ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
When I Turned Nine (2004) ⭐TMDB: 75% User Score 🎬 #Drama #Youth #Family #Romance 🗓 2004 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 45 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 When I Turned Nine (2004)*************************ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ကားလေးက (၂၀၀၄) ခုနှစ်၊ (၁၂) ကြိမ်မြောက် Chunsa Film Art Awards မှာ Best Film, Best Director, Best Screenplay နဲ့ Best Child Actor/Actress ဆုတွေအများကြီး ဆွတ်ခူးရရှိခဲ့တဲ့ When I turned nine ဆိုတဲ့ movie လေးပဲ ဖြစ်ပါတယ် .. သရုပ်ဆောင်တွေအနေနဲ့ ဘဲ့ယောမင်းအဖြစ် ဂင်ဆော့၊ ဂျန်ဝူရင်း အဖြစ် The Red Sleeve, The Law Cafe တို့မှ ပရိသတ်တို့ အချစ်တော် မင်းသမီးလေး အီဆယ်ယောင်းတို့ ပါဝင်ထားပြီး ဒီကားလေးမှာတော့ အီဆယ်ယောင်းကို ချစ်စရာ(၉)နှစ်သမီးလေးအနေနဲ့ မြင်တွေ့ရမှာပဲဖြစ်ပါတယ် .. ဇာတ်လမ်းအညွှန်း*************ဘဲ့ယောမင်းဟာ အသက် (၉) နှစ် အရွယ်နဲ့မလိုက်အောင် ရင့်ကျက်တဲ့ ကောင်လေးဖြစ်ပြီး မျက်လုံးတစ်ဖက်မမြင်တော့တဲ့ အမေဖြစ်သူနဲ့အတူနေထိုင်သူပါ.. အမေ့အတွက် မျက်မှန်ဝယ်ပေးချင်တာကြောင့် ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်တွေ လုပ်နေခဲ့ပါတယ်… ဂျန်ဝူရင်းကတော့ ဆိုးလ်ကနေ ကျောင်းပြောင်းလာတဲ့ ခပ်စွာစွာကောင်မလေးပါ… ဘဲ့ယောမင်းတစ်ယောက် ဝူရင်းကို မြင်မြင်ချင်းမှာတင် သဘောကျသွားခဲ့ပြီး သူတို့နှစ်ယောက် ဘယ်လိုတွေ ဆက်ပြီးဖြစ်လာမလဲ .. ဝူရင်းလေးကရော ဘဲ့ယောမင်းကို ပြန်ပြီး သဘောကျလာမှာလား .. (၉)နှစ် အရွယ်ကလေးတွေရဲ့ အချစ်နဲ့ သူငယ်ချင်းသံယောဇဥ်တွေကို ချစ်စရာကောင်းအောင် ပုံဖော်သွားတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမဲ့ ကားကောင်းလေးပဲဖြစ်ပါတယ် .. အညွှန်းကို Htoo Pyae Pyae Aung မှ ရေးသားပေးထားပါတယ်...
Pilya (2024) ⭐IMDB: 7.0/10 (11 Votes) 🎬 #Adult #Drama #Romance 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 7 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pilya (2024) ဂျူးလ်စ်ဆိုတဲ့ကျောင်းသူလေးဟာ အပျိုဖော်ဝင်စကောင်မလေးဖြစ်ပြီး သူ့အတွယ်တာရဆုံးသူကတော့ သူငယ်ချင်းဖြစ်သူ ဒါလီယာဖြစ်ပါတယ်။ တစ်နေ့တော့ သူတို့ကျောင်းကိုပြောင်းလာတဲ့ကျောင်းသူအသစ်ဖြစ်တဲ့ နက်ဆာဆိုတဲ့ဆတ်ဆလူးမလေးတစ်ယောက်နဲ့ ဒါလီယာတို့ဟာ အကျင့်တူစရိုက်တူအဖွဲ့ကျသွားကြရင်း ဂျူးလ်စ်တစ်ယောက်ဘေးရောက်စပြုလာပါတယ်။ ဒီလိုနဲ့ သူ့သူငယ်ချင်း သူ့ဘက်ဆီပြန်ရောက်လာဖို့အတွက် ကြံရာမရဖြစ်နေတဲ့ ဂျူးလ်စ်ဟာ မဆိုင်သူတွေပါထိခိုက်သွားစေမယ့် ကောလဟာလတစ်ခုကိုဖန်တီးမိပါတော့တယ်။ အဲ့ဒါကတော့ တစ်ကျောင်းလုံးက မိန်းကလေးတွေရဲ့စိတ်ကူးယဉ်မင်းသားလေးဖြစ်တဲ့ သူတို့ဆရာတစ်ဦးနဲ့ သူတို့သုံးယောက်လုံးဟာ တိတ်တိတ်ပုန်းဇာတ်လမ်းဖြစ်နေတယ်ဆိုတာပါပဲ။ စိတ်ကူးယဉ်တတ်တဲ့ဆယ်ကျော်သက်လေးတွေရဲ့ဇာတ်ကို စိတ်ကူးယဉ်ဇာတ်ဝင်ခန်းပေါင်းများစွာနဲ့တင်ဆက်ထားတာဖြစ်ပါတယ်။...
Shriek If You Know What I Did Last Friday the Thirteenth (2000) ⭐TMDB: 47% User Score 🎬 #Comedy #Horror 🗓 2000 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Shriek If You Know What I Did Last Friday the Thirteenth (2000) ဟော်ရာပရိသတ်တွေဆို Scream, Friday the 13th, I Know What You Did Last Summer အဲဒီဇာတ်ကားတွေကို သိကိုသိကြမှာပါ။ ဒါကတော့ Scary Movie တွေလိုပဲ အဲဒီသုံးကားလုံးကို ဟာသလုပ်ပြီးရိုက်ထားတဲ့ ဇာတ်ကားလေးပါ။ မူရင်းဇာတ်ကားတွေကို ကြည့်ဖူးထားရင် ပိုခွီရပါလိမ့်မယ်။ ဒါပေမဲ့ Friday the 13th ကိုတော့ သိပ်မတွေ့သလိုပါပဲ။ အဲဒီထက် ပိုစိတ်မကောင်းစရာက ၁၈ ပက်လက်မပါတာပါပဲ။ Parody တွေထုံးစံ အနည်းအကျဥ်းတော့ သဘောလောက် ပါတယ်ဆိုပေမဲ့ မူရင်းကားတွေလောက်တော့ အားရစရာကောင်းလောက်အောင် ပါတာမဟုတ်ဘူးပေါ့ဗျာ။ အဲဒီသုံးကားကိုတင်မဟုတ်ဘဲ တခြားကားတွေ၊ လူတွေကိုလည်း ကြုံရင်ကြုံသလို ဖဲ့ပါသေးတယ်။ ဖဲ့တဲ့ထဲမှာ သူ့လိုမျိုး ဇာတ်ကားတွေကို ဟာသပုံစံပြန်ပြောင်ထားတဲ့ ဇာတ်ကားတွေကိုပါ ဖဲ့လိုက်ပါသေးတယ်။ Scary Movie တွေလောက် ကောင်းတဲ့ထဲမှာမပါပေမဲ့ ဖျော်ဖြေမှုအရတော့ ကြည့်သင့်တဲ့ ဇာတ်ကားလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)...
Monkey King Fight Lion Camel (2024) ⭐TMDB: 0% User Score 🎬 #Action #Drama #Fantasy 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 14 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM ချစ်ပရိတ်သတ်တို့အတွက် မရိုးနိုင်တဲ့ မျောက်မင်းစွန်းဝူခုန်းကားကိုဗားရှင်းတစ်မျိုးနဲ့ ရောက်လာပြန်ပါပြီ… ဒီဇာတ်ကားလေးမှာတော့…အနောက်ခရီးသွား ထန်စန်းကိုယ်တော်နဲ့ စွန်းဝူခုန်းတို့ညီအစ်ကို ၃ ယောက်က ခရီးလမ်းမှာ…ဝူကျယ်ရွာလေးကို ကျော်ဖြတ်ခဲ့တဲ့ အခိုက်အတန့်မှာကြုံတွေ့ရတဲ့ အဖြစ်အပျက်ကို အခြေခံ ရိုက်ကူးထားတာပါ.. ဝူကျယ်ရွာမှာက ရှီထူလင်မျိုးနွယ်တွေနေခဲ့တယ်…ရှီထူလင်မျိုးနွယ်တွေက တောထဲ အမဲလိုက်ပြီး ရှာဖွေစားသောက်နေထိုင်ကြသူတွေပေါ့…ဒါပေမယ့် နှစ်တစ်ထောင်ကျင့်စဉ်တွေကျင့်ပြီးတော့ အစွမ်းတွေရလာတဲ့မိစ္ဆာညီအစ်ကို ၃ ကောင် ( အမွှေးပြာခြင်္သေ့ကြီး၊ နှာမောင်းရှည် ဆင်ဖြူကြီးနဲ့ ရွှေရောင်အတောင်ပံရှင် ငှက်ကြီး) တို့ ကြီးစိုးချိန်ကစပြီး…ရှီထူလင်မျိုးနွယ်ဝင်တွေက လက်တစ်ဆုတ်စာလောက်ပဲကျန်တော့တဲ့အထိ လူမျိုးသုဉ်းလုနီးပါးဖြစ်ခဲ့ရတယ်… ဒီအဖြစ်ပျက်ကို ကြုံတွေ့တဲ့ ထန်စန်းကိုယ်တော်တို့ ဆရာတပည့်တွေကထုံးစံအတိုင်း မိစ္ဆာတွေလက်ထဲက အဖမ်းခံရလူသားတွေကို ကယ်တင်ဖို့ ကြိုးစားခဲ့ပါတယ်…ဒါပေမယ့် ဘယ်လို အကွေ့အကောက်တွေ ကြုံတွေ့ရမယ်..ဘယ်လိုတွေ ကြိုးစား ကယ်တင်ခဲ့ရတယ်ဆိုတာကတော့ဇာတ်ကားလေး ပုံဖော်ပြပါလိမ့်မယ်...
In the Blind Spot (2023) ⭐IMDB: 6.8/10 (279 Votes) 🎬 #Drama #Mystery #Thriller 🗓 2023 🎞 movie 🌎 #Germany #Turkey ⏰ 1 နာရီ 58 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 In the Blind Spot (Aka) Im toten Winkel (2023) IMDb Rating (6.8) တူရကီနိုင်ငံမှာ ပြန်ပေးဆွဲခံလိုက်ရပြီး အသတ်ခံလိုက်ရတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်အကြောင်း ဂျာမဏီက ရိုက်ကူးရေးအဖွဲ့နေ ရုပ်သံမှတ်တမ်းလာရောက်ရိုက်ကူးရာကစတဲ့ ဇာတ်လမ်းပဲပြောပါတော့လေ။ ၇ နှစ်အရွယ် မလိခ် ဆိုတဲ့ ကလေးမလေးတစ်ယောက်က ကွယ်လွန်သူ ဝိညာဉ်တစ်ဦးနဲ့ ဆက်သွယ်မိနေပေမဲ့ သူ့ကို စိတ်ကူးယဉ်သူငယ်ချင်းလို့ပဲ ထင်နေပါတယ်။ ကလေးမလေး မလိခ် ရဲ့ ပြောကြားချက်တွေက ကွယ်လွန်သူရဲ့အကြောင်းတွေ၊ မိတ်ဆွေတွေ၊ သူ့ကိုသတ်သွားတဲ့သူတွေရဲ့ မိသားစုတွေအကြောင်းတွေ ဖြစ်နေခဲ့ပေမဲ့ စကားနည်းလွန်းတဲ့ ကောင်မလေးရဲ့အကျင့်ကြောင့် လူကြီးတွေက သိပ်သတိမထားမိပါဘူး။ ဒါပေမဲ့ မလိခ် က လူသတ်မှုကို ဘယ်သူက ဘယ်လိုကျူးလွန်ခဲ့တယ်ဆိုတဲ့အကြောင်း ထုတ်ပြောလာတဲ့အချိန်မှာ လူသတ်သမားရော၊ သူ့ဖခင်ရော ပြဿနာကြီးကြားထဲရောက်သွားခဲ့ပါတယ်။ ဒီတော့ လူသတ်သမားကြီးကရော၊ လူသတ်သမားကိုသိတဲ့ ဖခင်အနေနဲ့ရော ကိုယ့်ဘက်အမှုမပတ်ရအောင် ကြိုးစားကြပုံတွေကို ဟောဒီတူရကီဇာတ်ကားထဲမှာ ကြည့်ကြရပါမယ်။ ဇာတ်လမ်းကြောင်းက သိပ်ကိုရိုးရှင်းလွန်းလို့ မွှေနှောက်ပြီး ရှုပ်ထွေးအောင်လုပ်ထားတဲ့ တည်းဖြတ်မှုကို ခေါင်းရှုပ်ရှုပ်နဲ့ကြည့်ရမယ့်ဇာတ်ကားပါ။ အင်္ဂလိပ်စကားပြောတချို့ကို စာတမ်းမထိုးထားဘဲ မူရင်းတူရကီစကားကိုပဲ စာတန်းထိုးထားပေမဲ့ ဇာတ်လမ်းကိုမထိခိုက်တဲ့အတွက် ဒီအတိုင်းပဲတင်ဆက်ပေးလိုက်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)...
Ashkal: The Tunisian Investigation (2022) ⭐IMDB: 6.0/10 (447 Votes) 🎬 #Crime #Drama #Thriller 🗓 2022 🎞 movie 🌎 #France #Tunisia #Qatar ⏰ 1 နာရီ 36 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ashkal: The Tunisian Investigation (2023) IMDB: 6.0 / Rotten Tomatoes: 80% မှုခင်းစုံထောက်ဇာတ်ကားကောင်းတွေကိုကြိုက်နှစ်သူတွေအတွက်ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတဲ့ အာရပ်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Ashkal ဖြစ်ပြီး IMDb Rating 6.0 အထိရရှိထားတဲ့အတွက်ကြည့်ရတာတကယ်စိတ်ဝင်စားစရာကောင်းမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ လူသူကင်းမဲ့တဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာကိုယ့်ကိုယ်ကိုယ်မီးရှို့ပြီးသေဆုံးခဲ့တဲ့ အစောင့်တစ်ယောက်ကိုရဲတွေစုံစမ်းစစ်ဆေးနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ လိုက်လံမေးမြန်းကြည့်တော့ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံတာလို့ပဲပြောနေကြပြီး တကယ်လည်းအဲ့လိုပုံစံပေါက်နေခဲ့ပါတယ်။ ဒါပေမယ့်အဲ့ဒီအမှုကိုလိုက်နေတဲ့ဖက်မာဆိုတဲ့စုံထောက်မလေးကတော့သေကြောင်းကြံတယ်လို့မထင်ခဲ့ပါဘူး။ ဒီလိုနဲ့သိပ်မကြာခင်မှာပဲ အဲ့ဒီအစောင့်သေဆုံးခဲ့တဲ့ပုံစံအတိုင်း မီးလောင်သေဆုံးသူတွေတစ်ယောက်ပြီးတစ်ယောက်တွေ့လာတဲ့အခါမှာတော့ ဒီအမှုရဲ့နောက်ကွယ်မှာဘယ်လိုနက်နဲရှုပ်ထွေးတဲ့အရာတွေရှိနေမလဲဆိုတာကိုဖက်မာတစ်ယောက်စုံစမ်းရင်းနဲ့တရားခံကိုဖမ်းမိသွားနိုင်မလား တရားခံဆိုတာကရောတကယ်ရှိရဲ့လားဆိုတာတွေကိုစိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။...
A Monster Calls (2016) ⭐IMDB: 7.4/10 (95 k Votes) 🎬 #Adventure #Drama #Family #Fantasy #Horror 🗓 2016 🎞 movie 🌎 #Spain #USA #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အသစ်စက်စက် A Monster Calls လေး ရပါပြီ CM fan အပေါင်းတို့ရေ.. ဒါနဲ့CM ပိတ်သတ်ကြီးရော.. ကိုယ့်စိတ်ကူးအိပ်မက်တစ်ခုခုကို စွဲစွဲမြဲမြဲယုံကြည်ဖူးပါသလား.. ဒီကားထဲက ကော်နာ အိုမယ်လီဆိုတဲ့ ကလေးလေးကတော့ အသက်အရွယ်နဲ့မလိုက်အောင် ရင့်ကျက်ပြီး ယုံကြည်သက်ဝင်မှု ပြင်းထန်လှပါတယ်.. သူနဲ့ သူရဲ့ သေလုမြောပါးနာမကျန်းဖြစ်နေတဲ့ အမေ ကြားမှာ စိတ်ကူးယဉ် ကမ္ဘာလေးတစ်ခုရှိပါတယ်.. တစ်ညမှာတော့ ကော်နာလေးရဲ့ စိတ်ကူးထဲက tree monster ကြီးဟာ တောင်ကုန်းပေါ်ကနေ နိုးထလာခဲ့ပြီး.. ကော်နာလေးကို ပုံပြင် 3ပုဒ် စတင်ပြောပြပါတော့တယ်.. သူ ကော်နာလေးကို ပြောပြနေတာ အကြောင်းပြချက်ရှိလို့ပါ..အဲ့ဒါက ဘာအတွက်လဲဆိုတော့… …. … ကျွန်တော် ဇာတ်လမ်းလေးပေါ့သွားမှာစိုးလို့ ဒီ့ထက်ပိုပြီးမပြောပြတော့ပါဘူး..ဒီ Fantasy | Drama ကားလေးက စာရေးဆရာ Patrick Ness ရဲ့ “A Monster Calls” စာအုပ်ကို အသက်သွင်းထားတာဖြစ်ပါတယ်.. Budget $43M နဲ့ ရိုက်ကူးထားတဲ့ဒီကားလေးဟာ Worldwide Gross အနေနဲ့ $37M ကျော် ရရှိထားပါပြီ.. Tree Monster ကြီးရဲ့ အသံသရုပ်ဆောင်ကတော့ Taken မင်းသားကြီး Liam Neeson ဖြစ်ပါတယ်.. ကော်နာလေးရဲ့ အမေနေရာမှာတော့ The Theory of Everything, Inferno, Rogue One;A Star Wars Story ကားတို့ရဲ့ မင်းသမီးချော Felicity Jones က သရုပ်ဆောင်ပေးထားတာဖြစ်ပါတယ် (သူမက ဒီကားမှာ မျက်ရည်တွေခြွေမှာမို့ ဒီကားမကြည့်ခင်တစ်ရှူးလေးတော့ဆောင်ထားကြပါ..ဘာသာပြန်ရင်းငိုနေရတယ်.. အပိုမပြောပါဘူး)ကျွန်တော်ကတော့ သူမကို ဒီကားနဲ့ပဲ စကြည့်မိတာပါ… ကဲ.. စကားရှည်မနေတော့ဘူး.. IMDb 7.5 ထိရထားတဲ့ ဒီကားလေးကို ကြည့်ပြီးရင်.. (ကြည့်နေရင်းနဲ့ကို)… ရင်ထဲမှာ တစ်ခုခုရှိနေမှာပါ...
Jane (2016) ⭐IMDB: 6.0/10 (119 Votes) 🎬 #Drama #Life #Youth #Mystery 🗓 2016 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 45 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jane (2017)***********ဒီတစ်ခေါက်မှာတော့ ကိုရီးယားရုပ်ရှင်ပွဲတော်များစွာမှာ သရုပ်ဆောင်မှုအတွက်ရော ဇာတ်ဝင်ခန်းရိုက်ချက်တွေအတွက်ပါ ဆုပေါင်းများစွာ ဆွတ်ခူးခဲ့ပြီး ရုပ်ရှင်ဝေဖန်ရေးလောကမှာလည်း ချီးကျူးမှုတွေ ခံခဲ့ရတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ D.P. ထဲက မင်းသား Koo Gyo Hwan, Lee Min Ji နဲ့ Itaewon Class ထဲက Lee Joo Young တို့ အဓိကပါဝင်ထားတဲ့ ဒီကားလေးမှာ စွန့်ပစ်ခံထားရပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ ဆယ်ကျော်သက်မိန်းကလေး ဘန်းဆိုဟျွန်းနဲ့ မိခင်သဖွယ်နွေးထွေးကြင်နာတတ်တဲ့ လိင်ပြောင်းအမျိုးသမီး ဂျိန်း (Jane)တို့နှစ်ဦးကို ဇာတ်အိမ်တည်ထားပါတယ် .. ဘန်းဆိုဟျွန်းဟာ အစ်ကိုသဖွယ် အားကိုးရတဲ့လူတစ်ယောက်ရဲ့ စွန့်ပစ်တာကို ခံရပြီး ဘဝကြီးကို သူများလက်အောက်မှာ ကျီးလန့်စာစားရင်း ဖြတ်သန်းနေရတဲ့ မိန်းကလေးတစ်ဦး ဖြစ်ပါတယ်။ ဦးတည်ရာမဲ့ရင်း ဆိုးလ်မြို့လမ်းမပေါ် သွားလာနေချိန်မှာ .. သူမလိုပဲ လူမှုအသိုင်းအဝိုင်းရဲ့ ဖယ်ကျဥ်ခြင်းကို ခံရတဲ့ Jane က သူမကို ခေါ်ယူမွေးစားပြီး သူမလို ပုံစံတူလူငယ်များနဲ့ မိသားစုလေးတစ်စု ဖွဲ့စည်းခဲ့တယ်။ ဒီလိုနဲ့ ဆိုဟျွန်းအတွက် Jane ဟာ စိတ်ခွန်အားတစ်ရပ်၊ နားခိုရာအိမ် ဖြစ်လာခဲ့ပြီး ဘဝဒဿနတွေကို သင်ယူရာ ကျောင်းတော် ဖြစ်လာခဲ့ပါတော့တယ် .. သူတို့နှစ်ဦးရဲ့ ဇာတ်လမ်းလေးဟာ ရုပ်ရှင်ထဲမှာ အိပ်မက်လိုလို လက်တွေ့ဘဝလိုလို ဇာတ်ကွက်တွေ ရောယှက်နေပြီး လူ့အဖွဲ့အစည်းက ဘေးဖယ်ထားတဲ့သူတွေရဲ့ ဘဝကို ကောင်းကောင်းမီးမောင်းထိုးပြနိုင်ခဲ့တဲ့ကားကောင်းလေးမို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်...
Strange Tales of Mountain Folk (2024) ⭐TMDB: 0% User Score 🎬 #Mystery #Thriller 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 14 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက်ဘဝအမောပြေပျောက်စေမယ့်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့တင်ဆက်ပေးလိုက်ချင်ပါတယ်။ တူလုံဆိုတဲ့ရွာလေးတစ်ရွာမှာညဘက်ဆိုလူတွေကိုလိုက်ဖမ်းစားနေတဲ့သရဲမရှိတယ်ဆိုပြီးပျံ့နှံ့နေတဲ့ ကောလဟာလသတင်းတွေအပေါ်မိစ္ဆာဖမ်းဆီးတဲ့ဆရာကြီး လင်နဲ့သူ့တပည့် ရူယွဲ့တို့ကဒီနောက်ကွယ်ကအမှန်တရားကိုဖော်ထုတ်ဖို့အတွက်တူလုံဆိုတဲ့ရွာကိုသွားခဲ့တာပေါ့။ ဒီလိုနဲ့ လမ်းမှာတင်တူလုံရွာသူကြီးနဲ့လက်အောက်ငယ်သားတွေကို မကောင်းဆိုးဝါးတစ်ကောင်ဖမ်းဆီးနေတာကို မြင်သွားပြီး တားဆီးခဲ့ပေမဲ့မမှီလိုက်တော့နောက်တစ်နေ့မှာ ဝမ်လူဆိုးထိန်းတို့ကိုမုံရွာသူကြီးက သွားတိုင်ကြားခဲ့တယ်။ဒီလိုနဲ့ရွာသူကြီးလက်အောက်ငယ်သား မုံကယ်ကညကမကောင်းဆိုးဝါးမြင်ခဲ့တာကြောင့် ရူးသွားတာကိုရွာဓလေ့နတ်ဆရာမဖေးရှန်းအဖွားကနတ်မကောင်းဆိုးဝါးတွေ ပင့်ဆောင်ပြီးဝိဉာဉ်ပြန်ခေါ်ပွဲ ကျင်းပခဲ့တယ်။ သို့ပေမဲ့ မုံကယ်ကအတင်းရုန်းရင်းမီးတောထဲခုန်ချသေသွားခဲ့ပြီး ဖေးရှန်းအဖွားကလည်းကွေဘုရားကျောင်းရှိရာဆီ ထွက်သွားခဲ့တယ်။ဒါကိုဆရာကြီး လင်ကကွေဘုရားကျောင်းမှာသဲလွန်စရှိမယ်ဆိုတဲ့အတွေးနဲ့ ဖေးရှန်းအဖွားကိုကွေဘုရားကျောင်းသွားမယ့်လမ်းကြောင်း ပြောပြခိုင်းပေမဲ့ အဖွားကဘုရားကျောင်းနားကပ်လို့မရကြောင်း၊ကပ်ဘေးဆိုက်မယ်ဖြစ်ကြောင်းရေတွတ်နေတဲ့အပေါ်ဆရာကြီး လင်ကသံသယတွေဝင်သွားစေခဲ့တယ်။ ဒီ့အပြင် ရွာမှာမြွေတွေသောင်းကျန်းနေတာကြောင့်ရွာသူကြီးကဝမ်လူဆိုးထိန်းတို့ကိုတစ်ခါတည်းမြွေရှင်းလင်းခိုင်းဖို့အကူအညီတောင်းခဲ့ရာကနေ ဘုရားကျောင်းရှိရာတောနက်ထဲဝင်သွားတဲ့အချိန်မှာတစ်လမ်းလုံး ဒုက္ခမျိုးစုံအန္တရာယ်မျိုးစုံနဲ့တွေ့ကြုံခဲ့ကြပြီးတွေ့ကြုံလာတဲ့အန္တရာယ်တွေကနေတစ်စ တစ်စစီသဲလွန်စတွေထွက်ပေါ်လာတဲ့အခါမှာ ဒီမကောင်းဆိုးဝါးဆိုတာတကယ်ကြီးရှိနေတာလား။ဘာကြောင့်များဖြစ်ပေါ်လာရတာလဲ။ဒီရွာကဘယ်လိုတွေထူးခြားမှုတွေနဲ့ ပြည့်စုံနေလဲဆိုတာကိုတော့ဒီဇာတ်လမ်းလေးကနေဖော်ပြသွားမှာဖြစ်တာကြောင့်စောင့်မျှော်ကြည့်ရူလိုက်ရအောင်...
Midnight Inn (2024) ⭐TMDB: 70% User Score 🎬 #Mystery #Thriller 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 28 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သည်းထိတ်ရင်ဖိုရုပ်ရှင်တွေမှ ကြိုက်တတ်တဲ့ ပရိသတ်ကြီးတို့အတွက်Midnight Inn ဆိုတဲ့ တရုတ်သည်းထိတ်ရင်ဖိုရုပ်ရှင်ကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့…… စန်းကန်းတည်းခိုခန်းဟာ လူသေရော လူရှင်ရော တည်းခိုဖို့လက်ခံတဲ့နေရာ တစ်ခုဖြစ်ပါတယ်။ အရှေ့ခြံမှာ မီးဖြူထွန်းပြီးဖြတ်သွားဖြတ်လာခရီးသည်တွေကို ကြိုဆိုပြီး အနောက်ခြံမှာမီးနီထွန်းပြီး မသင်္ဂြိုလ်ရသေးတဲ့ လူသေတွေကို လက်ခံပါတယ်။ဒီစန်းကန်းတည်းခိုခန်းအတွက် ကြောက်စရာကောလာဟလတွေလည်း အများကြီး ရှိခဲ့တာပေါ့။ မိုးသည်းတဲ့ ညတစ်ညမှာ စန်းကန်းတည်းခိုခန်းမှာ ဆိုက်ရှန်ရှန်းရဲ့အလောင်းကို လာရှာတဲ့ လူ ၂ ယောက် ရောက်လာပါတယ်။ဂုဏ်သရေနဲ့ပြည့်ဝတဲ့ သူဌေးကတော်နဲ့ နာမည်ကြီးပြဇာတ်ကဇာတ်ဆောင်မင်းသားကြီးတစ်ယောက်ပေါ့။သူတို့နှစ်ယောက်ကနေပြီး ဆိုက်ရှန်ရှန်းရဲ့ အတိတ်က အကြောင်းတွေကို ပြန်ပြောပြတဲ့အခါ…… လွန်ခဲ့တဲ့ ၁၀ နှစ်က အန်းမိသားစုမှာ ဖြစ်ခဲ့တဲ့၂ လောင်းပြိုင် လူသတ်မှုရဲ့ တရားခံက ဘယ်သူဖြစ်မလဲ……ဆိုက်ရှန်ရှန်းက တကယ်ပဲ သူတို့ပြောသလို ရက်စက်ယုတ်မာတဲ့ လူတစ်ယောက်လား……လူ့စိတ်ကို တကယ်ခြောက်လှန့်နေတဲ့အရာက ဘာဖြစ်မလဲ……ဆိုတာကို ရုပ်ရှင်ထဲမှာ မထင်ထားတဲ့ လှည့်ကွက်တွေနဲ့တင်ဆက်ပေးထားတာမလို့ ဆက်ကြည့်လိုက်ရအောင်နော်။...
Ghost Stories (2020) ⭐IMDB: 4.4/10 (6 k Votes) 🎬 #Bollywood #Crime #Thriller #Horror 🗓 2020 🎞 movie 🌎 #India ⏰ 2 နာရီ 24 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ghost Stories (2019)================ ဒီရုပ်ရှင်က ဘာနဲ့ တူလဲဆိုတော့ထိုင်းမှာ နာမည်ကြီးတဲ့ 3AM လိုပဲ3AM က သရဲပုံပြင်တွေကို ရုပ်ရှင်အဖြစ်ရိုက်ပြီး အပိုင်းတိုလေးတွေ စုထားတဲ့ ရုပ်ရှင်ပါ ထိုင်းရဲ့ 3AM က Jump Scare တွေ အရမ်းများတယ် သေချာလေး မိတ်ကပ်ရော ကွန်ပြုတာ Effect ရောသေချာလုပ်တဲ့ အပြင် ဇတ်လမ်းတွေက အတော်စိတ်ဝင်စားစရာကောင်းပြီးဇတ်ဝင်ခန်းတွေ ရဲ့ တီးလုံးသံတွေကြောင့် ပိုအသက်ဝင်တယ်… အခု India က Ghost Stories ဆိုပြီး ရိုက်ချလာတယ်IMDb ကတော့ 4 ပဲ ရှိတာက မကောင်းတဲ့ အငွေ့အသက်လေးလဲရတာပေါ့… ဒါပေမဲ့ တကယ်တမ်း ကြည့်လိုက်တဲ့ အခါတွေးစရာလေးတွေ ပေးတယ် အရမ်းကြောက်ရလား ဆိုတော့လဲ မဟုတ်ပြန်ဘူးသူက တွေးစရာတွေပဲ ပေးတယ်… ဘယ်လိုမျိုးလဲ ဆိုတော့ သတိုးတေဇ ၀တ္တုဖတ်ရသလိုတကယ်မရှိတာတွေက တကယ်ရှိပြီးတကယ်ရှိတာတွေကတကယ်မရှိတာမျိုးတွေ တကယ်တမ်း India က ဒီထက် ပိုလုပ်နိုင်သေးတယ် Jump Scare တွေ မပါတဲ့ ဟာမျိုးထဲက အကောင်းဆုံးပြောပါဆိုရင်The Haunting of Hill House ကိုပဲ ညွှန်းရမှာပဲအရမ်းနည်းပြီး တွေးတွေးပြီး ကြောက်ခိုင်းတာမျိုး… ဒီ India ရုပ်ရှင်က တစ်ခုသာတာက ရုပ်ရှင်ကားတစ်ခုလုံးရဲ့အသံပိုင်းဆိုင်ရာနဲ့ ဆက်တင်တွေပဲ….ပေါကားလို့ လဲ ပြောချင်ပေမဲ့ ပေါကားဘက်လဲ မရောက်ဘူး နိုင်ငံတကာမှာ Horror ရုပ်ရှင်တွေက IMDb Rating ကိုကောင်းကောင်းကန်းကန်း ရတာ အင်မတန် ရှားတယ်IMDb ကို သွားမကြည့်ပဲ အစအဆုံး ကြည့်လိုက်တာမှအချိန်တစ်ခု ပေးရကျိုး နပ်သွားမယ် ထင်တာပဲပြောရရင်တော့ ပျင်းဖို့ မကောင်းသလို အရမ်းကြီးကြောက်ရတာမျိုး မရှိပေမဲ့ အသံနဲ့တော့ ကောင်းကောင်းကြီးသင့်ကို ခြောက်လှန့်နိုင်မှာပါ...
Subservience (2024) ⭐IMDB: 4.9/10 (2 k Votes) 🎬 #SciFi #Thriller #ScienceFiction #Horror 🗓 2024 🎞 movie 🌎 #Bulgaria #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Subservience (2024) မင်းသမီး Megan Fox နဲ့ 365 days မင်းသား Michele Morrone တို့ ပါဝင်ထားတဲ့ R rated movie အသစ်လေးထွက်ပါတယ်။မင်းသားနဲ့မင်းသမီးဖန်တွေအတွက်တော့ ဒါက ရှယ်ကြမ်း ရှယ်လန်းတဲ့ကားပေါ့နော်… ဇာတ်လမ်းကတော့ Sci-Fi , Thriller အမျိုးအစားဖြစ်ပြီး စူးရှတဲ့သရုပ်ဆောင် ၂ ယောက်ကို AI ရုပ်ရှင်ကားနဲ့တွဲဖက်ပေးထားတာမျိုးပါ။ အဲလစ်ဆိုတဲ့စက်ရုပ်မလေးကို အိမ်အလုပ်ကူဖိုအတွက် ဝယ်ယူမိတဲ့နောက်မှာ… AI စက်ရုပ်တွေရဲ့ မမြင်ရတဲ့ မှားယွင်းမှုနဲ့ မထင်မှတ်တဲ့ရှုပ်ထွေးမှုတွေကိုပါ အိမ်ပေါ်ခေါ်တင်မိသလိုဖြစ်လာတဲ့အခါမှာတော့...
A.I. Artificial Intelligence (2001) ⭐TMDB: 70% User Score 🎬 #Adventure #Drama #SciFi #ScienceFiction 🗓 2001 🎞 movie 🌎 #USA #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 26 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A.I. Artificial Intelligence(2001)အညွှန်း *********************************** IMDb….7.1,,,,Rotten….73 ဒါရိုက်တာ Steven Spielberg ဆိုတာနဲ့ ခင်ဗျားတို့ ဒီကားကိုနည်းနည်းတော့စိတ်ဝင်စားသွားမယ်ထင်တယ်.. ..ဒီကားရိုက်တော့ သူကိုယ်တိုင်လည်း အော်စကာ ဆန်ကာတင်အဆင့်ပါခဲ့တယ်.. .ကျွန်တော်တို့တွေဟာ ရုပ်ရှင်ကြည့်သက်ရင့်လာတာနဲ့အမျှ ဇာတ်ကားကြည့်တဲ့နေရာမှာ အစပိုင်းနည်းနည်းကြည့်ပြီးတာနဲ့ တစ်ကားလုံးမဟုတ်တောင် ရှေ့ဆက်ဖြစ်နိုင်ခြေရှိတဲ့ဟာတစ်ချို့ကိုမှန်းဆနိုင်ပါတယ်… ဒါပေမယ့် ဒီကားကိုကြည့်မိရင် ခင်ဗျားတို့ ထင်ထားတာတခြားစီဖြစ်သွားနိုင်တယ်. .ဘာလို့ဆို ၁၀မိနစ်လောက်စထားတဲ့ plotတစ်ခုဟာ နောက်တစ်နေရာရောက်တော့ ခင်ဗျားတို့လုံးဝထင်မထားတဲ့ရှုထောင့်တစ်ခုကိုချိုးကွေ့လိုက်တယ်… ..အချိုးအကွေ့ပေါင်းများစွာနဲ့ဒီကားကိုတည်ဆောက်ထားတယ်… ဒါကြောင့်လည်း Steven Spielberg ဟေ့ဆိုပြီးနာမည်ကြီးတာနေမယ်… ပြီးတော့ကျွန်တော်ပဲ စဉ်းစားဉာဏ်နဲ့ရေးသားမှုပိုင်းညံလေသလားမသိ ဒီကားကိုအညွှန်းဘယ်လိုရေးရမှန်းမသိဘူး. ..ကောင်းလားလို့မေးရင်တော့ ပြန်ဖြေလို့ရတယ်….ကျွန်တော်တို့တွေလေထဲကအောက်ဆီဂျင်ကိုရှူကြတယ်… တစ်ယောက်ယောက်က လေဘယ်မှာလဲပြဆိုရင် လက်ဆုပ်လက်ကိုင်ပြလို့မရဘူး… ဒီတော့လေမရှိဘူးလားဆိုတော့မဟုတ်ပြန်ဘူး လေဟာနေရာတိုင်းမှာရှိတယ်… ဒီလိုပဲ ဒီကားရဲ့ကောင်းကွက်ကဘာလဲ ဘယ်နေရာဘယ်အပိုင်းကကောင်းတာလဲ music ပိုင်းလား plotပိုင်းလား .. သရုပ်ဆောင်ပိုင်းလား နည်းပညာပိုင်းလား..ဆိုတော့ လေရှိလားဆိုတဲ့မေးခွန်းကိုဖြေသလိုပြန်တုန့်ပြန်ရမယ်ထင်တယ်… .အယ် ဒေါင်းမဲ့သူတွေအတွက် ဆင်ခြင်လို့ရအောင်ပြောလို့ရတာတော့တော့ရှိတယ် . .အမိုက်စားအက်ရှင်ခန်းတွေ …ဘီကီနီဝတ်အလှအပတွေ….၁၅၀၀ဖွဲ့ romantic ဆန်အကွက်တွေ မပါဘူး...
The Twisters (2024) ⭐IMDB: 2.3/10 (189 Votes) 🎬 #Action #Adventure #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Twisters (2024) ဂျိမ်းစ်ဂါးလန်းနဲ့ အယ်ရစ်ကာဂါးလန်းတို့မောင်နှမဟာ မုန်တိုင်းလိုက်သူတွေဖြစ်ခဲ့ပြီး အဲ့ဒီလိုခရီးစဉ်တစ်ခုမှာဖြစ်ရပ်ဆိုးတစ်ခုကြုံခဲ့တာကြောင့် တစ်ယောက်နဲ့တစ်ယောက်ခပ်ခွာခွာနေနေကြတဲ့အချိန်ပါ။ ဂျိမ်းစ်ကတော့ TINA ဆိုတဲ့ AI မော်ဒယ်တစ်ခုကိုဖန်တီးခဲ့ပြီး အဲ့ဒီ AI နဲ့ လေဆင်နှာမောင်းတွေရဲ့ဖြစ်ပေါ်လာနိုင်ချေလားရာလမ်းကြောင်းအစရှိတာတွေကိုတွက်ချက်ခန့်မှန်းနေခဲ့ပါတယ်။ အဲ့ဒီ AI ဟာ အယ်ရစ်ကာရဲ့အာရုံခံကိရိယာတွေနဲ့ပေါင်းစပ်လိုက်ပါမှ အကောင်းဆုံးရလဒ်တွေထွက်ပေါ်လာနိုင်မှာဖြစ်တဲ့အတွက် ဒါဇင်နဲ့ချီတဲ့လေဆင်နှာမောင်းကြီးတွေတစ်ပြိုင်တည်းဖြစ်ပေါ်လာနိုင်ပြီး အဲ့ဒီပေါင်းစည်းဖြစ်ပေါ်မှုဟာ အမေရိကန်ရဲ့အနောက်အလယ်ပိုင်းဒေသတစ်ခုလုံးကိုပျက်စီးစေနိုင်တဲ့အထိ အဖျက်စွမ်းအားကြီးနေနိုင်တာကိုသိလိုက်ရချိန်မှာတော့ သူတို့မောင်နှမနှစ်ယောက်ဟာ မတူညီတာတွေကိုခေတ္တဘေးချိတ်ပြီးအတူတူအလုပ်လုပ်နိုင်ဖို့ကြိုးစားကြရပါတော့တယ်။...
Dauren's Wedding (2024) ⭐TMDB: 50% User Score 🎬 #Drama #Family #Romance 🗓 2024 🎞 movie 🌎 #Kazakhstan #SouthKorea ⏰ 1 နာရီ 23 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dauren’s Wedding (2024) ************************** ဒီတစ်ခေါက် CM ပရိတ်သတ်ကြီးတို့အတွက် တင်ဆက်ပေးသွားမှာကတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်ရှုလို့ကောင်းတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းအနေနဲ့ မှတ်တမ်းရုပ်ရှင် လက်ထောက်ဒါရိုက်တာဖြစ်တဲ့ ဆွန်းဂျူဟာ ကိုယ်ပိုင်အနုပညာလက်ရာကို အမြဲဖန်တီးချင်နေတဲ့သူတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ ကိုးရီးယားလူမျိုးနဲ့ ကာဇက်လူမျိုးတို့ရဲ့ မင်္ဂလာပွဲကို လက်ထောက်အဖြစ် ရိုက်ကူးပေးဖို့အတွက် ကာဇက်စတန်နိုင်ငံကို သွားဖို့ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒေသခံဒါရိုက်တာဖြစ်တဲ့ ယူရာတစ်ယောက် ကားအက်စီးဒန့်ဖြစ်သွားတဲ့အတွက် ဆွန်းဂျူနဲ့ ရုပ်ရှင်ရိုက်ကူးရေးသမား ယောင်းထယ်တို့ဟာ မင်္ဂလာပွဲကို မှတ်တမ်းတင်ဖို့ လွတ်သွားကြပါတော့တယ်။ ဒီလိုနဲ့ ဆွန်းဂျူဟာ မှတ်တမ်းရုပ်ရှင်ကို အပြီးသတ်အောင်လုပ်ဖို့အတွက် ယူရာ့ရဲ့မွေးရပ်မြေဖြစ်တဲ့ ဆာထီရွာလေးမှာ ကာဇက်လူမျိုးမိန်းကလေးတစ်ယောက်နဲ့ ဟန်ဆောင်လက်ထပ်ပြီး မင်္ဂလာပွဲမှတ်တမ်းရိုက်ကူးဖို့ ကြံစည်လိုက်တဲ့အခါမှာတော့….. တကယ်ပဲ သူတို့လိုချင်တဲ့ မှတ်တမ်းရုပ်ရှင်ကို အဆင်ပြေချောမွေ့စွာနဲ့ ပြီးဆုံးသွားပါ့မလား ဆွန်းဂျူနဲ့ ကာဇက်မိန်းကလေးကရော ဘယ်လိုတွေ ပြောင်းလဲသွားမလဲဆိုတာကို အေးအေးငြိမ့်ငြိမ့်လေးနဲ့ လှပစိတ်ဝင်စားဖွယ် ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာတော့ အရန်သရုပ်ဆောင်အဖြစ် ဇာတ်ကားတော်တော်များများမှာ ပါဝင်ဖူးတဲ့ မင်းသား Lee Ju-seung နဲ့အတူ ကာဇက်စတန်မင်းသမီးချောချောလေး Adina Bazhan တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ (ဇာတ်လမ်းအကျဉ်းကို Hsu Pyae မှ ရေးသားပေးထားပါတယ်။)...
SuckSeed (2011) ⭐IMDB: 7.4/10 (3 k Votes) 🎬 #Comedy #Music #Romance 🗓 2011 🎞 movie 🌎 #Thailand ⏰ 2 နာရီ 10 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Suck Seed (2011) IMDB: 7.4 / Rotten Tomatoes: 82% ယခုတစ်ခါမှာတော့ ကျောင်းသားအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ Music အချစ်ဟာသဇာတ်ကားလေးဖြစ်တဲ့အတိုင်းပဲ အဆိုတော်မင်းသားတွေဖြစ်တဲ့ Jirayu La-ongmanee နဲ့ Pachara Chirathivatတို့က ပါဝင်ထားပါတယ်။ ငယ်ငယ်လေးတည်းက တိတ်တခိုးလေးချစ်ခဲ့ရတဲ့ ကောင်မလေးအန်ဟာ ဘန်ကောက်ကို ပြောင်းရွှေ့သွားတဲ့အတွက် ထပ်ပြီးမတွေ့နိုင်တော့ဘူးဆိုတဲ့အတွေးနဲ့ မြိုသိပ်ထားရင်း နေလာခဲ့တဲ့ ပက်ဒ်။ ပက်ဒ်ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ကွန်ဟာ သူဖြစ်ချင်တာ သူလုပ်ချင်တာကိုပဲ လုပ်ပြီးတော့ စိတ်အပြောင်းအလဲမြန်တတ်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီလိုနဲ့ ပက်ဒ်တို့တွေ အထက်တန်းကိုရောက်လာတဲ့အချိန်မှာတော့ အန်ဟာ သူတို့ကျောင်းကို ပြန်လည်ရောက်ရှိလာပါတော့တယ်။ မမျှော်လင့်ထားတဲ့ကိစ္စကတော့ ကွန်ဟာ အန့်ကို ကြွေသွားပြီးတော့ လိုက်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ ပက်ဒ်တစ်ယောက် သူငယ်ချင်းကို ချစ်တဲ့သူပီပီ သူ့ရဲ့အချစ်တွေကို မြိုသိပ်ထားခဲ့ပါတော့တယ်။ အန်ဟာ ဂီတကို ရူးသွပ်တဲ့သူတစ်ယောက်ပီပီ သီချင်းဆိုပြိုင်ပွဲကို ဝင်ပြိုင်ဖို့လုပ်ရင်း အန့်ကိုလိုက်ဖို့ကြိုးစားနေတဲ့ ကွန်ဟာလည်း ဂီတဘက်ကို စိတ်ရောက်သွားပြီးတော့ သူငယ်ချင်းဖြစ်တဲ့ ပက်ဒ်နဲ့အက်တို့ကို ဆွဲခေါ်ရင်း အဆိုပြိုင်ပွဲပြိုင်ဖို့ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ပက်ဒ်,ကွန်နဲ့ အက်တို့ အဆိုပြိုင်ပွဲကို ဘယ်လိုတွေ ယှဉ်ပြိုင်သွားမလဲ ….. အန်ရယ် ပက်ဒ်နဲ့ ကွန်တို့ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကရော ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကို ကြည့်ရှုရမယ့် အချစ်ဟာသဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။...
Jahaan Chaar Yaar (2022) ⭐IMDB: 3.3/10 (8 k Votes) 🎬 #Bollywood #Comedy #Drama 🗓 2022 🎞 movie 🌎 #India ⏰ 2 နာရီ 3 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jahaan Chaar Yaar (2022) “ယောက်ျားတို့အဝေး” Genre – Comedy, Drama တစ်အိမ်လုံးမှာ ယောက္ခမဖြစ်သူကလည်းခိုင်းစား၊ ယောက်မဖြစ်သူကလည်း ခိုင်းစား၊ ကလေးတွေကလည်း ခိုင်းစား၊ယောက်ျားဖြစ်သူကလည်း အိမ်ဖော်ငှားရင် ငွေကုန်တယ်ဆိုပြီးမိန်းမဖြစ်သူကို ခိုင်းစားလို့ နေ့စဉ် ပင်ပန်းပြီး စိတ်ညစ်နေရတဲ့ ရှီဗန်ဂီ။ မိန်းမတွေ မကောင်းကြောင်း ပွစိပွစိပြောတတ်တဲ့ ယောက်ျားဖြစ်သူက လက်ပါတဲ့အတွက် အမြဲတမ်းယောက်ျားဖက်က အမျိုးတွေနဲ့ ထထသတ်နေရပြီး အိမ်ထောင်ရေးကို စိတ်ကုန်နေတဲ့ ဆာကီနာ။ယောက်ျားဖြစ်သူက ညညဆို မိုးချုပ်မှ ပြန်လာပြီး အရင်လို ဆက်ဆံရေးမရှိပဲ ဖောက်ပြန်နေတဲ့အပြင်ယောက္ခမကပါ ကြုံရင်နှိပ်ကွပ်ချင်နေလို့ စိတ်ပျက်နေတဲ့ နီဟာ။ စတဲ့ သူငယ်ချင်း ၃ ယောက်ဟာ တစ်ရက်ကျ သူတို့တွေရဲ့ သူငယ်ချင်းဖြစ်တဲ့ မန်စီဟာလောကကြီးမှာ အသက်ကြာကြာမရှင်ရတော့လို့ သေခါနီးအချိန်လေးမှာဒီ သူငယ်ချင်း ၃ ယောက်နဲ့ တွေ့ချင်ပါတယ်ဆိုပြီး ပလာတာတွေရိုက်ပြီးLadies only ဘော်ဒါတသိုက် ခရီးတွေထွက် ကဲကြ စွန့်စားခန်းထွက်ကြတာကိုပေါ့ပေါ့ပါးပါး ကြည့်ရှုရမယ့် ဟာသဒရမ်မာကားလေး ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)...
NieR:Automata Ver1.1a (2023) ⭐IMDB: 7.2/10 (2 k Votes) 🎬 #Animation #Action #Adventure #SciFi #Fantasy #Drama 🗓 2023 🎞 tv series 🌎 #Japan ⏰ 23 မိနစ် 55 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Nier Automata Ver1.1a (2023) review “Nier: Automata Ver1.1a” Anime ဟာ 2017 ခုနှစ်က ထွက်ရှိခဲ့တဲ့ Action RPG ဂိမ်းတစ်ခုဖြစ်တဲ့ Nier: Automata ကို အခြေခံထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအနေနဲ့ လူသားတွေစွန့်ပစ်ထားတဲ့ ကမ္ဘာပျက်ကြီးအပေါ်မှာ ဂြိုလ်သားတွေဖန်တီးထားတဲ့ စက်သက်ရှိတွေနဲ့ လူသားများဖန်တီးထားတဲ့ လူသားပုံစံစက်ရုပ်တွေရဲ့ နောက်ဆုံးစစ်ပွဲကို အဓိကတင်ဆက်ထားပါတယ်။ အဆင့်မြင့် YoRHa တိုက်ခိုက်ရေးတပ်ဖွဲ့ရဲ့ စစ်သားနှစ်ယောက်ဖြစ်တဲ့ 2B နဲ့ 9S တို့ Android စက်ရုပ်နှစ်ရုပ်ကို အဓိကဇာတ်ကောင်တွေ အနေနဲ့ မြင်တွေ့နိုင်မှာဖြစ်ပြီး အလန်းစား Sword Fighting Sequence တွေနဲ့ Machines VS Android Battles တွေကို လည်း တဝကြီးရှုစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအနေနဲ့လည်း ဂိမ်းကို အနီးစပ်ဆုံးနဲ့ Cutscenes တွေပါမကျန် အသေးစိတ် ဂရုစိုက်ဖန်တီးထားပြီး Character Design တွေကိုလည်း ဂိမ်းကနေ Anime အဖြစ်ကိုပြောင်းလဲတဲ့အချိန်မှာ မဖြစ်မနေပြောင်းလဲရမယ့် အစိတ်အပိုင်းတွေကလွဲပြီး ဂိမ်းအရသာမပျက်အောင် တင်ဆက်ထားကြပါတယ်။ Nier: Automata Ver1.1a ဟာ Nier: Automata ဂိမ်းဖန်တွေအပြင် Anime ဖန်တွေပါ လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့အတွက် CM ကနေ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။...
My Deer Friend Nokotan (2024) ⭐IMDB: 7.0/10 (593 Votes) 🎬 #Animation #Comedy #Fantasy 🗓 2024 🎞 tv series 🌎 #Japan ⏰ 23 မိနစ် 50 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 My Deer Friend Nokotan (2024)Original title: Shikanoko Nokonoko KoshitantanGenre – ComedyMyAnimeList – 7.8/10 Social Media မှာ နာမည်ကြီးနေတဲ့ Shika Noko Noko ဆိုတဲ့ သီချင်းလေးရဲ့ Anime ဖြစ်တဲ့ သူငယ်ချင်း သမင်မလေး My Deer Friend Nokotan ကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီ Anime လေးကတော့ ဇာတ်လမ်းဇာတ်အိမ်ပိုင်းက အဲဒီလောက် မဟုတ်ပေမဲ့ ဟာသပိုင်းကတော့ ခွီနေရတာနဲ့တင် တစ်နေ့တာ ပင်ပန်းခဲ့တာတွေ အမောပန်းပြေစေမှာပါ။ Nokotan နေရာ အသံသရုပ်ဆောင်ထားတာလည်း ကလေးသံလေးနဲ့မို့ ချစ်စရာလည်းကောင်း အမြင်ကပ်စရာလည်း ကောင်းနေမှာ အမှန်ပါပဲ။ သူ့ရဲ့ ဇာတ်လမ်းလေးကတော့ အထက်တန်းကျောင်းတစ်ကျောင်းမှာ Koshi ဆိုတာ တစ်ကျောင်းလုံးသာမက ပတ်ဝန်းကျင်ကပါ လေးစားအားကျရတဲ့ ဘက်စုံထူးချွန်သူ ဒုတိယနှစ်ကျောင်းသူ အချောအလှလေးပေါ့လေ။ ဒါပေမဲ့ သူ့မှာ သူများတွေ မသိရတဲ့ မှောင်မိုက်တဲ့အတိတ်ဆိုးကြီးတစ်ခု ရှိပါတယ်၊ အဲဒါကတော့ အရင်တုန်းက သူက ဆိုးသွမ်းခဲ့တဲ့ ဂိုဏ်းလူမိုက်တစ်ယောက်ပါ။ အဲဒီသရုပ်မှန်ကို ဖုံးဖိဟန်ဆောင်နေရင်း တစ်ရက်ကျ ထူးထူးဆန်းဆန်း သမင်ချိုပေါက်နေတဲ့ ကျောင်းပြောင်းလာတဲ့ (Nokotan) ကောင်မလေးတစ်ယောက်နဲ့ တွေ့ပြီး ဒီကောင်မလေးက သူ့ရဲ့ သရုပ်မှန်တွေကို သိနေတာဖြစ်လို့ သူ့နောက်ကို တစ်ကောက်ကောက်လိုက်ရင်း ဝေဒနာဒုက္ခတွေပေးလို့ Koshi တစ်ယောက် ပြဿနာတက်ရမှာတွေကို ရယ်စရာမောစရာအဖြစ် ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ရှေ့မှာပြောထားသလိုပဲ Plot အကြီးစား မဟုတ်ပေမဲ့လို့ တစ်ပိုင်းတစ်ပိုင်း ခွီနေရတာနဲ့တင် တန်ပါတယ်၊ နာမည်ကျော် Deadpool တို့လိုပဲ သူက ကြည့်ရှုသူတွေကို 4th Wall Breaking စတိုင်နဲ့ လှမ်းလှမ်းပြီး စကားပြောထားဟန်တွေရော ခုထိ ကြည့်ထားရသလောက် တခြား Pop Culture တွေဖြစ်တဲ့ Tokyo Revengers တို့ Your Lie in April တို့ Jo Jo တို့ Resident Evil တို့ကိုလည်း နောက်ပြောင်ထားတာကို မြင်ရဦးမှာပါ။ တစ်ပတ်တစ်ပိုင်း တင်ဆက်ပေးသွားမှာဖြစ်လို့ အားပေးကြည့်ရှုကြဖို့လည်း ဖိတ်ခေါ်လိုက်ပါရစေဗျာ။...
Tera Jadoo Chal Gayaa (2000) ⭐TMDB: 40% User Score 🎬 #Bollywood #Musical #Romance 🗓 2000 🎞 movie 🌎 #India ⏰ 2 နာရီ 23 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tera Jadoo Chal Gaya (2000) သုံးပွင့်ဆိုင်အချစ် ၂၀၀၀ ခုနှစ်များဆီက ဆွတ်ပျံ့ဖွယ်အချစ်ဇာတ်လမ်းလေးတွေကို ကြိုက်တတ်တဲ့CM ပရိသတ်ကြီးအတွက် အဘီရှိတ်ခ်ဘဂျမ်း ၊ ကီရ်သီရတ်ဒီနဲ့ဟာသမင်းသားကြီးဂျွန်နီတို့ အဓိကပါဝင်ထားတဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်တင်ဆက်ပေးလိုက်ပါတယ်။ ပူဂျာက အောင်မြင်တဲ့ဒါရိုက်တာကြီးအရမ်းဖြစ်ချင်တဲ့သူ ဒါပေမဲ့အလုပ်မှာတော့အမြဲနောက်ကျတတ်လို့ ခဏခဏအဆူခံရတဲ့သူပေါ့ ၊အများနဲ့မတူထူးခြားကောင်းမွန်တဲ့ သူ့အိုင်ဒီယာတွေကိုလည်း အလုပ်ကစီနီယာတွေဆီမှာ ဖြတ်လုခံရနဲ့ ဒါရိုက်တာကြီးအိပ်မက်က အလှမ်းဝေးနေလေရဲ့။ တစ်နေ့သူငယ်ချင်းမင်္ဂလာဆောင်သွားရင် အာဂရာမြို့မှာတွေ့ခဲ့တဲ့ ကဘီးရ်ကသူ့ကိုမြင်မြင်ချင်းစိတ်ဝင်စားသွားတော့တယ် ၊ ကဘီးရ်ဆိုတာလည်းသူ့မြို့မှာတောင် မသိသူမရှိ လူချစ်လူခင်များတဲ့သူ ၊ ကဘီးရ်ကသာ ပူဂျာ့ကိုစိတ်ဝင်စားပေမဲ့ ပူဂျာကတော့ ကဘီးရ်ရဲ့ အစွမ်းအစနဲ့လူချစ်လူခင်များတာကိုသဘောကျရုံကလွဲ စိတ်ဝင်စားမှုရှိမလာပါဘူး၊သူ့စိတ်ထဲမှာ သူ့လက်တွဲဖော်အတွက် ပုံဖော်ထားပြီးသားဖြစ်နေတာကြောင့်လည်းပါတယ် ပူဂျာအိပ်မက်ထဲက လက်တွဲဖော်ပုံစံနဲ့ထပ်တူကျတဲ့သူပေါ်လာချိန်မှာတော့အိပ်မက်တွေကိုအလေးထားတဲ့ ပူဂျာနဲ့ သူတန်ဖိုးထားလိုချင်တဲ့အရာတွေကိုရအောင်ယူနိုင်စွမ်းရှိတဲ့ ကဘီးရ်တို့ကြားမှာ ဘယ်လိုအပြောင်းအလဲ ၊အလှည့်အပြောင်းတွေဖြစ်လာမလဲဆိုတာ ရှုစားကြည့်ပါဦး အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်...
