ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Dhadak (2018) ⭐IMDB: 4.5/10 (10 k Votes) 🎬 #Bollywood #Drama #Romance #Comedy 🗓️ 2018 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 18 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အချစ်နဲ့ ရင်းခဲ့တဲ့ တူနှစ်ကိုယ်ဘဝလေး။မမျှော်လင့်တဲ့ ကံဆိုးခြင်းတွေ မလာခင်ထိတော့ အေးချမ်းတာပေါ့။ လိႈင်းတွေ လာတဲ့အချိန်ကမ်းပေါ်က သဲအိမ်တွေ ပြိုပျက်ပေးရမှာ သဘာဝပါပဲ။ ” မင်းအတွက် တစ်နေ့ကျရင် အိမ်ကြီး ထည်ထည်ဝါဝါဆောက်ပေးမယ် ” “အိမ်ကြီး မလိုပါဘူး ငယ်ငယ်လေးကတည်းကနေခဲ့ဖူးပြီးပြီ၊ အိမ်တစ်ဆောင်.. ငါတို့နှစ်ယောက်အတွက်ပဲထမင်းချက်ရမယ့် အိမ်တစ်ဆောင်ပဲ လိုချင်တာပါ ” ______________________________ ဇာတ်လမ်းအကျဥ်း———————–Dhadak ဆိုတဲ့ ကားလေးကအဆင့်အတန်း မတူတဲ့ ဘဝနှစ်ခုကြားကအချစ်စစ်ကို ဖော်ကျုးထားတဲ့ ကားကောင်းလေးပါ။ မမျှော်လင့်ဘဲ သေနတ်ဆွဲမိခဲ့တဲ့ မိမိ၊ ဘဝအတွက် အဆင်သင့် မဖြစ်သေးတဲ့ မိမိချစ်သူ၊ မမျှော်လင့်ဘဲ အာဏာရလာတဲ့ ဖခင်၊ အားလုံးက ကံစီမံရာအတိုင်း ယိမ်းကရပေမဲ့အသိမကြွယ်သေးတဲ့ လူငယ်အိမ်ထောင်သည်ဘဝမှာရှောင်ပြေးကြရင်း၊ ဘဝကို ရုန်းကန်ကြရင်းနဲ့စကားများရန်ဖြစ်ကြာတာလည်းယနေ့ခေတ်ရဲ့ ကိုယ်တွေ့ မြင်ကွင်း၊သတိထားစရာ ပညာယူစရာတွေပါ။ ဒါပေမဲ့ သူတို့ဘဝမှာတော့ မမျှော်လင့်ဘဲ…. ——————- ဒရာမာပရိသတ်တွေ ကြွေတဲ့ Beyond the clouds ရဲ့မင်းသားချောက အဓိက ပါဝင်သရုပ်ဆောင်ထားပြီးမင်းသမီးချောလေး(အိန္ဒိယအေးသောင်း)နဲ့အတူ ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်ထားပါတယ်။ အိမ်ထောင်ပြုမယ့်သူတွေရော… အိမ်ထောင်ပြုပြီးစ ကြင်စဦးဇနီးမောင်နှံတွေပါအတုယူသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါကြောင်း… ယနေ့ခေတ် ရုပ်ရှင်အများစုမှာ ထည့်သွင်းနေကျဇာတ်သိမ်းနှစ်မျိုး ထည့်သွင်းပေးထားလို့အပျော်နဲ့ ဇာတ်သိမ်းနိုင်သလို.. အလွမ်းအဆွေးအငိုနဲ့လည်း ဇာတ်သိမ်းနိုင်မှာပါ။ (သီချင်းစာသားတွေ ထည့်ရေးပေးချင်ပေမဲ့သီချင်းစာသားတွေ မူရင်းထဲ မပါလို့ ထည့်မရေးနိုင်ခဲ့ပါကြောင်း……) (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Nyi Nyi Koe ပါ)

Sanju (2018) ⭐IMDB: 7.6/10 (56 k Votes) 🎬 #Biography #Bollywood #Drama #Comedy 🗓️ 2018 🎞️ Movie 📺 720p HD 🌎 #India #UnitedStatesofAmerica ⏰ 2 နာရီ 39 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဂုဏ်သရေရှိ အမျိုးသမီး အမျိုးသားအပေါင်းတို့ ခင်ဗျာ ဒီနေ့ဟာဆိုရင် ကျွန်တော့်အတွက် အင်မတန်မှ ပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့တစ်နေ့ပါ ဘာကြောင့်လဲဆိုတော့ ဒီနေ့မှာ ကျုပ်ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ် ထွက်ရှိမှာ မို့လို့ပါ ============================================ ကျွန်တော့်လောက် ကဏ္ဌစုံတဲ့လူ တစ်ယောက်ကို ဘယ်မှာမှတွေ့နိုင်ဖို့မရှိဘူးဗျ ကျွန်တော်က အရက်သမား၊ ဆေးသမား၊ မိန်းမပွေလွန်းတဲ့လူဗျ ဒါပေမဲ့ အကြမ်းဖက်သမားတော့ မဟုတ်ပါဘူး ============================================ AK 56 ရိုင်ဖယ်တွေလက်ဝယ်တွေ့ရှိမှု၊ RDX တွေရှိနေလားဆိုတဲ့ မေးခွန်းပေါင်းများစွာကြောင့် အများအမြင်မှာ အကြမ်းဖက်သမားတစ်ယောက်ဖြစ်နေတဲ့ နာမည်ကျော်မင်းသားကြီး ဆန်ဂျေ ဒတ်ဟာ ထောင်နန်းစံရတော့ပါမယ် အဲဒီအတွက်ကြောင့် ပြည်သူတွေကိုအမှန်တိုင်း သိစေဖို့ ရည်ရွယ်ပြီးနာမည်ကျော် စာရေးဆရာမတစ်ယောက်ဖြစ်တဲ့ ဝင်နီ ဒိုက်(ဇ်)ကိုသူ့ဘဝဇာတ်ကြောင်းရေးပေးဖို့ အကူညီတောင်းခဲ့ရပါတော့တယ် ဆန်ဂျေ ဒတ်ရဲ့ ဘဝဇာတ်ကြောင်းက ဘာတွေလဲ … တကယ်ပဲ သူက အကြမ်းဖက်သမား တစ်ယောက် ဟုတ်မဟုတ်ဆိုတာကိုတော့ … ============================================ နာမည်ကျော်မင်းသားကြီး ဆန်ဂျေ ဒတ်ရဲ့ ဘဝဇာတ်ကြောင်းကို မင်းသား ရန်ဘီးကပူးရ်က အကောင်းဆုံးသရုပ်ဆောင်ထားပြီးပါလေသမျှ သရုပ်ဆောင်တိုင်းက ကဏ္ဌအသီးသီးကနေ အကောင်းဆုံးပုံဖော်ထားနိုင်လွန်းလို့ အင်မတန်မှ ကောင်းမွန်တဲ့ Bio, Drama ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ် ဒါရိုက်တာကလည်း 3 Idiots, PK နဲ့ Munna Bhai နှစ်ကားလုံးကို ရိုက်ကူးထားတဲ့ Rajkumar Hirani ဖြစ်နေတာကြောင့် ပြောစရာမလိုလောက်အောင် ပြီးပြည့်စုံနေပါပြီ နိုင်ငံတကာ အဆင့်သတ်မှတ်ချက်တွေ အနေနဲ့ IMDb 8.5/ 10 နဲ့ Rotten Tomatoes 50% အထိ ရရှိထားပါတယ် (ဇာတ်လမ်းအညွှန်းကိုတော့ ကိုဇော်ထူးရေးပေးထားတာပါ) (ဘာသာပြန်သူတွေကတော့ CM ရဲ့ အိနိၵယလိုင်းဆရာကြီးနှစ်ပါးဖြစ်တဲ့ ကိုဇော်ထူးနဲ့ ညီညီကိုးပါ)

Soorma (2018) ⭐IMDB: 7.3/10 (5 k Votes) 🎬 #Biography #Bollywood #Drama #Sport 🗓️ 2018 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 11 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီနှစ်ထဲကတော့ Bollywoodမှာ Biography ဇာတ်ကားတွေနဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းတွေ အထွက်များတယ် ပြောရမလားပဲ အခုတင်ဆက်ပေးမှာကလည်း IMDb 7.7/10 နဲ့ Rotten 60% ထိရရှိထားတဲ့ Sport, Bio, Drama ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ် ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်တာနဲ့အညီ တကယ်ကိုကြည့်ကောင်းတဲ့ ကားကောင်းတစ်ကားလိုပဲ ပြောကြားပါရစေ အိန္ဒိယဟော်ကီကစားသမား ဆန်ဒီး(ပ်)ဆင့်ရဲ့ ဘဝဇာတ်ကြောင်းဖြစ်လို့ဘယ်လို ဟော်ကီကစားသမားဖြစ်လာခဲ့တယ် ဘယ်လောက်ထိ အောင်မြင်ခဲ့လဲ ဘယ္ေလာက္ထိ က်ရႈံးခဲ့လဲ ဘယ်လိုကိစ္စတွေကြောင့် ဟော်ကီကစားသမား ဖြစ်လာခဲ့လဲဆိုတာကိုတော့ ဒဏ်ပေးကြမ်းလွန်းတဲ့ နည်းပြကြောင့် ဟော်ကီကွင်းက ထွက်ပြေးခဲ့တဲ့ ဆန်ဒီး(ပ်)ဆင့် တစ်ယောက် ၉ နှစ်လောက်ကြာမှ အဲဒီဟော်ကီကွင်းကို တဖန်ပြန်လာခဲ့ပါတယ် ဒါပေမဲ့ သူ့အကြောင်းပြချက်က ဟော်ကီဆော့ဖို့ မဟုတ်ဘဲအဲဒီကွင်းမှာ လေ့ကျင့်ရေးဆင်းနေတဲ့ ပရီးဆိုတဲ့ မိန်းကလေးကို စိတ်ဝင်စားနေလို့ပါ “ဟော်ကီမှာ တစ်ခုခုထူးချွန်မှ ငါတို့နဲ့လာတွေ့” ဆိုတဲ့ ပရီးရဲ့မိသားစုတွေရဲ့ စကားကြောင့် ဆန်ဒီးပ်ဆင့်ဟာ အိန္ဒိယလက်ရွေးစင်ကစားသမား အဖြစ်နဲ့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ် ဒါပေမဲ့ ဆန်ဒီးပ်နဲ့ ပရီးကြားကို ကံဆိုးမိုးမှောင်တစ်ခုကျလာပါတော့တယ် အချစ်အတွက် ဟော်ကီကစားသမားဖြစ်ခဲ့တဲ့ ဆန်ဒီးပ်တစ်ယောက် ဘယ်လိုအခက်ခဲတွေ ကြုံတွေ့ရမလဲ … သူသိပ်ချစ်တဲ့ကောင်မလေးနဲ့ကော ပေါင်းဖတ်နိုင်ပါ့မလား ဆိုတာကိုတော့ … (ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ)

Chalk N Duster (2016) ⭐IMDB: 6.6/10 (808 Votes) 🎬 #Bollywood #Drama 🗓️ 2016 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 09 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 “ငါတို့တတွေဟာပညာရေးရဲ့ လင်းရောင်တန်ဆာဖြစ်ခဲ့တာမို့ ကမ္ဘာတစ်လွှမ်းလုံးထိတိုင်အောင် တတ်စွမ်းသမျှလေးလင်းလက်ခဲ့ပါ့မယ် ” ကျွန်မတို့က မြေဖြူတွေ။ ကျွန်မတို့ကသင်ပုန်းဖျက် ပစ္စည်းတွေ။ မီးအိမ်ငယ်ငယ် ကို ကိုင်ဆောင်သူတွေ။ တစ်နည်းအားဖြင့် ခြင်းတောင်းလေး ကိုင်ရင်းဝါသနာလမ်းပေါ် လျှောက်လှမ်းလာကြတဲ့သူတွေ။ “ကျွန်မတို့က ဆရာမတွေ ”______________________________ အမှန်ပြောရရင် ဒီလို ဇာတ်ကားမျိုးကကြည့်ချင်လာအောင် ရေးပြရမယ့် Review မျိုးမဟုတ်ပါ။ ဇာတ်ဝင်ခန်းတစ်ခန်းချင်း ကို ကိုယ့်ငယ်ဘဝနဲ့ ပြန်တွေးရမယ့် ပုံပြင်ဆန်နေခြင်းမျိုးပါ။ ဒီပုံပြင်တွေထဲက သူရဲကောင်းတချို့ဟာအပြင်လောကမှာ ရှိခဲ့ပါကြောင်း နားလည်ခဲ့ရမယ့် အတွေးမျိုးပါ။ ဒါပေမဲ့ ဇာတ်လမ်းအကျဉ်း ကို ပြောပါစို့ ။ KB ဆိုတဲ့ ကျောင်းတစ်ကျောင်းမှာ အုပ်ချုပ်ရေးမှူး အသစ် ဖြစ်တည်လာတဲ့အချိန်ကစလို့ အုပ်ချုပ်သူနဲ့ ဆရာမတွေကြား မသင့်မြတ်မှုလေးတွေကတစ်စ တစ်စ ကြီးထွားလာခဲ့တယ်။ စာသင်ခန်းမှာ ဆရာမ ထိုင်ခုံတွေမထားရှိမှုတွေ။ ဆရာမ ရဲ့ သားသမီးဖြစ်လင့်ကစား ကျောင်းလခ ပြန်လည်ကောက်ခံမှုတွေက အချို့ဆရာမ များအား အခက်တွေ့စေခဲ့ပါတယ်။ တစ်နေ့မှာတော့ ဆရာမ Vidya ဟာကျောင်းသားတွေကို စာကူးခိုင်းနေတုန်း ခဏ နားနေမိခဲ့တယ်။ အဲ့ဒီနေ့ကသူမဟာ နာမကျန်းဖြစ်နေသော်လည်းတကယ် စေတနာပါပါ သင်ကြားနေခဲ့တာပါ။ ဒါပေမဲ့ ကျောင်းအုပ်ချုပ်ရေးမှူး ကVidya ကို အပြစ်ဆိုခဲ့ပါတယ်။ Vidya ရဲ့ မှတ်မိလွယ် သော သင်ကြားနည်းတွေကရှေးရိုးဆန် လှကြောင်း / အင်တာနေရှင်နယ် မဆန်ကြောင်း ပြစ်တင်ပါတော့တယ်။ ဒီလိုနဲ့ အချေအတင်ဖြစ်ပြီး မကြာမီVidya ဆီ အလုပ်ထုတ်စာ ရောက်လာခဲ့တယ်။ အကြောင်းပြချက် က ဆရာမအရည်အသွေး မပြည့်မီတဲ့ အတွက်ပါတဲ့ ဒီစာဟာ Vidya အတွက် စိတ်ထိခိုက်စေခဲ့ပါတယ်။ ယခင်ကတည်းက နှလုံးရောဂါ အခံရှိသူမို့ Shock ပါရသွားခဲ့ပါတယ်။ ဒီလို အခြေအနေမှာတော့ ဆရာမ Jyoti ကပဲ ကူညီစောင့်ရှောက်ခဲ့ရပါတယ်။တစ်ဖက်မှာလဲ Vidya ရဲ့ သမီးငယ် ရယ် ခြေမသန်ခဲ့တဲ့ တွန်းလှည်းပေါ်က ခင်ပွန်းရယ် က ဆုတောင်းပေးရုံသာ တတ်နိုင်ခဲ့ကြပါတယ်။ ဒါတွေဟာ တချို့ဆရာမတွေရဲ့ အခြေခံ ဘဝတွေပါ။စာသင်လာကြတဲ့ကလေးတွေကို ပြုံးပြတဲ့အခိုက်မှာမိသားစု ပြဿနာတွေကို သူတို့ခမျာခေါက်ရိုးချိုး ထားတတ်ကြပါတယ်။အဆင်မပြေပေမယ့် အဆင်ပြေပြေ နေခဲ့ကြတယ်။ ဒါ့အတွက် ဆရာ / ဆရာမတွေ မည်သည်များ ပြန်လည် ရရှိခဲ့ပါသလဲ။ ချမ်းသာလောက်တဲ့ ငွေကြေးလား။တပည့်တွေ မမေ့ကြတဲ့ပြန်လည်သတိရမှု မျိုးလား။လေးစားမှုတရားလား။ ဒီဇာတ်ကားဟာ အတွေးပေါင်းများစွာနဲ့ပါ။ ဆရာမတွေအတွက်ရော တပည့်ဖြစ်ခဲ့ဖူးတဲ့ ကျွန်တော်တို့အားလုံးအတွက်တစ်ခါတည်းပစ်လိုက်တဲ့ခဲလုံးလေးပါ။ အခုလည်း ဆရာမ Vidya ရဲ့ အလုပ်ထုတ်ခံရမှုက မီဒီယာထက်မှာပဲ ဟိုးလေးတကျော် ဖြစ်ခဲ့ရပါပြီ။ 28 နှစ်ကျော်လုပ်သက်ရှိတဲ့ Vidya ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ နဲ့ တပည့်တွေက ဆရာမအပေါ် ပြန်သိတတ်ပုံတွေကလည်း တမျိုးလေး ချစ်စရာကောင်းနေပါတယ်။ ဒီလိုနဲ့ အိန္ဒိယပညာရေးအပေါ် မေးခွန်းထုတ်လာမှုတွေကြားမှာVidya နဲ့ Jyoti တို့ အတူလက်တွဲပြီးဖြေရှင်းခဲ့ကြပါတယ်။ ဆရာမတစ်ယောက်ရဲ့ ပြင်ပ ဗဟုသုတ ပြည့်ဝမှု / အရည်အချင်း ပြည့်စုံနေမှု ကို လည်းသက်သေပြဖို့ ကြိုးစားခဲ့ပါတယ်။ ဒီဇာတ်ကား ရဲ့ ပြင်ပဗဟုသုတ စမ်းသပ်ပုံတွေကလည်း စိတ်ကူးဆန်းလှပါတယ်။ ” ဒလိုင်းလားမား ရဲ့ နာမည်အဓိပါ္ပယ်”“Yahoo ရဲ့ အရှည်ကောက် ”” လွတ်လပ်ရေး သီချင်းအကြောင်း ”အစရှိတဲ့ မေးခွန်းတွေပါ။ဇာတ်ကားကြည့်ရင်း ဗဟုသုတလည်း ရခဲ့ပါတယ်။ ဒါ့အပြင် ဒိုင်ယာလော့တွေကလည်းရိုးရိုးရှင်းရှင်းလေးနဲ့ ထိမိစေခဲ့တာပါပဲ။ ” မင်းတို့ကို ABC သင်ပေးတဲ့ ဆရာမနာမည်တွေ မှတ်မိကြပါရဲ့လား ” ဒီ ဒိုင်ယာလော့ဟာ အများကြီး တည်ဆောက်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ အများကြီး တွေးမိစေခဲ့တယ်။ မင်းသားဆိုလို့လည်း အဓိက မရှိ။ မင်းသမီးနေရာက ဆိုလို့လည်း နှင်းဆီပန်းနီနီနဲ့ ဆရာမ လည်း မဟုတ်ခဲ့။“ငွေသော်တာ ရောင်ခြည် ” သီချင်းဆိုမယ့် သူလည်း မရှိခဲ့။ ဒါဆို ဒီဇာတ်ကား ကြည့်ရင်း ဘာရမလဲ။ အဓိက ကတော့“ကျင့်ဝတ်နဲ့ လောဘတရားတွေအကြောင်း ” ။ ” အိန္ဒိယ ကိုယ်ပိုင်ကျောင်း စနစ်တွေ ” ” ဆရာ တပည့် လေးစားမှုတွေ ” ” ဆရာစစ် ဆရာမှန်တစ်ယောက် ရဲ့ဂုဏ်ဒြပ် တရား တွေ ” ကိုပဲသိမြင်ရရှိစေမှာပါ။ #အကယ်၍ ဒါတွေမရခဲ့ရင်တောင် ငယ်စဉ်ဘဝကဆရာ / ဆရာမ တစ်ယောက်ကို တော့သတိရစေမှာတော့ အမှန်ပင် ဖြစ်ပါကြောင်း ။ (imdb-6.5)#review#linnkhayan(လင်းခယံ)

Gold (2018) ⭐IMDB: 7.3/10 (14 k Votes) 🎬 #Bollywood #Drama #History #Sport 🗓️ 2018 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 26 မိနစ် 01 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Gold (သို့မဟုတ် ) အိပ်မက်အဟောင်းအအို အား တူးဖော်ခြင်း~~~~~~~~~~~~~~~~~~~~~~~~~~~~ ကျွန်တော် မှတ်မိပါသေးတယ်။ ကျွန်တော့်အိပ်မက်ကို စတင်ဖြစ်စေခဲ့တဲ့1936 ခုနှစ်တုန်းကပေါ့ ။ ” ဘာလင်မြေပေါ်မှာ ဂျာမဏီကိုအနိုင်ယူပြီးသကာလ အိုလံပစ်ရွှေတံဆိပ်တွေနဲ့ ကျွန်တော်တို့ အိန္ဒိယဟော်ကီအသင်းသားတွေ။ ဒီအချိန်မှာ ယူနီယံဂျက်အလံကြီးကဖျတ်ဖျတ်လွင့်ရင်း မလွတ်လပ်သေးတဲ့အိန္ဒိယနိုင်ငံကို လှောင်ရယ်နေခဲ့တယ်။ ဒီအခြေအနေဟာ ဗြိတိသျှအိနိၵယလို့ခေါ်ေ၀ၚခံရတဲ့ ကျွန်တော်တို့အတွက်တော့ ကြီးမြတ်တဲ့ အောင်မြင်မှုအပြည့်အ၀ မဟုတ်ခဲ့ရပါဘူး ” ဒီမှာတင် ဂျူနီယာမန်နေဂျာ ဖြစ်တဲ့ ကျွန်တော် Tupan Das နဲ့ ဟောကီအသင်းသားတွေဟာအိပ်မက်တစ်ခု ကို အတူတကွ မက်ခဲ့ကြတယ်။ ဒါဟာ လွတ်လပ်တဲ့ အိနိၵယနိုင်ငံအဖြစ်နဲ့ အိုလံပစ်ရွှေတံဆိပ်ကို ပြန်ယူပြမယ်။ ပြီးရင် ငြ်မ်သက်အနေအထားနဲ့ ဇာတိမာန် သီချင်းကို ဆိုကြမယ်။ ရင်ဘတ်ထဲက သုံးရောင်ခြယ် နိုင်ငံတော်အလံကို လွှင့်ထူမယ်။ ဒါပေမယ့်ဗျာ။ ကမ႓ာ့စစ်တွေကြောင့် အိုလံပစ် ကို နှစ်ကြိမ်တိုင်တိုင် ဖျက်သိမ်းလိုက်ကြတယ်။ ဒီတော့ ကျွန်တော်ဟာ စိတ်လေရတယ်။ ကျွန်တော် အရက်တွေချည်း ဖိသောက်တယ်။ မိန်းမရဲ့လက်၀တ်လက်စား တွေပါမကျန် ခိုးရောင်းပြီး အရက်သောက်ပစ်တယ်။ ဒါက ကျွန်တော်ဆိုးသွမ်းခဲ့တဲ့ အမှန်တရားတွေ ။ တစ်ဖက်မှာလည်း အမှန်တရားရှိပါတယ်။ ဒါကတော့ ကျွန်တော်ဟာဟောကီကို မြတ်နိုးပြီး နိုင်ငံကို ချစ်တတ်တယ် ဆိုတာပါပဲ။ တစ်နေ့မှာတော့ သတင်းစာဖြတ်ပိုင်းလေးတစ်ခုက ကျွန်တော့်ရင်ကို လှုပ်နိႈးလိုက်ပါတော့တယ်။ “1948 ခုနှစ် အိုလံပစ်ပြိုင်ပွဲအား လန်ဒန်၌ ကျင်းပမည် ” ဟာ …… ကျွန်တော် ပြန်ရပ်တည်ရတော့မယ်။ ကျွန်တော် ကြိုးစားရတော့မယ်။ ဒီတော့ ကျွန်တော် ဟာ ဟောကီအဖွဲ့အစည်း အကြီးအကဲ ဆီ သွားတယ်။ အိန္ဒိယ အသင်းကို ကျွန်တော်ဦးစီးပါရစေ ဆိုပြီး တောင်းခံတယ်။ သူကလည်း အခွင့်အရေး ပေးလိုက်ပါတယ်။ ကျွန်တော့်အတွက် ပျော်စရာကောင်းတဲ့ အနေအထားတွေပဲဗျာ။ အဲ့ဒီနောက် ဟော်ကီကစားသမား ဟောင်းတွေကို ပြန်စုတယ်။ မျိုးဆက်သစ်တွေကိုလည်း လက်တွဲခေါ်ပြီးရွေးချယ်ခဲ့တယ်။ တစ်ယောက်ချင်းရဲ့ အလေးသာမှု တွေကို ကြည့်ပြီး လေ့ကျင့်ခဲ့တယ်။ ဒါ့ကြောင့်လန်ဒန်မြေက ရွှေကို အမိမြေဆီသယ်လာဖို့ ကျွန်တော်တို့ စိတ်ပြင်းပြနေခဲ့ကြတယ်။ ဒါပေမဲ့ လောက ဟာ အချိုးအကွေ့တွေသိပ်များတယ်။ ပြုံးခါနီးမှ ငိုရမယ့် မျက်လုံးတွေ ကို ပြန်ငှားရတယ်။ သိပ်ကို အထာကျတဲ့ ဒုက္ခပြက်လုံးတွေပေါ့ဗျာ။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့နိုင်ငံကို အိန္ဒိယနဲ့ ပါကစ္စတန်ဆိုပြီး ခွဲကွာစေလိုက်ကြတဲ့အခါမှာတော့ ကျွန်တော်တို့လည်း ……………? ကဲ ………ဘယ်လိုဖြစ်သွားကြမှာလိမ့် ။ __________________________ ဇာတ်ကား သို့ချဥ်းကပ်ခြင်း••••••••••••••••••••••••••••••••••••ကျွန်တော်အနေနဲ့ ဒီဇာတ်ကားကို ချဥ်းကပ်ကြည့်ရရင် အင်မတန်မှ ရည်ရွယ်ချက် ကောင်းမွန်လှတဲ့ ဇာတ်အိမ်ဟုသာ ဆိုလိုက်ချင်ပါတယ်။ လွတ်လပ်ရေးမရမီ နိုင်ငံသားတစ်ယောက်ရဲ့ ခံယူချက်တွေ / အချုပ်အနှောင်ကင်းတဲ့ သုံးရောင်ခြယ်အလံတလူလူနဲ့ အမျိုးသားရေးစိတ်ကို အနုပညာနဲ့ဖော်ကျူးသွားခဲ့ပါတယ်။ အားကစားဖက်ကို ရိုက်ကူးပြရာတွင်လည်း ဟန်ပြ ထက် သေချာလေ့ကျင့်စေပြီးမှ အသက်၀င်စေခဲ့ပါတယ်။ ဟောကီ စစ်သည်တော်ကြီး Sandeep Sigh ကို ခေါ်ယူ သင်ကြားပေးစေပြီးမှ ပီပြင်စေခဲ့တာပါ။ Sandeep Sigh ဆိုတာကလည်း Soorma ဇာတ်ကားထဲက ဟောကီဂန္တ၀င်။ အောက်ပိုင်းသေပြီးမှ ဟောကီကွင်းထဲ ပြန်ရောက်ခဲ့တဲ့ စစ်သည်တော်။ ဒါ့ကြောင့် ဒီဇာတ်ကားဟာ အားကစား အရည်အသွေးမနိမ့်ပါဘူး။ ဟော်ကီကစားသမား ချင်းကြားက စည်းလုံးမှုတည်ဆောက်ပုံတွေကလည်း အားကျဖို့ကောင်းလှပါတယ်။ ဒါ့ပြင် ဒီဇာတ်ကားရဲ့ နောက်တစ်ကွက်က #မတ်ခ်တွန်း ပြောခဲ့တဲ့ စကားလေးအတိုင်းပါပဲ ။ ( သေနတ် ဇာတ်၀င်ခန်းကို အရှေ့မှာပြသခဲ့ရင် နောက်ဇာတ်၀င်ခန်းတွေမှာ ပစ်ကို ပစ်ပြရပါမယ် ) -မတ်ခ်တွန်း ဒီ Gold ဇာတ်ကားမှာတော့ မထင်မှတ်ထားတဲ့ ဇာတ်၀င်ခန်းက ဇာတ်သိမ်းခန်းအထိ အရေးသိပ်ကြီးခဲ့ပါတယ်။ သိပ်ကိုထောင့်စေ့မှုရှိတဲ့ ဇာတ်ညွှန်းတစ်ခုပါပဲ။ အချုပ်ဆိုရရင် ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန် အဖြစ်အပျက်များကို အခြေပြုရင်း စိတ်ကူးစိတ်သန်းစုံလင်စွာ ပေါင်းစည်းမှုတစ်ခု ဖြစ်ခဲ့တယ်။ ဖြစ်ရပ်မှန် အပြည့်အ၀ မဟုတ်သော်ငြားလည်း ၁၂ နှစ်ကြာမှရရှိခဲ့တဲ့ ရွှေတံဆိပ် ဟာ အခုထိ အရောင်တလက်လက် ဖြစ်နေခဲ့ပါတော့တယ်။ ဒါဟာ အိပ်မက်အဟောင်းအအို လေးမှဖြစ်တည်လာသော စည်းလုံးခြင်းမှသည် လုံး၀လွတ်လပ်သော အိန္ဒိယနိုင်ငံသားတိုင်းရဲ့ တူညီသော အိပ်မက်တစ်ခု ရှင်သန်ပေါက်ဖွားခဲ့ခြင်းသာ ဖြစ်ပါလိမ့်မယ် ဟု ထင်မြင်ရင်း ………။ #linnkhayan ရုပ်ရှင်အညွှန်းကို Linnkhäyañ မှတင်ဆက်ပေးထားပါတယ်။ (ဘာသာပြန်သူတွေကတော့ CM Team မှ ကိုဟိန်းမင်းထွန်းနဲ့ကိုမျိုးသန့်ပါ)

U Turn (2018) ⭐IMDB: 6.9/10 (4 k Votes) 🎬 #Bollywood #Mystery #Thriller #Horror #Crime 🗓️ 2018 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 08 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 U-Turn ဆိုတာ မြန်မာလိုပြောရင် “ဂငယ်ကွေ ့” ပါ့။ ယာဥ်စည်းကမ်း လမ်းစည်းကမ်းထဲမှာ ဂငယ်ကွေ ့မကွေ ့ရတဲ့ ဆိုင်းဘုတ်အဖြစ် U(ယူပုံစံ)ကို ကြက်ခြေခတ်ထားတဲ့အမှတ်အသားကို အသုံးပြုကြတယ်။ ဒီကားလေးကတော့ ကုန်းကျော်တံတား(မိုးပျံတံတား)တစ်ခုပေါ်မှာ ဖြစ်ပျက်တဲ့ အက်ဆီးဒင့်တစ်ခုအပြီး အဲ့ဒီတံတားပေါ်မှာ ဂငယ်ကွေ ့ေကွေ့မိသူတိုင်း သေဆုံးကြလို့ အဲ့ဒီအကြောင်းအရင်းကို ရဲအရာရှိတစ်ယောက်နဲ့ သတင်းထောက်တစ်ယောက်တို့က လိုက်လံစုံစမ်း ဖော်ထုတ်တဲ့အကြောင်းဖြစ်ပါတယ်။ ရဲ အရာရှိ နာမည်က နာယာ့ခ်၊ သတင်းထောက်မလေး နာမည်က ရာချားနားတဲ့။ ရာချာနားက သူ ့ရုံးနားက ကုန်းကျော်တံတားပေါ်က ယာဥ်စည်းကမ်းဖောက်ပြီး ဂငယ်ကွေ့ ကွေ့သူတွေကို လမ်းဘေးအဘိုးကြီးတစ်ယောက်ရဲ့ အကူအညီနဲ့ လိုက်လံ စောင့်ကြည့်မှတ်သားနေသူပါ။ စည်းကမ်းဖောက်သူတွေထဲကဆွန်ဒါးဆိုသူ သေကြောင်း ကြံစည်သွားချိန်မှာ ရာချာနားလည်း စိတ်ဝင်စားပြီးစည်းကမ်းဖောက်သူ စာရင်းနဲ့ တိုက်ကြည့်တော့မှ ဂငယ်ကွေ ့ ကွေ့သူ မှန်သမျှ သေဆုံးကုန်ပြီဆိုတာ သိလိုက်ရပါတယ်။ ရဲစခန်းက ရာချားနားကို မသင်္ကာပါဘူး. . .။ သူ ့အနားမှာ ရဲအရာရှိ နာယာ့ခ်ကို စောင့်ကြပ်စေပြီး စစ်လားမေးလားတွေ လုပ်လာပါတယ်။. . . ဇာတ်လမ်းအညွှန်းကိုတော့ဒီလောက်နဲ့ပဲ ရပ်ပါမယ်။ သေသွားကြတဲ့ သူတွေဟာကိုယ်တိုင် သတ်သေကြတာလား? တစံုတေယာက္ လက္ခ်က္လား? ရာချားနားဆိုတဲ့ သတင်းထောက်မလေးက သတ်လိုက်တာလား? ဒီလို အစဥ်လိုက် လူတွေ သေဆုံးနေရတာဟာနာယာ့ခ်ယူဆသလို သွေးရိုးသားရိုးအတိုင်းသေကြောင်းကြံစည်မှု သက်သက်ပဲလား. . .အဆုံးအထိ အားပေးလိုက်ကြပါဦး. . . ဝန်ခံချက်။ ။ဒီကားက Kannada စကားပြော ရုပ်ရှင်U TURN 2016 ရဲ့ Remake Version ဖြစ်တယ်လို့ သိရပါတယ်။ ။ ဒါကြောင့် 2016 ခုနှစ်က ထွက်ရှိခဲ့တဲ့U TURN ဇာတ်ကားကို ကြည့်ဖူးရင်ဒီကားနဲ့ အတူတူပါပဲ ခင်ဗျာ။ ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ MLMC Team မှ ကိုမြင့်သူဖြစ်ပါတယ်)

Sui Dhaaga (2018) ⭐IMDB: 6.8/10 (9 k Votes) 🎬 #Bollywood #Comedy #Drama #Family 🗓️ 2018 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 03 မိနစ် 09 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 သာမန်လူတန်းစား တူနှစ်ကိုယ် ဘဝတစ်ခု၊ဒီနေ့ ရှာ ဒီနေ့စားရတဲ့ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ အကြင်လင်မယားနှစ်ယောက် အကြောင်းလေးပေါ့ဗျာ။ မိဘတွေနဲ့ အတူနေနေပြီး သားသမီး မရိွသေးတဲ့ သူတို့ နှစ်ယောက်။ အိမ်ရှင်မက အိမ်အလုပ်တွေကို တနေကုန်လုပ်ပြီးလင်ယောကျာ်းကတော့ နေ့စဥ် အလုပ်သွားတဲ့ပုဂ္ဂလိက အပ်ချုပ်စက်ဆိုင် ဝန်ထမ်းတစ်ယောက်ပါ။ ဒီနေ့မှာ အဆင်ပြေပေမဲ့ မနက်ဖြန် ဘာဖြစ်မလဲ မသိရတဲ့ လူသားတွေမို့အနာဂတ်အတွက် ပြင်ဆင်ထားခြင်း မရိွခဲ့။ တနေ့မှာ ဆိုင်ပိုင်ရှင်သားရဲ့ မင်္ဂလာဆောင်ကိုသူတို့မိသားစုတွေ ဖိတ်ကြားခံခဲ့ရပါတယ်။ မိသားစုတွေ စုံစုံလင်လင်နဲ့ ပွဲကိုရောက်သွားတော့အမြဲအနိုင်ကျင့်တတ်တဲ့ သူတို့သားကခွေးလို သရုပ်ပြခိုင်းပါတယ်။ မိသားစုတွေနဲ့အတူ ဇနီးမယားကကိုယ့်ယောကျာ်း ခွေးလို သရုပ်ဆောင်နေရတာကိုမြင်တော့ အရှက်ရပြီး အလုပ်က ထွက်ခိုင်းပါတယ်။ ဒီလိုနဲ့ အလုပ်အကိုင် မရိွတဲ့အချိန်…..သူတို့တွေ ပြႆနာကို တစ်ခုကို ရင်ဆိုင်တွေ့ခဲ့ရပါတယ်။ ဒီပြႆနာကိုသူတို့ ဘယ်လိုရင်ဆိုင်ကြမလဲ။ မုန်းတိုင်းတစ်ခုသာဆိုရင်မုန်တိုင်းပြီးရင် လေပြေလာဦးမှာပေါ့? ဘဝအခြေအနေအရ ကြုံတွေ့ရတဲ့ ပြႆနာတွေကိုဘယ်လို ရင်ဆိုင်ကြမလဲ ဆိုတာကို ခံစားကြည့်ကြပါဦးဗျာ။ “အပ်နှင့်အပ်ချည်:အိန္ဒိယတွင်ပြုလုပ်သည်”ဆိုတဲ့ ဇာတ်ကားနာမည်အရသူတို့ကို ပြႆနာတွေထဲက အပ်နဲ့အပ်ချည်ကြိုးကဘယ်လို ဆွဲတင်ကယ်မလဲဆိုတာကိုကြည့်ရှုရင်း သနၲရသနဲ့ အဆုံးသတ်စေမှာပါ။ ———————————————- သရုပ်ဆောင်တွေကတော့ ဘောလိဝုဒ်မင်းသားချောVarun Dhawan နဲ့သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးချောထဲကAnushka Sharma တို့ကအဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ ဘဝသရုပ်ဖော် ဒရာမာဇာတ်လမ်းတစ်ခုမို့ဒရာမာကြိုက်နှစ်သက်သူများ အကြိုက်တွေ့စေမယ့်ဇာတ်ကားတစ်ကားပါ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Nyi Nyi Koe ပါ)

Chekka Chivantha Vaanam (2018) ⭐IMDB: 7.2/10 (7 k Votes) 🎬 #Action #Bollywood #Drama #Thriller #Crime 🗓️ 2018 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 17 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating -7.9/10Google Users – 93% ထိ “ဇာတ္လမ္းအၫႊန္း” ဆယ်နာပသီ ဆိုတဲ့ ဩဇာကြီးတဲ့ ဒုစရိုက်သမားကြီးဟာဘုရားက အပြန်မှာ လူမိုက်တချို့ရဲ့ လုပ်ကြံခြင်းကိုခံလိုက်ရပါတယ်။ ဒီသတင်းကို ကြားတော့…သားသုံးယောက်ဖြစ်တဲ့ချန်နိုင်းရာဇာ “ဗာရာဒန် “၊ဒူဘိုင်းမှာ အခြေချနေကြတဲ့ သားလတ် “သီယာဂူ”၊သားငယ် “အီသီ”တို့ ရောက်လာကြပါတယ်။ ဖခင်ကို လုပ်ကြံသူအား လက်စားချေဖို့ပါ။ ဖခင်ဆုံးသွားရင် နေရာဆက်ခံဖို့လည်း ပါတာပေါ့။ ဖခင်ကတော့ ဘယ်သူလက်ချက်လဲဆိုတာသိတယ်တဲ့။ ဒါပေမဲ့ မပြောပြခဲ့ပါဘူး။ တနေ့မှာတော့ ဖခင်ဟာ အကြောင်းမဲ့ သေဆုံးသွားခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲ သားတွေရဲ့ ဇနီးမယားတွေလည်းလုပ်ကြံခံရတယ်။ တရားခံက ဘယ္သူလဲ? ဒုစရိုက်လောက တစ်ခုလုံး ကြောက်ရတဲ့သူတို့ကို ဘယ်အဖွဲ့က လုပ်ကြံသလဲ? ဘာကြောင့်လုပ်ကြံလဲ ဆိုတာကို ကြည့်ရှုခံစားကြပါဦးဗျာ….။—————————————-လူတွေရဲ့ အတွင်းစိတ်ဟာ အင်မတန်ကြောက်ဖို့ ကောင်းတယ် . . . ပိုပြီးကြောက်ဖို့ကောင်းတာက အပေါ်ယံဟန်ဆောင်ပြုံးပြပြီး နောက်ကျောကို ဓါးနဲ့ ထိုးတဲ့သူတွေ။. . . သူတစ်လူ ငါတစ်မင်းဆိုတဲ့စကားရယ်ငဖြူသေရင် ငမည်းပေါ်လိမ့်မယ်ဆိုတဲ့စကားရယ်. . . ဒီဇာတ်ကားထဲက အဖြစ်အပျက်တွေဟာ ကွက်တိတွေ။ ဇာတ်လမ်းက ရိုးမလိုနဲ့ ဆန်းပြားပြီးကြည့်ရင်းနဲ့ ကြက်သီးထလောက်အောင်ကို လူ့စရိုက်တွေကို အော်ဂလီဆန်လာစေတာမျိုးပါ။ ဒီကားထဲမှာတော့ဂန်းစတားလောကရဲ့ လည်သူစားစတမ်းလှည့်ကွက်တွေကြားက သွေးသားတော်စပ်မှုကို ဘေးချိတ်ပြီးကိုယ့်အတွက်ဆို ဘယ်သူ့ကိုမှ အရှင်မထားတတ်တဲ့ ရွံရှာဖွယ်ရာ စိတ်ဓါတ်တွေ၊ကိုယ့်မှာ ဇနီးသည်နဲ့ ကလေးတွေ ရှိနေပါလျက် ဖောက်ပြားတတ်တဲ့ ယောက််ား၊ကိုယ့်ခေတ် ဘယ်လောက်ပဲ ကောင်းခဲ့ကောင်းခဲ့ ခြသေ့ၤမင်းပဲ ဖြစ်ခဲ့စေဦးအသက်အရွယ်ရလာချိန် အားမတန်လို့ မာန်လျှော့ရတဲ့ ဂိုဏ်းဂုရုကြီး တစ်ယောက်၊ဂန်းစတားတွေရဲ့ အပူသည် ဇနီးသည်တွေအကြောင်း စသဖြင့် ဇာတ်ရုပ် ဇာတ်ကွက် စုံလင်လှပါတယ်။ တမီးလ်မင်းသား ဗီဂျေးစည်သူပသီ၊အာရ်ဗင်းဆွာမိတို့နဲ့ အတူမြောက်ပိုင်းက ဘောလိဝုဒ်မင်းသမီး အာဒီတီးရိုဟိုက်ဒါရီ(Bhoomi 2017 ထဲက မင်းသမီး)တို့ အဓိက ပါဝင်ထားပါတယ်။ အကြမ်းဖျင်းအားဖြင့် ပြောရရင်ဂန်းစတားလောက အကြောင်းကိုရိုက်ထားတယ်လို့ ပြောလို့ ရပေမယ့်. . . တကယ့်တကယ်တော့လူ့သဘာဝကို လှလှပပ သရုပ်ဖော်ပြသွားတဲ့ ပညာပေး ဇာတ်ကားတစ်ကားသာ ဖြစ်ပါကြောင်း. . .။ ။ (ဇာတ်လမ်းအညွှန်းကိုတော့ ကိုမြင့်သူမှရေးပေးထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ MLMC Team မှ ကိုမြင့်သူနဲ့ ညီညီကိုးပါ)

Hello Guru Prema Kosame (2018) ⭐IMDB: 7.1/10 (3 k Votes) 🎬 #Bollywood #Comedy #Drama #Romance #Family 🗓️ 2018 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 16 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 2017 တုန်းက ထွက်ခဲ့တဲ့ Hello ဆိုတဲ့ အချစ်အက်ရှင်ကားလေးကို မှတ်မိကြဦးမယ် ထင်ပါတယ်။ ကြည့်တဲ့သူတိုင်းကို မျက်ရည်ဝိုင်းစေတဲ့ ဇာတ်ကားကောင်းလေးပေါ့။ လာပါပြီ နောက်တစ်ကား…. ဒီကားလေးက တောင်ပိုင်းမင်းသားချော Ram ရဲ့ အသစ်စက်စက် ထွက်ရှိလာတဲ့ အချစ်ဟာသကားလေးပါ။ ထူးခြားတာက. . .အိန္ဒိယကား တော်တော်များများမှာ လူဆိုး လူမိုက် လူတွင်ကျယ်အဖြစ် ခေါက်ရိုးကျိုးအောင် သရုပ်ဆောင်ခဲ့ရတဲ့ လူကြမ်းသရုပ်ဆောင်Prakash Raj ရဲ့ အားရစရာကောင်းတဲ့ သရုပ်ဆောင်ဟန်ပါ။ မင်းသားချော Ram က အချစ်အက်ရှင်ကားတွေနဲ့ထိုးဖောက်နေသလို လူကြမ်းသရုပ်ဆောင်ကြီး Prakash ကဒီကားမှာ သမီးဖြစ်သူကို စိတ်မချတဲ့ ဖအေတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားတာပါ။ လူကြမ်းဇာတ်ရုပ်ကို လူအများ ရွံစရာဖြစ်အောင်အမြင်ကပ်စရာဖြစ်အောင် သရုပ်ဆောင်တတ်သလိုဒီလို တမူထူးခြားတဲ့ ဇာတ်ရုပ်မှလည်း Prakash ဟာ ဆရာကျနေဆဲဖြစ်ပါတယ်။ ကျွန်တော်တော့ ဒီကားမှာ မင်းသားမင်းသမီးထက်Prakashကို တအားကြိုက်သွားပါတယ်။ ” ဇာတ်လမ်းအကျဉ်း ” ဆန်ဂျူးဆိုတာက မိဘနှစ်ပါးက အလိုလိုက်ထားလို့ရပ်ကျော်ရွာကျော်လုပ်နေတဲ့ ခပ်ဆိုးဆိုး ခပ်ပေပေ လူငယ်လေးဖြစ်ပါတယ်။ တစ်နေ့တော့ မိဘတွေရဲ့ဆန္ဒအရ အလုပ်လုပ်ဖို့အတွက် ဟိုက်ဒရာဘတ်က Prakash တို့အိမ်မှာ သွားနေရပါတယ်။ Prakashနဲ့ သူ့အမေက ငယ်သူငယ်ချင်းတွေမို့Prakash အိမ်မှာ နေရင်း အလုပ်လုပ်ရင်းပေါ့။ Prakash ရဲ့ဇာတ်ကောင်နာမည်က ဗစ်ရှ်ဝါနာ့သ်တဲ့။ ဗစ်ရှ်ဝါက လူတစ်မျိုးဗျ။ သူ ပေးထားတဲ့ ကတိတစ်ခုကို ဘယ်လိုနည်းနဲ့မဆို ထိန်းသိမ်းတတ်တဲ့ လူမျိုး။ သူ့မှာ ဆန်ဂျူးနဲ့ရွယ်တူ သမီးလေးတစ်ယောက် ရှိသေးတယ်။အာနူးတဲ့။အင်ဂျင်နီယာ ကျောင်းသူလေးပေါ့။ မောင်မင်းကြီးသား ငပွေးဆန်ဂျူးနဲ့ အာနူးတို့က လာလာချင်း ဆောက်နဲ့ထွင်းဆိုသလိုပဲဆန်ဂျူးမြို့ကို တက်လာတဲ့နေ့မှာပဲ ရထားပေါ်မှာ ရန်ဖြစ်လာကြသူတွေ။ ဒီတော့ တစ်အိမ်တည်းမှာသာ အတူနေကြတာ. . . တစ်ယောက်ကိုတစ်ယောက် ကြည့်လို့ရတဲ့သူတွေ မဟုတ်ဘူး။ သို့ပေမယ့် ဆန်ဂျူးက အာနူးကို နေ့စဉ် ဆိုင်ကယ်နဲ့ကျောင်းကို လိုက်ပို့ပေးရတယ်။အနေနီးလာတော့ သံယောဇဉ်ဖြစ်လာရင်းကနေအမောင် ဆန်ဂျူးရဲ့ မသိစိတ်မှာ အာနူးဆိုတဲ့ အချစ်ကြိုးလေးက လာပြီးငြိတွယ်မိတယ်။ ကိုယ်တိုင်က မသိပေမယ့် အာနူးကို အိမ်ထောင်ချပေးဖို့အတွက်သူ့ဖခင်ကြီး ဗစ်ရှ်ဝါက သူ့မိတ်ဆွေတစ်ယောက်ရဲ့သားနဲ့လူကြီးချင်း စကားပြောလာပြီးတဲ့ အချိန်ကျမှ…ဆန်ဂျူးဟာအာနူးကို ချစ်မိနေပြီဆိုတာ သိလိုက်ရတယ်။ ဒီကြားထဲမှာ ဗစ်ရှ်ဝါနဲ့ ဆန်ဂျူးတို့က အချင်းချင်း ရင်ဖွင့်ကြရင်း ဆန်ဂျူးဟာ ဗစ်ရှ်ဝါဆီကကတိတစ်ခုတောင်းတယ်။ သူ့သူငယ်ချင်းအဖြစ် တစ်လတိတိ နေပေးပါ့မယ်ဆိုတဲ့ ကတိ။ ဗစ်ရှ်ဝါ့ဆီက ကတိရပြီဆိုမှ ဆန်ဂျူးက သူဟာ အာနူးကို ချစ်မိနေပြီဆိုတဲ့အကြောင်း၊သူ့ကို သူငယ်ချင်းအဖြစ်နဲ့ကူညီပေးရမယ်ဆိုတဲ့အကြောင်း ဗစ်ရှ်ဝါ့ကို ချုပ်ကိုင်တော့တယ်။ စဉ်းစားကြည့်ဗျာ။ လူကြီးချင်းစကားကျွံထားပြီဖြစ်တဲ့ သမီးရဲ့အချစ်ကိုမောင်မင်းကြီးသား ဆန်ဂျူးက လိုချင်သတဲ့။ ကိုယ့်ကတိနဲ့ကိုယ်မို့ ဆန်ဂျူးခိုင်းသမျှ ဗစ်ရှ်ဝါ လိုက်လုပ်ရ၊တစ်ဖက်က သူ့သမီးကို ဆန်ဂျူးနဲ့ မနီးစပ်အောင် တစ်မျိုးတစ်ဖုံ ကြိုးစားရနဲ့ ဗစ်ရှ်ဝါ့အဖြစ်က ဆုပ်လည်း စူး၊စားလည်း ရူးဖြစ်နေရတယ်။ ဒီကားလေးမှာတစ်ကားလုံး လုံး၀ မပျင်းရအောင် ဆန်ဂျူးနဲ့ ဗစ်ရှ်ဝါတို့ရဲ့အားပြိုင်မှုကို ကြည့်ရမှာ ဖြစ်သလို….၊Hello လို ရင်ထဲမှာ တသသဖြစ်ကျန်ရစ်မယ့် အချစ်ကားလေးတွေကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ သူတွေအတွက် အမှတ်တရတစ်ခု အဖြစ် ယူဆောင်လာပေးမယ့် ကားလေးတစ်ကား ဖြစ်ပါကြောင်း…။ (ဇာတ်လမ်းအညွှန်းကိုတော့ ကိုမြင့်သူမှရေးပေးထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ MLMC Team မှ ကိုမြင့်သူနဲ့ ညီညီကိုးပါ) 2017 တုန်းက ထွက်ခဲ့တဲ့ Hello ဆိုတဲ့ အချစ်အက်ရှင်ကားလေးကို မှတ်မိကြဦးမယ် ထင်ပါတယ်။ ကြည့်တဲ့သူတိုင်းကို မျက်ရည်၀ိုင်းစေတဲ့ ဇာတ်ကားကောင်းလေးပေါ့။ လာပါျပီ ေနာက္တစ္ကား…. ဒီကားလေးက တောင်ပိုင်းမင်းသားချော Ram ရဲ ႔ အသစ်စက်စက် ထွက်ရှိလာတဲ့ အချစ်ဟာသကားလေးပါ။ ထူးခြားတာက. . .အိန္ဒိယကား တော်တော်များများမှာ လူဆိုး လူမိုက် လူတွင်ကျယ်အဖြစ် ခေါက်ရိုးကျိုးအောင် သရုပ်ဆောင်ခဲ့ရတဲ့ လူကြမ်းသရုပ်ဆောင်Prakash Raj ရဲ ႔ အားရစရာကောင်းတဲ့ သရုပ်ဆောင်ဟန်ပါ။ မင်းသားချော Ram က အချစ်အက်ရှင်ကားတွေနဲ ့ထိုးဖောက်နေသလို လူကြမ်းသရုပ်ဆောင်ကြီး Prakash ကဒီကားမှာ သမီးဖြစ်သူကို စိတ်မချတဲ့ ဖအေတစ်ယောက်အနေနဲ ့ သရုပ်ဆောင်ထားတာပါ။ လူကြမ်းဇာတ်ရုပ်ကို လူအများ ရွံစရာဖြစ်အောင်အမြင်ကပ်စရာဖြစ်အောင် သရုပ်ဆောင်တတ်သလိုဒီလို တမူထူးခြားတဲ့ ဇာတ်ရုပ်မှလည်း Prakash ဟာ ဆရာကျနေဆဲဖြစ်ပါတယ်။ ကျွန်တော်တော့ ဒီကားမှာ မင်းသားမင်းသမီးထက်Prakashကို တအားကြိုက်သွားပါတယ်။ ” ဇာတ

Ra.One (2011) ⭐IMDB: 4.7/10 (44 k Votes) 🎬 #Action #Adventure #Bollywood #ScienceFiction #SciFi 🗓️ 2011 🎞️ Movie 📺 1080p FHD 🌎 #India #UnitedStates ⏰ 2 နာရီ 35 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့စိတ်ကူးကောင်းမွန်လှတဲ့ဇာတ်ကားလေးဖြစ်ပြီးအားလပ်ရက်မှာ အချိန်ကုန်လွန်ကောင်းတဲ့ဇာတ်ကားကောင်းတစ်ခုပေါ့။ ဂိမ်း ပရိုဂရမ်ရေးဆွဲသူရှီကာဟာ သားကိုချစ်တတ်လွန်းတဲ့ အဖေတစ်ယောက်ပါ။သူ့သားလေးနာမည်ကပါတိ။ ပါတိ ဟာ ဂိမ်းချစ်တတ်သူတစ်ဦးဖြစ်ပြီးရိုးအီလှသော ဇာတ်အိမ်မှခွဲထွက်လိုသူဖြစ်သည်။သူရဲ့စိတ်မှာတော့ မသေဆုံးနိုင်သည့် လူဆိုးဇာတ်ကောင်ပေါ်ထွန်းစေချင်ပြီး သူ့အဖေရှီကာကတော့ သူရဲကောင်းကိုသာ အလေးထားလေသည်။ ဒီလိုနဲ့ ရှီကာဟာနောက်တစ်ခါ တီထွင်သည့် ဂိမ်းတွင် ရာ၀မ်း ဟူသော ဇာတ်ကောင်ကို ပုံဖော်ပေးခဲ့သည်။ ရာ၀မ်းဟာ စွမ်းအားမြင့် လူဆိုးဖြစ်ပြီး သူနဲ့ယှဥ်ပြိုင်ရမည့် သူရဲကောင်းကား ဂျီ၀မ်း။ထိုသို့နှင့် ဂိမ်း အား ပွဲဦးမိတ်ဆက်ပွဲနေ့မှာတော့ပါတိ ဟာ လူစီဖာ နာမည်ဖြင့် ဂျီ၀မ်းဇာတ်ကောင်နေရာမှ၀င်ကစားပြီးရာ၀မ်းနှင့် တိုက်ခိုက်ပွဲ ဆင်နွှဲခဲ့သည်။ ဂိမ်းပွဲကားခက်ခဲလှသော်လည်း လူစီဖာ ပင် အနိုင်ရခဲ့သည်။ ထိုအချိန်အခါသည် အိန္ဒိယပြည်၏ သိပ္ပံနည်းပညာလောကသည် ထွန်းကားနေပြီဖြစ်သည်။ ရောင်ခြည်စွမ်းအားတို့အသုံးပြု၍ သက်မဲ့ကိုပင် ရုပ်လုံးဖော်နိုင်ခဲ့သည်။ တစ်ဖက်တွင်လည်း ရှီကာတို့ဂိမ်းဌာနတွင်လည်းရောင်ခြည်တန်းများဖြင့် ဂိမ်းကို ထိန်းချုပ်ထားခဲ့သည်။ သို့သော် မမျှော်လင့်ဘဲရောင်ခြည်တန်းတို့၏ စွမ်းအားဖြင့် ရာ၀မ်းဇာတ်ကောင်အရုပ်သည်လည်း အသက်၀င်လာသည်။ ထို့နောက် ရာ၀မ်းသည် လူစီဖာ Player အား ပြန်လည်ရှာဖွေပြီး အဆုံးသတ်မယ့်ကြိုးစားချိန်တွေမှာတော့ ????? ဘာတွေဆက်ဖြစ်မလဲ။ ရာ၀မ်း အသက်၀င်ပြီးနောက် ရှီကာတို့မိသားစုဘယ်လို အဖြစ်မျိုး ကြုံတွေ့ရမလဲ။ရာ၀မ်းကရော လူစီဖာ ကို တွေ့အောင်ဘယ်လိုများ ကြိုးစားမလဲ။ ရာ၀မ်းကိုရောဘယ်သူက တားဆီးမလဲ စတာတွေကိုတော့ပရိသတ်ကြီး ရင်ခုန်ကြည့်လိုက်ပါဦး။ ဒီဇာတ်ကားမှာတော့ စိတ်ကူးယဥ်ဆန်ပေမယ့်လူသားတွေရဲ့ သဘာ၀ကိုတော့ မသွေဖယ်စေပါဘူး။ နိဂုံးလေးမှာတော့သက်ရှိ နဲ့ သက်မဲ့ ကြား မေတ္တာတရားကိုဖော်ကျူးထားပုံက ကျွန်တော်တို့စိတ်ကိုခေတ္တမျှ ငေးငိုင်စေတတ်သည် အထိ ကောင်းလှပါတယ်။ ကျွန်တော်တစ်ဦးတည်းအမြင်ဖြစ်ပေမဲ့ ပရိသတ်လည်း ထပ်တူကျမလားဆိုတာတော့ ဒီကားလေးကြည့်ပြီးနောက် အဆုံးအဖြတ်ပေးကြစို့လားခင်ဗျာ။ (ဇာတ်ကားအညွန်းကတော့ လင်းခယံ မှတင်ဆက်ထားတာပါ။) ဒီရုပ်ရှင်ကားကို CM Translator ကိုဟေဒိစ် မှ ဘာသာပြန်ပေးထားပါတယ်

Mulk (2018) ⭐IMDB: 7.2/10 (21 k Votes) 🎬 #Bollywood #Drama 🗓️ 2018 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 15 မိနစ် 08 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 File Size : (1.20 GB) and (550 MB)Quality : HDRip 720pRunning Time : 2hr 20minFormat : Mp4 အဓိကသရုပ်ဆောင်တွေအဖြစ် ဂန္တဝင်မင်းသားကြီး Rishi Kapoor နှင့် မင်းသမီးချော Taapsee Pannu တို့က ပါဝင်သရုပ်ဆောင်ထားပြီး တခြားအနုပညာရှင် အတတ်ပညာရှင်ပေါင်းစုံမှ အကောင်းဆုံး အားဖြည့်ပါဝင်ထားပါတယ် ဇာတ်လမ်းလေးကတော့ အသက် ၆၅ နှစ်အရွယ် မူရာဒ် အလီ မိုဟမ္မဒ် အစ္စလာမ် ဘာသာဝင် တစ်ယောက်ဖြစ်ပြီးပတ်ဝန်းကျင်မှာ လူလေးစားကြည်ညိုရတဲ့ ရှေ့နေတစ်ယောက်လူတိုုင်းနဲ့ အဆင်ပြေပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုတစ်ခုပိုင်ဆိုင်ထားသူ ဂြိုဟ်ဆိုးဝင်ချင်တော့ သူနဲ့ တစ်အိမ်တည်းနေ သူ့အုပ်ထိန်် အဓိကသရုပ်ဆောင်တွေအဖြစ် ဂန္တဝင်မင်းသားကြီး Rishi Kapoor နှင့် မင်းသမီးချော Taapsee Pannu တို့က ပါဝင်သရုပ်ဆောင်ထားပြီး တခြားအနုပညာရှင် အတတ်ပညာရှင်ပေါင်းစုံမှ အကောင်းဆုံး အားဖြည့်ပါဝင်ထားပါတယ် ဇာတ်လမ်းလေးကတော့ အသက် ၆၅ နှစ်အရွယ် မူရာဒ် အလီ မိုဟမ္မဒ် အစ္စလာမ် ဘာသာဝင် တစ်ယောက်ဖြစ်ပြီးပတ်ဝန်းကျင်မှာ လူလေးစားကြည်ညိုရတဲ့ ရှေ့နေတစ်ယောက်လူတိုုင်းနဲ့ အဆင်ပြေပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုတစ်ခုပိုင်ဆိုင်ထားသူ ဂြိုဟ်ဆိုးဝင်ချင်တော့ သူနဲ့ တစ်အိမ်တည်းနေ သူ့အုပ်ထိန််းမှုအောက်မှာရှိတဲ့ သူ့တူဖြစ်သူ ရှာဟစ်(ဒ်)ဟာ ဗုံးဖေါက်ခွဲပြီး အပြစ်မဲ့လူ ၁၆ ယောက်ကို သေစေခဲ့ပါတယ် အကြမ်းဖက်သမားဖြစ်သွားတဲ့ ရှာဟစ်(ဒ်)ကြောင့် သူတို့တစ်မိသားစုလုံး ပြောင်းပြန်အခြေအနေကို ရောက်ရှိသွားခဲ့ကြတယ် မူရာဒ် အလီ မိုဟမ္မဒ်နဲ့ သူ့ညီ ဘေလား(လ်) မိုဟမ္မဒ်တို့ဟာ အကြမ်းဖက်ဝါဒ အားပေးမှုနဲ့ တရားစွဲဆိုခြင်း ခံခဲ့ရပါတယ် စွပ်စွဲချက်ပေါင်းစုံနဲ့ တရားရုံမှာ သူတို့အပြစ်မရှိကြောင်း ဘယ်လိုသက်သေပြကြမလဲ သက်သေရော ပြနိုင်ပါ့မလားအားလုံးပဲ ဆက်လက်ရှု့စားကြည့်လိုက်ပါ ပေးရတဲ့အချိန် ထိုက်တန်ကြောင်း သိရပါလိမ့်မယ် (ဆက်ဆက်ထိမခံ ဘာသာရေး ပြဿနာကို ဒီလိုဇာတ်လမ်းရိုက်ရဲတဲ့ ဒါရိုက်တာကိုတော့ ချီးကျူမိပါတယ်ဘာသာရေး အသုံးအနှုန်းများကို အနီးစပ်ဆုံးဖြစ်အောင် ကြိုးစားဘာသာပြန်ပေးထားပါတယ်အလွဲအမှားများပါခဲ့ပါက ဒီနေရာကပဲ ကြိုတောင်းပန်ထားပါရစေ) (ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ) းမှုအောက်မှာရှိတဲ့ သူ့တူဖြစ်သူ ရှာဟစ်(ဒ်)ဟာ ဗုံးဖေါက်ခွဲပြီး အပြစ်မဲ့လူ ၁၆ ယောက်ကို သေစေခဲ့ပါတယ် အကြမ်းဖက်သမားဖြစ်သွားတဲ့ ရှာဟစ်(ဒ်)ကြောင့် သူတို့တစ်မိသားစုလုံး ပြောင်းပြန်အခြေအနေကို ရောက်ရှိသွားခဲ့ကြတယ် မူရာဒ် အလီ မိုဟမ္မဒ်နဲ့ သူ့ညီ ဘေလား(လ်) မိုဟမ္မဒ်တို့ဟာ အကြမ်းဖက်ဝါဒ အားပေးမှုနဲ့ တရားစွဲဆိုခြင်း ခံခဲ့ရပါတယ် စွပ်စွဲချက်ပေါင်းစုံနဲ့ တရားရုံမှာ သူတို့အပြစ်မရှိကြောင်း ဘယ်လိုသက်သေပြကြမလဲ သက်သေရော ပြနိုင်ပါ့မလားအားလုံးပဲ ဆက်လက်ရှု့စားကြည့်လိုက်ပါ ပေးရတဲ့အချိန် ထိုက်တန်ကြောင်း သိရပါလိမ့်မယ် (ဆက်ဆက်ထိမခံ ဘာသာရေး ပြဿနာကို ဒီလိုဇာတ်လမ်းရိုက်ရဲတဲ့ ဒါရိုက်တာကိုတော့ ချီးကျူမိပါတယ်ဘာသာရေး အသုံးအနှုန်းများကို အနီးစပ်ဆုံးဖြစ်အောင် ကြိုးစားဘာသာပြန်ပေးထားပါတယ်အလွဲအမှားများပါခဲ့ပါက ဒီနေရာကပဲ ကြိုတောင်းပန်ထားပါရစေ) (ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ)

Savyasachi (2018) ⭐IMDB: 5.2/10 (2 k Votes) 🎬 #Action #Bollywood #Thriller 🗓️ 2018 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 2 နာရီ 28 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အာရွန် ဟာ မွေးဖွားလာကတည်းက ထူးခြားတဲ့သူပါ မိခင် ၀မ်းဗိုက်ထဲတွင် စတင် လွယ်စဥ်ကတည်းက အမွှာပူးဖြစ်ခဲ့သော်လဲ မွေးဖွားလာခဲ့သောအခါ အာရွန် တစ်ယောက်ထဲသာ ဖြစ်ခဲ့ပါတယ် ဆေးပညာလောကတွင် ဖြစ်ခဲသော ဖြစ်တက်သော အစဥ်အလာ တစ်ခုဖြစ်ပြီး တစ်ခြား အမွှာတစ်ယောက်အား တစ်ယောက်က စုပ်ယူသွားတာ ဖြစ်ပြီး ၂ ကိုယ် တစ်စိတ် နဲ့ အသက် ၂ခု ရှိတဲ့ သူ ဖြစ်ကြောင်း ငယ်စဥ်က ဆရာ၀န်တွေက အာရွန်ရဲ့ မိဘတွေကို ရှင်းပြခဲ့ပါတယ်… အာရွန် ဟာ ဆိုးလဲ ဆိုးသူ တော်လဲ တော်တဲ့သူ လို့ အာရွန် နဲ့ ပတ်သက်မိသူတွေက ပြောဆိုကြပါတယ် တစ်ရက်မှာတော့ အာရွန် နဲ့ ပက်သက်ခဲ့မိသူတွေ ခရီးသွား ကားတစ်စီးပေါ်တွင် ဆုံမိရာကနေ စကားစပ်မိရင်း တစ်ချိန်ထဲ တစ်နေရာထဲမှာ အာရွန် ကို သိတဲ့သူတွေ ဘာကြောင့်ဆုံမိခဲ့သလဲ ဆိုတာ အထူးအဆန်းဖြစ်နေပါတယ်… ဒီလိုနဲ့ လမ်းတစ်နေရာမှာ ကားက ဘရိတ်ပေါက်ပြီး ချောက်ထဲသို့ ကျသွားသော အခါမှာတော့…. ရုပ်ရှင်ကားကို Hein Thet Naing မှ ဘာသာပြန်ပေးထားပါတယ်

Tumbbad (2018) ⭐IMDB: 8.2/10 (51 k Votes) 🎬 #Bollywood #Drama #Horror #Thriller #Fantasy 🗓️ 2018 🎞️ Movie 📺 720p HD 🌎 #India #Sweden ⏰ 1 နာရီ 45 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating – 8.8/10Google user – 97%Rotten Tomatoes – 89% 19ရာစုခေတ် သိုက်တူးသမား သားအဖနဲ့ ဒဏ္ဍာရီလာ ဥစ္စာစောင့်ဘီလူးတို့ ရင်ဆိုင်တိုက်ပွဲ ” ဇာတ်လမ်းအကျဥ်း ”————————–“တွန်ဘာ့ဒ်”ဆိုတာ ရွာလေးတစ်ရွာရဲ့ နာမည်ပါ။ ဒီဒဏ္ဍာရီ ပုံပြင်ဟာ တွန်ဘာ့ဒ်ရွာမှာ အခြေပြုထားပါတယ်။ ခုနှစ်ကတော့ အစပိုင်းမှာ ၁၉၂၀ ဝန်းကျင်ပေါ့။ ဇတ်လမ်းမှာ စစချင်း ရုပ်ပျက်ဆင်းပျက်နဲ့ကျိန်စာသင့် အဖွားကြီးကို မြင်ရမှာပါ။ သူဟာ တချိန်က ဥစ္စာစောင့်မယ်တော်ရဲ့ဝမ်းဗိုက်အတွင်းက ရတနာတွေကို သွားယူခဲ့ရမှာ”ဟာစတာ”ဆိုတဲ့ ဥစ္စာစောင့်နတ်ဖုရားတစ်ပါးရဲ့ ကျိန်စာသင့်ခဲ့ပါတယ်။ ဟာစတာ ဆိုတာက မိခင်ဥစ္စစောင့် မယ်တော်ကြီးရဲ့ အချစ်ဆုံးသားဦးပါ။ ဟာစတာဟာ လောဘကြီးလွန်းတော့ရွှေငွှေအပြင် စားနပ်ရိက္ခာတွေပါ ပိုင်ဆိုင်လက်ဝါးကြီးအုပ်ချင်တဲ့ ဥစ္စာစောင့်နတ်ဖုရားပါ။ တခြားနတ်ဖုရားတွေရဲ့ အမျက်ဒေါသတွေကြောင့်ဟာစတာဟာ ရွှေဒင်္ဂားပြားတွေကိုသာ လက်ဝါးကြီးအုပ်ခွင့်ရခဲ့ပြီး မိခင်ဥစ္စာစောင့်မယ်တော်ကြီးရဲ့ ဝမ်းတွင်းမှာပဲ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရပါတယ်။ ဒါတွေကို သိတဲ့ သူကတော့ ဆာကာဆိုတဲ့ ရွာသားကြီးပါပဲ။ ဆာကာဟာ ဖွားအေကြီးဆီက တဆင့်သိခဲ့ရပြီးဖွားအေကြီးကတော့ ကျိန်စာသင့်ကာ ဆာကာရဲ့ အပျော်မယား စောင့်ရှောက်မှုနဲ့ နေခဲ့ရပါတယ်။ ဟာစတာရဲ့ ကျိန်စာသင့်သူတွေဟာနှစ်ပေါင်းများစွာ အသက်ရှင်ပြီး ဝဋ်ဒုက္ခကို ခံကြရပါတယ်။ ဆာကာရဲ့ အပျော်မယား သားနှစ်ယောက်မှာ လောဘကြီးတဲ့ ဗီနာယက်ခ်ရာအိုဆိုတဲ့ သားကြီးဟာ ဒီရတနာတွေကို စိတ်ဝင်စားခဲ့ပါတယ်။ ဒါကြောင့် ၁၅နှစ်ကြာ မိခင်သေဆုံးပြီးချိန်သူကိုယ်တိုင် စံအိမ်ကြီးထဲကို ပြန်လာခဲ့ပြီးသေလုမျောမျော ခံစားနေရတဲ့ အဖွားအိုကြီးဆီကရတနာတွေ ရိွတဲ့ နေရာကို သိခဲ့ရပါတယ်။ ဒီတော့… သူဟာ ရတနာတွေကို စတင်ရှာဖွေခဲ့ပါတယ်။ ရတနာတွေကို လွယ်လွယ်နဲ့ ရမလား? ကျိန်စာတွေကို ဘယ်လိုရှောင်တိမ်းမလဲ? သူတို့တွေ ဘယ်လို ကံဆိုးမိုးမှောင်ကျရောက်မလဲ?စသဖြင့် … ရတနာသိုက် ရှာပုံတော်ကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။—————————————————- ဇာတ်လမ်းလေးဟာ လူသားတွေရဲ့ လောဘဇောကို ထင်ထင်ရှားရှား တွေ့မြင်ရစေပါတယ်။ အသက်အနၲရာယ် စွန့်ပြီး ယူထားတဲ့ ရွှေပြားတွေတောင်သုံးမကုန်ဖြစ်နေတာကိုဘယ်တော့မှ မကုန်ခမ်းတဲ့ ရတနာအိတ်ကိုအတင်း လုယူဖို့ ကြိုးစားလာကြတဲ့ သားအဖနှစ်ယောက်၊ ဒါပေမဲ့… သူတို့ မသိတဲ့ တစ်ချက် ရိွနေတာကိုတော့… ၊ကံဆိုးမိုးမှောင်ကျမှုတွေလာတော့မယ်ဆိုတာတော့ဘယ်သူ သိနိုင်မလဲ? ဖခင်ရဲ့ စရိုက်တွေ သားဆီကူးစက်ပြီးသားရဲ့ လောဘကြောင့် ဝမ်းနည်းဖွယ် ဖြစ်ခဲ့ရတဲ့ သိုက်တူးသမားဇာတ်လမ်းဒဏ္ဍာရီ တစ်ပုဒ်ပါပဲလို့ ညွှန်းပါရစေ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Nyi Nyi Koe ပါ)

Badhaai Ho (2018) ⭐IMDB: 7.9/10 (36 k Votes) 🎬 #Bollywood #Comedy #Drama #Romance 🗓️ 2018 🎞️ Movie 📺 720p HD 🌎 #India ⏰ 1 နာရီ 58 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb 8.2/10Rotten Tomatoes 86% Badhaai Ho (ဂုဏ်ယူဝမ်းမြောက်ပါတယ်) ဒီစကားလုံးကို ကြောက်လွန်းလို့ ပတ်ဝန်းကျင်ကနေထွက်ပြေးနေရသူ တစ်ယောက်ရှိပါတယ် သူ႕နာမည္က နာခူ(လ္)ပါ အသက်အရွယ်ရ ၂၀ ကျော်၊ ၁၅ နှစ်သာသာညီတစ်ယောက်ရှိတယ် ချစ်စရာကောင်းတဲ့ ရည်းစားတစ်ယောက်ရယ်၊ တည်တည်တံ့တံ့ အလုပ်အကိုင်လည်း ရှိတယ် ဒါဖြင့် ဘာကြောင့်များ ပတ်ဝန်းကျင်က ဂုဏ်ပြုစကားကို ကြောက်နေရတာလဲ ဂုဏ်ပြုပါတယ်ဆိုတာက သူ့အနေအထားကိုလား ဘာကုိ ဂုဏ္ျပဳတာလည္း အဖြစ်ကတော့ ဒီလိုပါဗျာ … တနေ့ ၅၀ ကျော်၊ ၆၀ အရွယ်မိခင်ကြီး နေထိုင်မကောင်းဖြစ်လို့ ဆေးခန်းသွားပြရပါတယ် ဆေးခန်းမှ အိမ်ပြန်ရောက်တော့ နာခူလ် – အမေ့ကျန်းမာရေးနဲ့ပတ်သတ်ပြီး ဆရာဝန် ဘာပြောလိုက်လဲ အဖေ အဖေ – ဆရာဝန်ပြောတာက၊ ဆရာဝန်ပြောတာကလေ အိ်မ်ကို ဧည့်သည်တစ်ယောက် ရောက်လာမယ်တဲ့ အငယ်ကောင် – ဧည့်သည်လာရင် သားအခန်းတော့ ပြောင်းမပေးနိုင်ဘူးနော် အဖေ၊ ကြိုပြောထားတာ အဖေ – ဧည့်သည်သေးသေးလေးပါ ကိုယ်က ၂၀ ကျော်အရွယ်ရောက်နေမှ အသက် ၅၀ ကျော် အမေက ကိုယ်ဝန်ရှိနေတယ်ဆို ခင်ဗျားဘာလုပ်မလဲ မိတ်ဆွေ ဒီလောက်ပဲညွှန်းတော့မယ် ကောင်းမကောင်းကတော့ အဆင့်သတ်မှတ်ချက်တွေသာကြည့်လိုက်တော့ Top Ten India Movies of 2018 မှာလည်း ပါဝင်ထားတယ် မိသားစုဇာတ်လမ်းဖြစ်တာနဲ့အညီ ဟာသ၊ ဒရာမာ ကောင်းကောင်းဇာတ်ကားတစ်ကားမို့ လက်လွတ်မခံသင့်ပါဘူး (ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ)

Naa Peru Surya Naa Illu India (2018) ⭐IMDB: 6.7/10 (8 k Votes) 🎬 #Action #Bollywood #Drama 🗓️ 2018 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 37 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဆူရာ့ ဟာ ရှေ့တန်း စစ်တပ် တစ်ခုရဲ့ အတော်ဆုံး စစ်သား တစ်ယောက်ပါ အတော်ဆုံးဖြစ်ပေမဲ့ သူဟာ ဒေါသ အင်မတန်ကြီးသူဖြစ်ပြီး မဟုတ်မခံစိတ်ရှိသူ တဇောက်ကန်း လုပ်သူ အထက်အရာရှိများကို မမာမခန့်လုပ်သူ စသဖြင့် အကြောင်းမျိုးစုံကြောင့် ရာထူးမတိုးသူ တစ်ယောက်ပေါ့ ဆူရာ့ဟာ နိုင်ငံချစ်စိတ် လူမျိုးချစ်စိတ် ပြင်းထန်သူတစ်ယောက်ပါ အကြမ်းဖက်သမားများကို မုန်းတီးသူ တစ်ယောက်ဖြစ်ပြီး အရှင်ဖမ်းရဖို့ထက် အသေပစ်သတ်ဖို့သာ စိတ်ရှိသူဖြစ်သောကြောင့် တက်နိုင်သ၍ အရာရှိများက ဆူရာ့ အား ရှေ့တန်း မပို့ပဲ နောက်တန်းတွင်သာ နေစေခဲ့ပါတယ်… ဆူရာ့ဟာ မိမိ နိုင်ငံအတွင်းနေထိုင်တဲ့ ဘာသာ လူမျိုးမဆို နိုင်ငံချစ်စိတ် ရှိသူတိုင်းကို သနားညှာတာပြီး ရပ်တည်တက်သူ ဖြစ်ပါတယ် အသားအရောင် မခွဲခြား လူမျိုး မခွဲခြား မတရားမှုကိုသာ ခွဲခြားပြီး လက်ပိုက်မကြည့်တက်သူပါ ကြီးနိုင်ငယ်ညှင်းမှုများ ဝင်ဝင်ပါလွန်းလို့ စစ်တပ်ရဲ့ ထုချေလွှာမှာ ဆူရာ့ နာမည်တွေပဲ ဖိုင်တစ်ထပ်လောက် ရှိနေတက်ပါတယ်… တစ်ရက်သော အခါ ဆူရာ့ တစ်ယောက် ရှေ့တန်းစစ်မြေပြင် နယ်စပ်ကို သွားချင်လွန်းတဲ့အတွက် အရာရှိများကို ပူဆာရာ အရာရှိများက ဆူရာ့ ဒေါသ မထိန်းနိုင်လျင် ကမ္ဘာစစ်ကို အစပျိုးသလို ဖြစ်မည်ဆိုးသောကြောင့် India နိုင်ငံ၏ အတော်ဆုံးသော စိတ်ပညာရှင်ဆရာဝန်ထံမှ လက်မှတ်ရမှသာ နယ်စပ်သို့ လွှတ်မည်ဟု ပြောလာပါသည် ဆူရာ့ လက်မှတ်ယူရမယ့် စိတ်ပညာရှင်မှာ ဆူရာ့ အဖေ ဖြစ်နေသည့် အတွက် ကျားမှီးသာ ပြေးဆွဲလိုက်ချင်သည့် ဆူရာ့ အဖြစ်က ဘယ်လိုဖြစ်မလဲ လက်မှတ်ရမှာလား နယ်စပ်ကိုမသွားရဘူးလား ဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါ… ရုပ်ရှင်ကားကို မေသူ က ဘာသာပြန်ပေးထားပြီး သစ်ဆန်းခန့် မှ တင်ဆက်ပေးထားပါတယ်

Rockstar (2011) ⭐IMDB: 7.7/10 (46 k Votes) 🎬 #Bollywood #Drama #Musical #Music #Romance 🗓️ 2011 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 39 မိနစ် 04 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bollywood ရဲ့ လူငယ်မင်းသားတွေအကြောင်း ပြော ကြကြေးဆိုရင် Ranbir Kapoor မပါရင်ပြီးပြည့်စုံမှုရှိမှာ မဟုတ်ပါဘူး။ သူ့ဇာတ်ကား အများစုဟာ အလွမ်းအဆွေးဆောင်ပြီး မျက်ရည်ချူဖို့ များခဲ့ပါတယ်။ ဒီတစ်ချက်က ကျွန်တော်မနှစ်သက်တဲ့ အချက်ဖြစ်ပြီး သူ့ သရုပ်ဆောင်စရိုက် ပိုင်နိုင်မှုကိုတော့ Roctstar (2011) နဲ့ Sanju (2018) ဇာတ်ကားတွေမှာ ကြွေခဲ့ရပြန်ပါတယ်။အစကတော့ Rock သီချင်းတွေနဲ့ မနီးစပ်တာ တကြောင်း Drama ဆန်တဲ့ ဇာတ်လမ်းဖြစ်သည်က တကြောင်းကြောင့် မရေးချင်ခဲ့ပါဘူး ။ ကိုယ့်အရေးအသားမပြည့်စုံမှုက ဒီဇာတ်ကားကို စိတ်၀င်စားမှု နည်းလာမှာလည်း မဖြစ်စေချင်ခဲ့ဘူး။ ဒီဇာတ်ကားဟာ အသွင်အပြင် ခမ်းနားစွာနဲ့ Rock စရိုက်ပီပြင်တယ်။ အ၀တ်အစား ၀တ်ဆင်မှုက Ranbir နဲ့ စောက်ရမ်းလန်းနေတယ်။ ခေတ်စကားအရ ဂော်တယ် ပေါ့။ ဂီတာတစ်ဖက် နဲ့ လည်ပင်းကြော ထောင်လာသလို မြင်မိတာက ဒီဇာတ်ကားရဲ့ သံစဥ်တေးတစ်ပုဒ်ပါပဲ။ ဒီတစ်ချက်နဲ့ကြည့်ရဖို့ လုံလောက်ပါတယ်။ ဒီကားမှာ Ranbir ဇာတ်ကောင် နာမည်က JJ (Jordan ) ။ သူရဲ့ ကောလိပ်ဘဘ၀က ရိုးရှင်းတယ်။ နည်းနည်းအူကြောင်ကြောင်နိုင်တယ်။ ဒါပေမဲ့ သူ့မှာ အိပ်မက်တစ်ခုတော့ရှိတယ် ။Jim Morrism ဆိုတဲ့ ဘဲကြီးကို Idol ထားပြီး သူ့လို အောင်မြင်ချင်တယ်။ Rock ဂီတ ကို ခပ်နက်နက်တေးသွားစာသားတွေနဲ့ သူ ပျံသန်းချင်နေခဲ့တယ်။ ( Jim Morrison ဆိုတာက Rock ဂီတရဲ့ ရှေ့ပြေးဆရာတစ်ဆူပါပဲ ။ ဆံပင်က အရှည် ဂီတာက တစ်လက် စီးကရက် တစ်ဖွာတရှုိက် နဲ့ သူ့ ပုံစံက ကြည့်ကောင်းနေခဲ့တဲ့ သူ။ Rock ဂီတနဲ့ နီးစပ်တဲ့သူတွေပိုသိပါလိမ့်မယ် ) ဒီလိုမျိုး Jim Morrison ကို ကြိုက်နှစ်သက်တဲ့ သူ့ အဖို့ Morrisonလို ဂီတသွေး ကြွနေဖို့လိုပါမယ်။ ကောလိပ်ကန်တင်းပိုင်ရှင်ကတော့ Jordan ကို ပြောရှာတယ်။ ” ကြေကွဲဖို့ကောင်းနေတဲ့ အခြေအနေဟာ အနုပညာသွေးဆာနေတဲ့ ကာလပဲ ” တဲ့။ ဒီတော့ Jordan စဥ်းစားတယ်။ သူ အသည်းကွဲနေမှဖြစ်မယ်လေ။ ဒါမှ သူ့သီချင်းတွေပြောင်မြောက်ရမှာပေါ့။ ဒီလိုနဲ့ ကောလိပ်က အချောဆုံးဆိုတဲ့ ကောင်မလေး ကို လိုက်ရှာတယ်။ တွေ့မှလည်း တွေ့ရော အသည်းကွဲစက် လို့နာမည်ကြီးနေတဲ့ Heer ကိုမှ သွားတွေ့တယ်။ Jordan ကတော့ သူ့စိတ်ကူးနဲ့သူမို့ Heer ကို အသည်းအသန်လိုက်တယ်။ နောက်တော့ အသည်းကွဲတဲ့အထာနဲ့သီချင်းတွေ စွတ်ရေးတယ်။ Heer ကတော့ မကြိုက်တဲ့သဘော ရှိပေမယ့် ခင်မင်အောင်ပေါင်းတယ်။ Jordan က ရိုးရိုးအအ ဆိုတော့ Heer ခိုင်းသမျှပျော်အောင် လျှောက်လုပ်တယ်။ ဒီမှာမသိမသာလေး ခိုး၀င်လာမိတဲ့ သံယောဇဥ်နှောင်ကြိုးလေးတော့ တွယ်မိကြတာပါပဲ။ ” ဘ၀ဟာ သိပ်ထူးဆန်းတယ်။ တွေ့မှ ကြုံ ဆိုသော်လည်း ဆုံ ချင်မှ ဆုံဦးမှာလေ ” ဒီလိုနဲ့ တစ်နေ့မှာတော့ Heer က ပါရာဂွေး နိုင်ငံဆီ ထွက်ခွာသွားခဲ့တယ်။ အဲ့အချိန်မှာ Jordan က စောက်ရမ်းအသည်းကွဲပြနေပြီလေ။ သီချင်းတွေလည်း ပြောင်မြောက်လာပြီ။ တစ်နေ့မှာ သတင်းတစ်ခုက Jordan ကို နိႈးဆွလိုက်တော့တယ်။ ပါရာဂွေး နိုင်ငံဆီ လွှတ်ဖို့ အနုပညာရှင် ရွေးချယ်ပွဲ ကျင်းပမယ့် သတင်းပါပဲ။ ဒါဟာ သူ့အတွက် မဟာအခွင့်အရေးပါပဲ။ ဒီလိုနဲ့ Jordan တစ်ယောက် စိတ်ကူးစိတ်သန်းတွေကြားထဲက Heer ကို ပြန်တွေ့ဖို့ ကိုယ့်ကံကြမ္မာကို ပြန်ဖန်တီးခဲ့တဲ့အချိန်မှာတော့ ……………။ ကဲ ……ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာတော့ မပြောပြတော့ပါဘူး။ ဒီဇာတ်ကား ရဲ့ တဆစ်ချိုးတွေဟာ အပြင်လောကနဲ့ နီးစပ်စေသလို ချစ်ခြင်းမေတ္တာရဲ့ လွတ်လပ်ခြင်းဆီကိုပါ ချဥ်းကပ်စေမိပါတယ်။ သံယောဇဥ် ရဲ့ နှောင်ကြိုးတွေနဲ့ လူ့လောက ကန့်သတ်မှုတွေကြားက စိတ်ခံစားမှုကိုပါ တရေးရေးမြင်လာမိစေတယ်။ အူတူတူ လေး Jordan နဲ့ နာမည်ကြီး ကာလ Jordan အသွင်အပြင် တွေက ခြားနားလာတယ်။ တစ်ဖက်မှာ အောင်မြင်လာသလို တစ်ဖက်မှာ ကျရှုံးလာတယ်။ဒါဟာ လောကဓံရောင်ပြန်လေး တစ်ခုလိုပါ။ ဒီဇာတ်ကား ဟာ Ranbir ရဲ့ ခမ်းနားတဲ့ကာရိုက်တာကြောင့် ကျော်ကြားလာသလို ဇာတ်၀င်သီချင်းတွေကပါ အဓိပါၸယ် ပေါ်လွင်လှပါတယ်။ Drama ကားမို့ ကြည်နူးရမယ်။ ၀မ်းနည်းရမယ်။ နာကျည်းရမယ် ဆိုပေမဲ့Jordan ရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒက ခွန်အားတွန်းပေးတဲ့ အထောက်အကူပါပဲ။ ဒါ့ကြောင့် ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားအဖြစ် ညွှန်းလိုက်ပါရစေဦးတော့။ #linnkhayan ရုပ်ရှင်အညွှန်းကို Linnkhäyañ မှတင်ဆက်ပေးထားပါတယ်။ (ဘာသာျပန္သူကေတာ့ ကိုေဇာ္ထူး ပါ)

Sanam Teri Kasam (2016) ⭐IMDB: 7.5/10 (14 k Votes) 🎬 #Bollywood #Drama #Musical #Romance 🗓️ 2016 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 34 မိနစ် 02 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အရမ်းကို ဘာသာရေး လုပ်ပြီး ရှေးရိုးစွဲကြီးတဲ့ အိမ်မှာ ဆာရူး ဆိုတဲ့ သမီးတစ်ယောက် ရှိတယ် သူက ပုံတုံးတယ် ရိုးတယ် အ တယ် သူ့ကို လူတိုင်းက အသုံးချလဲ သူခံတယ် အမြဲတမ်း မျက်နှာလေးကို ပြုံးပြုံးထားတယ်… သူက ဥာဏ်ကောင်းပြီး တော်ပေမဲ့ အိမ်က ပေးစားတဲ့ ယောကျၤားကို ယူရဖို့ပဲ စောင့်နေရတဲ့ သမီးကြီးပေါ့ သူ့အောက်က ညီမဖြစ်သူကတော့ ခေတ်ဆန်ပြီး ရည်းစားရှိတယ် India တွေ ထုံးစံ အတိုင်း အကြီး မင်္ဂလာဆောင်မှ အငယ်က မင်္ဂလာဆောင်ရတယ် ဒီတော့ ညီမ ဖြစ်သူကလဲ ယောကျၤားမရသေးတဲ့ ဆာရူး ကို အမြဲလိုလို နှိမ်နေခဲ့တယ်… ဆာရူး အိမ်က သက်မှတ်ထားတာကလဲ နိုင်ငံခြား ဘွဲ့ ၂ ခုလောက် အနည်းဆုံးရထားပြီး မျိုးရိုးမြင့်တဲ့ မိသားစု ကို သားမက်တော်ချင်တာ ဒါပေမဲ့ အတော်များများက ဆာရူးကို လာကြည့်ပြီး ပုံတုံးလွန်းလို့ ခေါင်းခါထွက်သွားတာ ၁၀ ယောက်ထက် မနည်းတော့ဘူး… ဒီလိုကံဆိုးနေတာ ဆာရူး တစ်ယောက်ပဲ ရှိမယ် ထင်ရတယ်… ဆာရူး တို့ ကွန်ဒိုတိုက်မှာ အခန်းငှားနေတဲ့ ဂျလေဘီ ဆန်ဆန် ကောင်လေး တစ်ယောက် ရှိတယ် တစ်ကိုယ်လုံး တက်တူးတွေနဲ့ အမြဲတမ်း ဘီယာလေး တမြမြ နဲ့ မူးနေတဲ့သူ သူ့အခန်းဆိုရင်လဲ ညတိုင်း မိန်းမပျက်တွေ ၀င်ထွက်နေတဲ့နေရာ နာမည်လေးကလဲ ဆိုးသေး လူသတ်မှုနဲ့ ထောင်က လွတ်လာသူ သူ႔နာမည္က အင္ဒါ တဲ့ ရုပ်ချောပြီး ဗလ ခပ်တောင့်တောင့် နဲ့ ကောင်လေးပေါ့… တစ်ရက် ဆာရူး ရဲ့ အဖြစ်ကို အင်ဒါ မြင်သွားတယ် သနားသွားမိတယ် ဆာရူး အလုပ်လုပ်တဲ့ စာကြည့်တိုက်မယ် စာအုပ်တွေ သွားငှားပေါ့… အင်ဒါ ရဲ့ လက်ရှိရည်းစားကလဲ နာမည်ကြီးဖက်ရှင်ဒီဇိုင်နာ တစ်ယောက် ဆိုတာ ဆာရူး သိတဲ့နောက်မှာ လူခြေတိတ်ချိန်လေး အင်ဒါ အခန်းကိုသွား အင်ဒါ ရည်းစားဆီမယ် သူမ ပုံစံကို ပြောင်းလဲပေးဖို့ အကူအညီတောင်းခဲ့တယ် အဲ့ဒီအချိန်မှာပဲ မူးနေတဲ့ အင်ဒါ ရည်းစားရောက်လာ ရန်တွေဖြစ်ကြ အင်ဒါ ဒဏ်ရာ ရသွားလို့ ဆာရူးက ဆေးခန်းလိုက်ပို့ နဲ့ တိုက်ခန်းက လူတွေကတော့ ဒီကောင်လေး နဲ့ ကောင်မလေး ညားနေပြီဆိုပြီး ဆာရူးအဖေကြီးကို ချွန်တွန်းလုပ် ဟိုရှေးရိုးစွဲ အဖေကြီးက ဆာရူး ကို အိမ်က နှင်ထုတ်လိုက်တယ်… ဘ၀ မှာ မိသားစုကလွဲပြီး ဘယ်သူမှ မရှိဖူးတဲ့ ဆာရူး တစ်ယောက် လေလွင့်ရတော့မယ့် အခြေအနေမှာ အင်ဒါက ဘေးနားက ကိုယ်ရံတော်လို မားမားမတ်မတ် ရပ်တည်ပေးပြီး အစွဲကြီးတဲ့ ဆာရူး တို့ အဖေ ဘယ်လို ပြန်ခွင့်လွှတ်လာအောင် ကူညီမလဲ ဆာရူး ရဲ့ နဖူးစာ မှာပါတဲ့ ချစ်သူကရော အင်ဒါဖြစ်လာမှာလား ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါစို့… ဒီကားကို ဘာသာျပန္ေပးထားတာကေတာ့ Chanyein Soe ဖြစ်ပြီး Thit San Khant မှ အညွှန်းရေးပေးထားပါတယ်

Babumoshai Bandookbaaz (2017) ⭐IMDB: 6.9/10 (2 k Votes) 🎬 #Action #Bollywood #Crime #Thriller 🗓️ 2017 🎞️ Movie 📺 720p HD 🌎 #India ⏰ 1 နာရီ 58 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating -7/10Google User – 86%Genre – Crime/ThrillerDuration – 2hr2mins ဒီတစ်ခေါက် တင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားက ချန်နယ်မြန်မာမှာ တောင်းဆိုမှုအများဆုံးဇာတ်ကား တစ်ကားဆိုရင် မမှားပါဘူး။ အချစ်အတွက်နဲ့ တောင်ဖြိုပြခဲ့တဲ့ မြန်မာပရိသတ်တွေရဲ့ အကြိုက်မင်းသားကြီး Nawazuddin Siddiqui ရဲ့ 2017 က ထွက်တဲ့ ဂန်းစတား ဘဝ သရုပ်ဖော် ဘောလိဝုဒ်ဇာတ်ကားဖြစ်ပါတယ်။ (2017 ကားက 2018နှစ်ကုန်ပိုင်းမှ ကြည်တောက်ရှင်းထွက်လာပြီး 2019နှစ်သစ်မှာ စာဖိုင် ထွက်လာလို့ပါ။) သဘာဝကျတဲ့ ဇာတ်ရုပ်တွေကိုအပိုအလိုမရှိ သရုပ်ဆောင်တတ်တဲ့မင်းသားကြီးရဲ့ ကားဆိုတော့မကောင်းမှာ မပူရသလို၊လူ့သဘာဝနဲ့ လူ့စိတ်ကို အကောင်းဆုံး ပြသပေးတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ အပစ်အခတ် အသတ်အပုတ်တွေ ကြမ်းသလို၊ အချစ်ခန်းတွေကလည်း ကြမ်းပါတယ်။ ဒါ့အပြင် ဒီကားက မင်းသမီး Bidita Bag လက်စွမ်းပြလိုက်တဲ့ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။ ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေကို လက်ဖျားခါရပါတယ်။ ဇာတ်ကားအကြောင်းအရာကို မညွှန်းတော့ပါဘူး။ တစ်ခါတစ်လေဇာတ်လမ်းအကြောင်းအရာကို ဖတ်ကြည့်တာထက်ကိုယ်တိုင်ကြည့်လိုက်တာက ပိုကောင်းလို့ပါ။ ပြောလိုတာကတော့မြန်မာပြည်က ဂန်းစတားတွေလိုစကားတွေအများကြီး မပြောပါဘူး။ မျက်နှာတွေ ရှုံ့မပြပါဘူး။ မျက်နှာ အမူအရာတွေ ၊မျက်လုံးအကြည့်တွေ၊သီချင်းတွေနဲ့တင် မြိုင်ဆိုင်ပြည့်စုံနေတဲ့ကြေးစားလူသတ်သမား၂ယောက်ရဲ့ ကစားပွဲပါ။ ဒီကစားပွဲကို ပြည့်စုံစေဖို့ နိုင်ငံရေးလောကထဲဝင်မယ့် လူမိုက်ကြီးတွေကလည်း အားဖြည့်ထားပါတယ်။ “ရသမပါတဲ့ အနုပညာက ဆားမပါတဲ့ဟင်းနဲ့တူတယ်၊ဘဝအမောတွေ ပြေပျောက်စေသည်မှာ ရသပင်ဖြစ်သည်” တဲ့။ဆရာဇော်ဂျီရဲ့ အဆိုအမိန့်ကလည်း ရိွခဲ့တယ်။ ဒီတော့ ဘဝအမောတွေကို ပြေပျောက်စေဖို့သဘာဝစစ်စစ်ကို ရသလေး ဖြည့်ပြီးကျွန်တော်တို့ရဲ့ နှလုံးသားကို အဟာရလေး ရစေမှာပါ။ ရေခဲသေတ္တာထဲက အအေးဘူးထက်ကမ်းခြေက အုန်းသီးရေက ပိုပြီး အရသာရိွသလိုမျိုး။ အကောင်းစားအရက်ကို အကောင်းဆုံးအမြည်းနဲ့နာမည်ကြီး ဆိုင်မှာ သောက်ရတာထက်တခါတလေ နားအေးပါးအေးကွင်းလယ်က ဖျာစုတ်တစ်ချပ်ပေါ်ထိုင်ပြီး ထန်းရေကို ပဲလှော်နဲ့ မြည်းကြရအောင်လားဗျာ….။ ဒီဇာတ်ကားလေးကို ကြည့်ရှုပြီးကြရင် ခံစားမိသမျှကို ကျွန်တော်တို့ထက်ပိုကောင်းတဲ့Reviews လေးတွေ ရေးဖြစ်ကြမယ်လို့မျှော်လင့်ပါတယ်၊ စောင့်မျှော်လျက်ပါပဲဗျာ။ (အရွယ်မရောက်သေးသူတွေ၊မိသားစုနဲ့အတူကြည့်မယ့်သူတွေ အတွက်တော့ တချို့ဇာတ်ဝင်ခန်းတွေနဲ့ ပြောစကားတွေဟာ ကြမ်းတမ်းမယ် ထင်ပါတယ်) အညွန်းနဲ့ ဘာသာပြန်ကတော့ Myin Thu နဲ့ Nyi Nyi Koe တို့ ညီအစ်ကိုပါ။

Karwaan (2018) ⭐IMDB: 7.6/10 (16 k Votes) 🎬 #Bollywood #Comedy #Drama #Adventure 🗓️ 2018 🎞️ Movie 📺 720p HD 🌎 #India ⏰ 1 နာရီ 54 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bollywood ပရိသတ်တွေအတွက် မင်းသားကြီး အစ်ဖန်းခန်း(မ်)ရဲ့ ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် IMDb 8/10 နှင့် Rotten 71%ထိရရှိထားပြီး အမှန်အကန် ဟာသ, ဒရာမာ ဇာတ်လမ်းကောင်း တစ်ပုဒ်လည်းဖြစ်ပါတယ် ဇာတ္လမ္းေလးကေတာ့ … အဗီနက်(ရှ်)=========လောကမှာ ဆန္ဒနဲ့ဘဝတစ်ထပ်တည်းကျတယ်ဆိုတာ အင်မတန်ပြီးပြည့်ဆုံတဲ့ တောင်းဆုတစ်ခုမဟုတ်လား ဒါပေမဲ့ ကံကြမ္မာမျက်နှာသာမပေးတဲ့အခါတွေမှာ ကိုယ့်ဆန္ဒတွေ ဝါသနာတွေကို ဘေးချထားပြီး ပျော်ရာမနေ တော်ရာမှာနေရတဲ့သူတွေ ဒုနဲ့ဒေးပါ ဝါသနာပါရာကိုလျှောက်လှမ်းခွင့်မပြုခဲ့တဲ့အဖေကြောင့်စိတ်မပါတဲ့အလုပ်တစ်ကိုလုပ်လူသာရှင်ပြီး ဘဝသေဆုံးသူတစ်ယောက် မျက်နှာအပျော်အပြုံးဆိုတာ မမြင်ရသလောက်ပဲ တနေ့အလုပ်ကအပြန်မှာ ဖုန်းတစ်ခုဝင်လာခဲ့တယ် သူ့အဖေ ဘုရားဖူးသွားရင်း ယာဥ်မတော်တဆမှုကြောင့် ဆုံးသွားပြီတဲ့ အလောင်းကို နီးစပ်ရာလေယာဥ်ကွင်းကာဂိုမှာ သွားထုတ်လိုက်ပါဆိုပြီး လှမ်းပြောခဲ့တယ် … —————————————————————————– ရှောကတ်=======ပျော်ပျော်နေတတ်ပြီး ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေသူ အဗီနက်(ရှ်)ရဲ့ သူငယ်ချင်း သူ့အဖေသတင်းကို ရှောကတ်ကိုပြောပြပြီး ဗန်ကားလာဌားတဲ့ အဗီနက်(ရှ်)ကို မင်းအဖေက ငါ့အဖေပါပဲဆိုပြီး ကိုယ်တိုင် အလောင်းသယ်ဖို့ နှစ်ယောက်သား သွားခဲ့ကြတယ် —————————————————————————— အဲဒီမှာပြႆနာတစ်ခုတက်တော့တာပဲ အလောင်းသွားထုတ်တဲ့အချိန်မှာ အဗီနက်(ရှ်)အဖေရဲ့ အလောင်းမဟုတ်ဘဲ အမျိုးသမီးအလောင်းကြီး တစ်ခုဖြစ်နေတယ် အဗီနက်(ရှ်)အဖေရဲ့အလောင်းကမှားပြီး ကိုချီကိုရောက်သွားပြီး ကိုချီကအဖွားကြီးတစ်ယောက် အလောင်းက သူ့ဆီရောက်လာတယ် မှားသွားတဲ့အလောင်းအတွက် အလောင်းလဲလှယ်ရေးလုပ်ဖို့ အဗီနက်(ရှ်)နဲ့ ရှောကတ်တို့ ခရီးထွက်ခဲ့ကြတဲ့အခါမှာတော့ ဘယ်လို အခက်အခဲတွေ၊ အလွဲလွဲတွေနဲ့ ကြုံတွေ့ရဦးမလဲဆိုတာကိုတော့ ဆက်လက်ရှု့စားလိုက်ကြပါခင်ဗျ တမူထူးခြားတဲ့ဇာတ်လမ်းလေးကို ဟာသ၊ ဒရာမာ အချိုးကျကျပေါင်းစပ်ထားတဲ့ ဘောလီဝုဒ်ကားကောင်း တစ်ကားဖြစ်ကြောင်း ပြောကြားရင်းနဲ့ပဲ … (ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ)

Love Sonia (2018) ⭐IMDB: 7.4/10 (2 k Votes) 🎬 #Bollywood #Drama 🗓️ 2018 🎞️ Movie 📺 720p HD 🌎 #India #UnitedStatesofAmerica ⏰ 2 နာရီ 04 မိနစ် 33 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ( 18+ လို့ခေါင်းစဥ်တပ်ထားတိုင်း အပြာကားလို့မထင်စေချင်ပါဘူးရုပ်ရှင်ကားရဲ့ Age Rating အရဆို Adult Only ဆိုတော့ အရွယ်ရောက်ပြီးသူတိုင်း ကြည့်ရှု့လို့ရပါတယ် ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေနဲ့ လိင်အသာပေးအခန်းတွေပါတာကြောင့် ကလေးသူငယ်တွေ၊ မိသားစုနဲ့ကြည့်ရှု့ဖို့ အဆင်မပြေပါဘူး) ======================================== ဟောဒီလောကမှာ အကျိုးအမြတ်နဲ့ အရှုံးဟာ ဆန့်ကျင်ဘက်ဆိုပေမယ့် အမြဲတမ်းပူးတွဲရှိနေတတ်ပါတယ် ဒီတော့ အမြတ်ရဖို့ဆိုရင် အရင်းအနှီးရှိရပါတယ်၊ ရင်နှီးနိုင်လျှက်ရှုံးရသည်က တကဏ္ဌပါ မရင်းနှီးနိုင်ရင်တော့ အကျိုးမြတ်မရနိုင်တာ လုံးဝအသေချာပါပဲ ဒီတော့ ရင်းနှီးဖို့ဘာလိုလာမလဲဆို ပိုင်ဆိုင်မှုလိုလာပါမယ် ပိုင်ဆိုင်မှုမရှိရင် အရင်းအနှီးဟာ အကြွေးဘက်ကို ဦးတည်သွားတတ်လေတယ် ဒီခေတ်မှာ မရင်းနှီးနိုင်လို့ ရှုံးနေကြတာအများကြီးမရင်းနှီးနိုင်လို့ အကြွေးတင်နေကြတာအများကြီးပါ အသိပညာချို့တဲ့ပြီး ဆင်းရဲချွတ်ခြုံကျနေတဲ့ မိသားစုတွေမှာ အရင်းအနှီးဆိုတာ ဘာဖြစ်လေမလဲ … ၉၀ ရာခိုင်းနှုန်းကတော့ သူတို့သားသမီးပါပဲ သားသမီးကို ကိုယ့်ပိုင်ဆိုင်မှု တစ်ခုလို့ယူဆပြီး အဲ့ဒီအပေါ်မှာ ရင်းနှီးလိုက်ကြပေမယ့် အကျိုးအမြတ်မရမယ့်အပြင် ဆုံးရှုံးသွားတာ ဒုနဲ့ဒေးပါ တောရွာတွေမှာဆို ပညာသင်ရမယ့် အရွယ်ရောက်နေပေမယ့် လယ်ထဲဆင်းနေရတာ၊ မအေနဲ့စျေးအတူရောင်းနေရတာတွေကိုယ့်အောက်က အငယ်ကိုထိန်းကျောင်းနေရတာတွေ မနည်းလှပါဘူး နောက်ဆုံး အဆင်မပြေမှုတွေများလာတဲ့အခါ ထွက်ပေါက်တစ်ခုက ဒီသားသမီးကို ရရာအလုပ်ခိုင်းတော့တာပါပဲ … အခုဇာတ်ကားလေးကလည်း ဒီလိုပါပဲ ဆင်းရဲလွန်းတဲ့ မိသားစုတစ်စု တပိုင်တနိုင် လယ်လေးတကွက်နဲ့ မိသားစုဝင်လေးယောက်နွားတောင် နှစ်ကောင်မပြည့်လို့ ဖအေဖြစ်သူကနွားတစ်ဖက်သူတစ်ဖက်ရုန်းနေရရှာတယ် ကူဖော်လောင်ဖက်လှည့်ကြည့်စရာကလည်း သမီးနှစ်ယောက်ပဲရှိတယ် အဆင်မပြေမှုတွေများလာတဲ့အခါ ဒေါသပုံချစရာ သူတို့ပဲရှိတယ် အကြွေးကလည်ပင်းထိနေလို့ အကြွေးရှင်ကိုလည်း ဘယ်နည်းနဲ့မှ အကြွေးမဆပ်နိုင်ဖြစ်နေတော့ ရှိတဲ့သမီးနှစ်ယောက်ထဲက အကြီးမဖြစ်သူ ပရီတီးကို မွန်ဘိုင်းမြို့ပေါ်မှာအလုပ်ပေးမယ်ဆိုပြီး မိန်းမတစ်ယောက် ခေါ်ရာထည့်ပေးလိုက်ရပါတော့တယ် တွယ်တာစရာ ဒီညီအစ်မနှစ်ယောက်သာရှိတာဆိုတော့အချိန်တွေကြာလာပြီး ပရီတီးဆီက စာမလာသတင်းမကြားဖြစ်လာတဲ့ခါအိမ်ကိုအသိမပေးဘဲ အငယ်မဖြစ်သူ ဆိုနီယားလည်း သူ့အစ်မဆီပို့ပေးဖို့ သွားပြောပါလေရော သူ့အစ်မဆီပို့ပေးမယ်ဆိုပြီး ခေါ်ရာလိုက်သွားမိတဲ့ ဆိုနီယားတစ်ယောက် ဘာတွေကြုံတွေ့လာရမလဲ … ဖြစ်ရပ်မှန်ကို အခြေခံထားတာနဲ့အညီ ဇာတ်လမ်းကောင်းမေကာင်းကတော့ ညွှန်းနေစရာကို မလိုလောက်အောင်ပါပဲ … အဓိကသရုပ်ဆောင်နေရာမှာ မျက်နှာသစ်တွေသုံးထားပေမယ့်Richa ChaddaRajkummar RaoManoj Bajpai တို့လိုဘောလီဝုဒ် နာမည်ကျော် သဘာဝသရုပ်ဆောင်တွေကပါ ပါဝင်အားဖြည့်ထားပါတယ် နိုင်ငံတကာ အဆင့်သတ်မှတ်ချက်တွေအနေနဲ့ IMDb 7.3/10 နှင့် Rotten Tomatoes 83% တို့အသီးသီးရရှိထားပါတယ် (ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ)