ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
https://m.media-amazon.com/images/M/MV5BODUwOGIxYzctNDVlOC00YzFjLWEyMjEtZmY3MjEwZGI3MmU0XkEyXkFqcGdeQXVyMjkwOTAyMDU@._V1_FMjpg_UX1000_.jpg Mayor of Kingstown (2021- ) ⭐IMDB: 8.2/10 (26 k Votes) 🎬 # #Crime #Drama #Thriller 🗓️ 2021- 🎞️ tv series 📺 720p HD 🌎 #UnitedStates ⏰ 51 မိနစ် 19 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mayor of Kingstown (2021) + Season-2 (2023) ဒီစီးရီးကတော့ အတော့်ကို ကောင်းပါတယ်လတ်တလော နှစ်ပိုင်းထွက်ထားတာကို tmdb rating 10/10 ရထားပြီး။ရိုက်ထားတာကလည်း ရုပ်ရှင်အဆင့်လောက်ရှိတယ်။မင်းသားတွေကလည်း ဆရာတွေချည်းပဲ။ကြည့်ကြည့်လိုက်ပါ။ တစ်ပတ်တစ်ပိုင်း ဆက်ထွက်မှာပါ။ကင်းစ်တောင်းမြို့ ( Kingstown )ဆိုတာ ၇ မိုင် ပတ်လည်တိုင်းမှာထောင် ၁ ခုရှိပြီး ထောင်သူ/သားတွေ နေထိုင်ရာ မြို့ဖြစ်ပါတယ်. ဒီမြို့မှာ မက်လက်စကီ မိသားစုက အာဏာကိုချုပ်ကိုင်ထားတဲ့ သူတွေဖြစ်ပြီးမြို့တော်ဝန် မိသားစုလို့ လူတွေက ခေါ်ကြတယ်မစ်ချ်၊ ဂျိမ်းစ်၊ ကိုင်းလ်တို့ ညီအစ်ကိုသုံးယောက်ဟာထောင်သားတွေကို ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်လုပ်ပေးတဲ့သူတွေဖြစ်ပြီးဒါနဲ့ပဲ မိသားစုတစ်သက် အသက်မွေးဝမ်းကြောင်းလုပ်နေတဲ့သူတွေပါ။မြို့ရဲ့ ရဲတွေ တရားစီရင်ရေးတွေ ထောင်အစောင့်တွေအာဏာပိုင်တွေကို အိပ်ကပ်ထဲထည့်ထားပြီး ဉပဒေကိုလိုသလိုအသုံးချတဲ့ မြို့တော်ဝန်ညီအစ်ကိုဖြစ်ပါတယ်.တစ်နေ့ ထောင်ထဲက မစ်ချ်ရဲ့ မိတ်ဆွေဟောင်း မိုင်လိုအကူညီတောင်းတာကို လုပ်ပေးရင်းနဲ့မြို့တော်ဝန်မစ်ချ် အသတ်ခံလိုက်ရာကနေ ဇာတ်လမ်းစပါတော့တယ်ရဲ၊ထောင်၊ရာဇဝတ်သားတွေနဲ့ ဉပဒေကိုအသုံးချသူတွေကြားကဖြစ်တဲ့အရှုပ်အရှင်းတွေကို ကြည့်ရမဲ့ Crime ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပြီးMain lead အနေနဲ့ Hawkeye မင်းသား Jeremy Renner က ပါဝင်ထားပါတယ်ဇာတ်လမ်းတွဲမှာ ၁၀ ပိုင်းပါရှိမှာဖြစ်ပါတယ်လက်ရှိမှာ ၂ ပိုင်းထွက်ထားပြီး တစ်ပတ် ၁ ပိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်(ဇာတ်လမ်းအညွှန်းကို Thiha Yan Naing ရေးသားပြီဘာသာပြန်သူများကတော့ Thiha Yan Naing & PyiTi Nyein တို့ဖြစ်ပါတယ်)

https://m.media-amazon.com/images/M/MV5BNDhhNjFiZGYtM2NhZC00MWRlLWI4ZjctYzgwNzhkODhlMTkxXkEyXkFqcGdeQXVyMzY0MTE3NzU@._V1_FMjpg_UX1000_.jpg God's Crooked Lines (2022) ⭐IMDB: 7.0/10 (11 k Votes) 🎬 #Drama #Mystery #Thriller 🗓️ 2022 🎞️ Movie 📺 720p HD 🌎 #Spain ⏰ 2 နာရီ 36 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 God’s Crooked Lines (2022) အဲလေ့စ် ဂူးတ်ဆိုတဲ့ အလွတ်တန်းစုံထောက်အမျိုးသမီးတစ်ယောက်ဟာ စိတ်ကျန်းမာရေးဆေးရုံမှာ အမှုတစ်ခုကိုစုံစမ်းဖို့ ယောင်္ကျားဖြစ်သူကို အဆိတ်ခတ်သတ်ဖို့ကြိုးစားတဲ့ သံသယလွန်ကဲမှုစိတ်ရောဂါရှင်လူနာအနေနဲ့ ရောက်လာခဲ့ပါတယ်။ ဆေးရုံထဲမှာ အမှုကိုစုံစမ်းနေတုန်းမှာပဲ သူ့ကိုအပြင်လူဆိုတာသိနေရမယ့် ဆေးရုံရဲ့ဒါရိုက်တာကိုယ်တိုင်က သူ့ကိုစိတ်မနှံ့တဲ့လူလို ဆက်ဆံလာတဲ့အခါ အဲလေစ့်တစ်ယောက် သူအရူးမဟုတ်ဘူးဆိုတဲ့အကြောင်းကိုရှင်းပြရင်း ပြဿနာတွေ ပိုကြီးမားလာခဲ့ပါတယ်။ အဲလေ့စ်နဲ့အတူ ဆေးရုံကိုရောက်လာတဲ့ ဆရာဝန်ညွှန်ကြားချက်စာထဲမှာတော့ အဲလေ့စ်ဟာ ဟာကွက်မရှိလိမ်နိုင်သူ၊ ဉာဏ်ထက်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူနဲ့ဆန့်ကျင်တဲ့လူမှန်သမျှကို အကြောင်းအမျိုးမျိုးနဲ့ ယုံလာအောင် လှည့်စားတတ်လို့ သူပြောသမျှ ဘာတစ်ခုမှမယုံဖို့ပြောထားပါတယ်။ ဒါပေမယ့် အဲလေ့စ်ကတော့ သူဟာပုံမှန်လူတစ်ယောက်ဖြစ်ပြီး ဒီကိုရောက်နေရတဲ့တစ်ခုတည်းသောအကြောင်းအရင်းက အမှုစုံစမ်းဖို့အတွက်ပဲဖြစ်တယ်ဆိုပြီး အခိုင်အမာပြောလာခဲ့ပါတယ်။ အဲလေ့စ်ဟာ စိတ်ကျန်းမာရေးချို့တဲ့ပြီး ကယောင်ကတန်းတွေမြင်နေတဲ့သူလား? ဒါမှမဟုတ် အမှန်တကယ် အမှုစုံစမ်းဖို့ရောက်လာတဲ့ အလွတ်တန်းစုံထောက်တစ်ယောက်လားဆိုတာကို ပဟေဠိဆန်စွာကြည့်ရှုမှာပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Han Tharပါ။)

https://m.media-amazon.com/images/M/MV5BNzkyOTczMjU0M15BMl5BanBnXkFtZTcwMDExMzM0MQ@@._V1_FMjpg_UX1000_.jpg The Condemned (2007) ⭐IMDB: 6.0/10 (53 k Votes) 🎬 #Action #Crime #Thriller 🗓️ 2007 🎞️ Movie 📺 720p HD 🌎 #UnitedStates ⏰ 1 နာရီ 54 မိနစ် 05 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Condemned (2007) ====================== ကျွန်းတစ်ခုပေါ်မှာ သေမိန့်ကျခံထားရတဲ့ ရာဇဝတ်သား (၁၀) ယောက်ကို ထားပြီး မက်လောက်ဖွယ်ငွေကြေးနဲ့ အသက်ရှင်ရက် လွတ်မြောက်ဖို့ အခွင့်အရေးတစ်ခုပေးထားပြီဆိုရင် သေရမှာသေချာနေတဲ့ လူတစ်ယောက်အနေနဲ့ နောက်ဆုံးရှင်သန် သူဖြစ်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ… အီရန်ဘရက်ကယ်ဆိုတဲ့ လူတစ်ယောက်က ဒီစိတ်ကူးကို အင်တာနက်ပေါ်က (Reality Show) တစ်ခုအဖြစ် လက်တွေ့အကောင်အထည် ဖော်ပြီး ဆိုးသွမ်းလှတဲ့ ရာဇဝတ်သား (၁၀) ယောက်ကို ကျွန်းတစ်ခုပေါ်မှာ အတူထားပြီး. နောက်ဆုံးရှင်သန်သူဖြစ်ဖို့ သတ်ကွင်းတစ်ခု ဖန်တီး ပေးလိုက်တဲ့အခါ…. မထင်မှတ်ထားတဲ့ အလှည့်အပြောင်းအဖြစ်နဲ့ ရွေးချယ်ထားတဲ့ အဓိကလူတွေထဲက တစ်ယောက် အသတ်ခံလိုက်ရတဲ့ အချိန်မှာ အယ်ဆယ်ဗာဒေါက ထောင်တစ်ခုမှာ သေမိန့်စောင့်ဆိုင်းနေတဲ့ ဂျက်ကွန်ရက်ဒ် ဆိုတဲ့ လူတစ်ယောက်ကို ရှာတွေ့သွားချိန်မှာတော့….. နောက်ကြောင်းစုံစမ်းလို့မရနိုင်တဲ့ ပဟေဠိလူသား ဂျက်ကွန်ရက်ဒ်အဖြစ်. WWE Super Star “Stone Cold” Steve Austin က ပါဝင်ထားပါတယ် Survival Mood အပြည့်နဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ပုဒ်ကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်…

https://m.media-amazon.com/images/M/MV5BNzkyOTczMjU0M15BMl5BanBnXkFtZTcwMDExMzM0MQ@@._V1_FMjpg_UX1000_.jpg The Condemned (2007) ⭐IMDB: 6.0/10 (53 k Votes) 🎬 #Action #Crime #Thriller 🗓️ 2007 🎞️ Movie 📺 1080p FHD 🌎 #UnitedStates ⏰ 1 နာရီ 54 မိနစ် 05 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Condemned (2007) ====================== ကျွန်းတစ်ခုပေါ်မှာ သေမိန့်ကျခံထားရတဲ့ ရာဇဝတ်သား (၁၀) ယောက်ကို ထားပြီး မက်လောက်ဖွယ်ငွေကြေးနဲ့ အသက်ရှင်ရက် လွတ်မြောက်ဖို့ အခွင့်အရေးတစ်ခုပေးထားပြီဆိုရင် သေရမှာသေချာနေတဲ့ လူတစ်ယောက်အနေနဲ့ နောက်ဆုံးရှင်သန် သူဖြစ်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ… အီရန်ဘရက်ကယ်ဆိုတဲ့ လူတစ်ယောက်က ဒီစိတ်ကူးကို အင်တာနက်ပေါ်က (Reality Show) တစ်ခုအဖြစ် လက်တွေ့အကောင်အထည် ဖော်ပြီး ဆိုးသွမ်းလှတဲ့ ရာဇဝတ်သား (၁၀) ယောက်ကို ကျွန်းတစ်ခုပေါ်မှာ အတူထားပြီး. နောက်ဆုံးရှင်သန်သူဖြစ်ဖို့ သတ်ကွင်းတစ်ခု ဖန်တီး ပေးလိုက်တဲ့အခါ…. မထင်မှတ်ထားတဲ့ အလှည့်အပြောင်းအဖြစ်နဲ့ ရွေးချယ်ထားတဲ့ အဓိကလူတွေထဲက တစ်ယောက် အသတ်ခံလိုက်ရတဲ့ အချိန်မှာ အယ်ဆယ်ဗာဒေါက ထောင်တစ်ခုမှာ သေမိန့်စောင့်ဆိုင်းနေတဲ့ ဂျက်ကွန်ရက်ဒ် ဆိုတဲ့ လူတစ်ယောက်ကို ရှာတွေ့သွားချိန်မှာတော့….. နောက်ကြောင်းစုံစမ်းလို့မရနိုင်တဲ့ ပဟေဠိလူသား ဂျက်ကွန်ရက်ဒ်အဖြစ်. WWE Super Star “Stone Cold” Steve Austin က ပါဝင်ထားပါတယ် Survival Mood အပြည့်နဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ပုဒ်ကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်…

https://m.media-amazon.com/images/M/MV5BYmUyNmJiZTUtMzk3Ny00NTc5LTkwNTEtM2JkMTNmNTQ5NTkwL2ltYWdlL2ltYWdlXkEyXkFqcGdeQXVyNTI5NjIyMw@@._V1_FMjpg_UX1000_.jpg Tisay (2016) ⭐IMDB: 7.5/10 (59 Votes) 🎬 #Drama 🗓️ 2016 🎞️ Movie 📺 1080p FHD 🌎 #Philippines ⏰ 1 နာရီ 43 မိနစ် 53 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 [18+] Tisay (2016)Tisay သည် မြေအောက်လောကမှလောင်းကစားဘုရင် အတွက် အားကိုးရတဲ့ အလွန်လှပတဲ့လက်ရုံးတယောက်ဖြစ်တယ်။ သူက Semi-pro ဘတ်စကတ်ဘောဂိမ်းတွေကို ပြင်ပြီးလုပ်စားလေ့ရှိတယ်။ တခါတလေခန္ဓာပေးပြီး သူမရဲ့ တာဝန်တွေကိုပြီးမြောက်အောင်လုပ်လေ့ရှိတယ်။ တနေ့မှာ အရည်ချင်းရှိပြီး စိတ်သဘောထားကောင်းတဲ့ ဘတ်စကတ်သမား Simonကို တွေ့ပြီးသဘောကျသွားလေသည်။ Simonက သေချာလေ့ကျင့်ပါက Professional leagueတွေထိ ကစားနိုင်မဲ့အရည်ချင်းရှိသူဆိုတာကို သူမသိလေသည်။ သူမချစ်တဲ့အတွက်ရော သူ့ဘဝအတွက်ပါ မြေအောက်လောကမှ ရုန်းထွက်ဖို့ကြိုးစားလာသောအခါ…..Translated by AMOEncoded by Siran

https://m.media-amazon.com/images/M/MV5BMTQ0NzM3OTIzOF5BMl5BanBnXkFtZTgwNTM3MjM5NDE@._V1_FMjpg_UX1000_.jpg She's Lost Control (2014) ⭐IMDB: 5.3/10 (901 Votes) 🎬 #Drama 🗓️ 2014 🎞️ Movie 📺 1080p FHD 🌎 #USA #UnitedStates ⏰ 1 နာရီ 30 မိနစ် 43 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 She’s Lost Control (2014)ရိုနာဆိုတဲ့ကောင်မလေးက စိတ်ပညာပိုင်းဆိုင်ရာ မဟာဘွဲ့ယူဖို့ကျောင်းတက်နေတဲ့ ကောင်မလေးတစ်ယောက်ပေါ့ ထို့အပြင် ကျောင်းကဆရာရဲ့ လမ်းညွှန်မှုအောက်မှာ ယောကျာ်းလေးတွေ လိင်ပိုင်းဆိုင်ရာ မစွမ်းဆောင်နိုင်တာတွေ စိတ်မလုံမခြုံဖြစ်တာတွေ စိုးရိမ်ပူပန်မှုတွေကိုလျော့ကျပျောက်ကင်းအောင် အကြံပေးကုသပေးနေတဲ့ သူတစ်ယောက်ပါတစ်နေ့မှာတော့ သူ ဂျော်နီဆိုတဲ့ သူနာပြုတစ်ယောက်ကို ကုသပေးဖို့ ဆရာကအကူအညီတောင်းပါတော့တယ် အဲ့နောက်ပိုင်း သူ အခြေအနေအရမ်းဆိုးနေတဲ့ဂျော်နီကို ကုသပေးဖို့ ကြိုးစားပါတော့တယ်။ ကုသပေးတာအောင်မြင်မလားဘယ်လိုအခက်အခဲတွေ တွေ့ကြုံပြီး ဘယ်လိုဖြေရှင်းမလဲ ရလဒ်ကကော ဘယ်လိုဖြစ်လာမလဲ ဆိုတာတွေကို လူကြီးခန်းလေးတွေနည်းနည်းလောက်နဲ့ ခံစားကြည့်ရှုလို့ရမယ့် ဇာတ်ကားကောင်းလေးဆိုလည်းမမှားပါဘူး ထို့အပြင် စိတ်ပညာရပ်ဆိုင်ရာကားဖြစ်တဲ့အတွက် လူတွေရဲ့ လိင်ပိုင်းဆိုင်ရာ ပြဿနာလေးတွေလည်းအနည်းငယ်ထည့်သွင်းဖော်ပြရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးလည်းဖြစ်တာမို့ GC Verse လေးတွေအတွက်ဘာသာပြန်တင်ဆက်လိုက်ရပါတယ်Reviewed & Translated by KuroNeoEncoded by Siran

https://m.media-amazon.com/images/M/MV5BYTRmODQwYTAtYTMyOS00NTU0LTk0YjgtYjQ3MjZlZjAxYzAxXkEyXkFqcGdeQXVyOTg4MDYyNw@@._V1_FMjpg_UX1000_.jpg Control (2022) ⭐IMDB: 4.3/10 (457 Votes) 🎬 #Mystery #Sci-Fi #Thriller 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #Unknown #Canada ⏰ 1 နာရီ 28 မိနစ် 52 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 Control (2022)Sci-fi ပုံစံမျိုးကိုမှ thriller ဆန်ဆန် ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်…သမီးကို ဓားစာခံအဖြစ်ထားပြီး…ထူးဆန်းတဲ့အခန်းတခုထဲမှာ အလုံပိတ်ခံထားရတဲ့ စိတ်စွမ်းအားအလွန်ကောင်းတဲ့ အမျိုးသမီးတစ်ယောက်…..သမီးကိုကယ်တင်ရန်အတွက်… မသိတဲ့အသံတစ်သံက သူမကို အမိန့်တွေပေးပြီးအလုပ်တွေ လုပ်ခိုင်းသောအခါ….. သူမရဲ့စိတ်စွမ်းအားက ကြီးသထက်ကြီးလာပြီး… ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ…Translated & Encoded by A.M.O

https://m.media-amazon.com/images/M/MV5BOWZiNGZlYTUtNmIwYy00MmYzLWIwZGQtZGVkYjFlYjFjODM1XkEyXkFqcGdeQXVyNzc0MTgzMzU@._V1_FMjpg_UX1000_.jpg Rite of the Shaman (2022) ⭐IMDB: 6.8/10 (824 Votes) 🎬 #Drama 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #USA #UnitedStates ⏰ 1 နာရီ 08 မိနစ် 46 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 Rite of the Shaman (2022)ဒီဇာတ်ကားလေးရဲ့ ထူးခြားချက်က စိတ်ပေါ့ပါးသွားစေမယ့် vibeမျိုးခံစားရစေမှာပါ…ဇာတ်လမ်းအကျဉ်းကတော့ စကားမပြောဘဲနှုတ်ဆိတ်​စွာနေတဲ့ “ခိုင်” ဆိုတဲ့ အထက်တန်းကျောင်းသားလေးတစ်ယောက်.. ကျန်းမာရေးမကောင်းတဲ့မိခင်နဲ့ အတူနေထိုင်ရင်း….သဘာဝက ပေးတဲ့ စိတ်သက်သာမှု ဖြေသိမ့်မှု အရာတွေကို တွေ့ရှိခဲ့ပြီး ဆုံးသွားတဲ့ Shaman အဘိုးနဲ့အတူ ရှိခဲ့တဲ့ အမှတ်တရတွေကိုပါသတိရသွားသောအခါ….*အခက်အခဲကိုယ်စီနဲ့ ကြိုးစားရုန်းကန်နေရတဲ့လူသားတွေအပေါ်…..ဘယ်လိုနှစ်သိမ့်မှုမျိုးပေးပြီး… စိတ်ချမ်းမြေ့ပျော်ရွှင်မှု ရသွားကြမလဲဆိုတာ *movieလေးမှာ ကြည့်ရှုခံစားပေးပါReviewed & Translated by P&JEncoded by Hubin

https://m.media-amazon.com/images/M/MV5BNzA5NGRjMGQtZjU5Ni00MGNhLThkNTItM2M0ZTc5NzQ0NTYwXkEyXkFqcGdeQXVyMTUzMTg2ODkz._V1_FMjpg_UX1000_.jpg The Drop (2022) ⭐IMDB: 4.3/10 (294 Votes) 🎬 #Comedy 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #USA #UnitedStates ⏰ 1 နာရီ 32 မိနစ် 42 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 The Drop (2022)ပရိသတ်ကြီးတို့အတွက် ဒီတခေါက် GC ကတင်ဆက်ပေးလိုက်တဲ့ ကားလေးကတော့ အိမ်ထောင်ရေးဇာတ်မြူးလေးပဲဖြစ်ပါတယ်။ အမြင်မသင့်တော်တဲ့အခန်းလေးတွေပါလို့ ၁၈ ယောက်တော့ စုပြီးမှကြည့်ကြပါနော်။ သူငယ်ချင်းမင်္ဂလာပွဲအတွက် ခရီးထွက်ကြတဲ့ လက်ထပ်ပြီးသား စုံတွဲက ကလေးယူဖို့ကြိုးစားနေကြတာပါ။ ဒါပေမယ့် ခရီးသွားရင်း သူငယ်ချင်းခဏချီခိုင်းထားတဲ့ကလေးက လွတ်ကျသွားတဲ့အခါ ဒီကားရဲ့ အဓိကဇာတ်လမ်းစလာပါတော့တယ်။ ကလေးအရမ်းလိုချင်နေတဲ့သူက ကလေး လွတ်ကျသွားတဲ့အခါ သူတို့အိမ်ထောင်ရေးမှာ ဘာတွေဖြစ်လာမလဲ… လွှတ်ချမိတဲ့သူကရော ဘယ်လိုခံစားရမလဲ.. တကယ်ပဲ မတော်တဆသက်သက်လား..ဆိုတာတွေကိုတော့ ပရိသတ်ကြီးပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်Reviewed by DoHsuHsuTranslated by DoHsuHsu&Ella WuEncoded by Hubin

https://m.media-amazon.com/images/M/MV5BNjhmNWZlNzctZTJhMy00MzcxLWFkOTQtYTQxNTVlMTc2M2MzXkEyXkFqcGdeQXVyMDM1MzY1Mg@@._V1_FMjpg_UX1000_.jpg Gentleman (2022) ⭐IMDB: 7.0/10 (5 Votes) 🎬 #Action #Crime #Drama #Thriller 🗓️ 2022 🎞️ Movie 📺 720p HD 🌎 #SouthKorea ⏰ 2 နာရီ 03 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Gentleman (2022) **************** ပုဂ္ဂလိကစုံထောက်အေဂျင်စီ ပိုင်ရှင်ဖြစ်တဲ့ ဂျီဟျွန်းဆူကို တစ်နေ့မှာ အိမ်မွေးခွေးလေး ကူရှာပေးဖို့ ကောင်မလေးတစ်ယောက်က ဆက်သွယ်လာခဲ့ပါတယ်….ဂျီဟျွန်းဆူက အဲဒီကောင်မလေးနဲ့အတူ ပိုင်ရှင်မရှိတဲ့တည်းခိုခန်းမှာ ခွေးလေးကို ရှာဖို့ အတူ လိုက်ပါသွားခဲ့ရာ တစ်စုံတစ်ယောက်က တိုက်ခိုက်လိုက်တဲ့အတွက် သတိလစ်သွားပါတယ်… နိုးလာတဲ့အခါမှာ အလုပ်အပ်ခဲ့တဲ့ ကောင်မလေးကပါ ပျောက်ဆုံးနေခဲ့တဲ့အပြင်အမှုစစ်ကပါ သူ့ကို ပြန်ပေးဆွဲသမားအဖြစ် အထင်မှားပြီး ဖမ်းဆီးခဲ့ပါတယ် … အဲ့ဒီနောက်မှာတော့ ပြဿနာမျိုးစုံဆက်ဖြစ်ခဲ့ပါတယ်.. ဒီကားက အညွှန်းအများကြီးရေးလို့မကောင်းတဲ့အထဲမှာပါတယ်.. ထွက်သမျှကားသစ်တွေထဲမှာ အကောင်းဆုံး စာရင်းထဲထည့်ထားလို့ရတယ်.. plot twist တွေလည်းပါသလို အစမှ အဆုံးထိ tempo တစ်ချက်မှ မကျဘဲနဲ့ကြည့်နေရတဲ့ကားဖြစ်လို့ပါ..casts တွေတော့ထွေထူးမိတ်ဆက်ပေးစရာ လိုမယ်မထင်ဘူး အကုန်နာမည်ကြီးတွေကြီးပဲ.. ဒေါင်းရကျိုးနပ်စေရမယ့်လို့ ရဲရဲကြီးအာမခံတယ်…

https://m.media-amazon.com/images/M/MV5BNjhmNWZlNzctZTJhMy00MzcxLWFkOTQtYTQxNTVlMTc2M2MzXkEyXkFqcGdeQXVyMDM1MzY1Mg@@._V1_FMjpg_UX1000_.jpg Gentleman (2022) ⭐IMDB: 7.0/10 (5 Votes) 🎬 #Action #Crime #Drama #Thriller 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #SouthKorea ⏰ 2 နာရီ 03 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Gentleman (2022) **************** ပုဂ္ဂလိကစုံထောက်အေဂျင်စီ ပိုင်ရှင်ဖြစ်တဲ့ ဂျီဟျွန်းဆူကို တစ်နေ့မှာ အိမ်မွေးခွေးလေး ကူရှာပေးဖို့ ကောင်မလေးတစ်ယောက်က ဆက်သွယ်လာခဲ့ပါတယ်….ဂျီဟျွန်းဆူက အဲဒီကောင်မလေးနဲ့အတူ ပိုင်ရှင်မရှိတဲ့တည်းခိုခန်းမှာ ခွေးလေးကို ရှာဖို့ အတူ လိုက်ပါသွားခဲ့ရာ တစ်စုံတစ်ယောက်က တိုက်ခိုက်လိုက်တဲ့အတွက် သတိလစ်သွားပါတယ်… နိုးလာတဲ့အခါမှာ အလုပ်အပ်ခဲ့တဲ့ ကောင်မလေးကပါ ပျောက်ဆုံးနေခဲ့တဲ့အပြင်အမှုစစ်ကပါ သူ့ကို ပြန်ပေးဆွဲသမားအဖြစ် အထင်မှားပြီး ဖမ်းဆီးခဲ့ပါတယ် … အဲ့ဒီနောက်မှာတော့ ပြဿနာမျိုးစုံဆက်ဖြစ်ခဲ့ပါတယ်.. ဒီကားက အညွှန်းအများကြီးရေးလို့မကောင်းတဲ့အထဲမှာပါတယ်.. ထွက်သမျှကားသစ်တွေထဲမှာ အကောင်းဆုံး စာရင်းထဲထည့်ထားလို့ရတယ်.. plot twist တွေလည်းပါသလို အစမှ အဆုံးထိ tempo တစ်ချက်မှ မကျဘဲနဲ့ကြည့်နေရတဲ့ကားဖြစ်လို့ပါ..casts တွေတော့ထွေထူးမိတ်ဆက်ပေးစရာ လိုမယ်မထင်ဘူး အကုန်နာမည်ကြီးတွေကြီးပဲ.. ဒေါင်းရကျိုးနပ်စေရမယ့်လို့ ရဲရဲကြီးအာမခံတယ်…

https://m.media-amazon.com/images/M/MV5BNTlhZjMxMDAtNGYxOS00OWVlLWEwZWUtM2RhNDVlZmVjNzdlXkEyXkFqcGdeQXVyNTk1NDY1NzE@._V1_FMjpg_UX1000_.jpg 578: Phat dan cua ke dien (2022) ⭐IMDB: 7.2/10 (102 Votes) 🎬 #Action #Drama 🗓️ 2022 🎞️ Movie 📺 720p HD 🌎 #Vietnam ⏰ 1 နာရီ 48 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 578 : Magnum(2022) 2022 ခုနှစ်ထွက် ဗီယက်နမ် အက်ရှင်ကားလေးပါ။ ဇာတ်လမ်းအကျဉ်း ~ ဟုန်က ထရပ်ကားမောင်းတဲ့သူ ဖြစ်ပြီးတော့အန် ဆိုတဲ့ သိပ်ချစ်ရတဲ့ သမီးလေး တစ်ယောက်ရှိပါတယ်။ဟုန်က အန့်ကို သွားလေရာ ခေါ်သွားလေ့ရှိပေမဲ့အန် ကျောင်းတက်ရမယ့်အရွယ် ရောက်လာပြီးကျောင်းကို ပို့လိုက်ရာကနေ ဇာတ်လမ်းက စပါတယ်။ တစ်နေ့မှာ ဟုန့်ဆီကို သမီးလေးအန် စိတ်ကစဉ့်ကလျား ရောဂါခံစားနေရတဲ့အကြောင်း ကျောင်းကနေ အကြောင်းကြားလာပါတယ်။အန်က အကြောက်လွန်ရာကနေ စိတ်ကစဉ့်ကလျားဖြစ်ပြီး ဘယ်သူနဲ့မှ စကားမပြောတော့တဲ့အပြင်အဖေဖြစ်သူ ဟုန့်ကိုပါ အနားအကပ်မခံတော့တဲ့အထိ အခြေအနေက ဆိုးဝါးနေပါတယ်။ အဲဒီနောက်မှာတော့ အန့်ကို ဒီလိုအခြေအနေဖြစ်အောင်လုပ်သွားတဲ့ တရားခံကို လိုက်ရင်းဟုန်တစ်ယောက် ဧရာမ ဒုစရိုက်ဂိုဏ်းကြီးနဲ့ ထိပ်တိုက် ရင်ဆိုင်ရပုံကို ရှုစားကြရမှာပါ။~~~~~ ဇာတ်လမ်းက ကြည့်လိုက်ရင်တော့သာမန် အက်ရှင်ကားတစ်ကားလို့ ထင်ချင်စရာပါ။ ဒါပေမဲ့ 2023 အော်စကာပွဲရဲ့ Best Internaltional Feature Film Award Category မှာဗီယက်နမ်နိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် ဇာတ်ကား၊ Father and Son(2017) နဲ့နိုင်ငံတကာရုပ်ရှင်လောကထဲ ခြေဆန့်နိုင်ခဲ့တဲ့ ဒါရိုက်တာ Luong Dinh Dung ရဲ့လက်ရာဆိုရင်တော့သာမန် မဟုတ်မှန်း သိသာပါတယ်။ ပြင်သစ်-ဗီယက်နမ် မင်းသား Alexandre Nguyen နဲ့Miss Universe Vietnam(2018) H’hen Nie တို့ ခေါင်းဆောင်ပါဝင်ထားပြီးIMDb rating ကလည်း 7.3 အထိ ရရှိထားတာကြောင့်အော်စကာပွဲ ဝင်ပြိုင်မယ့် အာရှဇာတ်ကား တစ်ကားကို ကြည့်ရှုအားပေးလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့Roman NoXပဲ ဖြစ်ပါတယ်။

https://m.media-amazon.com/images/M/MV5BNTlhZjMxMDAtNGYxOS00OWVlLWEwZWUtM2RhNDVlZmVjNzdlXkEyXkFqcGdeQXVyNTk1NDY1NzE@._V1_FMjpg_UX1000_.jpg 578: Phat dan cua ke dien (2022) ⭐IMDB: 7.2/10 (102 Votes) 🎬 #Action #Drama 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #Vietnam ⏰ 1 နာရီ 48 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 578 : Magnum(2022) 2022 ခုနှစ်ထွက် ဗီယက်နမ် အက်ရှင်ကားလေးပါ။ ဇာတ်လမ်းအကျဉ်း ~ ဟုန်က ထရပ်ကားမောင်းတဲ့သူ ဖြစ်ပြီးတော့အန် ဆိုတဲ့ သိပ်ချစ်ရတဲ့ သမီးလေး တစ်ယောက်ရှိပါတယ်။ဟုန်က အန့်ကို သွားလေရာ ခေါ်သွားလေ့ရှိပေမဲ့အန် ကျောင်းတက်ရမယ့်အရွယ် ရောက်လာပြီးကျောင်းကို ပို့လိုက်ရာကနေ ဇာတ်လမ်းက စပါတယ်။ တစ်နေ့မှာ ဟုန့်ဆီကို သမီးလေးအန် စိတ်ကစဉ့်ကလျား ရောဂါခံစားနေရတဲ့အကြောင်း ကျောင်းကနေ အကြောင်းကြားလာပါတယ်။အန်က အကြောက်လွန်ရာကနေ စိတ်ကစဉ့်ကလျားဖြစ်ပြီး ဘယ်သူနဲ့မှ စကားမပြောတော့တဲ့အပြင်အဖေဖြစ်သူ ဟုန့်ကိုပါ အနားအကပ်မခံတော့တဲ့အထိ အခြေအနေက ဆိုးဝါးနေပါတယ်။ အဲဒီနောက်မှာတော့ အန့်ကို ဒီလိုအခြေအနေဖြစ်အောင်လုပ်သွားတဲ့ တရားခံကို လိုက်ရင်းဟုန်တစ်ယောက် ဧရာမ ဒုစရိုက်ဂိုဏ်းကြီးနဲ့ ထိပ်တိုက် ရင်ဆိုင်ရပုံကို ရှုစားကြရမှာပါ။~~~~~ ဇာတ်လမ်းက ကြည့်လိုက်ရင်တော့သာမန် အက်ရှင်ကားတစ်ကားလို့ ထင်ချင်စရာပါ။ ဒါပေမဲ့ 2023 အော်စကာပွဲရဲ့ Best Internaltional Feature Film Award Category မှာဗီယက်နမ်နိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် ဇာတ်ကား၊ Father and Son(2017) နဲ့နိုင်ငံတကာရုပ်ရှင်လောကထဲ ခြေဆန့်နိုင်ခဲ့တဲ့ ဒါရိုက်တာ Luong Dinh Dung ရဲ့လက်ရာဆိုရင်တော့သာမန် မဟုတ်မှန်း သိသာပါတယ်။ ပြင်သစ်-ဗီယက်နမ် မင်းသား Alexandre Nguyen နဲ့Miss Universe Vietnam(2018) H’hen Nie တို့ ခေါင်းဆောင်ပါဝင်ထားပြီးIMDb rating ကလည်း 7.3 အထိ ရရှိထားတာကြောင့်အော်စကာပွဲ ဝင်ပြိုင်မယ့် အာရှဇာတ်ကား တစ်ကားကို ကြည့်ရှုအားပေးလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့Roman NoXပဲ ဖြစ်ပါတယ်။

https://m.media-amazon.com/images/M/MV5BOGRhOTFiMTktM2U3ZS00OWZkLWI3MGItYWEzYjdjNjI1M2M2XkEyXkFqcGdeQXVyNjk3MjI4NDg@._V1_FMjpg_UX1000_.jpg Ballabhpurer Roopkotha (2022) ⭐IMDB: 8.5/10 (560 Votes) 🎬 #Bollywood #Comedy #Horror 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 2 နာရီ 14 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ballavpurer Roopkatha 20228.7/ 10 IMDbဒီရုပ်ရှင်ဇာတ်ကားလေးကတော့ ရယ်လဲရယ်ရ ကြောက်လဲကြောက်ရမယ့် သရဲဟာသကားလေးပါ…ကျိန်စာဆိုတာ ကြောက်ဖို့ကောင်းသလို အဲ့ဒီအစွဲကိုချွတ်ဖို့အကြောင်းအရင်းကိုသိမှမကျွတ်မလွတ်သေးတဲ့သူတွေဟာ လွယ်လွယ်ကျွတ်လွတ်နိုင်မှာမဟုတ်လား….ဒီဇာတ်ကားလေးမှာတော့ မင်းသားSatyam ( ဘူပတီ)၊ မင်းသမီးလေးSurangana ( ချန်ဒါ)နဲ့အတူ သရုပ်ဆောင်ပေါင်းများစွာပါဝင်အားဖြည့်ထားပါတယ်….. ဒီရုပ်ရှင်ရဲ့ဇာတ်လမ်းအကျဥ်းလေးကတော့….ဘူပတီက ကိုလ်ကတ္တားကိုပြောင်းပြီး သွားဆေးခန်းဖွင့်ချင်နေတဲ့သူတစ်ယောက်ပါ…သူ့က ရှင်ဘုရင်မျိုးဆက်ဖြစ်ပြီး သူပိုင်ဆိုင်တာဆိုလို့ ဘိုးဘွားဘိုင်သက်တမ်း ၄၀၀ရှိတဲ့ ဘော်လာပူရ်နန်းတော်/ အိမ်ကြီးပဲရှိပါတယ်.. ဒါပေမယ့် သူဟာအကြွေးတွေနစ်ပြီး ပြန်ပေးစရာမရှိတဲ့အခါမှာတော့ဘိုးဘွားပိုင်အိမ်ကြီးကိုရောင်းရဖို့ဖြစ်လာပါတော့တယ်..ဒါ့ကြောင့်စီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့ ဆပ်ပြာပိုင်ရှင် မစ္စတာဟလ်ဒါကတစ်နေ့မှာသူ့အိမ်ကိုလာကြည့်ဖို့အကြောင်းကြားလာပါတယ်.. ဒီလိုနဲ့ ဘူတီလဲ နယ်ကိုပြန်ပြီး အိမ်တော်ထိန်းမိုနိုဟာနဲ့ နှစ်ယောက်ပေါင်းကြံကာအိမ်ကြီးကိုရောင်းဖို့စီစဥ်ပါတော့တယ်..အိမ်ကိုအကြွေးတောင်းဖို့ရောက်လာတဲ့အကြွေးရှင်သုံးယောက်နဲ့ ဘူမသိကိုးမသိ မဖိတ်ခေါ်ပဲရောက်လာတဲ့သူငယ်ချင်းဖြစ်သူဆန်ဂျိဘ်ကရော အိမ်ကိုရောင်းထုတ်ဖို့စီစဥ်ရာမှာ တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့ရပြန်ပါတော့တယ်…ဘာဖြစ်လို့များ ညသန်းခေါင်ရောက်မှာကို သူတို့ကြောက်နေကြတာလဲ…ဒီအိမ်ကြီးကိုရောင်းရပြီးရော အမြန်ရောင်းချင်နေတဲ့အကြောင်းကရောဘာကြောင့်လဲ.. ဘူပတီပြောတဲ့ ရာဂူဆိုတဲ့သူကရောဘယ်လိုမျိုးလဲဆိုတာ ပရိသတ်ကြီးပဲ မျှောင့်လင့်စောင့်စားကြည့်ရှုလိုက်ကြပါဦး….

https://m.media-amazon.com/images/M/MV5BMTUxNTg4NzYyM15BMl5BanBnXkFtZTgwODY0MjcwMTE@._V1_FMjpg_UX1000_.jpg Snoop Dogg Presents: The Bad Girls of Comedy (2012) ⭐IMDB: 6.9/10 (119 Votes) 🎬 #Comedy 🗓️ 2012 🎞️ Movie 📺 1080p FHD 🌎 #UnitedStates ⏰ 1 နာရီ 00 မိနစ် 42 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Snoop Dogg Presents: The Bad Girls of Comedy (2012)======================================IMDb Rating – 6.9/10 အမေရိကန်ရက်ပါအဆိုတော် စနုဒေါ့ဂ်ကို အများစုကတော့ သိကြမှာပါ။ စနုဒေါ့ဂ်ကအမျိုးသမီးဟာသပြောသူ၅ယောက်ကို စုပြီး ရှိုးတစ်ခုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ အမျိုးသမီးဟာသပြောသူ(၅)ယောက်စင်ပေါ်မှာတစ်ယောက်ချင်း ဟာသတင်ဆက်သွားတာကို ကြည့်ရှုရမှာပါ။“အမျိုးသမီးတွေက ကိုယ့်ကိုယ်ကိုယ်အိမ်လို့ သဘောထားရမယ်၊ ညနက်တဲ့ထိ အပြင်မှာမနေရဘူး၊ ကိုယ့်အိမ်ထဲကို တစ်ယောက်ယောက် နောက်ပေါက်ကနေ ခိုးဝင်လာလိမ့်မယ်” ဒီဇာတ်ကားထဲကဟာသတစ်ခုပါ။ ဒီဇာတ်ကားက ယောက်ျား၊မိန်းမအကြောင်းကို ဘွင်းဘွင်းရှင်းရှင်း ဟာသလုပ်ထားတယ်ပဲဆိုပါတော့။ တစ်ကားလုံး ပါးစပ်မစေ့ဘဲ ဆက်တိုက်ရယ်ရချင်မှရယ်ရပါလိမ့်မယ်။ ဒါပေမယ့် တစ်နာရီဆိုတဲ့အချိန်တွင်းမှာတော့Snoop Dogg ရဲ့ထုံးစံအတိုင်း ပေါက်ကရစကားတွေကတော့ နားထဲပြည့်သွားမှာတော့အမှန်ပါပဲ။ ဒီဇာတ်ကားထဲမှာ 18+ဇာတ်ဝင်ခန်းတွေမပါပေမယ့်လိင်ပိုင်းဆိုင်ရာ ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေ သုံးနှုန်းထားတာမို့လို့  မိသားစုနဲ့ကြည့်ရှုဖို့မသင့်တော်ပါဘူး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zinမှရေးသားပေးပြီ၊ ဘာသာပြန်ရေးသားပေးသူများကတော့ Ngwe Zin, May Thet Khine Soe တို့ဖြစ်ပါတယ်)

https://m.media-amazon.com/images/M/MV5BMzc2NDMzNDY4Ml5BMl5BanBnXkFtZTYwNzM2Njk3._V1_FMjpg_UX1000_.jpg 10,000 BC (2008) ⭐IMDB: 5.1/10 (132 k Votes) 🎬 #Action #Adventure #Drama #Fantasy #History 🗓️ 2008 🎞️ Movie 📺 720p HD 🌎 #UnitedStates #SouthAfrica ⏰ 1 နာရီ 50 မိနစ် 08 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 10,000 BC (2008) ခရစ်​တော်မ​ပေါ်ခင် ဘီစီ ၁၀၀၀၀​လောက်က ယာဂါလ်လူမျိုး​တွေမှာဒဏ္ဍာရီတစ်ခု​ ပေါ်​လာခဲ့ပါတယ်။ အပြာ​ရောင် မျက်လုံးပိုင်ရှင်ဆိုတဲ့ဒဏ္ဍာရီ​ပေါ့။ ဒီမျက်လုံးပိုင်ရှင်ဟာ နိမ့်ပါးတဲ့ ယာဂါလ်​တွေရဲ့ဘဝကိုလှံဖြူကိုင်စစ်သည်​တော်နဲ့အတူ ကယ်တင်နိုင်မယ်ဆိုတဲ့ဒဏ္ဍာရီ​ပေါ့။ တစ်​နေ့မှာ ဒဏ္ဍာရီထဲကလို အပြာ​ရောင်မျက်လုံးပိုင်ရှင် မိန်းက​လေးတစ်​ဦး တခြား​အရပ်က​နေ ယာဂါလ်​​​ဒေသကို ​ရောက်လာခဲ့ပါတယ်။သူ့နာမည်ကို အက်ဗိုလက်လို့မှည့်တွင်​စေခဲ့ပါတယ်။ သူနဲ့ နီးစပ်မယ့်လှံဖြူကိုင်စစ်သည်​​တော်​ကိုလည်း မန်နက်​ခေါ် ​​​အမွေးထူဆင်ကြီးကိုသတ်နိုင်သူကိုပဲ ​ရွေးချယ်မှာပါ။ ဒါ​ကြောင့် အက်ဗိုလက်နဲ့ ​မေတ္တာမျှ​နေတဲ့ ဒ​လေးဆိုတဲ့ ယာဂါလ်သား​​လေးဟာ အမဲလိုက်ပွဲကို ဝင်နွှဲရင်းစစ်သည်​တော်အဖြစ် ဗိုလ်ဝင်ခံခဲ့ပါတယ်။ ဒါ​ပေမဲ့ သူတို့၂​​ဦးရဲ့ ​ချစ်ခရီးက ​ကြာကြာမတည်မြဲခဲ့ဘဲ ​ခြေ၄​ချောင်းနတ်ဆိုးရယ်လို့ ခေါ်တွင်တဲ့လူ​တွေ ယာဂါလ်​​တွေဆီ ရောက်လာကြပြီးအက်ဗိုလက်အပါအဝင် ယာဂါလ်လူမျိုး​​​တွေကို ဖမ်းဆီးသွားတဲ့အခါဒ​လေးအ​နေနဲ့ ချစ်ရသူကိုကယ်ဖို့ အင်မတန်ရှည်လျားတဲ့ စွန့်စားခန်းခရီးရှည်ကြီးကို စတင်ခဲ့ပါ​တော့တယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့JimXပဲ ဖြစ်ပါတယ်။

https://m.media-amazon.com/images/M/MV5BMzc2NDMzNDY4Ml5BMl5BanBnXkFtZTYwNzM2Njk3._V1_FMjpg_UX1000_.jpg 10,000 BC (2008) ⭐IMDB: 5.1/10 (132 k Votes) 🎬 #Action #Adventure #Drama #Fantasy #History 🗓️ 2008 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #SouthAfrica ⏰ 1 နာရီ 50 မိနစ် 08 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 10,000 BC (2008) ခရစ်​တော်မ​ပေါ်ခင် ဘီစီ ၁၀၀၀၀​လောက်က ယာဂါလ်လူမျိုး​တွေမှာဒဏ္ဍာရီတစ်ခု​ ပေါ်​လာခဲ့ပါတယ်။ အပြာ​ရောင် မျက်လုံးပိုင်ရှင်ဆိုတဲ့ဒဏ္ဍာရီ​ပေါ့။ ဒီမျက်လုံးပိုင်ရှင်ဟာ နိမ့်ပါးတဲ့ ယာဂါလ်​တွေရဲ့ဘဝကိုလှံဖြူကိုင်စစ်သည်​တော်နဲ့အတူ ကယ်တင်နိုင်မယ်ဆိုတဲ့ဒဏ္ဍာရီ​ပေါ့။ တစ်​နေ့မှာ ဒဏ္ဍာရီထဲကလို အပြာ​ရောင်မျက်လုံးပိုင်ရှင် မိန်းက​လေးတစ်​ဦး တခြား​အရပ်က​နေ ယာဂါလ်​​​ဒေသကို ​ရောက်လာခဲ့ပါတယ်။သူ့နာမည်ကို အက်ဗိုလက်လို့မှည့်တွင်​စေခဲ့ပါတယ်။ သူနဲ့ နီးစပ်မယ့်လှံဖြူကိုင်စစ်သည်​​တော်​ကိုလည်း မန်နက်​ခေါ် ​​​အမွေးထူဆင်ကြီးကိုသတ်နိုင်သူကိုပဲ ​ရွေးချယ်မှာပါ။ ဒါ​ကြောင့် အက်ဗိုလက်နဲ့ ​မေတ္တာမျှ​နေတဲ့ ဒ​လေးဆိုတဲ့ ယာဂါလ်သား​​လေးဟာ အမဲလိုက်ပွဲကို ဝင်နွှဲရင်းစစ်သည်​တော်အဖြစ် ဗိုလ်ဝင်ခံခဲ့ပါတယ်။ ဒါ​ပေမဲ့ သူတို့၂​​ဦးရဲ့ ​ချစ်ခရီးက ​ကြာကြာမတည်မြဲခဲ့ဘဲ ​ခြေ၄​ချောင်းနတ်ဆိုးရယ်လို့ ခေါ်တွင်တဲ့လူ​တွေ ယာဂါလ်​​တွေဆီ ရောက်လာကြပြီးအက်ဗိုလက်အပါအဝင် ယာဂါလ်လူမျိုး​​​တွေကို ဖမ်းဆီးသွားတဲ့အခါဒ​လေးအ​နေနဲ့ ချစ်ရသူကိုကယ်ဖို့ အင်မတန်ရှည်လျားတဲ့ စွန့်စားခန်းခရီးရှည်ကြီးကို စတင်ခဲ့ပါ​တော့တယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့JimXပဲ ဖြစ်ပါတယ်။

https://m.media-amazon.com/images/M/MV5BODAzODY5YzAtNGFlOS00ZDQ5LWI3MWYtZjRmYzc3NDhkYjM5XkEyXkFqcGdeQXVyMTc3OTMyNjU@._V1_FMjpg_UX1000_.jpg Scare Package (2019) ⭐IMDB: 5.5/10 (4 k Votes) 🎬 #Comedy #Horror 🗓️ 2019 🎞️ Movie 📺 720p HD 🌎 #UnitedStates ⏰ 1 နာရီ 49 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Scare Package (2019) ~ Rotten Tomatoes – 88%, Shudder – 3.7/5 ~ တလောကတုန်းကထွက်ခဲ့တဲ့ Horror စခွီကား Scare Package II: Rad Chad’s Revenge ထက် အရင်ထွက်တဲ့ Scare Package (2019) ဟာ 2 ထက်တောင် အူတက်အောင်ရယ်ရတဲ့ ဟာသသရဲကား အကြီးစားပါ။ Horror ဇာတ်လမ်းတွေအကြောင်း မသိတာမရှိတဲ့ အခွေဆိုင်ပိုင်ရှင်ကြီး Chad Buckley ဟာ တစ်ယောက်တည်း အထီးကျန်နေသူပါ။ သူဟာ သူ့ရဲ့ ပုံမှန်အားပေးနေကျ Client ဖြစ်တဲ့ Sam နဲ့ငြင်းလိုက်ခုန်လိုက် စကားတွေပေါက်ပန်းလေးဆယ်ပြောလိုက်နဲ့ ဘဝကို ဖြတ်သန်းနေတာပါ။ အဲဒီလိုနဲ့ သံသယလုံးဝဖြစ်စရာမကောင်းတဲ့ ကောင်လေးတ‌စ်ယောက် စာရေးအလုပ်လာလျှောက်ပါတယ်။ အဲဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ တခြားသော ရုပ်ရှင်အပိုင်းတိုလေးတွေနဲ့ ဟိုရောက်ဒီရောက်ကြည့်ရင်း ခံစားရမှာပါ။ အဲဒီအပိုင်းတိုလေးတွေကို ဒါရိုက်တာတစ်ယောက်စီရိုက်ထားတာဖြစ်တဲ့အတွက် အတွေးအခေါ်အယူအဆချင်းမတူတာကြောင့် ဇာတ်ကားတွေအများကြီးကို တစ်ကားထဲမှာကြည့်ရသလို တန်တန်ကြီး ခံစားရမှာပါ။ Scare Package ဆိုတဲ့အတိုင်း ကြမ်းပါတယ်ဆိုတဲ့အရာတွေကို စုစည်းရိုက်ပြထားတာပေါ့ဗျာ။ ဒါပေမဲ့ တော်တော်ရယ်ရတဲ့ Horror ကားဖြစ်ပြီး တခြားနာမည်ကြီး Horror ကားတွေကိုပါ Mention ထားတာဖြစ်တာမို့ ဆက်လေ့လာလို့တောင်ရပါသေးတယ်။ ဇာတ်ကားထဲက ဇာတ်ကားထဲက ဇာတ်ကားတွေကို ကြည့်ရင်း ကြောက်ရင်း ရယ်ကြရအောင်ဗျာ… (ဒီဇာတ်ကားနဲ့အညွှန်းကိုNyan Hlyan Chitမှ ပြန်ဆို ရေးသားထားပါတယ်)

https://m.media-amazon.com/images/M/MV5BODAzODY5YzAtNGFlOS00ZDQ5LWI3MWYtZjRmYzc3NDhkYjM5XkEyXkFqcGdeQXVyMTc3OTMyNjU@._V1_FMjpg_UX1000_.jpg Scare Package (2019) ⭐IMDB: 5.5/10 (4 k Votes) 🎬 #Comedy #Horror 🗓️ 2019 🎞️ Movie 📺 1080p FHD 🌎 #UnitedStates ⏰ 1 နာရီ 49 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Scare Package (2019) ~ Rotten Tomatoes – 88%, Shudder – 3.7/5 ~ တလောကတုန်းကထွက်ခဲ့တဲ့ Horror စခွီကား Scare Package II: Rad Chad’s Revenge ထက် အရင်ထွက်တဲ့ Scare Package (2019) ဟာ 2 ထက်တောင် အူတက်အောင်ရယ်ရတဲ့ ဟာသသရဲကား အကြီးစားပါ။ Horror ဇာတ်လမ်းတွေအကြောင်း မသိတာမရှိတဲ့ အခွေဆိုင်ပိုင်ရှင်ကြီး Chad Buckley ဟာ တစ်ယောက်တည်း အထီးကျန်နေသူပါ။ သူဟာ သူ့ရဲ့ ပုံမှန်အားပေးနေကျ Client ဖြစ်တဲ့ Sam နဲ့ငြင်းလိုက်ခုန်လိုက် စကားတွေပေါက်ပန်းလေးဆယ်ပြောလိုက်နဲ့ ဘဝကို ဖြတ်သန်းနေတာပါ။ အဲဒီလိုနဲ့ သံသယလုံးဝဖြစ်စရာမကောင်းတဲ့ ကောင်လေးတ‌စ်ယောက် စာရေးအလုပ်လာလျှောက်ပါတယ်။ အဲဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ တခြားသော ရုပ်ရှင်အပိုင်းတိုလေးတွေနဲ့ ဟိုရောက်ဒီရောက်ကြည့်ရင်း ခံစားရမှာပါ။ အဲဒီအပိုင်းတိုလေးတွေကို ဒါရိုက်တာတစ်ယောက်စီရိုက်ထားတာဖြစ်တဲ့အတွက် အတွေးအခေါ်အယူအဆချင်းမတူတာကြောင့် ဇာတ်ကားတွေအများကြီးကို တစ်ကားထဲမှာကြည့်ရသလို တန်တန်ကြီး ခံစားရမှာပါ။ Scare Package ဆိုတဲ့အတိုင်း ကြမ်းပါတယ်ဆိုတဲ့အရာတွေကို စုစည်းရိုက်ပြထားတာပေါ့ဗျာ။ ဒါပေမဲ့ တော်တော်ရယ်ရတဲ့ Horror ကားဖြစ်ပြီး တခြားနာမည်ကြီး Horror ကားတွေကိုပါ Mention ထားတာဖြစ်တာမို့ ဆက်လေ့လာလို့တောင်ရပါသေးတယ်။ ဇာတ်ကားထဲက ဇာတ်ကားထဲက ဇာတ်ကားတွေကို ကြည့်ရင်း ကြောက်ရင်း ရယ်ကြရအောင်ဗျာ… (ဒီဇာတ်ကားနဲ့အညွှန်းကိုNyan Hlyan Chitမှ ပြန်ဆို ရေးသားထားပါတယ်)

https://image.tmdb.org/t/p/original/hVk00EakFY70cdXmJ4ScQwoD7T.jpg Black Panther SWAT ( 2023 ) ⭐IMDB: ⁉️ 🎬 #Action 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #China ⏰ 1 နာရီ 51 မိနစ် 09 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 -ရဲအရာရှိဖြစ်တဲ့အဖေဖြစ်သူကတာဝန်ထမ်းဆောင်ရင်းအသက်ပေးသွားခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ကိုမုန်းတီးပြီး ဝါသနာပါရာဓာတ်ပုံဆရာအဖြစ်ဘဝကို ဖြစ်သလိုဖြတ်သန်းနေတဲ့ Jiang Miao -ပြည်သူတွေအတွက်ကိုယ်ကျိုးစွန့်ပြီး တာဝန်ကျေပွန်အောင်ထမ်းဆောင်ခဲ့ရတာသူရဲကောင်းဖြစ်တယ်လို့ယူဆပြီး ကိုယ်တိုင်တင်မကပဲညီဖြစ်သူ Jiang Miaoကိုပါ အထူးရဲဖြစ်စေချင်တဲ့ Jiang Leiအယူအဆတွေကွဲပြားတဲ့ညီအစ်ကိုနစ်ယောက်မှာ Jiang Miaoဟာလောကဒဏ်ရဲ့ရိုက်ခတ်မှုကြောင့် အလွဲလွဲအမှားမှားနဲ့အထူးရဲတပ်ဖွဲ့ထဲရောက်သွားပြီး အထူးတပ်ဖွဲ့ရဲ့လေ့ကျင့်မှုကြောင့်အရည်အသွေးအဆင့်မှီတဲ့ပြည်သူ့ရဲဘယ်လိုဖြစ်လာခဲ့သလဲဆိုတာကိုရိုက်ကူးထားတဲ့ အက်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။