ru
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Three Old Boys (2024) ⭐IMDB: 5.0/10 (40 Votes) 🎬 #Crime #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 48 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက်စိတ်ဝင်စားဖွယ်ကောင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်နဲ့တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာတော့ လာဘ်စားမှု၊အခွန်ရှောင်တိမ်းမှု၊တရားမဝင် ငွေမည်းငွေဖြူလုပ်မှု စတဲ့စီးပွားရေးနှင့်ပတ်သက်တဲ့အမှုတွေကို စုံစမ်းရေးအဖွဲ့မှာအတွေ့အကြုံဝါရင့်ပြီး ဆရာတစ်ဆူအဖြစ်သတ်မှတ်ထားတဲ့ချွေးထျယ်ကျွင်း။ သူလိုမျိုးလုပ်သက်တဲ့သူငယ်ချင်းနောက်ထပ် ၂ ယောက်ရှိသေးတာပေါ့။ သူတို့တွေကတော့ မှုခင်းစုံစမ်းရေးမှူး၊ကင်းလှည့်ရဲတွေဖြစ်ကြတယ်။ ဒီလိုနဲ့တစ်နေ့မှာသူတို့မြို့ရဲစခန်းဆီဘဏ်ဝန်ထမ်းတစ်ယောက်က မြေအောက်ဘဏ်လို့ခေါ်တဲ့အောက်လမ်းမသမာတဲ့ဘဏ်လုပ်ငန်းတစ်ခုနဲ့ ပူးပေါင်းပြီးငွေတွေကိုပြည်ပဆီပို့ပေးပြီးလိမ်လည်တယ်ဆိုတဲ့တိုင်ကြားစာရောက်လာခဲ့တယ်။ ဒီတိုင်ကြားစာကိုစုံစမ်းရင်းတခြားသဲလွန်စသက်သေတွေတွေ့ရှိလာခဲ့ပေမဲ့စုံစမ်းရေးမှူးတဖွဲ့လုံးက အတွေ့အကြုံနုသေးတဲ့အပြင်ဒီအန္တရာယ်ကြီးထဲကို ဘယ်သူမှမစွန့်စားရဲတာကြောင့်အတွေ့အကြုံရင့်တဲ့ ချွေးထျယ်ကျွင်းနဲ့သူ့အပေါင်းအပါနှစ်ယောက်ကိုဒီအမှုစုံထောက်အဖြစ်တာဝန်ပေးအပ်ခဲ့တယ်။ ဒီလိုနဲ့သိပ်မကြာခင်မှာ ဒီအမှုကိုဖော်ထုတ်နိုင်သွားပေမဲ့ချွေးထျယ်ကျွင်းတစ်ယောက်ကတော့ဒီအမှုကိုသိပ်မသင်္ကာစရာတွေအများကြီးရှိနေတာကြောင့်အမြစ်ပြတ်ရှင်းပစ်ဖို့တောင်းဆိုခဲ့ရာမှာဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။ဒီအမှုကကော ဘယ်လောက်ထိရူပ်ထွေးနေလဲ။နောက်ကွယ်ကဘယ်သူချုပ်ကိုင်ထားလဲဆိုတာကိုဒီဇာတ်ကားလေးထဲမှာ စိတ်ဝင်စားဖွယ်တွေ့ရှိရမှာဖြစ်ပါတယ်။
...

The Gangster, the Cop, the Devil (2019) ⭐IMDB: 6.9/10 (24 k Votes) 🎬 #Action #Crime #Drama #Thriller 🗓 2019 🎞 movie 🌎 #USA #SouthKorea ⏰ 1 နာရီ 50 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Gangster, The Cop, The Devil (2018) *********************************** 4K နဲ့ ထိုးတာကြည့်ချင်တဲ့သူတွေအတွက်ရှယ် Quality နဲ့ အပဒိတ်ပေးထားပါတယ်… ၂၀၁၈ တုန်းက ထွက်ရှိခဲ့တဲ့ မာဒုန်ဆွတ်ရဲ့ ဇာတ်လမ်းကောင်းတစ်ကားပါ Train to Busan ထဲက လူသန်ကြိး မာဒုန်ဆွတ်ဆိုတာနဲ့ ဇာတ်လမ်းက ကောင်းပြီးသားဆိုတာ ခန့်မှန်းမိမှာပါ အခုကားကတော့ ဇာတ်လမ်းနာမည်အတိုင်းပါပဲ ဂိုဏ်စတားတစ်ယောက်ရယ် ရဲတစ်ယောက်ရယ် မကောင်းဆိုးရွားတစ်ကောင်ရဲ့ ဇာတ်လမ်းပါ သူတို့ ၃ ယောက် ဘယ်လိုများ ဆက်စပ်နေကြပါလိမ့် ချွန်းချောင်တောင်ပိုင်းမှာ ဆက်တိုက်ဆိုသလို ဖြစ်နေတဲ့ လူသတ်မှုတွေကို ကွင်းဆက်လူသတ်မှုအဖြစ် ဆက်စပ်မိတဲ့ ရဲစုံထောက် တစ်ယောက်….. မမျှော်လင့်ဘဲ ကွင်းဆက်လူသတ်သမားရဲ့ ဓားနဲ့အထိုးခံလိုက်ရတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်…… လူသတ်သမားကို မိဖို့အရေး ပူးပေါင်းလိုက်ကြရဖို့ ဖြစ်လာတဲ့အခါ….. ရဲ နဲ့ လူဆိုး ပူးပေါင်းဖို့ရာ ဖြစ်နိုင်ပါ့မလား????? ကွင်းဆက်လူသတ်သမားကိုရော ဖမ်းမိပါ့မလား????? မှုခင်းဇာတ်လမ်းဖြစ်တဲ့အတွက် စလယ်ဆုံး လုံး၀စိတ်ဝင်စားဖို့ ကောင်းပါတယ် တစ်ကားလုံးကို အသည်းတယားယား ရင်တဖိုဖိုနဲ့ ကြည့်ရမယ့် ကိုရီးယားကားကောင်းတစ်ကား ဖြစ်ပါတယ်ဗျာ
...

မင်္ဂလာပါ Triggered... 💤 Welcome to FDMN Bot သည် အောက်ပါအချိန်များအတွင်း အသုံးပြုသူမရှိပါက အနားယူတတ်ပါသည်။
တနင်္လာ မှ သောကြာ 🌄 မနက် ၈ နာရီ မှ မနက် ၁၀ နာရီ 🌅 နေ့လည် ၁ နာရီ မှ ညနေ ၄ နာရီ 🌃 ည ၁၁ နာရီ မှ မနက် ၆ နာရီ စနေ နှင့် တနင်္ဂနွေ 🌃 ည ၁၂ နာရီ မှ မနက် ၈ နာရီ
🛌 သင် တောင်းဆိုမှုပြုလုပ်စဉ်က Bot မှာ အနားယူနေနိုင်ပါသည်။ 🛏️ Bot သည် ယခုကစ၍ ၂ မိနစ်ခန့် အတွင်း ပြန်လည်ပတ်ပါမည်။ 🐰 ခေတ္တစောင့်ဆိုင်းပြီး သင့်တောင်းဆိုမှုကို ပြန်လုပ်ကြည့်ပါ။

Croupier (1998) ⭐TMDB: 67% User Score 🎬 #Crime #Drama #Thriller 🗓 1998 🎞 movie 🌎 #UnitedKingdom #Ireland #France #Germany ⏰ 1 နာရီ 36 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Croupier ဇာတ်ကားဟာ ၁၉၉၈ ခုနှစ်ကထွက်ခဲ့တဲ့ Crime Drama ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဝါရင့် မင်းသား Clive Owen အဓိကပါဝင် သရုပ်ဆောင်ထားတဲ့ စိတ်ဝင်စားစရာ ဇာတ်ကားကောင်းလေးတစ်ခုပါ။ ဇာတ်ကားထဲမှာ Clive သရုပ်ဆောင်ထားတဲ့ Jack ဟာ နာမည်တစ်ခုရဖို့ ကြိုးစားနေတဲ့ စာရေးဆရာတစ်ယောက်ပါ။ သူလမ်းကြောင်းပျောက်နေတုန်း သူ့အဖေက သူ့ကို ကာစီနိုတစ်ခုမှာ ဖဲဝိုင်းကိုင်တစ်ယောက်အနေနဲ့ အလုပ်သွင်းပေးခဲ့ပါတယ်။ အဲဒီအလုပ်က သူ့ရဲ့တည်ငြိမ်နေတဲ့ ဘဝကို ဘယ်လိုရှုပ်ထွေးစေမှာလဲ ဘာတွေ ထိခိုက်စေမှာလဲ သူ ရုန်းထွက်နိုင်မှာလား သူပဲ ကြုံလာတဲ့ ပြဿနာတွေကို အရှုံးပေးလိုက်ရမလား အမြတ်ထုတ်သွားမလားဆိုတာကို စိတ်ဝင်စားဖွယ် ခံစားရမှာ ဖြစ်ပါတယ် ဖဲဝိုင်းကိုင်းတစ်ယောက်ရဲ့ ခံစားချက်၊ ကာစီနိုရဲ့ သဘောသဘာဝ၊ လူတွေရဲ့ စိတ်နေစိတ်ထား စတာတွေကို ထင်သာအောင် ရိုက်ပြထားလို့ စိတ်ဝင်စားဖို့ အတော်ကောင်းတဲ့ ကားလေးတစ်ကားဖြစ်ပါတယ်
...

Dedh Bigha Zameen (2024) ⭐IMDB: 7.0/10 (498 Votes) 🎬 #Bollywood #Drama #Family 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 41 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dedh Bigha Zameen (2024) “အဖေ့အမွေ တစ်ဧကခွဲမြေ” ဒီတစ်ခါ တင်‌ဆက်ပေးမဲ့ ဇာတ်ကားကောင်းလေးကတော့IMDb rating မှာ 7/10 ရရှိထားတဲ့ 2024 ခုနှစ်ထွက်ဟိန္ဒူဘာသာစကားပြော ရုပ်ရှင်ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဒီဇာတ်ကားလေးကို Pulkit မှ ရိုက်ကူးပေးထားပြီး အဓိကဇာတ်ဆောင်တွေအနေနဲ့ကတော့Pratik Gandhi နဲ့ Khushali Kumar တိုက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ အသက် 28 နှစ်အရွယ် ဂျုံရောင်းဝယ်ရေးသမားအန်နီးလ်ဟာ သူရဲ့ အမေ ညီမနဲ့ အမျိုးသမီးဖြစ်သူတိုနဲ့ အတူတူနေပါတယ်။ တစ်ရက်မှာတော့သူ့ညီမလေး နေဟာ‌တစ်ယောက် မိသားစုအသိုင်းအဝိုင်းကောင်းက အစိုးရဝန်ထမ်းအလောင်းအလျာလေးအာဂျေးဆိုတဲ့ ကောင်လေးနဲ့ လက်ထပ်ဖို ဖြစ်လာတဲ့အခါမှာတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ဖခင်ရဲ့ ပိုင်ဆိုင်မှုလယ်ယာမြေကို ရောင်းချပြီး ညီမဖြစ်သူမင်္ဂလာပွဲမှာ သုံးဖို စီစဉ်ခဲ့ရပါတော့တယ် ဒါပေမဲ့လည်း ဒီ‌မြေကို အာဏာပိုင်အရာရှိတစ်ယောက်က လုယူဖို ကြိုးစားတဲ့အချိန်မှာတော့အန်နီးလ်တစ်ယောက် တရားမျှတမှုအတွက် ရင်ဆိုင်တိုက်ခိုက်ရင်း ခြိမ်းခြောက်မှုတွေသာမကသစ္စာဖောက်မှုတွေပါ ရင်ဆိုင်လာရတဲ့အခါ…..ဘာဆက်ဖြစ်မလဲဆိုတာ‌ကိုတော့ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုအားပေးကြပါဦးရှင် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်
...

မင်္ဂလာပါ Triggered... 💤 Welcome to FDMN Bot သည် အောက်ပါအချိန်များအတွင်း အသုံးပြုသူမရှိပါက အနားယူတတ်ပါသည်။
တနင်္လာ မှ သောကြာ 🌄 မနက် ၈ နာရီ မှ မနက် ၁၀ နာရီ 🌅 နေ့လည် ၁ နာရီ မှ ညနေ ၄ နာရီ 🌃 ည ၁၁ နာရီ မှ မနက် ၆ နာရီ စနေ နှင့် တနင်္ဂနွေ 🌃 ည ၁၂ နာရီ မှ မနက် ၈ နာရီ
🛌 သင် တောင်းဆိုမှုပြုလုပ်စဉ်က Bot မှာ အနားယူနေနိုင်ပါသည်။ 🛏️ Bot သည် ယခုကစ၍ ၂ မိနစ်ခန့် အတွင်း ပြန်လည်ပတ်ပါမည်။ 🐰 ခေတ္တစောင့်ဆိုင်းပြီး သင့်တောင်းဆိုမှုကို ပြန်လုပ်ကြည့်ပါ။

Querelle (1982) ⭐TMDB: 65% User Score 🎬 #Drama 🗓 1982 🎞 movie 🌎 #WestGermany #France #Germany ⏰ 1 နာရီ 49 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို rating 6.6/10 အထိရရှိထားတဲ့( Querelle )ဆိုတဲ့ ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်.. ဒီဇာတ်ကားကို ဒါရိုက်တာ Rainer Werner Fassbinder က ရိုက်ကူးပုံဖော်ထားပြီး မင်းသား Brad Davis , Franco Nero နဲ့မင်းသမီး Jeanne Moreau တို့က ပါဝင် သရုပ်ဆောင် ထားပါတယ် ဒီဇာတ်ကားက နိုင်ငံတကာအကောင်းဆုံး ရုပ်ရှင်ဆု(Jupiter Award) , အကောင်းဆုံး ဇာတ်ဝင်တေးဆု (Razzie Award ) စတဲ့ဆုတွေကိုလည်း သိမ်းပိုက်ရရှိ ထားပါတယ်…. ဇာတ်လမ်းအကျဉ်းကတော့ LGBT တစ်ယောက်ဖြစ်တဲ့ ရေတပ်အရာရှိ လက်ဖ်တင်နင် ဆဲလ်ဘွန်က ဘရက်စ်မြို့ကို ဆိပ်ကမ်းကပ်ပါတယ် အဲ့ဒီအချိန်မှာ ရေတပ်သားလေးတစ်ယောက်ဖြစ်တဲ့ ကော်ရယ်တစ်ယောက် ဘရက်စ်မြို့ရဲ နာမည်ကြီးဖယ်ရီယာ ပြည့်တန်ဆာစံအိမ်ရဲ့ သူဌေးမဖြစ်တဲ့ လီဆန်ဆိုတဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ကျနေတဲ့ အစ်ကိုဖြစ်သူ ရော့ဘတ်ကို တွေ့လိုက်ပါတယ် ဒါပေမဲ့ထူးဆန်းတာက လီဆန်ဆိုတဲ့အမျိုးသမီးရဲ့ယောကျ်ားဖြစ်သူ နိုနိုး ဆိုတဲ့ အားကောင်းမောင်းသန်ဗလကြီးကလည်း အဲ့ဒီစံအိမ်ကြီးမှာပဲ နေပါတယ် နောက်ပြီးသူက ယောကျ်ားချင်း လိင်ဆက်ဆံရတာကို အထူးကြိုက်နှစ်သက်သူ တစ်ဦး ဖြစ်ပါတယ် အဲ့ဒါအပြင် အဲ့ဒီဖယ်ရီယာ စံအိမ်မှာ နာမည်ကြီး အလောင်းအစား တစ်ခုရှိပါတယ် အဲ့ဒါကတော့ လီဆန်ရဲ့အရင်ယောကျာ်းဖြစ်သူ နိုနိုးနဲ့ အန်စာတုံးဂိမ်း ကစားရမှာ ဖြစ်ပါတယ် အနိုင်ရရှိတဲ့သူကတော့ အဲ့ဒီစံအိမ်မှာရှိတဲ့ မိန်းကလေးတွေ ထဲကကြိုက်တဲ့သူကို ခေါင်းခေါက်ရွေးပိုင်ခွင့်ရှိပြီး အကယ်၍ရှုံးနိမ့် သွားမယ်ဆိုရင်တော့ သူတစ်တီတူးတာကို ခံရမှာဖြစ်ပါတယ် ရော့ဘတ်ရဲ့ညီဖြစ်သူ ကော်ရယ်ကလည်း ဒီကစားနည်းကို ကစား လိုက်ပါတယ် သူကရော အနိုင်ရရှိအောင် ကစားနိုင်ပါ့မလား ဘာကြောင့်ဒီကစားနည်းကို ကစားဖို့ရွေးချယ်လိုက်တာလဲ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကော်ရယ်တို့သင်္ဘောပေါ်က သင်္ဘောသား တစ်ယောက်နဲ့ သီရိုဆီလင်း ဆိုတဲ့သူရယ် အဲ့ဒီနှစ်ယောက်က အသတ်ခံလိုက်ရပါတယ် ရဲတွေကလည်း သေဆုံးသူရဲ့ဘေးမှာ တွေ့ရတဲ့မီးခြစ် တစ်လုံးကလွဲရင် အခြားဘာမှစုံစမ်းလို့မရဖြစ်နေပါတယ် လူသတ်တရားခံကရောဘယ်သူဖြစ်မလဲ… အဲ့ဒီ မီးခြစ် ရဲ့ပိုင်ရှင်ကရော ဘယ်သူဖြစ်မလဲ နောက်ဆုံးမှာ တကယ့်တရားခံအစစ်ကိုဖမ်းမိသွားပါ့မလားဆိုတာကို ပရိတ်သတ်ကြီးကိုယ်တိုင် ကြည့်ရှုခံစားလိုက်ပါဦး ဒီဇာတ်ကားက Drama အမျိုးအစားဖြစ်ပြီး ၁၈ +ဆန်ဆန်ဇာတ်ဝင်ခန်း တွေနဲ့ စကားအသုံးအနှုန်းတွေကြောင့် အသက်အရွယ်မပြည့်သေးတဲ့ ကလေးသူငယ်တွေ အနေနဲ့ ကြည့်ရှုဖို့မသင့်တော်ဘူးဆိုတာကိုတော့ ကြိုတင်အသိပေးလိုက်ပါရစေ
...

I'll Sleep When I'm Dead (2003) ⭐TMDB: 54% User Score 🎬 #Crime #Drama #Mystery #Thriller #Action 🗓 2003 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 I’ll Sleep When I’m Dead ကတော့ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့မှုခင်းရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ထူးဆန်းတဲ့အခြေအနေတွေနဲ့သေဆုံးသွားတဲ့ညီဖြစ်သူ အကြောင်းစုံစမ်းဖို့ ဇာတိမြေကိုပြန်လည်ရောက်ရှိလာတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တစ်ဦးအကြောင်းရိုက်ကူး ထားတာဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာတော့ လိင်ပိုင်းဆိုင်ရာ အသုံးအနှုန်းတွေပါဝင်တာကြောင့် ကလေးငယ်တွေနဲ့ အတူမကြည့်ရှု့သင့်ပါဘူး။ တစ်ချိန်က တစ်မြို့လုံးက ဖိန့်ဖိန့်တုန်အောင်ကြောက်ခဲ့ရတဲ့ ရာဇဝတ်ဂိုဏ်းဆောင်ဟောင်း ဝီလ်ဂရေဟမ်ဟာ အရာအားလုံးကိုစွန့်လွှတ်ပြီး တောအုပ် လေးတစ်ခုထဲမှာ အလုပ်သမားတစ်ယောက်အဖြစ် မထင်မရှားလာရောက်လုပ်ကိုင်နေခဲ့ပါတယ်။ တစ်ရက်မှာတော့ အလုပ်ပြုတ်သွားပြီးတဲ့နောက် ဘယ်သွားရမှန်းမသိဖြစ်နေတဲ့ ဝီလ်ဟာ လမ်းမှာ ညီဖြစ်သူဒေဗီကိုမြင်တွေ့လိုက်ရပေမယ့် ထင်ယောင်ထင်မှားမြင်မိတာသာဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ စိတ်ထင့်သွားတဲ့ဝီလ်ဟာ ဒေဗီဆီဖုန်းဆက်ကြည့်ခဲ့ပေမယ့် ဆက်သွယ်လို့မရတာကြောင့် မတတ်သာတဲ့အဆုံးမှာ ဇာတိမြို့ကို ပြန်လာခဲ့ရပါတော့တယ်။ ဝီလ်ပြန်ရောက်ချိန်မှာတော့ ဒေဗီက သေဆုံးနေခဲ့ပြီဖြစ်ပြီး သာမန်သေဆုံးမှုမျိုးမဟုတ်ဘဲ သံသယဖြစ်စရာတွေများတာကြောင့် ဝီလ်ဟာ အကြောင်းရင်းမှန်ကို သိရဖို့ စတင်စုံစမ်းခဲ့ပါတယ်။ ဒါပေမဲ့ ဝီလ်ရဲ့ပြန်လည်ရောက်ရှိ လာခြင်းက မြို့တွင်းမှာလက်ရှိမင်းမူနေတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ဖရန့်ခ်တန်နာကို ထိတ်လန့်စေခဲ့ပြီး ဖရန့်ခ်ကလည်း ဝီလ်ကို မြို့ကပြန်လည်ထွက်ခွာသွားအောင် အစွမ်းကုန်ကြိုးစားလာပါတော့တယ်။
...

မင်္ဂလာပါ Triggered... 💤 Welcome to FDMN Bot သည် အောက်ပါအချိန်များအတွင်း အသုံးပြုသူမရှိပါက အနားယူတတ်ပါသည်။
တနင်္လာ မှ သောကြာ 🌄 မနက် ၈ နာရီ မှ မနက် ၁၀ နာရီ 🌅 နေ့လည် ၁ နာရီ မှ ညနေ ၄ နာရီ 🌃 ည ၁၁ နာရီ မှ မနက် ၆ နာရီ စနေ နှင့် တနင်္ဂနွေ 🌃 ည ၁၂ နာရီ မှ မနက် ၈ နာရီ
🛌 သင် တောင်းဆိုမှုပြုလုပ်စဉ်က Bot မှာ အနားယူနေနိုင်ပါသည်။ 🛏️ Bot သည် ယခုကစ၍ ၂ မိနစ်ခန့် အတွင်း ပြန်လည်ပတ်ပါမည်။ 🐰 ခေတ္တစောင့်ဆိုင်းပြီး သင့်တောင်းဆိုမှုကို ပြန်လုပ်ကြည့်ပါ။

民间憋宝传说 (2024) ⭐TMDB: 0% User Score 🎬 #Mystery #Thriller 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 16 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တုန်းပေ စန်းသောက်ရွာမှာ မိသားစုလေးတစ်စုရှိပါတယ် ။သူတို့မိသားစုလေးက အစကတော့ အေးအေးချမ်းချမ်းနေထိုင်ကြပေမဲ့တစ်နေ့မှာ သားဖြစ်သူက မြွေပါကတိုးဝါအသိုက်ကိုမီးသွားရှို့ရာကနေ မြွေပါကတိုးဝါဆီကလက်စားချေခံရသလိုဖြစ်ပြီး အမေရောအဖေပါဆုံးပါးသွားပါတော့တယ် ။ အဲဒီကလေးကို ရတနာစုဂိုဏ်းက ဂိုဏ်းချုပ်ကခေါ်ပြီးပညာသင်ပေးရာက ရတနာစုသူ ခုံကျောင်းစူးဖြစ်လာခဲ့ပါတယ် ။သူတို့ရတနာစုသူတွေက ကောင်းကင်နဲ့မြေကြီးရဲ့ သန့်စင်တဲ့ဝိညာဉ်နဲ့ဖြစ်တည်လာတဲ့ရတနာတွေကိုပဲစုစည်းရတာပါ ။ဒီလိုနဲ့ ခုံကျောင်းစူးအရွယ်ရောက်တော့တောင်အောက်ဆင်းပြီး ရတနာစုဖို့လုပ်ပါတော့တယ်။ သူနေရာအနှံ့သွားရင်း ရွာတစ်ရွာအရောက်မှာ ‌သူ့မိဘတွေကိုသတ်သွားတဲ့ ဟွမ်ဖိကျစ် ( မြွေပါကတိုးဝါ )သောင်းကျန်းနေတယ်ဆိုတဲ့သတင်းကြားရပါတော့တယ် ။တကယ်တမ်းသွားကြည့်လိုက်တော့ ပြဿနာတွေကထင်သလိုမရိုးရှင်းမှန်းသိသွားချိန်မှာတော့.. ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ပြီးဘာတွေဖြစ်မလဲဆိုတာ ကြည့်ရှုလိုက်ပါဦး
...

The Rising Waves 3 (2021) ⭐TMDB: 0% User Score 🎬 #Comedy #Romance #TroubleMakersTrilogy 🗓 2021 🎞 movie 🌎 #China ⏰ 1 နာရီ 16 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပါးစပ်မပိတ်အောင်ကိုရယ်နေစေရမဲ့မာမိသားစုရဲ့ဂယက်လှိုင်းတွေအကြောင်း တတိယကားဖြစ်ပါတယ်။အရှေ့ ၂ ကားကိုလဲတင်ဆက်ပေးပြီးသားပါ၃ ကားလုံးကိုဒီလင့်မှာ ကြည့်ရှုနိုင်ပါတယ် မာလျို့တို့မိသားစုဟာ မချမ်းသာပေမယ့် တည်ငြိမ်အေးချမ်းတဲ့ဘဝလေးနဲ့ နေလာခဲ့တယ်။ ဒါပေမယ့် ဒီပျော်ရွှင်မှုလေးဟာမာလျို့ရဲ့အဖေတစ်ယောက် ပတ်ဝန်းကျင်ကမကြားသင့်တဲ့အတင်းအဖျင်းတွေကြားခဲ့တဲ့အချိန်အထိပဲတည်မြဲခဲ့တယ်။ ပြဿနာကတော့ မြေးအဖိုးနှစ်ယောက်ရုပ်မတူရာကနေစတာပါပဲ။မြေးအဖိုးနှစ်ယောက်ရုပ်မတူတဲ့အတွက် မြေးအရင်းမဖြစ်နိုင်ဘူးလို့အတင်းအဖျင်းတွေပြောကြတဲ့အတွက် အဖိုးဖြစ်သူကမြေးနဲ့DNAစစ်ကြည့်လိုက်တော့ သွေးသားမတော်စပ်ပါဘူးဆိုပြီးအဖြေထွက်လာခဲ့တယ်။အဲဒီလိုနဲ့ချွေးမကိုအပြစ်တင်စွပ်စွဲပြီး နောက်တစ်နေ့မှာမာလျို့တို့သားအဖက DNA ထပ်သွားစစ်ကြည့်လိုက်ပါတယ်။အဲဒီမှာတင်ပြဿနာကပိုရှုပ်သွားတော့တာပါပဲ။ ကလေးကမာလျို့ရဲ့သားအရင်းဖြစ်ပေမယ့် အဖိုးနဲ့သွေးမတော်ဘူးဆိုတော့မာလျို့တို့သားအဖက သားအဖအရင်းမဟုတ်တဲ့သဘောဖြစ်သွားခဲ့တယ်။ကဲ…… ဒီသပွတ်အူဇာတ်လမ်းရဲ့အဆုံးသတ်ဟာဘယ်လိုများဖြစ်နေမလဲ
...

The Slick Guy (2024) ⭐TMDB: 10% User Score 🎬 #Comedy #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 28 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တစ်ခါတုန်းကဘုရင်ကြီးတစ်ပါးဟာ ရောဂါအပြင်းအထန်ဖြစ်နေတဲ့အတွက်ရောဂါအားလုံးကိုပျောက်စေနိုင်တဲ့နတ်ဆေးလုံးဝူကော်ကိုတော်ဝင်သမားတော်၂ယောက်ကိုရှာဖို့စေလွှတ်ခဲ့တယ်။(၁၅)နှစ်ကြာမှ သမားတော်၂ယောက်ဟာပြန်ရောက်လာပြီး ဝူကော်ဆေးလုံးဟာ ၂မျိုးရှိနေပါတယ်။ တစ်လုံးကတော့ရောဂါအားလုံးကိုပျောက်စေနိုင်တဲ့နတ်ဆေးဖြစ်ပြီးတော့နောက်တစ်လုံးကတော့ကုရာဆေးမရှိတဲ့ အဆိပ်ဆေးလုံးဖြစ်နေပါတယ်။ ဒီဆေးနှစ်လုံးကိုဘယ်သူမှမခွဲခြားနိုင်တော့ မင်းကြီးဟာစွန့်စားပြီးဆေးကိုစမ်းသောက်ကြည့်ရာကနေပြီးတော့အသက်ရှင်နေရက်လှုပ်မရတဲ့ ရှင်ရက်နဲ့သေတဲ့အဖြစ်ကိုရောက်သွားခဲ့ပါတယ်။သမားတော်နှစ်ယောက်ဟာလဲ ပြစ်ဒဏ်ပေးခံလိုက်ရပါတယ်။အဲဒီအချိန်ကစပြီး နတ်ဆေးလို့ယူဆရတဲ့ဝူကော်ဆေးလုံးက ပျောက်သွားခဲ့ပါတယ်။နောက်(၁၅)နှစ်ကြာသွားတဲ့အချိန်မှာ နတ်ဆေးလုံးကိုပြန်ရှာဖို့ကြိုးစားကြတဲ့အခါ အတိတ်ကရန်ငြိုးတွေဟာ ပြန်အသက်ဝင်လာပါတော့တယ်။
...

မင်္ဂလာပါ Triggered... 💤 Welcome to FDMN Bot သည် အောက်ပါအချိန်များအတွင်း အသုံးပြုသူမရှိပါက အနားယူတတ်ပါသည်။
တနင်္လာ မှ သောကြာ 🌄 မနက် ၈ နာရီ မှ မနက် ၁၀ နာရီ 🌅 နေ့လည် ၁ နာရီ မှ ညနေ ၄ နာရီ 🌃 ည ၁၁ နာရီ မှ မနက် ၆ နာရီ စနေ နှင့် တနင်္ဂနွေ 🌃 ည ၁၂ နာရီ မှ မနက် ၈ နာရီ
🛌 သင် တောင်းဆိုမှုပြုလုပ်စဉ်က Bot မှာ အနားယူနေနိုင်ပါသည်။ 🛏️ Bot သည် ယခုကစ၍ ၂ မိနစ်ခန့် အတွင်း ပြန်လည်ပတ်ပါမည်။ 🐰 ခေတ္တစောင့်ဆိုင်းပြီး သင့်တောင်းဆိုမှုကို ပြန်လုပ်ကြည့်ပါ။

Making Waves 2 (2021) ⭐TMDB: 0% User Score 🎬 #Comedy #Romance #TroubleMakersTrilogy 🗓 2021 🎞 movie 🌎 #China ⏰ 1 နာရီ 7 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပါးစပ်မပိတ်အောင်ကိုရယ်နေစေရမဲ့မာမိသားစုရဲ့ဂယက်လှိုင်းတွေအကြောင်းဒုတိယကားဖြစ်ပါတယ်။စုစုပေါင်းသုံးကားရှိပြီး ၃ ကားလုံးကိုဒီလင့်မှာကြည့်နိုင်ပါတယ် ဒီဇာတ်ကားမှာ တစ်ချိန်က မိုက်ခဲ့တဲ့လူမိုက်ကြီးတစ်ယောက် ဈာန်လျှောသွားခဲ့ရတဲ့ ဘဝကို ပုံဖော်ပြထားခဲ့တာပါ.. ဒီဇာတ်လမ်းလေးကို အကျဉ်းလေးကတော့.အစ်ကိုကြီးနောက်လိုက်ရင်း အသက်ကြီးလာတဲ့လောကျစ်တစ်ယောက် လုံခြုံရေးတံခါးစောင့်ဘဝကို ရောက်သွားခဲ့တာပါပဲ..သူက လုံခြုံရေးတံခါးစောင့်ဖြစ်တော့ တုန်းယိကရောတစ်ခုလတ်ကို ယူပြီး သူ့သားကို ထိန်းကျောင်းပြီး အလုပ်နဲ့လက်မပြတ်ခဲ့ဘူးပေါ့…သူတို့ရဲ့အစ်ကိုကြီးကတော့ မိန်းမလုပ်စာစားပြီး မိုက်ကြည့်ဖို့ ကြိုးစားနေခဲ့တာပေါ့… ဒါပေမယ့်လည်း စိတ်ကသာရှိတာ လူက အိုပြီလေလူမိုက်အသစ်တွေနဲ့ ယှဉ်ထိုးဖို့မပြောနဲ့ ကြည့်တောင် မကြည့်နိုင်ရှာပါဘူး…ဒီလိုနဲ့ တုန်းယိတစ်ယောက် ကိုရီးယားကစက်ရုံကို သွားပြီး အလုပ်လုပ်ဖို့ဖြစ်လာတယ်…သူလည်း သွားရော သူ့မိန်းမတစ်ခုလတ်ကအမူအကျင့်တွေပြောင်းနေတာကြောင့်လူမိုက်ကြီး ၂ ယောက်က စုံထောက်ဖြစ်လာခဲ့တာပေါ့..ဒီလိုနဲ့ တုန်းယိမိန်းမနောက်မီးလင်းတာကို စုံစမ်းရင်း…ဘာတွေဖြစ်မလဲဆိုတာကို မပြောတော့ဘူး.. ဘဝအမောတွေကို ရယ်မောရင်းဖြေဖျောက်ဖို့ဇာတ်ကားလေးကိုကြည့်လိုက်ကြရအောင်
...

မင်္ဂလာပါ Triggered... 💤 Welcome to FDMN Bot သည် အောက်ပါအချိန်များအတွင်း အသုံးပြုသူမရှိပါက အနားယူတတ်ပါသည်။
တနင်္လာ မှ သောကြာ 🌄 မနက် ၈ နာရီ မှ မနက် ၁၀ နာရီ 🌅 နေ့လည် ၁ နာရီ မှ ညနေ ၄ နာရီ 🌃 ည ၁၁ နာရီ မှ မနက် ၆ နာရီ စနေ နှင့် တနင်္ဂနွေ 🌃 ည ၁၂ နာရီ မှ မနက် ၈ နာရီ
🛌 သင် တောင်းဆိုမှုပြုလုပ်စဉ်က Bot မှာ အနားယူနေနိုင်ပါသည်။ 🛏️ Bot သည် ယခုကစ၍ ၂ မိနစ်ခန့် အတွင်း ပြန်လည်ပတ်ပါမည်။ 🐰 ခေတ္တစောင့်ဆိုင်းပြီး သင့်တောင်းဆိုမှုကို ပြန်လုပ်ကြည့်ပါ။

Phalana Abbayi Phalana Ammayi (2023) ⭐IMDB: 4.8/10 (268 Votes) 🎬 #Bollywood #Drama #Romance #Comedy #Family 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 6 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Phalana Abbayi Phalana Ammayi (2023) “အချစ်နယ် ကန့်သတ်ချက်” ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ 2023 ခုနှစ်ထွက်အိန္ဒိယတေလူဂူးဘာသာစကားပြော အချစ်ဟာသရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Srinivas Avasarala ရိုက်ကူးပေးထားပြီးတော့ Naga Shaurya နဲ့ Malvika Nair တိုကအဓိက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့ ဆန်ဂျေးနဲ့ အာနူပါမာတိုနှစ်ယောက် ကောလိပ်မှာဆုံတွေ့ရာကနေ တဖြည်းဖြည်း ရင်းနှီးသွားပြီး အချစ်တွေနဲ့အတူ ခိုင်မာတဲ့ ဆက်ဆံရေးတစ်ခုကိုအတူတူ တည်ဆောက်လိုက်ကြပါတော့တယ်။ သူတိုနှစ်ယောက်ဟာ ကောလိပ်အပြီးမှာတော့ တူတူနေထိုင်ခဲ့ကြပေမဲ့နောက်ပိုင်းမှာတော့ အဆင်မပြေ ဖြစ်လာရာကနေ လမ်းခွဲလိုက်ရပါတယ်။ဆယ်နှစ်ကြာပြီးတဲ့နောက်မှာတော့ ဆန်ဂျေးတစ်ယောက် သူဖွင့်ထားတဲ့ စားသောက်ဆိုင်မှာအာနူပါမာနဲ့ ပြန်တွေ့ဆုံရင်း သူတိုနှစ်ယောက်ကြား ဘာတွေ ဆက်ဖြစ်ကြဦးမလဲဆိုတာ‌ကိုတော့ဒီဇာတ်ကားလေးထဲမှာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးလို တိုက်တွန်းပါရစေရှင် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်
...

Raundal (2023) ⭐IMDB: 7.2/10 (272 Votes) 🎬 #Action #Bollywood #Drama #Musical 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 24 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Raundal (2023)“လယ်သမား” IMDb 7.2 ရထားပြီး အက်ရှင် ဇာတ်ကြမ်း အချစ်အလွမ်းတိုရောယှက်ထားတဲ့ အိန္ဒိယကျေးလက်ဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ် ရှီဗာဟာ အမိမြေကို အလုပ်အကျွေးပြုချင်လို တပ်ထဲဝင်သွားပေမယ့် လေ့ကျင့်ရေးမှာမလိုက်နိုင်တာရယ် အသက်ပြည့်သွားတာရယ်ကြောင့် ဝင်ခွင့်ကျသွားတော့ … ဘိုးဘွားပိုင် လယ် ၇ ဧကကို အထွက်တိုးအောင်လုပ်ပြီး တိုင်းပြည်ကိုစိုက်ပျိုးရေးနဲ့ အလုပ်အကျွေးပြုဖို ဆုံးဖြတ်လိုက်တယ် စိုက်ပျိုးတာအောင်မြင်သလောက် ရိတ်သိမ်းရောင်းချဖိုကျ အခက်အခဲရှိတာကိုသိရပြီး စက်ရုံပိုင်ရှင်တစ်ယောက်က သူတိုရွာကိုမှ ခွဲခြားနှိမ်ထားတဲ့ အကြောင်းတစ်ခုကလည်း ရှိနေပြန်တယ် သူ့အိပ်မက်အကောင်အထည်ဖော်ဖို ကြိုးစားရပုံတွေနဲ့အတူ တစ်ဖက်မှာလည်းဘေးအိမ်က အထာတွေပေးနေတဲ့ ကောင်မလေးနဲ့ရော ဘယ်လိုဇာတ်လမ်းဆက်မှာလဲအချစ်နဲ့ ဘဝ ဘက်မျှမျှ တင်ဆက်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါကြောင်း အညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ ToMo ~ Yunni ~ Alex ~ KKKZ တို ဖြစ်ပါတယ်
...

Buddha: Rajaon Ka Raja (2013) ⭐IMDB: 8.8/10 (465 Votes) 🎬 #Drama #History #Documentary #Biography 🗓 2013 🎞 tv series 🌎 #India ⏰ 45 မိနစ် 50 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မိရိုးဖလာသမိုင်းအလွန်က ဗုဒ္ဓဝင် | Buddha – Rajaon Ka Raja (2013 – 2014) မြန်မာနိုင်ငံက ဗုဒ္ဓဘာသာအများဆုံးကိုးကွယ်တဲ့နိုင်ငံတစ်ခုဖြစ်ပေမယ့် ဗုဒ္ဓဘာသာနဲ့ ဗုဒ္ဓဝင်နဲ့ပတ်သက်ပြီး အဆင့်အဆန်းတစ်ခုရှိတဲ့ ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲထွက်ရှိမှုပမာဏကတော့ လက်ချိုးရေတွက်လို့ရအောင်နည်းလွန်းတာကတော့ စိတ်မကောင်းစရာတစ်ခုပါပဲ။ ရှားရှားပါးပါး ဒါရိုက်တာဦးသုခရိုက်ခဲ့ဖူးတဲ့ ရဟန်းစားရသောဆွမ်းတစ်နပ် ဆိုတဲ့ ရုပ်ရှင်ကတော့ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး မြန်မာတွေဖန်တီးခဲ့သမျှထဲမှာ အဆင့်အတန်းတစ်ခုအထိရှိခဲ့တာကတော့ လက်ခံရလိမ့်မယ်။ ၂၀၁၃ က ထွက်ခဲ့တဲ့ Zee TV ရဲ့ ဗုဒ္ဓဝင်ဇာတ်လမ်းတွဲ Buddha: Rajaon Ke Raja ဆိုတဲ့ ဇာတ်လမ်းတွဲကတော့ ဗုဒ္ဓဘာသာရဲ့ပြယုဂ်တစ်ခုကို ကောင်းကောင်းကြီးပြသပေးခဲ့တဲ့ show တစ်ခုလို့ ပြောရမယ်။ အဲထဲမှာသုံးထားတဲ့ သမိုင်းအကိုးအကားအများစုနဲ့ ဇာတ်လမ်းတည်ဆောက်ပုံတွေကတော့ နီပေါ၊ တိဘက်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို စတဲ့ ဒေသ​တွေက ဗုဒ္ဓဝင်မူကွဲတွေကို ကိုးကားထားတာတွေ့ရပါတယ်။ (တချို့မူကွဲတွေမှာ မယ်တော်မာယာရဲ့ဝမ်းကြာတိုက်ကို ဆင်ဖြူတော်တစ်ကောင်ဝင်တယ် လို့ အိပ်မက်မက်တယ်၊ တချို့ကြတော့ ကြာပန်းတစ်ပွင့်ဝင်တယ်လို့ အိပ်မက်မက်တယ် လို့ ရေးထားကြတယ်) ဒါပေမယ့် မြန်မာဗုဒ္ဓဝင်တွေနဲ့အများကြီးတူညီတဲ့အကိုးအကားတွေကိုလည်း ဒီထဲမှာပြန်တွေ့ရတယ်ပေါ့။ စုစုပေါင်း ၅၅ ပိုင်း ရှိတယ်။ တစ်ပိုင်းတစ်ပိုင်းကို ပြသချိန်က ၄၅မိနစ်ကနေ တစ်နာရီအထိရှိတယ်။ ဒီ show ကို ဘာလို့သဘောကျရလဲဆိုတော့ ဗုဒ္ဓကို မြန်မာဗုဒ္ဒဝင်တွေထဲကလို ခေါက်ရိုးကျိုးပုံစံတွေနဲ့ပြသထားတာမဟုတ်ပဲ မတူညီတဲ့ရှုထောင့်တွေ၊ လွတ်မြောက်ရာနိဗ္ဗာန်လမ်းကိုရှာဖွေတွေ့ရှိသွားတဲ့ လူသားတစ်ယောက်အနေနဲ့၊ သူတွေ့ရှိခဲ့တဲ့အသိပညာနဲ့တရားတွေကို လောကထဲကလူသားတွေကိုမျှဝေပေးခဲ့တဲ့ မဟာလူသားတစ်ယောက်အနေနဲ့ ပြသထားတာတွေကြောင့် သဘောကျမိခဲ့တာပေါ့။ အမ္ဗပါလိ၊ ပသေနဒီကောလသ၊ မဟာကဿပ၊ အင်္ဂုလိမာလ စတဲ့စတဲ့ ဗုဒ္ဓဝင်ထဲက ဇာတ်ကောင်တွေကိုလည်း ဒီ show မှာ reality ဆန်တဲ့ ရှူထောင့်တွေနဲ့ပြသခဲ့တယ်။ အထူးသဖြင့် ဒေဝဒတ်နဲ့ပတ်သက်ပြီး တင်ဆက်ပြသခဲ့တဲ့ပုံစံကို တော်တော်သဘောကျမိတယ်။ နောက်ဆုံးမှာ ဒေဝဒတ်တစ်ယောက် သူမှားကြောင်းဝန်ခံခဲ့ပြီး မသေခင်မှာ သရဏဂုံတင်ခွင့်ရသွားခဲ့တယ် ဆိုတာကတော့ မြန်မာဗုဒ္ဓဝင်မူကွဲတွေနဲ့မတူပေမယ့်လည်း လက်ခံလို့ရခဲ့တဲ့အနေအထားတစ်ခုဖြစ်သွားခဲ့တယ်။ ဒီ တစ် show လုံးမှာ အစအလယ်အဆုံး ဗုဒ္ဓဝါဒဆိုတာကို ရိုးရှင်းတဲ့ပုံစံနဲ့ တင်ဆက်ခဲ့တာက ထင်မှတ်မထားအောင်စိတ်ဝင်စားဖို့ကောင်းတယ်။ ပြောရရင်တော့ ဗုဒ္ဓဟာ ဉာဏ်ပညာအလင်းရသွားတဲ့မဟာလူသားတစ်ယောက်ဖြစ်ပေမယ့် လူသားထဲကလူသားတစ်ယောက်ပါပဲဆိုတဲ့အမြင်နဲ့ တင်ဆက်ခဲ့တာပေါ့။ အဲမှာတစ်ခုရှိတာက အရှေ့တောင်အာရှက ဗုဒ္ဓဝင်တွေနဲ့ကွဲထွက်နေတဲ့အကြောင်းအရာတွေ၊ အငြင်းပွားစရာဇာတ်လမ်းအ​ကြောင်းအရာတွေလည်းပါသွားတယ်။ ဒါပေမယ့် တစ်ခုရှိတာက ဒီလိုအငြင်းပွားစရာအကြောင်းအရာတွေက ဇာတ်လမ်းရဲ့တင်ဆက်ပုံမှာရော၊ ဗုဒ္ဓဝါဒကိုပါ ထိခိုက်မှုမရှိတာကိုတွေ့ခဲ့ရတယ်ပေါ့။ ပြောရရင် ဒီ show တစ်ခုလုံးမှာ ဗုဒ္ဓက တန်ခိုးပြခဲ့တယ်ဆိုတာ လုံးဝပါမလာခဲ့ဘူး။ အောင်ခြင်း ၈ ပါးထဲက ပထမဆုံးဖြစ်တဲ့ မာရ်နတ်ကိုအောင်ခြင်းလောက်ပဲ တန်ခိုးတွေစွမ်းအားတွေထည့်သုံးထားတာတော့ရှိတယ်၊ ဒါကလဲ ဗုဒ္ဓဖြစ်ဖို့ကျင့်ကြံနေတုန်းမှာ မာရ်နတ်ကနှောင့်ယှက်တာဆိုတော့ ဖြစ်သင့်တဲ့အနေအထားတစ်ခုပါပဲ။ အဲဒီမှာကျွန်တော်ကြိုက်မိတာက မိမိကိုယ်ကိုအောင်နိုင်ခြင်း ဆိုတဲ့ သဘောတရားကို ဖိသုံးထားတာကိုပါပဲ။ ဇာတ်ကောင်စရိုက်နဲ့ပတ်သက်ပြီးပြောရရင် ဗုဒ္ဓနေရာကနေသရုပ်ဆောင်ခဲ့တဲ့ Himanshu Soni ကို လုံးဝသဘောကျတယ်။ တော်ရုံတန်ရုံသရုပ်ဆောင်တွေ လုပ်နိုင်ရင်တောင် လုပ်ဖို့မတတ်နိုင်တဲ့ နက်နဲတဲ့ဇာတ်ကောင်စရိုက်ကို ပီပီသသပုံဖော်နိုင်ခဲ့တာ နည်းတဲ့သရုပ်ဆောင်ချက်မျိုးမှမဟုတ်တာပဲမလား။ အနှစ်ချုပ်သဘောနဲ့ပြောရရင် အယူသီးလွန်းတဲ့မြန်မာနိုင်ငံမှာ reality ဆန်တဲ့ အိန္ဒိယရဲ့ ဗုဒ္ဓဝင်ဇာတ်လမ်းတွဲက လူကြိုက်များသွားခဲ့တာ တော်တော်အံ့သြဖို့ကောင်းတယ်လို့ပြောလိုက်ချင်တာပါပဲ။ ကျွန်တော်တို့နယ်မှာ ဘုန်းကြီးကျောင်းတချို့ဆိုရင် ဒီဇာတ်လမ်းတွဲကို ညဘက်တွေမှာ ဘုန်းကြီးကျောင်းသားတွေနဲ့ ကိုရင်တွေကို အခွေထိုးပြီးပြတဲ့အဆင့်အထိရှိခဲ့ဖူးတယ်။ ကာလတွေကြာလာလေလေ၊ ကိုးကွယ်ကြသူတွေရဲ့ အယူသီးစိတ်တွေကြောင့် ဗုဒ္ဓဝါဒဟာ ကိုယ်တိုင်အားထုတ်ခြင်း မဟုတ်တော့ပဲ တန်ခိုးရှင်နဲ့ ဗေဒင်ဝါဒဘက်ကို တစ်စတစ်စရောက်လာလေလေ ဖြစ်လာတဲ့အချိန်မှာ အဘိဓမ္မာစာပေတွေဖတ်ဖို့အချိန်မပေးနိုင်ရင် ဒီ show ကို ကြည့်လိုက်ရင်တော့ တစ်ခုမဟုတ်တစ်ခုအသိပညာရသွားမှာအမှန်ပါပဲ။ Sub-Zero ရေးသည်။ ...

Exposure (2024) ⭐IMDB: 6.0/10 (73 Votes) 🎬 #Drama #Mystery #Thriller 🗓 2024 🎞 Series 🌎 #Australia ⏰ 28 မိနစ် 18 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Exposure (2024) IMDb – 5.9/10 CM ရဲ့ အင်္ဂလိပ်စီးရီးပရိသတ်ကြီးကို ဒီတစ်ခါတင်ဆက်ပေးမယ့် စီးရီးလေးကတော့အသစ်စက်စက်ထွက်ရှိထားတဲ့ Exposure ဆိုတဲ့ မီနီစီးရီးလေးပဲဖြစ်ပါတယ်။ ဓာတ်ပုံပြိုင်ပွဲအထိပါ ဆုရထားတဲ့ တက်သစ်စဓာတ်ပုံဆရာမလေးဂျက်စ်ဟာငယ်သူငယ်ချင်းရဲ့နာရေးသတင်းကြောင့် မွေးရပ်မြေမြို့လေးကို ပြန်လာခဲ့ပါတယ်။ရိုးရှင်းတဲ့မြို့ငယ်လေးဖြစ်တာမို့ သူငယ်ချင်းဖြစ်သူရဲ့ သေဆုံးမှုဟာလည်းသာမာန်ဆန်တဲ့နာရေးတစ်ခုအနေနဲ့ပဲ ပြီးမြောက်သွားခဲ့ပါတယ်။ မပြီးမြောက်နိုင်တာတော့ ‌ဂျက်စ်ပါပဲ။ ဘာရယ်မဟုတ် အတိတ်ကအမှတ်တရတွေကိုလိုက်တူးဆွမိရင်း သူငယ်ချင်းဖြစ်သူရဲ့ဖုန်းထဲက ထူးဆန်းတဲ့လူတစ်ယောက်ကို လိုက်စုံစမ်းမိလာပါတော့တယ်။ဒီသေဆုံးမှုဟာ ခပ်မှိုင်းမှိုင်းမြို့ငယ်လေးက ခပ်ရိုးရိုးသေဆုံးမှုလား… ဒါမှမဟုတ် မြှုပ်ကွက်များရှိနေမလား၊ဂျက်စ်တစ်ယောက် သူလိုချင်တဲ့အဖြေရသွားမလား ဆိုတာကိုတော့ ပရိသတ်ကြီးကိုယ်တိုင်ပဲလိုက်ပါစီးမြောကြည့်ရှုလိုက်ပါဦး။ ခပ်မှိုင်းမှိုင်း Cinematography ၊ ခပ်လေးလေးနောက်ခံတီးလုံးနဲ့ ခပ်အေးအေးplot အသွားကြောင့် ခုလိုမိုးအေးအေးနဲ့ကြည့်လို့တော့ အကိုက်ဆုံးစီးရီးလေးလို့ ညွှန်းပါရစေ။ အညွှန်းနဲ့ဘာသာပြန်ကတော့ CM မှ Aditi, Sai Sumali, Zwe Yan, Alexia နဲ့ V တို့မှ ဘာသာပြန်တင်ဆက်ထားတာပဲဖြစ်ပါတယ်။
...

Vinveli Devathai (2023) ⭐TMDB: 0% User Score 🎬 #Bollywood #Comedy #Romance 🗓 2023 🎞 movie 🌎 #India #Malaysia ⏰ 2 နာရီ 15 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Vinveli Devathai 2023 ချစ်ခြင်းငယ်ပြိုင် ကျောင်းသားအချစ်ဇာတ်လမ်းတွေကို သဘောကျသူတွေအတွက်တမီလ်ကျောင်းသားအချစ်ဇာတ်လမ်းလေး တင်ဆက်ပေးချင်ပါတယ်။ငယ်ချစ်နှစ်တစ်ရာမမေ့သာဆိုတဲ့ ခရစ်ရှ် ၊ နောက်မှဆုံပေမဲ့ နွေးထွေးမှုပေးနိုင်တဲ့အာကက်ရှ်နဲ့ ဗန်နီလာဆိုတဲ့ကောင်မလေးတို့ကြားက 3 ပွင့်ဆိုင်ချစ်ဇာတ်လမ်းကို ရှုစားရမှာပါ။ ဖခင်ကအမြဲနှိပ်စက်ရိုက်နှက်တတ်သလို အမေကလည်း အဖေ့ကိုမနိုင်တဲ့အတွက် အိမ်ဆိုတာငရဲပမာဖြစ်နေတဲ့ဗန်နီလာတစ်ယောက် ကျောင်းမှာသူ့ကိုကာကွယ်ပေးတဲ့ကိုကြီး ခရစ်ရှ်ဟာ သူ့အတွက်တစ်ကမ္ဘာပါပေါ့။ ဒါပေမဲ့ အတ္တတွေကြားမှာ အချစ်ဦးနဲ့လွဲချော်ရဖို့ဖြစ်လာပြီး နွေးထွေးတဲ့ရင်ခွင်ပိုင်ရှင် အာကတ်ရှ်နဲ့ထပ်ဆုံရဖို့ဖြစ်လာတဲ့အခါ…. တစ်ဖက်က အာကာသယာဉ်မှူးဖြစ်ချင်တဲ့ အိပ်မက်ကတစ်ဖက်၊ ချစ်သူနဲ့မိသားစုရေးရာတွေကတစ်ဖက်နဲ့ဗန်နီလာတစ်ယောက် သူ့ရဲ့ရည်မှန်းချက်အတွက် ဘယ်လိုကြိုးစားမလဲ‌ဆိုတာ ရှုစားကြပါဦးစို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)
...