ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Ouija Witch (2023)
⭐IMDB: 4.7/10 (89 Votes)
🎬 #Horror
🗓 2023 🎞 movie
🌎 #UnitedStates
⏰ 1 နာရီ 28 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မြို့လေးတစ်မြို့မှာ မေရီဘလက်ဝုဒ်ဆိုတဲ့ အမျိုးသမီး တစ်ယောက်ရှိပါတယ်
သူမရဲ့ ခင်ပွန်းဟာ အခြားသူနဲ့ နောက်ကွယ်မှာ ဖောက်ပြားနေတာကို
သိသွားပြီးတဲ့နောက်မှာ သူမရဲ့ခင်ပွန်းက သူ့အပြစ်ကို ဖုံးကွယ်ချင်တာနဲ့
သူမကို စုန်းမပါဆိုပြီး စွပ်စွဲပြောဆိုပြီး အခြားသူများကိုပါ အယုံသွင်းခဲ့တယ်
ကြောက်လန့်တကြားဖြစ်လာတဲ့ မြို့သူမြို့သားတွေဟာ မေရီကို သစ်ပင်ကြီး
တစ်ပင်မှာ ချိတ်ဆွဲချည်နှောင်ပြီး အရှင်လတ်လတ် မီးရှို့သတ်ခဲ့ကြတယ်။
ရာစုနှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ဒီမြို့လေးမှာပဲ ဆာရာဆိုတဲ့
မိန်းကလေးငယ်လေးဟာ ယောကျ်ားတစ်စုကနေ သူ့ကို အညှိုးနဲ့ အကြမ်းဖက်
ရိုက်နှက်ပြီး လမ်းဘေးမှာထားပစ်ခဲ့တာကို ခံခဲ့ရပါတယ်။ ဒီလူတွေကို
ဒေါသစိတ်နဲ့ လက်စားချေဖို့ ထူးဆန်းတဲ့ ဆိုင်တစ်ဆိုင်မှာ ဝိညာဉ်ခေါ်ဘုတ်သုံးပြီး
တိုင်တည်လိုက်မိတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ။ ဟောလိုးဝင်း ရာသီအချိန်ဆိုတော့
ရာသီအမီ ထွက်လာတဲ့ စုန်းကားအသစ်လေးပါ။...
Afire (2023)
⭐IMDB: 7.3/10 (3 k Votes)
🎬 #Drama #Romance #Comedy
🗓 2023 🎞 movie
🌎 #Germany
⏰ 1 နာရီ 42 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
File size…(1.7 GB)/(926 MB)Quality….Webrip 1080p / 720pFormat…mp4Duration….01:43:00Genre…Drama, RomanceSubtitle….Myanmar Subtitle (Hardsub)Encoder….Mr. AndersonTranslated by Steven Khant...
The Mill (2023)
⭐IMDB: 5.3/10 (617 Votes)
🎬 #Drama #Mystery #SciFi #ScienceFiction #Horror #Thriller
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 46 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်လမ်းလေးကြည့်ရင်းနဲ့ သင်အလုပ်လုပ်ခဲ့ဖူးတဲ့ ကုမ္ပဏီတစ်ခု
နေရာတစ်နေရာကိုပြန်အမှတ်ရသွားလောက်ပါတယ်…။
ဘာလို့ဆို ကိုယ်က အလုပ်ကြိုးစားရင်လည်းကြိုးစားသလောက်ပြန်မရတာတွေ…
ဆက်ကြိုးစားဖို့မဖြစ်နိုင်တော့တဲ့အခြေအနေတွေ၊
မဖြစ်နိုင်လည်း ဆက်လုပ်နေရတဲ့အခြေအနေတွေကို စုံစုံလင်လင် မြင်တွေ့ရမှာမလို့ပါ…။
တစ်နေ့တစ်နေ့ အလုပ်သာလုပ်နေရတယ် အရေးမပါသလိုပဲ မလုပ်လို့လည်းမဖြစ်ပြန်ဆိုတာမျိုးပေါ့….။
ဇာတ်လမ်းထဲမှာတော့ အခြေခံအားဖြင့် လူတစ်ယောက်နဲ့ ကြိတ်စက်တစ်လုံးသာပါပါတယ်…။
နေ့သစ်တစ်ရက်စတာနဲ့ သူဟာ ကြိတ်စက်ကိုတွန်းပါတယ်…။
အစောက ပြောခဲ့သလို မလုပ်လို့မဖြစ်ပြန်လို့ တွန်းနေရတာမျိုးပါ…။
ကျွန်တော်တို့ဘဝမှာရော ဒီကြိတ်စက်ကြီးကို ဘယ်လောက်များတွန်းခဲ့ပြီးပြီလဲ…။
ဘာကြောင့် ဘာအတွက် ဒီကြိတ်စက်ကိုပဲ တွန်းနေခဲ့လဲ..
ဘယ်အချိန်ထိဒါတွေပဲလုပ်နေရမလဲဆိုတာကို စဥ်းစားတွေးခေါ်ရင်းကြည့်ရှုလို့ရပါပြီ...
Borderline (2023)
⭐IMDB: 3.9/10 (73 Votes)
🎬 #Crime #Drama #Thriller
🗓 2023 🎞 movie
🌎 #UnitedStates
⏰ 1 နာရီ 42 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
2023 ရဲ့ Borderline ဆိုတဲ့ Budget ဇာတ်ကားသစ်လေးတစ်ကားကို
တင်ဆက်ပေးလိုက်ပါတယ်။အဖော်အချွတ်ခန်းတွေနဲ့ မူးယစ်ဆေးဝါးသုံးစွဲတဲ့
အခန်းတွေအများကြီးပါတဲ့အတွက် ကလေးများကြည့်ရှုရန်မသင့်တော်ပါဘူး။
ချာလီဆိုတဲ့ကောင်မလေးက မူးယစ်ဆေးစွဲနေပြီး မြန်မာကားတွေထဲမှာ
မြင်ရတဲ့အတိုင်း မိဘအိမ်မှာဆန်ကုန်မြေလေးလုပ်ပြီး အမေဖြစ်သူဆီကနေ
ပိုက်ဆံတွေရှယ်တောင်းနေတဲ့ ပျက်စီးနေတဲ့ကောင်မလေးဖြစ်ပါတယ်။
စိတ်ရောဂါလည်းရှိနေပြီး စိတ်နဲ့ပတ်သတ်တဲ့ဆေးတွေလည်း အများကြီး
သောက်နေရပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ သူ့အမေအိမ်ကဆင်းချလာပြီး
ဇီးဆိုတဲ့ သူ့သူငယ်ချင်းဖြစ်သူနဲ့ အတူနေနေပါတော့တယ်။သူငယ်ချင်းတွေ
ဆိုတော့လည်း ပုလင်းတူဘူးစွပ်တွေဖြစ်ပြီး ညတိုင်းဆေးတွေသုံးကာ သာယာနေခဲ့ပါတယ်။
ဒါပေမယ့် ဇီးကတော့ချာလီလောက်မဆိုးပါဘူး။ချာလီက သူ့ရဲ့စိတ်ရောဂါအခြေအနေနဲ့
မူးယစ်ဆေးတွေကြောင့် စိတ်ထင်ယောင်ထင်မှားတွေဖြစ်ပြီး တက်ခဲ့ရတဲ့ပြဿနာ
ပေါင်းလည်းမနည်းတော့ပါဘူး။သူ့ရောဂါတွေကျွမ်းလာပြီး ပြဿနာတွေလဲတစ်စထက်တစ်စ
ပိုများလာပြီးနောက်မှာ သူ့ဘဝကြီးကဘယ်လိုတွေဖြစ်လာမလည်းဆိုတော့
စိတ်ဝင်တစားကြည့်ရှုသင့်တဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။...
Maybe Baby (2023)
⭐IMDB: 5.8/10 (272 Votes)
🎬 #Comedy
🗓 2023 🎞 movie
🌎 #Denmark
⏰ 1 နာရီ 45 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဤဇာတ်ကားတွင် မိသားစုနှင့်ကြည့်ရှုရန်မသင့်သောဇာတ်ဝင်ခန်းအချို့ပါရှိပါသည်။
ဒီဇာတ်ကားလေးမှာကျွန်တော်တို့ပုံမှန်တွေ့နေရတာနဲ့ ကွဲထွက်နေတဲ့ဇာတ်လမ်းလေးကိုရှုစားကြရမှာပါ။ ဒီဇာတ်ကားမှာပါတဲ့ ခေါင်းဆောင်မင်းသားကြီး Lars Rantheနဲ့ မင်းသမီးကြီး Mille Dinesenတို့ဟာ ဒိန်းမတ်ပြည်တွင်းမှာသာမကဘဲ နိုင်ငံတကာရုပ်ရှင်ဆုများပါ ခူးဆွတ်ရယူဖူးသူတွေဖြစ်ကြပါတယ်။ နာမည်ကြီးဒိန်းနစ်သရုပ်ဆောင်တွေပါဝင်သရုပ်ဆောင်ထားပြီး ဒိန်းနစ်ရုပ်ရှင်ဆုများခူးဆွတ်ထားတဲ့ ဒါရိုက်တာ Barbara Topsøe-Rothenborgရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
Cecilie ဟာ အသက်ကြီးကြီး၊ အရမ်းစည်းကမ်းကြီးပြီးစာအုပ်ကြီးအတိုင်းသွားတတ်တဲ့မိန်းမတစ်ယောက်ဖြစ်ပြီး ခေတ်မီဆေးပညာကို အကြွင်းမဲ့ယုံကြည်သူတစ်ဦးပါ။ တစ်ဖက်က Liv ကတော့ ခပ်ငယ်ငယ် ပြီးတော့ Cecilie နဲ့ဆန့်ကျင်ဖက်။ စာအုပ်ကြီးလမ်းစဉ်တွေ၊ ခေတ်မီဆေးပညာတွေကိုအယုံအကြည်မရှိ စိတ်ဝိညာဉ်ကျန်းမာမှ ကိုယ်ရောစိတ်ပါကျန်းမာမယ်ဆိုတဲ့ယုံကြည်ချက်ကြောင့် လွတ်လပ်စွာနေထိုင်တတ်တဲ့လူမျိုး။
သူတို့နှစ်ယောက်က လမ်းချင်းတောင်တူစရာအကြောင်းမရှိလောက်အောင် မတူကွဲပြားကြတဲ့မိန်းမနှစ်ယောက်ဖြစ်ကြပေမယ့် သူတို့မှာတူညီတဲ့အချက်တစ်ချက်ရှိပါတယ်။ ဒါကတော့ သူတို့နှစ်ယောက်လုံးဟာကလေးလိုချင်ပေမယ့် သဘာဝအတိုင်းရနိုင်ဖို့ခက်ခဲနေကြတာပါပဲ။ သန္ဓေအောင်ဖို့ဆေးခန်းပြရင်း ဆေးခန်းရဲ့မတော်တဆတစ်ခုကြောင့် သူတို့နှစ်ယောက် တစ်ယောက်ကိုယ်ဝန်ကိုတစ်ယောက်လွယ်ရဖို့ဖြစ်လာတဲ့အခါမှာ သူတို့နှစ်ယောက်ကြားက မတူညီမှုတွေကိုဘယ်လိုညှိယူကြရမလဲ၊ ဘယ်ကလေးကိုဘယ်သူကယူကြမှာလဲ၊ ကြားထဲမှာရော ဘယ်လိုအလွဲတွေကြုံရဦးမလဲဆိုတာကို ဟာသလေးတွေနဲ့ရယ်မောပြီးရှုစားကြရမှာပါ။
ဒီကားလေးက ဇာတ်လမ်းလှည့်ကွက်များများစားစားမပါဘဲ ရိုးရှင်းတဲ့ဇာတ်အိမ်လေးနဲ့ ထူးခြားတဲ့အကြောင်းအရာတစ်ခုကို ဟာသနှောပြီးတင်ဆက်ထားလို့ ပေါ့ပေါ့ပါးပါးကြည့်ချင်သူတွေကြိုက်ကြမယ့်ကားလေးပါ။...
I Have Electric Dreams (2022)
⭐IMDB: 6.7/10 (585 Votes)
🎬 #Drama
🗓 2022 🎞 movie
🌎 #Belgium #France #CostaRica
⏰ 1 နာရီ 43 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကား ရုပ်ရှင်ဆုတွေအများကြီးသိမ်းပိုက်ထားတဲ့ စပိန်ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။
အီဗာလို့ခေါ်တဲ့ ၁၆ နှစ်သမီးလေးဟာ မိခင်ဖြစ်သူနှင့်အတူနေနေရပေမယ့် သဘောထားမကြာခဏကွဲလွဲလေ့ရှိပြီး ဖခင်နှင့်အတူနေခွင့်ရဖို့သာ ကြိုးစားနေသူဖြစ်ပါတယ်။
ဖခင်နှင့်အတူနေဖို့ တိုက်ခန်းတွေကို လိုက်စုံစမ်းတဲ့အချိန်မှာ တွေ့ကြုံရမယ့် အခက်အခဲတွေ ၊ဆယ်ကျော်သက်တို့ရဲ့ အတုမြင်အတက်သင် စူးစမ်းချင်ပုံ၊ ကန့်လန့်တိုက်တက်ပုံ၊နောက်ဆုံးမှာရော အီဗာမျှော်လင့်ထားသလို ဖခင်ဖြစ်သူနဲ့ အတူနေခွင့်ရပါ့မလားကို ကြည့်ရှုရမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။...
V/H/S/85 (2023)
⭐IMDB: 5.7/10 (2 k Votes)
🎬 #Horror #Thriller
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 52 မိနစ် 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
V/H/S ဇာတ်ကားတွေထဲက ၆ ကားမြောက်ဖြစ်ပြီး IMDb 5.8 ရရှိထားတဲ့အပြင် ကြည့်ရှုသူတွေဆက်တိုက်မြင့်တက်လာနေတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။
V/H/S ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း ၁၉၈၀ ခုနှစ်လောက်ကဗီဒီယိုတိတ်ခွေတွေထဲကနေ တွေ့ရှိလာတဲ့ သည်းထိုက်ရင်ဖိုစရာ၊ ခြောက်ခြားစရာ အဖြစ်အပျက်တွေ ကိုရိုက်ပြထားတာပါ။
ဒီဇာတ်ကားမှာတော့ horror ဇာတ်လမ်း ငါးခုပါဝင်ပြီး တစ်ခုစီကမတူညီတဲ့ ခြောက်ခြားဖွယ်ရသတွေကို ဖော်ကြူးထားတာကိုတွေ့ရမှာပါ။ သွေးသံရဲရဲဇာတ်ဝင်ခန်းတွေကအစ ထူးဆန်းဖွယ် ထိတ်လန့်စရာတွေအဆုံး horror ရသမျိုးစုံကိုခံစားရမှာဖြစ်ပါတယ်...
Honey Sweet (2023)
⭐IMDB: 6.4/10 (38 Votes)
🎬 #Comedy #Romance
🗓 2023 🎞 movie
🌎 #SouthKorea
⏰ 2 နာရီ 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Honey Sweet (2023)
အသက် ၄၀ ကျော်မှ ဘဝစကြမယ့် သဲသဲကဲကဲအတွဲလေးအကြောင်းရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးပါဦးမယ်နော်
ချာချီဟိုဟာ အဆာပြေမုန့်တီထွင်တဲ့သုတေသနပညာရှင်ပါ..တစ်ယောက်တည်း အချိန်ဇယားကြီးနဲ့ ဖြတ်သန်းနေတဲ့ လူပျိုသိုးကြီးဆိုလည်း မမှားပါဘူးအဲလိုလူပျိုကြီးကို ရင်ခုန်အောင်လုပ်သွားတာတော့ အီအီးလ်ယောင်းဆိုတဲ့ အမျိုးသမီးလေးပါ၊သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုကနေ တစ်ဆင့်ချင်းတက်သွားတဲ့ပုံစံကို နည်းနာယူရင်း…
အသက် ၄၀ ကျော်မှ ကလိကလိဖြစ်အောင် လုပ်ပေးသွားမယ့် အတွဲကတော့ဘယ်လိုတွေရိုကြမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်
မင်းသားကြီးYu Hae Jinနဲ့ မင်းသမီးကြီးKim Hee Seonတို့လိုအထင်ကရသရုပ်ဆောင်တွေပါဝင်ထားတာဆိုတော့ အပန်းပြေစေမယ့် ရုပ်ရှင်လေးဖြစ်လို့ ကြည့်လိုက်ကြပါဦးနော်
အညွှန်းကိုတော့Joyzက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Joyz&Hmweပဲ ဖြစ်ပါတယ်။...
SF8 (2020- )
⭐IMDB: 6.3/10 (170 Votes)
🎬 #SciFi #Fantasy #Action #Comedy #Drama #Horror #Mystery #Romance #Thriller
🗓 2020- 🎞 tv series
🌎 #SouthKorea
⏰ 50 မိနစ် 48 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
SF8 (2020) CompleteSF8 (2020) Limited Series
~ IMDb – 6.3/10, MyDramaList – 7.5/10 ~ ကိုရီးယားသိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေ ဇာတ်လမ်းတွဲတွေကို ကျွန်တော်တို့မြင်ရသလောက်ဆို သိပ်တော့လည်း အားရစရာကောင်းမနေပါဘူး။ ကော်ပီဖြစ်ရင်ဖြစ် မဖြစ်ရင်လည်း သိပ်ဇာတ်မနိုင်လှတာကို တွေ့ရမှာပါ။ ဆန်းတော့လည်းမဆန်းဘူးထင်ပါတယ်။ အကုန်မဟုတ်တောင် ၁၀ခုမှာ ၇ခုလောက်က အစကောင်းတောင် အဆုံးဂွမ်းသွားတာများပါတယ်။ SF8 ကတော့ ပုံမှန်မြင်နေကျ ကိုရီးယား သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွဲတွေနဲ့ မတူတဲ့ Anthology စီးရီးပါပဲ။ ၈ပိုင်းပါဝင်ပြီး Anthology စီးရီးဆိုတော့ ၈ပိုင်းလုံး ဇာတ်အိမ်သီးခြားစီနဲ့ပါ။ ထူးတာက ဒီအပိုင်းတွေအားလုံးမှာ အထူးပြုလုပ်ချက်ဆန်းဆန်းပြားပြားတွေ မပါပေမဲ့လည်း ဇာတ်အိမ်ကိုတော့ ရည်ရွယ်ချက်ကောင်းကောင်းလေးနဲ့ ချပြထားပါတယ်။ ၈ပိုင်းလုံး သူ့ Concept နဲ့သူ ရပ်တည်နေပြီး ၈ပိုင်းလုံး ပစ်စရာမရှိလောက်အောင် ကောင်းပါတယ်။ သရုပ်ဆောင်တွေလည်း ထိပ်တန်းကြီးတွေတော့မဟုတ်ပေမဲ့ ပေါပေါပဲပဲသုံးထားတာမဟုတ်ပါဘူး။ An Old Lady ထဲက မင်းသမီးကြီး Ye Soo-jung, လီချန်းဒုံလက်စွဲဖြစ်ခဲ့တဲ့ မင်းသမီး Moon So-ri, Bloodhounds တို့၊ Love Is for Suckers တို့ထဲ မင်းသား Choi Si-won, လက်ရှိနာမည်ကြီးနေတဲ့ Destined With You ထဲက Ha Jun, Sweet Home တို့၊ The Divine Move တို့ထဲ သိပ်လှတဲ့မမ Lee Si-young, Ghost Doctor ထဲက မင်းသမီး Uee, Reply 1988 ထဲက Lee Dong-hwi တို့အပြင် Kim Bo-ra, Shin Eun-soo, Lee David တို့ပါ ပါပါတယ်။ ကိုရီးယားဇာတ်လမ်းတွဲတွေနဲ့ မစိမ်းတဲ့လူတွေတော့ ဒီလူတော်တော်များများကို သိကြမှာပါ။ မျက်နှာမစိမ်းတဲ့သရုပ်ဆောင်တွေနဲ့ Concept ကောင်းကောင်း ဇာတ်လမ်းတွေပေါင်းစပ်ထားတဲ့ ရှားပါးတဲ့ သိပ္ပံစိတ်ကူးယဉ်ကေဒရာမာစီးရီးကောင်းမို့ လက်လွတ်ခံရင်လည်း သင့်ထိုက်နဲ့ သင့်ကံပါပဲ။Episode 01: The PrayerYoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid Mercy Killing ဆိုတာကို မြန်မာလိုတော့ ဝဋ်ချွတ်ပေးတယ် လို့ပြောရမယ်ထင်ပါတယ်။ ဒီဘဝရဲ့ နာကျင်ခံစားနေရမှုတွေကို သက်သာသွားအောင် ဘဝကူးနိုင်ဖို့ ကူညီပေးတဲ့ ဖြစ်စဉ်ပေါ့။ ဒီဇာတ်လမ်းမှာတော့ လူနာကို ပြုစုပေးနေရတဲ့ စက်ရုပ်မလေးက ကိုမာဝင်နေတဲ့ လူနာကို ဘဝကူးပေးနိုင်အောင် ကူညီရမလား… ဒါမှမဟုတ် လူနာကို အိပ်ရာပေါ်မှာလဲနေတဲ့ဘဝနဲ့ အသက်ဆက်ခိုင်းပြီး လူနာရှင်ရဲ့ ဘဝကို ဝန်ထုပ်ဝန်ပိုးတွေပေးပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရလောက်တဲ့ထိ နာကျင်မှုတွေ ပေးမလား… ဆိုတာကို ဆုံးဖြတ်ရမယ့် အနေအထားကို ရောက်လာပါတယ်။ ဘဝဆိုတာ နာကျင်ခံစားရခြင်းတဲ့။ နာကျင်ခံစားနေရတယ်ဆိုတာ အသက်ရှင်သန်နေသေးလို့ပါတဲ့။ လူတွေက မျှော်လင့်ချက်နဲ့ အသက်ရှင်ပါတယ်။ နာကျင်ခံစားရမှုတွေထဲမှာ အလှတရား၊ ပျော်ရွှင်မှုတွေကို တွေ့နိုင်ပါသေးတယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အသက်ဆက်နေကြရတာပဲမဟုတ်လား။ မျှော်လင့်ချက်ပျောက်ဆုံးပြီး နာကျင်ခံစားရမှုတွေနဲ့ မွန်းကြပ်လာတဲ့အခါ ဘဝကို အဆုံးသတ်ဖို့ Mercy Killing ဒါမှမဟုတ် ဒီလောကထဲကနေ ကိုယ်တိုင်ထွက်ခွာခွင့်ကို လက်ကမ်းကြိုမိကြမှာပါ။ မျှော်လင့်ချက်မရှိတော့ရင် ဘဝက သေပါတယ်။ အသက်ရှင်နေတာနဲ့ ရှင်သန်နေတယ်ဆိုတာ ဘယ်လိုမှမတူနိုင်ဘူးလေ။ ဒါပေမဲ့ အသက်ဆိုတာ တန်ဖိုးကြီးတယ်၊ တန်ဖိုးထားသင့်တဲ့အရာဆိုတော့ အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်တာ၊ ကူညီလိုက်တာက အပြစ်တစ်ခု ဒါမှမဟုတ် မှားယွင်းမှုတစ်ခု ဖြစ်လာနိုင်မလား။SF8 ရဲ့ ပထမဆုံးအပိုင်းဖြစ်တဲ့ The Prayer (ဆုတောင်း) ကတော့ ဒီမေးခွန်းတွေကို မေးလိုက်ပါပြီ။Episode 02: ManxinYoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid ပြင်သစ်စာရေးဆရာ Voltaire ရဲ့ စကားတစ်ခွန်းရှိတယ်။ တစ်ရံတခါမှာ ကံတရားဟာ လူသားကို လမ်းပြပေးပြီး တစ်ခါတရံမှာတော့ ကံတရားဟာ လူသားကို ဟားတိုက်တတ်တယ်တဲ့။ Manxin ကိုတော့ ကံတရားက လူသားကို လမ်းပြပေးရုံသက်သက်ဖြစ်နေခဲ့တဲ့ ကာလတစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီကာလမှာ Manxin လို့ခေါ်တဲ့ ကံကြမ္မာကိုပြောပြပေးတဲ့ App တစ်ခုရှိနေပြီး မနက်ဖြန်သင်ကံကောင်းမလား… ကံဆိုးမလား… ဘာဖြစ်မလဲကအစ ဒီ App က ပြောပြပေးပါတယ်။ မနက်ဖြန်ကို ကြိုသိနေသလိုဖြစ်နေတာပေါ့။ နောက် မနက်ဖြန်ကားတိုက်မယ်လို့ သိနေရင် မနက်ဖြန်အပြင်မထွက်လိုက်တဲ့နည်းနဲ့ ရှောင်လွှဲလို့ရနေပြန်တာပါပဲ။ ဒီတော့ ဒီကာလက လူတွေဟာ မနက်ဖြန်ဘာတွေဖြစ်လာမလဲဆိုတဲ့ အကြောက်တရားမရှိဘဲ နေရသလိုဖြစ်နေပါတယ်။ ဒါပေမဲ့ ကိုယ့်ရွေးချယ်မှုကို App တစ်ခုက လုပ်ပေးနေသလိုဖြစ်နေတဲ့ ဒီလိုဘဝမှာ လူသားတွေဟာ လမ်းပျောက်နေသူတွေလည်းရှိကြပါတယ်။ ဒီ App ကို ယုံကြည်ပြီး အဆင်ပြေနေသူ...
Les papillons noirs (2022- )
⭐IMDB: 7.5/10 (5 k Votes)
🎬 #Crime #Drama #Mystery #Thriller
🗓 2022- 🎞 tv mini series
🌎 #France
⏰ 1 နာရီ 4 မိနစ် 52 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Black Butterflies [Les papillons noirs] (2022)Black Butterflies [Les papillons noirs] (2022)
================================ဇာတ်လမ်းဇာတ်အိမ်နက်နက်နဲနဲနဲ့ စိတ်ဝင်တစားကြည့်ရမယ့်
ပြင်သစ် Thriller စီးရီးတစ်ခုပါ။ IMDb Rating – 7.5/10 ရ
ထားတာမို့ ကောင်းမကောင်းကိုစိတ်ပူစရာလိုမယ်မထင်ပါဘူး။
မိသားစုနဲ့ကြည့်ဖို့မသင့်တော်တဲ့အခန်းတွေတော့ ပါပါတယ်။
ဘဝဇာတ်ကြောင်းကိုရေးထားတဲ့ဝတ္ထုတစ်ခုနဲ့ အောင်မြင်ထားတဲ့
စာရေးဆရာ အေဒရီယန်ဟာ နောက်စာအုပ်အတွက် အကြံဉာဏ်
ရဖို့ခက်နေတဲ့အချိန်မှာ သူစိမ်းတစ်ယောက်ဆီကဖုန်းဝင်လာပါတယ်။
လူ့လောကမှာသိပ်မနေရတော့တဲ့သက်ကြီးရွယ်အိုတစ်ယောက်က
သူ့ဘဝဇာတ်ကြောင်းကို စာအုပ်ရေးပေးဖို့ တောင်းဆိုလာတဲ့နောက်မှာ
အေဒရီယန်တစ်ယောက် ထိုလူရဲ့ဖွင့်ဟချက်တွေကိုမှတ်တမ်းယူရင်း
သူတစ်ပါးရဲ့အတိတ်က မှောင်မိုက်တဲ့အရိပ်မည်းတွေနဲ့ ပတ်သတ်မိ
သွားတဲ့အခါမှာတော့ . . .စုစုပေါင်း(၆)ပိုင်း ပါရှိတဲ့ ဒီစီးရီးကို cm မှ ဆက်တိုက်တင်ဆက်ပေး
သွားပါမယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့
Pyi T. Nyein ဖြစ်ပါတယ်။)...
Undead Murder Farce (2023- )
⭐IMDB: 7.6/10 (457 Votes)
🎬 #Animation #Mystery #SciFi #Fantasy #Drama
🗓 2023- 🎞 tv series
🌎 #Japan
⏰ 23 မိနစ် 27 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Undead Murder Farce (2023)Undead Girl Murder Farce (2023)
Genre – Anime, Fantasy, Mystery၁၃ ပိုင်း ပါဝင်တဲ့ အသစ်ထွက် Anime စီးရီးကောင်းလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။
လက်ရှိမှာတော့ ၁၁ ပိုင်းအထိ ထွက်ရှုထားပြီး ကျန်တဲ့ ၂ ပိုင်းကိုလည်းအပတ်စဉ် ထွက်ပြီးတာနဲ့ အချိန်မှီတင်ဆက်ပေးသွားဦးမှာပါ။ဒီ စီးရီးမှာတော့ စုံထောက်ကြီး ရှားလော့ဟုမ်းတို့ နာမည်ကြီးစောရဝိဇ္ဇာ လူပင်တို့စသဖြင့် စိတ်ကူးယဉ် နာမည်ကျော် ဇာတ်ကောင်တွေအများအပြား ပါဝင်ထားတဲ့အပြင် သွေးစုပ်ဖုပ်ကောင်တို့ သမန်းဝံပုလွေတို့မကောင်းဆိုးဝါးပေါင်းစုံတွေပါ ပါဝင်ပြီး၁၉ ရာစုနောက်ခံ စုံထောက်စွန့်စားခန်းလိုမျိုး ဇာတ်အိမ်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေး ပြောပြရမယ်ဆိုပထမအဓိက ဇာတ်ကောင်အနေနဲ့ ဆူဂရုအကြောင်းပေါ့။သူကတော့ လူတစ်ဝက် မကောင်းဆိုးဝါးတစ်ဝက် ဖြစ်နေပြီးဒီစွမ်းအားနဲ့ ဂျပန်မှာ ထူးဆန်းတဲ့ အကောင်ပလောင်တွေနဲ့လက်ဝှေ့ထိုးစားနေတဲ့ မကောင်းဆိုးဝါး သုတ်သင်သူလို့ ခေါ်ကြတဲ့ပေါ့ပျက်ပျက်လူတစ်ယောက်ပေါ့။ဒါပေမဲ့ ဒီလို မကောင်းဆိုးဝါးတစ်ဝက် ဖြစ်နေရတာလည်းလူတစ်ယောက်ရဲ့ စနက်ကြောင့်ပါ။ဒုတိယတစ်ယောက်ကတော့ ဒီစီးရီးရဲ့ပင်တိုင်ဇာတ်ကောင်ခေါင်းပြတ်မလေး ရင်ဒိုအာယာပါ။သူကတော့ မသေမျိုးဖြစ်ပြီး သူ့ ခန္ဒာကိုယ်ကို လူတစ်ယောက်ကခိုးယူသွားလို့ စိတ်ပျက်လက်ပျက်နဲ့သေချင်လွန်းလို့ မကောင်းဆိုးဝါး သုတ်သင်သူဆီ လာပြီး အသတ်ခံမယ့်လူ။ဒါပေမဲ့ တကယ်တမ်း နှစ်ယောက်သား တေ့တေ့ဆိုင်ဆိုင်စကားပြောကြည့်တော့ ဆူဂရုကို လုပ်ခဲ့တဲ့လူနဲ့ အာယာရဲ့ ခန္ဒာကိုယ်ကို ခိုးသွားတဲ့လူကတစ်ယောက်တည်း ဖြစ်နေတော့ နှစ်ယောက်သား ပူးပေါင်းပြီးဒီလက်သည်ကို ဥရောပထိ လိုက်ရှာပြီး သွေးကြေးဆပ်ကြမယ်ဆိုပြီးသစ္စာပြုလိုက်ကြရော။တတိယဇာတ်ကောင်ကတော့ ခေါင်းပြတ်မလေးရဲ့ သစ္စာရှိလူယုံမလေး ရှီဇူကုပါသခင်မအမိန့်အတိုင်း စေလိုရာသာလုပ်ပြီး ပေါ့ပြက်ပြက် ဆူဂရုနဲ့အမြဲသတ်နေတဲ့တစ်ယောက်ပေါ့။ဒီလိုနဲ့ ၃ ယောက်သား စုစည်းပြီး အာယာရဲ့ စုံထောက်စွမ်းရည်ရယ်ဆူဂရုရဲ့ မကောင်းဆိုးဝါး သုတ်သင်နိုင်စွမ်း ရှီဇူကုရဲ့ ထူးဆန်းတဲ့ငွေလက်နက်နဲ့တိုက်ခိုက်နိုင်စွမ်းနဲ့အတူ သူတို့ကို ဘဝဖျက်သွားတဲ့လူနောက် လိုက်ကြရင်းစွန့်စားခန်းတွေ ထွက်ကြတာကို ရသပေါင်းစုံနဲ့ ခံစားရမှာပဲဖြစ်ပါတယ်။...
Honey Sweet (2023)
⭐IMDB: 6.4/10 (38 Votes)
🎬 #Comedy #Romance
🗓 2023 🎞 movie
🌎 #SouthKorea
⏰ 2 နာရီ 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Honey Sweet (2023)
အသက် ၄၀ ကျော်မှ ဘဝစကြမယ့် သဲသဲကဲကဲအတွဲလေးအကြောင်းရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးပါဦးမယ်နော်
ချာချီဟိုဟာ အဆာပြေမုန့်တီထွင်တဲ့သုတေသနပညာရှင်ပါ..တစ်ယောက်တည်း အချိန်ဇယားကြီးနဲ့ ဖြတ်သန်းနေတဲ့ လူပျိုသိုးကြီးဆိုလည်း မမှားပါဘူးအဲလိုလူပျိုကြီးကို ရင်ခုန်အောင်လုပ်သွားတာတော့ အီအီးလ်ယောင်းဆိုတဲ့ အမျိုးသမီးလေးပါ၊သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုကနေ တစ်ဆင့်ချင်းတက်သွားတဲ့ပုံစံကို နည်းနာယူရင်း…
အသက် ၄၀ ကျော်မှ ကလိကလိဖြစ်အောင် လုပ်ပေးသွားမယ့် အတွဲကတော့ဘယ်လိုတွေရိုကြမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်
မင်းသားကြီးYu Hae Jinနဲ့ မင်းသမီးကြီးKim Hee Seonတို့လိုအထင်ကရသရုပ်ဆောင်တွေပါဝင်ထားတာဆိုတော့ အပန်းပြေစေမယ့် ရုပ်ရှင်လေးဖြစ်လို့ ကြည့်လိုက်ကြပါဦးနော်
အညွှန်းကိုတော့Joyzက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Joyz&Hmweပဲ ဖြစ်ပါတယ်။...
Friday the 13th (1980)
⭐TMDB: 64.0% User Score
🎬 #Fridaythe13thCollection #Horror #Mystery #Thriller
🗓 1980 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 36 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Friday the 13th (1980)
~ IMDb – 6.4/10, Rotten Tomatoes – 64% ~
ရေနစ်ပြီး သေသွားတဲ့ကောင်လေးတစ်ယောက်က ရေကန်အောက်မှာပဲ အရိုးဆွေးရမှာပဲမဟုတ်လား။ ဟင့်အင်း။ သူ့မှာ အငြိုးတွေရှိတယ်။ မပြေနိုင်တဲ့ အာဃာတတွေ။ ဒီလိုနဲ့ ရေနစ်သေသွားပြီဆိုတဲ့ ဂျေဆင် ဆိုတဲ့ကောင်လေးဟာ ယုတ္တိဗေဒနိဿယတွေကို ကျော်လွန်ပြီး အကောင်အထည်သတ္တဝါအဖြစ် လူ့လောကထဲကို ပြန်ဝင်လာခဲ့တယ်။
ဒီလိုနဲ့ ကျွန်တော်တို့ ဟော်ကီမျက်နှာဖုံးစွပ်အောက်က ရက်စက်ကြမ်းကြုတ်လှတဲ့ လူသတ်သမားကြီး ဂျေဆင် ကို အားပါးတရ ကြည့်ခွင့်ရလိုက်တာပါပဲ။ စုစုပေါင်း ၁၂ ကားတောင်ရှိတယ်ဆိုတော့ တစ်ရက်တည်းများ ကြည့်လိုက်ရရင် လူတောင် ကြောင်တောင်တောင်ဖြစ်သွားလောက်ရဲ့။
အခုတင်ဆက်ပေးမှာကတော့ ဂျေဆင် ကိုမွေးဖွားပေးခဲ့တဲ့ ပထမဆုံးဇာတ်ကားပါပဲ။ ခရစ်စတယ်ရေကန်စခန်းဟာ သွေးစခန်းလို့ အမည်တွင်တဲ့ စခန်းချလည်ပတ်ရာ တောတွင်းသဘာဝရေကန်လေးတစ်ခုပေါ့။ ဒါပေမဲ့ ကျိန်စာသင့်နေတဲ့ ရေကန်စခန်းမှာ လူသေအလောင်းတွေ တစ်လောင်းပြီးတစ်လောင်း ထွက်လာတော့တာပါပဲ။
အဲဒီ ခရစ်စတယ်ရေကန်မှာ ဂျေဆင် ဆိုတဲ့ကောင်လေး ရေနစ်သေသွားခဲ့တာကစပြီး အဖြစ်ဆိုးတွေ ဆက်တိုက်ပေါ်ပေါက်လာတာပါ။ စခန်းမှာ အကူလေးတွေရှိပေမဲ့ တူနှစ်ကိုယ်ချစ်ရည်လူးနေတဲ့စုံတွဲတွေဖြစ်လို့ ကလေးရေထဲဆင်းသွားတာ မသိလိုက်ကြဘူးတဲ့။ ဂျေဆင်ရဲ့အမေဟာလည်း စခန်းအကူတစ်ယောက်ဖြစ်ပြီး သားသေရတဲ့အဖြစ်ကို ရင်နင့်စွာခံစား အငြိုးတွေဝေခဲ့ရတာပေါ့။
ဒီလိုနဲ့ပေါ့လေ။ အဖြစ်ဆိုးတွေဖြစ်နေလို့ ပိတ်ထားတဲ့စခန်းကို ပိုင်ရှင်က ပြန်ဖွင့်ဖို့ကြိုးစားတယ်။ ရေကန်စခန်းကို လာရောက်လည်ပတ်သူတွေမလာခင်မှာ စခန်းကို လှည့်လည်ပြသလမ်းညွှန်ပေးကြမယ့် စခန်းအကူလေးတွေ လုပ်စရာရှိတာတွေ လုပ်နေဆဲအချိန်ပေါ့။ သူတို့လေးတွေဟာ လူငယ်လေးတွေဖြစ်တာနဲ့အညီ ချစ်မှုရေးရာတွေ၊ အသောက်အစားတွေ၊ လိင်မှုကိစ္စတွေနဲ့ပဲ ၂၄/၇ ဖြတ်သန်းနေကြသူတွေပါ။
ဒါပေမဲ့ သူတို့တွေ လူကြီးဖြစ်ပြီး ရင့်ကျက်ခွင့် မရလိုက်ပါဘူးလေ။ ကာလနာတိုက်ပြီး သေချင်းဆိုးနဲ့ သေကုန်ကြလေရဲ့။ တစ်ယောက်ချင်းစီ ဘယ်လိုသေကုန်တယ်ဆိုတာ ကွက်ကွက်ကွင်းကွင်းမြင်ရတာ၊ အထက်ပိုင်းဗလာကျင်း လိင်မှုကိစ္စတွေမြင်ရတာကြောင့် 18+ အဆင့် သတ်မှတ်ပါတယ်။ နှလုံးအားနည်းသူတွေ၊ သွေးသံရဲရဲမနှစ်သက်သူတွေ ရှောင်သင့်တဲ့ဇာတ်ကားပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုArr Khun Winchesterမှ ပြန်ဆို ရေးသားထားပါတယ်)...
Arachnophobia (1990)
⭐TMDB: 64.0% User Score
🎬 #Comedy #Horror #Thriller
🗓 1990 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 49 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Arachnophobia (1990)
~ IMDb – 6.5/10, Rotten Tomatoes – 93% ~
ကြောက်ဖို့ကောင်းတဲ့ အကောင်ကားတွေ၊ ထိတ်လန့်ဖို့ကောင်းတဲ့ အကောင်ကားတွေများများစားစားရှိတဲ့ထဲကမှ ခု Arachnophobia ဆိုတဲ့ရုပ်ရှင်ထဲမှာတော့ မင်းသားကိုယ်တိုင် ပင့်ကူကိုကြောက်နေရတာဖြစ်ပါတယ်။ Arachnophobia ဆိုတဲ့စာလုံးကိုက ပင့်ကူကိုကြောက်လန့်ခြင်းဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင် သုတေသနလုပ်တဲ့လူတစ်စုက ဗင်နီဇွဲလားမှာ ပင့်ကူမျိုးစိတ်သစ်ကိုသွားရောက်ရှာဖွေရင်း သူတို့ရဲ့အပြန်လမ်းမှာ ဓာတ်ပုံဆရာတစ်ယောက်နဲ့အတူ ပင့်ကူဘုရင်ကြီးက ကပ်ပါလာခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ဆရာ၀န်ဖြစ်သူ မင်းသားဟာ ပင့်ကူကပ်ပါလာတဲ့ ဓာတ်ပုံဆရာရဲ့နယ်မြို့လေးဆီကို ပြောင်းလာခဲ့တယ်။ ဓာတ်ပုံဆရာကတော့ ပင့်ကူကိုက်လို့သေဆုံးသွားပေမဲ့ အဲဒီနယ်မြို့လေးမှာတော့ ပင့်ကူဟာ စတင်နယ်ချဲ့ပါတော့တယ်။
ဆရာ၀န်ခမျာ နယ်မြို့လေးမှာ အထိုင်ကျဖို့ကြိုးစားရင်း ပင့်ကူရဲ့ပြဿနာတွေကိုလည်း အဖြေရှာရပါသေးတယ်။ ဇာတ်ကားလေးက အကောင်ကားသီးသန့်မဟုတ်ဘဲ ဟာသလေးနှောလိုက်၊ ဗဟုသုတလေးပေးလိုက်နဲ့ အကြောက်တရားကို ဘယ်လိုကျော်လွှားမလဲဆိုတာကိုပါ ပညာပေးသွားတဲ့အတွက် မိုးအေးအေးနဲ့ ဇိမ်ခံကြည့်လို့ရမယ့် ရုပ်ရှင်ကားလေးဖြစ်တဲ့အကြောင်း ညွှန်းဆိုလိုက်ပါရစေ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMugiwara Yaမှ ပြန်ဆို ရေးသားထားပါတယ်)...
Vindicta (2023)
⭐IMDB: 4.3/10 (160 Votes)
🎬 #Horror
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 27 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Vindicta (2023)
ဟောလိုးဝင်းပွဲနီးလာတာနဲ့အမျှ သည်းထိတ်ရင်ဖိုကားတွေ တဖွားဖွားထွက်လာတဲ့အထဲကမှ ကြည့်ရှူသူကို ဇာတ်လမ်းအဆုံးထိလည်းဆွဲခေါ်နိုင်တဲ့အပြင် ရင်တထိတ်ထိတ်နဲ့လည်း ကြည့်ရမယ့် လျှို့ဝှက်သည်းဖိုဇာတ်ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။
~ ဇာတ်လမ်းအညွှန်း ~
အထက်လူကြီးတွေလာဘ်စားမှုကြောင့် ဆန္ဒပြပွဲတွေဖြစ်နေတဲ့ မြို့လေးတစ်မြို့မှာ ဆိုးဝါးတဲ့လူသတ်မှုတွေဖြစ်နေတဲ့အချိန် လု တစ်ယောက် သူ့ရဲ့ ပထမဆုံး ရှေးဦးသူနာပြုအလုပ်ဆင်းတဲ့နေ့မှာပဲ မမျှော်လင့်ထားတဲ့ လူသတ်မှုတွေ ကြုံလာရတဲ့အခါ…တဖက်မှာလည်း ဒီကိစ္စတွေမတိုင်ခင် လွန်ခဲ့တဲ့ငါးနှစ်တုန်းက တိုက်ဟောင်းတစ်ခုမီးလောင်မှုမှာ မိသားစုတစ်စု မီးထဲပါသွားပြီး အဲဒီကိစ္စမှာ ပါဝင်တဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက် ရက်စက်စွာ အသတ်ခံနေရပါတယ်။
အသတ်ခံရတဲ့သူတွေနဲ့ ဖြစ်ရပ်ဆိုးမီးလောင်မှုကြီးနဲ့ ဘယ်လိုပတ်သက်နေလဲ… လူသတ်သမားကရော ဘာကြောင့် သူတို့ကိုလိုက်သတ်နေရတာလဲ… လု ဆီကိုရော တိုက်တိုက်ဆိုင်ဆိုင် လူသတ်မှုကြီးက ရောက်ရှိလာတာလား… ဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ဇာတ်လမ်းပြီးတဲ့အထိ ဆက်သာကြည့်လိုက်ကြပါတော့။
(ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)...
Prema Vimanam (2023)
⭐IMDB: 9.3/10 (16 Votes)
🎬 #Bollywood #Comedy #Drama #Romance
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 27 မိနစ် 9 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Prema Vimanam (သို့) အိပ်မက်ဆီသို့ (2023)
IMDb – 10/10
ကျွန်တော်တို့ရဲ့ ငယ်ဘဝအမှတ်တရတွေထဲမှာ သူငယ်ချင်းတွေ ရွယ်တူတွေ ဘာလုပ်လုပ် ဘာစားစားအိမ်ကိုပြန်ပူဆာရင်းနဲ့ အမေနားရွက်လိမ်ဆွဲတာခံရတာလည်း တစ်ခုအပါအဝင်ပါပဲ။ဒီလိုတစ်ချိန်က အမှတ်တရတွေကို CMပရိသတ်တို့ ပြန်အမှတ်ရနိုင်ဖို့Prema Vimanamဆိုတဲ့ Teluguရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါပြီ။
ဇာတ်လမ်းအကျဉ်း
ရာမူးနဲ့လာချူးတို့ညီအစ်ကိုဟာ ငွေကြေးမပြည့်စုံတဲ့ လယ်သမားကြီးအိမ်က ကလေးနှစ်ယောက်ပါ။တစ်နေ့လုပ်မှတစ်နေ့စားရတဲ့မိသားစုက ကလေးတွေပီပီ ဘောင်းဘီပြဲရင်တောင် မလဲနိုင်လေတော့ရွယ်တူကလေးတွေလှောင်တာခံရတာပေါ့။ ဒီလိုနဲ့တစ်နေ့မှာ သူတို့ကစားနေကြအဖွဲ့ထဲက ဆာတစ်ရှ်ဆိုတဲ့ကလေးကလေယာဉ်ပျံကြီးစီးပြီး ဘုံဘေကိုသွားတယ်လို့ကြားလိုက်ချိန်မှာတော့ ဒီကလေးနှစ်ယောက် လေယာဉ်ပျံရူးစရူးကြပါတော့တယ်။ဆန္ဒပြင်းပြနေတဲ့ သားနှစ်ယောက်ကိုကြည့်ပြီး သူတို့ရဲ့အိပ်မက်ကို အဖျက်တွေမပြောချင်တဲ့အဖေဖြစ်သူကလည်းသီးနှံအထွက်ကောင်းရင်သွားမယ်လို့ ပြောလိုက်တဲ့အခါ….
အိမ်အခြေအနေက လယ်ကိုကြွေးရှင်လက်အပ်ရမယ့်ဆဲဆဲဆိုပေမဲ့ ကလေးပီပီ ဘာမှမသိတဲ့ ရာမူးနဲ့လာချူးတို့ညီအစ်ကိုနှစ်ယောက်သူတို့အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ ဘယ်လိုကြိုးစားကြမလဲ။ တစ်ဖက်က မျိုးရိုးအဆင့်အတန်းကွာခြားချက်ကြောင့်ခိုးရာလိုက်ပြေးလာတဲ့ မာနီနဲ့အာဘီသာတို့စုံတွဲကလည်း လေယာဉ်စီးဖို့ဖြစ်လာတော့ ဒီအတွဲနဲ့ဒီကလေးတွေဆုံတွေ့ပြီးဘယ်လိုအချိုးအကွေ့တွေဖြစ်လာမလဲ။ အိပ်မက်ကိုရှာတဲ့သူနဲ့ အချစ်ကိုရှာတဲ့သူတို့တွေ ဆန္ဒနဲ့ဘဝတစ်ထပ်တည်းကျနိုင်မလားဆိုတာ ကျေးလက်အလှ ကျေးလက်ဓလေ့တွေကိုခံစားရင်း ကြည့်ရှုလိုက်ကြပါစို့လား။
(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood teamမှဖြစ်ပါတယ်)
(CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Shaolin Wooden Men (1976)
⭐TMDB: 68.0% User Score
🎬 #Action #JackieChan
🗓 1976 🎞 movie
🌎 #Taiwan #HongKong #Japan #HongKong
⏰ 1 နာရီ 49 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
JC ကားဟောင်းလေးတွေကို အလျင်းသင့်သလို နှစ်အလိုက် တင်ဆက်ပေးသွားမယ်လို့ ကြေညာထားတဲ့အလျောက် အခုလည်း ဂျက်ကီချန်းရဲ့ ကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းထဲမှာတော့ ဂျက်ကီခန်းဟာ သူ့အဖေကို သတ်သွားတဲ့ “ချက်ကောင်းသုံးဆင့်တိုက်ကွက်”သိုင်းပညာရှင်ကို လက်စားချေဖို့ နှစ်ရှည်လများ စကားမပြောတတ်တဲ့ အ အလေးပုံစံဟန်ဆောင်ပြီး ရသမျှ သိုင်းပညာတွေကို အပတ်တကုတ်ကြိုးစားသင်ယူတဲ့ကောင်လေးတစ်ယောက်ပါ။
သူ့အဖေကို သတ်သွားတဲ့သူကို လိုက်ရှာရင်းနဲ့ နောက်ဆုံးတွေ့လိုက်တဲ့အချိန်မှာတော့ လက်စားပဲချေနိုင်ပါ့မလား သူသင်ထားတဲ့ သိုင်းပညာတွေနဲ့ ယှဉ်နိုင်ပါ့မလား လက်စားချေရတယ်ဆိုတဲ့ ပူလောင်မှုကြောင့် သူအောင်မြင်ပါ့မလား ဆိုတာကို ကြည့်ရှုးခံစားကြည့်လိုက်ကြပါဦး...
Dorian Gray (2009)
⭐IMDB: 6.2/10 (67 k Votes)
🎬 #Drama #Fantasy #Mystery #Thriller
🗓 2009 🎞 movie
🌎 #UnitedKingdom
⏰ 1 နာရီ 53 မိနစ် 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားက Oscar Wilde ရဲ့ ဂန္တဝင်ဝထ္ထုကို
လိုက်လျောညီထွေနဲ့စွဲမက်ဖွယ်ကောင်းလောက်အောင်
ပြန်လည်ပုံဖော်ထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။
လူတွေရဲ့အတ္တနဲ့သေခြင်းတရားအပေါ်ကြောက်ရွံ့မှုတို့ကို
နက်ရှိုင်းတဲ့သဘောနဲ့ပုံဖော်ပြထားပါတယ်။
စွဲမက်လောက်စရာရုပ်သွင်ရှိတဲ့ Ben Barners က Dorian Gray ဇ
ာတ်ကောင်နေရာမှာသရုပ်ဆောင်ပေးထားတာက
ဇာတ်လမ်းနဲ့တကယ့်ကိုလိုက်ဖက်ညီလွန်းပါတယ်။
ဇာတ်လမ်းသဘောကတော့
သူ့ရဲ့ဝိညဥ်ကိုနတ်ဆိုးနဲ့မမျှော်လင့်ပဲ
အပေးအယူလုပ်မိသွားတဲ့
ကောင်ချောလေးတစ်ယောက်အကြောင်းပါ။
ရိုးသားဖြူစင်တဲ့ကောင်ချောလေးဒိုရီယန်ဟာ
အဖိုးသေဆုံးသွားပြီးအမွေဆက်ခံဖို့အတွက်တောကနေ
လန်ဒန်မြို့ကြီးကိုရောက်လာခဲ့ပါတယ်။
မအူမလည်ဖိုးသခွားလေးဟာ လူရှုပ်လူပွေကြီး Lord Henry နဲ့ပေါင်းမိပြီးတဲ့နောက်မှာ
ကောင်ချောလေးကနေကောင်ဇိုးလေးဖြစ်လာခဲ့ပါတယ်။
ဆရာထက်တပည့်လက်စောင်းထက်လာတဲ့ဒိုရီယန်ဟာ
သူ့ဝိညဥ်ကိုမမျော်လင့်ဘဲ နတ်ဆိုးနဲ့အလဲအလှယ်လုပ်မိသွားတဲ့နောက်မှာ
မအိုမင်းနိုင်တဲ့ခန္တာကိုပိုင်ဆိုင်သွားပြီး
မြင်းကိုဂျိုတပ်ပေးလိုက်သလိုတွေဖြစ်သွားတဲ့အခါ….
သူ့နုပျိုမှုကထာဝရခံပါ့မလား အဲ့ဒီအလဲအလှယ်အတွက်
သူဘာတွေပေးဆပ်လိုက်ရမလဲဆိုတာ
ဇာတ်ကားထဲမှာဆက်ပြီးစောင့်ကြည့်ပေးကြပါဦး….
Ben Bernes က Dorian Gray ရဲ့ ဇာတ်ကောင်ကို
အပြစ်ကင်းစင်တဲ့လူငယ်လေးတစ်ယောက်ရဲ့ဘဝကနေပြီးတော့
စိတ်ဝိညဥ်မရှိတော့တဲ့အထိကိုယ့်ကျင့်တရားဖောက်ပြန်စိတ်ဓာတ်ပျက်ပြားတဲ့
လူတစ်ယောက်အဖြစ်ကူးပြောင်းလာပုံကို ကျွမ်းကျွမ်းကျင်ကျင်ပဲပုံဖော်ပြသွားပါတယ်။
Horry and Mystery vibes မျိုးကိုသေချာခံစားချင်ပြီး
တကယ်စိတ်ဝင်စားစရာကောင်းပြီးကြည့်ရတာတန်တဲ့ဇာတ်လမ်းမျိုးကိုရှာနေရင်
ဒီဇာတ်ကားလေးကသင်တို့အတွက်ပါပဲလို့…
( PS. တစ်ချို့ဇာတ်ဝင်ခန်းတွေက မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်တဲ့အတွက်ကြောင့်
ညမှောင်မှောင်မှာ တစ်ယောက်တည်း or သူငယ်ချင်းတွေနဲ့စုကြည့်ကြဖို့ပြောချင်ပါတယ်။)...
Expend4bles (2023)
⭐IMDB: 5.2/10 (10 k Votes)
🎬 #Action #Adventure #Thriller #War
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 39 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
နာမည်ကျော် အက်ရှင်ရုပ်ရှင်တွဲတွေထဲက တစ်ခုဖြစ်တဲ့ The Expendables ရုပ်ရှင် လေးကားမြောက် လာပါပြီ။အစိုးရအေဂျင်စီတွေ တရားဝင်လုပ်လို့မရတဲ့ စစ်ဆင်ရေးတွေကို လုပ်ပေးရတဲ့ စတေးခံ၊ အသေခံအဖွဲ့ပါပဲ။တက္ကစီကတုံးမင်းသား၊ ပြား ၅၀၊ မျက်လုံးနဲ့တင်ပြီးနိုင်တဲ့ မီဂန်ဖောက်၊ Raid မင်းသား၊ Ong-bakမင်းသား၊ ဒေါ့ဖ်လန်ဂရင်၊ စတားလုံး အစရှိတဲ့ အားနေချနေတဲ့ကောင်တွေကို ထည့်ထားပါတယ်။ဒီတော့ ချကြတာ ထိုင်ကြည့်ကြပါ။
ဇာတ်လမ်းအကျဉ်း
ထုံးစံအတိုင်း လူဆိုးကြီးတစ်ယောက်က အဏှမြူဗုံးနဲ့ပတ်သတ်တဲ့ အရမ်းဆိုးတာကို လုပ်ပါတယ်။အဲဒါကို မင်းသားတို့အဖွဲ့က လိုက်ကြိတ်ပါတယ်။ ဒါပါပဲ။ ကြည့်ကြပါ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Mr.Andersonပဲ ဖြစ်ပါတယ်။...
Lust in Hell: Edge of the World (2009)
⭐IMDB: 4.9/10 (72 Votes)
🎬 #Adult #Horror
🗓 2009 🎞 video movie
🌎 #Japan
⏰ 1 နာရီ 26 မိနစ် 30 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Lust in Hell: Edge of the World (2009)
ငရဲတို့နတ်ပြည်တို့တကယ်ရှိလား အဲ့လိုမေးခွန်းမျိုးလူတိုင်း ဒွိဟဖြစ်ဖူးကြမှာပါ…
ဒီရုပ်ရှင်မှာလဲ အန်ကိုဆိုတဲ့မိန်းမပျိုလေးရဲ့အလှတရားတွေကိုအရင်းခံပြီးငရဲနဲ့နတ်ပြည်ရဲ့အဓိပ္ပာယ်တွေကိုရိုက်ကူးပြသွားတာပဲဖြစ်ပါတယ်
(ဇာတ်ဝင်ခန်းတွေဟာ ဖော်ချွတ်ခန်းတွေနဲ့သွေးသံတရဲရဲခန်းတွေ ပါဝင်တာကြောင့် မိသားစုနဲ့အတူမကြည့်သင့်ပါဗျ)...
