ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Heropanti 2 (2022)
⭐IMDB: 2.5/10 (27 k Votes)
🎬 #Bollywood #Romance #Action #Drama #Comedy #Crime
🗓 2022 🎞 movie
📺 #720p #1080p #4K
💿 1.8 GB ⦿ 3.9 GB ⦿ 8.3 GB
🌎 #India
⏰ 2 နာရီ 20 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(ရုံတင်ခိုးရိုက်ဗားရှင်းမဟုတ်ပဲ ရုပ်ထွက်ကြည်လင်ပြတ်သားပြီး
အသံထွက်အကောင်းဆုံး 1080p WEB DL 5.1CH ဗားရှင်းကို တင်ဆက်ပေးထားပါတယ်)
အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ တိုက်ဂါးရှရော့ဖ်ရဲ့ Heropanti 2 ဆိုတဲ့ကားလေးပါ
နံပါတ် ၁ ကတော့ ၂၀၁၄ ကထွက်ထားပြီး အချိတ်အဆက်မရှိလို့ ပြန်မကြည့်လည်းရပါတယ်
Heropanti ကို မြန်မာလိုပြန်လိုက်ရင် ဟီးရိုးဝင်လုပ်တယ်ဆိုပါတော့….
ကားနာမည်အတိုင်းပဲ ဒီကားက တိုက်ဂါးရဲ့အက်ရှင်သက်သက်ကား…
ဇာတ်လမ်းကိုပြောရမယ်ဆိုရင်
အိနိဒယနိုင်ငံသားတွေဆီကနေ လုယက်ချင်နေတဲ့ လူတစ်ယောက်ရှိတယ်
ဟက်ကာတစ်ယောက်ဆိုပါတော့ လွန်စွာရက်စက်တဲ့ ဆိုက်ကိုမျက်လှည့်ဆရာတစ်ယောက်လည်းဖြစ်သေးတယ်
သူကနိုင်ငံသားတွေအခွန်ဆောင်ရမယ့်နေ့မှာ အားလုံးရဲ့အကောင့်ထဲကငွေတွေကို လှမ်းဟက်ပြီး အပိုင်စီးချင်နေတာပေါ့
မင်းသားက သူ့ထက်နှာတဖျားသာတဲ့ ဟက်ကာ…ဆိုတော့ ဒီအဖြစ်ကိုတားဆီးဖို့ ထောက်လှမ်းရေးက
မင်းသားကို သူ့အဖွဲ့ထဲဝင်ပြီး ဒေတာတွေ ပြန်ဟက်ခိုင်းတဲ့အခါ….
ဖြစ်လာမယ့်စွန့်စားခန်းတွေနဲ့ တိုက်ဂါးရဲ့အက်ရှင်တွေကို တဝကြီးကြည့်ရှုခံစားရမှာပါ
အော် မင်းသမီးကလည်း Student of the Year 2 ထဲက မင်းသမီးချောလေး တာရားဆိုတော့
သူမရဲ့ဝတ်စားဆင်ယင်ပုံအလန်းတွေကို အပိုထပ်ဆောင်းအနေနဲ့ မျက်စိပါအစာကြွေးနိုင်မှာပါ…....
RRR (2022)
⭐IMDB: 7.8/10 (153 k Votes)
🎬 #Action #Bollywood #Drama
🗓 2022 🎞 movie
📺 #1080p #720p #4K
💿 2.7 GB ⦿ 5.2 GB ⦿ 12.4 GB
🌎 #India
⏰ 3 နာရီ 5 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
RRR (2022)IMDb Rating -8.4/10
(ခုဗားရှင်းကတော့ အကြည်ဆုံး WEB DL ဗားရှင်းကို
Audio 5.1CHနဲ့ 4k Qualityထိ တင်ဆက်ပေးထားပါတယ်)
ဘိုင်ယာဘာမင်းသား Konidela Ram Charan Teja နဲ့
ဂမ်ဂုဘိုင် မင်းသမီး Alia Bhatt တို့ရဲ့ ပါဝင်ထားပြီး မင်းသားကြီးအာဂျေးလို
ဝါရင့်သမ္ဘာရင့် သရုပ်ဆောင်ကြီးကပါ ပါဝင်အားဖြည့်ပေးထားပါတယ်)
1920 ခုနှစ် အိန္ဒိယနိုင်ငံကို ဗြိတိသျှအစိုးရ အုပ်ချုပ်နေစဥ်အခါက မြို့စားမင်း စကော့နဲ့
အမျိုးသမီးဖြစ်သူ ကတ်သရင်းတို့ဟာ အာသီလာဘတ်တောအုပ်ထဲကိုသွားရင်း မာလီဆိုတဲ့
ကလေးလေးတစ်ယောက်ကို အဆိုကောင်းတာကြောင့် မတရား ဖမ်းဆီးခေါ်ဆောင်သွားကြပါတယ်
မာလီရဲ့ အစ်ကိုဖြစ်တဲ့ ဘင်းတစ်ယောက်ကတော့ သူ့ညီမလေးကို ကယ်ဖို့ အစွမ်းကုန်ကြိုးစားနေရင်း
တစ်နေ့ ရာမာ(ရမ်) နဲ့ ဆုံခဲ့ပါတယ် သူတို့နှစ်ယောက် အလုပ်အတူတူလုပ်ရင်းနဲ့
အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်သွားခဲ့ကြတာပေါ့ သို့သော် ဘင်းမသိခဲ့တဲ့ ရမ်ရဲ့အကြောင်းကတော့
ရမ်ဟာ အင်္ဂလိပ်တွေအတွက် အလုပ်လုပ်ပေးနေတဲ့ ရဲအရာရှိတစ်ယောက် ဖြစ်နေခဲ့တာပါ
ရမ်က ရဲသားတစ်ယောက်ဖြစ်တဲ့အပြင် ကိုယ့်လူမျိုးတွေကိုပါ ညှာတာခြင်းမရှိ
နှိပ်စက်သတ်ဖြတ်နိုင်တဲ့သူတစ်ယောက်ပါ ဒါပေမဲ့ သူ့မှာလည်း လျှို့ဝှက်ချက်တွေအများကြီးရှိနေခဲ့ပါတယ်
ဘင်းနဲ့ ရမ်ရဲ့ ဆက်ဆံရေးက ဘယ်လိုဆက်ဖြစ်မှာလဲ…
ရမ်နဲ့ စီသာ (မင်းသမီး Alia Bhatt) ကကော ဘယ်လိုဆက်နွယ်မှုရှိနေတာလဲ….
IMDb 8.4/10 ရရှိထားပြီး ဗြိတိသျှအစိုးရရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့အတူ
အဖိနှိပ်ခံပြည်သူတွေရဲ့ ဇာတ်ကြောင်းနဲ့ ဘဝတွေကို အကောင်းဆုံးရိုက်ပြထားတဲ့
ဇာတ်ကားကောင်းတစ်ကောင်းဖြစ်တာကြောင့် အခုပဲ ကြည့်ဖို့ ညွှန်းပေးလိုက်ရပါတယ်ဗျာ
(4k Quality ထွက်လာရင်လဲ အမြန်ဆုံး Updateပေးသွားပါမယ်)...
Memory (2022)
⭐IMDB: 5.7/10 (31 k Votes)
🎬 #Action #Thriller #Crime
🗓 2022 🎞 movie
📺 #720p #1080p #4K #480p
💿 834.1 MB ⦿ 1.5 GB ⦿ 3.1 GB ⦿ 392.7 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 54 မိနစ် 37 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မင်းသားကြီး လီယံနယ်ဆန် နဲ့ မင်းသမီး မိုနီကာဘယ်လူချီတို့ပါဝင်ထားတဲ့ ရုပ်ရှင်ကားအသစ်ထွက်ပါပြီ။ Crime, Thriler အမျိုးအစားပါပဲ။အဲလက်စ်ဆိုတဲ့ ကြေးစားလူသတ်သမားတစ်ယောက်ကို ကလေးသူငယ် လူကုန်ကူးတဲ့အဖွဲ့က လူတစ်ယောက်ကို သတ်ဖို့ ငှားရမ်းတာကနေ စတင်လိုက်ပါတယ်။
ငှားလိုက်တဲ့အဖွဲ့ မသိသေးတာက အဲလက်စ်ဟာ အယ်ဇိုင်းမာရောဂါဖြစ်နေပြီး မှတ်ဉာဏ်တွေက ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတာပါပဲ။အဲဒီလူကုန်ကူးအဖွဲ့ကိုပဲ မက္ကဆီကိုရဲတစ်ယောက်နဲ့ အက်ဖ်ဘီအိုင်တစ်ယောက်က လိုက်နေပါတယ်။ဒီလူအားလုံးမှာ ဝမ်းနည်းစရာ နောက်ကြောင်းကိုယ်စီနဲ့ပေါ့။
ဥပဒေ နဲ့ လက်စားချေမှုကြားမှာ လွန်ဆွဲပုံတွေ၊ ချမ်းသာပြီး ဩဇာကြီးလွန်းတဲ့သူတွေဟာ ဥပဒေအထက်ကိုရောက်နေပုံတွေကို ပြသထားတဲ့ ရုပ်ရှင်ကောင်းကောင်းတစ်ကားပါပဲ။...
The Hunt for Red October (1990)
⭐IMDB: 7.5/10 (208 k Votes)
🎬 #Action #Adventure #Thriller
🗓 1990 🎞 movie
📺 #1080p #720p
💿 2.3 GB ⦿ 772.7 MB
🌎 #UnitedStates
⏰ 2 နာရီ 15 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Hunt for Red October (1990)
~ IMDb – 7.5/10, Rotten Tomatoes – 88% ~
ဒီရုပ်ရှင်က စာရေးဆရာ Tom Clancy ရဲ့ ဇာတ်ကောင် Jack Ryan တစ်ယောက် စာမျက်နှာထက်ကနေ ပိတ်ကားပေါ်ကို စတင်ရောက်ရှိခဲ့တဲ့ရုပ်ရှင်ဆို မမှားပါဘူး။ Prime ရဲ့ Jack Ryan shows တွေလိုပဲ ရုပ်ရှင်ဘက်မှာ Jack Ryan Franchise ဆိုပြီး ဇာတ်ကား၅ကား ထွက်ခဲ့ဖူးပါတယ်။ CM မှာ 2014 ခုနှစ်ထွက် Jack Ryan ဇာတ်ကားကို တင်ပြီးပြီဖြစ်ပြီး အခုတင်ဆက်ပေးမှာကတော့ ဒီ Franchise ထဲက ပထမဆုံးကားပါ။
ဒီဇာတ်ကားက ၁၉၉၀မှာထွက်ရှိခဲ့တာဖြစ်ပြီး Jack Ryan’s Theme ဖြစ်တဲ့ Political Spying ပုံစံကို သေချာခံစားရလို့ Old but Gold မှ ကြိုက်တယ်ဆိုသူတွေရော Action ကားပရိသတ်တွေပါ ကြိုက်မယ့် ဇာတ်ကားပါပဲ။ ဇာတ်လိုက်၂ယောက်ကတော့ အားလုံးသိတဲ့ ဂျိမ်းစ်ဘွန်းမင်းသားကြီး Sean Connery နဲ့ Pearl Harbor နဲ့ Beetlejuice အပြင် တခြားကားပေါင်းများစွာထဲက မင်းသားကြီး Alec Baldwin ပါ။
ရုရှားရေတပ်ကပ္ပတိန် ရေးမီယပ်စ် ဦးဆောင်တဲ့ Red October ဆိုတဲ့ အဖျက်ရေငုပ်သင်္ဘောကြီးဟာ ရုရှားပြည်တွင်းကနေ အမေရိကန်ကို ထွက်ပြေးလာပြီးနောက် ရုရှားနိုင်ငံတွင်းက ရေတပ်သင်္ဘောအားလုံး သူတို့ပိုင်သင်္ဘောကို ပြန်ရဖို့ ဖမ်းဆီးရေးခရီးစဉ်ကို စတင်ခဲ့ပါတယ်။ ရေးမီယပ်စ်က မထွက်ခွာခင် ရုရှားရေတပ်ရဲ့ဗိုလ်ချုပ်ကြီးပါဒိုရင်ကို အမေရိကန်ဘက်မှာ ခိုလှုံမယ့်အကြောင်းစာပို့ခဲ့တာဖြစ်လို့ ရုရှားတွေ အသည်းအသန်တားဆီးဖို့ အကြောင်းဖန်လာတာပါ။ အမေရိကန်တွေအမြင်မှာတော့ တာဝေးပစ်ဒုံးတွေ သယ်ဆောင်လာတဲ့ ဆိုဗီယက်ပိုင်ရေငုပ်သင်္ဘောကြီးက အကြောင်းအရင်းမသိရဘဲ သူတို့နိုင်ငံဘက်ကို ဦးတည်လာတဲ့အတွက် တားဆီးရဖို့ဖြစ်လာပါတယ်။
Red October ရဲ့ ရည်ရွယ်ချက်အစစ်ကို သတိပြုမိခဲ့ကတော့ CIA ရဲ့ သုတေသီ ဂျက်ရိုင်ယန်ဖြစ်ပြီး သူ့အနေနဲ့ အဆိုပါသင်္ဘောရဲ့ကပ္ပတိန် ရေးမီယပ်စ်ရဲ့ ခိုလှုံချင်တဲ့သဘောထားကို ယူအက်စ်အာဏာပိုင်တွေ၊ ရေတပ်အရာရှိတွေ ယုံကြည်အောင် နားချရပါတော့တယ်။ ဆိုဗီယက်အစိုးရဘက်ကလည်း သူတို့ရဲ့ရေငုပ်သင်္ဘောကြီး သူတို့ရဲ့မဟာရန်သူ လက်ထဲ အလွယ်တကူအရောက်မခံနိုင်လို့ သွေးထိုးမှုတွေ ဆက်တိုက်လုပ်လာခဲ့လို့ ဂျက်ရိုင်ယန်နဲ့ ကပ္ပတိန်ရေးမီယပ်စ်တို့ဟာ အမေရိကန်နဲ့ ဆိုဗီယက်တို့ရဲ့ ရှေ့နောက်ညှပ်တိုက်မှုကို ခံရမယ့်အခြေအနေပါ။
ဂျက်အနေနဲ့ ဆိုဗီယက်ရဲ့သွေးထိုးမှုတွေကို ယူအက်စ်အာဏာပိုင်တွေ နားမယောင်အောင် ပြောနိုင်မလား။ အနောက်ကလိုက်ပါလာတဲ့ ရုရှားအဖျက်သင်္ဘောတွေရန်ကနေ Red October ကိုကယ်တင်ပြီး ခိုလှုံခွင့်တောင်းချင်တဲ့ ကပ္ပတိန်ရေးမီယပ်စ်တို့ရဲ့ ရည်ရွယ်ချက်အမှန်ကို ချပြနိုင်မလားဆိုတာ ကြည့်ရှုရမယ့် Action Thriller ဇာတ်ကားကောင်းတစ်ကားပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုXမှ ပြန်ဆို ရေးသားထားပါတယ်)...
Bumblebee (2018)
⭐IMDB: 6.7/10 (178 k Votes)
🎬 #Action #Adventure #SciFi #ScienceFiction
🗓 2018 🎞 movie
📺 #4K #1080p #720p
💿 10.2 GB ⦿ 2.0 GB ⦿ 694.7 MB
🌎 #China #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 54 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အချိန်ကတော့ ၁၉၈၇ ခုနှစ်ကို အချိန်တည်ထားပါတယ်
အော်တိုဘော့ တွေဟာ သူတို့ဂြိုလ်မှာ တိုက်ပွဲတွေ ဖြစ်ပြီး
အခြေအနေ မဟန်တဲ့ အခါ ဘမ်ဘယ်ဘီး ကို ကမ္ဘာကိုလွှတ်ပြီး
စောင့်နေဖို့ ခိုင်းလိုက်ပါတယ် ပြီးရင် ပြန့်ကျဲနေတဲ့
အောတိုဘော့ တွေ ကို ပြန်လည်စုစည်းပြီး ရန်သူတွေကို
ချေမှုန်းမယ့် အကြံနဲ့ပါ…
ဒါပေမဲ့ ဘမ်ဘယ်ဘီး ကမ္ဘာကိုဦးတည်သွားတာ သိတဲ့
ရန်သူတစ်ချို့က လိုက်လံရှင်းလင်းရင်း ကမ္ဘာမှာ ပထမဆုံး
စက်ရုပ်စစ်ပွဲတွေ စတင်ဖြစ်ပွားပါတော့တယ်…
အခြေအနေကို စောင့်နေရမယ့် ဘမ်ဘယ်ဘီး လဲ လိပ်ခုံးကားလေးတစ်စီးအဖြစ်
ပြောင်းလဲပြီး အော်တိုမတ်ပရိုင်း တို့ ပြန်အလာကို စောင့်နေခဲ့ရင်း အချိန်ကြာသွားခဲ့ပါတယ်
တစ်ရက်မှာတော့ သူ့အတွက် သံယောဇဉ် တွယ်ရမယ့် သူတစ်ယောက်ကို ပထမဆုံး စတွေ့ခဲ့ပါတယ်
သူကတော့ ချာလီ ဆိုတဲ့ ဆယ်ကျော်သက် ကောင်မလေး တစ်ယောက်ပါ
ချာလီကတော့ ကားတစ်စီးအပြင်းအထန်ရဖို့ ပိုက်ဆံစုနေသူဖြစ်ပြီး
သူမ ဖခင် ထားခဲ့တဲ့ ကားအဟောင်းကြီးကို အချိန်မှန်မှန်ပြင်နေတက်သူပါ
တစ်ရက် ကားအဟောင်းဆိုင်မှာ ဘမ်ဘယ်ဘီး ကို စတွေ့ခဲ့ပြီးနောက်
သူမ ဘဝထဲကို အချစ်ရဆုံးသူအဖြစ် ရောက်ရှိလာခဲ့ပါတယ်..
တစ်ဖက်မှာလဲ ရန်သူတွေက ဘမ်ဘယ်ဘီး ဆီက ရေဒီယိုထုတ်လွင့်မှုကို
အခြေခံပြီး ကမ္ဘာဆီသို့ ဦးတည်လာခဲ့သောအခါ….။
(Transformers ဇာတ်ကားအားလုံးကိုhttps://channelmyanmar.org/?s=transformersမှာရှာပြီး Download လုပ်လို့ရပါတယ်။ )...
Transformers: Rise of the Beasts (2023)
⭐IMDB: 6.5/10 (35 k Votes)
🎬 #Action #Adventure #SciFi #ScienceFiction
🗓 2023 🎞 movie
📺 #1080p #720p
💿 2.6 GB ⦿ 1.2 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 7 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Transformers: Rise of the Beasts (2023)=============================IMDb Rating – 6.5/10
7 ကားမြောက် ထရန်စဖော်မာရုပ်ရှင်လာပါပြီ။ Creed 3 ကိုရိုက်ခဲ့တဲ့ဒါရိုက်တာ Steven Caple Jr. ရဲ့လက်ရာပါပဲ။ ဒီတစ်ခေါက်မှာတော့အော်တိုဘော့တွေနဲ့ ဒီဆက်တီကွန်တွေ ချတာမဟုတ်တော့ပါဘူး။မက်စီမယ်ဆိုတဲ့ သားရဲပုံအများဆုံးပြောင်းတဲ့ ထရန်စဖော်မာ မျိုးနွယ်စုတွေ ပါလာပါပြီ။ အဓိကရန်သူကတော့ ယူနီခရွန်ဆိုတဲ့ ဂြိုလ်တွေကိုအလုံးလိုက်စားပစ်တတ်တဲ့ နတ်ဘုရားလယ်ဗယ် အကောင်ကြီးတစ်ကောင်ပါပဲ။
အဲဒီအကောင်ကြီးဟာ မက်ဆီမယ်တွေရဲ့ ဂြိုလ်ကို ဖျက်ဆီးပြီး မက်ဆီမယ်တွေဆီက ထရန်စဝါ့သော့လို့ခေါ်တဲ့ စကြဝဠာတွေထဲကို ခရီးသွားဖို့ပေါ်တယ်တံခါးဖွင့်ပေးတဲ့သော့ကို လာလုပါတယ်။ အဲဒီသော့နဲ့ ဂြိုလ်ဘူဖေးစားဖို့ပါ။ ယူနီခရွန်နဲ့ သူ့တပည့် တယ်ရာကွန်တွေရယ် တယ်ရာကွန်ခေါင်းဆောင် စကာ့ဂျ်ရယ်ကို မနိုင်တော့လို့ မက်စီမယ်တွေ သော့ကိုယူပြီးကမ္ဘာပေါ်မှာ ပုန်းနေကြရပါတယ်။ ဒါပေမဲ့ စကာ့ဂျ်က ခြေရာခံလိုက်လာပြီးသော့ကိုလုဖို့ကြိုးစားတဲ့အချိန်မှာတော့ ဆိုက်ဘာထရွန်စစ်ပွဲကနေ ရှောင်တိမ်းလာတဲ့ အော့တိမတ်ပရိုင်းရဲ့ အော်တိုဘော့တွေနဲ့ အော့တိမတ်ပရိုင်မယ်ရဲ့ မက်ဆီမယ်တွေပူးပေါင်းပြီး ယူနီခရွန်ရဲ့ တပ်ဖွဲ့တွေကို တားဆီးရပါတော့တယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Mr.Anderson ဖြစ်ပါတယ်)...
Thelma & Louise (1991)
⭐IMDB: 7.5/10 (163 k Votes)
🎬 #Adventure #Crime #Drama #Thriller
🗓 1991 🎞 movie
📺 #1080p #720p #480p
💿 2.2 GB ⦿ 1.1 GB ⦿ 678.4 MB
🌎 #UnitedStates #UnitedKingdom #France
⏰ 2 နာရီ 9 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဂန္တဝင်လက်ရာတစ်ခုဖြစ်တဲ့ ဒီရုပ်ရှင်ကိိုတော့ ရုပ်ရှင်ဝါသနာပါသူတွေ ကြားဖူးကြမှာပါ။ ဇာတ်လမ်းက Road Film အမျိုးအစားပါ။ ဇာတ်အိမ်တစ်ခုလုံးကို အဝေးပြေးလမ်းမကြီးတွေပေါ်မှာ တည်ထားပြီး ဇာတ်ကောင်တွေ လမ်းခရီးတစ်လျှောက်ကြုံတွေ့ခဲ့တဲ့အဖြစ်သနစ်တွေကို တင်ဆက်ထားတဲ့ဇာတ်လမ်းမျိုးပါ။ Little Miss Sunshine နဲ့ Natural Born Killers တို့လို Road Films တွေကိုနှစ်သက်ရင်တော့ ဒီရုပ်ရှင်ကိုလည်း အကြိုက်တွေ့ပါလိမ့်မယ်။ ဒီရုပ်ရှင်ရဲ့ဒါရိုက်တာကတော့ ဂန္တဝင်ဒါရိုက်တာကြီး RidleyScott ဖြစ်ပြီး ၁၉၉၁ ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပါတယ်။ Adventure/Drama/Crime ရုပ်ရှင်အမျိုးအစားဖြစ်ပြီး သူ့ရဲ့ အကောင်းဆုံးလက်ရာတွေထဲကတစ်ခုအဖြစ်သတ်မှတ်ခံရတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ ရာဇဝတ်မှုတစ်ခုကျူးလွန်မိပြီးနောက် ထွက်ပြေးတိမ်းရှောင်ဖို့ကြိုးစားတဲ့Thelma နဲ့ Louise ဆိုတဲ့ အမျိုးသမီးနှစ်ယောက်ရဲ့အကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ Thelma ဟာ ခင်ပွန်းဖြစ်သူရဲ့ ဖိနှိပ်ချုပ်ချယ်ခြင်းကိုခံနေရတဲ့ ရိုးရိုးအအ အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး သူ့သူငယ်ချင်းဖြစ်သူ Louise ကတော့ အတိတ်ကစိတ်ဒဏ်ရာတစ်ခုကိုခံစားနေရတဲ့ စားပွဲထိုးတစ်ဦးပါ။ သူတို့နှစ်ယောက်လုံးက သူတို့ရဲ့ပတ်ဝန်းကျင်လူမှုအသိုက်အဝန်းကို စိတ်ကုန်နေတဲ့ သာမန်မိန်းကလေးတွေဖြစ်ကြပြီး စိတ်ပြေလက်ပျောက်ဖြစ်ဖို့အတွက် နှစ်ယောက်သား အပန်းဖြေခရီးထွက်လာကြပါတယ်။ လမ်းခုလတ်မှာတော့ ရာဇဝတ်မှုတစ်ခုကို မတော်တဆကျူးလွန်မိရာကနေ ဥပဒေလက်ကနေထွက်ပြေးဖို့ အသည်းအသန်ကြိုးစားကြရပါတော့တယ်။ 1991 ကထွက်ရှိခဲ့တဲ့ ဒီအမေရိကန်ရုပ်ရှင်ဟာ အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့ပြီး အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ခုအဖြစ်သတ်မှတ်ခံရပါတယ်။ ဒါရိုက်တာဆုအပါအဝင်အော်စကာဆု ၆ခု ဆန်ကာတင်ဝင်ပြီး အကောင်းဆုံးဇာတ်ညွှန်းဆုနဲ့ အော်စကာရရှိခဲ့ပါတယ်။
Thelma နေရာသရုပ်ဆောင်တဲ့ Geena Davis နဲ့ Louise နေရာမှာသရုပ်ဆောင်တဲ့ Susan Sarondon တို့နှစ်ဦးစလုံး Best Actress အဖြစ်နဲ့ အော်စကာဆုဆန်ကာတင်ရွေးချယ်ခံခဲ့ရပါတယ်။ ဒီဇာတ်ကားက Brad Pitt တစ်ယောက် major role မှာ ပထမဆုံးပါဝင်ခဲ့တဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်လမ်းက လူ့အဖွဲ့အစည်းရဲ့မိန်းမတွေအပေါ်ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှုတွေကို သိမ်မွေ့စွာဖော်ညွှန်းထားပြီး ဇာတ်ကောင်မိန်းကလေးနှစ်ယောက် သူတို့ရဲ့စိတ်ဒဏ်ရာတွေကနေ လွတ်မြောက်ဖို့ရုန်းကန်ရပုံ၊ သူတို့နှစ်ဦးအကြားက သံယောဇဥ်ကြိုးတွေပိုလို့ခိုင်မြဲလာပုံကိုတင်ပြထားပါတယ်။ သူတို့ကျင်လည်နေတဲ့ လူ့အဖွဲ့အစည်းကပေးတဲ့ ဒုက္ခတွေကိုခါးစည်းခံစားရင်း နောက်ဆုံးမှာ Thelma နဲ့ Louise တို့နှစ်ယောက် လွတ်မြောက်နိုင်မလားဆိုတာကို ဇာတ်လမ်းအဆုံးထိကြည့်ရှုစေချင်ပါတယ်။ ဘာသာပြန်သူက Wolfenheimဖြစ်ပါတယ်။...
Bumblebee (2018)
⭐⁉️
🎬 ##Action #Adventure #SciFi
🗓 2018 🎞 Movie
📺 #720p #1080p #4K
💿 694.0 MB ⦿ 2.0 GB ⦿ 8.0 GB
🌎 #China #UnitedStates
⏰ 1 နာရီ 53 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အချိန်ကတော့ ၁၉၈၇ ခုနှစ်ကို အချိန်တည်ထားပါတယ်
အော်တိုဘော့ တွေဟာ သူတို့ဂြိုလ်မှာ တိုက်ပွဲတွေ ဖြစ်ပြီး
အခြေအနေ မဟန်တဲ့ အခါ ဘမ်ဘယ်ဘီး ကို ကမ္ဘာကိုလွှတ်ပြီး
စောင့်နေဖို့ ခိုင်းလိုက်ပါတယ် ပြီးရင် ပြန့်ကျဲနေတဲ့
အောတိုဘော့ တွေ ကို ပြန်လည်စုစည်းပြီး ရန်သူတွေကို
ချေမှုန်းမယ့် အကြံနဲ့ပါ…
ဒါပေမဲ့ ဘမ်ဘယ်ဘီး ကမ္ဘာကိုဦးတည်သွားတာ သိတဲ့
ရန်သူတစ်ချို့က လိုက်လံရှင်းလင်းရင်း ကမ္ဘာမှာ ပထမဆုံး
စက်ရုပ်စစ်ပွဲတွေ စတင်ဖြစ်ပွားပါတော့တယ်…
အခြေအနေကို စောင့်နေရမယ့် ဘမ်ဘယ်ဘီး လဲ လိပ်ခုံးကားလေးတစ်စီးအဖြစ်
ပြောင်းလဲပြီး အော်တိုမတ်ပရိုင်း တို့ ပြန်အလာကို စောင့်နေခဲ့ရင်း အချိန်ကြာသွားခဲ့ပါတယ်
တစ်ရက်မှာတော့ သူ့အတွက် သံယောဇဉ် တွယ်ရမယ့် သူတစ်ယောက်ကို ပထမဆုံး စတွေ့ခဲ့ပါတယ်
သူကတော့ ချာလီ ဆိုတဲ့ ဆယ်ကျော်သက် ကောင်မလေး တစ်ယောက်ပါ
ချာလီကတော့ ကားတစ်စီးအပြင်းအထန်ရဖို့ ပိုက်ဆံစုနေသူဖြစ်ပြီး
သူမ ဖခင် ထားခဲ့တဲ့ ကားအဟောင်းကြီးကို အချိန်မှန်မှန်ပြင်နေတက်သူပါ
တစ်ရက် ကားအဟောင်းဆိုင်မှာ ဘမ်ဘယ်ဘီး ကို စတွေ့ခဲ့ပြီးနောက်
သူမ ဘဝထဲကို အချစ်ရဆုံးသူအဖြစ် ရောက်ရှိလာခဲ့ပါတယ်..
တစ်ဖက်မှာလဲ ရန်သူတွေက ဘမ်ဘယ်ဘီး ဆီက ရေဒီယိုထုတ်လွင့်မှုကို
အခြေခံပြီး ကမ္ဘာဆီသို့ ဦးတည်လာခဲ့သောအခါ….။
(Transformers ဇာတ်ကားအားလုံးကိုhttps://channelmyanmar.org/?s=transformersမှာရှာပြီး Download လုပ်လို့ရပါတယ်။ )...
Mirror Mirror (2012)
⭐IMDB: 5.6/10 (90 k Votes)
🎬 #Adventure #Comedy #Family #Fantasy #Drama
🗓 2012 🎞 movie
📺 #1080p #720p #480p
💿 1.8 GB ⦿ 1010.3 MB ⦿ 577.7 MB
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 46 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mirror Mirror 2012 The Ant Bully, Smurfs, Michael Collins အစရှိတဲ့ ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ဖူးတဲ့ မင်းသမီးကောင်း Julia Robertsနဲ့ Emily in Paris, Abduction, Tarzan, The Mortal Instruments: City of Bones အစရှိတဲ့ ရုပ်ရှင်ကောင်းတွေ များစွာမှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသမီးချောလေး Lily Collinsတို့ အတွဲညီညီ သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်လေး လာပါပြီ။ ဇာတ်လမ်းက စနိုးဝှိုက် remakeပါ။ ဒါပေမယ့် ဒီဇာတ်လမ်းက တခြားကြည့်ဖူးနေကြ ရိုးအီနေပြီဖြစ်တဲ့ စနိုးဝှိုက် ဇာတ်လမ်မျိုး မဟုတ်တော့ပါဘူး။ ဒီဇာတ်လမ်းက ဇာတ်ညွှန်းကို ဆန်းသစ်ထားတဲ့ စနိုးဝှိုက်လေးပဲဖြစ်ပါတယ်။ စနိုးဝှိုက်ဆိုတော့ သိကြတဲ့အတိုင်း ဘုရင်မ စုန်းမကြီးရယ် စနိုးဝှိုက်တို့ရဲ့ ပြိုင်ဆိုင်မှုဇာတ်လမ်းပေါ့။ ဒါပေမယ့့် မတူတာက အရင်င်စနိုးဝှိုက်တွေက အားနွဲ့တဲ့မိန်းမသားလေးတွေ ဖြစ်ကြတယ်။ ဘုရင်မကြီးက အဆိပ်ပန်းသီးကျွေး၊ စနိုးဝှိုက်က အဆိပ်မိ၊ မင်းသားလေးက ရောက်လာပြီး ကယ်နဲ့ မင်းသားဦးစားပေးဇာတ်လမ်းမျိုး များပါတယ်။ ဒါပေမယ့် ဒီMirror Mirrorမှာတော့ စနိုးဝှိုက်လေးက အကုန်လုံးနဲ့ ရင်ဘောင်တန်းပြီး ဘုရင်မကြီးနဲ့ ပြိုင်ဆိုင်ကြတာပါ။ စနိုးဝှိုက်တစ်ယောက် ဘုရင်မကြီးနဲ့ ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကို ရင်သပ်ရှုမော့စွာနဲ့ out of the boxကနေ ကြည့်ရှု့လိုက်ကြပါစို့ပြောရင်း နိဂုန်းချုပ်အပ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Minn Khant Kyi Winဖြစ်ပါတယ်။...
Sicario: Day of the Soldado (2018)
⭐IMDB: 7.0/10 (157 k Votes)
🎬 #Action #Crime #Drama #Thriller #Mystery
🗓 2018 🎞 movie
📺 #4K #1080p #720p
💿 5.6 GB ⦿ 1.9 GB ⦿ 747.4 MB
🌎 #UnitedStates #Mexico #UnitedStatesofAmerica
⏰ 2 နာရီ 3 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Genre – Action, Crime, ThrillerIMDB – 7.0/10
၂၀၁၅ ခုနှစ်က ထွက်ခဲ့တဲ့ ပထမဆုံး Sicario ကားကို
ကြည့်ဖူးပြီး ကြိုက်တယ်ဆိုရင်တော့ ဒီကားကလည်း
ရွှေပေါ့ဗျာ။ ပထမကား Rating 7.6 ကို မမှီပေမဲ့ ကြည့်ရတာ
လုံးဝ အရသာ မလျော့သွားပါဘူး။ ဒါတောင် ဒါရိုက်တာက
ပထမကားက Denis Villeneuve မဟုတ်တော့ပဲ Stefano
Sollima ပြောင်းသွားတာပါ ဒါပေမဲ့ ဒီ အငွေ့အသက်အတိုင်းပါပဲ။
သရုပ်ဆောင်တွေကလည်း ရှေ့ကားထဲက ဘဲကြီးနှစ်ပွေ
Josh Brolin နဲ့ Benecio Del Toro တို့ပဲ ပြန်ပါဝင်ထားပါတယ်၊
Emily Blunt ရဲ့ ဇာတ်ကောင်ကတော့ ဒီဇာတ်လမ်းအတွက်
မလိုအပ်တော့လို့ ဖြုတ်ထားခဲ့ပါတယ်တဲ့။
ဇာတ်လမ်းအကြောင်းပြောရမယ်ဆို ရှေ့ကားရဲ့အဖြစ်အပျက်တွေ
ဖြစ်ပြီး နှစ်နည်းနည်းမှာ တည်ဆောက်ထားတဲ့ပုံပါပဲ။ အစိုးရရဲ့
လူသိမခံချင်တဲ့ ပြဿနာတွေ ဒိုင်ခံဖြေရှင်းတဲ့ မက်တစ်ယောက်လည်း
အာဖရိကကို ရောက်နေပါပြီ။ အာလေဟန်ဒရိုကလည်း ပထမကားထဲမှာ
လုပ်စရာရှိတာလုပ်ပြီးတော့ ကိုလမ်ဘီယာမှာ သွားအနားယူနေပါပြီ။
အဲဒီမှာပဲ အမေရိကန်နိုင်ငံမှာ အသေခံဗုံးခွဲပြီး အကြမ်းဖက် တိုက်ခိုက်
တာတွေ ပြုလုပ်လာပါတော့တယ်။ ဒီတိုက်ခိုက်ရေးသမားတွေကို
အမေရိကန်ထဲ မှောင်ခိုသွင်းပေးတာက မက်ဆီကန်မူးယစ်ဂိုဏ်းတွေ
ဖြစ်နေတော့ အစိုးရအနေနဲ့ လက်မည်းကြီးလုပ်ပြီး နောက်ကွယ်ကနေ
ဖြေရှင်းချင်တော့ကျ မက်ကို လှမ်းခေါ်ရပါတော့တယ်။ ဒီမှာ အမေရိကန်
အနေနဲ့ ဒီဂိုဏ်းတွေကို အကြမ်းဖက်စာရင်းသွင်းပြီး ချေမှုန်းချင်
တော့ကျ သူများနိုင်ငံထဲ ဖြစ်တဲ့အတွက် သူ့ခြံထဲက ကြက်အချင်းချင်း
ပြန်ခွပ်ခိုင်းတဲ့အကွက် ဂိုဏ်းချင်းရန်တိုက်ပေးပြီး စစ်ဖြစ်အောင်
ဖန်တီးပေးဖို့ မက်တို့ တာဝန်ကျလာပါတော့တယ်။ ဒီမှာတင်
မက်ကလည်း သူ့လူဟောင်း အာလေဟန်ဒရိုကို ပြန်ခေါ် တပ်ဖွဲ့တစ်ခု
ဖန်တီးပြီး ဂိုဏ်းခေါင်းဆောင်ရဲ့ သမီးဖြစ်သူကို ပြိုင်ဖက်ဂိုဏ်းက
ပြန်ပေးဆွဲသယောင်နဲ့ အယောင်ဆောင်လုပ်ပြီး စစ်ပွဲ ဖန်တီးဖို့
ကြိုးစားချိန်မှာတော့ အောင်မြင်သွားမလား ဘာတွေဆက်ဖြစ်မလဲ
စသဖြင့် သည်းထိတ်ရင်ဖိုစွာနဲ့ Sicario ထုံးစံအတိုင်း ကြည့်ရှုရမှာပဲ
ဖြစ်ပါတယ်။ သွေးအေးအေးနဲ့ စည်းလွတ်ဝါးလွတ် ကြမ်းတတ်တဲ့
မက်တစ်ယောက်နဲ့ လုပ်ရည်ကိုင်ရည်အလန်းစားနဲ့ သောက်ရမ်းကြမ်းတဲ့
Sicario ကြီး အာလေဟန်ဒရိုတို့ကို ပြန်ခံစားရမှာပဲ ဖြစ်ပါတယ်။...
Sicario (2015)
⭐IMDB: 7.6/10 (449 k Votes)
🎬 #Action #Crime #Drama #Thriller #Mystery
🗓 2015 🎞 movie
📺 #720p #1080p #4K
💿 555.0 MB ⦿ 1.4 GB ⦿ 3.7 GB
🌎 #UnitedStates #Mexico #HongKong #UnitedStatesofAmerica
⏰ 2 နာရီ 2 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Genre – Action, Crime, DramaIMDB – 7.6/10
၂၀၁၅ ခုနှစ်တုန်းက အလန်းစားရုပ်ရှင်တွေထဲက တစ်ကားဆို
ငြင်းရမယ် မထင်ဘူးဗျာ… သေသပ်လှပတဲ့ ရိုက်ကွက်၊ ပံ့ပိုးပေး
ထားတဲ့ နောက်ခံတီးလုံးက စိတ်လှုပ်ရှားစရာ၊ မထင်ထားတဲ့
ဇာတ်လမ်းနဲ့ ဇာတ်ကောင်ဖွဲ့စည်းပုံတွေကြောင့် ပိုမိုက်တဲ့အက်ရှင်
ကားကောင်း ဖြစ်သွားခဲ့ရတယ်။ အက်ရှင်ဇာတ်ကားက ကောင်းဆို
ရိုက်ထားတဲ့ ဒါရိုက်တာကြီးက Blade Runner တို့ Dune တို့ Arrival
တို့ ရိုက်ထားတဲ့ Denis Villeneuve ပေါ့ သူ့ စတိုင်အတိုင်း
ခပ်အေးအေးနဲ့ သံစဉ်တွေ အမြင်တွေနဲ့ ဖော်ကျူးထားတယ်။
သရုပ်ဆောင်တွေကလည်း လူတိုင်းသိကြတဲ့ လက်ဖျောက်တီး
Thanos ကြီး Josh Brolin ရယ် အမြဲမှုန်ကုပ်ကုပ်နဲ့ သရုပ်ဆောင်
လေ့ရှိတဲ့ Benecio Del Toro ရယ် Quiet Place တို့ တွမ်ခရုနဲ့
ရှယ်ကြမ်းထားတဲ့ Edge of Tomorrow ထဲက Emily Blunt တို့က
ရှယ်သရုပ်ဆောင်ပေးထားသေးတာ။ နောက်ပြီး ၂၀၁၆ ခုနှစ်
အော်စကာမှာလည်း ရိုက်ချက်ဆု၊ အသံတည်းဖြတ်ဆုနဲ့ နောက်ခံ
တေးဂီတဆုတို့က မရခဲ့ပေမဲ့ စကာတင် ဝင်ခဲ့သေးတယ်။
ဇာတ်လမ်းအကျဉ်းချုပ်ကတော့
အက်ဖ်ဘီအိုင်က စာအုပ်ကြီးအတိုင်း လုပ်နေကြ အေးဂျင့်ကိတ်
တစ်ယောက် တစ်ရက်မှာ ပြန်ပေးဆွဲသတင်းရလို့ အိမ်တစ်အိမ်
ဝင်စီးရာကနေ လူသေလောင်းပေါင်းများစွာနဲ့ မက်ဆီကို မူးယစ်
ဂိုဏ်းကိစ္စတွေဆိုတာ သိလိုက်ရပါတယ်။ အဲဒီအချိန်မှာ ဒီလို
ငယ်ရွယ်ပြီး အတွေ့အကြုံရှိတဲ့အေးဂျင့်ကို တရားရေးရာအကြံပေး
ဆိုတဲ့ ဘဲကြီးမက်ဆိုတဲ့လူက သဘောကျပြီး သူတို့အသစ်ဖွဲ့ထားတဲ့
ညွန့်ပေါင်းအဖွဲ့ထဲ ဝင်မလားပေါ့ ဒီနေ့ ဒီလူသေအလောင်းတွေအား
လုံးရဲ့ လက်သည်တာဝန်ရှိတဲ့လူကို လိုက်ရှာမှာ မင်း စိတ်မပါဘူး
လားဆိုတော့ ကိတ်တစ်ယောက် လိုက်ပါသွားခဲ့တယ်။ ဒီလိုသွားတဲ့
အချိန်မှာ စပိန်စကားလည်းရပြီး လူတွေကို မှုန်ကုပ်ကုပ်ကြည့်ပြီး
အိပ်ရေးမဝတဲ့ ထူးဆန်းတဲ့ ဘဲကြီးတစ်ပွေကလည်း ပါလာပြန်
သေးတယ်။ အဲဒါနဲ့ ညွန့်ပေါင်းအဖွဲ့ စတင်ပြီး မက်ဆီကို မူးယစ်ဂိုဏ်း
စစ်ဆင်ရေးတွေ လုပ်ကြတဲ့အခါမှာတော့ ကိတ်အတွက်က မှန်းချက်နဲ့
နှမ်းထွက် မကိုက်သလိုတွေ ဖြစ်ခဲ့ရတယ်။ လုပ်ရိုးလုပ်စဉ်အတိုင်း
လုပ်နေကြ ကိတ်နဲ့ ဒီအဖွဲ့အစည်းရဲ့ သမားရိုးကျမဟုတ်တဲ့နည်းတွေ
အံ့သြစရာတွေ နောက်ကွယ်က တကယ့်လျှို့ဝှက်ချက်တွေကို
ကိတ် သိလိုက်ရတဲ့ခါမှာတော့….။
အဖွဲ့ခေါင်းဆောင်နေရာ ဂွတီးဂွကျနဲ့ ဆော်စရာရှိလည်း အသေဆော်ပြီး
ကြမ်းပြတဲ့ Brolin ရော မှုန်ကုပ်ကုပ်နဲ့ တစ်ကားလုံး လုပ်စရာရှိတာကို
သွေးအေးအေးနဲ့ လုပ်ပြသွားတဲ့ Del Toro ရယ် လူသစ်လေးနေရာကနေ
ဘာမှန်း တစ်လုံးတစ်လေမှ မသိရပဲ နောက်ကနေ အူကြောင်ကြောင်နဲ့
စိတ်အလိုမကျမှုတွေနဲ့ အေးဂျင့် Blunt ကလည်း အကြမ်း။
တစ်ကားလုံး သူ့နေရာကနေ ဝင်ခံစားကြည့်လိုက်ပါ ရင်တစ်ထိတ်ထိတ်နဲ့
ဘာတွေဖြစ်လို့ ဖြစ်နေမှန်းမသိပဲ ဟိုဘဲကြီးနှစ်ပွေနောက် လိုက်နေရတဲ့
ဖီးလ်က သည်းထိတ်ရင်ဖိုကားဆန်ဆန်နဲ့ ပရိုကျကျ ဖြုတ်ကျတာတွေကို
ခံစားရမှာပါ။ သာမန်အက်ရှင်ကြည့်နေကြလူတွေအတွက်တော့
နည်းနည်းအသွားအလာလေးပြီး ပျင်းသလို ဖြစ်နိုင်ပါတယ် ဒါပေမဲ့
ပြီးအောင်သာဆက်ကြည့်ကြပါ တကယ်ကောင်းတဲ့ ရုပ်ရှင်တစ်ကားမို့
လက်မလွှတ်စေချင်ပါဘူး။...
Radhe Shyam (2022)
⭐IMDB: 5.3/10 (30 k Votes)
🎬 #Bollywood #Drama #Romance
🗓 2022 🎞 movie
📺 #720p #1080p #4K
💿 1.4 GB ⦿ 2.6 GB ⦿ 5.8 GB
🌎 #India
⏰ 2 နာရီ 16 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အိန္ဒိယမဟုတ်ဘဲ ဥရောပမှာ ဇာတ်အိမ်တည်ထားတဲ့
Indian romance ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။
ဇာတ်လမ်းကို မမိတ်ဆက်ခင်မှာ အရင်မိတ်ဆက်ပေးချင်တာကတော့
အဓိကဇာတ်ဆောင်အဖြစ် ပါဝင်သွားမယ့် မင်းသား Prabhasဖြစ်တဲ့အပြင်
Quality ပိုင်းမှာလဲ ခိုးရိုက်ဗားရှင်းမဟုတ်ပဲ WEB DLဗားရှင်းအကြည်ကို တင်ဆက်ပေးထားပါတယ်…
Prabhas ကတော့ တခြားသူမဟုတ်ပါဘူး။ ၂၀၁၅ ခုနှစ်လောက်က
တီဗီမှာ ပါးစပ်အဟောင်းသားကြည့်ခဲ့ရတဲ့၊ setting အလန်းစားတွေနဲ့ရိုက်ကူးထားတဲ့
Baahubali ကားထဲက မင်းသားပါပဲ။ Baahubali ကားထဲမှာ ဗလကောင်းကောင်း
အရပ်မြင့်မြင့်နဲ့ ဟိတ်ဟန်အပြည့်ရှိခဲ့သလိုမျိုး ဒီကားထဲမှာလည်း
မတူထူးခြားတဲ့ဟန်ပန်နဲ့ ခပ်မိုက်မိုက် ခပ်လန်းလန်း ထပ်မံတွေ့ရှိရဦးမှာ ဖြစ်ပါတယ်။
ခုလို ပွင့်လင်းမြင်သာတိုးတက်နေတဲ့ခေတ်ကြီးမှာ လူတွေက prediction အစား
facts တွေကိုပဲ ပိုပြီးယုံကြည်လက်ခံလာကြပါတယ်။ ဒါပေမဲ့ ဗေဒင်လက္ခဏာတွေကို
ယုံကြည်ကိုးစားသူကလည်း အများအပြား ရှိတုန်းပါပဲ။
“အချစ်နဲ့ ကံကြမ္မာ အားပြိုင်မှု”….
လူနှစ်ယောက်က ရေစက်ပါလို့ တွေ့ဆုံကြတဲ့အခါ အချစ်တစ်ခု ဖြစ်တည်လာပါတယ်။
တကယ်လို့ အဲဒီလူနှစ်ယောက်ဟာ တွေ့ဆုံပြီး ချစ်မိခဲ့ကြပေမဲ့ ရေစက်မပါလာခဲ့ဘူးဆိုရင်ရော…..
လက်တွေ့ကျတဲ့ အချက်အလက်တွေကိုပဲ ယုံကြည်ပြီး သက်သေပြနိုင်မှ လက်ခံတဲ့ ဆရာဝန်မလေး Prerana….
“ဗေဒင်လက္ခဏာလောကရဲ့ အိုင်းစတိုင်း” အဖြစ် ကျော်ကြားပြီး ဟောသမျှ မလွဲဖူးတဲ့ လက္ခဏာဖတ်ဗေဒင်ဆရာ Aditaya တို့ …..
ကပွဲတစ်ခုမှာ မမျှော်လင့်ဘဲ တွေ့ဆုံပြီး Aditaya တစ်ယောက် Prerana ကို ချစ်ခင်စုံမက်လာပါတယ်။
ယုံကြည်ချက်က ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေတဲ့အပြင် ဆရာဝန်မလေး Prerana က ရှားပါးပြီး
ကုသဖို့ နည်းလမ်းမရှိသေးတဲ့ အကျိတ်ရောဂါတစ်မျိုး ဖြစ်နေပြန်ပါတယ်။
အသက်ရှင်ဖို့ လပိုင်းသာကျန်တော့တဲ့ Prerana နဲ့ လက္ခဏာမှာ အချစ်ရေးလမ်းကြောင်း လုံးဝမပါတဲ့
Aditaya တို့ အချစ်ရေးက ဘယ်လိုဆက်ဖြစ်ကြမလဲ။ အတူတကွ ရှေ့ဆက်နိုင်မလားဆိုတာကို ရသမျိုးစုံနဲ့ ကြည့်ရှုခံစားရမှာပါ။
IMDb 6.9/10 ရရှိထားပြီးတော့ soundtracks တွေကိုတော့ Telugu နဲ့ Hindi ဗားရှင်းနှစ်မျိုးနဲ့
ဖန်တီးထားတာဖြစ်ပါတယ်။ လက္ခဏာဆရာ Aditaya ရဲ့ character ကိုတော့ ဥရောပနာမည်ကြီး
လက္ခဏာဆရာ Cheiro ကို inspire ယူထားတာပါ။ ဇာတ်လမ်းလေးက ကောင်းတဲ့အပြင်ကို
မင်းသမီးကလည်း အတော်ချောတော့ ကြည့်ကိုကြည့်ရှုသင့်တဲ့ကားကောင်းလေးပါလို့ တိုက်တွန်းလိုက်ပါရစေ။...
The Batman (2022)
⭐IMDB: 7.8/10 (709 k Votes)
🎬 #Action #Crime #Drama #Mystery #Thriller
🗓 2022 🎞 movie
📺 #4K #1080p #720p #480p
💿 4.4 GB ⦿ 1.7 GB ⦿ 1.0 GB ⦿ 477.5 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 56 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒါလည်း အားလုံးကြည့်ချင်နေမယ့် ရုပ်ရှင်ပါပဲ။ Rating 8.3 ထိ ရထားတဲ့ တစ်မျိုးဆန်းသစ်တဲ့ ဇာတ်လမ်းပါပဲ။ မင်းသားကလည်း တွိုင်းလိုက်ရုပ်ရှင်တွေနဲ့ နာမည်ကြီးခဲ့တဲ့ ဒါမှမဟုတ်နာမည်ကျခဲ့တဲ့ ရောဘတ် ပတ်တီဆန်ပါပဲ။ ဒီအထဲမှာ catwoman ကိုလည်း မိတ်ဆက်ထားပြီး အဓိက ဗီလိန်ကတော့ ရစ်ဒလာ ဆိုတဲ့ နာမည်ကျော်ဘတ်မန်းဗီလိန်ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကလည်း စုံထောက်ဆန်ဆန် ပဟေဠိတွေနဲ့ တည်ဆောက်ထားတာမို့ ထိုင်ရမထ ကြည့်ချင်မယ့် ရုပ်ရှင်မျိုးပါပဲ။ ကိုယ်တိုင်ခံစားကြည့်လိုက်ကြပါဦး။...
FIR (2022)
⭐IMDB: 6.9/10 (5 k Votes)
🎬 #Action #Bollywood #Thriller
🗓 2022 🎞 movie
📺 #720p #1080p #4K #480p
💿 1.9 GB ⦿ 2.4 GB ⦿ 7.3 GB ⦿ 750.9 MB
🌎 #India
⏰ 2 နာရီ 33 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
FIR 2022
IMDb 8.1
Action/ Triller
၂၀၂၂ ခုနှစ်ရဲ့အက်ရှင်ကားတွေထဲမှာ ရှယ်ကောင်းတဲ့ကားလေးကိုပြပါဆို ဒီကားလေးက
ထိပ်ဆုံးကပါလိမ့်မယ်ဗျ။ ဇာတ်လမ်းလေးတွေက ရှယ်ကောင်းပါလျက်နဲ့
မင်းသားနဲ့လူကြမ်းတွေဖိုက်တဲ့အခါ အဝေးကြီးလွင့်ထွက်ထွက်သွားတဲ့ အိုဗာအက်ရှင်စတိုင်ကို
မကြိုက်တဲ့သူတွေ ကြည့်ကိုကြည့်ရမယ့်ကားတစ်ကားပဲဖြစ်ပါတယ်။
ဒီလိုပြောလို့လည်း သူတို့ရဲ့အဝေးကြီးလွင့်ထွက်သွားတဲ့ရိုက်ချက်တွေမလှဘူးလို့
ပြောတာတော့မဟုတ်ဘူးဗျ၊ ရိုက်ထားတာတွေ တော်တော်လှပါတယ်ဗျ။ ဒါပေမဲ့ဗျာ အပြင်မှာမှ တကယ်မဖြစ်နိုင်တာပဲ။
ဒီသည်းထိတ်ရင်ဖိုအက်ရှင်ကားလေးထဲမှာတော့ ဘာအိုဗာအက်ရှင်ချခန်းမှမပါသလို ဝှီးဆို
၁၅ ပေလောက်မလွင့်သွားတဲ့အပြင် အနောက်တိုင်းကားတွေနီးပါး ရှယ်ကောင်းတဲ့ချခန်းတွေကို ပါတာပါ။
ကျွန်တော်ကြည့်ချင်တဲ့အိန္ဒိယကားတွေ တမီးလ်ကားတွေရဲ့ချခန်းတွေဆိုတာ
ဒီကားထဲကလိုမျိုးဗျ။ ဒီတော့ဗျာ ဇာတ်လမ်းဇာတ်ကွက် ဇာတ်အိမ်ကြီးက
ရှယ်ခိုင်တဲ့အပြင် အက်ရှင်ခန်းတွေရှယ်ကောင်းလှတဲ့ ဒီကားလေးကိုတော့ လူကြီးမင်းတို့အနေနဲ့ လက်လွတ်မခံသင့်ဘူးလို့ထင်ပါတယ်။
ဇာတ်လမ်းအကျဉ်လေးကိုပြောရမယ်ဆိုရင် အီဖန်အာမက်ဆိုတဲ့ ဓာတုအင်ဂျင်နီယာလေးဟာ
မွတ်စလင်ဖြစ်နေလို့ဆိုတဲ့အကြောင်းပြချက်နဲ့ နေရာတကာမှာ ရှယ်အနှိမ်ခံနေရတာက စပါတယ်။
အိန္ဒိယရဲ့ ဒီဘာသာရေးပြဿနာတွေအကြောင်းကတော့ ကျွန်တော်မပြောပြလည်း အားလုံးသိကြမယ်ထင်ပါတယ်။
ဒီလိုနဲ့ သူဟာ သူ့ရဲ့ဓာတုအင်ဂျင်နီယာအလုပ်ရဲ့ကိစ္စတစ်ခုလုပ်ပြီးလို့ လေဆိပ်ကနေ အိမ်ပြန်မယ်လုပ်တဲ့အချိန်မှာ
သူဖုန်းပျောက်သွားပါတော့တယ်။ ပျောက်သွားတဲ့သူ့ဖုန်းကို လေဆိပ်ရဲတွေက မရှာပေးတဲ့အပြင်
လေယာဉ်ပေါ်အတက်မခံတဲ့အခါ သူကဗုံးခွဲမယ့်သူများမှတ်နေလို့လားလို့စိတ်ပေါက်ပေါက်နဲ့ပြောမိတဲ့အခါ
သူ့ကိုဖမ်းလိုက်ပြီး စစ်ဆေးကြ၊ အပြစ်မရှိတော့မှ ပြန်လွှတ်ကြပါတယ်။
ဒါပေမဲ့ ပြန်လွှတ်နေတုန်းမှာပဲ အဲလေဆိပ်မှာ တကယ်ဗုံးတစ်လုံးပေါက်ကွဲသွားတဲ့အပြင်
ဗုံးထိန်းတဲ့ဖုန်းကလည်း သူ့ဖုန်းဖြစ်နေတဲ့အခါ သူ့ကို အိုင်အက်စ်အဖွဲ့ဝင်ဖမ်းထားလိုက်ကြပါတော့တယ်၊
ဒီတော့ အီဖန်ရဲ့ဖုန်းဟာ ဘယ်လိုလုပ်အဲလိုဖြစ်သွားရတာလဲ၊ အီဖန်ဟာတကယ်ပဲ
အိုင်အက်စ်အကြမ်းဖက်သမားလား၊ ဇာတ်ရှုပ်ဇာတ်ပွေတွေဘယ်လိုရောက်လာမှာလဲဆိုတာကို
အဆုံးထိဇာတ်ရှိန်တက်တဲ့ကားလေးကို ရှု့စားပေးကြပါဦး။...
Valimai (2022)
⭐IMDB: 6.1/10 (20 k Votes)
🎬 #Action #Bollywood #Crime #Thriller
🗓 2022 🎞 movie
📺 #720p #1080p #4K
💿 1.4 GB ⦿ 2.8 GB ⦿ 6.0 GB
🌎 #India
⏰ 2 နာရီ 41 မိနစ် 9 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Valimai (2022)
ခုတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့လတ်တလောထွက်ရှိထားတဲ့
မှုခင်းအက်ရှင်ကားတစ်ကားဖြစ်တဲ့ Valimai ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ Arjun ဆိုတဲ့ရဲအရာရှိကတော့အရည်ချင်းရှိပြီး
အမှုကိုင်တွယ်ပုံတမူထူးခြားတာနဲ့နာမည်ကြီးတဲ့ရဲကောင်းတစ်ယောက်ပေါ့
ချန်နိုင်းဆိုတဲ့မြို့မှာ လူသတ်မှုတွေ ဓားပြတိုက်မှုတွေ မူးယစ်ဆေးဝါးမှုတွေ
ဆွဲကြိုးလုယက်မှုတွေမြောက်များစွာဖြစ်ပွားတဲ့အချိန်မှာတော့ Arjunတစ်ယောက်
အမှုကိုင်တွယ်ဖို့ ပြောင်းရွေ့တာ၀န်ပေးခံလိုက်ရပါတယ်။
တစ်နေ့မှာ ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်တဲ့အမှုကို ကိုင်တွယ်ရင်း
သေကြောင်းကြံစည်မှုမဟုတ်ဘဲ လူသတ်မှုဖြစ်နေတာကိုသိလိုက်ရတဲ့အချိန်မှာ
လိုက်တူးဆွရင်း တူးဆရင်းနဲ့ အဲမြို့မှာ ဖြစ်ပွားနေတဲ့မှုခင်းများစွာက
ဆိုင်ကယ်ဂိုဏ်းတစ်ဂိုဏ်းတည်းနဲ့ဆက်စပ်မှုရှိလောက်တာကိုသိလိုက်ရပေမဲ့လည်း
အမှုဖြေရှင်းဖို့အခက်ခဲများစွာရှိနေတော့ Arjun တစ်ယောက်ဘယ်လိုဖြေရှင်းမလဲ
အခက်ခဲကိုဘယ်လိုကျော်ဖြတ်မလဲ ဘယ်လိုလှည့်ကွက်တွေရှိနေဦးမလဲဆိုတာကို
သည်းထိပ်ရင်ဖိုကြည့်ရမယ့်အက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။...
Turning Red (2022)
⭐IMDB: 7.0/10 (137 k Votes)
🎬 #Adventure #Animation #Comedy #Family #Fantasy
🗓 2022 🎞 movie
📺 #720p #1080p #4K
💿 1.0 GB ⦿ 2.5 GB ⦿ 5.0 GB
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 40 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Turning Red (2022)
ဘဝမှာ အရှက်တတ်ဆုံး အကြောက်တတ်ဆုံးအချိန်ကို ပြောပါဆိုရင်တော့ အပျို/လူပျိုဖော်ဝင်စ ၁၃/၁၄ အရွယ်ကို ညွှန်ပြရမှာပါပဲ။
အဲဒီလိုပဲ လူကြီးအဖြစ်ချင်ဆုံးအရွယ်ဆိုရင်လည်း ၁၃/၁၄ ဝန်းကျင်အရွယ်လေးတွေပဲ ဖြစ်မှာပါ။
ဒီကားလေးမှာတော့ လီမေလင်းဆိုတဲ့ ၁၃ နှစ်အရွယ် ကောင်မလေးတစ်ယောက် ….
တရုတ်မိသားစုကပေါက်ဖွားလာတော့ တရုတ်ရိုးရာတွေအားလုံးကို နားလည်ထားပြီး ကိုယ်တိုင်လည်း ဘုံကျောင်းကိစ္စတွေကို ဝင်ရောက်ဆောင်ရွက်နေသူပါ။
ဒါပေမဲ့ ဆယ်ကျော်သက်အရွယ်ကလေးပီပီပဲ မြတ်နိုးတန်ဖိုးထားရတဲ့ အဆိုတော်တွေ၊ ရင်ခုန်မိတဲ့ကောင်လေးတွေ ရှိလာပါတော့တယ်။
အဲ့ဒီအချိန် ရှေးရိုးဆန်တဲ့မိခင်ဖြစ်သူနဲ့ ကောင်မလေးရဲ့ ခေတ်ဆန်တဲ့ အတွေးအခေါ်တွေ ဘယ်လို အတိုက်အခံဖြစ်ကြမှာလဲဆိုတာတွေ
လီမေလင်းလေးရဲ့ အကြိုက်ဆုံးအဆိုတော်အဖွဲ့ 4-town အဖွဲ့က concert ကျင်းပမှာဆိုတော့
သူ့ခမျာ သွားရဖို့အရေး ကြိုးပမ်းအားထုတ်ရင်းနဲ့ စိတ်အရမ်းလှုပ်ရှားလာတဲ့အခါ လူစင်စစ်ကနေ
ပန်ဒါနီအဖြစ် ပြောင်းလဲသွားတတ်တော့ ဘာတွေ ဆက်လက်ကြုံတွေ့ရမလဲဆိုတာတွေ ရှုစားရမှာပါ။
ဇာတ်လမ်းလေးက ရိုးရိုးရှင်းရှင်းလေး ဆိုပေမဲ့ ဆယ်ကျော်သက်မိန်းကလေးတွေ ကြုံတွေ့ရတဲ့ ပထမဆုံးဓမ္မတာလာတဲ့အချိန်တွေ
ကိုယ့်ကိုယ် လူကြီးလို့ သတ်မှတ်ချိန်မှာ မိဘတွေက ကလေးလို သတ်မှတ်နေသေးလို့ ကတောက်ကဆဖြစ်ရတာလေးတွေ
ဆယ်ကျော်သက်သားသမီးတွေနဲ့ မိဘတွေကြား ရှိတတ်တဲ့ပြဿနာလေးတွေအပြင်
သူငယ်ချင်းတွေကြားထဲ ထားရှိကြတဲ့ ဖြူစင်တဲ့အချစ်မေတ္တာကိုပါ ခံစားရမှာဆိုတော့ ဆက်ဆက်ကြည့်ရှုသင့်တဲ့ movie လေး ဖြစ်ပါတယ်။...
A Thursday (2022)
⭐IMDB: 7.7/10 (25 k Votes)
🎬 #Drama #Thriller #Crime
🗓 2022 🎞 movie
📺 #720p #1080p #4K #640p
💿 1.2 GB ⦿ 1.5 GB ⦿ 4.0 GB ⦿ 297.7 MB
🌎 #India
⏰ 2 နာရီ 9 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A Thursday (2022)
4K HEVC
ဒီတစ်ခါမှာတော့ ကြာသပတေးနေ့တစ်နေ့အကြောင်းကို ရိုက်ကူးထားတဲ့A Thursday ဆိုတဲ့ ရုပ်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်
Nina Jaiswal က Rohit Mirchandandi နဲ့ စေ့စပ်ထားပြီးRohit ပိုင်တဲ့ အိမ်မှာ ကလေးထိန်းကျောင်းတစ်ခုဖွင့်ထားတဲ့ အမျိုးသမီးတစ်ယောက်ပါကလေးတွေရဲ့ ချစ်ခင်မှုကိုရော မိဘတွေရဲ့ ယုံကြည်လေးစားမှုကိုပါ ရရှိထားတဲ့ ဆရာမ တစ်ယောက်ဖြစ်ပါတယ်
နေမကောင်းလို့ ၃ ပတ်လောက် အနားယူနေရာကနေကြာသပတေးနေ့တစ်နေ့ရဲ့ မနက်ခင်းတစ်ခုမှာတော့Nina ဟာ ကလေးထိန်းကျောင်းကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်
မိဘတွေက ကလေးတွေကို ထားခဲ့ပြီးကလေးထိန်းကျောင်းက အကူကိုလည်း ခွင့်ပေးလိုက်ပြီးတဲ့နောက်ကလေးထိန်းကျောင်းမှာ Nina နဲ့ ကလေး ၁၆ ယောက်ပဲ ကျန်ခဲ့ပါတော့တယ်ကလေးတွေနဲ့ပဲ ကျန်တော့တဲ့ အချိန်မှာNina က Colaba ရဲစခန်းကို ဖုန်းဆက်ပြီးကလေး ၁၆ ယောက်ကို ဓာစားခံအနေနဲ့ ဖမ်းထားပြီးရဲအရာရှိ Javedd Khan နဲ့ စကားပြောချင်တဲ့အကြောင်း ပြောပါတော့တယ်
အခင်းဖြစ်တဲ့နေရာကို ကိုယ်ဝန်သည် ရဲအရာရှိ Catherine Alveraz ရောက်လာပြီးသေနတ်နဲ့ အပစ်ခံရပြီးတဲ့နောက်မှာတော့ Javed ကို အရေးပေါ်ခေါ်ရပါတော့တယ်
Javed ရောက်လာပြီးတဲ့နောက်မှာ ဘယ်လိုတောင်းဆိုချက်တွေ လုပ်သွားမလဲNina က ဘာဖြစ်လို့ ကလေးတွေကို ဓာစားခံအဖြစ်ဖမ်းထားရတာလဲကလေးတစ်ယောက်ချင်းစီနဲ့ ဘယ်လို အလဲအလှယ်တွေလုပ်သွားမလဲဘာလို့ ရဲအရာရှိ Javed နဲ့မှ စကားပြောချင်ရတာလဲမွန်ဘိုင်းကိုရောက်ရှိနေတဲ့ အိန္ဒိယ ဝန်ကြီးချုပ်နဲ့ရော ဘယ်လိုတွေပတ်သက်နေလဲဆိုတာတွေကိုမိုးတွေရွာနေတဲ့ ကြာသပတေးနေ့လေးတစ်နေ့နဲ့အတူ လိုက်ပါစီးမြောရင်း ခံစားလိုက်ကြပါဦး
အညွှန်းကိုတော့ Roman NoX က ရေးထားပေးပြီးတော့
ဘာသာပြန်ထားတာကတော့ Roman NoX, Loon Swal Eain, Leonard Lin, Thwal Yadi တို့ပဲ ဖြစ်ကြပါတယ်။...
Hridayam (2022)
⭐IMDB: 8.1/10 (14 k Votes)
🎬 #Bollywood #Drama #Musical #Romance
🗓 2022 🎞 movie
📺 #720p #1080p #4K
💿 1.1 GB ⦿ 2.5 GB ⦿ 6.7 GB
🌎 #India
⏰ 2 နာရီ 51 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Hridayam (2022)
ကိုယ်အရွယ်ရောက်လာတဲ့ အချိန်မှာ ပထမဆုံးချစ်ဖူးတဲ့ လူဟာ ကိုယ့်ရဲ့လက်တွဲဖော်ဖြစ်လာနိုင်ရဲ့လား။
အချစ်ဦးတိုင်းမှာ ပျော်ရွှင်စရာ ဇာတ်သိမ်းမျိုး ရှိနိုင်ပါ့မလား။ ကျုပ်အနေနဲ့ဖြေရရင်တော့ ရှိနိုင်ပေမယ့် မလွယ်ကူဘူးလို့ပဲ ထင်တယ်ဗျ။
ဒီဇာတ်လမ်းထဲက အာရွမ်နဲ့ ဒါချ်နာလိုပေါ့။ ကောလိပ်ကို စရောက်တဲ့အချိန်ကနေ မြင်မြင်ချင်းရင်ခုန်မိတဲ့
နှစ်ယောက် အတူတူလက်တွဲခဲ့ကြပေမယ့် ၂၀ ပတ်လည် ကောလိပ်ကျောင်းသား ဘဝမှာ ကြုံကြရမယ့်
အချစ်ရေးပြဿနာတွေ၊ အချင်းချင်းကို တသက်တာ မမေ့နိုင်မယ့် ဒဏ်ရာတွေ ပေးကြရင်း ဘယ်လိုအဆုံးသတ်ကို ဦးတည်ခဲ့ကြမလဲ။
ဒီဇာတ်လမ်းက အာရွမ်ဆိုတဲ့ အမျိုးသားဇာတ်ကောင်ရဲ့ ကောလိပ်ကျောင်းသားဘဝကနေ ၃၀ ပတ်လည် လူလတ်ပိုင်းအရွယ်ထိ
သူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲလာပုံတွေကို အသားပေးရိုက်ပြထားတာပါ။ လူငယ်ဘဝမှာ ကျောင်းကိစ္စ၊ အချစ်ရေး ၊ သူငယ်ချင်း
လူလတ်အရွယ်မှာ စီးပွားရေးနဲ့ အိမ်ထောင်ရေး ဒါတွေကို ပျော်စရာရွင်စရာဆိုတာထက် လက်တွေ့ကျကျ ဖော်ကြူးထားတာပေါ့။
ဒီနှစ်ထဲပဲ လောလောလတ်လတ်ထွက်ထားပြီး IMDb မှာ 8.9/10 ထိရထားတဲ့အပြင် ရုံတင်ငွေရူပီး 50 crores ထိစံချိန်တင်ထားတာပါ။
ဇာတ်လမ်းရဲ့ကြာချိန် ၃ နာရီနီးပါးမှာ ဒါရိုက်တာ Vineeth နဲ့ သူ့ဇနီး Divya တို့ရဲ့ ကောလိပ်ကအကြောင်းတွေကို
ဒါရိုက်တာကိုယ်တိုင်ရေးသားပြီး ပုံဖော်ရိုက်ကူးထားတာပေါ့။ ဆိုတော့ကာ ဒီပိတ်ရက်မှာလည်း Channel Myanamr ရဲ့
ဘောလိဝုဒ်ရုပ်ရှင်ချစ်ပရိတ်သတ်တို့ အပန်းဖြေရင်း ကြည့်ရှုခံစားလိုက်ကြပါဦးဗျာ။...
Enemy (2021)
⭐IMDB: 6.1/10 (5 k Votes)
🎬 #Action #Bollywood #Drama #Thriller
🗓 2021 🎞 movie
📺 #720p #1080p #4K
💿 1.1 GB ⦿ 2.7 GB ⦿ 7.1 GB
🌎 #India
⏰ 2 နာရီ 37 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ရုံတင်တုန်းကလဲ လူကြိုက်များနာမည်ကြီးခဲ့တဲ့ တောင်ပိုင်းမင်းသား အာရားနဲ့ဗစ်ရှေးတို့ရဲ့ အတော်ကိုကောင်းမွန်တဲ့
အက်ရှင်ကားတစ်ကားကို တင်ဆက်လိုက်ပါတယ်။ IMDB မှာလည်း 7.7ဆိုတော့ ခပ်မိုက်မိုက်ပဲပေါ့။
ဇာတ်လမ်းအကျဉ်း…
ဒီလောကကြီးထဲမှာ အန္တရာယ်အများဆုံးက သူစိမ်းတွေမဟုတ်ပဲ
ကိုယ့်အကြောင်းကို အစအဆုံးသိနေတဲ့ အရင်းနှီးဆုံးသူက
အန္တရာယ်အပေးနိုင်ဆုံးသူဖြစ်ပါလိမ့်မယ်။ ဒီကားမှာလည်း
ငယ်ငယ်ထဲက တစ်ကျောင်းထဲဆင်း ဆရာ တစ်ယောက်ထဲထွက်တဲ့
သူငယ်ချင်းနှစ်ယောက်ကို ENEMY ဆိုတဲ့ ရန်သူတော်တွေဖြစ်လာအောင်
ဘယ်အရာတွေက ပံ့ပိုးပေးမလဲဆိုတာ စီးမျောလိုက်ရအောင်။
ဇာတ်အိမ်ကကောင်းလွန်းတော့ ဒီထက်ပြောရင် Spoil သလိုဖြစ်နေမှာမို့
Tamil ကားကြိုက်သူတွေအတွက် လက်မလွတ်တမ်း လိုက်ပါစီးမျောခံစားလိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။
အညွှန်းကိုတော့ ThuRa Heinနဲ့ Lwin Htoo Aung က ရေးသားပြီး ဘာသာပြန်ကတော့ JimX
Trafalgar Law. Lai Laii နဲ့ Lwin Htoo Aung တို့ပဲဖြစ်ပါတယ်။...
Focus (2015)
⭐IMDB: 6.6/10 (261 k Votes)
🎬 #Comedy #Crime #Drama #Romance
🗓 2015 🎞 movie
📺 #720p #1080p #4K
💿 731.7 MB ⦿ 1.4 GB ⦿ 4.5 GB
🌎 #UnitedStates #Argentina #UnitedStatesofAmerica
⏰ 1 နာရီ 45 မိနစ် 3 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မင်းသားကြီး Will Smith နဲ့ ဟာလေကွင်း မင်းသမီးချော Margot Robbie တို့ အဓိကပါဝင်ထားတဲ့ ဇာတ်ကားပါ။
ဇာတ်လမ်းက လူလိမ်သူခိုးဇာတ်လမ်းဆိုတော့ ကတုံးပေါ်ထိပ်ကွက် ခွကွက် ကျော်ကွက်တွေ အများကြီးနဲ့ တင်ဆက်ထားပါတယ်…
Professional လုပ်ငန်းတွေမှာ ပါစင်နယ်ကိစ္စတွေ မရောသင့်ဘူးဆိုတာမျိုးကို အနောက်နိုင်ငံမှာ ပိုသုံးကြပါတယ်။
လူလိမ်လုပ်ငန်းမှာဆိုရင်တော့ ပိုဆိုးတာပေါ့..ပါစင်နယ်ရောလို့မရဘူး။
တစ်ယောက်ကိုတစ်ယောက် လျှို့ဝှက်တတ်တဲ့ လူလိမ်ပါတ်ကား ၂ ယောက်
တစ်ယောက်ကိုတစ်ယောက် ချစ်သွားကြတဲ့အခါမှာတော့…
သူတို့ရဲ့မစ်ရှင်တွေအောင်မြင်ပါ့မလားဆိုတာ…….။
သရုပ်ဆောင် ၂ ယောက်ရဲ့ အက်တင်ကောင်းကောင်းနဲ့ ဇာတ်လမ်းရဲ့လှည့်ကွက်တွေကို ရှုစားရမှာပါ။
IMDb Rating (6.6) ရရှိထားပါတယ်။...
