ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Let's Get Physical (2022)
⭐IMDB: 5.6/10 (237 Votes)
🎬 #Drama #TVMovie
🗓 2022 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 26 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Let’ get physical ဆိုတာကတော့အမေရိကန်ဒရာမာရုပ်ရှင်ကောင်းလေးပါ။သူငယ်ချင်းမိတ်ဆွေနှစ်ဦးကြားခင်မင်ရင်းနှီးမှုအကြောင်းနဲ့တရားမဝင်ပြည့်တန်ဆာလုပ်တဲ့ကောင်မလေးကြောင့်ဘယ်လိုအရှူပ်အယှက်တွေဖြစ်လာလဲဆိုတာကိုမြင်တွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်းပြောရရင် ဆေဒီစမစ်ဆိုတဲ့ကောင်မလေးဟာလူတန်မြို့ကအခုမှပြောင်းလာတဲ့လူသစ်ပါ။သူမကကျန်းမာရေးနည်းပြတယောက်ဖြစ်ပြီးအနှိပ်ခန်းလည်းဖွင့်ထားပါတယ်။ သူမရဲ့ဆိုင်နဲ့ဘေးကပ်ရပ်ဆိုင်ကအေပရယ် ဆိုတဲ့ဆံပင်ညှပ်ဆိုင်ပိုင်ရှင်နဲ့ရင်းနှီးသွားပါတယ်။ ဆေဒီကတစ်ဖက်မှာလည်း အနှိပ်ခန်းဆိုပြီးတော့တရားမဝင်ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေသူပါ။ သူမဟာသူမဆီလာတဲ့ဧည့်သည်တွေကိုနာမည်စာရင်းမှတ်ထားပါတယ်။ ဆေဒီပြည့်တန်ဆာလုပ်နေတဲ့အကြောင်းကိုသိသွားတဲ့အခါမှာ အေပရယ်ဘယ်လိုဖြစ်သွားမလဲ၊ ဆေဒီရဲ့ဧည့်သည်စာရင်းကို လူသိရှင်ကြားဖော်ပြခံရတဲ့အခါ လူတန်မြို့မှာဘယ်လိုကမောက်ကမတွေဖြစ်မလဲဆိုတာကိုဆက်လက်ကြည့်ရှုကြပါခင်ဗျာ။...
A Series of Unfortunate Events (2017-2019)
⭐IMDB: 7.8/10 (65 k Votes)
🎬 #Action #Adventure #Family #Comedy #Mystery #Drama
🗓 2017-2019 🎞 tv series
🌎 #UnitedStates #Canada
⏰ 50 မိနစ် 2 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A Series of Unfortunate Events (2017)
ဒီတစ်ခါ ပရိသတ်ကြီးကို IMDb 7.8 ရှိတဲ့ ဇာတ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါပြီ ဇာတ်လမ်းလေးကတော့ ဇာတ်ကားနာမည်အတိုင်းပဲ ကံဆိုးမှုတွေ ဆက်တိုက်ကြုံတွေရတဲ့အကြောင်းလေး ရိုက်ပြထားတာပါ ဇာတ်လမ်းရဲ့ အစမှာတင်ပဲ “ပျော်စရာဇာတ်သိမ်းပိုင်းတွေကိုမှ စိတ်ဝင်စားတယ်ဆိုရင်တော့ မကြည့်ပါနဲ့လို့” ပေါ်ပေါ်ထင်ထင် သတိပေးထားတဲ့ ကားလေးတစ်ကားပါပဲ ဇာတ်လမ်းအစမှာပဲ ဘော်ဒယ်လရီတို့ မိသားစုရဲ့ စံအိမ်ကြီးက မီးလောင်သွားပြီး မီးထဲမှာ မိဘနှစ်ပါး ပါသွားတာကြောင့် ကျန်ခဲ့တဲ့ မောင်နှမ၃ယောက် ကို မွေးစားဖို့ အနီးစပ်ဆုံးဆွေမျိုးဆီ ပို့ပေးလိုက်ရပါတယ်။ ဗိုင်အိုလတ်၊ ကလော့စ် နဲ့ ဆန်နီတို့ဆိုတဲ့ မောင်နှမ၃ယောက်ကတော့ ရုတ်တရက်ကြီးကို သူဌေးသားသမီးတွေ ဘဝကနေ မိဘမဲ့ဘဝ တန်းရောက်သွားတော့တာပါပဲ။ ဒါပေမဲ့ ကံဆိုးမ သွားရာမိုးလိုက်လို့ရွာ ဆိုသလို သူတို့ကို မွေးစားမဲ့ ကောင့်တ်အိုလော့ဖ် ဆိုတဲ့သူကလည်း ဗိုင်အိုလတ်လေး အရွယ်ရောက်ရင် ပိုင်ဆိုင်ခွင့်ရှိမဲ့ သူ့မိဘတွေထားခဲ့တဲ့ အမွေတွေကို တဖက်လှည့်နဲ့ သိမ်းပိုက်ချင်နေတဲ့သူဆိုတော့ တစ်ပူပေါ် နှစ်ပူဆင့်ဖြစ်ရတော့တာပါ။ အဲဒီလို လူမမယ်ကလေး ၃ယောက်ကို ယုတ်မာတဲ့စိတ်နဲ့ မွေးစားထားတဲ့ ကောင့်တ်အိုလော့ဖ် လက်ကနေ ကလေးလေးတွေ လွတ်အောင်ရုန်းကန်နိုင်ပါ့မလား သူတို့ စံအိမ်ကြီးမီးလောင်သွားတယ်ဆိုတာကရော ရိုးသားရဲ့လား သူတို့မိဘတွေရော ဘယ်လိုသေသွားကြတာလဲ ကံဆိုးမှုတွေ ဘယ်လောက်ဆက်တိုက်ကို ထပ်ကြုံရပြီး ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ လက်သီးကျစ်ကျစ်ပါအောင်ဆုပ် စုတ်တသပ်သပ်နဲ့ ခံစားကြည့်ရှုလိုက်ကြပါဦးလို့ နှိုးဆော်တိုက်တွန်းလိုက်ပါတယ် မှတ်ချက်—-ဝမ်းနည်းဓာတ်ခံရှိတဲ့သူများ၊စိတ်ဓာတ်အင်မတန် နုနယ်တဲ့သူများ၊ မျက်ရည်လွယ်တဲ့သူများ အထပ်ထပ်အခါခါစဉ်းစားပြီးမှ ကြည့်စေချင်တယ်။ File size…(798 GB)/(388 MB)...
King of Killers (2023)
⭐IMDB: 5.2/10 (86 Votes)
🎬 #Action #Thriller
🗓 2023 🎞 movie
🌎 #UnitedStates #Canada
⏰ 1 နာရီ 31 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဂယ်ရန်လို့ခေါ်တဲ့ လူတစ်ယောက်ကကြေးစား လူသတ်သမားတစ်ယောက်ဖြစ်ပြီး
သူ့ကိုသတ်ဖို့ တာဝန်ပေးတဲ့လူတွေကို လိုက်သတ်ပေးရတဲ့လူဖြစ်ပါတယ်။
ပြီးတော့သူက အဲ့လိုလုပ်ကြံတဲ့နေရာမှာလဲ အရမ်းကိုထူးချွန်တဲ့သူတစ်ယောက်
ဖြစ်ပါတယ်။
ဒါပေမယ့်တစ်နေ့မှာတော့ သူအလုပ်လုပ်ဖို့သွားနေတုန်း သူ့မိန်းမက အဲ့ဒီကို
လိုက်လာခဲ့ပါတယ်။ ဒီလိုနဲ့သူ့မိန်းမ သေနတ်မှန်သွားပြီးတော့ သေဆုံးသွားခဲ့ပါတယ်။
အဲ့ဒီကနေစပြီး ဘဝကလဲပျောက်ဆုံးသွားပြီးတော့ ကျန်ရစ်သူဖြစ်တဲ့ သူ့သမီး
ကိုတောင်ဂရုမစိုက်ဖြစ်ခဲ့ပါဘူး။ဒါပေမဲ့ နောက်ပိုင်းမှာ သမီးဖြစ်သူက နှလုံးရောဂါ
ဖြစ်ပြီးတော့ နှလုံးခွဲစိတ်အစားထိုးဖို့ဖြစ်လာပါတော့တယ်။ ဒါပေမယ့် သူ့မှာရှိတဲ့
ပိုက်ဆံနဲ့ မလောက်မငှဖြစ်နေတဲ့အချိန်မှာ သူ့ကိုကမ်းလှမ်းထားတဲ့ ဒေါ်လာဆယ်သန်းတန်
ပစ်မှတ်တစ်ခုကို လက်ခံလိုက်ရပါတော့တယ်။အဲ့ဒီပစ်မှတ်ကတော့ တခြားသူမဟုတ်ပါဘူး
သူတို့ရဲ့ လုပ်ကြံရေးသမားလောကထဲမှာ အတော်ဆုံးဆိုတဲ့ လူသတ်သမားတွေရဲ့
ဘုရင် ဒရေကိုဆိုတဲ့ လူကိုသတ်ဖို့ပါပဲ။ဒါပေမယ့် သူ့ကိုသတ်ဖို့က ပုံမှန်အလုပ်တွေလို
ရိုးရှင်းမနေပဲနဲ့ တခြားလူတွေနဲ့ပြိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ အဲ့ထက် ပိုထူးဆန်းတာက
ဒရေကိုကိုသတ်ဖို့ သူတို့ကို ဒရေကိုကိုယ်တိုင်ကငှားထားတာပဲဖြစ်ပါတယ်။ဒီလိုနဲ့
ဂယ်ရန်နဲ့ တခြားလူသတ်သမားတွေ ဒရေကိုကို သတ်ဖို့ကြိုးစားပြီးတော့ နောက်ဆုံးမှာ
လူသတ်သမားတွေရဲ့ ဘုရင်ဆိုတဲ့ဂုဏ်ပုဒ်ကို သူတို့ထဲက တခြားလူတွေက ပိုင်ဆိုင်
သွားမလား ဒရေကိုကပဲ ဆက်ထိန်းသိမ်းထားနိုင်မလားဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။...
Baby Driver (2017)
⭐IMDB: 7.6/10 (581 k Votes)
🎬 #Action #Crime #Drama #Music
🗓 2017 🎞 movie
🌎 #UnitedKingdom #UnitedStates
⏰ 1 နာရီ 53 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Baby Driver (2017)
IMDb Rating (7.6) / Rotten Tomatoes (92%)
ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Edgar Wright ကိုယ်တိုင် ဇာတ်ညွှန်းရေး၊ Co- Produce ပြီးရိုက်ကူးထားတဲ့ Crime Action ဇာတ်ကားကောင်းတစ်ခုပါ။ဘယ်အချိန် ဘယ်နှခါ ကြည့်ကြည့် မရိုးနိုင်အောင်ခေတ်ရဲ့ဒဏ်ကို အံတုနိုင်တဲ့အပြင် ဝေဖန်ရေးဆရာတွေရဲ့ ချီးမွမ်းချက်တွေနဲ့ ဝင်ငွေပိုင်းမှာလည်း အတော်ကို အောင်မြင်မှုရခဲ့တဲ့ ရုပ်ရှင်တစ်ခုပါ။
ဒီရုပ်ရှင်ကို ရိုက်ကူးဖြစ်တဲ့အကြောင်းကတော့ သူ့အနေနဲ့ သီချင်းများများပါတဲ့ ရုပ်ရှင်တစ်ခုဖန်တီးချင်စိတ်ကနေ စတယ်လို့ဆိုပါတယ်။ သီချင်းကိုလည်း နောက်ခံသီချင်းအနေနဲ့သုံးချင်တာမဟုတ်။ သူရိုက်ကူးခဲ့တဲ့ Scott Pilgrim vs. the World လို ဂီတကိုတည်ရိုက်တာလည်းမဟုတ်တဲ့ ရုပ်ရှင်ဇာတ်ကားမျိုးပေါ့။ ဒီနေရာမှာ Baby Driver က သူ့အမြင်နဲ့ကွက်တိကျတဲ့ပုံစံမျိုးကို တည်ခင်းနိုင်ခဲ့ပါတယ်။
Baby Driver ဆိုတဲ့ ရုပ်ရှင်နာမည်အတိုင်း အဓိကဇာတ်ကောင်က Baby။ Baby က Driver။ ရွက်ကြမ်းရေကျို ကားသမားမျိုးတော့မဟုတ်ပါဘူး။ ကားဒက်ရှ်ဘုတ်ကို ကျော်မြင်နိုင်တဲ့အရွယ် ငယ်ငယ်ကတည်းက ကားတွေနဲ့ လိုက်မွှေလာတဲ့ ဆရာကြီးတစ်ယောက်ပါ။ သူ့ကိုတော့ ဒေါက်တာဆိုတဲ့ဘဲကြီးတစ်ပွေက လာဘ်ကောင်လေးလို့သဘောထားပြီး ဓားပြတိုက်တဲ့အခါတိုင်း ကားဆရာအနေနဲ့သုံးပါတယ်။ သုံးတဲ့အခါတိုင်းလည်း မလွတ်မရှိ။ ရအောင်ပြေးလွတ်ခဲ့တာပါပဲ။
သူနဲ့ သီချင်းတွေ ဘယ်လိုတွဲမလဲဆိုတဲ့မေးခွန်းအပေါ် ဒါရိုက်တာမှာ အဖြေကောင်းကောင်းတစ်ခုရှိပါတယ်။ ငယ်ငယ်က ကားမတော်တဆမှုတစ်ခုကြောင့် နားအူရောဂါခံစားနေရတယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုကိုပေးလိုက်တာပေါ့။ ဒါကြောင့် ဘေဘီဟာ အချိန်ပြည့်သီချင်းနားထောင်ရတယ်။ ကြည့်တဲ့လူတွေကလည်း သူနဲ့အတူ သီချင်းထဲ လိုက်မျောခွင့်ရတယ်။ သီချင်းတွေကလည်း ပေါတိပေါချာတွေမဟုတ်ဘူး။ တကယ့်သီချင်းတွေကို ဇာတ်လမ်းနဲ့အညီ အံဝင်ခွင်ကျသုံးပြီး သီချင်းအကြောင်းမဟုတ်တဲ့ ဂီတ ဆန်ဆန် ရုပ်ရှင်တစ်ခုကို သူသွန်းလုပ်ခဲ့တာမျိုးပေါ့။
ဇာတ်လမ်းအသွားကလည်း မမြန် မနှေးနဲ့ သိပ်ကိုအရသာရှိတဲ့ စီးဆင်းမှုမျိုးရှိပါတယ်။ ရိုက်ကွက်တွေကတော့ ပြောဖို့လိုမယ်မထင်ပါဘူး။ ဇာတ်လမ်းအစကနေ အဆုံး ပျင်းချိန်ကိုမပေးဘဲ ပြီးတဲ့အထိ စိတ်လှုပ်ရှားစရာကောင်းအောင် ဆွဲခေါ်သွားနိုင်ပါတယ်။
Baby နေရာကသရုပ်ဆောင်တဲ့ Ansel Elgort ကလည်း စကားနည်းနည်းနဲ့ နားလည်ရခက်တဲ့ ဇာတ်ကောင်မျိုးကို ပီပြင်အောင်သရုပ်ဆောင်ထားနိုင်ပါတယ်။ အဲဒီအတွက်လည်း Best Male Newcomer award ကိုရရှိခဲ့ပါတယ်။
ဒီရုပ်ရှင်နဲ့ပတ်သက်တဲ့ဆုတွေကို စာရင်းချရရင် အတော်ကိုရှည်သွားပါလိမ့်မယ်။ အော်စကာ ဆန်ခါတင် ၃ ဆုအပြင် အခြားဆုပေါင်း ၄၃ ခုကိုရရှိခဲ့ပြီး ဆန်ခါတင်အနေနဲ့ ၆၃ ဆုဝင်ထားပါတယ်။ သရုပ်ဆောင်၊ စတန့်၊ ရုပ်ရှင်ဓာတ်ပုံ၊ သီချင်း ဘာဆုနေနေ ဆုရတာမဟုတ်ရင် ဆန်ခါတင်ကတော့ပါပြီးသားပါပဲ။ အဲဒီလောက်ကိုကြမ်းတာပါ။
သီချင်းနားထောင်ရင်း ကားမောင်းရတဲ့ခံစားချက်က ဘယ်လောက်မိုက်သလဲ မပြောလည်းသိမှာပါ။ မသိသေးရင်တော့ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းကောင်းကောင်းထဲ သီချင်းလေးတွေနဲ့ စီးမျောကြည့်ကြပါဦး။
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Thant Bo မှတင်ဆက်ထားပါတယ်။)...
Inglourious Basterds (2009)
⭐TMDB: 82.0% User Score
🎬 #Action #Adventure #Drama #War #Thriller
🗓 2009 🎞 movie
🌎 #Germany #UnitedStates #France #UnitedStatesofAmerica
⏰ 2 နာရီ 33 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rotten Tomatoes 89% IMDb 8.3/10 ရရှိထားပြီး အော်စကာ ၁ ဆုနဲ့ အခြားသော ဆုပေါင်း ၁၂၄ ဆုရရှိခဲ့တဲ့ ၂၀၀၉ ခုနှစ်ထွက် ဟစ်တလာ လုပ်ကြံရေး ဇာတ်ကားကောင်း တစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ဒုတိယကမ္ဘာစစ်ရဲ့ အစပိုင်း ပြင်သစ်ကို နာဇီတို့ သိမ်းပိုက်ထားချိန်ကာလ…..နာဇီတွေကို တန်ပြန်သုတ်သင်ဖို့အတွက် မဟာမိတ် တွေဟာ လျှို့ဝှက် တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းဖို့ လက်ဖတင်နင် Aldo Raine (Brad Pitt)ကို တာဝန်ပေးခဲ့ပါတယ်။ Aldo ဟာ Basterds လို့ခေါ်တဲ့ ဂျူး ကပြားတွေ အများအပြားပါဝင်တဲ့ တပ်ဖွဲ့ကိုဖွဲ့စည်းပြီး ဟစ်တလာရဲ့ နားရွက်ကို တံတွေးစွတ်ပါတော့တယ်။ Basterds တွေဟာ နာဇီမှန်သမျှရက်ရက်စက်စက်သတ်ပြီး ဦးခေါင်းရေကို ခွါယူလေ့ရှိပါတယ်။သူနဲ့သူ့လူတွေဟာ ဟစ်တလာကို လုပ်ကြံဖို့ ဗြိတိသျှတို့ရဲ့သူလျှို၊ဂျာမန် နာမည်ကြီးမင်းသမီး Bridget von Hammersmark(Diane Kruger)နဲ့ပူးပေါင်းပြီး ကီနို စစ်ဆင်ရေးကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းကြပါတော့တယ်။အဲဒီအချိန်မှာပဲ နာဇီတွေ သုတ်သင်ခဲ့တဲ့ ဂျူးမိသားစုတစ်ခုက ထွက်ပြေးလွတ်မြောက်ပြီး နာဇီတွေကို လက်စားချေဖို့ကြိုးစားနေတဲ့ ရုပ်ရှင်ရုံပိုင်ရှင် ဂျူး မိန်းမလှလေး Shosanna Dreyfus(Mélanie Laurent) ကလည်း သူ့လက်စားချေမှုကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးတစ်ခုကို အမှတ်မထင် ရရှိလာပါတယ်။
ဒီလို အခြေအနေမှာပဲ Jews Hunter လို့နာမည်ကြီးပြီး ကောက်ကျစ်စဉ်းလဲပြီး ဉာဏ်များတတ်တဲ့၊ ကာနယ် Hans Landa (Christoph Waltz) ဟာ ဒီလုပ်ကြံမှုကို ဘယ်လိုမျိုး တားဆီးကာကွယ်မလဲ။ Basterds တွေရဲ့ ကံကြမ္မာနဲ့ ဟစ်တလာရဲ့ ကံကြမ္မာဟာ ဘယ်သူ့အပေါ်မှာ မူတည်မလဲ? လုပ်ကြံမှုကရော အောင်မြင်မလား…. ကျဆုံးမလား ဆိုတာကို ရင်သပ်ရှုမောနဲ့ ကြည့်ရှုရမှာပါ။
ဒီဇာတ်ကားဟာ ဇာတ်လမ်း ဇာတ်အိမ်နဲ့ ဇာတ်ရုပ်တွေကို အများနဲ့မတူအောင် ခွဲထွက်ရိုက်ကူးတဲ့ နေရာမှာ နာမည်ကျော်တဲ့ အော်စကာဆုအပြင် အခြားဆုတွေအများကြီး ရထားတဲ့ ဒါရိုက်တာ Quentin Tarantino ရဲ့ လက်ရာပါ။ ဇာတ်လမ်း၊ သရုပ်ဆောင်မှု နဲ့ ရိုက်ကူးတင်ပြမှုတွေအရမ်းကောင်းတာကြောင့် ကြာမြင့်ချိန် ၂ နာရီခွဲကို ဆိမ့်နေအောင် ကျကျနနခံစားကြရမှာပါ။
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Kaung Thant Sin မှတင်ဆက်ထားပါတယ်။)
4K Quality ကိုတော့ ကာလာပိုလှတဲ့HDR Versionနဲ့ တင်ဆက်ထားတာမလို့ 4K ဖိုင်ကို HDR Play နိုင်တဲ့ ခေတ်ပေါ် Device များသာကြည့်ရှုလို့ရမှာဖြစ်ပြီး 1080p နဲ့ 720p ဖိုင်တွေကိုတော့ ပုံမှန်အတိုင်း ကြည့်ရှုလို့ရပါတယ်ခင်ဗျာ။...
Commando (2023- )
⭐IMDB: 6.1/10 (3 k Votes)
🎬 #Action #Adventure
🗓 2023- 🎞 tv series
🌎 #UnitedStates #India
⏰ 46 မိနစ် 1 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Commando (2023) Season1 CompleteCommando (2023)(TV Series)
IMDb-6.1/10အရင်လကပဲ Disney+Hotstarကနေ ထုတ်လွှင့်ခဲ့တဲ့ |
ကွန်မန်ဒိုဆိုတဲ့ဘောလိဝုဒ်စီးရီးလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
အပိုင်းလေးပိုင်းပဲပါပြီး စုစုပေါင်းကြာချိန် နှစ်နာရီကျော်အတွင်းမှာ
အပစ်အခတ် အတိုက်အခိုက်ကြမ်းကြမ်းရမ်းရမ်းတွေကို
မြင်တွေ့ခံစားကြရမှာပါ။
ထုံးစံအတိုင်းပဲ အိန္ဒိယ-ပါကစ္စတန် နှစ်နိုင်ငံကြားကပြဿနာနဲ့အစပြုထားပါတယ်။
အိန္ဒိယတစ်နိုင်ငံလုံးကို တစ်ရက်အတွင်းမှာပဲ သုသာန်တစပြင်အဖြစ်ပြောင်းလဲသွားစေနိုင်တဲ့
ဗိုင်းရပ်စ်တစ်မျိုးကို ပါကစ္စတန်ကဖန်တီးနိုင်ခဲ့ပါတယ်။ဖန်တီးပြီး ကိစ္စအထမြောက်အောင်
ဗိုင်းရပ်စ်ကိုအိန္ဒိယနိုင်ငံထဲသွင်းတဲ့အချိန်မှာပဲ RAWအဖွဲ့က သတင်းကြိုရပြီးတားဆီးနိုင်ခဲ့ပါတယ်။ဒီမှာပဲ ပါကစ္စတန်ဘက်ကသူတို့ဘက်မှ သူလျှိုရှိမှန်းသိသွားတဲ့အချိန်
အဲဒီသူလျှိုကလည်း မင်းသားရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်နေတော့ သူငယ်ချင်းဖြစ်သူကို ပါကစ္စတန်ထဲကိုဝင်ကယ်တင်တဲ့
အက်ရှင် ဇာတ်လမ်းခပ်ကြမ်းကြမ်းနဲ့ မလွတ်တမ်းကြည့်ချင်သွားစေမယ့်စီးရီးလေးပဲဖြစ်ပါတယ်။
(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~BpL~Zwe~Yunniတို့ပဲဖြစ်ပါတယ်။)Quality – 1080p WEB DL / 720pDuration – 37minsTotal Episodes: 4EpsSubtitle – Myanmar HardsubFormat – Mp4Genre : Action & Adventure...
In the Land of Blood and Honey (2011)
⭐IMDB: 4.7/10 (35 k Votes)
🎬 #Drama #Romance #War
🗓 2011 🎞 movie
🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica
⏰ 2 နာရီ 7 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီကနေ့မှာတော့ CM ပရိတ်သတ်တွေအတွက် မင်းသမီးကြီး Angelina Jolie ကိုယ်တိုင် ဒါရိုက်တာလုပ်ထားတဲ့စစ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်၊ ဇာတ်အိမ်ကတော့ ဒုတိယကမ္ဘာစစ်အပြီး၁၉၉၀ နှောင်းပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့ ဘော့စ်နီးယားစစ်ပွဲကိုကျောရိုးယူထားပြိီး တစ်ဖက်တချက်ကရန်သူတွေဖြစ်တဲ့ ဆာဗေးရီးရားဗိုလ်ကြီး ဒန်နီရယ်နှင့် ဘော့စ်နီးယားအရပ်သူမလေး အိုင်လာတို့ရဲ့အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ စစ်ကြီးမဖြစ်ခင်တည်းကသူတို့နှစ်ဦးဆုံခဲ့ချစ်ကြိုက်ခဲ့ကြပြီး၊ စစ်ဖြစ်လာတော့ အထက်ကအမိန့် အထူးသဖြင့်အဖေဖြစ်သူဗိုလ်ချုပ်ကြီးရဲ့ အမိန့်ကိုမလွန်ဆန်ရဲတဲ့ ဒန်နီရယ်ဟာတာဝန်အတိုင်းလုပ်ရပါတော့တယ် ၊
ထိုအချိန် စခန်းကိုဖမ်းခေါ်ခံလာရတဲ့ထဲ အိုင်လာ ပါလာတော့နှစ်ယောက်ပြန်ဆုံကြပြီး၊ ဒန်နီရယ်ကလည်းအိုင်လာကိုတတ်နိုင်သလောက်သူ့လက်အောက်မှာကူညီစောင့်ရှောက်ပေးခဲ့ပါတယ်။ အချစ်နဲ့စစ်မှာမတရားတာမရှိဘူးဆိုပေမဲ့လည်း သူတို့နှစ်ဦးအချစ်စစ်နဲ့တွေ့တဲ့အခါမှာ ကံကြမ္မာကမျက်နှာသာမပေးတော့ မတရားတာတွေပဲခါးစည်းခံလာရတဲ့အခါ နှစ်ယောက်အချစ်တည်မြဲနိုင်ပါ့မလား…..။ ဥရောပရဲ့ထိခိုက်ဆုံးရှုံးမှုအများဆုံးစစ်ပွဲတွေထဲမှတစ်ပွဲဖြစ်တဲ့ ဘော့စ်နီးယားစစ်ပွဲအကြောင်းနားလည်လွယ်အောင်ရိုက်ပြထားတာမို့လို့ စစ်ကားနဲ့သမိုင်းအကြောင်းစိတ်ဝင်စားသူတွေအတွက်ဆို ဒီဇာတ်ကားလေးအကြံပြုပေးချင်ပါတယ်၊ ( R*pe အခန်းများ၊အတူနေတဲ့အခန်းများပါတာမို့ မိသားစုနဲ့ကြည့်ရှု့ဖို့မသင့်တော်ပါဘူး)...
Can You See Us? (2022)
⭐IMDB: 7.4/10 (344 Votes)
🎬 #Drama
🗓 2022 🎞 movie
🌎 #Zambia
⏰ 1 နာရီ 49 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မှုခင်းကားကောင်းကောင်းလေးကိုမှ ကြိုက်တယ်ဆိုတဲ့သူတွေအတွက် ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားတဲ့ Thriller, Crime ဇာတ်ကားလေးကို တင်ဆက်ပေးမှာဖြစ်ပါတယ် ဒီဇာတ်လမ်းလေးကတော့ 2009 ခုနှစ်မှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာပါ ဂျိုအန်းဆိုတဲ့ သတ်လတ်ပိုင်း အမျိုးသမီးတစ်ဦးဟာ တိုင်လာဆိုတဲ့ သမီးလေးကိုတစ်ယောက်တည်း ပြုစုစောင့်ရှောက်လာခဲ့ရသူပါ ဖတဆိုးလေး တိုင်လာဟာ တဖြည်းဖြည်းနဲ့ ထိန်းရခက်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်လာခဲ့ပါတယ် တစ်ရက်မှာတော့ တိုင်လာဟာ ဘောစတန်ဆိုတဲ့ ကောလိပ်ကျောင်းသားတစ်ယောက်နဲ့ တွေ့ပြီး ချစ်ကြိုက်သွားကြပါတယ်
အသက်မပြည့်သေးတဲ့ တိုင်လာတစ်ယောက် သူ့ကောင်လေးနဲ့ ဖြစ်ချင်တိုင်းဖြစ်နေတာကို သူ့အမေ သိသွားတဲ့အခါမှာတော့ သူ့အမေဟာ သူတို့နှစ်ယောက်ကို မရရအောင် ခွဲပါတော့တယ် အဲ့ဒီအခါမှာတော့ တိုင်လာနဲ့ သူ့ကောင်လေးဟာလည်း အတူတူရှိနေနိုင်ဖို့အတွက် ဘာမဆိုလုပ်မယ်ဆိုပြီး ဆုံးဖြတ်ကာ လူသတ်မှု ကျူးလွန်ပါတော့တယ် ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်တဲ့အပြင် ထင်မထားရတဲ့ Plot Twist တွေပါဝင်တာကြောင့် ကြည်ရှုသူတွေအတွက် စိတ်ဝင်စားစရာ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်မှာ အသေအချာပါပဲ...
Khun Phan (2016)
⭐IMDB: 5.6/10 (340 Votes)
🎬 #Action #Adventure #Comedy #Fantasy #History #Thriller
🗓 2016 🎞 movie
🌎 #Thailand #Cambodia
⏰ 1 နာရီ 50 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
၁၉၃၉ ခုနှစ် မှာ ထိုင်းနိုင်ငံ ချွန်ဖွန်ဆိုတဲ့နယ်က ဓါးပြတွေ ကြီးဆိုးတဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်
ဓါးပြတွေကို နှိမ်နင်းဖို ခွန်ဖန်ဆိုတဲ့ ရဲမှူးချုပ် တာဝန်ပေးအပ်ခံရပါတယ်ဓါးပြနယ်မြေဖြစ်တဲ့အတွက် ရဲအဖြစ် ထင်ထင်ပေါ်ပေါ်သွားလိုမရတဲ့အတွက်
အဲ့ဒီနယ်မြေမှာ သာမန်လူလို လတော်တော်ကြာကြာ သူလျိုအဖြစ်နဲ့နေထိုင်ရပါတယ်ဒါပေမဲ့ ခွန်ဖန် ရင်ဆိုင်ရမယ့်လူက မှော်အစွမ်းတတ်တဲ့ ဓါးပြခေါင်းဆောင် အာဟာဝီယူရူပါ
အာဟာဝီယရူဆိုတဲ့သူက ငယ်စဉ်ကတည်းက စိတ်ဒဏ်ရာနဲ့ ကြီးပြင်လာတဲ့ဓါးပြဖြစ်တဲ့အတွက်
အငြိုးကြီးသလို ရက်လည်း ရက်စက်ပါတယ်အထူးသဖြင့်ရဲတွေကိုပေါ့ အမေဖြစ်သူကလည်း သူ့ရှေ့မှာ သေနတ်ပစ်ခံရပြီး ဆုံးခဲ့တာကြောင့်
သူ့ရင်ထဲက အငြိုးမီးတွေကို ပိုပြီးတော့ လောင်မြိုက်နေစေပါတယ်ဆိုတော့ ခွန်ဖန်တစ်ယောက် အာဟာဝီယရူကို ဘယ်လို နည်းလမ်းနဲ့ နှိမ်နင်းသွားမှာလဲမှော်အစွမ်းတွေနဲ့ဖိုက်တင်ခန်းတွေကို ရင်ခုန်စိတ်လှုပ်ရှားစွာနှင့် တဝကြီး ကြည့်ရမှာမို
စောင့်ကြည့်လိုက်တော့နော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Fake Love ပဲ ဖြစ်ပါတယ်။...
Khun Phaen Begins (2019)
⭐IMDB: 5.9/10 (192 Votes)
🎬 #Action #Adventure #Comedy #Fantasy
🗓 2019 🎞 movie
🌎 #Thailand
⏰ 2 နာရီ 18 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
[Unicode]
“Khun Phaen Begins 2019”
ဇာတ်လမ်းအကျဉ်း
မြစ်ကမ်းဘေး တိုင်းပြည်တစ်ခုဖြစ်တဲ့ အယုဒ္ဓယတိုင်းပြည်ကို ယူထ (သို့) ယူထနမ့်လို့ ခေါ်ကြတဲ့ အချိန်ကာလမှာ စစ်ပွဲတွေမရှိ နှစ်ရာချီအောင် အေးချမ်းခဲ့ပါတယ်…
အကြောင်းရင်းကယူထတိုင်းပြည်ကို အထမတ်အမည်ရှိ လျှို့ဝှက်စစ်သားအဖွဲ့က စောင့်ရှောက်ပေးနေခဲ့လို့ပါပဲ
မှော်နက်အဖွဲ့တွေ အထမတ်အဖွဲ့ကိုချေမှုန်းဖို့ လွှတ်ခဲ့ပေမယ့် အနိုင်မရခဲ့ပဲ မျက်လုံးဖောက်ခံလိုက်ရတယ်လို့ သတင်းတွေထွက်ခဲ့ပါတယ် ၊
တောရွာဘက်က ဖန်လို့ အမည်ရတဲ့ကောင်လေးတစ်ယောက်က ယူထတိုင်းပြည်မှာ မိန်းမယူပြီး မိသားစုအခြေချချင်စိတ်နဲ့ ယူထကိုရောက်လာခဲ့ပါတယ်
ယူထမှာ ငယ်ချစ်ဦးဖြစ်သူ ဖိင်မ်နဲ့ တွေ့ဆုံပြီး အချစ်ဦးအထင်ကြီးနိုင်ဖို့ ဖန်ဟာ လတ်လျားလတ်လျားနေတတ်သူကနေ စစ်ထဲဝင်ဖို့ ကြိုးစားခဲ့ပါတော့တယ်…
ငယ်ငယ်တည်းက အတိတ်မေ့ပြီး အဖေ့ကိုပါ မမှတ်မိနိုင်တဲ့ ဖန်ဟာ တခါလောက်တော့ အဖေ့ကိုတွေ့ဖူးချင်စိတ်နဲ့ မှော်ပညာကို သင်ယူ စစ်သားတစ်ယောက်ဖြစ်လာချိန်…
သတင်းသာ ကြားဖူးတဲ့ မှော်နက်အဖွဲ့က တဖန် အထမတ်စစ်သားတွေကို အနိုင်ယူ ယူထတိုင်းပြည်ကို သိမ်းဖို့ကြိုးစားလာချိန်မှာတော့
မှော်ပညာတတ် စစ်သားတစ်ယောက်ဖြစ်တဲ့ ဖိတ်တစ်ယောက် ယူထတိုင်းပြည်ကို ကာကွယ်ပေးနိုင်မှာလား…
ငယ်ငယ်တည်းက မေ့နေခဲ့တဲ့ အဖေ့ကိုရောပြန်တွေ့နိုင်မလား…
ငယ်ချစ်ဦး ဖိင်မ်နဲ့ရော အဆင်ပြေသွားမလား ဆိုတာတွေကို အချစ်ဟာသဆန်းကြယ်တဲ့စွန့်စားမှုတွေ ရောနှောထားတဲ့ “Khun Phaen Begins” မှာ ကြည့်ရှူကြရအောင်…။
Casts—–ခွန်ဖိတ် အဖြစ် Mario Maurerဖိင်(မ်) အဖြစ် Fah Yongwaree Ngamkasem
( အညွှန်း ရေးသားပေးထားတာကတော့Kyi Nue Zin(မမချောချောလေး) ဖြစ်ပြီး ဘာသာပြန်သူကတော့Nang Mwe Kham(FA) ဖြစ်ပါတယ် )
[Zawgyi]
“Khun Phaen Begins 2019”
ဇာတ်လမ်းအကျဉ်း
မြစ်ကမ်းဘေး တိုင်းပြည်တစ်ခုဖြစ်တဲ့ အယုဒ္ဓယတိုင်းပြည်ကို ယူထ (သို့) ယူထနမ့်လို့ ခေါ်ကြတဲ့ အချိန်ကာလမှာ စစ်ပွဲတွေမရှိ နှစ်ရာချီအောင် အေးချမ်းခဲ့ပါတယ်…
အကြောင်းရင်းကယူထတိုင်းပြည်ကို အထမတ်အမည်ရှိ လျှူိ့ဝှက်စစ်သားအဖွဲ့က စောင့်ရှောက်ပေးနေခဲ့လို့ပါပဲ
မှော်နက်အဖွဲ့တွေ အထမတ်အဖွဲ့ကိုချေမှုန်းဖို့ လွှတ်ခဲ့ပေမယ့် အနိုင်မရခဲ့ပဲ မျက်လုံးဖောက်ခံလိုက်ရတယ်လို့ သတင်းတွေထွက်ခဲ့ပါတယ် ၊
တောရွာဘက်က ဖိတ်လို့ အမည်ရတဲ့ကောင်လေးတစ်ယောက်က ယူထတိုင်းပြည်မှာ မိန်းမယူပြီး မိသားစုအခြေချချင်စိတ်နဲ့ ယူထကိုရောက်လာခဲ့ပါတယ်
ယူထမှာ ငယ်ချစ်ဦးဖြစ်သူ ဖိင်မ်နဲ့ တွေ့ဆုံပြီး အချစ်ဦးအထင်ကြီးနိုင်ဖို့ ဖိတ်ဟာ လတ်လျားလတ်လျားနေတတ်သူကနေ စစ်ထဲဝင်ဖို့ ကြိုးစားခဲ့ပါတော့တယ်…
ငယ်ငယ်တည်းက အတိတ်မေ့ပြီး အဖေ့ကိုပါ မမှတ်မိနိုင်တဲ့ ဖိတ်ဟာ တခါလောက်တော့ အဖေ့ကိုတွေ့ဖူးချင်စိတ်နဲ့ မှော်ပညာကို သင်ယူ စစ်သားတစ်ယောက်ဖြစ်လာချိန်…
သတင်းသာ ကြားဖူးတဲ့ မှော်နက်အဖွဲ့က တဖန် အထမတ်စစ်သားတွေကို အနိုင်ယူ ယူထတိုင်းပြည်ကို သိမ်းဖို့ကြိုးစားလာချိန်မှာတော့
မှော်ပညာတတ် စစ်သားတစ်ယောက်ဖြစ်တဲ့ ဖိတ်တစ်ယောက် ယူထတိုင်းပြည်ကို ကာကွယ်ပေးနိုင်မှာလား…
ငယ်ငယ်တည်းက မေ့နေခဲ့တဲ့ အဖေ့ကိုရောပြန်တွေ့နိုင်မလား…
ငယ်ချစ်ဦး ဖိင်မ်နဲ့ရော အဆင်ပြေသွားမလား ဆိုတာတွေကို အချစ်ဟာသဆန်းကြယ်တဲ့စွန့်စားမှုတွေ ရောနှောထားတဲ့ “Khun Phaen Begins” မှာ ကြည့်ရှူကြရအောင်…။
Casts—–ခွန်ဖိတ် အဖြစ် Mario Maurerဖိင်(မ်) အဖြစ် Fah Yongwaree Ngamkasem
( အညွှန်း ရေးသားပေးထားတာကတော့Kyi Nue Zin(မမချောချောလေး) ဖြစ်ပြီး ဘာသာပြန်သူကတော့Nang Mwe Kham(FA) ဖြစ်ပါတယ် )...
The Haunted Drum (2007)
⭐IMDB: 5.2/10 (129 Votes)
🎬 #Horror #Thriller
🗓 2007 🎞 movie
🌎 #Thailand
⏰ 1 နာရီ 43 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Haunted Drum (2007)
ငယ်ငယ်က တော်တော်နာမည်ကြီးခဲ့တဲ့ The Haunted Drum ဆိုတဲ့ ထိုင်းသရဲကားလေးကို ပြန်လည်တင်ဆက်ပေးချင်ပါတယ်။အရမ်းစည်းကမ်းတင်းကြပ်ပြီး အဖွဲ့သားတွေကို အလိုမလိုက်တတ်တဲ့ ဆိုင်းဆရာကြီး Doung ရဲ့ဆိုင်းဝိုင်းမှာ ပညာသင်ဖို့အတွက် ဂီတမှာ ပါရမီပါတဲ့ Ping ဆိုတဲ့ကောင်လေးတစ်ယောက် ရောက်လာခဲ့ပါတယ်။အဲဒီဆိုင်းဝိုင်းမှာ အဖွဲ့သားအားလုံး အဖွဲ့အပေါ် သစ္စာမဖောက်ပါဘူးဆိုတဲ့ ကတိတစ်ခုကို သစ္စာဆိုရပြီးတော့သစ္စာဖောက်ဖျက်မိရင် ဆိုင်းဝိုင်းအိမ်မှာရှိတဲ့ ဗုံကိုစောင့်ကြပ်တဲ့ သရဲက အပြစ်ပေးတတ်တယ်ဆိုပြီး တီးတိုးကောလဟာလတွေလည်း ရှိပါတယ်။အဲဒီသရဲက ဆိုင်းဝိုင်းကို စောင့်ရှောက်ပေးထားတယ်ဆိုတဲ့သတင်းကြောင့်အဲဒီဗုံကို လိုချင်နေတဲ့ တခြားဆိုင်းဝိုင်းပိုင်ရှင် Muam က ဆိုင်းဝိုင်းကလူတွေကို သူ့ဘက်ပါအောင်လုပ်ပြီးဗုံကိုရယူဖို့ နည်းလမ်းမျိုးစုံ သုံးလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဇာတ်လမ်းထဲမှာပဲ ကြည့်လိုက်ကြရအောင်နော်။ပြီးတော့ ဆိုင်းဝိုင်းအိမ်ကို ရောက်လာတဲ့ Ping ရဲ့ ကြည်နူးစရာအချစ်ဇာတ်လမ်းလေးကိုလည်း ဇာတ်လမ်းထဲမှာ ခံစားကြည့်ရှုရမှာပါ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Moh Mohပဲ ဖြစ်ပါတယ်။...
Khun Pan 2 (2018)
⭐IMDB: 6.5/10 (108 Votes)
🎬 #Action #Fantasy
🗓 2018 🎞 movie
🌎 #Thailand
⏰ 2 နာရီ 6 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Khun Pan 2 (2018)==============၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ Khun Pan 1 ရဲ့ sequel ဖြစ်တဲ့Khun Pan 2 ကို ပြန်လည်ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။
Khun Pan 1 မှာ တုတ်ပြီး ဓားပြီး သေနတ်ပြီး တောပုန်းဓားပြကြီး အဟာဝီရလူနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့လူစွမ်းကောင်းရဲအရာရှိကြီး ခွန်ဖန်ရဲ့ တောပုန်းဓားပြရေစက်ကတော့မဆုံးနိုင်အောင်ပါပဲ။
ဒီ Khun Pan 2 မှာလည်း မြေပြန့်အလယ်ပိုင်းမှာသောင်းကျန်းနေတဲ့တောပုန်းဓားပြ “ဖိုင်” နဲ့ “ဘိုင်” ဦးဆောင်တဲ့ “ရှပ်နက်ဝတ် တောပုန်းဓားပြဂိုဏ်း” ကိုနှိမ်နင်းဖို့အကြောင်းဖန်လာပြန်ပါတော့တယ်။ဒီတစ်ခေါက်စစ်ဆင်ရေးမှာရော လူစွမ်းကောင်းကြီး ခွန်ဖန်တစ်ယောက် အောင်ပန်းဆွတ်နိုင်မှာလား ..မထင်မှတ်ထားတဲ့ဘယ်လိုအတွေ့အကြုံထူးတွေ ကြုံတွေ့ရဦးမှာလဲဆိုတာကတော့ ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်လိုက်ပါတော့။
အညွှန်း နဲ့ ဘာသာပြန်ကတော့Lai Laiiပဲ ဖြစ်ပါတယ်။...
Love at the End of the World (2015)
⭐IMDB: 6.9/10 (92 Votes)
🎬 #Romance #Drama
🗓 2015 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 41 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb- 6.9/10
MyDramaList- 6.8/10
မိုးရာသီလေးမှာ အလောင်တစ်လိုင်းကြည့်သင့်တဲ့မိသားစုကားကောင်းလေးတစ်ကားကို ညွှန်းချင်ပါတယ်ပျော်ရွှင်မှုဆိုတာမရှိတဲ့မိသားစုလေးမှာ ဂျာယောင်းဆိုတဲ့အမျိုးသမီးက ကျောင်းမှာရာထူးမတိုးတဲ့အပြင်ခင်ပွန်းဖြစ်သူအရက်သမားရဲ့ နှိပ်စက်တာကိုကြိတ်မှိတ်ခံနေရပါတယ်။တစ်နေ့မှာတော့ ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီး သမီးဖြစ်သူ ယူဂျင်းကိုဆက်လက်ပြုစုပျိုးထောင်လာခဲ့ပါတယ်။ဒီလိုနဲ့ သာယာနေတဲ့သားအမိနှစ်ယောက်ကြားထဲကို ဝင်လာတာကတော့ တစ်ကောင်ကြွက်ဆီဆိုင်ပိုင်ရှင်ဒုံဟာပါ။ဒီလိုမျိုးအမေနဲ့ သမီးကြားမှာ ဒုံဟာတစ်ယောက် ဘယ်လိုမျိုး ဗျာများမလဲဆိုတာတော့ဒီဇာတ်ကားလေးကိုဆုံးအောင်ကြည့်ရှုပေးဖို့ တိုက်တွန်းချင်ပါတယ်။မြင်တွေ့ဖူးနေကျ မင်းသား မင်းသမီးတွေပါဝင်သရုပ်ဆောင်ထားပြီးယူဂျင်းလေးကလည်း ချစ်စရာကောင်းတာတော့ အမှန်ပါပဲ။
(၁၈+ ဆိုပေမယ့် ဒီဇာတ်ကားလေးရဲ့ပေးချင်တဲ့ message တွေအများကြီးပါတဲ့အတွက်တစ်ခန်းချင်းစီကို သေချာကြည့်ပေးပါလို့ တိုက်တွန်းချင်ပါတယ် ငိငိ)
အညွှန်းနဲ့ ဘာသာပြန်ကတော့Mr.Kaungပဲဖြစ်ပါတယ်...
Almost Che (2012)
⭐IMDB: 6.0/10 (60 Votes)
🎬 #Comedy
🗓 2012 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 52 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Almost Che (2012)
ဒီ Almost Che ဆိုတဲ့ ကားလေးကတော့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီးလက်ရှိမြန်မာနိုင်ငံမှာလည်း လက်ရှိဖြစ်ပျက်နေတဲ့နိုင်ငံရေးအကြောင်းနဲ့ ဆင်တူပါတယ်။
ဒီကားလေးမှာက ကိုးရီးယားကစစ်အာဏာသိမ်းအစိုးရကို အမေရိကန်တွေ ထောက်ပံ့ပေးမှုနဲ့ပတ်သတ်ပြီး ဆန္ဒပြကြတာကို အခြေခံရိုက်ကူးထားတာပါ။
ဂန်ဒယ်အို ဆိုတဲ့ဇာတ်လိုက်ဟာ တရုတ်စားသောက်ဆိုင်မှာအလုပ်လုပ်ရင်း ပဲခေါက်ဆွဲလိုက်ပို့တဲ့သူပါ။တစ်နေ့မှာတော့ သူဟာ ပဲခေါက်ဆွဲလိုက်ပို့ရင်းနဲ့ ဆောယယ်ရင်း ဆိုတဲ့ကောလိပ်ကျောင်းသူကိုချစ်မိသွားတဲ့အတွက်နီးစပ်ဖို့ကြိုးစားရင်း တော်လှန်ပုန်ကန်မှုထဲကို ဘုမသိဘမသိပါဝင်သွားခဲ့ပါတယ်။
အဲ့နောက်မှာတော့ ဆောယယ်ရင်းကိုကာကွယ်ပေးချင်တဲ့စိတ်နဲ့ပဲ တလွဲလုပ်ရင်း ဘယ်လိုတွေဆက်ဖြစ်မလဲ၊ကောင်မလေးရဲ့အချစ်ကိုလည်း ရအောင် ကြိုးစားနိုင်မလားဆိုတာ..
လက်ရှိအခြေအနေကိုလည်း ထင်ဟပ်ရင်း ရယ်ရွှင်စရာ ဇာတ်နှောလေးနဲ့ အတူတူကြည့်ရှုလိုက်ကြရအောင်နော်…
အညွှန်း နဲ့ ဘာသာပြန်ကတော့Myo Myo Htetပဲ ဖြစ်ပါတယ်။...
Dukun (2018)
⭐TMDB: 73.0% User Score
🎬 #Crime #Horror #Thriller
🗓 2018 🎞 movie
🌎 #Malaysia
⏰ 1 နာရီ 48 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Dukun (2018)
2018 ခုနှစ်မှာ မလေးရှားဆိုရှယ်မီဒီယာမှာ ဗီဒီယိုတစ်ခုပျံ့နှံ့လာခဲ့ပါတယ်။မလေးရှားရိုးရာဝတ်စုံအနီဝမ်းဆက်နဲ့အမျိုးသမီးတစ်ဦး ညအချိန်တွေလမ်းပေါ်မှာတွေ့တွေ့နေရတာပါ။ဒါဟာသရဲလား လူတွေဖန်တီးထားတဲ့ဗီဒီယိုပဲလား အငြင်းပွားမှုတွေရှိခဲ့ပါတယ်။ဒါပေမဲ့ တကယ်တော့ ဒီဝတ်စုံနီနဲ့အမျိုးသမီးက Dukun ရုပ်ရှင်ကားအတွက် မားကတ်တင်းနည်းလမ်းတစ်ခုပါ။တကယ်တမ်းတော့ Dukun ကအဲ့လိုကြေငြာစရာမလိုလောက်အောင် ရုံပြည့်ရုံလျှံမယ့်ကားပါပဲ။ဘာလို့လဲဆိုရင် Dukun ကို ၂၀၀၇ ခုနှစ်မှာရိုက်ကူးခဲ့ပြီး ဆယ်စုနှစ်တစ်ခုကြာအပြီး ၂၀၁၈ မှပြသခွင့်ရခဲ့တာပါ။ပြသခွင့်ရတာကလဲ ဇာတ်လမ်းက အင်တာနက်ပေါ်မှာ leaked ဖြစ်လာတဲ့အတွက် မထူးတော့ဘူးဆိုပြီး ပြသခွင့်ပေးလိုက်တာပါ။ပိတ်ပင်ခံရတဲ့အကြောင်းအရင်းကတော့ မလေးရှားမှာအရက်စက်ဆုံးလူသတ်သမားဖြစ်တဲ့အဆိုတော်မိုနာဖန်ဒီအကြောင်းကို မှီငြိမ်းရိုက်ကူးထားတဲ့ရုပ်ရှင်ဖြစ်နေတာကြောင့်ပါပဲ။
ဒီရုပ်ရှင်အစမှာ ဤရုပ်ရှင်က မည်သည့်လူ မည်သည့်အကြောင်းအရာပေါ်မှာမှမှီငြမ်းထားခြင်းမရှိကြောင်းပြောထားပေမယ့် အဲ့ဒါကအလိမ်အညာလို့ပဲပြောချင်ပါတယ်။ဒီဇာတ်လမ်းဟာ မိုနာဖန်ဒီအပေါ်မှီငြမ်းထားတယ်ဆိုတာဖော်ပြနေတဲ့ အချက်အလက်တွေကသိသာလွန်းပါတယ်။မိုနာဖန်ဒီကတော့ မလေးရှားပေါ့ပ်အဆိုတော်တစ်ဦးဖြစ်ပြီး အောင်မြင်မှုတော့မရခဲ့ပါဘူး။အဲ့နောက်ပိုင်းမှာတော့ သူကပယောဂဆရာမအဖြစ်လမ်းကြောင်းပြောင်းသွားပါတယ်။သူနဲ့သူ့ခင်ပွန်းက နာမည်ကြီးနိုင်ငံရေးသမားတွေစီးပွားရေးသမားတွေအတွက်အစီအရင်မန္တန်တွေလုပ်ပေးပြီး နေ့ချင်းညချင်းလဲချမ်းသာသွားပါတယ်။တစ်နေ့တော့ မိုနာရယ်သူ့ယောကျ်ားရယ် သူတို့လက်ထောက်ရယ်ကနိုင်ငံရေးသမားတစ်ယောက်ကိုအစီအရင်လုပ်ပေးရင်း သတ်လိုက်ပါတယ်။ဒီနိုင်ငံရေးသမားကို ၁၈ ပိုင်းခုတ်ပိုင်းပြီး မြှပ်ခဲ့ကြပါတယ်။မတွေ့တဲ့အစိတ်အပိုင်းတွေလဲရှိပြီး အဲ့ဒါတွေကို မိုနာတို့က စားခဲ့ကြတယ်ဆိုတဲ့သတင်းတွေလဲထွက်ခဲ့ပါတယ်။မိုနာဖန်ဒီကတော့ အမှုစစ်ခံရချိန်တစ်လျှောက်လုံးလဲ ကျောချမ်းလောက်အောင်ပြုံးနေခဲ့ပြီး၂၀၀၁ ခုနှစ်မှာကြိုးပေးခံရခါနီးမှာလဲ နောက်ဆုံးစကားအဖြစ် “ငါဘယ်တော့မှမသေဘူး” လို့ပြောသွားပါသေးတယ်။ဒီဇာတ်လမ်းမှာတော့ ပယောဂဆရာမတစ်ဦးက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ကိုသတ်ခဲ့တာပါ။တကယ့်ဖြစ်ရပ်မှန်မှာ ဘယ်လိုမှမသိနိုင်အဖြေမရှာနိုင်တော့တဲ့အကြောင်းအရာတွေကိုဖန်တီးဖြည့်စွက်ပြီး ပြည့်စုံတဲ့ဇာတ်လမ်းအဖြစ်တင်ဆက်ပေးထားပါတယ်။
သေချာတာကတော့ ဒီဇာတ်လမ်းက ဆယ်စုနှစ်တစ်ခုကျော်ကြာစောင့်ဆိုင်းခဲ့ရတာနဲ့တန်အောင်ကောင်းပြီးနောက်ထပ်ဆယ်စုနှစ်ပေါင်းများစွာထိလဲ လူတွေကိုခြောက်လှန့်နေဦးမှာပါ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Rashidaပဲ ဖြစ်ပါတယ်။...
Ice Rain (2004)
⭐TMDB: 48.0% User Score
🎬 #Adventure #Drama #Romance
🗓 2004 🎞 movie
🌎 #SouthKorea #SouthKorea
⏰ 1 နာရီ 45 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ice Rain (2004)
ဒီဇာတ်လမ်းလေးကတော့ ၂၀၀၄ ခုနှစ်မှာ ဇာတ်အိမ်တည်ခဲ့တဲ့ ဆွတ်ပျံ့ဖွယ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ
တောင်တက်သမားနှစ်ယောက်ဟာ အာလန်စခါမှာ ရှိတဲ့ အာရှခုလို့အမည်ရတဲ့ ရေခဲတောင်ပေါ်မှာ သောင်တင်နေရင်းနဲ့သူတို့ဘဝကို ပြောင်းလဲစေခဲ့တဲ့ မိန်းကလေးအကြောင်းကို တစ်ယောက်နဲ့တစ်ယောက် ပြောပြကြပါတယ်
သူတို့မသိခဲ့တာကတော့ တကယ်တမ်း သူတို့နှစ်ယောက်ဟာ ဘယ်လိုမျိုးဆက်နွယ်မှုရှိနေတာလဲဆိုတာပါပဲ
အဲဒါကတော့ ဇာတ်လမ်းရဲ့အဓိကအချက်ဖြစ်တဲ့အတွက် ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါ
အားလုံးရဲ့အချစ်တော် “ဆောင်းဦးရွက်ကြွေချစ်သက်သေ” ထဲက မင်းသားဂျွန်စောလို့ အသိများကြတဲ့ (Song Seung Heon) နဲ့မြန်မာနိုင်ငံမှာ ကျီးကျင့် လို့ နာမည်ရခဲ့တဲ့ မင်းသမီးကြီး Kim Ha Neul လည်း ပါဝင်သရုပ်ဆောင်ထားတာမို့လို့ လက်မလွတ်တမ်း ကြည့်ရှုအားပေးပါဦးနော်
ဇာတ်ကားကောင်းလေးကို တင်ပေးချင်တာမို့ လတ်တလော ရတဲ့ ကွာလတီနဲ့ပဲ တင်ပေးထားပါတယ်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Hsuပဲ ဖြစ်ပါတယ်။...
Happy Feet Two (2011)
⭐IMDB: 5.8/10 (47 k Votes)
🎬 #Animation #Comedy #Family #Adventure #Music #Musical #Romance
🗓 2011 🎞 movie
🌎 #Australia #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 39 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါမှာတော့ ချစ်စရာပင်ဂွင်းလေးတွေရဲ့ Happy Feet Two ဆိုတဲ့ ၂၀၁၁ ခုနှစ်ထွက် Family/Comedy ကာတွန်းကားလေးကို CM version နဲ့ တင်ဆက်ပေးလိုက်ပါတယ်။ ၂၀၀၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ Happy Feet 1 ရဲ့ Sequel ဖြစ်ပြီး ၁ ကိုမကြည့်ထားရင်တောင်မှ ဒီတိုင်း ၂ ကို စီးမျောကြည့်ရှုလို့ ရနိုင်မှာပါ။ ၁ မှာတုန်းက သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး အသိပညာပေးခဲ့သလို ၂ မှာတော့ မိသားစု အသင်းအဖွဲ့စိတ်ဓာတ်က ဘယ်လောက်အရေးကြီးပုံနဲ့ အခက်အခဲတွေကို စိန်ခေါ်မှုအဖြစ် ပြောင်းလဲပစ်တတ်ဖို့ လိုပုံတွေကို တင်ပြထားခဲ့ပါတယ်။ ၂ က ၁ လောက် မအောင်မြင်ခဲ့ပေမဲ့ တခြားသာမန်ကာတွန်းတွေနဲ့ ယှဉ်ရင်တော့ သီချင်းလေးတွေ အကအလှလေးတွေနဲ့ မျက်စိပသာဒဖြစ်စရာမို့ အတော်လေး ကြည့်ပျော်ရှုပျော်ဖြစ်တဲ့ ကာတွန်းကားလေးဖြစ်မှာ။
အသံသရုပ်ဆောင်တွေအနေနဲ့လည်း နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Elijah Wood (Lord of the ring ထဲက Frodo) က မန်ဘယ်အဖြစ်၊ Robin Williams (JumanJi 1995) က ရေမွန်နဲ့ Lovelace ဂုရုကြီးအဖြစ်၊ အဆိုတော်နဲ့သရုပ်ဆောင် E.G. DAILY က အဲရစ်ခ်အဖြစ်၊ Brad Pitt (World War Z/Bullet Train) က ပုစွန်ဆိတ်ကလေး ဝယ်လ်အဖြစ်၊ အဆိုတော် Pink က ဂလော်ရီယာအဖြစ် အသီးသီး ပါဝင်အားဖြည့်ပေးထားကြပါတယ်။ ဇာတ်လမ်းကတော့ သီချင်းမဆိုတတ်ပေမဲ့ အကနဲ့တင် အလှတရားလေးဂလော်ရီယာကို သိမ်းပိုက်နိုင်ခဲ့တဲ့ မန်ဘယ်က သူနဲ့တူတဲ့ သားလေးအဲရစ်ခ်အတွက် အဖေကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေပုံကနေ စခဲ့ပါတယ်။ သွေးကစကားပြောတယ်ဆိုရမလားမသိ၊ သူ့သားလေး အဲရစ်ခ်က တခြားပင်ဂွင်းငယ်လေးတွေလိုမဟုတ်ဘဲ သီချင်းမဆိုတတ်သလို အကမှာလည်း သူ့လိုမျိုး ကျွမ်းကျင်မှုမရှိတာကြောင့် ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေခဲ့တာပါ။
ဒီလိုနဲ့ အဲရစ်ခ်က မန်ဘယ့်သူငယ်ချင်း ပင်ဂွင်းပုလေး ရေမွန့်နောက်ကိုလိုက်ရင်း အိမ်ပြေးလုပ်ဖို့ကြိုးစားတာမို့ သူက လိုက်ခေါ်ပြီး အပြန်လမ်းမှာတော့ သူတို့ပင်ဂွင်းတွေအတွက် မျိုးတုံးလုနီးနီး ကပ်ဘေးကြီးနဲ့ ရင်ဆိုင်ခဲ့ရပါတော့တယ်။ အဲဒါကတော့ ရေခဲတောင်ကြီးတွေ ရွေ့လျားပြိုကျပြီး သူတို့နေတဲ့အင်ပါယာနယ်မြေတစ်ခုလုံးဟာ ရေခဲတောင်တွေကြား လေးဖက်လေးလံလုံးမှာ ပိတ်မိသွားရတာပါပဲ။ သူတို့ အင်ပါယာပင်ဂွင်းတစ်စုလုံး ပိတ်မိနေခဲ့ပြီး လွတ်နေတာဆိုလို့ သူတို့ သားအဖနှစ်ယောက်နဲ့ အဲရစ်ခ်ရဲ့သူငယ်ချင်းလေးတွေပဲရှိချိန်မှာ ဒီဒုက္ခဘေးကနေ လွတ်အောင် သူတို့ဘယ်လိုရုန်းထွက်ကြမလဲ… တကယ်ရော ရုန်းထွက်နိုင်မှာလား… ဘယ်လိုနည်းလမ်းမျိုးနဲ့များ ရေခဲတောင်တွေကြားက လွတ်အောင်ရုန်းထွက်ကြမလဲဆိုတာကိုတော့ လှုပ်လှုပ်ရွရွ ကာတွန်းကာရိုက်တာလေးတွေနဲ့ သာယာဖွယ် သီချင်းလေးတွေကို စီးမျောခံစားရင်း ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီကာတွန်းကားလေးရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emilyပါ)...
Marshall (2017)
⭐IMDB: 7.3/10 (26 k Votes)
🎬 #Biography #Crime #Drama #History
🗓 2017 🎞 movie
🌎 #UnitedStates #China #HongKong #UnitedStatesofAmerica
⏰ 2 နာရီ 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Marshall (2017)
~ IMDb – 7.3/10, Rotten Tomatoes – 80% ~
အမေရိကန်ရဲ့ အထက်တရားရုံးမှာ လျှောက်လဲခွင့်ရတဲ့ ပထမဆုံးသော အမေရိကန် အာဖရိကန် လူမျိုး သားဂွတ်မာရှယ်ရဲ့အကြောင်းကို ပြန်လည်ရိုက်ပြထားတဲ့ အတ္ထုပ္ပတ္တိပုံစံ ဒရာမာကားတစ်ကားပါ။ ကြွေလွင့်သွားခဲ့ပြီဖြစ်တဲ့ Chadwick Boseman ရဲ့ ကားကောင်းတစ်ကားပါပဲ။
~ ဇာတ်လမ်းအညွှန်း ~
အမေရိကန်မှာ လူဖြူဝါဒကြီးစိုးပြီး လူမည်းတွေဖိနှိပ်ခံရတဲ့အချိန် ဂရင်းဝစ်မြို့မှာ လူဖြူအမျိုးသမီးတစ်ဦး လူမည်းရဲ့ မုဒိန်းကျင့်ခံရတယ်လို့ စွပ်စွဲလိုက်တာကြောင့် တနိုင်ငံလုံးကလူမည်းအများစူတွေ အလုပ်ဖြုတ်ခံရတာကို ဖြေရှင်းဖို့ သားဂွတ်တစ်ယောက် လူမည်းဘက်က ထုပဖို့ သူငယ်ချင်းဆမ်နဲ့အတူ ကြိုးစားခဲ့ပါတယ်။
သူကိုယ်တိုင်တာဝန်ယူဖို့ ကြိုးစားထားပေမဲ့ တကယ်တမ်း တရားရုံးက သူငယ်ချင်းဆမ်ကို အမှုစစ်ခိုင်းတဲ့အခါ ဘယ်လို အခက်အခဲတွေရှိခဲ့လဲ… ဘယ်လိုကြိုးစားခဲ့ရလဲ… ဆိုတာတွေကို ရိုက်ပြထားတဲ့ ဖြစ်ရပ်မှန်ကားကောင်းတစ်ကားပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)...
Ransomed (2023)
⭐IMDB: 6.4/10 (99 Votes)
🎬 #Action #Drama #Thriller
🗓 2023 🎞 movie
🌎 #SouthKorea
⏰ 2 နာရီ 12 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ransomed(2023)
****************
ကိုရီးယားရဲ့ နာမည်ကြီးသရုပ်ဆောင်တွေချည်းပါဝင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်..
လက်ဘနွန်ဆိုတာ ပြည်တွင်းငြိမ်းချမ်းမှုမရှိသလို လက်နက်ကိုင်အဖွဲ့အစည်းတွေ
များစွာရှိတဲ့နိုင်ငံလည်းဖြစ်ပါတယ်…သံရုံးတွေကတော့ နိုင်ငံရေးအခြေအနေရ
တည်ရှိနေရတယ်ဆိုပေမဲ့ သံရုံးဝန်ထမ်းတွေရဲ့ လုံခြုံရေးကတော့ စိတ်ချရတဲ့အခြေအနေမဟုတ်ပါဘူး..
တစ်နေတော့ ကိုရီးယားသံရုံးရဲ့ အကြီးအကဲအရာရှိတစ်ဦး လက်ဘနွန် သူပုန်တွေဆီမှာ အဖမ်းခံလိုက်ရတယ်..
ထူးခြားတာက အရာရှိကြီးကို ဘယ်သူဖမ်းတယ်လို့ မကြေငြာတော့သတင်းအစအနပါပျောက်နေတယ်..
ဒီနောက် ၁ နှစ်နဲ့ ၈လကြာတဲ့နောက်မှာ လက်ဘနွန်ကနေ ကိုရီးယားနိုင်ငံရဲ့ သံရုံးကို ဖုန်းဝင်လာတယ်..
အဲ့ဒါကတော့ သံရုံးအရာရှိကို ၂.၅သန်းနဲ့ လာရွေးကြပါပေါ့.. ကိုရီးယားထိပ်သီးအစိုးရဝန်ထမ်းတွေဟာ
ဒီကိစ္စကိုလူသိရှင်ကြားနဲ့ကြေငြာပြီးကယ်မယ်ဆိုရင်လည်း ဓားစာခံဟာသေပြီးသားလူဖြစ်နေရင်
အရှက်ကွဲမယ်..မကယ်ရင်လည်း နောက်မှ ပြန်ပေးဆွဲတဲ့သူတွေဆီကနေ သတင်းပေါက်လို့ရှိပြန်ရင်လည်း
သူတို့အရှက်ကွဲမှာဆိုတော့ ဒီကိစ္စကို တိုးတိုးတိတ်တိတ်နဲ့ကယ်ဆယ်ရေးမစ်ရှင်လုပ်ဖို့
လူတစ်ယောက်ကိုစေလွှတ်လိုက်ပါတော့တယ်…အဲ့ဒီနောက်မှာတော့….ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့…...
Buffalo '66 (1998)
⭐TMDB: 71.0% User Score
🎬 #Comedy #Drama #Romance
🗓 1998 🎞 movie
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 50 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Buffalo ’66 (1998)
~ IMDb – 7.4/10, Rotten Tomatoes – 76% ~
အဟောင်းအကောင်း Old but Gold ဇာတ်ကားကောင်းတွေထဲက တစ်ကားဖြစ်ပါတယ်။ IMDb Rating (7.4/10) ရထားတဲ့ ဒီဒရာမာ ဟာသ ရိုမန့်စ်ကားလေးက ဆုပေါင်း(၆)ဆုဆွတ်ခူးထားပြီး Nomination တွေလည်း (၁၁)ခုထိ ၀င်ထားခဲ့ပါသေးတယ်။ ကြည့်ရှုသူများကလည်း ကြည့်ဖူးသမျှထဲမှာ အကောင်းဆုံး Independent Film လို့ရည်ညွှန်းခံရတဲ့ကားလေးပါ။
ဘီလီဘရောင်းဆိုတဲ့သူက ထောင်ငါးနှစ်ကျပြီး ထွက်လာခဲ့တာပါ။ မိဘတွေကို ထောင်ကျခဲ့တာလို့မပြောဘဲ အလုပ်ကိစ္စကြောင့်အဝေးရောက်နေပြီး အိမ်ထောင်လည်းကျနေပြီလို့ လိမ်ညာခဲ့မိတာကြောင့် မိဘအိမ်ပြန်ဖို့လိုလာတဲ့အချိန် ပြစရာဇနီးလိုလို့ လမ်းကြုံကောင်မလေးတစ်ယောက်ကို ပြန်ပေးဆွဲရာကနေ ဒီဇာတ်လမ်းက စတင်လာခဲ့ပါတယ်။
ဒီကားလေးက သရုပ်ဆောင်နယ်ပယ်မှာ နာမည်ကြီးပြီး ဆုတွေအများကြီးလည်းရဖူးတဲ့ Golden Lion ဆုအတွက်လည်း Nomi အကြိမ်ကြိမ်၀င်ဖူးတဲ့ Vincent Gallo ရဲ့ ဒါရိုက်တာအဖြစ် ပွဲဦးထွက်ခဲ့တဲ့ကားလေးဖြစ်ပါတယ်။ ဇာတ်ညွှန်းကိုလည်း သူကိုယ်တိုင်ပဲရေးသားထားပြီး သူကိုယ်တိုင်ပဲသရုပ်ဆောင်ထားတာပါ။ သူ့ကို Mainstream ပေါ် တင်ပေးခဲ့တဲ့ကားဆိုရင်လည်း မမှားပါဘူး။
မင်းသမီးဆိုရင်လည်း ကြည့်ရှုသူတွေနဲ့မစိမ်းတဲ့ ၁၉၉၁ ခုထွက် The Addams Family ထဲက မူလလက်ဟောင်း ဗုဒ္ဓဟူးမလေးပါ။ သူရဲ့ပျိုမျစ်လတ်ဆတ်တဲ့အလှရယ် ညှို့ငင်တတ်တဲ့မျက်၀န်းနက်နက်လေးတွေရယ် ဘိုးလင်းရုံမှာကတဲ့ Tap Dance အခန်းလေးတွေက ဒီဇာတ်ကားလေးကို အသက်၀င်စေတဲ့ သွေးကြောလေးတွေပါပဲ။ အားလုံးပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။
(ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...
