသာဆိုတဲ့နေရာဟာ မြို့သေးသေးလေးဖြစ်လာခဲ့ပါတယ်
ခိုသာဆိုတဲ့မြို့လေးမှာတော့ အရမ်းကို တော်ပါတယ်ဆိုတဲ့ ရဲတွေ အရာရှိတွေတောင်မှပြန်ပြေးရလောက်အောင်အထိကို အင်အားကြီးမားတဲ့ ဂိုဏ်းတစ်ခု ရှိနေပါတယ်အဲဒီဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်သူကတော့ ကန်နန်လို့ ခေါ်ပါတယ် ။ကန်နန်တို့ဂိုဏ်းဟာ လူငယ်တွေကို လမ်းမှား မရောက်ရောက်အောင်လုပ်ဖို့အတွက်မူးယစ်ဆေးတွေကိုလည်း ရောင်းဝယ်နေကြပြီး အဲဒီမြို့မှာ ရှိတဲ့ရဲဝန်ထမ်းတွေကိုလည်း သူတို့ရဲ့ အားနည်းချက်ကို သုံးပြီး ချုပ်ကိုင်ထားပါတယ်
ဒီဂိုဏ်းကို နှိမ်နင်းဖို့အတွက် အင်စပက်တာ ရှာဟူး ကို ခိုသာမြို့ကို စေလွှတ်လိုက်တဲ့နောက်မှာတော့အင်စပက်တာကြီးက ဒီဂိုဏ်းကို ဖြိုခွင်းဖို့အတွက် ဘယ်လိုနည်းလမ်းတွေ သုံးမလဲ…..
ဇာတ်လမ်းရဲ့ နာမည်အရ King of Kotha ဆိုတဲ့ နေရာကိုရော ဘယ်သူက ပိုင်ဆိုင်သွားမလဲဆိုတာကိုကြမ်းကြမ်းတမ်းတမ်းဇာတ်ဝင်ခန်းတွေနဲ့အတူ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်
(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo, Zwe, Alex, BpL, Dee တို့ပဲ ဖြစ်ပါတယ်)...
Ace bodyguard (2023)
⭐TMDB: 20.0% User Score
🎬 #Action #Mystery
🗓 2023 🎞 Movie
🌎 #China
⏰ 1 နာရီ 53 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကျွမ်းကျင်ပညာရှင်သက်တော်စောင့်တွေရဲ့ဇာတ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ထုံစုန်းဟာ ပညာရှင်အဆင့် သက်တော်စောင့်ကုမ္ပဏီတစ်ခုထောင်ထားပါတယ်။ကံမကောင်းအကြောင်းမလှတော့ စားဝတ်နေရေးအတွက်Live လွှင့်စျေးရောင်းပြီး သက်တော်စောင့်ကုမ္ပဏီကိုကြော်ငြာနေရပါတယ်။
သက်တော်စောင့်အလုပ်ကအလုပ်မရတော့ တစ်သက်လုံးစျေးပဲရောင်းစားရတော့မှာလားဆိုပြီး လမ်းတွေပျောက်နေတဲ့အချိန်မှာအမည်မသိအလုပ်အပ်စာတစ်ခုရောက်လာပါတယ်။
သူတို့စောင့်ရှောက်ပေးရမယ့်သူက သူတို့ကုမ္ပဏီကအန်းနင်ရဲ့ညီမလေးဖြစ်နေတော့ စရံမရလဲ စောင့်ရှောက်ရပြီပေါ့။အဖေဆုံးသွားပြီးကတည်းက အန်းနင်တို့ညီအစ်မကြားမှာအဖုအထစ်လေးတွေရှိခဲ့တယ်။ အမည်မသိအလုပ်အပ်သူကြောင့်သူတို့ညီအစ်မနှစ်ယောက်ကြားကအဖုအထစ်လေးတွေတဖြည်းဖြည်းပြေလာနိုင်မလား…..ဘယ်သူကများ ဘိုးဘွာရိပ်သာမှာလုပ်အားပေးနေတဲ့ကောင်မလေးကို ဘာကြောင့်သတ်ချင်ရတာလဲ……အမည်မသိအလုပ်အပ်တဲ့သူကရော ဘယ်သူဖြစ်နေမလဲ……...
Nobody's Daughter Haewon (2013)
⭐IMDB: 6.7/10 (2 k Votes)
🎬 #Drama #Romance
🗓 2013 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 32 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Nobody’s Daughter Haewon(2013)
********************************ပုံမှန်ကြည့်နေကြ ဇာတ်ကားတွေလိုမဟုတ်ဘဲ ပုံပြင်တစ်ပုဒ်ပြောပြနေသလိုမျိုး
ဇာတ်ရှိန်ဖြည်းဖြည်းလေးနဲ့ ဇာတ်ကားတွေကိုကြိုက်တယ်ဆိုတဲ့သူတွေဆိုရင် ဒီဇာတ်ကားကို အကြိုက်တွေ့စေမှာပါ။
ဟယ်ဝန်းဆိုတဲ့တက္ကသိုလ်ကျောင်းသူအချောအလှလေးနဲ့ တက္ကသိုလ်ကပါမောက္ခတစ်ယောက်ရဲ့
တိတ်တိတ်ပုန်းအချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။
ဖြစ်ချင်တော့ ပါမောက္ခဟာ အိမ်ထောင်ရှိယောက်ျားဖြစ်ပြီးတော့ ကလေးလည်းရှိပါတယ်။
ဟယ်ဝန်းလည်း ဒါကိုသိပေမဲ့ ပိုးဖလံမျိုးမီးကိုတိုးဆိုသလိုပဲ သိလျက်နဲ့နောက်မဆုတ်နိုင်ဖြစ်နေတာပါ။
ဟယ်ဝန်းဟာ စိတ်ဆုံးဖြတ်ပြီး ပါမောက္ခနဲ့လမ်းခွဲခဲ့ပေမဲ့လည်း သူ့အမေက ကနေဒါကိုအပြီးထွက်သွားတဲ့နေ့မှာ
စိတ်ဓါတ်ကျပြီး ပါမောက္ခကိုဖုန်းပြန်ခေါ်မိရာက သူတို့ဇာတ်လမ်းက တစ်ဖန်ပြန်စပါတော့တယ်။
ဒီဇာတ်ကားတစ်ခုလုံးက ဟယ်ဝန်းရဲ့ဘဝကိုပဲအခြေခံပြီးတော့ သူ့ရဲ့ဘဝအဖြစ်အပျက်ကိုပြောပြနေသလိုမျိုး ရိုက်ပြထားတာပါ။
ဒီတော့ အေးစက်စက်အချောအလှတက္ကသိုလ်ကျောင်းသူလေးနဲ့ ပါမောက္ခရဲ့အချစ်ဇာတ်လမ်းကရေ
ာ ဘယ်လိုမျိုးအဆုံးသတ်မလဲ၊ ဟယ်ဝန်းရဲ့ဘဝကရော ဘယ်လိုဖြစ်သွားမလဲဆိုတာကို ဇာတ်ကားကြည့်ပြီး ကြည့်ရှုခံစားလိုက်ကြပါဦး။...
Polly Pocket Sparkle Cove Adventure (2023)
⭐TMDB: 0.0% User Score
🎬 #Animation #Family
🗓 2023 🎞 tv movie
🌎 #UnitedStates
⏰ 1 နာရီ 06 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Polly Pocket Sparkle Cove Adventure (2023)================================IMDb Rating – 6.8/10
သာမန်လူသားတွေ မမြင်နိုင်တဲ့ Dimension တွေမှာ Pockite လို့ခေါ်တဲ့မှော်ကျောက်မျက်မျိုးစုံ ပျံ့နှံ့တည်ရှိနေပါတယ်။ Pockite အရောင်ကွဲတွေတိုင်းမှာ ကိုယ်စီအစွမ်းသတ္တိတစ်မျိုးစီ ရှိကြတာပါ။ ဒီကျောက်မျက်ကို မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းအသုံးချတဲ့ Pockite ကိုင်ဆောင်သူတွေလည်း ကမ္ဘာအနှံ့၊ Dimension အစုံမှာ ရှိနေကြပါသေးတယ်။ Pockite တို့ပေါ်ရာမြေကိုတော့ Sparkle Cove လို့ခေါ်ပြီး Prudence Pocket ဆိုတဲ့ နယ်လှည့်ခရီးသည်မိန်းကလေးတစ်ယောက်က Pockite ပေါင်း ၃၀၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့တာပါ။ မှော်အစွမ်းမျိုးစုံနဲ့ Pockite တွေအားလုံးကို ကိုယ့်အမျိုးအတွက်ပဲသုံးမယ့်အစား Prudence က သူ့မျိုးဆက်တွေကို ခရမ်းရောင် Pockite တစ်မျိုးပဲ အမွေပေးပါတယ်။
ချုံ့/ချဲ့သတ္တိရှိတဲ့ ခရမ်းရောင် Pockite လေးကို အဆင့်ဆင့်လက်ဆင့်ကမ်းလာရင်း Prudence မျိုးဆက်ပီသပြီး စွန့်စားရတာကြိုက်တဲ့ Polly Pocket အလှည့်ရောက်လာပါတော့တယ်။ ဆယ်ကျော်သက်ပီပီ ဖြစ်နိုင်ချေမှန်သမျှကို စမ်းကြည့်ချင်မိတဲ့ Polly ကတော့ Pockite တစ်ခုတည်းနဲ့ မကျေနပ်နိုင်ဘဲ အမွေတစ်မျိုးပဲချန်ခဲ့တဲ့ အဘေးတကာ့အဘေးဖြစ်သူ Prudence အကြောင်း လှန်လှောစုံစမ်းတော့တာပါပဲ။ ဒီလိုနဲ့ Sparkle Cove ရဲ့ ဆယ်နှစ်တစ်ခါ အစောင့်အကြပ်ရာထူးလွှဲပြောင်းဖို့ ကျင်းပတဲ့ပြိုင်ပွဲမှာ ခရမ်းရောင် Pockite ကိုင်ဆောင်သူအနေနဲ့ Polly တစ်ယောက်ဖိတ်ခေါ်ခြင်းခံရပါတော့တယ်။
နေရာအသစ်မှာ အခြားသော Pockite ကိုင်ဆောင်သူတွေနဲ့ အတွေ့အကြုံအသစ်ရမှာမို့ မှော်ကျွန်းတစ်ကျွန်းရဲ့ စွန့်စားခန်းပြိုင်ပွဲထဲ Polly ဝင်ပါမိတဲ့နောက် Pockiteတွေရဲ့ တကယ့်ရည်ရွယ်ချက်ကိုနားလည်စရာ အကြောင်းဖန်လာပါတော့တယ်။Magical adventure story ကောင်းလေးတွေ ကြိုက်တတ်သူတွေအတွက် မပျင်းတမ်းကြည့်ရ၊ ဇာတ်ကောင်တွေနေရာကနေပါ ဝင်ရောက်ခံစားကြံစည်မိစေမယ့်ဇာတ်လမ်းကောင်းလေးဖြစ်ကြောင်း Recommend ပေးလိုပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Hnin Wut Yi ဖြစ်ပါတယ်)...
A Perfect World (1993)
⭐TMDB: 75.0% User Score
🎬 #Crime #Drama #Thriller
🗓 1993 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 18 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A Perfect World(1993)
IMDb….7.5,,,,Rotten…79%
အကျဉ်းထောင်တစ်ခုမှာ လူနှစ်ယောက်ထောင်ဖောက်ပြေးဖို့ကြိုးစားကြသည်….သူတို့ကြည့်ရတာပြေးဖို့အတွက် အချိန်အတော်ကြာပြင်ဆင်ခဲ့ပုံရတယ်… အလွယ်တစ်ကူလွတ်မြောက်သွားတယ်…..ဒီရာဇဝတ်သား(၂)ယောက်ဟာ ထောင်ကထွက်ပြေးပြီးနောက်ပိုင်းမှာဓားစာခံအဖြစ် ကလေးလေးတစ်ယောက်ကိုပါခေါ်သွားခဲ့တယ်…ထောင်ပြေး(၂)ယောက်ဟာ အရင်တုန်းက ဘယ်လောက်ဆိုးသွမ်းခဲ့လို့ထောင်ကျခဲ့တယ်မသိပေမယ့် ထွက်ပြေးစဉ်လုပ်ပုံကိုင်ပုံတွေကြည့်ရတာတစ်ယောက်က သွေးအေးဉာဏ်ကောင်းစွာနဲ့ ရင်ဆိုင်ရတဲ့ပြသနာတွေကိုဖြေရှင်းနေပြီး နောက်တစ်ယောက်ကတော့ သေနတ်တစ်ယမ်းယမ်းနဲ့ဦးဏှောက်မဲ့အဆင်ခြင်မဲ့ လုပ်ကိုင်နေတယ်….သူတို့(၂)ယောက်လွတ်သွားတော့ ရဲဌာနတစ်ခုလုံးလည်း တိုင်ပတ်နေသလိုမြို့တော်ဝန်ရဲ့ ဖိအားကြောင့် ရှိသမျှဌာနစုံက ဖမ်းဆီးဖို့ကြိုးစားနေကြတယ်….
ဒီကားကတော့ ဒါရိုက်တာကြီး Clint Eastwood ရိုက်ကူးထားပြီး သူကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ထားသလို မင်းသားကြီး Kevin Costner က ထောင်ပြေးတစ်ယောက်အဖြစ်သရုပ်ဆောင်ထားတယ်…ဒီကားက ဇာတ်လမ်းအစမှ အဆုံးထိစိတ်ဝင်စားဖို့ကောင်းသလို ထွက်ပြေးစဉ်ကာလတစ်လျောက်လုံးကလေးတစ်ယောက်နဲ့ သူတို့ရဲ့ ထူးခြားတဲ့ဆက်ဆံရေးကိုတွေ့ရလိမ့်မယ်….လောကကြီးထဲ ခုမှစဝင်တဲ့ကလေးတစ်ယောက်ကို ကားမောင်းထွက်ပြေးရင်းနဲ့စီးကရက်ရှိုက်လိုက် မပြုံးမရယ်နဲ့ ပြောရင်းသင်ကြားနေတဲ့ ထောင်ပြေးသမားတစ်ယောက်ကိုခင်ဗျားတို့ အံအားသင့်စရာတွေ့ရလိမ့်မယ်….သူတို့လွတ်မြောက်မလား ……ကလေးလေးကရော သူ့အပေါ်ဘယ်လိုသဘောထားလဲ…ခံစားကြည့်လိုက်ပါဦး……..သေချာတယ် ဒီကားကြည့်ပြီး ခင်ဗျားတို့သဘောအကျဆုံးကားဟောင်းစာရင်းထဲမှာ ဒီကားပါသွားလိမ့်မယ်လို့…..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်…....
Trauma Therapy: Psychosis (2023)
⭐IMDB: 2.6/10 (136 Votes)
🎬 #Horror #Thriller
🗓 2023 🎞 movie
🌎 #UnitedKingdom
⏰ 1 နာရီ 22 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Trauma Therapy: Psychosis (2023)=========================
တိုဘင်ဗန့်စ်ဟာ “အကယ်၍ သင့်ကလေးသေလုဆဲဆဲဖြစ်နေချိန်မှာ ကယ်လို့ရတဲ့နည်းရှိတယ်ဆိုရင် အဲဒီနည်းကို ဂရုစိုက်ပါဦးမလား၊ ကယ်လို့ရမရဆိုတဲ့ရလဒ်ကိုပဲ ဂရုစိုက်မှာပေါ့”ဆိုတဲ့ စကားကိုလက်စွဲသုံးပြီး ‘ရလဒ်’တွေကိုပဲ အာရုံစိုက်တဲ့လူတစ်ယောက်။ သူ့ရဲ့တရားမဝင် ကုသရေးစင်တာမှာ စိတ်ရောဂါအမျိုးမျိုးခံစားနေရတဲ့ လူတွေကို ကြမ်းတမ်းရက်စက်တဲ့နည်းတွေနဲ့ ကုပေးတယ်လို့ နာမည်ဆိုးနဲ့ကျော်ကြားတယ်။
တိုဘင်ဗန့်စ်ကို ပရိတ်သတ်နည်းနည်းပဲ ရှိတဲ့စင်ပေါ်တင်ပေးလိုက်ရင်တောင်တခဏအတွင်း တပ်တစ်တပ်လုံးစာပရိတ်သတ်တွေကို သိမ်းသွင်းနိုင်တယ်လို့တင်စားကြတယ်။ အဲလိုအပြောအဟောကောင်းလို့လည်း သူ့ကုသရေးစင်တာက တရားမဝင်ခိုးကြောင်ခိုးဝှက်ဖြစ်နေတာတောင် ယုံကြည်သူတွေရှိနေဆဲ။
ဒီဇာတ်ကားထဲမှာတော့ သူ့ကုသရေးစင်တာကိုရောက်လာကြတဲ့ လူတစ်စုကိုအခြေတည်ပြီး သူ့နည်းလမ်းတွေက ဘယ်လောက်ရက်စက်ပြီးကြမ်းတမ်းကြောင်းကိုယ်တိုင်ကြည့်ရှုရမှာဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)...
Capote (2005)
⭐TMDB: 70.0% User Score
🎬 #Biography #Crime #Drama #History
🗓 2005 🎞 movie
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 54 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Imdb မှာ Rating 7.3 အထိရရှိထားတဲ့ Crime/Drama ဇာတ်လမ်းဟောင်းလေး
တစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။
ဇာတ်ကားနာမည်ကတော့ Capote ဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာထွက်ရှိခဲ့တာပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ ၁၉၅၉ ခုနှစ် ကန်းဆက်ပြည်နယ်ရဲ့
လယ်ယာအိမ်မှာနေထိုင်တဲ့ ကလပ်တာမိသားစုရဲ့အလောင်းကို တွေ့ခဲ့ရာကနေ
စတင်ပါတယ်။အဲ့ဒီအချိန်မှာက ပိုတီဆိုတဲ့နာမည်ကြီးတဲ့ စာရေးဆရာက ဒီအကြောင်းကို
လာရောက်စူးစမ်းပါတော့တယ်။သူစူးစမ်းလေ့လာပြီး သိပ်မကြာခင်မှာ တရားခံတွေကို
ဖမ်းမိသွားပါတော့တယ်။ကပိုတီတစ်ယောက် သူ့ရဲ့စာအုပ်အသစ်ကို ရေးဖို့အတွက်
အဲ့ဒီတရားခံတွေနဲ့ စကားပြောခွင့်ရအောင်ကြိုးစားပါတော့တယ်။ဒီလိုနဲ့ စကားတွေပြော
ရင်းနဲ့မှ ရင်းနှီးလာပြီး ကပိုတီက တရားခံတွေအတွက် ကောင်းတဲ့ရှေ့နေတွေငှားပေး
အသနားခံလွှာတင်ဖို့အတွက် ကူညီပေးတာတွေ လုပ်ခဲ့ပေးပါသေးတယ်။ဒါပေမယ့်
အပြစ်ဒဏ်ကိုရှောင်လွှဲလို့ မရဘဲ သေမိန့်ကျလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ။
ဒီအကြောင်းကိုအခြေခံပြီး သူရေးသားမဲ့ စာအုပ်အသစ်ကရော ဘယ်လိုဖြစ်သွားမလဲ
ဆိုတာတွေအပြင် တခြားစိတ်ဝင်စားစရာကောင်းတဲ့ လူ့သဘောသဘာဝစရိုက်တွေကိုပါ
တွေ့မြင်ရဦးမှာဖြစ်လို့ စီးမြောရင်းနဲ့ကြည့်ရှုသင့်တဲ့ကားလေးဖြစ်ပါတယ်။...
Gen V (2023- )
⭐IMDB: 8.5/10 (374 Votes)
🎬 #SciFi #Fantasy #Action #Adventure #Drama #Comedy
🗓 2023- 🎞 tv series
🌎 #UnitedStates #UnitedStatesofAmerica
⏰ 49 မိနစ် 17 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
[18+] Gen V (2023)Gen V (2023)
(The Boys ထုံးစံအတိုင်း ခေါင်းဖြတ်၊ ပေါက်ကွဲ၊ လိင်အင်္ဂါ ဘာညာ ပြစရာရှိတာတွေအကုန် ပယ်ပယ်နယ်နယ် ပြတာမို့လို့ မိသားစုနဲ့အတူ မကြည့်သင့်ကြောင်းပါ) ~ Rotten Tomatoes – 100% ~ စူပါဟီးရိုးစီးရီးတွေထဲက အအောင်မြင်ဆုံးတစ်ခုဖြစ်တဲ့ The Boys စီးရီးရဲ့ ဇာတ်လမ်းခွဲအနေနဲ့ ထွက်လာတဲ့စီးရီးပါ။ Rotten Tomatoes မှာ ၁၀၀ ရတဲ့အထိ ကောင်းနေပါပြီ။ တကယ်လည်း ဇာတ်လမ်းက အတော်ကိုမိုက်ပါတယ်။ The Boys မကြည့်ဖူးသေးတဲ့သူတွေကို ရှင်းပြရမယ်ဆိုရင်တော့ The Boys နဲ့ Gen V ဟာ စူပါဟီးရိုးတွေရဲ့ လူသားဆန်တဲ့ အခြမ်းကို ထုတ်ပြတဲ့ စီးရီးပါပဲ။ လူသားဆန်တယ်ဆိုတာ တကိုယ်ကောင်းဆန်တာ၊ ညစ်ပတ်တာ၊ ရက်စက်တာ၊ လောဘကြီးတာ၊ ဟန်ဆောင်တာတွေ ကို ပြောတာပါ။ စူပါပါဝါတွေရလာတာ ဘာလုပ်ဖို့လဲ၊ ကိုယ်လုပ်ချင်တာလုပ်ဖို့ပဲ ဆိုတာမျိုးပါ။ ~ ဇာတ်လမ်းအကျဉ်း ~ ဒီဇာတ်လမ်းကတော့ The Boys စီးရီး နောက်ဆုံးထွက်ထားတဲ့ ကျောရိုးအတိုင်း ဆက်သွားတာပါ။ အရင်ခေတ်ကိုပြန်ပြတာမဟုတ်ပါဘူး။ မေ့ဗ်သေသွားတာ၊ စတားလိုက်ထွက်သွားတာ၊ ဟုမ်းလန်ဒါကို တရားစွဲတာ ဒါတွေဖြစ်နေတဲ့ကာလပါ။ နေရာကတော့ ဂဒေါကင်းတက္ကသိုလ်၊ နတ်ဘုရားတက္ကသိုလ်လို့လည်းခေါ်တဲ့ စူပါဟီးရိုးလူငယ်ကျောင်းမှာပါပဲ။ အဲဒီကျောင်းမှာလည်း မေဂျာတွေရှိတဲ့ထဲက အယူအများဆုံးကတော့ ဖျော်ဖြေရေးမေဂျာပါ။ စူပါဟီးရိုးဆိုတာ နာမည်ကြီးဖို့ ရုပ်ရှင်တွေ ကြော်ငြာတွေရိုက်ရဖို့အဓိကပေါ့။ အဲဒီထဲက အဆင့်အများဆုံး လူနည်းစုလေးကတော့ ရာဇဝတ်မှုတိုက်ဖျက်ရေး မေဂျာယူလို့ရပြီး မြို့ကြီးတွေကနေ ကာကွယ်ရေးစူပါဟီးရိုးအဖြစ် စာချုပ်ချုပ်ခံရပါတယ်။ ဒါကိုလည်း ကိုယ်ကျိုးအတွက်လိုချင်ကြတာပါ။ အဲဒီ စူပါဟီးရိုးကျောင်းရဲ့နောက်ကွယ်က ရက်စက်တဲ့လျှို့ဝှက်ချက်တွေနဲ့ ကျောင်းသူကျောင်းသားတွေရဲ့ တိုက်ပွဲတွေကို ပြသထားတာပဲဖြစ်ပါတယ်။ (ဒီစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ Mr. Anderson ပဲဖြစ်ပါတယ်)Size ~ 500MB+, 900MB+...
My Sister's Keeper (2009)
⭐IMDB: 7.3/10 (97 k Votes)
🎬 #Drama #Family
🗓 2009 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 49 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မမကြီး ကင်မရွန်းဒိုင်းယက်ဇ် ရဲ့ ၂၀၀၉ခုနှစ်ကဇာတ်ကားလေးပါ။ဒီဇာတ်ကားလေးက စာရေးဆရာမ Jodi Picoult ရေးသားတဲ့ My sister ‘s keeper ဆိုတဲ့ ဝတ္ထုကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ် ဒီဇာတ်လမ်းက အပြင်မှာတကယ်ဖြစ်ပျက်ခဲ့တဲ့ မော်လီနဲ့အဒန်မ်ဆိုတဲ့ ညီအစ်မနှစ်ယောက်အကြောင်းကိုအခြေခံထားတာဖြစ်ပါတယ်
ဇာတ်လမ်းလေးက ဘရိုင်ယန်နဲ့ဆာရာတို့မှာ ဂျက်စီဆိုတဲ့သားလေးရယ် ကိတ်နဲ့အန်နာဆိုတဲ့သမီးနှစ်ယောက်ရယ်ရှိပါတယ် ဒါပေမဲ့ ကိတ်ဟာငယ်စဥ်ကတည်းက သွေးဖြူဥနည်းနေပြီး သွေးကင်ဆာစဖြစ်ခဲ့ပါတယ် ကိတ်ရဲ့သွေးကင်ဆာကိုကုသရာမှု လိုအပ်တဲ့ သွေးတစ်ရှူးတို့ ချဥ်ဆီရိုးတို့ပေးဖို့ကို ကိတ်ရဲ့မျိုးဗီဇနဲ့ကိုက်ညီတဲ့ အန်နာကပဲပေးရပါတယ် ဘရိုင်ယန်နဲ့ဆာရာဟာ ကိတ်နဲ့ကိုက်ညီမှုမရှိတာကြောင့် ကိတ်အတွက်ကိုယ်တွင်းအင်္ဂါလှူနိုင်မယ့်သူရှိအောင် အန်နာကိုထပ်မွေးခဲ့တာပါ အန်နာတစ်ယောက် မွေးကင်းစကတည်းကနေသူ့အစ်မအတွက် လှူပေးခဲ့ရတယ် နောက်တော့ ကျောက်ကပ်လှူရမယ်လုပ်တော့ သူမလှူချင်တော့ပါဘူး ဒါကြောင့် သူမဟာ ဆေးကုသမှုနဲ့ပက်သက်ပြီး မိဘတွေရဲ့ထိန်းချုပ်မှုအောက်ကနေလွတ်မြောက်ဖို့အတွက် ရှေ့နေငှားပြီးတရားစွဲပါတော့တယ်
ဒီဇာတ်ကားလေးမှာဆိုရင် အစ်မကိုအရေးပေးဂရုစိုက်လွန်းတဲ့မိဘတွေအကြားမှာအန်နာလေးရဲ့စိတ်ခံစားမှုတွေ ကိတ်ရဲ့ရောဂါခံစားနေရမှု အမေဖြစ်သူဆာရာရဲ့သမီးဇောနဲ့အတ္တကြီးမှုတွေကိုကြည့်ရှုရမှာပါ ဒီဇာတ်ကားလေးဟာ အဆုံးထိကြည့်ပြီးသွားပြီဆိုရင်တော့ စိတ်ထဲမှာတစ်ခုခုတော့ကျန်နေစေမယ့် ကားကောင်းလေးပါ။...
Nothing But the Truth (2008)
⭐IMDB: 7.1/10 (39 k Votes)
🎬 #Crime #Drama #Mystery #Thriller
🗓 2008 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 48 မိနစ် 3 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Conjuring ဇာတ်ကားတွေနဲ့လူသိများတဲ့ မင်းသမီးကြီး Vera Farmiga နဲ့
မင်းသမီးချော Kate Beckinsale တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Nothing But
Truth ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။
ဒီဇာတ်ကားလေးရဲ့အစမှာ အမေရိကန်သမ္မတလုပ်ကြံခံရတာနဲ့အစချီထားပါတယ်။
ကံကောင်းတယ်ပဲပြောရမလား ဆိုးတယ်ပဲပြောရမလား လုပ်ကြံခံရတဲ့ သမ္မတမသေဘဲ
ဗင်နီဇွဲလားနိုင်ငံက သူ့ကိုလုပ်ကြံတာနဲ့ပတ်သတ်နေပါတယ်ဆိုပြီး ဗင်နီဇွဲလားနိုင်ငံရဲ့
စစ်တပ်အခြေစိုက်စခန်းတွေကိုဗုံးကြဲလိုက်ပါတော့တယ်။ ဒါပေမယ့်အမှန်တကယ်မှာ
ဗင်နီဇွဲလားဟာ သူ့ကိုလုပ်ကြံတာနဲ့ဘာမှဆိုင်မနေဘဲ သမ္မတက CIAထောက်လှမ်းရေး
ဘက်ကအစီရင်ခံတာကိုပယ်ချပြီး လုပ်ချင်တာလုပ်လိုက်တာမျိုးပါ။ ဒါကို
ရေချယ်အမ်းစထောင်းဆိုတဲ့ သတင်းထောက်က လူထုဆီကိုဖော်ထုတ်ချပြလိုက်ပါ
တော့တယ်။ နိုင်ငံနဲ့ချီပြီးကြီးတဲ့ ကိစ္စဖြစ်တဲ့အပြင် သေချာလုံခြုံရေးချမှတ်ထားတဲ့
လျှို့ဝှက်အချက်အလက်တွေပေါက်ကြားသွားတာမို့ CIAဘက်က ရေချယ့်ကို
သတင်းပေးတဲ့ လူကိုအသည်းအသန်လိုက်ရှာကြပါတော့တယ်။ ရေချယ်တစ်ယောက်
ဒီသတင်းကိုရေးမိတဲ့အတွက် ဘာတွေကြုံရမလဲ… CIAဘက်ကရော
ဘယ်လိုတွေလှုပ်ရှားကြမလဲ… ဒီသတင်းကိုပေးတဲ့သူကရောဘယ်သူလဲ
စတာတွေကိုဇာတ်ကားထဲမှာမြင်တွေ့ရမှာပါ။ ဇာတ်လမ်းကိုပုံမှန်လေးပဲဆွဲခေါ်သွားပြီး
plot twist လိုမျိုးလေးလည်းပါတာမို့ နောက်ဆုံးခန်းမှာအံ့ဩသွားကြရမှာပါ။
ဘာများဖြစ်မလဲဆိုတာကတော့ ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။...
Bloodlust: Subspecies III (1994)
⭐TMDB: 54.0% User Score
🎬 #Fantasy #Horror #Thriller
🗓 1994 🎞 video movie
🌎 #Romania #USA #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 23 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bloodstone; subspecies ဆိုတဲ့ဗန်ပိုင်းယား ရုပ်ရှင်ဇာတ်လမ်းတွဲအဆက်ဖြစ်ပြီး IMDb 5.6/10 ရရှိထားတာပါ။
Horror & thriller အမျိုးအစားဖြစ်ပြီး ရုတ်ရုတ်သဲသဲကြောက်ဖို့ကောင်းတာမျိုးမဟုတ်ပေမဲ့ သွေးပျက်စရာအခန်းတွေအများကြီးပါပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ရေဘက်ကာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ ညီမလေးကိုရှာဖို့နဲ့ သူ့ညီမရဲ့ဝိဉာဉ်ကိုသိမ်းယူသွားတဲ့ဗန်ပိုင်းယားနဲ့ရင်ဆိုင်ဖို့ ထွက်လာခဲ့ပါတော့တယ် ဗန်ပိုင်းယားကြီးကသူ့ညီမလေးကို တပည့်မွေးသလိုမွေးထားပြီးဗန်ပိုင်းယားစစ်စစ်ဖြစ်စေချင်နေတာပါ ရေဘက်ကာတို့ညီအစ်မနှစ်ယောက်သား ဗန်ပိုင်းယားလက်အောက်ကနေ ဘယ်လိုလွတ်မြောက်အောင်ဘယ်လိုထွက်ပြေးကြမလဲ ရက်စက်တဲ့ဗန်ပိုင်းယားနဲ့ဘယ်လိုရင်ဆိုင်ကြမလဲ ဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်။...
The Devil's Rejects (2005)
⭐TMDB: 67.0% User Score
🎬 #Crime #Drama #Horror #Western
🗓 2005 🎞 movie
🌎 #UnitedStates #Germany #UnitedStatesofAmerica
⏰ 1 နာရီ 47 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Horror ဇာတ်ကားအဟောင်းလေးတွေထဲက ကောင်းတာလေးတွေကို
ပြန်ကြည့်ချင်တဲ့လူတွေအတွက် The Devils Rejects လို့ခေါ်တဲ့ ၂၀၀၅ ခုနှစ်က
ထွက်ခဲ့တဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
ဒီကားကတော့နာမည်အတိုင်းပဲ နတ်ဆိုးကတောင်ငြင်းပယ်ရတဲ့အပယ်ခံတွေလို့
တင်စားခံထားရလောက်တဲ့အထိ ဆိုးသွမ်းတဲ့ရာဇဝတ်သားတွေအကြောင်းကို
ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ ရဲမှူးဝိုင်ဒဲလ်က အိမ်တစ်အိမ်က
ရာဇဝတ်သားတွေကို လာရောက်ဖမ်းဆီးတဲ့မြင်ကွင်းကိုတွေ့ရမှာပါ။ဒါပေမယ့်
အဲ့ဒီရာဇဝတ်သားတွေက ရိုးရိုးတန်းတန်းရာဇဝတ်သားတွေမဟုတ်ဘဲ အရမ်းကို
ရက်စက်ယုတ်မာရိုင်းစိုင်းပြီး လူမဆန်တဲ့ရာဇဝတ်သားတွေဖြစ်ပါတယ်။ဒီလိုနဲ့
ရဲတွေနဲ့လူဆိုးတွေကြား အပြန်အလှန်ပစ်ခတ်ကြရင်းနဲ့ တော်တော်များများကို
ဖမ်းမိပြီး နှစ်ယောက်တော့ လွတ်သွားပါတော့တယ်။ရဲမှူးဝိုင်ဒဲလ်လဲ သူတို့နောက်ကို
လိုက်ဖမ်းရင်းနဲ့ သူ့အစ်ကိုသေရတာ သူတို့ကြောင့်ဆိုတာကိုသိလာခဲ့ပြီး
အလုပ်ကိစ္စဆိုတာထက် ကိုယ်ရေးကိုယ်တာတွေပါပါလာတဲ့အခါ ရဲတစ်ယောက်လည်း
နတ်ဆိုးထက်ပိုကြမ်းလာနိုင်တယ်ဆိုတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။...
