ru
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Dirty Money (2024) ⭐IMDB: 4.8/10 (16 Votes) 🎬 #Action #Crime #Drama 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 40 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dirty Money (2024) ********************* Reply 1994, Hospital Playlist, Kingdom စတဲ့ နာမည်ကြီးကားတွေထဲမှ သရုပ်​ဆောင် Jung Woo, Kim Dae-myung, Park Byeong-eunတို့ အဓိကပါဝင်သရုပ်​ဆောင်ထားတဲ့ Dirty Money ဆိုတဲ့ ပရိသတ်ကြီးတို့အကြိုက် Crime-action အမျိုးအစား ရုပ်ရှင်အသစ်စက်စက်လေး ထွက်ရှိလာပါပြီ။ ဇာတ်လမ်းအညွှန်း- သမီးဖြစ်သူရဲ့ ခွဲစိတ်စရိတ်​ကြောင့် ပူပန်​နေရတဲ့ စုံ​ထောက်နဲ့ အ​ကြွေး​ကြောင့် သူငယ်ချင်းဆီမှာ ​ခြေချုပ်မိခံ​နေရပြီး သူလျှိုလုပ်​နေရတဲ့ တွဲဖက်စုံ​ထောက်တို့ အခင်းဖြစ်​နေရာက ရခဲ့တဲ့ သက်​သေပစ္စည်းကို ဖြတ်လုပြီး ပိုက်ဆံ​တွေကိုခိုးယူဖို့ ကြံစည်ကြတဲ့ စုံထောက်နှစ်ယောက် ပိုက်ဆံသယ်ဖို့ အကူတစ်​ယောက်ကို ခေါ် ပြီး ဓါးပြသွားတိုက်တဲ့အခါ ​နောက်ကွယ်ကနေ လုပ်ကြံ ပစ်ခတ်လိုက်တဲ့ကျည်ဆံ​ကြောင့် အကူ​ကောင်​လေးသေဆုံးသွားပြီး စုံ​ထောက်ဘဝက​နေ ရုတ်ချည်း တရားခံ​ဘဝကို​ ရောက်သွားပါတော့တယ်။ ဝရမ်းပြေးဖြစ်သွားတဲ့ စုံထောက်နှစ်ယောက် အကျပ်အတည်း​တွေက​နေ လွတ်​​မြောက်ဖို့ တရုတ်ဂိုဏ်းနဲ့ အကြမ်းဖက်မှုခင်းဌာနက​နေ ရုန်းထွက်နိုင်ဖို့ ဘယ်လို​တွေ ကြိုးစားသွားကြမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှု​ပေးကြပါဦးနော်။ (ဇာတ်လမ်းအကျဉ်းကို Stary မှ ရေးသားပေးထားပါတယ်။)
...

Devara Part 1 (2024) ⭐IMDB: 6.1/10 (15 k Votes) 🎬 #Action #Bollywood #Drama #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 52 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Devara: Part 1 (2024) “ဒေဗာရာ”IMDb – 6.4/10 ဘောလိ၀ုဒ်ပရိသတ်တို့ စောင့်မျှော်နေကြတဲ့တောင်ပိုင်းမင်းသား N.T.Rama Rao Jr၊ဟင်ဒီမင်းသားကြီး ဆေ့ဖ်အလီခန်းတို့ရဲ့ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ တစ်လအတွင်း အိန္ဒိယက ခရစ်ကတ်ကမ္ဘာ့ဖလားပွဲကိုလက်ခံကျင်းပရတော့မယ်။ ဒါပေမဲ့ အကြမ်းဖက်အဖွဲ့အစည်းရဲ့ကြီးမားတဲ့တိုက်ခိုက်မှုတစ်ခုရှိတာကို သတင်းရထားခဲ့ရော။ ဒီမှာပဲ သံသယတရားခံတွေကို လိုက်ဖမ်းတဲ့အချိန် တကယ့်ခေါင်းဆောင်ကို ဘယ်မှာမှရှာလို့မရ။သတင်းရဖို့အတွက်သွားရမဲ့နေရာက ပင်လယ်နီလို့ခေါ်တဲ့ ပင်လယ်ကမ်းစပ်တစ်နေရာက ရွာတစ်ခု။ရန်သူရဲ့သွေးတွေနဲ့ ရဲရဲနီနေခဲ့လို့ ပင်လယ်နီလို့ခေါ်တဲ့နေရာ။ အဲဒီနေရာက ဒေသခံတွေချစ်ကြတဲ့ ဒေဗာရာဆိုတဲ့လူတစ်ယောက်အကြောင်း။ဘောလိ၀ုဒ်အက်ရှင်ဇာတ်ကြမ်းနှစ်ခြိုက်သူတွေ သဘောတွေ့စေမှာမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)
...

Lord Eagle (2022) ⭐TMDB: 0% User Score 🎬 #Action #Fantasy 🗓 2022 🎞 movie 🌎 #China ⏰ 1 နာရီ 25 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရွှယ်ရင်း အရှင်သခင်လို့ အမည်တွင်တဲ့ တုန်းပေါ်ရွှယ်ရင်းဟာမျိုးနွယ်စုရဲ့ စည်းမျဥ်းစည်းကမ်းတွေကို ဖောက်ဖျက်ပြီးအကျဥ်းချခြင်းခံနေရတဲ့ မိခင်ကို ကယ်တင်ဖို့ ကြိုးစားနေသူ တစ်ဦးပါ ။ အဲဒီအချိန်မှာပဲ ရွှယ်ယင်း(နှင်းသိန်းငှက်နတ်ဘုရား)မျိုးနွယ်စုရဲ့မျိုးဆက်ဖြစ်တဲ့ ယွီကျင့်ချို ၊ ပြီးတော့ မိန်းကလေး ခုန်းယိုးယွဲ့ နှင့်တစ်ခြားအဖွဲ့သားတွေ အတူပူးပေါင်းကာ မတရားမှုတွေရဲ့အဖြစ်မှန်ကိုရှာဖွေပြီး / တာဝန်ကို လုပ်ကိုင်ဖြေရှင်းကြဖို့ စီစဥ်ခဲ့ကြပါတယ် ။ ဒီတော့…- ❏ တစ်လမ်းလုံး အခက်အခဲတွေ အဆက်မပြတ်ကြုံတွေ့လာကြပြီးနောက်မှာ အောင်မြင်မှုတွေကိုအရယူနိုင်ကြပါ့မလား ?❏ သူတို့ရှာနေတဲ့ အမှန်တရားတွေကိုရှာတွေ့ပြီးအညှိုးတွေ လက်စားချေမှုတွေကို ခဝါချနိုင်မလား ?❏ အခက်အခဲကြားတွေထဲကမှ စစ်မှန်တဲ့ ချစ်ခြင်းတရားလေးကိုရောရှာတွေ့သွားနိုင်မလား / မိခင်ဖြစ်သူကိုရော ကယ်တင်နိုင်ပါ့မလား ?ဆိုတာ ဒီဇာတ်ကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော်
...

Oversize Love (2020) ⭐IMDB: 5.3/10 (216 Votes) 🎬 #Comedy #Romance #Drama #Fantasy 🗓 2020 🎞 movie 🌎 #China ⏰ 1 နာရီ 45 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ တစ်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့၁၈ ရက်နေ့ကမှထွက်ရှိထားတဲ့ a girl like me ဆိုတဲ့ ဇာတ်ကားလေးထဲကGuang Xiao Tong မင်းသမီး(Lu Han ရဲ့ Girlfriendလေး) ရဲ့ movieလေးပါမင်းသားကလည်း အားလုံးနဲ့ မစိမ်းတဲ့ Love desinger ကားလေးထဲက မင်းသားပါနော် ဇာတ်လမ်း အကြောင်းအရာလေးကတော့….ရှောင်ရှီးဆိုတဲ့ ကောင်မလေးကသဘောကောင်းပြီး လူတကာကို ကူညီပေးတတ်တဲ့ အတွင်းစိတ်လှသူလေးဆိုပေမဲ့သူဟာ အဝလွန်နေတဲ့ လူတစ်ယောက်ဖြစ်တာကြောင့် အပြင်ပန်းကိုပဲမြင်ကြတဲ့ယောကျာ်းလေးတွေရဲ့ အထင်သေးမှုကိုခံရတဲ့လူတစ်ယောက်ဖြစ်ပါတယ် သို့ပေမဲ့လို့ သူ့ကို ဘယ်တုန်းကမှ အထင်မသေးဖူးဘဲနဲ့အရာရာဖြည့်ဆည်းပေးတတ်တဲ့လူကတော့ ရှောင်ရှီးရဲ့အချစ်ဆုံးယောကျာ်းလေးသူငယ်ချင်းဖြစ်တဲ့ နာမည်ကျော်ဂီတထုတ်လုပ်သူဟန်ပင်းပါပဲ ရှောင်ရှီးရဲ့ ဆန္ဒတစ်ခုကတော့ အရမ်းချောတဲ့ကောင်လေးတစ်ယောက်နဲ့ချိန်းတွေ့နိုင်ဖို့ပါ အဲဒါကြောင့် ရှောင်ရှီးက လှပသွယ်လျတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ချင်လာခဲ့ပါတယ် ဒါပေမဲ့ သူဟာ အစားအရမ်းကြီးပြီးအားကစားမလိုက်စားတဲ့အတွက် သူ့ရဲ့ဆန္ဒဟာ ပြည့်ဝ မလာခဲ့ပါဘူး သို့ပေမဲ့လည်း ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကြောင့် နတ်မင်းတစ်ပါးဆီကနေအိမ်မက် ပိန်ဆေး ရလာပြီးတော့ သူ့ရဲ့အိမ်မက်လေး အမှန်တကယ်ဖြစ်လာတဲ့အချိန်ကို ရောက်ရှိလာပါတယ် ဒါပေမဲ့ ပိန်ဆေးရဲ့ဆိုးကျိုးက ၁၀နါရီပဲခံပြီးတော့အချိန်စေ့သွားတဲ့အခါမှာ ပြန်ပြီးဝလာတာပါ အရာရာတိုင်းမှာသူ့တန်ရာတန်ကြေးရှိတယ်ဆိုတဲ့အတိုင်း အိမ်မက်ပိန်ဆေးရဲ့ အဖိုးအခကဘာဖြစ်နေမလဲ ရှောင်ရှီးလေးကရော ကောင်လေးချောချောလေးနဲ့ချိန်းတွေ့နိုင်မှာလား သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းကရောဘယ်လိုတွေကူညီပေးမှာလဲ ဆိုတာကို ဆက်လက်ကြည့်လိုက်ကြရအောင်ပါ
...

The Yin Yang Master (2021) ⭐TMDB: 67% User Score 🎬 #Action #Adventure #Drama #Fantasy #Romance 🗓 2021 🎞 movie 🌎 #China ⏰ 2 နာရီ 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နာမည်ကြီးကားမို့ အထူးအထွေမိတ်မဆက်ပေးတော့ပါဘူးဇာတ်ကားနာမည်ကတော့ Ying Yang Master ပါ။Painted Skin (2012)မှာ ill-fated lover အနေနဲ့ပဲသရုပ်ဆောင်နေသလားမှတ်ရလောက်တဲ့Chen Kun နဲ့ Zhou Xun က အဓိက ပါဝင်သရုပ်ဆောင်ထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ Chen Kun (ချင်မင်) ဟာမိစ္ဆာတစ်ပိုင်းလူသားတစ်ပိုင်းပေါ့နော်။ သူက ခေါင်းကိုးလုံးမြွေရဲ့ဆက်ခံသူလို့ ဆိုနိုင်လောက်အောင် မိစ္ဆာသွေးပါနေခဲ့သူပါ။ ဒီကားလေးမှာလူနဲ့ မိစ္ဆာကို စည်းတစ်ခုခြားပြီး အတူယှဉ်တွဲနေတာဖြစ်ပြီးယင်းယန်အဖွဲ့ကတော့ စည်းကျော်လာတဲ့မိစ္ဆာတွေကို အပြစ်ပေးစီရင်တဲ့အဖွဲ့ပေါ့။ ချင်မင်ကို လူမမယ်အရွယ်မှာယင်းယန်အဖွဲ့ကမွေးစားခဲ့ပေမယ့် နောက်ကြောင်းကို မသိခဲ့ဘူး။တစ်နေ့တော့ သရုပ်မှန်ပေါ်လာခဲ့ပြီး မိစ္ဆာကောင်ဆိုပြီး ညီအစ်ကိုတွေဆရာတွေရဲ့ ခွဲခြားဆက်ဆံတာကိုခံရတဲ့ ချင်မင်အဖို့ Zhou Xu (ပိုင်နီ)ဟာအလင်းရောင်ဖြစ်ခဲ့ပါတယ်။ ပိုင်နီကလည်း ချင်မင်လိုပဲ တာဝန်တစ်ခုနဲ့ယှဉ်တွဲမွေးဖွားလာသူပါ။ သူ့တာဝန်ကတော့ ယင်းယန်အဖွဲ့ရဲ့ခေါင်းဆောင်အဖြစ်ရွေးချယ်ခံထားရသူပေ့ါ။ပိုင်နီနဲ့ချင်မင်က ကတိတစ်ခုထားထားတယ် ဒါကတော့ ချင်မင်ကပိုင်နီရဲ့ အမိန့်နာခံသူအဖြစ်နေပြီး လုံးဝ မိစ္ဆာဆိုးအဖြစ်မပြောင်းလဲသွားဘူးဆိုတာပါပဲ။ ဒီကတိစကားကို ချင်မင်တည်နိုင်မှာလား။ပိုင်နီနဲ့ချင်မင်ကြားက သံယောဇဉ်ကရော ဘယ်လိုပြောင်းလဲသွားမလဲ။လူနဲ့ မိစ္ဆာကြားက တိုက်ပွဲကရော ဘာဖြစ်သွားမယ်ဆိုတာ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးမို့ ကြည့်ဖြစ်အောင်ကြည့်ကြည့်ကြနော်။
...

Cheta Singh (2023) ⭐IMDB: 7.4/10 (246 Votes) 🎬 #Bollywood #Thriller #Action #Crime #Drama 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 13 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Cheta Singh 2023 (ချီတာဆင်းဂ်) ပါလေနဲ့နီမီတို့ဟာ မိဘတွေမရှိတော့ဘဲအဒေါ်နဲ့အတူနေနေတဲ့ မောင်နှမနှစ်ယောက်၊အစ်ကိုတစ်ခုညီမတစ်ခုဘဝဆိုတော့ သိပ်ချစ်ကြတဲ့မောင်နှမနှစ်ယောက်ပေါ့လေ။ ပါလေကတော့ စာအုပ်ဆိုင်မှာအလုပ်လုပ်ပြီး နီမီလေးကိုအစစအရာရာပံ့ပိုးပေးသလို နီမီကလည်း အစ်ကိုဖြစ်စေချင်သလိုစာမှာရော အားကစားမှာပါတော်တဲ့ စံပြကျောင်းသူတစ်ယောက်၊တစ်နေ့ သူ့အစ်ကိုဆန္ဒအတိုင်း ရဲအရာရှိဖြစ်လာအောင် ကြိုးစားနေသူရယ်ပါ။ ဒီလိုနဲ့ တစ်နေ့ သူတို့ရွာကို ဆေးအတုလုပ်ချင်တဲ့ လူတစ်စုရောက်လာပြီးသူကြီးနဲ့ပေါင်းလို့ မကောင်းတာတွေအစုံလုပ်ဖို့ကြိုးစားတာကြောင့် ပါလေတို့မိသားစုကိုထိခိုက်လာတဲ့အခါ… ညီမနဲ့အဒေါ်အတွက်ပဲ တစ်သက်လုံးရှင်သန်လာခဲ့တဲ့သူ၊မိသားစုကို အသက်ထက်ပိုတန်ဖိုးထားတဲ့ပါလေတစ်ယောက်မိသားစုကိုလာထိပါးချိန်မှာ သားရဲတစ်ကောင်လိုပြောင်းလဲသွားပြီးဘယ်လိုလက်စားချေမလဲဆိုတာ ရှုစားရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်)
...

Point Break (1991) ⭐TMDB: 72% User Score 🎬 #Action #Crime #Thriller #Uncategorized 🗓 1991 🎞 movie 🌎 #Japan #UnitedStatesofAmerica ⏰ 2 နာရီ 2 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Point Break(1991)******************* IMDb….7.3 1991 မှာရိုက်ခဲ့တဲ့ Point Break ဇာတ်ကားမှာတော့mငယ်ရွယ်ပျိုမြစ်တဲ့ Keanu Reeves ရဲ့ … စွန့်စားခန်းတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အခုမှ အလုပ်ထဲ စဝင်ခါစ…သင်တန်းသားဘဝမှာ… အကောင်းဆုံးရမှတ်တွေနဲ့ အက်ဖ်ဘိီအိုင်အေးဂျင့်တယောက်ဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ် ဂျွန်နီယူတာ ဟာ… ဘဏ်ဓားပြတိုက်မှုတွေ စုံစမ်းတဲ့ ဌာနမှာ စတင်တာဝန်ထမ်းဆောင်ရတယ်။ အဲဒီအချိန်တိုက်ဆိုင်တယ်ပြောရမလား.. အမေရိကန်သမ္မတဟောင်း မျက်နှာဖုံးတွေကို စွပ်ပြီး ဘဏ်တွေကို ဓားပြလိုက်တိုက်တဲ့ အကြီးစားအမှုကြီးဖြစ်ခဲ့တယ်။ စနစ်ကျလွန်းတဲ့ လှုပ်ရှားမှုတွေနဲ့အတူ အတွေ့အကြုံတွေများလွန်းတဲ့ ဘဏ်ဓားပြအဖွဲ့ဟာ… အချိန်တိုအတွင်း လှုပ်ရှားနိုင်ခဲ့တာမို့ ရဲဌာနတစ်ခုလုံး ခေါင်းမီးတောက်နေတယ်။ သဲလွန်စဆိုလို့… လောက်လောက်လားလားမကျန်ခဲ့…ဒီအဖွဲ့ဟာ ရေလွှာလှိုင်းစီးသမားတွေဖြစ်နိုင်တယ်ဆိုတဲ့… ထင်မြင်ချက်သဲ့သဲ့လေးပဲကျန်ခဲ့တယ်။ အဲဒီနောက် ဂျွန်နီယူတာဟာ ပင်လမ်းကမ်းခြေမှာ အသွင်ယူရင်း… တစ်ဖွဲ့လုံးကို ဖမ်းဖို့ကြိုးစားပါတော့တယ်။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zuel Khant Thwin ဖြစ်ပါတယ်။
...

Si Juki the Movie: Harta Pulau Monyet (2024) ⭐IMDB: 7.6/10 (88 Votes) 🎬 #Adventure #Animation #Comedy #Family #Fantasy 🗓 2024 🎞 movie 🌎 #India #Indonesia ⏰ 1 နာရီ 47 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Si Juki the Movie: Harta Pulau Monyet ( 2024 )စီဂျူကီနှင့် မျောက်ကျွန်းရတနာသိုက် ဒီတစ်ခါတော့ CM ပရိသတ်ကြီးအပျင်းပြေကြည့်ရှုနိုင်ဖို့ အင်ဒိုနီးရှားကာတွန်းကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ မိသားစုရဲ့ စီးပွားရေးကျဆင်းနေမှုကြောင့် အခက်တွေ့နေရတဲ့ ဂျူကီတစ်ယောက်လုပ်ငန်းကိုပြန်လည်ကြီးပွားတိုးတက်ဖို့ အကြံမျိုးစုံထုတ်ပြီး ကြိုးပမ်းနေရပါတယ်။ဘယ်လိုလုပ်လုပ်မအောင်မြင်တာမို့ ရုန်းကန်နေရချိန် နောက်မတော်တဆနဲ့ဘိုးဘေးတွေချန်ထားခဲ့တဲ့ ရတနာမြေပုံကိုရှာတွေ့သွားပြီးတဲ့နောက်မှာအန္တရာယ်စွန့်စားခန်းအပြည့်နဲ့ ရတနာသိုက်ရှာပုံတော်ဖွင့်ပါတော့တယ်။ သူတို့ရဲ့ စွန့်စားခန်းခရီးစဉ်မှာ ဘာတွေကြုံတွေ့ရမလဲ… အောင်မြင်စွာပဲ ရတနာတွေရလာမှာလား…ရတနာမြေပုံအတုဖြစ်နေတာမျိုးကြုံရပြီး လက်ဗလာနဲ့ပဲပြန်လာရမလား….ရှိရင်းစွဲလုပ်ငန်းကိုပဲ အောင်မြင်ကြီးပွားအောင်ကြိုးစားကြမလားဆိုတာကိုတော့စွန့်စားခန်းအပြည့်နဲ့ဟာသဆန်ဆန်ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ်။ ( အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team တို့ပဲဖြစ်ပါတယ်
...

First Taste (2024) ⭐IMDB: 4.8/10 (124 Votes) 🎬 #Adult #Drama #Romance 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 41 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 First Taste (2024) Original title: Unang tikim IMDb Rating (6.7) တစ်ချိန်က Vivamax Sweetheart ဖြစ်ခဲ့တဲ့ အမြဲတမ်းခံဘက်က မင်းသမီးလေး အိန်ဂျလီခံ (Angeli Khang) တစ်ယောက်အခု နောက်ပိုင်း ကားရိုက်ကျဲသွားတာ သတိထားမိကြမှာပါ။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ပထမဆုံး Mainstream ဇာတ်ကားဖြစ်လာမယ့် အခုဇာတ်ကားကိုအချိန်ပေးအားစိုက်နေခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ တစ်ခြားသော မင်းသမီးများစွာလိုပဲ ဘယ်လမ်းကြောင်းက ဝင်ဝင်သူတို့ရဲ့အိမ်မက်က Mainstream လောကထဲကိုတိုးဝင်နေရာယူနိုင်ဖို့ပဲဖြစ်ပါလိမ့်မယ်။ ဒီဇာတ်ကားကိုတော့ Vivamax ကပဲအတူနာမည်ကြီးလာတဲ့ Robb Guinto နဲ့အတူမင်းသမီးနှစ်ယောက်အပြိုင်ကြဲထားတဲ့ GL ဇာတ်လမ်းလေးအဖြစ်မြင်ရမှာပါ။ ဘတ်ကာနဲ့ယူနာတို့က တစ်ယောက်နဲ့တစ်ယောက်အသည်းအသန်ချစ်ကြသလို သဝန်လည်းတိုကြ ရန်ဖြစ်လည်းသန်ကြတဲ့ မိန်းမချင်းချစ်သူတွေပါ။ ဘတ်ကာက မိသားစုနောက်ခံတောင့်တင်းပြီး အမေရိကားကို ကျောင်းသွားတက်ဖို့အစီအစဉ်ရှိပေမယ့် အမေဖဲသမား ပထွေးဘိန်းစားနဲ့နေရတဲ့ ယူနာကတော့ ဒီဘ၀က ရုန်းထွက်ဖို့အတွက် သူ့အိမ်မက်က ကျောင်းပြီးအောင်တက်ပြီး ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်နိုင်ဖို့ပါပဲ။ အဲ့ဒီအိမ်မက်အတိုင်း ကော်ဖီဆိုင်လေးတစ်ဆိုင်မှာ အလုပ်ဝင်လုပ်ရင်းအတွေ့အကြုံယူချိန်မှာ ကော်ဖီဆိုင်ပိုင်ရှင်က ယူနာကို အသည်းအသန်စွဲလန်းပြီး နဂိုကတည်းက အဆင်မပြေတဲ့ သူတို့ဇာတ်လမ်းထဲကိုတတိယလူအဖြစ်နဲ့ဝင်ရောက်လာချိန်မှာတော့၊ တစ်ချိန်ချိန်မှာလက်ထပ်ကြဖို့အထိ စိတ်ကူးရှိ အချစ်ကြီးချစ်ခဲ့ကြတဲ့ ကောင်မလေးနှစ်ယောက်ပျော်ရွှင်စရာဇာတ်သိမ်းကိုရနိုင်ခွင့်ရှိပါဦးမလားဆိုတာ ဆက်လက်ရှုစားကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)
...

The Riot Act (2018) ⭐IMDB: 4.4/10 (287 Votes) 🎬 #Thriller 🗓 2018 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Riot Act(2018)********************* အခုမိတ်ဆက်ပေးလိုက်တဲ့ ဇာတ်ကားကတော့ ၂၀၁၈ မှာထွက်ခဲ့တဲ့… အမေရိကန် thriller ဇာတ်ကားလေးဖြစ်တဲ့ The Riot Act ပါ။ ဒီထဲမှာတော့ ဒေါက်တာပက်ရိုးဆိုတဲ့ ဆရာဝန်ဟာ အော်ပရာဇာတ်ရုံတစ်ရုံကိုပိုင်တဲ့… မြို့မျက်နှာဖုံး သူဌေးတစ်ယောက်ပါ။ တစ်နေ့တော့ သူ့ရဲ့ တစ်ဦးတည်းသော သမီးဟာ.. ဇာတ်ရုံမှာ ကနေကျ သရုပ်ဆောင်မင်းသားတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်သွားပါတယ်။ ဖခင်ဖြစ်သူဟာ သဘောမတူလို့ ခိုးပြေးမယ့်ညမှာပဲ မိသွားရာက လူသတ်မှု ဖြစ်သွားခဲ့ပါတယ်။ သမီးဖြစ်သူဟာ သူ့ချစ်သူကို ဆုံးရှုံးရတဲ့ အဲဒီညကတည်းက ထွက်ပြေးသွားခဲ့ပြီး ပြန်ပေါ်မလာခဲ့ပါဘူး။ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ပဲ မြို့က လူတွေက သိထားကြပါတယ်။ အဲဒီဖြစ်ရပ်ဖြစ်ပြီး ၂ နှစ်ကြာတဲ့အချိန်မှာ ဒေါက်တာပက်ရိုးဟာ သူ့အော်ပရာဇာတ်ရုံကို ပြန်ဖွင့်ပါတယ်။ အဲဒီမှာ ကဖို့ ငှားလိုက်တဲ့ ဇာတ်အဖွဲ့မှာ ထူးခြားတာတွေ ရှိနေပါတယ်။ ဇာတ်လမ်းက စိတ်ဝင်စားဖို့ ကောင်းသလို ဇာတ်သိမ်းထိလည်း ဆွဲခေါ်သွားနိုင်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်
...

Naturist Cleaners (2021) ⭐TMDB: 33% User Score 🎬 #Adult #Documentary #TVMovie 🗓 2021 🎞 movie 🌎 #USA #Ireland #UnitedKingdom ⏰ 30 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 {18+} Naturist Cleaners (2021)IMDb – 5.7/10 ဒီတစ်ခါတင်ဆက်ပေးမှာကတော့ထူးခြားတဲ့လုပ်ငန်းတစ်ခုအကြောင်း ရိုက်ကူးထားတဲ့မှတ်တမ်းရုပ်ရှင်ကားပါ။ ယူကေမှာ တုံးလုံးချွတ်ပြီး သန့်ရှင်းရေးဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတစ်ခု။အိမ်မှာဆို မိမွေးတိုင်းဖမွေးတိုင်းနေတတ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုအတွက် သူတို့အဆင်ပြေဖို့သူတို့ဆီမှာ ဝတ်လစ်စလစ်နဲ့ သန့်ရှင်းရေးလုပ်ရသူတွေ။ လိင်ကိစ္စလုံး၀မပါဘဲ တမူထူးတဲ့လူတန်းစားတစ်ရပ်အတွက် တမူထူးတဲ့ သန်ရှင်းရေးလုပ်ငန်းတစ်ခုပေါ့။ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး ကုမ္ပဏီရဲ့စီအီးအို၊ သန့်ရှင်းရေးသမားတွေနဲ့ ဖောက်သည်တွေကိုအင်တာဗျူးထားတဲ့ ရုပ်ရှင်မို့ တုံးလုံးချွတ်ပြီး သန့်ရှင်းရေးဘယ်လိုလုပ်လဲ ပညာယူလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Zeoဖြစ်ပါတယ်။)
...

The Riot Act (2018) ⭐IMDB: 4.4/10 (287 Votes) 🎬 #Thriller 🗓 2018 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Riot Act(2018)********************* အခုမိတ်ဆက်ပေးလိုက်တဲ့ ဇာတ်ကားကတော့ ၂၀၁၈ မှာထွက်ခဲ့တဲ့… အမေရိကန် thriller ဇာတ်ကားလေးဖြစ်တဲ့ The Riot Act ပါ။ ဒီထဲမှာတော့ ဒေါက်တာပက်ရိုးဆိုတဲ့ ဆရာဝန်ဟာ အော်ပရာဇာတ်ရုံတစ်ရုံကိုပိုင်တဲ့… မြို့မျက်နှာဖုံး သူဌေးတစ်ယောက်ပါ။ တစ်နေ့တော့ သူ့ရဲ့ တစ်ဦးတည်းသော သမီးဟာ.. ဇာတ်ရုံမှာ ကနေကျ သရုပ်ဆောင်မင်းသားတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်သွားပါတယ်။ ဖခင်ဖြစ်သူဟာ သဘောမတူလို့ ခိုးပြေးမယ့်ညမှာပဲ မိသွားရာက လူသတ်မှု ဖြစ်သွားခဲ့ပါတယ်။ သမီးဖြစ်သူဟာ သူ့ချစ်သူကို ဆုံးရှုံးရတဲ့ အဲဒီညကတည်းက ထွက်ပြေးသွားခဲ့ပြီး ပြန်ပေါ်မလာခဲ့ပါဘူး။ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ပဲ မြို့က လူတွေက သိထားကြပါတယ်။ အဲဒီဖြစ်ရပ်ဖြစ်ပြီး ၂ နှစ်ကြာတဲ့အချိန်မှာ ဒေါက်တာပက်ရိုးဟာ သူ့အော်ပရာဇာတ်ရုံကို ပြန်ဖွင့်ပါတယ်။ အဲဒီမှာ ကဖို့ ငှားလိုက်တဲ့ ဇာတ်အဖွဲ့မှာ ထူးခြားတာတွေ ရှိနေပါတယ်။ ဇာတ်လမ်းက စိတ်ဝင်စားဖို့ ကောင်းသလို ဇာတ်သိမ်းထိလည်း ဆွဲခေါ်သွားနိုင်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်
...

Kuch Kuch Hota Hai (1998) ⭐TMDB: 75% User Score 🎬 #Bollywood #Comedy #Drama #Musical #Romance 🗓 1998 🎞 movie 🌎 #India ⏰ 3 နာရီ 5 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb Rating (7.6) / Rotten Tomatoes (92%) မင်းသားကြီး ရှာရွတ်ခန်းနဲ့ မင်းသမီး ကာဂျိုးတို့ရဲ့နာမည်ကြီးဇာတ်ကားပါပဲ… မင်းသမီး Rani Mukerji နဲ့ မင်းသား ဆယ်မန်ခန်းတို့လဲ ပါဝင်ထားပါသေးတယ်…. ဇာတ်လမ်းကတော့… မိတဆိုးသမီးလေးတစ်ယောက် ဖခင်အပေါ်ကိုပဲအားလုံးမှီခိုနေရပြီး မိခင်ဆိုတာ ဓာတ်ပုံအချို့ပဲမြင်ဖူးခဲ့တာပါ..တိုက်တိုက်ဆိုင်ဆိုင်ကျောင်းကျပန်းစကားပြောပြိုင်မွဲမှာသမီးလေးကျတဲ့ခေါင်းစဉ်က “အမေ” တဲ့ခေါင်းစဉ်လေးကိုကိုင်ရင်း လက်တွေတဆတ်ဆတ်တုန် မျက်လုံးနဲ့ပြောနေတဲ့စကားကအမေအကြောင်းသမီးမသိပါဘူးလို့ အဓိပ္ပါယ်ဖော်နေသယောင်ပုံဖော်နေတယ် ကံကောင်းတာတစ်ခုက ၈နှစ်ပြည့်မွေးနေ့မှာ အမေထားခဲ့တဲ့စာလေးဖတ်လိုက်ရတယ်စာထဲမှာရေးထားတာက ” အန်ဂျလီဆိုတာ တကယ်တော့သမီးရဲ့နာမည်အရင်းဖြစ်သလိုသမီးအဖေသိပ်ချစ် ရတဲ့ကောင်မလေးရဲ့နာမည်လည်းဖြစ်တယ်တဲ့”စာလေးထဲမှာ အတိတ်ကအကြောင်းတွေအများကြီးရေးထားတယ်ကျောင်းတက်စဉ်ငယ်ဘဝတုန်းက ကောင်လေးတစ်ယောက်မှာအရမ်းခင်ရတဲ့ ယောကျ်ားလေးဆန်ဆန်ကောင်မလေးတစ်ယောက်ရှိတယ်ပေါ့ပေါ့ပါးပါးလေးဖြတ်သန်းနေတဲ့သူတို့ဘဝလေးထဲကို ကောင်မလေးတစ်ယောက်ညင်ညင်သာသာလေးဝင်လာခဲ့တယ်ဒါပေမဲ့ ထိချက်ကတော့ အတော်ပြင်းတယ်ယောင်္ကျားလေးဆန်ဆန်ကောင်မလေးက နောက်ဆုံးစာမေးပွဲကိုတောင်မဖြေပဲ အပြီးအပိုင်ဇာတ်မြှုတ်ပျောက်ကွယ်သွားတယ်အဲ့ဒီယောက်ျားလျာကောင်မလေးရဲ့နာမည်က ” အန်ဂျလီ”တဲ့ ဆုံးသွားတဲ့မိခင်က သမီးကိုသူ့ရဲ့နောက်ဆုံးဆန္ဒဘာတွေရေးခဲ့လဲ သမီးလေးကရော အမေ့ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်ပါ့မလားဆိုတာတွေနဲ့ ချစ်ခြင်းမေတ္တာကိုပုံဖော်ရာမှာ ထိမိလွန်းတာကြောင့် နာမည်ကြီးတဲ့ဇာတ်ကားတစ်ကားပါပဲ။ ဒီဇာတ်ကားက ကြာတော့ကြာခဲ့ပါပြီ ဒါပေမယ့် နှစ်ချို့ဝိုင်လိုအစွမ်းထက်နေတုန်းပါပဲ ကဲပရိတ်သတ်ကြီးရေ နှစ်ချို့ဝိုင်လေးသောက်ကြည့်ပါလို့ အကြံပြုရင်း
...

Jai Bhim (2021) ⭐IMDB: 8.7/10 (222 k Votes) 🎬 #Bollywood #Crime #Drama #Mystery 🗓 2021 🎞 movie 🌎 #India #UnitedStates ⏰ 2 နာရီ 44 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 v Jai Bhim (2021) IMDb Rating (8.7) ” မရှိခိုးနိုး မလှစုန်းမျိုး “ဆိုတဲ့စကားပုံထဲကလို မရှိလဲမရှိ မလှလဲမလှတဲ့ ကျောမွဲလူတန်းစားတစ်ရပ်။ ရုပ်မြင်တာနဲ့ ဘာများအလစ်သုတ်မှာလဲထင်ခံနေရရှာတဲ့ လူတန်းစားတစ်ရပ်။ ရုပ်ရှင်ထဲက စကားစုအတိုင်းဆို “အတန်းထဲမှာ ခဲဖျက်ပျောက်ရင်တောင် ကျွန်တော့် အိတ်ကအရင်ရှာခံရတယ်” “ဒီရှက်ရွံ့မှု့ကိုကြောက်တာနဲ့ ကျောင်းတောင်မသွားရဲတော့ဘူး” ဒီလိုလူတန်းစားတွေအပေါ်အဖိနှိပ်ဆုံးက ဘယ်သူတွေဖြစ်မှာလဲ။ ထုံးစံအတိုင်းပြည်သူ့ဆန်စားတဲ့ပြည်သူ့ “ရဲ”ဆိုတဲ့လူတွေပဲပေါ့။ ဒီဇာတ်လမ်းလေးထဲမှာလည်း ပြည်သူ့ရဲအမည်ခံ လူ့ဘီလူးတွေ ဘယ်လောက်တောင်လူမဆန်သလဲ .. လူချင်းတူပါလျက်နဲ့ ဆင်းရဲတဲ့သူတွေက ဘယ်လောက်တောင်လူ့အောက်ကျလည်းဆိုတာကို သနားစဖွယ်တွေ့ရမယ့်အပြင် လောကမှာ လူကောင်းလူဆိုးနှစ်မျိုးနှစ်စားရှိတာမို့ ဒီသနားစရာလူမျိူးစုကိုကယ်တင်ပေးမယ့် လူစွမ်းကောင်းရှေ့နေကြီးလည်း ရှိနေသေးပြန်တဲ့အခါ … အများကြီး spoilမိမှာမို့ အညွှန်းကို ဒီလောက်နဲ့တင်ရပ်လိုက်ပါရစေ။ ကြည့်ရတာတန်မယ့် .. အချိန်ကုန်ရကျိုးနပ်မယ့် Tamilကားကောင်းလေးဖြစ်ကြောင်းပဲလက်တို့လိုက်ပါတယ်နော်။
...

247°F (2011) ⭐IMDB: 4.8/10 (7 k Votes) 🎬 #Horror #Thriller 🗓 2011 🎞 movie 🌎 #Georgia #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 survivalဆန်ဆန် သည်းထိတ်ရင်ဖိုဇာတ်လမ်းမျိုး ကြိုက်နှစ်သက် သူတွေအတွက် ဇာတ်ကားကောင်းတစ်ခု တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ ဒီရုပ်ရှင်ဟာ ဖြစ်ရပ်မှန်အပေါ် အခြေခံထားတယ်လို့လည်း ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ဒီဖြစ်ရပ်ဟာ ရုပ်ရှင်ဖန်တီးသူတွေ နေထိုင်ခဲ့တဲ့ ဂျော်ဂျီယာမှာ တကယ်ဖြစ်ခဲ့လိုပါပဲ။ ဂျန်နာ၊ ရီနေ၊ အီရန်နဲ့ မိုက်ကယ်တို့ သူငယ်ချင်းတစ်စုဟာ အားလပ်ရက်မှာ အပန်းဖြေကြဖို့အတွက် အီရန်ရဲ့ ဦးလေးဖြစ်သူ ဝိတ်ဒ်ရဲ့ သစ်လုံး အိမ်လေးကို ငှားရမ်းခဲ့ကြပါတယ်။ ပွဲတော်ညတစ်ညမှာတော့ သူငယ်ချင်းတစ်ဖွဲ့ ပျော်မြူးနေကြရာကနေ အိမ်ထဲမှာရှိတဲ့ ချွေးထုတ် ခန်းထဲမှာ ပိတ်မိသွားကြပါတော့တယ်။ အစကတော့ အချင်းချင်း စနောက်နေတယ်လို့ ထင်ရာကနေ အခြေအနေအမှန်ကို နားလည် သွားကြတဲ့အခါမှာတော့ အပူချိန်ကိုအံတုပြီး အသက်လုရတဲ့အဖြစ်ကို ကြည့်ရှုရမှာပါ။ ဖြည်းဖြည်းချင်းတက်လာတဲ့ အပူရှိန်ကို ကြံ့ကြံ့ခံရင်း သူတို့သူငယ်ချင်းတွေ ဘယ်လိုထွက်ပေါက်ရှာကြမလဲဆိုတာကို သည်းထိတ်ရင်ဖို ကြည့်ရှုရမှာဖြစ်ပါတယ်ဗျာ။ ကျဉ်းမြောင်းတဲ့နေရာတစ်ခုမှာ ပိတ်မိပြီး အသက်လု ထွက်လမ်းရှာရတဲ့ ဇာတ်လမ်းမျိုးကြိုက်သူတွေအတွက် ကွက်တိဖြစ်မယ့် ဇာတ်လမ်းလေးပါပဲ။ R ratedဖြစ်တာကြောင့် ရိုင်းပြတဲ့ စကားအသုံးအနှုန်းတွေပါဝင်တာကိုတော့ အသိပေးလိုပါတယ်ဗျ။
...

Daud (1997) ⭐TMDB: 53% User Score 🎬 #Action #Adventure #Bollywood #Comedy 🗓 1997 🎞 movie 🌎 #India ⏰ 2 နာရီ 51 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Daud 1997အပြေးအလွှား Daud ဇာတ်ကားဟာ ၁၉၉၇ ခုနှစ်ထုတ် ဟင်ဒီစကားပြော Adventure Comedy ကားဖြစ်ပြီးနာမည်ကျော်မင်းသားကြီးဗီဂျေးရဲ့ လူငယ်ဘဝက ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ IMDb 5.9 ရရှိထားပြီး Box Office မှာ ထက်ဝက်မြတ်ခဲ့ပါသေးတယ်။ ဇာတ်လမ်းစစချင်းမှာပဲ ၃ နှစ်ကြာစီစဉ်ထားရတဲ့ လုပ်ငန်းကိစ္စတွေပျက်ကုန်လို့ဒေါသထွက်နေတဲ့လူတစ်ခုကိုမြင်ရမှာပဲဖြစ်ပါတယ်။ သူတို့ရဲ့အရေးကြီးသေတ္တာကလိုရာမရောက်ဘဲ အကောက်ခွန်ဌာနက ထိန်းသိမ်းထားတာကြောင့်ရဲတွေစစ်တပ်တွေဝင်မပါခင်မှာ ပြန်လည်ရယူဖို့အရေးတကြီးစီစဉ်ရပါတော့တယ်။ ဒါကြောင့် နာမည်ကြီးသူခိုးဖြစ်တဲ့ ခူရန်နာကို သေတ္တာကိုပြန်ခိုးပေးဖို့ အလုပ်အပ်လိုက်တဲ့အတွက် ခူရန်နာကလည်းလက်စွမ်းပြပြီးခိုးလာခဲ့တာပေါ့။ ဒါပေမယ့် အလုပ်အပ်သူတွေငွေမချေမှာကိုစိတ်ပူတဲ့အတွက် သေတ္တာပြန်မအပ်ဘဲငွေနဲ့လဲဖို့ ပြောပြီး ညဘက်တွေ့ဖို့ချိန်းဆိုလိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း အဲဒီသေတ္တာပျောက်သွားတဲ့အတွက် တာဝန်ရှိသူတွေခေါင်းမီးတောက်ပြီး ရဲအင်အားအလုံးအရင်းအသုံးပြုကာခူရန်နာကို လိုက်ရှာကြပါတော့တယ်။ ဒီလိုနဲ့ ရွှေတုံးတွေအပြည့်ပါတယ်လို့ထင်ရတဲ့သေတ္တာတစ်လုံးပိုက်ကာ ခူရန်နာတစ်ယောက်ဒေါသူပုန်ထနေတဲ့လူဆိုးတွေနဲ့ ရဲတွေကြားကနေဘယ်လိုလွတ်မြောက်အောင်ထွက်ပြေးရမလဲ..သေတ္တာက ဘယ်သူ့လက်ထဲရောက်သွားမလဲ.. တကယ်ပဲ သေတ္တာထဲမှာ ရွှေတုံးတွေအပြည့်ပါလို့ဒီလောက်အရေးတကြီးလိုက်ဖမ်းနေကြတာလားဆိုတာကိုတော့ဇာတ်ကားအဆုံးထိ ဆက်လက်ကြည့်ရှုပေးကြပါဦးဗျာ။ ( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်
...

The Experts (2024) ⭐IMDB: 6.9/10 (174 Votes) 🎬 #Action #Crime #Thriller #Adventure 🗓 2024 🎞 movie 🌎 #Malaysia ⏰ 2 နာရီ 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Experts (2024) IMDb Rating (7.0) ဖောက်ထွင်းခိုးယူရေး အာရှဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဟောလိဝုဒ် ဇာတ်ကွက်ကိုပဲ အာရှဟန်ဆန်းသစ်ပြီး drama ချိုးထားပေမဲ့ ဇာတ်ကွက်အလှည့်အပြောင်းတွေ သရုပ်ဆောင်တွေ တိုက်ခိုက်ရေးရိုက်ချက်တွေ မဆိုးတဲ့အတွက် အာရှသားတစ်ယောက်အနေနဲ့ အားပေးမယ်ဆိုရင် အားပေးထိုက်တဲ့ ဇာတ်လမ်းတစ်ခုပါ။ ဖခင်တစ်ယောက်ဟာ တသက်လုံးလည်း ဆိုးသွမ်းလာခဲ့တယ်။ သားသမီးတွေကိုလည်း ခိုးဆိုးဖောက်ထွင်းရေးပညာရပ်တွေအမွေပေးလို့ ရာဇဝတ်မှုတစ်ခုအတွင်းမှာ အသုံးချခံ ငါးစာတစ်‌ခုအနေနဲ့ မထင်မရှား သေဆုံးခဲ့ရတယ်။ ကျန်ခဲ့တဲ့ သားတွေက ဖခင်ရဲ့ ကျွမ်းကျင်မှုတွေကို ခြေရာတိုင်းနိုင်ရုံမက အဖေထက် တစ်လကြီးလို့ရတဲ့ အဆင့်တွေပေါ့လေ။ သူတို့အဖွဲ့ရဲ့ စုပေါင်းစွမ်းရည်က လုံခြုံပေ့ဆိုတဲ့အရာတွေကို ဖောက်ထွင်းခိုးယူနိုင်တာပါ။ ဒီလိုနဲ့ သူတို့အဖွဲ့ကို လူတစ်ယောက်က အကြပ်ကိုင်ပြီး အကြီးဆုံးဆိုတဲ့ လူဆိုးဂိုဏ်းကြိး ဆင်စွယ်ငါးချောင်းအဖွဲ့ရဲ့ ထီးနန်းအရိုက်အရာအထိမ်းအမှတ် ကျောက်စိမ်းလက်စွပ်ကြီးကို ခိုးခိုင်းတဲ့အခါမှာတော့ …။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Arr Khun Winchester ဖြစ်ပါတယ်။)
...

All About the Levkoviches (2024) ⭐IMDB: 7.0/10 (822 Votes) 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #Hungary ⏰ 1 နာရီ 26 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 All About the Levkoviches (2024) IMDb Rating (7.၀) ဘောက်ဆင်အားကစားကို ရူးသွပ်တာနဲ့အညီ ဘောက်ဆင်နည်းပြအဖြစ်အသက်မွေး၀မ်းကြောင်းလုပ်နေတဲ့ နည်းပြကြီးတိုမီဟာ ဘောက်ဆင်နဲ့ပတ်သတ်လာရင် အတ္တကြီးလွန်းတာကြောင့် သူ့သားနဲ့အဆင်မပြေပဲ သူ့သားကအခြားနိုင်ငံကိုထွက်ပြေးသွားခဲ့ပါတယ်. တစ်နေ့မှာ နည်းပြကြီးတိုမီရဲ့ ဇနီးဟာဆုံးပါးသွားခဲ့တာကြောင့် သူ့သားမိသားစုနဲ့ပြန်ဆုံတွေ့ဖို့အကြောင်းဖန်လာရာ သူ့တို့ကြားထဲမှာ ဖြစ်ပေါ်နေတဲ့ အဆင်မပြေမှုတွေကို ဘယ်လိုပြန်တည်ဆောက်သွားမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Son Gohan ဖြစ်ပါတယ်။)
...

Awe! (2018) ⭐IMDB: 7.6/10 (6 k Votes) 🎬 #Bollywood #Drama #Horror #Mystery #Romance #Action #Fantasy #SciFi #Thriller 🗓 2018 🎞 movie 🌎 #India ⏰ 1 နာရီ 51 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Awe! (2018) “ဆန်းဆန်းပြားပြား”IMDb – 7.6/10 ထူးခြားတဲ့ဇာတ်လမ်းဖွဲ့စည်းပုံနဲ့ ထူးခြားတဲ့ဇာတ်ကောင်တွေကိုထူးထူးခြားခြားရိုက်ကူးတင်ဆက်ထားတဲ့တလေဂူးရုပ်ရှင်။ တောင်ပိုင်မင်းသမီးချောတွေဖြစ်တဲ့ ကာဂျယ်လ်အက်ဂ်ဝယ်လ်နဲ့ရက်ဂျီနာကာဆန်ဒရာတို့ပါဝင်ထားကြပါတယ်။ မိဘတွေကိုပြန်တွေ့ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အချိန်ခရီးသွားစက်တီထွင်ဖို့မျှော်လင့်နေတဲ့ ရှီဗာ။ဘီးတပ်ကုလားထိုင်ခုံနဲ့ အနာဂတ်က သူပါဆိုပြီးရောက်လာတာက ပါဗသီဆိုတဲ့အမျိုးသမီးတစ်ယောက်။ရွှေငါးတစ်ကောင်နဲ့ ဘွန်ဇိုင်းပင်ဆီက အကြံယူပြီး စားဖိုမှူးလုပ်စားနေတဲ့ နာလာ။မူးယစ်ဆေးစွဲနေတဲ့ ကော်ဖီဖျော်တဲ့သူ မီရာ။ ရှေးရိုးစွဲမိဘတွေကို ဘ၀လက်တွဲဖော်နဲ့မိတ်ဆက်ဖို့ဆိုပြီး မိတ်ဆက်ပေးဖို့လုပ်တဲ့ လိင်တူချစ်သူ ရာဒါ။စသဖြင့် စရိုက်အသီးအသီး ပုံစံအစုံစုံနဲ့ ဇာတ်ကောင်တွေကို ဇာတ်အိမ်တစ်ခုမှာဖွဲ့စည်းလိုက်တဲ့အခါ။ထင်မှတ်မထားတဲ့အကြောင်းအရာတွေနဲ့ ကြည့်ပျော်မဲ့ရုပ်ရှင်မို့ တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်။)
...

Misconduct (2016) ⭐IMDB: 5.3/10 (18 k Votes) 🎬 #Action #Adventure #Thriller #Drama #Mystery #Crime 🗓 2016 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ ဇာတ်ဆောင်တွေထက် ဇာတ်ရံတွေက ပိုပြီးသယ်နိုင်ခဲ့တဲ့ဇာတ်ကားပါပဲ။ Anthony Hopkins လိုမျိုး ဩဇာသိပ်ကြီးတဲ့ သရုပ်ဆောင်ကြီးရယ်၊ Al Pacino လိုမျိုး The God Father သရုပ်ဆောင်ကြီးတွေ အပြောင်မြောက်ဆုံးသရုပ်ဆောင်ထားပါတယ်။ ထက်မြက်ကြိုးစားပြီး အောင်မြင်လိုစိတ်ရှိတဲ့ ရှေ့နေလေးတစ်ယောက်ဆီကို ဥပဒေကမ္ဘာကို ကိုင်လှုပ်နိုင်လောက်တဲ့ သက်သေတစ်ခု ရောက်လာတယ်။ ဒေါ်လာ သန်းထောင်ပေါင်း ၈၇၀၀ လောက် ချမ်းသာတဲ့ ဆေးဝါးကုမ္ပဏီပိုင်ရှင်ကြီးကို အထဲမှာ တစ်သက်စာ ဆွဲထည့်ပစ်လို့ရမယ့် သက်သေပေါ့။ အဲဒီဆေးဝါးကုမ္ပဏီကြီးရဲ့လက်ချက်နဲ့ ဆေးဝါးအမှားအယွင်းတွေကြောင့် သေဆုံးသူ ရာနဲ့ချီပြီး ရှိခဲ့တဲ့အချိန်မလို့ ဒီသက်သေဟာ ရွှေဆိုလည်းဟုတ် စိန်ဆိုလည်း ဟုတ်တဲ့အခြေအနေပါပဲ။ ဒါပေမဲ့ ကြွယ်ဝမှုက အရာရာကို ဝယ်မရနိုင်ဘူးဆိုတဲ့စကားက တကယ်တော့ ရယ်စရာပါ။ ကြွယ်ဝမှုဟာ ကြွယ်ဝမှုကိုပါ ဝယ်ယူနိုင်တာမလို့ ငွေနဲ့ပေါက်ပြီး ဖြေရှင်းမယ့် သူဌေးကြီးရဲ့လှည့်ကွက်ကို ရှေ့‌နေလေးတို့အဖွဲ့ ကြိုတင်မျှော်လင့်ထားပေမဲ့ အရာရာက ထူးဆန်းစွာ ဖြစ်ပျက်လာခဲ့ပါတယ်။ တကယ်တော့ ဒီသက်သေက ရှေ့နေလေးရဲ့ ရည်းစားဟောင်းတဖြစ်လဲ ဆေးဝါးသူဌေးကြီးရဲ့ လက်ရှိရည်းစား အမ်မလီ ကနေ ရှေ့နေလေးဆီ ပေါက်ကြားလာခဲ့တာပါ။ ဒါပေမဲ့ အမ်မလီ က ရှေ့နေလေး ခေးလ် ရဲ့အိမ်ကို အလောင်းတစ်လောင်းအနေနဲ့ ရောက်လာတဲ့အချိန်မှာတော့
...