ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Sab Moh Maaya Hai (2023) ⭐IMDB: 6.2/10 (134 Votes) 🎬 #Bollywood #Drama 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 35 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sab Moh Maaya Hai (2023) “အတုအယောင်” 3idiots(2009)မှာ ရာဂျူးအဖြစ်နဲ့ ဘောလိ၀ုဒ်ပရိသတ်တွေနှစ်သက်ခဲ့ရတဲ့ရှာမန်ဂျိုရှီရဲ့ ဟာသဒရာမာရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ပီယုရှ်ကူမားမီရှရာ…။ရုံးစာရေးကြီး မီရှရာရဲ့ တစ်ဦးတည်းသောသား။ပီယုရှ်မှာ ဇနီးသည်နဲ့ရှစ်နှစ်အရွယ် သမီးလေးရှိပေမဲ့ ဘာအလုပ်မှ မယ်မယ်ရရမရှိ။ဖခင်ကြီးနဲ့အတူနေပြီး အလုပ်ရဖို့အရေး ဟိုသွားဒီသွားလုပ်ရင်း ယောင်ခြောက်ဆယ်ဖြစ်နေသူတစ်ယောက်။ ပင်စင်နီးပြီဖြစ်တဲ့ ဖခင်ကြီးကလည်း လက်ကြောကမတင်း လုပ်လိုပ်တဲ့အလုပ်တိုင်းကလည်းအရင်မထင်တဲ့သားဖြစ်သူကို မိုးလင်းမိုးချုပ် တဗြစ်တောက်တောက်ပြောရင်း သားဖနှစ်ယောက် နေ့စဉ်နဲ့အမျှပြဿနာတက်နေရတာပေါ့။ ဒီလိုနဲ့တစ်နေ့ စည်ပင်ရုံးမှာ ကွန်ပျူတာအော်ပရေတာခေါ်တဲ့အကြောင်းဘော်ဒါတစ်ယောက်ကပြောပြီး အလုပ်ရဖို့ သုံးသိန်းပေးရမယ်ဆိုတဲ့အခါမှာတော့…။သားဖနှစ်ယောက်ကြားက အလွဲလွဲအချော်ချော်ဖြစ်ရပ်တွေနဲ့ ဘ၀ထဲကဘ၀တွေကို ခံစားကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)...
Swap (2024) ⭐IMDB: 2.9/10 (205 Votes) 🎬 #Adult #Horror #Romance #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Swap (2024) SWAP ဆိုတာပုံမှန်အားဖြင့် အလဲအလှယ်လုပ်တာ ဖလှယ်တာကိုဆိုလိုတာဖြစ်သလို အခု သုံးထားတဲ့အဓိပ္ပါယ်ကလည်း အလဲအလှယ်လုပ်တာ ဖလှယ်တာပါပဲ။ ဒါပေမယ့် ဒီမှာဖလှယ်ကြတာက သူတို့ရဲ့ချစ်သူချင်း အိမ်ထောင်ဖက်ပါတနာချင်းကို ခေတ္တခဏလဲလှယ်ဆက်ဆံကြတာကိုဆိုလိုတာပါ။ ရက်ဒ်နဲ့ကေလာတို့ဟာ သက်တမ်းတစ်ခုရှိလာတဲ့ ချစ်သူစုံတွဲတွေဖြစ်ပြီး တည်တည်တံ့တံ့နဲ့စည်းကမ်းကြီးတဲ့ ရဲတစ်ယောက်ဖြစ်တဲ့ ရက်ဒ်နဲ့ အသစ်အဆန်းမှန်သမျှစူးစမ်းချင် ပူစီသရမ်းချင်တဲ့ ကေလာတို့ဟာ ဒီကိစ္စနဲ့မကြာခဏ ကတောက်ကဆဖြစ်ကြပါတယ်။ အခုနောက်ပိုင်း ကေလာ သူ့ကိုတောင်းဆိုလာတာကတော့ သူတို့ရဲ့ဆက်ဆံရေးဟာ ငြီးငွေ့စရာဖြစ်လာတဲ့အတွက် သရီးဆမ်းရင်ဆမ်း မဟုတ်ရင် နောက်တစ်တွဲရှာပြီး Swap ကြဖို့ ကိစ္စပါပဲ။ သူ့အပေါ်သဝန်တိုလွန်းတဲ့ ရက်ဒ်က လက်မခံသေးပေမယ့် ကေလာရဲ့ကျောင်းတုန်းက သူငယ်ချင်း ဂလိုရီဆိုတဲ့ ကောင်မလေးက သူတို့အိမ်ကို အားလပ်ရက်အလည်လာဖို့ဖိတ်ခေါ်ချိန်မှာတော့ ကေလာရဲ့စိတ်ကူးတွေအကောင်အထည်ပေါ်လာဖို့နီးစပ်လာပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ တစ်ဖက်စုံတွဲနှစ်ယောက်လုံးဟာ ဒီကိစ္စကိုထဲထဲဝင်ဝင်စိတ်ဝင်စားပြီး လွတ်လပ်ပွင့်လင်းလွန်းလှသူတွေဖြစ်နေတာကြောင့်ပါပဲ။ ဒါပေမယ့် အဲ့ဒီလွတ်လပ်ပွင့်လင်းလွန်းတဲ့ သူငယ်ချင်းစုံတွဲဟာ နှစ်ဦးလုံး သွေးစုပ်ဖုတ်ကောင်တွေဖြစ်နေတယ်ဆိုတာတော့ ရက်ဒ်ရော ကေလာပါ မသိကြသေးရှာပါဘူး။ တစ်ကားလုံးဂျိမ်းရင်ဂျိမ်း မဟုတ်ရင် ဂျိမ်းတဲ့အကြောင်း တစ်တစ်ခွခွတွေ ထိုင်ပြောနေတဲ့အပြင် အပြတွေကပါ ပွင့်လင်းကြမ်းတမ်းတဲ့ ဇာတ်ကားဖြစ်လို့ မိသားစုနဲ့ကြည့်ဖို့မသင့်တော်တဲ့ကားမျိုးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)...
The Falling Star (2023) ⭐IMDB: 5.6/10 (255 Votes) 🎬 #Comedy #Drama #Mystery #Thriller #Crime 🗓 2023 🎞 movie 🌎 #Belgium #France ⏰ 1 နာရီ 38 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Falling Star (2024) ဒီတစ်ခါ တင်ဆက်ပေးချင်တာကတော့ ပြင်သစ်စကားပြော Comedy ရုပ်ရှင်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းက – ‘ဘိုရိစ်’ဆိုတဲ့ လူတစ်ယောက်က ၈၀ ပြည့်နှစ်နှောင်းပိုင်းမှာ နိုင်ငံရေးတက်ကြွသူတစ်ဦးဖြစ်ခဲ့ပြီး ဗုံးခွဲတိုက်ခိုက်မှုတစ်ခုကြောင့် ဝရမ်းပြေးဖြစ်ကာ နှစ်ပေါင်းများစွာ ပုန်းလျှိုးကွယ်လျှိုးနေရသူတစ်ဦး ဖြစ်ပါတယ်။ သူ့မိတ်ဆွေ ‘တင်မ်’ဆိုတဲ့သူရယ်၊ သူ့ချစ်သူ ‘ကာယိုကို’ဆိုတဲ့အမျိုးသမီးရယ်နဲ့ ‘ဥက္ကာကြယ်’ဆိုတဲ့ ဘားတစ်ခုကို ဖွင့်ပြီး ဇာတ်မြှုပ်နေခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့ဘားထဲကို လက်တစ်ဖက်ပြတ် လူတစ်ယောက်က ဝင်လာကာ လက်စားချေတဲ့အနေနဲ့ သူ့ကို သေနတ်နဲ့ပစ်သတ်ဖို့ ကြံပါတော့တယ်။ လက်က တစ်ဖက်ပြတ်နေတဲ့အတွက် ကလဲ့စားချေမှုက မအောင်မြင်လိုက်ပါဘူး။ သူတို့ ၃ ယောက်သား ထွက်ပြေးဖို့ ကြံစည်ကြတဲ့အချိန်မှာပဲ ဘိုရိစ်နဲ့ ရုပ်ချင်း ချွတ်စွတ်တူသူ ‘ဒွန်မ်’ဆိုတဲ့ လူတစ်ယောက်ကို တွေ့လိုက်တဲ့အခါ ဘယ်လိုအလွဲတွေ ဆက်ဖြစ်မလဲဆိုတာ ဆက်လက်ရှုစားကြည့်ပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Nway Oo K Zaw က တင်ဆက်ထားပါတယ်။)...
About Cherry (2012) ⭐IMDB: 4.8/10 (11 k Votes) 🎬 #Adult #Drama 🗓 2012 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 About Cherry ဆိုတဲ့ဇာတ်ကားကတော့ ၂၀၁၂ ခုနှစ်ကထွက်ရှိထားပြီး James Franco နဲ့ Heather Graham Ashely Hinshaw တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ အန်ဂျလီနာဆိုတဲ့ကောင်မလေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်းပြီး ဘဝကိုကြိုးစားရုန်းကန်နေတဲ့အမျိုးသမီးငယ်တစ်ယောက်ပါ။ သူမဟာ သူ့ရဲ့ဘဝမှာ လွတ်လပ်မှုကို ရှာဖွေရင်း ဘဝကိုအသစ်ကနေပြန်စဖို့ဆုံးဖြတ်လိုက်တဲ့တစ်နေ့မှာတော့ သူမရဲ့အပြစ်ကင်းတဲ့အဖြူထည်ဘဝကနေ အရောင်ပြောင်းလဲသွားစေတဲ့လောကထဲကို ဝင်ရောက်ဖို့ ဖြစ်လာပါတော့တယ်။ စူးစမ်းလိုစိတ်အားပြင်းတဲ့ဆယ်ကျော်သက်မိန်းမငယ်တစ်ယောက်ရဲ့အဖြစ်ကနေ လမ်းမှားလိုက်မိရင်း လူကြီးရုပ်ရှင်လောကထဲကို ခြေစုံပစ်ဝင်လိုက်တဲ့အခါ ပေါ်ပေါက်လာတဲ့ လက်တွေ့ဘဝရဲ့ရိုက်ခတ်မှုတွေ၊ ဘဝနဲ့ရင်းပြီးရတဲ့အတွေ့အကြုံတွေကို အနုပညာဆန်ဆန်ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ အဖော်အချွတ် အညှီအဟောက်တွေ အထင်းသားကြီးပါတာမို့ တစ်ယောက်တည်းကြည့်ကြပါကုန်။...
A Whale-Riding Teenager (2024) ⭐TMDB: 0% User Score 🎬 #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 29 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ CM ကနေပေါ့ပေါ့ပါးပါးကျောင်းသားကလေးနဲ့မိတ်ဆက်ပေးလိုက်ချင်ပါတယ်။သစ်ရွက်လှုပ်တာကအစ ရင်ခုန်တတ်တဲ့အရွယ်မျိုးဆိုသလိုပတ်ဝန်းကျင်တွေကြောင့်အချိန်မရွေးလမ်းမှာရောက်သွားနိုင်တဲ့ဆယ်ကျော်သက်စွန်းစွန်းအရွယ်လေးတွေကို မိဘတွေကအမြဲတမ်းလိုက်ကြည့်နေရတာပေါ့။ ဒီဇာတ်ကားလေးထဲမှာလည်း ဟူရှောင်ကျိုးလို့ခေါ်တဲ့ကောင်လေးကအမြဲတမ်းသတ္တိနည်းပြီးမိသားစုလေးကသာမာန်ဖူလုံရုံလောက်ပဲပေါ့။ဒါပေမဲ့ သူ့ဝါတနာကတော့လက်ဝှေ့ထိုးရတာ ဂိမ်းဆော့ရတာကိုကြိုက်နှစ်သက်သူဖြစ်တယ်။ သူနဲ့အတူငယ်ပေါင်းကြီးဖော်ဖြစ်တဲ့ ဝမ်ချင်ဆိုတဲ့ကောင်မလေးကတော့စာလည်းတော်ရုပ်လည်းချောပြီးဝေလငါးကိုအင်မတန်မှနှစ်သက်သူတစ်ယောက်ဖြစ်တယ်။သူတို့နဲ့အတူ ဝူဖုန်း ဖုန်ကျွင်း လင်ဝမ်တို့ကလည်း ကျောင်းမှာပြိုင်စံရှားရန်ဖြစ်တဲ့လူတွေဖြစ်ကြတယ်။ညတိုင်းချိန်းတွေ့လျှောက်သွားကြတဲ့သူငယ်ချင်းတွေအမြဲတမ်း အနိုင်ကျင့်ခံရတာတွေကိုဟူရှောင်ကျိုးတစ်ယောက် ကိုယ့်ကိုယ်အရှက်ရမိခဲ့တယ်။ ဒီလိုနဲ့ သူချစ်ရတဲ့ကောင်မလေး ဝမ်ချင်ကိုကာကွယ်ဖို့အတွက်လက်ဝှေ့ပညာကိုသင်ယူဖို့ ယွမ်နည်းပြလက်ဝှေ့ရုံဆီသွားပြီးသင်ကြားခဲ့တယ်။လက်ဝှေ့ပညာကို အတော်တတ်မြောက်ပြီးတဲ့နောက်မှာဟူရှောင်ကျိုးတစ်ယောက် ကျောင်းပညာကိုစိတ်မဝင်စားတော့ပဲညဘက် ချိန်းတွေ့ရန်ဖြစ်တာတွေအဖွဲ့လိုက်ရန်ဖြစ်တာတွေပါလုပ်လာခဲ့တာကြောင့်ကျောင်းကသူတို့ကိုကျောင်းထုတ်ဖို့ဆုံးဖြတ်ခဲ့တယ်။ ဒါကို ဟူရှောင်ကျိုးမိဘတွေကယွမ်နည်းပြဆီလာအပြစ်တင်ပုံချခဲ့တဲ့အချိန်မှာတော့…………ဒီဇာတ်ကားလေးဟာမိဘနဲ့သားသမီးကြားက နားလည်မှုတွေအပြင်ဆရာတစ်ယောက်ရဲ့သွန်သင်ဆုံးမမှုအရေးပါကြောင်းကိုမီးမောင်းထိုးပြထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်...
The Man Rebounds (2024) ⭐TMDB: 0% User Score 🎬 #Crime #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 45 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လိမ်လည်မှုတစ်ခုကြောင့် ဟော့ပေါ့ဆိုင်သူဌေးကြီး ဘဝကနေ ဒေဝါလီခံလိုက်ရပြီးထောင်ကျသွားသူ ဝေ့တုန်းဟာ ၃ နှစ်ကြာတဲ့အချိန်မှာ ထောင်ထဲက ထွက်လာခဲ့ပါတယ်။လွန်ခဲ့တဲ့ ၃ နှစ်က အမြတ်ကြီးကို မက်ပြီး ရှယ်ယာဈေးကွက်ထဲ ဝင်မိပြီးကိုယ်တိုင်က ဒုက္ခရောက်ရတဲ့အပြင် မိသားစုတစ်ခုလုံးဒုက္ခရောက်ခဲ့တဲ့ ဝေ့တုန်းမှာ ကလဲ့စားချေစရာ ရန်သူကြီးတစ်ယောက် ရှိနေပါသေးတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က ဝေ့တုန်းရဲ့ ဇနီးဖြစ်သူကို မူးယစ်ဆေးတွေ ထိုးသွင်းခဲ့ပြီးသတ်ခဲ့တဲ့ ယူနန်က မူးယစ်ဂိုဏ်းခေါင်းဆောင်ကြီး ရှန်းရှစ်ပဲ ဖြစ်ပါတယ်။အခုချိန်မှာတော့ ယူနန်က မူးယစ်တိုက်ဖျက်မှုစီမံကိန်းကြောင့် ရှန်းရှစ်မှာလည်း ပုန်းခိုနေရသူဖြစ်ပါတယ်။ တစ်နေ့မှာ ရှန်းရှစ်ရဲ့ လက်အောက်ငယ်သား ၂ ယောက်က မူးယစ်ပို့တဲ့ လမ်းပေါ်မှာကုန်တင်ကားဆရာတစ်ယောက်နဲ့ ရန်ဖြစ်ခဲ့ပြီး အချင်းချင်း စိတ်မထိန်းနိုင်ဘဲလူသတ်မှုအထိ ဖြစ်သွားခဲ့ပါတယ်။ အဲဒီမှာ ကုန်တင်ကားဆရာကမူးယစ်ဆေးနဲ့ ငွေတွေကို ယူသွားခဲ့တဲ့အတွက် ရှန်းရှစ်တို့အဖွဲ့ဒေါသူပုန်ထပြီး အဲဒီလူကို တွေ့အောင်လိုက်ရှာပါတော့တယ်။ ဝေ့တုန်းတစ်ယောက် ရှန်းရှစ်တို့ အဖွဲ့နဲ့ ဘယ်လိုပတ်သက်မိမလဲ……မူးယစ်ဆေးဝါးတွေကိုရော ရှာတွေ့ကြမလား……ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။...
Absolution (2024) ⭐IMDB: 5.1/10 (3 k Votes) 🎬 #Action #Crime #Drama #Thriller #Mystery 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 53 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Absolution (2024) IMDb Rating (5.3) / Rotten Tomatoes (52%) Taken ကားနဲ့ အဖေခန်းတွေမှာ နာမည်ကြီးခဲ့တဲ့ မင်းသားကြီး လီယံနီဆင်ဟာ ဒီရုပ်ရှင်မှာတော့ အဘိုးဖြစ်လာပါပြီ။ အသက်ကြီးလာတဲ့ လက်ဝှေ့သမားဟောင်း ဂန်းစတားကြီးဟာ ကုလို့မရတဲ့ ဦးနှောက်ရောဂါတစ်ခုဖြစ်နေတာ သိပြီးတဲ့နောက်မှာ သူအကြာကြီး ပစ်ထားခဲ့တဲ့ သားသမီးတွေ မြေးတွေကို ပြန်ကူညီဖို့ ကြိုးစားပါတော့တယ်။ သူ့ရဲ့မှတ်ဉာဏ်တွေ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေရင်းကပဲ သူ့မိသားစုအတွက် ကောင်းတာတစ်ခုခုလုပ်ပေးဖို့ ကြိုးစားနေတာပါ။ ဒါပေမဲ့ သူ့လို ဂန်းစတားတစ်ယောက်အတွက် ကောင်းတာတစ်ခုလုပ်ဖို့ တတ်တဲ့ပညာကလည်း မကောင်းတာတွေပဲဖြစ်နေတော့ လူမိုက်တွေ၊ ဂန်းစတားတွေနဲ့အသက်လုပြီး သူ့သမီးနဲ့မြေးကို ကူညီဖို့ ကြိုးစားရပါတော့တယ်။ Action, Thriller အမျိုးအစားကိုမှ မိသားစုဒရာမာတွေနဲ့မို့ ကြည့်လို့ကောင်းပါလိမ့်မယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။)...
Late Bloomers (2023) ⭐IMDB: 6.1/10 (1 k Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb Rating – 6/10 ဒီကားလေးက ဒါရိုက်တာ Lisa Steen ရိုက်ကူးထားပြီးမင်းသမီး Karen Gillan နဲ့ မင်းသမီးကြီး Malgorzata Zajaczkowska တို့ အဓိကပါဝင်ထားတာပါ။ ဘဝမှာ ကံအဆိုးဆုံးလူသားလို့ ခံစားရတဲ့ အချိန်တွေ ရှိဖူးပါသလား။ အသက်28နှစ်အရွယ် လူဝီက ရုတ်တရက် သစ္စာဖောက်ခံရပြီး single ဖြစ်သွားတဲ့အပြင် အဆိုတော်အလုပ်ကလဲ မအောင်မြင် တာကြောင့် စိတ်ဓာတ်ကျနေခဲ့ပါတယ်။ တစ်နေ့မှာအရက်မူးနေရင်း မတော်တဆ တင်ပါးရိုးကျိုးသွားတဲ့အခါ လောကကြီးကိုအဆိုးမြင်နေတဲ့ လူဝီက ဆေးရုံမှာ ဒေါသကြီးပြီး အင်္ဂလိပ်လိုလဲ နားမလည်တဲ့ polish လူမျိုး အန်တိုနီနာဆိုတဲ့ အဖွားကြီးနဲ့ အခန်းဖော်ဖြစ်လာပါတယ်။ ဘာသာစကားနဲ့ဆက်သွယ်မှုမလုပ်နိုင်တဲ့ နှစ်ယောက်က အလွဲတွေ ရဲ့ကြား သံယောဇဉ်ရှိသွားပြီး အယ်ဇိုင်းမားရောဂါရှင်အမေဖြစ်သူတွက် ကုသငွေလိုနေတဲ့ လူဝီက အန်တိုနီနာရဲ့ နာနီဖြစ်လာပါတော့တယ်။ လုပ်သမျှအဆိုးတွေဖြစ်ကုန်လို့ ဘာမှမလုပ်တော့ပဲ လမ်းပျောက်နေတဲ့ လူဝီက အန်တိုနီနာကိုစောင့်ရှောက်ရင်း ဘဝရဲ့အဓိပ္ပာယ်ကို သိမြင်လာနိုင်မလား……. အရမ်းဆိုးတဲ့ အန်တိုနီနာကို လူဝီဘယ်လိုနည်းနဲ့ စောင့်ရှောက်သွားမှာလဲ…… လူဝီကရော လူကြီးဘဝရဲ့ အဓိပ္ပာယ်ကိုတွေ့ပြီး ရင့်ကျက်လာမှာလား…….. အချစ်စစ်ကိုရော ရှာတွေ့မှာလား…. ဆေးရုံမှာတွေ့ခဲ့တဲ့ အဖွားတွေကရော သူတို့အတွေ့အကြုံတွေနဲ့ လူဝီကို ဘယ်လိုစိတ်ခွန်အားတွေပေးမလဲ……… ဒါတွေကို ဒီဘဝသရုပ်ဖော်ကားလေးမှာ လူဝီနဲ့အတူ ဘဝကိုပါဝင် ဖြတ်သန်းရင်း ခံစားလိုက်ပါ။ ဘဝမှာလမ်းပျောက်နေရင်တော့ ကြည့်ကိုကြည့်သင့်တဲ့ ကားလေးပါနော်။...
Breaking the Girls (2012) ⭐IMDB: 5.0/10 (4 k Votes) 🎬 #Adult #Drama #Family #Thriller #Crime 🗓 2012 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ ၂၀၁၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ Crime Triller အမျိုးအစားဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆာရာဆိုတဲ့ ပညာသင်ဆုရှင် ကောလိပ်ကျောင်းသူတစ်ယောက်ဟာ အဲလက်စ်ဆိုတဲ့ ထူးခြားပြီးဆွဲဆောင်မှုရှိတဲ့ကောင်မလေးတစ်ယောက်နဲ့သူငယ်ချင်းတွေဖြစ်သွားကြတယ်။ ဒါပေမဲ့ လူအကြောင်းပေါင်းမှသိ ဆိုတဲ့အတိုင်း အဲလက်စ်ရဲ့မထင်မှတ်ထားတဲ့အကြောင်းတွေကို သိလိုက်ရတဲ့အခါ သူတို့ရဲ့သူငယ်ချင်းဆက်ဆံရေးဟာ တစ်ဖြည်းဖြည်းနဲ့ ဆိုးဝါးလာပြီး အမှောင်ဘက်ကိုကူးပြောင်းသွားခဲ့တယ်။ ဒီဇာတ်ကားဟာ မထင်မှတ်ထားတဲ့လှည့်ကွက်တွေ၊ အချိုးအကွေ့တွေနဲ့ စိတ်လှုပ်ရှားစရာကောင်းတာကြောင့် မှုခင်းဇတ်လမ်းကောင်းတွေကိုကြိုက်နှစ်သက်သူတွေအဖို့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။...
From Darkness (2024) ⭐IMDB: 5.1/10 (479 Votes) 🎬 #Horror #Mystery #Thriller 🗓 2024 🎞 movie 🌎 #Sweden ⏰ 1 နာရီ 35 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိသတ်တွေကို သည်းထိပ်ရင်ဖို ဖြစ်စေမယ့် Swedish Horror ဇာတ်ကားလေးနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ၂၀၂၄ မတ်လတုန်းက ထွက်ရှိထားတာဖြစ် ပြီးတော့ နိုင်ငံတကာမှာလည်း ဆုတွေရရှိထားကာ nomination တွေလည်း အများကြီးဝင်ထားပါတယ်။ Philip W. da Silva က ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီးတော့ အဓိကဇာတ်ဆောင်တွေ အဖြစ် Oscar Skagerberg, Rakel Benér နဲ့ Peter Mörlin တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ သဘာဝဥယျာဉ်ထဲမှာ ပျောက်ဆုံးသွားတဲ့လူတစ်ယောက်ကို Angelica ဦးဆောင်တဲ့ ရှာဖွေရေးအဖွဲ့က လိုက်ရှာရင်း တောနက်ထဲမှာ ခြောက်ခြားစရာ အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရပါတော့တယ်။ ကြည့်ရှုသူတွေအနေနဲ့ အဲဒီတောထဲကနေ သူတို့ဘယ်လို ပြန်ထွက်နိုင်အောင်လုပ်ကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုကြရမှာပါ။ ဇာတ်လမ်းက အစကနေအဆုံးထိ ရသပေါင်းစုံကို ပေးစွမ်းနိုင်ပြီးတော့ IMDb မှာ Rating ကောင်းတစ်ခုကို ရရှိထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကား ဖြစ်ပါတယ်။...
Painter (2023) ⭐IMDB: 7.0/10 (17 Votes) 🎬 #Bollywood #Drama #Romance #Comedy 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 50 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Painter (2023) ပန်းချီဆရာ ငွေဆိုတာ လောကကိုဝါးမြိုနေတဲ့အရာတစ်ခုလို့ပဲသတ်မှတ်ထားတဲ့ ပန်းချီဆရာလေးဟာကောင်းကင်ကို ဆေးရောင်စုံစပ်တဲ့ဗန်းကမ္ဘာမြေကြီးကို ပတ္တူဖျင်စလို့ သဘောထားပြီးသူ့ရဲ့စိတ်ကူးစိတ်သန်းတွေကို ရေးဆွဲရရုံနဲ့တင်ကျေနပ်နေတဲ့အရာပေါ့။ ငွေကို ဒုတိယဘုရားသခင်အနေနဲ့ သတ်မှတ်ထားတဲ့လောကကြီးမှာငွေရမယ့်အလုပ်ကို စိတ်မဝင်စားတဲ့သူ့ကိုပတ်ဝန်းကျင်ကလူတွေကတော့ နားမလည်ကြဘူးပေါ့လေ။ တစ်နေ့ စိတ်ကူးထဲက သိပ်လှတဲ့မိန်းကလေးတစ်ယောက်ကိုပန်းချီဆွဲထားတဲ့ ပန်းချီကားလေးကို ဆင်မီဆိုတဲ့သူဌေးသမီးလေးက တွေ့သွားပြီးတော့ မရမက ပူဆာပါတော့တယ်။ ဒါပေမဲ့ ပန်းချီဆရာလေးကလည်း ဒီပန်းချီကားကို မပြီးသေးတဲ့အတွက်မရောင်းချင်လိုတိုင်းတ တတိုင်းရခဲ့တဲ့သူဌေးသမီးမလို့ ဆင်မီကလည်းမလျှော့နဲ့ဒီပန်းချီကားတစ်ချက်ကနေ စလိုက်တဲ့ရေစက်ကဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)...
My Big Fat Bride (2015) ⭐IMDB: 7.5/10 (21 k Votes) 🎬 #Bollywood #Comedy #Drama #Romance 🗓 2015 🎞 movie 🌎 #India ⏰ 1 နာရီ 50 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dum Laga Ke Haisha (2015) “ဝဝကစ်ကစ်သတို့သမီး” ၂၀၁၅ က ထွက်ရှိခဲ့တဲ့ ဟင်ဒီအချစ်ဟာသကားလေးကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ် သရုပ်ဆောင်များအနေနဲ့ Ayushmann Khurrana နဲ့ Bhumi Pednekar တို့ဖြစ်ပြီးဘတ်ဂျက် ၁၄ ကုဋေတည်းနဲ့ ရုံတင်ဝင်ငွေ ၁၁၃ ကုဋေ ပြန်လည်ရရှိခဲ့တဲ့ ကားလေးပါ ဇာတ်လမ်းအကျဉ်းကတော့ ပရမ်းဆိုတဲ့ကောင်လေးဟာ ကျောင်းထွက်တစ်ယောက်ဖြစ်ပြီးရှက်ကိုးရှက်ကန်းနဲ့ မိဘစကားကို မြေဝယ်မကျနားထောင်ရသူပါ အဖေလုပ်သူရဲ့ အတင်းအကျပ်ခိုင်းစေမှုကြောင့် ဘွဲ့ရပညာတတ်ခပ်ဝဝကောင်မလေး ဆန်ဒယာ့ကို မိမိဆန္ဒမပါဘဲ လက်ထပ်လိုက်ရပြီးအစစအရာရာ စရိုက်လက္ခဏာမတူကြတဲ့ သူတို့မောင်နှံနှစ်ယောက်အကွဲအလွဲတွေကနေ အချစ်ကိုဘယ်လိုရှာတွေ့သွားမှာလဲဆိုတာကတော့ … အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်...
The Contract (2024) ⭐IMDB: 3.5/10 (82 Votes) 🎬 #Comedy 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ Comedy Family Drama အမျိုးအစားဖြစ်ပြီးတော့ အဓိကဇာတ်ဆောင်တွေအဖြစ် Gabrielle Dennis, Lil Duval, Caryn Ward တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ Dennis နဲ့ Anna တို့ရဲ့အိမ်ထောင်ရေးမှာ မိန်းမဖြစ်သူ Anna က ကလေးအရမ်း လိုချင်နေပြီးတော့ Dennis က ကလေးမယူချင်ပါဘူး။ အဲဒီအခါမှာ Anna အနေနဲ့ သူ့ယောကျ်ားလိုချင်တဲ့အရာတွေကို ဖြည့်ဆည်းပေးရင်းနဲ့ ကလေးယူချင်လာအောင် သိမ်းသွင်း ပါတယ်။ အဲဒီလိုနဲ့ သူတို့နှစ်ယောက်ကြားဆက်ဆံရေးက တဖြည်းဖြည်းပြောင်းလဲလာကာ နောက်ဆုံးမှာ ဘယ်လို ဖြစ်သွားလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါ။ ဇာတ်လမ်းကို ဟာသဆန်ဆန်ရိုက်ကူးထားပြီးတော့ စကားအသုံး အနှုန်းတွေက နည်းနည်းညစ်ညမ်းတာကြောင့် မိသားစုနဲ့အတူ ကြည့်သင့်တဲ့ ဇာတ်ကားမျိုးတော့ မဟုတ်ပါဘူး။...
Mesrine: Killer Instinct (2008) ⭐IMDB: 7.5/10 (36 k Votes) 🎬 #Action #Biography #Crime #Drama #Thriller 🗓 2008 🎞 movie 🌎 #France #Canada #Italy ⏰ 1 နာရီ 54 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mesrine: Killer Instinct(2008) **************************** Jacques mesrine ဆိုတဲ့ ပြင်သစ်နိုင်ငံသားတစ်ယောက်က စစ်တပ်မှာ တာဝန်ထမ်းဆောင်ပြီး မိဘအိမ် ပြန်လာတဲ့ သူပါ…သူ့မိဘက သူ့ကို အလုပ်ကောင်းကောင်းတစ်ခုရှာပေးခဲ့ပေမယ့် သူကတော့ ဂျာမနီလူမျိုးတွေနဲ့မို့ အလုပ်မလုပ်ချင်ပါဘူးဒါပေမယ့် တစ်နေ့မှာ သူ့သူငယ်ချင်းဖြစ်သူ Jean Paul Mercier ဟာ ဂိုဏ်းစတားတစ်ဦးဖြစ်သူ Guido ဆိုတဲ့ လူဆီကို ခေါ်သွားပါတယ် ,,,အဲ့ဒီအလုပ်က သူများပစ္စည်းခိုးတာတွေ ဘဏ်ဖောက်တာတွေ ဖြစ်တာကြောင့် တစ်ခါတည်းနဲ့ ငွေအချီကြီးရလေ့ရှိပါတယ်,,,အဲ့ဒီလို ငွေအချီကြီးကို မက်ပြီး Jacque mesrine တစ်ယောက် မကောင်းမှုထဲကို တစ်စတစ်စ နစ်ဝင်သွားချိန်မှာတော့...
The Returned (2013) ⭐IMDB: 5.9/10 (9 k Votes) 🎬 #Crime #Drama #Horror #SciFi #Thriller 🗓 2013 🎞 movie 🌎 #Spain #Canada ⏰ 1 နာရီ 39 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Sci-fi Horror ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ Apocalyse ပုံစံ Zombie ရုပ်ရှင်ကားတွေကို ကြိုက်နှစ်သက်သူတွေအတွက် လက်လွှတ်မခံသင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၈၀ ခုနှစ်တွေအတွင်း ဇွန်ဘီကပ်ရောဂါကြီးဖြစ်ပွားပြီးတော့ လူပေါင်း သန်း၁၀၀ လောက်သေဆုံးခဲ့ပါတယ်။ သုတေသနပညာရှင်တွေကလည်း ဒီရောဂါကိုကုသဖို့အတွက် လေ့လာချက်တွေအများအပြားဆောင်ရွက်ကြပြီး ကုထုံးကိုရှာဖွေကြပါတယ်။ ဒီထဲမှာတော့ ကိတ်ဆိုတဲ့ ဆရာဝန်အမျိုးသမီးတစ်ယောက်က ဖုတ်ကောင်တွေကို ပုံမှန်လူအဖြစ်ပြန်ဖြစ်အောင် ကုသပေးနိုင်တဲ့ ကုထုံးတစ်ခုကိုရှာဖွေတွေ့ရှိသွားပါတယ်။ ဒီဖုတ်ကောင်တွေကိုပြန်လည်ကုသပေးပြီး ကောင်းလာတဲ့လူတွေကိုတော့ The Returned (သေရွာပြန်)လို့ ခေါ်ကြပါတယ်။ ဒါပေမဲ့ ဒီကုထုံးကိုလုပ်ဆောင်ဖို့အတွက် ပရိုတင်းကိုတော့ Zombie တွေရဲ့ရိုးတွင်းခြင်ဆီကနေ အရည်တစ်မျိုးကို အသုံးပြုရပါတယ်။ ဒါပေမဲ့ ဒီကုထုံးကိုဆောင်ရွက်ဖို့အတွက် အရင်းအမြစ်ဖြစ်တဲ့ ပရိုတင်းတွေက တစ်နေ့တခြားရှားပါးလာတဲ့အခါ ဒီကပ်ရောဂါကြီးကိုကျော်လွှားနိုင်ဖို့အတွက် စိန်ခေါ်မှုတွေ အဖက်ဖက်ကပေါ်လာပါတော့တယ်။ ဒီဇာတ်ကားကတော့ သာမန် Zombie ကားတွေနဲ့မတူဘဲ ကမ္ဘာကြီးကပ်ဆိုက်လာတဲ့အခါ ကြုံရတဲ့ပြဿနာတွေ၊ ရက်စက်တဲ့လူ့သဘာဝတွေ လူ့အဖွဲ့အစည်းကြားက အကျည်းတန်တဲ့အမှန်တရားတွေကို မီးမောင်းထိုးပြထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။...
Bagheera (2024) ⭐IMDB: 6.9/10 (5 k Votes) 🎬 #Action #Bollywood #Adventure 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 36 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bagheera 2024 အမှန်တရားဘက်တော်သားImdb 7.8 စူပါဟီးရိုးကာတွန်းတွေဖတ်ပြီး စူပါပါဝါတွေများရလာမလားဆိုပြီးတိုက်ပေါ်ကခုန်ချခဲ့တဲ့ ကလေးဘဝတုန်းကဗီဒန့် အစွမ်းတွေရမလာဘဲဆေးရုံတန်းရောက်သွားလို့ အမေဖြစ်သူက တရားချရတယ် “စူပါပါဝါတွေရှိမှ လူစွမ်းကောင်းမဟုတ်ဘူး လူတွေအသက်ကိုကယ်ပေးတဲ့ဆရာဝန်တွေလူဆိုးတွေကို ကိုယ်ကျိုးမငဲ့ဘဲ ဖမ်းပေးတဲ့ရဲအရာရှိတွေလည်း လူစွမ်းကောင်းတွေပဲ” ဒီစကားတစ်ခွန်းကိုရှေးရှုပြီး ရဲအရာရှိလုပ်ဖို့ဆုံးဖြတ်ထားလိုက်ပါတယ်ဒီကလေးကြီးလာတော့လည်း ရွှေတံဆိပ်ဆုရှင်ရဲတစ်ယောက်ဖြစ်လာခဲ့ပါတယ်သူတာဝန်ကျတဲ့နေရာမှာတော့ ဘယ်ရဲမှမထိရဲတဲ့ ထိတ်ထိတ်ကြဲဆိုတဲ့လူဆိုးတွေရဲ့ရိပ်မြုံပေါ့ ဆိုတော့သူတစ်ယောက်တည်းနဲ့တစ်မြို့ဖြစ်နေတော့သူရည်မှန်းထားသလို လူစွမ်းကောင်းဖြစ်လာမလားဆိုတာကိုတော့ … ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Linn ~ KKKZ ~ Alex ~ Thaw တို့ပဲဖြစ်ပါတယ်...
Penalty Loop (2024) ⭐IMDB: 6.8/10 (17 Votes) 🎬 #Drama #SciFi #Thriller #ScienceFiction 🗓 2024 🎞 movie 🌎 #Japan ⏰ 1 နာရီ 39 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Penalty Loop (2024) IMDb Rating (6.8) CM ချစ်ပရိတ်သတ်တို့အတွက် စိတ်ဝင်စားဖို့ကောင်းပြီး ထူးခြားဆန်းပြားတဲ့ ဇာတ်အိမ်နဲ့ ဂျပန်ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်းလေးကို မိတ်မဆက်ပေးခင်မှာ…တစ်နေ့ ကိုယ်ချစ်ရတဲ့သူ ရုတ်တရက်အသတ်ခံရပြီ…အဲ့ လုပ်ကြံသူကို အကြိမ်ကြိမ်ပြန်သတ်ဖို့ အခွင့်အရေးရမယ်ဆို…ကျေနပ်နိုင်မှာလား…လုပ်ကြံသူကို ကိုယ်တိုင်စီရင်ဖို့ ကြိုးစားမှာလား… ဒီဇာတ်ကားလေးထဲက အီဝါမိုရီကတော့ ဒီအခွင့်အရေးကို လိုချင်ခဲ့သူပါ…ဘာလို့လဲဆိုတော့ သူချစ်ရတဲ့ ချစ်သူမိန်းကလေးက အလုပ်ကို ပျော်ပျော်ရွှင်ရွှင်မနက်က ထွက်သွားပြီး…အိမ်ပြန်လာချိန်မျှော်နေခဲ့ပေမယ့် သူ့ဆီပြန်ရောက်လာခဲ့တာက…သူ့အလောင်းကို အတည်ပြုပေးဖို့ လာခေါ်တဲ့ ရဲတွေဖြစ်နေပါတယ်… ဒါကြောင့်လည်း သူ့ချစ်သူကို သတ်ခဲ့သူကို သိချိန်မှာတော့ VR အစွမ်းအကူအညီနဲ့ လုပ်ကြံသူကို အကြိမ်ကြိမ်သတ်ဖို့ ကြိုးစားမယ်လို့ လက်ခံခဲ့ပါတယ်..ဒါပေမယ့် ဒီ VR အစွမ်းရဲ့နောက်မှာ မထင်မှတ်တာတွေ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ…။ Sci-Fi ဆန်ဆန် ထူးခြားတဲ့ဇာတ်အိမ်နဲ့ နက်နဲသက်ဝင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ဒီရုပ်ရှင်က ဝေဖန်သူတချို့ကြား အကြိုက်တွေ့နေတာမလို့ဂျပန်ဘာသာကနေ တိုက်ရိုက်ဘာသာပြန်တင်ဆက်လိုက်ရပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Chu Chu မှ တင်ဆက်ထားပါတယ်။)...
Luciferina (2018) ⭐IMDB: 4.7/10 (773 Votes) 🎬 #Horror #Mystery #Drama 🗓 2018 🎞 movie 🌎 #Argentina ⏰ 1 နာရီ 55 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Luciferina (2018) ( 18+ ကားမဟုတ်ပေမယ့်လည်း ဇာတ်လမ်းက နတ်ဆိုးဆီက သန္ဓေကိုအခြေခံထားတာဖြစ်တဲ့အတွက် ပွင့်လင်းတဲ့ ချစ်တင်းနှောခန်းတစ်ခုအကြာကြီးပါနေပါတယ်။ မိသားစုနဲ့မကြည့်ခင်ဆုံးဖြတ်နိုင်ဖို့ပါ။) LUCIFERINA ဟာသီလရှင်ကျောင်းမှာ ပညာသင်နေဆဲ ဂျူနီယာသီလရှင်လေးတစ်ယောက်ဖြစ်တဲ့ နက်တလီယာ နဲ့ စပါတယ်။ သူ့မိဘတွေ မတော်တဆမှုဖြစ်ပြီး မိခင်ဖြစ်သူသေဆုံးခဲ့ရသလို ဖခင်ဖြစ်သူအိပ်ယာထဲလဲသွားတယ်ဆိုတာ သိရတဲ့အချိန်မှာတောင် သူဟာအိမ်ကို မပြန်ချင်ခဲ့ပါဘူး။ ဒါပေမယ့် သီလရှင်ဆရာကြီးရဲ့ဒီနေရာဟာ သူ့ပြဿနာတွေ၊ ဒုက္ခတွေဆီက ပုန်းရှောင်နေရမယ့်နေရာမဟုတ်ဘူးဆိုတဲ့စကားကြောင့် သူတမင်စွန့်ခွာခဲ့တဲ့ သူ့အိမ်ကိုပြန်သွားဖြစ်ခဲ့ပါတယ်။ သူ့အိမ်ကိုပြန်ရောက်တဲ့အချိန်မှာ အိပ်ယာထဲ လဲနေတဲ့ဖခင်ကြီးနဲ့အတူ သူ့ညီမ အိန်ဂျလာရဲ့ဆိုးဝါးတဲ့ထိုးနှက်စကားတွေကိုရင်ဆိုင်ရပါတယ်။ သူ့အမေဟာနတ်ဆိုးတစ်ကောင်ပူးကပ်တာခံနေရတဲ့အကြောင်း၊ အခုဖြစ်သွားတဲ့ ကိစ္စဟာလည်း အဲ့ဒါတွေကြောင့်အများကြီးသက်ဆိုင်နေပြီး အဲ့ဒီပဟေဠိတွေကိုအဖြေရှာဖို့အတွက် သူတို့ဟာ ဝေးလံခေါင်ဖျားတဲ့နေရာတစ်ခုက ဘုရားကျောင်းပျက်ကြီးတစ်ခုမှာ အစီအရင်တစ်ခုသွားလုပ်ကြတော့မယ်ဆိုတာသိရပါတယ်။ အဲ့ဒီအစီအရင်ဟာ သူတို့ရဲ့ (မွေးစား) မိဘနှစ်ပါးဖွက်ထားတဲ့ ပဟေဠိတွေကိုအထုပ်ဖြေပြမှာဖြစ်တဲ့အတွက် သူ့ကိုပါလိုက်ခဲ့ပါလို့ခေါ်ဆောင်ချိန်မှာတော့ နက်တလီယာအနေနဲ့ ညီမငယ်ကိုစိတ်မချတဲ့ ဇောသက်သက်နဲ့ကြောက်စရာကောင်းလွန်းလှတဲ့ အတိတ်ပေါင်းစုံနဲ့နေရာစိမ်းတစ်ခုကိုအခြေချမိပါတော့တယ်။ ဒါပေမယ့် အဲ့ဒီနေရာဟာ တကယ်တမ်းတော့ သူ့အတွက် အစိမ်းသက်သက်ဖြစ်မနေခဲ့ဘူးဆိုတာကို သိလိုက်ရတဲ့အချိန်..။ သမားရိုးကျ မိစ္ဆာဖုတ်နှင် ကားတွေကနေကွဲထွက်သွားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အာဂျင်တီးနားကားဖြစ်တဲ့အတွက် ကမ္ဘာကျော်မျက်နှာသိမင်းသားမင်းသမီးတွေ မပါဝင်ပေမယ့် သရုပ်ဆောင်တွေက ကိုယ့်တာဝန်ကိုယ်ကျေသလို ဇာတ်လမ်းရောလှည့်ကွက်တွေရောကောင်းတဲ့ကားဖြစ်တဲ့အတွက် Horror ပရိသတ်တွေလက်လွတ်မခံသင့်တဲ့ကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)...
Wind River (2017) ⭐IMDB: 7.7/10 (289 k Votes) 🎬 #Crime #Drama #Mystery #Thriller #Western 🗓 2017 🎞 movie 🌎 #UnitedKingdom #France #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Wind River (2017) IMDb Rating (7.7) / Rotten Tomatoes (87%) Hawkeye မင်းသားကြီး Jeremy Renner နဲ့ Wanda မင်းသမီး Elizabeth Olsen တို့ ဦးဆောင်ပါဝင်ထားတဲ့ဒီဇာတ်ကားက အင်ဒီးယန်းနယ်မြေက ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ Rating မြင့် ရသစုံရုပ်ရှင်ကားကြီးပါ။ ဇာတ်လမ်းကတော့…ကော်ရိုဟာ နှင်းတွေအမြဲဖုံးလွှမ်းနေတဲ့ အင်ဒီးယန်းရေခဲတောင်တွေပေါ်မယ် သားရဲမုဆိုးအဖြစ် အသက်မွေးနေသူတစ်ယောက်ဖြစ်ပါတယ်…တစ်နေ့မှာ သူခြင်္သေ့လိုက်ထွက်ရင်း နှင်းတောထဲမှာ မိန်းမပျိုလေးတစ်ဦးရဲ့အလောင်းကို တွေ့ရှိလိုက်ရပါတယ်… ဒီအမှုကိုစုံစမ်းဖို့အတွက် FBIက အတွေ့အကြုံမရှိတဲ့ စုံထောက်မလေး ဂျိမ်းကို စေလွှတ်လိုက်ပါတယ်…မနူးမနပ် ဆတ်ဆတ်ကြဲ ဂျိမ်းဟာ လူအင်အားကလည်းမလုံလောက် သူကလည်းအတွေ့အကြုံမရှိအမှုကလည်းရှုပ်ထွေးလာနဲ့မကြံတတ် မစည်တတ်ဖြစ်လာရတဲ့အတွက် ကော်ရိုရဲ့အကူအညီကိုတောင်းခံပြီး အတူတကွ ဆက်လက်စုံစမ်းကြရတာပေါ့…ဒီလိုစုံစမ်းနေတဲ့အချိန်မှာပဲ ရေခဲတောင်ပေါ်မှာ နောက်ထပ်အလောင်းတစ်လောင်းကို ထပ်ပြီးတွေ့ရှိလိုက်ရတဲ့အခါမှာတော့ ……… ဇာတ်အိမ်ဖွဲ့ပုံသေသပ်လှတဲ့အတွက် ဇာတ်ကားတလျှောက်လုံး ရင်တထိတ်ထိတ်နဲ့ တရားခံဘယ်သူဖြစ်နိုင်မလဲ….ကိုယ့်ကိုယ်ကိုသတ်သေလိုက်တာရော မဖြစ်နိုင်ဘူးလား….စသဖြင့် စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်…. ရုပ်ရှင်တစ်ခုလုံးမှာလည်း နှင်းတွေရေခဲတွေနဲ့အမြဲဖုံးလွှမ်းနေတဲ့အတွက် နှင်းတောင်တန်းရဲ့ ရသအပြည့်ပုံစံနဲ့ ခံစားရမှာပါ။...
The Cursed Land (2024) ⭐IMDB: 5.8/10 (212 Votes) 🎬 #Horror #Supernatural #Thriller 🗓 2024 🎞 movie 🌎 #Thailand ⏰ 2 နာရီ 11 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Cursed Land (2024) ************************* ထိုင်းသရဲကားထဲမှာမှ မူကွဲပုံစံအသစ်လေးနဲ့ အင်ဒိုသရဲကားနဲ့ခပ်ဆင်ဆင်တူတဲ့horror movie သစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးကတော့ ကျိန်စာသင့်ဖုန်းဆိုးမြေပေါ်မှာရှိနေတဲ့အိမ်ကြီးတစ်လုံးရဲ့ ရာဇဝင်အကြောင်းလေးပေါ့ .. ။ အင်ဂျင်နီယာချုပ်မစ်တစ်ယောက် စက်ရုံမှာ ကြီးကြပ်ပေးဖို့အတွက်နုံကျုပ်မှာရှိတဲ့ မွတ်စလင်ရပ်ကွက်က စက်ရုံနဲ့နီးတဲ့ အိမ်လေးတစ်အိမ်မှာသမီးဖြစ်သူမေနဲ့ နေရဖို့ဖြစ်လာပါတော့တယ်။ အိမ်ဟောင်းဆိုပေမဲ့ အိမ်ပိုင်ရှင်တွေက သူတို့ကို အိမ်ကိုပြုပြင်ရုံပဲပြုပြင်ပြီးဘာပစ္စည်းကိုမှ မထိဖို့ မလွှင့်ပစ်ဖို့တော့ အတန်တန်မှာခဲ့ပါသတဲ့။ နဂိုကတည်းက သူ့ရဲ့ပယောဂမကင်းတဲ့ ဇနီးသည်ဆုံးပါးမှုကြောင့်စိတ်မတည်မငြိမ်ဖြစ်ပြီး အကြောင်းအရင်းမရှိ ခေါင်းကိုက်ဝေဒနာ ခံစားခံနေရတဲ့ထဲဘာသာမတူတဲ့ မွတ်စလင်ရပ်ကွက်ကလည်းဖြစ် ဘေးအိမ်မှာကလည်းပယောဂဆရာလိုလို အောက်လမ်းဆရာလိုလို ဟင်ဆိုတဲ့လူတစ်ယောက်လည်းရှိနေတော့မသိုးမသန့်ခံစားနေရတဲ့ မစ်ဟာ အိမ်မှာကပ်ထားတဲ့ ဘာမှန်းမသိတဲ့အဆောင်တွေကိုအကုန်ဖြဲပြီးလွှင့်ပစ်ပြီးတော့ နတ်ကွန်းလေးတစ်ခုဆောက်လိုက်ပါတယ် .. ။ အဲဒီချိန်ကနေစလို့ မစ်တစ်ယောက် ထူးထူးဆန်းဆန်းတွေမြင်ရ ကြားလာရတဲ့အခါမှာတော့…. (အညွှန်းကို Mary Christ မှ ရေးသားထားပါတယ်)...
