ru
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Drive (2024) ⭐IMDB: 5.6/10 (19 Votes) 🎬 #Action #Thriller 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 30 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Drive (2024) ************* ပြန်ပေးဆွဲကားတွေကိုမှ ကြိုက်နှစ်သက်သူများအတွက် Mouse , Love All Play နဲ့ Zombie Detective တို့မှ မင်းသမီးချောလေး Park Ju Hyun က အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဟန်ယူနာ (Park Ju-Hyun) ဟာဆိုရင် subscriber ၇ သိန်းကျော်ရှိတဲ့ နာမည်ကြီး YouTuber တစ်ယောက်ပါ။ သူ့ဘဝလေးက သာ‌ယာချောမွေ့နေခဲ့ပေမဲ့လည်း တစ်နေ့မှာ ဘယ်သူဘယ်ဝါမှန်း မသိနိုင်သူရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပါတော့တယ်။ ပြန်ပေးသမားက ယူနာကို ကားနောက်ဖုံးထဲမှာ ထည့်ထားပြီး တစ်နာရီကြာ live လွှင့်ခိုင်းပြီးတော့ ဝမ် ၆၅၀ မီလီယံရအောင် ရှာခိုင်းပါတော့တယ်။ Live လွှင့်ချိန် တစ်နာရီအတွင်း ယူနာတစ်ယောက် ပြန်ပေးသမားက ဘယ်သူလဲဆိုတာကို ဘယ်လိုဖော်ထုတ်သွားမလဲ။ ပြန်ပေးသမားဆီကနေ လွတ်မြောက်အောင် ဘယ်လိုကြိုးစားသွားမလဲဆိုတာကို ရင်ဖိုစွာနဲ့ ကြည့်ရှုရမဲ့ ရုပ်ရှင်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းကိုတော့ Hnin Wai Oo မှ ရေးသားထားပါတယ်။)
...

Klem (2023) ⭐IMDB: 6.3/10 (535 Votes) 🎬 #Crime #Drama #Thriller 🗓 2023 🎞 movie 🌎 #Netherlands ⏰ 1 နာရီ 50 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Klem ( 2023 )ဒတ်ချ်ကားကိုမှ အီတလီမှာ ဇာတ်အိမ်တည်ထားပြီး ဝိုင်လုပ်ငန်းတွေ စပျစ်ခြံတွေနဲ့ အီတလီရဲ့ အလှတရားတွေ ပေါင်းစပ်ထားတဲ့ ရုပ်ရှင်ပါပဲ။ နယ်သာလန်က ပြောင်းလာတဲ့လူတွေ အီတလီမှာ အခြေချဖို့ကြိုးစားရင်း စပျစ်ခြံလုပ်ငန်းထဲ ဝင်ပတ်သက်မိရာကနေ စပျစ်ခြံကိုလိုချင်နေတဲ့ အီတလီမားဖီးယားတွေနဲ့ နယ်သာလန်က မိသားစုနှစ်စု ရင်ဆိုင်ရတဲ့အကြောင်းပါပဲ။ မှုခင်းကားကိုမှ ဥပဒေရေးတွေပါ ရောပြီး သမထားတဲ့အပြင် ဒီမိသားစုနှစ်စုရဲ့ခင်မင်မှုကိုကြည့်ရတာလည်း ချစ်စရာကောင်းတာမို့ အငွေ့အသက်ပေါင်းစုံ ပေါင်းပြီးရနေမယ့် မှုခင်းကားပေမဲ့ စိတ်ပျော်စရာ ပေါ့ပေါ့ပါးပါးကားလေးပါပဲ။ ဇာတ်ကလည်း အကွေ့တွေအကောက်တွေနဲ့ ထူးတာမို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ့် ကားတစ်ကားရှာနေရင်တော့ အရွေးမမှားလောက်ပါဘူး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File size_(1.7GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Crime Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။
...

Kis Kisko Pyaar Karoon (2015) ⭐TMDB: 58% User Score 🎬 #Bollywood #Comedy #Romance 🗓 2015 🎞 Series 🌎 #India ⏰ 2 နာရီ 12 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kis Kisko Pyaar Karoon (2015)”ဘယ်သူ ကိုယ့်လောက်ချစ်မလဲ”IMDb – 5.6/10 Netflixကတင်ဆက်ပေးခဲ့တဲ့ရှိုးမှာ အရမ်းပေါက်ခဲ့တဲ့The Great Indian Kapil Showက ကာပီလ်ရဲ့ဟာသဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။ မတော်တဆ အသဲကွဲတမ်းကစားမိတာမဟုတ်ဘဲကံကောင်းလားဆိုးလားဝေခွဲမရဘဲ မိန်းမသုံးယောက်ရသွားရှာသူ။ ဘယ်လိုမှ ငြင်းဆန်မရဘဲ ယူလိုက်ရတဲ့ မိန်းမသုံးယောက်ကိုတစ်နေရာဆီမှာထားရင်း အဆင်ပြေအောင်နေဖို့ကြိုးစားရှင်သန်ဖို့ကြိုးစားခဲ့။ ခက်တာက တစ်နယ်ဆီမှာထားတော့ တစ်ယောက်ကို တစ်ညနှုန်းနဲ့ ကျန်တဲ့နှစ်ညက အလုပ်သွားရမှာဆိုပြီးဆင်ခြေပေးထားတာဆိုတော့ ကျန်တဲ့နှစ်ယောက်က မနက်ခင်းအာဘွားလေးပေးစေချင်တဲ့အတွက်ဆရာသမားတိုင်ပတ်ပါလေရော။ ဒီမှာ သူငယ်ချင်းဖြစ်သူရှေ့နေရဲ့ အကြံဉာဏ်အတိုင်း သုံးယောက်လုံးကိုအဆောက်အဦးတစ်ခုတည်းက မတူညီတဲ့အလွှာတွေမှာတစ်ခန်းစီထားဖို့ စီစဉ်ပါတော့တယ်။ ဒီမှာပဲ ဆရာသမားကြုံတွေရတဲ့ ဒုက္ခသုခတွေကို မပြုံးဘဲ ဝါးလုံးကွဲရယ်ရင်းခံစားကြည့်ရှုရမှာပါ။(စာကြွင်း – မိန်းမမပြောနဲ့ စော်တောင်မရှိတဲ့ ကလေကချေအက်ဖ်အေတွေကြည့်ရှုရန်မသင့်ကြောင်း) (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
...

The Andromeda Strain (1971) ⭐TMDB: 71% User Score 🎬 #Mystery #SciFi #Thriller #ScienceFiction 🗓 1971 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 12 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးကတော့ ၁၉၀၀ခေတ်လောက်တုန်းက ဇီဝလက်နက်ကိုလျို့ဝှက်တီထွင်စမ်းသပ်ရာကနေပိုးကပျံ့နှံ့သွားပြီ ဇီဝကပ်ဆိုက်လုဆဲဆဲ‌အခြေ‌အနေကနေ ဘယ်လိုတွေဖြေရှင်းကြမလဲဆိုတာကြည့်ကြရမှာဖြစ်ပါတယ် ဂျရမီဆိုတဲ့သပ္ပံပညာရှင်တွေနဲ့အဖွဲ့က သူတို့ကိုအရေးပေါ်အခြေနေဖြစ်နေလို့ခေါ်ယူတာခံလိုက်ရပြီးမှ ဇီဝကပ်ဆိုက်တော့မယ်ဆိုတာသိလိုက်ရပါတယ် ဒီလိုနဲ့စုံစမ်းစစ်ဆေးကြည့်တဲ့အခါမှာ အဲဒီဇီဝပိုမွှားက ကမ္ဘာပေါ်ကမဟုတ်ဘဲ အာကသကလာတာဖြစ်ကြောင်းတွေ့လိုက်ရပါတယ် အဲဒီလိုနဲ့အစိုးရကဖုံးဖိထားပြီးတီထွင်နေတဲ့ဇီဝလက်နက်အကြောင်းကိုဘယ်လိုတွေရင်ဆိုင်လိုက်ရမလဲ ကမ္ဘာကြီးကရော ဒီကပ်ဘေးကနေလွတ်မြောက်နိုင်မလားဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်
...

Lohusa (2024) ⭐IMDB: 5.4/10 (2 k Votes) 🎬 #Comedy #Romance 🗓 2024 🎞 movie 🌎 #Turkey ⏰ 1 နာရီ 59 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Postpartum Depression ဆိုတာ ကိုယ်ဝန်ဆောင်မေမေတွေနဲ့ကလေးမွေးဖွားပြီးခါစ မေမေတွေမှာဖြစ်တတ်တဲ့ စိတ်ကျရောဂါလက္ခဏာတွေဖြစ်ပြီးတော့ မေမေတွေအတွက်ခက်ခက်ခဲခဲကျော်ဖြတ်ရတဲ့ stage ပဲဖြစ်ပါတယ်။အခုမိတ်ဆက်ပေးချင်တာကတော့ postpartum အကြောင်းကိုအခြေခံပြီး၊ ကလေးမွေးထားခါစမေမေနှင့် ဖေဖေတို့ ကြုံတွေ့ရတဲ့ပထမ ဆုံးရက် ၄၀အကြောင်းကိုရိုက်ကူးထားတဲ့ Lohusa ဆိုတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ Netflix ကနေထွက်ရှိထားပြီး Rating 5.4 ရရှိထားတဲ့ (comedy/romance) ဇာတ်ကားလေးဖြစ်ပြီး အမျိုးသမီးတွေကြားထဲက အချင်းချင်းကူညီဖေးမမှုအရေးကြီးပုံနဲ့ ကလေးကိုပြုစုရာမှာဖေဖေရဲ့အရေးကြီးပုံကိုလည်း ပြထားတဲ့ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်နေစဥ်နှင့် မွေးပြီးခါစ မှာ postpartum Depression ဖြစ်တာကပုံမှန်ဆိုတာကို မသိတဲ့ဇာတ်ဆောင်ဟာ အရမ်းသန်မာတဲ့မေမေလုပ်ချင်ပြီး တစ်ယောက်တည်းဘယ်သူ့အကူညီမှမယူဘဲ လူမှုရေးတွေရော၊ ကလေးကိစ္စတွေရော လုပ်တာကနေပြဿနာတွေစဖြစ်ပါတော့တယ်။ ဘယ်လိုပြဿနာတွေလဲ သူဘယ်လိုကျော်လွှားမလဲ စတာတွေကိုတစ်ကားလုံးဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားကောင်းလေးမို့တင်ဆက်လိုက်ရပါတယ်။ ကိုကိုတွေမောင်မောင်တွေနဲ့အတူတူကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားလေးဆိုလည်းမမှားပါဘူး။
...

Auschwitz (2011) ⭐IMDB: 3.2/10 (2 k Votes) 🎬 #Drama #Historical #War #History 🗓 2011 🎞 movie 🌎 #Canada #Germany ⏰ 1 နာရီ 11 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီfilm ကတော့ ထုတ်လုပ်သူနဲ့ ဒါရိုက်တာ Uwe Boll ရိုက်ကူးထားတဲ့ နာဇီတွေရဲ့ ကွန်ဆန်ထရေးရှင်းစခန်း ( Concentration camp) အကြောင်းနဲ့ ဂျူးလူမျိုးတွေကို ရက်ရက်စက်စက် အဆိပ်ငွေ့တိုက် သတ်ဖြတ်ခဲ့တဲ့အကြောင်းကို လက်တွေ့ဆန်တဲ့ ရုပ်ပုံတွေနဲ့ အရှိကိုအရှိအတိုင်း ရိုက်ကူးတင်ဆက်ထားတဲ့ German Documentary film တစ်ပုဒ်ပဲဖြစ်ပါတယ်။ နာဇီတွေရဲ့ လူသားချင်းမစာနာ ညှင်းပန်းနှိပ်စက်မှုတွေနဲ့ တကယ်လက်တွေ့ ကွန်ဆန်ထရေးရှင်းစခန်းရဲ့ ခြောက်ခြားစရာ လူမျိုးပြုန်းသတ်ဖြတ်မှုတွေကို ကျောင်းသားတွေကို ဗဟုသုတနဲ့ပညာပေးဖွယ်ဖြစ်အောင် ရိုက်ကူးထားတာမို နာဇီသမိုင်းအကြောင်းစိတ်ဝင်စားပြီး အခြေခံအဆင့်ကစ သိချင်တဲ့သူတွေအတွက် လက်မလွတ်တမ်းကြည့်သင့်တဲ့ Documentary တစ်ပုဒ်ပဲဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

Tiger Robbers (2021) ⭐IMDB: 4.3/10 (116 Votes) 🎬 #Adventure #Comedy #Drama 🗓 2021 🎞 movie 🌎 #China ⏰ 1 နာရီ 46 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tiger robbers တဲ့ ကျားပြန်ပေးဆွဲကြသူများပေါ့…ဒီဇာတ်လမ်းလေးက နည်းနည်းတော့ ရိုးရှင်းတယ် ဒါပေမယ့် နက်နဲတယ် ရှုပ်ထွေးတယ်။အကျဉ်းနည်းနည်းပြောပြရရင် အများနဲ့မတူ တစ်မူထူးနေတဲ့ ဂေါက်သီး ၃ ယောက်ကပေါင်းပြီး ပိုင်ရှင်မဲ့တိရစ္ဆာန်လေးတွေကို ကယ်တင်ပြီး ပိုင်ရှင်ပြန်လာတဲ့အထိစောင့်ပေးတယ်။ ပိုင်ရှင်ပြန်မပေါ်လာရင်လည်း ပိုင်ရှင်လိုက်ရှာပေးတယ်။ ဒီဂေါက်သီး ၃ ယောက်အကြောင်းပြောရမယ်ဆိုရင် မကောင်းတဲ့သူတွေလက်ထဲကဘာမဆို ခဏလေးနဲ့ ခိုးတတ်တဲ့ ခေတ်သစ်ရော်ဘင်ဟုဒ်ရယ်အိုင်းစတိုင်းကို အားကျပြီး ပေါက်ကရတီထွင်နေတဲ့ ဦးထုပ်ဆန်းဆန်းဝတ်တတ်တတဲ့ကိုတီထွင်ကြီးရယ်၊ ယောက်ျားတွေတောင်အရှုံးပေးရလောက်တဲ့အကြည့်တစ်ချက်နဲ့ အလိမ်အညာစကားအကုန် မှန်းနိုင်တဲ့ ကုတုံးဆံပင်ပေါက် မမရယ်ပေါ့။ တစ်နေ့ သူတို့က သူတို့ထက်ပိုဂေါက်တဲ့ သမီးပျောက်ရှာနေတဲ့ အမျိုးသမီးတစ်ယောက်ကိုရှာတွေ့တော့တယ်။ ဇာတ်လမ်းက အဲ့ဒီမှာစတော့တာပဲ။သမီးပျောက်လိုက်ရှာတဲ့အမျိုးသမီးရဲ့ သမီးက လူမဟုတ်ဘဲ ကျားဖြစ်နေတဲ့အခါကြတော့ရဲတိုင်လို့လည်းမရ။ အလွတ်တန်းစုံထောက်တွေအပ်တော့လည်း ငွေလိမ်ပြီးပြေးကြတာပဲ။ ဒီဂေါက်သီး ၃ ယောက်ကတော့ ငွေလည်းလိမ်မပြေးသလို သေချာလည်း ရှာပေးပါတယ်။တစ်ခုပဲ… ဂေါက်သီး ၃ ယောက်ရယ် ဂေါက်သီးမလေးရယ်ပေါင်းပြီးလိုက်ရှာတော့အလွဲလေးတွေရှိတာပေါ့။ ကြားထဲ ကျားသမီးလေးကို ခိုးသွားတဲ့တစ်ဖက်ကလည်းဂေါက်သီးကြီးဆိုတော့ ဇာတ်လမ်းလေးက ရယ်မဆုံးဖြစ်နေပါတော့တယ်စိတ်ပြေလက်ပျောက်ကြည့်ဖို့အတွက်သင့်တော်တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်
...

The Lyricist Wannabe (2023) ⭐IMDB: 6.9/10 (249 Votes) 🎬 #Drama #Music 🗓 2023 🎞 movie 🌎 #China #HongKong #Taiwan ⏰ 1 နာရီ 45 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူတိုင်းမှာ အိပ်မက်ရှိကြပါတယ်။ အိပ်မက်ရှိကြတဲ့ လူတိုင်းကအိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားတတ်ကြပါတယ်။ဒါပေမဲ့ ဒီအိပ်မက်က ကိုယ့်ရဲ့ စိတ်ကူးယဉ်ရုံ သက်သက်ဆိုရင်ရော…… လော်ရင်ရှီးဟာ အလယ်တန်းအရွယ်မှာပဲ သူ့အိပ်မက်လမ်းကြောင်းကိုသေချာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။သီချင်းစာသားဖြည့်သူတစ်ယောက် ဖြစ်ချင်တာတဲ့။အဲဒီအိပ်မက်အတွက် ၁၀ နှစ်ကျော်အချိန်ပေးပြီးတစ်စိုက်မတ်မတ် ကြိုးစားနေခဲ့ပါတယ်။ ဒါပေမဲ့ ကြိုးစားတိုင်း အောင်မြင်မှာမဟုတ်တာ လူ့ဘဝ ဓမ္မတာပဲဖြစ်တဲ့အတွက်လော်ရင်ရှီးဟာလည်း အရှုံးတွေကို ရင်ဆိုင်ရတာ ပုံမှန်လို ဖြစ်နေခဲ့ပါတယ်။သီချင်းစာသားဖြည့်သူဖြစ်ဖို့အတွက် လမ်းကြောင်းပြသူမရှိ၊ဝင်ငွေမရှိဖြစ်နေပြီး ကိုယ်တိုင်က အခမဲ့ရေးပေးမယ်လို့ပြောတာတောင် အထင်သေးခံနေရပါသေးတယ်။နေ့စဉ်နဲ့အမျှ ဒီအိပ်မက်အတွက်ကိုယ့်မှာ ပါရမီ ပါရဲ့လားလို့ သံသယဖြစ်နေခဲ့ရပါတယ်။ ဆယ်နှစ်တာ အချိန်အတွင်း လော်ရင်ရှီးတစ်ယောက်သူ့အိပ်မက်အတွက် ဘယ်လို ကြိုးစားမှုတွေ လုပ်ခဲ့သလဲ……အကြိမ်ကြိမ်ကြိုးစား အကြိမ်ကြိမ်ရှုံးနိမ့်ရတဲ့ ဘဝမှာဘာအတွက်ကြောင့် သူ့အိပ်မက်တွေအတွက် တောင့်ခံထားနိုင်ရတာလဲ……ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုလိုက်ရအောင်နော်။
...

Mentalese Express (2023) ⭐IMDB: 7.8/10 (17 Votes) 🎬 #Comedy #Romance #Short 🗓 2023 🎞 movie 🌎 #China #Taiwan ⏰ 19 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ထိုင်ဝမ်ကားလေးတွေကြိုက်နှစ်သက်တဲ့သူတွေအတွက်အခု တင်ဆက်ပေးမှာကတော့ Mentalse Express လို့ခေါ်တဲ့Comedy , Romance ဇာတ်လမ်းတိုလေးပဲဖြစ်ပါတယ်2024 ခုနှစ်မှာထွက်ရှိထားပြီး မင်းသားအနေနဲ့. Mizukami Koshiမင်းသမီးအနေနဲ့ Joanne Missingham တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းလေးက ဇာတ်လမ်းတိုလေးဖြစ်လို့ အညွှန်းရေးရင် အကုန်ပါသွားမှာစိုးပါတယ် ။ဇာတ်လမ်းလေးကို လိုတိုရှင်းပြောရရင် ဓာတ်လှေကားထဲမှာအမြဲလိုလို ဆုံဖြစ်နေတဲ့ ထိုင်ဝမ်ကိုပြောင်းလာတဲ့ဂျပန်နိုင်ငံသားကောင်လေးနဲ့ တရုတ်မလေးတို့ရဲ့ ဇာတ်လမ်းလေးပါပဲ ။နှစ်ယောက်သား အမြဲလိုလိုတွေ့နေတော့ တစ်ယောက်ကကံကြမ္မာလို့ထင်နေပေမဲ့ နောက်တစ်ယောက်က stalkerနောက်ကလိုက်နေတဲ့ ဆိုက်ကိုလို့ထင်သွားတဲ့အချိန်မှာဖြစ်လာတဲ့အလွဲလေးတွေကို ကြည့်ရှူရမှာပါ
...

Silk (2007) ⭐TMDB: 58% User Score 🎬 #Drama #Romance 🗓 2007 🎞 movie 🌎 #Canada #Italy #Japan ⏰ 1 နာရီ 48 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၁၉ ရာစုက ပြင်သစ်နိုင်ငံရဲ့ ပိုးထည်မှောင်ခိုသမားတဦးဖြစ်တဲ့ Hervé Joncour အီဂျစ်နိုင်ငံကို ခရီးထွက်ပြီး နောက်ပိုင်းမှာတော့ အရည်အသွေးမြင့်တဲ့ ပိုးဥများရရှိဖို့အတွက် ဂျပန်နိုင်ငံကိုသွားပြီး အရောင်းအဝယ်လုပ်ခဲ့ပါတယ်။ သူ့ရဲ့ခရီးတွေက မိုင်ထောင်ပေါင်းများစွာ ဖြတ်ကျော်ပြီး ဂျပန်နိုင်ငံကို သွားခဲ့ရတာဖြစ်ပါတယ်။ သူဟာ ဂျပန်နိုင်ငံထဲရောက်ရှိနေစဉ်မှာ လျှို့ဝှက်ဆန်းကြယ်ပြီး အမည်မဖော်လိုတဲ့ ဘုရင့်ကိုယ်လုပ်တော်တယောက်ကို အစွဲအလမ်း ကြီးစွဲလမ်းလာခဲ့ပါတယ်။ တဖက်မှာလည်း ပြင်သစ်နိုင်ငံထဲမှာ သူ့အပေါ်နားလည်မှုအပြည့်ရှိတဲ့၊ သူချစ်တဲ့အမျိုးသမီးနဲ့ လက်ထပ်ယူထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ပိုးထည်ဖန်တီးမှုအနုပညာ၊ ချစ်ခြင်းမေတ္တာ စွဲလမ်းမှုသံယောဇဉ်နဲ့ ဇာတိမြေနဲ့ ဝေးကွာတဲ့အရပ်ဆီကဆွဲဆောင်မှု တွေအကြောင်းကို ကဗျာတပုဒ်လို လှပစွာရိုက်ကူးတင်ဆက် ထားတာဖြစ်ပါတယ်။
...

Daddio (2023) ⭐IMDB: 6.7/10 (3 k Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #UnitedStates #Luxembourg #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fifty Shades of Grey မင်းသမီး Dakota Johnson ပါဝင်ထုတ်လုပ်ထားပြီး ကိုယ်တိုင်လည်းသရုပ်ဆောင်ထားတဲ့ Daddio ရုပ်ရှင်မှာ ခရီးတစ်ခုထွက်ရာကနေအိမ်ပြန်လာတဲ့ အမျိုးသမီးလေးနဲ့ ကားသမားတို့ရဲ့ တက္ကစီပေါ်မှာ အပြန်အလှန် ရင်ဖွင့်ဖြစ်ကြပုံတွေကို တစ်ကားလုံးကြည့်ရှု့ရမှာဖြစ်ပါတယ်။ မင်းသမီး Dakota Johnson နဲ့မင်းသားကြီး Sean Penn တို့ နှစ်ဦးတည်းသာ ပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်မှာ လူနှစ်ဦးရဲ့ အပြန်အလှန်စကားပြောတွေကတစ်ဆင့် အဲဒီလူနှစ်ဦးရဲ့ လျှို့ဝှက်ချက်တွေနဲ့ ဘဝတွေကို တစ်ရစ်ပြီးတစ်ရစ်ဖော်ထုတ်သွား တာကို စိတ်ဝင်စားဖွယ်ရာကြည့်ရှု့ရမှာဖြစ်ပါတယ်။ အဖေလို့အဓိပ္ပါယ်ရတဲ့ဇာတ်ကားနာမည်အတိုင်း ဖခင်တစ်ယောက်က သမီးတစ်ယောက်ကိုဆုံးမနေတဲ့၊ နှစ်သိမ့်နေတဲ့၊ အားပေးနေတဲ့ နွေးထွေးမှုမျိုးကိုလည်း ခံစားမိစေနိုင်မှာပါ။
...

Despicable Me 4 (2024) ⭐IMDB: 6.2/10 (26 k Votes) 🎬 #Adventure #Animation #Comedy #Family #Action #Crime #SciFi 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Despicable Me 4 (2024) IMDb Rating (6.3) / Rotten Tomatoes (56%) နာမည်ကျော် ကာတွန်းရုပ်ရှင်တွဲတွေ ဖြစ်တဲ့ Despicable Me လေးကားမြောက်လာပါပြီ။ရှေ့ကထွက်ခဲ့တဲ့ ၃ ကားနဲ့ Minions ၂ ကား ကိုလည်း Channel Myanmar Web နဲ့ App မှာ ကြည့်ရှုနိုင်ပါတယ်။ Despicable Me 1Despicable Me 2Despicable Me 3Minions : The rise of Gru 2022Minions 2015 တို့ပြီးရင် အခုရုပ်ရှင်လာပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့… ဗီလိန်တိုက်ဖျက်ရေးအဖွဲ့ရဲ့အေးဂျင့် ဖြစ်လာတဲ့ ဂရု ဟာ ကျောင်းသားဟောင်းတွေ့ဆုံပွဲမှာ သူ့ရဲ့ပြိုင်ဘက်ဟောင်း ဗီလိန် မက်ဆင်းကို ဖမ်းပေးလိုက်ပါတယ်။ဒါပေမဲ့ မက်ဆင်းက ထောင်ကနေ ဖောက်သွားပြီး ဂရုကိုလက်စားချေဖို့ ကြိုးစားလာတဲ့အတွက်ဗီလိန်တိုက်ဖျက်ရေးအဖွဲ့က ဂရုတို့ မိသားစုကို နာမည်ဝှက်နဲ့ မြို့လေးတစ်မြို့မှာ သွား ခြေရာဖျောက်ခိုင်းထားလိုက်ပါတယ်။အဲဒီမြို့မှာ သာမန်မိသားစုလို နေဖို့ကြိုးစားရင်း တလွဲတွေ ဖြစ်ပုံတွေ၊ မက်ဆင်းနဲ့ တိုက်ခိုက်ရပုံတွေကို မြင်ရမှာပါ။ ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါး မီနီယံတွေရဲ့ ဟာသတွေ ဂရုရဲ့တလွဲတွေနဲ့ ကြည့်ရမှာမို့ လူကြီးရောကလေးရော မိသားစုလိုက်ရော ကြည့်ဖို့အဆင်ပြေတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်
...

The Last Victim (2021) ⭐IMDB: 5.0/10 (1 k Votes) 🎬 #Action #Adventure #Crime #Thriller #Western #Mystery 🗓 2021 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဝေးလံခေါင်သီတဲ့ နယ်မြိုလေးတစ်မြိုမှာ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန်နေတဲ့ ၀ရမ်းပြေး အဖွဲတစ်ဖွဲနဲ့ ခရီးထွက်လာတဲ့ ပရော်ဖက်ဆာ လင်မယားတို မထင်မှတ်ဘဲ တွေ့ဆုံသွားတဲ့အခါမှာ ဘာတွေ ဖြစ်ကြမလဲ။ လူတွေ ဘယ်လို သတ်ဖြတ်ခံရမလဲ။ အသက်ရှင်ခြင်းဟာ တစ်ခုတည်းသော ရွေးချယ်စရာဖြစ်လာတဲ့အခါ ကိုယ်ကျင့် တရားတွေ ဘယ်လို မှေးမှိန်သွားရသလဲ။ ဒါတွေကို ဒီဇာတ်ကားထဲမှာ ရင်တဖိုဖိုနဲ့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ IMDB rating ကလည်း 5 ရထားတာဆိုတော့ သည်းထိတ်ရင်ဖိုတွေ ကြိုက်တဲ့သူ‌တွေ အတွက်ကတော့ ဇာတ်ကားက ကြည့်ကို ကြည့်ရမယ့် ကားတစ်ကားပါပဲ။
...

Jobs (2013) ⭐IMDB: 6.0/10 (104 k Votes) 🎬 #Biography #Documentary #Drama #History 🗓 2013 🎞 movie 🌎 #UnitedStates #Switzerland #UnitedStatesofAmerica ⏰ 2 နာရီ 8 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Director: Joshua Michael Stern ရိုက်ကူးတင်ဆက်ထားပြီး August 15, 2013 မှာ ရုံတင်ခဲ့တဲ့ Apple ရဲ့ ဖခင်ကြီး Steve Jobs ရဲ့ ကိုယ်ရေး အတ္တူပတိ ရုပ်ရှင် ဇတ်လမ်းဖြစ်ပါတယ်… Jobs ဟာ ဒီလိုအောင်မြင်ဖို့ အတွက် Mac Os အသုံးပြုတဲ့ Apple Computer ကို စတင်တီထွင် ဖို့ အသုံးပြုခဲ့တာ စက်ရုံတစ်ခု မဟုတ်ပဲ ကားဂိုဒေါင် ကျဉ်းကျဉ်းလေးမှာ စတင်ခဲ့တာပါ ရှုံးနိမ့်မှုတွေ လဲ အကြိမ်ကြိမ် ဖြစ်ခဲ့ပါတယ် Apple Co.Ltd ကို သူများကို ပေးလိုက်ရပြီး Founder အဖြစ်ကနေ ရာထူးကျပြီး ထွက်ခဲ့ရပါသေးတယ်… ဒါပေမယ့် ရှုံးနိမ့်လဲ လဲမကျတဲ့ စိတ်ဓါတ်တွေနဲ့ ဆန်းသစ်တဲ့ အတွေးအခေါ်တွေနဲ့ အကောင်းဆုံးဆိုတာကိုသာ ပေးချင်တဲ့ စိတ်တွေကြောင်း ယခု Jobs မရှိတော့ပေမယ့် Apple ကို ချစ်တဲ့ သူတွေနဲ့ အောင်မြင်မှု သရဖူဆောင်းနေလျက်ပါပဲ… ဒီရုပ်ရှင်က Jobs ရဲ့ အကြောင်းကို ခရေစေ့တွင်းကျ ပြောမပြနိုင်ပေမယ့် တစ်စေ့တစ်စောင်းတော့ သိလာမှာပါလို့ မှတ်ချက်ပြုရင်း
...

Akele Hum Akele Tum (1995) ⭐TMDB: 65% User Score 🎬 #Drama #Romance 🗓 1995 🎞 movie 🌎 #India ⏰ 2 နာရီ 34 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Akele Hum Akele Tum(1995) (I Am Alone, You Are Alone)Genre: Romance/Drama/Family ကျွန်တော်ဒီရုပ်ရှင်ရဲ့ Rating ကိုထည့်မရေးတော့ပါဘူး။ ဘာလို့လဲဆိုတော့ ဒီရုပ်ရှင်က Rating နဲ့ဘယ်လိုမှကို မလိုက်ဖက်လောက်အောင် ကောင်းလွန်းလို့ပါ။ ကျွန်တော်ကိုယ်တိုင်လည်း ဘာသာပြန်ရင်းနဲ့မျက်ရည်ပါကျတဲ့အထိဖြစ်ခဲ့ရပါတယ်။ အိမ်နဲ့ဝေးနေရတဲ့ခံစားချက်၊ ငယ်ဘဝကိုသတိရတဲ့ခံစားချက်၊ မပြည့်စုံတဲ့ဘဝမှာနေရတဲ့ခံစားချက်၊ အဖေတစ်ယောက်ရဲ့ မေတ္တာတွေကို နှလုံးခိုက်လောက်အောင်ပြသွားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့အချစ်တော် မင်းသား Aamir Khan ရဲ့သရုပ်ဆောင်ချက်တွေကလည်း အပြစ်ပြောစရာမရှိလောက်အောင်ကိုကောင်းလှပါတယ်။ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါလို့ တိုက်တွန်းချင်ပါတယ်။ ——— ဇာတ်ညွှန်း =======ရိုဟစ်ကူမာဆိုတာကတော့ စားသောက်ဆိုင်တစ်ဆိုင်မှာ သီချင်းဆိုနေတဲ့ လူလတ်ပိုင်းတက်သစ်စ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ သူ့ကိုယ်သူတော့ တစ်နေ့မှာအောင်မြင်မှုအကြီးကြီးရနိုင်မယ့် လူတစ်ယောက်လို့လည်းခံယူထားပါတယ်။ ဒါပေမယ့် စီးပွားရေးအခြေအနေက အဆင်ပြေတော့ အကြွေးတွေပတ်လည်ဝိုင်းရင်း ဘဝကိုဖြတ်သန်းနေရပါတယ်။ ဒါပေမယ့်လည်း ရိုဟစ်က တစ်ယောက်တည်းသမားဆိုတော့ သိပ်ပြီးလည်းအပူအပင်မရှိခဲ့ပါဘူး။ ကီရန်ဆိုတာကတော့ ပိုက်ဆံရှိမိသားစုတစ်ခုကပေါက်ဖွားလာခဲ့တဲ့ ခေတ်လူငယ်ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ သူ(မ) အိမ်က ဂန္တဝင်သီချင်းတွေဆိုခိုင်းပေမယ့် ကီရန်က ခေတ်သီချင်းတွေပဲဆိုချင်ခဲ့ပါတယ်။ ဒီလိုနဲ့ ဆိုနူနဲ့နှစ်ယောက်ပေါင်းဖက်ခဲ့ပါတယ်။ အိမ်ကတားနေလျက်ကြားထဲကနေ ကီရန်တစ်ယောက် ရိုဟစ်နောက်ကိုကောက်ကောက်ပါအောင်လိုက်သွားခဲ့ပါတယ်။ အိမ်ထောင်ရေးရဲ့အသီးအပွင့်ဖြစ်တဲ့ ဆိုနူဆိုတဲ့သားလေးတစ်ယောက်ကိုလည်းမွေးခဲ့ပါတယ်။ ပိုက်ဆံမရှိတဲ့ယောကျ်ားတစ်ယောက်ရဲ့ပြဿနာက မိသားစုကိုအချိန်အရမ်းပေးရင် အလုပ်မှာလစ်ဟင်းမယ်။ အလုပ်ကိုအရမ်းဦးစားပေးပြန်ရင်လည်း မိသားစုက မျက်နှာကွက်မယ်။ ဒီလိုနဲ့နှစ်ယောက်အိမ်ထောင်ရေးကခွာပြဲခဲ့ပြီး ဆိုနူလေးကို ရိုဟစ်တစ်ယောာက်တည်း ထိန်းဖို့ဖြစ်လာခဲ့ပါတယ်။ ကျန်တာတွေကတော့ဆက်ပြီးခံစားကြည့်လိုက်ကြပါ။ ဒီကားကမျက်ရည်ပိုးပိုးပေါက်ပေါက်ကျရမယ့် အချစ်ကားမျိုးမဟုတ်ပဲ ရင်ထဲကလှိုက်ပြီးခံစားရမယ့် ဖခင်မေတ္တာကိုဖော်ကြူးထားတဲ့ကားဖြစ်ပါတယ်။ ရိုဟစ်ကူမာ အဖြစ်မင်းသား Aamir Khan ကီရန်အဖြစ် မင်းသမီး Manisha Koiralaတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။
...

Ghostlight (2024) ⭐IMDB: 7.7/10 (1 k Votes) 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 55 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးကတော့ ၂၀၂၄ မှ ထွက်ရှိထားတာဖြစ်ပြီးတော့ IMDb rating 7.8 အထိ ရရှိထားတဲ့Family Drama အမျိုးအစားဇာတ်ကားပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း- ဒန်ဟာ ဆောက်လုပ်ရေးအလုပ်သမားတစ်ယောက်ဖြစ်ပြီး သူ့ဇနီးနဲ့ အနုပညာဝါသနာပါတဲ့ သမီးလေး ဒေစီနဲ့အတူ နေထိုင်တယ်။ ဒန် တို့ မိသားစုက အတိတ်က ဖြစ်ရပ်တွေကြောင့် စိတ်ဒဏ်ရာကိုယ်စီ ရှိနေခဲ့တာဖြစ်ပြီး မိသားစုအတွင်းမှာလည်း ထုတ်မပြောနိုင်ခဲ့ကြတဲ့ စိတ်ဒဏ်ရာတွေရှိနေကြတယ်။ တစ်နေ့မှာတော့ ဒန်က မမျှော်လင့်ထားပဲ ပြဇာတ်အဖွဲ့တစ်ခုနဲ့ ပူးပေါင်းမိသွားတယ်။ ပြဇာတ်အဖွဲ့က ရိုမီယိုနဲ့ဂျူးလိယက် ပြဇာတ်အတွက် လေ့ကျင့်နေကြတာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ မိသားစုအတွင်း ဆက်ဆံရေး၊ ချစ်ခြင်းမေတ္တာနဲ့ စိတ်ဒဏ်ရာတွေကြောင့် ထိခိုက်ရပုံတွေကို ဇာတ်လမ်းသွား အေးအေးလေးနဲ့ဖော်ပြထားတာဖြစ်ပြီး ဒန်တို့ မိသားစု ကြုံတွေ့နေရတဲ့ မိသားစုပြဿနာတွေအကြောင်း တင်ဆက် ထားတာဖြစ်ပါတယ်။ Family Drama ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာမို့ အတူတူကြည့်ရှုလိုက်ကြရအောင်ခင်ဗျာ။
...

Notes on a Summer (2023) ⭐IMDB: 5.5/10 (145 Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #Spain ⏰ 1 နာရီ 24 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မာတာဆိုတဲ့ ကောင်မလေးတစ်ယောက်က ကောင်လေးဖြစ်သူနဲ့ မက်ဒရစ်မှာ အတူနေပြီ ပိတ်ရက်မှာ မိသားစုရှိတဲ့ ဂီဂျွန်မြို့လေးကိုပြန်တဲ့အချိန် သူကြုံတွေ့ရတဲ့ အတွေ့အကြုံတွေ၊ အဆက်ဟောင်းနဲ့ ပြန်တွေ့ပုံတွေ အကြောင်းကို Drama ဆန်ဆန်ရိုက်ကူးထားတဲ့ ရုပ်ရှင်လေးပါ တကယ်ကို ဇာတ်လမ်းက ဒါပါပဲ ဒါပေမဲ့ တကယ့်ကိုအမှန်တကယ်လောကကြီးထဲ ဖြစ်ပျက်နေတာကို ရိုက်ပြထားတာမို့ အတော်လေး လက်တွေ့ဆန်ပါတယ် တချို့အခန်းတွေမှာတော့ ၁၈ ယောက်စုကြည့်ရတဲ့ အပိုင်းတွေပါလို့ မိသားစုနဲ့ အတူကြည့်ဖို့ မသင့်တော်ဘူးလို့ သတိပေးပါရစေ
...

You Should Have Left (2020) ⭐IMDB: 5.4/10 (27 k Votes) 🎬 #Horror #Mystery #Thriller 🗓 2020 🎞 movie 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီနှစ်ထဲ Horror ကား ကောင်းကောင်း မျှော်နေခဲ့တာ ဒီကားလေးလဲ မဆိုးဘူး ပြောရမယ် IMdb တော့ 5 လောက်ပဲ ရတယ် Dear John ထဲက မင်းသမီး Amanda Seyfried နဲ့ Hollow Man လိုနေရာ ကောင်းကောင်း သရုပ်ဆောင်နိုင်တဲ့ မင်းသားကြီး Kevin Bacon တို့ ပါဝင် သရုပ်ဆောင်ထားတယ် ဇတ်လမ်း ပုံစံ ကတော့ သီအို ဆိုတဲ့ ပိုက်ဆံချမ်းသာတဲ့ ဘဲကြီးက ဆူဆန် ဆိုတဲ့ ငယ်ငယ်ချောချော မင်းသမီး တစ်ယောက်ကို ယူထားတယ် သူတို့မှာ အယ်လာ ဆိုတဲ့ သမီးလေး တစ်ယောက်လဲ ရှိတယ် တစ်ရက်မှာတော့ မြို့ပြနဲ့ ဝေးတဲ့ အိမ်ကြီးတစ်ခုကို ဝယ်ပြီး မိသားစု ခရီးထွက်လာခဲ့တယ် အတော်လေး စိတ်ငြိမ်တဲ့နေရာ အိမ်ကြီးကလဲ လှပပြီး ပြည့်စုံလွန်းတယ်ပေါ့ ဒါပေမဲ့ သီအိုကတော့ အိပ်မက်ဆိုးတွေ ဆက်တိုက် မက်နေခဲ့သလို အိမ်ထဲမှာလဲ တစ်ခါတစ်ရံ အရိပ်တွေက ပြေးနေတက်တယ် ပိုထူးဆန်းတာက အဲ့ဒီအိမ်ပိုင်ရှင်ကို တစ်ခါမှ မမြင်ဖူးလိုက်ပဲ အီးမေးလ်ကနေ အဆက်အသွယ်လုပ်ပြီး အေးဂျင့်တွေကနေ တဆင့် ငွေချေ ဆောင်ရွတ်ခဲ့ကြတာပါပဲ အိမ်က ကြီးလေလေ ခြောက်ခြားစရာ ဖြစ်လေလေ ဇတ်ကား တစ်ခုလုံးက ပြီးပြည့်စုံတယ် ပြောမရ ပေမဲ့ ကြည့်မယ်ဆို ကြည့်ပျော် ကြောက်ပျော်ပါတယ်
...

Into the Storm (2014) ⭐IMDB: 5.8/10 (72 k Votes) 🎬 #Action #Thriller #Adventure #Drama 🗓 2014 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အိုကလာဟိုးမားပြည်နယ်မြို့တစ်ခုအတွင်းရှိ အထက်တန်းကျောင်းတစ်ခုရဲ့ စင်မြင့်ထက်မှာ ကျောင်းအုပ်ကြီးက ကျောင်းဆင်းပွဲမိန့်ခွန်း ပြောနေပါတယ်။ မိန့်ခွန်းမဆုံးခင်မှာ မိုးလေးတွေတဖွဲဖွဲရွာလာတဲ့အတွက် ဘွဲ့ဝတ်စုံဆင်မြန်းထားတဲ့ ကလေးတွေ ထီးတွေ အမြန်ဖွင့်လိုက်ကြပါတယ်။ တဖြည်းဖြည်းသည်းလာတဲ့မိုးကြောင့် ကျောင်းအုပ်ကြီးလည်း မိန့်ခွန်းအမြန်လက်စသတ်လိုက်တယ်ဆိုရင်ပဲ ဘွဲ့ဦးထုပ်တွေလေပေါ်ပစ်မြှောက်လိုက်တာနဲ့အတူ မုန်တိုင်း အရေးပေါ်အချက်ပေး ဥသြသံက ဆူညံစွာထွက်ပေါ်လာတယ်။ ဒုကျောင်းအုပ် ဂယ်ရီဖူလ်လာ (Gary Fuller) နဲ့ အုပ်ချုပ်သူတွေက ကလေးတွေကို အဆောက်အအုံထဲ အမြန်ပြေးဝင်ဖို့ အော်ဟစ်နေကြတယ်။ ကျောင်းထဲရောက်တာနဲ့ ကလေးတွေကို နံရံတဖက်တစ်ချက်စီမှာ ဝပ်နေကြဖို့ညွန်ကြားနေတုန်း သစ်ပင်ကြီးတစ်ပင် ကျောင်းမှန်တံခါးကိုခွဲပြီး ဝုန်းဆို ဝင်လာပါတယ်။ ကျောင်းထဲက ပစ္စည်းတွေ စာရွက်တွေလည်း အရှိန်ပြင်းလွန်းတဲ့လေကြောင့် တံခါးဆီလွင့်ကုန်တယ်။ အကာအကွယ်ယူပြီး ဝပ်နေကြဖို့ ဂယ်ရီ အတင်းအော်ပြီးသတိပေးပေမယ့် နောက်ကျသွားခဲ့ပြီး ကျောင်းရဲ့ခေါင်းမိုးတွေပြိုကျကာ ကျောင်းသားတွေလည်းလေပြင်းနဲ့အတူ တံခါးဝဆီတရွတ်တိုက်ပါသွားကြသည်။ မုန်တိုင်းစဲသွားလို့ ဂယ်ရီ ကျောင်းအပြင်ကိုထွက်ကြည့်လိုက်တဲ့အခါမှာတော့ ပတ်ဝန်းကျင်တစ်ခုလုံး ကမ္ဘာပျက်သည့်အလား အပျက်အဆီးများဖြင့်သာပြည့်နှက်နေတာကို တွေ့လိုက်ရသည်။ တချိန်ထဲမှာပဲ မုန်တိုင်းမှတ်တမ်းတင်တဲ့အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ပိ(ထ်) (Pete) နဲ့ အယ်(လ)ဆင် (Allison) တို့ခေါင်းဆောင်တဲ့အဖွဲ့ကလည်း မိုးလေဝသ သတင်းတွေကတဆင့်ခြေရာခံကာ တော်နေးတိုး (tornado) မုန်တိုင်းတိုက်ခတ်မယ်လို့ ခန့်မှန်းရတဲ့ အဲ့ဒီမြို့ကိုရောက်နေကြပါတယ်။ သူတို့အဖွဲ့နဲ့အတူ အပြင်းဆုံးမုန်တိုင်းတစ်ခုအတွင်းမှာတောင် မုန်တိုင်းမျက်စိကို အမိအရမှတ်တမ်းတင်ဖို့ သေချာတည်ဆောက်ထားတဲ့ တိုက်တပ်(စ်) (Titus) လို့ခေါ်တဲ့ သံချပ်ကာယဉ်တစ်စီးလဲပါလာပါတယ်။ မုန်တိုင်းရှိရမယ်လို့ သေချာတဲ့တွက်ကိန်းနဲ့ရောက်နေကြတဲ့ ပိ(ထ်)နဲ့အဖွဲ့က ကွန်ပျူတာမှာ လေပြင်း မုန်တိုင်းအချက်ပြနေရာကနေ မိုးကြိုးမုန်တိုင်းငယ်အဖြစ် ပြောင်းသွားတဲ့အတွက် စိတ်ညစ်နေရာ သူတို့တည်းခိုရာ ဟိုတယ်ခေါင်မိုးပေါ်ကို လက်သီးဆုပ်ခန့်ရှိတဲ့မိုးသီးတွေ ကြွေကျလာပါတော့တယ်။ အဲ့ဒီနောက်မှာတော့ သူတို့စောင့်စားနေတဲ့ တော်နေဒိုး မုန်တိုင်းကိုလည်းမျက်ဝါးထင်ထင်တွေ့မြင်ရပါတော့တယ်။ တိုက်တပ်(စ်)ကို သေချာခြေကုတ်ယူကာ မုန်တိုင်းဗဟိုကိုမှတ်တမ်းတင်ဖို့ စောင့်ဆိုင်းနေပေမယ့် မုန်တိုင်းက လမ်းကြောင်းသွေဖယ်ကာ မြို့ရဲ့ အထက်တန်းကျောင်းတည်ရှိရာကို ဦးတည်သွားပါတော့တယ်။ မုန်တိုင်းကြီးတိုက်ခတ်နေစဉ်အတွင်း သူတို့အတွက် ပုန်းခိုရာ နေရာရှာတွေ့ပါ့မလား။ မြို့သူမြို့သားတွေအပါအဝင် ဂယ်ရီ တို့သားအဖသုံးယောက်နဲ့ အယ်(လ)ဆင်တို့အားလုံး အသက်ရှင်နိုင်ပါ့မလား။ မုန်တိုင်းဗဟိုကို မှတ်တမ်းတင်ရိုက်ကူးဖို့ တိုက်တပ်(စ်)ကို ၁၀နှစ်ကျော်ကြာအောင် တည်ဆောက်ရင်း စောင့်နေခဲ့ရတဲ့ ပိ(ထ်)ကရော သူ့ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ပါ့မလား စတဲ့ စတဲ့ ဇာတ်သိမ်းခန်းကိုတော့ စာဖတ်သူကိုယ်တိုင် ခံစားကြည့်ရှုနိုင်ဖို့ ချန်ထားလိုက်ပါတယ်။ အထူးပြုလုပ်ချက်တွေနဲ့ မွမ်းမံကာ ယုတ္တိမဲ့အောင်ရိုက်ကူးထားသည်ဟု မည်သို့ပင်ဆိုစေ လူသားတွေ တကယ်ကြုံတွေ့ခံစားရသည့် သဘာဝဘေးအန္တရယ် အကြောင်းရိုက်ကူးထားသောကြောင့် အချို့ဇာတ်ဝင်ခန်းတွေမှာ အသက်ပင်မရှုရဲလောက်အောင်ထိတ်လန့်တဲ့ ခံစားချက်မျိုးပေးစွမ်းနိုင်တဲ့ရုပ်ရှင်ပါပဲ။ ဥပမာ- မုန်တိုင်းလေပွေက အတင်းစုပ်ယူနေတဲ့ ကားရဲ့တံခါးကိုအတင်းဖက်တွယ်ကာ လေပွေထဲပါလုဆဲဆဲ ဖြစ်နေတဲ့ အယ်(လ)ဆင်ကို ဂယ်ရီကအတင်းပြန်ဆွဲယူတဲ့အခန်း (မုန်တိုင်းထဲပါခါနီးမှာ မုန်တိုင်းကချက်ချင်းရပ်သွားတဲ့အတွက် နှစ်ယောက်လုံး မြေကြီးပေါ်ပြုတ်ကျကာ သီသီလေးလွတ်သွားတာကိုရှုစားရမှာပါ)၊ မီးလောင်နေတဲ့ ဓါတ်ဆီဘောက်ဆာကားကြီးကို စုပ်ယူသွားတဲ့ လေပွေကြီးက မီးလေပွေကြီးဖြစ်သွားပြီး ကင်မရာမန်းကို မုန်တိုင်းဝဲကတော့ထဲ စုပ်ယူသွားတဲ့ဇာတ်ဝင်ခန်း၊ အပြင်းထန်ဆုံးတိုက်ခတ်ပြီး မုန်တိုင်းကြီးငြိမ်သွားတဲ့အခါ အယ်(လ)ဆင်က မုန်တိုင်းပြီးသွားပြီလားလို့မေးတော့ ပိ(ထ်)က ဟင့်အင်း၊ အခုက မုန်တိုင်းဗဟိုချက်ကိုရောက်သွားလို့ ခဏငြိမ်သွားတာ၊ အဆိုးဆုံးအဆင့်က မရောက်သေးဖူးလို့ပြန်ဖြေတဲ့စကားအဆုံး ကြားလိုက်ရတဲ့ မုန်တိုင်းတိုက်သံနဲ့အတူ ကြောက်မက်ဖွယ် မုန်တိုင်းမြင်ကွင်း၊ မုန်တိုင်းထဲ ရဲရဲကြီးတိုးဝင်သွားတဲ့ ပိ(ထ်) နဲ့ သူ့ရဲ့ တိုက်တပ်(စ်)ယာဉ်ရဲ့ ဇာတ်သိမ်းခန်း စတဲ့ဇာတ်ဝင်ခန်းတွေကြောင့် ရင်သပ်ရှုမောဖွယ် ရသကိုခံစားရမှာပါ။ (ဇာတ်ကားထဲမှာ ကိုယ်ချင်းမစာနိုင်တဲ့ ဇာတ်ဝင်ခန်းတွေကတော့ မုန်တိုင်းဒီလောက်ပြ...

Scarborn (2023) ⭐IMDB: 7.2/10 (881 Votes) 🎬 #Drama #History 🗓 2023 🎞 movie 🌎 #Poland #Sweden #Germany ⏰ 40 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အရင်ခေတ်စစ်ကားတွေကို နာဇီတွေဂျာမနီတွေပဲ ကြည့်ရတာ ပျင်းလာပြီဆိုတဲ့ သူတွေအတွက် ပိုလန်အမေရိကန်တော်လှန်ရေး စစ်ပွဲကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်သမိုင်းဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Scarborn ဖြစ်ပြီး IMDb Rating 7.2 အထိ ရရှိထားပါတယ်။ဒီဇာတ်ကားမှာအရေးအကြီးဆုံးသူကတော့ Kosciuszko ဆိုတဲ့ ပိုလန်ဗိုလ်ချုပ်ကြီးတစ်ယောက်ပဲဖြစ်ပါတယ်။ သူက သူ့အမိမြေဖြစ်တဲ့ ပိုလန်နိုင်ငံလွတ်လပ်ရေးရဖို့အတွက် အမေရိကန်တော်လှန်ရေးစစ်ပွဲမှာ ဦးဆောင်ပြီး ရှရှားတွေကို တိုက်ထုတ်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ ဒီအဖြစ်အပျက်တွေက ၁၇၉၄ ခုနှစ်မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်မှာကျွန်တွေ လယ်သမားတွေကို မြေရှင်ကြီးတွေ မျိုးရိုးမြင့်သူတွေက နိုင်ထက်စီးနင်း ပြုပုံတွေကိုမြင်ရမှာဖြစ် ပါတယ်။ အဲ့ဒါကြောင့် မျိုးရိုးနိမ့်ဆင်းရဲသားတွေကလည်းဗိုလ်ချုပ်ကြီး Kosciuszko ရဲ့တော်လှန်ရေးမှာပါဝင်ခဲ့ကြတာလည်း မဆန်းပါဘူး။ ရှရှားတွေဘက်ကနေလည်း ဗိုလ်ချုပ်ကြီးကိုဖမ်းဆီးဖို့ အပြင်း အထန်အသည်းအသန်တွေလိုက်ရှာကြပုံတွေကိုလည်း တွေ့ရမှာပါ။ ဒီလိုနဲ့အဖိနှိပ်ခံဆင်းရဲသားတွေရဲ့ဘ၀ ကျူးကျော်သူတွေရဲ့ရက်စက် ကြမ်းတမ်းပုံတွေနဲ့ ကိုယ့်နိုင်ငံလွတ်လပ်ရေးရဖို့ရရာလက်နက်အင်အားနဲ့ နည်းဗျူဟာကျကျပြန်လည် တော်လှန်တဲ့ဗိုလ်ချုပ်ကြီးတို့ရဲ့တော်လှန် တိုက်ပွဲတွေကို စုံစုံလင်လင်စိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
...