ru
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Kangaroo (2024) ⭐TMDB: 50% User Score 🎬 #Bollywood #Thriller #Mystery 🗓 2024 🎞 movie 🌎 # ⏰ 2 နာရီ 8 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kangaroo (2024) “ကန်ဂရူး” အသစ်ထွက်ရှိလာတဲ့ ကန်နားဒါး သည်းထိပ်ရင်ဖိုဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ပရစ်ဗီက တာဝန်ကျေပွန်တဲ့ ရဲအရာရှိတစ်ယောက်ဖြစ်ကာ ဇနီးသည်ကိုယ်ဝန်ရှိနေရက်နဲ့တောင်မှအထက်အမိန့်အရ ရာဇဝတ်မှုပေါများတဲ့ မြို့လေးတစ်မြို့ကို ပြောင်းရွှေ့လာရပါတယ် ဆွဲကြိုးလုမှု ခိုးဆိုးလုယက်မှုတွေပေါများတဲ့ ဒီမြို့လေးက တည်းခိုခန်းတစ်ခန်းမှာထူးဆန်းတဲ့ ကြောက်မက်ဖွယ်အဖြစ်အပျက်တချို့လည်း ရှိနေပြီး တစ်ရက်တော့လင်မယားနှစ်ယောက် တည်းခိုခန်းထဲက ကြောက်အားလန့်အားထွက်ပြေးလာတာကင်းလှည့်နေတဲ့ ပရစ်ဗီတို့ ရဲတပ်ဖွဲ့နဲ့အတွေ့ ဘယ်လိုဆက်လက်အဖြေရှာသွားမှာလဲပရစ်ဗီတစ်ယောက် ဒီလျှို့ဝှက်ဆန်းကြယ်အမှုကို ဖြေရှင်းရင်း သူ့မိသားစုကိုရောကာကွယ်သွားနိုင်မှာလား အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်
...

Jungle (2017) ⭐IMDB: 6.7/10 (66 k Votes) 🎬 #Action #Adventure #Drama #Thriller #Biography 🗓 2017 🎞 movie 🌎 #Australia #UnitedKingdom #Colombia ⏰ 1 နာရီ 55 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ စာရေးဆရာ Yossi Ghinsberg ရဲ့ တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို ပြန်လည်ပုံဖော်ပြီးအသက်သွင်းထားတာဖြစ်ပါတယ် ကမ္ဘာပတ်ပြီးခရီးထွက်ရတာကို နှစ်သက်တဲ့ ယိုစီ ( Daniel Radcliffe ) ဟာ တောင်အမေရိကမှာရှိတဲ့ Bolivia နိုင်ငံကိုရောက်လာပြီး သူ့လိုပဲ adventure စွန့်စားခန်းတွေထွက်ရတာနှစ်သက်တဲ့ ကျောင်းဆရာ မားကပ်စ်နဲ့ ဓာတ်ပုံဆရာ ကယ်ဗင်တို့နဲ့ ခင်မင်ရင်းနှီးခဲ့ပါတယ် ၃ယောက်အတူခရီးရှေ့ဆက်ကြရင်း La Puz ဆိုတဲ့မြို့လေးမှာ ယိုစီ က ကားလ် လို့ခေါ်တဲ့လူတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ် ကားလ်က ယိုစီ့ကို တောနက်ထဲက အင်ဒီးယန်းလူမျိုးစုတွေရှိတဲ့နေရာကိုသူခေါ်သွားပေးနိုင်ကြောင်းပြောခဲ့တယ် သူကရွှေတွေလိုက်ရှာသူဖြစ်ကြောင်းလဲပြောခဲ့တယ် ကားလ်ခေါ်တဲ့တောနက်ထဲကို ယိုစီ ကယ်ဗင် နဲ့ မားကပ်စ်တို့ ၃ယောက်လိုက်သွားခဲ့ပြီးတော့ မားကပ်စ်ခြေထောက်မှာဒဏ်ရာရခဲ့လို့ လှည့်ပြန်ရမလို ဆက်သွားရမလိုတွေဖြစ်ခဲ့ပါတယ် အချင်းချင်း စိတ်အခန့်မသင့်တွေဖြစ်ကာ လမ်းကိုယ်စီခွဲပြီး ခရီးဆက်ကြရင်း ဒုက္ခတွေတွေ့ကြုံရပြီး ယိုစီတစ်ယောက်ထဲ တောနက်ထဲမှာ ဘယ်လိုအသက်ရှင်ရမလဲ သူ့သူငယ်ချင်းတွေကရော ဘာတွေဖြစ်သွားလဲ သူ့ကိုပြန်လာကယ်မလားဆိုတာကိုကြည့်ရမဲ့ Survivor movie လေးပါ
...

Lego Scooby-Doo!: Haunted Hollywood (2016) ⭐IMDB: 5.8/10 (2 k Votes) 🎬 #Adventure #Animation #Comedy #Mystery #Family #Fantasy #Horror 🗓 2016 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 15 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားမှာ စကူဘီဒူးနဲ့ ရှက်ဂီတို့နှစ်ယောက် ဟမ်ဘာဂါစားပြိုင်ပွဲမှာ အနိုင်ရသွားပြီး ဟောလီးဝုဒ်ကနာမည်ကျော် Horrorကားတွေရိုက်တဲ့ စတူဒီယိုကြီးတစ်ခုကို စရိတ်ငြိမ်း လည်ပတ်ခွင့်ဆု ရသွားတာကြောင့် အဖွဲ့လိုက်သွားလည်ရင်း အဲဒီစတူဒီယိုကြီးမှာ ခြောက်လှန့်နေတဲ့ မကောင်းဆိုးဝါးပေါင်းစုံနဲ့ ရင်ဆိုင်တွေ့ရပါတော့တယ်။ သူတို့သွားလည်တဲ့ စတူဒီယိုက အရှုံးပေါ်ပြီး ဒေဝါလီခံရတော့မှာ ဖြစ်သလို အကြွေးဆပ်ဖို့ နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ ရိုက်လက်စ ဇာတ်ကားကလည်း သရဲတွေရဲ့ နှောင့်ယှက်မှုနဲ့ ကြုံနေရလို့ Mystery Incအဖွဲ့သားတွေ ဖြေရှင်းမှရမယ့် အခြေအနေဖြစ်လာပါတော့တယ်။
...

Daphne & Velma (2018) ⭐IMDB: 4.2/10 (2 k Votes) 🎬 #Action #Comedy #Crime #Family #Mystery #Horror 🗓 2018 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 15 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Scooby Doo တို့အဖွဲ့ထဲက Sub-team လေးတစ်ခုဖြစ်လာမယ့် ဒက်ဖနီ နဲ့ ဗယ်လ်မာတို့လာပါပြီဗျာ.. စိတ်ဝင်စားစရာ ပဟေဠိတွေကိုလည်း စိတ်ဝင်စားမယ်.. Scooby Doo တို့အဖွဲ့ဖန်လည်းဖြစ်တယ်ဆိုရင်တော့ ကြည့်ကိုကြည့်သင့်တဲ့ရုပ်ရှင်ကားလေးပေါ့ ဒီကားလေးထဲမှာ ဒက်ဖနီ နဲ့ ဗယ်လ်မာ တို့စတွေ့တဲ့နေရာကနေ ဇာတ်လမ်းစထားပါတယ်။ အပြင်မှာလူချင်းမတွေ့ရသေးတဲ့ အွန်လိုင်းသူငယ်ချင်းနှစ်ယောက်ပေါ့။ ဒက်ဖနီချောချောလေးကတော့ အမေ့ရဲ့အလုပ်အပြောင်းအရွေ့ကြောင့် ဗယ်လ်မာ တက်နေတဲ့ ရေ့ဂျ်တောင်ကြားအထက်တန်းကျောင်းကို ပြောင်းလာဖို့ အကြောင်းဖန်လာပါတယ်။ အွန်လိုင်းပေါ်မှာ စာအရမ်းတော် ဉာဏ်အရမ်းကောင်းတဲ့ ဗယ်လ်မာဆိုပြီး ဒက်ဖနီကသိထားပေမယ့် အပြင်လက်တွေ့မှာ ဗယ်လ်မာက အဆင့်ဘိတ်ချေးဖြစ်နေပါတယ်။ တူဘိုင်းစ်ဘလွန်း ရင်းနှီးမြှုပ်နှံထားတဲ့ အထက်တန်းကျောင်းမှာ ကျောင်းသားတိုင်းလိုလို အဆင့်တစ်လိုချင်ကြပေမယ့် အဆင့်တစ်ရကြတဲ့ ကျောင်းသားတိုင်းက ဇွန်ဘီလိုပုံစံ ပြောင်းသွားကြပါတယ်တဲ့။ ဒက်ဖနီက အဆင့်ဘိတ်ချေးဖြစ်နေတဲ့ ဗယ်လ်မာကို ဘယ်လိုကူညီကြမလဲ? ဇွန်ဘီဆန်ဆန်ဖြစ်သွားတဲ့ အဆင့်တစ်ကျောင်းသားတွေကရော ဘယ်လိုပဟေဠိတွေရှိနေကြလဲဆိုတာ အေးဆေးလေး Chill ပြီး အဖြေရှာကြည့်ဖို့ တိုက်တွန်းပါတယ်ဗျ
...

Wicked Little Letters (2023) ⭐IMDB: 7.0/10 (32 k Votes) 🎬 #Comedy #Crime #Drama #History #Mystery 🗓 2023 🎞 movie 🌎 #UnitedKingdom #UnitedStates #France ⏰ 1 နာရီ 40 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Wicked Little Letters (2024) IMDb Rating (7.0) / Rotten Tomatoes (80%) အော်စကာဆုရမင်းသမီးကြီး တစ်ဦးဖြစ်တဲ့ Olivia Colman ကတော့ ဇာတ်ကားသစ်တစ်ကားမှာ ဇာတ်ဆောင်နေရာကနေ ထပ်မံဦးဆောင်ခဲ့ပါပြီ။ ဒီဇာတ်ကားဟာဆိုရင် ထွက်ရှိချိန်ကတည်းက rating ကောင်းများစွာကို ရရှိခဲ့ပြီး ဒီကနေ့မှာဆိုရင်တော့ IMDB 7.0 နဲ့ Tomato Meter 80% အထိရရှိထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းနောက်ခံကိတော့ ဗြိတိသျှကားတွေရဲ့ ထုံးစံအတိုင်း စစ်ပွဲအပြီး ပြန်လည်ထူထောင်ရေးကာလကို နောက်ခံသရုပ်ဖော်ထားပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းဟာဆိုရင်တော့ comedy, dark comedy, drama, crime အစရှိတဲ့ category အထိ ဇာတ်အိမ်ကျယ်ပြန့်အောင် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းနောက်ခံ အီဒစ်စွမ်းဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်ပြီး ဘာသာရေးအရမ်းကိုင်းရှိုင်းသူဖြစ်ပါတယ်။ သမ္မာသမတ်ကျလွန်းတဲ့သူဟာ ဘယ်လို အခက်အခဲပြဿနာတွေပဲရှိရှိ သမ္မာကျမ်းစာအတိုင်း မေတ္တာတရားအပြည့်နဲ့ ပြန်လည်တုံ့ပြန်တတ်သူဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ အိုင်ယာလန်ကနေ သမီးငယ်တစ်ယောက်နဲ့အတူ အီဒစ်နေထိုင်ရာ လစ်တဲဟမ်တန်မြို့ကို ရို့စ်ဂွတ်ဒင်းဆိုတဲ့ အမျိုးသမီးတစ်ယောက်ရောက်လာခဲ့ပါတယ်။ အိုင်ယာလန်သူဖြစ်တဲ့အလျောက် စကားကိုအတိအလင်း ပြတ်ပြတ်သားသာပြောတတ်တဲ့သူဖြစ်တဲ့အပြင် သူကိုယ်တိုင်က စကာပြောကြမ်းတဲ့အခါမှာ လူအများကငြူစူတာကို ခံနေရသူဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ချိန်က အရမ်းချစ်ခဲ့ကြပေမယ့် လက်ရှိအချိန်မှာ ရန်သူသဖွယ်ဖြစ်သွားခဲ့တဲ့ အီဒစ် ဆီကို အပုပ်ချစာတိုတစ်စောင်ရောက်လာတဲ့အခါမှာတော့… (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)
...

Smile 2 (2024) ⭐IMDB: 6.9/10 (57 k Votes) 🎬 #Horror #Mystery #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 2 နာရီ 9 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Smile 2 (2024) IMDb Rating (7.2) / Rotten Tomatoes (85%) ၂၀၂၂ ခုနှစ်တုန်းက နာမည်ကြီးခဲ့တဲ့ ကြောက်စရာသရဲကား Smile ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းထွက်လာပါပြီ။ဒါရိုက်တာကလည်း Smile 1 ရဲ့ ဒါရိုက်တာ Parker Finn ပါပဲ။ဒီဇာတ်ကားရဲ့ အဓိက သရုပ်ဆောင်အဖြစ် Naomi Scott က ပါဝင်ထားပါတယ်။ ၂၀၂၂ ကားရဲ့အဆက်ပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့…ပထမရုပ်ရှင်ထဲမှာ အသက်ရှင်ကျန်ခဲ့တဲ့ ဂျိုးလ်က ကျိန်စာကို အဆုံးသတ်ဖို့ ကြိုးစားရင်း နောက်တစ်ယောက်ဆီကို ကူးသွားတာကနေ စထားတာပါ။ဒီရုပ်ရှင်ထဲမှာတော့ ဒီကျိန်စာကိုအဆိုးဆုံးရင်ဆိုင်ရမှာက နာမည်ကြီးပေါ့အဆိုတာ စကိုင်းရိုင်လီဆိုတဲ့ ဇာတ်ကောင်ပါပဲ။သူက ကားအက်ဆီးဒန့်ဖြစ်ထားပြီး တစ်နှစ်လောက် ဆေးတွေ အရက်တွေ ဖြတ်ပြီး လိမ္မာလာပြီမို့ ဖျော်ဖြေပွဲပြန်လုပ်ဖို့ စီစဉ်နေတဲ့သူပါ။ဖျော်ဖြေပွဲနီးလာလေလေ ကျိန်စာကြောင့် ကြောက်စရာတွေ ဆက်တိုက်တွေ့လာလေလေဖြစ်ပြီး လွတ်မြောက်ဖို့ ဘယ်လိုရုန်းကန်ရမလဲဆိုတာ ကြည့်ရမှာပါ။ထုံးစံအတိုင်း ကျောချမ်းစရာ ကြောက်စရာတွေနဲ့ ကြည့်ရမှာပါ။အသည်းငယ်သူတွေ မျက်နှာအုပ်ပြီး လက်ချောင်းကြားထဲက ကြည့်တာတို့ စောင်နဲ့ကွယ်ကြည့်တာတို့လုပ်ဖို့တော့လိုပါလိမ့်မယ်။
...

Red Notice (2021) ⭐IMDB: 6.3/10 (330 k Votes) 🎬 #Action #Comedy #Crime #Thriller 🗓 2021 🎞 movie 🌎 #UnitedStates #UnitedKingdom #Singapore #Italy #Thailand #Canada #UnitedStatesofAmerica ⏰ 1 နာရီ 58 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Red Notice (2021) IMDb Rating (6.3) Dwayne Johnson , Ryan Reynolds , Gal Gadot တို့ ပါဝင်ထားတဲ့Action,Comedy,Thriller အမိုက်စားရုပ်ရှင်ဇာတ်ကားပါ။ Red Notice ဆိုတဲ့အဓိပ္ပါယ်ကတော့ အင်တာပိုလ်(နိုင်ငံတကာရဲတပ်ဖွဲ့)ကနေကမ္ဘာ့အလိုရှိဆုံး ဝရမ်းအဆင့်အနေနဲ့ ထုတ်ပြန်ရတဲ့ ရာဇဝတ်ကောင်ပဲဖြစ်ပါတယ်။ဒီရုပ်ရှင်မှာတော့ သူခိုးနှစ်ယောက်ပေါ့။ သူတို့ ခိုးချင်တာကတော့ ကလီယိုပက်ထရာရဲ့ ဥပါပဲ။ဟုတ်ပါတယ် အီဂျစ်ဘုရင်မ ကလီယိုပက်ထရာ ပိုင်ဆိုင်ခဲ့တဲ့ ရတနာဥ သုံးလုံးကို အပြိုင်အဆိုင်ခိုးယူကြမှာပါ။တစ်လုံးက ပြတိုက်မှာရှိတယ်၊ တစ်လုံးက အရမ်းအန္တရာယ်ကြီးတဲ့လူတစ်ယောက်လက်ထဲမှာ ရှိပြီး၊နောက်ဆုံးတစ်လုံးကတော့ ဘယ်မှာရှိလဲဆိုတာ ဘယ်သူမှ မသိကြပါဘူး။အဲဒီရတနာဥသုံးလုံးကို ရရင် ဒေါ်လာ သန်း ၃၀၀ ပေးမယ့် ဘီလီယံနာကြီးတစ်ယောက်က အသင့်စောင့်ကြိုနေပါပြီ။ ဒီတော့ ဥတွေကို deadpool နဲ့ wonder woman တို့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုဉာဏ်များပြီးလုကြမလဲ။စုံထောက်ကြီး the rock ကရော ဘယ်လိုလိုက်ဖမ်းမလဲဆိုတာကို ကြည့်လိုက်ရအောင်။
...

The Piper (2023) ⭐IMDB: 4.6/10 (1 k Votes) 🎬 #Horror #Music #Mystery 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Piper (2023) ဒီဇာတ်လမ်းကတော့ လက်တွေ့လောကမှာ မတော်တဆမှုနဲ့ ဆုံးပါးသွားတဲ့ ဗြိတိသျှမင်းသားကြီး Julian Sands ရဲ့ နောက်ဆုံးသော ဇာတ်ကားတွေထဲကတစ်ခုပါ။ ကံမကောင်းအကြောင်းမလှစွာနဲ့ ဆုံးပါးသွားခဲ့တဲ့ မင်းသားကြီးကတော့ ဒီ horror ဇာတ်ကားထဲမှာလည်း ကျရာဇာတ်ရုပ်ကို အပီအပြင်သရုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းနောက်ခံ ကက်သရင်းလို့ ခေါ်တဲ့ နိုင်ငံကျော်ဂန္တဝင်တေးရေးဆရာမတစ်ယောက်ဟာ နောက်ဆုံးထွက်သက်ဖြစ်လုနီးနီးရှိခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲနောက်ဆုံးဆန္ဒဖြစ်သွားခဲ့တာကတော့ တစ်ခုပါပဲ။ တစ်ချိန်က သူရေးခဲ့တဲ့ ပွဲဦးထွက်ဂန္တဝင်တေးတစ်ပုဒ်ကို ဘယ်တော့မှလူထုရှေ့ ထုတ်မတီးပြဖို့ပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ပုံပြင်လေးထဲကအတိုင်း ဒီသီချင်းကို ကြားတဲ့လူတိုင်း အဖြစ်ဆိုးတွေနဲ့ကြုံတွေ့ရမှာမလို့ပဲဖြစ်ပါတယ်။ ပုံအပြင်အကျဉ်း ပိုက်ပါဆိုတဲ့ပုံပြင်လေးထဲမှာ ပလွေမှုတ်ဆရာတစ်ဦးရှိသတဲ့။ ဒီလိုနဲ့ ရွာတစ်ရွာမှာ ကြွက်တွေအရမ်းသောင်းကျန်းလွန်းလို့ မထိန်းနိုင်ဖြစ်ပြီတော့ ပလွေဆရာက အဖိုးတစ်ခုတောင်းပြီး ပြဿနာကိုဖြေရှင်းပေးဖြစ်လာပါတယ်။ ဒါပေမဲ့ ဂတိစကားကို ပယ်ဖျက်ခဲ့တဲ့ရွာသားတွေဟာ ပလွေဆရာကို မထီမဲ့မြင်ပြုခဲ့ပါတယ်။ ဒီလိုနဲ့ ပလွေဆရာ (ပိုက်ပါ) ဟာ ရွာသားတွေကို “မင်းတို့အတွက် အဖိုးအတန်ဆုံးအရာကို ဆုံးရှုံးရလိမ့်မယ်” လို့ ကျိန်စာတိုက်ခဲ့ပါတယ်။ ကဲ…ဇာတ်လမ်းလေးကို ရှုစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)
...

Jeonde Raho Bhoot Ji (2024) ⭐IMDB: 5.3/10 (127 Votes) 🎬 #Bollywood #Comedy #Horror 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 52 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jeonde Raho Bhoot Ji 2024 ကိုလူလည်ရဲ့အရှုပ်တော်ပုံ ဘာကိုမှ အယုံအကြည်မရှိပါဘူးဆိုတဲ့ လခေဟာငွေကိုတော့ ဘုရားလိုမှတ်ပြီး ကိုးကွယ်ပါသတဲ့။ငွေကို ဖြတ်လမ်းနဲ့လိုချင်သူပီပီ ကြိုးစားရတာထက်လိမ်စားရတာကမှ မြင့်မြတ်သလိုလို ခံယူထားတဲ့ဘုရားစူးကောင်ဇိုးလေးပေါ့။ လုပ်တဲ့အလုပ်ကိုကြည့်ပြန်တော့လည်း MLMကုမ္ပဏီကအောင်မြင်ရေးဝါဒဖြန့်ချိရေးအလုပ်၊ တော်ကီဖြောင့်တဲ့သူ့အတွက်တော့အတော်လေးအလုပ်ဖြစ်တဲ့အလုပ်ဆိုပေမဲ့ မိဘတွေကတော့ရေပေါ်ဆီ ပေါ့ပေါ့နေ ပေါ့ပေါ့စား သားတော်မောင်အတွက် ‌ရင်လေးနေတာပေါ့။ တစ်နေ့ ထုံးစံအတိုင်း အောင်မြင်ရေးတွေတရားဟောလာပြီးအပြန်မှာပူဂျာဆိုတဲ့ ဆရာမလေးကိုမြင်လို့ ငေးနေရင်းကနေ ပူဂျာကမိဘနှစ်ပါးကလည်းမရှိ၊ အစ်ကိုဖြစ်သူကလည်းရူးသွားတာဖြစ်ပြီး၊လစာကောင်းတဲ့ဆရာမအလုပ် အမွေအိမ်ကြီးနဲ့ အမွေတွေကိုပါတစ်ယောက်တည်းရမယ့်သူဆိုတာသိသွားပြီး ရွှေတွင်းကြီးကိုအပိုင်ရအောင်ကြံဖို့ အစီအစဉ်ချပါတော့တယ်။ ဒါပေမဲ့ အပြင်ပန်းကမြင်နေရတဲ့ ဣန္ဒြေရှင်ဆရာမလေးပူဂျာက သူထင်သလောက် မရိုးရှင်းတာကို လက်ထပ်ပြီးမှ သိလိုက်ရချိန်မှာတော့ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)
...

Across the Furious Sea (2023) ⭐IMDB: 6.7/10 (1 k Votes) 🎬 #Crime #Drama #Mystery #Thriller 🗓 2023 🎞 movie 🌎 #China ⏰ 2 နာရီ 24 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Across the Furious Sea (2023) IMDb Rating (6.7) / Rotten Tomatoes (89%) ရှေးရိုးစွဲအယူများနဲ့ ပြည့်နေတဲ့ ကျွန်တော်တို့အရှေ့ပိုင်းဒေသတွေမှာ ဒုက္ခပြဿနာတွေဆိုတာ ရှိစမြဲပါ။ အချစ်၊ အမုန်း၊ မေတ္တာ၊ မုဒိတာ အစရှိတဲ့အရာတွေဟာ အစဉ်အလာ ဓလေ့ထုံးတမ်းရဲ့လွှမ်းမိုးမှုကို ခံလိုက်ရတဲ့အခါ လောကဓံရဲ့ဆိုးကျိုးဟာ ပုထုစင်လူသားတွေ မခံမရပ်နိုင်လောက်အောင် ရိုက်ချပုတ်ခတ်တတ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ကျင်လိနာ (နာနာ) လို့ခေါ်တဲ့ မိန်းမငယ်လေးတစ်ယောက်ဟာ ဂျပန်မှာကျောင်းသွားတက်ရင်း ရုတ်တရက်အကြီးအသတ်ခံရတဲ့ သတင်းထွက်လာခဲ့ပါတယ်။ ဒါကိုသိသွားတဲ့ သူ့ရဲ့တရုတ်ပြည်က ဖခင်ဟာ မခံမရပ်နိုင်ဖြစ်ပြီး ဂျပန်ကို အပြေးအလဲထွက်လာခဲ့ပါတယ်။ နာနာဟာ ဖခင်လက်အောက်ကထွက်လာခဲ့ပြီးနောက်ပိုင်း ကောင်လေးနဲ့အတူနေခဲ့တာဖြစ်တဲ့အတွက် ရည်းစားဖြစ်သူကို ဖခင်ကလိုက်ရှာခဲ့ပါတယ်။ မှုခင်းဆေးစစ်ချက်အရ နာနာဟာ မသေခင်နာရီပိုင်းအလိုမှာ အသေးစားဓားဒဏ်ရာများစွာရခဲ့ပြီး ဖြည်းဖြည်းချင်းသွေးထွက်လွန်ပြီးတော့မှ ဆုံးပါးသွားခဲ့တာပါ။ ဒီလိုနဲ့ ကောင်လေးရဲ့ အကြမ်းဖက်မှုကြောင့် ဆုံးပါးသွားပါတယ်လို့ ရဲတွေကောက်ချက်ချခဲ့တဲ့အချိန်မှာ ယူကျုံးမရဖြစ်တဲ့ ဖခင်ဖြစ်သူ ကျင်ယွန်ရှိဟာ လက်စားချေဖို့ စိတ်ဆုံးဖြတ်ခဲ့ပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)
...

Adithattu (2022) ⭐IMDB: 5.1/10 (323 Votes) 🎬 #Action #Bollywood #Thriller 🗓 2022 🎞 movie 🌎 #India ⏰ 1 နာရီ 33 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Adithattu 2022 လောကဓံ Imdb 5.5 ဒီကားကတော့ ငါးဖမ်းသမားတွေရဲ့ ကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်ထဲဒုက္ခခံရပုံတွေကိုရင်တလှပ်လှပ်နဲ့ကြည့်ရှူရမှာပါ အတွေ့အကြုံရင့်ဆရာတစ်ယောက်နဲ့ ငါးဖမ်းသမား၇ယောက်တို့ပင်လယ်နက်ထဲ ငါးဖမ်းထွက်ကြပါတယ် ငါးဖမ်းသမားတွေအဖို့ကတော့ငါးမရတဲ့အပိုင်းတွေလည်းရှိတာကြောင့်ငါးမရ ပိုက်ဆံမရဘဲအိမ်ပြန်ရတဲ့နေ့တွေကသူတို့အတွက်တော့ကံမကောင်းတဲ့နေ့ပဲပေါ့ ကိုယ်စီအခက်အခဲတွေနဲ့ စက်လှေပေါ်တက်လာကြတဲ့ သူတို့ .. အရင်ကသူတို့ရဲ့ အရမ်းတော်တဲ့ငါးဖမ်းခေါင်းဆောင်တစ်ယောက်ရှိပါတယ်ရှေ့ဆောင်လမ်းပြကောင်းလို့ ဘာတစ်ခုမှစိတ်ပူစရာမရှိဘဲခရီးအတွက်လည်းဘေးကင်း လူလည်းအဆင်ပြေပေမဲ့အကျိုးအကြောင်းရေရေရာရာမရှိဘဲ အဲဒီခေါင်းဆောင်ကကြိုးဆွဲချသတ်သေသွားပါတယ် အလောင်းကတွေ့တဲ့သဲလွန်စနဲ့ အသတ်ခံရတယ်ဆိုပြီးငါးဖမ်းသမားတွေကတော့ မှတ်ယူထားတာပေါ့အသစ်တက်လာတဲ့ခေါင်းဆောင်နဲ့တော့ သူတို့တွေအဆင်မပြေကြပါဘူးနေရာတကာပိတ်ပင်ပြီး လက်ပေါက်ကပ်တဲ့အနေအထားကြောင့်ကတောက်ကဆလေးတွေရှိကြတယ် ဒါပေမဲ့လည်းတစ်ခရီးတည်းအတူထွက်လာဖို့အကြောင်းဖန်လာတော့လှေပေါ်မှာဘယ်လိုကံဆိုးမှုတွေဖြစ်လာမလဲသေဆုံးသွားတဲ့သူတို့ခေါင်းဆောင်ကရောသွေးရိုးသားရိုးလားဆိုတာ အဖြေရှာလိုက်ပါဦး ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Linn ~ KKKZ တို့ပဲဖြစ်ပါတယ်
...

Kishkindha Kaandam (2024) ⭐IMDB: 8.2/10 (6 k Votes) 🎬 #Bollywood #Drama #Mystery #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 4 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kishkindha Kaandam 2024 (သေနတ်တစ်လက်ပျောက်ဆုံးမှု၏နောက်ကွယ်) ရွေးကောက်ပွဲနီးလာတာကြောင့်နဲ့ ဆူပူမှုတွေမဖြစ်စေဖို့အတွက် လိုင်စင်လုပ်ထားတဲ့သေနတ်တွေအကုန်လုံးကို ရဲဌာနကနေ ပြန်လည်အပ်ဖို့အတွက် အကြောင်းကြားစာတွေ ပို့ခဲ့ပါတယ်။ ဒီလိုနဲ့ သေနတ်အပ်ဖို့ နောက်ဆုံးနေ့ရောက်လာတာတောင် လူတစ်ယောက်ကတော့ သေနတ်ကိုလာမအပ်ဘဲရှိနေတဲ့အတွက် ရဲစခန်းကနေ ဖုန်းဆက်ပြီးတော့ အကျိုးအကြောင်းမေးတော့တာပေါ့။ အဲဒီလူကတော့ အပူပါလိုင်ပဲဖြစ်ပါတယ်။ သူဟာ စစ်တပ်ကနေ အငြိမ်းစားယူထားတာဖြစ်ပြီးတော့သားဖြစ်သူကတော့ သစ်တောရေးဌာနမှာ အလုပ်လုပ်နေတဲ့သူဖြစ်ပါတယ်။ သူတို့နေထိုင်နေတဲ့နေရာကတော့ မျောက်အမျိုးပေါင်း သောင်းခြောက်ထောင်ရှိတဲ့သစ်တောကြိုးဝိုင်းအနားမှာနေတာပဲဖြစ်ပါတယ်။ အဲဒီတောထဲက မျောက်တွေဟာခြေဆော့လက်ဆော့နဲ့ လူတွေရဲ့ပစ္စည်းတွေကို လာလာခိုးပြီး သစ်ပင်တွေမှာချိတ်ထားတတ်တဲ့အကျင့်ကလည်း ရှိနေပြန်ပါသေးတယ်။ သေနတ်မအပ်လို့ ဆက်သွယ်တဲ့အချိန်ကျမှ အပူပါလိုင်ဟာသေနတ်ပျောက်နေတာဖြစ်ကြောင်းကို ရဲဌာနက သိလိုက်ရပါတော့တယ်။ ဖြစ်ချင်တော့ အဲဒီနေ့ဟာ အပူပါလိုင်ရဲ့သားဖြစ်သူ မင်္ဂလာပွဲလေးကိုအကျဉ်းရုံးဆောင်ရွက်တဲ့နေ့ဖြစ်နေပါတယ်။ ဇနီးအသစ်စက်စက်လေးကိုလည်းစိတ်အဆင်မပြေမဖြစ်စေရဖို့က တစ်ကြောင်း၊ အဖေဖြစ်သူအတွက် သေနတ်ပျောက်လို့ ရှင်းပေးရမယ့်ပြဿနာတွေက တစ်ကြောင်းနဲ့ သားဖြစ်သူခမျာ ဗျာများလို့နေပါတော့တယ်။ ဒီလိုနဲ့ ပျောက်ဆုံးနေတဲ့ သေနတ်ဟာ သစ်တောကြိုးဝိုင်းထဲကမျောက်တွေလက်ဆော့လို့ပဲ ပါသွားတာလား ……ဒါမှမဟုတ် မသမာသူတွေရဲ့ လက်ထဲကိုပဲ ပါသွားလား …….သားဖြစ်သူနဲ့ ဇနီးအသစ်စက်စက်လေးတို့ အဖေဖြစ်သူရဲ့သေနတ်ပျောက်တဲ့ကိစ္စအတွက် ဘယ်လိုတွေ ဆက်ပြီးစုံစမ်းသွားမလဲ ….ဆိုတာတွေကို ကြည့်ရှုရမယ့် Mystery Thriller ဒရာမာကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)
...

Koi No Ibara (2023) ⭐IMDB: 7.3/10 (18 Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #Japan ⏰ 1 နာရီ 38 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Thorns of Love (2023) IMDb Rating (7.3) Kentaro ဆိုတဲ့ ရည်းစားကောင်လေး ​ပစ်သွားတာခံလိုက်ရတဲ့ စာကြည့်တိုက်ဝန်ထမ်းဖြစ်တဲ့ ရိုးရိုးအေးအေးကောင်မလေး Tomita Momo က သူ့ရည်းစားဟောင်း Kentaro ရဲ့ ကောင်မလေးအသစ်ကို social media ပေါ်ကနေ တွေ့ခဲ့တယ်။ Kentaro ရဲ့ လက်ရှိရည်းစားဖြစ်တဲ့ Riko က Momo နဲ့ ဆန့်ကျင်ဘက် ရဲရင့်၊ confidence ရှိပြီး ပြင်တတ်ဆင်တတ် အလန်းစားကောင်မလေးတစ်ယောက်ပေါ့။ Momo က သူ့ရည်းစားဟောင်းရဲ့ ကောင်မလေးအသစ် Riko ကို မနာလိုအားကျပြီး Riko လို ဖြစ်ချင်ရာကနေ တစ်နေ့မှာ Riko နဲ့ဆုံပြီး စကားပြောဖိုကြိုးစားခဲ့တယ်။ ရည်းစားချင်းတူနေတဲ့ ကောင်မလေးနှစ်ယောက် စစချင်းမှာ ​အချင်းချင်း အမြင်မကြည်ရာကနေ နှစ်ယောက်သား ပူးပေါင်းမိချိန်မှာတော့ မထင်မှတ်ထားတဲ့ချိတ်ဆက်မှုတွေပေါ်လာပြီး သူတိုနှစ်ယောက်ရဲ့ဆက်ဆံရေး ဘယ်လိုပြောင်းလဲလာမလဲဆိုတာကို plot ကောင်းကောင်းနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)
...

Scooby-Doo! Abracadabra-Doo (2010) ⭐TMDB: 77% User Score 🎬 #Adventure #Animation #Comedy #Mystery #Family #Fantasy 🗓 2010 🎞 video movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 16 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားမှာ စကူဘီတို့ Mystery Incအဖွဲ့သားတွေဟာ ဗယ်မာရဲ့ညီမလေး မယ်ဒလင်း တက်နေတဲ့ မျက်လှည့်သင်တန်းမှာ ထူးဆန်းတဲ့ သတ္တဝါကြီးတစ်ကောင် ခြောက်လှန့်နေတယ်ဆိုပြီး တစ်ဖွဲ့လုံးသွားစုံစမ်းကြတဲ့အကြောင်းရိုက်ကူးထားတာပါ။ မယ်ဒလင်းတက်နေတဲ့ မျက်လှည့်‌ကျောင်းက ရှေးရဲတိုက်တစ်ခုမှာ ဖွင့်ထားတာဖြစ်ပြီး မှော်အတတ်လိုက်စားတယ်လို့ နာမည်ကြီးတဲ့ အိုင်ယာလန်နယ်စားတစ်ယောက် ပိုင်ခဲ့တဲ့ရဲတိုက်ကြီးပဲ ဖြစ်ပါတယ်။ အဲဒီရဲတိုက်ဟာ ကျိန်စာတိုက် ခံထားရတာကြောင့် ဂရစ်ဖင်လို့ ခေါ်တဲ့ မကောင်းဆိုးဝါးတစ်ကောင်ရဲ့ ခြောက်လှန့်မှုကို ခံနေရပြီး ကျောင်းကိုပါပိတ်ပစ်လိုက်ရမလို ဖြစ်နေတာပါ။ စကူဘီတို့အဖွဲ့ အဲဒီပြဿနာကို ဖြေရှင်းနိုင်မှာလား။ အဲဒီရဲတိုက်က တကယ်ပဲ ကျိန်စာသင့်နေတာလား။ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲဆိုတာ ဒီကားမှာ ကြည့်ရမှာဖြစ်ပါတယ်။
...

LEGO Scooby-Doo! Knight Time Terror (2015) ⭐TMDB: 81% User Score 🎬 #Adventure #Animation #Comedy #Mystery #Family 🗓 2015 🎞 movie 🌎 #UnitedStatesofAmerica ⏰ 22 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းတိုလေးမှာတော့ Mystery Incအဖွဲ့သားတွေဟာ ဂရင်စလေရဲတိုက်ကြီးမှာ ရတနာသိုက်ရှာပုံတော် ထွက်ရင်း အဲဒီရဲတိုက်ကြီးမှာ ရှိတဲ့ မဟူရာချပ်ဝတ် သူရဲကောင်းသရဲရဲ့ ခြောက်လှန့်ခြင်း ခံရပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ အဲဒီသရဲက ရှက်ဂီတို့တသိုက်ကို ဘယ်လိုခြောက်လှန့်မလဲ ရတနာသိုက်ကို ဘယ်လိုမျိုးနဲ့ ရှာတွေ့အောင် ကြိုးစားကြမလဲဆိုတာ Legoအရုပ်လေးတွေပုံစံနဲ့ ခါတိုင်းနဲ့ မတူတဲ့ animation ပုံစံတွေနဲ့ ချစ်စရာကောင်းစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
...

Door to Door (2002) ⭐TMDB: 76% User Score 🎬 #Biography #Drama #TVMovie 🗓 2002 🎞 tv movie 🌎 #UnitedStates #Canada ⏰ 1 နာရီ 31 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘေလ်ပေါ်တာဆိုတဲ့သူဟာ မွေးကတည်းက Cerebral Palsy ဆိုတဲ့ ရောဂါတစ်မျိုးကြောင့် အများသူငါလိုပြောဆိုဆက်ဆံရာမှာ အခက်တွေ့ရသူ တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ ထူးဆန်းတဲ့ လမ်းလျှောက်ပုံ၊ စကားပြောဆိုပုံတွေကြောင့် ဉာဏ်ရည်မမီသူ၊ မသန်စွမ်း တစ်ယောက်အနေနဲ့ အများက သတ်မှတ်ခံရသူလည်း ဖြစ်ပါတယ်။ အောင်မြင်တဲ့ Salesman တစ်ယောက်ဖြစ်တဲ့ သူ့ဖခင်ရဲ့အကြောင်းတွေကို ငယ်စဉ်ကတည်းက နားရည်ဝနေခဲ့တော့ သူ့ရဲ့ အခြေအနေကို ဂရုမထားဘဲ အောင်မြင်တဲ့ Salesman တစ်ယောက်ဖြစ်ဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ပါတယ်။ မိခင်ဖြစ်သူကလည်း ဘေလ်ပေါ်တာကို ဘဝမှာ တစ်ရက်မှ သိမ်ငယ်စိတ်မဝင်ရအောင် အားပေးခဲ့ပါတယ်။ အိမ်သုံးသန့်ရှင်းရေးပစ္စည်း နဲ့ ဟင်းခတ်အမွေးအကြိုင် ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ ဝက်ကင်းစ်ကုမ္ပဏီမှာ အလုပ်ဝင်လုပ်ရရေးဟာ ဘေလ်ပေါ်တာရဲ့ အိမ်မက်တစ်ခု ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ စိတ်ရှည်သည်းခံမှု နဲ့ မဆုတ်မနစ်တဲ့ဇွဲလုံ့လတို့ကြောင့် ဘယ် အရောင်းသမားမှ မသွားချင်တဲ့ရပ်ကွက်တစ်ခုကို အပိုင်စားရခဲ့ပါတယ်။ သူ့ရဲ့ ပုံပန်းသဏ္ဍာန်နဲ့စကားပြောဆိုပုံကြောင့် အများကသနားစာနာစိတ်နဲ့ ပေးကမ်းကြပေမယ့် သူ့ရဲ့ အလုပ်အပေါ်ထားတဲ့ မာနက သူ့ကို ပေးကမ်းသမျှကို ငြင်းဆန်စေခဲ့ပါတယ်။ စကားပြောဆိုမှု၊ လှုပ်ရှားမှုအခက်အခဲတွေကို ကျော်လွှားပြီး အလုပ်သဘောသက်သက်နဲ့သာသူ့ရဲ့ပစ္စည်းတွေကို ကြော်ငြာရောင်းချနိုင်ခဲ့ပါတယ်။ သူ့ရဲ့ အရောင်းသမား ပါဝင်တဲ့ဟာသတွေကလည်း သူ့ကို လူအများ သဘောကျစေတဲ့ အချက်တစ်ချက် ဖြစ်လာခဲ့ပါတယ်။ ဘဝမှာ သည်းခံမှုနဲ့ဇွဲလုံ့လတို့ကို သင်ပြပေးခဲ့တဲ့ အမေဖြစ်သူကလည်း အယ်ဇိုင်းမားရောဂါကြောင့် တစ်နေ့ထက်တစ်နေ့ မှတ်ဉာဏ်တွေ ဆုံးရှုံးလာခဲ့ပါတယ်။ သူ့အမေသေဆုံးပြီးတဲ့နောက်မှာ ကြုံတွေ့ရတဲ့ ဝမ်းနည်းကြေကွဲမှုတွေကို ကြံ့ကြံ့ခံပြီး နိမ့်ချီမြင့်ချီ ဘဝဇာတ်ခုံမှာ ကြိုးဆွဲရာကပြရတဲ့ ဘေလ်ပေါ်တာရဲ့ဘဝထဲကို ရှယ်လီဆိုတဲ့ အမျိုးသမီး ဝင်ရောက်လာခဲ့ပါတယ်။ ဘေလ်ပေါ်တာရဲ့ ဘဝဇာတ်ကြောင်းပေါ်က ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ အားတက်မှု၊ စိတ်အားငယ်ရမှု၊ ဆွတ်ပျံ့မှု၊ ကြေကွဲမှု၊ ဆုံးရှုံးမှု၊ အောင်မြင်မှုအားလုံးကို လိုက်ပါစီးမျောခွင့်ရစေရန် CM ကနေ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်
...

Ma Da: The Drowning Spirit (2024) ⭐IMDB: 4.7/10 (165 Votes) 🎬 #Horror 🗓 2024 🎞 movie 🌎 #Vietnam ⏰ 1 နာရီ 35 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ma Da: The Drowning Spirit (2024) မာဒါဆိုတာ ဗီယက်နမ်နိုင်ငံရဲ့ရေနဲ့နီးစပ်တဲ့အရပ်၊ ရေလုပ်ငန်းနဲ့အသက်မွေးဝမ်းကျောင်းကြတဲ့ဒေသတွေမှာ လက်ဆင့်ကမ်းလာတဲ့ မိရိုးဖလာတစ္ဆေပုံပြင်ထဲက တစ္ဆေတစ်ကောင်ပါ။ လူတစ်ယောက်ဟာ ရေနစ်သေဆုံးခဲ့ပြီး သူ့အလောင်းကို ဆယ်ယူမယ့်သူမရှိပဲ ရေထဲမှာပဲလမ်းဆုံးသွားခဲ့ရင် အဲ့ဒီလူရဲ့ဝိဉာဉ်ဟာ မာဒါ ဖြစ်သွားပါသတဲ့။ မာဒါဟာ သူနဲ့လိပ်ပြာတူသူတွေကိုဖမ်းယူလူစားလဲဖို့ကြိုးစားလေ့ရှိပြီး သူ့ကိုတစ်နည်းနည်းနဲ့စော်ကားခဲ့ရင်လည်း အရှင်မထားတတ်ဘူးလို့ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယုံကြည်သူတွေကတော့ တကယ့်ကိုသက်ဝင်စွာနဲ့ ကိုယ်တွေ့ဆိုတဲ့ ဇာတ်လမ်းတွေကို အခုချိန်ထိ လက်ဆင့်ကမ်းကြတုန်းပါပဲ။ ဇာတ်လမ်းကတော့ လိုင် ဆိုတဲ့အလောင်းဆယ်တဲ့အလုပ်နဲ့အသက်မွေးဝမ်းကျောင်းတဲ့ အမျိုးသမီးတစ်ယောက်ကို အခြေခံပါတယ်။ လိုင်ရဲ့သမီးလေးဟာ သူတို့ပတ်ဝန်းကျင်မှာ မကြာသေးခင်ကမှ သတ်သေသွားခဲ့ပြီး မာဒါဖြစ်သွားတယ်လို့ သတင်းထွက်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အရုပ်ကလေးကို ကောက်ယူလာခဲ့မိရာကစပြီး မာဒါရဲ့ခြောက်လှန့်မှုတွေကို တစ်ဖြည်ဖြည်းခံလာရပါတယ်။ အစပိုင်းမှာ လိုင်က အယုံအကြည်မရှိပေမယ့် သူ့ပတ်ဝန်းကျင်ကလူတွေတစ်ယောက်ပြီးတစ်ယောက်ရေနစ်သေဆုံးမှုတွေကြုံလာရုံတင်မက သူ့သမီးလေးကိုပါ မာဒါဖမ်းယူသွားတယ်ဆိုတာ ယုံကြည်လောက်တဲ့ အနေအထားမျိုးတွေ့ကြုံရချိန်မှာတော့ သူ့အသက်နဲ့လဲပြီးကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ တစ္ဆေတစ်ကောင်ရဲ့ဖမ်းစားမှုကိုခံရပြီးဖြစ်တဲ့ သူ့သမီးလေးကိုကယ်တင်နိုင်ပါ့မလား? မာဒါရဲ့လက်က လွတ်နိုင်တဲ့သူရှိသေးရဲ့လား ဒါမှမဟုတ် ဒီတစ္ဆေကိုဘယ်လိုအနိုင်ယူဖို့ကြိုးစားမလဲဆိုတာ ဆက်လက်ရှုစားကြပါ။ ဗီယက်နမ်နိုင်ငံရဲ့ ရိုးရာယုံကြည်သက်ဝင်မှုတွေ၊ အစီအရင်တွေ၊ အဆောင်လက်ဖွဲ့တွေ ဝေဝေဆာဆာနဲ့တင်ဆက်ထားပြီး ကြောက်စရာကောင်းသလို စိတ်ဝင်စားဖို့လည်းကောင်းတဲ့ ထူးထူးခြားခြားဇာတ်ကားသစ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)
...

Un/Happy for You (2024) ⭐IMDB: 5.9/10 (284 Votes) 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 51 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Un/Happy for You (2024) IMDb Rating (5.9) ခံစားချက်တွေ အပြည့်နဲ့ ပရိသတ်တွေရင်ထဲကို နွေးထွေးစေမယ့် ရုပ်ရှင်တစ်ခုပါ။ ဒါရိုက်တာ Petersen Vargas ရဲ့ လက်ရာဖြစ်ပြီး Joshua Garcia နဲ့ Julia Barretto တို့ရဲ့ ရိုက်ချက်တွေအပြည့်အဝ နဲ့ ပေါင်းစပ်ထားတဲ့ ဇာတ်လမ်းက အရင်အတိတ်ကအမှတ်တရတွေကို ပြန်လည်သတိရစေမှာပါ။ ဇာတ်လမ်းဟာ Juancho (Joshua Garcia) ဆိုတဲ့ စားဖိုမှူးနဲ့ Zy (Julia Barretto) ဆိုတဲ့ စာရေးဆရာမလေးတို့ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို သူတို့ရဲ့ နောက်ဆုံးမှာတော့ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာဆက်လက်ကြည့်ရှု့လိုက်ပါတော့။ ဇာတ်လမ်းထဲမှာ အရသာအရှိဆုံးကတော့ အချစ်နဲ့ လွမ်းဆွတ်မှု့တွေကို ယှဉ်ပြီးတော့ရိုက်ထားတာပါပဲ။ Joshua နဲ့ Julia တို့ရဲ့ စိတ်စွဲလန်းမှုကြောင့် ဇာတ်လမ်းက ပိုပြီး တော့ ကြည့်ကောင်းစေပြီးတော့ ပရိသတ်တွေရဲ့ နှလုံးသားကို တိုက်ရိုက်တိုးတာပါပဲ။ lighting တွေရဲ့ သုံးတာကအစ ဇာတ်ကောင်တွေရဲ့ စိတ်ဆန္ဒကဘာဖြစ်ချင်နေလဲဆိုတာဖော်ပြနေတာပါပဲ။ မင်းသမီး Zy’s ဘဝအိပ်မက်တွေကို နည်းနည်းပဲ ဖော်ပြထားခဲ့တာကြောင့် သူ့အတွက် root ဖြစ်တဲ့ ဆန္ဒမပြည့်သွားပေမယ့် ဇာတ်လမ်းရဲ့အဓိကသရုပ်ဆောင်ဖြစ်တဲ့စာဖိုမှုးလေးကတော့ ပရိသတ်ရဲ့ရင်ထဲကိုလုံးဝတိုးဝင်သွားပါတော့တယ်။ Un/Happy for You ဟာ ချစ်ခြင်းမုန်းခြင်းစွဲလန်းခြင်းတွေနဲ့ အတိတ်ကို ပြန်လည်အမှတ်ရစေပြီး ဘဝကို ပြန်လည်အဆင်ပြေလာစေတဲ့ အကြောင်းတွေကိုသေချာကို ပြသခဲ့ပါတယ်။ ဒီဇာတ်လမ်းကတော့ ပရိသတ်တွေကိုအချစ်အတွက်ရင်ဆိုင်မယ်၊ ပြန်လည်ချစ်ခြင်းတွေပြန်လာတာတွေနဲ့ နာကျင်မှုကြားကနေချစ်ခဲ့မိတာတွေကို အမြဲအမှတ်ရနေစေမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။)
...

Rocket Driver (2024) ⭐IMDB: 7.3/10 (1 k Votes) 🎬 #Bollywood #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 43 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rocket Driver (2024)“ရော့ကတ်ဒရိုင်ဘာ” အသစ်ထွက်ရှိထားတဲ့ တမီးလ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ပရာဘာဟာဆိုရင် သုံးဘီးမောင်းပေမယ့် သူ့ရဲ့ရည်မှန်းချက်တွေစိတ်ကူးအိပ်မက်တွေက အများနဲ့မတူဘဲသုံးဘီးထဲမှာ စာအုပ်တွေထည့်ထားတဲ့ လူငယ်တစ်ယောက်ချန်နိုင်းမြို့က လူတွေအတော်များများကို သူ့အဖေကစလို့သူ့မျက်လုံးထဲ မျက်စိဆံပင်မွှေးစူးစရာ အတွေးတိမ်တဲ့ လူနုံလူအတွေလို့ သတ်မှတ်ထားတဲ့သူ တစ်နေ့ သူ့သုံးဘီးထဲကို အူလည်လည်ကောင်လေးတစ်ယောက် ရောက်လာတယ်ဒီကောင်လေးနဲ့တွေ့ပြီးမှ မမျှော်လင့်ထားတဲ့ ဘယ်လိုဖြစ်ရပ်တွေကြုံရမလဲဆိုတာ ပရိသတ်ကြီးပဲ ဆက်လက်ခံစားကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်
...

The Secret Lair of the Tibetan Flower (2024) ⭐TMDB: 0% User Score 🎬 #Adventure #Fantasy 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 21 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ထူးခြားဆန်းပြားတဲ့အရပ်ကို မခေါ်သွားနိုင်ပေမယ့်…ထူးခြားဆန်းပြားတဲ့ ဇာတ်ကားကိုတော့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…အလောင်းဖောက်တဲ့ ဇာတ်ကားတွေကို ကြည့်နေကြသူတိုင်းသိမှာပါ…ကျန်းမိသားစုက ထူးခြားတဲ့သွေးပိုင်ရှင်တွေ….အဆိပ်မျိုး ၁ ထောင် မတိုးတဲ့ သွေးပိုင်ရှင်တွေမို့ အားလုံးက စမ်းသပ်ချင်နေတာ…ဒီကားလေးမှာလည်း ဒီအတိုင်းပဲ ကျန်းမိသားစုကိုမှ ဖမ်းပြီးတော့သူတို့စမ်းသပ်ချင်တဲ့ အဆိပ်ရှိတဲ့ ပိုးကောင်ကိုအရှာထွက်မယ့် ရှာပုံတော်ခရီးလမ်းအကြောင်းပေါ့… မတည့်အတူနေ ကြောင်နဲ့ ကြွက် ကျန်းညီအစ်ကို ၂ ယောက်ကရှေ့ဆင့်နောက်ဆင့် ပိုးကောင်အမဲလိုက်မုဆိုးတွေ ဖမ်းတာခံခဲ့ရပြီး…သူတို့မကြာသေးခင်ကမှ လွတ်မြောက်လာတဲ့ကူလော့ရှေးဟောင်းဂူကို ပြန်လည် နည်းပြဖို့ဖြစ်လာခဲ့ပါတယ်… အဲ့မှာ သူတို့ဖမ်းချင်တဲ့ ပိုးကောင်ကတော့ ပါးစပ်ရာဇဝင်ထဲကလူအသွေးအသားအားလုံး စုပ်ယူစားသောက်တတ်တဲ့ အဆိပ်ရှိ အန္တရာယ်ကောင်ပါပဲ….ဒီခရီးလမ်းအဆင်ပြေချောမွေ့ပါမလား…အရင်ခရီးလို ကျန်းညီအစ်ကိုနှစ်ယောက် သေဘေးကလွတ်မြောက်ပါ့မလား…နောက်ပြီး ဒီရာဇဝင်ထဲက ပိုးကောင်က တကယ်ရောရှိရဲ့လား
...