ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Taj: Divided by Blood (2023- ) ⭐IMDB: 7.8/10 (3 k Votes) 🎬 #History #Drama 🗓️ 2023- 🎞️ Series 📺 1080p FHD 🌎 #India ⏰ 35 မိနစ် 47 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Taj: Divided by Blood (2023)Taj: Divided by Blood (2023) History IMDb 7.9/10 (2.6K)အခုတစ်ခါမှာတော့ အိန္ဒိယရာဇဝင်စီးရီးလေးတစ်ခုကို တင်ဆက်ပေးပါတော့မယ်။ ဒီစီးရီးလေးက ၁၆ရာစုအတွင်း အိန္ဒိယနိုင်ငံမှာ ဩဇာအရှိန်အဝါကြီးမားခဲ့တဲ့ မဂိုအင်ပါယာ ဧကရာဇ်မင်းကြီး အက်ကဘရ်နဲ့ သားတော်၃ပါးဖြစ်တဲ့ ဆလင်းမ် မူရားဒ်နဲ့ ဒါနီယားလ်တို့ရဲ့စစ်ပွဲအောင်နိုင်မှုတွေအကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ စီးရီးလေးတစ်ခုဖြစ်ပြီး မဂိုအင်ပါယာကြီးရဲ့အမှောင်ဘက်ခြမ်းကိုလည်း အကွက်ကျကျ ရိုက်ကူးတင်ဆက်ထားပါတယ်။ဒီဇာတ်လမ်းထဲမှာ အန္တရာယ်များတဲ့နိုင်ငံရေးလောကအကြောင်း..ကဗျာဆန်တဲ့အလှတရားတွေ..ရမ္မက်ပြင်းထန်တဲ့ ချစ်ကြည်နူးမှုတွေ..သွေးအေးအေးနဲ့သစ္စာဖောက်မှုတွေနဲ့ သွေးချောင်းစီးမှုတွေအကြောင်းကို ဖေါ်ပြထားပါတယ်။မဂိုအင်ပါယာကြီးအတွင်းရှိ ဇာတ်ကောင်တစ်ခုချင်းစီရဲ့အရှုပ်တော်ပုံတွေကိုပါ ဖြည်ပြထားတာမို့ ဗဟုသုတရမယ့်အပြင် မင်းဆက်ပေါင်းများစွာနဲ့အောင်မြင်ချိန် ကျရှုံးချိန်တွေကိုပါ ရိုက်ကူးတင်ဆက်ပြသထားပါတယ်။အလှတရားနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအကြောင်းကို သိမြင်ချင်ရင်တော့ ဒီဇာတ်လမ်းလေးကို ရှုစားတော်မူကြပါဦးနော်။Quality : 1080p / 720pTotal Episodes : 10EpsFormat : mp4Genres : HistoryDuration : 45minsSubtitle : Myanmar Subtitle ( Hardsub )

Will Trent (2023- ) ⭐IMDB: 7.6/10 (5 k Votes) 🎬 #Crime #Drama #Comedy 🗓️ 2023- 🎞️ Series 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 44 မိနစ် 03 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Will Trent (2023)Will Trent (2023) ============= IMDb Rating – 7.6/10Pieces of Her ရဲ့ဖန်တီးရှင်စာရေးဆရာမ Karin Slaughter ရဲ့ အခြားသောနာမည်ကျော်စီးရီးစ်တစ်ခုဖြစ်တဲ့ Will Trent ကို ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်လမ်းတွဲအသစ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ စုံထောက် Will Trent ဟာငယ်စဉ် ကတည်းက မိဘတွေစွန့်ပစ်ခံခဲ့ရပြီး ပြည်နယ်မိဘမဲ့ကလေးစောင့် ရှောက်မှုစနစ်အောက်မှာ ကြီးပြင်းခဲ့ရသူတစ်ဦးပါ။ အဲ့ဒီမှာတွေ့ကြုံ ခဲ့ရတဲ့ခါးသီးမှုတွေ စိတ္တဇတွေဟာလက်ရှိအချိန်ထိ သူ့အပေါ်သက် ရောက်မှုရှိနေဆဲဖြစ်ပြီး အခုချိန်မှာတော့ဂျော်ဂျီယာစုံစမ်းစစ်ဆေး ရေးဗျူရိုမှာ ထိပ်သီးစုံထောက်တစ်ဦးအဖြစ်ဘဝကို ကြိုးစားတည် ဆောက်နေပါတယ်။သူဟာ ငယ်စဉ်ကတည်းက စာသင်ရခက်၊ ဖတ် ရခက်တဲ့ ဦးနှောက်ချို့ယွင်းမှုဝေဒနာကိုခံစားခဲ့ရသူဖြစ်ပြီး စာဖတ်တဲ့ နေရာမှာ အခုချိန်ထိအခက်အခဲရှိတဲ့သူပါ။ ဒါပေမယ့်လည်း တစ်ဖက်က အားသာချက်အနေနဲ့ အခင်းဖြစ်နေရာ တစ်ခုကိုတစ်ချက်ကြည့်လိုက်ရုံနဲ့ သူများတွေ မမြင်နိုင်မျက်စိလျှမ်း သွားနိုင်တဲ့အသေးစိတ်အချက်အလက်လေးတွေကို စူးရှစွာထိုးထွင်း မြင်နိုင်တဲ့သူဖြစ်တဲ့အတွက် ဗျူရိုမှာ မှုခင်းဖြေရှင်းနိုင်မှုအမြင့်ဆုံး စုံထောက်အဖြစ်ရပ်တည်နေပြီး လတ်တလောမှာလဲ အက်တလန် တာရဲတပ်ဖွဲ့ရဲ့ခြစားမှုကိုတာဝန်ပေးခံရချိန်မှာဖြေရှင်းပေးနိုင်ခဲ့သလို အဲ့ဒီလိုဖြေရှင်းပေးနိုင်ခဲ့တဲ့အတွက် အက်တလန်တာရဲတပ်ဖွဲ့ (APD) ဝင်တစ်ချို့ အဖမ်းခံခဲ့ရပြီး APD ရဲ့မျက်မုန်းကျိုးမှုကိုလဲခံနေရပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ အဲ့ဒီဖြစ်ရပ်တွေ၊ အသိုင်းအဝိုင်းတွေ၊ လူ ပုဂ္ဂိုလ်တွေကိုနောက်ခံထားပြီး စုံထောက်ကျော် Will Trent ရဲ့ဉာဏ် ကစားခန်းတွေ၊ အမှုဖြေရှင်းပုံတွေ၊ ပုဂ္ဂိုလ်ရေးအားပြိုင်မှုတွေကို ရှုစားရမှာဖြစ်ပါတယ်။ စုံထောက်ကားဆိုပေမယ့် သဘာဝကျကျ ဟာသတွေ၊ စေ့စပ်တဲ့ကောက်ချက်ဆွဲပုံတွေ၊ စိတ်ဝင်စားစရာဇာတ် လမ်းတည်ဆောက်ပုံတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြိး တစ်ပိုင်းပြီးတစ်ပိုင်း မပျင်းစေရပဲ ကြည့်ချင်စိတ်ကို ဆွဲဆောင်သွားနိုင်မယ့်ဇာတ်ကား ဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်။)File Size………….(400 MB) / (800 MB)

Spoonful of Sugar (2022) ⭐IMDB: 5.4/10 (365 Votes) 🎬 #Horror 🗓️ 2022 🎞️ Movie 📺 720p HD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Spoonful of Sugar (2022) ~ Rotten Tomatoes – 56% ~ မီလီစန့်ထ်ဆိုတဲ့ မိန်းကလေးက ဓါတ်မတည့်ရောဂါပြင်းထန်တဲ့ကလေးတွေနဲ့ပတ်သက်ပြီး သုတေသနစာတမ်းလုပ်ဖို့ ကျောင်းနှစ်ဝက်နားထားပြီး ဂျွန်နီလို့ခေါ်တဲ့ ကလေးလေးရဲ့ ကလေးထိန်းလုပ်ပေးဖို့ ဖြစ်လာပါတယ်။ ငယ်စဉ်ကတည်းက မိဘမရှိခဲ့ဘဲ မွေးစားမိဘတွေ အဆင့်ဆင့်ပြောင်းရင်း ကျင်လည်ခဲ့ရတဲ့ မီလီစန့်ထ်အဖို့ သု့ကိုယ်သူ ဂျွန်နီလေးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ဖို့ ကြိုးစားပါတော့တယ်။ Horror ကားလည်း ဖြစ်တဲ့အလျောက် စကြည့်ကတည်းက ရူးနှမ်းနှမ်းကလေးထိန်းအကြောင်းလို့ ထင်ရမှာပါပဲ။ ဟုတ်ပါတယ်… ဒါပေမဲ့ ရူးနေတာကရော တစ်ယောက်တည်းမှ ဟုတ်ရဲ့လား… ဘယ်သူတွေက ဘယ်လိုရူးနေကြပြီး ဂျွန်နီလေးရဲ့ ဓါတ်မတည့်ခြင်းနောက်ကွယ်ကရော ဘာများလဲ ဆိုတာတော့ Horror Fan တွေ ဒေါင်းပြီး ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)

Spoonful of Sugar (2022) ⭐IMDB: 5.4/10 (365 Votes) 🎬 #Horror 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Spoonful of Sugar (2022) ~ Rotten Tomatoes – 56% ~ မီလီစန့်ထ်ဆိုတဲ့ မိန်းကလေးက ဓါတ်မတည့်ရောဂါပြင်းထန်တဲ့ကလေးတွေနဲ့ပတ်သက်ပြီး သုတေသနစာတမ်းလုပ်ဖို့ ကျောင်းနှစ်ဝက်နားထားပြီး ဂျွန်နီလို့ခေါ်တဲ့ ကလေးလေးရဲ့ ကလေးထိန်းလုပ်ပေးဖို့ ဖြစ်လာပါတယ်။ ငယ်စဉ်ကတည်းက မိဘမရှိခဲ့ဘဲ မွေးစားမိဘတွေ အဆင့်ဆင့်ပြောင်းရင်း ကျင်လည်ခဲ့ရတဲ့ မီလီစန့်ထ်အဖို့ သု့ကိုယ်သူ ဂျွန်နီလေးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ဖို့ ကြိုးစားပါတော့တယ်။ Horror ကားလည်း ဖြစ်တဲ့အလျောက် စကြည့်ကတည်းက ရူးနှမ်းနှမ်းကလေးထိန်းအကြောင်းလို့ ထင်ရမှာပါပဲ။ ဟုတ်ပါတယ်… ဒါပေမဲ့ ရူးနေတာကရော တစ်ယောက်တည်းမှ ဟုတ်ရဲ့လား… ဘယ်သူတွေက ဘယ်လိုရူးနေကြပြီး ဂျွန်နီလေးရဲ့ ဓါတ်မတည့်ခြင်းနောက်ကွယ်ကရော ဘာများလဲ ဆိုတာတော့ Horror Fan တွေ ဒေါင်းပြီး ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)

The War Below (2021) ⭐IMDB: 6.5/10 (3 k Votes) 🎬 #Drama #History #War 🗓️ 2021 🎞️ Movie 📺 1080p FHD 🌎 #UnitedKingdom ⏰ 1 နာရီ 37 မိနစ် 02 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The War Below(2020) ******************** World war 1  ကမ္ဘာစစ် ဖြစ်ရပ်မှန်ကိုအခြေခံထားပြီး ကာလအားဖြင့် 1915 ခုနှစ် စစ်ပွဲကြီးမှာ ဂျာမန်တွေနဲ့  အင်္ဂလိပ်တို့တိုက်နေရချိန်ပါ… ဒီချိန်မှာ ဂျာမန်ဘက်က အရေးသာပြီးပြီး အဂ်လိပ်တို့ အရေးနိမ့်နေချိန်ပါ.. လူတွေ သောင်းချီ အပတ်တိုင်းသေနေပြီး ရှေ့ကိုတစ်လမတိုးဖို့တောင် ခက်ခဲနေတဲ့ အဂ်လိပ်တို့ရဲ့အခြေအနေပါ.. ဘာလင်ကိုသိမ်းဖို့ ဝေးစွ ….ဂျာမန်ရဲ့ရှေ့တန်းခံစစစ်စည်းကိုတောင်မကျော်နိုင်တဲ့အတွက် အင်္ဂလိပ်တို့ ထိုးစစ်ဆင်ဖို့ နည်းအမျိုးမျိုးစဉ်းစားကြပါတယ်.. ဒါကြောင့်  British ခေါင်းဆောင်တွေက မိုင်းတူးသမားတွေကို လူစုပြီး ခေါ်ခဲ့ပါတယ် .. အကြံကတော့ အင်္ဂလိပ်ဘက်ကနေ ဂျာမန်ရှေ့တန်းထိ နေရာတစ်လျှောက်ကို မြေအောက်ကနေ လှိုက်ခေါင်းတွေတူးပြီး ဗုံးထောင်ခွဲဖို့ပါ .. သာမန်အရပ်သားတွေဖြစ်နေပြီးစစ်ရေးအတွေ့ကြုံလည်းမရှိ .. ဒါ့အပြင် တူးတဲ့ကာလက အပေါ်မှာ အမြောက်သံတဝီဝီ နဲ့ ဂျာမန်တွေရဲ့ နည်းဗျူဟာမြောက်ကင်းထောက်တွေကြားမှာ သူတို့ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့….

A Charlie Brown Valentine (2002) ⭐IMDB: 7.1/10 (1 k Votes) 🎬 #Animation #Comedy #Family #Romance 🗓️ 2002 🎞️ Movie 📺 HD 🌎 #UnitedStates ⏰ 26 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 A Charlie Brown Valentine (2002)=========================IMDb Rating – 7.1/10 “ကျွန်တော့်ကိုရှိလို့ရှိမှန်းတောင်မသိတဲ့ ကောင်မလေးအတွက်ချောကလက်ဝယ်ချင်လို့ပါ “….. Valentines’ Day ကပြီးသွားပြီဆိုပေမယ့် Crush ကို Confess မလုပ်လိုက်ရတဲ့လူတွေအတွက်Relatable အဖြစ်ဆုံး ကာတွန်းဇာတ်လမ်းတိုလေးကို CM ကနေတင်ဆက်ပေးလိုက်ရပါတယ်။ Charlie Brown ဆိုတဲ့ ကောင်လေးကတော့ ရိုမန်တစ်ဆန်တာတွေအပြောကောင်းတာတွေ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတယ်ဆိုတာတွေရဲ့ဆန့်ကျင်ဘက်တွေနဲ့ချည်းပဲ ပြည့်နှက်နေပြီး ရှက်တတ်လွန်းအားကြီးလို့လူတောသိပ်မတိုးပါဘူး။ ဆံပင်နီနီနဲ့ကောင်မလေးတစ်ယောက်ကိုကြိတ်ကြိုက်နေပေမယ့် ဖွင့်ပြောရဲတဲ့သတ္တိမရှိတာကြောင့် အမြဲဝေ့လည်ကြောင်ပတ်နဲ့ပဲ အချိန်ကုန်နေခဲ့ပါတယ်။ Valentines’ Day ဆိုတဲ့ အကြောင်းပြချက်အကြီးကြီးကို အသုံးချပြီးတောင် ဒိတ်ဖို့မပြောရဲသေးတဲ့ Charlie တစ်ယောက် Crush ဘက်ကကိုယ့်ကိုအော်တိုပြန်ကြိုက်လာမလားပဲ စိတ်ကူးယဉ်ရင်း အချိန်တွေသာကုန်လာတာပေါ့။ နောက်ဆုံး….. လူကိုယ်တိုင်မပြောရဲတောင် ဖုန်းကနေတစ်ဆင့်ပြောဖို့ သတ္တိတွေမတရားမွေးပြီး ဖုန်းဆက်လိုက်တဲ့အခါမှာတော့သူစိုးရိမ်နေသလို တစ်ဖက်ကဖုန်းပြန်ချသွားမှာလား၊ ဖုန်းရော လာကိုင်ပါ့မလား၊ ကျောင်းကလူတွေအများကြီးထဲကမှ Valentine ကပွဲကို ဘယ်သူနဲ့သွားလိုက်ရမလဲ ဆိုတာကို ဆယ်ကျော်သက်လေးတွေကြားထဲက ရတာမလို လိုတာမရတဲ့ Valentines’ Day အလွဲဟာသလေးတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပါ…..။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin WutYi ဖြစ်ပါတယ်)

Attack on Titan (2013-2023) ⭐IMDB: 9.0/10 (391 k Votes) 🎬 #SciFi #Fantasy #Animation #Action #Adventure #Drama #Horror 🗓️ 2013-2023 🎞️ Series 📺 1080p FHD 🌎 #Japan ⏰ 23 မိနစ် 41 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Attack on Titan (S01+S02+OVA+ S03 Part1+S04 Part 3)IMDb 8.8/10 ရရှိထားတဲ့ ကမ္ဘာတဝှမ်းမှာလူကြိုက်များနေတဲ့Anime seriesကောင်းလေးတခုကိုမိတ်ဆတ်ပေးပါရစေ လွန်ခဲ့တဲ့နှစ်တရာလောက်က Titanတွေရုတ်တရက်ပေါ်လာပြီးလူသားတွေကိုသတ်ဖြတ်စားသောက်ခဲ့ပါတယ်သူတို့ဘယ်ကနေရောက်လာလဲ သူတို့ကဘာတွေလဲဆိုတာဘယ်သူမှမသိခဲ့ကြပါဘူး Titanတွေရန်ကကာကွယ်ဖို့လူသားတွေဟာတံတိုင်းကြီးသုံးခုကိုတည်ဆောက်ခဲ့ပြီး နှစ်ပေါင်းတရာကျော်တိုင်Titanတွေရန်ကနေကင်းဝေးခဲ့ပါတယ် ဒါပေမယ့်တနေ့မှာတော့သူတို့တခါမှမကြုံဖူးတဲ့ အလွန်ကြီးမားလှတဲ့Titanကြီးတကောင် ပေါ်လာချိန်မှာတော့….ဒီဇာတ်လမ်းတွဲကို Dr. Nyan Soe Aung မှ ဘာသာပြန်ပေးထားပြီးYK မှ တင်ဆက်ပေးထားပါတယ်Season 01 ==============All Episode – Yoteshin[1-12]/ Yoteshin[13-25] VIP(6.34GB)==================================================================Season 2==================All Episode – Yoteshin / VIP(3.04GB)======================================ဒါလေးကတော့ Attack On Titan ရဲ့ အပိုင်းပို OVA အပိုင်းတွေပါSeason 4မထွက်ခင် FANတွေ ဇာတ်ရှိန်မပျက်အောင် ကြည့်ဖို့ တင်ဆက်ပေးလိုက်ပါတယ်VIP LINK- Click Here!OVA 1 – Userdrive / Yandex / Megaup / Gdrive / Veryfile / Datbu (170MB)OVA 2 – Userdrive / Yandex / Megaup / Gdrive / Veryfile / Datbu(170MB)OVA 3 – Userdrive / Yandex / Megaup / Gdrive / Veryfile / Datbu(170MB)(No- Regrets) OVA 4 – Userdrive / Yandex / Megaup / Yoteshin / Veryfile / Datbu OVA 5 (Lost Girls -1) – Userdirve / Yandex / Megaup / Yoteshin / Veryfile / DatbuOVA 6 (Lost Girls- 2) – Userdirve / Yandex / Megaup / Yoteshin / Veryfile / DatbuOVA 7 (Lost Girls- 3) – Userdirve / Yandex / Megaup / Yoteshin / Veryfile / DatbuSeason 3 (Part 1)================================Ep01 – Megaup / Yandex / Userdirve / Datbu / Veryfile (270MB)Ep02 – Megaup / Yandex / Userdirve / Datbu / Veryfile (270MB)Ep03 – Megaup / Yandex / Userdirve / Datbu / Veryfile (270MB)Ep04 – Megaup / Yandex / Userdirve / Datbu / Veryfile (270MB)Ep05 – Megaup / Yandex / Userdirve / Datbu / Veryfile (270MB)Ep06 – Megaup / Yandex / Userdirve / Datbu / Veryfile(270MB)Ep07 – Megaup / Yandex / Userdrive / Datbu / Veryfile (270MB)Ep08 – Megaup / Yandex / Userdrive / Datbu / Veryfile (270MB)Ep09 – Megaup / Yandex / Userdrive / Datbu / Veryfile (270MB)Ep10 – Megaup / Yandex / Userdrive / Datbu / Veryfile (270MB)Ep11 – Megaup / Yandex / Userdrive / Datbu / Veryfile (270MB)Ep12 – Megaup / Yandex / Userdrive / Datbu / Veryfile (270MB)Season Part 1 All Episode – Userdrive/ Yoteshin/ Meganz / Veryfile / VIP(3GB)Season 3 Part  1 Complete===================================================================Season – 3 (Part -2)===============Ep01 – Userdrive / Yandex / Megaup / Datbu / Veryfile Ep02 – Userdrive / Yandex / Megaup / Datbu / Veryfile Ep03 – Userdrive / Yandex / Megaup / Datbu / Veryfile Ep04 – Userdrive / Yandex / Megaup / Datbu / Veryfile Ep05 – Userdrive / Yandex / Megaup / Datbu / Veryfile Ep06 – Userdrive / Yandex / Megaup / Datbu / Veryfile Ep07 – Userdrive / Yandex / Megaup / Datbu / Veryfile Ep08 – Userdrive / Yandex / Megaup / Datbu / Veryfile Ep09 – Userdrive / Yandex / Megaup / Datbu / Veryfile Ep10 – Userdrive / Yandex / Megaup / Datbu / Veryfile All Episode – Userdrive / Yoteshin / Veryfile / Meganz / VIP Season 3 Part 2 Complete================================Season – 4 (Final Season)Ep01 – Userdrive / Yandex / Datbu / Veryfile / Megaup / Gdirve / VIP (270MB)Ep02 – Userdrive / Yandex / Datbu / Veryfile / Megaup / Gdirve /  Yoteshin /  VIP (270MB)Ep03 – Userdrive / Datbu / Veryfile / Megaup / Yotehsin / VIP (270MB)Ep04 – Userdrive / Datbu / Veryfile / Megaup / Yoteshin / VIP (270MB)Ep05 – Userdrive / Datbu / Veryfile / Megaup / Yoteshin / VIP (270MB)Ep06 – Userdrive / Veryfile / Yoteshin  / Megaup / Datbu / VIP (270MB)Ep07 – Userdrive / Datbu / Yoteshin / Veryfile / Megaup /VIPE

Death of the Ember (2023) ⭐⁉️ 🎬 #Action #Crime 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #China ⏰ 1 နာရီ 32 မိနစ် 42 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အခုတစ်ခေါက် CM က အက်ရှင်စုံထောက်ဇာတ်လမ်းကြိုက်တဲ့ပရိသတ်တွေအတွက် Death of the ember ဆိုတဲ့စုံထောက်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- တိတ်ဆိတ်ပြီး လှပတဲ့ ယွီမြိုမှာ မိုးညတစ်ညရဲ့ ထူးဆန်းတဲ့ကားတိုက်လူသတ်မှုတစ်ခုကြောင့် ယုတ်မာမှုရဲ့ အပိုင်းအစတွေ ထွက်ပေါ်လာပါတယ်။ ရဲဖြစ်သူ အားကျန့်ဟာ တာဝန်အရ ချင်မိသားစု ကုမ္ပဏီတွင်သူလျှိအဖြစ်ဝင်ရောက်ခဲ့ပြီး စခန်းမှူးအသစ်ဖြစ်သူလန်ကျဲနှင့်ပူးပေါင်းကာ မကောင်းမှုတွေကို ဖော်ထုတ်ရန် ကြိုးစားနေပါတယ် သိုသော် ချင်မိသားစု ညီအစ်ကို နှစ်ယောက်က အလွန်ဉာဏ်နီဉာဏ်နက်များပြီးသတိကြီးကြတဲ့အတွက် သူလျှိလှုပ်ရှားမှုအတွက် ခက်ခဲနေခဲ့ပါတယ် ချင်မိသားစု ညီအစ်ကိုရဲ့ တဖြည်းဖြည်းကြီးမားလာတဲ့ လောဘတွေနဲ့အတွင်းလူရဲ့ သစ္စာဖောက်မှုတွေကြားမှာ အချိန်မရွေးသေရေးရှင်ရေးနဲ့ရင်ဆိုင်နေရတဲ့ အားကျန့်တစ်ယောက် တာဝန်ကိုအောင်မြင်အောင် ဘယ်လို ထမ်းဆောင်မလဲဆိုတာကိုCM က ဘာသာပြန်လေးနဲ့အတူ ခံစားကြည့်ရှုလိုက်ပါဦးနော်။

The Painted Wall of Liaozhai (2023) ⭐TMDB: 0.0% User Score 🎬 #Fantasy #Romance #Action 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #China ⏰ 1 နာရီ 20 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လူသားနဲ့မိစ္ဆာတို့ရဲ့အချစ်ဇာတ်လမ်းလေးတွေကြိုက်တဲ့CMပရိသတ်ကြီးအတွက် တစ်မူထူးခြားတဲ့ နံရံဆေးရေးပန်းချီထဲကကမ္ဘာကိုခေါ်သွားပါရစေ…… သရဲတစ္ဆေစတဲ့ပရလောကသားတွေပျော်မွေ့တဲ့သရဲပွဲတော်လို့ခေါ်တဲ့(၇)လပိုင်း(၁၅)ရက်နေ့မှာမိစ္ဆာမတစ်ယောက်ဟာ ထကြွသောင်းကျန်းနေပါတယ်မိစ္ဆာမကိုနှိမ်နင်းဖို့နတ်ဇာမဏီကရောက်ပြီး နှစ်ဦးသားတိုက်ခိုက်ကြပါတော့တယ်။ မိစ္ဆာမကိုမသတ်နိုင်တဲ့အဆုံး နတ်ဇာမဏီကသူ့ကိုယ်သူစတေးပြီးမိစ္ဆာမကိုနံရံဆေးရေးပန်းချီထဲမှာချုပ်နှောင်းထားလိုက်ပါတယ်။ဒီလိုနဲ့နှစ်တွေကြာလာတဲ့အခါ နံရံပန်းချီရဲ့သက်ဝင်မှုကြောင့်ပန်းချီဆရာလေးတွေကလာရောက်စူးစမ်းရင်းနံရံပန်းချီထဲကကမ္ဘာထဲကိုရောက်သွားကြပါတယ်။ ပန်းချီဆရာလေးတွေရောက်သွားတဲ့ကမ္ဘာကနတ်ဘုံလား မိစ္ဆာဘုံလား……နံရံဆေးရေးပန်းချီထဲကကမ္ဘာထဲမှာ ဘယ်လိုမှော်ဆန်တဲ့အရာတွေနဲ့ကြုံတွေ့ကြမလဲ……လူသားပန်းချီဆရာလေးနဲ့ မိစ္ဆာမလေးတို့ရဲ့အချစ်ဇာတ်လမ်းကရောဘယ်လိုအဆုံးသတ်မလဲ……

Lost & Found (2022) ⭐IMDB: 5.4/10 (482 Votes) 🎬 #Mystery #Thriller 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #Spain #Argentina #Germany ⏰ 1 နာရီ 49 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Lost & Found (2022)================ မာရီယိုဆိုတဲ့ လူတစ်ယောက်က ပစ္စည်းပျောက်ထိန်းသိမ်းရေးရုံးမှာအလုပ်လုပ်တဲ့ လူတစ်ယောက်ပါ။ တစ်နေ့ မြစ်အောက်ကနေ ရှာတွေ့တဲ့ ပျောက်ဆုံးပစ္စည်းတွေနဲ့အတူ ခရီးဆောင်အိတ်တစ်လုံး သူ့ဆီ ရောက်လာပါတော့တယ်။ ပျောက်ဆုံးပစ္စည်းတွေကို ပြန်ပြင်ပေးလေ့ရှိတဲ့ မာရီယိုက ထိုခရီးဆောင်အိတ်ကို ပြန်ပြင်ပေးဖို့ရန်အတွက် ဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့ ထိတ်လန့်တုန်လှုပ်သွားပါတော့တယ်။ သူထိတ်လန့်တုန်လှုပ်သွားရအောင် ခရီးဆောင်အိတ်ထဲမှာ ဘာတွေပါလာတာမို့လဲ၊ ဘာကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့တာလဲ၊ ခရီးဆောင်အိတ်ကို ဖွင့်ကြည့်ပြီးတော့ မာရီယိုတစ်ယောက် တစ်ခုခုဘာကြောင့်အသည်းအသန် စုံစမ်းစစ်ဆေးနေတာလဲဆိုတာကို ဆက်လက်ကြည့်ရှူပေးကြပါဦး။ Mystery ဆန်ပြီး ဇာတ်လမ်းငြိမ့်ငြိမ့်လေးနဲ့ ဆွဲခေါ်သွားမှာမို့ ပရိသတ်တွေ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ ဒီဇာတ်ကားမှာအဓိကဇာတ်ဆောင်ဖြစ်တဲ့သူကတော့ ခင်ဗျားတို့အချစ်တော် Money Heist Seriesက Profesor အဖြစ်သရုပ်ဆောင်တဲ့ Alvaro Morte ပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Parrisဖြစ်ပါတယ်)

Magic Mike's Last Dance (2023) ⭐IMDB: 5.4/10 (5 k Votes) 🎬 #Comedy #Drama #Romance 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လတ်တလောလေးကမှ ထွက်ရှိထားတဲ့ ပူပူနွေးနွေးကားသစ်လေးလာပါပြီ။Magic Mike 1 & 2 ထွက်ရှိထားပြီး အခုတော့ သုံးကားမြောက်အနေနဲ့Magic Mike’s Last Dance ပါ။ Lost City, 21 Jump Street, Dog, Dear John, White House Downတို့နဲ့ကျော်ကြားလှတဲ့ ကိုယ်တွေရဲ့ မင်းသားချော Channing Matthew Tatum ကသရုပ်ဆောင်အဖြစ်ရော ထုတ်လုပ်သူတွေထဲကတစ်ယောက်အဖြစ်နဲ့ပါ ပါဝင်ထားပါတယ်။မင်းသမီးကတော့ Hitman’s Wife Bodyguard ထဲက Salma Hayek ဖြစ်ပြီးDirector က Steven Soderberghပါ။ (ဒီနေရာမှာ Dance ဆိုတာကို မိတ်ဆက်ပေးရရင်ကခုန်ခြင်းဆိုတာ ရှေးခေတ်ဦးကတည်းက ပေါ်ပေါက်လာတဲ့အရာတဲ့..ရှေးမျိုးနွယ်စုတွေ ပိုးပန်းတာမျိုးလုပ်တဲ့အချိန် အချင်းချင်း စကားမပြောကြခင်အတူတွဲကပြီး ရင်းနှီးမှုတည်ဆောက်ကြတာပါတဲ့..ကလပ်မှာ အရင် အတူတွဲကရင်းနဲ့မှ ရင်းနှီးသွားပြီးအဆင်ပြေရင် စကားဆက်ပြောဖြစ်ကြတာမျိုးနဲ့ ဆင်တူမယ်ထင်ပါတယ်) လူသားတွေက အချိန်တိုင်းလိုလို တစ်ခုမဟုတ်တစ်ခုတော့ လိုချင်နေတတ်ကြတာမလား..ဒါပေမယ့် တစ်ယောက်သောသူနဲ့သာဆိုရင်တော့ သူ့အတွက် ကိုယ်ကသာ အရာရာဖြစ်ချင်ကြတာမျိုး..အဲဒီလို သူ့အတွက် ကိုယ်ကသာ အရာရာဆိုတဲ့ အကြီးမြတ်ဆုံးစိတ်ကူးယဉ်အိပ်မက်တွေ တကယ်ဖြစ်လာခဲ့တဲ့အခါ.. ဇာတ်လမ်းအကျဉ်းဖော်ချွတ်အကသမားအဖြစ်က ထွက်ခဲ့ပြီး ကုမ္ပဏီလေးတစ်ခုထောင်ထားတဲ့ မိုက်ခ်ကကမ္ဘာ့ကပ်ရောဂါကြောင့် ထင်သလောက် အလုပ်မဖြစ်ဘဲ အရက်စပ်တဲ့သူအဖြစ် ဝင်လုပ်ခဲ့ပါတယ်..ပရဟိတပွဲတစ်ခုမှာ အရက်စပ်ပေးရင်းနဲ့ တစ်ညမှာတော့ အထီးကျန်နေတဲ့ သူဌေးကတော်လေး မက်စ်အတွက်တစ်ကိုယ်တော်ကပြဖျော်ဖြေဖြစ်သွားတယ်ပဲ ဆိုပါတော့လေ…မိုက်ခ်ရဲ့ ဖျော်ဖြေမှုကြောင့် အကြံအစည်သစ်တစ်ခု ရသွားတဲ့ မက်စ်က လန်ဒန်ကိုအတူလိုက်ခဲ့ဖို့၊ မိုက်ခ်အတွက် အလုပ်တစ်ခု စီစဉ်ပေးမှာဖြစ်လို့ သူနဲ့တစ်လလောက်အလုပ်အတူလုပ်ပါလို့ ကမ်းလှမ်းလာခဲ့တာမို့ မိုက်ခ်တစ်ယောက် လန်ဒန်ကို ပါသွားပါတော့တယ်..ဟိုရောက်မှ သိရတာက သူလုပ်ရမှာက ပြဇာတ်ရုံတစ်ခုမှာ ဒါရိုက်တာအဖြစ် ပွဲတစ်ခုစီစဉ်ပေးရမှာဖြစ်ပြီးအမျိုးသမီးတွေအတွက် ဦးစားပေးတင်ဆက်တဲ့ အကြီးစားအကဖျော်ဖြေပွဲတစ်ခုကိုအစအဆုံး တာဝန်ယူလုပ်ပေးရမှာဆိုတာပါ..အဓိက ပြဿနာကတော့ သူတင်ဆက်ရမယ့် ပြဇာတ်ရုံကမက်စ်ရဲ့အရင်ယောက်ျားဘက်ကနေ မက်စ်ရထားတဲ့ ဂန္တဝင်ပြဇာတ်ရုံဖြစ်ပြီးသူတို့ကို ပွဲမလုပ်နိုင်အောင် ပြဇာတ်ရုံပြင်ဆင်မွမ်းမံရေးမှာအရင်ယောက်ျားဘက်က နည်းအမျိုးမျိုးနဲ့ နှောင့်ယှက်လာတာပါပဲ..အကအဖွဲ့တွေ ရှာရ၊ အရင်ယောက်ျားရဲ့ နှောင့်ယှက်မှုတွေကို နည်းမျိုးစံနဲ့ခံရနဲ့ဗျာများနေခဲ့တဲ့ မိုက်ခ်နဲ့ မက်စ်တို့နှစ်ယောက်ကြားနားမလည်နိုင်ခြင်းတွေ မယုံကြည်နိုင်ခြင်းတွေ ပေါက်ဖွားလာခဲ့ချိန်မှာတော့..သူတို့ စီစဉ်ထားသလို ပွဲက အောင်အောင်မြင်မြင်နဲ့ ပြီးသွားနိုင်မှာလား..သူဌေးမလေးမက်စ်ကရော မိုက်ခ်ကိုထားခဲ့ပြီး အရင်ယောက်ျားဆီ ပြန်သွားမှာလား..မိုက်ခ်ကရော မက်စ်ဖြစ်စေချင်သလို ပြီးပြည့်စုံအောင် တင်ဆက်ပြသနိုင်ပါ့မလား..ဆိုတာကိုတော့ မင်းသမီးကအကိတ် မင်းသားကအလန်း ဇာတ်ကားလေးမှာဆက်လက်ကြည့်ရှုလိုက်ကြပါလို့… (အညွှန်းနဲ့ဘာသာပြန်ကတော့ Emily ပါ)

Mugguru Monagallu (2021) ⭐IMDB: 6.4/10 (976 Votes) 🎬 #Bollywood #Comedy #Thriller 🗓️ 2021 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 1 နာရီ 48 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mugguru Monagallu(2021)======================အကောင်းတကာ့ အကောင်းမှ ကြိုက်တတ်တယ်ဆိုတဲ့ CM ပရိသတ်တွေအတွက် ဇာတ်ကားကောင်းလေးတစ်ပုဒ် လာပါပြီနော် ဒီဇာတ်လမ်းလေးကတော့ အားလုံးအကြိုက်တွေ့လောက်မဲ့ Comedy Thriller အမျိုးအစားလေး ဖြစ်ပြီး IMDb rating အနေနဲ့ 9.1/10 ရရှိထားတာပဲ ဖြစ်ပါတယ် ဒီပက် ကီရှိုး ဆူရှန် ဆိုတဲ့ လူသုံးယောက်ဟာ တစ်နေ့မှာတော့ လူသတ်မှုအတွက် သက်သေထွက်ဆိုဖို့ ရဲစခန်းကို ရှေ့ဆင့်နောက်ဆင့် ရောက်လာခဲ့ပါတယ် ထူးခြားတာက ဒီပက်က မျက်စိမမြင်တဲ့သူ ကီရှိုးက စကားမပြောနိုင်တဲ့သူ ဆူရှန်ကတော့ နားလေးတဲ့သူပေါ့ ဒီလို တစ်ယောက်တစ်မျိုးဆီ ချို့ယွင်းနေတဲ့ သူတို့သုံး​ယောက် လူသတ်မှုအတွက် ဘယ်လို သက်သေထွက်ဆိုမလဲ…?? သူတို့ သက်သေထွက်ဆိုခဲ့တဲ့ လူသတ်မှုတွေမှာ အသတ်ခံရသူတိုင်း နိုင်ငံရေးသမားတွေချည်း ဖြစ်နေတဲ့အခါ…. လူသတ်မှုရဲ့ တကယ့်တရားခံကိုရော ရှာတွေ့နိုင်ပါ့မလားဆိုတာကို Comedy Thriller တို့ရဲ့ ထုံးစံအတိုင်း အလွဲလေးတွေနဲ့အတူ လူသတ်တရားခံကို ဖော်ထုတ်ရမှာပဲ ​ဖြစ်ပါတယ် နောက်ပိုင်းတွေမှာ မထင်ထားလောက်တဲ့ ဟာခနဲဟင်ခနဲ ဇာတ်ကွက်တွေ ပါလာမှာဆိုတော့ ဇာတ်လမ်းကို အများကြီး မစပွိုင်းတော့ဘူးဗျို့ အမြန်သာ ပြေးဒေါင်းပြီး ကြည့်လိုက်ကြတော့နော်

Dangal (2016) ⭐IMDB: 8.3/10 (195 k Votes) 🎬 #Biography #Bollywood #Drama #Sport #Family #Comedy #Action 🗓️ 2016 🎞️ Movie 📺 720p HD 🌎 #India #UnitedStates ⏰ 2 နာရီ 41 မိနစ် 01 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dangal (သို့မဟုတ်) အောင်မြင်မှုရဲ့ ခရီးကြမ်း “နပန်းသမားတစ်ယောက်က ကွင်းထဲဝင်လာပြီး ပြိုင်ပွဲဝင်ရတဲ့ရည်ရွယ်ချက်က နိုင်ငံအတွက်ဆုတံဆိပ်ရယူပေဖို့အတွက်ပဲ။ဒါပေမဲ့ နိုင်ငံကတော့ နပန်းသမားတွေကို ဘာမှကူညီထောက်ပံမှုမလုပ်ပေးဘူး။” ဒီစကားကိုပြောတာက နပန်းအားကစားနည်းကို အသွေးအသားထဲကရူးသွပ်ပြီး နပန်းကစားနည်းကနေ နိုင်ငံအတွက် ရွှေတံဆိပ်ဆုရပေးချင်တဲ့ Mahavir Singh Phogat (Aamir Khan)၊ဒါပေမဲ့ သူ့ဆန္ဒမပြည့်ဝခဲ့ဘူး။ဝါသနာနဲ့ ဝမ်းစာ ထိပ်တိုက်တွေ့တဲ့အချိန်မှာ ဝါသနာကိုစွန့်လွှတ်ခဲ့ရပေမယ့် သူ့မှာရည်မှန်းချက်တစ်ခုရှိတယ်။သူမွေးတဲ့သားက တစ်နေ့နပန်းသမားတစ်ယောက်ဖြစ်ရမယ်တဲ့။ကံကြမ္မာကတော့ သူ့ကိုကျီစားနေတုန်းပဲ။အနှစ်နှစ်ကာလမျှော်လင့်ချက်နဲ့ သားတစ်ယောက်လိုချင်တဲ့သူ့အတွက် ပထမဆုံးမွေးလာတဲ့ကလေးကတော့ မိန်းကလေး၊စိတ်အပျက်ကြီးပျက်ခဲ့ရပေမယ့် ဇွဲမလျှော့တဲ့သူကတော့ နောက်မွေးမယ့်ကလေးကယောကျာ်းလေးဖြစ်ရမယ်တဲ့။ဒီလိုနဲ့ နည်းလမ်းပေါင်းစုံ၊ဆေးပေါင်းစုံမှီဝဲရင်း ယောကျာ်းလေးရဖို့ ကြိုးစားခဲ့ပေမယ့် ဒီတစ်ခါလည်းမွေးလာတာကလည်း သမီးမိန်းကလေး၊စိတ်ဓာတ်ကျစဖြစ်လာပေမယ့် သားယောကျာ်းလေးမွေးလာနိုးနိုးနဲ့ ကလေးတွေတစ်ယောက်ပြီးတစ်ယောက်မွေးလာခဲ့တာ ၄ယောက်မြောက်ထိရောက်လာပေမယ့် အကုန်လုံးကတော့သမီးမိန်းကလေးတွေသာ၊ဒီလိုနဲ့ Mahavir တစ်ယောက် သူ့ရဲ့ရွှေတံဆိပ်ရယူရေး ရည်မှန်းချက်တော့ စွန့်လွှတ်လိုက်ရပြီပေါ့။ဒါပေမဲ့……. တစ်ရက်သူအိမိပြန်လာတဲ့အချိန်မှာ သူ့သမီးအကြီးနှစ်ယောက်ဖြစ်တဲ့ Geeta နဲ့ Babitaက ကျောင်းကအပြန် လမ်းမှာသူတို့နှစ်ယောက်ကို လိုက်နှောက်ယှက်တဲ့ ကောင်းလေးနှစ်ယောက်ကို ထိုးကြိတ်လွှတ်လိုက်ပြီးတဲ့နောက်မှာတော့ Mahavir တစ်ယောက် သူရဲ့နပန်းသွေးတွေက သူ့သမီးတွေဆီမှာလည်း စီးဆင်းနေတယ်ဆိုတာသိပြီး သမီးတွေကိုနပန်းသင်ပေးဖို့အတွက် ဆုံးဖြတ်လိုက်ပါတော့တယ်။နောက်နေ့ မနက်၅နာရီကစပြီး သံမဏိစည်းကမ်းတွေနဲ့ လေ့ကျင့်ရေးတွေစပါတော့တယ်။အိန္ဒိယနိုင်ငံရဲ့ကျေးလက်ဒေသမှာနေထိုင်ပြီး ရှေးရိုးစွဲအယူတွေကြားမှာ မိန်းကလေးနှစ်ယောက်ကို နပန်းသင်ပေးတယ်ဆိုရတာကတော့ ကောင်းကင်ကကြယ်ကိုဆွတ်ခူးရသလိုပါပဲ။အတိုက်အခိုက်၊ဝေဖန်ရှုံချမှုတွေနဲ့ မနာလိုမှုတွေရှိနေပေမယ့် Mahavir တစ်ယောက်ကတော့ ပတ်ဝန်းကျင်ပြောတာကို ဂရုမစိုက်ပဲ အလုပ်နဲ့သက်သေပြဖို့ကြိုးစားပါတော့တယ်။သမီးနှစ်ယောက်ကတော့ ငယ်ရွယ်သူပီပီ ပျော်ပျော်ပါးပါးနေချင်ပေမယ့် ဖခင်ရဲ့ သံမဏိစည်းကမ်းကတော့ တစ်ပြားမှမလျှော့ပါဘူး။ဒီလိုနဲ့ လေကျင့်လာခဲ့ရာမှ ပြိုင်ပွဲတွေမှာဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ အဆင့်ကိုရောက်လာပါတော့တယ်။မိန်းကလေးနပန်းသမားမရှိတဲ့ ကျေးရွာမှာတော့ နပန်းပြိုင်ပွဲရဲ့ ပြိုင်ဘက်တွေက ယောကျာ်းလေးတွေကြီးပါပဲ။မိန်းကလေးမလို့ ပြိုင်ပွဲဝင်ခွင့်တော်တော်များများမှာ ငြင်းပယ်ခံရပေမယ့် ပထမဆုံးယှဉ်ပြိုင်နိုင်တဲ့ပွဲမှာ ယောကျာ်းလေးပြိုင်ဘက်ကို အနိုင်ရခဲ့ပြီးနောက်ပိုင်း ပြိုင်ပွဲတိုင်းမှာ အနိုင်ရပြီး ပြည်နယ်အဆင့်ရောက်ကာ ပြည်နယ်အဆင့်မှာပါ ရွှေတံဆိပ်ဆုရခဲ့ပြီး နိုင်ငံလက်ရွေးစင်အဖြစ်ရွေးချယ်ခံရပါတော့တယ်။ နိုင်ငံလက်ရွေးစင်ဖြစ်လို့ ဝမ်းသာမဆုံးဖြစ်နေတဲ့ Mahavir အတွက်ကတော့ လေ့ကျင့်ရေးအထောက်အပံ့အပြည့်အစုံရှိတဲ့ မြို့ကြီးမှာ စခန်းသွင်းလေ့ကျင့်လိုတဲ့ သမီးကြီး Geeta ရဲ့ ဆန္ဒကိုလိုက်လျောပြီး ပို့ဆောင်ပေးခဲ့ပါတယ်။ဖခင်ရဲ့ သံမဏိစည်းကမ်းကနေလွတ်မြောက်ပြီး လွတ်လွတ်လပ်လပ်နေရတဲ့ Geeta အတွက်ကတော့ အရာရာကပျော်ရွှင်ဖွယ်ရာအတိပါ။နည်းပြဆရာအသစ်နဲ့လေ့ကျင့်ရပြီး သူ့အဖေသင်ပေးတာတွေထက်ပိုကောင်းတယ်လို့လည်း မှတ်ယူလာခဲ့ပါတယ်။တစ်ရက်ခွင့်ရလို့ အိမ်အပြန်မှာ သူအဖေ့ရဲ့နည်းစနစ်တွေက ခေတ်နောက်ကြနေပြီး အလုပ်မဖြစ်တော့ဘူးဟုပြောလာသောအခါ သားအဖနှစ်ယောက်မှာ စိတ်ဝမ်းကွဲသွားပါတော့တယ်။ဒါပေမဲ့ Geeta တစ်ယောက်သူ့ဆရာရဲ့နည်းစနစ်တွေအတိုင်း နိုင်ငံတကာပွဲကို သွားရောက်ယှဉ်ပြိုင်ပေမဲ့ ပထမအဆင့်ကနေထွက်ခဲ့ရပါတော့တယ်။သူ့ရဲ့ လက်ရွေးစင်ဘဝကိုလည်း ဆိုးရွားတဲ့ရလဒ်က ခြိမ်းခြောက်လာပါတော့တယ်။နောက်ဆုံးအခွင့်ရေးကတော့ အိန္ဒိယနိုင်ငံမှာ ကျင်းပတဲ့ 2010 Commonwealth Games မှာ ဆုတံဆိပ်ရယူနိုင်ရေးပါ။ဒီလိုအချိနိမှာ သတိရမိတာကတော့ အဖေဖြစ်သူကိုပါပဲ။အဖေဖြစ်သူကလည်း သမီးဖြစ်သူကို ခွင့်လွှတ်ပေးပြီး ဆုတံဆိပ်ရယူပေးဖို့အတွက် အစွမ်းကုန်ကူညီပါတော့တယ်။သူတို့သားအဖနှစ်ယောက်လုံးမျှော်လင့်တဲ့ ရွှေတံဆိပ်ဆုက ရယူနိုင်မလား……… ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ရမလည်း…….အောင်မြင်အောင်လုပ်ဆောင်နိုင်မလားဆိုတာကတော့……….. ဇာတ်ကားအကြောင်းနဲ့ ရိုက်ကူးထုတ်လုပ်မှု Dangal ဇာတ်ကားက 3 idiots, PK,Every child is special ဇာတ်ကားနဲ့ ကျွန်တော်တို့ရဲ့အချစ်တော်ကြီးဖြစ်တဲ့ မင်သား Aamir Khan ရဲ့ နောက်ဆုံးထွက် ဇာတ်ကားတ

Mugguru Monagallu (2021) ⭐IMDB: 6.4/10 (976 Votes) 🎬 #Bollywood #Comedy #Thriller 🗓️ 2021 🎞️ Movie 📺 720p HD 🌎 #India ⏰ 1 နာရီ 48 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mugguru Monagallu(2021)======================အကောင်းတကာ့ အကောင်းမှ ကြိုက်တတ်တယ်ဆိုတဲ့ CM ပရိသတ်တွေအတွက် ဇာတ်ကားကောင်းလေးတစ်ပုဒ် လာပါပြီနော် ဒီဇာတ်လမ်းလေးကတော့ အားလုံးအကြိုက်တွေ့လောက်မဲ့ Comedy Thriller အမျိုးအစားလေး ဖြစ်ပြီး IMDb rating အနေနဲ့ 9.1/10 ရရှိထားတာပဲ ဖြစ်ပါတယ် ဒီပက် ကီရှိုး ဆူရှန် ဆိုတဲ့ လူသုံးယောက်ဟာ တစ်နေ့မှာတော့ လူသတ်မှုအတွက် သက်သေထွက်ဆိုဖို့ ရဲစခန်းကို ရှေ့ဆင့်နောက်ဆင့် ရောက်လာခဲ့ပါတယ် ထူးခြားတာက ဒီပက်က မျက်စိမမြင်တဲ့သူ ကီရှိုးက စကားမပြောနိုင်တဲ့သူ ဆူရှန်ကတော့ နားလေးတဲ့သူပေါ့ ဒီလို တစ်ယောက်တစ်မျိုးဆီ ချို့ယွင်းနေတဲ့ သူတို့သုံး​ယောက် လူသတ်မှုအတွက် ဘယ်လို သက်သေထွက်ဆိုမလဲ…?? သူတို့ သက်သေထွက်ဆိုခဲ့တဲ့ လူသတ်မှုတွေမှာ အသတ်ခံရသူတိုင်း နိုင်ငံရေးသမားတွေချည်း ဖြစ်နေတဲ့အခါ…. လူသတ်မှုရဲ့ တကယ့်တရားခံကိုရော ရှာတွေ့နိုင်ပါ့မလားဆိုတာကို Comedy Thriller တို့ရဲ့ ထုံးစံအတိုင်း အလွဲလေးတွေနဲ့အတူ လူသတ်တရားခံကို ဖော်ထုတ်ရမှာပဲ ​ဖြစ်ပါတယ် နောက်ပိုင်းတွေမှာ မထင်ထားလောက်တဲ့ ဟာခနဲဟင်ခနဲ ဇာတ်ကွက်တွေ ပါလာမှာဆိုတော့ ဇာတ်လမ်းကို အများကြီး မစပွိုင်းတော့ဘူးဗျို့ အမြန်သာ ပြေးဒေါင်းပြီး ကြည့်လိုက်ကြတော့နော်

Udanpirappe (2021) ⭐IMDB: 5.0/10 (912 Votes) 🎬 #Bollywood #Drama #Family 🗓️ 2021 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 18 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Udanpirappe (2021) Udanpieappe .. အဓိပ္ပာယ်ကတော့ “မောင်နှမ” တဲ့။ မိသားစုတစ်စုတည်းကနေ အတူပေါက်ဖွားကြီးပြင်းလာတဲ့ ညီအစ်ကိုမောင်နှမတွေဟာ တစ်လောကလုံးမှာ အရင်းနှီးဆုံးသူငယ်ချင်းတွေပါ။ တချို့က အမြဲရန်ဖြစ်ပြီး မတည့်နေတာရှိတယ် .. တချို့ကျလည်း တစ်ယောက်နဲ့တစ်ယောက် သိသိသာသာကို သိပ်ချစ်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချင်းချင်းချစ်ကြတယ်ဆိုတာတော့ မုချပါပဲ။ ဒီ Tamil ဇာတ်ကားလေးကလည်း သိပ်ချစ်ကြတဲ့ “မာသံဂီ” နဲ့ “ဗေရာဗာ” တို့ရဲ့ မောင်နှမသံယောဇဉ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ကားလေးပါ။ ထူးထူးဆန်းဆန်းပဲ လူငယ်မောင်နှမနှစ်ယောက်အကြောင်းမဟုတ်ဘဲ အိမ်ထောင်ကိုယ်စီနဲ့ ကိုယ်ပိုင်မိသားစုကိုယ်စီပိုင်ဆိုင်ထားကြပြီဖြစ်တဲ့ မောင်နှမရဲ့ ကြီးမားတဲ့သံယောဇဉ်ကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ အစ်ကိုကြီးဖြစ်တဲ့ ဗေရာဗာက အမှန်တရားရဲ့ဘက်တော်သား၊ မတရားတာမြင်တာနဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်ပြီးဆုံးမပစ်လိုက်တဲ့သူ .. ဒီလိုလူမျိုးကို ယောက်ဖဖြစ်သူကျောင်းဆရာကတော့ သဘောမကျဘူးပေါ့။ “အစ်ကိုကြီးအဖရာ” ဆိုတဲ့အတိုင်း အစ်ကိုဖြစ်သူ ဗေရာဗာက သူ့ညီမလေးကို သမီးလေးနဲ့မခြားသိပ်ချစ်ရှာတယ်။ ညီမဖြစ်သူ မာသံဂီကလည်း ကိုယ့်သားနဲ့ အစ်ကို့ရဲ့သား နှစ်ယောက်လုံးအသက်ဘေးကြုံနေရပြီး တစ်ဦးတည်းကယ်လို့ရတဲ့အခြေအနေမှာတောင် အစ်ကို့ရဲ့သားကိုရွေးချယ်ကယ်တင်ခဲ့တဲ့အထိ သူ့အစ်ကိုကို သိပ်ချစ်ရှာတယ်။ ဒီလိုအဖြစ်အပျက်တွေကြောင့်ပဲ ခင်ပွန်းဖြစ်သူက အစ်ကိုဖြစ်သူကိုပိုအမြင်စောင်းပြီး မောင်နှမနှစ်ယောက် စကားမပြောဖြစ်တော့တဲ့အထိ တဖြည်းဖြည်းအနေဝေးသွားခဲ့ရတယ်။ သိပ်ချစ်ကြတဲ့မောင်နှမနှစ်ဦးရဲ့ဆက်ဆံရေး နှစ်ပေါင်းများစွာအနေဝေးနေရာကနေ တစ်စတစ်စ ပိုပြီးအေးစက်သွားမလား .. ဒါမှမဟုတ် မိသားစုနှစ်စု တစ်ဖန်ပြန်သင့်မြတ်နိုင်ဦးမလား .. ဘယ်လိုအကြောင်းအရာတွေပေါ်ပေါက်လာဦးမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါဦးနော်

Kho Kho (2021) ⭐IMDB: 5.9/10 (596 Votes) 🎬 #Bollywood #Drama #Sport 🗓️ 2021 🎞️ Movie 📺 720p HD 🌎 #India ⏰ 1 နာရီ 59 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kho Kho (2021) IMDb – 6.0/10 ငယ်ငယ်ကကျောင်းမုန့်စားဆင်းတဲ့အချိန် ကျောင်းဝန်းထဲမှာကိုယ်တွေ ထုတ်ဆီးတိုး၊ ကြိုးခုန်၊ ပြေးတမ်း လိုက်တမ်းစတဲ့ ကစားနည်းပေါင်းစုံကစားခဲ့သလို အိန္ဒိယနိုင်ငံရဲ့ကျောင်းသားကျောင်းသူတွေ ပျော်ပျော်ပါးပါးကစားကြတဲ့ Kho Kho (ခိုခို) ဆိုတဲ့ကစားနည်းလေးရှိပါတယ်။ ဒီလိုအားကစားနည်းလေးတွေကစားတာဟာ တစ်ချိန်မှာအောင်မြင်တဲ့အားကစားသမားတစ်ယောက်ဖြစ်လာနိုင်တဲ့လမ်းစဆိုတာ ဘယ်သူကတွေးမိမှာလဲ .. ဇာတ်လမ်းအစမှာ Perunthuruthu ဆိုတဲ့ရွာလေးက မိန်းကလေးကျောင်းတစ်ကျောင်းကို Maria လို့ခေါ်တဲ့ အားကစားဆရာမလေးအသစ်ရောက်လာပါတယ်။ သိတဲ့အတိုင်း ကိုယ်တွေဆီမှာလိုပဲ ကျောင်းမှာကာယဆရာတို့၊ အားကစားဆရာတို့ဆိုတာ လူပိုလိုဖြစ်နေတာလေ။ ဒီတော့ ကျောင်းအုပ်ဆရာကလည်း ဆရာမအလုပ် ဘာမှမရှိတာမို့ သက်သက်သာသာနေလို့ရကြောင်းပြောတာပေါ့။ ဒီမှာတင် ဆရာကောင်းပီသတဲ့ Maria ဟာ သက်သာရာသက်သာကြောင်းမနေဘဲ ကျောင်းကကလေးတွေ ခိုခိုကစားနည်းကိုစိတ်ပါဝင်စားစွာကစားကြတာကိုတွေ့သွားပြီး အားကစားအသင်းဖွဲ့ဖို့ကြိုးစားပါတော့တယ်။ တပည့်တွေကလည်း သူတို့နှစ်သက်တဲ့ကစားနည်းကို စနစ်တကျလေ့ကျင့်ဆော့ကစားရမယ်ဆိုတော့ပျော်ကြတာပေါ့။ တကယ်တော့ Maria ဟာလည်း အိပ်မက်တွေကိုစွန့်လွှတ်ခဲ့ရတဲ့ အားကစားသမားဟောင်းတစ်ယောက်ပါ။ သူမအောင်မြင်ခဲ့တဲ့အရာတစ်ခုကို သူ့တပည့်တွေနဲ့ကျမှ ဘယ်လိုအောင်မြင်အောင်လမ်းပြပေးမလဲ .. “ဆရာကောင်းတပည့် ပန်းကောင်းပန်” ဆိုသလို သူ့တပည့်တွေကရော ဆရာမပင်ပန်းရကျိုးနပ်အောင် အောင်ပန်းတွေဆွတ်နိုင်မလားဆိုတာကိုတော့ ဆရာတပည့်ကြားက ချစ်ခြင်းမေတ္တာတွေ ခွင့်လွှတ်မှုတွေ နားလည်မှုတွေအပြည့်နဲ့ ဒီ Kho Kho ဆိုတဲ့ဇာတ်လမ်းလေးမှာဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။

Dangal (2016) ⭐IMDB: 8.3/10 (195 k Votes) 🎬 #Biography #Bollywood #Drama #Sport #Family #Comedy #Action 🗓️ 2016 🎞️ Movie 📺 1080p FHD 🌎 #India #UnitedStates ⏰ 2 နာရီ 41 မိနစ် 01 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dangal (သို့မဟုတ်) အောင်မြင်မှုရဲ့ ခရီးကြမ်း “နပန်းသမားတစ်ယောက်က ကွင်းထဲဝင်လာပြီး ပြိုင်ပွဲဝင်ရတဲ့ရည်ရွယ်ချက်က နိုင်ငံအတွက်ဆုတံဆိပ်ရယူပေဖို့အတွက်ပဲ။ဒါပေမဲ့ နိုင်ငံကတော့ နပန်းသမားတွေကို ဘာမှကူညီထောက်ပံမှုမလုပ်ပေးဘူး။” ဒီစကားကိုပြောတာက နပန်းအားကစားနည်းကို အသွေးအသားထဲကရူးသွပ်ပြီး နပန်းကစားနည်းကနေ နိုင်ငံအတွက် ရွှေတံဆိပ်ဆုရပေးချင်တဲ့ Mahavir Singh Phogat (Aamir Khan)၊ဒါပေမဲ့ သူ့ဆန္ဒမပြည့်ဝခဲ့ဘူး။ဝါသနာနဲ့ ဝမ်းစာ ထိပ်တိုက်တွေ့တဲ့အချိန်မှာ ဝါသနာကိုစွန့်လွှတ်ခဲ့ရပေမယ့် သူ့မှာရည်မှန်းချက်တစ်ခုရှိတယ်။သူမွေးတဲ့သားက တစ်နေ့နပန်းသမားတစ်ယောက်ဖြစ်ရမယ်တဲ့။ကံကြမ္မာကတော့ သူ့ကိုကျီစားနေတုန်းပဲ။အနှစ်နှစ်ကာလမျှော်လင့်ချက်နဲ့ သားတစ်ယောက်လိုချင်တဲ့သူ့အတွက် ပထမဆုံးမွေးလာတဲ့ကလေးကတော့ မိန်းကလေး၊စိတ်အပျက်ကြီးပျက်ခဲ့ရပေမယ့် ဇွဲမလျှော့တဲ့သူကတော့ နောက်မွေးမယ့်ကလေးကယောကျာ်းလေးဖြစ်ရမယ်တဲ့။ဒီလိုနဲ့ နည်းလမ်းပေါင်းစုံ၊ဆေးပေါင်းစုံမှီဝဲရင်း ယောကျာ်းလေးရဖို့ ကြိုးစားခဲ့ပေမယ့် ဒီတစ်ခါလည်းမွေးလာတာကလည်း သမီးမိန်းကလေး၊စိတ်ဓာတ်ကျစဖြစ်လာပေမယ့် သားယောကျာ်းလေးမွေးလာနိုးနိုးနဲ့ ကလေးတွေတစ်ယောက်ပြီးတစ်ယောက်မွေးလာခဲ့တာ ၄ယောက်မြောက်ထိရောက်လာပေမယ့် အကုန်လုံးကတော့သမီးမိန်းကလေးတွေသာ၊ဒီလိုနဲ့ Mahavir တစ်ယောက် သူ့ရဲ့ရွှေတံဆိပ်ရယူရေး ရည်မှန်းချက်တော့ စွန့်လွှတ်လိုက်ရပြီပေါ့။ဒါပေမဲ့……. တစ်ရက်သူအိမိပြန်လာတဲ့အချိန်မှာ သူ့သမီးအကြီးနှစ်ယောက်ဖြစ်တဲ့ Geeta နဲ့ Babitaက ကျောင်းကအပြန် လမ်းမှာသူတို့နှစ်ယောက်ကို လိုက်နှောက်ယှက်တဲ့ ကောင်းလေးနှစ်ယောက်ကို ထိုးကြိတ်လွှတ်လိုက်ပြီးတဲ့နောက်မှာတော့ Mahavir တစ်ယောက် သူရဲ့နပန်းသွေးတွေက သူ့သမီးတွေဆီမှာလည်း စီးဆင်းနေတယ်ဆိုတာသိပြီး သမီးတွေကိုနပန်းသင်ပေးဖို့အတွက် ဆုံးဖြတ်လိုက်ပါတော့တယ်။နောက်နေ့ မနက်၅နာရီကစပြီး သံမဏိစည်းကမ်းတွေနဲ့ လေ့ကျင့်ရေးတွေစပါတော့တယ်။အိန္ဒိယနိုင်ငံရဲ့ကျေးလက်ဒေသမှာနေထိုင်ပြီး ရှေးရိုးစွဲအယူတွေကြားမှာ မိန်းကလေးနှစ်ယောက်ကို နပန်းသင်ပေးတယ်ဆိုရတာကတော့ ကောင်းကင်ကကြယ်ကိုဆွတ်ခူးရသလိုပါပဲ။အတိုက်အခိုက်၊ဝေဖန်ရှုံချမှုတွေနဲ့ မနာလိုမှုတွေရှိနေပေမယ့် Mahavir တစ်ယောက်ကတော့ ပတ်ဝန်းကျင်ပြောတာကို ဂရုမစိုက်ပဲ အလုပ်နဲ့သက်သေပြဖို့ကြိုးစားပါတော့တယ်။သမီးနှစ်ယောက်ကတော့ ငယ်ရွယ်သူပီပီ ပျော်ပျော်ပါးပါးနေချင်ပေမယ့် ဖခင်ရဲ့ သံမဏိစည်းကမ်းကတော့ တစ်ပြားမှမလျှော့ပါဘူး။ဒီလိုနဲ့ လေကျင့်လာခဲ့ရာမှ ပြိုင်ပွဲတွေမှာဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ အဆင့်ကိုရောက်လာပါတော့တယ်။မိန်းကလေးနပန်းသမားမရှိတဲ့ ကျေးရွာမှာတော့ နပန်းပြိုင်ပွဲရဲ့ ပြိုင်ဘက်တွေက ယောကျာ်းလေးတွေကြီးပါပဲ။မိန်းကလေးမလို့ ပြိုင်ပွဲဝင်ခွင့်တော်တော်များများမှာ ငြင်းပယ်ခံရပေမယ့် ပထမဆုံးယှဉ်ပြိုင်နိုင်တဲ့ပွဲမှာ ယောကျာ်းလေးပြိုင်ဘက်ကို အနိုင်ရခဲ့ပြီးနောက်ပိုင်း ပြိုင်ပွဲတိုင်းမှာ အနိုင်ရပြီး ပြည်နယ်အဆင့်ရောက်ကာ ပြည်နယ်အဆင့်မှာပါ ရွှေတံဆိပ်ဆုရခဲ့ပြီး နိုင်ငံလက်ရွေးစင်အဖြစ်ရွေးချယ်ခံရပါတော့တယ်။ နိုင်ငံလက်ရွေးစင်ဖြစ်လို့ ဝမ်းသာမဆုံးဖြစ်နေတဲ့ Mahavir အတွက်ကတော့ လေ့ကျင့်ရေးအထောက်အပံ့အပြည့်အစုံရှိတဲ့ မြို့ကြီးမှာ စခန်းသွင်းလေ့ကျင့်လိုတဲ့ သမီးကြီး Geeta ရဲ့ ဆန္ဒကိုလိုက်လျောပြီး ပို့ဆောင်ပေးခဲ့ပါတယ်။ဖခင်ရဲ့ သံမဏိစည်းကမ်းကနေလွတ်မြောက်ပြီး လွတ်လွတ်လပ်လပ်နေရတဲ့ Geeta အတွက်ကတော့ အရာရာကပျော်ရွှင်ဖွယ်ရာအတိပါ။နည်းပြဆရာအသစ်နဲ့လေ့ကျင့်ရပြီး သူ့အဖေသင်ပေးတာတွေထက်ပိုကောင်းတယ်လို့လည်း မှတ်ယူလာခဲ့ပါတယ်။တစ်ရက်ခွင့်ရလို့ အိမ်အပြန်မှာ သူအဖေ့ရဲ့နည်းစနစ်တွေက ခေတ်နောက်ကြနေပြီး အလုပ်မဖြစ်တော့ဘူးဟုပြောလာသောအခါ သားအဖနှစ်ယောက်မှာ စိတ်ဝမ်းကွဲသွားပါတော့တယ်။ဒါပေမဲ့ Geeta တစ်ယောက်သူ့ဆရာရဲ့နည်းစနစ်တွေအတိုင်း နိုင်ငံတကာပွဲကို သွားရောက်ယှဉ်ပြိုင်ပေမဲ့ ပထမအဆင့်ကနေထွက်ခဲ့ရပါတော့တယ်။သူ့ရဲ့ လက်ရွေးစင်ဘဝကိုလည်း ဆိုးရွားတဲ့ရလဒ်က ခြိမ်းခြောက်လာပါတော့တယ်။နောက်ဆုံးအခွင့်ရေးကတော့ အိန္ဒိယနိုင်ငံမှာ ကျင်းပတဲ့ 2010 Commonwealth Games မှာ ဆုတံဆိပ်ရယူနိုင်ရေးပါ။ဒီလိုအချိနိမှာ သတိရမိတာကတော့ အဖေဖြစ်သူကိုပါပဲ။အဖေဖြစ်သူကလည်း သမီးဖြစ်သူကို ခွင့်လွှတ်ပေးပြီး ဆုတံဆိပ်ရယူပေးဖို့အတွက် အစွမ်းကုန်ကူညီပါတော့တယ်။သူတို့သားအဖနှစ်ယောက်လုံးမျှော်လင့်တဲ့ ရွှေတံဆိပ်ဆုက ရယူနိုင်မလား……… ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ရမလည်း…….အောင်မြင်အောင်လုပ်ဆောင်နိုင်မလားဆိုတာကတော့……….. ဇာတ်ကားအကြောင်းနဲ့ ရိုက်ကူးထုတ်လုပ်မှု Dangal ဇာတ်ကားက 3 idiots, PK,Every child is special ဇာတ်ကားနဲ့ ကျွန်တော်တို့ရဲ့အချစ်တော်ကြီးဖြစ်တဲ့ မင်သား Aamir Khan ရဲ့ နောက်ဆုံးထွက် ဇာတ်ကာ

Udanpirappe (2021) ⭐IMDB: 5.0/10 (912 Votes) 🎬 #Bollywood #Drama #Family 🗓️ 2021 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 2 နာရီ 18 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Udanpirappe (2021) Udanpieappe .. အဓိပ္ပာယ်ကတော့ “မောင်နှမ” တဲ့။ မိသားစုတစ်စုတည်းကနေ အတူပေါက်ဖွားကြီးပြင်းလာတဲ့ ညီအစ်ကိုမောင်နှမတွေဟာ တစ်လောကလုံးမှာ အရင်းနှီးဆုံးသူငယ်ချင်းတွေပါ။ တချို့က အမြဲရန်ဖြစ်ပြီး မတည့်နေတာရှိတယ် .. တချို့ကျလည်း တစ်ယောက်နဲ့တစ်ယောက် သိသိသာသာကို သိပ်ချစ်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချင်းချင်းချစ်ကြတယ်ဆိုတာတော့ မုချပါပဲ။ ဒီ Tamil ဇာတ်ကားလေးကလည်း သိပ်ချစ်ကြတဲ့ “မာသံဂီ” နဲ့ “ဗေရာဗာ” တို့ရဲ့ မောင်နှမသံယောဇဉ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ကားလေးပါ။ ထူးထူးဆန်းဆန်းပဲ လူငယ်မောင်နှမနှစ်ယောက်အကြောင်းမဟုတ်ဘဲ အိမ်ထောင်ကိုယ်စီနဲ့ ကိုယ်ပိုင်မိသားစုကိုယ်စီပိုင်ဆိုင်ထားကြပြီဖြစ်တဲ့ မောင်နှမရဲ့ ကြီးမားတဲ့သံယောဇဉ်ကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ အစ်ကိုကြီးဖြစ်တဲ့ ဗေရာဗာက အမှန်တရားရဲ့ဘက်တော်သား၊ မတရားတာမြင်တာနဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်ပြီးဆုံးမပစ်လိုက်တဲ့သူ .. ဒီလိုလူမျိုးကို ယောက်ဖဖြစ်သူကျောင်းဆရာကတော့ သဘောမကျဘူးပေါ့။ “အစ်ကိုကြီးအဖရာ” ဆိုတဲ့အတိုင်း အစ်ကိုဖြစ်သူ ဗေရာဗာက သူ့ညီမလေးကို သမီးလေးနဲ့မခြားသိပ်ချစ်ရှာတယ်။ ညီမဖြစ်သူ မာသံဂီကလည်း ကိုယ့်သားနဲ့ အစ်ကို့ရဲ့သား နှစ်ယောက်လုံးအသက်ဘေးကြုံနေရပြီး တစ်ဦးတည်းကယ်လို့ရတဲ့အခြေအနေမှာတောင် အစ်ကို့ရဲ့သားကိုရွေးချယ်ကယ်တင်ခဲ့တဲ့အထိ သူ့အစ်ကိုကို သိပ်ချစ်ရှာတယ်။ ဒီလိုအဖြစ်အပျက်တွေကြောင့်ပဲ ခင်ပွန်းဖြစ်သူက အစ်ကိုဖြစ်သူကိုပိုအမြင်စောင်းပြီး မောင်နှမနှစ်ယောက် စကားမပြောဖြစ်တော့တဲ့အထိ တဖြည်းဖြည်းအနေဝေးသွားခဲ့ရတယ်။ သိပ်ချစ်ကြတဲ့မောင်နှမနှစ်ဦးရဲ့ဆက်ဆံရေး နှစ်ပေါင်းများစွာအနေဝေးနေရာကနေ တစ်စတစ်စ ပိုပြီးအေးစက်သွားမလား .. ဒါမှမဟုတ် မိသားစုနှစ်စု တစ်ဖန်ပြန်သင့်မြတ်နိုင်ဦးမလား .. ဘယ်လိုအကြောင်းအရာတွေပေါ်ပေါက်လာဦးမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါဦးနော်

Kho Kho (2021) ⭐IMDB: 5.9/10 (596 Votes) 🎬 #Bollywood #Drama #Sport 🗓️ 2021 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 1 နာရီ 59 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kho Kho (2021) IMDb – 6.0/10 ငယ်ငယ်ကကျောင်းမုန့်စားဆင်းတဲ့အချိန် ကျောင်းဝန်းထဲမှာကိုယ်တွေ ထုတ်ဆီးတိုး၊ ကြိုးခုန်၊ ပြေးတမ်း လိုက်တမ်းစတဲ့ ကစားနည်းပေါင်းစုံကစားခဲ့သလို အိန္ဒိယနိုင်ငံရဲ့ကျောင်းသားကျောင်းသူတွေ ပျော်ပျော်ပါးပါးကစားကြတဲ့ Kho Kho (ခိုခို) ဆိုတဲ့ကစားနည်းလေးရှိပါတယ်။ ဒီလိုအားကစားနည်းလေးတွေကစားတာဟာ တစ်ချိန်မှာအောင်မြင်တဲ့အားကစားသမားတစ်ယောက်ဖြစ်လာနိုင်တဲ့လမ်းစဆိုတာ ဘယ်သူကတွေးမိမှာလဲ .. ဇာတ်လမ်းအစမှာ Perunthuruthu ဆိုတဲ့ရွာလေးက မိန်းကလေးကျောင်းတစ်ကျောင်းကို Maria လို့ခေါ်တဲ့ အားကစားဆရာမလေးအသစ်ရောက်လာပါတယ်။ သိတဲ့အတိုင်း ကိုယ်တွေဆီမှာလိုပဲ ကျောင်းမှာကာယဆရာတို့၊ အားကစားဆရာတို့ဆိုတာ လူပိုလိုဖြစ်နေတာလေ။ ဒီတော့ ကျောင်းအုပ်ဆရာကလည်း ဆရာမအလုပ် ဘာမှမရှိတာမို့ သက်သက်သာသာနေလို့ရကြောင်းပြောတာပေါ့။ ဒီမှာတင် ဆရာကောင်းပီသတဲ့ Maria ဟာ သက်သာရာသက်သာကြောင်းမနေဘဲ ကျောင်းကကလေးတွေ ခိုခိုကစားနည်းကိုစိတ်ပါဝင်စားစွာကစားကြတာကိုတွေ့သွားပြီး အားကစားအသင်းဖွဲ့ဖို့ကြိုးစားပါတော့တယ်။ တပည့်တွေကလည်း သူတို့နှစ်သက်တဲ့ကစားနည်းကို စနစ်တကျလေ့ကျင့်ဆော့ကစားရမယ်ဆိုတော့ပျော်ကြတာပေါ့။ တကယ်တော့ Maria ဟာလည်း အိပ်မက်တွေကိုစွန့်လွှတ်ခဲ့ရတဲ့ အားကစားသမားဟောင်းတစ်ယောက်ပါ။ သူမအောင်မြင်ခဲ့တဲ့အရာတစ်ခုကို သူ့တပည့်တွေနဲ့ကျမှ ဘယ်လိုအောင်မြင်အောင်လမ်းပြပေးမလဲ .. “ဆရာကောင်းတပည့် ပန်းကောင်းပန်” ဆိုသလို သူ့တပည့်တွေကရော ဆရာမပင်ပန်းရကျိုးနပ်အောင် အောင်ပန်းတွေဆွတ်နိုင်မလားဆိုတာကိုတော့ ဆရာတပည့်ကြားက ချစ်ခြင်းမေတ္တာတွေ ခွင့်လွှတ်မှုတွေ နားလည်မှုတွေအပြည့်နဲ့ ဒီ Kho Kho ဆိုတဲ့ဇာတ်လမ်းလေးမှာဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။

Sanak (2021) ⭐IMDB: 6.7/10 (11 k Votes) 🎬 #Action #Bollywood #Thriller 🗓️ 2021 🎞️ Movie 📺 720p HD 🌎 #India ⏰ 1 နာရီ 57 မိနစ် 08 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating (8.1) ဒီဇာတ်ကားကတော့ သိပ်ပြီးညွှန်းစရာတောင် မလိုတော့ဘူး ထင်ပါရဲ့ဗျာ။ဇာတ်ကားတိုင်းကို ရိုးရိုးရှင်းရှင်းနဲ့ဖိုက်တင်လှလှတွေ သုံးပြီး ရိုက်တတ်တဲ့ကွန်မန်ဒိုမင်းသားလို့ အများခေါ်တဲ့ Vidyut Jammwalရဲ့ဒီနေ့ထွက် ကားသစ်တစ်ကားပါပဲ။ ဇာတ်လမ်းအစမှာတော့ဇနီးမောင်နှံဘဝနဲ့ စမြင်ရပါတယ်။ဇနီးချောလေးဟာ နှလုံးနဲ့ ပတ်သက်ပြီးခွဲစိတ်မှု လုပ်ဖို့ လိုလာခဲ့တယ်။ အားလုံးကို ရင်းရမယ့် ခွဲစိတ်မှုမို့ဒီခွဲစိတ်မှုဟာ အောင်မြင်ဖို့ သူတို့ဇနီးမောင်နှံအတွက်တော်တော် အရေးကြီးပါတယ်။ မမျှော်လင့်ဘဲ ဆေးရုံကို လက်နက်ကိုင်တွေရောက်လာခဲ့ပါတော့တယ်။အဲ့ဒီအချိန်မှာတော့ သူတို့ဇနီးမောင်နှံဟာဆေးရုံမှာပဲ ရှိနေချိန်ပါပဲ။ လက်နက်ကိုင်တွေနဲ့ သူတို့ ဇနီးမောင်နှံ ဘယ်လိုပတ်သက်နေလဲ၊ဘယ်လိုဆက်ဖြစ်ကြမလဲ၊ လက်နက်ကိုင်အဖွဲ့တွေက ဘယ်လို အကြောင်းကြောင့်ဒီဆေးရုံအတွင်းကို ရောက်လာခဲ့လဲမင်းသားကြီးကရောဘယ်လိုမျိုး ခုခံတိုက်ခိုက် ကာကွယ်သွားမလဲဆိုတာကိုအက်ရှင်အလန်းစားတွေနဲ့အတူ ကြည့်ရှုခံစားရမှာပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Nyi Koe,Myint Thu & Thaik San တို့မှ တင်ဆက်ထားတာပါ။)