ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Charmsukh (Majboori) (2022) ⭐- 🎬 #Adult #Bollywood 🗓 2022 🎞 movie 🌎 #India ⏰ 48 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခု တင်ဆက်ပေးမယ့်ကားလေးကတော့ လူငယ်တွေအကြိုက်အချစ်ဇာတ်လမ်းလေးတွေပါတဲ့ ကားလေးပဲဖြစ်ပါတယ်။ဒါချည်းပဲလားဆိုတော့ မဟုတ်သေးပါဘူး ပညာပေးဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။ ယောက်ျားတို့သဘာဝ ဒုသနသောဆိုတဲ့အရာကို ကင်းလွတ်ရန် အလွန်ပင်ခဲယဉ်းလှပါတယ်။ကိုယ်အားဖြင့်မပြုမိရင်တောင် စိတ်အားဖြင့် နှလုံးအားဖြင့် ကျူးလွန်မိတတ်ကြပါတယ်။ကိုယ့်စိတ်ထဲက ရမ္မက်တွေကို မထိန်းချုပ်နိုင်တော့တဲ့အခါ အမှားတွေကြုံလာရတတ်ပါတယ်။ ဒီဇာတ်ကားလေးမှာလည်း အဲ့ဒီအမှားကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ လူတစ်ယောက်အကြောင်းကိုရိုက်ကူးတင်ဆက်ထားပါတယ်။ မယားပါသမီးလေးရဲ့ရင်ခွင်နန်းတော်ကိုစွဲမက်မိရင်းတိတ်တိတ်ကလေး ခိုးချစ်မိရာကနေ စည်းစိမ်တွေပြုတ်ပြုတ်ပြုန်းတော့မယ့်အရေးကိုမြင်တွေ့ရမယ့် ဒီဇာတ်ကားလေးကိုကြည့်ရင်း တန်ဆေး လွန်ဘေးရမ္မက်ထားတတ်ကြပါစေနော်လို့ ညွှန်းပေးလိုက်ပါတယ်နော်...
Frozen II (2019) ⭐IMDB: 6.8/10 (193 k Votes) 🎬 #Adventure #Animation #Comedy #Family #Fantasy #Drama #Musical 🗓 2019 🎞 movie 🌎 #USA #Japan #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM Fan တွေ အတွက် Frozen II ကို တင်ပေးလိုက်ပါတယ်… Little Neoမှ အကောင်းမွန်ဆုံး ဘာသာပြန်ပေးထားပါတယ် ဇတ်လမ်းအညွှန်းကတော့…. အယ်လ်ဆာနဲ့ အန်နာတို့ ညီအစ်မ ဟာ အယ်ရန်ဒဲတိုင်းပြည်မှာ ပျော်ပျော်ရွှင်ရွှင် အတူနေထိုင်ကြပေမယ့် ကံဆိုးတဲ့တစ်နေ့ ကိုရောက်လာပါတော့တယ်။ အယ်လ်ဆာရဲ့ မိဘတွေတုန်းက ရင်ဆိုင်ခဲ့ရတဲ့ မှော်ဝင်တောအုပ်ထဲက ဝိညာဉ်တွေ၊ အယ်လ်ဆာပဲ ကြားနေရတဲ့ ခေါ်သံတွေနဲ့အတူ သူတို့တိုင်းပြည် အန္တရာယ်ကျရောက်လာချိန်မှာ အန်နာတို့လည်း ခရစ္စတော့ဖ်၊အိုလက်ဖ်၊ ဆဗန်တို့နဲ့အတူ အတိတ်က အမှန်တရားကို ရှာဖွေရပါတော့တယ်။ ရုပ်ရှင်ကားကို Thit San Khant မှ Encode ပေးထားပါတယ်...
Frogman (2023) ⭐IMDB: 4.6/10 (295 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 21 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒါးလက်စ်ကိုင်းလ်ဆိုတဲ့10 နှစ်သားလေးဟာ ဗွီဒီယိုရိုက်ရတာဝါသနာပါသူဖြစ်ပြီး သွားလေရာကို ကင်မရာတစ်လုံးကိုင်မှတ်တမ်းတင်တတ်သူပါ. ဒါးလက်စ်တို့ မိသားစုခရီးထွက်ရင်း လမ်းမှာ Loveland ဆိုတဲ့ မြို့ကိုရောက်တော့ ကားခဏရပ်ချိန်မှာ ဒါးလက်စ်ဟာ ထူးဆန်းတဲ့သတ္တဝါကြီးကိုရိုက်ကူးနိုင်လိုက်ပါတယ်.. အဲဒါကြီးကတော့ အဲဒီဒေသရဲ့နာမည်ကျော် ဖားလူသားကြီးပါပဲ ဒီဗွီဒီယိုကလစ်ဟာ ပျံ့သွားပြီးနောက် နှစ်ပေါင်း20ကျော် အကြာမှာတော့ ဒါးလက်စ်ရိုက်မိခဲ့တာဟာ အတုကြီးပါ လုပ်ကြံဖန်တီးထားတဲ့ကလစ်ပါဆိုပြီး လူပြောများလာပါတော့တယ်.. ဒါကိုမခံချင်တဲ့ ဒါးလက်စ်ဟာသူမြင်ခဲ့တာဟာ အစစ်အမှန် ဖြစ်ကြောင်းသက်သေပြဖို့ကြိုးစားလာပါတော့တယ်.. နောက်တနေ့မှာတော့ဒါးလက်စ်ဟာသူငယ်ချင်းနှစ်ယောက်နဲ့အတူ Loveland ကိုပြန်သွားပြီး သက်သေရှာဖို့ကြိုးစားကြပါတယ်. ဒေသခံလူတွေကို လိုက်မေးမြန်းစုံစမ်းရင်း ဖားလူသားနဲ့ ပတ်သက်တဲ့အကြောင်းတွေကို အမျိုးမျိုးကြားသိခဲ့ရပြီး ဖားလူသားက ဘာလဲဆိုတာ ဒါးလက်စ်တို့ရှာပုံတော်ဖွင့်ပါတော့တယ်.. သူတို့ရဲ့စွန့်စားခန်းမှာဘာတွေကြုံတွေ့ရမလဲ.. ဖားလူသားဆိုတာကရောတကယ်ရှိလား… သူကဘာလဲ နတ်ဆိုးလားဂြိုလ်သားလား လူတွေလုပ်ကြံဖန်တီးထားတာ သက်သက်ပဲလားဆိုတာကိုတော့...
The Berlin File (2013) ⭐IMDB: 6.6/10 (8 k Votes) 🎬 #Action #Thriller #Crime 🗓 2013 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 1 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb Rating (6.6) မင်းသားကြီး Ha Jung-woo နဲ့ မင်းသမီး Jun Ji-hyun တို့အပြင် အခြားသောသရုပ်ဆောင်များစွာပါဝင်ထားတဲ့ ကိုရီးယား Action,Thriller ရုပ်ရှင်ဇာတ်လမ်းကြီးပါ။ ဇာတ်လမ်းအကျဉ်းကတော့… မြောက်ကိုးရီးယားရဲ့ လျှို့ဝှက်အေးဂျင့်တစ်ယောက်ဖြစ်သူ ပြုံးဂျောင်ဆုံဟာ ဘာလင်မှာ အာရပ်တော်လှန်ရေးတပ်ဖွဲ့နဲ့ လက်နက်အရောင်းအဝယ်လုပ်ဖို့ တာဝန်ပေးခံရတာကနေ အရောင်းအဝယ်ပျက်သွားတဲ့နောက်မှာတော့ ဒီဘာလင်အရှုပ်တော်ပုံထဲ ရောက်သွားပါတော့တယ်။ သူနဲ့ မြောက်ကိုးရီးယားသံရုံးက စကားပြန်ဖြစ်သူ သူ့ဇနီးတို့ဟာ ဒီအရှုပ်တော်ပုံမှာ တိုင်းပြည်ကို သစ္စာဖောက်တဲ့သူတွေအဖြစ် အကွက်ချ အစွပ်စွဲခံလိုက်ရတဲ့အခါ…. အေးဂျင့်ပြုံးဂျောင်ဆုံတစ်ယောက် ပြသနာတွေကြားထဲကနေ ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတာ...
Akaash Vani (2013) ⭐IMDB: 6.3/10 (2 k Votes) 🎬 #Bollywood #Drama #Romance 🗓 2013 🎞 movie 🌎 #India ⏰ 2 နာရီ 21 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Akaash Vani 2013 ( ငယ်ကချစ်အနှစ်တစ်ရာ)IMDb 6.3 တစ်ခေတ်တစ်ခါက နာမည်ကြီးလူကြိုက်များခဲ့တဲ့ရိုမန့်ဒရာမာဇာတ်ကားလေးကို ပြန်လည်တင်ဆက်ပေးချင်ပါတယ်တော်ကီအလန်းစားတွေနဲ့ စော်လိုက်နည်းကျင့်ချင်တဲ့ဘရိုတွေအတွက်တော့ဒေါင်းကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ လိုတာမရ ရတာမလိုဆိုတာ လူ့ဆန္ဒပဲမဟုတ်လား နယ်မြို့လေးမှာကျောင်းတက်ရင်းဒေလီမှာတက်ချင်တယ်ဆိုပြီး လာရင်းနဲ့ တစ်ကျောင်းတည်း တစ်ခန်းထဲမှာတွေ့ဖြစ်သွားကြတဲ့ အာကတ်ရှ်နဲ့ ဗာနီတို့ ၂ယောက်၂ယောက်သားက သရုပ်ဆောင်ပိုင်းမှာ ဝင်ပါရင်းနဲ့ အချင်းချင်းရင်းနှီးသွားကြတယ် အာကတ်ရှ်အဖို့ကတော့ ဗာနီကမြင်မြင်ချင်းအချစ်ဖြစ်ခဲ့တာပေါ့ တောကတက်လာတဲ့တောသားလေးဖြစ်တာမို့ ရည်းစားတွေဘာတွေမထားဖူးတဲ့အာကတ်ရှ်နဲ့ ဘဲကြည်စော်ဖြစ်တဲ့ဗာနီတို့ဇာတ်လမ်းက လွယ်ကူမနေခဲ့ဘူး ဒါပေမဲ့ လှတောသားစကားကြွယ်ဆိုသလိုတောမှာနေခဲ့ပေမဲ့ စကားတစ်ပေါက် လျှမ်းလျှမ်းတောက်နေတဲ့အာကတ်ရှ်ရဲ့စကားတွေကဗာနီ့အပြင်ကို ကြည့်ရှုသူတွေအတွက်ပါ ရယ်မောစရာတစ်ခုလိုဖြစ်နေမှာပါ ။။ ဆိုတော့ အချစ်စစ်ရဲ့လမ်းမှာ ဆူးငြောင့်ခလုတ်တွေရှိစမြဲမို့ သူတို့ဘာတွေတွေ့ကြုံသွားမလဲဆိုဝာာကိုတော့…. (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ BpL ~ ToMo တို့ပဲဖြစ်ပါတယ်...
Auction (2019) ⭐TMDB: 0.0% User Score 🎬 #Drama 🗓 2019 🎞 Series 🌎 # ⏰ 19 မိနစ် 6 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Auction (2019)Auction (TV Series 2019) “အပျိုစင်လေလံ” IMDb – 6.7/10၂၀၁၉ခုနှစ်က Ulluရုပ်သံလိုင်းကနေ လွှင့်ခဲ့တဲ့ အပိုင်းငါးပိုင်းနဲ့ အိန္ဒိယဝက်ဘ်စီးရီးလေးကိုတင်ဆက်ပေးပါရစေ။ ဆာမစ်ခ်ရှာတို့ ပရီတီးတို့လို မင်းသမီးချောတွေအပြင် မင်းသမီးငယ်လေးတွေအများကြီးနဲ့ပါဝင်ထားတဲ့ အမျိုးသမီးလူကုန်ကူးတဲ့ မီနီစီးရီးလေးပါ။ အမျိုးသမီးကြီးတစ်ယောက်က သူသိပ်ချစ်ရတဲ့ ကလေးငယ်လေးရဲ့ရောဂါကို ကုသဖို့အတွက် ဆေးကုသစရိတ်မရှိရာက ကြံရာမရတဲ့အဆုံးမှာ အပျိုစင်လေးတွေကိုဖမ်းပြီး လူကုန်ကူးပါတယ်။ လူကုန်ကူးတာကလည်း ဒိတ်ဒိတ်ကြဲသူဌေးကြီးတွေဆီကို လေလံစနစ်နဲ့ ရောင်းချ လူကုန်ကူးတာမျိုးပါ။ ဒီလိုအန္တရာယ်တွေ အများကြီးနဲ့ရင်ဆိုင်ရတဲ့ မိန်းကလေးငယ်လေးတွေကြားမှာ သူတို့ကိုကယ်တင်မဲ့ အမျိုးသမီးလေးတစ်ဦး ပေါ်လာတဲ့အခါမှာတော့။(အညွှန်းနဲ့ဘာသာပြန်ကတော့ Thaik Sanပဲဖြစ်ပါတယ်)...
Nicholas Nickleby (2002) ⭐TMDB: 69.0% User Score 🎬 #Adventure #Drama #Romance 🗓 2002 🎞 movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 13 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အင်္ဂလိပ် စာရေးဆရာကြီး Charles Dicken ရဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ period comedy-dramaဖြစ်ပြီး နာမည်ကြီးတွေ ဖြစ်တဲ့ Christopher Plummer,Jamie Bell, Anne Hathaway, Charlie Hunnam တို့က အဓိကဇာတ်ဆောင်များအဖြစ် ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းက သူ့နာမည်အတိုင်းပဲ Nicholas Nickleby ဆိုတဲ့ လူငယ်လေးရဲ့ ဘဝကို ဖွဲ့နွဲ့ပြီး တင်ဆက်ထားတာပါ။ Nicholas တစ်ယောက်သူ့အဖေသေဆုံးပြီး နောက်ပိုင်းမှာ မိခင်နဲ့ ညီမ ဖြစ်သူကိုခေါ်ပြီး သူတို့ဦးလေးရှိတဲ့ London မြို့ကို အကူအညီရလိုရငြား လာခဲ့ကြပါတယ်။ မောင်နှမ နှစ်ယောက်လုံး ဦးလေးရဲ့အကူအညီနဲ့ အလုပ်ကိုယ်စီ ရသွားကြပါတယ်။ Nicholasဟာ Squeers ဆိုတဲ့ ကျောင်းအုပ်ရဲ့ ကျောင်းမှာ ဆရာအဖြစ် လုပ်ကိုင်ရင်း Squeers မိသားစုရဲ့ ကျောင်းသားကလေးသူငယ်တွေအပေါ် ညှင်းပန်းနှိပ်စက်မှုတွေ၊ Smike ဆိုတဲ့ မသန်စွမ်းကောင်လေးကို ဆိုးဆိုးဝါးဝါး ရိုက်နှက်မှုတွေကို ကိုယ်တွေ့မြင်လာရပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ သူတို့နှစ်ဦးSqueers မိသားစုကျောင်းကနေ ထွက်ပြေးလာကြပြီးနောက်မှာ စွန့်စားမှုမျိုးစုံနဲ့ ကြုံလာကြရပါတယ်။...
Sijjin (2023) ⭐IMDB: 5.0/10 (1 k Votes) 🎬 #Horror #Thriller 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 41 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sijjin (2023) Horror ပရိသတ်တွေ တောင်းတလွန်းလို့ Sijjin ကတော့ ကိုယ်ထင်ပြလို့လာပါပြီ။reviewတစ်ပေါက်ကတော့ အတော်လေးညွှန်းနေကြတဲ့အပြင် ကြောက်တတ်သူတွေမကြည့်ကြဖို့ ပြောနေကြတာဆိုတော့ကြောက်တတ်သူများကတော့ ဘေးမှာ ပြေးပုန်းလို့ရမယ့် ကိုကို့ရင်ခွင်ရှိမှသာ ကြည့်သင့်ပါကြောင်း… အီမာဆိုတဲ့မိန်းကလေးဟာ ကမ္ဘာမှာအပေါဆုံး ယောက်ျားသားတွေထဲမှာမှ ချော်တောငေါ့ပြီးတော့သူ့ရဲ့တစ်ဝမ်းကွဲအစ်ကိုဖြစ်တဲ့ ဂါလန်ကိုမှ အချစ်ကြီးချစ်မိပါသတဲ့။ဆယ်ကျော်သက်ပီပီ အချစ်ကိုဘဝကြီးထင်တဲ့အရွယ်ဖြစ်တာကြောင့် သင့်တော်မတော်ဆိုတာတွေလည်းမတွေးနိုင်အစ်မဖြစ်သူပြောတာလည်း နားမဝင်လေတော့ အချစ်ရူးညီမကိုနားချဖို့ အစ်မဖြစ်သူက ဂျင်ပွဲကိုခေါ်သွားပါတော့တယ်။ ဂျင်ကလည်း သူ့ကိုတားနေတဲ့ကြားက အသက်ပါရန်ရှာလာနိုင်တယ်လို့ပြောတဲ့ကြားကနေအီမာတစ်ယောက် ပိုးဖလံလို ချစ်မီးလျှံထဲကိုမျက်စိစုံမှိတ်တိုးဝင်ပြီး ဂါလန်ကိုဆက်ချစ်ဖို့ ရွေးလိုက်ခဲ့ပေမဲ့ဂါလန်ကတော့ ရုတ်တရက် အမေစီစဉ်တဲ့အတိုင်း နီဆာနဲ့အိမ်ထောင်ပြုလိုက်ပါတော့တယ်။ လှုပ်လေမြုပ်လေဖြစ်နေတဲ့ အချစ်နွံထဲက အီမာကတော့ ဂါလန်နဲ့ ဆက်ပြီးပတ်သက်ခဲ့တာ ကိုယ်ဝန်ရလာတဲ့အထိပါပဲ။ကိုယ်ဝန်ရလို့ တာဝန်ယူခိုင်းကာမှ ကျားတို့ထုံးစံ ဂါလန်က စားပြီးနားမလည်လုပ်ပါတော့တယ်။ ဂါလန်က ဘယ်လောက်ပဲခါချနေပါစေ အီမာကတော့ လိုတာထက်ပိုပြီး စွဲလမ်းနေခဲ့ပြီမလို့ဂါလန်ကိုရရေးတို့အရေးဆိုပြီး ဂါလန်မိန်းမနီဆာနဲ့ တစ်အိမ်လုံးကို ဂျင်နဲ့တိုက်ဖို့လုပ်ပါတော့တယ် ဂျင်ဆိုတာ ဖြစ်ချင်တာကိုဖြစ်အောင်လုပ်ပေးတယ်ဆိုပေမဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ပေးဆပ်မှုတွေ ရှိတယ်ဆိုတာအသိနောက်ကျသွားတဲ့ အီမာတစ်ယောက် ဘယ်လိုတန်ကြေးတွေနဲ့ပေးဆပ်ရမလဲဆိုတာ အသည်းတအေးအေးနဲ့ ရှုစားလိုက်ရအောင်ပါ။ အညွှန်းကိုတော့Mary Christက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Mary, Char Ou, Kaung Setတို့ပဲ ဖြစ်ပါတယ်။ *** ဘာသာရေးဆိုင်ရာ အသုံးအနှုန်းများ ပညာရပ်ဆိုင်ရာ အသုံးအနှုန်းများ လွဲချော်မှု ရှိခဲ့ပါကမေတ္တာတရားရှေ့ထားပြီး ကြည့်ရှုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။...
The Book of Solutions (2023) ⭐IMDB: 6.3/10 (2 k Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #France ⏰ 1 နာရီ 45 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်လေးက IMDb 6.3 နဲ့ Meta score 65 ရရှိထားတဲ့ ပြင်သစ် ကော်မဒီ ဒရာမာရုပ်ရှင်လေးပါ။ ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် မက် သူ့ရဲ့ရိုက်ကူးရေးအဖွဲ့လေးနဲ့ ရုပ်ရှင်တစ်ကားကို ရိုက်ကူးနေတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ပါ။ ဒါပေမဲ့ သူ့ရဲ့ထုတ်လုပ်ရေးကုမ္ပဏီက သူဌေးတွေက မက်ရဲ့ရုပ်ရှင်ကို လက်လွှတ်ဖို့ကြိုးစားနေကြတဲ့အခါမှာတော့ မက် ဟာ သူ့ရဲ့မပြီးပြတ်သေးတဲ့ရုပ်ရှင်ကို မပြီးပြီးအောင်ရိုက်ဖို့အတွက် သူအားကိုးအားထားပြုရတဲ့ အဖွဲ့လေးနဲ့အတူ မြို့ပြနဲ့ဝေးကွာတဲ့နေရာက မြို့ငယ်လေးမှာရှိတဲ့ အဒေါ်ဖြစ်သူ ဒနိစ်ရဲ့အိမ်ကို ရောက်ချလာပါတယ်။ မက်ရဲ့အဖွဲ့ထဲမှာ တည်းဖြတ်သူ၊ လက်ထောက်၊ ပရိုဂျူဆာတွေဖြစ်တဲ့ ရှားလက်နဲ့ ဆီဗီယာဆိုတဲ့ အမျိုးသမီးနှစ်ဦးရယ် ကာလို့စ်ဆိုတဲ့ အမျိုးသားတစ်ဦးရယ်ပါလာပါတယ်။ မက်ဟာ စိတ်ကစဉ့်ကလျားရောဂါကိုခံစားနေရပြီး ဒီဝေဒနာကို ဖုံးဖိထားဖို့အတွက် ဆေးသောက်နေရတဲ့သူတစ်ဦးပါ။ မက်ဟာ ရုပ်ရှင်ကိုအပြီးသတ်ရိုက်ကူးဖို့ အနုပညာပြဿနာတွေရှိသလို တစ်ဖက်မှာလည်း စိတ်က ထထဖောက်တတ်ပြီး တစ်ခါတလေ မဆင်မခြင် လုပ်ချင်ရာတွေလုပ် ပြောချင်ရာတွေပြောနေတတ်ပြီး စိတ်ကူးကမ္ဘာနဲ့ လက်တွေ့ဘ၀ မကွဲပြားဘဲလည်း ဖြစ်နေတတ်ပါတယ်။ ဒီရုပ်ရှင်လေးက ရိုးရိုးရှင်းရှင်းပါပဲ။ စိတ်ပိုင်းဆိုင်ရာပြဿနာတွေရှိနေတဲ့ ဒါရိုက်တာတစ်ယောက်နဲ့ သူ့ရုပ်ရှင်ကို ပြီးပြတ်အောင်ရိုက်ကူးပေးဖို့ သူ့ရဲ့တဇွတ်ထိုးအပြုအမူတွေ၊ ရူးကြောင်ကြောင်စိတ်ကူးတွေကို အဒေါ်ဖြစ်သူရဲ့အိမ်မှာ အတူသည်းခံပြီးလိုက်နေပေးရင်း ဒုက္ခခံအကောင်အထည်ဖော်ပေးတဲ့ သူ့ရဲ့ရုပ်ရှင်အဖွဲ့လေးအကြောင်းကိုပဲ ရိုက်ပြထားတာပါ။ ဒီရုပ်ရှင်ဟာ နာမည်ကြီးရုပ်ရှင်တွေဖြစ်တဲ့ Eternal sunshine of spotless mind တို့ The science of sleep တို့လို နာမည်ကြီးရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး Michel Gondry ရဲ့လက်ရာဖြစ်တာကြောင့် နာမည်ကြီးဒါရိုက်တာကြီးတစ်ယောက် ပုံဖော်ဖန်တီးထားတဲ့ ဒါရိုက်တာတစ်ယောက်အကြောင်းကို မြည်းစမ်းကြည့်ရှုလိုက်ကြပါဦး။...
One Week (2008) ⭐TMDB: 68.0% User Score 🎬 #Adventure #Drama 🗓 2008 🎞 movie 🌎 #Canada ⏰ 1 နာရီ 34 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက် တင်ဆက်ပေးမယ့် ဇာတ်ကားလေးကဝောာ့ 2008ခုနစ်က ထွက်ရှိထားပြီး IMDb 7/10အထိရရှိထားတဲ့ Adventure/Drama အမျိုးအစား ဇာတ်ဂာားလေးပဲဖြစ်ပါတယ် အကယ်၍ မင်းမှာ တစ်လ၊ တစ်ပတ် ဒါမှမဟုတ် တစ်ရက်လောက်ပဲ အသက်ရှင်ခွင့်ရှိတော့မယ်ဆိုရင် ဘာလုပ်မလဲ။ ဘန်ဟာ ကျောင်းဆရာတစ်ယောက်ဖြစ်ပြီး မကြာခင်မှာ ချစ်ရသူနဲ့ လက်ထပ်ဖို့ ပြင်ဆင်ထားသူတစ်ဦးပါ။ သာမန်လူတစ်ယောက် အနေနဲ့ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းရင်း တစ်ရက်မှာတော့ သူ့မှာ ကင်ဆာရောဂါ အဆင့်လေးဖြစ်နေတယ်ဆိုတာ သိလိုက်ရပါတယ်။ ကုသပြီး အသက်ရှင်နိုင်ချေကတော့ ၁၀%ပါ။လောကကြီးမှာ အသက်ရှင်နိုင်ချေ ၁၀ပုံ ၁ပုံပဲရှိတော့တယ်ဆိုတာ သိလိုက်ရတဲ့ ဘန်ဟာ သူ့အချိန်ကို ရိုးရှင်းစွာ ကုသမှုခံယူပြီး ချစ်ရသူတွေနဲ့ အချိန် မကုန်ဆုံးဘဲ ဆိုင်ကယ်တစ်စီးနဲ့ ခရီးထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘန်တစ်ယောက် ကင်ဆာ နောက်ဆုံးအဆင့်မှာ ဘယ်လိုဆုံးဖြတ်ချက်တွေနဲ့ နေထိုင်သွားမှာလဲ။ သူ့ရဲ့ဆုံးဖြတ်ချက်တွေအတွက် နောင်တရနေမှာလား။ အကယ်၍ ကျွန်တော်တို့ကရော တစ်ပတ်လောက်ပဲ အသက်ရှင်ရတော့မယ်ဆိုရင် ဘာလုပ်ကြမှာလဲ ဆိုတဲ့ တွေးခေါ်စရာလေးတွေနဲ့အတူ ကနေဒါနိုင်ငံရဲ့ လှပတဲ့ ရှုခင်းတွေကို ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ်...
Jackpot (2013) ⭐IMDB: 2.0/10 (824 Votes) 🎬 #Bollywood #Comedy #Thriller 🗓 2013 🎞 movie 🌎 #India ⏰ 1 နာရီ 32 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jackpot 2013 “လောင်းကြေး” အိန္ဒိယရဲ့ loving standardအမြင့်ဆုံးနေရာလည်းဖြစ် သာယာလှပတဲ့ကမ်းခြေတွေရှိတဲ့ အပန်းဖြေမြို့ ဂိုအာအပန်းဖြေတဲ့နေရာဆိုတဲ့အတိုင်းပဲ ဂိုအာဟာ သာယာပြီးစည်ကားသလို ကာစီနိုဝိုင်းတွေလည်း အတော်များတဲ့နေရာဆိုလည်း မမှားပါဘူး။ ဆိုတော့ ဖဲသမားတွေကျက်စားရာနေရာ လူချမ်းသာတွေ ငွေလာဖြုန်းတဲ့နေရာတစ်ခုဖြစ်သလို ဉာဏ်တိမ်ရင်တိမ်သလိုကလိမ်တွေကြားမှာ ငွေအထုပ်လိုက်ပျောက်သွားနိုင်တဲ့နေရာတစ်ဖြစ်လည်း ဘဝကိုလောင်းကြေးထပ်ရင်းဖဲချပ်လှန်ရာကနေ ကံကြမ္မာပါ ကျွမ်းထိုးမှောက်ခုံဖြစ်စေမယ့်နေရာတစ်ခုပေါ့။ ခြုံငုံပြောရရင် ဖဲနိုင်ဖို့ဆိုတာ ကံလည်းလိုသလို ဉာဏ်လည်းအတော်လိုတဲ့အရာတစ်ခုဖြစ်နေတော့ဉာဏ်အားသန်သူတွေရဲ့ ဉာဏ်နီဉာဏ်နက် ဉာဏ်ရောင်စုံတွေကြားမှာ မနပ်တဲ့သူကတော့ ခံရတာလည်း ဒုနဲ့ဒေးပါပဲ။ အခုဒီကားလေးထဲမှာလည်း ပိုကာဂုရုတစ်သိုက်က ပိုကာပြိုင်ပွဲမှာဝင်ပြိုင်ဖို့ကြိုးစားရင်း ကလိမ်ဉာဏ်မျိုးစုံနဲ့ ဂျက်ပေါ့ကိုပေါ်တင်အလစ်သုတ်မလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ Yunni ~ Alexတို့ပဲ ဖြစ်ပါတယ်)...
Saheb Biwi Aur Gangster 3 (2018) ⭐IMDB: 4.4/10 (855 Votes) 🎬 #Action #Bollywood #Crime #Drama #Thriller 🗓 2018 🎞 movie 🌎 #India ⏰ 2 နာရီ 15 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Saheb Biwi Aur Gangster 3 (2018) (သခင့်မိန်းမနှင့် လူမိုက်ကြီး ၃) ဒီဇာတ်ကားလေးကတော့ တော်ဝင်မိသားစုနဲ့ နိုင်ငံရေးအကြားအရှုပ်တော်ပုံကိုရိုက်ကူးတင်ဆက်ထားတဲ့ကားလေးပဲဖြစ်ပါတယ်။ မင်းသားကြီးဆန်ဂျေးဒသ်နဲ့ ဂျင်မီရေှရဂီလ်တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ အာဒိသယားပရတာဗ်ဆင်းဆိုတဲ့ တော်ဝင်မင်းသားလေးဟာ စွဲချက်တွေများစွာကြောင့်ထောင်နန်းစံနေရတဲ့အချိန် သူ့မိန်းမဟာလည်း သူ့ကို မလိုတမာနည်းနဲ့ ထောင်သက်ရှည်အောင် ကြိုးစားကြံစည်နေတယ်။ တစ်ဖက်မှာလည်းချစ်ရသူနဲ့ဝေးကွာနေရတဲ့ မင်းသား အူဒေးပရတာဗ်ဆင်းဟာလည်း ကမ်းကုန်အောင် မိုက်နေခဲ့တယ်။ အာဒိသယားထောင်ကလွတ်လာတဲ့အခါမှာမိန်းမဖြစ်သူဟာ အာဏာရမ္မက်ကြောင့်ယောက်ျားဖြစ်သူကို သတ်ဖို့ကြိုးစားလာတဲ့အခါမှာတော့…။ တော်ဝင်မျိုးရိုးတွေရဲ့အရှုပ်တော်ပုံ အာဏာလုဇာတ်တော်ကြီးကို ကြည့်လို့ရပါပြီနော်။...
Butchers Book Two: Raghorn (2024) ⭐IMDB: 4.3/10 (56 Votes) 🎬 #Horror 🗓 2024 🎞 movie 🌎 #Canada ⏰ 1 နာရီ 29 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ ၂၀၂၀ က ထွက်ခဲ့တဲ့ Butchers ရဲ့ နောက်ဆက်တွဲ Butchers Book : Raghorn ကို ကြည့်ရှုရမှာပါ။ ပထမ ကားတုန်းက ဒါရိုက်တာ ဆုရခဲ့သလို ဒုတိယဇာတ်ကားမှာလည်း ၂၀၂၃ Nightmare ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး ဇာတ်ပို့ဆု ရခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်း အကျဉ်း **************** ပြန်ပေးသမားတစ်စု လူချမ်းသာ သူဌေးသမီးတစ်ယောက်ကို ကောလိပ် ကျောင်းသားဆောင်ကနေ ပြန်ပေးဆွဲပြီး နယ်ဘက်ကို မောင်းခေါ်လာခဲ့ပါတယ်။ ကံဆိုးချင်တော့ လမ်းမှာသမင်ကို ဝင်တိုက်မိ ကားမတော်တဆမှု ဖြစ်သွားခဲ့ပြီး မတော်တဆဖြစ်တဲ့ အနီးမှာ လူသားစား စိတ္တဇလူသတ်သမားတွေ နေတဲ့အိမ် ဖြစ်နေတာပါ။ ဒီလူတွေက ဖမ်းမိတဲ့သူတွေ မှန်သမျှကို တစ်စစီ ခုတ်ထစ် ဖြတ်ထုတ်ပြီး သူများနာကျင်မှုကို အရသာခံတတ်တဲ့ လူသားစားတွေပါ။ ဒီလူတွေ လက်က လွတ်အောင် ပြေးနိုင်ပါ့မလား။ ဖမ်းမိသူတွေကို ဘယ်လိုမျိုး ရက်ရက်စက်စက် သတ်ဖြတ်မလဲ ဆိုတာကို ကြည့်ရှုရမှာပါ။ နှိပ်စက်ညဉ်းပန်း၊ သွေးထွက်သံယိုမှုတွေနဲ့ သွေးပျက်ဖွယ် ရိုက်ကူးချက်တွေ ပါတဲ့ အတွက် နှလုံးမကောင်းတဲ့သူတွေ မကြည့်သင့်ပါဘူးနော်။...
Last Wishes (2023) ⭐IMDB: 5.6/10 (92 Votes) 🎬 #Drama #Crime 🗓 2023 🎞 movie 🌎 #Spain ⏰ 1 နာရီ 41 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စပိန်ဒရာမာကားကောင်းလေးတစ်ကားဖြစ်ပြီး ဇာတ်လမ်းကတော့ ကိုကေးဆိုသူဟာသူ့ရဲ့သားဖြစ်သူ တစ်နှစ်သားကတည်းက သားဖြစ်သူနဲ့ဇနီးတို့ကို စွန့်ပစ်သွားတာပါ အဲဒီနောက်ထောင်ကျသွားပြီး သားဖြစ်သူအရွယ်ရောက်မှလွတ်လာခဲ့ပါတယ် အဲဒီနောက်မှာတော့ သားဖြစ်သူဆီကခွင့်လွှတ်မှုနဲ့ မေတ္တာကိုပြန်ရဖို့ကြိုးစားပါတော့တယ် ဒီဇာတ်လမ်းနည်းနည်းရိုးတယ်ထင်ရပေမယ့် မြုပ်ကွက်လေးတွေလည်းရှိနေပါသေးတယ် ကိုကေးဟာဘာလို့ သူ့သားနဲ့ဇနီးကိုစွန့်ပစ်သွားတာလဲ သားဖြစ်သူကရောဘာလို့အဖေကိုမုန်းနေတာလဲဆိုတာက နည်းနည်းလေးဆန်းပါတယ်.. ကဲ ဆက်ကြည့်လိုက်ရအောင်ဗျာ...
Stockings (2020) ⭐TMDB: 50.0% User Score 🎬 #Adult #Drama 🗓 2020 🎞 movie 🌎 # ⏰ 1 နာရီ 12 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ******************* အသားကပ် ကုမ္ပဏီမှာ အလုပ်လုပ်ခဲ့တဲ့ ဂျယ်အူဆိုသူက အသားကပ်ကို စွဲလမ်းနေပြီးတော့ မိန်းမနဲ့အတူနေတိုင်းမှာ အသားကပ် ဝတ်ခိုင်းလေ့ရှိတယ် တစ်နေ့မှာ သူတိုလင်မယားရဲ့ အိမ်အောက်ထပ်ကို လင်မယားနှစ်ယောက် အိမ်ပြောင်းလာခဲ့တယ် အဲဒီလင်မယား နှစ်ယောက်ထဲက အမျိုးသမီးဖြစ်သူမှာ ဂျယ်အူလိုမျိုး အသားကပ်ကို စွဲလမ်းနေသူဖြစ်တယ် အဲဒီအမျိုးသမီးက ဂျယ်အူတို အိမ်ကို လာမုန့်ပေးတဲ့အခါ စကားစမြည်တွေပြောကြရင်း ဂျယ်အူက အသားကပ်တွေကို လက်ဆောင်ပေးလိုက်ပါတော့တယ် နောက်တစ်နေ့ တွေ့ကြပြန်တဲ့အခါ အဲဒီအမျိုးသမီးက အသားကပ်ဝတ်စုံကို ဝတ်ပြီး ဂျယ်အူ့ကို ပြရာမှ…. ဂျယ်အူတစ်ယောက် ဘာတွေ လုပ်မိသွားမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါနော် ပါဝင်တဲ့အိပ်ရာခန်းတွေက သရုပ်ပါလွန်းလို့ ညိုကီအကြိုက်ဖြစ်စေမှာပါ...
I'm Professional (2024) ⭐TMDB: 100.0% User Score 🎬 #Comedy #Drama #Adventure 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 34 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာ CM ပရိသတ်တွေကိုပေါ့ပေါ့ပါးပါးလေးနဲ့ရယ်မောစဖွယ်ဖြစ်စေမယ့် I’m professionalဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ် ဇာတ်လမ်းကတော့ ဖူကွေ့ဆိုတဲ့လူကတော့ကိုယ့်ကိုယ်သရုပ်ဆောင်ပညာမှာထူးချွန်လှပြီလို့အထင်ကြီးနေတဲ့လူတစ်ယောက်ပေါ့။ဒါပေမဲ့လုပ်လိုက်တိုင်းအလွဲလွဲအချော်ချော်နဲ့ဖြစ်နေခဲ့တယ်။ တစ်နေ့မှာတော့ သူ့သူငယ်ချင်းရဲ့ဂျင်းထည့်တာကိုခံခဲ့ရပြီးထိုင်းကိုအလည်အပတ်ရောက်သွားခဲ့တယ်။အဲ့အချိန်မှာတော့ ထိုင်းမှာစိုးမိုးခြယ်လှယ်နေတဲ့ဂေါင်ကြီးကရတနာရှိတဲ့မြေပုံကိုအရယူခဲ့တယ်။ အဲ့မြေပုံကိုအရယူဖို့ ကြိုးစားနေတဲ့လူတွေလူဆိုးဂိုဏ်းနဲ့ထိပ်တိုက်တိုးခဲ့ပေမဲ့ ဖူကွေ့ကတော့အကုန်လုံးကိုရိုက်ကွင်းနေရာ သရုပ်ဆောင်လို့ထင်နေပြီးတော့ သူ့သရုပ်ဆောင်စွမ်းရည်ကိုထုတ်သုံးပြခဲ့တာပေါ့။ ဒီလိုနဲ့ပဲအလွဲလွဲအချော်ချော်တွေနဲ့ဘယ်လိုတွေရှေ့ဆက်ကြမလဲ။ ဘယ်လိုတွေဆက်ဖြစ်လာမလဲစတဲ့ဟာသပြက်လုံးတွေနဲ့အတူတူစိတ်လက်ပေါ့ပါးသွားစေမယ့်ဇာတ်ကားလေးတစ်ကားဖြစ်တာကြောင့် အတူတူကြည့်ရူလိုက်ရအောင်...
Bhari Taraganam () ⭐TMDB: 0.0% User Score 🎬 #Bollywood #Comedy #Drama #Romance 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 18 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bhari Taraganam (2023) “လောကဇာတ်ခုံ”IMDb – 7.5/10 ဇာတ်အိမ်ကြီးကြီးနဲ့ ဖန်တီးရိုက်ကူးထားတဲ့ တလေဂူးလ်ရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ပါတယ်ဗျ။ မတူညီတဲ့ ဇာတ်ကောင်တွေရဲ့ ဇာတ်ကြောင်းအသီးသီးကို ချပြရင်းနဲ့ဇာတ်ကောင်တွေ အချင်းချင်းကိုချိတ်ဆက်ပေးထားတဲ့ ဇာတ်လမ်းမျိုးပေါ့။မင်းသမီးက လူ့ဂျစ်ကန် တစ်ရွာလုံးရဲ့ချဉ်ဖတ် အပေအတေလေး။သူ့ကြောင့် အဖေလုပ်သူ ပြောခံ ဝိုင်းရိုက်ခံရတာလည်း ခဏခဏ။ မင်းသားကကျ မိန်းကလေးတစ်ယောက်ကို မြင်မြင်ချင်း ချစ်တာမျိုးမဟုတ်။ မြင်မြင်ချင်းမုန်းတာတဲ့။အဲဒီအမုန်းကနေမှ တစိမ့်စိမ့်နဲ့ချစ်လာတတ်တဲ့ ရှားပါးလူစားပေါ့လေ။ဒါပေမဲ့ အသဲကွဲလို့ မြို့ကနေပြန်လာတဲ့အချိန် မိဘတွေပေးစားတဲ့ ရွာ့ချဉ်ဖတ်မင်းသမီးလေးနဲ့ယူဖို့ စီစဉ်တာကစလို့ တခြားဇာတ်ကောင်တွေနဲ့ အဆက်အစပ်မိမိချိတ်ဆက်သွားတာကို ခံစားကြည့်ရှုကြပါဦးဗျ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)...
Drive-Away Dolls (2024) ⭐IMDB: 5.8/10 (6 k Votes) 🎬 #Action #Comedy #Thriller #Crime 🗓 2024 🎞 movie 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 No Country for Old Men ရုပ်ရှင်နဲ့ အော်စကာ ၄ ဆုရခဲ့တဲ့ ဒါရိုက်တာ Ethan Coen ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဧည့်သည်သရုပ်ဆောင်အဖြစ် Pedro Pascal နဲ့ Matt Damon တို့ ပါဝင်ပေးထားပြီး အဓိကသရုပ်ဆောင် နေရာမှာတော့ Once Upon a Time… in Hollywood ထဲက Margaret Qualley နဲ့ Miracle Workers စီးရီးထဲက Geraldine Viswanathan တို့ ပါဝင်ထားပါတယ်။ အက်ရှင် ဟာသ အမျိုးအစားပါ။ ဇာတ်လမ်းအကျဉ်း **************** လက်စ်ဘီယံစုံတွဲနှစ်ယောက်ဟာ အပျော်ခရီးထွက်ဖို့အတွက် တစ်လမ်းသွား ကားတစ်စီးငှားပြီး ယူလာပါတယ်။ တစ်လမ်းသွား ကားဆိုတာက ကားတစ်စီးကို လူတစ်ယောက် ဆီကိုပို့ဖို့ရှိရင် အဲဒီနေရာကို မောင်းသွားပြီး ယူပေးမယ်ဆိုရင် အခမဲ့ ငှားမောင်းခွင့်ရှိတာမျိုးပါ။ ဒါပေမဲ့ သူတို့ငှားမိတဲ့ ကားထဲမှာ အရေးကြီးပစ္စည်းတွေ ပါလာတဲ့အတွက် လူမိုက်နှစ်ယောက်က သူတို့နောက်ကိုလိုက်ရှာပါတော့တယ်။ အရေးကြီးတဲ့ပစ္စည်းဆိုတာ လူတစ်ယောက်ရဲ့ ခေါင်းကြီးနဲ့ ရွှေပန်းအတုတွေ ပြည့်နေတဲ့ သေတ္တာတစ်လုံးပါပဲ။ လူမိုက်တစ်စုက ဘာလို့ ရွှေပန်းသေတ္တာကို အသေအလဲ လိုက်ယူနေတာလဲ၊ လက်စ်ဘီယံနှစ်ယောက်နဲ့ ရွှေပန်းတု တစ်သေတ္တာ ဘယ်လိုစခန်းသွားကြမလဲဆိုတာ တစ်ခွီးခွီးနဲ့ ကြည့်ရမဲ့ ဇာတ်လမ်းမျိုးပါ။...
Urban Legends: Final Cut (2000) ⭐TMDB: 49.0% User Score 🎬 #Horror #Mystery #Thriller 🗓 2000 🎞 movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Urban Legends: Final Cut (2000)========================= Urban Legends: Final Cut ဟာ Urban Legends ဇာတ်ကားတွဲတွေရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်ပါတယ်။ နာမည်ကျော် ရုပ်ရှင်ကျောင်းတစ်ကျောင်းဖြစ်တဲ့ အယ်လ်ပိုင်းတက္ကသိုလ်ကျောင်းသူအေမီမေဖီးလ်ဟာ ကျောင်းကိုတင်သွင်းရမယ့် Thesis ဇာတ်ကားအတွက် ပါးစပ်ရာဇဝင်တွေထဲကပုံစံအတိုင်း လူသတ်မှုတွေ ကျူးလွန်တဲ့ လူသတ်သမားအကြောင်းရိုက်ဖို့စိတ်ကူးရပြီး အကောင်အထည်ဖော်ဖြစ်ခဲ့ပါတယ်။ ဇာတ်ကားစတင်ရိုက်ကူးချိန်ကစလို့ သူ့သူငယ်ချင်းတွေ ရိုက်ကူးရေးအဖွဲ့ဝင်တွေဟာ ရုပ်ရှင်ထဲကလိုနည်းလမ်းတွေနဲ့ တစ်ဦးပြီးတစ်ဦးသေဆုံးလာခဲ့ချိန်မှာတော့ ဒီအမှုတွေရဲ့နောက်ကွယ်က လက်သည်ကိုကိုယ်တိုင်ဖော်ထုတ်ဖို့ဖြစ်လာပါတော့တယ်။ ထုံးစံအတိုင်း သွေးထွက်သံယိုပြကွက်တွေ လှည့်ကွက်တွေနဲ့ သည်းထိတ်ရင်ဖိုခံစားရမယ့် oldbut gold တစ်ကားပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Alias ဖြစ်ပါတယ်)...
Not Friends (2023) ⭐IMDB: 7.8/10 (237 Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #Thailand ⏰ 2 နာရီ 9 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “သူငယ်ချင်း” မဟုတ်ခဲ့သော သူငယ်ချင်းများ (၂၀၂၄) “ပဲ” ဟာ ဂျုံကြိတ်စက်ရုံပိုင်ရှင်ရဲ့သားဖြစ်ပေမဲ့မိဘလက်ငုပ်လက်ရင်းစီးပွားရေးကို အမုန်းကြီးမုန်းနေတဲ့သူပါ။အကြောင်းအရင်းကတော့ ဂျုံစက်ရုံက အချဉ်ဖောက်တဲ့အနံ့ကြောင့်အင်္ကျီက ချဉ်စုတ်စုတ်အနံ့ရတယ်ဆိုပြီး ကျောင်းမှာ အပယ်ခံဖြစ်နေတဲ့အတွက်ပါပဲ။ဒီအင်္ကျီကိစ္စနဲ့ပဲ စော်ပစ်ခံရပြီး နောက်ဆုံး ရန်ဖြစ်လို့ကျောင်းပြီးဖို့နောက်ဆုံးနှစ်ဝက်ကျမှ ကျောင်းပါပြောင်းခံရတဲ့အထိပါပဲ။ ကိုယ့်ကို ထမင်းကျွေးနေတဲ့ အိမ်ရဲ့စီးပွားရေးကို ရွံပြနေတဲ့ပဲကိုလည်း အဖေဖြစ်သူက မကြည်ပါဘူး။အခု ၁၂ တန်းအောင်ပြီးလို့တက္ကသိုလ်မတက်နိုင်ရင် ဂျုံကြိတ်စက်ရုံမှာ အလုပ်လုပ်ရမယ်လို့ကြိမ်းထားတာဖြစ်တဲ့အတွက်ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ အတန်းတက်လာတဲ့ “ပဲ” တစ်ယောက် အကြံအိုက်နေတာပေါ့။ တစ်နေ့ အတန်းထဲမှာ ဇာတ်လမ်းတိုပြိုင်ပွဲမှာ အရွေးခံရရင် တက္ကသိုလ်တန်းတက်ရမယ်ဆိုပြီး လာခေါ်တော့ပဲတစ်ယောက် ရေငတ်တုန်း ရေတွင်းထဲကျသွားပြီး ပရိသတ်ရင်ထဲထိအောင်လောလောလတ်လတ် နာရေးလုပ်ထားတဲ့ သူ့ဘေးကသူငယ်ချင်းဂျိုးအကြောင်း ဇာတ်လမ်းတိုရိုက်ဖို့လုပ်ပါတော့တယ်။ ဂျိုးအကြောင်းမေးရင် သဘောကျတယ်လို့လူတိုင်းဖြေကြပေမဲ့ တကယ်တမ်းဂျိုးအကြောင်းကို ဘယ်သူမှသေချာမသိနေကြတော့“ပဲ” တစ်ယောက်အကြပ်ရိုက်နေချိန်မှ ဂျိုးရဲ့ဆုရဇာတ်ညွှန်းတိုအကြောင်း တစ်စွန်းတစ်စ သိလိုက်ရတဲ့အခါ…၊ကိုယ်တိုင်ကလည်း အကြံကထွက်မလာ တစ်ဖက်ကလည်း ကျောင်းမှာဟိုးလေးတကျော်ဖြစ်တဲ့ကြားကဂျိုးကိုအသုံးချချင်တဲ့ သူရဲ့မဟာအကြံကို ဂျိုးအကြောင်းကိုတကယ်သိတဲ့ဘိုကေးက သိသွားတဲ့သူကရှိနေပြန်တော့ချော်လဲရောထိုင်ရင်း ဂျိုးရဲ့ဇာတ်ညွှန်းတိုကို ဇာတ်လမ်းတိုရိုက်ဖို့ဖြစ်သွားပါတော့တယ်။ ဒီဇာတ်လမ်းတိုရိုက်ဖို့ပြင်နေရင်းနဲ့ ဘယ်လိုလျှို့ဝှက်ချက်တွေကို၅၂၈ မမည်တဲ့ ရင်ထဲမရောက် သူငယ်ချင်းတစ်စု ဖော်ထုတ်မိမလဲဆိုတာ ရှုစားကြပါဦး။ အညွှန်းကိုတော့Mary Christက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Kaung, Mary, Char Ou, Hazelတို့ပဲ ဖြစ်ကြပါတယ်။...
