ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
A Quiet Place: Day One (2024) ⭐IMDB: 6.6/10 (50 k Votes) 🎬 #Horror #ScienceFiction #Thriller #Drama #SciFi 🗓 2024 🎞 movie 🌎 #UnitedStates #UnitedKingdom #Canada #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 WEB-DL ရုပ်သံအကြည်ထွက်လာလို့ Update ထားပါတယ်။ A quiet place ရုပ်ရှင်တွေရဲ့ ၃ ကားမြောက်ရုပ်ရှင်လာပါပြီ။ ဒီရုပ်ရှင်ကတော့ အရင်ထွက်ခဲ့တဲ့ နှစ်ကားရဲ့ အဆက်မဟုတ်ပါဘူး။ ပထမဆုံး ဂြိုလ်သားတွေစဆင်းလာတဲ့အချိန်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ အရင်နှစ်ကားကိုလည်း Channel Myanmar Web နဲ့ App မှာ ကြည့်ရှုနိုင်ပါတယ်။ အဓိက သရုပ်ဆောင် မင်းသမီး Lupita Nyong’o ကတော့ 12 Years A Slave, Black Panther, Us တို့လို ကားကြီးတွေမှာ ပါဝင်ခဲ့တဲ့သူမျိုး ကောင်းပြီးသားပါပဲ။ ဇာတ်လမ်းအကျဉ်း*************** ကင်ဆာရောဂါနောက်ဆုံးအဆင့်နဲ့ ဆာမီရာဟာ မြို့ထဲကို ပီဇာစားဖို့ နောက်ဆုံးတစ်ခေါက်အဖြစ်ထွက်လာပါတယ်။ အဲဒီအချိန်မှာပဲ အသံထွက်တာနဲ့ လိုက်သတ်တဲ့ ဂြိုလ်သားတွေ ဆင်းလာပြီး ကမ္ဘာစပျက်တော့တာပါပဲ။ အားလုံး လွတ်ရာကို ပြေးဖို့ကြိုးစားနေတုန်းမှာ ဆာမီရာ တစ်ယောက် မသေခင် ပီဇာစားနိုင်ဖို့ ဘယ်လိုရုန်းကန်သွားမလဲဆိုတာ မြင်ရမှာပါ။ ထုံးစံအတိုင်း သည်းထိပ်ရင်ဖို အသက်ရှင်ဖို့ ကြိုးစားရတဲ့ စွန့်စားခန်းတွေကို ကြည့်သွားရမှာပါ။ ကြည့်လိုက်ကြပါဦး…. A Quiet Place ရုပ်ရှင်အားလုံးကို ဒီမှာhttps://www.channelmyanmar.to/?s=a+quiet+placeကြည့်ပါ။...
狄仁杰之亢龙有悔 (2024) ⭐TMDB: 0% User Score 🎬 #Action #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 32 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စုံထောက်ကြီးဒီးနဲ့နဂါးနက်အမှုဖြစ်ပါတယ်။ ဒီအမှုမှာတော့အာဏာတည်မြဲခြင်းကိုကိုယ်စားပြုနိုင်ဖို့ ဧကရီဝူကျယ်ထျန်းဟာရေလှောင်တမံတစ်ခုကိုတည်ဆောက်ပြီး ပူဇော်ပွဲကျင်းပဖို့ပြင်ဆင်နေပါတယ်။ပူဇော်ပွဲမတိုင်ခင် ၃ရက်မှာ ရေလှောင်တမံဆောက်လုပ်ရေးမှာပါဝင်တဲ့အလုပ်သမားတွေ ရာချီပြီးတော့သေတဲ့အမှုဖြစ်ခဲ့ပါတယ်။ အဲဒီမတိုင်ခင်မှာ ကောင်းကင်မှာနဂါးနန်းတော်ကိုမြင်ရတယ်လို့ဆိုတဲ့လူတွေရှိတာကြောင့် ဒါကနဂါးနတ်မင်းရဲ့ကျိန်စာလားဆိုပြီးထင်ယောင်ထင်မှားဖြစ်နေကြပါတယ်။ဒီးရန်ကျယ်ဟာအမိန့်တော်အရ ဒီအမှုကိုလိုက်ရင်းဒီနဂါးကျိန်စာရဲ့နောက်ကွယ်က ကြီးမားတဲ့အကြံအစည်ကိုသိလိုက်ရတာကြောင့် ပူဇော်ပွဲကိုဖျက်သိမ်းဖို့တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ဧကရီဝူကျယ်ထျန်းက သူ့ရဲ့အာဏာကိုပြဖို့ပဲစိတ်အားထက်သန်နေပြီးတော့ ဖျက်သိမ်းဖို့ငြင်းဆန်ခဲ့ပါတယ်။ပြည်သူတွေရဲ့အသက်နဲ့ အာဏာကြားမှာ ဝူကျယ်ထျန်းကဘာကိုရွေးမလဲ……စုံထောက်ကြီးဒီးကရော ဒီအမှုကိုဘယ်လိုများပါးပါးနပ်နပ်ဖြေရှင်းသွားမလဲ...
Quick Change (1990) ⭐TMDB: 67% User Score 🎬 #Comedy #Crime 🗓 1990 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Quick Change (1990) ~ IMDb – 6.8/10, Rotten Tomatoes – 84% ~ တိုတိုပြောရရင်တော့ Bill Murray ရဲ့ ဘဏ်ဓားပြတိုက်တဲ့ကားပဲ။ လူအများစုကတော့ Oceans Eleven တို့၊ The Italian Job တို့၊ Money Heist တို့လို ဘဏ်ဓားပြတိုက်တဲ့ ရုပ်ရှင်တွေ စီးရီးတွေကြည့်ဖူးကြလိမ့်မယ်။ အဲဒီလို ဘဏ်ဓားပြတိုက်တဲ့ကားတွေမှာ အကြမ်းဖျင်း အဆင့် ၃ ဆင့်ရှိတယ်။ အစီအစဉ်အသေးစိတ်ဆွဲမယ်၊ ဓားပြတိုက်မယ်၊ လွတ်အောင်ပြေးမယ်။ အဓိက ဇာတ်လမ်းတည်တဲ့အပိုင်းကတော့ ဓားပြတိုက်တဲ့အပိုင်းပဲ။ ဒီရုပ်ရှင်က အဲဒီလို လမ်းကြောင်းနဲ့ ကွဲတယ်။ အစီအစဉ်ဆွဲတာကို ကျော်ပြီး လာလာချင်းကတည်းက ဓားပြတိုက်တာနဲ့စတယ်။ တခြားရုပ်ရှင်တွေထက် ပိုဒဲ့တိုးသွားတာပေါ့။ ဒီရုပ်ရှင်မှာ အဓိက ဇာတ်လမ်းတည်တာက လွတ်အောင်ပြေးတဲ့အပိုင်း။ ပိုထူးခြားတာက တခြားရုပ်ရှင်တွေထဲကလို CCTV တွေ hack တာတို့၊ အဆင့်မြင့်နည်းပညာတွေသုံးတာတို့ဘာတို့ မပါဘူး။ သာမန်လူက သာမန်အတိုင်း ဉာဏ်ကစားပြီး ဓားပြတိုက်သွားတာပဲ။ ဘဏ်ဓားပြတိုက်တဲ့ နောက်ကွယ်က အကြောင်းအရင်းကလည်း ကျွန်တော်တို့နဲ့ မစိမ်းတဲ့ လွတ်မြောက်ချင်စိတ် ဆိုတဲ့အရာပေါ် အခြေခံတယ်။ အဲဒါကြောင့် သူတို့နေရာက ဝင်တွေးပေးဖို့ သိပ်အလှမ်းမဝေးသလို ခံစားရတယ်။ ဇာတ်လမ်းအစမှာ လူပြက်ဝတ်စုံနဲ့ လူတစ်ယောက်က ဘဏ် ဓားပြလာတိုက်တယ်။ ဓားစာခံတွေကိုဖမ်းထားပြီး အပြင်ကရဲကို ရဟတ်ယာဉ်တွေ၊ ဆိုင်ကယ်တွေ၊ မွန်းစတားထရပ်တွေ ဘာတွေ အစုံ တောင်းဆိုတယ်။ တောင်းဆိုချက်တစ်ခုလိုက်လျောရင် ဓားစာခံတစ်ယောက်လွှတ်ပေးမယ်ပေါ့။ အဲဒီလိုနဲ့ အပြင်က ရဲတွေကို တစ်ကွက်ပြပြီး ဘဏ်ဓားပြတိုက်တဲ့လူပြက်ကပါ လွတ်သွားတယ်။ ရဲတွေကတော့ လူပြက်ကို အထဲမှာပဲ ရှိဦးမယ်ထင်ပြီး စောင့်ဖမ်းဖို့လုပ်တယ်။ အဲဒီမှာ မမျှော်လင့်ထားတာလေးတစ်ခုဖြစ်ပြီး လူပြက်လွတ်သွားကြောင်း ရဲတွေသိသွားတော့ အသည်းအသန် လိုက်ကြတာပေါ့။ ဖြစ်ချင်တော့ ဓားပြတိုက်တာက လူပြက်တစ်ယောက်တည်းမဟုတ်ဘူး။ နောက်ထပ် ၂ ယောက်ပါနေတယ်။ အဲဒါကိုလည်း ရဲတွေက နောက်မှသိရတယ်။ ဒီလိုနဲ့ လူပြက်တို့အဖွဲ့ကလည်း လွတ်အောင်ပြေးတဲ့ လမ်းတလျှောက် ပြဿဒါးရက် နှစ်ထပ်ကွမ်းသလားမှတ်ရအောင် အမျိုးစုံ တိုင်တွေပတ်တယ်။ လွတ်အောင်ပြေးတဲ့ကိစ္စက ဘဏ်ဓားပြတိုက်တာထက် ပိုခက်သလိုကို ဖြစ်နေတာပေါ့။ အကယ်၍ ဒီရုပ်ရှင်ထဲက ရဲအုပ်ကြီးကိုသာ သာမန်ရဲလိုထားလိုက်ရင် ဒီလူတွေ လွတ်မှာပဲလို့ ကြိုတွက်လို့ရတယ်။ ဒါပေမဲ့ ဒီရဲအုပ်ကြီးကိုလည်း ဘဏ်ဘက်က ဖိအားပေးတော့ သူ့အတွက်လည်း မရမက ဖမ်းကိုဖမ်းရမယ့်အခြေအနေဖြစ်သွားတယ်။ အဲဒီလိုနဲ့ ဓားပြတွေပဲလွတ်မလား၊ ရဲပဲမိမလား ရင်တထိတ်ထိတ်နဲ့ ကြည့်လို့ကောင်းသွားတယ်။ သူတို့ ဓားပြတိုက်တဲ့ အကြောင်းပြချက်က နယူးယော့ခ်ကနေ လွတ်မြောက်ချင်စိတ်ကို အရင်းခံတယ်။ “ငါဒီမြို့ကို မုန်းလိုက်တာ” ဆိုတဲ့စကားကို လူပြက် (Bill Murray) က ခဏခဏပြောတယ်။ မြို့ပြရဲ့ ရက်စက်မှုတွေ၊ သွေးအေးမှုတွေ၊ ဆာလောင်မှုတွေကို သူတို့မခံနိုင်တာကြောင့်ပဲ ဒီမြို့က လွတ်အောင်ကြိုးစားကြတာ။ ဓားပြတိုက်တဲ့ ၃ ယောက်လုံးကလည်း ကျွမ်းကျင် ရာဇဝတ်သားတွေမဟုတ်ဘူး။ သူလို ကိုယ်လို သာမန်လူတွေပဲ။ အဲဒီလို ရိုးရိုးရှင်းရှင်းလူတွေက ရိုးရိုးရှင်းရှင်း ဓားပြတိုက်သွားတာကပဲ ဒီရုပ်ရှင်ကို ကွဲထွက်စေတာလို့ ပြောလို့ရတယ်။ လွတ်အောင်ပြေးကြတဲ့အပိုင်းမှာလည်း မြို့ထဲကလူတွေနဲ့ တွေ့ရကြုံရ ပြဿနာတွေတက်ရနဲ့ မြို့ပြကြီးရဲ့ ပုံစံကို လှလှပပ ပြောပြသွားတယ်။ ဒီရုပ်ရှင်ကို ဟာသလေးတွေဖြည့်လိုက်တာက ပိုလို့တောင် ကြည့်လို့အဆင်ပြေသွားတယ်။ ဒီရုပ်ရှင်က Bill Murrayရဲ့ ဒါရိုက်တာအနေနဲ့ရိုက်ခဲ့တဲ့ တစ်ခုတည်းသော ရုပ်ရှင်ဖြစ်တာကြောင့် တစ်ကားလုံးမှာ Bill Murray အငွေ့အသက်တွေ ပြည့်နေသလိုတော့ရှိတယ်။ Box Office မှာ ၂ သန်းလောက်ရှုံးပေမဲ့ Bill Murray ရဲ့ ပါဖောမန့်နဲ့ ဟာသတွေအတွက်တော့ တော်တော်လေး ချီးကျူးခံခဲ့ရတဲ့ ရုပ်ရှင်ပါပဲ။ ယုတ္တိသိပ်မရှိလှတဲ့ အဆင့်မြင့်နည်းပညာတွေ၊ ဟက်ကာတွေ၊ လက်နက်ကြီးတွေနဲ့ ဘဏ်ဓားပြတိုက်တဲ့ကားတွေထက် လက်တွေ့ဘဝနဲ့ ပိုရင်းနှီးတဲ့ ဘဏ်ဓားပြတိုက်တဲ့ ရုပ်ရှင်မျိုး သဘောကျရင်တော့ ကြည့်ပျော်မယ့် ရုပ်ရှင်တစ်ခုပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)...
Maharot (2024) ⭐IMDB: 6.0/10 (17 Votes) 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 46 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တန်တန်ကအထက်တန်းကျောင်းတက်နေဆဲ နယ်မြို့သေးသေးလေးက လူငယ်လေးတစ်ယောက်ပါ။တစ်နေ့တော့ သူတို့အိမ်ကိုဂျိုနီဆိုတဲ့မိန်းမငယ်တစ်ယောက်လာငှားနေပါတယ်။စူးစူးရဲရဲလှသလို အိမ်ကိုလည်းယောက်ျားတွေတရစပ်ဝင်ထွက်နေတတ်တဲ့သူ့အနေအထိုင်ဟာ ပတ်ဝန်းကျင်ကလူတွေစကားတင်းဆိုစရာဖြစ်သလို သူတို့သားတွေကိုလည်း ဒီမိန်းမနဲ့မရောနှောဖို့ဆုံးမကျရင်းက တန်တန်ကတော့ဒီမမကိုမှ အစွဲကြီးစွဲလန်းမိပါတော့တယ်။ လူပျိုပေါက်ကလေးရဲ့စိတ်ကူးယဉ်အိမ်မက်တွေတကယ်ဖြစ်လာမလား၊စိတ်ကူးယဉ်မှန်းဆရတဲ့ဘ၀ကလွတ်နိုင်မလားဆိုတာကို ဆက်ပြီးရှုစားကြပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Women's Prison Massacre (1983) ⭐TMDB: 46% User Score 🎬 #Action #Adult #Crime #Horror 🗓 1983 🎞 movie 🌎 #France #Italy ⏰ 1 နာရီ 30 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တစ်ချိန်က ကာလသားတွေကြားထဲနာမည်ကျော်ခဲ့တဲ့ မိန်းမထောင်ကားတွေထဲကတစ်ခုဖြစ်ပါတယ်။Black Emanuelle ဇာတ်ကားတွဲတွေနဲ့ နာမည်ကျော်ခဲ့တဲ့ အင်ဒိုနီးရှား-ဒတ်ချ် မင်းသမီး Laura Gemserခေါင်းဆောင်ပါဝင်ထားတာပါ။ဇာတ်လမ်းအကျဉ်းအနေနဲ့ Emanuelle ဟာစရိုက်ကြမ်းရက်စက်တဲ့အမျိုးသမီးအကျဉ်းထောင်တစ်ခုကိုပို့ဆောင်ခံလိုက်ရပါတယ်။အဲ့ဒီမှာပဲ အကျဉ်းသူလူမိုက်ခေါင်းဆောင် အယ်လ်ဘီနာနဲ့ထိပ်တိုက်တွေ့ဆုံရန်ပွဲဖြစ်ခဲ့ပြီးထောင်အာဏာပိုင်တွေရဲ့နှိပ်စက်မှုကိုလည်းခံခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာပဲ မိုက်ရူးရဲဆန်လွန်းတဲ့ စိတ္တဇသမား သေဒဏ်ကျခံထားရတဲ့အကျဉ်းသားလေးယောက်ကို သူတို့ထောင်ထဲမှာထိန်းသိမ်းထားဖို့စေလွှတ်လိုက်ပါတယ်။ထောင်ရောက်ပြီးမကြာခင်မှာပဲ အဲ့ဒီအကျဉ်းသားလေးယောက်ဟာ ထောင်တစ်ခုလုံးကိုအပိုင်စီးပြန်ပေးဆွဲပြီး လွတ်လမ်းကိုရှာပါတော့တယ်။ ဒီဇာတ်ကားမှာတော့ လက်မရွံ့လူသတ်ကောင်တွေလက်ကထောင်တစ်ခုလုံးနဲ့ဘ၀တူအကျဉ်းသူတွေကိုကယ်တင်ဖို့ကြိုးစားတဲ့ Emanuelle ရဲ့စွန့်စားခန်းကိုရှုစားကြရမှာဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Soft Liquid Center (2023) ⭐IMDB: 4.2/10 (108 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 23 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်္ဂလာပါ ရုပ်ရှင်ချစ်သူတို့ရေ ဒီနေ့မှာ “Soft Liquid Center” ဆိုတဲ့ ၂၀၂၃ ခုနှစ်ထွက် သည်းထိတ်ရင်ဖိုရုပ်ရှင်ကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ပရိတ်သတ်ကို စိတ်လှုပ်ရှားစေမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပြီး၊ အထူးသဖြင့် စိတ်ပညာရေးသဘောထားပါဝင်တဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ အဆင်မပြေတာကြောင့်ချစ်သူဖြစ်သူနဲ့ ခွဲခွာပြီးတဲ့အမျိုးသမီးတစ်ဦးအကြောင်းကို အခြေပြုပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ သူ့ရဲ့ဘဝကို ပြန်လည်စတင်ဖို့ကြိုးစားတဲ့အခါမှာ အိမ်ထဲမှာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေစတင်ဖြစ်ပေါ်လာပါတယ်။ ဒီဇာတ်လမ်းဟာ ပရိတ်သတ်ကို စိတ်ဖိစီးမှုနဲ့ တစ်ချိန်တည်းမှာ စိတ်ကူးယဉ်ဆန်တဲ့ ခံစားချက်တွေကို လှုံ့ဆော်ပေးမှာပါ။စိတ်ကူးယဉ်ဆန်တဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကို ချစ်မြတ်နိုးတဲ့ ပရိတ်သတ်တွေကြည့်ရှူးပေးကြဖို့ညွန်းချင်ပါတယ်။ကြည့်ရှုပေးကြပါဦး။...
Ikaw at ako (2023) ⭐IMDB: 6.0/10 (15 Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #Philippines ⏰ 1 နာရီ 37 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အန်တွန်နဲ့မာဂါတိုက သဘောထားမတိုက်ဆိုင်မှုတွေကြောင့် ကာလရှည်သီးခြားနေထိုင်ခဲ့ပြီး အခုချိန်မှာတော့ မာဂါက ကွာရှင်းမှုကိုတရားဝင်ဖြစ်စေဖို ရှေ့နေနဲ့တိုင်ပင်ပြီး စာရွက်စာတမ်းတွေလည်းပြင်ဆင်ထားပြီးပါပြီ။ ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးဖိုအန်တွန်ကိုဆက်သွယ်လိုက်တဲ့အချိန်မှာ အန်တွန်က သူ့မှာရောဂါဆိုးတစ်ခုကြောင့် လအနည်းငယ်သာအချိန်ကျန်တော့ကြောင်းနဲ့ကျန်ရှိနေသေးတဲ့နေ့ရက်တွေကို မာဂါနဲ့အတူမိသားစုဘ၀ပြည့်ပြည့်စုံစုံဖြတ်သန်းသွားချင်ကြောင်း တောင်းဆိုလာပါတယ်။ဒါပေမယ့် အတိတ်ကဖြစ်ရပ်တွေကြောင့် စိတ်အနာကြီးနာနေတဲ့ မာဂါက အန်တွန်ကို တစ်ပတ်တာ ခရီးစဉ်တစ်ခုသာလိုက်လျောခဲ့ပြီးအဲ့ဒီခရီးစဉ်ကပြန်လာတဲ့အချိန်မှာတော့ ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပေးရမယ်လိုဆိုလာပါတယ်။ အဲ့ဒီခရီးစဉ်က သူတိုရဲ့ အချစ်တွေကို တဖန်ပြန်လည်နိုးထလာစေမလား၊ ဒါမှမဟုတ် အတိတ်ကဒဏ်ရာတွေပဲ အုံကြွစရာဖြစ်လာမလားဆိုတာကို ဆက်လက်ရှုစားကြပါ။ဒီဇာတ်ကားမှာတော့ မတူညီတဲ့အခြေအနေတွေကိုရင်ဆိုင်ဖြတ်သန်းနေရတဲ့ စုံတွဲသုံးတွဲ၊ ဇာတ်လမ်းသုံးခုကိုတွေ့မြင်ရမှာဖြစ်ပါတယ်။အစပိုင်းမှာ သီးခြားဇာတ်ကောင်တွေလိုထင်နေရပေမယ့် တစ်ဖြည်းဖြည်းနဲ့ဇာတ်ရှိန်မြင့်လာတဲ့အခါသူတိုချင်းရဲ့ဆက်နွယ်မှုတွေအချိတ်အဆက်တွေကိုတွေ့မြင်လာရမှာပါ။ ချစ်စရာ၊ကြည်နူးစရာ ဇာတ်လမ်းကောင်းလေးတစ်ခုပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Gentle (2022) ⭐IMDB: 6.3/10 (578 Votes) 🎬 #Drama 🗓 2022 🎞 movie 🌎 #Hungary #Germany ⏰ 1 နာရီ 29 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်္ဂလာပါ ရုပ်ရှင်ချစ်သူတို့ရေ! ဒီနေ့မှာတော့ “Gentle” ဆိုတဲ့ ၂၀၂၂ ခုနှစ်ထွက် ရုပ်ရှင်ကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ဟန်ဂေရီနိုင်ငံရဲ့ ဒရာမာဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး၊ စိတ်လှုပ်ရှားဖွယ်ရာ ဇာတ်ကောင်များနဲ့ ဖန်တီးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ Gentleဇာတ်လမ်းက အီဒီနာ (Edina) ဆိုတဲ့ အမျိုးသမီးကို အခြေပြုပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ အီဒီနာဟာ သူ့ရဲ့ ရည်မှန်းချက်ကြီးတဲ့ bodybuilding အားကစားဝင်ရောက်ပြိုင်ပွဲတွေအတွက် ဆက်တိုက်ကြိုးစားနေတဲ့သူ ဖြစ်ပြီး၊ သူ့ရဲ့အိပ်မက်ကို ပြည့်စုံအောင် ပြုလုပ်ဖို့အတွက် ဘဝမှာတွေ့ရတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသူဖြစ်ပါတယ်။ ဇာတ်လမ်းအရ အီဒီနာနှင့် သူ့ရဲ့ချစ်သူနှင့်နည်းပြ အာဒမ် (Adam) တို့၏ အချစ်နဲ့ အိပ်မက်ရဲ့ ခရီးကို ခံစားရမှာပါ။ သူတို့ရဲ့ ရည်မှန်းချက်ဟာ Miss Olympia ပြိုင်ပွဲမှာ အောင်မြင်ခြင်းဖြစ်ပြီး၊ ဒီအောင်မြင်မှုကို ရယူဖို့အတွက် ဘာကိုမဆို စွန့်လွှတ်နိုင်တဲ့ စိတ်အားထက်သန်မှုကြီးကို ထင်ဟပ်ပေးထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ သရုပ်ဆောင် အက်စ်တာ ချွန်ကာ (Eszter Csonka) က သူ့ရဲ့ အနုပညာနှင့် ခံစားချက်များကို ထိရောက်စွာ ဖော်ပြထားပြီး၊ bodybuilding အားကစားရဲ့ ထူးခြားချက်များကို အလွန်ကောင်းမွန်တဲ့ ရုပ်ရှင်ဖန်တီးမှုနဲ့ ရိုက်ကူးထားပါတယ်။ သူ့ရဲ့ ဇာတ်ကောင်ကတော့ ခံစားစရာ ကောင်းတဲ့ အထွတ်အထိပ်နဲ့ ဇာတ်အိမ်ကို ပိုမိုပွင့်လင်းစေပါတယ်။ ဘဝသရုပ်ဖော်ဇာတ်ကွက်တွေပါတဲ့အတွက် လက်မလွတ်တမ်းကြည့်ရှုဖို့ တိုက်တွန်းပါရစေ။ ကိုယ်တိုင်ကြည့်ရှုခံစားပေးပါဦး။...
Adam the First (2024) ⭐IMDB: 6.1/10 (251 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ငယ်ငယ်လေးကတည်းက မွေးစားမိဘတွေနဲ့အတူနေထိုင်လာခဲ့တဲ့ အာဒံဟာ သိချင်စိတ်, စူးစမ်းချင်စိတ်ပြင်းတဲ့ ဆယ်ကျော်သက်အရွယ်ကိုရောက်လာတဲ့အခါမှာတော့ သူ့ရဲ့မိဘအရင်းတွေကို သိချင်လာပါတော့တယ်။ ငယ်စဉ်ကတည်းက မွေးစားမိဘတွေနဲ့အတူတူ တောထဲမှာပဲ နေခဲ့ပြီးတော့ အတန်းပညာမတတ်ပေမယ့် မွေးစားအဖေဟာ အသက်ရှင်နေထိုင်နိုင်မယ့် နည်းလမ်းများကိုတော့ စုံလင်အောင် သင်ကြားပေးခဲ့ပါတယ်။ တရက်မှာတော့ မွေးစားမိဘတွေရဲ့ နေရာကို ရဲတွေရောက်လာရင်း ရုန်းရင်းဆန်ခတ်ဖြစ်ခါ မိဘနှစ်ပါးလုံး သေနတ်နဲ့အပစ်ခံရတာကို မြင်လိုက်ရတဲ့ အာဒံဟာ ထွက်ပြေးခဲ့ပါတော့တယ်။ ဒီလိုနဲ့ ဘယ်ကိုသွားရမှန်းမသိတဲ့ အာဒံဟာ သူ့ရဲ့ မိဘအရင်းတွေကို လိုက်ရှာဖို့ ခရီးထွက်လာပါတော့တယ်။ မိဘအရင်းတွေရဲ့အကြောင်းဆိုလို့ သူ့အဖေအရင်းနာမည်ဟာ ဂျေကော့ဘ်ဝါတာဆန်ဆိုတာကလွဲရင် ဘာမှမသိရပါဘူး။ အဖေရင်းရှာပုံတော်ဖွင့်ရင်းကနေ အာဒံတစ်ယောက် ဘာတွေ ကြုံတွေ့ရမလဲ …… နောက်ဆုံးမှာရော အဖေအရင်းနဲ့ တွေ့ခွင့်ရခဲ့မလား ……. ဆိုတာတွေကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲ ဖြစ်ပါတယ်)...
Soft Liquid Center (2023) ⭐IMDB: 4.2/10 (108 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 23 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်္ဂလာပါ ရုပ်ရှင်ချစ်သူတို့ရေ ဒီနေ့မှာ “Soft Liquid Center” ဆိုတဲ့ ၂၀၂၃ ခုနှစ်ထွက် သည်းထိတ်ရင်ဖိုရုပ်ရှင်ကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ပရိတ်သတ်ကို စိတ်လှုပ်ရှားစေမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပြီး၊ အထူးသဖြင့် စိတ်ပညာရေးသဘောထားပါဝင်တဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ အဆင်မပြေတာကြောင့်ချစ်သူဖြစ်သူနဲ့ ခွဲခွာပြီးတဲ့အမျိုးသမီးတစ်ဦးအကြောင်းကို အခြေပြုပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ သူ့ရဲ့ဘဝကို ပြန်လည်စတင်ဖို့ကြိုးစားတဲ့အခါမှာ အိမ်ထဲမှာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေစတင်ဖြစ်ပေါ်လာပါတယ်။ ဒီဇာတ်လမ်းဟာ ပရိတ်သတ်ကို စိတ်ဖိစီးမှုနဲ့ တစ်ချိန်တည်းမှာ စိတ်ကူးယဉ်ဆန်တဲ့ ခံစားချက်တွေကို လှုံ့ဆော်ပေးမှာပါ။စိတ်ကူးယဉ်ဆန်တဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကို ချစ်မြတ်နိုးတဲ့ ပရိတ်သတ်တွေကြည့်ရှူးပေးကြဖို့ညွန်းချင်ပါတယ်။ကြည့်ရှုပေးကြပါဦး။...
Kaskasero (2024) ⭐IMDB: 7.7/10 (10 Votes) 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 49 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မစ်ဂ်ဟာဖခင်ရဲ့ဝပ်ရှော့မှာအကူလုပ်အားပေးနေတဲ့ မက္ကင်းနစ်ပေါက်စလေးတစ်ယောက်ဖြစ်ပြီးတစ်နေ့မှာတော့ သူတိုဆီမှာကားလာပြင်တဲ့ ကပ်စတမ်မာ မိန်းမလှလေးတစ်ယောက်ကတစ်ဆင့် တရားမဝင်ကားမောင်းပြိုင်တဲ့လောကထဲရောက်သွားခဲ့ပါတယ်။သူ့ရဲ့ဖခင်ဖြစ်သူကတော့ အတိတ်ဖြစ်ရပ်ဆိုးတွေကြောင့်ဒီလောက ကိုစိတ်နာနေတဲ့သူဖြစ်ပြီး မစ်ဂ်ကိုလည်း ဒါတွေနဲ့မပတ်သက်ဖိုတင်းတင်းကျပ်ကျပ်တားမြစ်ထားပြီးသားပါ။တရားမဝင်မြေအောက်လောကဖြစ်တဲ့အတိုင်း ကြေးကြီးတဲ့လောင်းကြေးတွေ၊ မူးယစ်ဆေးဝါးတွေ ဂန်းစတားတွေနဲ့မိန်းမလှလေးတွေ၊ ပြိုင်ကားလှလှတွေကြားက ဇာတ်ရှုပ်ပေါင်းစုံကိုရှုစားကြရမှာဖြစ်ပါတယ်။ ဝါရင့်မင်းသမီးနှစ်လက်ဖြစ်တဲ့Christine Bermas နဲ့ Angela Morena တိုဦးဆောင်ထားပြီးတစ်ခြားသော Vivamax မင်းသမီးပေါင်းစုံကိုလည်းနေရာပေါင်းစုံပါဝင်အားဖြည့်ထားတာတွေ့မြင်ရမှာပါ။...
Adult Hazing (2020) ⭐TMDB: 67% User Score 🎬 #Adult #Drama #Romance 🗓 2020 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 11 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 [19+] Adult Hazing (2020) *************************** ဒုံချောဆိုတဲ့သူက တည်းခိုးခန်းအသေးစားလေး ဖွင့်ထားသူဖြစ်ပါတယ်သူ့ချစ်သူကတော့ ဟယ်ဝန်းပါ ဒုံချောရဲ့သူငယ်ချင်း ဂျီဆော့က ငယ်စဉ်က စိတ်ဒဏ်ရာကြောင့်လိင်အင်္ဂါမထောင်မတ်နိုင်တဲ့ရောဂါ ဖြစ်နေပါတယ်ဂျီဆော့ရဲ့ရောဂါ ပြန်လည်သက်သာလာဖို့အတွက်ဒုံချောတစ်ယောက် သူ့ရဲ့ချစ်သူ ဟယ်ဝန်းကို ဂျီဆော့နဲ့ ချိတ်ပေးဖို့ ကြိုးစားပါတော့တယ်…File Size : 1.16 GB, 522 MB Quality : 1080p,720p Format…mp4 Duration…01:11:53 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။...
The Wendigo (2022) ⭐IMDB: 3.4/10 (311 Votes) 🎬 #Horror #Mystery #Thriller 🗓 2022 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 8 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နာမည်ကြီး ယူကျူဘာတစ်ယောက်ဖြစ်တဲ့ လိုဂန်တစ်ယောက် သူ့ပရိသတ်တွေရဲ့ မဲပေးတာကနေပြီး မြောက်ကယ်ရိုလိုင်းနားက တောအုပ်ထဲမှာ တစ်ယောက်ထဲစခန်းချသွားခဲ့ပါတယ်။ တောထဲကိုရောက်တဲ့ညမှာ တိုက်ရိုက်လွှင့်နေရင်းနဲ့ လိုဂန်တစ်ယောက် ကင်မရာရှေ့က ပျောက်သွားပြီး စူးစူးဝါးဝါးအော်ဟစ်သံတွေနဲ့အတူ တိုက်ရိုက်လွှင့်တာရပ်သွားခဲ့ပါတယ်။ လိုဂန်ပျောက်သွားတာကြောင့် သူ့ရဲ့သူငယ်ချင်း ယူကျူဘာတွေကလည်း ရဲမတိုင်ပဲ တောအုပ်ထဲကို ဗလော့ရိုက်ရင်းနဲ့ လာရှာခဲ့ကြပါတယ်။ တောအုပ်ထဲရောက်ပြီးသိပ်မကြာလိုက်ပဲ နေ့လည်ခင်းအချိန်မှာ တဖြည်းဖြည်းအမှောင်ကျလာခဲ့ပြီး တီးတိုးပြောသံတွေကြားလာရတဲ့အခါ လိုဂန်ကိုလိုက်ရှာကြတဲ့ သူငယ်ချင်းတစ်သိုက်ရော တောအုပ်ရဲ့ ကျိန်စာကိုဘယ်ရင်ဆိုင်ကြရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ R-rated ဖြစ်ပြီး သွေးထွက်သံယိုပြကွက်တွေအပြင် ကြမ်းတမ်းတဲ့စကားလုံးတွေပါဝင်တာကြောင့် 18 နှစ်အောက် ကလေးတွေမကြည့်သင့်ပါဘူး။...
The Dead Don't Hurt (2023) ⭐IMDB: 6.5/10 (4 k Votes) 🎬 #Drama #Western 🗓 2023 🎞 movie 🌎 #UnitedStates #Mexico #UnitedKingdom #Canada #Denmark #UnitedStatesofAmerica ⏰ 2 နာရီ 10 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်္ဂလာပါ The Dead Don’t Hurt” ဆိုတဲ့ ရုပ်ရှင်ကို တော့ မော်တင်ဆင် (Mortensen) ရိုက်ကူးရေး၊ ဇာတ်ညွှန်းရေးခြင်းနဲ့ မီဇစ်ဖန်တီးမှုကို တစ်ကိုယ်တည်း လုပ်ထားပြီး၊ သူ့ရဲ့ ဒုတိယအကြိမ်မြောက် ရိုက်ကူးမှု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ Mortensen က Holger Olsen အဖြစ် သရုပ်ဆောင်ထားပြီး၊ ၁၈၆၀ ခုနှစ်တွေက နယ်စပ်ဒေသမှာ တည်ငြိမ်စွာ နေထိုင်နေသူဖြစ်ပါတယ်။ သူက Vivienne (Vicky Krieps) ကို သူမရဲ့ ချမ်းသာတဲ့ ချစ်သူနဲ့ စကားများနေစဉ်မှာတွေ့ပြီး၊ သူမကိုချက်ချင်းပဲ Holger ရဲ့ အနားရောက်လာစေခဲ့ပါတယ်။ Vivienne က ချမ်းသာတဲ့ ဘဝကိုစွန့်လွှတ်ပြီး Holger နဲ့အတူ စိန်ခေါ်မှုများအပြည့်ရှိတဲ့ ဘဝကို ရွေးချယ်ခဲ့တဲ့အခါမှာ သူမရဲ့ အတွင်းစိတ်ခွန်အားနဲ့ ဆုံးဖြတ်ချက်တွေကို မြင်ရမှာပါ။ Vivienne ဟာ Holger ရဲ့ ဖွတ်ဖွတ်မွှတ်မွှတ် တဲလေးကို သန့်ရှင်းအောင်လုပ်ပြီး၊ ချက်ရုံ၊ စိုက်ပျိုးရုံများလုပ်ပြီး Holgerရဲ့ဘဝကိုပြောင်းလဲပေးခဲ့ပါတယ်။ Holger က ပြည်တွင်းစစ်မှာ တိုက်ခိုက်ဖို့ စစ်သားအဖြစ် စစ်ဖို့ ဆုံးဖြတ်ချက်ချတဲ့အခါမှာ သူမဟာ သူ့ကို ဆွေးနွေးပြီး ထွက်မသွားဖို့ကြိုးစားခဲ့ပါတယ်။ Holger စစ်ထဲမှာဖြစ်စဉ်၊ Vivienne နေထိုင်ရတဲ့ မြို့လေးကို လေ့လာရင်း၊ ဆိုးရွားတဲ့ မြို့တော်ဝန် Schiller (Danny Huston) နဲ့ သူ့ရဲ့ လောဘကြီးတဲ့ လုပ်ဖော်ကိုင်ဖက် Alfred Jeffries (Garret Dillahunt) တို့ဟာ လူအများရဲ့ အခက်အခဲကို အသုံးချပြီး သူတို့ရဲ့ ချမ်းသာမှုကို တိုးမြှင့်ဖို့ ကြိုးစားနေကြတာကို တွေ့ရမှာပါ။ ဒီဇာတ်ကားလေးကတော့ ဖြစ်စဥ်တွေကို linear ရိုက်ပြထားတာမဟုတ်ပဲနဲ့ pastနဲ့presentကို random ထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်။၁၈၀၀ ခုနှစ်သမရိုးကျcowboy ဇာတ်လမ်းtypeမဟုတ်ပေမဲ့ တမျိုးတဖုံတော့စိတ်ဝင်စားမှုရရှိစေမှာပါ။ကိုယ်တိုင်ကြည်ရှူပြီးခံစားပေးပါဦး။...
Way Back Home (2013) ⭐TMDB: 75% User Score 🎬 #Crime #Drama #Family 🗓 2013 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 11 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Way Back Home (2013)***********************ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတဲ့ ဒီကားလေးမှာတော့ ဂင်ဂျုံးဘယ်အဖြစ် Missing The Other SIde ,Money Game စတဲ့ ဇာတ်လမ်းတွဲများထဲမှ မင်းသား Go Soo နဲ့ Crash Course In Romance ,Lost စတဲ့ ဇာတ်လမ်းတွဲများမှာ ပါဝင်တဲ့ မင်းသမီးကြီး Jeon Do-Yeon တို့မှ အဓိကပါဝင်ထားပြီး Bae Sung-Woo ,Lee Dong-Hwi စတဲ့ဝါရင့်သရုပ်ဆောင်များစွာအပြင် ကလေးသရုပ်ဆောင် Kang Ji-Woo တို့မှ ပါဝင်အားဖြည့်ပေးထားပါတယ်။ ဇာတ်လမ်းအညွှန်း … ဂင်ဂျုံးဘယ်နဲ့ ဆုန်းဂျောင်ယွန်းတို့ လင်မယားနှစ်ယောက်က ဟယ်ရင်းဆိုတဲ့ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်နဲ့အတူ ကားပြင်ဆိုင် အသေးလေးတစ်ဆိုင်ဖွင့်ထားကြပြီး မပြည့်စုံပေမဲ့လည်း တင်းတိမ်ရောင့်ရဲတတ်ကြတဲ့ မိသားစုပါ။ ဒီလို သာယာလှတဲ့မိသားစုဘဝလေးဟာ ဂင်ဂျုံးဘယ်ရဲ့ သူငယ်ချင်းဖြစ်သူ သတ်သေသွားတဲ့အခါမှာတော့ အစစအရာရာ ပြောင်းလဲသွားပါတော့တယ် ။ သနားကြင်နာစိတ်ရှိတဲ့ဂင်ဂျုံးဘယ်က သူ့သူငယ်ချင်းဒုက္ခရောက်နေတဲ့အချိန်မှာ အာမခံပြီး ချေးငွေယူပေးခဲ့တာကြောင့် သူငယ်ချင်းဖြစ်သူ သေသွားတဲ့အခါ ချေးငွေအပြင် မတန်တဆများတဲ့အတိုးကိုပါ ဆပ်ပေးရမဲ့ အခြေအနေဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့ မိသားစု ငွေရေးကြေးရေးအကြပ်အတည်းနဲ့ ကြုံနေရတဲ့အချိန်မှာ ဂင်ဂျုံးဘယ်ရဲ့ ဇနီးဖြစ်သူဟာ ပဲရစ်ကို ကျောက်ရိုင်းတုံး မှောင်ခိုတင်သွင်းရုံနဲ့ ပိုက်ဆံတွေအများကြီးရမဲ့အလုပ်ကို လုပ်ကြည့်ဖို့ဖြစ်လာပါတော့တယ် .. သို့သော် သူမ ထင်သလို ကျောက်ရိုင်းတုံး မဟုတ်ဘဲ ကိုကင်းတွေ ဖြစ်နေတဲ့အခါမှာတော့ …. ဒီကားလေးက IMDb rating 7.5/10 ရရှိထားပြီး ဆုပေးပွဲ ၈ ခုမှာ ၃ ဆုရထားတဲ့အပြင် ဆန်ကာတင်စာရင်းတွေ တစ်သီကြီးဝင်ထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ် .. ငွေသာအရာရာဖြစ်တဲ့လောကကြီးထဲ အိမ်နဲ့ဝေးလံလှတဲ့ နိုင်ငံရပ်ခြားမှာ အခက်အခဲတွေကို ခါးစည်းခံကျော်ဖြတ်ပြီး ခင်ပွန်းဖြစ်သူနဲ့သမီးလေးဖြစ်သူဆီ ပြန်လာဖို့လမ်းကို ရှာဖွေနေတဲ့ အိမ်ထောင်ရှင်မတစ်ယောက်ရဲ့ ကရုဏာသက်ဖွယ် ဇာတ်လမ်းလေးတစ်ပုဒ်ကို Channel Myanmar ကနေ ကွာလတီအကောင်းစားနဲ့ တင်ဆက်ပေးထားတာကြောင့် ပြန်လည်ခံစားကြည့်ရှုလိုက်ရအောင်ပါ...
Exhuma (2024) ⭐IMDB: 6.9/10 (13 k Votes) 🎬 #Horror #Mystery #Supernatural #Thriller 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 14 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Exhuma 2024************** EXHUMA ရုံတင်ကားကြီး ကြည်တောက်ရှင်းထွက်လာပါပြီ စံချိန်တင်ကြည့်ရှု့သူ 10 သန်းကျော်ရရှိတဲ့ ပထမဆုံး Korean Occult Horror Film ဖြစ်လာတဲ့ ‘Exhuma’ ရုပ်ရှင် ပထမဆုံးရုံတင်ရက်ကနေ အခုချိန်ထိ Box office No 1 မှာပဲရှိနေခဲ့တဲ့ Exhuma ရုပ်ရှင်ဟာ စံချိန်တင်ကြည့်ရှု့သူ 10 သန်းကျော်ရရှိတဲ့ ပထမဆုံး Korean Occult Horror Film ဖြစ်လာရုံသာမက Box Office သမိုင်းမှာ 10 million viewers ကျော်ရရှိတဲ့ 23 ခုမြောက် ကိုရီးယားရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။ အကြည်ထွက်လာလို့ cm ပရိတ်သတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်.. နာမည်ကြီး kdrama တွေဖြစ်တဲ့ (Goblin, TheKing: Eternal Monarch, Little Women) တို့ရဲ့ မင်းသမီး Kim Go Eun နဲ့ (Youth Of May, The Good Bad Mother, The Glory) တို့ရဲ့ မင်းသား Lee Do-hyun တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်…. ဒီ movieထဲမှာဆိုရင် မင်းသမီး Kim Go Eun ရော မင်းသား Lee Do-hyun ကပါ သူတို့တစ်ခါမှ သရုပ်မဆောင်ဘူးကြသေးတဲ့ နတ်ဆရာကာရိုက်တာတွေနဲ့ မြင်တွေ့ကြရမှာပါ…. ဇာတ်လမ်းကတော့ နတ်ဆရာအဖွဲ့ ဟာ အုတ်ဂူတွေတူးပြီး ဝိညဉ်တွေကိုနေရာပြောင်းဖို့လုပ်ရာကနေ ထင်မှတ်မထားတဲ့ကြမ္မာဆိုးတွေ ဆက်တိုက်တွေ့ကြုံလာတဲ့အကြောင်းဖြစ်ပါတယ်… ခံစားကြည့်ကြပါဦး...
UHF (1989) ⭐TMDB: 67% User Score 🎬 #Comedy #SciFi #ScienceFiction #Family 🗓 1989 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Old but Goldထဲက IMDb 6.9ရရှိထားတဲ့ Comedy ကားကောင်းတစ်ကားပါပဲ။ အဓိကကတော့ ရုပ်မြင်သံကြားထုတ်လွှင့်တဲ့ဌာနတစ်ခုအကြောင်းရိုက်ထားတာဆိုပေမယ့် နာမည်ကြီးဇာတ်ကားတွေရဲ့ parodyတွေလဲပါသလို ဟာသတွေကလဲ ရှုပ်ရှက်ခက်နေပြီး အဲဒီလိုရှုပ်ရှက်ခက်နေတာကမှပိုပြီးရယ်နေရတာပါ။ ဇာတ်လမ်းအညွှန်းကတော့ ဂျော့ဟာ အမြဲတမ်းလိုလိုနေ့ခင်းကြောင်တောင်စိတ်ကူးတွေယဉ်တတ်ပြီး ဘယ်အလုပ်ကိုမှမယ်မယ်ရရမလုပ်တတ်တဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ ကံကောင်းထောက်မစွာနဲ့ ရုပ်မြင်သံကြားဌာနသေးသေးလေးတစ်ခုမှာ မန်နေဂျာအဖြစ်အလုပ်ရသွားပါတယ်။ ပိုပြီးကံကောင်းတာတစ်ခုက အဲဒီဌာနလေးဟာ ပိတ်သိမ်းတော့မှာမို့လို့ ပိုင်ရှင်ကိုယ်တိုင်က သူ့ကိုကြိုက်သလိုလုပ်ဆိုပြီးထားပေးလိုက်တဲ့အခါမှာ အရင်ကလုံးလုံးအသုံးမဝင်ခဲ့တဲ့သူ့စိတ်ကူးတွေနဲ့ ရုပ်မြင်သံကြားအစီအစဉ်တွေ တစ်မျိုးပြီးတစ်မျိုးအကောင်အထည်ဖော်ပြီး အောင်မြင်လာပါတော့တယ်။ ဒါပေမဲ့ တစ်ယောက်အောင်မြင်ရင်တစ်ယောက်ကမနာလိုဖြစ်တဲ့အတိုင်းပဲ သူ့ကိုမနာလိုတဲ့အဖွဲ့တစ်ဖွဲ့ရှိလာတဲ့အခါမှာတော့ ဘာတွေဖြစ်မလဲဆိုတာကို ရယ်ရယ်မောမောကြည့်ရမှာပါ။...
Slay (2024) ⭐IMDB: 6.5/10 (706 Votes) 🎬 #Comedy #Horror 🗓 2024 🎞 movie 🌎 #Canada #SouthAfrica #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 6.5/10 ရရှိထားတဲ့ အသစ်ထွက် Comedy/Horror ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ Drag queen အဖွဲ့ တစ်ဖွဲ့က သူတို့ သွားရောက် ဖျော်ဖြေဖို့ စီစဉ်ထားတဲ့နေရာ မဟုတ်ဘဲ ဘာဆိုဘာမှမရှိတဲ့ လွင်တီးခေါင်ပြင်ရဲ့အလယ်က စားသောက်ဆိုင်တစ်ဆိုင်ကို နေရာမှားပြီး ရောက်သွားခဲ့ကြပါတယ်။ သူတို့ကို အထင်သေး မကြိုဆိုကြတဲ့သူတွေကြား စိတ်အားထက်သန်စွာ ကြိုဆိုနေသူ တချို့ကြောင့် ပညာကုန်သုံးပြီး ဖျော်ဖြေပေးခဲ့ကြပေမဲ့ မထင်မှတ်ထားတဲ့ အန္တရာယ်က ရုတ်တရက်ကြီး ရောက်ရှိလာခဲ့လို့ ဝရုန်းသုန်းကားတွေဖြစ်ခဲ့ပါတော့တယ်။ မဖိတ်ခေါ်ဘဲ ရောက်ရှိလာခဲ့တဲ့သူတွေကတော့ ဗန်ပိုင်းယားတွေပါ။ ဖုန်းလည်းဆက်လို့မရ၊ စားသောက်ဆိုင်ထဲမှာလည်း ဘာ လက်နက်မှမရှိနဲ့ ဗန်ပိုင်းယားတွေ ပတ်ပတ်လည်ဝိုင်းနေတဲ့အလယ်မှာ သူတို့အဖွဲ့နဲ့ ဆိုင်ထဲက သူတို့ကို အထင်သေးတဲ့လူတွေ၊ ကြားနေ လူစုတွေကြား ပဋိပက္ခတွေဖြစ်ကာ အတွင်းရော အပြင်ပါ အန္တရာယ်နဲ့ ရင်ဆိုင်လာရချိန်မှာတော့… သူတို့ကို အထင်သေး ရှုံ့ချနေတဲ့သူတွေက သူတို့အပေါ် အမြင်ပြောင်းနိုင်ပါ့မလား.. တစ်စ တစ်စ တိုးပွားလာတဲ့ ဗန်ပိုင်းယားတွေရဲ့ အန္တရာယ်ကနေ ဘယ်လိုနည်းနဲ့ လွတ်အောင်ပြေးမလဲ.. တကယ်ရော သူတို့တွေ အတူတကွ လွတ်မြောက်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။)...
Cinnamon (2023) ⭐IMDB: 6.5/10 (602 Votes) 🎬 #Crime #Thriller #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက် စိတ်ကူးတွေနဲ့ တကယ့်လက်တွေ့ဘဝ တကယ်လုပ်နေရတဲ့အလုပ်တွေက ထပ်တူမကျတဲ့အခါမှာ နေ့စဉ်လှုပ်ရှားသွားလာနေရတဲ့ဘဝက တဖြည်းဖြည်းနဲ့ ပျော်ရွှင်မှုတွေကင်းမဲ့လာပါတယ် ။ တချို့သောသူတွေအတွက်ကတော့ ဘဝပေးအခြေအနေကြောင့် ပျော်ရာမှာမနေရ ၊ တော်ရာမှာနေရ ဆန္ဒနဲ့ဘဝထပ်တူမကျဘဲ လက်ရှိနေရာကနေ ရုန်းမထွက်နိုင်တဲ့သူတွေ ရှိနေပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာတော့ Jodi ဆိုတဲ့ ကောင်မလေးတယောက် သူ့အိပ်မက်က အဆိုတော်နဲ့သရုပ်ဆောင်ဖြစ်ချင်တယ် ဒါပေမယ့် လက်ရှိသူ့ဘဝအခြေအနေအရ ဓာတ်ဆီဆိုင်မှာ အရောင်းဝန်ထမ်းလုပ်ပြီး ဘဝရဲ့နေ့ရက်တွေကို စိတ်ညစ်ညစ်နဲ့ ကုန်ဆုံးနေတဲ့သူတယောက် တရက်မှာတော့ အဲဒီဘဝထဲကနေ သူ့ကိုဆွဲထုတ်ပေးမယ့်သူတယောက်နဲ့ ကြုံဆုံလာပါတော့တယ်။ ဒါပေမဲ့ တကယ့်တကယ် သူ့အိပ်မက်တွေအမှန်တကယ်ဖြစ်ပေါ်လာဖို့ ထင်သလောက်မလွယ်တဲ့အခါမှာ သူတို့၂ ယောက်ပေါင်းကာ သူအလုပ်လုပ်နေတဲ့ဆိုင်ကို ဓားပြတိုက်ပြီး ထွက်ပြေးဖို့ကြံစည်ကြပါတော့တယ် ။ ဒါပေမယ့် ကြံစည်ထားသလိုဖြစ်မလာဘဲ ၂ ယောက်လုံး အသက်ဘေးအန္တရာယ်နဲ့ ကြုံလာရတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းလေးမှာ ကြည့်ရှုအားပေးကြပါဦးခင်ဗျာ...
How to Steal a Million (1966) ⭐TMDB: 75% User Score 🎬 #Comedy #Crime #Romance 🗓 1966 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 4 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နာမည်အတိုင်းပါပဲ Criminal ကို အချစ်၊ ဟာသလေးတွေနဲ့ အားထပ်ဖြည့်ထားတဲ့ ဇာတ်မြူးဖောက်ထွင်းရေး ရုပ်ရှင် ဖြစ်ပါတယ်။ ရုပ်ရှင်ကတော့ အဘိုးတို့ခေတ် (၁၉၆၆ ခုနှစ်)က ရုပ်ရှင်ဖြစ်တဲ့အတွက် စိတ်တွေမွန်းကြပ်လို့ ရုပ်ရှင်ကားဟောင်းတွေ ကြည့်ရင်း ပေါ့ပေါ့ပါးပါး ဇာတ်လမ်းလေးတွေနဲ့ အပန်းဖြေချင်တဲ့သူတွေအတွက် အံကိုက်စေမယ့် ရုပ်ရှင်လေးတစ်ကားပါ။ နီကိုးလ်ရဲ့ အဖေဟာ ပန်းချီကားတွေကို အတုပြန်ဆွဲပြီး ရောင်းချတဲ့သူဖြစ်ပါတယ်။ နီကိုးလ်ကတော့ အဖေဖြစ်သူကို တားမရတဲ့အဆုံးလွှတ်ထာရပြီး တရက်မှာတော့ အိမ်မှာ ဖခင်ဖြစ်သူရဲ့ နာမည်ကျော် ရုပ်တုအတုကို ပြတိုက်မှာပြဖို့ ဖခင်က ဆုံးဖြတ်လိုက်ပါတယ်။ ပြတိုက်မှာ ရုပ်တုဖွင့်ပွဲအတွက် အိမ်မှာ လူမရှိတုန်း အိမ်ကို သူခိုးကပ်လို့ နီကိုးလ်တစ်ယောက် ရင်ဆိုင်ဖြေရှင်းရင်း သူခိုးရဲ့လက်မောင်းကို မတော်တဆ သေနတ်နဲ့ပစ်လိုက်မိပါတယ်။ အဲ့လိုကနေ သူခိုး(ဒါးမော့တ်) နဲ့ နီကိုးလ်တို့ ခဏခဏ တွေ့ဆုံဖြစ်ကြပြီးနောက်မှာတော့ မမြင်ရတဲ့ ကြိုးလေးတွေ ဖြစ်တည်လာပါတော့တယ်။ နှစ်ဦးနှစ်ဖက်ကလည်း အချင်းချင်း ခံစားချက်တွေရှိကြပါတယ်။ တရက်မှာတော့ နီကိုးလ်ရဲ့ အဖေဟာ ပြဿနာတစ်ခုကြောင့် မိဘမကောင်း သားသမီးခေါင်းဆိုသလို မဖြစ်မနေဖြေရှင်းရဖို့ ဖြစ်လာပါတော့တယ်။ ဒါးမော့တ် လည်း နီကိုးလ်ရဲ့ ပြဿနာတွေကိုလိုက်လံကူညီဖြေရှင်းဖို့ ကြိုးစားရင်း ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ရမလဲ၊ ဘယ်လိုအစီအစဉ်တွေနဲ့ ဖောက်ထွင်းရေးကို လုပ်ကြမလဲ၊ နီကိုးလ်နဲ့ ဘယ်လိုနီးစပ်သွားမလဲဆိုတာကို ရသပေါင်းစုံ နဲဲ့ရိုက်ကူးထားပါတယ်။...
