ru
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Cake (2014) ⭐IMDB: 6.4/10 (39 k Votes) 🎬 #Drama 🗓 2014 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 6.4 ရရှိထားပြီး ဆု ၅ ခုပိုင်ဆိုင်ခဲ့တဲ့ Friends series ထဲက Rachel Green ကာရိုက်တာကို သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီး Jennifer Aniston ရဲ့ ၂၀၁၄ ခုနှစ်ထွက် ဒရာမာရုပ်ရှင်ကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဒရာမာလေးက စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ဇာတ်အိမ်တည်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအစမှာတော့ ကလယ်ရာဘန်းနက်က သူမရဲ့ နာတာရှည်အရိုးနာကျင်မှုကို ကုသဖို့အတွက် ကူညီရေးအဖွဲ့တစ်ခုဆီကိုသွားနေပါတယ်။ ဒီအဖွဲ့ထဲမှာ သူမရဲ့အသိမိတ်ဆွေဖြစ်တဲ့ နီနာဆိုတဲ့အမျိုးသမီးဟာ ရုတ်တရက်မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ပါတယ်။နီနာဟာ ရှင်းပြလို့မရတဲ့နည်းလမ်းတစ်ခုနဲ့ ကလယ်ရာရဲ့စိတ်ထဲကိုရောက်ရှိလာခဲ့ပြီး ကလယ်ရာဟာ မိတ်ဆွေဖြစ်တဲ့နီနာကို ခဏခဏမြင်တွေ့ စကားပြောဆက်ဆံရပါများလာ‌တဲ့နောက်မှာတော့ နီနာရဲ့နောက်ကြောင်းကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီရုပ်ရှင်ရဲ့ သရုပ်ဆောင်ပိုင်းကတော့ မင်းသမီးနာမည်ကြားရုံနဲ့တင် ပြောစရာလိုမယ်မထင်ပါဘူး။ Jennifer Aniston ရဲ့အက်တင်ပိုင်းက တော်တော်လေးကိုကောင်းတယ်ဆိုရပါမယ်။ ဇာတ်အိမ်ကလည်း ဒရာမာတွေထုံးစံအတိုင်း အရမ်းအကောင်းကြီးမဟုတ်‌တောင် ညံ့တဲ့အထဲ‌တော့ လုံး၀မပါပါဘူး။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာပြဿနာတစုံတရာရှိနေသူတို့ရဲ့ ပြုမူပြောဆိုပုံတွေ၊ သူတို့ကို ပတ်၀န်းကျင်က ဘယ်လိုဆက်ဆံပြီး ဖေးမကူညီပေးသင့်တယ်ဆိုတာလေးတွေကိုလည်း ကြည့်ရှုရမှာဖြစ်ပြီး healing ဖြစ်စေမယ့်ဒရာမာကားကောင်းလေးဖြစ်တာမလို့ သေချာပေါက်ကြည့်ရှုခံစားလိုက်ကြဖို့ အကြံပေးလိုက်ပါတယ်။
...

Across the Universe (2007) ⭐TMDB: 71% User Score 🎬 #Drama #Romance #Fantasy 🗓 2007 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 13 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတခေါက်တင်ဆက်ပေးမှာကတော့ The Beatles အဖွဲ့ရဲ့ သီချင်းတွေကို အခြေပြုပြီးရိုက်ကူးထားတဲ့ Across the Universe ဆိုတဲ့ Musical/Romance အမျိုးအစား ကားလေးပါ ဇာတ်ကားနာမည်ကိုကပဲ The Beatles အဖွဲ့ရဲ့သီချင်း John Lennon နဲ့ Paul McCartney တို့ ရေးထားတာကို ယူထားတာပါ တကားလုံးရဲ့ ဇာတ်လမ်းအပြ ဇာတ်ကောင်တွေရဲ့ ခံစားချက်ကို The Beatles သီချင်းတွေနဲ့ ဖော်ကြူးသွားမဲ့ Musical film ငြိမ့်ငြိမ့်လေးပါ The Beatles အဖွဲ့ကျော်ကြားခဲ့စဉ်အခါက ခေတ်ကာလ ၁၉၆၀ ကျော် ခုနှစ်တွေကို တည်ထားပါတယ် ၁၉၆၀ ကျော်ဝန်းကျင်ဆိုတော့ အမေရိကန်က ဗီယက်နမ်စစ်ပွဲတိုက်နေတဲ့အချိန်ကာလ၊ အဲ့ကာလရဲ့ ပြည်သူလူထုတွေရဲ့ သဘောထား အခြေအနေကိုလည်း ထင်ဟပ်ထားပါတယ် The Beatles ရဲ့ဖန်တွေဆိုရင် ဇာတ်ကားနဲ့ relate နိုင်ပြီး သီချင်းတွေကို ခံစားစီးမျောနိုင်မှာပါ IMDB rating ကလည်း 7.3 တောင် ရထားတာမို့ ကြည့်ရှုကြည့်စေချင်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ … လီဗာပူးမြို့က ဆင်းရဲသားကောင်လေးတယောက်ဟာ သူ့နေ့စဉ်လုပ်နေကျ သင်္ဘောဝင်းထဲ ကျောက်မီးသွေးကော်ရတဲ့အလုပ်ကို စိတ်ကုန်လာပြီး စိတ်အနားပေးချင်တဲ့အတွက် သူ့အဖေကို ရှာဖို့ဆိုပြီး အမေရိကန်ကို သင်္ဘောနဲ့ တရားမဝင်ခိုးလိုက်လာခဲ့ပါတယ် ဟိုရောက်တော့ သူ့အဖေကိုရှာရင်း တက္ကသိုလ်ကျောင်းသားတယောက်နဲ့ သိရာကနေ ဘော်ဒါတွေဖြစ်သွားကြပြီး သူ့ညီမဖြစ်သူ Lucy နဲ့တွေ့ပါတယ် ဒီကောင်မလေးကို သူသဘောကျမိသွားပြီး အမေရိကန်မှာပဲ ဆက်နေဖြစ်ရင်း သူတို့တတွေ ဘယ်လိုကျော်ဖြတ်ကြသလဲ ဆိုတာကို The Beatles ရဲ့ တေးသီချင်းတွေနဲ့အတူ ခံစားကြည့်ရှုလိုက်ကြပါဦးခင်ဗျ
...

Manon of the Spring (1986) ⭐TMDB: 76% User Score 🎬 #Drama 🗓 1986 🎞 movie 🌎 #France ⏰ 1 နာရီ 54 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းက အချစ်နဲ့ လောဘအလိုရမ္မက်ကိုဖော်ကျူးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ အူဂိုလင်ဆူဘေရန်နဲ့ သူရဲ့ဦးလေးဆီဆာဆူဘေရန်က မျိုးရိုးစဥ်ဆက် ရွှေငွေဥစ္စာဓနတွေစုဆောင်းလာခဲ့တဲ့ဆွေကြီးမျိုးကြီးဖြစ်တယ်။ ဒါပေမဲ့ အူဂိုလင်ပြီးရင် မျိုးဆက်ထဲမှာအမွေဆက်ခံမယ့်သူမရှိတော့ဘူး။ ဒါကြောင့် ပါပိ(ဆီဆာဆူဘေရန်)က အူဂိုလင်ကို အိမ်ထောင်ပြုဖို့တိုက်တွန်းတယ်။ တကယ်တော့ ဆူဘေရန်တွေက လောဘကြီးတဲ့သူတွေဖြစ်လို့ လွန်ခဲ့တဲ့၁၀နှစ်က အိမ်နီးချင်း(မာနွန်တို့မိသားစု)ရဲ့ငွေရပေါက်တစ်ခုကို လုယူခဲ့ဖူးပါတယ်။ အဲဒီလုပ်ရပ်ရဲ့သက်ရောက်မှုကြောင့် မာနွန်ကလေးဘဝမှာပဲ မာနွန့်အဖေသေသွားခဲ့တယ်။ မာနွန်အရွယ်ရောက်လာချိန်မှာ အဖြစ်မှန်ကိုသိသွားခဲ့ရာကစပြီး ဆူဘေရန်တွေရဲ့အတိတ်ကမကောင်းမှုက သူတို့ဆီပြန်လည်ရိုက်ခတ်လာတော့တယ်။
...

Bounty Hunters (2016) ⭐TMDB: 71% User Score 🎬 #Action #Comedy #Adventure #Drama 🗓 2016 🎞 movie 🌎 #HongKong #China #SouthKorea ⏰ 1 နာရီ 45 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2016 ဟာသ အက်ရှင် ကားလေးပါ။ ခေါင်းဆောင်မင်းသားအဖြစ် လီမင်ဟို ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အကြမ်းဖက်အဖွဲ့တစ်ခုရဲ့ ဗုံးဖောက်ခွဲမှုတွေကို လိုက်စုံစမ်းရင်း ကြေးစားလုံခြုံရေး ညီအစ်ကို ၂ ယောက် အထင်လွဲခံရပြီ ဝရမ်းပြေးဖြစ်လာခဲ့ပါတယ်။ သူတို့လိုပဲ အထင်လွဲခံနေရတဲ့ နောက်ကြေးစားတစ်ဖွဲ့နဲ့ပေါင်းပြီး တရားခံအစစ်ကို လိုက်ဖော်ထုတ်တဲ့အကြောင်းကို ဟာသဆန်ဆန် အတိုက်အခိုက်တွေနဲ့ လှလှပပလေး ရိုက်ကူးထားတာပါ။ ပေါ့ပေါ့ပါးပါးလေးနဲ့ ကောင်းကောင်းကြည့်နိုင်မှာပါ။
...

Immaculate (2024) ⭐IMDB: 6.3/10 (8 k Votes) 🎬 #Horror #Mystery #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #Italy #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Immaculate (2024) IMDb Rating (6.3) / Rotten Tomatoes (70%) Sydney Sweeney လေးရဲ့ နာမည်ကျော် ဟော်ရာရုပ်ရှင်အသစ်လာပါပြီ။ ဒီရုပ်ရှင်ကို ဆစ်ဒနီက ၁၇ နှစ် သမီးကတည်းက လူရွေးပွဲဝင်ပြိုင်ဖူးပေမဲ့ မရိုက်ဖြစ်ခဲ့တာပါ။ အခု ဆယ်နှစ်လောက်နေတဲ့အထိ သူဒါကို စိတ်မကုန်ဘဲ ကိုယ်တိုင် ပရိုဂျူဆာအဖြစ်ပါပြီး ရိုက်ဖြစ်အောင် စီစဉ်ခဲ့တာပါ။ ဘာသာရေးအစွန်းရောက်တွေကို ရင်ဆိုင်ရတဲ့ ဖြူစင်ရိုးသားတဲ့ အချောအလှသီလရှင်လေးအဖြစ် ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း Immaculate ဆိုတဲ့ခေါင်းစဉ်က သန့်ရှင်းစင်ကြယ်သောလို့ အနက်ရပါတယ်။ ဒီရုပ်ရှင်မှာ အမေရိကန်ကနေလာတဲ့ စစ္စတာဆယ်စီလီရာ ဟာ အီတလီရဲ့ ကျေးလက်ဒေသ သီလရှင်ကျောင်းတစ်ခုကို ရောက်လာပါတယ်။ အဲဒီနေရာက သီလရှင်ကြီးတွေရဲ့ နောက်ဆုံးအချိန်တွေအတွက် ပြုစုစောင့်ရှောက်ပေးတဲ့နေရာပါပဲ။ အဲဒီနေရာကို ရောက်ပြီး မကြာခင်မှာပဲ ဆယ်စီလီရာဟာ ကိုယ်ဝန်ရှိနေတာကို သိလိုက်ရပါတယ်။ အပျိုစင်အစစ်ကနေ ကိုယ်ဝန်ရှိလာတာဖြစ်ကြောင်း နည်းမျိုးစုံ စစ်ဆေးအပြီးမှာ ဘုရားကျောင်းတစ်ခုလုံးက ဆယ်စီလီရာဟာ ခရစ်တော်ကို ကိုယ်ဝန်ဆောင်ထားတဲ့ ဒုတိယမြောက် မယ်တော်မေရီဆိုပြီး လက်ခံလိုက်ကြပါတယ်။ ဒါပေမဲ့ ဟော်ရာကားပီပီ အဲဒီ ယုံကြည်မှုနောက်ကွယ်က ကြောက်စရာ အစွန်းရောက်ကိစ္စတွေကို ဆယ်စီလီရာတွေ့လာရပြီး သီလရှင်ကျောင်းကြီးထဲကနေ လွတ်မြောက်ဖို့ ကြိုးစားရပါတော့တယ်။
...

Sleeping Dogs (2024) ⭐IMDB: 5.9/10 (3 k Votes) 🎬 #Crime #Mystery #Thriller #Drama 🗓 2024 🎞 movie 🌎 #Australia #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒါရိုက်တာကြီး Adam Cooper ရိုက်ကူးထားပြီး 2024 March 22 တုန်းကမှ Release လုပ်ထားတဲ့ Crime/Mystery/Thriller ဇာတ်ကားကောင်းလေးတစ်ကားပါ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကလည်း….. မင်းသားကြီး Russell Crowe၊ Marton Csokas နဲ့ Tommy Flanagan တို့လို နာမည်ကြီး မင်းသားကြီးတွေ ပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးကတော့ Karen Gillan အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းလေးကတော့…..ကားမတော်တဆမှုဖြစ်ပြီး မှတ်ဉာဏ်တွေဆုံးရှုံးထားတဲ့ ရဲစုံထောက်တစ်ယောက်ဖြစ်တဲ့ ရွိုင်းဖရီးမန်း ဟာ တာဝန်မှ အနားပေးခြင်းခံလိုက်ရပါတယ် ဆေးကုသမှုမျိုးစုံနဲ့ ကုသနေရပြီး အတိတ်ကို သတိမရတချက် ရတချက် ဖြစ်နေတာပေါ့ တစ်နေ့တော့ တစ်ချိန်က သူနဲ့ သူ့ရဲ့ပါတနာနဲ့ လိုက်ထားတဲ့လူသတ်မှုနဲ့ သေဒဏ်ကျခံနေရတဲ့ အကျဉ်းသားတစ်ယောက်က သူနဲ့တွေ့ချင်ပါတယ်လို့အကြောင်းကြားလို့ သွားတွေ့ရာကနေ….. အတိတ်က သူတို့လိုက်ခဲ့တဲ့အမှုတွေက ဘယ်လိုမျိုးတွေလဲ….. ဒီလူသတ်မှုရဲ့ တရားခံအစစ်က ဘယ်သူလဲ….. သူတို့တွေ တကယ်ပဲ အမှုကို သေချာလိုက်ခဲ့ကြရဲ့လား…. သူကိုယ်တိုင်ကရော ရဲကောင်းတစ်ယောက်ဟုတ်ရဲ့လား…. စတဲ့ မေးခွန်းပေါင်းများစွာနဲ့ မှတ်ဉာဏ်တွေပျောက်ဆုံးနေတဲ့ကြားထဲက သဲလွန်စ တစ်ခုချင်းစီကိုလိုက်ကောက်ပြီး ဘယ်လိုပြန်လည်ဖော်ထုတ်သွားဦးမလဲဆိုတာကိုတော့……. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်
...

The Brood (1979) ⭐TMDB: 67% User Score 🎬 #Action #Comedy #Adventure #Drama #Romance #Horror #ScienceFiction 🗓 1979 🎞 movie 🌎 #China #SouthKorea #HongKong #Canada ⏰ 1 နာရီ 32 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 6.8, RT – 81% Horror ရုပ်ရှင်တွေမှ ကြိုက်နှစ်သက်သူ ပရိသတ်များအတွက် ရုပ်ရှင်တွေရဲ့ ရွှေခေတ်လို့ပြောလို့ရတဲ့ 90s ခေတ်က Horror ရုပ်ရှင် တစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ Lion of the desert, Gladiator, The devils, Hannibal Brooks, The Assassination Bureau, The Three Musketeers, The Four Musketeers အစရှိတဲ့ သူ့ခေတ်သူ့အခါက မင်းသားကြီး Oliver Reedနဲ့အတူ The collector, Doctor Dolittle(1967), The Exterminator, Hercules, Curtains အစရှိသဖြင့် horror ရုပ်ရှင်တွေကို ပိုင်နိုင်စွာသရုပ်လေ့ရှိတဲ့ Samantha Eggar၊ ဒါ့အပြင် Art Hindleနဲ့ပါ castများကို အားကောင်းကောင်းနဲ့ ပွဲထုတ်လာပါတယ်။ ဒါ့အပြင် David Cronenbergရဲ့ horrorကားတွေထဲမှာ လက်ရာမြောက်လှတဲ့ ရုပ်ရှင်တစ်ကားဖြစ်လို့ ကြည့်ရှု့ဖို့ရာထိုက်တန်ပါတယ်။ ဒေါက်တာ ရက်ဂလန်ကတော့ နာမည်ကြီး စိတ်ကုထုံးဆရာဝန်တစ်ယောက်ပါ။ စိတ်မနှံတဲ့လူတွေကို ကုသတဲ့ သူရဲ့ကုထုံးတွေက အလွန်ပဲ ကျော်ကြားလှပါတယ်။ ဒီလိုနဲ့ နိုလာကာဗက်ဆိုတဲ့ လူနာတစ်ယောက်ကို ကုထုံးပေးပြီး ကုသရတဲ့အခါမှာ မမျှော်လင့်ထားတာတွေ ဘယ်လိုဖြစ်လာမလဲ။ ဒေါက်တာ ရက်ဂလန်က သူ့ရဲ့ စိတ်ကုသရေးအဆောင်မှာ မကောင်းတဲ့အကြံစဥ်တွေ လုပ်ဆောင်နေတာလား၊ လူသတ်မှုတွေနဲ့ ဘယ်သူက ဘယ်လိုပတ်သက်မလဲ၊ နိုလာကာဗက်ရဲ့မိသားစုဝင်များဖြစ်ကြတဲ့ ဖရန့်နဲ့ သမီးငယ်လေး ကန်ဒက်စ်တို့အပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေ ရှိမလဲဆိုတာကို Horror/Sci-fi ဆန်ဆန်လေး ခံစားရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။
...

Last Night at Terrace Lanes (2024) ⭐IMDB: 4.2/10 (192 Votes) 🎬 #Comedy #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 17 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီနှစ်​မှထွက်ရှိထားတဲ့ ဇာတ်​ကား​ဖြစ်ပြီး Comedy/Horror အမျိုး​အစား​ဖြစ်​ပါတယ်။ အဆောက်အဦး​တစ်ခုထဲမှာပိတ်မိနေပြီး သွေးဆာနေတဲ့လူသတ်သမားတွေလက်က လွတ်​မြောက်​ဖို့ကြိုးစားရတဲ့ Thriller/ Survival အမျိုး​အစား​လို့​ပြောလည်းရပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ Kennedy နဲ့ သူငယ်ချင်း Tess တိုဟာ မနက်​ဖြန်ဆိုရင်​ အပြီးပိတ်​သိမ်းတော့မှာဖြစ်တဲ့ Terrace Lanes ဘိုးလင်းရုံ​ကြီးမှာ နောက်​ဆုံး​ညအနေနဲ့ အပန်းလာဖြေကြပါတယ်။ သူတို့​နဲ့အတူ ယောက်ျား​လေး​သူငယ်ချင်း​နှစ်ယောက်​လည်း​ပါပါတယ်။ Kennedy ရဲ့အဖေဖြစ်သူ ဘိုးလင်းဝါသနာ​ရှင်​ Bruce ကလည်း​ ဒီရုံ​ကြီးမှာ​ပဲ​အလုပ်​လုပ်​နေသူဖြစ်ပါတယ်။ အဲဒီ​ညမှာ​ပဲ အစွန်း​ရောက်အယူဝါဒ​ဂိုဏ်း​တစ်ခုက ဘိုး​လင်း​ရုံ​ကြီးကိုပိတ်ဆို့တိုက်ခိုက်ပါတော့တယ်။ Kennedy နဲ့ သူ့အဖေ Bruce တို့​နှစ်ယောက်သား အကြမ်း​ဖက်​တွေလက်ထဲက လွတ်​မြောက်​ဖို့​ကြိုး​စား​ရပုံကို ဟာသ​နှောပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ပေါ့​ပေါ့ပါး​ပါးကြည့်ရှုလို့ရမဲ့ကားဖြစ်ပြီး Slasher ဆန်​ပေမဲ့​သွေးထွက်သံယိုတွေ ဆိုး​ဆိုး​ဝါးဝါးမပါတာကြောင့် လူတိုင်း​ကြည့်​ရှုလို့ရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ Horror/ Thriller​ ကိုမှ​ Comedy အနည်းငယ်​ရောထားတဲ့ ဇာတ်လမ်း​မျိုး​ကြိုက်​နှစ်သက်​သူတွေ​ ကြည့်ရှူသင့်တဲ့ဇာတ်ကားပါ။
...

They Turned Us Into Killers (2024) ⭐IMDB: 3.7/10 (109 Votes) 🎬 #Crime #Horror #Thriller #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကာမာဆိုတဲ့ကောင်မလေးတစ်ယောက်ကို သူ့ရဲ့ရည်းစားBJက မူးယစ်ဆေးတွေတိုက်ကျွေးပြီး အဓမ္မပြုကျင့်လိုက်ပါတယ် ကာမာလည်းနောက်ပိုင်းမှာ ဆေးစွဲသွားပြီးစိတ်ဓာတ်ကျကာ နောက်ဆုံးမှာ သူ့ကိုယ်သူသတ်သေသွားပါတော့တယ် ဒါပေမဲ့ သူမသေခင်မှာ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း”စတား”ဆီကို သူမကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကိုစာရေးပြီးပို့ခဲ့ပါတယ် “စတား”ဟာ သူမသူငယ်ချင်းသေဆုံးခဲ့ရမှုမှာ ပါဝင်ပက်သက်နေတဲ့သူတွေအားလုံးကို ဘယ်လိုလက်စားပြန်ချေမလဲဆိုတာကတော့
...

Where Is My Friend's House? (1987) ⭐TMDB: 79% User Score 🎬 #Drama #Family 🗓 1987 🎞 movie 🌎 #Iran ⏰ 1 နာရီ 23 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပါရှန်းစကားပြော အီရန်ခေတ်ဟောင်းရုပ်ရှင်ကားလေးတစ်ကားကို တင်ဆက်ပေးပါရစေဗျ။ ဇာတ်လမ်းနာမည်အတိုင်းပဲ သူငယ်ချင်းအိမ်ကိုလိုက်ရှာတဲ့ ကျောင်းသားလေးတစ်ယောက်အကြောင်းကို ပုံဖော်ထားပါတယ်။ နာမည်ကျော် ပါရှန်းကဗျာဆရာ ဆိုရော့ဘ်ဆယ်ဖယ်ဟာရီရဲ့ ကဗျာလေးကနေ ကောက်နှုတ်ပြီး တင်ဆက်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်လေးထဲမှာ သူ့ခေတ်သူ့အခါက ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေနဲ့ အဲဒီခေတ်ကလူတွေရဲ့ အတွေးအခေါ်တွေကို ရိုးရိုးလေးနဲ့ လှလှပပ ရိုက်ကူးတင်ဆက်သွားတာပါ။ ကျောင်းမှာ အိမ်စာလုပ်မလာတဲ့သူတွေကို နောက်ရက် ကျောင်းထုတ်ပစ်မယ်ဆိုတဲ့ ဆရာရဲ့ ကြိမ်းဝါးမှုနဲ့အတူ အတန်းဖော်ရဲ့ မှတ်စုစာအုပ်က အဟ်မဒ်လေးဆီ မှားပါလာပါရော။ သူငယ်ချင်းဖြစ်သူကလည်း သူတို့နေတဲ့ရပ်ကွက်နဲ့က အတော်လေးဝေးတဲ့ဆီမှာဖြစ်နေတော့ အမေဖြစ်သူ ဆူငေါက်နေတဲ့ကြားက သူငယ်ချင်းရဲ့အိမ်ကို ရှာပုံတော်ဖွင့်ပါတော့တယ်။ ဒီလိုဇာတ်လမ်းလေးထဲက ကလေးငယ်လေးတစ်ယောက် သူ့သူငယ်ချင်းအိမ်လိုက်ရှာတာက ဘယ်လောက်ထိ စိတ်ဝင်စားဖို့ကောင်းနေမလဲဆိုတာကိုတော့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)
...

Joker (2019) ⭐IMDB: 8.4/10 (1 M Votes) 🎬 #Crime #Drama #Thriller 🗓 2019 🎞 movie 🌎 #Canada #USA #UnitedStates #Australia #UnitedStatesofAmerica ⏰ 2 နာရီ 2 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 DC comic တွေထဲက ဇာတ်ကောင်တစ်ကောင်ကို အခြေခံထားတဲ့ ရုပ်ရှင်ပါ။ ဂျိုကာကိုဆို စူပါဟီးရိုး ဖန်တိုင်း သိကြမှာပါ။ ခေတ်အဆက်ဆက် လင်းနို့လူသား ရုပ်ရှင်တွေမှာအကောင်းဆုံးဗီလိန်တွေထဲက တစ်ယောက်အဖြစ် ပါနေကျပါပဲ။ ဒီကားကတော့ အရင်ဂျိုကာတွေ လင်းနို့လူသားတွေရဲ့ ဇာတ်လမ်းနဲ့ မဆက်စပ်ပါဘူး။ အာသာဖလက်ဆိုတဲ့ သာမန်လူတစ်ယောက်ကနေ ဂျိုကာဆိုပြီးဘယ်လိုဖြစ်လာလဲ ဆိုတာကို ဇာတ်ညွှန်းအသစ်နဲ့ ပြသထားတာပါ။ လက်ရှိ အအောင်မြင်ဆုံးနဲ့ ဝင်ငွေအကြမ်းဆုံး R rated ရုပ်ရှင်ပါ။ သရုပ်ဆောင်၊ ဒါရိုက်တာ အကုန်ကောင်းမွန်တဲ့အရှိန်ရယ်၊ ခေတ်အဆက်ဆက် ရှိလာခဲ့တဲ့ ပရိသတ်တွေရဲ့ အရှိန် ၂ ခုလုံးပေါင်းမိသွားတာပါပဲ။ စူပါဟီးရိုးဖန်တွေရော ရုပ်ရှင်ကောင်းကြိုက်တတ်တဲ့ သူတွေရော သဘောကျကြမှာပါ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်
...

Evil Does Not Exist (2023) ⭐IMDB: 7.2/10 (2 k Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Japan ⏰ 1 နာရီ 47 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Evil Does Not Exist ( 2023 ) Drive My Carနဲ့ အော်စကာရပြီးတဲ့နောက် ရူဆုခဲဟမဂုချိဟာ Evil Does Not Exist နဲ့ Gift နှစ်ကားဆက်ရိုက်ဖို့ရှိတယ်လို့ ကြေညာခဲ့ပြီး အခုတော့ Evil Does Not Exist တော့ ထွက်လာပါပြီ။Gift ကတော့ ပိုစတာတောင်မတွေ့ရသေးသလို ဘယ်လိုကားမှန်းလည်းမသိရသေးဘူး။အော်စကာမှာတော့ အစကတည်းက စာရင်းမတင်ထားပေမဲ့ ဗင်းနစ်ရုပ်ရှင်ဆုပေးပွဲအပါအဝင် တခြားပွဲပေါင်းများစွာမှာတော့ ဆုတွေ တန်းစီရထားတယ်။စစချင်းမှာတော့ Evil Does Not Existကို ဒိုင်ယာလော့မပါတဲ့ နာရီဝက်စာ ရုပ်ရှင်တိုအဖြစ် ရိုက်ဖို့ အစီအစဉ်ရှိခဲ့ပေမဲ့ရိုက်ရင်းရှည်ရှည်သွားတတ်တဲ့ ဟမဂုချိရဲ့ထုံးစံအတိုင်း ဒိုင်ယာလော့နည်းနည်းပါးပါးဖြည့်ပြီး ၂နာရီစာကားအနေနဲ့ ပြောင်းထွက်လာခဲ့တယ်။ဂျပန်မှာတောင် ဧပြီ၂၆မှ ရုံတင်မှာဖြစ်လို့ ဦးဦးဖျားဖျားကြည့်ရမယ့် သဘောပါပဲ။ Evil Does Not Exist ရဲ့ Concept ဟာ သဘာဝနဲ့လူသားကြားက အပြန်အလှန်သက်ရောက်မှုကို အခြေခံထားတယ်။ကားစစချင်းမှာတော့ ပါဖက်ဒေးထဲကလိုပဲ မိုးထားတဲ့သစ်ပင်ကြီးကို အောက်ကနေ ရိုက်ထားတဲ့ အပြတွေနဲ့ အကြာကြီးပြထားသလိုတစ်ကားလုံးလည်း သူဇာတ်အိမ်တည်ထားတဲ့ နယ်ဘက်ကျေးဘက်က မြို့ကလေးနဲ့ အဲဒီမြို့ကလေးနဲ့ဆက်စပ်နေတဲ့ သစ်တောရဲ့ သဘာဝတရားတွေကို တော်တော်အားရပါးရ ရိုက်ပြထားတယ်။နောက်စမ်းချောင်းကလေးကနေ ရေသွားခပ်တဲ့ လူတစ်ယောက်ကို ဆက်ပြတယ်။ သူနဲ့အတူတူ သစ်တောကိုပါ မြင်နေရတယ်။နောက်ဆက်ပြမှာက ဒီချောင်းရေက သူတို့မြို့အတွက် အရေးပါတဲ့အရာဖြစ်နေတော့ ချောင်းထဲက ရေခပ်တဲ့ ဇာတ်ဝင်ခန်းနဲ့ဖွင့်ထားတယ်။ရေခပ်ပြီး အပြန်မှာတော့ သမင်လိုက်တဲ့လူတစ်အုပ်ပစ်လိုက်တဲ့ ခပ်ဝေးဝေးက သေနတ်သံတစ်ချက်ကို သူတို့တွေသဲ့သဲ့ကြားလိုက်ရတယ်။ ဒါက ဒီရုပ်ရှင်ရဲ့ သဘာဝဘက်တစ်ခြမ်းလို့ထားပါတော့။ပြီးတဲ့နောက် မြို့ပေါ်က လူတွေက သူတို့မြို့ကလေးမှာ မြေတွေဝယ်ထားပြီး ကမ့်စခန်းအိမ်ခေါ် ကမ့်ထွက်တဲ့အရသာရမယ့် ဟိုတယ်လိုလိုနေရာ တည်ဆောက်ဖို့ သူတို့နဲ့အရင်လာညှိနှိုင်းကြတယ်။ဒီမှာနယ်ခံတွေက မိလ္လာကန်တွေ ဘယ်မှာဆောက်မှာလဲ ဘာလဲမေးရော။ဆောက်မယ့်နေရာကလည်း မြေအောက်ရေကြောနဲ့ မလွတ်နေတော့ သူတို့ရေတွင်း ရေကန်တွေကို ထိခိုက်စေမယ့်နေရာဖြစ်နေတယ်။နောက် သူတို့သစ်တောကလည်း အနှစ်၂၀တိုင်းတစ်ခါမီးပြင်းပြင်းလောင်တတ်တယ်။ကမ့်ထွက်လာတဲ့လူတွေ မီးပုံဖိုကြမှာနဲ့ဆို မီးလောင်နှုန်းက ဒီထက်လည်း မြင့်သွားနိုင်တယ်။ဒါတွေအတွက် တစ်ဘက်က လုပ်ငန်းရှင်တွေဘက်မှာလည်း ဘာအဖြေမှမရှိဘူး။ဒါပေမဲ့ သူတို့က မရမကဆောက်ဖို့လုပ်ကြတယ်။ ဒီလူတွေက ဒီမြို့ကလေးရဲ့ အေးချမ်းမှုကို အမှုမထားဘဲ ဖျက်ဆီးပစ်ချင်ကြတယ်။ဒါကတော့ ဒီရုပ်ရှင်ရဲ့ လူတွေဘက်ခြမ်းပေါ့။ ရုပ်ရှင်တစ်လျှောက်မှာ ကျွန်တော်အများဆုံးမြင်ခဲ့ရတာက အရိုးပြိုင်းပြိုင်းထနေတဲ့သစ်ပင်တွေ။အနည်းဆုံးမြင်ခဲ့ရတာကတော့ သမင်တွေပဲ။ ဒီတော ဒီတောင်တွေဟာ လူတွေ ဒီကိုအခြေလာမချခင်အထိ သမင်တွေရဲ့ ကျက်စားရာဖြစ်ခဲ့ဖူးတယ်။အခုထိလည်း သမင်တွေကတော့ အဲဒီနေရာမှာ ကျက်စားနေကြတုန်းပဲ။ဒါပေမဲ့ ဟမဂုချိဟာ ကျွန်တော်တို့ကို သမင်တွေကို ပစ်လိုက်တဲ့သေနတ်သံကိုပဲ ခဏခဏကြားစေပြီး သမင်တွေကိုတော့ သိပ်မပြသွားဘူး။သူ့စကားအတိုင်းဆို သမင်တွေဟာ ရှက်တတ်ကြတယ်။ လူတွေကိုရှောင်ကြတယ်တဲ့။ဒါပေမဲ့ သေနတ်နဲ့အပစ်ခံထားရတဲ့သမင်တို့ သူ့အဖေသမင်ကြီးတို့ သူ့လင်သမင်ကြီးတို့မဟုတ်ရင်တော့ လူတွေကို အန္တရာယ်မပြုတတ်ကြဘူးတဲ့။ဒီတစ်ခြမ်းကတော့ “ထားပါတော့”လို့ ပြောရမယ့် သဘာဝဘက်ခြမ်းမဟုတ်တဲ့ တကယ့်သဘာဝဘက်ခြမ်းစစ်စစ်ပေါ့။မြို့ကြီးကနေ သူတို့သဘာဝကို ဖျက်ဆီးဖို့လာကြတဲ့ လူတွေကို မနှစ်မြို့တဲ့ မြို့ကလေးကလူတွေဟာလည်း သူတို့နည်းသူတို့ဟန်နဲ့ သဘာဝကို ဖျက်ဆီးနေတဲ့လူတွေဖြစ်နေပြန်တာပါပဲ။ ဒီရုပ်ရှင်မှာ အမေးပဲတွေ့ရပြီး အဖြေကို မတွေ့ရဘူးလို့ပြောရမယ်။ ပြောသာပြောရတာ အဖြေမရှိတဲ့အရာတွေက အများသားပါ။ဒါပေမဲ့လည်း ဒီရုပ်ရှင်ရဲ့ နာမည်ကတော့ အဖြေဖြစ်ကောင်းဖြစ်နေနိုင်တယ်။ကျွန်တော်တို့ ကမ္ဘာကျဉ်းကျဉ်းလေးမှာပဲ အရိုက်ခံရတဲ့ လမ်းဘေးခွေးလေးတစ်ကောင်နဲ့ အတူတူဖက်ငိုနေတဲ့ ကလေးမလေးကိုလည်း ကျွန်တော်တွေ့ခဲ့ဖူးတယ်။ကျွန်တော်တို့ ကမ္ဘာကျဉ်းကျဉ်းလေးမှာပဲ ခွေးကလေးကို မှိန်းနဲ့ထိုးသတ်တဲ့အထိ ရက်စက်တဲ့လူတွေလည်း ကျွန်တော်တွေ့ခဲ့ဖူးတယ်။အဲဒီခွေးလေးနှစ်ကောင်ဟာ တကယ်တမ်း တစ်ကောင်တည်းပါပဲ။အဲဒီကျဉ်းကျဉ်လေးဆိုတဲ့ ကျွန်တော်တို့ကမ္ဘာဟာ အကျပ်အတည်းတွေ အခက်အခဲတွေအပြည့်နဲ့ကမ္ဘာဆိုတာ မပြောလည်း သိကြမှာပါ။ဒါပေမဲ့ အဲဒီကိစ္စနောက်ပိုင်းမှာ ကျွန်တော်တို့လူတွေဟာ ဒီလိုကမ္ဘာနဲ့ပဲတန်သလားလို့ မေးခွန်းတော့ ရှိလာခဲ့တယ်။ဒါဟာ Evil Does Not Existကို ကြည့်ပြီး ကျွန်တော်ပြန်သတိရမိတဲ့ မေးခွန်းပါပဲ။တကယ်လည်း Evil Does Not Exist နေသလားတော့ ဟမဂုချိမှာလည်း အဖြေရှိပုံမရပါဘူး။အရိုးပြိုင်းပ...

Sunflower (2021- ) ⭐IMDB: 7.5/10 (24 k Votes) 🎬 #Comedy #Crime 🗓 2021- 🎞 tv series 🌎 #India ⏰ 38 မိနစ် 7 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sunflower (2021)Sunflower (2021) “နေကြာပန်း” IMDb – 7.5/10ZEE5ကထုတ်လွှင့်ခဲ့ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အိန္ဒိယရုပ်သံဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ်။ လက်ပွားမင်းသား သရုပ်ဆောင်ထားတဲ့ Super 30(2019)ကိုဖန်တီးခဲ့တဲ့ ဒါရိုက်တာကြီးVikas Bahl ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲဖြစ်တာမို့ အရည်အသွေးပိုင်းက စိတ်ချထားလို့ရမှာပါ။ အပိုင်း၁၆ပိုင်းထွက်ရှိထားပြီး သရုပ်ဆောင်တွေအနေနဲ့ဆိုလည်း ဘောလိ၀ုဒ်ပရိသတ်နဲ့ မစိမ်းတဲ့ သရုပ်ဆောင်ထူးချွန်သူတွေမို့ အားလုံး နှစ်သက်သဘောကျဖို့အသေအချာပါပဲ။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဆန်းဖလားဝါး(နေကြာပန်း)ဆိုတဲ့ အဆောက်အဦးတစ်ခုမှာ လူလတ်တန်းစားမိသားစုတွေ နေထိုင်ကြတယ်။အဲဒီအဆောက်အဦးမှာပဲ လူသတ်မှုတစ်ခုဖြစ်သွားခဲ့တယ်။ သေဆုံးသူနဲ့ကလည်း အဆောက်အဦးတစ်ခုလုံးက လူတွေနဲ့ ဇာတ်လမ်းလေးတွေရှိ။ သူ့ကိုယ်ပိုင်မိသားစုနဲ့ကလည်း အရှုပ်အရှင်းတွေကများနေတော့ ဒီလူသတ်မှုကိုဖော်ထုတ်ဖို့ ကြိုးစားတဲ့နောက်ကွယ်က အကြောင်းအရာတွေကို စိတ်ဝင်စားဖို့ကောင်းအောင် တစ်ပိုင်းချင်း ဆွဲခေါ်သွားမှာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ Zwe Yan ~ Yunni ~ Hsuri ~ Alexiaတို့ပဲဖြစ်ပါတယ်)
...

Doctor Cha (2023) ⭐TMDB: 82% User Score 🎬 #Drama #Comedy 🗓 2023 🎞 Series 🌎 #SouthKorea ⏰ 1 နာရီ 3 မိနစ် 23 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Doctor Cha (2023)Doctor Cha (2023)ဒီတစ်ခါတင်ဆက်​ပေးမှာက​တော့ ဆရာဝန်ဇာတ်လမ်း​ကောင်း​ကောင်း​လေး​တွေ ကြိုက်တတ်တဲ့သူ​တွေအတွက်ဖြစ်ပါတယ် အိမ်ရှင်မအလုပ်နဲ့ ပိုက်ဆံရှာတဲ့အလုပ်ကို တွဲလုပ်ရတာခက်တဲ့​ခေတ်ကြီးမှာ “ဆရာဝန်” ဆိုတဲ့အလုပ်က​တော့ နှစ်ခုတွဲလုပ်ဖို့အတွက်အခက်ဆုံးပါပဲချာ​ဂျောင်ဆု ဆိုတဲ့ အမျိုးသမီးက​တော့ ဆရာဝန်ဘဝက​နေ အနားယူပြီး အိမ်မှုကိစ္စ​တွေ သားသမီးပျိုး​ထောင်တာ​တွေလုပ်ခဲ့ပြီး အနှစ် ၂၀ ကြာမှ ဆရာဝန်အဖြစ်အလုပ်ပြန်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်တစ်ဖက်မှာ ခင်ပွန်းဖြစ်သူရဲ့ သစ္စာ​မရှိမှု​ကြောင့်လည်း အိမ်​ထောင်​ရေးကို ဘယ်လို​တွေ​ရှေ့ဆက်သွားမလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်မင်းသမီးကြီး Uhm Jung Hwa ရဲ့ comeback drama ​လေးဖြစ်လို့ အတူကြည့်​ပေးကြပါဦး​နော်အညွှန်းကိုတော့ JoyZ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lai Laii, Hmwe, JoyZ, ThantSin တို့ပဲ ဖြစ်ကြပါတယ်။
...

The Sympathizer (2024) ⭐TMDB: 100% User Score 🎬 #Drama 🗓 2024 🎞 Series 🌎 #Canada #SouthKorea #UnitedStatesofAmerica ⏰ 59 မိနစ် 9 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Sympathizer (2024)  Oppenheimer နဲ့ လတ်လတ်ဆတ်ဆတ် အကယ်ဒမီရထားတဲ့ မင်းသားကြီး ရောဘတ်ဒေါင်နီဂျူနီယာပါဝင်ထားပြီး Old Boy ရဲ့ ဒါရိုက်တာ ပက်ချန်ဝု ရဲ့လက်ရာ စီးရီးအသစ် လာပါပြီ။ အဓိက သရုပ်တောင်ကတော့ Cowboy Bepop စီးရီးထဲက Hoa Xuande ပါပဲ။ဇာတ်လမ်းကတော့ အမေရိကန်-ဗီယက်နမ် ပါမောက္ခ Viet Thanh Nguyen ရဲ့ ၂၀၁၅ ထုတ် ပူလစ်ဇာ ဆုရ စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာပါပဲ။ အရောင်းရဆုံးစာရင်းဝင်စာအုပ်ဖြစ်ပြီး အမျိုးအစားကတော့ mystery, political, metafiction,dark comedic, historical, spy, war အမျိုးအစားပါပဲ။1955 နိုဝင်ဘာမှာ စတင်ခဲ့တဲ့ ဗီယက်နမ်စစ်ပွဲကို အခြေခံထားပါတယ်။ ဒီစစ်ပွဲကတော့ ကွန်မြူနစ်မြောက်ဗီယက်နမ်တွေနဲ့ အမေရိကန်က ထောက်ခံတဲ့ တောင်ဗီယက်နမ်တွေ ကြားမှာ ဖြစ်တဲ့စစ်ပွဲပါ။ စီးရီးပထမဆုံးအပိုင်းကိုတော့ ၁၉၇၅ ဆိုင်ဂွန်မြို့ကို မြောက်ဗီယက်နမ်တွေသိမ်းပိုက်ပြီး စစ်နိုင်သွားတဲ့အကြောင်းကနေ အစပျိုးထားပါတယ်။ အဲဒီအချိန်မတိုင်ခင် ၁၉၇၃-၇၅ ကြားမှာ အမေရိကန်တပ်တွေက ဗီယက်နမ်ကနေ စွန့်ခွာနေပါပြီ။ အဓိက ဇာတ်ကောင်ကတော့ မြောက်ဗီယက်နမ် ဗီယက်ကောင်းတွေရဲ့ သူလျိုအဖြစ် လုပ်နေတဲ့ တောင်ဗီယက်နမ်ဗိုလ်ကြီးတစ်ယောက်ပါပဲ။ ရောဘတ်ကတော့ ဗီယက်ကောင်း သူလျိုနဲ့အရမ်းခင်တဲ့ စီအိုင်အေ အေးဂျင့်အဖြစ် ပါဝင်ထားပါတယ်။The Spy 2019 လိုမျိုး သမိုင်းနောက်ခံ စပိုင်ဇာတ်လမ်းတွဲကောင်းကောင်းတွေကို ကြိုက်တဲ့သူတွေအတွက်တော့‌ ရွှေပါပဲ။ ကြည့်လိုက်ကြပါဦး။ အပိုင်း ၇ ပိုင်းပါဝင်ပြီး အပတ်စဉ် ပြသသွားမှာဖြစ်ပါတယ်။အားလုံး အပိုင်း ၇ပိုင်း ပါဝင်မှာဖြစ်ပြီး ၁ပတ်ကို ၁ပိုင်းနှုန်းနဲ့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်
...

Suicide Squad (2016) ⭐IMDB: 5.9/10 (722 k Votes) 🎬 #Action #Adventure #DCEU #Fantasy #SciFi 🗓 2016 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 15 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်…..DCEU ရုပ်ရှင်အားလုံးကို ဒီမှာhttps://channelmyanmar.org/category/special-package/dceu/ကြည့်လို့ရပါတယ်။ CM App မှာတော့ 4K Quality နဲ့ ကြည့်လို့ရပါတယ်။ DCEU အနေနဲ့ ရုပ်ရှင် (၁၆) ကား ထွက်ရှိခဲ့ပါတယ်။ – Man of Steel (2013)– Batman vs Superman: Dawn of Justice (2016)– Suicide Squad (2016)– Wonder Woman (2017)– Justice League (2017) (Theatrical Cut)– Aquaman (2018)– Shazam! (2019)– Birds of Prey (and the Fantabulous Emancipation of One Harley Quinn) (2020)– Wonder Woman 1984 (2020)– Zack Snyder’s Justice League (2021)– The Suicide Squad (2021)– Black Adam (2022)– Shazam!: Fury of the Gods (2023)– The Flash (2023)– Blue Beetle (2023)– Aquaman and the Lost Kingdom (2023) +++++++++++++++++++++++++++++ Suicide Squad (2016) Extended Cut Version IMDb Rating (5.9) / Rotten Tomatoes (26%) Hype တွေများလွန်းလို့ တကယ့်ဇာတ်ကားထွက်လာတော့ထင်သလောက်ခရီးမရောက်ဖြစ်ခဲ့ရတဲ့ ဇာတ်ကားကိုဘယ်လိုဘယ်ပုံတွေကောင်းကြောင်း ဆိုးကြောင်းထပ်ပြီး မညွှန်းချင်တော့ပါဘူး။ မျှော်လင့်ထားသလောက် ဖြစ်မလာပေမယ့်မကောင်းဘူးလို့တော့လဲလုံးဝပြောလို့မရတာတော့အမှန်ပါ ဒါ့ကြောင့် ဇာတ်လမ်းသွားလေးပဲ နည်းနည်းညွှန်းပေးပါရစေ။ ဇာတ်ကားကို Batman နဲ့ Supermanရဲ့တိုက်ပွဲအပြီးSuperman သေဆုံးသွားတဲ့နောက်ပိုင်းကာလမှာဇာတ်အိမ်တည်ထားပါတယ်။ အစိုးရအဖွဲ့အနေနဲ့ Supermanလို လူစွမ်းကောင်းမျိုးသာ ဆိုးသွမ်းတဲ့ဘက်ကနေ လူသားတွေကိုဒုက္ခပေးမယ့်Villainတစ်ဦးဖြစ်နေမယ်ဆိုရင် ဆိုတဲ့စိုးရိမ်စိတ်တွေဖြစ်လာကြတဲ့အတွက်Amanda Waller ဆိုတဲ့အမေရိကန်အစိုးရအဖွဲ့မှ အမျိုးသမီးကြီးရဲ့အကြံအစည်ကDC ရဲ့နာမည်ကျော် Villainsကြီးများနဲ့အဖွဲ့တစ်ခုထူထောင်ပြီး အစိုးရအနေနဲ့မဖြေရှင်းနိုင်တဲ့ကိစ္စများကိုသူ့ရဲ့Task Force Xခေါ်Suicide Squadအဖွဲ့ကိုလွှတ်ပြီးဖြေရှင်းစေဖို့ပဲဖြစ်ပါတယ်။ Amanda ရဲ့ အကြံအစည်အောင်မြင်မလား ဒီvillainsကြီးတွေကိုရောသူထိန်းချုပ်နိုင်ပါ့မလား Suicide Squadအဖွဲ့သားတွေကရောဘယ်လိုအန္တရာယ်တွေကိုရင်ဆိုင်ဖြေရှင်း ရမလဲဆိုတာကိုတော့ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုခံစားပေးပါခင်ဗျာ။ မညွှန်းတော့ဘူးဆိုပေမယ့် တစ်ခုလေးပြောပြစရာရှိပါသေးတယ် 😛 ဇာတ်ကားရဲ့ အဓိက အားသာချက်တစ်ခုကတော့ characters ကိုက်ညီမှုရှိတာပါပဲ အထူးသဖြင့်Deadshot အဖြစ်သရုပ်ဆောင်တဲ့ Will Smith နဲ့ရေပန်းစားနေတဲ့ Harley Quinn အဖြစ်Margot Rubbie တို့ရဲ့ သရုပ်ဆောင်ပီပြင်မှုတွေကတော့ ပရိတ်သတ်အထူးကြိုက်နှစ်သက်ကြလိမ့်မယ်ဆိုတာကျိန်းသေပေါက် အာမခံရဲပါတယ် ။ Joker အဖြစ် အများစိတ်ဝင်စားနေတဲ့ Jared Letoကိုလဲ သူပါသမျှဇာတ်ဝင်ခန်း များအရသုံးသပ်ဖို့ခက်ခဲနေသေးပေမယ့် မဆိုးဘူးလို့တော့မြင်မိပါတယ်။ ဒါ့ကြောင့် rating တွေ Review တွေ ဘေးခဏချိတ်Hype ခဲ့သမျှတွေကိုခဏမေ့ပြီး မိမိအမြင်နဲ့ သာကြည့်ရှုခံစားကြပြီး မိမိအမြင်နဲ့သာဝေဖန်သုံးသပ်ကြည့်ကြပါလို့ပဲတိုက်တွန်းပါရစေခင်ဗျာ/ အော် ဒါနဲ့ …. နောက်ဆုံးမှာ နောက်လာမယ့် Justice League ဇာတ်ကားအတွက်အစပျိုးထားတဲ့ post credits sceneပါပါ တယ် မကြည့်ဖြစ်လိုက်မှာစိုးလို့ ကြိုပြီးသတိလေးပေးထားပါရစေ။
...

Kultus Iblis (2023) ⭐IMDB: 5.9/10 (54 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 39 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kultus Iblis (2023) 2023 တုန်းကထွက်ရှိထားခဲ့တဲ့ အင်ဒိုနီးရှား Horror ကားလေးတင်ဆက်ပေးလိုက်ပါတယ်။Horror ကားတွေ ထွက်ခဲ့သမျှ ဇာတ်လမ်းဇာတ်ကွက်တွေ ထပ်လာပြီးJump Scare အခန်းတွေကိုတောင် လူတွေက မကြောက်ကြတော့ပါဘူး။နောက်ပိုင်းထွက်လာတဲ့ Horror ကားတွေမှာတော့ ကြောက်အောင်ခြောက်တာထက်တွေးရင်းကြောက်လာအောင် လုပ်တဲ့ Horror ကားပုံစံတွေ ပိုပြီးအရိုက်များလာကြပါတယ်။ဒီလိုမျိုး Thriller/Horror ကားမျိုးတွေကို ကြိုက်တတ်တဲ့သူဆိုရင်တော့ဒီကားလေးကို ကြည့်လိုက်ကြဖို့ ညွှန်းချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ရာကာ နဲ့နေယာဆိုတဲ့ အမွှာမောင်နှမ နှစ်ယောက်ရှိပါတယ်။တစ်နေ့ သူတို့အိမ်ကိုပြန်လာတော့ သူတို့ရဲ့ ဖခင်ဖြစ်သူက ရုပ်ပျက်ဆင်းပျက် သေဆုံးနေတာကို တွေ့လိုက်ရပါတယ်။တိုက်တစ်ခုလုံးလဲ သွေးတွေနဲ့ပေပွနေပါတယ်။ဒါနဲ့ပဲ သူတို့အဖေရဲ့ အသုဘကို လုပ်တဲ့အချိန်မှာ သူတို့ဗလီဆရာက ဒါကအောက်လမ်းပညာကြောင့် သေတာလို့ ပြောပါတယ်။ဒါပေမဲ့ ခေတ်ပညာတတ်တွေဆိုတော့ ဒါမျိုးကိုအယုံကြည်မရှိကြပါဘူး။ဒါပေမဲ့ အဲ့ညမှာပဲ သူတို့အဖေရဲ့ အလောင်းပျောက်ခြင်းမလှ ပျောက်သွားပါတယ်။ဒါနဲ့ပဲ သူတို့လဲ ကြံရာမရပဲ သူတို့အဖေအခန်းထဲ ဝင်ရှာကြည့်ကြရာကနေအရင်က သူတို့အဖေရဲ့ နောက်ဆုံးချန်ထားခဲ့တဲ့ အမှာစကားကိုတွေ့သွားပြီးသူတို့အဖေက ဘာလို့သူ့ငယ်ဘဝကို ဖုံးကွယ်ထားတာလဲသူကအောက်လမ်းပညာကို ဘာလို့လေ့လာရတာလဲ ဆိုတာသိရဖို့အတွက်သူတို့အဖေရဲ့ ဇာတိရွာကို သွားကြည့်ခဲ့တဲ့အခါမှာ …. အညွှန်း နဲ့ ဘာသာပြန်ကတော့K.Heinပဲ ဖြစ်ပါတယ်။
...

What Happened to Monday (2017) ⭐IMDB: 6.8/10 (134 k Votes) 🎬 #Action #Crime #Fantasy #ScienceFiction #Thriller #Drama #Mystery #SciFi 🗓 2017 🎞 movie 🌎 #UnitedKingdom #France #UnitedStates #Belgium #Germany #Romania ⏰ 2 နာရီ 4 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 What Happened to Monday (2017)=========================IMDb Rating – 6.8/10 ၂၀၁၇ ကထွက်ရှိထားပြီး IMDb rating 6.8 ရထားတဲ့ Science fiction /Thriller ဇာတ်လမ်းကောင်းလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ သိပ်မဝေးတော့တဲ့ အနာဂတ်မှာ ကမ္ဘာ့လူဦးရေ အဆမတန်များပြားလာပါတယ်။ရာသီဥတုတွေဖောက်ပြန်လို့ စိုက်ပျိုးရေးလုပ်ငန်းတွေ မဖြစ်ထွန်းတော့တဲ့အတွက် စားနပ်ရိက္ခာတွေလည်း ရှားပါးလှပါတယ်။ဒါကြောင့် သိပ္ပံပညာရှင်တွေက ရာသီဥတုဒဏ်ခံနိုင်ပြီး အထွက်နှုန်းတိုးစေမယ့် အသီးအနှံများကို မျိုးရိုးဗီဇပြုပြင်ပြောင်းလဲတဲ့နည်းနဲ့ထုတ်လုပ်ခဲ့တယ်။ ဒီအတွက် စားနပ်ရိက္ခာပြဿနာတွေလည်း ပြေလည်သွားခဲ့ပါတယ်။ဒါပေမယ့် အထွက်နှုန်းတိုးစေတဲ့အသီးအနှံများကြောင့် လူတွေမှာလည်း မျိုးရိုးဗီဇပြောင်းလဲပြီး ၅မြွှာ ၆ မြွှာစသဖြင့် ကလေးအမြွှာတွေမွေးဖွားနှုန်း အရမ်းမြင့်တက်လာပါတယ်။ လူဦးရေတိုးပွားလာချိန်မှာ ဒီလို အမြွှာတွေမွေးလာတဲ့အတွက်ကျွေးမွေးဖို့ကလည်း ပြဿနာဖြစ်လာပြန်ပါတယ်။ ဒါကြောင့် တစ်အိမ်ထောင် ကလေးတစ်ယောက်ဆိုတဲ့ ပေါ်လစီကို ကျင့်သုံးပြီးကျန်တဲ့ကလေးမွေးချင်းတွေကို Cryosleep လို့ခေါ်တဲ့ အေးခဲအိပ်စက်စေခြင်းနည်းဖြင့် အေးခဲပြီးသိုလှောင်ထားပါတယ်။ ဒါကိုထိန်းချုပ်ဖို့အတွက် ကလေးခွဲဝေရေးဗျူရိုဆိုပြီးတစ်ခုတည်ထောင်ခဲ့ပါတယ်။ တစ်နေ့မှာတော့ တစ်ပုံစံတည်းတူတဲ့ မိန်းကလေးအမွှာ(၇)ယောက်မွေးဖွားခဲ့လာတယ်။ သူတို့အမေလည်း သေဆုံးသွားတဲ့အတွက် အဘိုးဖြစ်သူက ဒီ ကလေး၇ယောက်ကို တိုက်ခန်းတစ်ခုမှာတိတ်တိတ်လေး ခိုးမွေးထားခဲ့ပါတယ်။ ၇ယောက်ဖြစ်တဲ့အတွက် တနင်္လာ အင်္ဂါဗုဒ္ဓဟူး ကြာသပတေး သောကြာ စနေ နဲ့ တနင်္ဂနွေလို့ နာမည်ပေးထားခဲ့တယ်။သူတို့ ၇ ယောက်က သူတို့နာမည်နဲ့တူတဲ့ နေ့ရက်တွေရောက်ရင် အလှည့်ကျ တစ်ယောက်တစ်ရက်စီ အပြင်ထွက်ခွင့်ရခဲ့တယ်။ အဲလိုကနေ သူတို့အရွယ်ရောက်လာကြပြီး သူတို့ တည်ရှိနေမှုကို ဗျူရိုက သိရှိသွားရင် ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာကိုဆက်လက်ကြည့်ရှုလိုက်ကြပါ။ တကယ်ကိုကောင်းတဲ့သိပ္ပံအက်ရှင်ကားကောင်းလေးတစ်ခုပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Leonard Lin ဖြစ်ပါတယ်)
...

Ghost Book (2022) ⭐IMDB: 5.7/10 (131 Votes) 🎬 #Fantasy 🗓 2022 🎞 movie 🌎 #Japan ⏰ 1 နာရီ 49 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ghost Book (Yokaipedia) 2022 အညွှန်း ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဂျပန်ကားလေးကတော့Space Baltteship Yamato, Parasyte Part 1-2 , Godzilla Minus One တို့ရဲ့ဒါရိုက်တာ Takashi Yamazaki က ရိုက်ကူးပေးထားပြီး၂၀၂၂ ခုနှစ်က ထွက်ရှိထားတဲ့ visual effects ကောင်းကောင်းလေးတစ်ကားဖြစ်တဲ့ Ghost Book ခေါ် Yokaipedia ကို မိတ်ဆက်ပေးချင်ပါတယ်။ဂျပန် anime လောကနဲ့ မစိမ်းတဲ့သူတိုင်း Yokai ဆိုတာကို သိကြမှာပါ။မမြင်အပ်သော နတ်ဆိုး၊ တစ္ဆေ၊သရဲတွေကို တမျိုးခေါ်ခြင်းဖြစ်ပြီးဂျပန်မှာတော့ ကိုးကွယ်ကြတဲ့သူတွေလည်း ရှိပါတယ်။ဒီကားလေးထဲမှာတော့ ကောင်လေးသုံးယောက်က နတ်နန်းတစ်ခုမှာ လိုချင်တဲ့ဆန္ဒကို အသီးသီးတောင်းဆိုခဲ့ပါတယ်။အဲဒါကို ကြားသွားခဲ့တဲ့ နတ်မင်းက အဲကလေးတွေဆီကို သူ့တပည့်ကိုလွှတ်လိုက်ပြီးYokaipedia လို့ခေါ်တဲ့ သရဲစာအုပ်ကို ရှာခိုင်းပြီး အဲစာအုပ်ထဲကစိန်ခေါ်မှုကို အောင်မြင်မှ ဆုတောင်းကို ဖြည့်ပေးမယ်ဆိုပြီး ပြောခဲ့ပါတယ်။အသက်အန္တရာယ်များတာကို မမှုပဲ ကောင်လေးသုံးယောက် ရဲရဲဝံ့ဝံ့ပဲ ခေါင်းညိတ်ခဲ့ပါတယ်။အဲဒီအချိန်မှာ ကျောင်းကိုရောက်လာတဲ့ အစားထိုးဆရာမ ဟာကာမာယိုကိုဆိုတဲ့ ကောင်မလေးကလည်းသူတို့ကလေးတွေကြားထဲ ဝင်ပါလာတဲ့အခါ……ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ကောင်လေးသုံးယောက်ကရော သူတို့ဆုတောင်းတွေပြည့်ပါ့မလား။ဆရာမကရော လူကြီးအနေနဲ့ ကလေးတွေကြားမှာ အဆင်ပြေမလား။သရဲကြီးတွေကို နိမ်နင်းနိုင်ပါ့မလားဆိုတာ ဇာတ်လမ်းထဲမှာ ကိုယ့်ဘေလ်နဲ့ကိုယ် ဒေါင်းကြည့်လိုက်ရ‌အောင်နော်။(Godzilla minus one, Parasyte နဲ့ Space battleship Yamato တို့ရဲ့Visual effects director ဆိုတော့ Monster တွေရဲ့ CGI တွေကတော့ ရှယ်ပဲဆိုတာ အာမခံပါကြောင်း) အညျွန်း နဲ့ ဘာသာပြန်ကတော့Kaung Setပဲ ဖြစ်ပါတယ်။
...

The Piano Forest (2007) ⭐TMDB: 71% User Score 🎬 #Animation #Drama #Family #Music 🗓 2007 🎞 movie 🌎 #Japan ⏰ 1 နာရီ 41 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Piano no mori [The Piano Forest] (2007)==============================IMDb Rating – 7.1/10 CM ပရိတ်သတ်ကြီးတို့ကို (2007)ခုနှစ်ကထွက်ရှိခဲ့တဲ့ IMDb rating 7.1 /10Anime လေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ စန္ဒရားသံကိုသဘောကျတဲ့သူတွေ၊ တီးရတာဝါသနာသူတွေ သဘောကျနှစ်သက်လောက်မဲ့ကားလေးပါ။ဒီAnime ထဲမှာ တူညီတဲ့နယ်ပယ်တစ်ခုတည်းက ပုံစံမတူတဲ့ ကောင်လေးနှစ်ယောက်ကို ယှဉ်ပြီးပြထားပါတယ်။ “အကောင်းဆုံးပြိုင်ဘက်”တွေဟာ “အကောင်းဆုံးမိတ်ဆွေ”တွေဆိုတဲ့ ခံစားချက်မျိုး ရရှိပါလိမ့်မယ်။ အိချိနိုဆဲခိုင်နဲ့ အာမမိယရှုဟေတို့ဟာ စရိုက်ချင်းရော၊ ကြီးပြင်းတဲ့ပတ်ဝန်းကျင်ရော၊ အနေအထားချင်းရော မတူညီတဲ့သူတွေပါ။ ရှုဟေက အဘွားကျန်းမာရေးကြောင့် တိုကျိုမြို့ကြီးကနေ နယ်မြို့လေးကို ခဏကျောင်းပြောင်းလာတဲ့ ဆွေကြီးမျိုးကြီးစန္ဒရားပညာရှင်မျိုးရိုးမိသားစုက ဗိုင်းကောင်းကျောက်ဖိ သားယောက်ျားလေးဖြစ်ပြီး၊ ခိုင်ကတော့ ကျောင်းမှာလည်းဂျစ်ကန်ကန်၊ ပြောစကားနားမထောင်ဘဲ လွတ်လွတ်လပ်လပ်နေတတ်တဲ့ နယ်ခံလေးပါ။ သူတို့နှစ်ယောက်လုံးမှာ တူညီတာတစ်ခုက “စန္ဒရားတီး”တော်ကြတာပါပဲ။ ဒါပေမဲ့ ရှုဟေက မိဘတွေရဲ့ခိုင်းစေမှုကြောင့် အိမ်မှာ ငယ်ငယ်ကတည်းက ဆရာနဲ့သေချာလေ့ကျင့်ခဲ့တာဖြစ်ပြီး ခိုင်ကတော့ ဘယ်သူမှအသံထွက်အောင်မတီးနိုင်တဲ့တောထဲက စွန့်ပစ်စန္ဒရားကြီးကို ၃နှစ်သားကတည်းက ကလိရင်း အပျော်တမ်းတီးတဲ့သူပါ။ ဒီလိုအခြေအနေမျိုး ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်း ရင်းနှီးပါလိမ့်မယ်။မိဘခိုင်းလို့ လုပ်တာနဲ့ တကယ်ဝါသနာပါလို့လုပ်တဲ့ လူငယ်တွေလိုပေါ့။ ဒါပေမဲ့ ကြာလာရင် ကိုယ်ကျွမ်းကျင်သွားတဲ့နယ်ပယ်မှာ “ပျော်မွေ့”တတ်လာတာမျိုးလည်း ရှိသေးတယ်ကိုး။ တစ်နေ့ကျ ၅၆ကြိမ်မြောက်ဂျပန်နိုင်ငံလုံးဆိုင်ရာကျောင်းပေါင်းစုံစန္ဒရားပြိုင်ပွဲကို အကြောင်းအမျိုးမျိုးကြောင့် နှစ်ယောက်လုံးဝင်ပြိုင်ဖို့ဖြစ်လာရင်းသူတို့ရဲ့သူငယ်ချင်းဆက်ဆံရေးမှာ “ပြိုင်ဘက်”ဆိုတဲ့စကားလုံးလေးလည်းဖြည့်စွက်လာတဲ့အခါ….။ အကြောင်းပြချက်ရော၊ ပင်ကိုစရိုက်ရော မတူကြတဲ့ သူတို့နှစ်ယောက်ရဲ့စန္ဒရားပညာရှင်လမ်း ဘယ်လိုဖြစ်သွားလဲဆိုတဲ့ ဇာတ်သိမ်းကို ကျွန်တော်လည်းမသိပါဘူး။ PianoForest ဟာ ခိုင်နဲ့ ရှုဟေတို့ လူကြီးဖြစ်ချိန်ထိပါတဲ့ Series ရှိပြီးသားပါ။ ဒါပေမဲ့ ကျွန်တော့်အတွက် Movie ရဲ့အဆုံးသတ်က လုံလောက်သွားပြီမို့ အကြည့်ရပ်ထားပါတယ်။ခိုင်နဲ့ ရှုဟေတို့နှစ်ယောက်ဆီကနေ အများကြီးသင်ယူလိုက်ရတာပါပဲ။ ရှုဟေကို စည်းစနစ်ကျမှုနဲ့ ခိုင်းနှိုင်းရင် ခိုင့်ကို အထိန်းအကွပ်မဲ့မှုနဲ့ ခိုင်းနှိုင်းရပါလိမ့်မယ်။ရှုဟေက ပိရိသေသပ်ပြည့်စုံသူလို့‌ဆိုရရင် ခိုင်က တီထွင်ဆန်းသစ်တတ်တဲ့သူလို့ဆိုရမှာပါ။နှစ်ယောက်လုံးက “ကြိုးစားမှုပါရမီရှင်”တွေပါပဲ။ ဒီ movie ထဲမှာ ခိုင်နဲ့ ရှုဟေတို့ သူငယ်ချင်းပြိုင်ဘက်နှစ်ယောက် စတင်သိကျွမ်းပုံကစလို့ တစ်ယောက်ဆီကတစ်ယောက်သင်ယူရင်း၊ ကိုယ့်ကိုယ်ကိုယ်ပိုနားလည်လာရင်း၊ အိပ်မက်ပန်းတိုင်တစ်ခုကို မတူညီတဲ့လူသားနှစ်ယောက် ခံယူချက်ကိုယ်စီနဲ့ ကိုယ်ပိုင်ဟန်အတိုင်းလျှောက်လှမ်းဖို့အစပြုပုံကိုကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)
...