ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Sisters (2015) ⭐IMDB: 6.0/10 (68 k Votes) 🎬 #Comedy 🗓 2015 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 3 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDB 6/10 Rotten tomatoes 60% Mean Girls, Baby Mama တို့လိုဇာတ်ကားကြီးတွေတင်မကပဲ Oscars, Emmys, Golden Globesတို့လို ဆုပေးပွဲကြီးတွေမှာပါ စင်ပေါ်တက်‌ပြောင် Hostလုပ်နေကြ Hollywood ရဲ့ အတွဲအညီဆုံး ဟာသမင်းသမီးနှစ်‌ယောက်ဖြစ်တဲ့Tina Fey နဲ့ Amy Poehler တို့ရဲ့ နောက်ထပ်ဟာသဇာတ်ကားကောင်းလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Tina တဖြစ်လဲ ကိတ်ကတော့ အဲလစ်စ်ညီအစ်မမှာ အမဖြစ်တဲ့သူပေါ့။ သမီးတယောက်ရှိနေတာတောင်မှ ဘာအသိတရားမှမ၀င် အလုပ်ကလည်းမမြဲ ဘ၀ကိုခပ်ပေါ့ပေါ့ပဲဖြတ်သန်းနေတဲ့သူ။ Amyတဖြစ်လဲ ‌မော်ရာကကြတော့ ညီမဖြစ်တဲ့သူကိုမှ အရမ်းစိုးရိမ်တတ် သူတပါးအလိုကိုပဲလိုက်တတ်တဲ့သူ။ အမဖြစ်သူ ကိတ်ရဲ့ ပြဿနာပေါင်းစုံကို နောက်ကလိုက်ရှင်းပေးရတာလည်းသူပါပဲ။ ဒီလိုနဲ့ပဲ တနေ့မှာ ကလေးဘ၀တုံးကအိမ်ကြီးကို မိဘတွေကမရောင်းခင် နောက်ဆုံးနှုတ်ဆက်တဲ့ပါတီတခုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတဲ့အချိန် ညီအစ်မနှစ်ယောက် ဘယ်လိုမျိုး တလွဲတွေဖြစ်ကြဦးမှာလဲ။ ဘယ်လိုပြဿနာတွေဖြစ်ကြဦးမှာလဲ။အဆုံးမှာ ညီအစ်မနှစ်ယောက်အတွက်မေ့‌မရတဲ့ ပါတီတခုဖြစ်ခဲ့မလားဆိုတာကို ရယ်မောခံစားရင်း ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ Maya Rudolph လိုမျိုးမင်းသမီးကြီးကလည်း ဒီဇာတ်ကားမှာ ၀င်ရောက်အားဖြည့်ပေးထားပြီးတော့ Tina နဲ့Amyတို့ရဲ့နောက်ထပ် တွဲချက်ညီညီ ပြက်လုံးတွေ သရုပ်ဆောင်မှုတွေကို CMပရိတ်သတ်ကြီးကလည်း ကြည့်ရှုခံစားပေးကြပါဦးခင်ဗျ...

The Revenant (2009) ⭐IMDB: 6.3/10 (11 k Votes) 🎬 #Comedy #Horror #Fantasy 🗓 2009 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 58 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 နယ်စပ်တစ်ခုမှာတာဝန်ထမ်းဆောင်ရင်း တိုက်ပွဲကျသွားတဲ့ တပ်သားဘတ်ဂရေဂိုရီဟာ သေဆုံးပြီး၁လကျော်အကြာမှ သူ့အလောင်းကသူရဲ့မိသားစုတွေဆီကိုပြန်ရောက်လာပါတယ် သူ့ရဲ့မိသားစုတွေနဲ့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်က သူ့ရဲ့သေဆုံးမှုအတွက်ယူကြုံးမရဖြစ်ကြရပြီး သူ့ရဲ့ချစ်သူကောင်မလေးကလဲ သူ့ကိုအရမ်းချစ်ပြီးလက်ထပ်ဖို့အထိရည်ရွယ်ထားတာမလို့ဖြေမဆည်နိုင်လောက်အောင်ကိုဝမ်းနည်းနေရပါတယ် ဒါပေမယ့် အလောင်းကိုမြေချပြီးနောက်ရက်မှာပဲ ဘတ်ဂရေဂိုရီကအခေါင်းထဲက ပြန်နိုးလာပြီး သူ့ကိုယ်တိုင်အရှင်လတ်လတ်မြေမြုပ်ခံထားရတယ်အထင်နဲ့ သူ့သူငယ်ချင်းဂျိုဝီကိုအပြေးသွားရှာပါတယ် ဒါပေမယ့်ဂျိုဝီမြင်လိုက်ရတဲ့ မြင်ကွင်းကတော့ ဘတ်ဂရေဂိုရီကပုပ်သိုးပြီးအနံ့တောင်ထွက်နေပါပြီ ဒါပေမယ့်လည်းသစ္စာရှိလွန်းတဲ့သူငယ်ချင်းက သူ့ဘော်ဒါမိုက်ရူးရဲဆန်စွာ ဖွက်ထားပြီး လိုအပ်တာအကုန်လုံးကို ဥပဒေနဲ့ညီတာမညီတာမတွေးတော့ဘဲ အကုန်လိုက်လုပ်ပေးရာကစလို့ကြောက်မက်ဖွယ် ဗရမ်းဗတာကိစ္စတွေဖြစ်လာရပါတော့တယ်...

The Switch (2010) ⭐TMDB: 62.0% User Score 🎬 #Comedy #Drama #Romance 🗓 2010 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက ၂၀၁၀ က​ ထွက်ရှိ​ခဲ့တဲ့​ အမေရိကန်​ Romance​/Comedy အချစ်​ဟာသ​ရုပ်ရှင်​ဖြစ်ပါတယ်။ Jennifer Aniston နဲ့​ Jason Bateman တို့က​သရုပ်ဆောင်​ထားပါတယ်။ ဇာတ်လမ်း​ကတော့​ ကက်ဆီ​ (ဂျနီဖာအနစ္စတန်)​နဲ့​ ဝေါ်လီ​ (ဂျေဆင်ဘိတ်မန်း)​ တို့က​ သူငယ်ချင်း​တွေဖြစ်ပြီး အရွယ်​ဟိုင်း​နေပေမဲ့​ အိမ်​ထောင်​မကျသေးသူတွေလည်းဖြစ်ပါတယ်။ တစ်နေ့​မှာ​ ကက်ဆီက​ ကလေးလိုချင်ပေမဲ့​ ခင်ပွန်း​မရှာချင်တော့တဲ့အတွက် အမျိုးသား​တစ်ဦး​ဆီက​ သုက်​ပိုး​အလှူ​ခံပြီး​ ဖန်ပြွန်သန္ဓေနည်းနဲ့ ကိုယ်ဝန်ယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ကက်ဆီရဲ့ပါတီမှာ​ အရက်မူးနေတဲ့ဝေါ်လီက ကက်​ဆီအလှူခံထားတဲ့သုက်ပိုးခွက်ကို မှောက်ပစ်ခဲ့တာကြောင့် သူ့သုက်ရည်နဲ့အစားထိုးထားခဲ့ပါတယ်။ ၇နှစ်အကြာမှာ ကက်ဆီမွေးထားတဲ့ကလေး​က​ သူနဲ့ရုပ်ရည်ချင်း အကျင့်စရိုက်ချင်းတူနေတာကိုတွေ့ပြီးတဲ့နောက်မှာ​ ဝေါ်လီ​တစ်ယောက်​ သူ​ရှုပ်ထားတဲ့ဇာတ်လမ်းကိုဘယ်လိုပြန်ရှင်းမလဲဆိုတာကို​ ဟာသနဲ့ Drama​ စွက်ပြီးတင်ဆက်ထားတာဖြစ်ပါတယ်။ Rom/com​ တွေမှာ​ ပါဝင်နေကျ ဂျနီဖာအနနစ္စတန်နဲ့ ဂျေဆင်ဘိတ်မန်း​တို့ရဲ့​ အတွဲညီညီသရုပ်ဆောင်မှုကြောင့် ကြည့်လို့ပျော်တဲ့ ပေါ့ပေါ့ပါးပါးဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။...

Ben & Lacy (2023) ⭐IMDB: 5.1/10 (28 Votes) 🎬 #Comedy #Romance #Drama 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 54 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ben & Lacy (2023)============== ရိုးရှင်းလှပတဲ့ လူငယ်‌တွေရဲ့အချစ်နဲ့ဘ၀အကြောင်းကို ရိုးရိုးလေးနဲ့‌ဆန်းအောင် ရိုက်ကူးထားတဲ့ Rom-com ဇာတ်လမ်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းဇာတ်ကွက် မထူးခြားပေမဲ့တင်ဆက်သွားပုံလေးက ဆန်းနေတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ –ဘန်ဆို‌တဲ့ ကောင်လေးဟာ အထက်တန်းအောင်ထားပြီး ကော်ဖီဆိုင်မှာ အလုပ်၀င်လုပ်ရင်း ဘ၀ကိုကြောင်းနေသူပေါ့။ အပေါင်းအသင်းမရှိတဲ့ သူ့အတွက် လက်ဆောင်ရတဲ့ကင်မရာတစ်လုံးက အဖော်ပါပဲ။သူလုပ်သမျှကို အကြောင်းရင်းမရှိဘဲ ဗီဒီယိုတွေ ရိုက်ကူးရတာ စွဲလမ်းနေသူပါ။ တစ်နေ့တော့ အထက်တန်းမှာကျောင်းနေဖက် ဖြစ်ခဲ့တဲ့ လေစီဆိုတဲ့မိန်းမချောလေးနဲ့ ပြန်‌ဆုံပါတယ်။ လေစီကတော့ ပိုက်‌ဆံချမ်းသာတဲ့အဖေရှိပြီး တက္ကသိုလ်တက်နိုင်ပေမဲ့ ကိုယ့်ရည်ရွယ်ချက်ကို ရှာဖွေနေသူပါ။ အဲဒီလိုနဲ့ ဘန်နဲ့လေစီဟာ လူငယ်တို့သဘာ၀အတိုင်း ရင်းနှီးရာကရည်းစားတွေဖြစ်သွားကြလေသတည်းပေါ့။ အခြေခံမတူတဲ့ သူတို့နှစ်ဦးရဲ့သမီးရည်းစားအရေးဟာ ဘယ်လိုဖြစ်လာမလဲ၊ ကိုယ်စီရည်မှန်းချက်တွေကို ဘယ်လိုရှာကြမလဲဆိုတာကို သူတို့ရဲ့ ကင်မရာရိုက်ကွက်တွေကနေတဆင့် တွေ့မြင်ကြရမှာပါ။ ရှေ့မှာပြောခဲ့တဲ့အတိုင်းပါပဲ… ဇာတ်လမ်းကရိုးရှင်းပေမဲ့ ကင်မရာရိုက်ကွက်တွေကတဆင့် သူတို့ရဲ့ချစ်ခြင်း၊ လူငယ်တို့ရဲ့ဘ၀တွေကို ဖြည်းဖြည်းချင်း နစ်၀င်စီးမျောရင်း ကြည့်ရမှာမျိုးဖြစ်ပါတယ်။ လူငယ်တွေရဲ့စကားပြောဟန်အတိုင်း ခပ်သောသောခပ်မြူးမြူး အရွှန်းဖောက်တာတွေလည်းပါတာမို့ ပိုကြည့်ကောင်းပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့C’mon ဖြစ်ပါတယ်)...

Once Upon a Star (2023) ⭐IMDB: 7.0/10 (279 Votes) 🎬 #Biography #Drama #History 🗓 2023 🎞 movie 🌎 #Thailand ⏰ 2 နာရီ 18 မိနစ် 33 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Once Upon A Star (2023) ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ထိုင်းကားလေးကတော့ ၁၉၇၀ မှာ အခြေတည်ထားပြီးအရင်တုန်းကဆို ရုံတင်ကားတွေကို တောရွာကမကြည့်နိုင်သူတွေအတွက် လိုက်လံပြသပေးတဲ့ ခရီးသွားရုပ်ရှင်အဖွဲ့တွေရှ်ိပါတယ်။အသံစနစ်မကောင်းမွန်တာကြောင့် ခရီးသွားရုပ်ရှင်အဖွဲ့က ကိုယ်တိုင်နောက်ခံစကားပြောတွေနဲ့ ပြောရပါတယ်။မန်နစ်ဦးဆောင်တဲ့ အဖွဲ့လေးကတော့ ထိုအဖွဲ့တွေထဲကတစ်ဖွဲ့ပါ။သူတို့အဖွဲ့မှာတော့ နောက်ခံစကားပြောဆိုလို့သူတစ်ယောက်ထဲရှ်ိပြီး ယောက်ျား မိန်းမအသံအကုန်သူချည်းပဲ ပြောရပါတယ်။ဒီလိုနဲ့အဆင်မပြေဖြစ်လာတဲ့အချိန်မှာ မိန်းမနောက်ခံစကားပြောလိုအပ်လာပါတော့တယ်။အဲလိုနဲ့ ရောက်လာတဲ့ နောက်ခံစကားပြောကောင်မလေးကရော ဘယ်သူဖြစ်မလဲသူတို့အိမ်မက်တွေ ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာကြည့်ရှုလိုက်ရအောင်။ (ယခုရုပ်ရှင်ထဲမှာ တစ်ကယ့်ဖြစ်ရပ်မှန်အနေနဲ့ ၁၉၇၀ က စတန့်ရုပ်ရှင်ရိုက်ကူးရင်း ဆုံးပါးသွားတဲ့Mitr Chaibancha လို့ခေါ်တဲ့ ထိုင်းနာမည်ကြီးမင်းသားရဲ့ အဖြစ်ကိုပါ ထည့်ရိုက်ပေးထားပါတယ်။) အညွှန်း နဲ့ ဘာသာပြန်ကတော့Mr.Kaungပဲ ဖြစ်ပါတယ်။...

Cast Away (2000) ⭐TMDB: 77.0% User Score 🎬 #Adventure #Drama #Romance 🗓 2000 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica #UnitedStatesofAmerica ⏰ 2 နာရီ 25 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 2000 ခုနှစ်က ထွက်ရှိခဲ့တဲ့ Cast Away ဇာတ်ကားမှာဆိုရင် မင်းသားကြီး Tom Hank ပါဝင်သရုပ်ဆောင်ထားခဲ့ပြီး ဒီဇာတ်ကားဟာ. အောင်မြင်မှုတွေများစွာရရှိခဲ့ပါတယ် ပါဝင်ရိုက်ကူးသမျှ ဇာတ်ကားတိုင်းကို အောင်မြင်စေသည့် မင်းသားတစ်လက်ဟုပင် တွမ်ဟန့်ခ်စ်ကို ညွှန်းဆိုရမှာဖြစ်ပါတယ်… Forrest Gum၊ Big၊ Sleepless in Seattle၊ Apollo 13၊ Saving Private Ryan၊ Catch Me If You Can၊ The Green Mile၊ Cast Away၊ Toy Story အစရှိသည့် ဇာတ်ကားများတွင် ဟန့်ခ်စ်ပါဝင်ခဲ့ပြီး ယင်းရုပ်ရှင်များ ရုံတင်ရာမှ ရရှိသည့် ရုံဝင်ကြေးသည် အမေရိကန် တစ်နိုင်ငံတည်းတွင်ပင် ဒေါ်လာ ၄.၂ ဘီလီယံမျှ ရှိခဲ့ပါတယ်.. တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် ဆိုလျှင်မူ အဆိုပါ ငွေပမာဏ၏ နှစ်ဆအထိ တိုးသွားမည်ဖြစ်ပါတယ်… အော်စကာနှစ်ဆုရှင် ဟန့်ခ်စ်ကို ဟောလိဝုဒ် သမိုင်းတွင် အကျိုးအမြတ် အဖြစ်ထွန်းဆုံး စာရင်းဝင် မင်းသားတစ်လက်အဖြစ် သတ်မှတ်ခံထားရပြီး သူ့ရဲ့ ပုဂ္ဂလိက ပိုင်ဆိုင်ကြွယ်ဝမှုမှာမူ ဒေါ်လာသန်းပေါင်း ၃၅၀ ကျော်မျှ ရှိပါတယ်… Cast Away ကြည့်ခဲ့သမျှတွေထဲက စိတ်ထဲ စွဲနေအောင်ကျန်ရစ်ခဲ့တဲ့ကားတွေကို ပြောရမယ်ဆိုရင် Tom Hanks သရုပ်ဆောင်ထားတဲ့ Cast Away ကို ပထမဆုံး ပြောချင်ပါတယ်။ တစ်ကားလုံးမှာ ကျွန်းတစ်ကျွန်းပေါ်က ဇာတ်ကောင်တစ်ယောက်တည်း သရုပ်ဆောင်သွားတယ်။ တစ်ယောက်တည်း သရုပ်ဆောင်သွားတယ်ဆိုပေမဲ့ လုံးဝရိုးအီသွားခြင်းမရှိဘူး။ အဲ့ကားထဲမှာ မင်းသားက ပစ္စည်းတွေပို့တဲ့ ကုမ္ပဏီတစ်ခုမှာလုပ်တယ်။ သင်္ဘောနဲ့ ပစ္စည်းသွားပို့တဲ့အခါ သင်္ဘောပျက်ပြီး လူမရှိတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို တစ်ယောက်တည်း ရောက်သွားခဲ့တယ်။ သူလွတ်မြောက်ဖို့ အမျိုးမျိုး ကြိုးစားပေမဲ့ လုံးဝမရဘူး။ ၈ လလောက်ထိကြာ လာတယ်ပေါ့။ အဲဒီမှာ ဘယ်လောက်ထိ ကာရိုက်တာကိုလုပ်ပစ်လိုက်လဲဆို ခန္ဓာကိုယ်ကအစ အကုန်လုံး ပိန်ခြောက်သွားတဲ့အထိ လုပ်ချပစ်လိုက်တယ်။ နောက်ဆုံး သွေးပေသွားတဲ့ ဘောလုံးလေးကို လက်နဲ့ မျက်နှာပုံစံလေးဆွဲပြီး စကားပြောရတာ။ အရမ်းအထီးကျန်နေရတဲ့ ဘဝကိုပြလာတာ။ ဘာမှမရှိတဲ့ဟာကို အရှိလုပ်ပြီး ပြောနေတာ အိုက်တင်အရမ်းကိုကောင်းတယ်။ ကြာလာတဲ့အခါ ငါးတွေဘာတွေကစ မီးမကင်တော့ဘဲ အစိမ်းလိုက်စားလာတာ။ ဖြစ်သလိုနေတတ်လာတာ။ အာဟာရဖြစ်ဖို့အတွက်ပဲ လုပ်တော့တာပေါ့။ နောက်ဆုံး ဒီကနေမဖြစ်ဖြစ် အောင်ထွက်မယ်ဆိုပြီး လှေတစ်စင်းနဲ့ ဇွဲမလျှော့ဘဲ ထွက်ခဲ့တာပေါ့။ နောက်ဆုံး သူပြန်ရောက်လာ တာကို ကြိုဆိုတဲ့အနေနဲ့ ပွဲလုပ်တာ။ အဲဒီမှာ ဈေးကြီးတဲ့ ပင်လယ်စာ အစားအစာတွေ ပုစွန်တွေကျွေးတာပေါ့။ ဟိုမှာသူကအစိမ်းလိုက်စားလာတာတွေဆိုတော့ သူ့အတွက် ရယ်စရာမျိုးလေး ဇာတ်သိမ်းထားတာ။ မှတ်မှတ်ရရဇာတ်ဝင်ခန်း တွေဆိုရင် ဘောလုံးလေးနဲ့ စကားပြောတဲ့အခန်း တွေ အရမ်းကြိုက်တယ်။ ကြည့်နေရင်းနဲ့ ကိုယ်ပါ လိုက်ပြီးအထီးကျန်မှုကို ခံစားလာရတယ်။ တစ်ကားလုံးအရမ်းကို perfect ပါ။ တစ်ယောက်တည်း နဲ့ တည်ဆောက်ထားတဲ့ ဇာတ်လမ်းက အရမ်းကိုဆန်းကြယ်တယ်။ ပြီးတော့ ဖျော်ဖြေရေးသက်သက် မဟုတ်ဘဲ ဇွဲရှိဖို့တွေ၊ ဘဝမှာ မရောင့်ရဲ မတင်းတိမ်နိုင်ဘဲ စိတ်ဓာတ်ကျမနေဖို့တွေ၊ စဉ်းစားတွေးခေါ် စရာတွေ ထည့်ပေးထားတဲ့ ကားပါပဲ။ (ရုပ်ရှင်အညွှန်းများကို 7daydaily မှ စာပိုဒ် တချို့နှင့် သရုပ်ဆောင်မင်းသွေး ပြောကြားထားသော အင်တာဗျူးမှ ကောက်နုတ်တင်ပြထားသည်...

A Single Man (2009) ⭐IMDB: 7.5/10 (116 k Votes) 🎬 #Drama #Romance #Crime 🗓 2009 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 A Single Man (2009) က Drama/ Romance အမျိုးအစားပဲဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာဆိုရင်တော့ Kingsman ထဲကမင်းသားကြီး Colin Firth ကို အရှုံးနဲ့ အထီးကျန်မှုကြားမှာ ရုန်းကန်နေရတဲ့ ကောလိပ်ပါမောက္ခ ဂျော့ဂ်ျအဖြစ်နဲ့ ပြောင်မြောက်စွာ သရုပ်ဆောင်ထားတာကို မြင်တွေ့ရမှာပါ ဇာတ်လမ်းအကျဉ်းကတော့ ဂျော့ဂ်ျက ၁၆ နှစ်ကြာတွဲခဲ့တဲ့ လက်တွဲဖော် ကားမတော်တဆမှုကြောင့် သေဆုံးပြီးနောက်မှာ သူ့ကိုယ်သူ သတ်သေချင်နေတယ်။ သူရဲ့နောက်ဆုံးနေ့မှာ သူက ကျောင်းသား၊ လုပ်ဖော်ကိုင်ဖက်နှင့် သူ့ရဲ့အကောင်းဆုံးသူငယ်ချင်း ချာလေ နှင့် တွေ့ဆုံခွင့်ရခဲ့ပြီး နောက်မှာ သူ့စိတ်ထဲမှာ ဘာလုပ်ရမလဲ ဘာကြောင့်လဲဆိုတာ ရှင်းလင်းသွားတဲ့ ဇာတ်လမ်းမျိုးပေါ့။ Good Will Hunting လို တွေးစရာဆွေးစရာကားလေးတွေ ကြိုက်တတ်တဲ့သူတွေအတွက် ရွေးစရာပါပဲ။...

Burning Betrayal (2023) ⭐IMDB: 4.0/10 (1 k Votes) 🎬 #Drama #Mystery #Romance #Thriller 🗓 2023 🎞 movie 🌎 #Brazil ⏰ 1 နာရီ 39 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကတော့ 365 Days နဲ့တူပါတယ်။ မင်းသား မင်းသမီးအလန်းတွေကိုရွေး အဖော်အချွတ် အိပ်ရာခန်းတွေကို ဇာတ်လမ်းနဲ့ အံဝင်ခွင်ကျ ဖောဖောသီသီထည့်ထားတဲ့ ရုပ်ရှင်အမျိုးအစားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လှည့်ကွက်လေးတွေနဲ့ Crime, Drama အမျိုးအစားပါပဲ။ ဘာဘီဟာ သူ့ရဲ့ချစ်သူ ကိုင်အိုနဲ့လက်ထပ်ဖို့ ပြင်နေပါပြီ။ လက်မထပ်ခင် အပျိုညမှာပဲ သူ့ဆီကို ကိုင်အိုဖောက်ပြန်နေတဲ့ ဓာတ်ပုံတွေရောက်လာလို့ အရမ်းဒေါသထွက်သွားပြီး ပြတ်စဲလိုက်ပါတယ်။ သူ့ အချစ်ဆုံးသူငယ်ချင်း နှစ်ယောက်ဖြစ်တဲ့ ပက်တီ နဲ့ သီရာဂို တို့အကူအညီနဲ့လည်း သူ့ကို လက်စားချေဖို့ ကြိုးစားပါတယ်။ အဲဒီမှာ တရားသူကြီးတစ်ယောက်နဲ့ ထပ်ညှိသွားပါတယ်။ သူ့ရည်းစားကို ရိုးရိုးလက်စားချေဖို့ ကြိုးစားရာကနေ ရာဇဝတ်မှုတွေနဲ့ပါ ဆက်နွယ်လာတဲ့အခါ...

A Very Venice Romance (2023) ⭐IMDB: 6.3/10 (425 Votes) 🎬 #Romance #TVMovie #Comedy 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 26 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 “ဗင်းနစ်က ပင့်သက်ရှိုက်သံဆိုတဲ့တံတားရဲ့အောက်မှာ ချစ်သူနှစ်ဦးက နေဝင်ချိန် အနမ်းခြွေမယ်ဆိုရင် ထာဝရတည်တံ့တဲ့ချစ်ခြင်းကို ပိုင်ဆိုင်နိုင်လိမ့်ယ်”တဲ့… ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးကို အီတလီနိုင်ငံက ဗင်းနစ်မြို့ကို အလည်တစ်ခေါက် ခေါ်သွားချင်ပါတယ်။ IMDB 6.3/10 ရရှိထားတဲ့ ဒီဇာတ်ကားလေးထဲမှာဆိုရင်တော့ ဗင်းနစ်မြို့ရဲ့ လှပပြီး စိတ်ကူးယဉ်ဆန်တဲ့ မြင်ကွင်းလေးတွေကို ခံစားကြည့်ရှုလို့ ရနိုင်မှာပါ။ ပုံမှန်သမားရိုးကျ plot ဖြစ်ပေမဲ့ လှပတဲ့ရှုခင်းတွေနဲ့ ဗင်းနစ်မြို့အကြောင်း ဗဟုသုတရဖွယ် အချက်အလက်များကိုပါ ထည့်သွင်းတင်ဆက်ထားတာမို့ ဟင်းလျာတွေလည်း ကြည့်ရင်း ထိုင်ရာမထဘဲ ဗင်းနစ်မြို့ကို အလည်တစ်ခေါက် အရောက်သွားကြည့်နိုင်မှာပဲ ဖြစ်ပါတယ်။ အေမီက ဖြည့်စွက်စာထုတ်လုပ်ရေးတာဝန်ခံတစ်ယောက်ဖြစ်ပြီး ထုတ်ကုန်အသစ် ထုတ်နိုင်ဖို့အတွက် အပူတပြင်းကြိုးစားနေသူပါ။ သူတို့ရဲ့ ပြင်သစ်စားဖိုမှူးနဲ့တွဲဖက်ကာ အနံ့အရသာ ကောင်းမွန်ပြီး ကျန်းမာရေးနဲ့လိုက်ဖက်ညီတဲ့ ထုတ်ကုန်အသစ်ဖြစ်အောင် ပြင်ဆင်နေခဲ့ပေမဲ့ ပြင်သစ်ဟင်းလျာပုံစံတွေကို မူလလက်ရာမပျက်အောင် ထိန်းသိမ်းချင်တဲ့ စားဖိုမှူးက အေမီ့ရဲ့အဆိုပြုချက်ကိုလက်မခံဘဲ နှစ်ယောက်သားစကားများကြရာကနေ အလုပ်က ထွက်သွားပါတော့တယ်။ ကိုယ်ရှုပ်မိတဲ့အရှုပ်ကို ပြန်ရှင်းဖို့ စားဖိုမှူးအသစ်လိုက်ရှာရင်း အီတလီစားဖိုမှူး မာချယ်လို့ကို ကမ်းလှမ်းဖို့ ကြိုးစားခဲ့ပေမဲ့ မာချယ်လိုက နယူးယော့ခ်ကို ဘယ်လိုမှ မလာနိုင်ဘူးလို့ ငြင်းဆန်ခဲ့တာမို့ အေမီတစ်ယောက် ဗင်းနစ်မြို့ဆီ အရောက်သွားကာ မာချယ်လို့ရဲ့ ဟင်းချက်သင်တန်းကို တက်ပြီးမရအရဆွယ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ အေမီတစ်ယောက် မာချယ်လိုရဲ့ သင်တန်းကိုတက်နေတဲ့ သုံးပတ်တာအချိန်အတွင်း မာချယ်လို့ကို စိတ်ပြောင်းအောင် လုပ်လိုက်နိုင်မှာလား.. အဆင်မပြေဘဲ လက်လျှော့ပြီးပဲ ပြန်ရမလား.. မာချယ်လိုကရော ဘာလို့ နယူးယော့ခ်ကို လုံးဝမလာချင်ဖြစ်နေရတာလဲ.. အေမီနဲ့ မာချယ်လို့နှစ်ယောက်ကြား ဘယ်လို ရိုမန့်စ်လေးတွေဖြစ်လာမလဲ.. ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ရှုစားလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့ ဇာတ်ညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ)...

Nada É Por Acaso (2022) ⭐IMDB: 6.6/10 (105 Votes) 🎬 #Drama 🗓 2022 🎞 movie 🌎 #Brazil ⏰ 1 နာရီ 47 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb 6.6 ရရှိထားတဲ့ plot twist တွေနဲ့ဒရမ်မာဇာတ်ကားတစ်ကားဖြစ်ပြီး စိတ်ဝိဉာဉ်နဲ့လူသားတွေရဲ့ဘဝက ဘယ်လောက်ထိ ဆက်စပ်နေသလဲဆိုတာကို ရိုက်ကူးပြသထားတာပါ။ ဇာတ်လမ်းအကျဉ်း…..မာရီနာဟာရှေ့နေမလေးတစ်ယောက်ဖြစ်ပြီး တစ်နှစ်အကြာပျောက်သွားရာကနေ ငွေထုပ်ပိုက်ပြီးအိမ်ပြန်လာခဲ့ပါတယ် သူအင်္ဂလန်ကိုသွားခဲ့တယ်လို့ပြောပေမဲ့ သူဘယ်သွားခဲ့သလဲ ဘာလုပ်ခဲ့သလဲဆိုတာကို သူ့မိသားစုအပါအဝင်ဘယ်သူမှသေချာမသိပါဘူး။ တစ်နေ့မှာတော့ စိတ်ဝိဉာဉ်တွေနဲ့လူဝင်စားတာကိုယုံတတ်တဲ့ စိတ်ရောဂါကုထုံးဆရာဝန်တစ်ယောက်နဲ့တွေ့ရာကနေ စိတ်ဝိဉာဉ်တွေအကြောင်းကိုဆက်စပ်မိသွားကြပါတော့တယ် မာရီနာကသူ့ရဲ့စိတ်ဝိဉာဉ်‌အာရုံဟာ သူဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်နဲ့လည်းပတ်သက်နေတာကိုလည်းသိလိုက်ရပါတယ်။ တစ်ဖက်မှာတော့ မာရီယာဟာချမ်းသာတဲ့အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာအိမ်ထောင်ရေးပဋိပက္ခတွေရုတ်တရက် ကြုံတွေ့လာရပါ‌တော့တယ်။ ဒီပြဿနာတွေအားလုံးက အကြောင်းအရာတစ်ခုတည်းကနေအစပြုလာတာဖြစ်ပြီး သူတို့လျှို့ဝှက်ထားကြတဲ့ အဖြစ်အပျက်ကဘာဖြစ်မလဲ ဒီကိစ္စတွေအားလုံးက စိတ်ဝိဉာဉ်နဲ့ လူဝင်စားတဲ့ကိစ္စနဲ့ရော ဘယ်လိုတွေဆက်စပ်နေမလဲဆိုတာကို ကြည့်ရှုရမှာပါ...

The Puppetman (2023) ⭐IMDB: 5.3/10 (1 k Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 33 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Puppetman (2023)================= Horror ဇာတ်လမ်းလို့ပြောရမယ့် ဒီအောက်တိုဘာမှာ အသစ်ထွက်ရှိလာတဲ့ Horror ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကြည့်လည်းကြည့်ချင်တယ် သိပ်ကြီးလည်းမကြောက်ချင်ဘူးဆိုရင် ဒီကားကိုကြည့်ပါနော်။ ‌ကြမ်းလှတယ်မဟုတ်ပေမဲ့ တစိမ့်စိမ့်နဲ့ကြောက်ရပြီးအတော်လေးစိတ်၀င်စားစရာကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မိုက်ကယ်ဆိုတဲ့ ကျောင်းသူလေးဟာ အတိတ်ဆိုးရဲ့အရိပ်က မလွတ်မြောက်နိုင်သူပါ။ သူ့ဖခင်ဟာ သူ့မိခင်ကိုသတ်တဲ့လူသတ်သမားအဖြစ် ထောင်နန်းစံနေရပြီး သူကတော့ ငယ်ငယ်လေးနဲ့မိဝေးဖဝေးဖြစ်ခဲ့ရသူပေါ့။ အရပ်စကားတွေအရ ဖခင်ဟာ တစ်စုံတစ်ရာရဲ့စိတ်ထိန်းချုပ်ခိုင်းစေမှုကြောင့် လူသတ်မှုဖြစ်ခဲ့ရတယ်လိုလည်း ဆိုကြပါတယ်။ အပျိုအရွယ်‌လေးရောက်လာတဲ့ မိုက်ကယ်ဟာ တစ်ဖက်မှာ အတိတ်ဆိုးကိုရင်ဆိုင်ရင်း တစ်ဖက်မှာလည်း လူငယ်ပီပီ အပေါင်းအသင်းတွေနဲ့ပျော်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ အတိတ်ဆိုးကြီးက ပြန်အသက်၀င်လာပြီး သူချစ်တဲ့သူတွေအန္တရာယ်ဖြစ်စေလာတဲ့အခါ၊ သူကိုယ်တိုင်က အန္တရာယ်တစ်ခုမှန်းသိလာရတဲ့အခါ… သူဘယ်လိုရုန်းထွက်မလဲ၊ အတိတ်ရဲ့အရိပ်ဆိုးကြီးကလွတ်မြောက်နိုင်ပါ့မလား။ စိတ်ကိုထိန်းချုပ်ခိုင်းစေတတ်တဲ့ Puppetman ‌ခေါ်မကောင်းဆိုးဝါးနဲ့ လူငယ်တစ်စုရဲ့ အားပြိုင်ရင်ဆိုင်ပွဲမှာ ဘယ်သူကအနိုင်ရမလဲဆိုတာကို သိုလောသိုလော အဖြေရှာရင်း ဆက်ဆက် ကြည့်ရူလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့C’mon ဖြစ်ပါတယ်)...

Sewu Dino (2023) ⭐IMDB: 6.6/10 (909 Votes) 🎬 #Horror #Mystery 🗓 2023 🎞 movie 🌎 #Indonesia ⏰ 2 နာရီ 2 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sewu Dino (2023) IMDb 6.6 ရထားတဲ့ အင်ဒိုနီးရှား Horror ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။Sri က ဆင်းရဲတဲ့ မိသားစုက ကောင်မလေးဖြစ်ပြီးတော့ အဖေဆေးကုဖို့အတွက် ပိုက်ဆံလိုနေလို့Atmojo မိသားစုက လစာအများကြီးပေးပြီး အမျိုးသမီးအိမ်အကူတွေ ခေါ်တဲ့အလုပ်ကို လျှောက်လိုက်မိပါတယ်။ကံကောင်းချင်တော့ အလုပ်ရသွားပေမယ့် သူအလုပ်လုပ်ရမယ့်နေရာကို ခေါ်သွားတော့မှလူသေကို ရေချိုးပေးရတဲ့ အလုပ်ဖြစ်နေမှန်း သိလိုက်ရတယ်။ အဲဒီရိုးရာကို ညနေ နေဝင်ရီတရောအချိန်မှာ ညွှန်ကြားထားတဲ့အတိုင်း လုပ်ပေးရမှာဖြစ်ပြီးတော့ ရက် ၁၀၀၀ ပြည့်တဲ့အထိ လုပ်ပေးရမှာပါ။သူတို့ရေချိုးပေးရမယ့်သူကတော့ Atmojo မိသားစုရဲ့ မြေးဖြစ်တဲ့ Della ကိုပါ။Della ရဲ့ကိုယ်ထဲမှာ မကောင်းဆိုးဝါး ဝင်ပူးနေပြီးတော့ အဲဒီမကောင်းဆိုးဝါးက ရက် ၁၀၀၀ အတွင်း အပြင်ထွက်ခွင့်ရဖို့ အမျိုးမျိုးကြိုးစားတဲ့အခါမှာSri တို့တွေ ရက် ၁၀၀၀ ပြည့်တဲ့အထိ နေနိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာပဲ ဆက်ကြည့်လိုက်ရအောင်နော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Moh Mohပဲ ဖြစ်ပါတယ်။...

Hadik (2023) ⭐IMDB: 4.6/10 (1 k Votes) 🎬 #Action #Adventure #Biography #History #War 🗓 2023 🎞 movie 🌎 #Hungary ⏰ 1 နာရီ 49 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဟန်ဂေရီစကားပြော ဖြစ်ရပ်မှန်ပေါ်အခြေခံထားတဲ့ စစ်ပွဲ ရုပ်ရှင် Hadikက မကြာသေးခင်ကမှ ထွက်ရှိထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Seven Years’ War လို့ခေါ်တဲ့ ဥရောပတစ်ခွင်က နိုင်ငံကြီးတွေရဲ့ စစ်ပွဲအတွင်းမှာ Prussia နိုင်ငံက အေးချမ်းတဲ့ Austriaနိုင်ငံကို စစ်ပွဲတွေဆက်တိုက် တိုက်နေတဲ့အချိန်မှာ ဇာတ်လမ်းတည်ထားပါတယ်။ ဘုရင်မကြီး Maria Theresa ရဲ့ အယုံကြည်ရဆုံး စစ်ဗိုလ်မှူးချုပ်ဖြစ်တဲ့ Andras Hadikဟာ မြင်းစီးစစ်သည်တော်တွေကို ခေါ်ဆောင်ပြီး Prussia Empireရဲ့ အသည်းနှလုံးဖြစ်တဲ့ Berlin မြို့ကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့တဲ့ ဖြစ်ရပ်မှန်အကြောင်းကို ပြန်ရိုက်ထားတာဖြစ်ပါတယ်။ ဗိုလ်ချုပ် Hadikက စစ်ပွဲအတွင်းမှာ ထက်မြတ်ပြီး သတ္တိရှိသူဖြစ်ပေမယ့် မလိုမုန်းထားသူတွေအလွန်များပါတယ်။ တစ်ရက်စစ်ပွဲအတွင်းမှာ ရန်သူတွေရဲ့ ထိပ်တန်းလျှို့ဝှက်ချက်ကို လိုက်ယူရင်းနဲ့ ဒဏ်ရာရသွားပြီး မလိုသူတွေကြောင့် ရာထူးချခံရကာ နေရပ်ကိုပြန်သွားခဲ့ပါတယ်။ မိသားစုနဲ့အတူ အချိန်ကုန်ဆုံးနေတုန်းမှာ ညီအစ်ကိုလို ချစ်ခင်တဲ့ ဗိုလ်ချုပ် Farkas Babochay ရောက်လာပြီး ဘုရင်မအခေါ်လွှတ်လိုက်ကြောင်းပြောပါတယ်။ ဘုရင်မရဲ့အမိန့်အရ Berlinကို တိုက်ခိုက်ဖို့အတွက် တခြားဗိုလ်ချုပ်တွေကို လိုက်စုစည်းပေမယ့် ဘယ်သူမှ မလိုက်ချင်ကြတဲ့အခါမှာ ယုံကြည်ရတဲ့ တပ်သားအနည်းငယ်နဲ့ Berlinကို ဖြိုခွင်းဖို့အတွက် စစ်ပွဲအစီအစဉ်ရေးဆွဲခဲ့ပြီး ခရီးစတင်ထွက်ခွာခဲ့ပါတယ်။ စစ်အခြေခံရုပ်ရှင်ကားတွေ ကြည့်ရတာကြိုက်တယ်ဆိုရင် ဒီကားကိုလည်း ကြည့် ကြည့်လိုက်ပါဦး။...

Deep Rising (1998) ⭐TMDB: 62.0% User Score 🎬 #Action #Adventure #Horror #SciFi #ScienceFiction 🗓 1998 🎞 movie 🌎 #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Deep Rising (1998) မူလဘူထ Phoenix ဖြစ်ခဲ့တဲ့အပြင် Bond Girl ပါ ဖြစ်ခဲ့ဖူးတဲ့ မမ Famke Janssen ပါဝင်ထားပြီး သူ့ခေတ်သူ့အခါမှာတော့ CGI တွေပီပြင်လွန်းလို့ ကြည့်ရှုသူများကြိုက်နှစ်သက်ခဲ့ကြတဲ့ ဇာတ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားမှာတော့ မင်းသားဖီနီဂန်ဟာ ပိုက်ဆံရရင်ပြီးရော ဘာမှဂရုမစိုက်ဘူးဆိုတဲ့ ဆောင်ပုဒ်ကို ဆွဲကိုင်ပြီး လူတစ်စုကို သူ့စက်လှေပေါ်တင်ဆောင်လာခဲ့တယ်။ ဘယ်ကို မောင်းနေမှန်းမသိ မောင်းပေးရင်း သူ့စက်လှေပေါ်မှာ အဲ့လူတွေက တော်ပီဒိုတွေ တင်ဆောင်လာတာကို သိလိုက်ရတယ်။ သူတို့မောင်းစေချင်တဲ့နေရာ ရောက်ခါနီးမှာတော့ Speed Boat တစ်စင်းကို တိုက်မိသွားတယ်။ အနီးအနားမှာ ဇိမ်ခံသင်္ဘောတစ်စင်းကို တွေ့လိုက်ရတော့ အကူအညီတောင်းဖို့ စဉ်းစားလိုက်ပါတယ်။ ကံဆိုးချင်တော့ သူခေါ်လာပေးတဲ့လူတစ်စုဟာ အဲဒီဇိမ်ခံသင်္ဘောကို အနုကြမ်းစီးမယ့် အုပ်စု ဖြစ်လို့နေပါတယ်။ သူတို့ သင်္ဘောပေါ် ရောက်ချိန်မှာတော့ မျှော်လင့်ထားသလို မဟုတ်ဘဲ လူတွေအားလုံး ပျောက်ဆုံးနေပါတော့တယ်။ အကြောင်းရင်းကိုရှာဖွေကြရင်း သူတို့ချည်းပဲ ရှိနေတာမဟုတ်ဘူးဆိုတာ သိလိုက်ရချိန်မှာတော့… (ဒီဇာတ်ကားနဲ့အညွှန်းကိုMugiwara Yaမှ ပြန်ဆို ရေးသားထားပါတယ်)...

The Ipcress File (1965) ⭐TMDB: 68.0% User Score 🎬 #Drama #Thriller #Mystery 🗓 1965 🎞 movie 🌎 #UnitedKingdom #UnitedKingdom ⏰ 1 နာရီ 49 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Ipcress File (1965) ~ IMDb – 7.2/10, Rotten Tomatoes – 97% ~ ဗြိတိသျှရုပ်ရှင်အစည်းအရုံးရဲ့ ၂၀ရာစုအတွင်း အကောင်းဆုံးဗြိတိသျှရုပ်ရှင် ၁၀၀ မှာ နံပါတ် ၅၉ ချိတ်ခဲ့တဲ့ ရုပ်ရှင်ပါ။ ဒီရုပ်ရှင်ကိုတော့ Len Deighton ရဲ့ ၁၉၆၂ ခုနှစ်ထုတ် The Ipcress File စာအုပ်အပေါ် အခြေခံရိုက်ကူးထားပါတယ်။ စာအုပ်အပေါ်အခြေခံကြတာက မထူးဆန်းပေမဲ့ ဒီစာအုပ်ကျတော့ စပိုင်ဝတ္ထုလောကကို အတော်ရိုက်ခတ်ခဲ့တဲ့စာအုပ်ဖြစ်နေတယ်။ သူ့ခေတ် သူ့အခါအရ စစ်အေးတိုက်ပွဲကာလဖြစ်တဲ့အတွက် စပိုင်ဇာတ်လမ်းတွေခေတ်စားခဲ့တယ်။ အဲဒီစာအုပ်တွေထဲကမှ ဒီစာအုပ်ဟာ လက်တွေ့ဘဝနဲ့ ဆက်နွယ်မှုရှိပြီး တကယ့် စပိုင်တွေက ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို ပီပီပြင်ပြင် ဖော်ပြခဲ့တာကြောင့် အတော်ကိုကျော်ကြားခဲ့တာမျိုး‌ပေါ့။ ဒီစာအုပ်က Len Deighton ကို ကမ္ဘာကျော်စာရေးဆရာတစ်ယောက်ဖြစ်စေခဲ့သလို ရုပ်ရှင်အနေနဲ့ ပြန်ရိုက်တဲ့အချိန်မှာလည်း Sir Michael Caine ကို ကမ္ဘာကျော်မင်းသားဖြစ်စေခဲ့တယ်။ Sequel အနေနဲ့ Funeral in Berlin (1966) နဲ့ Billion Dollar Brain (1967) တို့ထွက်ခဲ့တယ်။ ဇာတ်လမ်းကတော့ အေးအေး ကောင်းကောင်းကြီးပဲ။ မုန့်တစ်ခုကို စားနေတုန်း ဗိုက်ပြည့်အောင်သာစားနေပေမဲ့ ကုန်ခါနီးကျမှ ပိုပိုပြီး အရသာရှိလာနေသလိုပေါ့။ ဇာတ်လမ်းကတော့ စပိုင်ကားထုံးစံ သိပ္ပံပညာရှင်တယောက် ပြန်ပေးဆွဲခံလိုက်ရတာကနေ စတယ်။ အဲဒီအချိန်မှာ ထောက်လှမ်းရေးရဲ့ မှတ်တမ်းတွေအရ သိပ္ပံပညာရှင်တွေ အကြောင်းမဲ့ ပျောက်သွားတာ ဒီတယောက်နဲ့ဆိုရင် ၁၇ ယောက်ရှိနေပြီ။ ပြန်ရောက်လာကြတဲ့အခါမှာလည်း သိပ္ပံပညာအလုပ်တွေကိုဆက်မလုပ်ကြတော့ဘူး။ အဲဒီတော့ ဒီလို “ဦးနှောက်ခမ်းခြောက်မှု” ကိစ္စကို အဖြေရှာဖို့အတွက် သူလျှိုတန်ပြန်ရေးဌာနရဲ့ တာဝန်ဖြစ်လာတယ်။ အထူးသဖြင့် ပါလ်မာပေါ့။ ဒီထဲမှာ Michael Caine က ပါလ်မာ ဆိုတဲ့ ဇာတ်ကောင်နဲ့ လုံးဝတထပ်တည်းကျသွားတယ်။ ခွဲခြားမရနိုင်အောင်ကိုဖြစ်သွားတာ‌မျိုး။ ပါလ်မာဆိုတာက စပိုင်တယောက်ပဲ။ ဂျိမ်းစဘွန်းတို့ ဘာတို့လို “ရုပ်ရှင်ထဲမှာပဲရှိတာပါကွာ” လို့ ထင်ရတဲ့ စပိုင်အလန်းစားမျိုးမဟုတ်ဘူး။ သူက ကမ္ဘာစစ်ကာလတုန်းက မှောင်ခိုတွေလုပ်လို့ စစ်ထောင်လည်းကျခဲ့ဖူးတယ်။ ထောင်ကျရင်း ဗိုလ်မှူးကြီးရော့စ်က သူ့အရည်အချင်းကို သိတာကြောင့် အာမခံနဲ့ ထုတ်ပေးပြီး ထောက်လှမ်းရေးမှာ ခိုင်းနေတာပေါ့။ ဖွန်ကြောင်ရတာလည်း အတော်ဝါသနာထုံတယ်။ သူက ဂျိမ်းစဘွန်းလို အားတိုင်း ဖိုက်တင်တွေပလေးပြတဲ့ ဖိုက်တာလည်းမဟုတ်ဘူး။ ရှားလော့ဟုမ်းလို အမှုသီးသန့်လိုက်တဲ့ စုံထောက်လည်းမဟုတ်ဘူး။ သူက စပိုင်။ လက်တွေ့ဘဝက စပိုင်တွေနဲ့ အနီးစပ်ဆုံး ရိုက်ကူးထားတယ်။ အဲဒီလိုနဲ့ ဒီအမှုကို သူတို့လိုက်ကြတယ်။ လူကိုပါ တင်ရောင်းနိုင်တဲ့ မှောင်ခိုဈေးကွက်မျိုးရှိတဲ့လူက ငှက်ခါး ဆိုတဲ့ ဘဲကြီးပဲရှိတယ်။ အဲဒီတော့ သူ့ကို လိုက်ကြလေသတည်းပေါ့။ ဒါပေမဲ့ အမှုက ထင်သလောက်မရိုးရှင်းဘူး။ နောက်ကွယ်က သိပ္ပံစမ်းသပ်ချက်တွေ၊ သစ္စာဖောက်မှုတွေနဲ့ သပွတ်အူလိုရှုပ်နေတယ်။ အဲဒီအရာတွေထဲက Ipcress ဆိုတာကတော့ ဘယ်လိုအဓိပ္ပာယ်ရှိမလဲ… ဘာရည်ရွယ်ချက်နဲ့လုပ်ကြသလဲ… အဲဒီဇာတ်ရှုပ်ကြီးကို ဘယ်လို‌ဖြည်မလဲ… ကြည့်ရမှာပါ။ ဇာတ်လမ်းကလည်း ၂ နာရီနီးပါးဆိုတော့ အတော်ပေရှည်တဲ့ထဲပါပါတယ်။ ဒါပေမဲ့ ကြည့်ရကျိုးနပ်ပါလိမ့်မယ်။ ရုပ်ရှင်နဲ့ ပေရှည်နေပြီးတာတောင် အားမရလို့ ‌၂၀၂၂တုန်းက စီးရီးအနေနဲ့ ထပ်ရိုက်ထားပါသေးတယ်။ အဲလ်ဖရက်ဒ်ကြီးရဲ့ ငယ်ဘဝကိုတွေ့ရမယ့်အပြင် စိတ်ဝင်စားဖို့လည်း အတော်ကောင်းတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)...

The Salvation (2014) ⭐IMDB: 6.7/10 (42 k Votes) 🎬 #Action #Drama #Thriller #Western 🗓 2014 🎞 movie 🌎 #Denmark #UnitedKingdom #SouthAfrica #Sweden #Belgium ⏰ 1 နာရီ 32 မိနစ် 46 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 classic westernကားကောင်းကောင်းကြည့်ချင်တယ်… actionခန်း သေနတ်ပစ်ခန်းကောင်းကောင်းတွေလည်းပါရမယ်.. ဇာတ်လမ်းကလည်း Drama Thrillerလေးမှဆိုရင် ဒီကားကို ကြည့်ဖြစ်အောင်ကြည့်ပါဗျာ…။ သရုပ်ဆောင်ထားတဲ့ မင်းသားတွေကလည်း ခပ်အေးအေးနဲ့ ဇာတ်ရုပ်နဲ့ လိုက်ဖက်လွန်းပါတယ်…။ Danish မင်းသားကြီး Mads Mikkelsenရဲ့ သရုပ်ဆောင်ဟန်တွေကို ဒီမှာမြင်တွေ့ရဦးမယ့်အပြင် မင်းသားကြီး Mikael Persbrandtကလည်း အားဖြည့်ပါဝင်ထားပါတယ်…။ မင်းသမီးEva Greenဆိုရင် တစ်ကားလုံးစကားတစ်ခွန်းမှမပြောဘဲ လူကြမ်းမကြီးအသွင်နဲ့ သရုပ်ဆောင်ပြသွားပါ‌သေးတယ်…။ စကားများများမပြောဘဲ ရိုက်ကွင်းရိုက်ကွက်နဲ့ ဇာတ်အိမ်ထဲမျှောပြီးခံစားရမယ့်ကားမျိုးပါ…။ ဇာတ်ကြောင်းကလည်းရိုးရိုးရှင်းရှင်းပါပဲ… သားနဲ့ဇနီးက ဗီလိန်တွေသတ်ဖြတ်တာကိုခံလိုက်ရလို့ တုန့်ပြန်လက်စားချေတဲ့ ဖခင်တစ်ယောက်ရဲ့ဇာတ်လမ်းပါ…။ ခံစားကြည့်ရှုလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်ဗျ...

Soon-jeong-man-hwa (2008) ⭐IMDB: 6.9/10 (1 k Votes) 🎬 #Comedy #Romance #Drama 🗓 2008 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 21 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kim Yeon-Woo(Yoo Ji Tae) ကတော့ ရပ်ကွက်ရုံးက အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာ Han Soo Young(Lee Yeon Hee) ရဲ့ တိုက်ခန်းကိုပြောင်းလာခဲ့ပါတယ်။ Soo Young ကတော့ အထက်တန်းကျောင်းသူဖြစ်ပြီး အမေနဲ့အတူနေပါတယ်။ တစ်ဖက်မှာလည်း Kang Sook (Kang In)ဟာ အထက်တန်းကျောင်းအပြီးမှာ အလုပ်ဝင်ခဲ့တဲ့ အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်ပြီး Kwon Ha Kyung(Chae Jung An) ကို မြင်မြင်ချင်းချစ်မိသွားခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ သူတို့ ၄ ယောက် ဘယ်လိုတွေတွေ့ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ Moving ကိုရေးသားခဲ့တဲ့ Kang Full ရဲ့ Sunjeong Manhwa ဆိုတဲ့ comic ကိုအခြေခံထားပြီး Girl’s Generation အဖွဲ့ဝင် Sooyoung ကလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။...

Swordfish (2001) ⭐TMDB: 62.0% User Score 🎬 #Action #Crime #Thriller 🗓 2001 🎞 movie 🌎 #UnitedStates #Australia #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Swordfish (2001) ” Nudity Scene အနည်းငယ်နှင့် ကြမ်းတမ်းသော အပြောအဆိုများ ပါ၀င်သောကြောင့် သတိထားကြည့်ရှုပါရန် “ ဒီကားလေးကတော့ 2001 ခုနှစ်ကထွက်ထားတဲ့ သည်းထိတ်ရင်ဖိုအက်ရှင် ကားကောင်းလေးပါ။ ဆုငါးဆုနဲ့ စံကာတင်ဆု (၁၀)ဆု၀င်ထားပြီး IMDb rating – 6.5/10 ရထားပါတယ်။ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Wolverine မင်းသားကြီး Hugh Jackman ရယ်၊ X-Men ထဲမှာပဲ Storm အဖြစ်သရုပ်ဆောင်ခဲ့တဲ့ အော်စကာဆုရှင် Halle Berry ရယ်၊ 1970-80 ပြည့်နှစ်တွေက ဗီလိန်မင်းသားလို့မျက်မှန်းတန်းမိကြတဲ့ John Travolta ရယ်၊ Avengers ထဲက War Machine သရုပ်ဆောင် Don Cheadle နဲ့ဆိုတော့ Cast တွေနဲ့တင် စိတ်မပျက်စေရမယ့်ဇာတ်ကားမျိုးပါပဲ။ စတန်က ခံ၀န်နဲ့လွတ်နေတဲ့ ဟက်ကာတစ်ယောက်ပါ။ တစ်နေ့ သူ့ဆီကို ဂျင်းဂျားဆိုတဲ့အလှပဂေးလေးက လူတစ်ယောက်နဲ့လိုက်တွေ့ဖို့ လာခေါ်ပါတယ်။ တွေ့ခွင့်မရတဲ့ သမီးဖြစ်သူကိုပြန်ရစေမယ်လို့ မက်လုံးပေးတဲ့အတွက် စတန်လိုက်သွားရာကနေ ဂေဘရီရယ်ဆိုတဲ့သူနဲ့တွေ့ပြီး အရှုပ်တော်ပုံထဲရောက်သွားတဲ့အကြောင်းကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...

Blue Crush (2002) ⭐TMDB: 60.0% User Score 🎬 #Drama #Romance #Sport #Adventure 🗓 2002 🎞 movie 🌎 #Germany #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Blue Crush (2002) ~ IMDb – 5.7/10, Rotten Tomatoes – 62% ~ ခုမိတ်ဆက်ပေးမှာကတော့ မမ Mitchelle Rodriguez ပါတဲ့ 2002 ခုနှစ်က ကားဟောင်း‌လေးဖြစ်ပါတယ်။ ငယ်စဉ်တည်းက အတော်ဆုံးရေလွှာလျှောစီးသူဖြစ်ဖို့ ရည်မှန်းခဲ့တဲ့ ဟာဝိုင်အီကျွန်းသူလေး အန်းမယ်ရီ…မိခင်ဖြစ်သူက ဒုက္ခရောက်တဲ့အချိန် ထွက်ပြေးသွားလို့ ညီမလေး ပန်နီနဲ့ မိသားစု၀င်လိုသူငယ်ချင်းတွေနဲ့ ရုန်းကန်နေရသူ။ အန်းမယ်ရီက ရေလွှာလျှောစီးချန်ပီယံဖြစ်ခဲ့ပေမဲ့ လွန်ခဲ့တဲ့ ၃နှစ်က ပြိုင်ပွဲမှာ ရေနစ်‌သွားတဲ့ထိ မတော်တဆမှုဖြစ်ခဲ့လို့ ပွဲစဉ်ကနေ ထွက်လာရပါတယ်။ အဲ့အဖြစ်အပျက်ကြောင့် စိတ်ဒဏ်ရာရပြီး လှိုင်းစီးဖို့ တွန့်ဆုတ်နေတာပေါ့။ နေ့စဉ်ဘ၀ကို သူငယ်ချင်းတွေနဲ့ ဟိုတယ်မှာ သန့်ရှင်းရေးလုပ်ပြီး ရုန်းကန်ရင်း ပန်နီကိုတော့ ကောလိပ်တက်စေချင်တာပါ။ မထင်မှတ်ထားဘဲ ဟာဝိုင်အီမှာ အားလပ်ရက်လာအပန်းဖြေတဲ့ ဘောလုံးသမား မက်ကို ငွေလိုတဲ့အတွက် ရေလွှာလျှောစီး သင်ခန်းစာသင်ပေးရာက တစ်စနဲ့တစ်စတွယ်ငြိလာတဲ့အခါ… ဒီတစ်ခေါက် ကျင်းပမယ့် ပြိုင်ပွဲမှာ အန်းမယ်ရီတစ်ယောက် သူ့စိတ်ဒဏ်ရာကို မေ့ပစ်ပြီး အနိုင်ရမလားကျွန်းသူ‌လေးအန်းနဲ့ မြိုကြီးသား မက်တို့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားလို့ရပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...

The Admirer (2023) ⭐IMDB: 4.9/10 (63 Votes) 🎬 #Thriller #Uncategorized 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 29 မိနစ် 46 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Admirer (2023)=============== ဒီ Thriller အမျိုးအစားဇာတ်ကားလေးကတော့ အမျိုးသမီးတစ်ယောက်ကိုလိုက်ပြီးခြောက်လှန့်နေတဲ့ လူသတ်သမားကဘယ်သူဖြစ်မလဲဆိုတာကိုစိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့်ဇာတ်ကားလေးပါ။‌ဇာတ်လမ်းလေးရဲ့အစမှာတော့ နန်စီ ဆိုတဲ့အမျိုးသမီးဟာ သူနဲ့လက်ထပ်တော့မယ့်ကောင်လေးကို လက်မထပ်ခင်ညမှာတင် ဆုံးရှုံးလိုက်ရပါတယ်။video call ပြောနေရင်း တစ်ယောက်ယောက်ကတိုက်ပေါ်ကနေတွန်းချသွားတာမလို့ သူ့မျက်စိရှေ့မှာတင်ဖြစ်ပျက်ခဲ့တာပါ။ အဲဒီကိစ္စဖြစ်ပြီးနောက်ပိုင်းမှာလည်း နန်စီ အတွက် ထူးထူးဆန်းဆန်းကိစ္စတွေ၊ လူသတ်သမားက သူ့ကောင်လေးဖုန်းက‌နေတစ်ဆင့် မက်ဆေ့တွေပို့ပြီး ခြိမ်းခြောက်နေတာတွေ၊ အလုပ်မှာပါချောက်တွန်းခံရတာတွေကြောင့်မလို့ နန်စီ လည်းလူသတ်သမားကိုလိုက်ရှာပါတော့တယ်။ လူသတ်သမားကဘယ်သူလဲ၊ နန်စီ အနီးနားကလူတွေပဲလား၊ နန်စီ တစ်ယောက်လူသတ်သမားကို ဘယ်လိုဖော်ထုတ်မလဲဆိုတာကို ရင်ခုန်စိတ်၀င်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Theo Kat ဖြစ်ပါတယ်)...