ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
The Dungeonmaster (1984) ⭐TMDB: 49% User Score 🎬 #Fantasy #Horror #SciFi #Thriller #ScienceFiction #Mystery 🗓 1984 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 18 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပေါလ်ဆိုတာက ကွန်ပြူတာတွေကို ပြင်ဆင်တဲ့အလုပ်လုပ်တယ်၊ ကိုယ်တိုင်လည်း AI တစ်ခု ဖန်တီးထားပြီး ချစ်သူလေးကို လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ ပရိုဂရမ်မာတစ်ယောက်။ ဒါပေမဲ့ လက်ထပ်ဖို့ ခွင့်တောင်းတဲ့ညမှာတင် သမီးရည်းစား နှစ်ယောက် အိပ်မက်လိုလိုဆိုပေမဲ့ တကယ့်တခြားဖြစ်တည်မှုပဲ ရောက်သွားပါတယ်။ အဲဒီမှာတင် နတ်ဆိုးမှော်ဆရာတစ်ယောက် ပေါ်လာပြီး မင်းကောင်မလေးကို ငါဖမ်းထားမယ်၊ မင်းကို စိန်ခေါ်မှု ၇ ရပ်နဲ့ ငါ စမ်းသပ်မယ်၊ မင်းရဲ့ ခေတ်မှီနည်းပညာနဲ့ ရအောင်ကျော်လွှားပေါ့၊ တစ်ခုရှုံးတာနဲ့ အကုန် စမုံတုံးမယ်ဆိုပြီး အတင်းအကျပ် စေခိုင်းခံရတဲ့အခါမှာတော့ ပေါလ်တစ်ယောက် ကောင်မလေးနဲ့ သူ့ကိုယ်သူ ကယ်တင်ဖို့ သူ့ AI လေးကို ဘယ်လိုအသုံးချပြီး စွန့်စားခန်း ၇ ရပ် ထွက်ရမလဲဆိုတာ ကြည့်ရမှာပါ။ ~ ပွင့်လင်း မြင်သာသော ကိုယ်လုံးတီးပြကွက်တချို့ ပါဝင်သောကြောင့် မိသားစု/ကလေးများနှင့် မကြည့်ရှုမိစေရန် သတိပေးလိုပါသည်...
Things to Come (1976) ⭐TMDB: 44% User Score 🎬 #Adult #SciFi #ScienceFiction 🗓 1976 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စစ်ပွဲနဲ့ သဘာ၀ဘေးအန္တရာယ်မြောက်များစွာကြောင့်တစ်ကမ္ဘာလုံးမှာ လူသားအနည်ငယ်ပဲကျန်ရှိပြီးရှင်သန်ဖို့ကြိုးစားနေကြချိန်ပေါ့။ လူနည်းစုသာရှင်ကျန်ခဲ့ကြပေမဲ့ ခေတ်မီစက်ကိရိယာတွေအသုံးပြုရင်းလူတစ်ယောက်ကို တစ်နှစ်ပတ်လုံးမှာမှသုံးလပဲအလုပ်လုပ်ဖို့လိုပါတယ်။ ကျန်တဲ့အချိန်အများစုမှာ အစိုးရကနေပြီး ပြည်သူတွေကို လိင်အကြမ်းဖက်ဗီဒီယိုတွေကိုပဲကြည့်ရင်း အပန်းဖြေစေပါတယ်။ဒါပေမဲ့ လမ်းထွက်လျှောက်တာကတောင် ရာဇဝတ်မှုအသေးစားတစ်ခုဖြစ်နေတာပါ။ ဂျူလီကလေးဘတ်ဆိုတဲ့ အမျိုးသမီးကတော့ ဒီလိုဖိနှိပ်ထားမှုကို မခံနိုင်ဘဲ ရုန်းထွက်ချင်တဲ့သူပေါ့။ဒါတွေကိုတွန်းလှန်ဖို့ သူ့အထက်အရာရှိနဲ့အတူ ကြိုးစားကြချိန်မှာတော့…။သူ့ခေတ်သူ့အခါက ထူးခြားတဲ့တင်ဆက်မှုနဲ့ ကောင်းမွန်တဲ့ ဖန်တီးနိုင်တွေကို ချီးကျူးခံခဲ့ရတဲ့ခေတ်ဟောင်းက ခေတ်လွန်ကားလေးကို အရွယ်ရောက်ပြီးသူတို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Zeoပဲဖြစ်ပါတယ်)...
The Front Room (2024) ⭐IMDB: 4.7/10 (2 k Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းအကျဉ်းကတော့ ဘယ်လင်ဒါက ကျောင်းတစ်ခုက မနုဿဗေဒဌာနရဲ့ဆရာမတစ်ယောက်ဖြစ်ပြီး ကိုယ်ဝန်လည်းလွယ် ထားရပါတယ်။ ဆရာမဆိုပေမယ့် ဌာနကသူ့ကိုအမြဲတမ်းဝန်းထမ်းအဖြစ် လက်မခံချင်ဘူးဖြစ်နေတယ်။ ယောက်ျားဖြစ်သူနော်မန်ကပြည်သူ့အမှုဆောင်ရှေ့နေဖြစ်ပြီးတော့ အိမ်လခ ကလေးစရိတ်စတာတွေပေးချေနေတဲ့အတွက် လင်မယားနှစ်ယောက်လုံးရဲ့ဝင်ငွေနဲ့ထွက်ငွေဟာ မမျှတဘူးဖြစ်နေတယ်။ ဒီကြားထဲကျောင်းအုပ်ဖြစ်သူကိုမကျေနပ်တဲ့အတွက် ဘယ်လင်ဒါက အလုပ်ထွက်လိုက်ပါသေးတယ်။ ဒီလိုအခြေအနေဆိုးတွေကြားမှာ အဝေးမှာနေထိုင်နေတဲ့နော်မန်ရဲ့အဖေကအစာအိမ်ကင်ဆာနဲ့ဆုံးသွားပါတယ်။ နော်မန်က သူ့အဖေနာရေးကိုမဖြစ်မနေသာသွားရတယ်။ သူ့စိတ်ထဲမှာငယ်စဉ်ကသူ့ကိုနှိပ်စက်ခဲ့တဲ့ အစွန်းရောက်ခရစ်ယာန် မိထွေးဖြစ်သူကိုမတွေ့ချင်ဘူး။ ဒါပေမယ့် ရှောင်လွှလိုမရဘဲအခြေအနေ ဖြစ်သွားတဲ့အတွက်တွေ့လိုက်ရပါတော့တယ်။ သူ့မိထွေးက ပိုင်ဆိုင် သမျှအရာအားလုံးကိုနော်မန်တိုကိုပေးပြီး သူတိုနဲ့လိုက်နေမယ်လိုပြောတယ်။ နော်မန်ရဲ့အဖေကလည်း မသေခင်မှာသူ့မိန်းမကိုစောင့်ရှောက်ပေးဖို သေတမ်းစာရေးခဲ့တဲ့အတွက် နော်မန်တိုလည်းလက်ခံလိုက်ရတယ်။ နှစ်တွေကြာလိုမိထွေးဖြစ်သူကိုပြောင်းလဲသွားမယ်လိုထင်ခဲ့ပေမယ့် တကယ်တမ်းမှာ ထင်ထားသလိုဖြစ်မလာတဲ့အခါမှာတော့...
Padu (2024) ⭐IMDB: 6.8/10 (10 Votes) 🎬 #Drama #Sport #Biography 🗓 2024 🎞 movie 🌎 #India #Malaysia ⏰ 1 နာရီ 37 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Padu (2024)”ရွှေအိပ်မက်”===================== မလေးရှား အမျိုးသမီး ဘတ်စကတ်ဘောအသင်းအကြောင်းဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ စိတ်ခွန်အားရစရာရုပ်ရှင်ကောင်းလေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ၁၉၉၇ ခုနှစ်ကစပြီး ၂၀၀၇ ခုနှစ်အထိ ဆီးဂိမ်းပြိုင်ပွဲတွေမှာ ရွှေတံဆိပ် ၁၁ ခု ယူနိုင်ထားတဲ့မလေးရှား အမျိုးသမီးဘတ်စကတ်ဘောအသင်းဟာ ရွှေတံဆိပ်နဲ့ ဝေးကွာခဲ့တာ ဆီးဂိမ်းနှစ်ခုရှိသွားခဲ့ပါပြီ။ သူတို့တွေဟာ ၂၀၁၃ မြန်မာဆီးဂိမ်းမှာလည်း ရွှေတံဆိပ်ပြန်ရဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့ကြပေမဲ့ ရွှေတံဆိပ်နဲ့ ဆက်လက်ဝေးကွာနေဆဲပါပဲ။ အဲဒါကြောင့် ၂၀၁၅ ဆီးဂိမ်းမှာ ရွှေတံဆိပ်ပြန်ယူနိုင်ဖို့အတွက် နည်းလမ်းရှာကြရင်းနဲ့ သူတို့အဖွဲ့ဟာကာလိုင်ဆိုတဲ့ မလေးရှားနိုင်ငံသူ အိန္ဒိယလူမျိုး ပါရမီရှင်ကောင်မလေးကို အဖွဲ့ထဲခေါ်ပြီးအတွေ့အကြုံရင့် ကစားသမားတွေနဲ့ ပူးပေါင်းကာ ၂၀၁၅ ဆီးဂိမ်းအတွက်တိုဂာ်ပွဲဝင်ဖို့ ပြင်ဆင်ကြပုံကို ဒီရုပ်ရှင်ထဲမှာ စိတ်အားတက်ဖွယ်ရာမြင်တွေ့ရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team ပါ။)...
Kooki (2023) ⭐IMDB: 6.6/10 (133 Votes) 🎬 #Bollywood #Drama 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 54 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kooki (2024) “ကူကီရဲ့အဖြစ်ဆိုး”IMDb – 7/10 အိပ်မက်တွေအများကြီးနဲ့ လန်းဆန်းတက်ကြွနေတတ်တဲ့ ၁၆နှစ်အရွယ် မြှီးကောင်ပေါက်မလေး ကူကီ။အိုင်ပီအက်စ်အရာရှိကြီးဖြစ်ဖို့ရည်ရွယ်ချက်တွေနဲ့ ကျောင်းတက်ရင်း သူငယ်ချင်းတွေနဲ့လျှောက်သွားရင်းဘ၀ကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ ကူကီ။ ရှေ့နေဖြစ်သူဖခင်နဲ့ တရားဥပဒေနဲ့ တရားမျှတမှုဆိုတာကို အမြဲတမ်းငြင်းခုန်နေတတ်တဲ့ ကူကီ။ဒီအပျိုဖြန်းမလေး ကူကီကိုမှ အုပ်စုဖွဲ့မုဒိမ်းကျင့်တာ ခံလိုက်ရပါတယ်။တရားခံတွေကို ဖမ်းမိပေမဲ့ ကူကီတစ်ယောက် သူ့အတွက် တရားမျှတမှုကိုရတယ်လို့မခံစားခဲ့ရပါဘူး။ မိုးကိုချစ်တဲ့ကောင်မလေးတစ်ယောက် မိုးသံ၊ လျှပ်စီးသံကနေ ရွှံ့နွံတွေထိ မြတ်နိုးတဲ့ကောင်မလေးတစ်ယောက်ကမိုးသံကြားရင်တောင် ရူးမတတ်ကြောက်ရွံ့နေတဲ့ထိ စိတ်ဒဏ်ရာတွေရသွားတဲ့ကူကီတစ်ယောက်ဘ၀ကို ဘယ်လိုရှင်သန်ဖြတ်သန်းမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM BOLLYWOOD TEAMပဲဖြစ်ပါတယ်)...
Virunnu (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Thriller #Action 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 3 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Virundha 2024 (စားသောက်ပွဲတော်) ဂျွန်အာဘရာဟမ်ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟာကီရာလာ-တမီလ်နန်ဒူနယ်စပ် တံတားပေါ်မှာ ကားကိုပဲတွေ့ပြီးတော့အလောင်းကိုတော့ ၅ရက်အကြာမှ ရေထဲမှာ သေနေတာကို တွေ့ခဲ့ရပါတယ်။ အလောင်းစစ်ဆေးမှုလုပ်တဲ့အချိန်မှာ ဂျွန်ဟာ သေဆုံးတာ၄ရက်သာရှိသေးပြီးတော့ရေထဲကိုရောက်နေတာဟာလည်း ၂ရက်သာရှိသေးတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ဒီလိုနဲ့ ဆန်းကြယ်နေတဲ့ ဒီအမှုကို ရဲတွေဟာလည်းကြိုးစားပြီးတော့ ဒီအမှုကို ဖြေရှင်းနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ တစ်ဖက်မှာတော့ ကင်ဆာရောဂါကြောင့် ဆုံးပါးသွားခဲ့ရတဲ့အဖေကိုအောက်မေ့တဲ့အနေနဲ့ ဖခင်ဆုံးသွားတဲ့ ဗုဒ္ဓဟူးနေ့မှာ ကင်ဆာသည်တွေကိုဆေးရုံဆီ အခမဲ့ပို့ဆောင်ပေးလျက်ရှိတဲ့ သုံးဘီးမောင်းသမားလေးဟာသူ့ညီမရဲ့ မင်္ဂလာပွဲအတွက် စီစဉ်ပေးလျက်ရှိပါတယ်။ ဒီလိုနဲ့ ညီမလေးရဲ့ မင်္ဂလာပွဲပြုလုပ်မယ့် မနက်အစောပိုင်းမှာပဲ သုံးဘီးမောင်းပြန်လာရာကနေအိမ်နားတစ်နေရာမှာ မတော်တဆမှုတစ်ခုဖြစ်ထားတဲ့အတွက် ကူညီဖို့သွားရင်းသေခါနီးဆဲဆဲ မိန်းမတစ်ယောက်ဟာ သူ့ကို မသေခင် မှာစရာတွေ မှာပြီးအကူအညီတောင်းသွားခဲ့ပါတယ်။ တိုက်ဆိုင်ချင်တော့ အဲဒီမိန်းမဟာ ဟိုးရှေ့ရက်ကမှ ဆုံးသွားခဲ့တဲ့ဂျွန်အာဘရာဟမ်ဆိုတဲ့သူရဲ့ဇနီးသည်ဖြစ်နေခဲ့တာပါပဲ ။ဒီလိုနဲ့ သုံးဘီးဆရာဟာ ဒီရှပ်ထွေးဆန်းကြယ်လှတဲ့ အမှုထဲမှာပါဝင်လာခဲ့ရင်းကနေ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ Alex~ KKKZ တို့ပဲဖြစ်ပါတယ်)...
Bushido (2024) ⭐TMDB: 90% User Score 🎬 #Drama #History 🗓 2024 🎞 movie 🌎 #Japan ⏰ 2 နာရီ 09 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Gobangiri (or) Bushido (2024) IMDb Rating (7.5) ယာနာဂီတကခုနိုရှင်းဟာ ဆာမူရိုင်းတစ်ယောက်ဖြစ်ပြီး မှားယွင်းတဲ့ စွပ်စွဲခံရမှုတခုကြောင့် မြို့ကနေမောင်းထုတ်ခံခဲ့ရပြီး သူ့သမီး ကီနုနဲ့အတူ ဆင်းဆင်းရဲရဲ နေထိုင်လျက်ရှိပါတယ်… ဒါပေမယ့် ဆာမူရိုင်းတို့ရဲ့စံအတိုင်း လူနေခြုံကြားပေမယ့် စိတ်နေဘုံဖျားရှိသူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ကျားထိုးရတာကို ဝါသနာကြီးပြီး ပညာရှင်အဆင့်လို့ ဆိုနိုင်ပေမယ့် လောင်းကစားလုပ်ရတာ မကြိုက်သူတစ်ယောက်ဖြစ်တော့… ကျားထိုးရုံမှာ အပျော်သွားကစားတာကလွဲပြီး တစ်ခါမှ လောင်းကြေးနဲ့ မကစားခဲ့ဘူး… ဘာလို့လဲဆိုတော့ တစ်ချိန်က ကျားကစားရင်း လွဲချော်မှုတစ်ခုကြောင့် ဇနီးသည်ကို ဆုံးရှုံးတဲ့အထိ ဖြစ်ခဲ့ရတာကြောင့်ပါ.. တစ်နေ့မှာတော့ သူ့ဇနီးသည် သေဆုံးရတဲ့ ဖြစ်ရပ်မှန်ကိုသိသွားတဲ့အခါမှာတော့ လက်စားချေဖို့ ဖြစ်လာပါတော့တယ်။ ဒါပေမယ့် ဆာမူရိုင်းတစ်ယောက်ဖြစ်လို့ အမုန်းကို လက်စားချေရင် သူ့အသက်ကို ပြန်ပေးဆပ်ရမှာလည်း သိနေပြန်တာမို့.. သူလက်စားချေရင် သမီးလေးနဲ့ ခွဲရမှာမို့ လက်စားချေဖို့လမ်းကို သူရွေးချယ်မှာလား… သူလက်စားချေဖို့ ဘာတွေက ဖိအားပေးမှာလဲ… ဒီဇာတ်ကားက ဆာမူရိုင်းခေတ်ကို နောက်ခံထားတာမို့ ကြည့်နေကြမဟုတ်သူတွေအတွက် ပျင်းဖို့ကောင်းကောင်း ကောင်းနိုင်ပေမယ့် ဂျပန်သမိုင်းနဲ့ ဆာမူရိုင်းတို့စိတ်နေစိတ်ထားကို နားလည်ချင်ရင်တော့ ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့Chu Chuဖြစ်ပါတယ်။)...
Playtime (2024) ⭐IMDB: 4.2/10 (24 Votes) 🎬 #Thriller 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 42 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Playtime (2024) မကြာခင်မှာ လက်ထပ်ထိမ်းမြားတော့မယ့် ရိုနီ၊ ရည်းစားဖြစ်သူနဲ့ လောလောလတ်လတ်လေးတင် လမ်းခွဲပြီး ဆင်ဂယ်လ်ပြန်ဖြစ်နေတဲ့ ပက်ထရစ်ရှာနဲ့ နာမည်ကြီးအင်ဖလူယန်ဆာ အာလီဆန်ဆိုတဲ့ မိန်းကလေးသုံးယောက်ဟာ လူးကပ်စ်ဆိုတဲ့လူစိမ်းတစ်ယောက်ကို မမျှော်လင့်ဘဲ တွေ့ဆုံမိပြီး ယုံကြည်သွားခဲ့ကြရာကနေ ချက်ချင်းလက်ငင်းကိုပဲ အန္တရာယ်များတဲ့ကစားနည်းထဲက သားကောင်ငယ်လေးတွေ ဖြစ်လို့လာခဲ့ပါတယ်။ ဒီတော့ ဒီလူးကပ်စ်ဆိုတဲ့သူဟာ ဘာအကြောင်းကြောင့် သူတို့ကိုဖမ်းဆီးခဲ့တာလဲ၊ အန္တရာယ်များတဲ့ ကစားနည်းဆိုတာကရော ဘာလဲ၊ သူတို့မိန်းကလေးသုံးယောက်ကရော နောက်ဆုံးမှာ လွတ်မြောက်သွားနိုင်မှာလားဆိုတဲ့ မေးခွန်းများစွာရဲ့အဖြေတွေကိုတော့ ဒီ “Playtime” ဆိုတဲ့ ဇာတ်ကားကို ဆက်လက်ကြည့်ရှုပြီးတော့ပဲ အဖြေရှာကြည့်ကြရအောင်ပါနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Fiona Gillen ဖြစ်ပါတယ်။)...
Minmini (2024) ⭐IMDB: 9.1/10 (1 k Votes) 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 8 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Minmini (2024)“ပိုးစုန်းကြူး” အချစ်အလွမ်း နှစ်ခြိုက်သူများအတွက် တမီးလ် coming-of-age ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ ဆက်ဘရီဆိုတဲ့ကောင်လေးဟာ ဘော်ဒါကျောင်းကို ဒီနှစ်မှ ပြောင်းလာတဲ့ကျောင်းသားတခြားကျောင်းသားတွေလို ဟိုကဲဒီကဲမလုပ်ဘဲ ငြိမ်ငြိမ်လေး ပန်းချီဆွဲရတာကို ဝါသနာပါသူတစ်နေ့မှာ ကံဆိုးမိုးမှောင်ကျတော့ မထင်မှတ်ထားသူတစ်ယောက်က အသက်ပေးပြီး သူ့ကိုကယ်ခဲ့တယ်ရှင်ကျန်ရစ်သူတစ်ယောက်ရဲ့ နောင်တနဲ့ ကောင်လေးကိုအလင်းရောင်ပေးမယ့် ပိုးစုန်းကြူးမလေး ပေါ်လာတဲ့အခါမှာ … သူ့သူငယ်ချင်းရဲ့ ဟိမဝန္တာတောင်တန်းက biker အိပ်မက်ကိုရောဘယ်လိုအကောင်အထည်ဖော်သွားမလဲဆိုတာ ပရိသတ်ကြီးပဲ ဆက်လက်ကြည့်ရှုလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Bluri ~ ToMo ~ Alex တို့ ဖြစ်ပါတယ်...
The Killer's Game (2024) ⭐TMDB: 60% User Score 🎬 #Action #Comedy #Crime #Thriller 🗓 2024 🎞 movie 🌎 #Spain #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dave Bautista ရဲ့ အက်ရှင်ကားအသစ် ထွက်လာပါပြီ။ ဟာသ အက်ရှင်အမျိုးအစားဖြစ်ပြီး တိုက်ခိုက်ခန်းတွေရော ဇာတ်လမ်းရော ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်း ဂျိုးဖလက်ဆိုတဲ့လူဟာ ဥရောပရဲ့ အတော်ဆုံး ကြေးစားလက်မရွံ့ပါ။ တစ်နေ့မှာတော့ သူဟာ ဘဲလေးအကမယ်လေးတစ်ယောက်နဲ့ ချစ်မိသွားပြီး အငြိမ်းစားယူဖို့ကြိုးစားလာပါတယ်။ ဒါပေမဲ့ အငြိမ်းစားမယူခင်မှာပဲ ကုမရတဲ့ရောဂါတစ်ခုကြောင့် ၃ လလောက်ပဲ နေရတော့မယ်ဆိုတာ သိလိုက်ရပါတယ်။ ဒါကြောင့် သူ့အလုပ်ကို သူ့ချစ်သူမသိခင် သူ့ကိုယ်သူ အသတ်ခံရအောင် ဆုငွေထုတ်ပြီး ထွက်သွားဖို့ လမ်းကိုရွေးလိုက်ပါတော့တယ်။ ဒါပေမဲ့ သူ့ကို တကယ်တမ်း လက်မရွံ့တွေ အကုန်လိုက်ပြီး သတ်ကြတဲ့အခါမှာတော့ အသက်ရှင်စရာအကြောင်းတွေနဲ့ သူ့ချစ်သူကို ကယ်ဖို့လိုအပ်လာတာတွေပေါ်လာတာကြောင့် သူဆုငွေထုတ်မိတဲ့ ကြေးစားတွေကို သူကိုယ်တိုင် အကုန်ပြန်ရင်ဆိုင်ရပါတော့တယ်။...
Azrael (2024) ⭐IMDB: 5.8/10 (1 k Votes) 🎬 #Action #Horror #Thriller 🗓 2024 🎞 movie 🌎 #Estonia #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Haunting of Bly Manor စီးရီးရဲ့ ပရိုဂျူဆာဖြစ်သူ E.L. Katz ရိုက်ကူးထားတဲ့ ဟော်ရာ အက်ရှင် ရုပ်ရှင်အသစ် ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ ချီဆောင်ခြင်းခေါ် ခရစ်ယာန် ဘာသာရေးယုံကြည်မှုအရ ကမ္ဘာကြီးရဲ့ အဆုံးသတ်အပြီး နှစ်အတော်ကြာမှာ ဇာတ်အိမ်တည်ထားပါတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ အသက်ရှင်ကျန်တဲ့လူနည်းစုတွေအကြောင်းပါပဲ။ အဲဒီထဲက လူအတော်များများကလည်း စကားမပြောကြတော့ဘူး ဖြစ်ပါတယ်။ အဓိက သရုပ်ဆောင် မင်းသမီးကတော့ အကျဉ်းစခန်းတစ်ခုထဲကနေ ထွက်ပြေးလာတဲ့သူဖြစ်ပြီး သူ့ကို ရှေးဟောင်းမကောင်းဆိုးရွား တစ်ကောင်ဆီမှာ ယဇ်ပူဇော်ဖို့ ကြိုးစားတဲ့ အဖွဲ့တစ်ဖွဲ့နဲ့ ရင်ဆိုင်ရပြီး အသက်ရှင်ဖို့ ရုန်းကန်တိုက်ခိုက်ရပုံတွေကို ပြထားတာဖြစ်ပါတယ်။ အသတ်အဖြတ်ခန်းတွေ ကြမ်းတာမို့ ကလေးတွေ မကြည့်သင့်ကြောင်းတော့ သတိပေးလိုပါတယ်။...
35-Chinna Katha Kaadu (2024) ⭐IMDB: 7.7/10 (393 Votes) 🎬 #Bollywood #Comedy #Drama #Family 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 26 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 35 Cinna Katha Kaadu (2024) အညတစ်ရဇာတ်လမ်းတစ်ပုဒ်မဟုတ် IMDb 7.7/10 “သင်မေးခွန်းမထုတ်တဲ့အခါ လူတွေကသင့်ကို ဘာမှသိတဲ့ကောင်မဟုတ်ဘူးလို့ပြောကြမယ်”“သင်မေးခွန်းထုတ်မယ်ပြင်နေရင်တော့ ပါးစပ်ပိတ်ပြီး လုပ်စရာရှိတာလုပ်လို့ဆူကြလိမ့်မယ်”“နှစ်နဲ့သုညမြှောက်တာ ဘာလို့ သုညရတာလဲ? နှစ်နဲ့သုညမြှောက်ရင်နှစ်မရနိုင်ဘူးလား?သုညဟာတန်ဖိုးမရှိဘူးလို့ဘယ်သူသတ်မှတ်ခဲ့တာလဲ?”ဒါဟာကျောင်းသားလေးအာရွန်ရဲ့မေးခွန်းတွေပါ ” လူတိုင်းသင်ယူနေတဲ့အရာကိုလိုက်ပြီးမလုပ်နိုင်တဲ့အခါမှာသင်ဟာလူညံ့တစ်ယောက်ပဲလူတိုင်းလုပ်နေတဲ့အခါအဲဒီအရာကိုမှားပါတယ်လို့ပြောခွင့်မရှိတော့ဘူး” သင်္ချာမှာညံ့တဲ့ကျောင်းသားလေးအာရွန် သူရဲ့မေးခွန်းတွေမှာ သင်္ချာဆရာတွေအကြိမ်ကြိမ်ကျရှုံးရမြဲအမြဲတမ်းအပြစ်ပေးခံနေရ အမြဲတမ်းဆူပူကြိမ်းမောင်းခံနေရပြီးအမေနဲ့အဖေကလဲဘယ်လောက်သင်ပေးသင်ပေးရင်းနဲ့သာစိတ်ညစ်ကြရတယ်သူကတော့သင်္ချာကိုနားမလည်နိုင်ပါဘူး ဒီလိုပုံစံနဲ့ဘဝကြီးကိုဘယ်လိုရှင်သန်မလဲအခက်အခဲတွေကိုကလေးတစ်ယောက်အနေနဲ့ဘယ်လိုကျော်ဖြတ်မလဲနောက်ဆုံးမှာသူ့ဘဝရဲ့အကြီးမားဆုံးမေးခွန်းဖြစ်တဲ့သင်္ချာဆိုတဲ့အရာကိုနားလည်နိုင်စွမ်းရှိသွားမလားဆိုတာကိုမိသားစုဟာသကားပုံစံလေးနဲ့တင်ဆက်ပေးထားတဲ့ရသစုံပညာရေးကားလေးပဲဖြစ်ပါတယ် (အညွှန်းနဲ့ ဘာသာပြန် CM Bollywood Team မှဖြစ်ပါတယ်)...
SWAT: Angels in Mission (2024) ⭐TMDB: 70% User Score 🎬 #Action #Crime 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 21 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အထူးရဲမေလေးတွေရဲ့ နတ်သမီးလိုချောမောကြတဲ့အပြင် စွမ်းဆောင်ရည်အပြည့်အဝနဲ့တာဝန်ထမ်းဆောင်သွားတာကို ရိုက်ထားတဲ့ စစ်ဆင်ရေးအက်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။တုံးဟိုင်မြို့မှာ မူးယစ်ဆေးဂိုဏ်းခေါင်းဆောင်ကြီးတစ်ယောက်ကို ထောင်ရွှေ့ပြောင်းဖို့ဖြစ်လာခဲ့တယ်။သူ့ရဲ့တပည့်တပန်းတွေက သူ့ကိုကယ်ဖို့ရာ ကြိုးစားတာကနေပြီးတော့ စတဲ့ဇာတ်လမ်းပါ။ ရဲတွေဟာ လူဆိုးတွေကထောင်သားကိုလာလုနိုင်ချေရှိတာကြောင့် ထောင်ချောက်ဆင်ခဲ့ပေမယ့်လူဆိုးကတော့ ထောင်ချောက်ကိုကြိုမြင်ပြီး တစ်ကွက်ကျော်စီစဉ်ခဲ့တယ်။ဒါပေမယ့် အထူးရဲမေလေးတို့ရဲ့စွမ်းဆောင်ချက်ကြောင့် မအောင်မြင်လိုက်ပါဘူး။ထောင်သားကိုလာကယ်တဲ့သူကတော့ သူ့ညီပဲဖြစ်ပါတယ်။အစ်ကိုကိုကယ်ဖို့အတွက်သူဟာ လွယ်လွယ်နဲ့လက်မလျှော့သွားပါဘူး။လူအများရှိတဲ့ ကုန်တိုက်လိုနေရာမှာတောင် ရဲတွေကို သူကစိန်ခေါ်လာခဲ့တယ်။ဉာဏ်များတဲ့တရားခံနဲ့ အထူးရဲမေတို့ကြား အကြိတ်အနယ်အားပြိုင်ကြတဲ့အခါ ဘယ်သူနိုင်မလဲ...
#OOTD: Outfit of the Designer (2024) ⭐IMDB: 6.6/10 (14 Votes) 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 47 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 #OOTD: Outfit of the Designer (2024) IMDb Rating (7.0) နာရယ်ဟာ ဘာမင်ဂမ်မှာ ဖက်ရှင်ဒီဇိုင်းပညာရပ်ကို လာရောက်သင်ယူလေ့လာနေတဲ့ အင်ဒိုနီးရှားသူလေးတစ်ယောက်ပါ။ သူ စိတ်ဝင်စားတဲ့ပညာရပ်ကို အနီးကနေ အားဖြည့်ပေးနေတာကတော့ သူနဲ့ လူမျိုးတူ ဗာဂတ်စ်ဆိုတဲ့ ဓာတ်ပုံပညာရပ်ကို စိတ်ဝင်စားတဲ့ကောင်လေးတစ်ယောက်ပါပဲ။ နိုင်ငံရပ်ခြားရောက်နေပေမယ့်လည်း အနားမှာ ချစ်ရတဲ့သူငယ်ချင်းတွေအပြင် ဗားဂတ်စ်ပါရှိနေတာကြောင့် ဘဝကို အေးအေးချမ်းချမ်းပဲဖြတ်သန်းနေတဲ့ နာရယ်တစ်ယောက်ဆီကို တစ်နေ့မှာတော့ မထင်မှတ်ထားခဲ့တဲ့ အဖြစ်အပျက်တစ်ခုဖြစ်လို့လာခဲ့ပါတယ်။ ဒါဟာ ဘာများဖြစ်လိမ့်မလဲဆိုတာနဲ့ နာရယ်တစ်ယောက် နောက်ပိုင်း ဘယ်လိုဆက်လက်ရှင်သန်းဖြတ်သန်းသွားမလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးကို ဆက်လက်ကြည့်ရှုပြီးတော့ အတူတူအဖြေရှာကြည့်လိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Fiona Gillen ဖြစ်ပါတယ်။)...
Dark Feathers: Dance of the Geisha (2024) ⭐IMDB: 6.4/10 (621 Votes) 🎬 #Drama #Mystery #ScienceFiction #Thriller 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica #UnitedStates ⏰ 1 နာရီ 33 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ တော်တော်ထူးခြားတယ်ပြောရမယ် ဒရမ်မာလည်းဟုတ် သည်းထိတ်ရင်ဖိုဆိုလည်းဟုတ် လွမ်းဆွေးစရာကလည်းကောင်း ထိမိဂွိပဲ ဒီကားထဲမှာ သရုပ်ဆောင်ထားတဲ့ အဓိကဇာတ်ဆောင်မင်းသမီး ခရစ်စတယ်ဂျေ ဟယောင်းက ဒီကားကို ဇာတ်ညွှန်းရေးခဲ့တဲ့သူတွေထဲက တစ်ယောက်ဆိုလည်း ဟုတ်တယ်၊ သူကိုယ်တိုင် ဒါရိုက်တာလုပ်ခဲ့တာဆိုလည်း ဟုတ်တယ် ဒီရုပ်ရှင်ကားလေးမှာ ကြိုက်မိတာက ဂျပန်ဆာမူရိုင်းယဉ်ကျေးမှုကို အနောက်တိုင်းယဉ်ကျေးမှု အကနဲ့ တွဲပြထားတဲ့အချက်လေးပါ ဂျပန်ယဉ်ကျေးမှုမှာ ဂေးရှားအမျိုးသမီးတွေက လှပချောမောမှု၊ အဆိုအတီးဖျော်ဖြေမှု ကောင်းမွန်မှု၊ စကားပြောကောင်းမှု ပြီးတော့ ယောကျာ်းသွားတွေကို ရူးခါသွားအောင် လုပ်နိုင်တဲ့နေရာမှာ နာမည်ကြီးတဲ့ သူတွေပေါ့ ကိတ်ဟာ ချောမောလှပတဲ့ ဓါတ်ပုံဆရာမ၊ အကမယ်တစ်ယောက်လည်းဖြစ်သလို ရှေးကျပြီး သစ္စာရှိမှုကို တန်ဖိုးထားတဲ့ လူမျိုးစုတစ်စုရဲ့ သစ္စာခံတစ်ယောက်လည်း ဖြစ်ပါတယ် သူနဲ့ တွဲကတဲ့ သူတွေမှန်သမျှ တစ်ယောက်ပြီးတစ်ယောက် သေကုန်ကြတဲ့အခါမှာတော့ စုံထောက် ရမ်မီက ကိတ်ကို ချည်းကပ်ပြီး လိုက်လံစုံစမ်းပါတယ် ဒီလိုစုံစမ်းရင်းကနေ ရမ်မီကိုယ်တိုင် ကိတ်အပေါ် စိတ်ဝင်စားမှုတွေ တိုးလာပြီး သူ့ရဲ့အိမ်ထောင်ရေးအတွက်ရော သူ့အသက်ကိုပါ ခြိမ်းခြောက်လာပါတော့တယ် လှပချောမောပြီး ပဉ္စလက်ဆန်တဲ့ ကိတ်ရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေက ဘာတွေများလဲ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအရ ထိန်းသိမ်းလာတဲ့ ဂုဏ်သိက္ခာဆိုတာကရော ဘာများလဲ ကိတ်ကရော သူ့ရဲ့ အကလက်တွဲဖော်တွေ သေဆုံးမှုမှာ ဘယ်လိုပါဝင်ပတ်သက်နေသလဲ...
Purushothamana Prasanga (2024) ⭐IMDB: 4.0/10 (1 k Votes) 🎬 #Bollywood #Comedy #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 11 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Purushothamana Prasanga (2024)“အိပ်မက်ပန်းတိုင်” အသစ်ထွက်ရှိထားတဲ့ ပေါ့ပေါ့ပါးပါး တေလဂူးဟာသဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ ပါရူရှိုသမ်ဟာဆိုရင် အာရပ်စော်ဘွားတို့ရဲ့မြေ – ဒူဘိုင်းကိုသွားချင်လွန်းလို့ အိပ်မက်ထဲအထိပါ ထည့်မက်တဲ့အထိပါပဲ အိန္ဒိယက အလယ်အလတ်လူတန်းစားတစ်ယောက်ဖြစ်တဲ့သူ့ကိုတွေ့တဲ့လူတိုင်းကလည်း ဒူဘိုင်းဘယ်တော့သွားမှာလဲချည်း မေးခံနေရပါတယ် သို့ပေမယ့် မိန်းကလေးတစ်ယောက်ကို စွဲလမ်းသွားချိန်မှာတော့သူ့အိပ်မက်ကို ဆက်လက်ရှင်သန်ခွင့်ပေးနိုင်ဦးမှာလား သူတန်ဖိုးထားရသမျှကို စွန့်လွှတ်နိုင်ပါ့မလားဆိုတာကတော့…အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်...
Anandapuram Diaries (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Family #Drama #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 54 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Aanandhapuram Diaries (2024)”အိပ်မက်ဒိုင်ယာရီ”======================================== အသစ်ထွက်ထားတဲ့ မာလျာလမ်စကားပြောရုပ်ရှင်ကားကောင်းလေးတစ်ခုကိုစီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ပန်းတိုင်နဲ့ အိပ်မက်ဆိုတာ အတူတူပဲလား။ပန်းတိုင်ကိုသွားဖို့ နောက်ကျနေပြီလို့ အားလုံးကသတ်မှတ်လိုက်ကြတဲ့အချိန်မှာရောအိပ်မက် ဆက်မက်ခွင့်ရှိဦးမှာလား။အာနန်ဒါပူရမ်ဆိုတဲ့မြို့လေးမှာရှိတဲ့ ဥပဒေကောလိပ်။ အကြောင်းအမျိုးမျိုးကြောင့် အဲဒီကောလိပ်ကနေ ထွက်ခဲ့ရပြီး အသက် ၄၀ ကျော်မှ ကောလိပ်ကို ပြန်ရောက်လာတဲ့ နန်ဒနီ။နန်ဒနီတစ်ယောက် အစစအရာရာပြောင်းလဲသွားပြီဖြစ်တဲ့ နယ်မြေဟောင်းထဲမှာနှစ် ၂၀ ခြားနားမှုတစ်ခုကို အကျွမ်းဝင်ဖို့ကြိုးစားရင်း မိခင်တစ်ယောက်အဖြစ်နဲ့ဥပဒေဘွဲ့ ပြန်ယူဖို့ ခက်ခက်ခဲခဲကြိုးစားရပုံနဲ့အတူ အာနန်ဒါပူရမ်ရဲ့ ဒိုင်ယာရီစာရွက်တစ်ရွက်ချင်းစီကို ဒီရုပ်ရှင်ထဲမှာ စိတ်ခွန်အားတက်ဖွယ်ရာ မြင်ရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)...
CTRL (2024) ⭐IMDB: 6.4/10 (2 k Votes) 🎬 #Bollywood #Drama #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 39 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ctrl 2024 ကွန်ထရိုး IMDb – 6.4/10 နယ်လာနဲ့ဂျိုးက အန်ဂျွိုင်းဆိုတဲ့ဘလော့ချန်နယ်လေးကို စထောင်ခဲ့တဲ့ ဆိုရှယ်မီဒီယာမှာလူတိုင်းအားကျရတဲ့ ဆယ်လီအတွဲပေါ့။ ဘလော့ဂါဆယ်လီအတွဲပီပီ ဘလော့ရိုက် ဈေးရောင်းရင်းနဲ့ပဲဘဝကို ဖြတ်သန်းနေတာပေါ့လေ ။ဒီလိုနဲ့ ချစ်သူသက်တမ်း ၅ နှစ်ပြည့်မှာ နယ်လာတစ်ယောက် လိုက်ဖ်လွှင့် ဂျိုးကိုစပရိုက်စ်သွားအတိုက်မှာဟိုက စပရိုက်အကြီးကြီးနဲ့ ကြိုဆိုလိုက်ပါသတဲ့။ အဲဒါကတော့ ဘုရားစူး သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်လေးနဲ့ ဂျိုးတစ်ယောက်ပါတီမှာ အနမ်းချင်းဖလှယ်နေတာကို နယ်လာကတန်းမြင်သွားတာပါပဲ။ တွဲခဲ့တဲ့အချိန်တွေလည်းကြာပြီမလို့လူနေမှုဘဝမှာရော အလုပ်မှာ ဘလော့ဂ်မှာ ဆိုရှယ်မီဒီယာမှာ ဂျိုးရဲ့အရိပ်တွေက စိုးမိုးနေတဲ့အပြင်ပါတီမှာသောင်းကျန်းခဲ့တဲ့နယ်လာရဲ့လိုက်ဖ်ကြောင့် လူတိုင်းက ဂျိုးဘက်ကပါနေကြလို့ဘဲကပစ် အလုပ်ကမပြေ အထီးကျန် ဒီပျက်ရှင်ကောင်မဇိုးလေးဖြစ်နေရင်းကနေctrlapp.inဆိုတဲ့Chat Bot AIတစ်ခုနဲ့ အာရုံပြောင်းဖို့လုပ်ရာက…. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲ ဖြစ်ပါတယ်)...
Love Will Tear Us Apart (2023) ⭐TMDB: 70% User Score 🎬 #Horror #Romance 🗓 2023 🎞 movie 🌎 #Japan ⏰ 1 နာရီ 27 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Love Will Tear Us Apart (2023) IMDb Rating (6.6) ဒီရုပ်ရှင်ကတော့ Horror/Slasher လူသတ်ကားတွေ ကို နှစ်သက်တဲ့ သူတွေ အတွက် သဘောကျစေမယ့်ကားမျိုးပါ။ ဝါကာဘာ ဆိုတဲ့ ကောင်မလေးက ဂျပန်နယ်မြို့လေးကသာမန် ကျောင်းသူလေးတစ်ယောက်ပါပဲ။ သူ့မှာ အရမ်း သဘောကျတဲ့ ကိုဟဲ ဆိုတဲ့ အဆိုတော်တစ်ယောက်လည်းရှိပါတယ်။ တစ်နေ့မှာတော့ အခန်းထဲမှာ အမြဲ အနိုင်ကျင့်ခံရတဲ့ ကိုကီ ဆိုတဲ့ကောင်လေးကို ကူညီပေးရင်းနဲ့ သူတို့ သူငယ်ချင်းတွေ ဖြစ်သွားကြပါတယ်။ မကြာခင်မှာပဲ ကိုကီ ကို အနိုင်ကျင့်နေကျ ကျောင်းသားနှစ်ယောက်ဟာ တိုက်ပေါ်ကပြုတ်ကျပြီး သေဆုံးသွားပါတော့တယ်။ (၇) နှစ်အကြာမှာတော့ ဝါကာဘာဟာ သူငယ်ငယ်က သဘောကျခဲ့တဲ့ အဆိုတော် ကိုဟဲ ရဲ့ သူငယ်ချင်းအဖွဲ့နဲ့အတူ တောထဲကအိမ်လေးဆီ ပျော်ပွဲစားထွက်လာကြပါတယ်။ ဒါပေမဲ့ သူတို့မသိတာက သူတို့ကို တောထဲကအိမ်လေးမှာ ကံမကောင်းမှုတွေ ထိတ်လန့်ခြောက်ခြားစရာတွေ စောင့်ကြိုနေတယ်ဆိုတာပါပဲ… ဒီရုပ်ရှင်က Horror/Slasher ကိုမှ အချစ်ဇာတ်လမ်းလေးနဲ့ ရောထွေးထားတာမို့ မိုးအေးအေးနဲ့ အသည်းတယားယားကြည့်ရမယ့် ရုပ်ရှင်ပဲဖြစ်ပါတယ်… (အညွှန်းနဲ့ဘာသာပြန်ကတော့ Marco ပဲဖြစ်ပါတယ်။)...
Drumline: A New Beat (2014) ⭐IMDB: 5.0/10 (1 k Votes) 🎬 #Comedy #Drama #Music 🗓 2014 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB: 5Rotten Tomatoes: 37%Genre: Comedy/Drama Drumline: A New Beat (2014) ကတော့ ပေါ့ပေါ့ပါးပါးနဲ့ကြည့်ပျော်ရှုပျော်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ စိတ်လက်ပေါ့ပေါ့ပါးပါးနဲဲ့ည့်လို့ရမယ့် ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်ညွှန်း ဒါနီဆိုတာ လောလောလတ်လတ်အထက်တန်းပြီးလာတဲ့ကျောင်းသူလေးတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနဲ့ကောလိပ်တက်မယ်ဆိုတော့ အိမ်ကနာမည်ကြီးကျောင်းတက်စေချင်တယ်။ သူ(မ) ကတော့ သူ(မ) ရဲ့ အိမ်မက်ဖြစ်တဲ့ ကျောင်းတီးဝိုင်းမှာ ဒရမ်သမ တစ်ယောက်ဖြစ်အောင် “A&T” မှာလာတက်ပါတယ်။ သူ(မ) ဟာအဲလိုမျိုးမိဘတွေရဲ့ ဆန္ဒကို ဆန့်ကျင်ပြီးထွက်ခွာလာခဲ့တာကြောင့် သူ့သမီးလေးအတွက် ဘာမှမထောက်ပံ့တော့ပဲ ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည်ရပါတော့တယ်။ တစ်ယောက်တည်းလည်းနေရ၊ ကျောင်းမှာလည်းအဆင်မပြေတဲ့လူတွေရှိလာတဲ့အခါ ဒါနီတစ်ယောက်ဘယ်လိုဖြတ်သန်းမှာလဲ။...
