ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
The Curse of the Totem (2023)
⭐TMDB: 50.0% User Score
🎬 #Horror #Mystery #Thriller
🗓 2023 🎞 movie
🌎 #Malaysia
⏰ 1 နာရီ 30 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Curse Of The Totem 2023 အညွှန်း
ဒီတစ်ခေါက်မှာတော့ ၂၀၂၃ ခုနှစ်မှာ ထွက်ရှိထားတဲ့ Horror ဇာတ်လမ်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးပါရစေ။
ဇာတ်အိမ်ကတော့ ဘော်နီယိုကျွန်းမှာ ၁၃ ရာစုလောက်က စစ်မှန်ပြီးရှေးကျတဲ့ ယဇ်ပူဇော်တဲ့ ဓလေ့ထုံးတမ်းများကို အခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဒေါက်တာဆာနီနဲ့ သူတို့အဖွဲ့ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ဂျေရုနိုင်း (သင်္ချိုင်းဝင်ရိုးစွန်း) ကို လေ့လာဖို့ စူးစမ်းလေ့လာရေးခရီးထွက်သွားရင်းတောထဲမှာ ပျောက်ဆုံးသွားတဲ့ ဒေါက်တာဆာနီရဲ့ဇနီးဖြစ်သူကို ရှာဖွေဖို့ ဒီတောကြီးထဲကိုရောက်လာခဲ့ကြပါတယ်။တဖြည်းဖြည်းခရီးဆက်ခဲ့ကြရင်းဒေါက်တာဆာနီတို့အဖွဲ့က အဖွဲ့ဝင်တစ်ဦးချင်းစီဟာထင်ယောင်ထင်မှားတွေ စိတ်အနှောင့်အယှက်ဖြစ်စရာတွေနဲ့ ကြုံလာရပြီးထူးဆန်းတဲ့ နေရာတွေဆီကို အပို့ခံရတာမျိုးတွေလည်းရှိလာပါတော့တယ်။သူတို့ထဲက တစ်ယောက်က်ို အညှိုးကြီးတဲ့ ဝိဥာဉ်တစ်ကောင်က ဝင်ပူးပြီး ထိန်းချုပ်လိုက်တဲ့အခါမှာတော့အဆိုးဝါးဆုံး အခြေအနေတွေက သူတို့ဆီကိုဆိုက်ရောက်လာပါတော့တယ်။ကျိန်စာသင့်နေတဲ့ ဒီနေရာကြီးကနေ ဒေါက်တာဆာနီနဲ့ သူ့အဖွဲ့သားတွေပြန်လည်လွတ်မြောက်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုလိုက်ကြပါဦးနော်။
အညွှန်းကိုတော့Caliက ရေးသားပေးပြီးတော့ဘာသာြပန်ထားတာကတော့ShinandCaliပဲ ဖြစ်ပါတယ်။...
Bottom of the Water (2023)
⭐TMDB: 40.0% User Score
🎬 #Horror #Mystery
🗓 2023 🎞 tv movie
🌎 #SouthKorea
⏰ 1 နာရီ 23 မိနစ် 30 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bottom of the Water (2023)
horror ဇာတ်လမ်းမှကြည့်ချင်သူတွေအတွက် ဇာတ်လမ်းတစ်ပုဒ်ကိုတင်ဆက်ပေးပါဦးမယ်
ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် ညီအစ်မနှစ်ယောက်က အမေမှာထားတဲ့စကားကိုနားမထောင်ရာကနေ ရေကန်ကနေ ရေသရဲ ပါလာပါတော့တယ်
တစ်နေ့တခြား အခြေအနေပိုဆိုးလာတဲ့ သမီးငယ်ကို သရဲဝင်ပူးရာကနေ ကာကွယ်နိုင်အောင်လုပ်ပေမဲ့အမေဖြစ်တဲ့သူကလည်း သူငယ်ပြန်တဲ့ရောဂါဖြစ်လာတဲ့အခါမှာ…
အကြီးမလေး ဂါယောင်းက အဲဒီပြဿနာကိုဘယ်လိုကိုင်တွယ်မလဲ..ရေသရဲလက်ထဲကနေ ဘယ်လိုလွတ်အောင်ပြေးမလဲဆိုတာ ကြည့်လိုက်ကြပါဦးနော်…
အညွှန်းနဲ့ ဘာသာပြန်ကတော့Joyzပဲ ဖြစ်ပါတယ်။...
The Last Descent (2016)
⭐IMDB: 5.5/10 (1 k Votes)
🎬 #Drama
🗓 2016 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 45 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Last Descent (2016)===================
ဒီကားလေးကတော့ 2009 ခုနှစ်တုန်းက အမေရိကန်နိုင်ငံ Utah ပြည်နယ်မှာရှိတဲ့ Nutty Putty ဆိုတဲ့ ဂူတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်ကြောင်းလေးကို အခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း –ဂျွန် နဲ့ သူ့မိသားစုတို့ အားလပ်ရက် မွေးရပ်မြေကို ပြန်တဲ့အချိန်မှာ Adventureထွက်ရတာကို သဘောကျတဲ့ ဂျွန် နဲ့ သူ့အကိုတို့ အစိုးရဘက်က အန္တရာယ်ရှိတယ်လို့ ယူဆပြီး 2 နှစ်ကြာပိတ်ထားခဲ့ပြီးမှ ပြန်ဖွင့်ပေးခဲ့တဲ့ Nutty Putty ဂူထဲကိုဝင်ပြီး စွန့်စားခန်းဖွင့်ဖို့ရာ ဖြစ်လာပါတော့တယ်။ အသွားမတော်တစ်လှမ်း အစားမတော်တစ်လုပ်ဆိုသလိုပဲ ဂျွန်နဲ့ သူ့အစ်ကိုတို့နှစ်ယောက်သား သွားရင်းသွားရင်းနဲ့မြေပုံထဲတောင်မပါပဲ ဂူရဲ့အနက်ဆုံးအပိုင်းထဲထိရောက်သွားပြီး ဂျွန်တစ်ယောက်လျှိုတစ်ခုထဲကို အမှတ်မထင်ဆင်းမိသွားရာကနေ အခန့်မသင့်ပဲ ဘယ်လိုမှ ပြန်မထွက်နိုင်ဖြစ်သွားပါတော့တယ်။
အတိုချုံးပြောရရင်တော့ သာမာန်ကယ်ဆယ်ရေးကားမျိုးဆိုပေမယ့် ဖြစ်ရပ်မှန်ကိုအခြေခံထားတာဖြစ်လို့ အတော်လေးစိတ်ဝင်စားဖို့ရော ဝမ်းနည်းဖို့ရော တော်တော်ကောင်းပါတယ်။ အဲတော့ ဂျွန်တစ်ယောက် ဂူထဲကနေ အသက်ရှင်လျှက်ပြန်ထွက်နိုင်ပါ့မလား ဂျွန်ကိုဘယ်လိုကယ်ထုတ်ဖို့ကြိုးစားကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thetti Tun ဖြစ်ပါတယ်)...
Stalked by My Stepsister (2023)
⭐IMDB: 6.4/10 (116 Votes)
🎬 #Drama #Thriller #TVMovie
🗓 2023 🎞 tv movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 27 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Stalked by My Stepsister (2023)=======================IMDb Rating – 6.4/10
ဒီတစ်ခါမှာတော့ CMပရိတ်သတ်ကြီးတို့ကို အသည်းတယားယား၊ရင်ထဲကလိကလိနဲ့ လောင်မြိုက်ကြည့်ရှုရမဲ့ ကားတစ်ကားကိုတင်ဆက်ပေးပါမယ်။ အပြင်ပန်းမှာ ပန်းနုသွေးအင်နိုးစန့်ပြီး နောက်ကွယ်မှာ ချောက်ချကြိုးကိုင်နေတဲ့ လင်ပါသမီးနဲ့ သူ့လှည့်ကွက်ထဲရောက်နေတဲ့မယားပါသမီးတို့ရဲ့ အားပြိုင်မှုလို့ပဲပြောရမပေါ့။
ဇာတ်လမ်းကတော့ဒီလိုပါ။ခန့်နဲ့ လော်ရာတို့လက်ထပ်လိုက်ကြတော့ သူတို့မှာ သမီးတစ်ယောက်စီပါလာတယ်။ ခန့်ရဲ့သမီးကဒက်ဗင်၊ လော်ရာ့သမီးက မက်ဒီ။ ခန့်နဲ့လော်ရာတို့က အခုကြိုက်အခုလက်ထပ်လုပ်လိုက်တော့ အဲဒီညီအစ်မလောင်းနှစ်ယောက်က အချင်းချင်းမသိခဲ့၊မတွေ့ဖူးကြဘူး။ တစ်ရက်ကျ ဒက်ဗင်က လန်ဒန်မှာကျောင်းတက်နေရာကနေပြန်လာပြီး အဲဒီ၄ယောက်လုံးတစ်အိမ်တည်းအတူနေဖို့ဖြစ်လာတယ်။
ဒက်ဗင်က အရမ်းချိုသာယဉ်ကျေးပြီး ပြီးပြည့်စုံတဲ့ညီမတစ်ယောက်ပုံစံဟန်ဆောင်နေပေမဲ့ သူအိမ်ရောက်လာကတည်းက အမေနဲ့သမီးကြားသွေးခွဲ၊ ကိစ္စတွေတစ်ခုပြီးတစ်ခု ဖြစ်လာပြီး အကုန်မက်ဒီ့အမှားအဖြစ်ပုံချခံရ၊ မက်ဒီ့ဘေးနားက ချစ်ရတဲ့သူတွေလည်း အန္တရာယ်ကျရောက်လာတဲ့အခါမှာတော့…။
မက်ဒီတစ်ယောက် ဒက်ဗင့်လှည့်ကွက်တွေကြားဘယ်လောက်ထိ ခံနေရပြီး ဘာတွေပေးဆပ်လိုက်ရမလဲ၊ သူဒက်ဗင့်လှည့်ကွက်ထဲကနေရုန်းထွက်နိုင်ပါ့မလား၊ နောက်ဆုံး မက်ဒီပဲဖော်ထုတ်နိုင်မလား၊ အရင်က ဒက်ဗင်ရှင်းပစ်ခဲ့တဲ့ သူ့အဖေရဲ့ဇနီးလောင်းတွေလိုပဲ မက်ဒီတို့သားအမိ အဆုံးသတ်သွားပြီး ဒက်ဗင်ပဲနိုင်သွားမလားဆိုတာ ကြည့်ရှုခံစားလိုက်ပါဦး။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)...
Virgo and the Sparklings (2023)
⭐IMDB: 5.8/10 (230 Votes)
🎬 #Action #Adventure #Comedy #Drama #Fantasy #Music #Romance #ScienceFiction #SciFi
🗓 2023 🎞 movie
🌎 #Indonesia
⏰ 1 နာရီ 47 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Virgo and The Sparkling (2023a)
ရီအာနီ ဆိုတဲ့ ကျောင်းသူလေးတစ်ယောက်က မွေးရာပါ မီးစွမ်းအားနဲ့မွေးဖွားလာသူတစ်ယောက်ပါသူကစိတ်လှုပ်ရှားလာတဲ့အခါ မီးပွားတွေ ထွက်လာတတ်ပြီး မီးတောက်တွေကိုပါ ဖြစ်လာစေတတ်လို့သူ့မိဘတွေက သူ့သမီးရဲ့သရုပ်မှန်ကို မပေါ်စေဖို့ ကျောင်းခဏခဏပြောင်းပေးကြရပါတယ်
သူမက တီးဝိုင်းတစ်ခုထောင်ပြီး အဆိုတော်ဖြစ်ချင်နေတဲ့ ဝါသနာအိုးလေးတစ်ယောက်လည်းဖြစ်တဲ့အပြင်သူမဟာ သံစဉ်တွေရဲ့အရောင်တွေကိုလည်း ခွဲခြားမြင်နိုင်ပါတယ်တစ်နေ့မှာတော့ လူငယ်တွေကိုပဲ ကူးစက်တတ်တဲ့ရောဂါပိုးတစ်ခုဟာ အွန်လိုင်းပေါ်က ဗွီဒီယိုတွေကနေတစ်ဆင့်ပျံ့နှံ့လာပါတော့တယ်ဗွီဒီယိုကိုကြည့်မိတဲ့လူငယ်တွေက ညို့ယူခံလိုက်ရပြီး သူတို့ရဲ့မိဘတွေကို စတင်တိုက်ခိုက်ကြပါတော့တယ်ဒီအခါမှာ ရီအာနီက သူ့မီးတောက်တွေက ညို့ယူခံရတဲ့သူတွေကိုသတိဝင်စေမှန်းသိပြီးတဲ့နောက်သူနဲ့သူ့သူငယ်ချင်းတွေက သူတို့အိပ်မက်တွေကို အကောင်အထည်ဖော်ရင်းလူတွေကို ဘယ်လိုအကူအညီပေးကြမလဲဆိုတာကြည့်လိုက်ကြရအောင်
အညွှန်းနဲ့ ဘာသာပြန်ကတော့Thae Thaeပဲ ဖြစ်ပါတယ်။...
Papa (2012)
⭐IMDB: 6.0/10 (162 Votes)
🎬 #Drama
🗓 2012 🎞 movie
🌎 #SouthKorea #UnitedStates
⏰ 1 နာရီ 57 မိနစ် 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
PAPA (2012)
ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ရှင်းချွန်းဆော့ဟာ အိုင်ဒေါလ်မန်နေဂျာအနေနဲ့တက်သစ်စ နာမည်ကြိးအဆိုတော်မလေးကို စင်တင်ပေးထားနိုင်သူ ဖြစ်ပါတယ်။ပြဿနာက ထိုအဆိုတော်မလေး ပျောက်ဆုံးသွားခြင်းပါပဲ။အဲ့လိုနဲ့ ကုမ္ပဏီငွေရှင်ရဲ့ မြေမြှုပ်မခံရဖို့အရေး လူရှာရင်း အမေရိကမှာ သောင်တင်နေပါတော့တယ်။အမေရိကမှာ နေထိုင်ခွင့်ရရှိဖို့ အိုမီယောင်းနဲ့ ဟန်ဆောင်လက်ထပ်လိုက်ပြီး ကလေး ၆ ယောက်အဖေရာထူး ရသွားတဲ့သူ။ကားမတော်တဆမှုနဲ့ အိုမီယောင်း သေဆုံးသွားတဲ့နောက်မှာအရွယ်စုံ ကလေး ၆ ယောက် အုပ်ထိန်းခွင့်ကို ယူရင်း၊ သူ့ရဲ့အိုင်ဒေါလ် ရှာပုံတော်ကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။
အညွှန်းနဲ့ ဘာသာပြန်ကတော့Su Myatပဲ ဖြစ်ပါတယ်။...
The Tiger Brigades (2006)
⭐TMDB: 57.0% User Score
🎬 #Action #Adventure #Crime
🗓 2006 🎞 movie
🌎 #France
⏰ 2 နာရီ 8 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Tiger Brigades (2006)====================IMDb Rating – 5.8/10
The Tiger Brigades ဟာ ၁၉၇၀-၈၀ ဝန်းကျင်မှာ အောင်မြင်ခဲ့တဲ့ ပြင်သစ်ဇာတ်လမ်းတွဲ Tiger Brigades ကိုအခြေခံထားတာပဲဖြစ်ပါတယ်။ ၁၉၀၇ပြင်သစ်မှာရာဇဝတ်မှုတွေအလွန်အမင်းတိုးပွားလာချိန်မှာ ဝန်းကြီးချုပ်ကလေမန်ဆောက ရာဇဝတ်မှုတိုက်ဖျက်ရေးအတွက် အထူးတပ်ဖွဲ့တွေကိုဖွဲ့စည်းခဲ့ပါတယ်။ အဲ့ဒီအဖွဲ့တွေကိုနောက်ပိုင်းမှာ ကလေမန်ဆောရဲ့နာမည်ပြောင်ကိုအစွဲပြုပြီး ကျားတပ်ဖွဲ့လို့အများပြည်သူကသိလာကြပါတယ်။
ဖြစ်ရပ်မှန်မဟုတ်ပေမယ့် သမိုင်းမှာတကယ်ရှိခဲ့တဲ့ပုဂ္ဂိုလ်တွေ၊အထင်ကရဖြစ်ရပ်တွေကို စိတ်ကူးယဉ်နဲ့ရောမွှေဖန်တီးထားတာပါပဲ။ဒီဇာတ်ကားမှာတော့အထူးတပ်ဖွဲ့ဝင်တွေဟာ သာမန်လုယက်မှုတစ်ခုကို လိုက်မိရာကနေ သပွတ်အူထက်ရှုပ်ထွေးတဲ့၊နိုင်ငံရေးထိပ်သီးပုဂ္ဂိုလ်ကြီးတွေ၊ သြဇာကြီးတွေ ပါဝင်ပတ်သက်နေတဲ့အမှုတစ်ခုကို အစဆွဲထုတ်မိတာကိုတွေ့မြင်ရမှာပါ။မြင်နေကျအမေရိကန်အထူးတပ်ဖွဲ့ကားတွေလို ကိရိယာအဆန်းတွေ၊ဇာတ်လိုက်တွေရဲ့သူမတူအောင်စွမ်းဆောင်ပုံတွေကိုမြင်တွေ့ရမှာမဟုတ်ပဲ သာမန်လူတွေလိုသွားလာလှုပ်ရှား စကားပြော ကောက်ချက်ဆွဲကြတဲ့ သဘာဝကျကျလူသားဆန်ဆန်ရဲစုံထောက်တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Alias ဖြစ်ပါတယ်)...
Mondays: See You 'This' Week! (2022)
⭐IMDB: 6.7/10 (278 Votes)
🎬 #Comedy #ScienceFiction
🗓 2022 🎞 movie
🌎 #Japan
⏰ 1 နာရီ 23 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mondays [2022] (IMDb 6.7/10)
ယိုရှီကာဝါ တစ်ယောက် ခါတိုင်းလိုပဲ ညဉ့်နက်တဲ့အထိ အချိန်ပိုဆင်းခဲ့ရလို့ ရုံးမှာပဲ ပြန်နိုးထလာရပါတယ်…ရှေ့ရက်များနည်းတူ အလုပ်တွေလုပ် ပုံမှန်အတိုင်း ဖြတ်သန်းနေချိန်မှာ သူ့ရဲ့ ဂျူနီယာဖြစ်သူ အန်ဒိုနဲ့ ဆယ်ကိုဆန်ကသူ့ကို သူတို့အားလုံး အချိန်စက်ဝိုင်းထဲ ပိတ်မိနေကြောင်း ပြောပြလာပါတော့တယ်…ဂျပန်က လူတွေဟာ အလုပ်မှ အလုပ်၊ အလုပ်ပြီးရင် အလုပ်ပဲ လုပ်နေတာကြောင့်အခုလိုမျိုး ခံစားရတာဟာ မထူးဆန်းကြောင်း တုံ့ပြန်ခဲ့ပေမယ့်ဂျူနီယာနှစ်ယောက်ဟာ ဖြစ်လာမယ့် ကိစ္စမှန်သမျှကို ကြိုသိနေကြတာမို့ ယိုရှီကာဝါလည်း လက်မခံချင်ဘဲ လက်ခံလိုက်ရပါတော့တယ်…ဒီ အချိန်စက်ဝိုင်းထဲက ရုန်းထွက်နိုင်ဖို့ အဖြေရှာကြတဲ့အခါ သူတို့ဌာနမှူးရဲ့ ကျောက်လက်ပတ်ကြောင့်လို့ သူတို့ သိရှိသွားကြပြီးဒီလက်ကောက်ကို ပိုင်ရှင်ဖြစ်သူကိုယ်တိုင် ဖျက်ဆီးဖို့ လိုတာမို့ အရေးကြီးတဲ့ အထက်ကလူတွေ တစ်ဦးချင်းဆီကိုတစ်ဆင့်ချင်းစီ အချိန်စက်ဝန်းထဲ ပိတ်မိနေကြောင်း ပြောပြနိုင်ဖို့ ကြိုးစားရပါတော့တယ်…
ဇာတ်လမ်းက အချိန်စက်ဝန်းထဲ ပိတ်မိနေတာကို ရုန်းထွက်နိုင်ဖို့ ကြိုးစားကြတဲ့အကြောင်း ရိုက်ပြထားတာမို့တစ်ကျော့ပြီး တစ်ကျော့ပြန်လည်နေတဲ့ အဖြစ်ကို စိတ်ရှည်ရှည်နဲ့ ကြည့်ဖို့တော့ လိုပါတယ်၊ဇာတ်လမ်းဟာ စိတ်ဝင်စားစရာလည်း ကောင်းလှပါတယ်…အဆုံးသတ်မှာ သူတို့ လွတ်မြောက်သွားမှာလား…အချိန်လည်နေတာကရော ဘယ်သူထိန်းချုပ်ထားတာလဲ ဘာကြောင့်လဲ…ဒီအဖြေတွေကို ပရိတ်သက်ကြီးတို့ကိုယ်တိုင် ကြည့်ရှုရင်း ရှာဖွေလိုက်ကြပါဦးခဗျာ
အညွှန်းနဲ့ ဘာသာပြန်ကတော့Tun Aung Kyawပဲ ဖြစ်ပါတယ်။...
Mine Games (2012)
⭐IMDB: 5.3/10 (4 k Votes)
🎬 #Horror #Mystery #Thriller
🗓 2012 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 34 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mine Games (2012)===============
ဒီဇာတ်လမ်းမှာ သူငယ်ချင်းအဖွဲ့တွေ ခရီးသွားရင်း တောထဲကစံအိမ်ကြီးတစ်လုံးကိုတွေ့ခဲ့တယ်။အဲဒီအိမ်ကြီးမှာ တည်းရင်းကနောက်တော့ စွန့်ပစ်ထားတဲ့မိုင်းတွင်းတစ်ခုကိုတွေ့ပြီး အထဲဝင်ကြည့်လိုက်ကြတယ်။ မသင်္ကါစရာတွေပြည့်နေတဲ့ သူတို့နေရာမှာ မိုင်းတွင်းကြီးကို ရှာတွေ့ပြီးတဲ့နောက် ဘယ်လိုစိတ်ချောက်ချားစရာတွေ ကြုံရမလဲဆိုတာကို ဒီဇာတ်လမ်းမှာ Mystery ဆန်ဆန် ကြည့်ရှုရမှာဖြစ်ပါတယ်။ Horrorကိုမှ plotကောင်းတွေနဲ့စိတ်ဝင်စားစရာ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)...
3 Idiot Heroes (2023)
⭐TMDB: 70.0% User Score
🎬 #Comedy #Drama
🗓 2023 🎞 movie
🌎 #Thailand
⏰ 1 နာရီ 30 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
3 Idiot Heroes (2023)================
ဇာတ်လမ်းနာမည်အတိုင်းပဲ “အရူးဟီးရိုး ၃ ယောက်” ရဲ့အလွဲတွေကို အသားကုန်ခွီရမယ့် ဟာသကားသစ်လေးပါ။
တောပုန်းဓားပြတွေသောင်းကျန်းတဲ့ခေတ်မှာ ရွာသူရွာသားတွေခမျာ ခက်ခက်ခဲခဲရှင်သန်နေထိုင်ကြရတာပေါ့။အဲဒီလိုတောပုန်းဓားပြရန်ကိုခံရတဲ့အထဲ “လဘျူ” ရွာလည်း အပါအဝင်ပါပဲ။တစ်နေ့ လဘျူရွာသူရွာသားတွေပိုင်တဲ့ မျိုးစေ့တွေကို တောပုန်းဓားပြညီနောင်တို့အဖွဲ့က ဓားပြလာတိုက်ကြရာကနေရုန်းရင်းဆန်ခတ်တွေဖြစ်ပြီး ဓားပြခေါင်းဆောင်ရဲ့ညီဖြစ်သူသေသွားပါလေရော။အဲဒီလိုနဲ့ ဓားပြတွေကလဲ့စားပြန်ချေမှာကိုကြောက်သွားကြတဲ့ လဘျူရွာသားတွေထဲကမှထွက်မပြေးဘဲ ဓားပြတွေနဲ့ရင်ဆိုင်မယ်ဆိုတဲ့ သူရဲကောင်းသူငယ်ချင်း ၃ ယောက်ပေါ်ထွက်လာပါတော့တယ်။
🔫 ကိုင်ဓားပြတွေနဲ့ယှဉ်တိုက်ဖို့ဖြစ်လာပြီမို့ 🔫 ဝယ်ဖို့ ၃ ယောက်သား“ဒုံဖယာယင်” ကိုအသွားလမ်းတစ်လျှောက်ကြုံရမယ့်အလွဲတွေကိုခွီနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။
အညွှန်းကိုတော့Shin Shinက ရေထားပေးပြိးတော့ဘာသာပြန်ထားတာကတော့Laii, Mary, Shin, Caliတို့ပဲ ဖြစ်ပါတယ်။...
Backpackers (2022)
⭐IMDB: 5.8/10 (3 k Votes)
🎬 #Comedy #Romance
🗓 2022 🎞 movie
🌎 #Spain #Peru
⏰ 1 နာရီ 36 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
စိတ်အပန်းဖြေစရာ ပီရူးနိုင်ငံက ရှုခင်းတွေကို တစ်ဝကြီးကြည့်ရမယ့်
အချစ်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါမယ်။ စပိန်နိုင်ငံက ထိပ်တန်း
ဗိသုကာပညာရှင်တစ်ယောက်နဲ့ ဘာကိုမှ အနှောင်အဖွဲ့မထားဘဲ
ခရီးတွေပဲသွားနေတဲ့ ပီရူးနိုင်ငံသူလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ။
စပိန်ဗိသုကာပညာရှင် Salvadorဟာ ဖခင်ပိုင်ကုမ္ပဏီမှာ အလုပ်ဝင်လုပ်နေရင်း
ကြယ်၇ပွင့်ဟိုတယ်တည်ဆောက်ဖို့ စီမံကိန်းနဲ့ ပီရူးနိုင်ငံကို ရောက်ရှိလာပါတယ်။
တစ်ဖက်မှာလည်း ပီရူးရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို ချစ်မြတ်နိုးပြီး
နှောင်ကြိုးတွေမတွယ်ဘဲ ခြေသလုံးအိမ်တိုင်နေသူလေး Arianaဟာ အဒေါ်
ဖြစ်သူရဲ့တည်းခိုခန်းမှာ ခဏတာအလုပ်ဝင်လုပ်နေပါတယ်။ ဘဝအခြေအနေ
ကွာခြားလှတဲ့လူနှစ်ယောက်ဟာ ကံကြမ္မာရဲ့ဖန်တီးမှုကြောင့် ဆုံစည်းကြတာပေါ့။
Salvadorဟာ ဟိုတည်ဆောက်ဖို့ Arianaတို့ ငယ်ဘဝအမှတ်တရတွေရှိနေတဲ့
တည်းခိုခန်းနေရာကိုပါ ဝယ်ယူချင်နေတော့ နဂိုက တစ်ယောက်နဲ့တစ်ယောက်
အကြည်စိုက်နေကြပေမဲ့ ရန်သူတွေဖြစ်သွားကြပြန်ပါတယ်။ Arianaအနေနဲ့
သဘောမကျလှပေမဲ့ ကိုယ့်တည်းခိုခန်းကိုလာတဲ့ ဧည့်သည်ဖြစ်နေတော့
မချစ်သော်လည်း အောင့်ကာနမ်းဆိုသလို Salvadorကို အလည်အပတ်တွေလိုက်
ပို့ရပါတယ်။ ရန်တကျက်ကျက်ဖြစ်ရင် ဘယ်လိုချစ်သွားကြမလဲ ဟိုတည်ဆောက်ဖို့
ကိစ္စကရော ဘာဆက်ဖြစ်မလဲဆိုတာ ပီရူးနိုင်ငံကို tourတစ်ခေါက်လိုက်ပါရသလို
ခံစားကြည့်လိုက်ပါဦးနော်။...
Operation Condor (1991)
⭐TMDB: 74.0% User Score
🎬 #Action #Adventure #Asian #JackieChan #Crime #Thriller
🗓 1991 🎞 movie
🌎 #HongKong
⏰ 1 နာရီ 47 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Amour of God II ကတော့ 1991 ခုနှစ်မှာ ထွက်ခဲ့ပါတယ်
ဒီတစ်ခါတော့ ဂျက်ကီတစ်ယောက် အပန်းဖြေနေရာကနေ တာဝန်နဲ့ ပြန်ခေါ်ခံရပါတယ်
အာဖရိကသဲကန္တာရထဲမှာ ဂျာမနီစစ်တပ်တွေ ဒုတိယကမ္ဘာစစ်တုန်းက မြှုပ်ထားခဲ့တဲ့ ရွှေတွေကို သွားရောက် တူးဖော်ဖို့ပါ
သူနဲ့အတူ ကန္တာရပညာရှင်မလေးတစ်ယောက်ကို အဖော်ထည့်ပေးလိုက်ပါတယ်
နောက်တစ်ယောက်ကတော့ ရွှေတွေကို တာဝန်ယူမြှုပ်ခဲ့တဲ့ စစ်လက်ထောက်ကြီးရဲ့ မြေးဖြစ်သူ မိန်းကလေးကလည်း
သူ့အဘိုး ဘဝခရီးဘယ်လိုအဆုံးသတ်ခဲ့သလဲဆိုတာကို အတည်ပြုဖို့အတွက် သူ့ဆန္ဒအလျောက် ရွှေတူးဖော်မယ့်ခရီးကို လိုက်ခဲ့ပါတယ်
မိန်းကလေး ၂ ယောက်ရဲ့ အချင်းချင်း မတည့်တာလေးတွေ ဘုနဲ့ ဘောက်ဖြစ်ကြတာလေးတွေကို
ဟာသလေး နှောပြီး ချစ်စရာကောင်းအောင် ရိုက်ကူးပြထားပါတယ်
ဒါ့အပြင် အာဖရိကဘက်ကို ကျွမ်းကျင်တဲ့ ကောင်မလေးတစ်ယောက်နဲ့လည်း လမ်းမှာဆုံရာက အတူ ခရီးဆက်ဖြစ်ကြပါတယ်
မချော ၃ ယောက် ဂျက်ကီတစ်ယောက် အခက်အခဲတွေကို ရင်ဆိုင်ပြီး ရွှေတွေရှိတဲ့နေရာကို ရောက်သွားချိန်မှာတော့
ဘာတွေ ဆက်ဖြစ်ကြမလဲ ရွှေတွေကို ယူခဲ့နိုင်မလားဆိုတာတော့ ဆက်လက်ကြည့်ရှုကြပါ
အက်ရှင်ကားကောင်းလေး ဖြစ်တဲ့အပြင် ဂျက်ကီချမ်းရဲ့ ထုံးစံအတိုင်း ဟာသလေးတွေထည့်ပြီး တင်ဆက်ထားလို့
မပျင်းရတဲ့ ဇာတ်ကားကောင်းလေးပါလို့ ညွှန်းပေးပါရစေ...
Armour of God (1986)
⭐TMDB: 70.0% User Score
🎬 #Action #Adventure #Asian #JackieChan #Comedy
🗓 1986 🎞 movie
🌎 #HongKong
⏰ 1 နာရီ 39 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အခုတစ်ခါတော့ အဟောင်းထဲက အကောင်းလေး တစ်ခုဖြစ်တဲ့ ဂျက်ကီချန်းရဲ့ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါပြီ
1986 ခုနှစ်မှာ ထွက်ခဲ့တဲ့ Armour of God ပထမဆုံးဇာတ်ကားလေးပါ
ဇာတ်လမ်းအကျဉ်းလေးနဲ့ အနည်းငယ် မိတ်ဆက်ပေးချင်ပါတယ်
ခရစ်တော်မပေါ်မီ တစ်ချိန်က မကောင်းဆိုးဝါးဂိုဏ်းတွေ လောကကြီးကို ကြီးစိုးဖို့ ကြိုးစားကြပါတယ်
သူရဲကောင်းတွေက ဒီလိုမကောင်းဆိုးဝါးတွေကို တိုက်ပွဲဆင်နွှဲပြီး နောက်ဆုံးမှာ အနိုင်ယူခဲ့ပါတယ်
အဲလိုတိုက်ပွဲမှာ သုံးခဲ့တဲ့ ဓားကို နတ်ဓားလို့ ခေါ်ဝေါ်ကြပါတယ်
ကမ္ဘာပေါ်မှာ နတ်ဓားစုစုပေါင်း ၅ ချောင်း ရှိနေပါတယ်
ဂျက်ကီချန်းက ၃ ချောင်းကို ရှာဖွေတွေ့ရှိပြီး ရောင်းစားထားပါတယ်
အဲအချိန်မှာမကောင်းဆိုးဝါးဂိုဏ်းတစ်ခု ပေါ်ပေါက်နေပါတယ်
ဒီဓားတွေကို အရယူပြီး ဖျက်စီးလိုက်နိုင်ရင် သူတို့ဘာသာသာသနာဟာ တည်တံ့ခိုင်မြဲပြီး သာယာဝပြောလိမ့်မယ်လို့ ယုံကြည်နေကြပါတယ်
ဒါကြောင့် နတ်ဓားတွေကို ရအောင်ယူနိုင်မယ့် ဂျက်ကီချန်းကို ပိုက်ဆံမပေးဘဲ ခိုင်းနိုင်ဖို့ရာ ဂျက်ကီ့ရဲ့ ငယ်ချစ်ဟောင်း လော်ရာကို ပြန်ပေးဆွဲကြပါတယ်
ဂျက်ကီ့သူငယ်ချင်း အယ်လန်ဟာ လော်ရာ့အချစ်ကို ပိုင်ဆိုင်ထားပေမဲ့ ဒီကိစ္စမျိုးမှာတော့ ဂျက်ကီ့အကူအညီ လိုလာပါတော့တယ်
ဂျက်ကီဟာ သူ့သူငယ်ချင်း ဒုက္ခရောက်မယ့်အရေးကို မျက်ကွယ်မပြုနိုင်တာကြောင့်
ရောင်းပြီးသား နတ်ဓား ၃ ချောင်းကို ပြန်ရအောင် ယူပေးရပါတော့တယ်
သူတို့ လော်ရာ့ကို ကယ်ဖို့ ဘယ်လိုကြိုးစားကြလဲဆိုတာကို
ဂျက်ကီချန်းရဲ့ ထုံးစံအတိုင်း ဟာသလေးတွေ ရိုက်ပြထားလို့
ခပ်သွက်သွက်ကွန်ဖူးကားကောင်းတစ်ကားကို ကြည့်ရှုရမှာ ဖြစ်ပါတယ်
ဒီဇာတ်ကားရဲ့ အဆက် Armour of God II: Operation Condor (1991) ကိုလဲ တင်ဆက်ပေးထားပါတယ်...
Allure (2017)
⭐IMDB: 5.1/10 (2 k Votes)
🎬 #Drama #Romance #Thriller
🗓 2017 🎞 movie
🌎 #Canada
⏰ 1 နာရီ 46 မိနစ် 8 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Allure (2017)==========
လော်ရာက သူ့အဖေရဲ့သန့်ရှင်းရေးကုမ္ပဏီမှာ အလုပ်လုပ်နေပေမဲ့သူ့ဘဝကတော့ အစွန်းမရှိ သန့်ရှင်းမနေပါဘူး။ တစ်နေ့မှာ လော်ရာသန့်ရှင်းရေးလုပ်ပေးရတဲ့အိမ်က စည်းကမ်းတင်းကြပ်မှုကြောင့်သူ့အိမ်ကိုမုန်းနေတဲ့ ဆယ်ကျော်သက်ကောင်မလေး အယ်ဗာနဲ့တွေ့ခဲ့တယ်။ လော်ရာက အယ်ဗာရဲ့ ဖြူဝင်ရိုးသားမှုကို တွေ့ခဲ့သလိုအယ်ဗာကလည်း လော်ရာရဲ့ ပုန်ကန်တတ်တဲ့ရင်ဖိုစရာစရိုက်ကိုမြင်ပြီးအချင်းချင်း စိတ်ဝင်စားခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီသဘောကျမှုတွေကစွဲလမ်းမှုတွေအဖြစ်ပြောင်းသွားပြီး ဘယ်လိုပြဿနာတွေ ကြုံလာရမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)...
Only You (1994)
⭐TMDB: 68.0% User Score
🎬 #Comedy #Romance
🗓 1994 🎞 movie
🌎 #UnitedStates #Italy #UnitedStatesofAmerica
⏰ 1 နာရီ 48 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မင်းသားကြီး Robert Downey Junior နဲ့ အန်တီမေတို့
ဇာတ်ကားလေးဖြစ်တာကြောင့် Marvel universeမှာ ဆုံစေချင်လျက်
မဆုံလိုက်ရတဲ့ ပရိတ်သတ်များအတွက် စိတ်ကျေနပ်စေမှာပါ။
Spidermanကားတွေထဲမှာတောင် သိပ်လှနေတဲ့အန်တီမေ
ငယ်ငယ်ရွယ်ရွယ် ဖလန်းဖလန်းအချိန်မှာ ဘယ်လောက်တောင်
လှမလဲတွေးကြည့်ရုံတင်မဟုတ် မျက်မြင်ပါကြည့်လို့ပါပြီ။
ဇာတ်ကြောင်းကတော့ Faithဟာ ငယ်ငယ်က နာမည်ဖော်ရတဲ့
Ouija boardနဲ့ ဗေဒင်ဆရာမဟောပြောချက်ကြောင့် Damon Bradley
နာမည်နဲ့လူဟာ သူ့ဖူးစာရှင်ဖြစ်တယ်ဆိုပြီး ဒီနာမည်ကို တစ်သက်လုံး
စောင့်လာပါတယ်။ သူလက်ထပ်ခါနီးအချိန်မှာတင် ဒီနာမည်နဲ့လူကို ရှာဖို့
အီတလီကိုလိုက်သွားပါတယ်။ အီတလီမှာ သူဖူးစာရှင်ကို ရှာတွေ့ပါ့မလား၊
ဒီနာမည်နဲ့လူကရော သူ့ဖူးစာရှင်အစစ်ဖြစ်ပါ့မလား၊ မင်းသားကြီး
Robert Downey Junior နဲ့ရော ဘယ်လိုဆက်စပ်နေမလဲဆိုတာ
ရင်ခုန်စွာ ကြည့်လိုက်ကြရအောင်ဗျာ။...
Bad Blood (2023)
⭐TMDB: 80.0% User Score
🎬 #Action #Comedy #Drama #Family
🗓 2023 🎞 movie
🌎 #Vietnam
⏰ 1 နာရီ 38 မိနစ် 8 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါတော့ ဗီယက်နမ်အက်ရှင်ဇာတ်ကားကောင်းတစ်ကားကိုကြည့်ရဦးမှာပါ….။
ဗီယက်နမ်မင်းသား Kieu Minh Tuanဟာ အက်ရှင်ကားတွေရိုက်နေကျ
မင်းသားမို့ မာန်ပါပါအက်ရှင်ခန်းတွေမြင်တွေ့ရဦးမှာပါ…။
ဇာတ်လမ်းအကျဥ်းလေးကတော့ လမ်ဟာ နာမည်ကျော်လူဆိုးတစ်ယောက်ဖြစ်ပြီး
သူ့ရဲ့မိသားစုတစ်စုလုံး ပြိုင်ဘက်မာဖီးယားဂိုဏ်းကသတ်ဖြတ်တာကိုခံလိုက်ရတာပါ….။
မိသားစုအတွက် ဒေါသပုန်ထနေတဲ့ လမ်ဟာ ပြိုင်ဘက်ဂိုဏ်းတစ်ခုလုံးကို
အများနဲ့တစ်ယောက် တိုက်ခိုက်သတ်ဖြတ်ချေမှုန်းခဲ့ပြီး အာဏာပိုင်တွေ
လက်ကလွတ်အောင်ထွက်ပြေးခဲ့ရပါတယ်…
အဲ့ဒီနောက်မှာတော့ ရာဇဝတ်မှုတွေက အနားယူပြီး အေးအေးလူလူဇာတ်မြှုပ်နေဖို့
သာစိတ်ကူးခဲ့ပါတော့တယ်….
ဘာလို့ဆို သူပိုပြီးသတ်ဖြတ်လေလေ သူ့ဘေးက ချစ်ရတဲ့လူတွေ ပိုပြီးသေဆုံးလေလေမလို့ပါ…။
ဒီလိုနဲ့ လမ်ဟာ လူမိုက်ကြီးဘဝကနေအနားယူကာ တောက်တိုမယ်ရ
အလုပ်ကြမ်းသမားဘဝကိုကူးပြောင်းခဲ့ပြီး…
လူမသိသူမသိကျုးရပ်ကွက်လေးမှာပဲ ဇနီးအသစ်လေးရယ်၊ သမီးလေးရယ်နဲ့
ဘဝအသစ်ကို ခြစ်ခြစ်ကုတ်ကုတ်သာနေထိုင်ခဲ့ရှာပါတယ်…
ဒါပေမဲ့ ကံကြမ္မာက သူ့ကိုမျက်နှာသာမပေးခဲ့ပါဘူး…။
ဘဝကိုဒီလိုဇာတ်မြှုပ်နေခဲ့ရင်းက သူသိပ်ချစ်ရတဲ့သမီးလေးကို လူဆိုးဂိုဏ်းတစ်ခုက
ဖမ်းခေါ်သွားတဲ့အခါမှာတော့…
လူမိုက်ဟောင်းကြီးတစ်ယောက်ရဲ့ သမီးပျောက်ရှာပုံတော်ဇာတ်လမ်းလေးကို
အက်ရှင်ခန်းတွေ၊ဒရမ်မာခန်းတွေနဲ့မြင်တွေ့ရမယ့်ကားလေးပါပဲ...
Trading Places (1983)
⭐TMDB: 72.0% User Score
🎬 #Comedy
🗓 1983 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 56 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Trading Places (1983)
~ IMDb – 7.5/10, RT – 88%, Meta – 69% ~
ကျွန်တော်တို့ရဲ့ ဟာသမင်းသားကြီး အက်ဒီ မာဖီ ရဲ့ ဇာတ်ကားတစ်ကားကို တင်ဆက်လိုက်ချင်ပါတယ်။ နှယ်နှယ်ရရဇာတ်ကားတော့ မဟုတ်ပါဘူး။ ကုန်သွယ်မှု မသမာတိုက်ဖျက်ရေးမှာ အရေးတကြီးအဆိုတင်သွင်းတော့ ဒီဇာတ်ကားကို မှီငြမ်းပြုခဲ့တာပါ။
ဒီဇာတ်လမ်းကို မကြည့်ခင်မှာTrading Placesလို့ခေါ်တဲ့ ကြိုပွိုင့်ရောင်းဝယ်ရေးကို အရင်နားလည်ထားရင် ပိုကောင်းမယ်ထင်ပါတယ်။ ကျွန်တော်နားလည်သလောက် ရှင်းပြပါရစေ။ စီးပွားရေးပညာရှင်မဟုတ်လို့ လွဲမှားတာတွေ ပါနိုင်ပေမဲ့ တီးမိခေါက်မိဖြစ်သွားရင် ဇာတ်ကားကို ပိုသဘောပေါက်နိုင်ပါတယ်။
ကုန်ပစ္စည်းတွေကို တကယ်တမ်း အရောင်းအဝယ်မလုပ်ခင်မှာ ကြိုပွိုင့်အနေနဲ့ အရင်ရောင်းဝယ်ကြပါတယ်။ ဂျုံရောင်းဝယ်ရေးအတွက်ဆိုရင် ဂျုံတွေကို မစိုက်ရသေးခင်မှာပဲ အရောင်းအဝယ်ကတော့ ဖြစ်နေပါပြီ။ ဈေးလည်း သတ်မှတ်ပြီးသားပါ။ ကျွန်တော်တို့နိုင်ငံလို ငွေဈေးမတည်ငြိမ်ရင်တော့ ခွေးဖြစ်မယ့်ကိန်းပေါ့လေ။ ဒါပေမဲ့ သူတို့ဆီမှာတော့ အလုပ်ဖြစ်တယ်ဗျ။ ဂျုံရောင်းရေး ဂျုံဝယ်ရေး စာချုပ်တွေက ဈေးကွက်စချိန်မှာပဲ ရောင်းဝယ်ပြီးကြပါပြီ။ ကိုင်ထားတာကတော့ ပွဲစားတွေပေါ့။ သူတို့ဆီကနေမှ တကယ့် ကုန်သည်တွေ လယ်သမားတွေက စာချုပ်တွေမှာပြီး ကုန်ပစ္စည်းနဲ့တကွ ရောင်းဝယ်ရတာပါ။ ဒီတော့ ရောင်းသူဖြစ်ဖြစ် ဝယ်သူဖြစ်ဖြစ် မြတ်စွန်းအောင် ပွဲခံပေးနိုင်တဲ့ ပွဲစားတွေက လူကြိုက်များ အလုပ်ဖြစ်တာပေါ့လေ။
ဒီဇာတ်ကားကို ရိုက်ကူးမယ်လုပ်တုန်းက အခြားသရုပ်ဆောင်တွေကို မှန်းထားကြတာ။ ဒါပေမဲ့ Dan Aykroyd ရယ် Eddie Murphy ရယ် ဝင်လိုက်ရတယ်ပေါ့။ ကျွန်တော်တို့ မာဖီ ကြီးက အဲဒီတုန်းက အကောင်မဖြစ်သေးဘူး။ သူ့ရဲ့ အောင်မြင်ခဲ့တဲ့ကားတွေထဲက ဒုတိယကားပဲရှိသေးတယ်။ ပြီးတော့ ဒုတိယမင်းသားအနေနဲ့ ပါဝင်ရတာ။ ဒါပေမဲ့ မင်းသားနေရာပေးပုံကတော့ ဇာတ်လမ်းအရ ဇာတ်ကွက်အရ အတူတူပါပဲ။ နှစ်ယောက်လုံး လုပ်ကွက်ရကြတယ်။ ဟာသပိုင်းကိုတော့ မာဖီကြီးပဲ သယ်ရတာပါလေ။
ဒီဇာတ်ကားက ဟာသဆိုတာထက် သရော်တဲ့ဇာတ်ကားပါ။ အရင်းရှင်စနစ်ရဲ့ လက်ဝါးကြီးအုပ်မှုတွေကြားမှာ မလူးသာရတဲ့ကြားထဲ ဩဇာရှိ ပွဲစားကြီးတွေရဲ့ မသမာလုပ်မှုကြားမှာ ချမ်းသာပြီးသားသူတွေပဲ ချမ်းသာရတဲ့အကြောင်း ပညာပေးရိုက်ပြထားသလိုပါပဲ။ ဇာတ်ကားက ကြည့်သူရော ဝေဖန်သူရော အကြိုက်တွေ့ခဲ့ပြီး အမြတ်အစွန်းကြီးတဲ့ဇာတ်ကားတွေထဲလည်း ပါခဲ့ပါတယ်။
ဇာတ်လမ်းကတော့ ပွဲစားညီနောင်နှစ်ယောက်က သူတို့အချင်းချင်း အပျော်သဘော လောင်းကစားလုပ်ကြတယ်။ သူတို့ငြင်းခုန်နေတာက လူတစ်ယောက် ကောင်းစားရေးဟာ မျိုးရိုးဗီဇနဲ့ဆိုင်သတဲ့။ ပြိုင်မြင်းတွေလိုပဲ မွေးကတည်းက အပြေးမြန်နေတဲ့ကောင်မျိုးတွေပေါ့။ တစ်ယောက်ကတော့ မျိူးရိုးဗီဇနဲ့မဆိုင် ပတ်ဝန်းကျင်နဲ့ဆိုင်သတဲ့။
ဒီတော့ သူတို့လုပ်ငန်းက မန်နေးဂျင်း ဒါရိုက်တာတစ်ယောက်ကို လမ်းဘေးမှာ လိမ်ညာတောင်းစားနေတဲ့ သတောင်းစားတစ်ယောက်နဲ့ နေရာချင်းလဲပစ်လိုက်ပါလေရော။ မျိုးရိုးကောင်းတဲ့ မန်နေဂျာကောင်ကို လမ်းဘေးပို့လိုက်လို့ ရာဇဝတ်ကောင်ဖြစ်သွားရင်၊ သူတောင်းစား ကုမ္ပဏီထဲရောက်လာပြီး လုပ်ငန်းတွေ လည်ပတ်နေနိုင်ရင် ပတ်ဝန်းကျင်သမားက နိုင်မယ်ပေါ့လေ။
ဒီလိုနဲ့ မန်နေဂျာမင်းသားနဲ့ သူတောင်းစားမင်းသားတို့ နေ့ချင်းညချင်း ဘဝတွေပြောင်းပြန်ဖြစ်ကုန်ပြီး ပရမ်းပတာတွေဖြစ်လာတဲ့အခါ…
(ဒီဇာတ်ကားနဲ့အညွှန်းကိုArr Khun Winchesterမှ ပြန်ဆို ရေးသားထားပါတယ်)...
Twin Dragons (1992)
⭐TMDB: 68.0% User Score
🎬 #Action #Adventure #Asian #Comedy #JackieChan
🗓 1992 🎞 movie
🌎 #HongKong #HongKong
⏰ 1 နာရီ 45 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဂျက်ကီရဲ့အကောင်းဆုံးဇတ်ကားတွေထဲကတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်
ပရိတ်သတ်တွေရင်းနှီးပြီးသားဇတ်ကားလေးတစ်ကားပါပဲ ငယ်စဉ်ကတည်းက ကွဲကွာသွားခဲ့ကြတဲ့အမွှာညီအစ်ကိုနှစ်ယောက် တစ်ဦးကဂီတပညာရှင်ကြီး ကျန်တစ်ဦးကခပ်ဆိုးဆိုးဖိုက်တာလေးညီအစ်ကိုနှစ်ယောက် မတော်တဆပြန်ဆုံတွေ့မိကြပြီးတိုင်ပတ်ကြပုံအရူပ်တော် ပုံတွေကိုဟာသဆန်ဆန်မြင်တွေ့ကြရမှာပါ
ဂျက်ကီရဲ့နှစ်ကိုယ်ခွဲအိုင်တင်အက်ရှင်အကြမ်းအရမ်းတွေကိုလည်းမြင်တွေ့ရမှာပါ ပြန်ကြည့်ချင်ပြီးသိမ်းထားချင်သူ တွေအတွက်ပြန်လည်တင်ဆက် ပေးလိုက်ပါတယ်...
The Phantom Lover (1995)
⭐TMDB: 56.0% User Score
🎬 #Drama #Music #Romance
🗓 1995 🎞 movie
🌎 #HongKong #Singapore #HongKong
⏰ 1 နာရီ 40 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Phantom Lover (1995)
~ IMDb – 6.6/10, Rotten Tomatoes – 60% ~
လတ်စလီချောင်ရဲ့ သမိုင်းတစ်လျှောက်က အရမ်းမခမ်းနားရင်တောင် လတ်စလီချောင်ကားမို့ အလိုလိုခမ်းနားသွားတဲ့ ရုပ်ရှင်တွေထဲကတစ်ကားပေါ့။ ဒါပေမဲ့ The Phantom Lover က တကယ်ဆို တော်တော်ခမ်းနားတဲ့ ကလပ်စစ်ကားဖြစ်သွားသင့်တာကို မဖြစ်သွားခဲ့တာဆိုတော့ နှမြောစရာတော့ကောင်းတယ်။ ဘာလို့ဆို The Phantom Lover ဟာ နာမည်ကျော် The Phantom of the Opera ဝတ္တုကိုပဲ မှီးပြီးရိုက်ခဲ့တာမို့ပါပဲ။ အင်္ဂလိပ်ကားတွေလည်း တစ်သီတစ်သန်းကြီး ထွက်ခဲ့ဖူးတဲ့ ဝတ္တုပေါ့။ The Phantom Lover ဟာတော့ ဒါရိုက်တာလည်းကောင်း သရုပ်ဆောင်တွေလည်းကောင်းပေမဲ့ သရုပ်ဆောင်နှစ်ယောက်ကြားက Chemistry က ပေါ်သင့်သလောက်မပေါ်သွားတာကြောင့် ကလပ်စစ်တန်းဝင်ကားတော့ မဖြစ်သွားခဲ့ဘူး။ ဒီလိုဆိုလို့ ဒါရိုက်တာမကောင်းလို့လားဆိုတော့ မဟုတ်ပြန်ဘူး။ The Phantom Loverရဲ့ ဒါရိုက်တာ Ronny Yu ဟာ ဟီးရိုးပြီးရင် ဂျက်လီရဲ့ ဒုတိယအကောင်းဆုံးကားလို့ ပုဂ္ဂလိက အမြင်အရ ကျွန်တော်သတ်မှတ်ထားတဲ့ Fearless ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာလည်းဟုတ်သလို ကမ္ဘာသိ အများကြိုက်ကြတဲ့ Freddy vs. Jason ကို ရိုက်ခဲ့တဲ့သူလည်း ဟုတ်တယ်။
နောက် ဒီကားမှာ လတ်စလီချောင်အပြင် ကျွန်တော်သဘောကျတာက ဂျက်ကလင်းဝူ။ ဂျက်ကလင်းဝူဟာ A Moment of Romance ထဲ အချစ်ကလွဲ ဘာမှမမြင်တဲ့ ချစ်စရာကောင်မလေးအဖြစ် သရုပ်ဆောင်တဲ့နေရာမှာ အတုမရှိအောင် ပြောင်မြောက်ခဲ့သလို ဒီရုပ်ရှင်ထဲက အချစ်ကို ဘဝတစ်ခုလုံးနဲ့ ရင်းခဲ့တဲ့ဇာတ်ကောင်နေရာမှာလည်း အံဝင်ခွင်ကျဖြစ်နေတယ်။ ဒါရိုက်တာဘက်ကလိုနေရင်တောင် သရုပ်ဆောင်တွေ မျက်နှာထောက်ပြီး ကြည့်တော့ကြည့်သင့်တဲ့ရုပ်ရှင်လို့ပြောရမှာပဲ။ ဟောင်ကောင်ပရိသတ်တွေတော့ ကျွန်တော့်လိုပဲ လတ်စလီချောင်နဲ့ ဂျက်ကလင်းဝူနဲ့တင် သဘောကျကြမှာပဲ။ The Phantom of the Opera ကို မှီးထားတယ်ဆိုပေမဲ့လည်း ဒီရုပ်ရှင်ထဲက ကာရိုက်တာကတော့ တကယ်ရှိခဲ့တဲ့ တရုတ်အော်ပရာသမား ထန်ချောင်ကိုလည်း မှီငြမ်းထားသေးတယ်။ ရိုမီရို ဂျူးလိယက်ဇာတ်ကိုသုံးပြီးလည်း ဇာတ်ကို ပိုကြွအောင်လုပ်ထားသေးတယ်။
ဇာတ်လမ်းကတော့ ၁၉၄၀ဝန်းကျင် တရုတ်ပြည်က နာမည်ကျော် အော်ပရာသမားတစ်ယောက်ရယ် သူချစ်တဲ့ မြို့မျက်နှာဖုံးသူဌေးသမီးရယ်။ တားမြစ်ထားတဲ့အချစ်ကို ဖန်တီးမိတဲ့သူတို့၂ယောက်ကို ခွဲကြမယ့်သူတွေရယ်ကြားက ဇာတ်ပေါ့။ ကြမ္မာဆိုးတွေ ဝိုင်းရံခြင်းခံရတဲ့ ချစ်ခြင်းတစ်ခုအကြောင်းဆိုလည်း မမှားဘူး။ ထူးတာကတော့ ဒါရိုက်တာက အတိတ်နဲ့ လက်ရှိမှာ လက်ရှိကို မှုန်မှုန်မှိုင်းမှိုင်းပြပြီး အတိတ်ကိုကြည်ကြည်လင်လင်ပြသွားတယ်။ မြင်နေကျစတိုင်တော့မဟုတ်ပေမဲ့ ဒီရုပ်ရှင်ရဲ့ပစ္စုပ္ပန်က မှုန်မှိုင်းနေပြီး လှပခဲ့တဲ့ အချိန်တွေက အတိတ်မှာပဲကျန်နေတာဆိုတော့ ဒီလိုပဲဖြစ်သင့်တယ်လို့ ပြောရမှာပဲ။ ဘာနေနေပါ ဂျက်ကလင်းကို ချစ်မိဖူးတဲ့လူတွေ၊ ဟောင်ကောင် ဂန္ထဝင်တစ်ပါးဖြစ်တဲ့ လတ်စလီချောင်ရဲ့ ကြွင်းရစ်တဲ့ ဖန်တီးမှုတွေကို ချစ်တဲ့လူတွေအတွက် ဒီကားဟာ အရမ်းကြီးမကောင်းတောင် ကောင်းနေပါလိမ့်မယ်။ ဒီရုပ်ရှင်ရဲ့ Theme song ကိုလည်း လတ်စလီချောင်ကိုယ်တိုင်သီဆိုခဲ့ပြီး သူ့အယ်လ်ဘမ်မှာ ပြန်ထည့်ခဲ့ဖူးပါတယ်။ ဒီရုပ်ရှင်ဟာလည်း လတ်စလီကို လွမ်းဆွတ်တဲ့ နောက်ထပ်ရုပ်ရှင်တစ်ကားပဲပေါ့။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...
Rapture (2023)
⭐IMDB: 8.5/10 (87 Votes)
🎬 #Bollywood #Drama
🗓 2023 🎞 movie
🌎 #India #China #Switzerland #Qatar #Netherlands
⏰ 2 နာရီ 8 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rimdogittanga (2023)IMDb-8.5/10
နှစ်စဉ်အချိန်အခါတစ်ခုရောက်တိုင်း ညဘက်တွေမှာ ရှားပါးတဲ့ပုစင်းရင်းကွဲတမျိုး ထွက်ပေါ်လာတတ်တာကြောင့်ရွာသူရွာသားတွေက မီးတုတ်တွေနဲ့ရှာကြတာပေါ့။ဖမ်းလို့ရလာတဲ့အကောင်တွေကိုအချဉ်တည်ကြ ကြော်စားကြနဲ့ စားစရာအလို့ငှာ ရှာကြတာပါ။
တစ်ညမှာတော့ ဆယ့်ကိုးနှစ်အရွယ်ကောင်လေးတစ်ယောက် တောထဲမှာ ပျောက်ခြင်းမလှပျောက်သွားပါတော့တယ်။သဲလွန်စဆိုလို့ သစ်ပင်ပေါ်မှာတင်နေတဲ့ အင်္ကျီလေးကလွဲရင် ဘာမှထပ်မသိရပါဘူး။ဒီလိုပဲ ဘေးပတ်ဝန်းကျင်ရွာတွေမှာလည်း ညဘက်ဆိုလူစိမ်းတွေရွာထဲဝင်လာပြီး
လူတွေဖမ်းတာမျိုး ဖမ်းသွားတဲ့လူတွေကို ဆေးရုံကြီးတွေပို့ပြီး ကိုယ်တွင်းအင်္ဂါတွေထုတ်တာမျိုး စတဲ့ကောလဟလတွေ ပြန့်နေပါတယ်။ဒီလိုနဲ့ ညဘက်တွေဆို ရွာထဲမှာ ကင်းလှည့်ရပါတော့တယ်။ဒီကြားထဲမှာ ဘုရားကျောင်းက ထုတ်ပြန်ထားတဲ့သတင်းစကားကလည်း အံ့ဖွယ်မယ်တော်မယ်ရီရုပ်တုကြွချီလာခြင်းနဲ့အတူ ရက်ပေါင်းရှစ်ဆယ်တိတိအမှောင်လွှမ်းပါမယ်တဲ့။
ထာ၀ရဘုရားမှာယုံကြည်ခြင်း မရှိသူတွေကို သေမင်းတမန်တွေက လာရောက်ခေါ်ဆောင်ပါမယ်တဲ့။ဒီလိုကြောက်စရာကိစ္စနှစ်ခုကြားမှာ ရွာသူရွာသားတွေက ကြောက်ရွံ့နေကြရပါတော့တယ်။တစ်ညမှာ သူစိမ်းတစ်ယောက်ကိုဖမ်းမိပြီး ဝိုင်းဝန်းထိုးကြိတ်ကြတဲ့အခါမှာတော့…။ဖြစ်ပေါ်နေတဲ့ ကိစ္စနှစ်ခုဟာ ဆက်စပ်နေမလား…။အဖွဲ့အစည်းတစ်ခုခုကပဲ ဒီကိစ္စတွေကိုနောက်ကွယ်က ခြယ်လှယ်နေတာလားဆိုတာ ကြည့်ရှုကြပါဦး။
(အညွှန်းနဲ့ဘာသာပြန်ကတော့ Thaik San ~ V ~ Zwe တို့ပဲဖြစ်ပါတယ်)
ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
