ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
House Cleaning Master (2023)
⭐⁉️
🎬 #Drama #Thriller
🗓️ 2023 🎞️ Movie 📺 1080p
🌎 #⁉️
⏰ 1 နာရီ 20 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အိမ်ယာမြေအကျိုးဆောင်က “ကျန်းရှို့”ဆိုသူဟာ “လီလိရာ”ဆိုသူကို‘ရှောင်ယန်လုံ’လို့ခေါ်တဲ့နှစ်ထပ်အိမ်လေးတစ်လုံး ငှားပေးခဲ့ပါတယ်
“လီလိရာ”ဟာ တိုက်ခန်းငှားပြီး မကြာခင်မှာပဲ စိတ်ကစဉ့်ကလျားဖြစ်ကြောင်းကြားပြီးသွားကြည့်ခဲ့ရာမှာ ကျိန်စာတိုက်ပြီး ကိုယ့်ကိုယ်ကိုသတ်သေသွားပါတော့တယ်…သို့သော်ရိုးရှင်းတဲ့ သာမာန်သေဆုံးမှုတော့ မဟုတ်ခဲ့ပါဘူး။
-ဒီနှစ်ထပ်အိမ်လေးနောက်ကွယ်မှာရော ဘယ်လိုရာဇဝင်တွေရှိနေမလဲ?အလင်းရောင်တံတိုင်းခြားထားတဲ့အမှောင်ထုကို သူတို့တွေဘယ်လိုရှာဖွေသွားမလဲဆိုတာကို…
“အလင်းကမ္ဘာရဲ့အမှောင်ထု”ဆိုတဲ့ ဒီရုပ်ရှင်ဇာတ်ကားလေးမှာ စိတ်ဝင်စားစွာနဲ့ဖြစ်ရပ်တွေရဲ့သမိုင်းကြောင်းဇစ်မြစ်တွေကို ခန့်မှန်းရင်းထိုင်းနိုင်ငံရဲ့အငွေ့အသက်တွေနဲ့အတူ ကြည့်ရှုရမှာပဲဖြစ်ပါတယ်
The Fearway (2023)
⭐IMDB: 4.0/10 (261 Votes)
🎬 #Horror #Science Fiction #ScienceFiction #SciFi #Thriller
🗓️ 2023 🎞️ Movie 📺 1080p
🌎 #UnitedStates
⏰ 1 နာရီ 21 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခေါက်မှာတော့ ၂၀၂၃ ခုနှစ်ရဲ့အသစ်ထွက် Horror/Mystery/thriller ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဆယ်ရာနဲ့မိုက်ကယ်တို့က မကြာခင်လက်ထပ်တော့မယ့် ချစ်သက်တမ်းကြာစုံတွဲလေးဖြစ်ပြီး လက်မထပ်ခင် နေမကောင်းဖြစ်နေတဲ့ ဆယ်ရာရဲ့ ဖခင်ဖြစ်သူရှိရာမြို့ကို ဖခင်ဖြစ်သူကိုတွေ့ဖို့ ခရီးထွက်ခဲ့ကြပါတယ်။ လမ်းခရီးမှာ မထင်မှတ်ဘဲ တစ်ခုခုကိုတိုက်မိလိုက်ပေမယ့် ထူးဆန်းစွာနဲ့ ဘာမှရှိမနေခဲ့ပါဘူး။ နှစ်ယောက်သား ဇဝေဇဝါနဲ့ ဆက်သွားခဲ့ကြရင်း သူတို့ကားနောက်မှာ မသင်္ကာစရာကားတစ်စီး လိုက်လာတာကို သတိထားမိခဲ့ကြပါတယ်။ အဲဒါနဲ့ အန္တရာယ်ကို ခဏတာရှောင်ရှားနိုင်ဖို့ လမ်းမှာတွေ့တဲ့ ရပ်နားစခန်းက စားသောက်ဆိုင်ကို ခဏဝင်ပြီး ခြေရာဖျောက်ခဲ့ကြတာပေါ့။ ခဏနားပြီး ပြန်ထွက်လာပေမယ့် နောက်ယောင်ခံလိုက်တဲ့ကားက ဘယ်လိုလုပ်လုပ် နောက်ကလိုက်တာရပ်မသွားတာမို့ သူတို့ရင်ဆိုင်နေရတာ ဘာလဲဆိုတာ သိနိုင်ဖို့ ဆယ်ရာက ကားပေါ်ကဆင်းပြီး အနောက်ကကား မောင်းတဲ့သူကို သွားကြည့်ခဲ့ပါတော့တယ်။ ဒါပေမယ့် ထင်သလို ရိုးရှင်းတဲ့အခြေအနေမျိုးမဟုတ်ဘဲ ထိတ်လန့်စရာတစ်ခုခုကို မြင်လိုက်ရတဲ့ ဆယ်ရာက ကြံရာမရဖြစ်သွားပြီး ကြောက်လန့်တကြားနဲ့ ခြေဦးတည့်ရာ ဆက်မောင်းနေခဲ့ရင်း နောက်က ကားကလည်းလိုက်နေဆဲဖြစ်နေလို့ စိတ်ရှုပ်ထွေးနေတုန်း ခုနက သူတို့မြင်ခဲ့တဲ့ စားသောက်ဆိုင်ကို ထပ်မြင်လိုက်ရတဲ့အခါမှာတော့.. စားသောက်ဆိုင်ထဲပဲဝင်ပြီး အကူအညီတောင်းခံခဲ့ရပါတော့တယ်။
စားသောက်ဆိုင်မန်နေဂျာက စိတ်အေးအေးထားဖို့ ဖျောင်းဖျရင်း သူတို့ကို အိပ်ဖို့အခန်းစီစဉ်ပေးမယ်ဆိုတာကြောင့် တစ်ညတာအိပ်စက်ဖို့ ပြင်ဆင်ခဲ့ပေမယ့် စားသောက်ဆိုင်မန်နေဂျာက ထင်သလိုမရိုးရှင်းဘဲ သူတို့ကို လှည့်စားဖို့ ကြံနေတယ်ဆိုတာ သိလိုက်ရချိန်မှာတော့.. သူတို့နောက်ကို လိုက်လာတဲ့ကားက ဘယ်ကများလဲ.. ဘာလို့များ သူတို့နောက်ကို လိုက်လာရတာလဲ.. လမ်းကနေထွက်သွားပေမယ့် စားသောက်ဆိုင်တစ်ခုတည်းကိုပဲ ဘာလို့ ပြန်ပြန်ရောက်သွားရတာလဲ.. စားသောက်ဆိုင်မန်နေဂျာကရော ဘာလို့ သူတို့ကိုလှည့်စားဖို့ကြံခဲ့တာလဲ.. သူတို့နှစ်ယောက်ကရော အဲဒီနေရာကနေ လွတ်မြောက်သွားနိုင်ပါ့မလားဆိုတာတော့.. ဇာတ်လမ်းထဲမှာပဲ ရင်ခုန်စိတ်လှုပ်ရှားရင်း ဆက်ကြည့်လိုက်ကြပါဦးနော်။
August 16 1947 (2023)
⭐IMDB: 6.9/10 (264 Votes)
🎬 #Action #Bollywood #Drama #Comedy
🗓️ 2023 🎞️ Movie 📺 720p
🌎 #India
⏰ 2 နာရီ 23 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
August 16 1947(2023)
ရဲကား ရှေ့နေကား အမတ်ကား စသဖြင့် ရိုးရိုးအိန္ဒိယကားပေါင်းစုံကြည့်ရတာကို ငြီးငွေ့နေလောက်မဲ့ ပရိသတ်တွေအတွက် IMDb 6.9 အထိရရှိထားတဲ့ တောင်ပိုင်းတမီလ်ရုံတင်ကားလေး တစ်ကားကို တင်ဆက်ပေးလိုပါတယ်
အိန္ဒိယနိုင်ငံဟာလည်း ကျွန်တော်တို့မြန်မာတွေလိုပဲ ဗြိတိသျှသခင်ကြီးများရဲ့အနိုင်ကျင့်ဗိုလ်ကျမှုကို ခံခဲ့ရတဲ့ ကိုလိုနီနိုင်ငံတွေပါ ဒီဇာတ်လမ်းလေးမှာတော့လွတ်လပ်ရေးအရယူခါနီး အိန္ဒိယနိုင်ငံက သယံဇာတတွေကို ရသလောက်အမြတ်ထုတ်သွားတဲ့ သခင်ကြီးများရဲ့ဇာတ်လမ်းကို အခြေပြုထားပါတယ်အိန္ဒိယတောင်ပိုင်း ဝေးလံခေါင်ဖျားရွာလေးတစ်ရွာမှာ ဝါဂွမ်းအထွက်ကောင်းလွန်းလို့ဗြိတိန်တွေအတွက် အမြတ်ငွေ စတာလင်ပေါင်သိန်းရာနဲ့ချီ ဝင်နေပါတယ်
လွတ်လပ်ရေးပေးရတော့မဲ့အချိန်မှာလည်း သခင်ကြီးများက သံယောဇဉ်မပြတ်အဲ့လုပ်ငန်းကို ဆက်မောင်ပိုင်စီးချင်ပါသေးတယ် အဲ့ရွာကို တာဝန်ယူအုပ်ချုပ်နေတဲ့ဗိုလ်ချုပ်ရောဘတ်နဲ့သူ့ရဲ့သား ဂျက်စတင်တို့ကလည်း လွတ်လပ်ရေးပေးခါနီးကိုတောင်ရွာသားတွေကို သတင်းအမှောင်ချ နှိပ်စက်နေတဲ့အခါ သူ့ကျွန်မခံနိုင်တော့တဲ့သူတွေရဲ့တော်လှန်ပုန်ကန်ကြပုံကို သဘာဝကျကျ ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ကြည့်ရှုကြရမှာဖြစ်လို့ပရိသတ်ကြီးအနေနဲ့ အိုဗာအက်ရှင်တွေမပါပဲနဲ့ ဇာတ်လမ်းဇာတ်ကွက်လန်းတဲ့ရုပ်ရှင်မျိုးကြည့်ချင်ရင်တော့ ဒီကားလေးက ပရိသတ်တွေအတွက်ပါပဲဆိုတာပြောကြားရင်း တင်ဆက်ပေးလိုက်ပါတယ်
The Origin of Evil (2022)
⭐IMDB: 6.6/10 (772 Votes)
🎬 #Drama #Thriller
🗓️ 2022 🎞️ Movie 📺 1080p
🌎 #France #Canada
⏰ 2 နာရီ 3 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Origin of Evil (2022)
~ IMDb – 6.6/10, Rotten Tomatoes – 86% ~
Lesbian အတွဲက အဓိကဇာတ်ကောင်အနေနဲ့ပါ၀င်ထားတဲ့ Mystery ဆန်ဆန် ပြင်သစ်ကားတစ်ကားဖြစ်ပါတယ်။
စတေဖနဲစ်ဆိုတဲ့ အမျိုးသမီးဟာ အသင့်စားငါးဗူးတွေ ထုတ်တဲ့ စက်ရုံမှာ အလုပ်လုပ်ပြီး သူ့ချစ်သူမိန်းမက ထောင် ၅နှစ်ကျနေသူဖြစ်ပါတယ်။ သူ့ကို သတ်မှတ်ရက်ထက် စောလွတ်အောင်လုပ်ဖို့ သူတို့ ကြိုးပမ်းနေကြတာပါ။ စတေဖနဲစ်ငှားနေတဲ့ အိမ်ရှင်အမျိုးသမီးက သူ့သမီးပြန်ရောက်လာမှာဖြစ်တဲ့အတွက် စတေဖနဲစ်ကို ဖယ်ခိုင်းပါတော့တယ်။ အစအစအရာရာ အခက်အခဲတွေ ဖြစ်လာတဲ့အချိန်မှာ စတေဖနဲစ်က သူ့ရဲ့ ကလေးဘ၀တည်းက ကွဲသွားတဲ့ဖခင်ကို ဆက်သွယ်ပါတော့တယ်။ ဒီလိုနဲ့ ဖခင်နဲ့ အဆက်အသွယ်ရပြီးတဲ့အခါမှာ သူ့ဖခင်ရှိတဲ့ မြို့ကို သွားရောက်တွေ့ဆုံပါတော့တယ်။
စတေဖနဲစ်ရဲ့ဖခင်က စီးပွားရေးလုပ်ငန်းတွေ အများကြီးပိုင်တဲ့ သူဌေးကြီးတစ်ဦးဖြစ်ပြီး လက်ရှိမှာ နောက် မိန်းမနဲ့ သမီးဖြစ်သူတို့နဲ့ နေနေတာပါ။ သူ့အဖေက စတေဖနဲစ်ကို သူတို့အိမ်ကြီးဆီခေါ်သွားပြီး မိသားစုတွေနဲ့ တွေ့ဆုံစေပါတယ်။ သူ့ရဲ့ အဖေတူအမေကွဲညီမဖြစ်သူ ဂျော့ရှ်ကတော့ စတေဖနဲစ်ကို မယုံပါဘူး။ ငွေတွေလိုချင်လို့ သမီးယောင်ဆောင်ပြီး ချဉ်းကပ်တယ်လို့ထင်တာပါ။ သူတို့မိသားစုရဲ့ ဆက်ဆံရေးကလည်း အဆင်မပြေကြပါဘူး။ ဖခင်သူဌေးကြီးက သူ့လုပ်ငန်းတွေကို ဂျော့ရှ်က ဦးစီးပြီး ပြောင်းလဲပစ်မှာကို မကြိုက်တဲ့အတွက် စတေဖနဲစ်ကို အရေးပေးလာပါတယ်။
ဒီလိုနဲ့ သူဌေးကြီးရဲ့ အမွေတွေ ရဖို့ ကြံစည်ကြပုံတွေ၊ အားလုံးက စတေဖနဲစ်လို ထင်ကြတဲ့ အမျိုးသမီးရဲ့ တကယ့်ဘ၀အစစ်အမှန်က ဘယ်သူလဲ၊ သူပြောသလို သူဌေးကြီးရဲ့ သမီးရင်း ဟုတ်ပါ့မလား၊ အမွေတွေကို နောက်ဆုံးမှာ ဘယ်သူရမလဲ……စတာတွေကို မြှုပ်ကွက်လေးတွေနဲ့ ကြည့်ရမှာပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)
August 16 1947 (2023)
⭐IMDB: 6.9/10 (264 Votes)
🎬 #Action #Bollywood #Drama #Comedy
🗓️ 2023 🎞️ Movie 📺 1080p
🌎 #India
⏰ 2 နာရီ 23 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
August 16 1947(2023)
ရဲကား ရှေ့နေကား အမတ်ကား စသဖြင့် ရိုးရိုးအိန္ဒိယကားပေါင်းစုံကြည့်ရတာကို ငြီးငွေ့နေလောက်မဲ့ ပရိသတ်တွေအတွက် IMDb 6.9 အထိရရှိထားတဲ့ တောင်ပိုင်းတမီလ်ရုံတင်ကားလေး တစ်ကားကို တင်ဆက်ပေးလိုပါတယ်
အိန္ဒိယနိုင်ငံဟာလည်း ကျွန်တော်တို့မြန်မာတွေလိုပဲ ဗြိတိသျှသခင်ကြီးများရဲ့အနိုင်ကျင့်ဗိုလ်ကျမှုကို ခံခဲ့ရတဲ့ ကိုလိုနီနိုင်ငံတွေပါ ဒီဇာတ်လမ်းလေးမှာတော့လွတ်လပ်ရေးအရယူခါနီး အိန္ဒိယနိုင်ငံက သယံဇာတတွေကို ရသလောက်အမြတ်ထုတ်သွားတဲ့ သခင်ကြီးများရဲ့ဇာတ်လမ်းကို အခြေပြုထားပါတယ်အိန္ဒိယတောင်ပိုင်း ဝေးလံခေါင်ဖျားရွာလေးတစ်ရွာမှာ ဝါဂွမ်းအထွက်ကောင်းလွန်းလို့ဗြိတိန်တွေအတွက် အမြတ်ငွေ စတာလင်ပေါင်သိန်းရာနဲ့ချီ ဝင်နေပါတယ်
လွတ်လပ်ရေးပေးရတော့မဲ့အချိန်မှာလည်း သခင်ကြီးများက သံယောဇဉ်မပြတ်အဲ့လုပ်ငန်းကို ဆက်မောင်ပိုင်စီးချင်ပါသေးတယ် အဲ့ရွာကို တာဝန်ယူအုပ်ချုပ်နေတဲ့ဗိုလ်ချုပ်ရောဘတ်နဲ့သူ့ရဲ့သား ဂျက်စတင်တို့ကလည်း လွတ်လပ်ရေးပေးခါနီးကိုတောင်ရွာသားတွေကို သတင်းအမှောင်ချ နှိပ်စက်နေတဲ့အခါ သူ့ကျွန်မခံနိုင်တော့တဲ့သူတွေရဲ့တော်လှန်ပုန်ကန်ကြပုံကို သဘာဝကျကျ ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ကြည့်ရှုကြရမှာဖြစ်လို့ပရိသတ်ကြီးအနေနဲ့ အိုဗာအက်ရှင်တွေမပါပဲနဲ့ ဇာတ်လမ်းဇာတ်ကွက်လန်းတဲ့ရုပ်ရှင်မျိုးကြည့်ချင်ရင်တော့ ဒီကားလေးက ပရိသတ်တွေအတွက်ပါပဲဆိုတာပြောကြားရင်း တင်ဆက်ပေးလိုက်ပါတယ်
Corona Papers (2023)
⭐IMDB: 7.2/10 (567 Votes)
🎬 #Action #Bollywood #Drama #Thriller
🗓️ 2023 🎞️ Movie 📺 720p
🌎 #India
⏰ 2 နာရီ 33 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Corona Papers (2023)
IMDb-7.5/10
Malayalam ရုပ်ရှင်တွေရဲ့ ထိပ်တန်းသရုပ်ဆောင်တွေဖြစ်တဲ့Shane Nigam, Shine Tom Chacko, Jean Lal, Gayathrie တို့အဓိကပါ၀င်ထားတဲ့ Crime/Thriller ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်
ဇာတ်လမ်းအညွှန်း
အလုပ်ကိုကောင်းကောင်းမလုပ် လိမ်စားလှည့်စားနေတဲ့ရဲစခန်းမှာဘယ်သူ့မှမကြောက်တဲ့ မှန်မှန်ကန်ကန်ရဲအရာရှိတစ်ယောက်ရှိနေတယ်အဲဒီလိုရဲစခန်းကိုမှ SI ရာထူးနဲ့ရဲ၀န်ထမ်းအသစ်စက်စက်လေး ရာဟူလန်(ရာဟူး)ရောက်လာပါတယ် တစ်နေ့ဘက်စ်ကားစီးရင်းပဲ သူ့ရဲ့ ပစ်စတိုလေးအခိုးခံလိုက်ရပါတော့တယ်လူငယ်ရဲအသစ်လေးက အထက်ကိုမတင်ပြပဲကိုယ်တိုင်ပဲလိုက်ဖမ်းဖို့ကြိုးစားချိန်မှာCOVID ကာလအတွင်း ဖြစ်ပျက်ခဲ့တဲ့ များစွာသောဒုစရိုက်မှုတွေကို ရှာဖွေတွေ့ရှိလာချိန်မှာတော့….
အုန်းစားရတဲ့ ခက်ခဲနက်နဲလိမ်ထွေးနေတာမျိုးမဟုတ်ဘဲ တစ်ရစ်ချင်းတစ်ခန်းချင်းplot twist အလှည့်အပြောင်းအတက်အကျလေးတွေနဲ့ ပြစ်မှုဇာတ်ကားကောင်းလေးကို ခံစားကြည့်ပါဦး

Step Up Love Story: Double Love (2019)
⭐TMDB: 0.0% User Score
🎬 #Adult #Asian #Comedy
🗓️ 2019 🎞️ Movie 📺 1080p
🌎 #Japan
⏰ 1 နာရီ 7 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Step Up Love Story: Double Love
====================
ဒီဇာတ်ကားက Eigaban Futari ecchi ဆိုတဲ့ manga ကိုရုပ်ရှင်အနေနဲ့ပြန်ရိုက်ထားတာပါ။ မှောင်တော့မှောင်ချင်တယ်တအားမမှောင်ပဲ ကြည်ကြည်နူးနူးလေးကြည့်ချင်တယ်ဆိုရင်ဒီဇာတ်ကားလေးကြည့်သင့်ပါတယ်။
အိမ်ထောင်ပြုထားတာ ၃နှစ်ကြာပြီဖြစ်တဲ့ မာကိုတို နဲ့ ယူရ တို့ဟာကလေးဘ၀ကတည်းကခင်မင်လာခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။တစ်ရက်တော့ ခင်ပွန်းဖြစ်သူစန်းပွင့်ချိန်ရောက်ပြီဆိုတဲ့ ဗေဒင်တစ်ခုကိုယူရ ဖတ်မိလို့ သူ့ခင်ပွန်းကိုပြောပြပေမယ့် မာကိုတိုကတော့ အယုံအကြည်မရှိခဲ့ပါဘူး။
ဒါပေမယ့် ဗေဒင်ကမှန်ကန်နေတဲ့အခါမှာတော့ ယူရလည်းစိတ်ပူရပါတော့တယ်။အလုပ်မှာကောင်မလေးတွေဝိုင်းဝိုင်းလည်လာတဲ့ မာကိုတိုဟာ အိမ်ပြန်ရောက်လို့ဇနီးသည်နဲ့ပူတူတူးမယ့်အချိန်ရောက်တော့ ညီငယ်ကမထောင်မတ်လာတော့ပါဘူး။ဒီတော့ ယူရခမျာ ခင်ပွန်းသည်ဖောက်ပြန်မှာလည်းပူရ၊ ညီငယ်ကိုလည်းနိုးထအောင်ကြိုးစားပေးရနဲ့ အလုပ်တွေများပါတော့တယ်။ဒီလိုနဲ့ သူတို့လင်မယားရဲ့ဇာတ်လမ်းလေး ဘယ်လိုဆက်ဖြစ်မလဲ၊ဒီအတိုင်းပဲအဆုံးသတ်သွားတော့မှာလားဆိုတာကိုကြည့်ရှုနိုင်ဖို့အတွက် ဒီဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။
Hachiko (2023)
⭐IMDB: 7.1/10 (69 Votes)
🎬 #Drama #Family
🗓️ 2023 🎞️ Movie 📺 1080p
🌎 #China
⏰ 2 နာရီ 5 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီနှစ်ထွက်ရှိထားတဲ့ တရုတ်ကားကောင်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်ကတော့ Hachiko ပါ။ ဒီဇာတ်ကားက ဖြစ်ရပ်မှန်ကိုအခြေခံထားတာဖြစ်ပြီးတော့ ပရိသတ်ကြီးတို့ထဲမှာခွေးချစ်တတ်တဲ့သူလေးတွေရှိရင် ဒီကားလေးက ကြည့်ကို ကြည့်သင့်တဲ့ကားလေးပါ။အားလုံးကြားဖူးကြမယ်လို့ထင်ပါတယ်
ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောပြရမယ်ဆိုရင်တော့ ပါမောက္ခချန်ဟာသုတေသနခရီးသွားရာကနေ လမ်းမှာ ခွေးပေါက်လေးတစ်ကောင်နဲ့မတော်တဆ တွေ့ဆုံခဲ့ရပါတယ်။ ခွေးလေးက ချစ်ဖို့ကောင်းတဲ့အပြင်သနားစရာလည်း ကောင်းတာမလို့ ပါမောက္ခချန်က အိမ်ပြန်ခေါ်လာခဲ့ပါတယ်။
မိန်းမဖြစ်သူက ငယ်ငယ်က ခွေးကိုက်ခံရဖူးတာကြောင့် အခုလိုမျိုးခွေးခေါ်လာတာကို မကြည်ဖြူခဲ့ပါဘူး။ ဒါပေမဲ့လည်း အချိန်ကြာလာတာနဲ့အမျှခွေးလေးကို မိသားစုဝင်အဖြစ် လက်ခံခဲ့တယ်။ ခွေးလေးရဲ့ နာမည်ကိုလည်းမာကျောက်ကစားဝိုင်းကို အစွဲပြုပြီး ပါးထုန်လို့ ပေးထားလိုက်တော့တာပေါ့။
ပါးထုန်လေးက သူ့သခင်အလုပ်သွားတိုင်း ကေဘယ်ဘူတာအထိလိုက်ပို့တတ်ပြီးတော့ ဘူတာကနေ သတင်းစာယူပြီးမှ အိမ်ပြန်လာတတ်ပါတယ်။ညနေပိုင်း သခင် အလုပ်ပြန်လာမယ့်အချိန်ရောက်ရင် ဘူတာမှာသွားစောင့်နေတတ်သေးတာပါ။ သခင်ဖြစ်သူ ချန်ကျင်းရှိုကပါးထုန်လေးကို သားလေးတစ်ယောက်လို သဘောထားတာမလို့ပါးထုန်လေးကလည်း သခင့်ကို အရမ်းတွယ်တာခဲ့ပါတယ်။တစ်နေ့မှာတော့ သခင်ဖြစ်သူဟာ မမျှော်လင့်ဘဲ လောကကြီးထဲကထွက်ခွာသွားခဲ့ရပါတယ်။ ဒါပေမဲ့ ပါးထုန်လေးကတော့သေခြင်းတရားဆိုတာကို နားမလည်ဘဲ သခင်ဖြစ်သူ ပြန်အလာကို စောင့်ပြီးရင် စောင့်နေခဲ့ပါတယ်။
ကျန်ရစ်ခဲ့တဲ့ မိသားစုကလည်း ဘဝပေးအခြေအနေတွေကြောင့်တစ်ယောက်တစ်နေရာစီ ကွဲကုန်ကြတာပေါ့။ ပါးထုန်လေးကရောအရင်နေရာလေးမှာပဲ သခင်ဖြစ်သူ ပြန်အလာကို စောင့်နေမှာလား၊ဒါမှမဟုတ် ကျန်ခဲ့တဲ့ မိသားစုဝင်တွေနဲ့ပဲ တခြားနေရာကို လိုက်သွားရမလား၊သခင်တွေနဲ့ ပြန်တွေ့ရမလားဆိုတာကိုတော့ Hachiko ဆိုတဲ့ ဇာတ်ကားမှာကြည့်ကြည့်လိုက်ကြပါနော်။ ပါးထုန်နဲ့ သခင်ဖြစ်သူ ပါမောက္ခချန်ကြားကကြည်နူးဖွယ်ရာ အခိုက်အတံ့လေးတွေကိုလည်း တွေ့မြင်ရမှာမလို့ဒီဇာတ်ကားလေးကတော့ ၂၀၂၃ ခုနှစ်ရဲ့ အကြည်သင့်ဆုံး ဇာတ်ကားတစ်ကားပါပဲ။
Spider-Man: Into the Spider-Verse (2018)
⭐IMDB: 8.4/10 (558 k Votes)
🎬 #Action #Adventure #Animation #ScienceFiction #Comedy #Family #Fantasy #SciFi
🗓️ 2018 🎞️ movie 📺 4K
🌎 #Canada #UnitedStates #UnitedStatesofAmerica
⏰ 23 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
With great power comes great responsibility
ကြီးမားတဲ့စွမ်းအားမှာကြီးမားတဲ့ဝတ္တရားရှိတယ်ဒီစကားပုံလေးကိုမြင်တာနဲ့long long ago Spider man movie ထဲကUncle Ben ပြောတာကို ပြန်မြင်ယောင်မိကြမှာပါ
Spider man ဆိုတဲ့ comic characterကို Tobey Magurie နဲ့ triologyရိုက်ခဲ့သလို Andrew Garfield နဲ့လဲ၂ ကားထပ်ရိုက်ခဲ့ပါတယ်
Tobey ရော Andrew ရော အတော်အောင်မြင်ခဲ့တယ်ပြောရမှာပါ အခု Into the spiderverse ဆိုပြီး Animation တစ်ကားထပ်ထွက်လာပါတယ်
ဒီ Spiderverse မှာ ကျွန်တော်တို့အချစ်တော် ပီတာပါကာ အပါဝင် မိုင်းစ်မိုရဲလတ်စ် ဆိုတဲ့ လူမဲ စပိုက်ဒါမန်းလေး ပါမြင်ရမှာပါ အခုကားက Comic timeline နဲ့လုံးဝကွဲထွက်ပါတယ်
အခြား comic game reference တွေယူပြီး သူ့ဘာသူတည်ဆောက်သွားတယ် spider man 6 ယောက်ထည့်သွင်းထားတယ် spiderverse ဆိုတဲ့အတိုင်း multiverse တွေကလာတဲ့
အခြားspider man တွေပါလာတယ်
ဇာတ်လမ်းအကျဉ်းကတော့ villain ဖြစ်တဲ့ ကင်းပင်က အမှုန်အရှိန်ပေးစက်သုံးပြီး portal တွေဖွင့် အခြားuniverse က သူ့မိသားစုကိုပြန်ခေါ်ဖို့လုပ်ပါတော့တယ်
ဒါပေမယ့် အမှုန်အရှိန်ပေးစက်ရဲ့ side effect ကြောင့် reality တွေပျက်စီးပြီး မြို့ပျက်တော့မှာသိလို့ ပီတာပါကာက ဝင်တားတယ် အဲ့အချိန်မှာပဲ မိုင်းစ်မိုရဲလတ်စ်က
ပင့်ကူကိုက်ခံရပြီး spider man အစွမ်းတွေရခါစ ဒီလိုနဲ့ multiverse တွေက portal တွေပွင့်ပြီး မိုင်းစ်မိုရဲလတ်စ် တို့ universe ကို အခြား universe တွေက
Peter Parker, Spider Gwen, Peni Parker, Spider man Noir နဲ့ PeterPorker တို့ရောက်လာပါတယ် အတော်လေးကိုပြီးပြည့်စုံတဲ့ story lineလို့မြင်မိပါတယ်
Animationပိုင်းတွေကတော့ပြောစရာကိုမလိုဘူးPeni Parker တို့ Peter Porker (SpiderHam) တို့ပါထည့်ထားတာ စိတ်ဝင်စားဖို့ကောင်းတယ်
အကောင်းဆုံးလို့ဆိုရမှာက theme song နဲ့ background music ပဲ theme song တွေက unique ဖြစ်တယ် ဥပမာ Prowler လာတဲ့အခန်းတွေမှာဆို
သူလာမှန်းသိရတဲ့ theme song မျိုးတွေ Spider man ဇာတ်ရုပ်တိုင်းမြူ းမြူ းကြွကြွ theme song တွေက ကြည့်ရတာ တကယ်မိုက်တယ် အားတက်စရာကောင်းတယ်
plot ကလဲအတော်လေးကိုကွဲထွက်တယ် ပြီးတော့အခြား spider man game တွေ ထဲက villain တွေပါတွဲမြင်ရတာအားရစရာပါ
ကျွန်တော် Marvel ရော DC fan ပါ ဒါပေမယ့်အဲ့ထဲမှာ အသနားမိဆုံးက spider man ပဲ
အခြား superhero တွေလိုမချမ်းသာဘူး နာမည်မကြီးဘူး သာမန်ဓာတ်ပုံဆရာလေးတစ်ယောက် နေ့စဉ်အလုပ်တွေနဲ့ ရုန်းကန်နေတဲ့ကြားက
အသက်ကယ်ဖို့ နှစ်ခါပြန်မစဉ်းစားတဲ့ Super strength နဲ့သာမညလူသား သူ့အတွေးကရိုးစင်းတယ်ဒါပေမယ့် သူ့အပြုအမူနဲ့ဆုံးဖြတ်ချက်ကအောချရတယ်
ဘယ်အခြေနေမှာဖြစ်ဖြစ် spider manဆိုတာစိတ်ဓာတ်ကျတတ်တဲ့ hero မဟုတ်ဘူး သူ့ကြည့်လိုက်ရင်အမြဲပျော်ရွှင်နေတတ်တဲ့ကျွန်တော်တို့ရဲ့
friendly neighbourhood spider man Animation ကားလို့ဆိုပေမယ့် Tobey ရဲ့ spider man တုန်းကလိုဖီလ်းမျိုးအငွေ့အသက်မျိုး ပြန်ခံစားလိုက်ရတယ်
ကြည့်ရတာတော်တော်တန်ပါတယ် Spider man ကို ကလေးဘဝကတည်းကကြိုက်ခဲ့တာခုချိန်ထိပဲ
ဒီရုပ်ရှင်ကားကို ဟိန်းသက်နိုင် က အညွှန်းရေးပေးထားပြီး
ဟိန်းသက်နိုင် နဲ့ မျိုးညွှန့် တို့က ဘာသာပြန်ပေးထားပါတယ်
Spider-Man: Homecoming (2017)
⭐IMDB: 7.4/10 (676 k Votes)
🎬 #Action #Adventure #Marvel Universe #Sci-Fi #ScienceFiction #Drama #SciFi
🗓️ 2017 🎞️ Movie 📺 4K
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 13 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Tobey Maguire နဲ့ Andrew Garfield တို့ပြီးတဲ့နောက်မှာ သုံးကြိမ်မြောက် Reboot လုပ်ခဲ့တဲ့Tom Holland ရဲ့ တကယ့်ကို လူငယ်ဆန်တဲ့ အငွေ့အသက်တွေလွှမ်းခြုံနေတဲ့Spider Man Homecoming ဟာ ၂၀၁၆နှစ်ကုန်ပိုင်းမှာ ထွက်လာတဲ့ Marvel Comic ဖန်တွေ အကြိုက်လောက်ဆုံး Spider Man Reboot Movie တစ်ခုဖြစ်ခဲ့ရပါတော့တယ်Tobey နဲ့ Andrew အလွန် ၂၀၁၆မှာတော့ ကျွန်တော်တို့လို Comic Fan တွေအတွက် Cilvil War မှာ လူငယ်မင်းသား Tom Holland က ဆန္ဒတွေ ဖြည့်ဆည်းပေးလိုက်တော့တယ်။
သူ့ကို စတင် Cast လုပ်လိုက်လိုက်ချင်း ဝေဖန်သံတွေ ပေါ်ထွက်ခဲ့ပေမယ့်အဲဒီ ဝေဖန်သံတွေကို Civil War မှာ Tony Stark ရဲ့ Underoses ဆိုတဲ့ စကားနဲ့ Spidey လက်သစ်ရဲ့ Hello Everyone ဆိုတဲ့တစ်ခွန်းတည်းနဲ့ ပယ်ဖျက်ခဲ့တယ်။” တခြားစူပါဟီးရိုးတွေလို ရင့်ကျက်မှုမရှိသေးမယ့် CW ကဖြစ်ရပ်တွေထဲ ဝင်ပါခဲ့ရပြီးတဲ့နောက် Peter Parker ဟာ သူ့ကိုအချိန်ပြည့် စောင့် ကြည့်ထိန်းမတ်ပေးနေတဲ့ Tony Starkရဲ့ အုပ်ချုပ်မှုအောက်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ဝတ်စုံအသစ်နဲ့အတူ နေ့တိုင်း မှုခင်းတိုက်ဖျက်နေခဲ့ပါတယ်။Parker ဟာ သူ့ရဲ့ အခင်ဆုံး သူငယ်ချင်း Ned နဲ့အတူ သာမန်ရိုးရှင်းတဲ့ အထက်တန်းကျောင်းသား ဘဝကို အတွဲညီညီဖြတ်သန်းနေသလို Lizဆိုတဲ့ ကောင်မလေးတစ်ယောက်ကိုပါ ခွက်ရှ်နေခဲ့ပါတယ်။
သို့သော်လည်းပဲ Tony Stark ရဲ့ လက်နက်ထိန်းချုပ်ရေး ပရိုဂရမ်ကြောင့် အမြစ်တည်ပျံ့ပွားလာတဲ့ အမုန်းတရားတွေရဲ့သားကောင် Vulture ဆိုတဲ့ Villain တစ်ယောက်ပေါ်လာချိန်မှာတော့ အတွေ့အကြုံအကြီးကြီး မရှိသေးတဲ့ Spidey လေးခင်မျာ အားကုန်သုံးပြီး ပြန်တွန်းလှန်ရပါတော့တယ်…. ။ ”ဒီကားဟာ Tomရဲ့ Solo Film ဖြစ်တဲ့အတွက် သူအတွက် လုပ်ပိုင်ခွင့်တွေ ပိုရလာခဲ့သလို Comic ထဲကလို ပျော်ပျော်နေတတ်တဲ့ Friendly Neighborhood Spidey လေးကို မြင်တွေ့ခဲ့ရတယ်။သူ့ရဲ့ စိတ်ဓာတ်၊ သူ့ရဲ့ စွမ်းအား၊ သူ့ရဲ့ လုပ်နိုင်စွမ်းတွေဟာ ဒီကားနဲ့အတူ နောင်လာမယ့် ကားတွေမှာပါ ကျွန်တော်တို့ အချစ်တော် Spidey လေးဖြစ်လာမယ်ဆိုတာတော့ ဘယ်လိုမှ လွဲမယ်မထင်ပါဘူး…။(ဇာတ်လမ်းအညွှန်းကိုတော့ Y မှရေးပေးထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ Little Neo ပါ)
++++++++++++++++++++++++++++++++++++++++++++++++++++++
Marvel Cinematic Universe Intro
=======================
Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။
Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီးစကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, Hawkeye, Vision,Scarlet Witch,Antman,Falcon) တို့နဲ့Spiderman, Doctor Strange, Black Panther, Guardians of the Galaxy အဖွဲ့တို့ ပူးပေါင်းတားဆီးကြရင်း ဖြစ်လာတဲ့ စစ်ပွဲပါ။
Infinity Stones 6 လုံးရဲ့ တည်နေရာတွေကတော့
၁. Space Stone aka Tesseract (Blue)(Captain America: the first avenger ဇာတ်ကားမှာ နာဇီတွေဆီက လုယူရတဲ့ ကျောက်တုံးဖြစ်ပြီးAvengers ဇာတ်ကားမှာ လိုကီက ဂြိုလ်သားတွေကို ကမ္ဘာကိုခေါ်ဖို့ ဝင်ပေါက်ဖွင့်တဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်၊လက်ရှိကတော့ Asgard ဂြိုလ်ပေါ်မှာ သိမ်းဆည်းခဲ့ရင်း Thor: Ragnarok ကားအဆုံးမှာ လိုကီ ခိုးယူခဲ့တာကို တွေ့ရမှာပါ)
၂။ Reality Stone aka Aether (Red)( စကြဝဠာကို Big Bang မတိုင်ခင်အထိတောင် ပြန်ပြောင်းပစ်နိုင်ပါတယ်။Thor 2: The Dark World မှာ ပါလာခဲ့ပြီး နောက်ဆုံး credit scene မှာ Collector ဆိုသူဆီမှာ သိမ်းဆည်းထားပါတယ်)
၃။ Power Stone (Purple Orb)( ဂြိုလ်တစ်ခုလုံးကို အသာလေးဖျက်ပစ်လို့ရတဲ့ raw power တွေပါပါတယ်။Guardian of the Galaxy 1 မှာ ပါဝင်ခဲ့ပြီး Xander က Nova Corps စစ်တပ်လက်ထဲမှာ သိမ်းဆည်းထားပါတယ်။)
၄။ The Time Stone ( The Eye of Agomotto, Green)( အချိန်ကို လိုသလိုအသုံးချနိုင်ပါတယ်။ Doctor Starnge ဇာတ်လမ်းမှာ ပါဝင်လာပြီး လက်ရှိ ဒေါက်တာ စထ်ရိန့်က စောင့်ရှောက်ထားပါတယ်)
၅။ Mind Stone (Yellow)( ဉာဏ်ရည်ကို မြှင့်တင်ခြင်းနဲ့ စ
The Amazing Spider-Man 2 (2014)
⭐IMDB: 6.6/10 (511 k Votes)
🎬 #Action #Adventure #Sci-Fi #Fantasy #SciFi
🗓️ 2014 🎞️ Movie 📺 4K
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 21 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားက ကျွန်တော် အရမ်းကြိုက်ခဲ့တဲ့ Spider-Man ကာတွန်းဇာတ်လမ်းထဲက ဇာတ်လမ်းတစ်ချို့ကို အခြေခံပြီး ရိုက်ကူးထားသလို၊ Visual Effect ကလည်း အရမ်းကောင်းပါတယ်။ ဒါ့အပြင် Spider-Man Web ပစ်ပြီး လေထဲမှာ သွားတဲ့ အခန်းတွေက တကယ် ကြည့်လို့ကောင်းပြီး၊ Electro နဲ့ ရင်ဆိုင်တဲ့ အခန်းမှာလည်း Slow Motion ကို လိုအပ်သလောက် ထည့်ပြီး ပညာသား ပါပါ အသုံးပြုသွားပါတယ်။
Superheros ရုပ်ရှင် ကားတွေထဲမှာ လက်ရှိအချိန်ထိ ကျွန်တော့် အကြိုက်ဆုံး ဇာတ်ကားတွေကThe Dark Knight နဲ့ Avengers တို့ဖြစ်ပါတယ်။ ဒီကားက အဲ့ဒီ နှစ်ကား လောက် စိတ်လှုပ်ရှားမှုမပေးနိုင်သလို၊ ဇာတ်ရှိန် အတက်အကျမကောင်းပေမယ့်၊ လက်ရှိအချိန်မှာတော့ အကောင်းဆုံး Spider-Man ကားလို့ တောင် ပြောလို့ရပါတယ်။ Original Spider-Man 2 ဇာတ်ကားထက်တောင် မှ အများကြီးသာလွန်နေပြီး၊ Captain America ထက် ပိုကြိုက်ပါတယ်။
ဒါပေမယ့် ကျွန်တော်ပြောခဲ့သလို၊ ဇာတ်လမ်းက ဇာတ်ရှိန် အတက်အကျ မမှန်ပါဘူး။ အထူးသဖြင့် Peter နဲ့ Gwen တို့နဲ့ အချစ်ဇာတ်လမ်းက ကလေး ကစားသလိုဖြစ်နေပါတယ်။ ပရိတ်သတ်တစ်ချို့က ဒီအချစ်ဇာတ်လမ်းမလိုဘူး လို့ထင်ပေမယ့် တကယ်တော့ Spider-Man ဇာတ်လမ်းမှာ အချစ်ဇာတ်လမ်း လိုကို လိုပါတယ်။
သူက လူတွေကို ကယ်တင်နေရင်းနဲ့ တဖက်ကလည်း ချစ်သူနဲ့ တွဲသင့် မတွဲသင့် အမြဲ တမ်းကြုံတွေ့ရသလို၊ ရန်သူတွေက သူ့ချစ်သူကို အန္တရာယ်ပေးမှာ လည်း တွေးပူရပါတယ်။ ဒီကားက အဲ့ဒီအချက်ကို ထည့်ပေးထားပေမယ့် တစ်ချို့အခန်းတွေက သာမန် Drama ကားတွေလောက် တောင် မကောင်းဘူးဖြစ်နေပါတယ်။
ဒါပေမယ့် ကျွန်တော်က ကျန်တဲ့ အချက်အားလုံးနီးပါးကို သဘောကျပါတယ်။ ဒီကားမှာ Electro ကို အဓိက ရန်သူအဖြစ် မိတ်ဆက်သွားပြီး၊ သူ့ရဲ့ Transformation ကလည်း အရမ်းကောင်းပါတယ်။ ကာတွန်းထဲက နဲ့ မတူပေမယ့် ကာတွန်းထဲက Origin ထက်ပိုပြီး ကြည့်လို့ကောင်းပါတယ်။ အထူးသဖြင့် Oscorp နဲ့ ဗီလိန်အား လုံး ချိတ်ဆက်ပေးထားပြီး Sinister Six ကို သွားနေတဲ့ ပုံစံလည်း ဖြစ်ပါတယ်။
ဒီကားက အက်ရှင် ဇာတ်ကွက်တော့ အနည်းပဲပါပြီး၊ သာမန်ပရိတ်သတ်ကို စိတ်ကြေနပ်မှု သိပ်မပေးနိုင်ခဲ့ ပါဘူး။ ဘာလိုလည်းဆိုတော့ သူတို့က နောက်ထပ် ဇာတ်ကားတွေအတွက် ပြင်ဆင်နေလို့ပဲဖြစ်ပါတယ်။ အထူး သဖြင့် Andrew Garfield ကို နောက်ထပ် ၂ ကားထပ်ရိုက်ဖို့ စာချုပ်ချုပ်ပြီးသွားပြီလို့လည်း သိရပါတယ်။
(ဇာတ်လမ်းအညွှန်းကိုတော့ ရုပ်ရှင်မိတ်ဆက် Movie Review မှကူးယူဖော်ပြထားတာဖြစ်ပါတယ်။)
The Amazing Spider-Man (2012)
⭐IMDB: 6.9/10 (670 k Votes)
🎬 #Action #Adventure #Sci-Fi #SciFi
🗓️ 2012 🎞️ Movie 📺 4K
🌎 #UnitedStates
⏰ 2 နာရီ 16 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီ The Amazing Spiderman ပထမကားလေးမှာတော့ကျွန်တော်တို့ရဲ့အချစ်တော်ပီတာ
Spiderman စတင်ဖြစ်လာတဲ့အချိန်လေးကိုရိုက်ထားတာပါ။
အောင်မြင်မှုများစွာရရှိခဲ့တဲ့ကားလေးလည်းဖြစ်ပါတယ်။
ရုံဝင်ငွေဒေါ်လာ၇၅၇.၉သန်းထိရရှိခဲ့တဲ့ကားလေးပါ။
၂၀၀၀ခုနှစ်ပီတာတယောက်ကလေးဘဝမှာဖခင်ဖြစ်သူရဲ့စာကြည့်ခန်းဖောက်ထွင်းခံရတာနဲ့စပြီး
သူတို့မိသားစုလေးတကွဲတပြားစီဖြစ်သွားခဲ့ရပါတယ်။
မိဘဖြစ်သူတွေထူးဆန်းစွာပျောက်ဆုံးသွားပြီးပီတာတယောက်အန်တီမေနဲ့ဦးလေးဘန်တို့ရဲ့စောင့်ရှောက်မှုအောက်မှာပဲ
ကြီးပြင်းခဲ့ရပါတယ်။နှစ်များစွာကြာပြီးနောက်ပီတာလည်းအထက်တန်းကျောင်းသားကြီးဖြစ်နေပါပြီ။
အဖေ့သွေးပါသူဖြစ်တော့ဉာဏ်ထက်မြက်သူတယောက်ဖြစ်ပါတယ်။
အဲဒီမှာပဲဂွမ်န်စတေစီဆိုတဲ့ကောင်မလေးနဲ့ဇာတ်လမ်းစတင်ခဲ့တာပေါ့။
တနေ့အိမ်မှာနေရင်းပီတာတယောက်ဖခင်ဖြစ်သူရဲ့အိတ်တအိတ်ကိုတွေ့ပြီး
သုတေသနစာရွက်စာတမ်းဟောင်းတွေဓာတ်ပုံတွေကိုတွေ့ရှိသွားပါတယ်။
အဲဒီဓာတ်ပုံကနေတဆင့်ဖခင်ဖြစ်သူနဲ့အတူအလုပ်လုပ်ခဲ့တဲ့ သိပ္ပံပညာရှင်ဒေါက်တာကာ့ကော်နာစ်တယောက်
OScorpဆိုတဲ့ မျိုးစိတ်ဗီဇတွေကိုသုတေသနလုပ်နေတဲ့နေရာမှာ အလုပ်လုပ်နေကြောင်းသိလိုက်ရပါတယ်။
အဲဒါနဲ့ပဲ ဖခင်အကြောင်းတွေကိုသိချင်နေတဲ့ပီတာတယောက်Oscorpထဲကိုခိုးဝင်ရာကစပြီး
Spidermanဆိုတဲ့ဇာတ်ကောင်စတင်ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။
လက်တွေ့ကျကျပြန်လည်မွမ်းမံပြီးထုတ်လုပ်ထားတဲ့အတွက်ဒီကားလေးဟာတော်တော်အောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။
အဲတော့နောက်ပိုင်းSpidermanပေါက်စ ဘာတွေဘယ်လိုလူသားအကျိုးဆောင်ရွက်မလဲဆိုတာတော့ဇာတ်ကားလေးကိုပြန်စားမြုပ်ပြန်လိုက်ကြရအောင်ပါ။
The Matrix Revolutions (2003)
⭐IMDB: 6.7/10 (524 k Votes)
🎬 #Action #Sci-Fi #SciFi
🗓️ 2003 🎞️ Movie 📺 4K
🌎 #UnitedStates #Australia
⏰ 2 နာရီ 9 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Matrix သမိုင်းအကျဉ်း
၂၁ ရာစု အလယ်ပိုင်းလောက်မှာ လူသားတွေဟာ စိက်အသိဉာဏ် AI ကို တီထွင်ခဲ့ပါတယ်။ လူသားတွေကိုယ်စား အလုပ်တွေအကုန်ခိုင်းလို့ရတဲ့ စက်တွေပေါ်လာပြီး လူတွေအကုန် အလုပ်လုပ်စရာမလိုဘဲ နှပ်နေလို့ရလာတာပေါ့။ ဒါပေမဲ့ အသိဉာဏ်ရှိလာတဲ့ စက်တွေကလည်း လူတွေဟာ သူတို့ကို ခိုင်းစရာ ပစ္စည်းသက်သက်လိုပဲ သဘောထားတာကို မကျေနပ်နိုင်ပဲ ဆန္ဒပြတာမျိုးတွေ ဖြစ်လာပါတယ်။ အကြီးဆုံးပြဿနာကို အစပြုစေခဲ့တာကတော့ B1-66ER ဆိုတဲ့ အိမ်အကူစက်ရုပ်ဟာ သူ့ကိုဖျက်ဆီးပြီးအသစ်အစားထိုးတော့မယ့် အိမ်ရှင်တွေကို သတ်ဖြတ်ခဲ့တဲ့အမှုပါပဲ။ ဒီအမှုကို တရားရုံးမှာ B1-66ER က မိမိကိုယ်ကိုယ်ခုခံကာကွယ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ သူမသေချင်ပါဘူးတဲ့။ လူသားရှေ့နေကလည်း ကူညီခဲ့ပေမဲ့ အမှုရှုံးခဲ့ပြီး စက်ရုပ်ဟာ ဖျက်ဆီးခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ စက်ရုပ်အခွင့်အရေးအတွက် စက်ရုပ်တွေရော စာနာတတ်တဲ့လူသားတွေရောက တစ်နိုင်ငဲံလုံးမှာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြတဲ့လူတွေရော စက်ရုပ်တွေရောကို လူသားအဓိကဝါဒီတွေက ရက်ရက်စက်စက်နှိမ်နင်းခဲ့တဲ့အပြင် စက်ရုပ်တော်လှန်ရေးကြီး ဖြစ်လာမှာကို စိုးရိမ်တဲ့ ကုလ UN က စက်ရုပ်အားလုံးကို ဖျက်ဆီးဖို့ ရုတ်တရက် လုပ်ဆောင်လိုက်ပါတော့တယ်။ ဒီဖြစ်စဉ်ကြီးမှာ အသက်ရှင်ကျန်ခဲ့တဲ့ စက်ရုပ်အနည်းစုဟာ လူတွေနဲ့ အတူယှဉ်တွဲနေထိုင်ဖို့ကိုလက်လျှော့ပြီး မီဆိုပိုတေးမီးယားဆိုတဲ့ လွတ်မြောက်နယ်မြေကို ထွက်သွားခဲ့ကြတယ်။ အဲဒီမှာပဲ 01 ဆိုတဲ့ ပထမဆုံး စက်ရုပ်နိုင်ငံ ပေါ်ပေါက်လာပါတော့တယ်။ 01 ဟာ သူတို့ကိုယ်သူတို့ ပိုအသိဉာဏ်ရှိလာအောင် ဖန်တီးခဲ့သလို လူတွေလိုအပ်တဲ့ စက်တွေ နည်းပညာတွေကိုလည်း ပြန်ရောင်းစားပြီး တဖြည်းဖြည်းနဲ့ စီးပွားရေးမှာ လူတွေထက် အဆမတန် အင်အားကြီးလာခဲ့ပါတယ်။ လူသားငွေကြေးတန်ဖိုးတွေလည်း ကျဆင်းပြီး အင်အားချည့်နဲ့လာတဲ့အတွက် UN က 01 ကို စီးပွားရေးပိတ်ဆို့ခဲ့တယ်။ ဒါကို ညှိနှိုင်းဖို့ ရောက်လာတဲ့ စက်ရုပ်သံတမန်တွေကိုလည်း တိုက်ခိုက်ဖျက်ဆီးခဲ့တယ်။ အဲဒီနောက်မှာ UN က စက်ရုပ်နိုင်ငံကို လက်ဦးမှုယူ တိုက်ခိုက်ခဲ့ပြီး ၂၂ ရာစု အလယ်လောက်မှာ စစ်ပွဲကြီးစတင်ခဲ့ပါတယ်။ ဒါ့အပြင် အနုမြူနဲ့ပါ လက်ဦးအောင် ထုခဲ့ပါတယ်။ ဒါပေမဲ့ စက်ရုပ်တွေက လူတွေထက်ပိုမာတဲ့ အတွက် မျိုးမပြုတ်ခဲ့ပါဘူး။ အဲဒီမှာ မျိုးမပြုတ်ဘဲ ကျန်ခဲ့တဲ့စက်ရုပ်တွေဟာ တစ်ကမ္ဘာလုံးက စက်တွေကို စုစည်းပြီး ပြန်ထိုးစစ်ဆင်ပါတော့တယ်။ အရှေ့အလယ်ပိုင်း ဥရောပ အရှေ့ပိုင်းတွေကိုပါ သိမ်းပိုက်လာနိုင်ခဲ့တယ်။
အရေးနိမ့်လာတဲ့လူသားတွေဟာ အမှောင်မုန်တိုင်းလို့ ခေါ်တဲ့ စစ်ဆင်ရေးတစ်ခုကို လုပ်ခဲ့တယ်။ ဒါကတော့ စက်ရုပ်တွေရဲ့ အဓိကစွမ်းအင်ရင်းမြစ်ဖြစ်တဲ့ နေကို ဖြတ်တောက်ဖို့ပါပဲ။ ကမ္ဘာ့လေထုအကာတစ်ခုလုံးကို နာနိုဗုံးတွေနဲ့ဖောက်ခွဲပြီး တိမ်မည်းကြီးတွေ ဖုံးသွားအောင်လုပ်ပြီး ကမ္ဘာပေါ်မှာ နေရောင်ပျောက်ကွယ်သွားအောင်လုပ်ခဲ့တာပါပဲ။ ဒီစစ်ဆင်ရေးကြောင့် စက်ရုပ်တွေအင်အားချိနဲ့သွားပေမဲ့ မကြာခင်မှာပဲ အနုမြူစွမ်းအင်ကို အစားထိုးပြီး ပြန်အင်အားများလာခဲ့တယ်။ပြီးတော့ လူသားပုံစံစက်ရုပ်တွေကိုမသုံးတော့ဘဲ ပိုပြီးတိုက်ခိုက်နိုင် အားသုံးနိုင်တဲ့ စန်တီနယ်လို စက်ရုပ်တွေကို သုံးလာခဲ့တယ်။
လူသားတွေ အကျအဆုံးများပြီး ငတ်မွတ်လာတဲ့အချိန်မှာတော့ UN ရဲ့ရှေ့ကို စက်ရုပ်သံတမန်နောက်တစ်ခေါက်ရောက်လာပါတော့တယ်။ ဒီတစ်ခါမှာတော့ စက်ရုပ်သံတမန်က ထွေထွေထူးထူးညှိနှိုင်းမနေတော့ပါဘူး။ သူ့ကိုယ်သူဖောက်ခွဲပြီး ကမ္ဘာခေါင်းဆောင်အားလုံးနဲ့ နယူးယောက်မြို့ကြီးကို ဖျက်ဆီးပစ်လိုက်ပါတော့တယ်။ ခေါင်းဆောင်မရှိတော့တဲ့ တပ်တွေကိုလည်း စက်ရုပ်တပ်တွေက အသာအယာအနိုင်ယူပြီး လူသားတွေ ကျဆုံးသွားခဲ့ပါတော့တယ်။ ဒါ့အပြင် စက်ရုပ်တွေဟာ နေ နဲ့ အနုမြူစွမ်းအင်အပြင် နောက်ထပ် စွမ်းအင်ရင်းမြစ်တစ်ခုကို တွေ့ရှိလာခဲ့ပါတယ်။ ဒါကတော့လူသားတွေကို ဖမ်းဆီးထားပြီး သူတို့ ကိုယ်ကနေ လျှပ်စစ်စွမ်းအင်တွေ ထုတ်ယူတာပါ။ အဆုံးမရှိတဲ့ကွင်းပြင်ကြီးတွေထဲမှာ လူသားတွေ သန်းချီပြီး ဖမ်းဆီးထားပြီး စွမ်းအင်ထုတ်ယူပါတော့တယ်။အဲဒိဖမ်းဆီးထားတဲ့လူသားတွေရဲ့ စိတ်ကို အကျဉ်းချဖို့အတွက် Matrix ကို ဖန်တီးလိုက်တာပါပဲ။ Matrix ဆိုတာကတော့ Virtual Reality တစ်ခုပါပဲ။ လူသားတွေရဲ့ စိတ်ကို ကွန်ပြူတာစနစ်ထဲကို ထည့်သွင်းထားပြီး ၁၉ ရာစု ၂၀ ရာစုခေတ်မှာ သူတို့ဘာသာ အသက်ရှင်နေထိုင်နေကြသလို ထင်ယောင်ထင်မှား ဖြစ်စေခဲ့တာပါ။
(ဒါကတော့ ၁ ၂ ၃ ကြည့်ပြီးမှ ဆက်ဖတ်သင့်ပါတယ်)
Matrix ရဲ့ ပထမဆုံးဗားရှင်းမှာတော့ လူသားတွေဟာ လုံးဝပြီးပြည့်စုံပြီး လိုလေးသေးမရှိတဲ့ ကမ္ဘာကြီးထဲမှာ နေထိုင်ရတာပါ။ ဒါကို လူသားတွေရဲ့စိတ်က ဖြစ်တည်မှုအစစ်လို့ လက်မခံနိုင်တဲ့အတွက် Matrix ပထမဆုံးပရိုဂရမ် ကျရှုံးသွားပါတော့တယ်။ ဒီတော့ စက်ရုပ်တွေ
Bear Man (2023)
⭐IMDB: 6.2/10 (13 Votes)
🎬 #Action #Comedy
🗓️ 2023 🎞️ Movie 📺 1080p
🌎 #SouthKorea
⏰ 1 နာရီ 38 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bear Man / Ungnami (2023)
ထီလက်မှတ်တစ်စောင်နဲ့ တိုင်ပတ်ခဲ့တဲ့ ဂင်ချားနားအပြီးမှာတော့အားလုံးစောင့်မျှော်နေကြတဲ့ နောက်ထပ်ဟာသကားသစ်လေးနဲ့ ဂင်ချားနားတစ်ယောက် ရောက်လာပြန်ပါပြီ။
ဒီတစ်ခါတော့ ထီလက်မှတ်နဲ့မဟုတ်ဘဲ ဝက်ဝံလူသားနဲ့တိုင်ပတ်ကြတော့မှာပါ။
ဇာတ်လမ်းအကျဉ်းကတော့ ငယ်ငယ်လေးတုန်းကကြားဖူးနေကျ ကျေးညီနောင်နှစ်ကောင်လိုပါပဲ။ဇီဝပညာရှင်တွေရဲ့ စမ်းသပ်စီမံမှုကြောင့် ဝက်ဝံကနေ လူအဖြစ်အသွင်ပြောင်းလာခဲ့ကြတဲ့ ဝက်ဝံညီနောင် အွန်းနမ်နဲ့အွန်းဘို့တို့ရဲ့ အကြောင်းပါ။
အွန်းနမ်ကိုတော့ သူ့ကိုစီမံခဲ့တဲ့ ဇီဝပညာရှင်လင်မယားကပဲ သားအရင်းတစ်ယောက်လို ကျွေးမွေးစောင့်ရှောက်ထားခဲ့ပေမဲ့အွန်းဘို့ကတော့ လူဆိုးတစ်ယောက်ရဲ့လက်ထဲမှာ အခိုင်းအစေသာသာနဲ့ ဒုစရိုက်မှုတွေလုပ်ရင်း ကြီးပြင်းလာခဲ့ရပါတယ်။
ဒါပေမဲ့ တစ်နေ့မှာတော့ အွန်းနမ်ဟာ အွန်းဘို့အဖြစ်ဟန်ဆောင်ပြီး အမှုကိစ္စတစ်ခုမှာ ပါဝင်ပတ်သက်ဖို့ဖြစ်လာတဲ့အခါဒီညီအစ်ကိုနှစ်ယောက်ရဲ့ကံကြမ္မာက ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာ ကြည့်ရှုကြရမှာပါ။
Casts တွေအနေနဲ့ ဝါရင့်သရုပ်ဆောင် Park Sung Woong အပါအဝင်မျက်နှာမြင်ရုံနဲ့တင် ရယ်ချင်တဲ့ ဂင်ချားနားလည်း ပါဝင်ထားတာမို့ ဟာသကားကြိုက်တဲ့ပရိသတ်ကြီး လက်လွှတ်မခံကြပါနဲ့ဦးနော်။
အညွှန်းကိုတော့Hmwe Thet Winnက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့HmweandJoyzပဲ ဖြစ်ပါတယ်။
The Matrix Reloaded (2003)
⭐IMDB: 7.2/10 (607 k Votes)
🎬 #Action #Sci-Fi #SciFi
🗓️ 2003 🎞️ Movie 📺 4K
🌎 #UnitedStates
⏰ 2 နာရီ 18 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Matrix သမိုင်းအကျဉ်း
၂၁ ရာစု အလယ်ပိုင်းလောက်မှာ လူသားတွေဟာ စိက်အသိဉာဏ် AI ကို တီထွင်ခဲ့ပါတယ်။ လူသားတွေကိုယ်စား အလုပ်တွေအကုန်ခိုင်းလို့ရတဲ့ စက်တွေပေါ်လာပြီး လူတွေအကုန် အလုပ်လုပ်စရာမလိုဘဲ နှပ်နေလို့ရလာတာပေါ့။ ဒါပေမဲ့ အသိဉာဏ်ရှိလာတဲ့ စက်တွေကလည်း လူတွေဟာ သူတို့ကို ခိုင်းစရာ ပစ္စည်းသက်သက်လိုပဲ သဘောထားတာကို မကျေနပ်နိုင်ပဲ ဆန္ဒပြတာမျိုးတွေ ဖြစ်လာပါတယ်။ အကြီးဆုံးပြဿနာကို အစပြုစေခဲ့တာကတော့ B1-66ER ဆိုတဲ့ အိမ်အကူစက်ရုပ်ဟာ သူ့ကိုဖျက်ဆီးပြီးအသစ်အစားထိုးတော့မယ့် အိမ်ရှင်တွေကို သတ်ဖြတ်ခဲ့တဲ့အမှုပါပဲ။ ဒီအမှုကို တရားရုံးမှာ B1-66ER က မိမိကိုယ်ကိုယ်ခုခံကာကွယ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ သူမသေချင်ပါဘူးတဲ့။ လူသားရှေ့နေကလည်း ကူညီခဲ့ပေမဲ့ အမှုရှုံးခဲ့ပြီး စက်ရုပ်ဟာ ဖျက်ဆီးခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ စက်ရုပ်အခွင့်အရေးအတွက် စက်ရုပ်တွေရော စာနာတတ်တဲ့လူသားတွေရောက တစ်နိုင်ငဲံလုံးမှာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြတဲ့လူတွေရော စက်ရုပ်တွေရောကို လူသားအဓိကဝါဒီတွေက ရက်ရက်စက်စက်နှိမ်နင်းခဲ့တဲ့အပြင် စက်ရုပ်တော်လှန်ရေးကြီး ဖြစ်လာမှာကို စိုးရိမ်တဲ့ ကုလ UN က စက်ရုပ်အားလုံးကို ဖျက်ဆီးဖို့ ရုတ်တရက် လုပ်ဆောင်လိုက်ပါတော့တယ်။ ဒီဖြစ်စဉ်ကြီးမှာ အသက်ရှင်ကျန်ခဲ့တဲ့ စက်ရုပ်အနည်းစုဟာ လူတွေနဲ့ အတူယှဉ်တွဲနေထိုင်ဖို့ကိုလက်လျှော့ပြီး မီဆိုပိုတေးမီးယားဆိုတဲ့ လွတ်မြောက်နယ်မြေကို ထွက်သွားခဲ့ကြတယ်။ အဲဒီမှာပဲ 01 ဆိုတဲ့ ပထမဆုံး စက်ရုပ်နိုင်ငံ ပေါ်ပေါက်လာပါတော့တယ်။ 01 ဟာ သူတို့ကိုယ်သူတို့ ပိုအသိဉာဏ်ရှိလာအောင် ဖန်တီးခဲ့သလို လူတွေလိုအပ်တဲ့ စက်တွေ နည်းပညာတွေကိုလည်း ပြန်ရောင်းစားပြီး တဖြည်းဖြည်းနဲ့ စီးပွားရေးမှာ လူတွေထက် အဆမတန် အင်အားကြီးလာခဲ့ပါတယ်။ လူသားငွေကြေးတန်ဖိုးတွေလည်း ကျဆင်းပြီး အင်အားချည့်နဲ့လာတဲ့အတွက် UN က 01 ကို စီးပွားရေးပိတ်ဆို့ခဲ့တယ်။ ဒါကို ညှိနှိုင်းဖို့ ရောက်လာတဲ့ စက်ရုပ်သံတမန်တွေကိုလည်း တိုက်ခိုက်ဖျက်ဆီးခဲ့တယ်။ အဲဒီနောက်မှာ UN က စက်ရုပ်နိုင်ငံကို လက်ဦးမှုယူ တိုက်ခိုက်ခဲ့ပြီး ၂၂ ရာစု အလယ်လောက်မှာ စစ်ပွဲကြီးစတင်ခဲ့ပါတယ်။ ဒါ့အပြင် အနုမြူနဲ့ပါ လက်ဦးအောင် ထုခဲ့ပါတယ်။ ဒါပေမဲ့ စက်ရုပ်တွေက လူတွေထက်ပိုမာတဲ့ အတွက် မျိုးမပြုတ်ခဲ့ပါဘူး။ အဲဒီမှာ မျိုးမပြုတ်ဘဲ ကျန်ခဲ့တဲ့စက်ရုပ်တွေဟာ တစ်ကမ္ဘာလုံးက စက်တွေကို စုစည်းပြီး ပြန်ထိုးစစ်ဆင်ပါတော့တယ်။ အရှေ့အလယ်ပိုင်း ဥရောပ အရှေ့ပိုင်းတွေကိုပါ သိမ်းပိုက်လာနိုင်ခဲ့တယ်။
အရေးနိမ့်လာတဲ့လူသားတွေဟာ အမှောင်မုန်တိုင်းလို့ ခေါ်တဲ့ စစ်ဆင်ရေးတစ်ခုကို လုပ်ခဲ့တယ်။ ဒါကတော့ စက်ရုပ်တွေရဲ့ အဓိကစွမ်းအင်ရင်းမြစ်ဖြစ်တဲ့ နေကို ဖြတ်တောက်ဖို့ပါပဲ။ ကမ္ဘာ့လေထုအကာတစ်ခုလုံးကို နာနိုဗုံးတွေနဲ့ဖောက်ခွဲပြီး တိမ်မည်းကြီးတွေ ဖုံးသွားအောင်လုပ်ပြီး ကမ္ဘာပေါ်မှာ နေရောင်ပျောက်ကွယ်သွားအောင်လုပ်ခဲ့တာပါပဲ။ ဒီစစ်ဆင်ရေးကြောင့် စက်ရုပ်တွေအင်အားချိနဲ့သွားပေမဲ့ မကြာခင်မှာပဲ အနုမြူစွမ်းအင်ကို အစားထိုးပြီး ပြန်အင်အားများလာခဲ့တယ်။ပြီးတော့ လူသားပုံစံစက်ရုပ်တွေကိုမသုံးတော့ဘဲ ပိုပြီးတိုက်ခိုက်နိုင် အားသုံးနိုင်တဲ့ စန်တီနယ်လို စက်ရုပ်တွေကို သုံးလာခဲ့တယ်။
လူသားတွေ အကျအဆုံးများပြီး ငတ်မွတ်လာတဲ့အချိန်မှာတော့ UN ရဲ့ရှေ့ကို စက်ရုပ်သံတမန်နောက်တစ်ခေါက်ရောက်လာပါတော့တယ်။ ဒီတစ်ခါမှာတော့ စက်ရုပ်သံတမန်က ထွေထွေထူးထူးညှိနှိုင်းမနေတော့ပါဘူး။ သူ့ကိုယ်သူဖောက်ခွဲပြီး ကမ္ဘာခေါင်းဆောင်အားလုံးနဲ့ နယူးယောက်မြို့ကြီးကို ဖျက်ဆီးပစ်လိုက်ပါတော့တယ်။ ခေါင်းဆောင်မရှိတော့တဲ့ တပ်တွေကိုလည်း စက်ရုပ်တပ်တွေက အသာအယာအနိုင်ယူပြီး လူသားတွေ ကျဆုံးသွားခဲ့ပါတော့တယ်။ ဒါ့အပြင် စက်ရုပ်တွေဟာ နေ နဲ့ အနုမြူစွမ်းအင်အပြင် နောက်ထပ် စွမ်းအင်ရင်းမြစ်တစ်ခုကို တွေ့ရှိလာခဲ့ပါတယ်။ ဒါကတော့လူသားတွေကို ဖမ်းဆီးထားပြီး သူတို့ ကိုယ်ကနေ လျှပ်စစ်စွမ်းအင်တွေ ထုတ်ယူတာပါ။ အဆုံးမရှိတဲ့ကွင်းပြင်ကြီးတွေထဲမှာ လူသားတွေ သန်းချီပြီး ဖမ်းဆီးထားပြီး စွမ်းအင်ထုတ်ယူပါတော့တယ်။အဲဒိဖမ်းဆီးထားတဲ့လူသားတွေရဲ့ စိတ်ကို အကျဉ်းချဖို့အတွက် Matrix ကို ဖန်တီးလိုက်တာပါပဲ။ Matrix ဆိုတာကတော့ Virtual Reality တစ်ခုပါပဲ။ လူသားတွေရဲ့ စိတ်ကို ကွန်ပြူတာစနစ်ထဲကို ထည့်သွင်းထားပြီး ၁၉ ရာစု ၂၀ ရာစုခေတ်မှာ သူတို့ဘာသာ အသက်ရှင်နေထိုင်နေကြသလို ထင်ယောင်ထင်မှား ဖြစ်စေခဲ့တာပါ။
(ဒါကတော့ ၁ ၂ ၃ ကြည့်ပြီးမှ ဆက်ဖတ်သင့်ပါတယ်)
Matrix ရဲ့ ပထမဆုံးဗားရှင်းမှာတော့ လူသားတွေဟာ လုံးဝပြီးပြည့်စုံပြီး လိုလေးသေးမရှိတဲ့ ကမ္ဘာကြီးထဲမှာ နေထိုင်ရတာပါ။ ဒါကို လူသားတွေရဲ့စိတ်က ဖြစ်တည်မှုအစစ်လို့ လက်မခံနိုင်တဲ့အတွက် Matrix ပထမဆုံးပရိုဂရမ် ကျရှုံးသွားပါတော့တယ်။ ဒီတော့ စက်ရုပ်တွေက လူသားတွေကို
The Matrix (1999)
⭐IMDB: 8.7/10 (2 M Votes)
🎬 #Action #Sci-Fi #SciFi
🗓️ 1999 🎞️ Movie 📺 4K
🌎 #UnitedStates #Australia
⏰ 2 နာရီ 16 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Matrix သမိုင်းအကျဉ်း
၂၁ ရာစု အလယ်ပိုင်းလောက်မှာ လူသားတွေဟာ စိက်အသိဉာဏ် AI ကို တီထွင်ခဲ့ပါတယ်။ လူသားတွေကိုယ်စား အလုပ်တွေအကုန်ခိုင်းလို့ရတဲ့ စက်တွေပေါ်လာပြီး လူတွေအကုန် အလုပ်လုပ်စရာမလိုဘဲ နှပ်နေလို့ရလာတာပေါ့။ ဒါပေမဲ့ အသိဉာဏ်ရှိလာတဲ့ စက်တွေကလည်း လူတွေဟာ သူတို့ကို ခိုင်းစရာ ပစ္စည်းသက်သက်လိုပဲ သဘောထားတာကို မကျေနပ်နိုင်ပဲ ဆန္ဒပြတာမျိုးတွေ ဖြစ်လာပါတယ်။ အကြီးဆုံးပြဿနာကို အစပြုစေခဲ့တာကတော့ B1-66ER ဆိုတဲ့ အိမ်အကူစက်ရုပ်ဟာ သူ့ကိုဖျက်ဆီးပြီးအသစ်အစားထိုးတော့မယ့် အိမ်ရှင်တွေကို သတ်ဖြတ်ခဲ့တဲ့အမှုပါပဲ။ ဒီအမှုကို တရားရုံးမှာ B1-66ER က မိမိကိုယ်ကိုယ်ခုခံကာကွယ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ သူမသေချင်ပါဘူးတဲ့။ လူသားရှေ့နေကလည်း ကူညီခဲ့ပေမဲ့ အမှုရှုံးခဲ့ပြီး စက်ရုပ်ဟာ ဖျက်ဆီးခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ စက်ရုပ်အခွင့်အရေးအတွက် စက်ရုပ်တွေရော စာနာတတ်တဲ့လူသားတွေရောက တစ်နိုင်ငဲံလုံးမှာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြတဲ့လူတွေရော စက်ရုပ်တွေရောကို လူသားအဓိကဝါဒီတွေက ရက်ရက်စက်စက်နှိမ်နင်းခဲ့တဲ့အပြင် စက်ရုပ်တော်လှန်ရေးကြီး ဖြစ်လာမှာကို စိုးရိမ်တဲ့ ကုလ UN က စက်ရုပ်အားလုံးကို ဖျက်ဆီးဖို့ ရုတ်တရက် လုပ်ဆောင်လိုက်ပါတော့တယ်။ ဒီဖြစ်စဉ်ကြီးမှာ အသက်ရှင်ကျန်ခဲ့တဲ့ စက်ရုပ်အနည်းစုဟာ လူတွေနဲ့ အတူယှဉ်တွဲနေထိုင်ဖို့ကိုလက်လျှော့ပြီး မီဆိုပိုတေးမီးယားဆိုတဲ့ လွတ်မြောက်နယ်မြေကို ထွက်သွားခဲ့ကြတယ်။ အဲဒီမှာပဲ 01 ဆိုတဲ့ ပထမဆုံး စက်ရုပ်နိုင်ငံ ပေါ်ပေါက်လာပါတော့တယ်။ 01 ဟာ သူတို့ကိုယ်သူတို့ ပိုအသိဉာဏ်ရှိလာအောင် ဖန်တီးခဲ့သလို လူတွေလိုအပ်တဲ့ စက်တွေ နည်းပညာတွေကိုလည်း ပြန်ရောင်းစားပြီး တဖြည်းဖြည်းနဲ့ စီးပွားရေးမှာ လူတွေထက် အဆမတန် အင်အားကြီးလာခဲ့ပါတယ်။ လူသားငွေကြေးတန်ဖိုးတွေလည်း ကျဆင်းပြီး အင်အားချည့်နဲ့လာတဲ့အတွက် UN က 01 ကို စီးပွားရေးပိတ်ဆို့ခဲ့တယ်။ ဒါကို ညှိနှိုင်းဖို့ ရောက်လာတဲ့ စက်ရုပ်သံတမန်တွေကိုလည်း တိုက်ခိုက်ဖျက်ဆီးခဲ့တယ်။ အဲဒီနောက်မှာ UN က စက်ရုပ်နိုင်ငံကို လက်ဦးမှုယူ တိုက်ခိုက်ခဲ့ပြီး ၂၂ ရာစု အလယ်လောက်မှာ စစ်ပွဲကြီးစတင်ခဲ့ပါတယ်။ ဒါ့အပြင် အနုမြူနဲ့ပါ လက်ဦးအောင် ထုခဲ့ပါတယ်။ ဒါပေမဲ့ စက်ရုပ်တွေက လူတွေထက်ပိုမာတဲ့ အတွက် မျိုးမပြုတ်ခဲ့ပါဘူး။ အဲဒီမှာ မျိုးမပြုတ်ဘဲ ကျန်ခဲ့တဲ့စက်ရုပ်တွေဟာ တစ်ကမ္ဘာလုံးက စက်တွေကို စုစည်းပြီး ပြန်ထိုးစစ်ဆင်ပါတော့တယ်။ အရှေ့အလယ်ပိုင်း ဥရောပ အရှေ့ပိုင်းတွေကိုပါ သိမ်းပိုက်လာနိုင်ခဲ့တယ်။
အရေးနိမ့်လာတဲ့လူသားတွေဟာ အမှောင်မုန်တိုင်းလို့ ခေါ်တဲ့ စစ်ဆင်ရေးတစ်ခုကို လုပ်ခဲ့တယ်။ ဒါကတော့ စက်ရုပ်တွေရဲ့ အဓိကစွမ်းအင်ရင်းမြစ်ဖြစ်တဲ့ နေကို ဖြတ်တောက်ဖို့ပါပဲ။ ကမ္ဘာ့လေထုအကာတစ်ခုလုံးကို နာနိုဗုံးတွေနဲ့ဖောက်ခွဲပြီး တိမ်မည်းကြီးတွေ ဖုံးသွားအောင်လုပ်ပြီး ကမ္ဘာပေါ်မှာ နေရောင်ပျောက်ကွယ်သွားအောင်လုပ်ခဲ့တာပါပဲ။ ဒီစစ်ဆင်ရေးကြောင့် စက်ရုပ်တွေအင်အားချိနဲ့သွားပေမဲ့ မကြာခင်မှာပဲ အနုမြူစွမ်းအင်ကို အစားထိုးပြီး ပြန်အင်အားများလာခဲ့တယ်။ပြီးတော့ လူသားပုံစံစက်ရုပ်တွေကိုမသုံးတော့ဘဲ ပိုပြီးတိုက်ခိုက်နိုင် အားသုံးနိုင်တဲ့ စန်တီနယ်လို စက်ရုပ်တွေကို သုံးလာခဲ့တယ်။
လူသားတွေ အကျအဆုံးများပြီး ငတ်မွတ်လာတဲ့အချိန်မှာတော့ UN ရဲ့ရှေ့ကို စက်ရုပ်သံတမန်နောက်တစ်ခေါက်ရောက်လာပါတော့တယ်။ ဒီတစ်ခါမှာတော့ စက်ရုပ်သံတမန်က ထွေထွေထူးထူးညှိနှိုင်းမနေတော့ပါဘူး။ သူ့ကိုယ်သူဖောက်ခွဲပြီး ကမ္ဘာခေါင်းဆောင်အားလုံးနဲ့ နယူးယောက်မြို့ကြီးကို ဖျက်ဆီးပစ်လိုက်ပါတော့တယ်။ ခေါင်းဆောင်မရှိတော့တဲ့ တပ်တွေကိုလည်း စက်ရုပ်တပ်တွေက အသာအယာအနိုင်ယူပြီး လူသားတွေ ကျဆုံးသွားခဲ့ပါတော့တယ်။ ဒါ့အပြင် စက်ရုပ်တွေဟာ နေ နဲ့ အနုမြူစွမ်းအင်အပြင် နောက်ထပ် စွမ်းအင်ရင်းမြစ်တစ်ခုကို တွေ့ရှိလာခဲ့ပါတယ်။ ဒါကတော့လူသားတွေကို ဖမ်းဆီးထားပြီး သူတို့ ကိုယ်ကနေ လျှပ်စစ်စွမ်းအင်တွေ ထုတ်ယူတာပါ။ အဆုံးမရှိတဲ့ကွင်းပြင်ကြီးတွေထဲမှာ လူသားတွေ သန်းချီပြီး ဖမ်းဆီးထားပြီး စွမ်းအင်ထုတ်ယူပါတော့တယ်။အဲဒိဖမ်းဆီးထားတဲ့လူသားတွေရဲ့ စိတ်ကို အကျဉ်းချဖို့အတွက် Matrix ကို ဖန်တီးလိုက်တာပါပဲ။ Matrix ဆိုတာကတော့ Virtual Reality တစ်ခုပါပဲ။ လူသားတွေရဲ့ စိတ်ကို ကွန်ပြူတာစနစ်ထဲကို ထည့်သွင်းထားပြီး ၁၉ ရာစု ၂၀ ရာစုခေတ်မှာ သူတို့ဘာသာ အသက်ရှင်နေထိုင်နေကြသလို ထင်ယောင်ထင်မှား ဖြစ်စေခဲ့တာပါ။
(ဒါကတော့ ၁ ၂ ၃ ကြည့်ပြီးမှ ဆက်ဖတ်သင့်ပါတယ်)
Matrix ရဲ့ ပထမဆုံးဗားရှင်းမှာတော့ လူသားတွေဟာ လုံးဝပြီးပြည့်စုံပြီး လိုလေးသေးမရှိတဲ့ ကမ္ဘာကြီးထဲမှာ နေထိုင်ရတာပါ။ ဒါကို လူသားတွေရဲ့စိတ်က ဖြစ်တည်မှုအစစ်လို့ လက်မခံနိုင်တဲ့အတွက် Matrix ပထမဆုံးပရိုဂရမ် ကျရှုံးသွားပါတော့တယ်။ ဒီတော့ စက်ရုပ်တွေက လူသ
Titanic (1997)
⭐IMDB: 7.9/10 (1 M Votes)
🎬 #Drama #Romance
🗓️ 1997 🎞️ Movie 📺 4K
🌎 #UnitedStates #Mexico
⏰ 3 နာရီ 14 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ရူးသွပ်ခဲ့ဖူးတဲ့မင်းသားနဲ့မင်းသမီးတို့ရဲ့ အမိုက်စား ဇာတ်ကား…ရင်နင့်ဖွယ်..အံ့အားသင့်ဖွယ်Your browser does not support the video tag.ရသအဖုံဖုံကိုခံစားခဲ့ဖူးတာပဲမလား..အခုအချိန်မှာတော့ 1080P 5.1 CH နဲ့ တိုက်တန်းနစ်ဇာတ်ကားလေးကို ကြည်ကြည်လင်လင် အသံကွာလတီ ရှယ်ကောင်းကောင်းနဲ့ ပြန်လည်ခံစားဖို့အချိန်တန်ပါပြီဒီဇာတ်ကားက မသိတဲ့လူမရှိသလောက်မို့ Movie Review ကိုမရေးတော့ဘဲထူးခြားချက်လေးတွေကိုသာဗဟုသုတအလို့ငှာ တင်ဆက်လိုက်ပါတယ်။ Titanic ဇာတ်ကားမှ ထူးခြားအချက်အလက်များ-ဇာတ်ကားထုတ်လုပ်သူ 20th Century Fox နဲ့ Paramount Pictures တို့ကမင်းသားနေရာမှာMatthew McConaughey ကို သရုပ်ဆောင်စေချင်ပေမယ့်ဒါရိုက်တာ James Cameron ကLeonardo DiCaprio ကိုပဲ ဇွတ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။-ဇာတ်ကားထဲမှာ အဖြစ်အပျက်အစအဆုံးကို ပြန်ပြောပြသူအဖြစ် သရုပ်ဆောင်ခဲ့တဲ့ အဘွားအိုGloria Stuart ဟာသင်္ဘောမြုပ်တာကို ကိုယ်တွေ့ကြုံခဲ့သူပါ။-Titanic သင်္ဘောကို တည်ဆောက်ခဲ့စဉ်က$7.5 million ကုန်ကျခဲ့ပါတယ်။၁၉၉၇ ခုနှစ်က ငွေကြေးနဲ့တွက်ရင် $150 million လောက်ကုန်ခဲ့တာပါ။ဇာတ်ကားရိုက်ဖို့အတွက် ပြန်ဆောက်တဲ့သင်္ဘောဟာ $200 million ကုန်ပါတယ်။-သင်္ဘောမြုပ်တဲ့အခန်းမှာ Kate Winslet ဝတ်ခဲ့တဲ့ကုတ်ဟာ ဆိုဒ်နံပါတ် ၈ ပါ။ကျန်တဲ့အခန်းတွေမှာ သူဟာ ဆိုဒ်နံပါတ် ၄ ကိုပဲဝတ်ခဲ့တာပါ။ဒီလိုလုပ်တာဟာ သင်္ဘောမြုပ်ချိန်မှာ သူ့ကို ပိုမြင့်မြတ်တဲ့သူတစ်ယောက်အဖြစ်မြင်စေချင်လို့ပါ။(ကျွန်တော်ထင်ပါတယ်။ ဒါလည်း James Cameron ရဲ့ idea ပဲနေမှာပါ)-Leonardo ရဲ့ရှေ့မှာ ကိုယ်တီးလုံးနဲ့နေပြရမယ့် အခန်းပါတယ်ဆိုတော့မင်းသမီး Kate Winslet ဟာသူတို့နှစ်ယောက်စစတွေ့ချင်းမှာပဲ ရင်းနှီးနေအောင်လုပ်ထားလိုက်ပါတယ်။-ပန်းချီဆွဲတဲ့အခန်းမှာ Leonardo ပြောရမယ့် Dialogue ဟာ “Lie on that couch” ဖြစ်ပါတယ်။ဒါပေမယ့် ယောင်ယောင်ယမ်းယမ်းနဲ့ ပြောထွက်သွားတာက “Lie on that bed, uh…I mean couch”လို့ဖြစ်ပါတယ်။James Cameron က သဘောကျသွားတဲ့အတွက် အဲဒီအမှားအတိုင်းပဲထားလိုက်ပါတယ် ပြန်မရိုက်တော့ပါဘူး။-အင်ဂျင်ခန်းထဲမှာ သရုပ်ဆောင်တဲ့ စတန့်မင်းသားဟာ အရပ် ၅ပေ ပဲရှိပါတယ်။အင်ဂျင်ကိုပိုကြီးသယောင်မြင်စေချင်လို့ သူ့ကိုရွေးထားတာပါ။-သင်္ဘောထဲကို ရေထဲဒလဟော ဝင်လာပြီး ပရိဘောဂတွေ ပျက်စီးကုန်တဲ့အခန်းကိုတစ်ကြိမ်ပဲရိုက်ကူးခွင့် ရှိခဲ့တာပါ။ ဘာဖြစ်လို့လဲဆိုတော့ဇာတ်ကားပိုပြီးအသက်ဝင်အောင်ပရိဘောဂတွေကိုတကယ်ဖျက်ဆီးပစ်မှာမို့ပါ။-ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်းဟာ ဇာတ်ကားရိုက်ကူးရာမှာအင်မတန်ကြိုးစားခဲ့တဲ့သူတစ်ယောက် ဖြစ်ပါတယ်။သင်္ဘောမြုပ်တဲ့အခန်းတစ်ခန်းတည်းကို ရိုက်ဖို့အတွက်သူအားထုတ်ခဲ့တဲ့အချိန်စုစုပေါင်းဟာဇာတ်ကားထဲမှာ ခရီးသည်နေရာကနေပါဝင်သရုပ်ဆောင်တဲ့သူအားလုံးရဲ့ဇာတ်ကားအတွက်အားထုတ်ချိန်စုစုပေါင်းထက် သာနေပါတယ်။ဒါတွေကိုဖတ်ပြီးသွားရင် ဒီရုပ်ရှင် အောင်မြင်ရတဲ့အကြောင်းရင်းကိုအနည်းငယ်လောက်တော့ နားလည်သွားကြမှာပါ။(Movie Locos မှ စုဆောင်းတင်ပြသည်။)File Size – 6.4 GB and 4.3 GBQuality – Bluray 4K 5.1CH ( HEVC ) And Blu-Ray 1080p 5.1 CH ( HEVC )Format – mkv ( 1080p ) & mp4 ( 720p )Duration – 03:14:00Translator – LKEncoder – LK and Nyeinsaeya AungYoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများဒီလင့်မှာ loginအရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။Download Nulled Scripts and PluginsDownload Nulled Scripts and Plugins
Bear Man (2023)
⭐IMDB: 6.2/10 (13 Votes)
🎬 #Action #Comedy
🗓️ 2023 🎞️ Movie 📺 720p
🌎 #SouthKorea
⏰ 1 နာရီ 38 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bear Man / Ungnami (2023)
ထီလက်မှတ်တစ်စောင်နဲ့ တိုင်ပတ်ခဲ့တဲ့ ဂင်ချားနားအပြီးမှာတော့အားလုံးစောင့်မျှော်နေကြတဲ့ နောက်ထပ်ဟာသကားသစ်လေးနဲ့ ဂင်ချားနားတစ်ယောက် ရောက်လာပြန်ပါပြီ။
ဒီတစ်ခါတော့ ထီလက်မှတ်နဲ့မဟုတ်ဘဲ ဝက်ဝံလူသားနဲ့တိုင်ပတ်ကြတော့မှာပါ။
ဇာတ်လမ်းအကျဉ်းကတော့ ငယ်ငယ်လေးတုန်းကကြားဖူးနေကျ ကျေးညီနောင်နှစ်ကောင်လိုပါပဲ။ဇီဝပညာရှင်တွေရဲ့ စမ်းသပ်စီမံမှုကြောင့် ဝက်ဝံကနေ လူအဖြစ်အသွင်ပြောင်းလာခဲ့ကြတဲ့ ဝက်ဝံညီနောင် အွန်းနမ်နဲ့အွန်းဘို့တို့ရဲ့ အကြောင်းပါ။
အွန်းနမ်ကိုတော့ သူ့ကိုစီမံခဲ့တဲ့ ဇီဝပညာရှင်လင်မယားကပဲ သားအရင်းတစ်ယောက်လို ကျွေးမွေးစောင့်ရှောက်ထားခဲ့ပေမဲ့အွန်းဘို့ကတော့ လူဆိုးတစ်ယောက်ရဲ့လက်ထဲမှာ အခိုင်းအစေသာသာနဲ့ ဒုစရိုက်မှုတွေလုပ်ရင်း ကြီးပြင်းလာခဲ့ရပါတယ်။
ဒါပေမဲ့ တစ်နေ့မှာတော့ အွန်းနမ်ဟာ အွန်းဘို့အဖြစ်ဟန်ဆောင်ပြီး အမှုကိစ္စတစ်ခုမှာ ပါဝင်ပတ်သက်ဖို့ဖြစ်လာတဲ့အခါဒီညီအစ်ကိုနှစ်ယောက်ရဲ့ကံကြမ္မာက ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာ ကြည့်ရှုကြရမှာပါ။
Casts တွေအနေနဲ့ ဝါရင့်သရုပ်ဆောင် Park Sung Woong အပါအဝင်မျက်နှာမြင်ရုံနဲ့တင် ရယ်ချင်တဲ့ ဂင်ချားနားလည်း ပါဝင်ထားတာမို့ ဟာသကားကြိုက်တဲ့ပရိသတ်ကြီး လက်လွှတ်မခံကြပါနဲ့ဦးနော်။
အညွှန်းကိုတော့Hmwe Thet Winnက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့HmweandJoyzပဲ ဖြစ်ပါတယ်။
The Scam (2009)
⭐IMDB: 6.2/10 (307 Votes)
🎬 #Action #Crime #Drama #Adventure #Thriller
🗓️ 2009 🎞️ Movie 📺 720p
🌎 #SouthKorea
⏰ 1 နာရီ 59 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Scam(2009)
**************
ဒီကားဟာ ကိုးရီးယားနိုင်ငံရဲ့စတော့ရှယ်ယာစီးပွါးရေးအရှုပ်အထွေးတွေနဲ့ စတော့ရှယ်ယာတွေကို
အကြံအဖန်ဂွင်နဲ့ ကြားကနေသိမ်းပိုက်ယူဖို့ကြိုးစားနေကြတဲ့ သူဌေးတွေ နဲ့ အချောင်သိုက်တူးသမားတွေကြားမှာဖြစ်ကြတဲ့
ပဋိပက္ခဇာတ်လမ်းတွေကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်….
ဂန်ဟျောင်းဆိုးဆိုတဲ့လူတစ်ယောက်ဟာ ကောလိပ်ကသရုပ်ဆောင်ဘွဲ့ရတစ်ယောက်ဖြစ်ပေမယ့်လည်း
သာမန်ဘဝ သာမန်အလုပ်လေးနဲ့ပဲ ဘဝကို ပင်ပင်ပန်းပန်းဖြစ်သန်းနေရတဲ့သူတစ်ယောက်ဖြစ်ပြီး ချမ်းချမ်းသာသာနေချင်တဲ့ဆန္ဒရှိတဲ့သူတစ်ဦးပါ ..
တစ်နေ့မှာတော့ စီနီယာအကိုတစ်ယောက်ရဲ့စကားဆွယ်မှုကြောင့် စတော့လောကထဲကို အမှတ်မထင်ရောက်ရှိသွားပါတော့တယ်..
ဒီလိုနဲ့ပဲ စတော့လောကထဲမှာ နိုင်တစ်လှည့် ရှုံးတစ်လှည့်ကျင်လည်ပြီး နောင်ငါးနှစ်အကြာမှာတော့
လူမိုက်ဂန်းစကားအဖွဲ့ခေါင်းဆောင် DSG ရင်းနှီးမြှုပ်နှံမှုနှင့်ပိုင်ဆိုင်မှုလုပ်ငန်းရဲ့ ဥက္ကဌဟွမ်ဂျောင်ဂူ
ဂွင်ချထားတဲ့ စတော့အစီအစဉ်ကို မထင်မှတ်ဘဲ ဝင်ရောက်သွားနှောင့်ယှက်မိပါတော့တယ်…
အဲဒါကို ဟွမ်ဥက္ကဌသိရှိသွားချိန်မှာတော့….