ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Haunter (2013)
⭐IMDB: 5.9/10 (18 k Votes)
🎬 #Fantasy #Horror #Mystery #Thriller
🗓 2013 🎞 movie
📺 #720p #1080p
💿 610.0 MB ⦿ 1.4 GB
🌎 #Canada #France
⏰ 1 နာရီ 38 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
CMပရိတ်ကြီးကို ဒီတခါ Coralineနဲ့Before I fall တို့လိုမျိုး
Horror Thriller ဇာတ်ကားလေးတခုနဲ့မိတ်ဆက်ပေးပါရစေ။
လီဆာ ဂျွန်ဆန်ရဲ့ နေ့ရက်တွေက ထူးဆန်းနေတယ်။
သူတို့ပြောင်းလာတဲ့ ဒီအိမ်ကြီးမှာ နေ့ရက်တိုင်း နေ့ရက်တိုင်းက
သူမရဲ့အသက် ၁၆နှစ်မပြည့်ခင်တရက်ကိုပဲ အမြဲသံသရာလည်နေသလို
အပြင်ထွက်သွားလို့လည်းမရဘူး။
မိုးလင်းရင် မောင်ဖြစ်သူကလှမ်းနှိုး အ၀တ်လျှော်ဖို့လုပ်
မနက်စာ ပန်ကိတ်တွေစား ညဘက်ဆို တီဗီကဇာတ်လမ်းကို
တမိသားစုလုံးကြည့်ကြ ဒါမျိုးကိုပဲ တနေ့ပြီးတနေ့ ဖြတ်သန်းနေရတယ်။
ဒါကို သတိထားမိတာကလည်း သူတယောက်ထဲပဲရှိသလို
သူ့မိသားစုကလည်း ဘယ်လိုရှင်းပြပြ မှတ်မိမနေဘူး။
တနေ့မှာတော့ သူမအခန်းထဲကနေ အိုလီဗီးယားဆိုတဲ့
ကောင်မလေးတယောက်ရဲ့အသံကို ကြားမိလာတာကနေ
သူမရဲ့ဖြစ်နေကျနေ့ရက်တိုင်းက ထူးဆန်းပြီးရင်းထူးဆန်းလာပါတော့တယ်။
ဒီအိမ်ကြီးရဲ့ လျှို့ဝှက်ချက်ကဘာတွေလဲ။
ဒီကောင်မလေးနဲ့ သူနဲ့က ဘယ်လိုမျိုးဆက်စပ်နေတာလဲ။
သူနဲ့သူ့မိသားစုကိုဘာတွေဖြစ်ပျက်ခဲ့တာလဲ။
အိုလီဗီးယားနဲ့ ဆက်သွယ်မိတိုင်း ပေါ်လာတတ်တဲ့
လူကြီးတယောက်ကရောဘယ်သူလဲ။
အိုလီဗီးယားပေါ် ကျလာမယ့် အန္တရာယ်ကိုရော သူမ တားဆီးပေးနိုင်ပါ့မလား။
ဒီနေ့ရက်တရက်တည်းကိုပဲ အမြဲသံသရာလည်နေတဲ့
ဒီအိမ်ကြီးထဲကရော လီဆာတို့မိသားစု နောက်ဆုံးမှာ
လွတ်မြောက်သွားနိုင်ပါ့မလားဆိုတာကို CMပရိတ်သတ်ကြီးက
ကြည့်ရှုခံစားပေးကြပါဦးခင်ဗျ။...
The English Teacher (2013)
⭐IMDB: 5.7/10 (13 k Votes)
🎬 #Comedy #Drama #Romance
🗓 2013 🎞 movie
📺 #720p #1080p
💿 567.8 MB ⦿ 1.2 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 32 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb- 5.7
ဇာတ်လမ်းအညွှန်း
ဒီဇာတ်လမ်းမှာ အဓိကဇာတ်ဆောင်က
ကင်းစတန်မြို့ အထက်တန်းကျောင်းက အင်္ဂလိပ်စာဆရာမ
လင်ဒါစင်ကလဲရား ဖြစ်ပါတယ်။
သူကတော့ လက်မထပ်ရသေးတဲ့ တစ်ကိုယ်တည်း အပျိုကြီးမမဖြစ်ပါတယ်။
စာပေကိုချစ်မြတ်နိုးပြီး သူသဘောကျတဲ့စာရေးဆရာတွေရဲ့
စာအုပ်တွေ ဇာတ်လမ်းကြောင်းတွေကို
သူ့ဘဝရဲ့ အဖော်မွန်အဖြစ် သဘောထားတဲ့သူပါ။
ပကာသနတွေမလိုဘဲ သူ့ဘဝလေးကို ရိုးရိုးရှင်းရှင်းသာမန်လေးပဲ
နေထိုင်နေပါတယ်။
ဒီလိုနေရင်းနဲ့ပဲ သူ သဘောကျတဲ့ယောကျ်ားလည်း
မတွေ့သေးဘဲ ရွေးရင်းရွေးရင်း အပျိုကြီးဖြစ်နေတာပေါ့လေ။
ဒီလိုနဲ့ တစ်နေ့မှာ သူ့ရဲ့ကျောင်းသားဟောင်းတစ်ယောက်ဖြစ်တဲ့
ဂျေဆင်ရှာဝုဒ်နဲ့ ပြန်လည်တွေ့ဆုံပါတယ်။
ဂျေဆင်က နယူးရော့ခ်က ပြဇာတ်ရေးစာရေးဆရာတစ်ယောက်ဖြစ်ပြီး
စာရေးဆရာတစ်ယောက်အဖြစ်ရပ်တည်ဖို့
လက်လျှော့တော့မယ်ဆိုပြီး ဒီမြို့ကို ပြန်လာခဲ့ပါတယ်။
တစ်ဖက်မှာ ဂျေဆင်ရဲ့ဖခင်ဖြစ်သူ ဒေါက်တာရှာဝုဒ်က
ဂျေဆင်ကို ဥပဒေကျောင်းတက်ဖို့ တွန်းအားပေးနေပါတယ်။
ဒီလိုအခြေအနေမှာ လင်ဒါက စာရေးဖို့ လက်လျှော့မယ်ဆိုတဲ့
ဂျေဆင်ရဲ့ အတွေးကို အားပေးဖို့ ဂျေဆင်ရေးထားတဲ့
ပြဇာတ်ကို အထက်တန်းကျောင်းပြဇာတ်ရုံမှာ တင်ဆက်ဖို့ စီစဉ်ပေးပါတော့တယ်။
ဒီလိုနဲ့ လင်ဒါတစ်ယောက်ကတော့ သူ့ရဲ့ comfort zoneလေးကနေ
ထွက်ခါမှ သူ့ဘဝမှာ အရှက်ရစရာ ရှုပ်ထွေးတဲ့ကိစ္စလေးတွေဖြစ်လာပါတော့တယ်။
သူစာသင်ပေးဖူးတဲ့ ကျောင်းသားဟောင်းလေးနဲ့ ညှိမိတဲ့ကိစ္စပါ။
ဒီကိစ္စတင်ပဲလား… ကဲ ပြီးပြည့်စုံတဲ့လူရယ်လို့ မရှိလေတော့
လင်ဒါတစ်ယောက် ဘယ်လိုအရှုပ်တွေလုပ်မိတာလဲ
ဆိုတာတော့ ဇာတ်လမ်းလေးကြည့်ရှုလိုက်ကြပါဦး။
ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။...
Crocodile Island (2023)
⭐TMDB: 0.0% User Score
🎬 #Action
🗓 2023 🎞 Movie
📺 #720p #1080p
💿 525.7 MB ⦿ 966.8 MB
🌎 #China
⏰ 1 နာရီ 4 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကျွန်းပေါ်မှာ ဝှက်ထားတဲ့ ရွှေဥကို တွေ့အောင်ရှာနိုင်ရင်ဆုကြေးသိန်း ၅၀ ရမယ်ဆိုတဲ့ Variety Show တစ်ခုမှာလူတစ်စုဟာ ရည်ရွယ်ချက်ကိုယ်စီနဲ့ အဲဒီ သိန်း ၅၀ ကိုလိုချင်ခဲ့ကြတာကြောင့် ပြိုင်ပွဲဝင်ပြိုင်ခဲ့ကြပါတယ်။
ဒါပေမဲ့ ပြိုင်ပွဲအတွက် ရိုက်ကူးရေးစတဲ့နေ့မှာပဲအဖွဲ့သား ၂ ယောက် မိကျောင်းကိုက်ခံရပြီး သေဆုံးခဲ့တာကြောင့်ကျွန်းပေါ်မှာ မိကျောင်းရှိတဲ့အကြောင်းကို ခုနကမိကျောင်းလိုက်ကိုက်တာခံရတဲ့အဖြစ်အပျက်မှာလွတ်မြောက်လာခဲ့တဲ့ ရိုက်ကူးရေးအဖွဲ့တစ်ဦးက လာပြောခဲ့ပေမဲ့ဒါရိုက်တာက ကျွန်းနာမည်ကကို (မိကျောင်းကျွန်း) ဖြစ်လို့ဒီမိကျောင်းဟာ သူတို့ ဆင်ထားတဲ့ လှည့်ကွက်တစ်ခုသာဖြစ်ကြောင်းပြောပြီး ရိုက်ကူးဆက်လုပ်ခဲ့ပါတယ်။
ဒီလိုနဲ့ ရွှေဥ ရှာပုံတော်စဖွင့်တဲ့အချိန်ကစပြီး ၂ ယောက်တစ်တွဲခရီးထွက်လာခဲ့တဲ့ သူတွေဟာ မိကျောင်းကိုက်ခံရပြီး တစ်ယောက်ပြီးတစ်ယောက်သေဆုံးခဲ့ပါတယ်။အဲဒီနောက်မှာ အသက်ရှင်ကျန်ရစ်သူတွေဟာ မိကျောင်းရန်ကနေထွက်ပြေးဖို့ လုပ်ရင်း ဒီအစီအစဥ်မှာ ပါဝင်မိတဲ့ သူတို့အားလုံးဟာလွန်ခဲ့တဲ့ နှစ် ၂၀ က နွေရာသီကမ့်ပ်မှာ အတူတူပါဝင်ခဲ့ဖူးတဲ့သူတွေဖြစ်နေတာကို အမှတ်မထင် သိလိုက်ရပါတယ်။
အဲဒီနောက်မှာတော့ ဒီမိကျောင်းတွေပေါ်လာတာ မရိုးရှင်းဘူးဆိုတာကိုသိလိုက်ရတဲ့အခါမှာတော့ ကျန်ရစ်သူအားလုံး ဒီကျွန်းပေါ်ကနေ အသက်ရှင်လျက်လွတ်မြောက်နိုင်ပါ့မလားမိကျောင်းတွေကို နောက်ကွယ်က ကြိုးကိုင်နေတာ ဘယ်သူလဲလွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက နွေရာသီကမ့်ပ်မှာ ဘယ်လိုအဖြစ်ဆိုးတွေ ဖြစ်ခဲ့လဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာပဲဆက်လက်အဖြေရှာလိုက်ပါဦး...
Khun Pan 3 (2023)
⭐IMDB: 8.2/10 (76 Votes)
🎬 #Action #Fantasy #Thriller
🗓 2023 🎞 movie
📺 #1080p #720p
💿 1.0 GB ⦿ 2.0 GB
🌎 #Thailand
⏰ 2 နာရီ 26 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Khun Phan 3 (2023)
ခွန်ဖန် အဖြစ် Ananda Everinghamဆီယာမဟေဆွန် အဖြစ် Mario Maurerဆီယာဒမ် အဖြစ် Tono Phakin khamwilaisak
ခွန်ဖန်ဆိုကတည်းက khun phan 1&2 ကိုအားလုံးကြည့်ပြီးကြမယ်လို့ထင်ပါတယ်
ဒီ khun phan 3 မှာကတော့ ခွန်ဖန်ဟာ နိုင်ငံရေးအခြေနေမတည်ငြိမ်သေးပေမဲ့သူ့မွေးရပ်မြေကိုတာဝန်ပြောင်းဖို့တောင်းဆိုခဲ့ပြီး ပြန်သွားခဲ့ကာ သူ့မိန်းမနဲ့အတူနေထိုင်ခဲ့ပါတယ်
သူပြန်နေတဲ့ကာလမှာ ဆီယာဒမ်နဲ့ဆီမဟေဆွန်ဆိုတဲ့တောပုန်းဓားပြတွေသောင်းကျန်းနေလို့သူ့ကို ရဲအရာရှိကြီးတစ်ယောက်က တာဝန်ပြန်လာထမ်းဆောင်ဖို့ ပြန်ခေါ်ခဲ့ပါတယ်
ခွန်ဖန်တာဝန်ပြန်လာထမ်းဆောင်ပြီး ဆီယာဒမ်နဲ့ဆီယာမဟေဆွန်ကိုဖမ်းဖို့ခရီးထွက်လာတဲ့အချိန်မှာ ဘာအခက်အခဲတွေနဲ့ကြုံရမလဲ
ဆီယာဒမ်နဲ့ရော အရင်ကဘာအငြိုးတွေရှိခဲ့လို့ ဆီယာဒမ်က သူ့ကိုသတ်ချင်နေပါသလဲ
ဆိုတော့ မှော်အစွမ်းတွေနဲ့ဘယ်လောက်တောင်ကြမ်းနေမလဲ ဇာတ်ကားထဲကြည့်လိုက်ရအောင်နော်
ဇာတ်ကားကတော့ ပြောစရာမလိုလောက်အောင် ကောင်းလွန်းပါတယ်လုံးဝလက်မလွှတ်သင့်တဲ့ကားလေးပါနော်
အညွှန်း နဲ့ ဘာသာပြန်ကတော့Nang Mwe Khamပဲ ဖြစ်ပါတယ်။...
Forbidden Zone (2023)
⭐⁉️
🎬 #Action #Fantasy #Mystery
🗓 2023 🎞 movie
📺 #720p #1080p
💿 642.5 MB ⦿ 1.1 GB
🌎 #China
⏰ 1 နာရီ 28 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကောင်းကင်ဘုံကျွန်းမှာ လူသားတွေရဲ့အရှင်သခင်ဖြစ်စေနိုင်တဲ့အာဏာတည်တဲ့ ဧကရာဇ်ရတနာတစ်ခုရှိခဲ့ပါတယ်ရတနာကိုကာကွယ်ဖို့အတွက် သင်တန်းသားတွေကိုစွမ်းအားရှင်ဖြစ်တဲ့အထိကျင့်ပေးတဲ့နန်းတော်တစ်ခုလည်းရှိပါတယ်
ဒါပေမယ့် နန်းတော်ထဲကစွမ်းအားရှင်တွေကိုယ်တိုင်ဧကရာဇ်ရတနာကိုတပ်မက်လာတဲ့အချိန်မှာတော့အဆုံးအဆမဲ့တိုက်ပွဲတွေဖြစ်ပြီး သေကြေခဲ့ကြပါတယ်
စွမ်းအားရှင်တွေထဲမှာ ရွှီခုန်းဆိုတဲ့သင်တန်းသားကအဆင့်နိမ့်ဆုံးစွမ်းအားရှင်ဖြစ်ပေမယ့်သူ့ဆရာနဲ့ညီအကိုတွေရဲ့အားပေးမှုနဲ့အတူဧကရာဇ်ရတနာကို ရှာဖို့လမ်းစလာခဲ့ပါတယ်
ရွှီခုန်း ဧကရာဇ်ကိုရှာရတာက တခြားညီနောင်စွမ်းအားရှင်တွေလိုလူ့လောကကိုအုပ်ချုပ်နိုင်တဲ့ အာဏာယူဖို့လားတိုက်ပွဲတွေကိုရပ်တန့်နိုင်ဖို့လားဆိုတာကိုလျှို့ဝှက်ချက်ပေါင်းများစွာနဲ့ ကြည့်ရှုရမယ့်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်...
The Hardy Boys (2020-2023)
⭐IMDB: 7.0/10 (3 k Votes)
🎬 #Drama #Mystery #Adventure #Family #Fantasy
🗓 2020-2023 🎞 tv series
📺 #1080p
🌎 #Canada
⏰ 45 မိနစ် 39 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Hardy Boys – Season 01 (2020)The Hardy Boys – Season 01 (2020)==========================
IMDb Rating – 7.0/10The Hardy Boys ဆိုတာက 2020 မှာ ထွက်ခဲ့တဲ့ mini-series တစ်ခုပါ။
ဒီနှစ် 2022 မှာလည်း Season 02 ကထပ်မံထွက်လာပြီမို့ စီးရီးကောင်းကောင်း
ကြည့်ရှုမယ့် ပရိတ်သတ်တွေအတွက် ရွေးချယ်တင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းအကျဥ◌်းလေးပြောရရင် . ပင်လယ်ပြင်မှာ ငါးဖမ်းထွက်လာတဲ့
သင်္ဘောတစ်စင်းက ကပ္ပတိန်ဟာ ငါးဖမ်းရင်း ပစ္စည်းတစ်ခု ပါလာတာကို
တွေ့လိုက်ရပါတယ်။ သို့သော် ထိုပစ္စည်းကို အရောင်းအဝယ်လုပ်ရင်း ကပ္ပတိန်နဲ့
အဖွဲ့သားအားလုံး သေဆုံးသွားခဲ့သလို သင်္ဘောဟာလည်း နစ်မြှုပ်သွားခဲ့ပါတယ်။Frank နဲ့ Joe ဆိုတဲ့ ကောင်လေးနှစ်ယောက်ဟာ သူတို့အမေ ဖြစ်သူ ဆုံးပါးပြီးနောက်
သူတို့အဖေရဲ့ မွေးရပ်မြေဖြစ်တဲ့ ဘရစ်ချ်ပို့တ် မြို့လေးကို ခေတ္တခဏ ပြောင်းရွေ့
လာခဲ့ပါတယ်။ ထိုမြို့မှာ သူတို့နှစ်ယောက် နေထိုင်ကြရင်း သူငယ်ချင်းအသစ်များလည်း
ရလာခဲ့ကြတာပေါ့။ မကြာခင်မှာပဲ အဆိုပါ နစ်မြှုပ်သွားတဲ့ သင်္ဘောဟာ သူတို့ရဲ့
အဘွားဖြစ်သူ ပိုင်တဲ့ သင်္ဘောဆိုတာ သိလိုက်ရပါတယ်။ ထိုသင်္ဘောနဲ့ အဘွားဖြစ်သူတို့
ဘယ်လိုပတ်သတ်နေလဲ။ ထို့အပြင် အဖေဖြစ်သူဆီကို ထူးဆန်းတဲ့ အမျိုးသမီးရောက်လာပြီး
သူ့ဇနီးသေဆုံးမှု မတော်တဆ မဟုတ်ကြောင်းပြောလာခဲ့ပါတယ်။ ထိုစကားပြောနေတာကို
ကောင်လေးနှစ်ယောက်ကြားပြီး သူတို့အဖေကို ကူညီပြီး စုံစမ်းပေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
သင်္ဘောနစ်မြှုပ်မှုနဲ့ သူတို့အမေ သေဆုံးမှုကရော ပတ်သတ်နေမလား။ နောက်ထပ် ဘာ
လျှို့ဝှက်ချက်တွေကို မြင်တွေ့ရဦးမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှု့နိုင်မှာပါ။(ဒီစီးရီးရဲ့ အညွှန်းကို Leonard Lin မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေး
သူများကတော့ CM Team မှဖြစ်ပါတယ်။)File Size – (600 MB) / (300 MB)...
Full Circle (2023-2023)
⭐IMDB: 6.4/10 (3 k Votes)
🎬 #Crime #Drama #Mystery
🗓 2023-2023 🎞 tv mini series
📺 #1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 40 မိနစ် 53 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Full Circle (2023)Full Circle (2023)
=============
IMDb Rating – 6.4/10ဒီစီးရီးကတော့ ဇာတ်ကောင်တွေ အများကြီးနဲ့ ရှုပ်ထွေးပွေလီတဲ့
Crime and mystery စီးရီးမျိုးလို့ပဲ ဆိုရမယ်။ ‘ရတယ် ရှုပ်တာမျိုးမှ
ကြိုက်တာ’ ဆိုတဲ့သူတွေအတွက်တော့ ကွက်စတိပါပဲ။ အချိန်လေး
သာရရင် သေချာထိုင်စဉ်းစားပြီး ကြည့်ရမဲ့စီးရီးထဲ ပါတယ်ဆိုပါတော့။
ကဲ ဇာတ်လမ်းကို နည်းနည်းလောက် ညွှန်းပေးရမယ်ဆိုရင်တော့ ဒီလိုက
စလိုက်ကြတာပေါ့။ ဂိုင်ယန်နာက လူမိုက်ဂိုဏ်းတစ်ခုကို မစ္စမဟာဘီရာ
ဆိုတဲ့ အမျိုးသမီးကြီးတစ်ယောက်က ဦးဆောင်နေတယ်။ တစ်ရက်မှာ
တော့ သူ့မိသားစုဝင်တစ်ယောက် လုပ်ကြံခံလိုက်ရတယ်။ ဒီအတွက် မစ္စ
မဟာဘီရာ အလိုချင်ဆုံးဖြစ်နေတာက လက်တုံ့ပြန်မှု။ လူးဝစ်နဲ့ ဇာဗီယာ
ကတော့ နယူးယောက်မှာ အလုပ်လုပ်ရမယ်ဆိုလို့ ဂိုင်ယန်နာကနေ ထွက်
လာကြတဲ့ ရိုးရိုးအေးအေး ကောင်လေးနှစ်ယောက်ပေါ့။ဒါပေမဲ့ သူတို့ရသွားတဲ့အလုပ်က မစ္စမဟာဘီရာရဲ့ ဂိုဏ်းအဖွဲ့ဝင်တွေအဖြစ်။
မစ္စမဟာဘီရာ လက်စားချေမဲ့ မိသားစုကတော့ စားဖိုမှူးဂျက်ဖ်လို့ နာမည်
ကြီးတဲ့ ကာစီနိုနဲ့ ချမ်းသာလာတဲ့ ခရိုနီအဘိုးကြီးရဲ့ မိသားစုပါ။ ဒီအတွက်
သားကောင်ဖြစ်လာတာကတော့ အဘိုးကြီးရဲ့ တစ်ဦးတည်းသောမြေးဖြစ်တဲ့
ဂျဲရတ်ဆိုတဲ့ကောင်လေးတစ်ယောက်။ တစ်ဖက်မှာတော့ အမေရိကန်ထောက်
လှမ်းရေးဆားဗစ်က ဟာမိုနီဆိုတဲ့ စုံထောက်မလေးတစ်ယောက် ရှိလို့နေပါ
သေးတယ်။ သူကတော့ အမှုကြီးတွေကို ကိုင်ပြပြီး ဘော့စ်ဖြစ်သူကို သူလုပ်
နိုင်ကြောင်း ကိုယ်ရည်သွေးချင်နေတဲ့ စုံထောက်မလေးပါပဲ။သေချာတာတစ်ခုကတော့ ဒီလူတွေအားလုံး လက်စားချေတဲ့အမှုကြီးမှာ ပါဝင်
ပတ်သက်လာကြတော့မှာပါ။ အမှုရဲ့အသွားအလာသည် ဇာတ်လမ်းရဲ့မြှုပ်ကွက်
ဖြစ်တာကြောင့် ဒီလောက်နဲ့ပဲ ညွှန်းပေးတာကို ရပ်လိုက်ပါတော့မယ်။ စကားလေး
တစ်ခွန်းရှိတယ်မလား။ ဘာမှမသိရတဲ့ ဇာတ်လမ်းတွေက အရှုပ်ထွေးဆုံးပါပဲတဲ့။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့
May Thet Khine Soe ဖြစ်ပါတယ်။)File Size………….(400 MB) / (800 MB)...
Oppenheimer (2023)
⭐IMDB: 8.7/10 (281 k Votes)
🎬 #Biography #Drama #History
🗓 2023 🎞 movie
📺 #720p #1080p
💿 967.5 MB ⦿ 1.8 GB
🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica
⏰ 2 နာရီ 54 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက
တစ်ကားဖြစ်တဲ့ အော့ပန်ဟိုင်းမားကို တင်ပေးထားပါတယ်။
အကြည်ထွက်ဖို့က အတော်ကိုကြာဦးမှာမို့
အကြည်ဆုံး cam ဗားရှင်းကို ဘာသာပြန်ပြီးတင်ပေးထားပါတယ်။
ဘာသာပြန်ဖို့ စာဖိုင်အမှန်လည်းမရသေးတာကြောင့်
ကွက်လပ်အချို့တော့ပါပေမဲ့ အားလုံးနီးပါး
နားလည်အောင်တော့ ပြန်ပေးထားပါတယ်။
Peaky Blinder ရဲ့ မင်းသား Cillian Murphy က
ဒေါက်တာ ဂျေ ရောဘတ် အော့ပန်ဟိုင်းမားအဖြစ်
ခေါင်းဆောင်ပါဝင်ထားပြီး၊ နာမည်ကြီးတွေဖြစ်တဲ့
Robert Downey Jr., Emily Blunt, Matt Damon, Rami Malek
တို့ အစုံပါဝင်ထားပါတယ်။
ဒီရုပ်ရှင်ဟာ သမိုင်း၊ ဒရာမာ၊ အထ္ထုပ္ပတ္တိ အမျိုးအစားပဲဖြစ်ပါတယ်။
သမိုင်းကို နည်းနည်းလေး ကြားဖူးသူတိုင်းတောင်
ဟီရိုရှီးမားနဲ့ နာဂါဆာကီကို ကြားဖူးကြမှာပါ။
ဒီရုပ်ရှင်ထဲက ပုဂ္ဂိုလ်ကတော့ အဲဒီမြို့နှစ်မြို့ကို
ကျဲချခဲ့တဲ့ အနုမြူဗုံးကို တီထွင်ခဲ့တဲ့ သူပါပဲ။
သမိုင်းတလျှောက် အကျော်ကြားဆုံးလူတွေထဲက
တစ်ယောက်ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကို နိုလန်ရဲ့ထုံးစံအတိုင်း အတန်းလိုက်မဟုတ်တဲ့
ဇာတ်ကြောင်းပြောပုံတွေရယ်၊ နောက်ကြောင်းပြန်ပုံတွေရယ်နဲ့
စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားပါတယ်။
အော့ပန်ဟိုင်းမားရဲ့ ကျောင်းသားဘဝ၊ ပါမောက္ခဘဝ၊ ကွန်မြူနစ်နောက်ခံ
ဘဝတွေကနေ အမေရိကန်ရဲ့ အကြီးမားဆုံး စီမံကိန်းဖြစ်တဲ့
မန်ဟက်တန်စီမံကိန်းကို လော့စ် အာလာမို့စ်မှာ
ဦဆောင်ခဲ့ရပုံတွေကိုပြသထားပါတယ်။
အနုမြူဗုံးကိုအောင်မြင်စွာဖန်တီးပြီး စစ်နိုင်သွားတဲ့နေရာမှာ
ရပ်သွားတာမဟုတ်ဘဲ အဲဒီနောက်ပိုင်းမှာ သမ္မတနဲ့ အစိုးရကိုပါ
အတိုက်အခံလုပ်ပြီး အနုမြူလက်နက် ကန့်သတ်ရေးကို
လှုပ်ရှားခဲ့တဲ့ဘဝအကြောင်းတွေပါ ပါဝင်ပါတယ်။
ပထမဆုံး အဖြူအမည်း IMAX ရိုက်ချက်တွေကို
ဖန်တီးထည့်သွင်းထားသလို ရုပ်ရှင်တစ်ကားလုံးကို CGI မသုံးခဲ့တဲ့အတွက်လည်း
နာမည်ကြီးနေပါသေးတယ်။
ပြီးတော့ အော့ပန်ဟိုင်းမားနဲ့ခေတ်ပြိုင် နာမည်ကြီး
သိပ္ပံပညာရှင်တွေလည်း အချက်အလက်အသေးစိတ်ထည့်သွင်းထားပါသေးတယ်။
အဲဘတ်အိုင်းစတိုင်း၊ ကာ့ထ်ဂိုဒဲ၊ ရစ်ချက်ဖိုင်းမန်းတို့လို
ဇာတ်ကောင်တွေကိုလည်း အသေးစိတ်ဖန်တီးထားပါတယ်။
အတော်ကိုကြည့်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။...
Fire Storm (2023)
⭐TMDB: 0.0% User Score
🎬 #Action
🗓 2023 🎞 Movie
📺 #720p #1080p
💿 634.8 MB ⦿ 1.1 GB
🌎 #China
⏰ 1 နာရီ 20 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ယာဥ် မတော်တဆမှုတစ်ခုကြောင့် ထောင်ကျနေတဲ့ဝေးဖုန်း…သူထောင်ထဲမှာရှိနေတဲ့အချိန် အပြင်မှာ ကျန်ခဲ့တဲ့အစ်မကအကြွေးဆပ်ဖို့အတွက် ရရာလုပ်ရင်း တယ်လီကွန်းလိမ်လည်မှုအဖွဲ့တစ်ခုရဲ့ထောင်ခြောက်ထဲကျရာက ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့အထိဖြစ်သွားခဲ့ရတယ်
ထောင်ကလွတ်လာပြီးနောက်ပိုင်း အစ်မသေဆုံးရတဲ့အကြောင်းကိုစုံစမ်းရင်းလိမ်လည်နေတဲ့အဖွဲ့ကို သိခဲ့ရပြီး သူ့နည်းသူ့ဟန်နဲ့ ကလဲ့စားချေ ဖို့ကြိုးစားခဲ့တယ်..ညီအစ်ကိုလို တပည့်လိုနေခဲ့တဲ့ ရှောင်ဖုန့်ရဲ့အကူအညီနဲ့ဒုခေါင်းဆောင်ဝေရှောက်ကိုရင်းနှီးအောင်လုပ်ပြီးအဖွဲ့ထဲဝင်ကာ အစ်မအတွက် ဘယ်လိုကလဲ့စားချေမလဲ….ပြစ်မှု သက်သေတွေရဖို့ ဘယ်လိုကြိုးစားရယူမလဲ….ခေါင်းဆောင်အထိရော ဖမ်းမိနိုင်ပါ့မလားဆိုတာ…………….....
SWAT Criminals (2023)
⭐TMDB: 0.0% User Score
🎬 #Crime #Drama
🗓 2023 🎞 Movie
📺 #720p #1080p
💿 586.5 MB ⦿ 1.1 GB
🌎 #China
⏰ 1 နာရီ 13 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မူးယစ်တိုက်ဖျက်ရေး မှုခင်းရဲကားလေးပါ…..ကျားသစ်အထူးရဲတပ်ဖွဲ့ ကျန့်ထိုကျွင်းဆိုတဲ့မူးယစ်ရာဇာကိုဖမ်းဆီးဖို့ကြိုးစားကြတဲ့အချိန်မှာ ကျန့်ထိုကျွင်းရဲ့လှည့်ကွက်တွေကြောင့် ရဲဘော်တစ်ယောက်ဆုံးရှုံးခဲ့ရပါတယ်။
ရဲဘော်လဲဖြစ် သူငယ်ချင်းလဲဖြစ်တဲ့သူတစ်ယောက်ဆုံးရှုံးလိုက်ရတဲ့အတွက် အားဟောင်ဟာသူ့ကိုယ်သူအပြစ်တင်ပြီး ရဲတပ်ဖွဲ့မှ နှုတ်ထွက်ခဲ့ပါတယ်။
နောက်(၂)နှစ်ကြာတဲ့အချိန်မှာ မူးယစ်ရာဇာဟာသူတို့မြို့ကိုတစ်ဖန်ပြန်ရောက်လာပါတယ်။အရပ်သားတစ်ယောက် အဖြစ်နဲ့ ကိုယ့်ကိုယ်ကိုအပြစ်တင်ရင်းဘဝကိုဖြတ်သန်းလာတဲ့ အားဟောင်ဟာကျန့်ထိုကျွင်းကိုဖမ်းနိုင်ဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်……...
The Story of the Night Watcher (2023)
⭐TMDB: 90.0% User Score
🎬 #Thriller
🗓 2023 🎞 Movie
📺 #720p #1080p
💿 501.0 MB ⦿ 801.0 MB
🌎 #China
⏰ 1 နာရီ 20 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါတင်ဆက်ပေးမယ့် ရုပ်ရှင်လေးကတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့မကောင်းဆိုးဝါးနှင်တဲ့ကားလေးပဲ ဖြစ်ပါတယ်ဇာတ်လမ်းအကြောင်းကို ပြောပြရမယ်ဆိုရင် ရှေးရှေးတုန်းက အိမ်ထဲမှာထီးမဆောင်းရတို့ ညဘက်မိုးကြီးတဲ့အချိန်ဆို သူစိမ်းတွေကိုတည်းခိုခွင့်မပြုရဆိုပြီးအစရှိတဲ့အယူအဆတွေရှိခဲ့ကြပါတယ် ဘာလို့လဲဆိုရင်တော့မကောင်းဆိုးဝါးတွေကို အလွယ်တကူ အိမ်ထဲဝင်လို့ရစေနိုင်လို့ပါတဲ့
ပြီးတော့ မသန်စွမ်းတဲ့ခေါင်မိုးပြင်လက်သမားတွေကို မစော်ကားရပါဘူးတဲ့ဘာလို့လဲဆိုရင် သူတို့တွေက လူပန်း(လက်သမား)ကျိန်စာ တိုက်တတ်လို့ပဲဖြစ်ပါတယ်ဒီကားလေးကတော့ အဲ့လို အယူအဆတွေ အောက်လမ်းအတတ်တွေအဆိပ်ပိုးကောင်အတတ်တွေ မတိမ်ကောသေးတဲ့တရုတ်ပြည်သူ့သမ္မတနှစ်အစောပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့အမှုကိစ္စတွေအကြောင်းကို နောက်ခံထားရိုက်ကူးထားတာပဲဖြစ်ပါတယ်
အဲ့ဒီခေတ်အခါဆိုရင် ညဘက်ကင်းလှည့်ရတဲ့သူကတော့သန့်စင်တဲ့ယန်ဓာတ်ပါတဲ့လူဖြစ်ရပါမယ် ဘာလို့ဆို အဲ့ဒီကင်းလှည့်သူတွေကမကောင်းဆိုးဝါးနှင်တဲ့အတတ်ကိုပါ တက်မြောက်ထားရပြီးကင်းလှည့်ရင်း မကောင်းဆိုးဝါးတွေကိုပါ ဖမ်းရတာမို့လို့ဖြစ်ပါတယ်ရှန်ရှောင်ဟန်လို့ခေါ်တဲ့ လူငယ်လေးကတော့ သူ့ဆရာဆုံးပါးသွားပြီးနောက်မှာ သူ့ဆရာရဲ့တာဝန်ဖြစ်တဲ့ ကင်းလှည့်ပြီး မကောင်းဆိုးဝါးဖမ်းတဲ့အလုပ်ကို တာဝန်ယူရပါတယ်
အဲ့နောက်မှာတော့ သူ့ဆီကို ဆရာဦးလေးဖြစ်သူကရောက်ရှိလာခဲ့ပြီးသူ့ဆရာချန်ခဲ့တဲ့ ဘုံကျောင်းအပျက်ကြီးထဲမှာ ဆေးခန်းဖွင့်ပြီး ရွာသားတွေကို ကုသပေးခဲ့ပါတယ်တစ်နေ့မှာတော့ သူတို့နေတဲ့လင်အိမ်တော်မြို့ရဲ့ လင်ယွင်ရွာလေးမှာ ညတွင်းချင်းမှာပင် လူပေါင်း(၁၀)ယောက်ကျော်ဟာအကြောင်းရင်းမရှိဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်အဲ့တော့ ဒီအမှုကို ဆက်လက်ဖော်ထုတ်ဖို့ကြိုးစားရာကနေဘယ်လိုကိစ္စတွေနဲ့ ဆက်နွယ်လာမှာလဲဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်လို့ ရာသီဥတုအေးအေးလေးလေးမှာကွေးကွေးလေးနဲ့ကြည့်ရှုခံစားလို့ရမယ့်ကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်နော်...
My Paparotti (2013)
⭐IMDB: 7.1/10 (556 Votes)
🎬 #Drama #Biography #Comedy #Music
🗓 2013 🎞 movie
📺 #720p #1080p
💿 837.0 MB ⦿ 1.7 GB
🌎 #SouthKorea
⏰ 2 နာရီ 4 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
My Paparotti (2013)
ဒီကိုရီးယားရုပ်ရှင်ကိုတော့ Time to Huntတို့ Architecture 101 တို့လို ရုပ်ရှင်ကောင်းတွေနဲ့Signal ,Taxi Driverဇာတ်လမ်းတွဲလို ဇာတ်လမ်းတွဲတွေရိုက်ခဲ့တဲ့ Lee Je-Hoon နဲ့ရိုက်ထားသမျှ ရုပ်ရှင်၂၀လောက်အကုန်ကောင်းပြီး သရုပ်ဆောင်လည်းဂျွတ်တဲ့ Christmas in August တို့ Green Fish တို့ The Berlin Fileတို့မှာ သရုပ်ဆောင်ခဲ့တဲ့Dr. Romantic , Tree With Deep Rootsတို့လို ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Han Suk-Kyuတို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ပါ။
Signalမင်းသားကြီး Cho Jin-Woongကလည်း အားဖြည့်ထားပါသေးတယ်။Cho Jin-Woongနဲ့ Lee Je-Hoonတို့ Signalမတိုင်ခင် တွဲသရုပ်ဆောင်ခဲ့တဲ့ကားဆိုလည်း မမှားပါဘူး။Strangers Againတို့ Doctor Strangerတို့ထဲက ဆက်စီကျတဲ့မမ Kang So-Raလည်းပါပါတယ်။
ဇာတ်လမ်းကတော့ တောဘက်က အနုပညာကျောင်းတစ်ကျောင်းမှာ စာသင်တဲ့ ဂီတဆရာနဲ့အီတလီသား operatic tenorတစ်ယောက်ဖြစ်တဲ့ Paparottiကို အားကျပြီးသူ့လိုဖြစ်ချင်တဲ့ လူမိုက်ဂိုဏ်းဝင်လူငယ်လေးတစ်ယောက်တို့ ဆရာတပည့်တွေဖြစ်လာရာကနေ စထားပါတယ်။
ဂီတကိုလည်းချစ် မိဘတွေရော အဘွားရော မရှိတော့တဲ့နောက် ဝင်ထားတဲ့ လူမိုက်ဂိုဏ်းကလည်း ထွက်မရနေတဲ့ လူငယ်လေးတစ်ယောက်ကျောင်းမှာဂျစ်ကန်ကန်လုပ်နေရင်းက တကယ့် tenorတစ်ယောက်ဖြစ်လာဖို့ ကြိုးစားချင်စိတ်ပေါ်လာပုံတွေ။ဆရာက သူ့တပည့်ကို ဘဝမှာရော ဂီတမှာရော လမ်းမှန်အောင်ပို့ပေးခဲ့ပုံတွေကို ရိုက်ပြထားပါတယ်။ဖြစ်ရပ်မှန်ကို အခြေခံထားတယ်လို့တော့ ပြောပါတယ်။ ဂီတအကြောင်းရော လူမိုက်ဂိုဏ်းအကြောင်းရော ရောသမမွှေထားတာမို့ ရသစုံနဲ့ကြည့်ရမယ့်ရုပ်ရှင်ပါပဲ။
ဒီရုပ်ရှင်ဟာ27th Fukuoka Asian Film Festivalမှာ Grand Prize ရခဲ့ပြီး10th Jecheon International Music & Film Festival မှာတော့Lee Je-Hoonက Best Actor in a Music Filmဆုကို ဒီရုပ်ရှင်နဲ့ပဲရရှိခဲ့ပါတယ်။
အညွှန်း နဲ့ ဘာသာပြန်ကတော့WiRa Aungပဲ ဖြစ်ပါတယ်။...
My Worst Neighbor (2023)
⭐IMDB: 6.0/10 (7 Votes)
🎬 #Comedy #Romance
🗓 2023 🎞 movie
📺 #720p #1080p
💿 526.0 MB ⦿ 1.0 GB
🌎 #SouthKorea
⏰ 1 နာရီ 53 မိနစ် 7 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
My Worst Neighbour (2023)
ဒီတစ်ခါမှာ ချိုချိုချဉ်ချဉ်လေးခံစားရစေမယ့် Romance ဇာတ်လမ်းတစ်ပုဒ် တင်ဆက်ပေးပါမယ်
ဇာတ်လမ်းအကျဉ်းကတော့ အဆိုတော်အဖြစ် လူရွေးပွဲဝင်ချင်တဲ့ အီဆွန်းဂျင်းဟာလွတ်လွတ်လပ်လပ်နဲ့ လေ့ကျင့်ချင်တဲ့အတွက် အိမ်ငှားရပါတယ်…အိမ်ရှာတဲ့နေရာမှာလည်း ပေါချောင်ကောင်းလိုချင်တဲ့ သူ့အဖြစ်က ငိုရခက်ရယ်ရခက်ပါပဲ
ဘာလို့လဲဆိုတော့ ငှားလိုက်တဲ့အိမ်က ဟိုဘက်တိုက်နဲ့ ဖုန်းဆက်စရာတောင်မလိုဘဲစကားပြောလို့တောင်ရတဲ့အထိ အသံက ထိုးချင်းပေါက် ကြားနေရတာပါ
အဲတော့ အဆိုလေ့ကျင့်ချင်တဲ့သူနဲ့ ဟိုဘက်အိမ်က ကောင်မလေးတို့ရဲ့ ရန်ပွဲစပါတော့တယ်..အဲလိုရန်ဖြစ်ရင်းနဲ့ပဲ သံယောဇဉ်တွေဖြစ်လာပြီး နောက်ပိုင်း မျက်နှာတောင်မမြင်ဖူးသေးဘဲ တွဲတဲ့အဆင့်ထိရောက်လာပါလေရော
မျက်နှာတောင်မမြင်ဖူးဘဲ သံယောဇဉ်တွေဖြစ်ခဲ့ကြတဲ့ သူတို့နှစ်ယောက်က ရှေ့ဆက်လို့အဆင်ပြေပါ့မလား..ဖြစ်လာတဲ့ပြဿနာတွေကို ရင်ဆိုင်နိုင်ပါ့မလားဆိုတာ ကြည့်ရှုလိုက်ကြပါဦးနော်
အညွှန်း နဲ့ ဘာသာပြန်ကတော့Joyzပဲ ဖြစ်ပါတယ်...
Satisfactions (1982)
⭐TMDB: 53.0% User Score
🎬 #Adult #Comedy #Drama
🗓 1982 🎞 movie
📺 #720p #1080p
💿 939.5 MB ⦿ 2.1 GB
🌎 #UnitedStates
⏰ 1 နာရီ 15 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ချမ်းသာကြွယ်ဝတဲ့ မိသားစုတစ်စုရဲ့ အတွင်းရေးတွေကိုဆင်ဆာမဖြတ်ပဲ ဖေါ်ကြူးထားတဲ့ ဇာတ်ကားလေးတစ်ကားပါပဲသူတို့ရဲ့ လှပတင့်တယ်တဲ့ ခန္ဓာကိုယ်အနေထား ကြယ်ဝမှုတွေကမြင်ရသူတိုင်း ပစ်မှားချင်စရာတွေဖြစ်နေပါတယ်
ပိုက်ဆံရှိပြီး ထင်တိုင်းကြဲနေတဲ့ မိသားစုဆိုရင်လည်းမမှားပါဘူးသူတို့က ရတာမလိုလိုတာမရဖြစ်နေကြပေမဲ့နားလည်မှုအပြည့် ရင့်ကျက်မှုအပြည့်နဲ့ ခရီးဆက်နေကြသူတွေပါပဲ
မိသားစု နှစ်စု နှစ်ပင် သုံးပင် လိမ်တာတွေဖြစ်လို့DS Fans တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်...
The Ghost Within (2023)
⭐IMDB: 4.7/10 (96 Votes)
🎬 #Horror
🗓 2023 🎞 movie
📺 #720p #1080p
💿 347.5 MB ⦿ 836.3 MB
🌎 #UnitedStates
⏰ 1 နာရီ 43 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မာဂေါ့ဆိုတဲ့ အမျိုးသမီးတစ်ယောက်က ကလေးဘဝကစိတ်ဒဏ်ရာတွေကြောင့်
အခုအချိန်မှာ စိတ်ကျန်းမာရေးချို့ယွင်းနေပြီး မကြာသေးခင်ကပဲ စိတ်ကျန်းမာရေး
ဆေးရုံကဆင်းလာတာဖြစ်ပါတယ်။ သူ့ရဲ့အဓိကပြဿနာက သူ့မျက်လုံးထဲမှာ
အပြင်မှာမရှိတဲ့ အရာတွေ တကယ်မြင်နေရပြီး ငယ်ဘဝကမှတ်ဉာဏ်တွေက
ပြန်ပြန်ပေါ်လာနေတာပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီမှတ်ဉာဏ်တွေက မပီပြင်
နေပဲနဲ့ ဟိုတစ်စဒီတစ်စတွေဖြစ်နေပါတယ်။ ဒီလိုနဲ့နောက်ဆုံးမှာတော့ သူငယ်ငယ်က
နေခဲ့ဖူးတဲ့ အဲ့ဒီမှတ်ဉာဏ်တွေရှိတဲ့အိမ်မှာ ယောက်ျားဖြစ်သူနဲ့ ခဏတာသွားနေဖို့
ဆုံးဖြတ်ခဲ့ပါတော့တယ်။ ဒီလိုနဲ့ သူတို့ရောက်ပြီးတဲ့နောက်မှာ ယောက်ျားဖြစ်သူက
သူ့မိန်းမရဲ့စိတ်ကျန်းမာရေးကို စိတ်မဝင်စားပဲအလုပ်ကိစ္စနဲ့ ပိုက်ဆံတွေကိုပဲ
စိတ်ရောက်နေပါတော့တယ်။
အလုပ်ဆိုတာကလဲ သူထုတ်မဲ့စာအုပ်ကိုအကြောင်းပြပြီး အငယ်အနှောင်းနဲ့
သွားနှပ်နေတာပဲဖြစ်ပါတယ်။မိန်းမဖြစ်သူမာဂေါ့ကတော့ အိမ်မှာတစ်ယောက်တည်း
ကျန်နေရင်းနဲ့ ငယ်ငယ်တုန်းကသူတို့မိသားစုရဲ့မှတ်ဉာဏ်တွေပြန်ပေါ်လာရင်းနဲ့
အရူးတစ်ပိုင်းဖြစ်နေပါတော့တယ်။ အထူးသဖြင့်သူငယ်ငယ်တုန်းက သေဆုံးသွားခဲ့တဲ့
သူ့ညီမက သူ့ကိုကိုယ်ထင်လာပြတာပဲဖြစ်ပါတယ်။သူ့ညီမကအသတ်ခံရတာဖြစ်ပြီး
အဖေဖြစ်သူက သတ်ခဲ့တယ်ဆိုပြီးအဖမ်းခံရပြီးကိစ္စကပြီးသွားပါတော့တယ်။
ဒါပေမယ့်သူ့ညီမကအဲ့ဒီကိစ္စကိုအခဲမကျေဖြစ်ပြီး အစ်မဖြစ်သူကိုဘာတွေပြောဖို့
ကြိုးစားတယ်ဆိုတာအပြင် တခြားစိတ်လှုပ်ရှားစရာခြောက်ခြားစရာတွေကိုလဲ
မြင်တွေ့ရမှာပဲဖြစ်ပါတယ်။...
Godless: The Eastfield Exorcism (2023)
⭐IMDB: 6.3/10 (175 Votes)
🎬 #Horror
🗓 2023 🎞 movie
📺 #720p #1080p
💿 765.8 MB ⦿ 1.7 GB
🌎 #Australia
⏰ 1 နာရီ 33 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Godless: The Eastfield Exorcism (2023)
” အတော်ကြမ်းတဲ့ကားမို့ ကြည့်စေချင်လို့ မရမက ရှာတင်ပေးလိုက်ပါတယ်။ အကြည်ဖြစ်ပေမဲ့ 1xBet လိုဂိုတွေပါနေတုန်းပါပဲ။ လုံးဝအရှင်းဗားရှင်းထွက်လာတဲ့အချိန်ကျရင်လည်း ပြန် Update သွားပါမယ် “
~ IMDb – 6.3/10, Rotten Tomatoes – 100% ~
၁၉၉၃ ခုနှစ်က ဩတြေးလျမှာဖြစ်ပျက်သွားတဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတဲ့ Horror ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ Horror ရုပ်ရှင်တွေမှာ မကောင်းဆိုးဝါးနှင်တယ်ဆိုတာ အမြဲလိုလို ပါနေကျဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ အဲဒါကို တခြားရှုထောင့်တစ်ခုကနေ ချဉ်းကပ်ထားတဲ့သဘောမျိုးရိုက်ကူးထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ လာရာ ဟာ ထင်ယောင်ထင်မှားစိတ်ဝေဒနာကို ခံစားနေရတဲ့လူနာတစ်ယောက်ပါ။ စိတ်ရောဂါကုဆရာဝန်နဲ့ ပုံမှန်ပြနေပေမဲ့ ဘာမှမထူးလာတာကြောင့် သူ့ယောက်ျားဖြစ်တဲ့ ရွန်က ဆေးသိပ္ပံပညာကို သံသယဝင်လာပါတော့တယ်။ သူ့မိန်းမက မိစ္ဆာပူးကပ်နေတာဖြစ်ကြောင်း သူ့သဘောနဲ့သူယူဆပြီး ဆရာဝန်နဲ့ပြတာရပ်လိုက်ပါတယ်။ လာရာကတော့ သူ့စိတ်ရောဂါကြောင့် စားမဝင်အိပ်မပျော်ဖြစ်ပြီး ရွန်စိတ်တိုင်းကျလုပ်ဖို့ ခွင့်ပြုလိုက်ရပါတယ်။
ဒီနေရာမှာ သူတို့နေတဲ့နေရာဟာ ဘာသာရေးကိုင်းရှိုင်းသူတွေများတဲ့ မြို့ငယ်လေးတစ်ခုပါ။ ဘာသာရေးနဲ့ပတ်သက်ရင် အဆုံးစွန်ယုံကြည်ကြတဲ့နေရာမျိုးပေါ့။ ရွန်ကလည်း သူ့မိန်းမ မိစ္ဆာပူးကပ်နေတာကို မြင်လာရင်း ကြံရာမရတဲ့အဆုံး ပယောဂထုတ်တဲ့နေရာမှာ နာမည်ကြီးတဲ့ ဒန်နီ ဆိုတဲ့လူကို အားကိုးရာရှာလိုက်ပါတယ်။ ဒန်နီကို ဘုရားသခင်ရဲ့ တူရိယာလို့ လူတွေကနာမည်ပြောင်ပေးထားပြီး သူကိုယ်တိုင်ကလည်း ဘုရားသခင်နဲ့ တိုက်ရိုက်ဆက်သွယ်နေတယ်လို့ ယူဆထားတဲ့သူပါ။ ဒီလိုတွေဖြစ်လာတဲ့အချိန်မှာ လာရာကို သူတို့တွေ ပယောဂနှင်ပါတော့တယ်။
လာရာမှာပူးကပ်နေတဲ့ မိစ္ဆာတွေက တစ်ကောင်တည်းမဟုတ်ဘဲ အဖွဲ့လိုက်ဖြစ်နေတာပါ။ Legion ဆိုတာ သာမန်အားဖြင့် အစုအဖွဲ့လို့အဓိပ္ပာယ်ယူနိုင်ပေမယ့် ဓမ္မသတ်ကျမ်းသစ် မြန်မာပြန် Mark 5:9 မှာ လေဂေါင် လို့ ပြန်ဆိုထားတာကြောင့် လေဂေါင်အဖြစ်ပဲ ရေးထားပါတယ်။ ဒါကြောင့် လာရာကိုပူးကပ်နေတာက လေဂေါင်(မိစ္ဆာအဖွဲ့) ဖြစ်ပါတယ်။ ဒီလေဂေါင်တွေကို သူတို့တတွေ အစွမ်းကုန်နှင်ကြပါတော့တယ်။
ဒီရုပ်ရှင်ဟာ ဇာတ်သိမ်းကိုမှ ရင်ခုန်ရတာမဟုတ်ပါဘူး။ ဇာတ်လမ်းကြည့်နေရင်း တွေးစရာတွေ တပြုံကြီးပေးမယ့် ရုပ်ရှင်တစ်ခုပါ။ Jumpscare တွေသိပ်မပါဘဲ ပယောဂနှင်တာနဲ့ စိတ်ရောဂါကိုအခြေတည်ရိုက်ကူးထားတာကြောင့် Psychological Horror ပိုဆန်ပါတယ်။
ဒါကကြောက်ရရင်ပြီးရော ကြည့်သင့်တဲ့ကားမျိုးမဟုတ်ပါဘူး။ ဇာတ်လမ်းစကတည်းက ဆုံးတဲ့အထိ ဘယ်သူမှန်လဲ၊ ဘယ်သူမှားလဲ။ လူတွေဟာ ယုံကြည်ရာနဲ့ပတ်သက်ရင် ဘယ်လောက်ထိအဆုံးစွန်သွားတတ်ကြသလဲ။ ဆေးသိပ္ပံပညာဟာ မှန်လား။ ဘာသာရေးဟာမှန်လား။
ကျွန်တော်တို့ဟာ ယုံကြည်ရာပိုက်ကွန်တွေထဲ ရုန်းထွက်မရသူချင်းတူတူ ဘယ်အရာမှန်သလဲ မှားသလဲ ယုံကြည်ရာအပေါ်မူတည်ပြီးဆုံးဖြတ်တတ်ကြပါတယ်။ ဘယ်အရာမဆို အစွန်းရောက်ရင် မကောင်းပါဘူး။ ဒီရုပ်ရှင်ကရော အဲဒါကို ဘယ်လိုပုံစံချပြထားသလဲဆိုတာကို Jumpscare နည်းနည်း တွေးစရာများများနဲ့ သည်းထိတ်ရင်ဖို ကြည့်ရှုရမှာဖြစ်ပါတယ်။
ကျွန်တော့်တစ်ကိုယ်ရည်အမြင်အရဆိုရင် Exorcism နဲ့ပတ်သက်တဲ့အကောင်းဆုံးရုပ်ရှင်တွေကို ပြတိုက်တစ်ခုမှာထားမယ်ဆို ဒီရုပ်ရှင်က နေရာလွတ်တစ်ခုဦးထားပြီးသားဖြစ်ပါလိမ့်မယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)...
发丘陵冢 (2023)
⭐TMDB: 0.0% User Score
🎬 #Adventure #Mystery
🗓 2023 🎞 Movie
📺 #720p #1080p
💿 485.3 MB ⦿ 854.1 MB
🌎 #China
⏰ 1 နာရီ 15 မိနစ် 1 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ချင်ခေတ်လက်ထပ်တည်းကတည်ရှိလာတဲ့ဖချိုးမျိုးနွယ်တွေကသာမာန်လူတွေနဲ့ တမူထူးခြားတဲ့စုန်း အဆိပ်စတဲ့မှော်စွမ်းအားတွေကို ထိန်းချုပ်တတ်တဲ့နေရာမှာတဖက်ကမ်းကျွမ်းကျင်တာပေါ့။
ဖချိုးမျိုးနွယ်ရဲ့မျိုးဆက် ဟူဝမ့်ကျုံးကသူ့ဇနီးကိုကယ်တင်ဖို့အတွက်မိစ္ဆာနယ်မြေရဲ့သွေးအမြုတေကိုလိုက်ရှာနေရင်းစွေခေတ်ကံကြမ္မာမိုးမှောင်ကျနေချိန် ရွှေနဂါးကိုလုယူဖို့ကြိုးစားနေတဲ့အရူပ်အထွေးထဲကိုပါဝင်ပတ်သက်လာခဲ့တယ်။
ရွှေနဂါးကတော့ ထိုက်ဝူတောင်မှာတည်ရှိနေပြီးမိစ္ဆာနယ်မြေရဲ့ နတ်ကျောက်တုံးကိုပိုင်ဆိုင်ထားတဲ့ဖချိုးမျိုးနွယ်တွေကပဲ ယစ်ပူဇော်တံခါးကိုဖွင့်နိုင်မှာဖြစ်တော့ဟူဝမ့်ကျုံးတစ်ယောက်ဒီပဋိပက္ခတွေကြားထဲဝင်ပါသွားတဲ့အခါမှာဘာတွေဆက်ဖြစ်ကြမလဲ။ဒီရွှေနဂါးနဲ့တစွေခေတ်ကံကြမ္မာနဲ့ ဘယ်လိုပတ်သက်မှုရှိနေတာလဲ။ရွှေနဂါးက ဘယ်လိုပေါ်ပေါက်လာတာလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုခံစားပေးပါဦး...
Let Love Grow (2023)
⭐IMDB: 6.0/10 (73 Votes)
🎬 #Drama #Family #Romance #TVMovie #Comedy
🗓 2023 🎞 tv movie
📺 #720p #1080p
💿 818.9 MB ⦿ 1.6 GB
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 31 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Let Love Grow (2023)================IMDb Rating – 6.0/10
အပင်တွေကို ချစ်မြတ်နိုးသူ. ရှုခင်းဗိသုကာ တစ်ယောက်အဖြစ်နဲ့လည်းအသက်မွေးနေသူ အီဗီတစ်ယောက်ဟာ သူ့ရဲ့ သူငယ်ချင်းကလဲရ်နဲ့အတူကိုစတာဒယ်မာ ဆိုတဲ့ မြို့ငယ်လေးမှာ ရှုခင်းဒီဇိုင်းဆွဲတဲ့ လုပ်ငန်းလေးဖွင့်ထားသူ ဖြစ်ပါတယ်။ စိမ်းလန်းအေးချမ်းတဲ့ သူ့ဘဝလေးကို သူ့ရဲ့အကြိုက်ဆုံးလမ်းဖြစ်တဲ့ ငယ်စဉ်က အမှတ်တရတွေလည်း များစွာရှိနေတဲ့ပုလဲလမ်းကို ဒီဇိုင်းပြင်ဆင်ခွင့် အခွင့်အရေးက တံခါးခေါက်လာပါတော့တယ်။
အောင်မြင်မှုလမ်းစကို ရှာဖွေဖို့ ကိုစတာဒယ်မာကို သမီးလေး (၂) ယောက်နှင့် အတူ ပြောင်းလာခဲ့တဲ့ သတ္တဗေဒ ပညာရှင် ရိုင်ယန်နဲ့ နယ်ခံပျိုးပင်အရောင်းဆိုင်လေးမှာ တွေ့ဆုံပြီးချိန်မှာတော့ သူ့ရဲ့ဘဝတစ်ဆစ်ချိုး အချိန်ကိုရောက်ရှိလာခဲ့တယ်ပေါ့။ ပုလဲလမ်းကို ပြင်ဆင်ခွင့် အခွင့်အရေးမှာ ရိုင်ယန့်နောက်ဖေးခြံကို ဒီဇိုင်းပြင်ဆင်ဖို့က သော့ချက် ဖြစ်နေတာကို သိပြီးချိန်မှာတော့ ခေါင်းမာတဲ့ဖခင် ရိုင်ယန် နဲ့ သူ့ကို ခင်တွယ်ရှာသူ သမီးလေး(၂)ယောက်ကို နောက်ဖေးခြံက ဥယျာဉ်လေးကို အကောင်အထည်ဖော်ဖို့ စည်းရုံးပြီး သူ့ရဲ့အိပ်မက်ကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားရပါတော့တယ်။
တစ်ဖက်မှာလည်း ရည်းစားဖြစ်သူ မာ့ခ်က ဂျပန်ကို ရာထူးတိုးနဲ့ သွားရမှာဖြစ်တဲ့ အကြောင်းနဲ့ အီဗီ့ကိုလည်းလိုက်စေချင်တဲ့အကြောင်း ပြောလာချိန်မှာတော့အီဗီတစ်ယောက် ဘယ်အရာကို ရွေးချယ်ရမှန်းမသိ ဖြစ်နေခဲ့ရပါပြီ။ သူ့ရဲ့ အိမ်မက်ဖြစ်တဲ့ ပုလဲလမ်းကို ဒီဇိုင်းပြင်ဆင်ခွင့် ရမလား၊ ရိုင်ယန်နဲ့သမီးလေး (၂)ယောက်ကိုရော ကိုစတာဒယ်မာမှာ အခြေကျအောင်ကူညီနိုင်မလား၊ ဝါသနာကိုစွန့်လွှတ်ပြီး ရည်းစားဖြစ်သူနဲ့အတူ ဂျပန်မှာ စွန့်စားခန်းအသစ်တွေ ရှာဖွေနိုင်မလားဆိုတာကတော့ . . .ဇာတ်လမ်းလေးရဲ့အမည်အတိုင်းပဲ “အချစ်တွေကို ရှင်သန်ကြီးထွားစေနိုင်မလား”ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ အဖြေရှာဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Sai Sumali ဖြစ်ပါတယ်)...
Bhaag Saale (2023)
⭐IMDB: 7.0/10 (1 k Votes)
🎬 #Bollywood #Comedy #Crime
🗓 2023 🎞 movie
📺 #720p #1080p
💿 1022.7 MB ⦿ 2.1 GB
🌎 #India
⏰ 1 နာရီ 58 မိနစ် 44 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bhaag Saale 2023 (IMDb 7/10)
CM ဘောလိဝုဒ် ပရိသတ်ကြီးကို ယခုပဲထွက်ရှိလာတဲ့comedy-crime ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်
အာဂျွန်နဲ့မာယာက ချစ်သူတွေပါ မာယာထင်နေတာကတော့ အာဂျွန်ကိုချမ်းသာတဲ့မိသားစုရဲ့သားလေး အောင်မြင်တဲ့စီးပွားရေးသမားလေးပေါ့အဲ့လိုထင်အောင်လည်း ဟိုငတိက ရှစ်စပ်ကဂျင်ခြေလည်သလိုကိုမွှတ်ထွက်နေတဲ့အပြင် မှင်မောင်းလဲကောင်းပြီး အရမ်းကိုချမ်းသာချင်နေတဲ့ လူလည်တစ်ယောက်ပါ
အဲ့ဇာတ်လမ်းထဲမှာ အဓိကပါဝင်အသုံးတော်ခံမှာကတော့ လက်စွပ်တစ်ကွင်းပါone ring to rule them all ဘာညာဆိုတဲ့ LOTR ထဲက လက်စွပ်တော့မဟုတ်ပါဘူးဒါပေမဲ့ ဒီလက်စွပ်ကလဲမခေပါဘူး ကိုလိုနီခေတ်ဗြိတိသျှလက်ထက်တည်းကလူအဆင့်ဆင့် တိုင်းပြည်အနှံ့ရောက်နေတဲ့ စိန်ကြီးကိုကွပ်ထားတဲ့ စိန်လက်စွပ်ပါဒီလက်စွပ်ကိုပိုင်ဆိုင်သူဟာ ကံကောင်းခြင်းများစွာရရှိမှာဖြစ်သလိုကံဆိုးမှုတွေလည်း ဒွန်တွဲပါလာပါတယ်တဲ့….
ကဲ အဲ့တော့ ဒီလက်စွပ်က အာဂျွန်ရဲ့ဘဝနဲ့ အချစ်ရေးနဲ့ ဘယ်လိုသက်ဆိုင်လာမလဲတခြားဘယ်လိုလူတွေကရော ပါဝင်ပတ်သတ်နေလဲ စသည်ဖြင့် ဇာတ်လမ်းအမိုက်စားလေးကိုကြည့်ရှုရမှာဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးတွေလည်း ပါတာမို့ပရိသတ်ကြီး အကြိုက်တွေ့စေမဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်
အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်...
Epic Tails (2022)
⭐IMDB: 5.8/10 (447 Votes)
🎬 #Adventure #Animation #Family #Fantasy #Comedy
🗓 2022 🎞 movie
📺 #720p #1080p
💿 754.5 MB ⦿ 1.3 GB
🌎 #France
⏰ 1 နာရီ 36 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Epic Tails (2023)
Yolcos ဆိုတာ ရှေးခေတ်ဂရိနိုင်ငံမှာ သာယာဝပြောတဲ့ ဆိပ်ကမ်းမြို့လေးတစ်မြို့ဖြစ်ပါတယ်။အဲဒီမြို့လေးမှာ သူရဲကောင်း Jason ရယ် သူ့ရဲ့နောက်လိုက်အဖွဲ့ Argonauts ရယ်က စွန့်စားခန်းတွေ များစွာထွက်ပြီးနောက်ဆုံးမှာ မြို့ကို သာယာဝပြောအောင်လုပ်ပေးနိုင်တဲ့ Zeus နတ်ဘုရားရဲ့ အစွမ်းရှိတဲ့ ရွှေရောင်သိုးမွှေးတောင်လေးကို ယူလာပေးနိုင်ခဲ့ပါတယ်။အဲဒီသိုးမွှေးတောင်အစွမ်းကြောင့် လူတွေတင်မကဘူး တိရစ္ဆာန်တွေပါ အချင်းချင်းအဆင်ပြေသင့်မြတ်နေကြတဲ့မြို့လေးပါ။ကြွက်ကလေး ပက်တီကတော့ သူ့ကိုမွေးစားထားတဲ့ ကြောင်ကြီး ဆမ်နဲ့အတူတူနေနေပေမယ့်သူရဲကောင်း Jason ကို အရမ်းအားကျပြီး စွန့်စားခန်းတွေ ထွက်ချင်နေတဲ့သူပေါ့။တစ်နေ့မှာတော့ သူတို့မြို့လေးကို Poseidon နတ်ဘုရားက အမျက်ဒေါသထွက်ပြီးတောင်းဆိုချက်တစ်ခုကို တစ်ပတ်အတွင်းအပြီးလုပ်ဖို့ အမိန့်ပေးလိုက်ပါတယ်။ရွှေရောင်သိုးမွှေးတောင်ကို သိမ်းသွားတဲ့အပြင် တစ်ပတ်အတွင်း တောင်းဆိုချက်ကို လုပ်မပေးနိုင်ရင်မြို့ကို ဖျက်ဆီးပစ်တော့မှာမို့ မြို့သူမြို့သားတွေသာမက တိရစ္ဆာန်လေးတွေပါ ထိတ်လန့်ကုန်ကြပါတယ်။သူရဲကောင်း Jason ကလည်း အဖိုးကြီးဖြစ်နေပြီးတော့ Argonauts အဖွဲ့သားတွေကလည်း သေဆုံးကုန်ပါပြီ။အဲဒီအခြေအနေမှာ ပက်တီနဲ့ တိရစ္ဆာန်လေးတွေက ဘယ်လိုဝင်ကူညီပြီး မြို့ကိုကယ်တင်ပေးမလဲဆိုတာ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါနော်။
IMDb 5.9 ရရှိထားပြီးတော့ Animation ပရိတ်သတ်တွေ အကြိုက်တွေ့စေမယ့်ကားလေးပါ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Moh Mohပဲ ဖြစ်ပါတယ်။...
