ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
The Rundown (2003) ⭐IMDB: 6.6/10 (110 k Votes) 🎬 #Action #Adventure #Comedy #Thriller 🗓️ 2003 🎞️ movie 📺 720p HD 🌎 #UnitedStates ⏰ 1 နာရီ 42 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 2003 ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb မှာ Rating 6.7ရရှိခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။2002 ခုနှစ်က The Scorpion King ဇာတ်ကားနဲ့အောင်မြင်ခဲ့တဲ့Dwayne (The Rock) Johnson  အတွက်တော့လူပိုသိလာတဲ့ဇာတ်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။ကိုယ်ပိုင်စားသောက်ဆိုင်တစ်ဆိုင်မှာ စားဖိုမှူးအဖြစ်အသက်မွေးချင်တဲ့ဘက်ခ်ဟာ သူ့သူဌေးအတွက် အကြွေးလိုက်တောင်းပေးရတဲ့ လူမိုက်တစ်ဦးပဲဖြစ်ပါတယ်။ ဒါပေမယ့် သူက သေနတ်မသုံးသလို မလိုအပ်ပဲထိခိုက်အောင်မလုပ်ပဲစည်းစနစ်ကြီးတဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ သူ့သူဌေးရဲ့သားကို ဘရာဇီးတောထဲက ပြန်ခေါ်ပေးနိုင်ရင်သူလိုချင်တဲ့စားသောက်ဆိုင်ရမှာဖြစ်ပြီး လူမိုက်ဘ၀ကကျွတ်မှာဖြစ်တဲ့အတွက်ဘက်ခ်က လက်ခံခဲ့ပါတယ်။ ဒါပေမယ့် ရှေးဟောင်းရတနာကို လိုက်ရှာနေတဲ့သူ့သူဌေးရဲ့သားကို ဘရာဇီးတောထဲမှာ ဘုရင်တစ်ပါးလို မင်းမူနေတဲ့ဟတ်ချာဆိုတဲ့ရွှေတွင်းပိုင်ရှင်က ပြန်မလွှတ်ချင်တဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ…….သူ့သူဌေးရဲ့သားကရော ရှေးဟောင်းရတနာကို ဟတ်ချာမသိခင် ရှာတွေ့နိုင်မလား…….ဘားဆိုင်ထဲက ကောင်မလေးကရော ဘာတွေလျှူိ့၀ွက်ထားသလဲဆိုတာကို ဆက်လက်ရှု့စားကြပါ။အက်ရှင်ဇာတ်ကားဆိုပေမယ့် The Rock နဲ့ Seann William Scott တို့ရဲ့သရုပ်ဆောင်မှုတွေက ဟာသရသကိုလည်း တပြိုင်နက်ခံစားရစေမှာပါ။အက်ရှင်ဇာတ်ကားကောင်းနဲ့ The Rock ပရိသတ်တွေအတွက်လက်မလွှတ်သင့်တဲ့ ဇာတ်ကားဖြစ်ပါတယ်။(ဇာတ်ကားထဲမှာပါတဲ့ပေါ်တူဂီစကားတွေကို လိုက်ရှာရင်းနဲ့ ဒီကားအတွက်Movie Mistakes ကိုလည်း တွေ့ထားပါတယ်။အချိန်ရရင် သပ်သပ်တင်ပေးလိုက်ပါ့မယ်)(ဇာတ်လမ်းအညွှန်း နဲ့ မြန်မာစာတန်းထိုးဘာသာပြန်ကတော့ကိုညီညီကျော်မြင့်မှ ရေးသားတင်ဆက် ထားပါတယ်။)  Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။

Annaatthe (2021) ⭐IMDB: 4.0/10 (10 k Votes) 🎬 #Action #Bollywood #Drama #Family #Comedy 🗓️ 2021 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 2 နာရီ 42 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Annaatthe 2021 =============== Drama/Action အချစ်နဲ့စစ်မှာမတရားတာမရှိဘူးလို့ထင်တဲ့အယူအဆကိုယနေ့တိုင်လက်ခံထားတဲ့သူတွေရှိသလို၊ လက်မခံထားတဲ့သူတွေဆိုတာလည်းရှိ‌သပေါ့လေ။ လူတစ်ကိုယ် အကြိုက်တစ်မျိုးမို့ ရှုထောင့်အထွေထွေနဲ့ရှုစားကြရာမှာအနီးစပ်ဆုံးမှန်သွားတယ်ဆိုတဲ့ဟာတွေကိုတစ်အုပ်စုခွဲပြီးမှတ်ရတာပေါ့။ တမီးလ်ကားတွေကိုအရင်ကမြန်မာပေါကားတွေလောက်ပဲထင်ခဲ့ ဘောလိဝုဒ်ကိုမမီပါဘူးလို့ထင်ခဲ့မိပေမဲ့ တကယ့်တမီးလ်ကားကောင်းတွေကိုကြည့်မိပြီးသွားတဲ့အခါ တမီးလ်ကားတွေကြည့်ရတာလည်း ကျွန်တော်သဘောကျတတ်လာတယ်ဗျ။ တမီးလ်ကုလားကားဆိုတဲ့အတိုင်း သီချင်းလေးတွေပါ ကန်ရင်လေပေါ်လွင့်ထွက်သွားတာတွေက ယုတ္တိမတန်တာကလွဲရင် ကြည့်လို့လည်းကောင်းသလို ဇာတ်လမ်းဇာတ်ကွက်ကောင်းတာကိုတော့ တကယ်မချီးကျူးဘဲမနေနိုင်လောက်အောင်ပါဘဲ။ ဒီကားလေးဟာလည်း ဇာတ်လမ်းအစကနေအဆုံးထိတောက်လျှောက်ဆွဲခေါ်သွားနိုင်စွမ်းရှိတဲ့ တမီးလ်ကားကောင်းလေးတွေထဲကတစ်ကားပဲဖြစ်ပါတယ်။ ငယ်ငယ်တည်းကဆုံးပါးသွားတဲ့ အဖေနဲ့အမေမရှိတော့တဲ့နောက်ပိုင်း တစ်ဦးတည်းသောညီမလေးကိုအချစ်တွေတိုးလို့ချစ်ခဲ့ရတဲ့ ရွာသူကြီးအစ်ကိုကြီးတစ်ဦး၊ အစ်ကိုကြီးစကားဆိုတစ်‌သွေမတိမ်းနားထောင်တဲ့ညီမလေးအနေနဲ့ အစ်ကိုကြီးအိမ်ထောင်ဖက်အသစ်ရှာပေးတာကိုကြည်ကြည်ဖြူဖြူလက်ခံဖို့စဉ်းစားရင်း၊ ဘယ်လိုကနေဘယ်လို မြို့ပေါ်ကလူဆိုးဂိုဏ်းတစ်ခုနဲ့ပါရင်ဆိုင်သွားရမယ်၊ ဘယ်နေရာမှဘယ်လိုဇာတ်လမ်းဇာတ်ကွက်လှည့်သွားမလဲဆိုတာကို တော်တော်ကြည့်ကောင်းမယ့်ကားလေးကတော့ Annaatthe 2021 ပဲဖြစ်ပါတယ်

Sultry Assassin: The Aphrodisiac Kill (2010) ⭐TMDB: 43.0% User Score 🎬 #Action #Adult #Adventure #Asian #Crime #Drama 🗓️ 2010 🎞️ Movie 📺 480p SD 🌎 #Japan ⏰ 1 နာရီ 08 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဂျပန်ဆာမူရိုင်းမလေး Rin တစ်ယောက်သူ့အဖေကိုသတ်လိုက်တဲ့ လူသတ်သမားကိုလိုက်ရှာနေရင်းနဲ့ တားမြစ်ထားတဲ့ဆေးတစ်ခုအကြောင်းကို မမျှော်လင့်ဘဲ သိရလိုက်ရတဲ့အခါမှာတော့… ဆာမူရိုင်းဖိုက်တင် 18+ ကားလေးပါ… ဆာမူရိုင်းမလေးကတော့ တော်တော်ချောတယ်လို့လက်တို့ပါရစေ..ဒါနဲ့ ဒီကားထဲမှာပါတဲ့ဆေးအစွမ်းကတော်တော်စွမ်းတယ်ဗျ..ဘာဆေးလဲဆိုတာကိုဒီကားထဲမှာကြည့်ကြည့်လိုက်ပါကုန်။ (Dark Side Production မှတင်ဆက်သည်။)

Don Jon (2013) ⭐IMDB: 6.5/10 (242 k Votes) 🎬 #Adult #Comedy #Drama #Romance 🗓️ 2013 🎞️ Movie 📺 720p HD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb (6.5) / Rotten Tomatoes (79%) မင်းသမီးစကားလက်ဂျိုဟန်ဆန် ၊ Julianne Moore နဲ့ မင်းသား Joseph Gordon-Levitt တို့ပါဝင်ထားပြီး 18+ ပညာပေးဇာတ်ကားပါ။ လူငယ်တွေမှာဖြစ်တတ်တဲ့ အပြာကားစွဲလမ်းတဲ့အခြေအနေတစ်ခုကို ရိုက်ကူးထားတာပါ။ (ကိုယ့်သူငယ်ချင်းတွေထဲက အဲ့လိုဖြစ်နေတဲ့လူတွေကို mention ပြီး ဒီဇာတ်ကားကို ပြလိုက်ကြပါ…:P ) ကျွန်တော်တို့နိုင်ငံမှာရော အပြာကားကို ဘိန်းစွဲသလို စွဲနေတဲ့သူတွေ ပေါများနေပြီလား……. အပြာကားထဲက မင်းသမီးတွေ ဇာတ်ဆောင်တွေရဲ့ အပြင်မှာမဖြစ်နိုင်တဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေကို လက်တွေ့ဘဝနဲ့ နှိုင်းယှဉ်ပြီး စိတ်ဓာတ်ကျနေတဲ့ သူတွေရောရှိလား……. အခု Don Jon ဆိုတဲ့ဇာတ်ကားက သူတို့နိုင်ငံက လူငယ်တွေမှာ အဖြစ်များနေတဲ့ ” အပြာကားစွဲတဲ့ စိတ်ရောဂါ “တစ်မျိုးကို ဟာသလေးတွေနှောပြီး ရိုက်ပြထားတာပါ ဒီကားက စစကြည့်ချင်းမှာ 18+အခန်းတွေကို ခပ်ကြမ်းကြမ်းပြထားပါတယ် dialogueတွေကလဲ အရမ်းရိုင်းပါတယ် ဒါပေမယ့် တစ်ဖြည်းဖြည်းနဲ့ ဇာတ်ကားကပေးချင်တဲ့ message ကို ပရိသတ်တွေဆီရောက်အောင် ဆွဲခေါ်သွားတာတွေ့ရမှာပါ ဒီဇာတ်ကားရဲ့ အဓိက ပေးချင်တဲ့ သဘောတရားက “လိင်ကိစ္စဟာ တစ်ယောက်ထဲဆန္ဒပြည့်ဝလို့ ကောင်းတဲ့အရာမဟုတ်ပါဘူး လိင်ဆက်ဆံဖော်နဲ့ အပေးအယူမျှတ ရပါတယ်” ကဲ ဇာတ်ကားအညွှန်းလေးကို ပြောပြရမယ်ဆိုရင် ဇာတ်ကားထဲက ဇာတ်လိုက်ဖြစ်တဲ့ ဂျွန်နီဆိုတဲ့ကောင်လေးဟာ ဆော်ကြည်ဘဲတစ်ပွေပေါ့ဗျာ အပတ်တိုင်း နိုက်ကလပ် သွားတယ် အပတ်တိုင်းလည်း နိုက်ကလပ်ကနေ ဆော်အလန်း တစ်ပွေ ရတယ် အမြဲတမ်းလည်း ကောင်မလေးအလန်းတွေနဲ့ လိင်ဆက်ဆံတယ် ဒါပေမယ့် သူ စိတ်ကျေနပ်မှု အပြည့်အဝမရဘူး သူနဲ့ကြိုက်တဲ့ကောင်မလေးတွေက တင်ပါး၊ရင်သား၊ ရုပ်ရည် ဘာမှ အပြစ်ပြောစရာမရှိဘူး ဒါပေမယ့် သူ့စိတ်ထဲ တစ်ခုခုလိုနေတယ် သူကြည့်နေကြ အပြာကားတွေ လောက်တောင် အဲ့ကောင်မလေးတွေက သူ့ကို စိတ်ကျေနပ်မှု မပေးနိုင်ဘူး နောက်ဆုံးမှာတော့ sexy တအားကျတဲ့ sex စကေးလည်းကြမ်းတဲ့ (barbara sugarman)Scarlett Johnson နဲ့ ကလပ်မှာတွေ့ပါတော့တယ် ကဲ ဂျွန်နီလေးတစ်ယောက် Scarlett Johnson နဲ့တွေ့မှပဲ သူစွဲလမ်းနေတဲ့ အပြာကားကို စွန့်လွှတ်နိုင်မှာလား Scarlet Johnson ကရော ဘယ်လို sex စကေးတွေပြမှာလဲဆိုတာ ငွေရောင်ပိတ်ကားပေါ်မှာပဲ ဆက်လက်ရှုစားပါလို့………..။

Republic (2021) ⭐IMDB: 8.0/10 (4 k Votes) 🎬 #Action #Bollywood #Drama #Thriller 🗓️ 2021 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 26 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Republic 2021IMDb 8.5/10 အသစ်ထွက်ရှိလာတဲ့ Republic ဆိုတဲ့ တောင်ပိုင်းကားလေးကတော့Political Thriller/ Drama အမျိုးအစားဖြစ်သည့်အားလျော်စွာ နိုင်ငံရေးကားကောင်းလေးတစ်ကားဆိုပါတော့… အိန္ဒိယနိုင်ငံရေးဇာတ်ကားဖြစ်တာနဲ့အညီနိုင်ငံရေးသမားတွေရဲ့လုပ်စားကွက်တွေ၊ နိုင်ငံရေးလှည့်ကွက်တွေ၊ သူတော်ချင်းချင်းသတင်း‌လွေ့လွေ့လုပ်နေတာတွေ၊လက်ဝါးကြီးအုပ်အမြတ်ထုတ်တာတွေကြောင့် အောက်ခြေဆင်းရဲသားနင်းပြားလေးတွေရဲ့ဘဝတွေ အဖိနှိပ်ခံရပုံတွေ…ပညာရေးစနစ်၊ တရားရေးစနစ်၊ စာရိတ္တပိုင်းဆိုင်ရာတွေပါ ချို့ယွင်းပျက်စီးနေပုံတွေကို ထည့်သွင်းရိုက်ကူးထားပါတယ်။ အာဏာကိုအလွဲသုံးစားလုပ်မယ့်သူနဲ့ မတရားရင် ငြိမ်မခံတဲ့ ပြည်သူ့ဖက်က ဘက်တော်သားတို့ ဒီကားမှာ သူနိုင်ကိုယ်နိုင်အပြိုင်ကြဲကြမှာပါ..လူသိများနာမည်ကြီးတဲ့တောင်ပိုင်းမင်းသားမင်းသမီးတွေဇာတ်ပို့တွေ ပါဝင်တာကြောင့် တောင်ပိုင်းစတိုင်မိုက်တဲ့ဇာတ်ကားပါပဲ။

The Tenants Downstairs (2016) ⭐IMDB: 5.9/10 (1 k Votes) 🎬 #Adult #Crime #Drama #Thriller #Mystery 🗓️ 2016 🎞️ Movie 📺 720p HD 🌎 #Taiwan ⏰ 1 နာရီ 55 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ပရိတ်သတ်တွေအတွက် ဒီတစ်ခါတင်ဆက်ပေးလိုက်တာက” The Tenants Downstairs “ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ “အောက်ထပ်မှအိမ်ငှားများ”ဆိုပြီး မြန်မာမှုပြုရင် နီးစပ်မယ်လို့ထင်ပါတယ်။ ထိုင်ဝမ်မင်းသမီးချော “Sophia Li Xing” က Ms.Chenအဖြစ်သရုပ်ဆောင်ထားပြီး လိင်စိတ်ရမ္မက်ပြင်းထန်တဲ့အဆောင်ငှားနေသူရုံးဝန်ထမ်းအမျိုးသမီး တစ်ယောက်အနေနဲ့ တွေ့ရမှာပါ အလုပ်က အိမ်ပြန်လာတိုင်း ယောက်ျားအဖော်တွေတစ်နေ့တစ်ယောက် မရိုးရအောင် အိမ်ခေါ်လာတတ်ပြီးတော့ချစ်တင်းနှောတတ်တဲ့သူတစ်ယောက်ပါ….. အခန်းချင်းကပ်ရက်ဖြစ်တဲ့ အိမ်ထောင်ကွဲခါစ လူလွတ်တစ်ယောက်ဖြစ်တဲ့အားကစားနည်းပြဖြစ်တဲ့ Mr.Chang တစ်ယောက်မှာတော့Ms.Chen ရဲ့အခန်းထဲကချစ်တင်းနှောကြတဲ့အသံတွေကို နားကြပ်ပင်နဲ့ထောက်ထောက်ပြီး အသံခိုးနားထောင်သူတစ်ယောက်ပါ အားကစားနည်းပြMr.Changရဲ့ အဖြစ်ကို မကြည့်ရက်နိုင်သူတစ်ယောက်ရှိပါတယ် ဒါနဲ့ပဲ…Mr.Chang လက်ထဲကို Ms.Chen ရဲ့အခန်းသော့အပိုတစ်စုံရောက်လာခဲ့ပါတယ်……. တစ်နေ့…….Ms.Chen ရဲ့အခန်းထဲကိုဝင်ကြည့်နေတုန်းမှာ Ms.Chen တစ်ယောက်အိမ်စောစောပြန်လာတာနဲ့ ပက်ပင်းတိုးပါတော့တယ် ဘာတွေဆက်ဖြစ်လာမယ် ထင်ပါသလဲ…….. သေချာတာကတော့……….. Zzz (မင်းသမီးလေးတွေကတော့ မှုံနေအောင်ချောလွန်းပါတယ် :P)

Romantic (2021) ⭐IMDB: 4.5/10 (547 Votes) 🎬 #Action #Bollywood #Drama #Romance 🗓️ 2021 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 12 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီနေ့ထွက် အိန္ဒိယတောင်ပိုင်း Action,Drama,Romance ကားလေးတင်ဆက်လိုက်ပါတယ်။ လူဆိုးတွေဆိုတာ လူကောင်းတွေလားလို့ မေးလိုက်ရင် အရူးလားဆိုပြီး တုံ့ပြန်ကြမယ်ထင်ပါတယ်။ လူဆိုးဆိုတာကရော လူကောင်းမဖြစ်နိုင်ဘူးလားလို့ မေးစရာလိုတဲ့ အကြောင်းတွေ သပွတ်အူ လူ့လောကကြီးမှာ ရှိတယ်ဆိုပါစို့။ ဗက်စကို နဲ့ အန်နီဆိုတဲ့ သူငယ်ချင်း နှစ်ယောက်က ဆင်​ခြေဖုံးရပ်ကွက်မှာ ​နေထိုင်ကြတဲ့ လူဆင်းရဲလေးတွေပါ။ ဗက်စကိုဟာ ရဲတစ်​ယောက်ရဲ့သားဖြစ်​ပေမယ့် အ​ဖေကိုသတ်သွားတဲ့ လူဆိုးကို ရှာ​ဖွေရင်း လောကကြီးရဲ့ မျက်လှည့်စင်မြင့်ပေါ်မှာ သူကိုယ်တိုင် လူဆိုးဂိုဏ်းဝင်တစ်ဦးဖြစ်လာခဲ့ပါ​တယ်။သူ့ရဲ့ အချစ်ဆုံး ငယ်သူငယ်ချင်း အန်နီကလည်း သူ့​နောက် တစ်​ကောက်​ကောက်​ပေါ့။ တစ်​နေ့မှာ​တော့ ဗက်စကိုဟာ မိုနီကာဆိုတဲ့ ရဲတစ်​ယောက်ရဲ့ညီမကို ချစ်ကြိုက်မိပါ​တော့တယ်။ လူဆိုးဘဝနဲ့ ကျင်လည်ရင်း အ​ဖေကိုသတ်သွားတဲ့ လူဆိုးရဲ့ ဘိန်းကုန်စည်​တွေကို ဖြတ်ခုတ်ပြီး သူ​နေထိုင်ရာ ရပ်ကွက်​လေးရဲ့ တိုးတက်ရာတိုးတက်​ကြောင်းကို ကူညီ​နေတဲ့ Robin Hood လက်သစ်​လေး ဗက်စကိုဟာ မိုနီကာကို ချစ်​ပေမယ့် တပ်မက်တယ်လို့ပဲ ထင်ခဲ့မိတယ် အချစ်ကို ဝန်မခံရဲခဲ့ဘူး။ သူတို့၂ဦးကလည်း Living the Moment ကို အပြည့်အဝခံစားကြ ရိုကြပေါ့။ အခက်အခဲ​တွေကြား ပြဿနာ​တွေကြားမှာ ဗက်စကိုတစ်​ယောက် သူ့ရဲ့အချစ်​တွေကို နားလည်သွားနိုင်မလား။ ဗက်စကို နောက်ကို အသည်းအသန်လိုက်နေတဲ့ လက်ထောက် ကော်မရှင်နာ မမကြီးကပဲ သူ့ကို သံတိုင်တွေနောက်ပို့တာ ခံရမလား။ သူ့ဖခင်အတွက်ပြန်လည် လက်စား​ချေနိုင်မလားဆိုတာ​တော့ ROMANTIC ဆိုတဲ့ ဒရာမာအက်ရှင်ကား​လေးကို အား​ပေးကြလိုက်ပါဦး။

Romantic (2021) ⭐IMDB: 4.5/10 (547 Votes) 🎬 #Action #Bollywood #Drama #Romance 🗓️ 2021 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 2 နာရီ 12 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီနေ့ထွက် အိန္ဒိယတောင်ပိုင်း Action,Drama,Romance ကားလေးတင်ဆက်လိုက်ပါတယ်။ လူဆိုးတွေဆိုတာ လူကောင်းတွေလားလို့ မေးလိုက်ရင် အရူးလားဆိုပြီး တုံ့ပြန်ကြမယ်ထင်ပါတယ်။ လူဆိုးဆိုတာကရော လူကောင်းမဖြစ်နိုင်ဘူးလားလို့ မေးစရာလိုတဲ့ အကြောင်းတွေ သပွတ်အူ လူ့လောကကြီးမှာ ရှိတယ်ဆိုပါစို့။ ဗက်စကို နဲ့ အန်နီဆိုတဲ့ သူငယ်ချင်း နှစ်ယောက်က ဆင်​ခြေဖုံးရပ်ကွက်မှာ ​နေထိုင်ကြတဲ့ လူဆင်းရဲလေးတွေပါ။ ဗက်စကိုဟာ ရဲတစ်​ယောက်ရဲ့သားဖြစ်​ပေမယ့် အ​ဖေကိုသတ်သွားတဲ့ လူဆိုးကို ရှာ​ဖွေရင်း လောကကြီးရဲ့ မျက်လှည့်စင်မြင့်ပေါ်မှာ သူကိုယ်တိုင် လူဆိုးဂိုဏ်းဝင်တစ်ဦးဖြစ်လာခဲ့ပါ​တယ်။သူ့ရဲ့ အချစ်ဆုံး ငယ်သူငယ်ချင်း အန်နီကလည်း သူ့​နောက် တစ်​ကောက်​ကောက်​ပေါ့။ တစ်​နေ့မှာ​တော့ ဗက်စကိုဟာ မိုနီကာဆိုတဲ့ ရဲတစ်​ယောက်ရဲ့ညီမကို ချစ်ကြိုက်မိပါ​တော့တယ်။ လူဆိုးဘဝနဲ့ ကျင်လည်ရင်း အ​ဖေကိုသတ်သွားတဲ့ လူဆိုးရဲ့ ဘိန်းကုန်စည်​တွေကို ဖြတ်ခုတ်ပြီး သူ​နေထိုင်ရာ ရပ်ကွက်​လေးရဲ့ တိုးတက်ရာတိုးတက်​ကြောင်းကို ကူညီ​နေတဲ့ Robin Hood လက်သစ်​လေး ဗက်စကိုဟာ မိုနီကာကို ချစ်​ပေမယ့် တပ်မက်တယ်လို့ပဲ ထင်ခဲ့မိတယ် အချစ်ကို ဝန်မခံရဲခဲ့ဘူး။ သူတို့၂ဦးကလည်း Living the Moment ကို အပြည့်အဝခံစားကြ ရိုကြပေါ့။ အခက်အခဲ​တွေကြား ပြဿနာ​တွေကြားမှာ ဗက်စကိုတစ်​ယောက် သူ့ရဲ့အချစ်​တွေကို နားလည်သွားနိုင်မလား။ ဗက်စကို နောက်ကို အသည်းအသန်လိုက်နေတဲ့ လက်ထောက် ကော်မရှင်နာ မမကြီးကပဲ သူ့ကို သံတိုင်တွေနောက်ပို့တာ ခံရမလား။ သူ့ဖခင်အတွက်ပြန်လည် လက်စား​ချေနိုင်မလားဆိုတာ​တော့ ROMANTIC ဆိုတဲ့ ဒရာမာအက်ရှင်ကား​လေးကို အား​ပေးကြလိုက်ပါဦး။

Republic (2021) ⭐IMDB: 8.0/10 (4 k Votes) 🎬 #Action #Bollywood #Drama #Thriller 🗓️ 2021 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 2 နာရီ 26 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Republic 2021IMDb 8.5/10 အသစ်ထွက်ရှိလာတဲ့ Republic ဆိုတဲ့ တောင်ပိုင်းကားလေးကတော့Political Thriller/ Drama အမျိုးအစားဖြစ်သည့်အားလျော်စွာ နိုင်ငံရေးကားကောင်းလေးတစ်ကားဆိုပါတော့… အိန္ဒိယနိုင်ငံရေးဇာတ်ကားဖြစ်တာနဲ့အညီနိုင်ငံရေးသမားတွေရဲ့လုပ်စားကွက်တွေ၊ နိုင်ငံရေးလှည့်ကွက်တွေ၊ သူတော်ချင်းချင်းသတင်း‌လွေ့လွေ့လုပ်နေတာတွေ၊လက်ဝါးကြီးအုပ်အမြတ်ထုတ်တာတွေကြောင့် အောက်ခြေဆင်းရဲသားနင်းပြားလေးတွေရဲ့ဘဝတွေ အဖိနှိပ်ခံရပုံတွေ…ပညာရေးစနစ်၊ တရားရေးစနစ်၊ စာရိတ္တပိုင်းဆိုင်ရာတွေပါ ချို့ယွင်းပျက်စီးနေပုံတွေကို ထည့်သွင်းရိုက်ကူးထားပါတယ်။ အာဏာကိုအလွဲသုံးစားလုပ်မယ့်သူနဲ့ မတရားရင် ငြိမ်မခံတဲ့ ပြည်သူ့ဖက်က ဘက်တော်သားတို့ ဒီကားမှာ သူနိုင်ကိုယ်နိုင်အပြိုင်ကြဲကြမှာပါ..လူသိများနာမည်ကြီးတဲ့တောင်ပိုင်းမင်းသားမင်းသမီးတွေဇာတ်ပို့တွေ ပါဝင်တာကြောင့် တောင်ပိုင်းစတိုင်မိုက်တဲ့ဇာတ်ကားပါပဲ။

Antiporno (2016) ⭐IMDB: 6.4/10 (4 k Votes) 🎬 #Adult #Asian #Drama #Mystery 🗓️ 2016 🎞️ Movie 📺 1080p FHD 🌎 #Japan ⏰ 1 နာရီ 15 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Antiporno က Sakura ကို ပြန်ခဲ့တဲ့ Jueno ရဲ့ ဒုတိယ မြောက် ဂျပန်ရုပ်ရှင်ကားဖြစ်ပြီး ဒီရုပ်ရှင်ကားကတော့ နည်းနည်းပိုထူးဆန်းပါတယ် ဒီဇတ်လမ်းထဲမှာ ပါတဲ့ ကောင်မလေးဟာ ရုပ်ရှင်ရိုက်ရတာ ဝါသနာပါသူလေး ဖြစ်ပြီး စိတ္တစ ရောဂါသည်လဲ ဖြစ်နေပြန်ပါတယ် သူဟာ မနက်မိုးလင်းလာတိုင်း တစ်နေ့နဲ့ တစ်နေ့ ထပ်တူကျတဲ့ ကိစ္စမျိုးတွေပဲ ကြုံတွေ့နေရသူပါ လိင်စိတ်လွန်ကဲတဲ့ ရုပ်ရှင်မျိုုးတွေ ရိုက်ချင်သူဖြစ်ပြီး တကယ်တမ်းမှာတော့ သူဟာ ကျောင်းသူလေး တစ်ယောက်ပါ သူမ လုပ်နေသမျှ ဟာ ရုပ်ရှင်ရိုက်နေတယ်ပဲ ထင်နေခဲ့ပြီး အပျိုုစင်ဘ၀ ကိုတောင် လမ်းဘေးက လူတစ်ယောက်ကို ပေးခဲ့သူပါ အဲ့ဒါကိုလဲ ရုပ်ရှင်ရိုက်ကွင်းတစ်ခုလို ထင်နေပေမယ့် သူ့အပျိုစင် ဘ၀ ကို ယူပါဆိုပြီး သွားပြောမိတဲ့ လမ်းဘေးက လူကတော့ အလကားရတာ ဆိုပြီး ဘွတ်သွားပါတယ် အဲ့ဒီ အခါကျမှ သူမ ရုပ်ရှင်ရိုက်နေတာ မဟုတ်မှန်းသိသွားခဲ့တယ်ဆိုပါတော့ 😛 ရုပ်ရှင်တစ်ကားလုံးဟာ 18+ အခန်းတွေ အပြည့်နဲ့ မင်းသမီးဟာ ခန္ဓာကိုယ်မှာ သိပ်ပြီး အဝတ်အစား မကပ်ပါဘူး အများအားဖြင့် ကိုယ်လုံးတီး ဖြစ်နေတက်ပါတယ် ဒါကြောင့် လူ (၁၈) ယောက် စုကြည့်သင့်ပါတယ် မိသားစု နှင့် အတူမကြည့်သင့်ပါ 😛 ဇတ်လမ်းဟာ အစမှာ ထင်ထားခဲ့တာက တစ်မျိုးဖြစ်ပြီး အဆုံးသတ်မှာက တစ်မျိုးဖြစ်နေပါတယ် ဖြစ်နိုင်ရင်တော့ သင့် သူငယ်ချင်းတစ်ချို့ကို Mention ခေါ်ပြီး အဆုံးထိ မအန်ပဲ မပျို့ ပဲ ကြည့်နိုင်လားဆိုတာ စိန်ခေါ်သင့်ပါတယ် 😀 ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Jueno  ဖြစ်ပြီး Thit San Khant မှ Encode ၍ တင်ဆက်ပေးထားပါတယ်။ 18+ ပရိတ်သက်အပေါင်း အားအင်ပြည့်ဖြိုးကြပါစေ 😀 Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများဒီလင့်မှာ loginအရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။Download Nulled Scripts and PluginsDownload Nulled Scripts and Plugins

Sooryavanshi (2021) ⭐IMDB: 6.1/10 (78 k Votes) 🎬 #Action #Bollywood #Crime #Thriller 🗓️ 2021 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 24 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sooryavanshi (2021) မြန်မာစာတန်းထိုး ဒီ Sooryavanshi ကားကတော့ ပူပူနွေးနွေးထွက်ရှိလာတဲ့ Akshay Kumar နဲ့ Katrina Kaif တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး Singham , Simmba ကားတွေနဲ့ ရှေ့မှာ မိတ်ဆက်ခဲ့တဲ့ ကားဆိုလည်း မမှားပါဘူး။ ဟောလိဝုဒ်မှာလို ပြောရရင် Sooryavanshi ကို မိတ်ဆက်တဲ့ Solo ကားလို့ပဲ ဆိုရမယ်။ မတူတာကို ပြောရရင် ဆူရိယဗန်သျှီက အကြမ်းဖက်နှိမ်နင်းရေးဘက်ကမို့ ဟိုး 1993 ခုနှစ်က အိန္ဒိယနိုင်ငံတဝှမ်းမှာ ဖြစ်ပျက်ခဲ့တဲ့ အစဥ်လိုက် ဗုံးဖောက်ခွဲမှုတွေက စတင်ပြီး မျက်မှောက်ခေတ်မှာ ဘုံဘေမြို့ (ယခု မွန်ဘိုင်း) အတွင်း ဖောက်ခွဲရေးအဖျက်လုပ်ငန်းတွေ လုပ်မယ့် အကြမ်းဖက်သမားတွေကို လိုက်လံတားဆီးမယ့် အက်ရှင်ဆို လေပေါ်မပျံ ၊ အိုဗာတွေ မပါတဲ့ အမိုက်စား ဇာတ်ကားဖြစ်နေတဲ့ အချက်ပါပဲ။ အသတ်အပုတ်တွေထက် အပစ်အခတ်များများပါတဲ့ လူဆိုးနဲ့ရဲ့ ဥာဏ်ချင်းယှဥ်မယ့် ကြည့်ပျော်တဲ့ ကားကောင်းတကားဖြစ်ပါတယ်။ ဒါ့အပြင် မင်းသမီးချော Katrina Kaif ရဲ့ အလှအပကိုပါ ငေးခွင့်ရဦးမယ်ဆိုတော့ အတိုင်းထက်အလွန်ပေါ့ဗျာ။

Ajab Prem Ki Ghazab Kahani (2009) ⭐IMDB: 6.4/10 (15 k Votes) 🎬 #Action #Bollywood #Comedy #Romance 🗓️ 2009 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 30 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ajab Prem Ki Ghazab Kahani ဆိုတာ ထူးဆန်းတဲ့အချစ်ရဲ့ ဟာသ story လေးပါတဲ့ နာမည်နဲ့လိုက်အောင်ပဲ ရိုလည်းရို ငိုလည်းငိုရတဲ့အပြင် ရယ်စရာလည်းကောင်းတဲ့ romantic comedy film လေးဖြစ်ပါတယ်Cast တွေကလည်း အိန္ဒိယမှာ ခန်းသုံးခန်းအပြီး တက်လာတဲ့ မင်းသားတွေထဲမှာ အလားအလာအရှိဆုံးဖြစ်တဲ့ Ranbir Kapoor နဲ့ Bollywood နာမည်ကြီးမင်းသမီး Katrina Kaif တို့က ခေါင်းဆောင်အနေနဲ့ ပါဝင်ထားပါတယ် သုံးသပ်သူတွေဆီကလည်း Positive reviews တွေရခဲ့ပြီး 3 Idiots နဲ့ Love Aaj Kal ပြီးရင် 2009 ခုနှစ်ရဲ့ တတိယဝင်ငွေအကောင်းဆုံးကားလေး ဖြစ်ခဲ့ပါတယ်2009 ခုနှစ်ရဲ့ ဝက်ဝက်ကွဲလူကြိုက်များတဲ့ရုပ်ရှင်တစ်ကား blockbuster လို့လည်း ပြောကြပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ ပရမ်ဟာ ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းပြီး သူတစ်ပါးကို ကူညီတတ်တဲ့ လူငယ်လေးတစ်ယောက်ပေါ့ ပေါ့ပေါ့နေ ပေါ့ပေါ့စားတတ်တဲ့ ပရမ်ဟာ သူ့အဖေရဲ့ မကြည်လင်တာလည်းခံရပြီး ခဏခဏ ဆူခံထိပါသတဲ့တစ်နေ့ပရမ်ဟာ သူငယ်ချင်းအတွက် မိန်းမခိုးပေးရင်း ဂျန်းနီနဲ့ ဆုံတွေ့ခဲ့ပါတော့တယ် ပရမ်တစ်ယောက် ဂျန်းနီကိုတွေ့ပြီးနောက်မှာ အရူးအမူးဖြစ်ခဲ့ပြီး သူ့ဘဝကြီးကို ဂျန်းနီအကြိုက်လိုက်နေပေးခဲ့ပါတော့တယ်ဒါပေမဲ့ ပရမ်ဟာ အဆင့်အတန်းကွာခြားမှုကြောင့် ဂျန်းနီကို ဖွင့်ဟမပြောရဲခဲ့တော့ friend zone ထဲမှာပဲ အကြာကြီးပိတ်မိနေခဲ့တာပေါ့ နောက်ဆုံးမှာရော ဂျန်းနီဟာ ပရမ်ရဲ့ပေးဆပ်ချစ်ကို အသိအမှတ်ပြုလာမလား ပရမ်ကရော ဂျန်းနီကိုရဖို့ ဘယ်လိုပေးဆပ်မှုတွေလုပ်ခဲ့ရလဲ ပရမ့်ရဲ့ မေတ္တာတွေက ရောင်ပြန်ဟပ်လာပါ့မလား မိဘတွေရဲ့ မေတ္တာတရား အပေါင်းအသင်းတွေကြားက သံယောဇဉ် နဲ့ သူငယ်ချင်းတွေကြားက တစ်ဖက်သတ်အချစ်ကို ပုံဖော်ထားတဲ့ ဒီဇာတ်ကားလေးဟာ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်တာမို့ ကြည့်ဖို့အတွက် CM ပရိသတ်ကြီးကို တိုက်တွန်းလိုက်ပါတယ်နော်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Nadi Myint Naing မှ တင်ဆက်ထားတာပါ။)

Ajab Prem Ki Ghazab Kahani (2009) ⭐IMDB: 6.4/10 (15 k Votes) 🎬 #Action #Bollywood #Comedy #Romance 🗓️ 2009 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 2 နာရီ 30 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ajab Prem Ki Ghazab Kahani ဆိုတာ ထူးဆန်းတဲ့အချစ်ရဲ့ ဟာသ story လေးပါတဲ့ နာမည်နဲ့လိုက်အောင်ပဲ ရိုလည်းရို ငိုလည်းငိုရတဲ့အပြင် ရယ်စရာလည်းကောင်းတဲ့ romantic comedy film လေးဖြစ်ပါတယ်Cast တွေကလည်း အိန္ဒိယမှာ ခန်းသုံးခန်းအပြီး တက်လာတဲ့ မင်းသားတွေထဲမှာ အလားအလာအရှိဆုံးဖြစ်တဲ့ Ranbir Kapoor နဲ့ Bollywood နာမည်ကြီးမင်းသမီး Katrina Kaif တို့က ခေါင်းဆောင်အနေနဲ့ ပါဝင်ထားပါတယ် သုံးသပ်သူတွေဆီကလည်း Positive reviews တွေရခဲ့ပြီး 3 Idiots နဲ့ Love Aaj Kal ပြီးရင် 2009 ခုနှစ်ရဲ့ တတိယဝင်ငွေအကောင်းဆုံးကားလေး ဖြစ်ခဲ့ပါတယ်2009 ခုနှစ်ရဲ့ ဝက်ဝက်ကွဲလူကြိုက်များတဲ့ရုပ်ရှင်တစ်ကား blockbuster လို့လည်း ပြောကြပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ ပရမ်ဟာ ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းပြီး သူတစ်ပါးကို ကူညီတတ်တဲ့ လူငယ်လေးတစ်ယောက်ပေါ့ ပေါ့ပေါ့နေ ပေါ့ပေါ့စားတတ်တဲ့ ပရမ်ဟာ သူ့အဖေရဲ့ မကြည်လင်တာလည်းခံရပြီး ခဏခဏ ဆူခံထိပါသတဲ့တစ်နေ့ပရမ်ဟာ သူငယ်ချင်းအတွက် မိန်းမခိုးပေးရင်း ဂျန်းနီနဲ့ ဆုံတွေ့ခဲ့ပါတော့တယ် ပရမ်တစ်ယောက် ဂျန်းနီကိုတွေ့ပြီးနောက်မှာ အရူးအမူးဖြစ်ခဲ့ပြီး သူ့ဘဝကြီးကို ဂျန်းနီအကြိုက်လိုက်နေပေးခဲ့ပါတော့တယ်ဒါပေမဲ့ ပရမ်ဟာ အဆင့်အတန်းကွာခြားမှုကြောင့် ဂျန်းနီကို ဖွင့်ဟမပြောရဲခဲ့တော့ friend zone ထဲမှာပဲ အကြာကြီးပိတ်မိနေခဲ့တာပေါ့ နောက်ဆုံးမှာရော ဂျန်းနီဟာ ပရမ်ရဲ့ပေးဆပ်ချစ်ကို အသိအမှတ်ပြုလာမလား ပရမ်ကရော ဂျန်းနီကိုရဖို့ ဘယ်လိုပေးဆပ်မှုတွေလုပ်ခဲ့ရလဲ ပရမ့်ရဲ့ မေတ္တာတွေက ရောင်ပြန်ဟပ်လာပါ့မလား မိဘတွေရဲ့ မေတ္တာတရား အပေါင်းအသင်းတွေကြားက သံယောဇဉ် နဲ့ သူငယ်ချင်းတွေကြားက တစ်ဖက်သတ်အချစ်ကို ပုံဖော်ထားတဲ့ ဒီဇာတ်ကားလေးဟာ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်တာမို့ ကြည့်ဖို့အတွက် CM ပရိသတ်ကြီးကို တိုက်တွန်းလိုက်ပါတယ်နော်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Nadi Myint Naing မှ တင်ဆက်ထားတာပါ။)

Sooryavanshi (2021) ⭐IMDB: 6.1/10 (78 k Votes) 🎬 #Action #Bollywood #Crime #Thriller 🗓️ 2021 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 2 နာရီ 24 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sooryavanshi (2021) မြန်မာစာတန်းထိုး ဒီ Sooryavanshi ကားကတော့ ပူပူနွေးနွေးထွက်ရှိလာတဲ့ Akshay Kumar နဲ့ Katrina Kaif တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး Singham , Simmba ကားတွေနဲ့ ရှေ့မှာ မိတ်ဆက်ခဲ့တဲ့ ကားဆိုလည်း မမှားပါဘူး။ ဟောလိဝုဒ်မှာလို ပြောရရင် Sooryavanshi ကို မိတ်ဆက်တဲ့ Solo ကားလို့ပဲ ဆိုရမယ်။ မတူတာကို ပြောရရင် ဆူရိယဗန်သျှီက အကြမ်းဖက်နှိမ်နင်းရေးဘက်ကမို့ ဟိုး 1993 ခုနှစ်က အိန္ဒိယနိုင်ငံတဝှမ်းမှာ ဖြစ်ပျက်ခဲ့တဲ့ အစဥ်လိုက် ဗုံးဖောက်ခွဲမှုတွေက စတင်ပြီး မျက်မှောက်ခေတ်မှာ ဘုံဘေမြို့ (ယခု မွန်ဘိုင်း) အတွင်း ဖောက်ခွဲရေးအဖျက်လုပ်ငန်းတွေ လုပ်မယ့် အကြမ်းဖက်သမားတွေကို လိုက်လံတားဆီးမယ့် အက်ရှင်ဆို လေပေါ်မပျံ ၊ အိုဗာတွေ မပါတဲ့ အမိုက်စား ဇာတ်ကားဖြစ်နေတဲ့ အချက်ပါပဲ။ အသတ်အပုတ်တွေထက် အပစ်အခတ်များများပါတဲ့ လူဆိုးနဲ့ရဲ့ ဥာဏ်ချင်းယှဥ်မယ့် ကြည့်ပျော်တဲ့ ကားကောင်းတကားဖြစ်ပါတယ်။ ဒါ့အပြင် မင်းသမီးချော Katrina Kaif ရဲ့ အလှအပကိုပါ ငေးခွင့်ရဦးမယ်ဆိုတော့ အတိုင်းထက်အလွန်ပေါ့ဗျာ။

Princess Sakura: Forbidden Pleasures (2013) ⭐IMDB: 4.0/10 (192 Votes) 🎬 #Adult #Asian #Comedy #Romance #Adventure #Drama 🗓️ 2013 🎞️ Movie 📺 720p HD 🌎 #Japan ⏰ 1 နာရီ 36 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဆာကူရာ ဆိုတဲ့ ချောမောလှပတဲ့ ကောင်မလေးက တော်ဝင်မျိုးနွယ်လေးပေါ့ ဆာကူရာ လေးဟာ ခန္ဓာကိုယ်က ဆာကူရာပန်းရနံ့လေး အမြဲမွှေးနေလို့ လိုချင်တပ်မက်သူတွေ ဝိုင်းနေတာပေါ့ ဒါပေမယ့် ဆာကူရာလေးကတော့ ဗိုင်းကောင်းကျောင်ဖိ မိကောင်းဖခင် သမီးလေးပေါ့ အချစ်ရေးကို စိတ်မဝင်စားသေးပါဘူး ဆာကူရာ တို့ စံအိမ်တော်မှာ မျိုးရိုးစဉ်ဆက် ထိန်းသိမ်းထားတဲ့ တော်ဝင်ငှက်မွှေး ဆိုတဲ့ ပစ္စည်းရှိပါတယ် တန်ဖိုးလဲ ကြီးပါတယ် တစ်ရက်မှာတော့ ဆာကူရာ တို့အိမ်ကို ငတက်ပြား နာမည်ကျော်သူခိုး ဝင်ပြီး ထိုငှက်မွှေးကို ခိုးပါတယ် ငှက်မွှေးခိုးရုံပဲလား ဆိုတော့ မဟုတ်ပါဘူး အပျိုစင်လေး ဆာကူရာ အိပ်နေတဲ့ အိပ်ခန်းထဲ ဝင်ပြီး ဘုသွားပါသေးတယ် 😛 တော်ဝင်ထိန်းသိမ်းထားတဲ့ ပစ္စည်းလဲ ပျောက်လူလဲ ဘုခံလိုက်ရတဲ့ ဆာကူရာလေးဟာ အိမ်မှာမနေတော့ပဲ ထို သူခိုးကို ရှာဖို့ အတွက် ရည်မှန်းချက်ကြီးကြီးမားမား နဲ့ စံအိမ်ကနေ ထွက်ခွာသွားပါတော့တယ်… ရည်မှန်းချက် ကြီးမားပုံများ လူဆိုးသူခိုးဂျပိုးများ အဝင်အထွက်များတဲ့ ဆောင်ကြာမြိုင်မှာ ပြည့်တန်ဆာ အဖြစ် အလုပ်ဝင်လိုက်တာပါ 😀 သူမ ကိုယ်က ပန်းရနံ့ မွှေးတော့ နိုင်ငံအနှံ့ကတောင် လာပြီး သူမနဲ့ အိပ်ဖို့ တန်းစီရပါတယ် ၃ ရက်လောက် စောင့်ရပါတယ် လာသမျှ ပျိုပျိုအိုအို ယောင်္ကျားမှန်သမျှ ဟာ သူမ အလှအပ အပြုအစု အယုအယ အောက်မှာ ဒူးထောက်ကုန်ကြတာပါပဲ သူကလဲ အိပ်ပြီးရင် တစ်ခု အကူအညီတောင်းလေ့ ရှိပါတယ် သူခိုးကို ရှာပေးဖို့ အတွက်ပါပဲ…. ဒီလိုနဲ့ နာမည်ကျော်လှတဲ့ ဆောင်ကြာမြိုင်က မင်းသမီးလေးဟာ ဘယ်လိုနည်းနဲ့ သခိုးကို ဒချိ ဒချိ ပြီး ဖမ်းမယ်ဆိုတာ စိတ်ဝင်တစားနဲ့ ကြက်ဥများ စပါကလင် နဲ့ ရောသောက်ပြီး ကြည့်လိုက်ကြပါစို့ 😛 ဒီရုပ်ရှင်ကားဟာ 18+ ဖြစ်တာမို့ မိသားစုများ အသက်မပြည့်သေးသော ကလေးများ နှင့် ကြည့်ရှုရန် မသင့်တော်ပါ

Out of Exile (2022) ⭐IMDB: 4.9/10 (188 Votes) 🎬 #Drama #Crime #Action #Thriller 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 29 စက္ကန့် 👑 ShweFlix ဇာတ်ညွှန်း 📜 ဂေ့ဘ်တို့ညီအစ်ကိုနဲ့မာကိုတို့ကဘဏ်ဓားပြတွေဖြစ်ကြပါတယ်။ တစ်နေ့မှာတော့ဘဏ်ဓားပြတိုက်ရင်းနဲ့ငွေသယ်ကားအစောင့်ကိုသတ်မိသွားပါတော့တယ်။ အဲ့ဒီအမှုကို FBI အေးဂျင့်ဆော်လမွန်ဆိုသူကစုံစမ်းပါတော့တယ်။ ဂေ့ဘ်တို့ဘဏ်ဓားပြတွေလုပ်နေတယ်ဆိုတာသူတို့ချည်းသက်သက်မဟုတ်ပဲရေဒါဆိုတဲ့လူရဲ့လက်အောက်မှာလုပ်နေတာပဲဖြစ်ပါတယ်။ ရေဒါကဂေ့ဘ်ရဲ့အဖေဖြစ်သူနဲ့အလုပ်တွဲလုပ်ခဲ့သူဖြစ်ပြီးအခုအချိန်မှာလဲသူ့ရဲ့သားနဲ့အလုပ်လုပ်နေတာပဲဖြစ်ပါတယ်။ ဖြစ်ချင်တော့ဂေ့ဘ်ရဲ့ညီဖြစ်သူကလက်ဖွာသူဖြစ်ပြီဘဏ်ဓားပြတိုက်လို့ရခဲ့တဲ့ငွေတွေကိုစည်းမဲ့ကမ်းမဲ့သုံးခဲ့မိတဲ့အတွက်အေးဂျင့်ဆော်လမွန်ကသိသွားပြီးဖမ်းဆီးဖို့စီစဉ်ပါတော့တယ်။ အဲ့ဒီအချိန်မှာလဲသူတို့ကသူတို့ရဲ့နောက်ဆုံးဘဏ်ဓားပြတိုက်မှုတစ်ခုကိုလုပ်တော့မှာဖြစ်ပါတယ်။ ဒီလိုနဲ့ဂေ့ဘ်တို့နောက်ဆုံးဘဏ်ဓားပြတိုက်တဲ့အခါမှာဘာတွေဆက်ဖြစ်သွားမလဲ ဘာအခက်အခဲတွေတွေ့ကြုံရမလဲဆိုတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။

Borrego (2022) ⭐IMDB: 5.3/10 (5 k Votes) 🎬 #Crime #Thriller 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 16 စက္ကန့် 👑 ShweFlix ဇာတ်ညွှန်း 📜 အယ်လီက ဘော်ရီဂိုမြို့လေးကိုအသစ်ရောက်လာတဲ့ ရုက္ခဗေဒပညာရှင်တစ်ယောက်ပါ။ သူ ကန္တာရအလယ်မှာ အပင်သစ်တစ်မျိုးကို သုသေသနလုပ်နေရင်း လေယာဉ်တစ်စီးပျက်ကျသွားတာကိုတွေ့မြင်လိုက်ရပါတယ်။ လူသူဝေးတဲ့အရပ်မှာဖြစ်နေတော့ အကူအညီပေးနိုင်ဖို့ အနားကပ်သွားခဲ့မိတာ သူ့အမှားဖြစ်ခဲ့ပါတယ်။ အဲ့ဒီလေယာဉ်ကိုမောင်းနှင်လာတဲ့သူက မူးယစ်ဆေးသယ်ဆောင်လာသူတစ်ဦးဖြစ်နေပြီး သူ့ကိုနူတ်ပိတ်ဖို့ကြိုးစားလာတဲ့အချိန်မှာ အယ်လီတစ်ယောက်လွတ်အောင် ဘယ်လိုရုန်းရမလဲ? မြို့မှာလူသစ်တစ်ယောက်ဖြစ်တဲ့ သူ့ပျောက်ဆုံးမှုကို ဘယ်သူတွေ သိရှိပြီးလာရောက်ကယ်တင်နိုင်မလဲ? ဒါတွေအပြင် သူလက်တွေ့ရင်ဆိုင်နေရတဲ့ မူးယစ်ဆေးသယ်ဆောင်သူထက်ပိုသွေးအေးရက်စက်တဲ့ ဂိုဏ်းဝင်တစ်ယောက်ကလဲ ဒီမူးယစ်ဆေးတွေအရောက်ကိုစောင့်ဆိုင်းနေပါသေးတယ်။ Borrego 2022 ဟာပေါ့ပေါ့ပါးပါးခံစားကြည့်ရှုရမယ့် Thriller ကားကောင်းတစ်ကားပါ။ Pretty Little Liars မင်းသမီးလေး Lucy hale က အယ်လီအဖြစ်ခေါင်းဆောင်ပါဝင်ထားပါတယ်။

The Chanting Revisited (2018) ⭐IMDB: 4.6/10 (728 Votes) 🎬 #Comedy #Horror 🗓️ 2018 🎞️ Movie 📺 720p HD 🌎 #Indonesia ⏰ 1 နာရီ 47 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 သရဲတစ္ဆေကားတွေကြိုက်နှစ်သက်တဲ့သူတွေအတွက် အင်ဒိုနီးရှားသရဲကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်ကွက်တွေရိုးစင်းပေမယ့် ထိတ်လန့်စရာကောင်းပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့ အင်ဒိုနီးရှားသရဲဖြစ်တဲ့ ကွန်တီလန်နက်ခ်ဆိုတဲ့သရဲဟာ ကလေးငယ်တွေကိုဦးတည်ဖမ်းယူတတ်တဲ့ သရဲမျိုးပါ။ မြန်မာမှာဆိုရင် ညမှောင်တဲ့အချိန် တူတူပုန်းတိုင်းကစားရင် နတ်ဖွက်သလို အဲ့မှာလဲမိခင်မေတ္တာငတ်မွတ်နေတဲ့ကလေးတွေ၊ မိဘစကားနားမထောင်တဲ့ကလေးတွေကို သူနဲ့လိုက်မလားဆိုပြီးခေါ်ဆောင်ရင်း ဖမ်းခေါ်သွားတတ်တဲ့သရဲမျိုးလည်းဖြစ်ပါတယ်။ ကြည့်ရတာစိတ်လှုပ်ရှားစရာကောင်းသလို ကလေးငယ်တွေနဲ့ဇာတ်အိမ်တည်ထားတဲ့အတွက် သရဲကားကြိုက်တဲ့သူတွေ အပန်းဖြေကြည့်နိုင်မယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဖတ်ခနဲ ဖတ်ခနဲထွက်ထွက်ခြောက်တတ်ပြီး ညရိုက်ကွင်းတွေပိုများတဲ့အတွက် ဇာတ်ကားကြည့်ရင်း ညဖက်ခြောက်မယ့်အချိန်၀င်လာမှာကိုတောင် လန့်နေရပါတယ်။ အသည်းတထိတ်ထိတ် ရင်တဖိုဖိုနဲ့ခံစားချင်တဲ့သူတွေကတော့ အင်ဒိုသရဲမနဲ့တွေ့လိုက်ကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုသူရပါ)

Noise (2023) ⭐IMDB: 3.7/10 (774 Votes) 🎬 #Drama #Mystery #Thriller 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #Belgium #Netherlands ⏰ 1 နာရီ 30 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Noise (2023) 2023 ထွက် ဇာတ်ကား အသစ်ကျပ်ချွတ်လေးပါ။ လေးလေးပင်ပင်ကြီး တွေးစရာမလိုသလို အချိန်အကြာကြီး တသသနဲ့ စိတ်ထဲအောင်းနေမယ့်ကားမျိုးလည်း မဟုတ်ပါဘူး။ ဒီအတိုင်း ဖျော်ဖြေရေးဆန်ဆန်လေး ရုပ်ရှင်ကြည့်ချိန်မှာ ကြည့်လိုက်ပြီး ခေါင်းထဲက ထုတ်ပစ်လိုက်လို့ရတဲ့ ကားမျိုးပါပဲ။ အားလပ်ချိန်ကို အပျင်းပြေရုပ်ရှင်ကြည့်မယ်ဆိုရင်တော့ Thriller လေးလည်း မဆိုစလောက်ပါတော့ အတန်အသင့် စိတ်ကျနပ်မှုရစေမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ Influencer တစ်ယောက်လည်းဖြစ် မွေးကင်းစ လသားအရွယ် ကလေးလေးရဲ့ ဖခင်လည်းဖြစ်တဲ့ ဇာတ်လိုက်ဟာ သူ့မိသားစုကိုခေါ်ပြီး သူကလေးဘဝတုန်းက နေခဲ့တဲ့ သူ့ဖခင်ရဲ့ အိမ်ကြီးဆီ ပြောင်းရွှေ့လာခဲ့ကြပါတယ်။ ဖခင်ကြီးကတော့ လူအိုရုံမှာ သွားနေပြီဖြစ်ပြီး ဒီအိမ်ကြီးမှာ အခုဆို သားအမိသားအဖ ၃ယောက်ပဲ နေကြတော့မှာပါ။ ဒီလိုနဲ့ တစ်ရက်မှာ ဖခင်ဖြစ်သူရဲ့ အတိတ်ကို တူးဆွဖို့ဖြစ်လာပြီး မထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်တွေ ပေါ်လာခဲ့ပါတယ်။ အတိတ်ဘက် ခြေဦးသန်းရင်း လက်ရှိဘဝရဲ့ ဝတ္တရားတွေက ဖယ်ခွာလာတဲ့ ဖခင်ငယ်လေးရဲ့ နေ့စဉ်ဘဝကရော အဆင်ပြေပါ့မလား… အတိတ်ရဲ့ လျှို့ဝှက်ချက်ကကော ဘာများလဲ… ထုံးစံအတိုင်းပါပဲ… ဒါတွေကတော့ ရုပ်ရှင်ထဲပဲ ဆက်လို့ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)

Winnie the Pooh: Blood and Honey (2023) ⭐IMDB: 3.9/10 (10 k Votes) 🎬 #Horror #Thriller 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #UnitedKingdom ⏰ 1 နာရီ 25 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Winnie-the-Pooh: Blood and Honey (2023)============================== ဝင်နီ သပုချ်ကာတွန်းရုပ်လေးတွေကိုတော့ လူတိုင်းရင်းနှီးကြမှာပါ။ဒီရုပ်ရှင်ကတော့ ဟော်ရာအမျိုးအစားဖြစ်ပြီး ဝင်နီသပုချ်ဟာ အရိုင်းစိတ်ဝင်နေတဲ့ စိတ္တဇလူသတ်ဝက်ဝံဖြစ်နေတာကို တွေ့ရမှာပါ။ ပြီးတော့နောက်တစ်ကားအဆက်လည်း ရိုက်နေပြီဖြစ်ကြောင်းတောင် ပြောကြားထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်း———————ခရစ္စတိုဖာရော်ဘင်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ တောထဲမှာမျိုးစိတ်မတူဘဲ စပ်ပြီးမွေးဖွားလာတဲ့ ရုပ်ပျက်ဆင်းပျက် သတ္တဝါလေးကောင်နဲ့ မိတ်ဖွဲ့မိခဲ့ပါတယ်။ သူတို့ကိုစားစရာတွေယူပေး၊ အတူကစားရင်းနဲ့ သူငယ်ချင်းတွေ ဖြစ်လာခဲ့ပြီးမှ အရွယ်ရောက်လာတဲ့ ခရစ္စတိုဖာဟာ ဆေးကျောင်းတက်ဖို့ သူတို့ကိုထားခဲ့ပြီး မြို့တက်သွားရပါတော့တယ်။ ခရစ်မရှိတော့တဲ့အချိန်မှာ အရမ်းကြမ်းတမ်းတဲ့ဆောင်းရာသီကြောင့် ပုချ်တို့တွေ အရမ်းငတ်မွတ်လာပြီး အစာငတ်သေရမလိုဖြစ်လာတဲ့အချိန်မှာ သူတို့လေးကောင်ထဲက တစ်ကောင်ကိုအချင်းချင်းပြန်စားပြီး အသက်ဆက်လိုက်ရပါတော့တယ်။ ဒီလိုနဲ့ သူတို့စိတ်တွေကြမ်းတမ်းရက်စက်လာပြီး သူတို့ကို ထားခဲ့တဲ့ ခရစ္စတိုဖာကိုရောလူသားတွေကိုရော မုန်းတီးလာတဲ့အခါ… (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Andersonဖြစ်ပါတယ်)