ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Pornmaking for Dummies (2007)
⭐TMDB: 68.0% User Score
🎬 #Adult #Drama #Comedy
🗓 2007 🎞 movie
🌎 #
⏰ 1 နာရီ 13 မိနစ် 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
************************ဂန်ဂျင်ဂယူဆိုတဲ့ သူဟာ အပြာကားကုမ္ပဏီတစ်ခုရဲ့ လက်ထောက်ဒါရိုက်တာဖြစ်တယ် ..
ဒါပေမဲ့သူက အပြာကားကို ရိုးရိုးတန်းတန်း မင်းသားနဲ့ မင်းသမီး ဆုံကြ ဆန်မှုန့်ထောင်းကြတာမျိုးချည်း
မရိုက်ချင်ဘဲ မင်းသားနဲ့ မင်းသမီးရဲ့ အချစ်စိတ်တွေ ခံစားချက်တွေကိုပါ
ပေါ်လွင်အောင် ရိုက်ပြချင်နေတယ် အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သူ့အထက်လူကြီးဖြစ်တဲ့
ဒါရိုက်တာနဲ့လည်း အမြဲပြဿနာ တက်နေရသူဖြစ်တယ် ခေါက်ရိုးကျိုးနေပြီဖြစ်တဲ့
အပြာကားရုပ်ရှင်လောကရဲ့ ရိုက်ချက်တွေကို ဂျင်ဂယူတစ်ယောက်ပြင်နိုင်မလား သူရိုက်ချင်တဲ့ ဇာတ်လမ်းမျိုးတွေကို ရိုက်လာနိုင်မလားဆိုတာကိုတော့
ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော် အပြာကားရုပ်ရှင်
ရိုက်ကူးတဲ့ ဇာတ်ကွက်တွေ အများကြီးပါတာမို့ မင်းသားနဲ့ မင်းသမီးတို့
ဆန်မှုန့်ခဏခဏထောင်းတာကို မြင်တွေ့ကြရမှာမို့ မိသားစုနဲ့အတူ ကြည့်ရှုရန်မသင့်တော်ပါနော်...
License (2023)
⭐TMDB: 70.0% User Score
🎬 #Bollywood #Drama
🗓 2023 🎞 movie
🌎 #India
⏰ 1 နာရီ 56 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
License (2023) တရားမျှတမှုလိုင်စင်IMDb 9.3/10
“မိန်းကလေးတစ်ယောက်အနေနဲ့ မွေးဖွားလာရတာ ကျိန်စာလိုပါပဲလား”“ဒီလိုမိန်းကလေးတွေရဲ့ဘဝမျိုး ဘယ်သူမှ မကြုံရပါစေနဲ့”(အင်ဒရာ)ဒီစကားတွေကတော့ အမျိုးသမီးတွေဆိုရင် နင်းပြားသာသာဖိနှိပ်ချင်လွန်းတဲ့ ယောက်ျားသားတွေကြားမှာ ရှင်သန်ရတဲ့ လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုရဲ့သားကောင်ဖြစ်တဲ့မိန်းကလေးတစ်ယောက်ရဲ့ နောက်ဆုံးဖွင့်ဟဝန်ခံချက်တစ်ခုပေါ့။ ဒီဇာတ်ကားလေးကတော့ မိန်းကလေးတွေဟာ အားနည်းတယ် ပျော့ညံ့တယ် ယောက်ျားတွေလက်အောက်မှာပဲနေရမယ် စသည် စသည်ဖြင့် အမျိုးသမီးတွေကို တစ်ဆင့်နှိမ့်ထားတဲ့အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေးအတွက်တိုက်ခိုက်မယ့် ဆရာမလေးဘာရသီအကြောင်း ရိုက်ကူးထားတဲ့ဇာတ်လမ်းတစ်ခုပါ။
ဘာရသီလို့ခေါ်တဲ့ မိန်းကလေးဟာ ငယ်စဉ်ကတည်းက မဟုတ်မခံစိတ်ဓာတ်ရှိတဲ့သူတစ်ယောက်ပါ။ မဟုတ်တာလုပ်ရင် အပြစ်ပေးခံရမယ် ကောင်းတာလုပ်ရင် ချီးကျူးပေးရမယ်ဆိုတဲ့စိတ်မျိုးရှိတဲ့သူပါ။ ရဲအရာရှိဖြစ်တဲ့အဖေကိုကြည့်ပြီး ကြီးလာတဲ့အခါ ပြစ်မှုကျူးလွန်သူတွေကို အပြစ်ပေးမယ့်ရဲအရာရှိဖြစ်ရမယ်ဆိုပြီး စိတ်အားထက်သန်ခဲ့ပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာတော့ အမှားတွေမကျူးလွန်အောင် သွန်သင်ဆုံးမပေးလို့ရမယ့် ဆရာမတစ်ယောက်ပဲဖြစ်လာခဲ့ပါတော့တယ်။ ဒါပေမဲ့ သူ့ရဲ့မဟုတ်မခံစိတ်ဓာတ်ကတော့ မပျောက်ကွယ်သွားခဲ့ပါဘူး။ အမှုကိစ္စတွေရှိလာတဲ့အခါ တရားမျှတမှုရအောင် အမျိုးမျိုးကြိုးစားအားထုတ်ပေးခဲ့ပါတယ်။ အိမ်ရှင်မတစ်ယောက်လည်းဖြစ် ဆရာမတစ်ယောက်လည်းဖြစ်ပေမယ့် မတရားမှုတွေကို လက်ပိုက်ကြည့်မနေခဲ့ပါဘူး။ ဒါပေမဲ့လည်း ဘာရသီတစ်ယောက် အမျိုးသမီးတွေအတွက် တိုက်ခိုက်ပေးနေတာက patriarchist တွေအတွက်တော့ မျက်စိဆံပင်မွေးဆူးစရာဖြစ်နေတာပေါ့။
တစ်နေ့မှာ sexual assault ရဲ့သားကောင်ဘဝရောက်သွားတဲ့ ဘာရသီရဲ့bffဖြစ်တဲ့ အင်ဒရာတစ်ယောက် ဘဝလမ်းဆုံးကို ရွေးချယ်သွားချိန်မှာတော့ ကိုယ်တိုင်လည်း သမီးတစ်ယောက်မွေးထားတဲ့မိခင်၊ အမျိုးသမီးတစ်ယောက်ဖြစ်နေတဲ့ ဘာရသီဟာ မတရားမှုကို ကြည့်မနေနိုင်တော့ဘဲ အမျိုးသမီးတွေ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်အောင် ၁၈ နှစ်အထက်အမျိုးသမီးများ တရားဝင်သေနတ်ကိုင်ဆောင်ခွင့်ရဖို့ သူကိုယ်တိုင်ဦးဆောင်ကြိုးပမ်းပါတော့တယ်။
တရားဝင်သတ်မှတ်ထားတဲ့အသက်က ၂၁ နှစ်ပေမဲ့ ဆယ်ကျော်သက်အမျိုးသမီးတွေ လိင်အကြမ်းဖက်မှုသားကောင်ဖြစ်ရတာ အဆမတန်များလာလို့ မိန်းကလေးတွေကို ၁၈ နှစ်မှာ တရားဝင်သေနတ်ကိုင်ဆောင်ခွင့်တောင်းဆိုပေမဲ့ အမျိုးသမီးတွေဆိုတာနဲ့ကို ဆင်ခြေမျိုးစုံ ပေးချင်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ လိုအပ်လို့လားဆိုပြီး မေးခွန်းထုတ်ချင်တဲ့ အမျိုးသားထုကြီးကို ဆန့်ကျင်လို့ ဘာရသီရဲ့တရားမျှတမှုရအောင် ကြိုးပမ်းပုံတွေနဲ့ သူမရဲ့ဒီစိတ်ဓာတ်ကြောင့် ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်တွေကတော့ V~BpL Yunni ~ ToMo Alexနဲ့ Cherryတို့ပဲဖြစ်ပါတယ်။)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Sinners and Saints (2010)
⭐IMDB: 6.1/10 (6 k Votes)
🎬 #Action #Crime #Thriller
🗓 2010 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 44 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လောကကြီးမှာ လူတန်းစားနှစ်မျိုးနှစ်စားရှိပါတယ်။အဲ့ဒီနှစ်မျိုးကတော့
အပြစ်သားတွေနဲ့ သူတော်စင်တွေပဲဖြစ်ပါတယ်။သင်ကရောဘယ်လို
လူတန်းစားထဲမှာပါပါသလဲ။ အခုတင်ဆက်ပေးမဲ့ Sinners And Saints ဆိုတဲ့
ဇာတ်ကားထဲမှာလည်း အဲ့ဒီလူတန်းစားနှစ်မျိုးကို အဓိကတွေ့ရမှာဖြစ်ပြီး
အဲ့ဒါကိုပုံဖော်ဖို့အတွက် အကောင်းဆုံးဇာတ်ကောင်တွေဖြစ်တဲ့ ရဲနဲ့လူဆိုးတို့နဲ့
ပုံဖော်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ရဲနဲ့ လူဆိုးဆိုပေမဲ့ ပျင်းစရာကောင်း
လောက်အောင်လိုက်စုံစမ်းနေတာတွေ လိုက်ဖမ်းနေတာတွေပဲ တွေ့ရမှာမဟုတ်ဘဲ
ဟိုဘက် ဒီဘက်သေနတ်တွေနဲ့အပြန်အလှန်ရှယ်ပစ်တဲ့ အက်ရှင်အကြမ်းကြီးတွေကို
အဓိကထားရိုက်ကူးထားတာပါ။
IMDb မှာ Rating 6.1 အထိရရှိထားပြီး အက်ရှင်ဇာတ်ကြမ်းကြိုက်တဲ့ သူတွေ
အတွက်တော့ အံကိုက်ပါပဲ။ရှောင်ရိုင်လေဆိုတဲ့ ရဲစုံထောက်ကစစ်ဆင်ရေးတစ်ခုမှာ
တွဲဖက်ကိုဆုံးရှုံးခဲ့ရပြီးနောက်ပိုင်း တစ်ကိုယ်တည်းလှုပ်ရှားနေသူတစ်ယောက်
ဖြစ်ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့မြို့မှာအလောင်းတွေကို ရက်ရက်စက်စက်
မီးရှို့ထားတဲ့ အမှုနဲ့ကြုံတွေ့လာရပါတော့တယ်။အဲ့ဒီမှာ တခြားရဲဌာနကစုံထောက်
ဝေလ်ဂန့်ဇ်ဆိုသူနဲ့ တွေ့ခဲ့ကြပြီး ဒီအမှုကိုအတူတူလိုက်ဖို့ဖြစ်လာပါတော့တယ်။
အမှုကိုလိုက်နေတဲ့ကြားက မီးရှို့ခံထားရတဲ့အလောင်းတွေကို ထပ်တွေ့လာရတဲ့အခါမှာ
ဒီအမှုက သွေးရိုးသားရိုးမဟုတ်ဘဲ ဒုစရိုက်အဖွဲ့အစည်းတစ်ခုခုနဲ့သက်ဆိုင်နေမယ်
ဆိုတာကို သိခဲ့ရပါတော့တယ်။ပိုထူးဆန်းတာက အဲ့ဒီအမှုကရှောင်ရဲ့ အချစ်ဆုံး
သူငယ်ချင်းနဲ့ ပတ်သတ်နေတဲ့အခါမှာတော့ ဘယ်လိုအရှုပ်အထွေးတွေကိုကြုံတွေ့လာရပြီး
လျှို့ဝှက်နက်နဲပြီး သေသပ်တဲ့ဒီအမှုကို စုံထောက်ရှောင်နဲ့ ဝေလ်တို့ ဘယ်လိုအတူဖြေရှင်း
ကြမယ်ဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်...
Dr. Death (2021-2023)
⭐IMDB: 7.6/10 (15 k Votes)
🎬 #Drama #Crime #Thriller
🗓 2021-2023 🎞 tv series
🌎 #UnitedStates #UnitedStatesofAmerica
⏰ 47 မိနစ် 43 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Dr. Death (2021)
Your browser does not support the video tag. လူရယ်လို့ဖြစ်လာပြီဆိုရင် သမုဒ္ဒရာဝမ်းတထွာအတွက် လူတိုင်းရှာဖွေစားသောက်ကြရတာ သဘာဝပါ…..အဲဒီလို သက်မွေးဝမ်းကြောင်းတွေထဲ ဆရာဝန်ဆိုတဲ့ သက်မွေးဝမ်းကြောင်းတစ်ခုလည်းပါဝင်ပါတယ်……လူတွေရဲ့ အသက်ဆက်ရေး ကျန်းကျန်းမာမာနေရရေးအတွက် သေမင်းနဲ့ စီးချင်းထိုး ကုသပေးရတဲ့သူတွေလို့ ဆိုကြတာပေါ့…….အဲဒီလို လူ့အသက်တွေကို ကိုင်တွယ်နေရတဲ့ ဆရာဝန်တစ်ယောက်က အတ္တကြီး ကြွားလုံးထုတ်ပြီး ကိုယ့်ဂုဏ်ကိုယ်ဖော်နေတာကလွဲ ဘာမှဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ဘူးဆို ဘာဖြစ်သွားမလဲ…..တွေးကြည့်ဝံ့စရာပင်မရှိတော့…..ခွဲစိတ်ဆရာဝန်ဖြစ်နေပြီဆိုရင်တော့ ပိုလို့ပင်ပြောစရာမရှိတော့ပါ…….ဟုတ်ပါတယ် ကိုယ့်ခန္ဓာတခုလုံး ဝကွက်အပ်လိုက်ရမဲ့လူက အဲဒီလိုလူမျိုးဆိုတာသိနေလို့ကတော့ မခွဲခင်က သေနှင့်ပြီဆိုတာတွေ ပုံအောလာမှာပါပဲ……..ဒီဇာတ်ကားလေးမှာတော့ အဲဒီလိုဖြစ်နေတဲ့ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ဆရာဝန် တစ်ယောက်အကြောင်း တင်ဆက်ပေးထားတာပါ….သူခွဲလိုက်ရင် သေရင်သေ မသေရင် ဒုက္ခိတတော့အနည်းလေးဖြစ်တတ်တာဆိုတော့ တကယ်တတ်ကျွမ်းပြီး လူနာတွေပေါ် စေတနာထားတဲ့ ဆရာဝန်ကြီးနှစ်ယောက်က သူ့ကို တားနိုင်ဖို့ အားကုန်ထုတ်ကြိုးစားပါတော့တယ်……ကျွန်တော်တို့ဆီမှာဆိုရင်တော့ ဆမသိမ်း ရွာပြန်အိပ်ရအောင်လုပ်သလိုမျိုးပေါ့……….ဒါပေမဲ့ သူတင်ကြောက်ဖို့ကောင်းတာလားဆိုတော့မဟုတ် အတ္တကြီးမားလှတဲ့လူတွေရဲ့ ကိုယ်ကျိုးတစ်ခုတည်းကြည့်တတ်တဲ့ အကျင့်ကြောင့် ဆရာဝန်ကြီးနှစ်ယောက်ကြိုးစားသမျှက အရာမဝင်ဖြစ်နေတော့တာပေါ့…….အဲဒီတော့ ဘယ်လိုမှလက်ခံလို့မရတဲ့ ကိစ္စကို ဆရာဝန်ကြီးနှစ်ယောက်က ဘယ်လိုတားဆီးကြမလဲ……သူတို့ကို ကူညီပေးမဲ့သူရော ရှိနေပါ့မလား……အရာရာ အပေါ်ယံသာကြည့်တတ်တဲ့ လူ့လောကကြီးထဲ အပေါ်ယံနဲ့ဆုံးဖြတ်ထားတဲ့ မှတ်တမ်းကောင်းတွေကြောင့် ကျင့်ဝတ်ပျက်ဆရာဝန်ကရော ဘယ်လောက်ထိ ရူးမိုက်ဦးမလဲဆိုတာ ဆက်လက်ရှုစားလိုက်ပါဦးလို့...
Blossoms Shanghai (2023- )
⭐IMDB: 8.4/10 (46 Votes)
🎬 #Drama #Family
🗓 2023- 🎞 tv series
🌎 #China #HongKong
⏰ 48 မိနစ် 4 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Blossoms Shanghai ( 2023 )19 ရာစုနောက်ပိုင်းက ရှန်ဟိုင်းမြို့ရဲ့စီးပွားရေးအကြောင်းကို
ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။
Jin Yucheng ရဲ့အမည်တူ၀တ္ထုကိုအခြေခံပြီးရိုက်ကူးထားပြီးတော့ 2019တုန်းက
ဟောင်ကောင်ဇာတ်ညွန်းရေးဆရာကြီးရဲ့ပွဲစဉ်ကနေတစ်ဆင့်
ရိုက်ကူးမယ်လို့အရိပ်အမြွက်ပြပြီးလေးနှစ်အကြာမှာတော့
Blossoms Shanghaiခေါင်းစဉ်နဲ့ဇာတ်လမ်းတွဲဟာ ထွက်ရှိလာပြီပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ 19ရာစုနှောင်းပိုင်းမှာ စီးပွားရေးကိုစိတ်၀င်စားသူအားပေါင်ဟာ
စီးပွားရေးလုပ်ငန်းတစ်ဦးကို စတင်တည်ထောင်ချင်တာကြောင့် သူ့ရဲ့ဦးလေးတဖြစ်
ဆရာတဖြစ်သူကိုလာရှာပြီး အတူပူးပေါင်းလုပ်ဆောင်ဖို့ တောင်းဆိုပါတော့တယ်။
ဒါပေမဲ့ ဇာတ်လမ်းအစမှာတော့ အားပေါင်က ဘာငွေမှမရှိတဲ့လူမွဲအနေနဲ့စရမှာပေါ့။
နောက်ပိုင်း အားပေါင်က ယုံကြည်ရတဲ့သူတစ်ယောက်ဆိုတာ သက်သေပြအပြီးမှာ
သူနဲ့သူ့ဦးလေးဟာ အချင်းချင်းသဘောတူကြကာ စီးပွားရေးတစ်ခုကိုစလုပ်ပါတော့တယ်။
Your browser does not support the video tag.သူ့ဦးလေးရဲ့ရှေ့ဆောင်လမ်းပြမှုတွေနဲ့အတူ အားပေါင်ဟာ ရှန်ဟိုင်းကစီးပွားရေးလောကမှာ
အတုမရှိအာဏာပါဝါအကြီးဆုံး နံပါတ်တစ်သူဌေးပေါင် ဖြစ်လာပါတော့တယ်။
တိုးတက်ကြီးပွားလာတာနဲ့အမျှ ရန်သူတွေပေါများလာတာကြောင့် သူဌေးပေါင်
စီးပွားရေးလောကထဲကရန်သူတွေကို ရင်ဆိုင်ဖြေရှင်းပုံတွေနဲ့
စတော့ဈေးကွက်တွေကို ဘယ်လိုလှလှပပကစားသွားလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်...
My Life with the Walter Boys (2023- )
⭐IMDB: 7.1/10 (6 k Votes)
🎬 #Drama #Romance
🗓 2023- 🎞 tv series
🌎 #UnitedKingdom #UnitedStates #Canada #UnitedStatesofAmerica
⏰ 43 မိနစ် 27 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
My Life with the Walter Boys (2023)
Your browser does not support the video tag. ဒီတစ်ခါမှာတော့ My Life with Walter Boys ဆိုတဲ့စီးရီးအသစ်ကလေးကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းလေးကတော့ဂျက်ကီဟောင်းဝက်ဒ်ဆိုတဲ့စာတော်ပြီး ထက်မြက်တဲ့ဆယ်ကျော်သက် ကောင်မလေးဟာ တစ်ရက်မှာ ကြေကွဲဖွယ်ရာဖြစ်ရပ်ဆိုးကြီးတစ်ခုကြုံတွေ့လိုက်ရပါတယ် အဲ့ဒါကတော့ သူမမိဘတွေနဲ့အစ်မဖြစ်သူတို့ တစ်မိသားစုလုံးကားဆက်ဆီးဒင့်ဖြစ်ပြီးဆုံးသွားပါတယ် အဲ့နောက်မှာတော့သူမဟာ သူမအမေရဲ့သူငယ်ချင်းဖြစ်သူ ကတ်သရင်းဝေါ်လ်တာနဲ့ဂျော့ဂျ်ဝေါ်လ်တာတို့မိသားစုနဲ့အတူ ပြောင်းနေရပါတယ်။ကတ်သရင်းနဲ့ဂျော့ဂျ်မှာ သားသမီးရှစ်ယောက်ရှိပြီး ဂျော့ဂျ်ရဲ့တူနှစ်ယောက်ကိုပါ အိမ်မှာခေါ်ထားတဲ့အတွက်အဲ့အိမ်မှာ ကလေးဆယ်ယောက်တောင်ရှိပါတယ် နယူးယော့ခ်သူလေး ဂျက်ကီတစ်ယောက် နယ်မြို့လေးတစ်မြို့မှာ မိသားစုအသစ်နဲ့ပြောင်းပြီးနေရတဲ့အခါ ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲ ခဏတာအတွင်းနေသားကျသွားပါ့မလား ဝေါ်လ်တာမိသားစုက ကောင်လေးတွေနဲ့ရော အချစ်ရေးပက်သက်မှုတွေရှိလာမလားဆိုတာ ခံစားကြည့်ရှုရမှာပါ။ဒီဇာတ်ကားလေးက အထက်တန်းကျောင်းသားကားလေးလိုမျိုး ဆယ်ကျော်သက်ဇာတ်ကားလေးတွေလိုမျိုး လူငယ်တွေရဲ့ဘဝအကြောင်းကို ပေါ့ပေါ့ပါးပါး ခံစားကြည့်ရမယ့်စီးရီးကောင်းလေးတစ်ခုပါ။...
Pamali (2022)
⭐IMDB: 5.5/10 (253 Votes)
🎬 #Horror #Mystery
🗓 2022 🎞 movie
🌎 #Indonesia
⏰ 1 နာရီ 35 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီရုပ်ရှင်လေးကတော့ အင်ဒိုနီးရှား horror game “Pamali”ကို
ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားတာပါ…
အင်ဒိုနီးရှားယုံတမ်းပုံပြင်တစ်ခုကို ပဟေဠိဆန်ဆန်ဗီဒီယိုဂိမ်းအဖြစ်
ထုတ်ဝေခဲ့တုန်းက လူကြိုက်များခဲ့သလို အခုတစ်ခါမှာတော့
ရုပ်ရှင်အဖြစ်မြင်တွေ့ရမှာပါ
“Pamali”ဆိုတာက ဘာသာရေး၊ ယုံကြည်မှုတို့အရ မလုပ်သင့်
မလုပ်အပ်သည်ကို ညွှန်းချင်တာပါ…။
ငယ်ငယ်တုန်းကဆိုကြားဖူးကြမှာပါ…
ညဘက်ကြီးလက်သည်းမညှပ်နဲ့၊ ညဘက်အိမ်ပြန်လာရင် ဖတ်၊ဖတ်၊ဖတ်
သုံးခါရွတ်တို့ ဘာတို့ပေါ့….။
မဟုတ်ရင် မကောင်းဆိုးဝါးကပ်တတ်တယ်ဘာညာပေါ့….။
ခုဇာတ်လမ်းလေးကလည်း ဒီလိုတားမြစ်ချက်တွေကို မလိုက်နာမိလို့
ကံကြမ္မာဆိုးဝင်ခဲ့ရတဲ့ မိသားစုအကြောင်းပုံပြင်လေးပါ…။
အင်ဒိုကားတွေက သိပ်ညွှန်းစရာမလိုအောင် သူ့ရသနဲ့သူရှိပြီးသားမို့
ကြည့်ဖြစ်အောင်ကြည့်လိုက်ပါဗျာ...
The War of the Roses (1989)
⭐TMDB: 69.0% User Score
🎬 #Comedy #Romance #Drama
🗓 1989 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 57 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The War of the Roses (1989)
~ IMDb – 6.8/10, Rotten Tomatoes – 83% ~
လူတွေရဲ့ ဦးခေါင်းခွံကို တုန်လှုပ်စေတဲ့ အကျပ်ရိုက်မှု ၂မျိုးရှိပါသတဲ့။ မနေချင်တော့တဲ့သူကို ဘယ်လိုဆွဲထားမလဲ ဆိုတာနဲ့ မသွားချင်တဲ့သူကို ဘယ်လိုနှင်ထုတ်မလဲ ဆိုတာပါပဲ။
ဒီရုပ်ရှင်ဟာ ခေါင်းအေးတည်ငြိမ်တဲ့ ကွာရှင်းပြတ်စဲရှေ့နေကြီး ဂါဗင်တစ်ယောက် သူရုံးခန်းထဲထိုင်နေတဲ့ သောကတစ်ဗွေနဲ့ အမှုသည်အမျိုးသားကို ပြန်ပြောင်းပြောပြတဲ့ သူ မကူကယ်နိုင်ခဲ့တဲ့ အတိတ်ဟောင်းတစ်ခုပဲဖြစ်ပါတယ်။ ဒီကားရဲ့ ဒါရိုက်တာကြီးကိုယ်တိုင် ရှေ့နေကြီး ဂါဗင်နေရာကနေ ဇာတ်ကြောင်းပြောသူအဖြစ် ပါဝင်ထားပါတယ်။
ဂါဗင် ပြောပြတဲ့ ဇာတ်လမ်းကတော့ သူ့မိတ်ဆွေအရင်းခေါက်ခေါက်ဖြစ်ခဲ့ဖူးတဲ့ ရို့စ်မောင်နှံရဲ့ ကွာရှင်းပြတ်စဲမှုအကြောင်းပါ၊ ရို့စ်မိသားစုဆိုပြီး ဖြစ်မလာခင် ငယ်ရွယ်တက်ကြွတဲ့ အိုလီဗာဆိုတဲ့ ဥပဒေကျောင်းသားလေးနဲ့ ရိုးရှင်းပွင့်လင်းတဲ့ ဘာဘရာဆိုတဲ့ မိန်းမငယ်လေးတို့ စတင်တွေ့ဆုံမှုကနေ (အညွှန်းထဲပြောပြလို့မရသေးတဲ့) အဆုံးသတ်မှုတစ်ခုဆီအထိပေါ့။ ဂါဗင်ကတော့ လူတွေဟာ သူတို့ဖြစ်ချင်တာ သူတို့ရချင်တာအတွက် ဘယ်လောက်ထိကို ဆိုးဆိုးဝါးဝါးလုပ်နိုင်လဲဆိုတာကို ရှေ့ဆုံးတန်းကနေ ပေါက်ပေါက်ဆုပ်ကိုင်ရင်း ကြည့်ခွင့်ရခဲ့တဲ့ နောင်တ,တစ်ပွေ့နဲ့ သူပေါ့။
ကွာရှင်းပြတ်စဲမှုတွေမှာ များသောအားဖြင့် တစ်ဖက်နဲ့တစ်ဖက် အပြိုင်အဆိုင်လုကြပေမယ့် တကယ်တမ်းတော့ “အနိုင်ဆိုတာ မရှိပါဘူး၊ ဘယ်လောက်ရှုံးသလဲဆိုတဲ့ ရှုံးနိမ့်မှုအဆင့်ပဲရှိတယ်” တဲ့။ ဒီထိ ဒီလိုတွေပြောနေလို့ စိတ်ညစ်စရာကားကြီးလို့ ထင်နေပါဦးမယ်၊ တကယ်က Comedy/Romance ပါနော်၊ အတိအကျဆို လှောင်လုံးတွေ အထေ့ငေါ့တွေပါတဲ့ Satirical အမျိုးအစားထဲမှာ ပါတာမို့ စကားအသုံးအနှုန်းတွေက တော်တော်လေး ရယ်ရပါတယ်။ ရယ်ရသလောက် တော်တော် အသည်းတမမဖြစ်ရတဲ့အခန်းတွေလည်း ပါလို့ Thriller Tag များ ပါနေမလားလို့ ကိုယ့်မှာ ပြန်ပြေးကြည့်ရသေးတယ်။
အခုလက်ရှိ ရုပ်ရှင်ရဲ့အရှည်က ၁နာရီ ၅၆ မိနစ်ဆိုပေမဲ့ ဒါရိုက်တာရဲ့ အဆိုအရ တကယ်တမ်းက ၃ နာရီ ၄မိနစ်စာရှိခဲ့တာပါတဲ့။ ဖြတ်ချခဲ့တဲ့အခန်းတွေထဲက တချို့ကိုတော့ Trailer တွေမှာ ရှာကြည့်လို့ရပါတယ်။
ဇာတ်လမ်းထဲက စကားအတိုင်းဆိုရင်တော့ “မိန်းမတွေဟာ ကျုပ်တို့ထင်ထားတာထက် အများကြီးပိုဆိုးနိုင်တယ်” တဲ့။ အလားတူပါပဲ၊ ထည့်ပြောမသွားပေမဲ့ ယောက်ျားတွေဟာလည်း ဘယ်လောက်တောင် စိတ်ကုန်စရာကောင်းနိုင်ကြောင်း သေချာပြသွားပါတယ်။တကယ်လို့များ သင်ဟာ အိမ်ထောင်ကွဲဖို့ ဆုံးဖြတ်နေသူဖြစ်ရင် ဒီကားလေး ကြည့်ပြီး တစ်ခေါက်ပြန်စဉ်းစားကြည့်ပါ
တကယ်လို့ သင်ဟာ အိမ်ထောင်ပြုဖို့ အရမ်းဇောသန်နေရင်လည်း ဒီကားကြည့်ပါ။ မိန်းမတွေ ဘယ်လောက်ကြောက်ဖို့ကောင်းပြီး ယောက်ျားတွေ ဘယ်လောက်စိတ်ကုန်ဖို့ကောင်းကြောင်း ဆင်ခြင်မိသွားမှာပါ။
ဒါပေမဲ့ သင်ဟာ စိတ်လိုလက်ရ ရယ်မော အပန်းဖြေပစ်ချင်လည်း ဒီကားကြည့်ပါ။ ကုန်ကုန်ပြောရရင်တော့ ဘာပဲဖြစ်နေနေ အချိန်ရရင် ဒီကားကြည့်ပါလို့။
(ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)...
The Eye's Dream (2016)
⭐TMDB: 10.0% User Score
🎬 #Horror #Thriller
🗓 2016 🎞 movie
🌎 #Japan
⏰ 1 နာရီ 43 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Eyes Dream 2016 အညွှန်း
Mystery, Fantasy, Thriller, Documentary တွေလိုမျိုး ရိုက်ကူးတတ်တဲ့ဒါရိုက်တာ Hisayasu Sato ရဲ့ ၂၀၁၆ က ထွက်ရှိခဲ့ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ဒီကားကတော့ ကြည့်ရတာနည်းနည်းတော့ရှုပ်ပေမယ့် ကြည့်ရတာ အဆင်ပြေတယ်ဆိုရုံလောက်ပါပဲ။
ဇာတ်လမ်းထဲမှာကတော့ ဓာတ်ပုံဆရာမတစ်ယောက်က မျက်လုံးတွေကို စွဲလမ်းနေတဲ့သူတစ်ယောက်ပါ။လမ်းမှာမြင်သမျှလူတွေကိုလည်း မျက်လုံးဓာတ်ပုံတွေကို လိုက်ရိုက်တတ်ပါတယ်။တစ်နေ့မှာ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာတစ်ယောက်က သူ့ရဲ့ မျက်လုံးတွေကို စွဲလမ်းတတ်တဲ့ရောဂါကိုရုပ်ရှင်ရိုက်ကူးချင်တယ်လို့ ပြောလာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲ။ဒါရိုက်တာနဲ့ရော ဘယ်လိုတွေနှစ်ပါးသွားမလဲ Psycho ဆန်ဆန်လေးကို၁၈+ တစ်မျိုးလေး ကြည့်ရှုရမှာဆိုတော့ ပုရိသတို့ အကြိုက်တွေ့စေမှာ အမှန်ပါပဲလို့ပြောရင်း ကြည့်ရှုလိုက်ရအောင်နော်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Kaung Setပဲ ဖြစ်ပါတယ်။...
Following the Sound (2023)
⭐TMDB: 70.0% User Score
🎬 #Drama
🗓 2023 🎞 movie
🌎 #Japan
⏰ 1 နာရီ 23 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Following The Sound (2023)
ဒီတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးတို့အတွက် ဂျပန်ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ဒါရိုက်တာSugita Kyoshi ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်။
ဟာရုဆိုတဲ့ကောင်မလေးဟာ ယူကီကိုရဲ့ မျက်နှာမှာ ဝမ်းနည်းနေတဲ့ပုံရိပ်တွေကို မြင်ရပြီး လမ်းမေးချင်ယောင်ဟန်ဆောင်ပြီးယူကီနားအနားကို ချဉ်းကပ်ရင်း သူ့ရဲ့ ဝမ်းနည်းမှုတွေကို ဖြေဖျောက်ပေးဖို့ ကြိုးစားပါတယ်။ပြီးတော့ ဟာရုတက်နေတဲ့ ရုပ်ရှင်ဖန်တီးရေး သင်တန်းကနေ ကိုယ့်မိသားစု၊ သူငယ်ချင်း၊ဒါမှမဟုတ် အပေါင်းအသင်းမိတ်ဆွေတွေအပေါ်ကို ပြောချင်တဲ့စကားလေးတွေကို ဇာတ်လမ်းအနေနဲ့ ဖန်တီးခိုင်းပါတယ်။ဒီတော့ ဟာရုလေးဟာ ယူကီကိုရဲ့ အထီးကျန်ဆန်တဲ့ ဝမ်းနည်းမှု တွေကို ဖြေဖျောက်ပေးရင်းသင်တန်းကနေ လုပ်ခိုင်းလာတဲ့ ဇာတ်လမ်းကို ဘယ်လိုတွေ ပုံဖော်သွားမလဲဆိုတာကိုပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။
အညွှန်းနဲ့ဘာသာပြန်ကတော့Char Ouပဲ ဖြစ်ပါတယ်။...
Unknown (2006)
⭐TMDB: 62.0% User Score
🎬 #Crime #Drama #Mystery #Thriller #Adventure
🗓 2006 🎞 movie
🌎 #UnitedStatesofAmerica
⏰ 1 နာရီ 25 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Unknown 2006(IMDB 6.4/10)
Thriller ကားကောင်းတွေ ကြိုက်နှစ်သက်တဲ့ CM ပရိသတ်တွေအတွက် ဇာတ်လမ်းတစ်ခုလုံးဘာဖြစ်နေမှန်း သေချာမသိရဘဲအဆုံးသတ်မှ အထုပ်ဖြေပြတဲ့ The Usual Suspects တို့Seven တို့လို အထာနဲ့ ဇာတ်ကားကောင်းလေးတစ်ကားကို ပြန်လည်တင်ဆက်ပေးချင်ပါတယ်
ဟိုကားတွေလို rating တွေပျံလန်နေပြီး မာစတာပိစ်တွေ မဟုတ်ပေမဲ့သူ့တန်းသူ့ဘောင်နဲ့တော့ plot twist ဘာညာကတော့ ဟာဟင်ဖြစ်လောက်စရာပါပဲ
ဇာတ်လမ်းအကျဉ်းကတော့ ဂိုဒေါင်တစ်ခုထဲမှာ လူငါးယောက်က သတိမေ့နေရာကနေ ရှေ့ဆင့်နောက်ဆင့်နိုးလာပြီးတော့အတိတ်ပါမေ့နေပါတယ်သူတို့ထဲက တစ်ယောက်ကတော့ သေနတ်နဲ့ဖြစ်ပြီး ကျန်တဲ့သူတွေက အဖမ်းခံထားရသူတွေရော ဒဏ်ရာရထားသူတွေရော စုံနေတာပါပဲဂိုဒေါင်ကြီးကလဲ အလုံပိတ် အားလုံးကလဲ ကိုယ့်ကိုယ်ကိုဘာဖြစ်နေမှန်း မမှတ်မိတဲ့အခါမှာအစအဆုံး ပရိသတ်ကိုယ်တိုင်ပဲ အဖြေရှာကြည့်လိုက်ပါလို့….. ပြောကြားရင်း တင်ဆက်ပေးလိုက်ပါတယ်
အညွှန်းနဲ့ဘာသာပြန်ကတော့Sai Thurein Lynnပဲ ဖြစ်ပါတယ်။...
Mamasapano: Now It Can Be Told (2022)
⭐IMDB: 4.4/10 (53 Votes)
🎬 #Action #Drama #War
🗓 2022 🎞 movie
🌎 #Philippines
⏰ 1 နာရီ 43 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mamasapano : Now It Can Be Told (2023)
၂၀၁၅ ခုနှစ် သို့မဟုတ် ဖိလစ်ပိုင်SAFအထူးတပ်သား ၄၄ ယောက်ရဲ့ မိသားစုဝင်တွေ သွေးမျက်ရည်ကျခဲ့ရတဲ့နေ့တစ်ဖြစ်လဲမာမာစပန်နိုဆိုတဲ့မြို့လေးက unpopular warတစ်ခုမှာ ရက်ရက်စက်စက် အသက်စတေးခဲ့ရတဲ့SAF တပ်သား ၄၄ ယောက်ရဲ့ ရင်နာဖွယ်ဖြစ်ရပ်မှန်လေးကို တင်ဆက်ထားတဲ့ ရုပ်ရှင်လေးတစ်ခု တင်ဆက်ပေးလိုက်ပါရစေ။Now It can be told ဆိုတဲ့အတိုင်း ဟိုလူလိုလို ဒီလူလိုလိုနဲ့ တစ်ချိန်က ပြည်ဖုံးကားချဖုံးဖိထားတဲ့ဒီဖြစ်ရပ်ဆိုးကြီးရဲ့ နောက်ကွယ်ကဖြစ်ရပ်မှန်က ဘယ်လိုဖြစ်မလဲဆိုတာ CM နဲ့အတူ ရှုစားကြည့်ကြပါဦး။
မာဝမ်နဲ့အူစ်မန်းဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ပြောရတဲ့ထိ မကောင်းသတင်းဂုဏ်ပုဒ်နဲ့ ကျော်စောတဲ့သူနှစ်ယောက်၊အမေရိကန်ကတောင် မာဝမ်ကို ဒေါ်လာ ၅ သန်း အူစ်မန်းကို ဒေါ်လာ ၁ သန်း ဆုကြေးထုတ်လိုက်တဲ့အထိ တရားလွန်ဆိုးသွမ်းလွန်းတဲ့ ရာဇဝင်လူဆိုးတွေပေါ့။ဖိလစ်ပိုင်အစိုးရဘက်ကလည်း နှစ်နဲ့ချီစစ်ဆင်ရေးတွေအမျိုးမျိုးလုပ်နေပေမဲ့ နယ်မြေမလွတ်လပ်တာကတစ်ကြောင်း၊အဆက်အသွယ်တွေရှိနေတာကတစ်ကြောင်းနဲ့ မာဝမ်ကို ဘယ်လိုမှဖမ်းမရဖြစ်နေတာပေါ့။
ဒီလိုနဲ့ မာဝမ်ကို သူခိုအောင်းနေတဲ့ကျားတွင်းမှာ ရအောင်ဖမ်းဆီးမယ်ဆိုတဲ့ စစ်ဆင်ရေး OPLAN Exodusနဲ့အတူMILFစခန်းတွေနားကိုရောက်လာတဲ့ ဖိလစ်ပိုင်SAFရဲစစ်သား ၄၄ ယောက်၊ တောင်ကိုကျော် မြစ်ပြင်ကိုဖြတ်လို့မာဝမ်ကိုအရသတ်နိုင်ခဲ့အပြီးမှာ ဖြစ်လာတော့မယ့် ပြဿနာကိုကြိုမမြင်ဘဲ အောင်ပွဲခံနေကြတာပေါ့။ဒါပေမဲ့ သူတို့မသိတာက သူတို့ရဲ့အောင်မြေဟာ နောက်နာရီပိုင်းအတွင်းမှာ စစ်မြေပြင်တစ်ဖြစ်လဲ သူတို့ရဲ့သင်္ချိုင်းမြေဖြစ်လာရတော့မှာကိုပါပဲ။
ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဖောက်ဖျက်ပါတယ်ဆိုတဲ့စွဲချက်နဲ့ SAFတပ်သားတွေကို ထိုးစစ်ဆင်လာတဲ့ မွတ်စလင်လက်နက်ကိုင် MILFတပ်ဖွဲ့တွေကြားမှာကူရာကယ်ရာမဲ့နေတဲ့ SAFတပ်သားတွေ၊ စစ်ကူလွှတ်မလိုလို ဟိုတပ်ကကူမလိုလို လေကြောင်းကလာမလိုလိုနဲ့ ဟိုလိုလိုဒီလိုလိုကနေ ဘာမှဆက်မဖြစ်လာတဲ့ရဲ၊ စစ်တပ်နဲ့ အရပ်သားအစိုးရကြားက နိုင်ငံရေးအရှုပ်အရှင်းတွေကြားမှာ မြေစာပင်ဖြစ်ခဲ့ရတဲ့ ဒီဖြစ်ရပ်ဆိုးကြီး၊ယနေ့အချိန်ထိ ဘယ်သူကတာဝန်ရှိတယ်ဆိုတာ တရားရုံးမှာ အမှုမှန်ရေရေရာရာမပေါ်နိုင်သေးတဲ့နောက်ကွယ်က အရှုပ်အရှင်းတွေက ဘာတွေဖြစ်မလဲဆိုတာ အားလုံးအတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။
အညွှန်းကိုတော့Mary Christက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Mary&Thae Thaeပဲ ဖြစ်ပါတယ်။...
Punch (2011)
⭐IMDB: 7.3/10 (1 k Votes)
🎬 #Comedy #Drama #Family #Sport
🗓 2011 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 48 မိနစ် 4 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
တစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ကား လေးကတော့ 2011ခုနှစ်မှာထွက်ရှိခဲ့တဲ့
Punch ဆိုတဲ့ကားလေးပဲဖြစ်ပါတယ် အသက်18နှစ်အရွယ်ဒိုဝမ်ဒုက
ခါးကုန်းနေတဲ့အဖေဂျောင်ဘို့နဲ့ စကားထစ်တဲ့ဦးလေးမင်ဂုတို့နဲ့အတူနေထိုင်တယ်
အကသမားအဖြစ် နှစ်တွေအကြာကြီးအလုပ်လုပ်ခဲ့တဲ့ ကပွဲရုံပိတ်သွားပြီးတဲ့နောက်
ဈေးတွေကိုလှည့်ပြီးတော့ဈေးရောင်းတဲ့အလုပ်ကိုလုပ်ခဲ့ကြတယ်
ကျောင်းသားတိုင်းကိုကြမ်းကြမ်းတမ်းတမ်းဆက်ဆံတတ်တဲ့ ဝမ်ဒုရဲ့အတန်းပိုင်
ဆရာအီဒုံဂျူက ဘေးအိမ်ခေါင်မိုးထပ်မှာနေတယ် ဝမ်ဒုရဲ့အဖေဖြစ်သူက
ဈေးလှည့်ရောင်းဖို့သွားရတိုင်းဝမ်ဒုကိုစောင့်ရှောက်ပေးဖို့ဆရာ့ကို အကူအညီ
တောင်းရာကနေဆရာနဲ့ရင်းနှီးလာခဲ့တယ် တစ်နေ့မှာ 17နှစ်ကြာအောင်
အမေမရှိဘူးလို့တွေးပြီး ကြီးပြင်းလာတဲ့ဝမ်ဒုကိုဆရာက အမေရှိကြောင်းနဲ့
အမေကတွေ့ချင်နေကြောင်းပြောတဲ့အခါမှာတော့ ဝမ်ဒုတစ်ယောက် ဘယ်လိုတွေ
ဆက်ဖြစ်မလဲ အဖေကမသန်မစွမ်းဖြစ်တာကြောင့်ရောဆင်းရဲတာကြောင့်ပါ
အလှောင်ခံရပြီးပေပေတေတေလမ်းပေါ်ကရန်ပွဲတွေမှာပါဝင်တတ်တဲ့ အခန်းရဲ့
ဘိတ်ချေး ကောင်လေးတစ်ယောက်သူကျွမ်းကျင်တဲ့လက်သီးကိုဘယ်လိုအသုံးချမလဲ
မသန်မစွမ်းအဖေနဲ့ရွေ့ပြောင်းနေထိုင်သူအမေရှိတဲ့ အထီးကျန်နေတဲ့ဆယ်ကျော်သက်
အရွယ်လူငယ်လေးတစ်ယောက်က ပျော်ရွှင်နိုင်လာပြီးတော့ အိမ်မက်တွေကို
အောင်မြင်နိုင်မှာလား အာရှဒေသမှာဖြစ်ပွားနေတဲ့ ရွေ့ပြောင်းအလုပ်သမားတွေရဲ့
ဘဝတွေကဘယ်လိုမျိုးလဲဆိုတာ စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်ပါတယ်...
Dear Jinri (2023)
⭐TMDB: 83.0% User Score
🎬 #Documentary #Drama
🗓 2023 🎞 movie
🌎 #SouthKorea
⏰ 2 နာရီ 9 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
‘Persona: Sulli’ အညွှန်း
အခုအချိန်ထိ ရင်ထဲမှာတသသနဲ့ လွမ်းဆွတ်ရဆဲဖြစ်တဲ့ နတ်သမီးမလေး Sulli (or) ချွဲဂျင်လီရဲ့ ဘဝခရီးကိုDocumentary အဖြစ် ဖန်တီးထားတဲ့ “Persona: Sulli” ဆိုတဲ့ documentary film လေးကို တင်ဆက်ပေးလိုက်ပါတယ်။
အောင်မြင်မှုရဲ့ အနိမ့်အမြင့်အတက်အကျတွေကို ရင်ဆိုင်ရတဲ့အမျိုးသမီးလေးတစ်ယောက်အကြောင်း ၊လူထုရဲ့မျက်စိရှေ့မှာ ငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်ရောက်ရှိသွားခဲ့တဲ့ အတွေ့အကြုံတွေ ခံစားချက်တွေအကြောင်း..။
ဒါလေးကိုကြည့်ခြင်းအားဖြင့် Sulli ဆိုတဲ့ကောင်မလေး ကြုံတွေ့ခဲ့ရတဲ့ ရှုပ်ထွေးတဲ့ ဘဝအလွှာအထပ်ထပ်တွေ ၊အောင်မြင်မှုရဲ့ဖိအားတွေ ၊ သူနဲ့မကိုက်ညီခဲ့တဲ့ လူ့အဖွဲ့အစည်းရဲ့ ပုံသေသတ်မှတ်ချက်တွေ၊ စိတ်ပိုင်းဆိုင်ရာရုန်းကန်မှုတွေ ၊social phobia နဲ့ cyberbullying အစရှိတာတွေကို ခံစားနားလည်လာရမှာပါ။
ချွဲဂျင်လီ (သို့) Stage Name Sulli လို့ခေါ်တဲ့K-pop idol ကောင်မလေးရဲ့ ဘဝခရီးကို ပုံဖော်ထားတဲ့ ဒီမှတ်တမ်းရုပ်ရှင်လေးဟာSulli ကို ချစ်ခင်ပြီး နက်နက်ရှိုင်းရှိုင်းနားလည်ချင်တဲ့သူတိုင်း ကြည့်သင့်တဲ့ မှတ်တမ်းရုပ်ရှင်လေးပဲဖြစ်ပါတယ်နော်။
အညွှန်းကိုတော့ Cali က ရေးထားပေးပြီးတော့
ဘာသာပြန်ထားတာကတော့ShinandCaliပဲ ဖြစ်ပါတယ်။...
Selfie 69 (2016)
⭐IMDB: 6.0/10 (2 k Votes)
🎬 #Action #Comedy #Romance
🗓 2016 🎞 movie
🌎 #Romania
⏰ 1 နာရီ 59 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Selfie 69 (2016)
သမီးရည်စားရန်ဖြစ်ရာမှ စပြီး အသည်းကွဲကာ သူငယ်ချင်းတွေလူငယ်ပီပီ ဘယ်လို ပေါက်ကရတွေလုပ်ပြီးအလွဲလွဲအမှားမှားတွေဖြစ်မလဲကို ကြည့်ရှုရမယ့် ပညာပေးအချစ်ဟာသဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။သူငယ်ချင်းတွေ အသည်းကွဲ မူးရူးပြီး ဘယ်သူအရင်ဆုံးလက်ထပ်နိုင်မလဲ လောင်းကစားလုပ်ရာမှနောက်ပိုင်းဖြစ်ပျက်မှုတွေမှတစ်ဆင့် သင်ခန်းစာများနဲ့တကွ ရသ အမျိုးမျိုးကို ခံစားကြည့်ရှုရမယ့် ပညာပေးလူကြီးဇာတ်ကားဖြစ်ပါတယ်။
သူငယ်ချင်းအုပ်စု ၂ ဖွဲ့ဘယ်လိုမတူညီတဲ့ ဒုက္ခတွေ အလွဲလွဲ အမှားမှားတွေကို ဟာသအမြင်နဲ့ ခံစားပြီးမိဘအလိုလိုက်မှုကြောင့် ခြေဦးတည့်ရာ ပေါက်ကရတွေလုပ်ရင်း အချစ်ကိုတစ်ဖန်ပြန်လည်ရှာတွေ့နိုင်မလားအန္တရာယ်များတဲ့အမှောင်ဒုစရိုက်လောကဘက်ကို ရောက်သွားပြီး ဒုက္ခတစ်မျိုးစီနဲ့ သူငယ်ချင်း ၃ယောက်တစ်ယောက်တစ်မျိုးဆီ ဘယ်လို အလွဲတွေ သင်ခန်းစာတွေကြားက အချစ်ကိုဘယ်လိုရှာကြမလဲဘယ်လိုမထင်မှတ်ဘဲတွေ့မလဲ ရယ်ရယ်မောမောနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုကြရမှာပါ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Robinပဲ ဖြစ်ပါတယ်။...
Walid (2023)
⭐IMDB: 5.3/10 (75 Votes)
🎬 #Action #Thriller
🗓 2023 🎞 movie
🌎 #Malaysia
⏰ 1 နာရီ 51 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Walid (2023)
မလေးရှားနိုင်ငံ အတွင်းမှာ ဖြစ်ပျက်နေတယ့် လူကုန်ကူးမှုတွေနဲ့ ကလေးများအပေါ်အမြတ်ထုတ်မှုတွေကို အခြေခံရိုက်ကူးထားသော ဘဝပေးဇာတ်ကားလေးဖြစ်ပါတယ်။ကျူးကျော်နေထိုင်နေရတယ့် ကလေးများကို စာသင်ပေးရင်းနဲ့ Walid တစ်ယောက်Aisha ဆိုတဲ့ ကလေးမလေးနဲ့ တွေ့ပြီး ဘယ်လိုအခက်အခဲတွေ ရင်ဆိုင် ကြုံတွေ့ရမလဲ ဆိုတာစိတ်ဝင်စားမှုအပြည့်နဲ့ ရင်ခုန်စွာကြည့်ရှုရမယ့် ပညာပေး အက်ရှင်ကားလေးဖြစ်ပါတယ်။ဇတ်လမ်းအကျဥ်း – Walid တစ်ယောက် ကလေးတွေအပေါ် အမြတ်ထုတ်သူတွေကိုနိုင်ငံတော်နဲ့အတူတူ ဘယ်လိုပညာပေးပြီး ဖမ်းဆီးခံရတဲ့ ကလေးတွေကိုလူကုန်ကူးသူတွေလက်က ဘယ်လို ကယ်တင်မလဲဆိုတာ စိတ်လှုပ်ရှားစွာ ကြည့်ရှုရမယ့်ကလေးငယ်များအတွက် ဘဝသင်ခန်းစာများစွာပါဝင်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။မလေးရှားနဲ့ ထိုင်းနယ်စပ်ကြားမှာ ဖြစ်ပျက်နေတယ့် ခေတ်ပျက်မှုတွေကို မြင်တွေ့ရပြီးမိမိကလေးများအတွက်ရော မိမိတို့အတွက်ပါ နားလည်မှတ်သားဖွယ် ဘဝ အတွေ့အကြုံများကိုWalid ဆိုတဲ့ ကျောင်းဆရာလေးနဲ့ Aisha သော ကလေးမလေး နေရာကနေရသနှစ်မျိုးနဲ့ ခံစားကြည့်ရှုရမယ့် ရသစုံ ပညာပေး အက်ရှင် ဇာတ်ကားလေးဘဲဖြစ်ပါတယ်။
အညွှန်းနဲ့ဘာသာပြန်ထားတာကတော့Robinပဲ ဖြစ်ပါတယ်...
Vide Noir (2022)
⭐IMDB: 6.2/10 (112 Votes)
🎬 #Mystery #Thriller
🗓 2022 🎞 movie
🌎 #UnitedStates
⏰ 1 နာရီ 36 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Vide Noir (2022)IMDb – 6.8/10
2008ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ အမေရိကန်ရော့ခ်အဖွဲ့ Lord Huronရဲ့ တေးအယ်လ်ဘမ်နာမည်။Billboard 200မှာ နံပါတ်ကိုးနေရာချိတ်တဲ့ထိ အောင်မြင်ခဲ့ပါတယ်။Vide Noirဆိုတာ ကိုယ့်ကိုယ်ကိုယ် မေ့ဖျောက်ပေးတဲ့အရာ၊ ကိုယ့်ကိုယ်ကိုယ်ပြန်မြင်စေတဲ့အရာ၊အချိန် အာကာသနဲ့ သေခြင်းတရားဆိုတဲ့ အတားအဆီးတွေကိုဖယ်ရှားပေးတဲ့အရာ၊လျှို့ဝှက်ထားတဲ့အမှန်တရားကို သင်ကြားပေးတဲ့အရာ…တဲ့။ဘာလဲဆိုတော့ မူးယစ်ဆေးတစ်မျိုးပေါ့။Lord Huronရဲ့ အယ်လ်ဘမ်ထဲက တေးသွားတွေအတိုင်း အခန်းခွဲပြီးတင်ပြသွားတာမှာသီချင်းတွေမှာနားမလည်လိုက်ရတဲ့ ခံစားမှုအဓိပ္ပါယ်တစ်ချို့ကို ဒီရုပ်ရှင်ထဲမှာ ပြန်လည်ရှာဖွေကြည့်လို့ရပါတယ်။
တောရိုင်းပန်းကလေးတစ်ပွင့်…။ဟိုးအဝေးကြီးမှာရှိတဲ့ တောင်တန်းတွေပေါ်မှာ ငွားငွားစွင့်စွင့်ပွင့်နေတာ။သတ္တိကောင်းလှပါတဲ့ ယောက်ျားတွေ ဘယ်လောက်ပဲရှာရှာ ပိုင်ဆိုင်ခွင့်မရဘဲ သူတို့ကြုံတွေ့ရမှာကသေခြင်းတရားနဲ့ စိတ်ပျက်အားလျော့မှုတွေ။ဒီပန်းပွင့်ကလေးကို ဘယ်သူမှပိုင်ဆိုင်ခွင့်မရနိုင်ဘူး။ပိုင်ဆိုင်ခွင့်ရခဲ့လို့ မင်းရဲ့ဥယျာဉ်ခြံမြေမှာ စိုက်ပျိုးခဲ့ရင်တောင်အရှက်တရားကြောက် ညှိုးခြောက်ပြီးသေဆုံးသွားမှာတဲ့..။အဲဒီပန်းကလေးကတော့ လီလို့ခေါ်တဲ့ မိန်းမပျိုလေးပေါ့။ချစ်ရတဲ့ အရိုင်းပန်းကလေး လီကို လိုက်ရှာရတဲ့ ယောကျ်ားတစ်ယောက်ရဲ့ဇာတ်လမ်း။လီ့အပေါ်ထားရှိတဲ့ သူ့ရဲ့ချစ်ခြင်းတရားက အရာရာကိုအောင်နိုင်မှာလားဆိုတာ တေးသွားတွေကိုခံစားရင်းကြည့်ရှုကြပါဦး။
အညွှန်းနဲ့ဘာသာပြန်ထားတာကတော့aungmo3hanပဲ ဖြစ်ပါတယ်...
Trees, and Other Entanglements (2023)
⭐IMDB: 6.7/10 (185 Votes)
🎬 #Documentary
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 54 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Trees, and Other Entanglements (2023)
IMDb – 6.6/10
ဒီမှတ်တမ်းရုပ်ရှင်ကို ရိုက်ခဲ့တဲ့ အမျိုးသမီးဒါရိုက်တာ အိုင်းရင်းတေလာဘရော့စကီဆိုတာမှတ်တမ်းရုပ်ရှင်တွေနဲ့ပဲ ဆုတွေအများကြီးရခဲ့တဲ့ အမျိုးသမီးတစ်ဦး။သူ့ရဲ့ပထမဆုံးဖြစ်တဲ့ နားမကြားတဲ့သူ့မိဘတွေအကြောင်းကိုရိုက်ခဲ့တဲ့ မှတ်တမ်းရုပ်ရှင် Hear and Now(2007)ကနေတင်ဆုတွေအများကြီးသိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒီမှတ်တမ်းရုပ်ရှင်ကတော့ သစ်ပင်တွေရဲ့အကြောင်းနဲ့ သစ်ပင်တွေနဲ့ ရောယှက်လာခဲ့တဲ့လူတွေရဲ့ဘ၀ဇာတ်ကြောင်းတွေပေါ့။
သစ်ပင်တွေမှာပဲ ကျွန်တော်တို့ရဲ့ လူသားသမိုင်းတွေကို ပြန်ပြောင်းပြောနိုင်တဲ့ ဇာတ်လမ်းတွေအများကြီးရှိခဲ့တယ်။ဒီရုပ်ရှင်ထဲမှာဆို သစ်ပင်တွေကြားမှာ ပုန်းကွယ်နေခဲ့တဲ့ ကလေးတစ်ယောက်၊ အမေရိကန် ဘွန်ဇိုင်းပညာရှင်တစ်ယောက်၊သစ်ပင်တွေကို စောင့်ကြည့်နေတဲ့ ဓာတ်ပုံပညာရှင်တစ်ယောက်၊ သစ်တောကြီးကို ကာကွယ်ဖို့ကြိုးစားတဲ့မိခင်တစ်ယောက်၊ဘွန်ဇိုင်းပင်တွေကို မှီတွယ်ရင်း နေထိုင်ခဲ့ကြတဲ့ ဂျပန်မိသားစု…စတဲ့ ဇာတ်လမ်းပေါင်းများစွာ။ဒီလို သစ်ပင်တွေရယ် သစ်ပင်တွေနဲ့ ဆက်စပ်နေတဲ့ဘ၀တွေရယ်ကို မှတ်တမ်းတင်ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပေးလိုက်ပါတယ်။
အညွှန်းနဲ့ဘာသာပြန်ထားတာကတော့aungmo3hanပဲ ဖြစ်ပါတယ်...
Toxic Parents (2023)
⭐IMDB: 6.2/10 (20 Votes)
🎬 #Drama #Mystery #Thriller
🗓 2023 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 44 မိနစ် 22 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Toxic Parents (2023)
ဒီတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ ကိုရီးယားလူငယ်တော်တော်များများကြုံတွေ့ရတတ်တဲ့အခက်အခဲကိုသေချာလေးမီးမောင်းထိုးရိုက်ပြထားတဲ့ Toxic Parents ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်
အီယူရီဆိုတဲ့ကလေးမလေးကအတန်းထဲမှာစံပြကျောင်းသူတစ်ယောက်ဖြစ်ပေမယ့်တင်းကြပ်လွန်းတဲ့သူမအမေဖြစ်သူကြောင့်သူငယ်ချင်းတစ်ယောက်မှမရှိသူပါဒါပေမယ့်တစ်နေ့မှာတော့အိုင်ဒေါလ်ဖြစ်ဖို့ကြိုးစားနေတဲ့သင်တန်းသူမလေး ယယ်နာနဲ့တွေ့ပြီးသူငယ်ချင်းဖြစ်သွားပါတော့တယ်ဂျစ်ပစီမလေးယယ်နာနဲ့ယူရီက အကျင့်စရိုက်ချင်းကွာခြားပေမယ့်အခင်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ပြီးတဲ့နောက်မှာရုတ်တရက်ယူရီကသေဆုံးသွားခဲ့ပါတယ်စုံထောက်တွေအနေနဲ့ယူရီသေဆုံးရတဲ့အကြောင်းအရင်းကိုလိုက်ရှာတဲ့အခါမှာ ယူရီဟာဘာကြောင့်သေဆုံးသွားသလဲဘယ်သူတွေပါဝင်ပက်သက်နေသေးလဲ ယယ်နာကရောယူရီရဲ့သေဆုံးမှုမှာပါဝင်နေမလားဆိုတာကြည့်လိုက်ကြရအောင်
သားသမီးတွေကိုကိုယ်ကိုယ်တိုင်တောင်မသိလိုက်ပဲအဆိပ်တွေပေးနေမိမှန်းမသိတဲ့မိဘတွေလည်းရှိပါတယ်ပညာပေးကားလေးလည်းဖြစ်တာမို့ နောင်တစ်ချိန်မိဘဖြစ်လာမယ့်လူငယ်တွေရောလက်ရှိမှာမိဘဖြစ်နေတဲ့သူတွေရောကြည့်ရှုသင့်တဲ့ကားလေးပါ
အညွှန်းနဲ့ဘာသာပြန်ထားတာကတော့Thae Thaeပဲ ဖြစ်ပါတယ်...
American Ultra (2015)
⭐IMDB: 6.1/10 (95 k Votes)
🎬 #Uncategorized #Comedy #Action
🗓 2015 🎞 movie
🌎 #UnitedStates #Switzerland #UnitedStatesofAmerica
⏰ 1 နာရီ 35 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားရဲ့ ဒါရိုက်တာက Max Landis ဖြစ်ကာ သရုပ်ဆောင်တွေကတော့ Social Network ဇာတ်ကားထဲကမင်းသား Jessie Eisenberg ဖြစ်ကာ မင်းသမီးကတော့ Twilight ဇာတ်ကားတွေနဲ့ နာမည်ကျော်လာသည့် Kristen Stewart တို့ကအဓိကပါ၀င်သရုပ်ဆောင်ထားတာပါ။
CIA အေးဂျင်ဟောင်း Mike Howell ဆိုသည့် လူရိုးလူအေးတစ်ယောက်ဟာ West Virginia က Liman ဆိုသည့် မြို့ကလေးမှာနေထိုင်လျက်ရှိတာပါ။ သူရဲ့အလုပ်ကစတိုး ဆိုင်စာရေးဖြစ်ကာ ကာလရှည်တွဲလာခဲ့သည့် ချစ်သူ Phoebe Larson ဆိုသည့်မိန်းကလေးကိုလည်း လပ်ထပ်ခွင့်တောင်းဖို့ ကြံရွယ်နေတာပဲဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ CIA ဌာနချုပ် Langley မှာရှိသည့် CIA အေးဂျင်း Victora Lasseter ဆိုသူကလည်းသူမ မအောင်မြင်ခဲ့သည့် Ultra ဆိုသည့်ပရိုဂရမ်က တစ်ဦးတည်းကျန်နေသည့်သူ့ကို သူမရဲ့ပြိုင်ဖက် Adrian Yates ဆိုသူကအစဖျောက်ပစ်ဖို့လုပ်နေတာကိုတွေ့လိုက်ရပါတယ်။
သူမရဲ့ပရိုဂရမ်ကမအောင်မြင်ခဲ့ပေမယ့် Adrian ကတော့သူရဲ့ Tough Guy ဆိုသည့်ပရိုဂရမ်ကအောင်မြင်မှုရထားတာပါ။ Adrian ကသူ့ရဲ့ Tought Guy ကလူတွေကိုစေလွှတ်ကာ Ultra အေဂျင့်လက်ကျန်ကို ရှင်းခိုင်းလိုက်ပါတယ်။ အဲ့ဒိမှာပဲ Lasseter က Mike ကို ဆက်သွယ်ခဲ့ပါတော့တယ်။ Adrian ရဲ့လူတွေက Mike ရဲ့ကားကိုဗုံးထောင်ကာသူ့ကိုလည်းတိုက်ခိုက်လာပါတော့ တယ်။ Mike က ဒီလူတွေကိုရှင်းပစ်လိုက်ကာ သူ့ရည်းစား Phoebe ထံဖုန်းဆက်ပြီးနောက်မှာတော့ သူတို့နှစ်ဦးသားလူသတ်မှုဖြင့်ရဲစခန်းရောက်သွားပါတော့တယ်။
Adrian ကရဲစခန်းကိုလူတွေထပ်မံစေလွှတ်ကာ Mike တို့ကို သတ်ခိုင်းခဲ့ပေမယ့်လွတ်သွားခဲ့ပြန်ပါတယ်။ ဒီနောက်မှာတော့ Mike ရဲ့သူငယ်ချင်းဖြစ်သည့် Rose ရဲ့အိမ်ကိုသွား ရောက်ကာပုန်းနေပါတော့တယ်။ Adrian ကတော့ တစ်မြို့လုံးကိုပိတ့်ဆို့ထားပြီး Rose ရဲ့အိမ်ကိုမေ့ ဆေးဓါတ်ငွေ့လွှတ်ကာတိုက်ခိုက်ရာမှာတော့ Rose တစ်ယောက်သေဆုံးသွားခဲ့ပါတော့တယ်။ Mike ကတော့ Phoebe ရဲ့ကယ်တင်မှုကြောင့် လွတ်မြောက်ခဲ့ရပြန်ပါတယ်။ CIA ရဲ့လုပ်ပုံလုပ်နည်းတွေကို Phoebe တစ်ယောက်သိနေသည့် အတွက်မေးရာမှာတော့ သူမဟာ Mike ကိုထိန်းချုပ်နေရသည့်သူဖြစ်ကြောင်းသိလိုက်ရ ပြီး နောက်မှာတော့ . . . . . . . . . .။(ရုပ်ရှင်အညွှန်းကို Mr.Black FB Page မှကူးယူဖော်ပြပါသည်။)...
