ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
The Woman in the Wall (2023-2023) ⭐IMDB: 7.3/10 (2 k Votes) 🎬 #Crime #Mystery #Thriller 🗓 2023-2023 🎞 tv series 🌎 #UnitedKingdom #NorthernIreland ⏰ 59 မိနစ် 47 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Woman in the Wall (2023) CompleteThe Woman in the Wall (2023) Completed Mini Series  ~ IMDb rating – 7.1/10 ~ ၁၈ ရာစုကနေ ၂၀ ရာစု (၁၇၅၈-၁၉၉၆) အထိ ရာစုနှစ်နှစ်ခုစာ ကမ္ဘာ့နိုင်ငံကြီးတချို့မှာ ရှိခဲ့ဖူးတဲ့ အမျိုးသမီးသီးသန့် ဘာသာရေး အကျဥ်းထောင်အကြောင်းကို ကြားဖူးကြလား။ ဘာသာရေး အကျဉ်းထောင်ဆိုတဲ့ စကားလုံးက ထူးဆန်းနေမှာပေါ့။ ဒါပေမဲ့လည်း ကမ္ဘာ့အရှည်ကြာဆုံးစစ်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ Crusade စစ်ပွဲကလည်း ရာစုနှစ်နှစ်စုစာ ကြာခဲ့တာပဲမဟုတ်လား။ ဒီအမျိုးသမီး အကျဥ်းထောင်တွေကတော့ Magdalene Asylums (မန်ဒလင်း စိတ်ရောဂါကုဆေးရုံ) သို့မဟုတ် Magdalene Laundries (မန်ဒလင်း အဝတ်လျှော်ရုံ) တွေပဲ ဖြစ်ကြပါတယ်။ မန်ဒလင်းဆိုတဲ့နာမည်က ယေရှုခရစ်တော်ရဲ့ လက်ဝါးကပ်တိုင်မှာ ချိတ်ဆွဲခံရခြင်းနဲ့ ပြန်လည်ထမြောက်ခြင်းကို မျက်မြင်တွေ့ခဲ့တဲ့ အမျိုးသမီး သာဝကဖြစ်သူ မေရီမန်ဒလင်းရဲ့ နာမည်ကို အစွဲပြုပြီး မှည့်ခေါ်ထားတာပါ။ ဒီ မန်ဒလင်းအဝတ်လျှော်ရုံတွေကို စတင်တည်ထောင်တုန်းက Fallen Women လို့ခေါ်တဲ့ အပြစ်သား အမျိုးသမီးများကို ပြုပြင်၊ စောင့်ရှောက်လိုတဲ့ သဘောနဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ အစောပိုင်းမှာတော့ ပရိုတက်စတင့်ဘာသာဝင်တွေကိုပဲ လက်ခံပြီး နောက်ပိုင်းမှာ ရိုမန်ကတ်သလစ်ဘာသာဝင်တွေကိုလည်း လက်ခံလာပါတယ်။ စင်ကြယ်မှုပျက်ပြားသွားသူ အမျိုးသမီးများ ဖြစ်တဲ့ Fallen Women လို့သတ်မှတ်ထားတဲ့သူတွေကတော့ ကမ္ဘာ့ရှေးအကျဆုံး အသက်မွေးဝမ်းကြောင်းနဲ့ အသက်မွေးနေသူတွေ၊ ဖခင်မရှိဘဲ ကိုယ်ဝန်ရတဲ့ အမျိုးသမီးတွေ၊ အမျိုးသမီးလေးတွေ၊ လက်ထပ်ထိမ်းမြားမှုမရှိဘဲ ကာမစပ်ယှက်ခြင်းအမှုကို ပြုတဲ့သူတွေ အဓိကပါပါတယ်။ မိသားစုအထောက်အပံ့ကို မရနိုင်တဲ့ အမျိုးသမီးလေးတွေလည်းခေါ်ယူ ထိန်းသိမ်းစောင့်ရှောက်ပါတယ်။ ပညာသင်ပေးပါတယ်။ မန်ဒလင်းအဝတ်လျှော်ရုံ ဆိုတဲ့အတိုင်း ခေါ်ယူစောင့်ရှောက်ထားတဲ့ အမျိုးသမီးလေးတွေကို အဝတ်လျှော်တဲ့အလုပ်ကို လုပ်ခိုင်းပါတယ်။ အဲဒီကရတဲ့ပိုက်ဆံနဲ့ ဒီနေရာကြီးကို ပြန်လည်ပတ်ဖို့ပေါ့။ လမ်းပေါ်မှာ ပြည့်တန်ဆာတွေ ပပျောက်လုနီးနီးဖြစ်သွားတယ်။ အဖေမပေါ်ဘဲ မွေးတဲ့ ကလေးနဲ့ အမေတွေကို စောင့်ရှောက်နိုင်သွားတယ်။ မိဘမဲ့ဆင်းရဲသူမလေးတွေကို ထောက်ပံ့ပေးထားနိုင်တယ်ဆိုတော့ အစိုးရဖက်ကလည်း သူတို့အလုပ်တစ်စိတ်တစ်ပိုင်းကို လုပ်ပေးနေပြီး ပြဿနာလည်း ဘာမှမတက်တော့ ပျော်တဆုံးဆုံးပေါ့။ ဒီအထိကတော့ အဆင်ပြေနေပါသေးတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဒီနေရာတွေမှာ ပြင်ပက အထောက်အပံ့တွေကို မလိုသလောက် အခြေအနေဖြစ်လာတော့ အဝတ်လျှော်လုပ်ငန်းက ရတဲ့ ငွေတွေက ပိုလာပြီး အရင်းအနှီးမရှိသလောက်နီးနီး စီးပွားရေးလုပ်ငန်းလိုဖြစ်လာပါတယ်။ အဝတ်လျှော်ရုံကို ဦးစီးသူတဲ့သူတွေက ထိန်းသိမ်းစောင့်ရှောက်ပေးရမယ့် ချို့တဲ့သူတွေ၊ ကလေးတွေလို့ မမြင်တော့ဘဲ အလကားခိုင်းလို့ရတဲ့ အလုပ်သမားတွေ​ ကျွန်တွေလိုသဘောထားလာတယ်။ နေရာကို ရောက်တာနဲ့ မိဘတွေအပါအဝင် အပြင်လောကနဲ့ အဆက်အသွယ်ဖြတ်ပါတယ်။ ဆံပင်တွေဖြတ်ပစ်ပြီး၊ တူညီဝတ်စုံထုတ်ပေးတယ်။ အချင်းချင်း မိတ်ဆွေဖွဲ့ခွင့်ကိုပါ ပိတ်ပင်ထားပါသေးတယ်။ အသက် ၁၃ နှစ်၊ ၁၄ နှစ် ကလေးမလေးတွေအပါအဝင် ခိုလှုံသူတွေကို တစ်နေ့ကို ၁၂ နာရီ အလုပ်ကြမ်း လုပ်ခိုင်းပါတယ်။ ဒီအလုပ်တွေအတွက် လုပ်တဲ့သူတွေက ငွေတစ်ပြားတစ်ချပ်မှမရပါဘူး။ အလုပ်လုပ်ဖို့ ငြင်းတဲ့သူတွေကိုလည်း စားစရာမပေးတာ၊ အခန်းထဲမှာ သီးခြားပိတ်ထားတာ၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပြုတာ၊ အချိန်အကြာကြီး ဒူးထောက်ခိုင်းတာ၊ လူအများရှေ့မှာ အရှက်ရစရာတွေလုပ်တာ၊ ခေါင်းတုံးတုံးတာ စတဲ့ အပြစ်ပေးတာတွေလုပ်ပါတယ်။ ဒီလိုနှိပ်စက်မှုတွေကြောင့်လားဆိုတော့ ရေရေရာရာမသိရပေမဲ့ အဝတ်လျှော်ရုံတိုင်းမှာ သီးသန့်သင်္ချိုင်းတွေရှိပြီး နာမည်ကမ္မည်းတိုင်မရှိဘဲ မြှုပ်နှံခံထားရသူတွေ အမြောက်အများရှိပါတယ်။ ဘယ်အချိန်မှာ ပြန်လွှတ်ပေးမယ်ဆိုတာလည်း ရေရေရာရာမသိကြရပါဘူး။ ဒီနေရာက လွှတ်ပေးလိုက်တဲ့သူတွေကိုလည်း အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြန်လွှတ်ပေးပြီး သူတို့ရဲ့ စောင့်ကြည့်မှုအောက်မှာ ရှိတဲ့နေရာတွေမှာ အလုပ်ပြန်ဝင်ခိုင်းပါတယ်။ ဘာသံမှထွက်လို့မရပါဘူး။ အစပိုင်းက ပညာသင်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်ကလည်း ကြက်ပျောက်ငှက်ပျောက်ပျောက်သွားပါတယ်။ အစိုးရကလည်း အဲဒီထဲမှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ ရိပ်စားမိပေမဲ့ နားလည်မှုတွေရနေလို့လား၊ ဘာပြဿနာမှ အကြီးအကျယ်မဖြစ်လို့လားတော့မသိ မသိမသာ မျက်နှာလွှဲထားတယ်။ တချို့တလေလွတ်လာတဲ့သူတွေရှိရင်လည်း ရဲတွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပြန်ဖမ်းခေါ်ထားတာတွေလည်း ရှိပါတယ်။(နောက်ပိုင်းမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံအစိုးရတွေနဲ့ ဒီနေရာတွေကို အုပ်ချုပ်နေတဲ့သူတွ...

January (2022) ⭐IMDB: 6.6/10 (312 Votes) 🎬 #Drama #History 🗓 2022 🎞 movie 🌎 #Latvia #Lithuania #Poland ⏰ 1 နာရီ 33 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Rotten Tomatoes 100% ရထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားကို CMကနေထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားအကြောင်း မစခင်မှာ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး သိသင့်တာကို အရင်ပြောပြပေးပါမယ်။ ၁၉၄၀ကနေ ၁၉၉၁ခုနှစ်အထိ Latviaနိုင်ငံက ဆိုဗီယက်ပြည်ထောင်စုရဲ့ လက်အောက်ခံပါ။Aug 21, 1991 မှာတော့ Latvia အစိုးရက သူတို့နိုင်ငံရဲ့ လွတ်လပ်ရေးကို ကြေညာလိုက်ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုက ဘောလ်တစ် ဒေသက နိုင်ငံတွေကို လက်မလွှတ်ချင်ပါဘူး။ အဲဒါနဲ့ Latviaမှာ ဖြစ်နေတဲ့ အခြေနေတွေကို ပြန်လည် ထိန်းချုပ်ဖို့ လုပ်ရင်း အထိကရုဏ်းတွေ ဖြစ်ပါတော့တယ်။ ဂျာဇစ်ဆိုတဲ့ကောင်လေးက ရှပ်ရှင်အကယ်ဒမီ တက်နေတဲ့ ရုပ်ရှင်ရိုက်ရတာကို နှစ်သက်တဲ့ကောင်လေးတစ်ယောက်ပါ။ သူဘယ်သွားသွား ကင်မရာကို သယ်သွားလေ့ရှိပါတယ်။ သူဘာပဲလုပ်လုပ် အမြဲတမ်း မှတ်တမ်းတင်လေ့ရှိပါတယ်။ လက်ဗီယန်လွတ်လပ်ရေးကို ထောက်ခံကြောင်း သတင်းစာ ထုတ်ဝေမှုကို ရပ်တန့်ပစ်ဖို့အတွက် ဆိုဗီယက်ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီးဌာနရဲ့ OMONအထူးယူနစ်တွေက သတင်းစာတိုက်ကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အဲဒီ ဝင်ရောက်စီးနင်းမှုကိုလည်း ဂျာဇစ်တစ်ယောက် အမိအရ မှတ်တမ်းတင်ခဲ့ပါသေးတယ်။ ဒီရုပ်ရှင်မှာ ကင်မရာလေး တစ်လုံးကိုင်ပြီး ဂျာဇစ် တစ်ယောက်က လွတ်လပ်ရေး လှုပ်ရှားမှု အထိကရုဏ်းထဲက အဖြစ်ပျက်များကို ရိုက်ကူးရင်း သူ့ရဲ့ဖြစ်တည်မှုကို ရှာဖွေနေတဲ့ပုံစံမျိုးနဲ့ ဇာတ်လမ်း​ကို သွားထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ ကွန်မြူနစ်ဆန့်ကျင့်ရေးသမားတွေ၊ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ကြသူတွေ၊ Latviaနိုင်ငံရဲ့သမိုင်းဝင်အဖြစ်ပျက်ကို ရိုက်ကူးရင်း အသက်ပေးခဲ့ရသူတွေ၊ ဆိုဗီယက်ပြည်ထောင်စုရဲ့ ဝါဒဖြန့်သတင်းတွေအပြင် ၁၉၉၁ Latviaနိုင်ငံ လွတ်လပ်ရေးလှုပ်ရှားမှုကာလ လှုပ်ရှားမှုများကို ရုပ်ရှင်ကြည့်နေရင်းနဲ့ အဲဒီကာလဆီ ရောက်သွားသလိုမျိုး အရောက်ပို့နိုင်တဲ့ သမိုင်းမှတ်တမ်းတင်ရုပ်ရှင်တစ်ကားဖြစ်ကြောင်း ရေးရင်းနဲ့ reviewကို အဆုံးသတ်ပါရစေ။ အညွှန်းနဲ့ ဘာသာပြန်က Minn Khant Kyi Win ဖြစ်ပါတယ်။...

When I Grow Up, I Want to Be a Pornstar (2021) ⭐IMDB: 5.7/10 (338 Votes) 🎬 #Adult #Comedy #Drama 🗓 2021 🎞 movie 🌎 #Philippines ⏰ 1 နာရီ 32 မိနစ် 33 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 When I Grow Up, I Want to Be a Pornstar (2021) ဇာတ်ကားနာမည်လေးကတော့ သမီးလေးကြီးရင် ပွန်းစတားဖြစ်ချင်ပါတယ်တဲ့။ ဖိလစ်ပိုင် အောလောကထဲက ဆရာသမားတစ်ယောက်က ဒူးမနာသမီးလေးကို သေခါနီးမှာ အောလောကကို တိုးတက်စေချင်တာ အဖေ့ရဲ့ ဆန္ဒပါလို့ ပြောသွားတယ်။ အဲဒီတော့ အငြိမ်းစား အောမင်းသမီးက အောလောကကို တိုးတက်အောင် ရည်ရွယ်ချက်နဲ့ ဖိလစ်ပိုင်ပွန်းလောက ကယ်ဆယ်ရေး စီမံကိန်းကြီးကို စလိုက်တာပေါ့။ သူလို ခေတ်မရှိတော့တဲ့ အောမင်းသမီးတွေကို စုပြီး သူတို့ရဲ့ အတွေ့အကြုံတွေ အကြံဉာဏ်တွေနဲ့ ပွန်းစတားအသစ် တင်ဖို့လုပ်ကြတော့တာပါပဲ။ ဒီကားကို ကြည့်ရင်တော့ ယောက်ျားလေးတွေရော မိန်းကလေးတွေပါ ပညာတွေ ရသွားမှာ သေချာပါတယ်။ ဟာသဇာတ်မြူးဆိုတော့ ရယ်လည်းရယ်ရ ကြည့်လည်းကြည့်ရမှာပါ။ ဖိလစ်ပိုင်အောလောကနဲ့ နီးစပ်တဲ့သူတွေအတွက်လည်း ရှေးက ဇာတ်ကားတွေကို အောက်မေ့စရာဖြစ်လောက်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို6 9မှ ပြန်ဆို ရေးသားထားပါတယ်)...

Appendage (2023) ⭐IMDB: 5.2/10 (652 Votes) 🎬 #Comedy #Drama #Horror #Mystery #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက ၂၀၂၃ထွက် horror ဇာတ်ကားသစ်ပဲ ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက ကိုယ့်ကိုယ်ကိုယ်​သေ​ကြောင်းကြံစည်ဖူးသလို အလုပ်မှာလည်း အဆင်မ​ပြေတဲ့ ဟန်နာတစ်​ယောက် သူ့ရဲ့ဗိုက်​​ပေါ် ရှိတဲ့ ​​မွေးရာပါအမှတ်က အနာတစ်ခုလိုဖြစ်လာရင်း သာမန်အနာလို မဟုတ်ဘဲ သူ့ဗိုက်ထဲက​နေ ကိုယ်ပွားတစ်​ကောင် ပွားထွက်လာသလို ထူးဆန်းတဲ့သတ္တဝါတစ်​ကောင် ထွက်လာပါတယ်။ စကား​ပြောတတ်သလို ဟန်နာရဲ့ စိတ်ဒဏ်ရာ​တွေကို ​ပြော​တတ်တဲ့ အဲဒီ​ကောင်ကို ဟန်နာက ဖမ်းချုပ်ထားပြီး အင်တာနက်​မှာရှာကြည့် တဲ့အခါ အ​မေဗိုက်ထဲမှာ ကိုယ့်ရဲ့အမြွာသ​န္ဓေသားကို ကိုယ့်ကိုယ်ထဲ စုပ်ယူလို့ဖြစ်တတ်တဲ့ ဒီအန်​အေတွဲ ၂ ခုပိုင်ရှင်တွေ ဖြစ်​နိုင်တဲ့​ရောဂါ ဆိုပြီး ​တွေ့ခဲ့ပါတယ်။ အဲဒီလိုနဲ့ သူ့လိုမျိုး ဒီအန်​အေတွဲ ၂ခုပိုင်ရှင်၊ ကိုယ်ပွား​ကောင်​တွေ ထွက်ဖူးသူ​တွေဖွဲ့ထားတဲ့ အဖွဲ့ကိုသွား​တွေ့ရင်း သူမထင်ထားတဲ့ဖြစ်ရပ်​တွေ ကြုံလာရပါ​တော့တယ်။...

Beaten to Death (2022) ⭐IMDB: 4.9/10 (177 Votes) 🎬 #Horror 🗓 2022 🎞 movie 🌎 #Australia ⏰ 1 နာရီ 33 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မှားယွင်းတဲ့ဆုံးဖြတ်ချက်တစ်ခုကြောင့် ဘယ်လောက်ထိပျက်စီးစေနိုင်လဲ။ ဒီဇာတ်ကားမှာတော့ ဆုံးဖြတ်ချက်တစ်ခုကိုမှားယွင်းချခဲ့မိပြီးတော့ နယ်ဘက်တစ်ခုကိုသွားခဲ့ကြတဲ့ စုံတွဲတစ်တွဲအကြောင်းကို ရိုက်ကူး တင်ဆက်ထားတာဖြစ်ပါတယ်။ ဂျက်ခ်ဟာ သူ့မိန်းမနဲ့အတူ နယ်ဘက်တစ်ခုကိုသွားရင်းနဲ့ လမ်းမှာ လူတစ်ယောက်နဲ့တွေ့ပြီးတော့ အခြေအတင်ဖြစ်ပြီး ရန်ဖြစ်ရာက အဲဒီလူက သူတို့ဇနီးမောင်နှံနှစ်ယောက်လုံးကို တိုက်ခိုက်လာပါတော့တယ်။ သူတို့တိုက်ခိုက်ကြရင်းနဲ့ ဇနီးဖြစ်သူက သေဆုံးသွားပါတယ်။ ဂျက်ခ်လည်း အသေအလဲနှိပ်စက်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ဂျက်ခ်ဟာ အားမလျော့ဘဲ အဲဒီလူအလစ်မှာ အသေအလဲတိုက်ခိုက်ပြီး အဲဒီလူကိုအသေသတ်နိုင်ခဲ့ပါတယ်။ သူတို့ကိုနှိပ်စက်တဲ့သူသေသွားလို့ အရာအားလုံးအဆုံးသတ်ပြီလို့ ထင်နေပေမဲ့ ဒါက အစပဲရှိပါသေးတယ်။ အဲဒီလူသေသွားတော့ သူ့မိန်းမရဲ့အလောင်းကိုသယ်ပြီး အနီးအနားကလူတစ်ယောက်ကို အကူအညီတောင်းခဲ့ပေမဲ့ အကူအညီတောင်းမိတဲ့သူကလည်း သူ့ကိုနှိပ်စက်ခဲ့တဲ့သူနဲ့ တစ်ဖွဲ့တည်းဖြစ်နေတဲ့အခါ ဂျက်ခ်တစ်ယောက် ဘယ်လိုမျိုးဒုက္ခတွေကိုထပ်ရင်ဆိုင်ရပြီး၊ ဘယ်လိုလွတ်မြောက်အောင်ကြိုးစားမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး။...

Bitcon (2022) ⭐IMDB: 4.4/10 (177 Votes) 🎬 #Crime #Drama #Thriller 🗓 2022 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 36 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bitcoin တို့ Cryptocurrency တို့ဆိုတာယနေ့ခေတ်မှာ လူတော်တော်များများ သိကြတဲ့အရာတွေဖြစ်လာကြပါပြီ။မြန်မာနိုင်ငံမှာတောင်အဲ့ဒီ Cryptocurrency တွေနဲ့ ပိုက်ဆံရှာနေကြသူတွေရှိပါတယ်။ဒါပေမယ့် အဲ့ဒီကောင်တွေက အမြဲတမ်း အတက်အကျတော့ရှိနေတဲ့အတွက် ငွေသားလောက်တော့မတည်ငြိမ်ဘူးလို့ ပြောလို့ရပါတယ်။နိုင်ငံခြားမှာဆိုရင်လဲ တချို့မကောင်းမှုတွေလုပ်တဲ့လူတွေဆိုရင် Payment အနေနဲ့ Bitcoin နဲ့လက်ခံတာငွေပေးချေတာမျိုးတွေလုပ်နေကြပါတယ်။ ဒီကားထဲမှာလည်း လူဆိုးအဖွဲ့တစ်ဖွဲ့က သူတို့ရဲ့မှောင်ခိုမူးယစ်ဆေးတွေရောင်းလို့ ရလာတဲ့ပိုက်ဆံတွေကို ရဲတွေခြေရာခံလို့ရမှာစိုးတဲ့အတွက် Bitcoin နဲ့ပဲလက်ခံခဲ့ ပါတယ်။ဒါပေမယ့် ပိုက်ဆံပမာဏကမနည်းမနောဆိုတဲ့ Hard Drive ကြီးနဲ့တောင် ထည့်သိမ်းခဲ့ရပါတယ်။ဒါပေမယ့် လူဆိုးတွေကအဲ့လိုမျိုးကွန်ပြူတာနဲ့လုပ်ရတဲ့ ကိစ္စတွေမှာမကျွမ်းတဲ့အတွက် အဲ့ဒီနယ်ပယ်မှာဆရာကြီးဖြစ်နေတဲ့ မင်းသားဖြစ်သူကို ငှားပြီးလုပ်ခိုင်းခဲ့ပါတယ်။ဖြစ်ချင်တော့မင်းသားလုပ်ပြီးနောက်နေ့မှာပဲ Drive ကြီးက ပျောက်သွားတဲ့အတွက် အဲ့ဒါတွေကိုရွှေ့ပြောင်းပေးခဲ့တဲ့သူ့ကိုပဲ အရင်ဆုံးလာပြီး အမှုပတ်ပါတော့တယ်။အဲ့ဒီ Drive ကိုလူဆိုးတွေကိုပြန်မရှာပေးနိုင်ရင် သေရမှာဖြစ်တဲ့ အတွက် မင်းသားလည်း မရရအောင်လိုက်ရှာပေးရင်းနဲ့ ဘာတွေကြုံတွေ့ရမလဲ အဲ့ဒီ Drive ကိုတကယ်ပဲမင်းသားခိုးသွားတာလား ဒါမှမဟုတ် တခြားသူတွေ ခိုးသွားတာလားဆိုတာကိုကြည့်ရမဲ့ အက်ရှင်ကားပဲဖြစ်ပါတယ်။...

The Continental: From the World of John Wick (2023-2023) ⭐IMDB: 7.4/10 (10 k Votes) 🎬 #Crime #Action #Adventure #Thriller 🗓 2023-2023 🎞 tv mini series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 20 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Continental: From the World of John Wick (2023)The Continental: From the World of John Wick (2023) ======================================= John Wick Spin off : Continental Season 1ဒီစီးရီးကတော့ အပိုင်း ၃ ပိုင်းပါဝင်ပြီး ဂျွန်ဝစ်ရုပ်ရှင်တွေထဲက နာမည် ကြီး ကွန်တီနန်တယ် ဘုံနယ်မြေဟိုတယ်တွေအပေါ် အခြေခံထားတာပါ။ ဝင်စတန် တစ်ယောက် စီးပွားရေးလူလည်ဘဝက‌နေ ရာဇဝတ်လောကထဲ ရောက်လာပြီး ဟိုက်တေဘယ် အထက်ကောင်စီနဲ့ ရင်ဆိုင်ရပုံတွေကို ပြ ထားတာပါ။ အတိုက်အခိုက်ခန်းတွေကတော့ ဂျွန်ဝစ်ထဲကတိုင်း ကြမ်းကြမ်း တမ်းတမ်းပါပဲ။ ဇာတ်လမ်းကလည်း စိတ်ဝင်စားဖို့ကောင်းအောင် တည်ဆောက် ထားတာမို့ အားလုံးကြိုက်ကြမှာပါ။ တစ်ပိုင်းကို တစ်နာရီခွဲမို့ ရုပ်ရှင်လို ကြည့် ရမှာပါ။ တစ်ပတ်တစ်ပိုင်းနဲ့ သုံးပိုင်းလာပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း – ဖရန်ကီနဲ့ ဝင်စတန်ဟာ ညီအစ်ကိုနှစ်ယောက်ပါ။ ငယ်ငယ်ကတည်းက မိဘမဲ့ အိမ်ခြေရာမဲ့ဖြစ်ခဲ့ပြီး အမှုတစ်ခုကြောင့် ဖရန်ကီ ထောင်ကျသွားပါတယ်။ ညီ ဖြစ်တဲ့ ဝင်စတန်ကတော့ လန်ဒန်မှာ ငွေကြေးဆိုင်ရာစီးပွားရေးနဲ့ အောင်မြင် နေပါပြီ။ တစ်နေ့မှာတော့ ဝင်စတန်ကို လူမိုက်တစ်စုက နယူးယောက်ကို ဖမ်း ခေါ်လာပြီး သူ့အစ်ကို ဖရန်ကီကို လိုက်ရှာခိုင်းပါတယ်။ အကြောင်းကတော့ ဖရန်ကီက အဖွဲ့အစည်းတစ်ခုဆီက အရမ်းအရေးကြီးတဲ့ ပစ္စည်းတစ်ခုကို ခိုး သွားလို့ပါပဲ။ ဖရန်ကီခိုးမိတဲ့အဖွဲ့က အထက်ကောင်စီဖြစ်နေတဲ့အခါ ညီအစ်ကို နှစ်ယောက်ကို လူသတ်သမားတွေ အုပ်လိုက်ကြီး လိုက်သတ်ပါတော့တယ်…. (ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်။)...

Dragon Gate Posthouse: Wolf Warrior (2018) ⭐TMDB: 0.0% User Score 🎬 #Action #History #Mystery 🗓 2018 🎞 movie 🌎 #China ⏰ 1 နာရီ 24 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ပထမဇာတ်ကားကိုဒီမှာကြည့်ရှုပါ Dragon.Gate.Posthouseရဲ့ဒုတိယဇာတ်ကားလေးပါ။ဒီကားလေးမှာတော့ ရူးရူးနှမ်းနှမ်းနဲ့ ချူအာဆိုတဲ့ကောင်မလေးတစ်ယောက်ကမာတာ့လုရဲ့အကူအညီနဲ့ Dragon.Gate.Posthouseလုံမိန်ရပ်နားစခန်းကို ရောက်လာပါတယ်။ ကောင်မလေးကသူ့ရဲ့အဖေကိုလိုက်ရှာရင်း ရပ်နားစခန်းကိုရောက်လာတာဖြစ်တယ်။သူရှာနေတဲ့သူ့ရဲ့အဖေ ရှန့်ထျန်းလေဟာ လုံမိန်ရပ်နားစခန်းကခေါင်းဆောင်ရှီကန်တန်းဖြစ်နေပါတယ်။ နှစ်နှစ်ဆယ်လောက်ကွဲကွာနေတဲ့သားအဖဟာဒီလိုနဲ့ပြန်တွေ့ဆုံခဲ့ရပြီး သူတို့တွေဘယ်လိုဝေးကွာခဲ့ရတယ်ဆိုတဲ့အကြောင်းကိုပြန်ပြောဖြစ်ကြတယ်။ အဲဒီအချိန်တုန်းက ရှန့်ထျန်းလေက တိုင်းပြည်ရဲ့သူရဲကောင်းစစ်သူကြီးလုတင်ထျန်းကို တာဝန်အရလိုက်သတ်ခဲ့ရပြီး စစ်သူကြီးလုတင်ထျန်းရဲ့သားနဲ့သမီးဟာပျောက်သွားခဲ့တယ်။ ရှန့်ထျန်းလေကလဲသူလုပ်ခဲ့တဲ့အပြစ်တွေကြောင့် မိသားစုအိုးအိမ်ပျက်စီးခဲ့ရတယ်။ဒီစိတ်မကောင်းဖြစ်ရပ်ရဲ့နောက်ကွယ်ကစေခိုင်းသူကဘယ်သူဖြစ်နေမလဲ…လုတင်ထျန်းရဲ့သားနဲ့သမီးဟာဘယ်လိုအဆုံးသတ်သွားလဲ…….သူတို့ရဲ့ကံကြမ္မာအလှည့်အပြောင်းတွေဟာဘယ်လိုဖြစ်နေမလဲ...

OMG 2 (2023) ⭐IMDB: 8.0/10 (24 k Votes) 🎬 #Bollywood #Comedy #Drama 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 35 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 OMG 2 (Oh MyGod) အက်ရှေးကူးမားရ်ရဲ့ သောက်သောက်လဲ အောင်မြင်ခဲ့တဲ့ OMG အဆက် ဒုတိယကားထွက်ရှိလာပြီပဲဖြစ်ပါတယ် ကုဋေ ၅၀ ရင်းထားတဲ့ဒီကားမှာ ရုံဝင်ငွေ ကုဋေ ၂၂၀ ထိပြန်လည်ရရှိခဲ့တာမို့ ခုနှစ်ပိုင်းအတွင်း အက်ရှေးတစ်ယောက် ပြန်လည်အောင်မြင်ခဲ့တဲ့ ဇာတ်ကားလို့ပြောလို့ရပါတယ်အက်ရှေးကူးမားအပြင် ဝါရင့်မင်းသားကြီး ပန်ကတ်ချ် သရီပသီနဲ့ မင်းသမီးချောလေး ယမ်မီဂေါ်သမ်တို့က အဓိကဇာတ်ဆောင်တွေအဖြစ်နဲ့လည်း ပါဝင်ထားပါသေးတယ် OMG 1 မှာ ဘုရားကိုမယုံတဲ့သူက သူ့အိမ်ကိုပဲရွေးငလျင်လှုပ်လို့ ဘုရားကိုတရားစွဲခဲ့တာကနေ တစ်လောကလုံးနဲ့ တစ်ယောက်ရင်ဆိုင်ခဲ့ရပုံကို ဘာသာရေးအကြောင်းတွေနဲ့ ရောသမမွှေတင်ဆက်ပေးခဲ့ပေမဲ့ ဒုတိယကားမှာတော့ ဇာတ်ကောင်စရိုက်တွေ ဇာတ်လမ်းသဘာဝတွေ ပြောင်းလဲပေးထားပါတယ် အဓိကဇာတ်ဆောင် ကန်တီဟာ ဘာသာရေးကိုင်းရှိုင်းလူအများချစ်ခင်ရတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ပါ သူ့ရဲ့ဆယ်ကျော်သက်အရွယ်သားလေး ဗီဗက်ဟာ လူငယ်တို့သဘာဝ လိင်ကိစ္စကို အရမ်းစိတ်ဝင်စား လက်တည့်စမ်းချင်ပြီးဗိုင်ယာဂရာကို သုံးလုံးလောက်ပစ်သောက်ပြီး အာသာဖြေရင်းမေ့လဲလို့ အဖေကဆေးရုံလိုက်ခေါ်ရတဲ့ ကောင်ဆိုးလေးပါ အဲ့ဒါနဲ့တင်မရပ်ပဲ ကာမသျှတ္တရကျမ်းတွေဖတ်ပြီး ကျောင်းအိမ်သာထဲမှာပါ ထပ်ကမြင်းတာကို ကျောင်းကသူ့သူငယ်ချင်း bully ကောင်တွေကဗီဒီယိုရိုက်ဖြန့်လိုက်တဲ့အခါ ဗီဗက်ကို ကျောင်းလဲထုတ် အကုန်လုံးက ဝိုင်းအပြစ်တင်ကြတဲ့အပြင်သူ့မိသားစုရော သူရော လုပုံအလယ်မှာ ခေါင်းမဖော်နိုင်အောင် ဖြစ်ပါတော့တယ် ဒါနဲ့ပဲသူ့အဖေကန်တီလည်းအာသာဖြေမိတာ အပြစ်မဟုတ် လိင်ပညာပေးသေချာမလုပ်ပဲ ကျောင်းသားကိုအပြစ်တင်တဲ့ကျောင်းနဲ့တခြားလူတွေကသာ အပြစ်ရှိတယ်ဆိုပြီး တရားရုံးမှာ တရားထစွဲပါတော့တယ် ဇာတ်လမ်းပုံစံ ဦးတည်ချက်ကပြောင်းသွားပေမဲ့ပထမကားလိုပဲ လူ့ဘောင်လောကစံနှုန်းတွေကို မေးခွန်းထုတ်တာတွေ တရားခွင်မှာ အပြိုင်လျှောက်လဲကြတာတွေ စသဖြင့် ပထမကားထက်မလျော့တဲ့ရသတွေ ခံစားရမှပါဒါ့အပြင် အရှင်သျှီဝတစ်ဖြစ်လဲ အက်ရှေးကူးမားက ဘယ်အခန်းမှာပေါ်လာပြီး ဘယ်လိုတရားပြမလဲဆိုတာ ကြည့်ရမဲ့အပြင်ဒီတစ်ခါ တရားရင်ဆိုင်ရတဲ့ အမှုပြိုင်ရှေ့နေ့မလေးက ကိုယ်ပါပြသနာရှာပြီး အမှုဖွင့်ချင်ရလောက်အောင် ချောတာမို့CM ပရိသတ်ကြီးအတွက် လက်မနှေးစေဖို့ အပြေးလေးတင်ဆက်ပေးလိုက်ရပါတယ် CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Summer Hours (2008) ⭐TMDB: 64.0% User Score 🎬 #Drama #Family 🗓 2008 🎞 movie 🌎 #France ⏰ 1 နာရီ 43 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Rotten Tomatoes 94% IMDb 7.2အထိရရှိခဲ့ပြီး ဆု ၈ ခုနဲ့ ဆန်ကာတင် ၂၃ ခုကိုဆွတ်ခူးခဲ့တဲ့ ၂၀၀၈ ခုနှစ်ထွက် အနုပညာ ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ ပြင်သစ်မိသားစု ဒရာမာကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီရုပ်ရှင်ထဲမှာ အထင်ကရ ပြင်သစ်ပန်းချီပညာရှင်၊ လက်မှုပညာရှင်တွေနဲ့ နာမည်ကျော်အနုပညာလက်တွေအကြောင်းကို အလျှံပယ်တွေ့ရှိရမှာပါ။ ဟယ်လင် ဟာ နာမည်ကြီး ပြင်သစ်ပန်းချီဆရာ အနုပညာစုဆောင်းသူတစ်ဦးဖြစ်တဲ့ Paul Berthier ရဲ့တူမဖြစ်ပြီး Paul Berthier ဆုံးပါးသွားပြီးနောက်ပိုင်းမှာ ဦးလေးဖြစ်သူရဲ့ အိမ်ခြံနဲ့ တန်ဖိုးကြီးအနုပညာပစ္စည်းတွေကို ဆက်လက်ထိန်းသိမ်းပေးနေတဲ့ ၇၅နှစ်အရွယ် အမျိုးသမီးကြီးတစ်ယောက်ပါ။ ဟယ်လင်ရဲ့ သားသမီးသုံးယောက်ဖြစ်သူ ဖရက်ဒရစ်၊ ယေဟေမိနဲ့ ‌‌အေဒရီယန်တို့ဟာ ၎င်းတို့ရဲ့မိသားစုတွေနဲ့အတူ မိခင်ကြီးရဲ့ ၇၅နှစ်ပြည့်မွေးနေ့မှာ တွေ့ဆုံကြဖို့အတွက် ငယ်ဘ၀ကအိမ်လေးဆီ အရောက်ပြန်လာခဲ့ကြပါတယ်။ ထို့နောက် ဟယ်လင်ဟာ ရုတ်တရက်ဆုံးပါးသွားပြီးတဲ့နောက်မှာတော့ ဖရက်ဒရစ်၊ ယေဟေမိနဲ့ အေဒရီယန်တို့သုံးဦးဟာ အမေဖြစ်သူဟယ်လင် ဘ၀တလျှောက်လုံးထိန်းသိမ်း‌‌စောင့်ရှောက်လာခဲ့တဲ့ Paul Berthier ရဲ့အိမ်တော်ကြီးနဲ့ အမွေပစ္စည်းတွေကို စီမံခန့်ခွဲကြဖို့ရာ အကြောင်းဖန်လာတော့တဲ့အခါမှာတော့… Paul Berthier နဲ့ ဟယ်လင်ရဲ့အကြားက ဆက်ဆံရေး၊ သားသမီးသုံးဦးရဲ့ အနုပညာပစ္စည်းတွေအပေါ်အမြင်၊ ရှေးပဝေသဏီကတည်းက မိသားစုရဲ့ ထမင်းချက်အိမ်ထိန်းဖြစ်ခဲ့တဲ့ အယ်လူဝိစ်ရဲ့ ခံယူချက်တွေကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ ဒီရုပ်ရှင်ရဲ့ဖန်တီးသူ စာရေးဆရာ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Oliva Assayas ဟာ Summer Hours ရဲ့ခံစားချက်ကိုဆွဲဆောင်စေတဲ့ခံစားချက်ရရှိအောင် ဇာတ်ဆန်ဆန်မရိုက်ကူးထားဘဲ အရွယ်ရောက်ပြီးသား သားသမီးသုံးယောက်ရဲ့ သဘာ၀အတိုင်း တိုင်ပင်ဆွေးနွေးငြင်းခုန်ကြပုံတွေ ရိုက်ကူးထားတယ်လို့ဆိုပါတယ်။...

57 Seconds (2023) ⭐IMDB: 5.3/10 (1 k Votes) 🎬 #SciFi #Thriller #ScienceFiction 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 35 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကြည့်ရှုနှုန်းတွေလည်း ဆက်တိုက်မြင့်တက်လာနေတဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားလေးတစ်ကားပါ။ ဝါရင့်သရုပ်ဆောင်ကြီး Morgan Freeman လည်းပါဝင်ထားပြီး အနာဂတ်မှာတိုးတက်လာတဲ့ နည်းပညာနဲ့ဆေးပစ္စည်းတွေရဲ့ အကျိုးဆက်က အမြဲတမ်းမကောင်းနိုင်ဘူး ဆိုတာကိုမီးမောင်းထိုးပြထားတာကိုတွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်း…..ဖရန့်ကလင်းဖော့စ်ကတော့ ဇီဝနည်းပညာရှင်တစ်ယောက်ဖြစ်ပြီး ညီမဖြစ်သူသေဆုံးမှုအတွက် တရားမျှတမှုကိုရှာပေးချင်နေတဲ့သူဖြစ်ပါတယ်။ လူတွေကိုလည်း အကောင်းဆုံးကျန်းမာရေးကိုပိုင်ဆိုင်နိုင်ဖို့ အမြဲနည်းလမ်းတွေပေးနေတဲ့သူဆိုလည်းမမှားပါဘူး။ တစ်နေ့မှာတော့ အကောင်းဆုံးကျန်းမာရေးကိုဖော်ဆောင်ပေးနေတဲ့ နည်းပညာရှင်ဂုရုကြီးနဲ့သွားတွေ့ရာက မထင်မှတ်ဘဲ လက်စွပ်တစ်ကွင်းကောက်ရလာခဲ့ပါတယ်။ အဲဒီလက်စွပ်က ရှေ့ ၅၇ စက္ကန့်ကိုပြန်ရစ်လို့ရတဲ့လက်စွပ်ဖြစ်နေမှန်းသိလိုက်ရတဲ့အချိန်မှာ… ဖရန့်ကလင်းတစ်ယောက် လက်စွပ်ရဲ့အစွမ်းကိုအသုံးချပြီး သူ့ညီမအတွက်တရားမျှတမှုကိုဘယ်လိုရှာပေးမလဲ ပိုကောင်းတဲ့ကမ္ဘာကြီးဖြစ်လာဖို့ ဘယ်လိုကြိုးစားကြမလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်။...

Dragon Gate Posthouse: Howling Moon (2018) ⭐TMDB: 0.0% User Score 🎬 #Action #History #Mystery 🗓 2018 🎞 movie 🌎 #China ⏰ 1 နာရီ 20 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကန္တာရရဲ့ အစွန်းဆုံးက ယွဲ့ယာမြို့ဟောင်းမှာ လုံမိန်ရပ်နားစခန်းတစ်ခုရှိပါတယ်။အခု CM ကဘာသာပြန်ပေးတဲ့ ရုပ်ရှင်လေးကတော့ လုံမိန်ရပ်နားစခန်းနဲ့ယွဲ့ယာမြို့အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းလေးတွေပဲ ဖြစ်ပါတယ်။ ဒါကတော့ ကလဲ့စားချေတဲ့ ပုံပြင်လေးတစ်ပုဒ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်ကလက်ရောခြေပါ ရိုက်ချိုးခံရပြီး သေသွားခဲ့တဲ့ အရူးမဟာ ယွဲ့ယာမြို့ဟောင်းကိုပြန်လာပြီး သူ့ကို သတ်ခဲ့တဲ့လူတွေကို ကလဲ့စားလိုက်ချေနေပါသတဲ့။ယွဲ့ယာမြို့ဟာလည်း သွေးမုန်တိုင်းတစ်ခုထဲ ဝင်ရောက်နေသလို ဖြစ်ရပြီး လူတိုင်းက စိုးရိမ်နေကြပါတယ်။ တစ်ချိန်တည်းမှာပဲ ရူးကြောင်ကြောင်ဖြစ်နေတဲ့ ကောင်မလေးတစ်ယောက်ဟာယွဲ့ယာမြို့ကို ရောက်လာပါတယ်။ သူမက လူလား သရဲလား၊ လူသတ်မှုတွေဟာသူမနဲ့ ပတ်သက်နေလားဆိုတာကို စာပို့သမားလေး မာတာ့လုက လိုက်လံ စုံစမ်းနေပါတယ်။ တာ့လုရဲ့ သူငယ်ချင်းကောင်းဖြစ်သူ ချန်ခိုင်းဟာ မြို့ထဲက လူချမ်းသာ သူတော်ကောင်းမော့အိမ်ကအစေခံမလေး ယန်ယန်နဲ့ မေတ္တာသက်ဝင်နေကြပါတယ်။ သူတို့ဟာ တစ်နေ့မှာမျှော်လင့်ချက်တွေ ပျော်ရွှင်ခြင်းတွေကို ကိုယ်စားပြုတဲ့ နေကြာပန်းခင်းကြိးစိုက်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ဒါပေမယ့်လဲ ချန်ခိုင်းမှာလည်း လျှို့ဝှက်ချက်များရှိနေပါတယ်။ မာတာ့လုတစ်ယောက် လူသတ်သမားအစစ်ကို ရှာဖွေနိုင်ပါ့မလား……လွန်ခဲ့တဲ့ နှစ် ၂၀ က အမှုကရော ဘယ်လိုဖြစ်ခဲ့တာလဲ……ဆိုတာကို ရုပ်ရှင်လေးကြည့်ရှုပြီး အဖြေရှာလိုက်ရအောင်နော်။...

Khufiya (2023) ⭐TMDB: 70.0% User Score 🎬 #Action #Bollywood #Drama #Crime #Thriller #Mystery 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 39 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kufiya (2023) IMDb-6/10 ယောကျာ်ားက မိန်းမကို ပစ် သားသမီးကိုပစ်ပြီးအချစ်သစ်ရှာတဲ့သာမန် အိမ်ထောင်ရေးဇာတ်လမ်းတွေနဲ့ကွဲထွက်ပြီးမိန်းမက သူသိပ်ချစ်ရတဲ့အမျိုးသမီးအတွက် သူ့အိမ်ထောင််ရေးကိုစွန့်ခွာကွဲထွက်တဲ့ဘောလိဝုဒ်ရုပ်ရှင်အသစ်တခုကို တင်ဆက်ပေးချင်ပါတယ် Netflix ကထုတ်လွှင့်လိုက်တဲ့ တဘူးရဲ့ Spy / Thriller ကားပါ ဒီကားက Amur Bhushan ရဲ့Escape to Nowhere စာအုပ်ကိုအခြေခံပြီးရိုက်ကူးထားတာလို့ ပြောကြတာတွေလည်းရှိသလိုဒီကားရဲ့ ဒါရိုက်တာ Vishal Bhardwaj ကလည်း သူ့ဇာတ်လမ်းတွေမှာ ရှိတ်စပီးယားပြဇာတ်တွေထဲကနေအလျဉ်းသင့်သလိုယူပြီး ထည့်သွင်းရိုက်ကူးတတ်သူလို့လည်းပြောကြပါတယ်ဒီကားထဲက စစ်ဆေးရေးတွေနာမည်ကိုက ဂျုးလီးယက်ဆီဇာတို့ ဘရူးတက်စ်တို့ ဖြစ်နေတာပါပဲ ဇာတ်လမ်းအညွှန်း ကရစ်ရှနာ(တဘူး) တို့ စပိုင်အဖွဲ့ကလူတွေ စစ်ဆင်ရေးလုပ်တဲ့အချိန်မှာ ရန်သူဘက်ကအမြဲအသာစီးရနေပြီးစပိုင်အဖွဲ့ဝင်တွေပဲ အရင်ရှင်းပစ်ခံနေရတဲ့အချိန် ဟီနာဆိုတဲ့ စပိုင်တစ်ယောက်လည်း အဲဒီလိုအဖြစ်ဆိုးမျိုးကြုံလိုက်ရတယ် ဒီကိစ္စကိုစုံစမ်းဖို့အတွက် စပိုင်အဖွဲ့က ကရစ်ရှ်နာကိုတာဝန်ပေးလိုက်တယ် အလုပ်ကနေအနားယူတော့မဲ့ကရစ်ရှ်နာတစ်ယောက် အဖွဲ့အတွက်အရေးကြီးဆုံးတာဝန်လည်းဖြစ်ချစ်ရသူသေရတဲ့ကိစ္စလည်းဖြစ်နေတော့ မနေသာပဲဝင်ပါရပြန်တယ် ဒီလိုအဖြစ်အပျက်တွေအတွက် အဖွဲ့ကနေအဓိကသံသယရှိသူက ရာဗီ သူကလည်းသူ့ကိုသိသွားကြမှန်းသိ‌တာနဲ့ ချက်ချင်းမိသားစုပါခေါ်ပြီး လစ်ပြေးတော့တာပဲဒါပေမဲ့သူကခိုင်းစေခံရသူသာသာပဲ သူ့နောက်ကွယ်မှာအဓိကတရားခံကရှိနေသေးတယ် စပိုင်တွေကိုတောင် အသာစီးယူပြီးရှင်းပစ်နိုင်နေတဲ့ရန်သူကိုအနိုင်ယူဖို့….ခင်ပွန်းနဲ့ သားကိုဖုံးကွယ်ထားတဲ့ ချစ်ခြင်းတရားတစ်ခုအတွက်လက်စားချေဖို့…ဒါတွေကို ကရစ်ရှ်နာတစ်ယောက်အဆုံးထိအောင်မြင်အောင်လုပ်နိုင်သွားမလား ဆိုတာမင်းသမီးချောသုံးယောက်ရဲ့အလှကို ရှူစားရင်းခံစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Alex ~ ToMo ~ KKKZ ~ Zwe ~ Aditi တို့ပဲဖြစ်ပါတယ်...

Winter Sleep (2014) ⭐IMDB: 8.1/10 (54 k Votes) 🎬 #Drama 🗓 2014 🎞 movie 🌎 #Turkey #France #Germany ⏰ 3 နာရီ 17 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ IMDB 8.1 ရရှိထားတဲ့ တူရကီဇာတ်ကားတစ်ကားပါ။ ဒရာမာကားမျိုးဖြစ်တယ်ဆိုပေမဲ့ ကိုရီးယားဒရာမာမျိုးနဲ့ လုံးဝမတူတဲ့ခံစားချက်ကိုပေးတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ အိုင်ဒင်ဆိုတဲ့ လူကြီးတစ်ယောက်၊ သူနဲ့အသက်တော်တော်ကွာပြီး တွေးခေါ်ပုံမတူသလို ဆက်ဆံရေးအဆင်မပြေတဲ့ မိန်းမဖြစ်သူ နီဟယ်နဲ့ ယောကျာ်းဖြစ်သူနဲ့ ကွာရှင်းထားတာမကြာသေးတဲ့ အိုင်ဒင်ရဲ့ညီမဖြစ်သူ နယ်ရှလာတို့သုံးယောက်နဲ့ ဇာတ်အိမ်တည်ထားပါတယ်။ ဒီဇာတ်ကားက rating 8.1 အထိရထားရတဲ့အကြောင်းက ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ စရိုက်နဲ့ သူတို့ကြားထဲကဆက်ဆံရေးကို အကောင်းဆုံးနဲ့ အပြောင်မြောက်ဆုံးပုံဖော်သွားနိုင်တာကြောင့်ပါ။ ဇာတ်လမ်းက ခပ်အေးအေးနဲ့သွားတယ်ဆိုပေမဲ့လဲ ဇာတ်ကောင်နှစ်ယောက်ကြားက ငြင်းခုံရန်ဖြစ်ရင်း ပြောသွားတဲ့စကားတွေက သူတို့ရဲ့နစ်မြုပ်နေတဲ့ ခံစားချက်တွေကို တဖြည်းဖြည်းနဲ့ပေါ်လွင်လာစေပြီး ဘယ်သူကမှန်တယ် ဘယ်သူကမှားတယ်ဆိုတာကို ခွဲခြားရခက်စေပါတယ်။ ဒရာမာဆိုတဲ့အတိုင်း တစ်ကားလုံးဒရာမာတွေနဲ့ပြည့်နေသလို ကြည့်ရှုသူကို တစ်ချိန်လုံးအတွေးနယ်ချဲ့နေအောင် လုပ်နိုင်တဲ့ဇာတ်ကားဖြစ်ပြီး ၃ နာရီ ၁၆ မိနစ်အထိကြာတာကြောင့် မိသားစုဒရာမာကြိုက်သူတွေအတွက် လက်လွှတ်မခံဘဲ ကြည့်ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။...

They Live (1988) ⭐TMDB: 73.0% User Score 🎬 #Action #Horror #SciFi #Thriller #ScienceFiction 🗓 1988 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 They Live (1988)=============IMDb Rating – 7.2/10 နာဒါဆိုတဲ့ အိမ်ခြေရာမဲ့ဟာ အလုပ်ရှာဖို့ လော့စ်အိန်ဂျလိစ်ကို ထွက်လာခဲ့ပါတယ်။ အလုပ်သမားရုံးကိုသွားပေမယ့် အလုပ်ရှာမပေးနိုင်ကြပါဘူး။ ဒါနဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဝင်လုပ်ခဲ့ရင်း ကံကောင်းစွာနဲ့ ဖရန့်ခ်နဲ့ဆုံတယ်။ သူက စားစရာ အိပ်စရာ နေရာတစ်ခုကို ခေါ်သွားပေးတယ်။ သူတို့လိုပဲ အိမ်ခြေရာမဲ့ ယခုခေတ်အခေါ် ကျူးရပ်ကွက်လိုမျိုးပေါ့ ဘေးကပ်ရပ်ကချာ့ခ်ျကျောင်းကို မသင်္ကာလို့ စပ်စုမိရင်း ဓမ္မတေးကို သီဆိုနေကြတာမဟုတ်ဘဲကတ်ဆက်နဲ့ဖွင့်ထားတာကို တွေ့လိုက်ရတယ် အထဲမှာလည်း ဓာတ်ခွဲခန်းလိုမျိုးအခင်းအကျင်းတွေနဲ့ပေါ့။ တစ်ညမှာ ထိုကျူးရပ်ကွက်နဲ့ ချာ့ခ်ျကျောင်းကို ရဲတွေအလုံးအရင်းနဲ့ ဝင်လာပြီးစီးနင်းကြပါတော့တယ်။ အကြောင်းပြချက်ကိုတော့ ဘယ်သူမှမသိကြပါဘူး။နောက်နေ့မှာတော့ နာဒါဟာ ဘုရားကျောင်းထဲ ဝင်နှောင့်ရင်း ထူးဆန်းတဲ့ကတ္ထူပုံးကို မ’လာပါတော့တယ်။ အထဲမှာတော့ နေကာမျက်မှန်တွေချည်းနဲ့ ပြည့်လို့နေတယ်။ မျက်မှန် တစ်လက်ကိုယူပြီး တပ်ကြည့်လိုက်တဲ့အခါမှာတော့ ကမ္ဘာကြီးကသူထင်ထားသလိုမဟုတ်တာကို တွေ့လိုက်ရချိန်မှာတော့… ချာ့ခ်ျကျောင်းကို ဘာကြောင့် ဝင်စီးတာလဲ…ကျောင်းကရော ဘာတွေ လုပ်နေတာလဲ…နေကာမျက်မှန်ကနေတစ်ဆင့် ဘာတွေမြင်လိုက်လဲဆိုတာတော့ ကိုယ်တိုင်သာခံစားကြည့်ရှုပါတော့။ သူ့ခေတ်အခါမှာ Rating 7.2 ရရှိထားတဲ့အပြင် Top 1အဖြစ် ၂ပတ်ဆက်တိုက် ရှိနေခဲ့တဲ့ ဇာတ်ကားဖြစ်တာကြောင့် မကောင်းမှာတော့ပူစရာမလိုပါဘူး… (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Mugiwara Ya ဖြစ်ပါတယ်)...

The Free World (2016) ⭐IMDB: 6.1/10 (2 k Votes) 🎬 #Drama #Romance 🗓 2016 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Free World (2016)=================IMDb Rating – 6.1/10 ၁၅ နှစ်သားကတည်းက ထောင်ထဲကို ဝင်သွားရတဲ့ ကောင်လေးတစ်ယောက်ရှိသတဲ့။ဟင့်အင်း၊ သူဘာမှမလုပ်ခဲ့ဘူး။ သူအမြဲပြောတတ်တဲ့စကားတစ်ခွန်းရှိတယ်။ ကျွန်တော်လက်ဖျားနဲ့တောင် မတို့ခဲ့ပါဘူးတဲ့။ ဒါပေမဲ့ဗျာ၊ လူ့ယဉ်ကျေးတို့ အသိုင်းအဝိုင်းက တရားဥပဒေ ဘက်တော်သားပါဆိုတဲ့ အဖွဲ့လိုက်ကြီးက သူ့ကို သံတိုင်တွေနောက်ပို့ခဲ့တယ်။ဒီကောင်လေးက တီဗီမင်းသားပေါ့လေ။ မသိတဲ့သူမရှိ။ ရဲတပ်ဖွဲ့ဝင်ဆိုတဲ့အကောင်တွေတိုင်းသူ့ကိုမြင်ရင် သင်္ကာမကင်းဖြစ်၊ အနိုင်သွားကျင့်ချင်တဲ့ ‌ခွေးစိတ်တွေပေါက်လာကြရော။သူ့ကိုစွပ်စွဲခဲ့တဲ့အမှုက ကြီးကျယ်လွန်းတော့ မှုခင်းတီ‌ဗီမှာ မသိသူမရှိတဲ့ကောင်လေး။ ဒီတော့ကြက်သီးထလောက်စရာ ပြစ်မှုကြီးရဲ့တရားခံက တရားဥပဒေဘက်တော်သားပါဆိုတဲ့ကောင်တွေအပေါ် ငါးသလောက်ပြုံး ပြုံးနေတဲ့အချိန် ဒီလူငယ်လေးက လေးဘက်လေးတန် သံတိုင်တွေကြားမှာ။ ထောင်ထဲမှာ အနိုင်ကျင့်ရမ်းကားမှုတွေကြား ဒီလူငယ်လေး ကြမ်းတမ်းလာတယ်။ လူဆိုးရင့်မာကြီးတွေကိုယ်တိုင် လက်ရှောင်ရတဲ့ ဖိုက်တာအကြမ်းစားကြီး။ အခန်းဖော်ကို ပြဿနာရှာလို့မျက်လုံးတစ်ဖက် ဖောက်ထုတ်ပစ်လိုက်တာ သူ့ကို ဒဏ္ဍာရီမှာ မျက်လုံးတစ်လုံးပဲရှိတဲ့သတ္တဝါ ရဲ့အမည်ဝိုင်းပေးလိုက်ကြတယ်။ ဆိုက်ကလော့ပ်ကြီးတဲ့။ တစ်ခါကလည်း သူ့အတွက် ထောင်ထမင်းကို တမင်ညစ်ပြီး မကျွေးတဲ့ထောင်စောင့်တစ်ယောက်ကိုခေါင်းရိုက်ခွဲလိုက်တာ နှစ်လလောက် ကိုးမားဝင်သွားသတဲ့။ သေရာပါ ဦးနှောက်ဒဏ်ရာပေါ့။ ဒီလိုလူကြမ်းလေး။ ဒီလိုလူဆိုးလေး။ သူ့ကို ထောင်တွင်းက အစ္စလမ်အုပ်စုက ဖျောင်းဖျတရားပြပြီး ယဉ်ကျေးစေခဲ့တယ်။ အလ္လာအရှင်ထံမှောက် မာန်ချအရှုံးပေးတတ်အောင် သင်ပြခဲ့တယ်။ သူ ခရစ်ယာန်ဘာသာကို မရွေးချယ်ခဲ့တဲ့အကြောင်း သူရှင်းပြသေးသဗျ။ ခရစ်ယာန်တွေက သူ့ကို အပြစ်ဝန်ခံခိုင်းသတဲ့။ သူက အပြစ်မရှိတဲ့သူဆိုတော့ ဝန်ခံစရာမရှိလို့ သူ့ကိုမေးခွန်းတွေမမေးတဲ့ အစ္စလမ်တွေဘက်ကို သူရောက်သွားတယ်ပေါ့လေ။ ထားပါ။ (ဇာတ်ကားထဲကအတိုင်းထည့်ရေးထားတာပါ)ဒီကောင်လေးကို အပြစ်မရှိပါဘူးလို့ နှစ်ပေါင်းများစွာကြာပြီးမှ ထောင်ကလွှတ်လိုက်တယ်။ သူ့ကိုကြင်နာတဲ့ခွေးဂေဟာက ပိုင်ရှင်ရဲ့ အလုပ်ပေးမှုနဲ့ ထမင်းနပ်မှန်နေခဲ့တယ်။ ဒီလိုအေးချမ်းနေတဲ့ သူ့ဘဝထဲကို အမျိုးသမီးတစ်ယောက် ကဗျာမဆန် ဆိုင်းမဆင့်ဗုံမဆင့် ဝင်ရောက်လာချိန်မှာတော့။ ဆိုက်ကလော့ပ်ကြီးရဲ့ နှလုံးသားတောင့်တစ်နေရာက ထွက်လာတဲ့ အချစ်မေတ္တာတွေကို ဖော်ကျူးထားတဲ့ ဒရမ်မာဇာတ်လမ်းတစ်ပုဒ်ပါ။ကြည့်ရှုခံစားလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Arr Khun Winchester ဖြစ်ပါတယ်)...

Accepted (2006) ⭐TMDB: 64.0% User Score 🎬 #Comedy 🗓 2006 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 2006 ခုနှစ်ကထွက်ရှိခဲ့ပီး IMDb rating 6.4 ရရှိထားတဲ့ ​ကျောင်းသားကား​လေးကိုခံစားကြည့်ကြရ​အောင်ပါ။ ​ကောလိပ်​ကျောင်းတွေဟာ အထက်တန်း​ကျောင်းသားဘဝ က​နေ အမှီအခိုကင်းကင်းရပ်တည်နိုင်တဲ့ ဘဝ​တွေဆီ​ရောက်​အောင်သွားကြရာမှာ မဖြစ်မ​နေဖြတ်​ကျော်ကြရတဲ့အရာပါ။ ဒါ​​တွေကြောင့်ပဲ ​ကောလိပ်ဝင်ခွင့်​တွေဟာ နိုင်ငံ​တော်​တော်များများမှာ​တော့ လူငယ်​တွေအတွက်အိပ်မက်ဆိုးလိုဖြစ်​​နေတာပါပဲ။ society က သတ်မှတ်ထားတဲ့စံညွှန်း​တွေ​ကလည်း ​ကောလိပ်​​ကျောင်း​ကောင်း​ကောင်းတက်​ရောက်​ရေးဖိအား​တွေ​ပေးကြပါတယ်။ ဒီဇာတ်ကားထဲမှာလည်း ​ကျောင်းဝင်ခွင့်​တွေ အကြိမ်ကြိမ်ပယ်ခံရတဲ့ လူငယ်​လေး​တွေ ဟာ ကြံမိကြံရာကြံကြရင်း သတ်မှတ်ချက်​ဘောင်​တွေကို ချိုးဖြတ်ဖို့ဖြစ်လာကြပါတယ်။ လူငယ်​တွေကို အကန့်အသတ်မဲ့ ပျံသန်းခွင့်​ပေးလိုက်ရင် အံ့အားသင့်စရာ​တွေဖြစ်လာနိုင်တယ်ဆိုတာပြထားတာပါ။ ​ ပညာ​ရေးစနစ်ကြီးရဲ့အလွဲ​တွေကို​ထောက်ပြထားပြီး မူဝါဒ​တွေကိုလည်းသ​ရော်ထားပါ​သေးတယ်။ ဒါ့အပြင် ​နောက်ခံသီချင်း​လေး​တွေကလည်း အမိုက်စား​လေး​တွေဖြစ်တဲ့အတွက် အဲ့ဒီခုနှစ်ဝန်းကျင်က ​ကျောင်းတက်ကြသူ​တွေဆို အတိတ်ကို ပြန်လွမ်းမိသွားနိုင်သလို Gossip girls တို့ Age of Adaline တို့ထဲက မင်းသမီး​ချော Blake Lively ရဲ့ နုနုနယ်နယ်တက်ကြွတဲ့ အလှ​ကိုလည်းခံစားနိုင်ပါတယ်။ ဒါ​​ကြောင့် ကြည့်သင့်တဲ့ကား​လေးဖြစ်လို့ ခံစားကြည့်ကြပါဦး။...

Pet Sematary: Bloodlines (2023) ⭐IMDB: 4.8/10 (653 Votes) 🎬 #Horror #Fantasy 🗓 2023 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မြေမြှပ်လိုက်တိုင်း ပြန်ရှင်လာတဲ့ သင်္ချိုင်း၊ စာရေးဆရာကိုယ်တိုင်အကြောက်ဆုံးစာအုပ် Pet Semetary ဒီဇာတ်လမ်းဟာ ဟော်ရာစာရေးဆရာကြီး စတီဖင်ကင်းရဲ့ နာမည်အကြီးဆုံး ဝတ္ထုတွေထဲက တစ်အုပ်ဖြစ်တဲ့ Pet Semetary ကိုအခြေခံပြီးရိုက်ကူးထားတာပါ။ စတီဖင်ကင်းဟာ အင်တာဗြူးတိုင်းမှာ သူရေးတဲ့ဝတ္ထုတွေထဲ သူအကြောက်ဆုံးဇာတ်လမ်းကိုပြောပါဆိုရင် Pet Semetary ကိုပဲ ညွှန်းလေ့ရှိပါတယ်။ ပထမဆုံးရုပ်ရှင်ကို 1989 မှာ ရိုက်ကူးခဲ့ပြီး၊ ၂၀၁၉ မှာ ဗားရှင်းအသစ်ရိုက်ကူးထားပါတယ်။ နှစ်ကားလုံးကို ချန်နယ်မြန်မာမှာ ကြည့်ရှုနိုင်ပါတယ်။ အခု ဇာတ်လမ်းကတော့ မူရင်းဝတ္ထုထဲက ဇာတ်လမ်းကြီးမစခင် ရှေ့မျိုးဆက်အကြောင်းကို ရိုက်ကူးထားတာပါ။ မူရင်းဇာတ်လမ်းထဲက အဘိုးကြီးဂျက်ဟာ ဒီရုပ်ရှင်ထဲမှာ အဓိကဇာတ်လိုက်ပါပဲ။ မူရင်းဇာတ်လမ်းတုန်းက တိရစ္ဆာန်သင်္ချိုင်းအကြောင်းကို အဘိုးကြီးက စကားအနေနဲ့ သတိပေးတဲ့ဟာကို အခြေခံပြီး ဇာတ်လမ်းပြန်ဖွဲ့ ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်း လဒ်လိုမြို့မှာ ဖုန်းဆိုးမြေလို့ ခေါ်ရမဲ့ နေရာတစ်ခုရှိတယ်။ အရင်ကတော့ မျိုးနွယ်စုတွေဟာ တိရစ္ဆာန်တွေကိုမြှပ်နှံပြီး တိရစ္ဆာန်ဝိညာဉ်တွေဟာ လူတွေကို မကောင်းဆိုးဝါးလက်ကနေ ကာကွယ်ပေးတယ်လို့ ယုံကြည်ကြပါတယ်။ ဒါပေမဲ့ အဲဒီမြေက ပုတ်သိုးသွားပြီး သီးနှံတွေလည်းသေဆုံးလာသလို မကောင်းဆိုးဝါး အားကောင်းလာတဲ့အခါ စွန့်ခွာပြီး ပြေးခဲ့ကြပါတော့တယ်။ နှောင်းလူတွေ အဲဒီ သင်္ချိုင်းမြေကို ဆက်မသုံးမိအောင်လည်း သတိပေးထားကြပါတယ်။ ဒါပေမဲ့ အဲဒီမြေရဲ့ မကောင်းဆိုးဝါးက သူစည်းရုံးရမဲ့ ပစ်မှတ်တွေကို ရှာနေဆဲပါပဲ။ ချစ်ရတဲ့လူတွေ တိရစ္ဆာန်တွေသေဆုံးသွားတဲ့အခါ သူတို့တွေကို လက်မလွှတ်နိုင်သေးတဲ့လူတွေကို တီးတိုးခေါ်ပြီး သင်္ချိုင်းမြေမှာ လာမြှပ်အောင် ပြန်ရှင်လာအောင် ဆွဲဆောင်နေပါတယ်။ ပြန်ရှင်လာတဲ့ လူတွေ အကောင်တွေက မသေခင်ကအတိုင်းမဟုတ်တော့ပါဘူး။ ရက်စက်တဲ့မကောင်းဆိုးဝါးတွေတဖြည်းဖြည်းဖြစ်လာတာပါ။ အဲဒီအရာတွေနဲ့ မြို့ခံတွေနဲ့ ရင်ဆိုင်ကြရပုံတွေကို ပြသထားတာပဲဖြစ်ပါတယ်။ စတီဖင်ကင်းရဲ့ ဇာတ်လမ်းတွေကိုအခြေခံရိုက်ကူးထားတဲ့ နာမည်ကြီးရုပ်ရှင်တွေကိုလည်း ချန်နယ်မြန်မာမှာ တင်ပေးထားပါတယ်။ မကြည့်ရသေးတာတွေပါရင်လည်း ကြည့်ကြည့်လိုက်ပါ။...

Lupin (2021- ) ⭐IMDB: 7.5/10 (124 k Votes) 🎬 #Crime #Drama #Mystery #Action 🗓 2021- 🎞 tv series 🌎 #France #UnitedStates ⏰ 50 မိနစ် 52 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Lupin Season 1 + 2 (2021)ပြင်သစ်နိုင်ငံ ပဲရစ်မြို့ဆိုတာနဲ့ ရိုမန့်စ်တွေပြည့်နှက်နေတဲ့အချစ်မြို့တော်ကြီးလို့ပဲ တော်တော်များများက ပြေးမြင်မိကြမှာပါဒါပေမယ့် ဒီဇာတ်လမ်းမှာတော့ ပဲရစ်မြို့က ဇာတ်လိုက်​ကျော်ခိုးသားကြီး အာဆန်းဂျုပ်ရဲ့ပြောင်မြောက်တဲ့ခိုးကွက်တွေကို ကြည့်ရှုကြရမှာပါခိုးသားဆိုလို့ သာမန်သူခိုးတော့မဟုတ်ပါဘူးပဲရစ်မြို့ရဲ့ အထင်ကရပြတိုက်ကြီး လူဗာပြတိုက်ကသမိုင်းဝင်ယူရိုသန်းချီလည်ဆွဲကြီးကိုမှ ပါးပါးနပ်နပ်ခိုးယူမယ့် သူခိုးကြီးပါသူ့ရဲ့စံပြပုဂ္ဂိုလ်ကြီးကတော့ ခိုးသားလူကြီးလူကောင်းဆိုတဲ့ စာအုပ်ထဲက“အာဆင်နီလူပင်” ပါပဲ အာဆင်နီလူပင်ရဲ့ အကွက်တွေကိုအသုံးချပြီးဟိတ်ဟန်အပြည့်နဲ့ ရုပ်ပြောင်းရုပ်လွှဲအမျိုးမျိုးနဲ့ ပါးပါးနပ်နပ်ကစားသွားပုံတွေကတော့ သြချလောက်စရာပါဒါပေမယ့်သူ့ရည်ရွယ်ချက်က ငွေလိုချင်ရုံသက်သက်မဟုတ်ပါဘူးဒီသမိုင်းဝင်လည်ဆွဲကြီးကိုမှ ဘာလို့ခိုးယူရလဲဆိုတာတွေကိုတော့၁၉၉၅ ခုနှစ် အာဆန်းရဲ့ငယ်စဥ်ကလေးဘဝပုံရိပ်တွေနဲ့အတူပြသွားတာဖြစ်ပြီး အပိုင်း၅ပိုင်းပဲ ပါတာဖြစ်တဲ့အတွက် ငြီးငွေ့မသွားစေဘဲအတော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်မှာပါကြည့်ရှုခံစားလိုက်ကြပါဦး...

The Walking Dead (2010-2022) ⭐IMDB: 8.1/10 (1 M Votes) 🎬 #Action #Adventure #Drama #SciFi #Fantasy #Horror #Thriller 🗓 2010-2022 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 42 မိနစ် 5 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Walking Dead (2010)  ဒီစီးရီးကိုတော့ ချန်နယ်မြန်မာပရိသတ်တွေတောင်းနေကြတာကြာပါပြီ။ အပိုင်းတွေများပြီး ထွက်ထားတာကြာပြီဆိုတော့ ဘာသာပြန်ကောင်းကောင်း၊ ကွာလတီကောင်းကောင်းလေး တင်ပေးချင်လို့ အခုမှစတင်ဖြစ်တာပါ။ဇွန်ဘီး၊ ဖုတ်ကောင်ဇာတ်လမ်းတွဲတွေထဲမှာတော့ ကမ္ဘာ့အကောင်းဆုံးလို့ ပြောရမဲ့ ဇာတ်လမ်းတွဲပါပဲ။ Resident Evil လိုမျိုးပဲ ဇွန်ဘီးကူးစက်ရောဂါကြောင့် ကမ္ဘာကြီးပျက်စီးပြီး အသက်ရှင်ကျန်နေခဲ့တဲ့လူတွေ ရုန်းကန်ကြပုံတွေကို ပြသထားတာပါ။ဒါပေမဲ့ ဇာတ်ကောင်တွေ ဇာတ်လမ်းတွေအရမ်းကောင်းလွန်းလို့ အစကနေ အဆုံးထိ ဆွဲဆောင်သွားနိုင်ခဲ့ပါတယ်။ ကြောက်စရာကောင်းတာက ဇွန်ဘီးတွေတင်မကဘဲ ကမ္ဘာမီးလောင်သားကောင်ချနင်းတဲ့လူတွေ၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားထဲက အပြိုင်အဆိုင်တွေ အကြံအစည်တွေနဲ့ သည်းထိပ်ရင်ဖိုင်ဇာတ်လမ်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။စီးရီးကောင်းကောင်းဘာကြည့်ရမှန်းမသိဖြစ်နေရင်၊ ကြည့်ဖူးပေမဲ့ အစအဆုံးအဆက်အစပ်မရှိဖြစ်နေရင် အခုပဲ ပြန်စကြည့်လိုက်ပါတော့။...