ru
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Amy (2015) ⭐IMDB: 7.8/10 (57 k Votes) 🎬 #Biography #Documentary #Music 🗓 2015 🎞 movie 🌎 #UnitedKingdom ⏰ 2 နာရီ 8 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “Amy Winehouse” ရိုးရှင်းမှုနဲ့ အင်အားကြီးမားမှုတို့ ပေါင်းစပ်ထားတဲ့ နာမည်တစ်ခုက ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်စေဖို့ သာမန်မိသားစုလေးတစ်စုကနေ Amy Winehouse ကို ၁၉၈၃ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့မှာ မွေးဖွားပေးခဲ့ပါတယ်။ Documentary Film တွေရဲ့ ထုံးစံအတိုင်းပဲ သူ့ရဲ့အင်တာဗျူးတွေ၊ မိသားစု၊ သူငယ်ချင်းမိတ်ဆွေ တွေရဲ့ အင်တာဗျူးတွေ၊ ဗီဒီယိုမှတ်တမ်းတွေ၊ တီဗီအစီအစဉ်တွေကနေတစ်ဆင့် Amy ရဲ့ ဘဝဖြစ်စဉ်ကို နောက်ခံစကား‌ပြောပုံစံမျိုးနဲ့ တင်ဆက်ထားပါတယ်။ ဂျက်ဇ်ဂီတကို ခုံမင်တဲ့ Amy ရဲ့ ငယ်ဘဝဟာ တီးဝိုင်းအဖွဲ့တွေထက် တစ်ကိုယ်တော်ဖျော်ဖြေရေးသမားတွေရဲ့ သီချင်းတွေကို နားထောင်ရင်း ကြီးပြင်းခဲ့ပါတယ်။ သူ့ရဲ့ပထမဆုံး မန်နေဂျာဖြစ်လာခဲ့သူ Nicky Shymansky ရဲ့ တိုက်တွန်းမှုကြောင့်ပဲ သီချင်းတွေကို စတင်ရေးသားဖြစ်ခဲ့ပါတယ်။ ကိုယ်ပိုင်ခံစားချက်သီးသန့်ကိုပဲ သီချင်းအဖြစ် ဖန်တီးတတ်သူ Amy ဟာ ငယ်ရွယ်တဲ့အချိန်မှာပဲ ကိုယ်ဆိုမယ့်သီချင်းကို ကိုယ်တိုင်ရေးစပ်နိုင်တဲ့ Musical Genius တစ်​ယောက်ဖြစ်နေခဲ့ပါပြီ။ စကားပြောပွင့်လင်းပြီး ချိုသာတဲ့အပြုံးနဲ့ လူတွေကို ရင်ဖွင့်ဆက်ဆံတတ်တဲ့ Amy ဟာ သူ့ရဲ့ ကိုယ်ပိုင်စတိုင်၊ ကိုယ်ပိုင်သီချင်းဆိုဟန်တွေနဲ့ပဲ ပရိသတ်ရဲ့ အသည်းနှလုံးကို ဖမ်းစားယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ပရိသတ်ထောင်ပေါင်းများစွာရဲ့ ရှေ့မှာဖျော်ဖြေရလောက်တဲ့အထိ အောင်မြင်ဖို့က သူ့ရဲ့ ရည်ရွယ်ချက်မဟုတ်ခဲ့ပါဘူး။ ဂျက်ဇ်ကလပ်တွေထဲက လူနည်းစုလေးတွေရဲ့ လက်ခုပ်သံကိုပဲ ခုံမင်ခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ပွဲဦးထွက်အယ်လ်ဘမ် ဖြစ်တဲ့ “Frank” ဟာ ဝေဖန်ရေးအရရော၊ ငွေကြေးအရရော အထိုက်အလျောက် အောင်မြင်ခဲ့တာကြောင့် Amy ဟာ လူထုရဲ့အမြင်မှာ စောင့်ကြည့်ခံရတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပါပြီ။ Amy ဟာ သူ့ဘဝမှာ အခန်းကဏ္ဍ ကြီးကြီးမားမား တစ်ခုအနေနဲ့ ချယ်လှယ်နိုင်စွမ်းရှိတဲ့ Blake နဲ့ မတွေ့ခင်အထိ အချစ်ရေးမှာ အပြောင်းအလဲမြန်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့လက်ရှိရည်းစားကို မစွန့်လွှတ်နိုင်တဲ့ Blake ဟာ Amy ဆီကို လမ်းခွဲဖို့ မက်ဆေ့ပို့လာခဲ့ပါတယ်။ အချစ်ရေးကို လျင်လျင်မြန်မြန် ပြောင်းလဲနိုင်ခဲ့တဲ့ Amy ဟာ Blake နဲ့ လမ်းခွဲချိန်ကာလတွေမှာတော့ စိတ်ခံစားချက်တွေ ပြိုလဲကြေကွဲပြီး အရက်စွဲရောဂါ စွဲကပ်လာခဲ့ပါတယ်။ သူ့ရဲ့ ပရိုဂျူဆာတွေက Amyကို အရက်ဖြတ်ပေးဖို့ ကြိုးစားလာခဲ့ပေမယ့်. ဖခင်ဖြစ်သူရဲ့ ခွင့်ပြုချက်မရတာကြောင့် ရှေ့ဆက်မရခဲ့ပါဘူး။ ဒီအခိုက်အတန့်က သူ့အတွက် အရေးအကြီးဆုံးအချိန်လို့ ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ Amy အရက်ဖြတ်တာ အောင်မြင်သွားခဲ့ရင် စိတ်ထိခိုက်စရာတွေတော့ ဖြစ်မလာနိုင်ဘူး။ ကမ္ဘာကြီးကတော့ “Back to Black” အယ်လ်ဘမ်ကို ဘယ်တော့မှ နားမထောင်ခဲ့ရတာလည်း ဖြစ်သွားနိုင်တယ်။ ၂၀၀၆ ခုနှစ်မှာ Amy က သူ့ရဲ့ပရိသတ်အတွက် “Back to Black” အယ်လ်ဘမ်ကို ကြိုးစားချပြပေးနိုင်ခဲ့ပါတယ်။ “Back to Black” အယ်လ်ဘမ်ရဲ့ အောင်မြင်မှုက Amy ဆီကို ဂရမ်မီ (၅) ဆု ယူဆောင်လာပေးနိုင်တဲ့အပြင် ပါပါရာဇီတွေရဲ့ အချိန်ပြည့်အာရုံစိုက်မှုကိုပါ တစ်ပါတည်း ယူလာပေးခဲ့တာဖြစ်ပါတယ်။ အောင်မြင်ပြီးစကာလမှာ ဝိုင်းဝန်းချီးမြှောက်ခဲ့ကြတဲ့ မီဒီယာတွေကပဲ အောင်မြင်မှုရဲ့သားကောင် ဖြစ်လာခဲ့တဲ့ Amy ကို သူတို့အတွက် လှောင်ပြောင်ရှုံ့ချစရာ အဖြစ် မြင်လာခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာ အရက်အဆိပ်သင့်မှုကြောင့် Amy ဟာ လန်ဒန်က နေအိမ်မှာပဲ သူ့ရဲ့ပရိသတ်ကြီးရော ချစ်ရတဲ့သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစုတွေကိုပါ စွန့်ခွာပြီး လောကကြီးထဲက အပြီးအပိုင်ထွက်သွားခဲ့ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်ဆုံးပါးခဲ့ရပေမယ့် Amy ဟာ ဂီတချစ်သူပရိသတ်တွေတင်မကဘဲ ဂီတဖန်တီးသူ၊ အဆိုတော်အချင်းချင်းကပါ လေးစားပြောစမတ်တွင်လောက်မယ့် သီချင်းတွေ၊ ဂီတအမွေအနှစ်ခြေရာတွေကိုပါ ချန်လှပ်ထားခဲ့နိုင်သူဖြစ်ပါတယ်။
...

The Revenant (2015) ⭐IMDB: 8.0/10 (903 k Votes) 🎬 #Action #Adventure #Biography #Western #Drama 🗓 2015 🎞 movie 🌎 #USA #UnitedStates #HongKong #Taiwan #Argentina #Canada #UnitedStatesofAmerica ⏰ 2 နာရီ 37 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အော်စကာဆု ရွှေကမ္ဘာလုံးဆု တွေ အပါအဝင်ရုပ်ရှင်လောက ရဲ့ ထိပ်သီးဆုတွေ အတွက်လျာထားခြင်းခံထားရတဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကား ရဲ့ အဓိက မင်းသား လီယိုနာဒို ရဲ့သရုပ်ဆောင် သက်တမ်းတစ်လျှောက်အမှတ်ရစရာအကောင်းဆုံး ဇာတ်ကားလည်းဖြစ်လာနိုင်ပါတယ်။ အော်စကာဆုတွေနဲ့ လွဲလွဲနေတဲ့ မင်းသား လီယိုနာဒိုဟာဒီဇာတ်ကားနဲ့အတူ ရနိုင်ဖို့ ကမ္ဘာ့ရုပ်ရှင်ဇာတ်ခုံပေါ်ကလူတိုင်းလိုလို တစ်ပေးထားကြပါတယ်။ ဒီဇာတ်ကားမှာဆိုရင် ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေရဲ့ကြိုးစားအားထုတ်မှုတွေ အပြင်ထုတ်လုပ်သူတွေရဲ့ ကုန်ကျစရိတ်အမြောက်အများ ကျခံပြီး ရိုက်ကူးထားမှုတွေ ရုပ်ရှင်တစ်ဖွဲ့သားအားလုံး ရဲ့ အပင်ပန်းခံ ပြီး ပရိသတ်တွေ အပေါ် စေတနာဘယ်လောက် ထား ခဲ့တယ်ဆိုတာတွေပါ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ယောကျ်ားတစ်ယောက်ရဲ့ စွန့်စားခန်းနဲ့အတူယောကျာ်းကောင်းတစ်ယောက်မှာရှိသင့်တဲ့ စိတ်ခွန်အား စွမ်းရည်သတ္တိ လုပ်ရည်ကိုင်ရည် တွေကို အကောင်းဆုံးပြနိုင်ခဲ့တဲ့ ဇာတ်ကားပါ။မိမိရဲ့အမဲလိုက်အဖွဲ့ဝင်တွေရဲ့ စွန့်ပစ်သစ္စာဖောက်ခြင်းကိုခံခဲ့ရတဲ့ နယ်မြေသစ်ရှာဖွေသူ Hugh Glass (လီယိုနာဒို) ရဲ့အသက်ရှင်ရပ်တည်ရဖို့ တစ်ဦးတည်းရုန်းကန်ရပုံတွေကိုအားရကျေနပ်ဖွယ် ကောင်းလောက်အောင်ရိုက်ပြထားတာပါ။ မင်းသား လီယိုနာဒိုဟာ ဒီဇာတ်ရုပ်ကိုပြောစမှတ်တွင်လောက်အောင် သရုပ်ဆောင်ပြသွားတာကိုအားလုံးတွေ့မြင်ရမှာပါ။ ဒီဇာတ်ရုပ်ဟာ လီယိုနာဒိုကို အခြား အော်စကာ ဆန်ကာတင်မင်းသားတွေနဲ့ ယှဉ်လိုရင် ပိုသာ သွားအောင်ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ survival adventure ဇာတ်လမ်းကိုလုံးဝအသက်ဝင်သွားအောင် ချပြနိုင်ခဲ့တဲ့ ဇာတ်ကားပါ။ဇာတ်ကားကောင်းလို့မပြောပါရစေနဲ့။ ထိပ်တန်းဇာတ်ကားပါ။ကောင်းတယ်ဆိုတာထက်ကိုလွန်သွားပါပြီ။
...

Help! I'm a Fish (2000) ⭐TMDB: 67% User Score 🎬 #Animation #Comedy #Fantasy #Adventure #Family #Drama 🗓 2000 🎞 movie 🌎 #Denmark #France #Germany #Ireland #UnitedKingdom ⏰ 1 နာရီ 17 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူကြီးတွေမရှိတုန်း ဖလိုင်းတို့မောင်နှမတစ်‌တွေ အိမ်ကခိုးထွက်ပြီး ငါးသွားမျှားကြရင်းနဲ့ ပရော်ဖက်ဆာကြီးရဲ့ လျှို့ဝှက်ဓာတ်ခွဲခန်းထဲကိုရောက်သွားခဲ့ကြပါတယ် အငယ်ဆုံးညီမလေး စတယ်လာက ပရော်ဖက်ဆာကြီးရဲ့ ငါးဖြစ်ဆေးရည်ကို မထင်မှတ်ပဲ သောက်မိပြီးကြယ်ငါးလေး ဖြစ်သွားပါတယ် အဲဒီနောက်မောင်နှမတွေတစ်တွေ ပင်လယ်ထဲမှာဘယ်လိုစွန့်စားခန်းတွေဖွင့်ပြီး လူပြန်ဖြစ်အောင် ကြိုးစားကြရသလဲဆိုတာကို ပင်လယ်ရေအောက်ရှုခင်းတွေနဲ့ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့် ၂၀၀၀ခုနှစ်ကထွက်တဲ့ animationကားလေးဖြစ်ပါတယ် ဟယ်ရီပေါ်တာကားထဲက ပရော်ဖက်ဆာစနိတ်ကြီးကလည်း ဗီလိန်နေရာကနေအသံသရုပ်ဆောင်ထားပါသေးတယ် သီချင်းမြူးမြူးလေးတွေနဲ့ healဖြစ်စေတဲ့ဇာတ်ကားကောင်းလေးမို့ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ
...

Devaki Nandana Vasudeva (2024) ⭐IMDB: 9.3/10 (3 k Votes) 🎬 #Action #Bollywood #Family #Romance 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 53 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Devaki Nandana Vasudeva (2024) ရုပ်ထွက်က WEBDL အကြည်ဖြစ်ပေမယ့်HQ Audio ရုံသံအကြည်ဗားရှင်းသာဖြစ်ပါတယ် ==========================“နိမိတ်” တေလဂူး အက်ရှင်ဇာတ်ကြမ်း အချစ်အလွမ်း ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်လိုက်ပါတယ် ကန်ဆာရာဂျူးဆိုတာ ထင်တိုင်းကျဲလွန်းလို့သူတို့တစ်နယ်လုံး ဖိတ်ဖိတ်တုန် ကြောက်ရတဲ့ လူမိုက်တစ်ဦးလူမိုက်ဆိုပေမဲ့ ဘာသာတရားကိုယုံကြည်ပြီးအယူသီးတဲ့လူတစ်ယောက်ဖြစ်တာကြောင့် တစ်နေ့မှာသူယုံကြည်တဲ့ ဆွာမိတစ်ပါးက ‘မင်းကိုသတ်မယ့်လူကမင်းညီမရဲ့ ဝမ်းကြာတိုက်’ ထဲမှာလို့ နိမိတ်ဖတ်တာကို ယုံကြည်သွားခဲ့တယ် လူသတ်မှုတစ်ခုနဲ့ သူထောင်ကျသွားခဲ့ပြီးတစ်ရက်တည်းမှာ သူ့ညီမကတော့ ဆတ်တယာဆိုတဲ့ သမီးလေး မွေးခဲ့ပါတယ် ဆတ်တယာလေး ကြီးလာတဲ့အချိန် ထောင်ကပြန်ထွက်လာတဲ့ကန်ဆာရာဂျူးက ရန်ရှာဖို့ ကြိုးစားတဲ့အခါမှာကယ်တင်ရှင်မင်းသားလေး ပေါ်လာမှာလား ဆက်လက်ကြည့်ရှုလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်
...

New World (2013) ⭐IMDB: 7.5/10 (27 k Votes) 🎬 #Crime #Drama #Thriller #Action 🗓 2013 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 15 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 New World (2013) ******************* IMDb….7.5 ပိတ်ရက်မှာ ကြည့်ဖို့အတွက် Lee Jung-Jae ,Choi Min-Sik ,Hwang Jung-Min, Park Sung-Woong , Song Ji-Hyo အစရှိတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ မှုခင်းရုပ်ရှင်ဟောင်းလေးကို ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။ – ဇာတ်လမ်းအကျဉ်း – အမျိုးသားရဲတပ်ဖွဲ့မှ ဌာနမှူးဖြစ်သူ ဂန်ဟျောင်းချော (Choi Min-Sik) က အကြမ်းဖက်အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Goldmoon ကို လျှို့ဝှက်စုံစမ်းဖို့အတွက် ရဲဝန်ထမ်းသစ်လေးဖြစ်တဲ့ အီဂျာဆောင်း (Lee Jung-Jae) ကို Goldmoon လုပ်ငန်းစုထဲ သူလျှိုအဖြစ် သွင်းခဲ့ပါတယ်။ Goldmoon ဥက္ကဌကိုသာ ဖမ်းထည့်နိုင်ခဲ့မယ်ဆိုရင် ဂျာ‌ဆောင်းကို ပြည်ပမှာ တာဝန်သွားရောက်‌ ထမ်းဆောင်ဖို့ စေလွှတ်ပေးမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ပေါ့။ ၈ နှစ်အကြာမှာတော့ ဂျာဆောင်းက Goldmoon လုပ်ငန်းစုရဲ့ နံပါတ် ၂ အာဏာရှိသူ ဂျောင်ချောင်း (Hwang Jung-Min) ရဲ့ ညာလက်ရုံးဖြစ်လို့နေခဲ့ပါပြီ။ တစ်ချိန်တည်းမှာပဲ Goldmoon ရဲ့ အကြီးဆုံးအာဏာရှိသူ ဥက္ကဌ ဆော့ချူဒုံကလည်း ရုတ်တရက် ကားတိုက်မှုနဲ့ ဆုံးပါးသွားတာဖြစ်လို့ Goldmoon လုပ်ငန်းစုတွင်းက ဂျောင်ချောင်းနဲ့ သူ့ရဲ့ပြိုင်ဘက် အီဂျွန်ဂူ (Park Sung-Woong) တို့ကြားဆက်ခံသူနေရာအတွက် အပြိုင်အဆိုင်ဖြစ်လာပါတော့တယ်။ တစ်ဖက်မှာလည်း အီဂျာဆောင်းက Goldmoon ဥက္ကဌ ဆုံးပါးသွားပြီဖြစ်လို့ သူလျှိုအဖြစ်ကနေ ရပ်လိုက်ဖို့ ဆန္ဒရှိလာပါတယ်။ ဒါပေမဲ့ ဌာနမှူးဂန်က Goldmoon ဥက္ကဌ‌နေရာ ဆက်ခံသူကို ရွေးချယ်မှုမှာ ဝင်ရောက်စွက်ဖက်မဲ့ “ကမ္ဘာသစ်” စစ်ဆင်ရေးအတွက် ဂျာဆောင်းကို လိုအပ်သေးတာဖြစ်လို့ လက်မခံခဲ့ပါဘူး။ ဂျာဆောင်းတစ်ယောက် စစ်ဆင်ရေးအောင်မြင်ဖို့ တစ်ခုပဲ ခေါင်းထဲရှိတဲ့ ဌာနမှူးဂန်နဲ့ အစ်ကိုရင်းတစ်ယောက်နဲ့ မခြားတဲ့ ဂျောင်ချောင်းတို့ကြား ဘက်ရွေးချယ်ရခက်လာတဲ့အခါမှာတော့… ဂျာဆောင်းက သူလျှိုဆိုတဲ့ သရုပ်မှန်ကို အဆုံးအထိ ပိပိရိရိ ဖုံးကွယ်ထားနိုင်ပြီး စစ်ဆင်ရေး အောင်မြင်သွားမလား။ Goldmoon လုပ်ငန်းစု ဥက္ကဌနေရာကိုရော ဘယ်သူရသွားမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက် စောင့်ကြည့်ပေးကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hnin Wai Oo ပဲဖြစ်ပါတယ်
...

Invisible Guard (2022) ⭐TMDB: 0% User Score 🎬 #Mystery #Thriller #Drama 🗓 2022 🎞 movie 🌎 #China ⏰ 1 နာရီ 10 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဆန်းဆန်းပြားပြားမိစ္ဆာအတတ်တွေနဲ့ သိုင်းကားလေးတစ်ကားလာပါပြီ။ထန်ခေတ်ကာလမှာ ကိုယ်ပျောက်ကိုယ်ရံတော်ဆိုတဲ့အထူးအဖွဲ့အစည်းတစ်ခုရှိခဲ့တယ်။တရားရေးဌာနအတွက်အမှုထမ်းရပေမယ့်အပယ်ခံအပြစ်သားတွေနဲ့ဖွဲ့ထားတဲ့ အဖွဲ့အစည်းတစ်ခုပါပဲ။ ပိုးမိစ္ဆာတွေကိုကြိုးကိုင်ထိန်းချုပ်ပြီး လူသတ်မှုတွေဖြစ်ပွားလာတော့အပယ်ခံကိုယ်ပျောက်ကိုယ်ရံတော်အဖွဲ့ရဲ့တပ်မှူးPeiဟာအမှုကိုအဖြေရှာရင်း သပွတ်အူလိုရှုပ်ထွေးတဲ့မှုခင်းဖြစ်စဉ်ထဲကိုရောက်သွားပါတော့တယ်။ တစ်ချိန်တည်းမှာပဲ အဖေကိုသတ်သွားတဲ့တရားခံကိုလိုက်ရှာနေတဲ့မိန်းကလေး Han chu yiဟာ တရားခံကိုခြေရာမခံမိပဲရန်သူလိုက်သတ်တာခံရလို့ပြေးရင်းနဲ့Pei တွေ့ဆုံဖို့အကြောင်းဖန်ပြီး သူတို့ဟာပူးပေါင်းပြီးဖြစ်လာတဲ့အခက်အခဲတွေကိုရင်ဆိုင်ကြပါတယ်။သူတို့မသိတာကတော့ သူတို့ကိုစောင့်နေခဲ့တာပိုပြီးဆိုးရွားတဲ့ စုန်းဘုရင်ကြီးဆိုတာပါပဲ။ Pei ဟာ စုန်းဘုရင်ကြီးကိုဘယ်လိုရင်ဆိုင်ပြီးပြည်သူတွေကိုဘယ်လိုကယ်မလဲဆိုတာတော့အဆုံးထိကြည့်ရှုအားပေးလိုက်ပါနော်။
...

The Wolf Witch (2020) ⭐IMDB: 6.5/10 (72 Votes) 🎬 #Fantasy #Mystery #Romance 🗓 2020 🎞 movie 🌎 #China ⏰ 1 နာရီ 26 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းအကျဉ်းလေးပြောပြရမယ်ဆိုရင်… ချန်အန်းဆိုသူ လျို့ဝှက်အမှုစစ်တစ်ယောက်ကတာဝန်အရ ပါးစပ်ရာဇဝင်တစ်ပုဒ်လိုပြန့်နေတဲ့ ဆံဖြူရှင်မိစ္ဆာမ လျန်နီရှန်းအကြောင်း စုံစမ်းဖို့ရောက်လာခဲ့ရာ.. တကယ်စုံစမ်းတဲ့အချိန်မှာ ဆံဖြူရှင်မိစ္ဆာမ လျန်နီရှန်းအကြောင်းကိုသာမကသိုင်းလောကရဲ့ ရှုပ်ထွေးလှတဲ့ ဂိုဏ်းတွေကြား ဆက်နွယ်မှုတွေနဲ့အတူလျန်နီရှန်းကို ပုံတူခိုးပြီး နောက်ကွယ်က ချောက်တွန်းနေတဲ့တခြားဂိုဏ်းအကြောင်းပါသိခဲ့ရတယ်… လျန်နီရှန်းရဲ့ ဇာတ်ကြောင်းကတော့ ဗားရှင်းတိုင်းနီးပါးမှာ ပုံစံစုံနဲ့တင်ဆက်ပြနေကြမို့ ထူးထွေပြီး မိတ်မဆက်တော့ပါဘူး…အချစ်တစ်ခုကို ကိုးစားမိတဲ့အချိန်မှာ ချစ်ရတဲ့သူရဲ့ရက်ရက်စက်စက်သစ္စာဖောက်တာခံရပြီးနောက် အချစ်ကိုမယုံတော့တဲ့ လျန်နီရှန်းတစ်ယောက်… အတိတ်က နာကျင်စရာ အချစ်ဇာတ်လမ်းတစ်ခုမှာ ကိုယ်တိုင် မင်းသားအနေနဲ့ကခဲ့ပြီးနောက် ထပ်ပြီးချစ်ရမှာ ကြောက်နေခဲ့တဲ့ ချန်အန်းတို့ ဆုံတဲ့အခါ…အချစ်ခံစားချက် အသစ်တစ်ဖန်ပဲ မွေးဖွားလာမလား…အတိတ်က ဒဏ်ရာကိုမကုစားနိုင်လို့ အလွမ်းနဲ့အဆုံးသတ်မလား…ဒါမှမဟုတ် အသစ်တစ်ဖန်မွေးဖွားလာမယ့်ဒဏ်ရာတစ်ခုက စောင့်ကြိုနေမလားဆိုတာChannel Myanmar မှာ ဒေါင်းလုပ်ပြီး ခံစားကြည့်လိုက်ကြပါ
...

Snake Lady (2022) ⭐TMDB: 40% User Score 🎬 #Adventure #Thriller #Action #Horror 🗓 2022 🎞 movie 🌎 #China ⏰ 1 နာရီ 26 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မြွေကားကြိုက်တဲ့သူတွေအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ဒီနှစ်ထဲအသစ်ထွက်ထားတဲ့မြွေကားတစ်ကားနဲ့တင်ဆက်ပြသလိုက်ပါတယ်ဒီကားလေးကတော့ ပုံမှန်လိုမြွေစိမ်းမလေးတွေအကြောင်းမဟုတ်ဘဲလျှို့ဝှက်ဆန်းကြယ်တဲ့ကျွန်းတစ်ကျွန်းမှာ မြွေနတ်ကိုသွားရှာတဲ့ကားလေးဖြစ်ပါတယ် မဂ္ဂဇင်းတိုက်ရဲ့ထုတ်လုပ်သူ ကုချိုးနဲ့ အယ်ဒီတာ လီထုံတို့ဟာသူငယ်ချင်းတစ်ချို့ခေါ်လာပြီး ဒဏ္ဍာရီဆန်တဲ့ကျွန်းကိုရှာပြီးသွားရောက်ကြတယ်အဲ့နေရာမှာထူးခြားတဲ့မြွေကြီးတွေရှိပြီး လီထုံရဲ့အဖေက တစ်ချိန်တစ်ခါတာဝန်ထမ်းတောင်ရင်း အဲ့ကျွန်းကိုရောက်သွားခဲ့ပြီးဘာတွေဖြစ်လဲဆိုတာ လီထုံက သိချင်နေခဲ့တယ်ကျွန်းပေါ်ကခေါင်းဆောင်လျန်ရန်ကလည်းရုတ်တရက်ရောက်လာတဲ့သူတို့ကို ဘယ်လိုဧည့်ခံမလဲ သူတို့အပေါ်ဘာတွေလျှိုဝှက်ထားတာလဲလီထုံကရော နောက်ဆုံးမှာ သူ့အဖေအဲ့ကျွန်းပေါ်ဘာတွေဖြစ်ခဲ့လဲဆိုတာသိနိုင်မလားဆိုတာကို အားလုံးအတူတူကြည့်ရင်းအဖြေရှာထုတ်ကြရအောင်
...

How to Make Gravy (2024) ⭐IMDB: 7.0/10 (852 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #Australia ⏰ 1 နာရီ 57 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 How to Make Gravy (2024) IMDb Rating (7.0) ဒီကားလေးကတော့ Australian အဆိုတော်ကြီး Paul Kelly ရဲ့ How to Make Gravy ဆိုတဲ့သီချင်းလေးကို မှီမြန်းပြီး ရိုက်ထားတဲ့ မိသားစုခရစ်စမတ်ကားလေးပဲ ဖြစ်ပါတယ်။ အဖွားမရှိတော့တဲ့ ပထမဆုံးခရစ်စမတ်ရဲ့နှစ်မှာပဲ အန်းဂတ်လို့ခေါ်တဲ့ ကောင်လေးရဲ့ မိသားစုဆွေးမျိုး တွေအားလုံး သိုက်သိုက်ဝန်းဝန်း အိမ်ကို ရောက်လာကြတဲ့အခါ အရာအားလုံးအဆင်ပြေနေခဲ့ပေမဲ့ အန်းဂတ်ရဲ့အဖေ ဂျိုးကတော့ မိခင်ကိုဆုံးရှုံးလိုက်ရလို့ စိတ်ထိခိုက်နေခဲ့ပါတယ်။ ဒီလိုနဲ့ မထင်မှတ်ထားတဲ့ ပြဿနာလေးကြောင့် ဂျိုးနဲ့သူ့ယောက်ဖ ရော်ဂျာ ရန်ဖြစ်ကြတဲ့အခါ ဂျိုး တစ်ယောက် ထောင်ကျသွားခဲ့ပါတယ်။ ထောင်ထဲမှာ ခက်ခဲကြမ်းတမ်းလှတာကြောင့် ညီဖြစ်သူဒန်က ဂျိုးမိသားစုကို စောင့်ရှောက်နေခဲ့ရပါတယ်။ ထို့နောက် ဒန်ကို မိသားစုအား ဂရုစိုက်ဖို့ပြောရင်း ဂျိုးအတွက် ထောင်ထဲမှာနေရတာရောအဆင်ပြေရဲ့လား အပြင်မှာရော ဒန်နဲ့မိသားစုက ဘယ်လိုအခြေအနေတွေ ရှိလဲဆိုတာ မိသားစုပြဿနာတွေကြား ခရစ်စမတ်အငွေ့အသက်လေးတွေနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ KarmT ဖြစ်ပါတယ်။)
...

Forensic Medicine Song Ci (2020) ⭐TMDB: 70% User Score 🎬 #Fantasy #Thriller 🗓 2020 🎞 movie 🌎 #China ⏰ 1 နာရီ 36 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လျှိုဝှက်ဆန်ဆန် ဂမ္ဘီရဆန်ဆန်မှုခင်းကားတွေကြည့်ချင်တဲ့CMကနေတရုတ်ရှေးခေတ်မှုခင်းစစ်တဲ့ကားတစ်ကားလေးနဲ့မိတ်ဆက်လိုက်ပါတယ်ရှေ့ခေတ်ကပေါ်ခဲ့တဲ့ ပျောက်ဆုံးနေပြီဖြစ်တဲ့ပေါ်ရွှင်ဆိုတဲ့မိစ္ဆာဘာသာဝင်တစ်ခုကစုန့်ချီနေတဲ့ချန်တင်းကိုရောက်ရှိလာပြီးကျိန်စာတိုက်ခဲ့တယ် ကျိန်စာကတကယ်ပဲ မိစ္ဆာမျိုးကလုပ်တာလား?လူသားတွေရဲ့ လောဘ ဒေါသ မနာလိုမှုနဲ့ ကာမပျော်မွေ့မှုကြောင့်ဖြစ်လာတဲ့အမှုတွေက တကယ်ပဲကျိန်စာကြောင့်ဖြစ်လာတာလား?လူတွေရဲ့နဂိုစိတ်ရင်းကြောင့်ဖြစ်လာတာလား? စုန့်ခေတ်ရဲ့ အလောင်းစစ်ဆေးတဲ့သူ စုန့်ချီကဒီအမှုတွေနဲ့ နောက်ကွယ်ကကြိုးကိုင်သူကိုဘယ်လိုတွေးခေါ်မှုတွေအမျှော်အမြင်တွေနဲ့အမှုကိုဖြေရှင်းမလဲဆိုတာကို လှည့်ကွက်မျိုးစုံမထင်မှတ်ထားတဲ့ဇာတ်မြှုပ်ဇာတ်ကွက်တွေနဲ့ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုနိုင်မဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်
...

Kill Bill: Vol. 1 (2003) ⭐TMDB: 80% User Score 🎬 #Action #Crime #Thriller 🗓 2003 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kill Bill : Vol. 1 (2003) & Kill Bill : Vol. 2 (2004) IMDb Rating (8.2) / IMDb Rating (8.0) ဒီဖက်ခေတ်ရဲ့ လွှမ်းမိုးမှုအရှိဆုံးဒါရိုက်တာတွေထဲက တစ်ဦးဖြစ်ပြီး ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဂန္တဝင်ဒါရိုက်တာကြီး Quentin Tarantino ရဲ့  ၄ ကားမြောက်ရုပ်ရှင်ဖြစ်ပြီး Volume 1/2 အဖြစ် ၂ ပိုင်းခွဲ ထွက်ရှိခဲ့ပါတယ်။ ဇာတ်လမ်းကတော့…. အမေရိကန်နိုင်ငံ၊ တက္ကဆပ်ပြည်နယ် အယ်လ်ပါဆို မြို့ကလေးရဲ့ ဘုရားကျောင်းငယ်လေးတစ်ခုက လပ်ထပ်ပွဲတစ်ခုမှာ ကိုယ်ဝန်ဆောင် သတို့သမီးတစ်ယောက်အပါအဝင် လူကိုးဦး၊ (သတို့သမီး ဗိုက်ထဲကကလေးပါ ပါရင် ၁၀-ဦး)တို့ဟာ ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။ သူတို့ကို သတ်ခဲ့တဲ့သူတွေက “မရဏမြွေပွေး” လို့ခေါ်တဲ့ ကြေးစားလူသတ်သမားအဖွဲ့တစ်ခုကဖြစ်ပြီး သူတို့တစ်ကယ်သတ်ချင်ခဲ့တာကတော့ သူတို့ရဲ့ အဖွဲ့ဝင်ဟောင်းလည်းဖြစ်၊ အဖွဲ့ခေါင်းဆောင် ဘီလ် ရဲ့ ညာလက်ရုံး…ချစ်သူဟောင်းလည်းဖြစ်တဲ့ “သူတို့သမီး”(Uma Thurman) ကိုပဲ ဖြစ်ပါတယ်။ “သတို့သမီး”ဟာ ကံကောင်းထောက်မစွာ အသက်မသေပဲ ဒဏ်ရာအပြင်းအထန်နဲ့ “ကိုမာ”(မေ့မြော)ရပြီး ဆေးရုံမှာ ဆေးကုသမှုယူနေရင်း လေးနှစ်လောက်အကြာမှ ပြန်လည်နိုးထလာခဲ့ပါတယ်။ အဲဒီအခါမှာတော့ သတို့သမီးဟာ သူနဲ့သူ့ရဲ့မမွေးလိုက်ပဲ သေဆုံးခဲ့ရတဲ့ကလေးအတွက် သူ့ရဲ့ မိတ်ဆွေဟောင်းတွေနဲ့ ချစ်သူဟောင်းဖြစ်တဲ့ ဘီလ်တို့ကို လက်စားချေဖို့ ကြံစည်ပါတော့တယ်။ ဇာတ်လမ်အသွားကတော့ အင်မတန်ရိုးရှင်းပါတယ်။ စတင်ရိုက်ကူးစဉ်က တစ်ကားတည်းနဲ့အပြီး ထုတ်လုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ပြသချိန် ၄ နာရီကျော်ကြာမြင့်မှာဖြစ်တဲ့အတွက် Kill Bill Vol.1(2003) Vol.2 (20014) ဆိုပြီး နှစ်ပိုင်းခွဲပြီး ထုတ်လုပ်ပြသခဲ့ပါတယ်။ Kill Bill (2003) ဟာ ဒါပေမယ့် အမေရိကန်-ဂျပန် ဖက်စပ်ရှင်ရှင်ဖြစ်ပြီး Box Office မှာ ဒေါ်လာ သန်း ၁၈၀ လောက်အမြတ်အစွန်းရရှိခဲ့တဲ့၊ ငွေကြေးအရရော အနုပညာအရပါ အောင်မြင်ကျော်ကြားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ရိုးစင်းတဲ့ ဇာတ်လမ်းကျောရိုးပေါ်မှာ မှီတည်ပြီးရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားအောင်မြင်ခဲ့ရတာကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ညွန်းနဲ့ဒါရိုက်တာ ဖြစ်တဲ့ Quentin Tarantino ရဲ့ ဇာတ်လမ်းတင်ပြပုံ၊ ဒိုင်ယာလော့ခ် စတာတွေက အဓိကကျတယ်လို့ ပြောလို့ရပါတယ်။ နောက်တစ်ချက်က Uma Thurman ရဲ့ ဇာတ်ရုပ်ဖြစ်တဲ့ The Bride@Black Mamba@Beatrix Kiddo ပါ။ Kill Bill ရဲ့ Main Character ဖြစ်တဲ့ ဒီဇာတ်ကောင်ဟာ Empire Film Magazine က ရွေးချယ်ခဲ့တဲ့The 100 Greatest Movie Characters ထဲမှာ Harry Portter…Bane…Captain Kirk….Neo….Wolverine….Bilbo Baggins….V..တို့ရဲ့အထက်မှာ အဆင့် ၂၃ နေရာကို ရရှိခဲ့ပါတယ်။ အက်ရှင်ခပ်ကြမ်းကြမ်းတွေကို ကြိုက်ပါတယ်ဆိုတဲ့ ပရိသတ်တွေအတွက် စွဲလန်းသွားစေလောက်မယ့် ဇာတ်ဝင်ခန်းတွေအများအပြားပါဝင်ပြီး IMDb 8.2/10….RT 85%…Roger Ebert 4/4 စတဲ့ Rating မြင့် ဂန္ဓဝင်ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် CM ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ရပါတယ် ခင်ဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Kaung Thant Sin မှ တင်ဆက်ထားပါတယ်။)
...

Kill Bill: Vol. 2 (2004) ⭐TMDB: 79% User Score 🎬 #Action #Crime #Thriller 🗓 2004 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 17 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kill Bill : Vol. 1 (2003) & Kill Bill : Vol. 2 (2004) IMDb Rating (8.2) / IMDb Rating (8.0) ဒီဖက်ခေတ်ရဲ့ လွှမ်းမိုးမှုအရှိဆုံးဒါရိုက်တာတွေထဲက တစ်ဦးဖြစ်ပြီး ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဂန္တဝင်ဒါရိုက်တာကြီး Quentin Tarantino ရဲ့  ၄ ကားမြောက်ရုပ်ရှင်ဖြစ်ပြီး Volume 1/2 အဖြစ် ၂ ပိုင်းခွဲ ထွက်ရှိခဲ့ပါတယ်။ ဇာတ်လမ်းကတော့…. အမေရိကန်နိုင်ငံ၊ တက္ကဆပ်ပြည်နယ် အယ်လ်ပါဆို မြို့ကလေးရဲ့ ဘုရားကျောင်းငယ်လေးတစ်ခုက လပ်ထပ်ပွဲတစ်ခုမှာ ကိုယ်ဝန်ဆောင် သတို့သမီးတစ်ယောက်အပါအဝင် လူကိုးဦး၊ (သတို့သမီး ဗိုက်ထဲကကလေးပါ ပါရင် ၁၀-ဦး)တို့ဟာ ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။ သူတို့ကို သတ်ခဲ့တဲ့သူတွေက “မရဏမြွေပွေး” လို့ခေါ်တဲ့ ကြေးစားလူသတ်သမားအဖွဲ့တစ်ခုကဖြစ်ပြီး သူတို့တစ်ကယ်သတ်ချင်ခဲ့တာကတော့ သူတို့ရဲ့ အဖွဲ့ဝင်ဟောင်းလည်းဖြစ်၊ အဖွဲ့ခေါင်းဆောင် ဘီလ် ရဲ့ ညာလက်ရုံး…ချစ်သူဟောင်းလည်းဖြစ်တဲ့ “သူတို့သမီး”(Uma Thurman) ကိုပဲ ဖြစ်ပါတယ်။ “သတို့သမီး”ဟာ ကံကောင်းထောက်မစွာ အသက်မသေပဲ ဒဏ်ရာအပြင်းအထန်နဲ့ “ကိုမာ”(မေ့မြော)ရပြီး ဆေးရုံမှာ ဆေးကုသမှုယူနေရင်း လေးနှစ်လောက်အကြာမှ ပြန်လည်နိုးထလာခဲ့ပါတယ်။ အဲဒီအခါမှာတော့ သတို့သမီးဟာ သူနဲ့သူ့ရဲ့မမွေးလိုက်ပဲ သေဆုံးခဲ့ရတဲ့ကလေးအတွက် သူ့ရဲ့ မိတ်ဆွေဟောင်းတွေနဲ့ ချစ်သူဟောင်းဖြစ်တဲ့ ဘီလ်တို့ကို လက်စားချေဖို့ ကြံစည်ပါတော့တယ်။ ဇာတ်လမ်အသွားကတော့ အင်မတန်ရိုးရှင်းပါတယ်။ စတင်ရိုက်ကူးစဉ်က တစ်ကားတည်းနဲ့အပြီး ထုတ်လုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ပြသချိန် ၄ နာရီကျော်ကြာမြင့်မှာဖြစ်တဲ့အတွက် Kill Bill Vol.1(2003) Vol.2 (20014) ဆိုပြီး နှစ်ပိုင်းခွဲပြီး ထုတ်လုပ်ပြသခဲ့ပါတယ်။ Kill Bill (2003) ဟာ ဒါပေမယ့် အမေရိကန်-ဂျပန် ဖက်စပ်ရှင်ရှင်ဖြစ်ပြီး Box Office မှာ ဒေါ်လာ သန်း ၁၈၀ လောက်အမြတ်အစွန်းရရှိခဲ့တဲ့၊ ငွေကြေးအရရော အနုပညာအရပါ အောင်မြင်ကျော်ကြားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ရိုးစင်းတဲ့ ဇာတ်လမ်းကျောရိုးပေါ်မှာ မှီတည်ပြီးရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားအောင်မြင်ခဲ့ရတာကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ညွန်းနဲ့ဒါရိုက်တာ ဖြစ်တဲ့ Quentin Tarantino ရဲ့ ဇာတ်လမ်းတင်ပြပုံ၊ ဒိုင်ယာလော့ခ် စတာတွေက အဓိကကျတယ်လို့ ပြောလို့ရပါတယ်။ နောက်တစ်ချက်က Uma Thurman ရဲ့ ဇာတ်ရုပ်ဖြစ်တဲ့ The Bride@Black Mamba@Beatrix Kiddo ပါ။ Kill Bill ရဲ့ Main Character ဖြစ်တဲ့ ဒီဇာတ်ကောင်ဟာ Empire Film Magazine က ရွေးချယ်ခဲ့တဲ့The 100 Greatest Movie Characters ထဲမှာ Harry Portter…Bane…Captain Kirk….Neo….Wolverine….Bilbo Baggins….V..တို့ရဲ့အထက်မှာ အဆင့် ၂၃ နေရာကို ရရှိခဲ့ပါတယ်။ အက်ရှင်ခပ်ကြမ်းကြမ်းတွေကို ကြိုက်ပါတယ်ဆိုတဲ့ ပရိသတ်တွေအတွက် စွဲလန်းသွားစေလောက်မယ့် ဇာတ်ဝင်ခန်းတွေအများအပြားပါဝင်ပြီး IMDb 8.2/10….RT 85%…Roger Ebert 4/4 စတဲ့ Rating မြင့် ဂန္ဓဝင်ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် CM ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ရပါတယ် ခင်ဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Kaung Thant Sin မှ တင်ဆက်ထားပါတယ်။)
...

Jack the Giant Slayer (2013) ⭐IMDB: 6.3/10 (150 k Votes) 🎬 #Action #Adventure #Fantasy #Drama 🗓 2013 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica #UnitedKingdom ⏰ 1 နာရီ 55 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jack the Giant Slayer (2013) IMDb Rating (6.3) ပဲစေ့လေးကနေ ဧရာမနွယ်သစ်ပင်ကြီးပေါက်လာပြီး လူ့ဘီလူးတွေကမ္ဘာထိရောက်သွားတဲ့ ပုံပြင်လေးကို အားလုံးပဲသိကြမယ်ထင်ပါတယ်။ Warm Bodies ဇွန်ဘီးကားထဲက မင်းသား Nicholas Hoult ဦးဆောင်ပါဝင်ထားပြီး Xmen ရုပ်ရှင်တွေရဲ့ ဒါရိုက်တာ Bryan Singer ရိုက်ကူးထားတာမလို့ Fairy Tale ပုံပြင်ရုပ်ရှင်ဆိုပေမယ့် အက်ရှင်စွန့်စားခန်းတွေနဲ့ Animation တွေနဲ့မိုက်ပါတယ်။ လူ့ဘီလူးကြီးတွေနဲ့ချတဲ့အခန်းတွေ ပဲစေ့လေးကနေ အပင်ကြီးပေါက်လာပြီး စွန့်စားခန်းဖွင့်တာတွေ အကုန်လုံးရင်သပ်ရှုမောစရာကောင်းပါတယ်။ ဇာတ်လမ်းလေးကလဲ ပုံပြင်လေးလိုဆိုတော့ Fantasy ဆန်ဆန်လေး လှပပါတယ်။
...

Oru Kattil Oru Muri (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Comedy #Drama #Romance #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 1 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Oru Kattil Oru Muri (2025) အခန်းလေးတစ်ခုက ခုတင်လေးရဲ့ ဒဏ္ဍာရီ “ပုန်းချင်တဲ့နေရာမှာသာပုန်း ငါတို့က မင်းကိုလိုက်ရှာပြီး အမှုန့်ကြိတ်မှာ” ရွတ်မန်ဂါဒန် ဆိုတဲ့တက္ကစီဒရိုင်ဘာ‌လေးဟာ သူ့ကိုဒီလို အသေရရ အရှင်ရရလိုက်ဖမ်းနေတဲ့ လူတစ်စုဆီက ထွက်ပြေးနေရပါတယ်။ သူက သူတို့တစ်ဆယ့်တစ်‌ယောက်ရဲ့ပိုက်ဆံနဲ့ကုမ္ပဏီထောင်ပြီး ထွက်ပြေးနေလို့ပါတဲ့။တစ်နေ့ကျ သူလည်း ကြံရာမရတာနဲ့ ကားနဲ့တိုက်ပြီး ထွက်ပြေးလာခဲ့ပါတယ်။တစ်ဖက်မှာတော့ တိုက်ခန်းပိုင်ရှင်အစ်မကြီးက သူ့ခုတင်လေးပျက်လို့ပြင်ဆရာဆီသွားပြင်နေတာပါ။ သူ့ခုတင်ကို သူ့ကလေးလေးလို အထိမခံဖြစ်နေလို့ လက်သမားဆရာခမျာလည်းအကြံအိုက်နေရတဲ့အပြင် အိမ်ကိုပြန်သယ်လာတော့လည်းပစ္စည်းသယ်ပေးရတဲ့သူတွေကို ဖြည်ဖြည်းသယ်ဖို့ပဲအော်နေလေရဲ့။ သူ့မှာ စကားပြောဖော်ဆိုလို့ သူ့တိုက်ခန်းတစ်ခန်းကိုငှားနေတဲ့ မတ်ဒူမီယာဆိုတဲ့အသက်နှစ်ဆယ်ဝန်းကျင်အရွယ် ကောင်မလေးပဲရှိတာပါ။မတ်ဒူမီယာကလည်း နှစ်ဆယ်ကျော်အရွယ်လေးတွေရဲ့ ထုံးစံအတိုင်းမိဘနဲ့ဆက်ဆံရေးမပြေလည်လို့ ထွက်ပြေးလာပြီးဆောက်လုပ်ရေးကုမ္ပဏီမှာ အလုပ်‌ရှာနေသူတစ်ဦးပါ။ ပိုင်ရှင်အစ်မကြီးက သူ့ခုတင်ကိုအထိမခံဖြစ်နေပေမဲ့သူကိုယ်တိုင်ကျ မသုံးဘဲ သူ့ကိုပေးသုံးရတဲ့အကြောင်းရင်းကိုမတ်ဒူမီယာကမေးတော့ အစ်မကြီးက သူ့ယောက်ျားနဲ့သူအတူသုံးခဲ့တဲ့ခုတင်လေးမို့ကလေးလေးလို သူအရမ်းတန်ဖိုးထားရပေမဲ့ သူတစ်‌ယောက်တည်းတော့ဒီခုတင်မှာ အိပ်မပျော်ပါဘူးတဲ့။ ဒီလိုနဲ့ အမျိုးသမီးနှစ်ယောက်ဟာ ကိုယ့်ဘဝဇာတ်ကြောင်းကိုယ်ရင်ဖွင့်ရင်း ခင်မင်ရင်းနှီးလာပါတော့တယ်။အဲဒီအချိန်မှာ ရွတ်မန်ဂါဒန်က ပြေးရင်းလွှားရင်းသူတို့တိုက်ခန်းကို ရောက်ရှိလာပြီး ငှားရမ်းနေထိုင်‌ဖို့ဖြစ်လာပါတော့တယ်။ မနက်တစ်နေကုန်အလုပ်သွားပြီး ညမှတိုက်ခန်းပြန်လာတဲ့ မတ်ဒူမီယာ၊တစ်ညလုံးအလုပ်လုပ်ရပြီး မနက်မှတိုက်ခန်းပြန်ရောက်တဲ့ ရွတ်မန်ဂါဒန်၊တိုက်ခန်းပိုင်ရှင်အစ်မကြီး၊ သူတို့သုံးယောက် ဘယ်လိုဆက်စပ် သိကျွမ်းလာကြမလဲ၊သူတို့ရဲ့ ထုတ်မပြောတဲ့ခံစားချက်တွေ၊ ဖုံးကွယ်ထားတဲ့အမှန်တရားတွေနဲ့လက်ရှိအခြေအနေကိုဖြစ်လာစေတဲ့ သူတို့ရဲ့အတိတ်တွေကိုသိရဖို့ရာ ရုပ်ရှင်မှာအဖြေထုတ်ရမှာမို့ ခံစားကြည့်ရှုကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။
...

Noah's Ark (2024) ⭐IMDB: 4.3/10 (596 Votes) 🎬 #Adventure #Animation #Comedy #Family #Musical #Music #Fantasy 🗓 2024 🎞 movie 🌎 #Brazil #India #UnitedStates ⏰ 1 နာရီ 33 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Noah’s Ark (2024) ဘိုင်ဘယ်စာအုပ်ထဲက နိုးအာ့ ပုံပြင်ကို စိတ်ခံစားမှုတွေနဲ့ ပြန်လည်ဖန်တီးပြုထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ရုပ်ရှင်မှာ နိုးအာ့က ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မျိုးစိတ်တွေကို မုန်တိုင်းကြီးမှ ကာကွယ်ဖို့ လုပ်ဆောင်တဲ့ ကမ္ဘာအကြီးဆုံး အုတ်မြစ်တစ်ခုဖြစ်လာမယ့်ပုံစံကို ဖော်ပြထားသည်။ ရုပ်ရှင် အနုပညာအပိုင်းကတော့ ထူးထူးခြားခြားဖြစ်ပြီး တိရစ္ဆာန်တွေကို ပြတဲ့ အခန်းတွေမှာတော့မိုက်တယ်။ ရုပ်ရှင်က ယုံကြည်မှု၊ အသက်ရှင်ခြင်းနှင့် လူ့သဘာဝတွေ သေချာစဉ်းစားသင့်တဲ့အကြောင်းအရာတွေကို ရှင်းပြထားတာပါ။ ရုပ်ရှင်က အနုပညာနှင့် ယုံကြည်မှုဆက်စပ်တဲ့ အရာတွေကို အဓိက ထင်ဟပ်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။)
...

Good Bad Things (2024) ⭐IMDB: 5.8/10 (164 Votes) 🎬 #Comedy #Drama #Romance 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အချစ်ဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့လူသားတိုင်းနဲ့ထိုက်တန်ပါတယ်။ Gender မရွေး လူမျိုးမရွေး ဘာသာမရွေး ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ မသန်စွမ်းသည်ဖြစ်စေ လူသားအားလုံးရရှိနိုင်တဲ့ ရရှိသင့်တဲ့အရာတစ်ခုကိုပြောပါဆိုရင်တော့ အချစ်ပဲဖြစ်ပါတယ်။အချစ်နဲ့ပတ်သတ်လာရင် မျက်ကန်းတောတိုး သလိုဖြစ်တတ်တဲ့လူတွေရှိသလို တစ်ဖက်သတ်တစ်ယူသန်ကြတဲ့ လူတွေလည်း အမျိုးမျိုးအဖုံဖုံရှိကြပါတယ်။ တစ်ခုမှတ်ထားရမှာကတော့ လူသားတိုင်းက အမှားနဲ့မကင်းသလို အချစ်နဲ့ပတ်သတ်လာရင်လည်း မပြည့်စုံကြတဲ့အတွက် ဆိုးကောင်းတဲ့ အရာလေးတွေလည်းရှိတာကိုလက်ခံနိုင်ရမှာပဲဖြစ်ပါတယ်။ အဲ့ဒါကိုလှလှပပပုံဖော်ဖန်တီးထားတဲ့ Good Bad Things ဆိုတဲ့ IMDb Rating 5.8 ရရှိထားတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ကတော့အပြင်လောကမှာရော ဇာတ်ကားထဲမှာပါ ဒန်နီဆိုတဲ့ဇာတ်ကောင်ဖြစ်ပြီး သူကတော့ မွေးရာပါ မသန်မစွမ်းဖြစ်နေသူတစ်ဦးဖြစ်ပါတယ်။ဒါပေမယ့်သူ့မှာ သူ့ကိုအရမ်း ချစ်တဲ့အဖေနဲ့ အချိန်ပြည့်ဘေးနားမှာစောင့်ရှောက်ပေးနေတဲ့သူငယ်ချင်း ရှိနေတဲ့အတွက် သူ့ဘ၀လေးကတော့သာယာစိုပြည်နေခဲ့ပါတယ်။ ဒါပေမယ့်လူသားတစ်ယောက်ဖြစ်တဲ့နည်းတူ အချစ်ဆိုတဲ့အရာကလည်း မရှိမဖြစ်လိုအပ်တဲ့အတွက် သူ့အလုပ်နဲ့သက်ဆိုင်တဲ့ ရူဘီဆိုတဲ့ Tinder လို ချိန်းတွေ့ App တစ်ခုကိုသုံးမိရင်းနဲ့မှ ကောင်မလေးတစ်ယောက်နဲ့ဇာတ်လမ်း စခဲ့ပြီး တစ်သက်လုံးအချစ်စစ်ကိုမခံစားခဲ့ဖူးတဲ့သူ့အတွက် အချစ်ဆိုတဲ့ အရာက လှပလွန်းတယ်ဆိုတာကို ဖော်ကျူးရိုက်ကူးထားတဲ့ ဒရာမာ ဇာတ်လမ်းကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။
...

Balibo (2009) ⭐TMDB: 66% User Score 🎬 #Biography #Drama #History #Mystery #Thriller 🗓 2009 🎞 movie 🌎 #Australia #Timor-Leste ⏰ 1 နာရီ 51 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ 2009 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Political Thriller အမျိုးအစား ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်ပါတယ်။ IMDb rating 7 ထိရရှိထားသလို ဆုတွေလည်း များစွာရရှိထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ မင်းသား Anthony LaPaglia နဲ့ Oscar Isaac တို့အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာကတော့ Robert Connelly ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း….. အရှေ့တီမော ကို အင်ဒိုနီးရှားတို့ ကျုးကျော်တဲ့ ကျူးကျော်စစ်ပွဲအတွင်းမှာ အော်စတြေးလျ သတင်းထောက် ငါးယောက်ဟာ ပျောက်ဆုံးသွားခဲ့ပါတယ်။ လေးပတ်အကြာမှာတော့ နိုင်ငံခြားဝါရင့်သတင်းထောက် Roger East ဟာ တီမောနိုင်ငံသား José Ramos-Horta ကြောင့် ပျောက်နေတဲ့ သူတွေကို ရှာဖို့ဖြစ်လာပါတော့တယ်။ သူတို့နှစ်ယောက် ဒီကျူးကျော်စစ်အတွင်းမှာ ဘယ်လိုပြသနာတွေကျော်ဖြတ်ရမလဲ နောက်ဆုံးမှာရော ပျောက်နေတဲ့ သတင်းထောက်တွေကို ပြန်တွေ့သွားမလားဆိုတာကို စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဒီဇာတ်ကားလေးဟာ နှစ်ပေါင်း ၃၀ လောက်ဖုံးကွယ်ခံထားရတဲ့ ပြစ်မှူတွေရဲ့ ဖြစ်ရပ်မှန်တွေကို ရိုက်ပြထားတဲ့ ဇာတ်လမ်းလေးဖြစ်တာကြောင့် လုံးဝကို ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးဆိုလည်းမမှားပါဘူး။
...

Het Boek van Alle Dingen (2024) ⭐IMDB: 6.7/10 (124 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #Netherlands #Latvia ⏰ 1 နာရီ 26 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Book of Everything (2024) IMDb Rating (6.7) ကိုးနှစ်အရွယ် ကလေးငယ်လေး Thomas ရဲ့ အမြင်ကနေ ကမ္ဘာကြီးကို ကြည့်ရမှာပါ။ Thomas မှာ ဘာသာရေး အရမ်းကိုင်းရှိုင်းတဲ့ ဖခင် ရှိတယ်။ သူ့ဖခင်ဟာ ဘာသာရေး အကြောင်းပြပြီး သူ့အမေကို နှိမ်တယ်၊ ရိုက်တယ်၊ သူတို့ မောင်နှမ နှစ်ယောက်ပေါ်မှာလည်း ကြမ်းတမ်းစွာ ဆက်ဆံလေ့ရှိတယ်။ သူ့မိခင်ကတော့ Thomas ကို အရမ်းချစ်ပြီး ယောကျ်ားရဲ့ ဒဏ်ကိုလည်း သည်းခံလေ့ ရှိတယ်။ ဒီလိုနဲ့ Thomas လေးဟာ သူ့အဖေကို မုန်းလွန်းလို့ ဘုရားမှာ ဆုပန်ပါတယ်။ ဘုရားသာ တကယ်ရှိရင် အဖေ့ကို ပြစ်ဒဏ်ပေး ပေးပါတဲ့။ သူ ဆုတောင်းနေတုန်း သူ့ နောက်ဖက်က ပန်းချီကားထဲက Jesus က ထွက်လာပြီး သူ့ကို ကောင်းကင်ဘုံပေါ် အလည်ခေါ်သွားခဲ့ပါတယ်။ Jesus က သူ့သူငယ်ချင်း မိတ်ဆွေ ဖြစ်ပြီး သူ အလိုရှိတိုင်း ပေါ်လာပေးပါတယ်။ဒါက ကိုးနှစ်သားလေးတစ်ယောက်ရဲ့ စိတ်ထဲက စိတ်ကူးယဥ် မိတ်ဆွေ တစ်ယောက် ပုံဖော်ထားတာ ဖြစ်ပါတယ်။ မိသားစုအပေါ် အရမ်းတင်းကြပ်ပြီး လက်ပါတတ်တဲ့ ဖခင်ကို Thomas လေး ရင်ဆိုင်ပြီး အမေနဲ့အစ်မကို အဖေ့ဆီက ဘယ်လိုကာကွယ်ပေးလဲဆိုတာကို ကြည့်ရမှာ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leonie ဖြစ်ပါတယ်။)
...

Grand Tour (2024) ⭐IMDB: 6.5/10 (1 k Votes) 🎬 #Adventure #Drama #History #Romance 🗓 2024 🎞 movie 🌎 #Portugal #Italy #France #Germany #Japan #China ⏰ 2 နာရီ 4 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Grand Tour (2024) IMDb Rating (6.5) / Rotten Tomatoes (90%) ဗြိတိန်သံတမန်တစ်ဦးဖြစ်တဲ့ Edward Abbot က 1918 မှာ သူနဲ့စေ့စပ်ထားတဲ့ချစ်သူ Molly Singleton က မင်္ဂလာဆောင်ဖိုအတွက် သူ အလုပ်လုပ်တဲ့မန္တလေးမြို့ကိုရောက်လာလို့ အိမ်ထောင်ပြုရမှာကြောက်ပြီး ထွက်ပြေးသွားခဲ့တယ်။ Edward တစ်ယောက် အရှေ့တောင်အာရှနိုင်ငံတွေအကုန်လုံးက မြို့တစ်မြို့ချင်းစီကိုခရီးသွားပြီး လွတ်အောင်ပြေးနေချိန် Molly ကလည်း Edward နောက် တစ်နိုင်ငံပြီးတစ်နိုင်ငံ ဆက်တိုက်လိုက်ရှာခဲ့တယ်။ ဒီ film က သူတိုနှစ်ယောက်ရဲ့ မတူညီတဲ့ခရီးလမ်းအတွေ့အကြုံတွေကို ဇာတ်ကြောင်းပြန်တာနဲ့ documentary ဆန်ဆန် ရောစပ်ရိုက်ကူးထားပြီး ကိုလိုနီခေတ်ကသမိုင်းကြောင်းတွေ၊ အချိန်ရွေ့လျားမှုနဲ့ ကိုယ့်ကိုယ်ကိုယ်ရှာဖွေတွေ့ရှိမှုတွေကို ပေါ်လွင်အောင်ရိုက်ကူးထားတဲ့ အဖြူအမည်း ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)
...

The Magic Penguin (2024) ⭐IMDB: 2.8/10 (16 Votes) 🎬 #Family 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 28 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဗယ်လင်တိုင်းဒေးနေ့မှာ စော်မရှိ ဘဲမရှိ FA တွေအတွက် မိသားစုနဲ့အတူ အချိန်ကုန်ဆုံးဖို ဇာတ်ကားကောင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ ခင်ဗျာ။ ဟုတ်ကဲ့ ဇာတ်ကားနံမည်ကတော့ မှော်ပင်ဂွင်းတဲ့ ခင်ဗျ။ ဗရိုးဗီးရား နိုင်ငံက လူစကားပြောတတ်တဲ့ မှော်ဝင်ပင်ဂွင်းလေးဟာ သူခိုးနှစ်ယောက်က ပြန်ပေးဆွဲသွားတာကို ခံရတာကြောင့် ပင်ဂွင်း သူရဲကောင်းနဲ့ သူ့ရဲ့သား နှစ်ယောက်သား ပင်ဂွင်းလေးကို လိုက်ကယ်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ အဲ့ဒီမှော်ပင်ဂွင်းဟာလည်း နယ်နယ်ရရတော့ မဟုတ်ပေဘူး။ ဗရိုးဗီးရား နိုင်ငံဖြစ်လာမယ့် မှော်ပင်ဂွင်းရဲ့ မျိုးဆက် ဖြစ်ပြီး ဗရိုးဗီးရား ထီးနန်းရဲ့ အမှတ်သရုပ်ဖြစ်ပါတယ်။ ပင်ဂွင်းကို ပြန်ပေးဆွဲသွားတဲ့ သူခိုးတွေ လက်ထဲကနေ ပင်ဂွင်းကို ပြန်ကယ်နိုင်မှာလား။ သူတို နောက်ကွယ်မှာ ဘယ်သူတွေ ရှိနေသလဲ။ အမေဆုံးပြီးကတည်း ဆက်ဆံရေး ကြဲနေတဲ့ ဖတဆိုး ပင်ဂွင်း သူရဲကောင်း သားအဖ နှစ်ယောက်ရဲ့ ဆက်ဆံရေးတွေကိုလည်း ပြန်လည်တည်ဆောက်နိုင်မှာလား။ ဒီကားလေးဟာ မိသားစုဝင်တွေ အတူတူကြည့်သင့်တဲ့ ရင်ကို နွေးထွေးစေတဲ့ ဇာတ်ကားမျိုး ဖြစ်ပါတယ်။ ပြီးတော့ မင်းသမီးကလည်း ချစ်စရာလေးပါ …… ( ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ကတော့ Lazum David ဖြစ်ပါတယ် ခင်ဗျာ)
...