ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
My Summer of Love (2005) ⭐TMDB: 61.0% User Score 🎬 #Drama #Romance 🗓 2005 🎞 movie 📺 #720p #1080p 💿 802.8 MB ⦿ 2.1 GB 🌎 #UnitedKingdom #UnitedKingdom ⏰ 1 နာရီ 26 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 My Summer of Love (2004)====================IMDb Rating – 6.7/10 ဒီကားလေးကတော့ 2004 ခုနှစ်က ထွက်ရှိထားတဲ့ ဒရမ်မာရိုမန့်စ် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။၂၀၀၅ ခုနှစ် BAFTA Awards မှာOutstanding British Film Award ကို ဆွတ်ခူးထားပါတယ်။ TopCast တွေသုံးပြီးမှ ရထားတဲ့ ဆုမဟုတ်ပဲ မထင်မရှား Cast တွေရဲ့ သက်ဆိုင်ရာ Role ကိုပီပီပြင်ပြင် သရုပ်ဆောင်မှုကြောင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ အဖေအမေ ဆုံးသွားပြီးနောက် အကိုနဲ့မောင်နှမနှစ်ယောက်တည်း နေနေရတဲ့ မိုနာဆိုတဲ့ ကောင်မလေးနဲ့ နွေရာသီကျောင်းပိတ်ရက်၊ နယ်မြို့လေးကိုပြန်လာတဲ့ တမ်မ်ဆင် တို့ ကောင်မလေးနှစ်ဦးကြားက အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဇာတ်ဆောင်တွေရဲ့ ကွဲပြားတဲ့စရိုက်နဲ့ မတူညီတဲ့ ဘဝဇာတ်ကြောင်းကြားမှာအချစ်တစ်ခုဘယ်လိုပေါက်ဖွားလာမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thetti Tun ဖြစ်ပါတယ်)...

Mood Indigo (2013) ⭐IMDB: 6.5/10 (16 k Votes) 🎬 #Drama #Fantasy #Comedy #Romance 🗓 2013 🎞 movie 📺 #1080p #720p 💿 1.2 GB ⦿ 2.8 GB 🌎 #France #Belgium ⏰ 2 နာရီ 11 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အရမ်းချမ်းသာပြီး ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်တဲ့ သူဌေးလေးကိုလန်အကြောင်းကို ရိုက်ကူးထားတဲ့ကားလေးပါ။ ကုဋေရှစ်ဆယ်သူဌေးသားကိုမှ ပြင်သစ်ဗားရှင်းလေးလို့ ပြောလို့ရပါတယ်၊ ဒါပေမဲ့ ဒီကုဋေရှစ်ဆယ်သူဌေးသားက ကိုယ်တိုင်သုံးဖြုန်းလို့ကုန်တာမဟုတ်ဘဲ အချစ်ကြောင့်ကုန်တာမျိုးဆိုတော့ သူရဲကောင်းလေး‌ပေါ့… ကိုလန်က ဘဝမှာ အပူအပင်မရှိသက်သောင့်သက်သာနေနိုင်သလောက် ချစ်ရတဲ့သူတော့ရှိမနေပါဘူး၊ တစ်ရက် မိတ်ဆွေတစ်ယောက်ရဲ့ခွေးလေး မွေးနေ့ပါတီကိုသွားရင်း တွေ့ခဲ့တဲ့ ကလိုဝီကိုချစ်မိသွားပါတော့တယ်၊ နောက်ရက်မှာ ကလိုဝီနဲ့ အပြင်မှာတွေ့ပြီး အချစ်တွေကိုဝန်ခံလိုက်ချိန်မှာတော့ ကလိုဝီ့ဘက်ကလည်း လက်ခံခဲ့ပါတယ်။ ချစ်သူနှစ်ယောက် မင်္ဂလာဆောင်ပြီးတဲ့ညမှာပဲ ကလိုဝီ့အဆုတ်ထဲမှာပဒုမ္မာကြာပေါက်လို့ အိပ်ရာထဲလဲသွားပါတော့တယ်… မိန်းမကိုအရမ်းချစ်တဲ့ ကိုလန်တစ်ယောက် ဘယ်လိုမျိုး ကုပေးမလဲ… ကလိုဝီ့ရောဂါကရော သက်သာနိုင်ပါ့မလား ဆိုတာကို 2013 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb မှာ rating 6.5နဲ့ Rotten Tomatoes မှာ rating 61% ရရှိထားတဲ့ Mood Indigo ဆိုတဲ့ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်...

Snow Woman (2009) ⭐TMDB: 45.0% User Score 🎬 #Adult #Horror #Romance 🗓 2009 🎞 Movie 📺 #720p #1080p 💿 456.2 MB ⦿ 1.3 GB 🌎 #Japan ⏰ 56 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ရွာထဲက ယောကျ်ားတွေကိုသတ်ပစ်တယ်ဆိုပြီး နာမည်ကြီးနေတဲ့နှင်းမိစ္ဆာ…တစ်ရွာလုံးက ယောက်ျားတွေမုန်းနေကြတဲ့ နှင်းမိစ္ဆာ…နှင်းမိစ္ဆာက ယောက်ျားတွေကိုစားသတဲ့… ယောက်ျားတွေက နှင်းမိစ္ဆာကိုပလစ်ကြတာကိုတော့ ဘယ်သူမှမပြောကြဘူး..နှင်းမိစ္ဆာကိုကစားခဲ့ကြတာကိုလည်း ပြန်မပြောခဲ့ကြဘူး။ တကယ်တော့ နှင်းမိစ္ဆာက ဘယ်သူ့ကိုမှမစားပါဘူး… သူ့ကိုလာချစ်ကြတဲ့ယောက်ျားလေးတွေရဲ့ငယ်ပါကိုပဲ အေးခဲသွားအောင်လုပ်တာပါ။ ဒါပေမဲ့ထူးခြားတာတစ်ခုက နှင်းမိစ္ဆာကလည်းခံစားချက်နဲ့မို့လို့ ကောင်းရင်ကောင်းသလောက် သူလည်းသေလုနီးပါးဖြစ်တတ်ပါတယ်။ ဒါကိုမသိတဲ့ လူလိမ်နီအဲတစ်ယောက် အရမ်းလှတဲ့နှင်းမိစ္ဆာနဲ့ မတော်တဆစိတ်ပါပြီးချစ်မိကြပြီးနောက် တစ်ရွာလုံးက သူ့အိမ်မှာနှင်းမိစ္ဆာကိုလာဖမ်းတဲ့အခါ….အချစ်လွန်ထားကြတဲ့ သူတို့နှစ်ယောက် ရွာသားတွေရဲ့လက်ကနေ လွတ်နိုင်မလား?နှင်းမိစ္ဆာရဲ့သနားစရာဘဝကိုပဲ နားလည်သွားကြမလားဆိုတာ နားကြပ်လေးတပ်မီးလေးပိတ်ပြီး နှင်းမိစ္ဆာကိုခံစား (မှားလို့) ဇာတ်လမ်းကိုခံစားလိုက်ပါဦးဗျာ…....

Taali (2023- ) ⭐IMDB: 8.6/10 (9 k Votes) 🎬 #Drama 🗓 2023- 🎞 tv series 📺 #1080p 🌎 #India ⏰ 30 မိနစ် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Taali (2023)Taali (TV Series)(2023) IMDb-8.6/10“တချို့က ကျွန်မကိုလူမှုအကျိုးဆောင်လို့ခေါ်ပြီး တချို့ကတော့ ကျွန်မကို ဟီဂျရာလို့ခေါ်ကြပေမယ့် ဒီကမ္ဘာကြီးမှာ ကျွန်မကို အမေလို့ခေါ်တဲ့သူတွေလည်း ရှိနေတာပဲလေ” ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို မင်းသမီးကြီး ဆူရှ်မီတာဆန်း အဓိကသရုပ်ဆောင်ထားတဲ့ တီဗီစီးရီးကောင်းကောင်းတစ်ခု တင်ဆက်ပေးလိုက်ပါတယ် ဂေါ်ရီဇာတ်ရုပ်နဲ့ ဆူရှ်မီတာအရမ်းကိုလိုက်ဖက်သောပါပဲဂန်နူဆိုတဲ့ကောင်လေးဟာ အတန်းထဲမှာဘာဖြစ်ချင်လဲမေးတဲ့အချိန် “မိခင်တစ်ယောက်ဖြစ်ချင်တယ် အိမ်သားတွေအတွက် ဂျပါတီတွေပြင်ပေးပြီး ပြုစုပျိုးထောင်ချင်တယ်”လို့ ဝမ်းသာအားရဖြေခဲ့တဲ့ ကလေးလေးပေါ့….အဲဒီချိန်ကစဘဝဟာ မတူကွဲပြားမှုနဲ့ အတိုက်အခိုက်အငြင်းအခုံတွေစတော့တာပဲ ဒီလိုအခြေအနေအတိုက်အခိုက်မျိုးစုံကို ငယ်စဉ်တည်းက ဘယ်လိုရင်ဆိုင်ခဲ့လဲ ဒီအသိုက်အဝန်းအတွက်သူဘယ်လိုရပ်တည်ဆောက်ရွက်ပေးခဲ့လဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်မတူညီကွဲပြားမှုကို အပြည့်အဝနားလည်ပေးနိုင်ဖို့ဆိုတာမျိုးက အဲဒီလိုမျိုးကြုံဖူးမှ ဒါမှမဟုတ် ကာယကံရှင်နဲ့အနီးစပ်ဆုံးဖြစ်ဖူးမှသိနိုင်တာမျိုးပါ လက်တွေ့ဘဝမှာ တစ်ဖက်သားနေရာကို ဝင်ကြည့်ဖို့ခက်ခဲတဲ့အချိန်မှာ ဒီလိုဖြစ်ရပ်မှန်ဇာတ်လမ်းလေးတွေက အများကြီးအထောက်အကူပြုပါတယ်(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Zwe ~ Cherry ~ Yunni တို့ပဲဖြစ်ပါတယ်)Quality : 650MB /  400MBTotal Episodes : 6EpsFormat : mp4Genres : Drama~ BollywoodDuration : 29minsSubtitle : Myanmar Subtitle ( Hardsub )...

Taali (2023- ) ⭐IMDB: 8.6/10 (9 k Votes) 🎬 #Drama 🗓 2023- 🎞 tv series 📺 #1080p 🌎 #India ⏰ ⁉️️ ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Taali (2023)Taali (TV Series)(2023) IMDb-8.6/10“တချို့က ကျွန်မကိုလူမှုအကျိုးဆောင်လို့ခေါ်ပြီး တချို့ကတော့ ကျွန်မကို ဟီဂျရာလို့ခေါ်ကြပေမယ့် ဒီကမ္ဘာကြီးမှာ ကျွန်မကို အမေလို့ခေါ်တဲ့သူတွေလည်း ရှိနေတာပဲလေ” ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို မင်းသမီးကြီး ဆူရှ်မီတာဆန်း အဓိကသရုပ်ဆောင်ထားတဲ့ တီဗီစီးရီးကောင်းကောင်းတစ်ခု တင်ဆက်ပေးလိုက်ပါတယ် ဂေါ်ရီဇာတ်ရုပ်နဲ့ ဆူရှ်မီတာအရမ်းကိုလိုက်ဖက်သောပါပဲဂန်နူဆိုတဲ့ကောင်လေးဟာ အတန်းထဲမှာဘာဖြစ်ချင်လဲမေးတဲ့အချိန် “မိခင်တစ်ယောက်ဖြစ်ချင်တယ် အိမ်သားတွေအတွက် ဂျပါတီတွေပြင်ပေးပြီး ပြုစုပျိုးထောင်ချင်တယ်”လို့ ဝမ်းသာအားရဖြေခဲ့တဲ့ ကလေးလေးပေါ့….အဲဒီချိန်ကစဘဝဟာ မတူကွဲပြားမှုနဲ့ အတိုက်အခိုက်အငြင်းအခုံတွေစတော့တာပဲ ဒီလိုအခြေအနေအတိုက်အခိုက်မျိုးစုံကို ငယ်စဉ်တည်းက ဘယ်လိုရင်ဆိုင်ခဲ့လဲ ဒီအသိုက်အဝန်းအတွက်သူဘယ်လိုရပ်တည်ဆောက်ရွက်ပေးခဲ့လဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်မတူညီကွဲပြားမှုကို အပြည့်အဝနားလည်ပေးနိုင်ဖို့ဆိုတာမျိုးက အဲဒီလိုမျိုးကြုံဖူးမှ ဒါမှမဟုတ် ကာယကံရှင်နဲ့အနီးစပ်ဆုံးဖြစ်ဖူးမှသိနိုင်တာမျိုးပါ လက်တွေ့ဘဝမှာ တစ်ဖက်သားနေရာကို ဝင်ကြည့်ဖို့ခက်ခဲတဲ့အချိန်မှာ ဒီလိုဖြစ်ရပ်မှန်ဇာတ်လမ်းလေးတွေက အများကြီးအထောက်အကူပြုပါတယ်(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Zwe ~ Cherry ~ Yunni တို့ပဲဖြစ်ပါတယ်)Quality : 650MB /  400MBTotal Episodes : 6EpsFormat : mp4Genres : Drama~ BollywoodDuration : 29minsSubtitle : Myanmar Subtitle ( Hardsub )...

The Walking Dead: Dead City (2023- ) ⭐IMDB: 7.3/10 (12 k Votes) 🎬 #Drama #Action #Adventure #SciFi #Fantasy #Horror #Thriller 🗓 2023- 🎞 tv series 📺 #1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 46 မိနစ် 00 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Walking Dead: Dead City (2023)The Walking Dead: Dead City (2023) ==========================IMDb Rating – 8.0/10 IMDb Rating 8.4/10 ရထားပြီး walking dead series ရဲ့ sequel အဆက်အဖြစ်ထွက်လာတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ Walking Dead ထဲက အဓိက villain ကြီးဖြစ်ခဲ့တဲ့ Negan နဲ့ Maggie တို့အဓိက ဦးဆောင်ပါ၀င်ထားပါတယ် ။ မက်ဂီရဲ့ ဟာ ရှယ်ကို ခရိုအက် ဦး‌ဆောင်တဲ့ raider ခေါ် လုယက်သူတွေက ဖမ်းစီးခေါ်ဆောင်သွားပါတယ်။ဒါကို ရန်သူတာ်ကြီး‌တွေဖြစ်တဲ့ မက်ဂီနဲ့ နီဂန်က ပြန်လည်ပူးပါင်း ပြီး ဟာရှယ်ကို ပြန်ကယ်တင်ဖို့ ရန်သူ့နယ်‌မြေထဲ စွန့်စားခန်းထွက် ကြမှာဖြစ်ပါတယ် ။ Dead City ဆိုတဲ့ နယူးယောက်မြို့ကို အခြေခံ ဇာတ်အိမ်တည်ထားပြီး raiders တွေ ဝေါ်ကာ‌‌ (ခေါ်) ဖုတ်ကောင် တွေ ၊ လက်နက်ကိုင်အင်အားကြီးအဖွဲ့တွေနဲ့ walking dead စီးရီး ကြီးရဲ့ အငွေ့အသက်တွေ ပါ၀င်နေတုန်းဖြစ်တဲ့ စီးရီးအသစ်ကို တင်ဆက်ပေးလိုက်ပါပြီ။တစ်ပတ်ကိုတစ်ပိုင်းနှုန်းဖြင့် စုစုပေါင်း(၆)ပိုင်းထွက်ရှိမှာဖြစ်ပြီး၊ CMမှ အပတ်စဥ်တင်ဆက်ပေးသွားပါမယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။)File Size………….(400 MB) / (800 MB)...

The Walking Dead: Dead City (2023- ) ⭐IMDB: 7.3/10 (12 k Votes) 🎬 #Drama #Action #Adventure #SciFi #Fantasy #Horror #Thriller 🗓 2023- 🎞 tv series 📺 #1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 46 မိနစ် 00 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Walking Dead: Dead City (2023)The Walking Dead: Dead City (2023) ==========================IMDb Rating – 8.0/10 IMDb Rating 8.4/10 ရထားပြီး walking dead series ရဲ့ sequel အဆက်အဖြစ်ထွက်လာတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ Walking Dead ထဲက အဓိက villain ကြီးဖြစ်ခဲ့တဲ့ Negan နဲ့ Maggie တို့အဓိက ဦးဆောင်ပါ၀င်ထားပါတယ် ။ မက်ဂီရဲ့ ဟာ ရှယ်ကို ခရိုအက် ဦး‌ဆောင်တဲ့ raider ခေါ် လုယက်သူတွေက ဖမ်းစီးခေါ်ဆောင်သွားပါတယ်။ဒါကို ရန်သူတာ်ကြီး‌တွေဖြစ်တဲ့ မက်ဂီနဲ့ နီဂန်က ပြန်လည်ပူးပါင်း ပြီး ဟာရှယ်ကို ပြန်ကယ်တင်ဖို့ ရန်သူ့နယ်‌မြေထဲ စွန့်စားခန်းထွက် ကြမှာဖြစ်ပါတယ် ။ Dead City ဆိုတဲ့ နယူးယောက်မြို့ကို အခြေခံ ဇာတ်အိမ်တည်ထားပြီး raiders တွေ ဝေါ်ကာ‌‌ (ခေါ်) ဖုတ်ကောင် တွေ ၊ လက်နက်ကိုင်အင်အားကြီးအဖွဲ့တွေနဲ့ walking dead စီးရီး ကြီးရဲ့ အငွေ့အသက်တွေ ပါ၀င်နေတုန်းဖြစ်တဲ့ စီးရီးအသစ်ကို တင်ဆက်ပေးလိုက်ပါပြီ။တစ်ပတ်ကိုတစ်ပိုင်းနှုန်းဖြင့် စုစုပေါင်း(၆)ပိုင်းထွက်ရှိမှာဖြစ်ပြီး၊ CMမှ အပတ်စဥ်တင်ဆက်ပေးသွားပါမယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။)File Size………….(400 MB) / (800 MB)...

Aachar & Co (2023) ⭐IMDB: 7.9/10 (188 Votes) 🎬 #Bollywood #Comedy #Drama #Family 🗓 2023 🎞 movie 📺 #1080p #720p 💿 1.6 GB ⦿ 695.6 MB 🌎 #India ⏰ 1 နာရီ 45 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Aachar & Co (2023)IMDb-8.1/10 သားသမီးတွေကို ကိုယ့်စိတ်တိုင်းကျအိမ်ထောင်ဖက်နဲ့ပဲပေးစားချင်ကြတာကမိဘအုပ်ထိန်းသူတော်တော်များများရဲ့ အတ္တလို့ဆိုရမလား။သူတို့ဘက်ကကျလည်းကိုယ့်သားသမီးကို ဆင်စီးမြင်းရံတာပဲ မြင်ချင်တာမျိုး ကောင်းစားစေချင်တာမျိုးပေါ့။ဒီကားလေးက ၁၉၆၀ပြည့်နှစ်အလွန်က အိန္ဒိယတောင်ပိုင်းပြည်နယ်ဘန်ဂါလူရူပြည်နယ်ကိုနောက်ခံထားပြီး အမျိုးသမီးဒါရိုက်တာ ဆင်ဒူးဆရီနီဗာဆာမူသီရိုက်ကူးထားတဲ့ မိသားစုဟာသဇာတ်မြူးရုပ်ရှင်လေးပဲဖြစ်ပါတယ်။ သားသုံးယောက် သမီးခုနစ်ယောက်မွေးထားတဲ့ အစိုးရဝန်ထမ်းဆောက်လုပ်ရေးအင်ဂျင်နီယာကြီး ဦးအာချာပေါ့။သူ့သားသမီးတွေကိုသူ့စိတ်တိုင်းကျဖြစ်စေချင်တဲ့ ဖခင်တယောက်။ သားသမီးတွေကို သူ့စိတ်တိုင်းကျ အိမ်ထောင်ဖက်ရှာပေး အိမ်ထောင်ချပေးနေရာကရုတ်တရက်ကွယ်လွန်သွားတဲ့အခါမှာတော့ အိမ်ထောင်မကျသေးတဲ့သမီးရဲ့ဘ၀က အခြေအနေတွေပြောင်းလဲသွားပါတော့တယ်။အဲဒီခေတ်အခြေအနေမှာ ဘာလဲဆိုတော့ အမျိုးသမီးတွေက အိမ်ထောင်ရေးအတွက်အသုံးချခံအနေနဲ့ သက်မဲ့အရာလိုသတ်မှတ်ခံထားရမှုတွေကို မီးမောင်းထိုးပြရင်းခပ်မြူးမြူးလေးကြည့်ရမယ့် ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~BpL~Zwe~Moon~Vတို့ပဲဖြစ်ပါတယ်)...

Hijack (2023- ) ⭐IMDB: 7.5/10 (41 k Votes) 🎬 #Drama #Thriller 🗓 2023- 🎞 tv series 📺 #1080p 🌎 #UnitedStates #UnitedKingdom ⏰ 47 မိနစ် 00 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hijack (2023) မင်းသားကြီး Idris Elba (Hobbs & Shaw/ Suicide Squid) ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ပြီး တွဲဖက်ထုတ်လုပ်သူလုပ်ထားတဲ့ အသစ်စက်စက် လေယာဉ်ပြန်ပေးဆွဲ Thriller စီးရီးလေးလာပါပြီ။ IMDB 7.9/10, Rotten Tomatoes 90% ရရှိထားတဲ့ Apple TV+ ရဲ့ ဒီစီးရီးကတော့ တစ်ပတ် တစ်ပိုင်းနှုန်းနဲ့ အပိုင်း ၇ ပိုင်းထွက်ရှိမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဒူဘိုင်းကနေ လန်ဒန်ကို ပျံသန်းမယ့် ၇နာရီကြာ ခရီးစဉ်အတွက် စိတ်လှုပ်ရှား ပျော်ရွှင်နေသူ ခရီးသည်တွေကြား ကိုယ်စီအကြံတွေနဲ့ မသမာသူ လူတစ်စုရှိနေခဲ့ပါတယ်။ သူတို့ရဲ့ နဂိုအကြံအစည်ကတော့ လေယာဉ်ထွက်ပြီး ၃နာရီအကြာမှ လှုပ်ရှားဖို့ဖြစ်ပေမယ့် မမျှော်လင့်တဲ့အခြေအနေတစ်ခုကြောင့် ခန့်မှန်းချိန်ထက် စောပြီး လှုပ်ရှားရဖို့ ဖြစ်သွားပါတော့တယ်။ ‌ရုတ်တရက်ကြီး ဝရုန်းသုန်းကားတွေဖြစ်၊ ထင်မထားတဲ့ အခြေအနေကြောင့် အားလုံးက ထူပူနေကြတဲ့အချိန်မှာပဲ ခရီးသည်တွေထဲက လူတစ်ယောက်က တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပေးသမားတွေကို စကားဆိုလာတာကတော့ “သူလည်း ကူညီပါမယ်တဲ့”။ ပြန်ပေးသမားတွေလည်း အံ့ဩ၊ ခရီးသည်တွေပါ အံ့ဩသွားရလောက်အောင် ကူညီပေးမယ်လို့ ပြောလာသူကတော့ ဆမ်ဖြစ်ပြီး သူက တကယ်တမ်းတော့ စေ့စပ်ညှိနှိုင်းရေးသမား တစ်ဦးပဲဖြစ်ပါတယ်။ ဒါပေမယ့် သူက သူကမ်းလှမ်းသလို တကယ်ပဲ ပြန်ပေးသမားတွေကို ကူညီပေးမှာလား။ တစ်ဖက်လှည့်နဲ့ သိမ်းသွင်းပြီး ခရီးသည်တွေ ကယ်ဆယ်ပေးမှာလား။ ပြန်ပေးသမားတွေကရော ဘာလို့ လေယာဉ်ကို ပြန်ပေးဆွဲခဲ့တာလဲ။ သူတို့ရဲ့ ရည်ရွယ်ချက်ပဲ အထမြောက် အောင်မြင်သွားမလား၊ ဒါမှမဟုတ် ခရီးသည်တွေပဲ အသက်ဘေးကနေ အေးအေးဆေးဆေး လွတ်ကင်းသွားနိုင်မလား ဆိုတာကိုတော့ လေယာဉ်ပြန်ပေးဆွဲကားတို့ရဲ့ ထုံးစံအတိုင်း ထင်သလောက် မရိုးရှင်းတဲ့ လှည့်ကွက်တွေနဲ့ ရင်တထိတ်ထိတ်၊ အသည်းတယားယား ရှုစားလိုက်ကြပါဦးနော်။ File size…(878 MB)/(426 Mb)...

Invasion (2021- ) ⭐IMDB: 6.1/10 (34 k Votes) 🎬 #SciFi #Fantasy #Drama 🗓 2021- 🎞 tv series 📺 #1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 59 မိနစ် 15 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Invasion (2021) S1 + S2Invasion series(2021) ရုပ်ရှင် အညွှန်း အခု Apple TV + မှာ ထွက်ရှိထားတဲ့ sci-fi /drama seriesကောင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်X-Men ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Simon Kinberg ကိုယ်တိုင် ပါဝင်ဖန်တီးထားတာလည်းဖြစ်ပါတယ် ခေါင်းစဥ်အတိုင်းပဲ ဂြိုလ်သားတွေ ကမ္ဘာကို ကျူးကျော်လာမယ့် ပုံစံမျိုးဖြစ်ပေမယ့် တခြား မြင်တွေ့နေကျ ဂြိုလ်သား ကျူးကျော်တဲ့ movies တွေ seriesတွေနဲ့ လုံးဝ ကွဲထွက်နေမှာ ဖြစ်ပါတယ်ပုံမှန်လိုမျိုး မိသားစု တစ်စု က ဂြိုလ်သားကျူးကျော်မှုကြောင့်ဖြစ်လာတဲ့ အပျက်အစီးတွေကြား လွတ်မြောက်အောင်ရှင်သန်ဖို့ ကြိုးစားရတဲ့ ပုံစံမျိုး မဟုတ်ပါဘူး ဘယ်ကမှန်းမသိတဲ့ ဂြိုလ်သားတွေက ကမ္ဘာကိုရောက်လာပြီး လူတွေဖြစ်တည်မှုကို ခြိမ်းခြောက်ဖို့ကြိုးစားတဲ့အ​ဖြစ်အပျက် ကို နေရာဒေသမတူတဲ့ လူ ငါးယောက်က ထိပ်တိုက်ရင်ဆိုင်ကြုံတွေ့ပြီး ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာကို မြင်တွေ့ရမှာပါ အမေရိကန် ကျေးလက်ဒေသ၊ အာဖဂန်နစ်စတန်နိုင်ငံ ကနေ ဂျပန်မြို့ပြ အထိ မတူညီတဲ့နေရာတွေမှာ ရိုက်ကူးထားပါတယ်season 1အနေနဲ့ ဆယ်ပိုင်းထွက်ရှိမှာဖြစ်ပြီး လောလောဆယ် ၃ပိုင်းအရင် ထွက်ရှိထားပါတယ်File Size – 617@EpisodeQuality –720pDuration – 56 minute (@Episode)Total Episodes: 10 EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama/  Fantasy  / Sci-Fi...

Hijack (2023- ) ⭐IMDB: 7.5/10 (41 k Votes) 🎬 #Drama #Thriller 🗓 2023- 🎞 tv series 📺 #1080p 🌎 #UnitedStates #UnitedKingdom ⏰ 52 မိနစ် 21 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hijack (2023) မင်းသားကြီး Idris Elba (Hobbs & Shaw/ Suicide Squid) ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ပြီး တွဲဖက်ထုတ်လုပ်သူလုပ်ထားတဲ့ အသစ်စက်စက် လေယာဉ်ပြန်ပေးဆွဲ Thriller စီးရီးလေးလာပါပြီ။ IMDB 7.9/10, Rotten Tomatoes 90% ရရှိထားတဲ့ Apple TV+ ရဲ့ ဒီစီးရီးကတော့ တစ်ပတ် တစ်ပိုင်းနှုန်းနဲ့ အပိုင်း ၇ ပိုင်းထွက်ရှိမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဒူဘိုင်းကနေ လန်ဒန်ကို ပျံသန်းမယ့် ၇နာရီကြာ ခရီးစဉ်အတွက် စိတ်လှုပ်ရှား ပျော်ရွှင်နေသူ ခရီးသည်တွေကြား ကိုယ်စီအကြံတွေနဲ့ မသမာသူ လူတစ်စုရှိနေခဲ့ပါတယ်။ သူတို့ရဲ့ နဂိုအကြံအစည်ကတော့ လေယာဉ်ထွက်ပြီး ၃နာရီအကြာမှ လှုပ်ရှားဖို့ဖြစ်ပေမယ့် မမျှော်လင့်တဲ့အခြေအနေတစ်ခုကြောင့် ခန့်မှန်းချိန်ထက် စောပြီး လှုပ်ရှားရဖို့ ဖြစ်သွားပါတော့တယ်။ ‌ရုတ်တရက်ကြီး ဝရုန်းသုန်းကားတွေဖြစ်၊ ထင်မထားတဲ့ အခြေအနေကြောင့် အားလုံးက ထူပူနေကြတဲ့အချိန်မှာပဲ ခရီးသည်တွေထဲက လူတစ်ယောက်က တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပေးသမားတွေကို စကားဆိုလာတာကတော့ “သူလည်း ကူညီပါမယ်တဲ့”။ ပြန်ပေးသမားတွေလည်း အံ့ဩ၊ ခရီးသည်တွေပါ အံ့ဩသွားရလောက်အောင် ကူညီပေးမယ်လို့ ပြောလာသူကတော့ ဆမ်ဖြစ်ပြီး သူက တကယ်တမ်းတော့ စေ့စပ်ညှိနှိုင်းရေးသမား တစ်ဦးပဲဖြစ်ပါတယ်။ ဒါပေမယ့် သူက သူကမ်းလှမ်းသလို တကယ်ပဲ ပြန်ပေးသမားတွေကို ကူညီပေးမှာလား။ တစ်ဖက်လှည့်နဲ့ သိမ်းသွင်းပြီး ခရီးသည်တွေ ကယ်ဆယ်ပေးမှာလား။ ပြန်ပေးသမားတွေကရော ဘာလို့ လေယာဉ်ကို ပြန်ပေးဆွဲခဲ့တာလဲ။ သူတို့ရဲ့ ရည်ရွယ်ချက်ပဲ အထမြောက် အောင်မြင်သွားမလား၊ ဒါမှမဟုတ် ခရီးသည်တွေပဲ အသက်ဘေးကနေ အေးအေးဆေးဆေး လွတ်ကင်းသွားနိုင်မလား ဆိုတာကိုတော့ လေယာဉ်ပြန်ပေးဆွဲကားတို့ရဲ့ ထုံးစံအတိုင်း ထင်သလောက် မရိုးရှင်းတဲ့ လှည့်ကွက်တွေနဲ့ ရင်တထိတ်ထိတ်၊ အသည်းတယားယား ရှုစားလိုက်ကြပါဦးနော်။ File size…(878 MB)/(426 Mb)...

Aachar & Co (2023) ⭐IMDB: 7.9/10 (185 Votes) 🎬 #Bollywood #Comedy #Drama #Family 🗓 2023 🎞 movie 📺 #1080p #720p 💿 685.4 MB ⦿ 1.6 GB 🌎 #India ⏰ 1 နာရီ 43 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Aachar & Co (2023)IMDb-8.1/10 သားသမီးတွေကို ကိုယ့်စိတ်တိုင်းကျအိမ်ထောင်ဖက်နဲ့ပဲပေးစားချင်ကြတာကမိဘအုပ်ထိန်းသူတော်တော်များများရဲ့ အတ္တလို့ဆိုရမလား။သူတို့ဘက်ကကျလည်းကိုယ့်သားသမီးကို ဆင်စီးမြင်းရံတာပဲ မြင်ချင်တာမျိုး ကောင်းစားစေချင်တာမျိုးပေါ့။ဒီကားလေးက ၁၉၆၀ပြည့်နှစ်အလွန်က အိန္ဒိယတောင်ပိုင်းပြည်နယ်ဘန်ဂါလူရူပြည်နယ်ကိုနောက်ခံထားပြီး အမျိုးသမီးဒါရိုက်တာ ဆင်ဒူးဆရီနီဗာဆာမူသီရိုက်ကူးထားတဲ့ မိသားစုဟာသဇာတ်မြူးရုပ်ရှင်လေးပဲဖြစ်ပါတယ်။ သားသုံးယောက် သမီးခုနစ်ယောက်မွေးထားတဲ့ အစိုးရဝန်ထမ်းဆောက်လုပ်ရေးအင်ဂျင်နီယာကြီး ဦးအာချာပေါ့။သူ့သားသမီးတွေကိုသူ့စိတ်တိုင်းကျဖြစ်စေချင်တဲ့ ဖခင်တယောက်။ သားသမီးတွေကို သူ့စိတ်တိုင်းကျ အိမ်ထောင်ဖက်ရှာပေး အိမ်ထောင်ချပေးနေရာကရုတ်တရက်ကွယ်လွန်သွားတဲ့အခါမှာတော့ အိမ်ထောင်မကျသေးတဲ့သမီးရဲ့ဘ၀က အခြေအနေတွေပြောင်းလဲသွားပါတော့တယ်။အဲဒီခေတ်အခြေအနေမှာ ဘာလဲဆိုတော့ အမျိုးသမီးတွေက အိမ်ထောင်ရေးအတွက်အသုံးချခံအနေနဲ့ သက်မဲ့အရာလိုသတ်မှတ်ခံထားရမှုတွေကို မီးမောင်းထိုးပြရင်းခပ်မြူးမြူးလေးကြည့်ရမယ့် ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~BpL~Zwe~Moon~Vတို့ပဲဖြစ်ပါတယ်)...

The Walking Dead: Dead City (2023- ) ⭐IMDB: 7.3/10 (12 k Votes) 🎬 #Drama #Action #Adventure #SciFi #Fantasy #Horror #Thriller 🗓 2023- 🎞 tv series 📺 #1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 48 မိနစ် 31 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Walking Dead: Dead City (2023)The Walking Dead: Dead City (2023) ==========================IMDb Rating – 8.0/10 IMDb Rating 8.4/10 ရထားပြီး walking dead series ရဲ့ sequel အဆက်အဖြစ်ထွက်လာတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ Walking Dead ထဲက အဓိက villain ကြီးဖြစ်ခဲ့တဲ့ Negan နဲ့ Maggie တို့အဓိက ဦးဆောင်ပါ၀င်ထားပါတယ် ။ မက်ဂီရဲ့ ဟာ ရှယ်ကို ခရိုအက် ဦး‌ဆောင်တဲ့ raider ခေါ် လုယက်သူတွေက ဖမ်းစီးခေါ်ဆောင်သွားပါတယ်။ဒါကို ရန်သူတာ်ကြီး‌တွေဖြစ်တဲ့ မက်ဂီနဲ့ နီဂန်က ပြန်လည်ပူးပါင်း ပြီး ဟာရှယ်ကို ပြန်ကယ်တင်ဖို့ ရန်သူ့နယ်‌မြေထဲ စွန့်စားခန်းထွက် ကြမှာဖြစ်ပါတယ် ။ Dead City ဆိုတဲ့ နယူးယောက်မြို့ကို အခြေခံ ဇာတ်အိမ်တည်ထားပြီး raiders တွေ ဝေါ်ကာ‌‌ (ခေါ်) ဖုတ်ကောင် တွေ ၊ လက်နက်ကိုင်အင်အားကြီးအဖွဲ့တွေနဲ့ walking dead စီးရီး ကြီးရဲ့ အငွေ့အသက်တွေ ပါ၀င်နေတုန်းဖြစ်တဲ့ စီးရီးအသစ်ကို တင်ဆက်ပေးလိုက်ပါပြီ။တစ်ပတ်ကိုတစ်ပိုင်းနှုန်းဖြင့် စုစုပေါင်း(၆)ပိုင်းထွက်ရှိမှာဖြစ်ပြီး၊ CMမှ အပတ်စဥ်တင်ဆက်ပေးသွားပါမယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။)File Size………….(400 MB) / (800 MB)...

Taali (2023- ) ⭐IMDB: 8.6/10 (9 k Votes) 🎬 #Drama 🗓 2023- 🎞 tv series 📺 #1080p 🌎 #India ⏰ 34 မိနစ် 2 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Taali (2023)Taali (TV Series)(2023) IMDb-8.6/10“တချို့က ကျွန်မကိုလူမှုအကျိုးဆောင်လို့ခေါ်ပြီး တချို့ကတော့ ကျွန်မကို ဟီဂျရာလို့ခေါ်ကြပေမယ့် ဒီကမ္ဘာကြီးမှာ ကျွန်မကို အမေလို့ခေါ်တဲ့သူတွေလည်း ရှိနေတာပဲလေ” ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို မင်းသမီးကြီး ဆူရှ်မီတာဆန်း အဓိကသရုပ်ဆောင်ထားတဲ့ တီဗီစီးရီးကောင်းကောင်းတစ်ခု တင်ဆက်ပေးလိုက်ပါတယ် ဂေါ်ရီဇာတ်ရုပ်နဲ့ ဆူရှ်မီတာအရမ်းကိုလိုက်ဖက်သောပါပဲဂန်နူဆိုတဲ့ကောင်လေးဟာ အတန်းထဲမှာဘာဖြစ်ချင်လဲမေးတဲ့အချိန် “မိခင်တစ်ယောက်ဖြစ်ချင်တယ် အိမ်သားတွေအတွက် ဂျပါတီတွေပြင်ပေးပြီး ပြုစုပျိုးထောင်ချင်တယ်”လို့ ဝမ်းသာအားရဖြေခဲ့တဲ့ ကလေးလေးပေါ့….အဲဒီချိန်ကစဘဝဟာ မတူကွဲပြားမှုနဲ့ အတိုက်အခိုက်အငြင်းအခုံတွေစတော့တာပဲ ဒီလိုအခြေအနေအတိုက်အခိုက်မျိုးစုံကို ငယ်စဉ်တည်းက ဘယ်လိုရင်ဆိုင်ခဲ့လဲ ဒီအသိုက်အဝန်းအတွက်သူဘယ်လိုရပ်တည်ဆောက်ရွက်ပေးခဲ့လဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်မတူညီကွဲပြားမှုကို အပြည့်အဝနားလည်ပေးနိုင်ဖို့ဆိုတာမျိုးက အဲဒီလိုမျိုးကြုံဖူးမှ ဒါမှမဟုတ် ကာယကံရှင်နဲ့အနီးစပ်ဆုံးဖြစ်ဖူးမှသိနိုင်တာမျိုးပါ လက်တွေ့ဘဝမှာ တစ်ဖက်သားနေရာကို ဝင်ကြည့်ဖို့ခက်ခဲတဲ့အချိန်မှာ ဒီလိုဖြစ်ရပ်မှန်ဇာတ်လမ်းလေးတွေက အများကြီးအထောက်အကူပြုပါတယ်(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Zwe ~ Cherry ~ Yunni တို့ပဲဖြစ်ပါတယ်)Quality : 650MB /  400MBTotal Episodes : 6EpsFormat : mp4Genres : Drama~ BollywoodDuration : 29minsSubtitle : Myanmar Subtitle ( Hardsub )...

Special Ops: Lioness (2023- ) ⭐IMDB: 7.6/10 (9 k Votes) 🎬 #Drama #Action #Thriller 🗓 2023- 🎞 tv series 📺 #1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 41 မိနစ် 35 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Special Ops: Lioness (2023)Special Ops: Lioness (2023) ==================== IMDb Rating – 6.8/10အထူးစစ်ဆင်ရေးတပ်ဖွဲ့တစ်ခုအကြောင်း ရိုက်ကူးထားတဲ့ စီးရီး ကောင်းတစ်ခုပါ။ ဒါရိုက်တာကတော့Yellowstone, Wind River တို့လို ဇာတ်လမ်းတွေကို ရေးသားခဲ့တဲ့ Taylor Sheridan ပါပဲ။ မင်းသမီးကတော့ Avatar ထဲက နတေးရီးအဖြစ်၊ GotG ထဲက ဂါမိုရာအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Zoe Saldana ပါပဲ။ သူနဲ့အတူ နီကိုးကစ်မန်း၊ မောဂန်ဖရီးမန်းတို့လည်း ပါပါသေးတယ်။ ဒီတော့ စီးရီးအနေနဲ့ကြည့်ရင်တော့ သရုပ်ဆောင်အကြီးတန်း အတော် သုံးထားသလိုပါပဲ။ ဇာတ်လမ်းအကျဉ်း အာဖဂန်၊ အီရတ်ရှေ့တန်းတွေမှာ ဖမ်းမိတဲ့အမျိုးသမီးတွေကို စစ် ဆေးဖို့ အမျိုးသမီးတပ်ဖွဲ့ဝင်တွေ ရှာရာကနေ ခြင်္သေ့မအထူးတပ်ဖွဲ့ ဆိုတာပေါ်လာပါတယ်။ အဲဒီအဖွဲ့ဝင်အမျိုးသမီးတွေဟာ အရေးကြီး ပစ်မှတ်တွေရဲ့ ဇနီး၊ ရည်းစား၊ မိသားစုဝင်တွေကို အသွင်ယူပြီး ခင် အောင်ဝင်လုံးရပါတယ်။ အဲဒီကနေမှာ ပစ်မှတ်ရဲ့သတင်းကို စုဆောင်း ပြီး အထူးတပ်ဖွဲ့တွေက လုပ်ကြံတာပဲ ဖြစ်ပါတယ်။ အဲဒီတော့ စပိုင် ဆန်ဆန် thriller ဇာတ်လမ်းကိုမှ စစ်ဆင်ရေးနဲ့တိုက်ပွဲတွေ ပေါင်းစပ် ထားတာမို့ ကြည့်လို့ကောင်းမယ့် စီးရီးတစ်ခုပါပဲ။ စုစုပေါင်း(၈)ပိုင်း ပါဝင်ပြီး အပတ်စဉ်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်။)File Size………….(250 MB) / (700 MB)...

Justified: City Primeval (2023- ) ⭐IMDB: 7.8/10 (6 k Votes) 🎬 #Crime #Drama 🗓 2023- 🎞 tv series 📺 #1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 44 မိနစ် 47 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Justified: City Primeval (2023)Justified: City Primeval (2023) ======================= Crime ,Drama IMDb Rating 7.8/10 Rotten Toamtoes 91%Rating တွေ အရမ်းကောင်းနေတဲ့ Hulu ဇာတ်လမ်းတွဲလေးတစ်ခု ဖြစ်ပါတယ်။ မိုင်ယာမီက နာမည်ကျော် အမေရိကန် ရဲအရှာရှိ ရေလန် ဂါဗင်က သမီးဖြစ်သူနဲ့အတူ ဒီထရိုက်မြို့ကို ခရီးနှင်လာပါတယ်။ နာမည် ကျော်တယ်ဆိုတာက ရေလန်ရဲ့ ပုံစံအနေအထားနဲ့ အရည်အချင်းတွေ ကြောင့်ပါ။ ကောင်းဘွိုင်တစ်ယောက်လို အမြဲဝတ်စားပြီး ဦးထုပ်ဆောင် ထားတတ်တဲ့ ရေလန်ဂါဗင်ဟာ ဒုစရိုက်လောကမှာတင် နာမည်ကြားရုံနဲ့ ကောင်းဘွိုင်ရဲဆိုပြီး အတော်လေး ရှိန်ကြပါတယ် ။ ဒီထရိုက်ကိုရောက်တော့ လမ်းမှာ သူ့ကားကိုမှ ဓားပြတိုက်တဲ့ ၂ ကောင်ကို ကိုယ်တိုင်ဖမ်းဆီးပြီး တရားရုံးတင်ပေးလိုက်ပါသေးတယ်။ နောက်နေ့မှာပဲ တရားခွင်မှာစစ်ဆေးတဲ့ တရားသူကြီး အယ်ဗင်ဂိုင်း အသတ်ခံလိုက်ရပါတယ်။ သတ်သွားတဲ့သူကလည်း ထောင်နှုတ်ခမ်းဝကိုဝင်လိုက်ထွက်လိုက်လုပ်နေတဲ့ ကလဲမန့်မန်ဆယ်ပါ။ ကလဲမန့်ဆိုတာက စိတ္တဇသွေးအေးလူသတ်သမား ဖြစ်ပြီး ကတုံးပေါ်ထိပ်ကွက်လုပ်တတ်တဲ့ လူမိုက်မျိုးပါ။ သူတရားသူကြီးကို သတ်လိုက်ရာကနေ ကောင်းဘွိုင်ရဲ ရေလန်ဂါဗင်နဲ့ ထိပ်တိုက်တိုးပါတော့ တယ်။ ဆရာကြီး နှစ်ယောက်အားပြိုင်ကြတဲ့ ဇာတ်လမ်းတွဲမှာ ဘယ်သူက အသာရသွားမလဲဆိုတာကို အက်ရှင်ခပ်ကြမ်းကြမ်းတွေနဲ့ စိတ်ဝင်တစား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။)File Size………….(300 Mb) / (700 MB)...

Ahsoka (2023- ) ⭐IMDB: 8.9/10 (3 k Votes) 🎬 #Action #Adventure #SciFi #Fantasy #Drama 🗓 2023- 🎞 tv mini series 📺 #1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 43 မိနစ် 9 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ahsoka (2023) စတားဝေါစီးရီးအသစ်တစ်ခု ဒစ္စနေးကနေ ထွက်ရှိလာပါပြီ။ ဒီတစ်ခါကတော့ ဂျဒိုင်းတစ်ယောက်ဖြစ်တဲ့ အာဆိုးကာ တာနိုရဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ အာဆိုးကာ တာနာဟာ ကလုန်းစစ်ပွဲကာလမှ နာမည်ကြီးလာတဲ့ ဂျဒိုင်းသူရဲကောင်းဖြစ်ပြီး၊ စွမ်းအားအကြီးဆုံး ဂျဒိုင်းတွေထဲက တစ်ယောက်ဖြစ်တဲ့ အနာကင်စကိုင်းဝေါ်ကာ (ဒါ့ဗိတ်ဒါ)ရဲ့ လက်ထောက်တပည့်ရင်းလည်းဖြစ်ခဲ့ပါတယ်။ အာဆိုးကာဟာ ဂျဒိုင်း ကာရိုက်တာတွေထဲမှာ လူကြိုက်အများဆုံးထဲက တစ်ယောက်ဖြစ်ပြီး တူဂရူတာ မုဆိုးဂြိုလ်သားမျိုးနွယ်ဝင်လည်း ဖြစ်ပါတယ်။ ဆစ်သ်တွေထဲက နာမည်ကြီး ဒါ့သ်မောကိုလည်း ကလုန်းစစ်ပွဲကာလအတွင်း အနိုင်တိုက် ဖမ်းဆီးနိုင်ခဲ့ပြီး ဂျဒိုင်းတွေနဲ့ မန်ဒါလိုရီရန်တွေကြားက အငြိုးတွေကို ကျေလည်စေခဲ့ပြီး မန်ဒါလိုရီရန်သူတစ်ယောက်ဖြစ်တဲ့ ဆဘင်းဝရန်ကိုလည်း လက်ထောက်အဖြစ် လက်ခံသင်ကြားပေးခဲ့ပါတယ်။ကလုန်းစစ်ပွဲအစမှာ အာဆိုးကာဟာ အလင်းဓားအဖြူတစ်ချောင်းနဲ့ ထူးထူးခြားခြားစတင်ခဲ့ပေမဲ့ တဖြည်းဖြည်းနဲ့ အလင်းဓားနှစ်ချောင်းနဲ့တိုက်ခဲ့တဲ့သူ ဖြစ်လာခဲ့ပါတယ်။ ရန်သူရဲ့အလင်းဓားတွေကိုပါ ပိတ်ပစ်နိုင်တဲ့ အစွမ်းရှိတဲ့လူသုံးယောက်ထဲမှာ တစ်ယောက်အပါအဝင်ဖြစ်လာပါတယ်။ ကျန်တဲ့နှစ်ယောက်က မာစတာယိုးဒါးနဲ့ The Son ပါ။ ဒီဇာတ်လမ်းမှာတော့ အင်ပါယာကျဆုံးပြီး ပြည်ထောင်စုသစ် ဖြစ်ခါစ အချိန်ကိုအခြေခံထားပါတယ်။ အင်ပါယာ ဗိုလ်ချုပ်ကြီး သရောင်းပျောက်ဆုံးနေချိန်မှာ အင်ပါယာလက်ကျန်လူတွေက သူ့ကိုပြန်ရှာခေါ်ပြီး နောက်တစ်ကြိမ်စစ်တိုက်ဖို့ ကြိုးစားလာပါတယ်။ ဒါကို အာဆိုးကာက ခြေရာခံမိပြီး လိုက်စုံစမ်းဖို့ ဖြစ်လာပါတယ်။ အာဆိုးကာနဲ့ သူ့တပည့် ဆဘင်းတို့လည်း လမ်းခွဲထားတာမို့ သူတို့နှစ်ယောက်ကြားက အဖုအထစ်တွေကို ပြန်ညှိနှိုင်းနေရတုန်းပါပဲ။ အာဆိုးကာဟာ ကလုန်းစစ်ပွဲအဆုံး ဒါ့ဗိတ်ဒါနဲ့ နောက်ဆုံးတိုက်ပွဲမှာ သူ့ကို တော်လှန်ရေးခေါင်းဆောင် အဲဇရာက ကယ်ဆယ်ခဲ့တာပါ။ ဒါပေမဲ့ အင်ပါယာနဲ့နောက်ဆုံးတိုက်ပွဲမှာ ဗိုလ်ချုပ်ကြီး သရောင်းနဲ့အတူ အဲဇရာလည်း ပျောက်ဆုံးသွားတာမို့ သရောင်းကိုလိုက်ရှာရင်း အဲဇရာကို ပြန်တွေ့မလားဆိုတဲ့ မျှော်လင့်ချက်လည်း ပါလာပါတယ်။ ဒါ့အပြင် သရောင်းကိုလိုက်ရှာနေတဲ့ ဂျဒိုင်း/ဆစ်သ် နှစ်ယောက်ထဲက တစ်ယောက်ဟာ ကလုန်းစစ်ပွဲအတွင်း အစွမ်းအထက်ဆုံး ဂျဒိုင်းတွေထဲက တစ်ယောက်ဖြစ်တဲ့ ဘေလန်စကောဖြစ်နေတာကြောင့် အာဆိုးကာတို့ ဆရာတပည့်နဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ဆက်ကြည့်ရမှာပါပဲ။ File size…(690 Mb)/ (388 Mb)...

Lakiro (2023) ⭐IMDB: 5.2/10 (620 Votes) 🎬 #Bollywood #Drama #Musical 🗓 2023 🎞 movie 📺 #720p #1080p 💿 898.0 MB ⦿ 2.1 GB 🌎 #India ⏰ 2 နာရီ 25 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Lakiro (2023)IMDb 5.2/10Drama/Musical တယောက်နဲ့တယောက်ချစ်လို့ပဲဖြစ်ဖြစ် မိဘဆွေမျိုးအသိုင်းအဝိုင်းကပေးစားလိုက်လို့ပဲဖြစ်ဖြစ် အိမ်ထောင်တခုတည်ဆောက်ပြီးတဲ့အခါအဲဒီအိမ်ထောင်ရေးကို သာယာစွာနဲ့ဆက်လက်တည်မြဲစေဖို့ ဘာတွေလိုအပ်လဲ။အချစ်လား ငွေကြေးချမ်းသာမှု ဒါမှမဟုတ် အလုပ်အကိုင်တွေလားသားသားမီးမီးတွေလား။ ပုံမှန်အချစ်ဇာတ်လမ်းတွေမှာတော့ လူနှစ်ယောက် ချစ်မိကြပြီးရင် ပျော်ပျော်ရွှင်ရွှင်လက်ထပ်လိုက်ကြပါတယ်ဆိုပြီးဇာတ်သိမ်းသွားတတ်ကြပေမယ့် ဒီဇာတ်လမ်းမှာတော့ အဲဒီလိုမဟုတ်ခဲ့ပါဘူး။ ဟရီရှီနဲ့ ရီချာဟာ တက္ကသိုလ်ကျောင်းတော်ကြီးမှာဆုံတွေ့ခဲ့ပြီး ချစ်ခဲ့ကြတယ်။ သမီးရည်းစားဘဝကို ဖြတ်သန်းပြီးကြတဲ့အခါမှာ အလုပ်ကိုယ်စီနဲ့အိမ်ထောင်တစ်ခုကိုထူထောင်ဖို့ လက်ထပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒါဟာ သူတို့အတွက်တတော့ ပျော်ရွှင်စရာအဆုံးသတ်မဟုတ်ပဲ ပြဿနာတွေရဲ့အစဖြစ်လာပါတယ်။အလုပ်ကိုယ်စီလုပ်နေကြတာကိုက ကွာရှင်းဖို့လမ်းစတစ်ခုဖြစ်လာပါတော့တယ်။ အရမ်းချစ်ခဲ့ကြတဲ့သူတို့တွေ ဒီအိမ်ထောင်ရေးကို တည်မြဲဖို့ကြိုးစားကြမှာလား။ ဒီတိုင်းပဲ လက်လွှတ်ဆုံးရှုံးခံလိုက်ကြမလားဆိုတာတော့ ဒီဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Cherry~V~BpL~Yunni~Zweတို့ပဲဖြစ်ပါတယ်။)...

Love You Long Time (2023) ⭐IMDB: 5.8/10 (81 Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 📺 #1080p #720p 💿 1.2 GB ⦿ 481.2 MB 🌎 #Philippines ⏰ 1 နာရီ 45 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဖိလစ်ပိုင်ကားကတော့ မြင်ဖူးနေကျဖိလစ်ပိုင်ကားတွေနဲ့ ကွဲထွက်ပါတယ်။ အရာရာကို သဘာဝရှုခင်းလှလှ၊ ရုပ်ရှင်ဓာတ်ပုံလှလှတွေနဲ့  ငြိမ့်ငြိမ့်လေးပြသွားတာ အချစ်ကဗျာတစ်ပုဒ် ဖတ်နေရသလိုပါပဲ။ အစပိုင်းမှာ ကြည့်ရတာပျင်းကောင်းပျင်းနိုင်ပေမဲ့ စိတ်ရှည်ရှည်နဲ့ဆက်ကြည့်ရင် ဒီရုပ်ရှင်ကပေးစွမ်းချင်တဲ့ရသတွေကို ခံစားရမှာပါ။ အချစ်ဆိုတာလည်း ခက်တော့ခက်သား ဝေးရမယ်ဆိုမှ ပိုတွေ့ချင်မိတယ် ခွဲရမယ်ဆိုမှ ဆွဲထားချင်မိတယ်။ Before Trilogy တွေကိုကြည့်ပြီး မရိုးမရွဖြစ်စေတဲ့အရာကလည်း ဒီလိုပဲ ဘဝမှာအလွယ်ရခဲ့သမျှအချစ်တွေအားလုံးကို ပေါပေါပဲပဲလုပ်ခဲ့ပြီးမှ ရထားခရီးစဉ် ဆုံးရင် ခွဲရတော့မယ့်လူကိုမှ ချစ်မိသွားလို့ နှစ်ယောက်သား နောင်တမရအောင် လမ်းခုလတ်က ဘူတာမှာ တစ်ညတာဆင်းနေခဲ့ကြတယ်မဟုတ်လား။ ကိုယ်ရဲ့ပစ္စုပ္ပန်က မင်းရဲ့အတိတ် မင်းရဲ့ပစ္စုပ္ပန်က ကိုယ့်အနာဂတ်အဖြစ် ၄ နှစ်တာ ကွာဟနေတဲ့ အချိန်ကာလကို ကိုယ်တို့အချစ်နဲ့ ဘယ်လိုပိတ်ဆို့ကြမလဲ။ ကိုယ်ကတော့ ဖုန်းအဟောင်းတစ်လုံးနဲ့ မကျေနပ်နိုင်ဘူး။ မင်းကိုထိတွေ့ခွင့်တွေ၊ မင်းနဲ့အတူထိုင်ပြီး ကော်ဖီသောက်ခွင့်တွေ၊ မင်းချသမျှဆုံးဖြတ်ချက်တိုင်းမှာ အရေးပါခွင့်တွေကို လောဘတက်ချင်သေးတယ်။ မျှော်လင့်ချက်ဟာ အရာရာဆိုတာကို လက်ခံကြလားဗျ။ မျှော်လင့်ချက်ကြောင့် အသက်ရှင်သလို မျှော်လင့်ချက်ကြောင့် သေဆုံးနိုင်တာပါပဲ။ ကိုယ့်ကိုယ်ကိုသေလူလို့ သက်မှတ်ထားတဲ့ကိုယ်က ဒီမျှော်လင့်ချက်တွေကြောင့်ပဲ အသက်ရှင်ချင်လာမိတယ်… ဒီဇာတ်ကားလေးကတော့ Healing movie ကောင်းကောင်းတစ်ခုဖြစ်တဲ့အတွက် အချစ်ကြောင့် စိတ်ပင်ပန်းနွမ်းနယ်နေခဲ့ရင် ဒီကားကိုကြည့်ဖို့ ညွှန်းပေးချင်ပါတယ်ခင်ဗျာ။...

The Island (2023) ⭐IMDB: 4.1/10 (378 Votes) 🎬 #Action #Thriller #Crime 🗓 2023 🎞 movie 📺 #1080p #720p 💿 1.6 GB ⦿ 896.1 MB 🌎 #SaintKittsandNevis #St.Kitts&Nevis #St.KittsandNevis ⏰ 1 နာရီ 33 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Actionကားတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက် ဒီနှစ်အတွင်းမှာထွက်ရှိထားတဲ့ အသစ်စက်စက်ရုပ်ရှင်ပဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့ အမေရိက ကျွန်းတစ်ကျွန်းပေါ်မှာတည်ထားတာပဲဖြစ်ပါတယ်။ ညီဖြစ်သူ အသတ်ခံလိုက်ရပြီးနောက်မှာ LAPD ရဲတစ်ယောက်ဖြစ်တဲ့ မာ့ခ်က သူ့ရဲ့ကြီးပြင်းရာဇာတိဖြစ်တဲ့ ကျွန်းပေါ်ပြန်သွားခဲ့ပါတယ်။သူ့ညီအတွက် လက်စားချေဖို့ပြင်ဆင်ရင်း သူတို့ရဲ့ကျွန်းက အရင်လို အေးချမ်းတဲ့နေရာမဟုတ်တော့ဘဲ ဂိုဏ်းသားတွေရဲ့ လက်ဝါးကြီးအုပ် အနိုင်ကျင့်ခံနေရမှန်းသိသွားတဲ့အခါမှာ ညီအတွက်ရော ကျွန်းကိုပါ ကာကွယ်ရင်း လက်စားချေတာကို ကြည့်ရမှာပါ။စိတ်လှုပ်ရှားစရာ အက်ရှင်ကားကောင်းရှာနေတဲ့သူဆို အံကိုက်ပါပဲ။ အက်ရှင်ကားမို့လို့ ဇာတ်လမ်းအလှည့်အပြောင်းတွေအများကြီးနဲ့ဆိုတော့ အများကြီးမညွှန်းတော့ပါဘူး။ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါ။...