ru
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Breaking the Ice (2023) ⭐TMDB: 70% User Score 🎬 #Drama #Romance #Sport 🗓 2023 🎞 movie 🌎 #Austria ⏰ 1 နာရီ 37 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Breaking the Ice (2023) IMDb Rating (6.0) ရေခဲပြင်အားကစားနဲ့ပတ်သက်တဲ့ LGBT ဒရမ်မာ ဇာတ်ကားကောင်းတစ်ကားလာပါပြီ။ သြစတြီးယားဒါရိုက်တာ ကလာရာ စတာန် (Clara Stern) ရဲ့ ပထမဆုံး ရုပ်ရှင်ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Tribeca ရုပ်ရှင်ပွဲတော်မှာလည်း ပြသခဲ့ပြီး အကောင်းဆုံး ဇာတ်ညွှန်းဆုကို Max Ophüls ဆုပွဲမှာ ရရှိခဲ့ပါတယ်။​ သြစတြီးယားရုပ်ရှင်ဖြစ်ပြီးတော့ မင်းသမီး Alina Schaller မှ အဓိကပါဝင်ထားပါတယ်။ မီရာဟာ သြစတြီးယားရေခဲပြင်ဟော်ကီအားကစားသမားတစ်ယောက်ပါ …. သူမက သာမန်မိန်းကလေးတွေနဲ့ မတူဘဲ Lesbian တစ်ယောက်ဖြစ်ပေမယ့် မိသားစုရဲ့ဖိအားပေးမှုတွေကြားမှာ သူ့ဘဝဟာ အချုပ်အနှောင်တွေနဲ့ရှင်သန်နေခဲ့ရပါတယ်… တနေ့မှာတော့ သူတို့အဖွဲ့ထဲကို သီရိဆာဆိုတဲ့ အဖွဲ့ဝင်သစ်တစ်ယောက် ရောက်ရှိလာခဲ့ပြီးတော့ မီရာရဲ့ဘဝအပြောင်းအလဲတွေ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ……..။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Lux ပဲဖြစ်ပါတယ်)
...

200% Wolf (2024) ⭐IMDB: 5.0/10 (311 Votes) 🎬 #Action #Adventure #Animation #Comedy #Family #Fantasy 🗓 2024 🎞 movie 🌎 #Australia #Germany #Spain #Mexico #UnitedStates #France ⏰ 1 နာရီ 38 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူသားပုံစံနဲ့ဝံပုလွေအသွင်နှစ်မျိုးရှိတဲ့ သမန်းဝံပုလွေတွေက ညအချိန်မှာ ကမ္ဘာကြီးကို ကာကွယ်စောင့်ရှောက်ကြတယ်။ ကမ္ဘာရဲ့အပြင်ဘက် လကမ္ဘာမှာတော့ သမန်းဝံပုလွေတွေရဲ့ မိတ်ဆွေ ရှေးဘိုးဘေး ဝိညာဉ်တို့ နေထိုင်ကြတယ်။ ဖရက်ဒီ က ‌သမန်းဝံပုလွေဖြစ်ပေမဲ့ ကံမကောင်းအကြောင်း မလှလို့ သူရဲ့ ဝံပုလွေပုံစံက ခွေးပုလေးဖြစ်နေခဲ့တယ်။ အုပ်စုထဲမှာ သူများလေးစားတာကို လိုချင်တဲ့ ဖရက်ဒီ က လဝိညာဉ်တွေဆီ တိုင်တည်ဆုတောင်းရင်းနဲ့ မထင်မှတ်ပဲ လဝိညာဉ်ပေါက်စလေး မူးပူး ရဲ့ အစွမ်းကြောင့် ဝံပုလွေဖြစ်သွားပါတော့တယ်။ လပေါ်ကနေ ရောက်လာတဲ့ ဝိညာဉ်ပေါက်စလေး မူးပူး ဟာ ကမ္ဘာပေါ်မှာ အသက်မရှင်သန်နိုင်တာကြောင့် ဖရက်ဒီတို့ သူငယ်ချင်းတစ်ခု မူးပူးလေးကို အိမ်ပြန်ပို့နိုင်ဖို့ နည်းလမ်းရှာဖို့အတွက် ရှာပုံတော်ဖွင့်ကြပါတော့တယ်။ ဒီ animation ကာတွန်းလေးကတော့ မိသားစုနဲ့အတူ ပေါ့ပေါ့ပါးပါး ကြည့်ရှုလို့သင့်တော်တဲ့ animation လေးတစ်ခုပဲဖြစ်ပါတယ်။
...

Incoming (2024) ⭐TMDB: 61% User Score 🎬 #Comedy 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Netflixကနေ ထုတ်လွှင့်သွားခဲ့တဲ့ အမေရိကန်ကျောင်းသားဟာသရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။ ဘန့်ဂျ်ဆိုတာ အထက်တန်းကျောင်းတက်မဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်။ အစ်မဖြစ်သူရဲ့သူငယ်ချင်း ဘေလီကို သေအောင်ကြွေပြီး သူ့ကိုပြန်ကြိုက်ဖို့အရေးအသည်းအသန်ဖြစ်နေသူပေါ့။ ဒါပေမဲ့ ဘန့်ဂျ်တို့ဘော်ဒါတစ်စုက ကျောင်းမှာ လူသစ်လည်းဖြစ် ဘောင်မဝင်တဲ့ကောင်လေးတွေဖြစ်နေရော။ တစ်နေ့ သူတို့အုပ်စုထဲက ဘော်ဒါတစ်ကောင်ရဲ့အစ်ကိုအိမ်မှာ ပါတီလုပ်မှာကို ဖရက်ရှာလေးတွေဖြစ်တဲ့ ဘန့်ဂျ်တို့အုပ်စု ဝင်ရောဖို့ကြိုးစားကြပါတယ်။ ဘန့်ဂျ်ကတော့ ပါတီထက် ပါတီကိုလာမဲ့ ဘေလီ့ကိုဝင်လုံးဖို့အရေးပဲ ဇောသန်နေခဲ့တာပေါ့။ ဒီမှာပဲ ဘန့်ဂျ်တစ်ယောက် ပါတီမှာတလွဲတွေဖြစ်ရာကစ ကျောင်းကို ကားကြုံအတူစီးတဲ့ စီနီယာဖြစ်သူက ဗီတာမင်ဒီဆေးပြားတွေကို မူးယစ်ဆေးဆိုပြီး လိမ်ရောင်းနေရာမှာ ဝင်ပါမိရက်သားညားတဲ့အခါမှာတော့…။ အဖော်အချွတ်နဲ့ အပြောအဆိုလေးတွေကြမ်းတာမို့ မိသားစုနဲ့အတူကြည့်ဖို့ မသင့်တော်ပါဘူးဗျ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)
...

Lady Scorpions (2024) ⭐IMDB: 3.7/10 (275 Votes) 🎬 #Action #Crime 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အက်ရှင်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် DEA အေးဂျင့်ဖြစ်သူ Alena ဆိုတဲ့ ဘွားတော်က မူးယစ်ရာဇာတစ်ပါးကို အဆုံးစွန်ထိ လိုက်နေခဲ့ပြီး မိသားစုကို အချိန်မပေးနိုင်တဲ့လူပါ မူးယစ်ရာဇာ လူရှန်ကတော့ သွေးအေးအေးနဲ့ အလုပ်လုပ်တတ်သူဖြစ်ပြီ သူနဲ့ သူ့သားဖြစ်သူအနာဂတ်စိတ်ချရဖို့ နောက်ဆုံးအပေးအယူတစ်ခုဖြစ်ဖို့ မျှော်မှန်းထားသူပါ ဘွားတော် Alena ရဲ့ သမီးဖြစ်သူ Lacy ဟာ ကိုယ်ခံပညာ နည်းပြဆရာမတစ်ယောက်ဖြစ်ပြီး ၁၀ နှစ်အရွယ် မြေးမလေးလည်းရှိပါတယ် အဆုံးစွန်အထိ ယုတ်မာတဲ့ ဒုစရိုက်အုပ်စုနဲ့ သူတို့ကိုဖြုတ်ချမယ့် လေဒီနှစ်ယောက် ဘယ်လိုအားပြိုင်ကြမှာလဲ အက်ရှင်သိုင်းကွက် မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ရှုစားရမယ့် ဇာတ်ကားလေးပါ
...

Our Beautiful Summer Part2 (2024) ⭐- 🎬 #Romance #Youth 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 30 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Our Beautiful Summer Part2 (2024) *********************************** CM ပရိသတ်ကြီးတို့အတွက် The Player 2 ထဲမှ Jang Gyu Ri နဲ့အတူ Yoo Young Jae၊ Son Sang Yeon၊ Kim Min Ki နဲ့ Kim So Hye တို့ အဓိကပါဝင်ထားတဲ့ ကျောင်းသားကားလေးမလို့ ချိုချိုမြိန်မြိန် ကျောင်းသားကားလေးတွေကို မျှော်နေတဲ့သူတွေအတွက် အကြိုက်ဖြစ်စေမှာ အသေအချာပါပဲ။ Part 1, Part 2 ဆိုပြီး ၂ပိုင်းထွက်ရှိထားပြီး Part 2 လေးကို ဆက်လက်တင်ပေးလိုက်ပါတယ်။ ဒီဒုတိယအပိုင်းလေးမှာတော့ ညီအစ်ကိုတွေဟာ သူတို့ရရှိခဲ့တဲ့စိတ်ဒဏ်ရာတွေကို ကုစားရင်း ယောရွန်းကိုလည်း သူတို့ ညီမလေးလို အမှားမျိုးထပ်မဖြစ်ရအောင် ဘယ်လိုမျိုးကြိုးစားသွားကြမလဲ…။ စိတ်ဒဏ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ ယောရွန်းကရော အမြွာညီအစ်ကိုရဲ့ ဖေးမမှုတွေကြား သူ့နှလုံးသားတံခါးလေးကို ဖွင့်ပေးသွားမလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ရှုစားလိုက်ရအောင်နော်။ (ဇာတ်လမ်းအကျဉ်းကို KhinNi မှ ရေးသားပေးထားပါတယ်။)
...

Caracas (2024) ⭐IMDB: 5.6/10 (297 Votes) 🎬 #Crime #Drama 🗓 2024 🎞 movie 🌎 #Italy ⏰ 1 နာရီ 49 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လတ်တလောမှ ထွက်ရှိထားတဲ့ Crime/Drama အမျိုးအစားကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ – ဂျော်ဒန်နိုက စာရေးဆရာတစ်ယောက်ဖြစ်ပြီး ဇာတိ နေပယ်လ်မြို့လေးကို အချိန်ကြာကြီးနေမှပြန်လာသူတစ်ယောက်ပါ။ စာဆက်မရေးဘူးလို့ဆုံးဖြတ်ထားပေမဲ့ ဘေးလူရဲ့အားပေးမှုကြောင့် ရေးလက်စဇာတ်ကြောင်းရဲ့အတိတ်တွေထဲကို ပြန်နစ်၀င်သွားတဲ့ပုံစံမျိုး ကြည့်ရှုသူတွေစိတ်၀င်စားအောင် ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားလေးထဲမှာတော့ ဘာသာရေးနှစ်ခုကြောင့် လူမျိုးရေးတင်းမာမှုတွေ အကြမ်းဖက်မှုတွေနဲ့ပျက်စီးနေတဲ့ နေပယ်လ်မြို့လေးထဲမှာ အသက်ရှင်ဖို့ အသီးသီးရုန်းကန်နေကြတဲ့ ဇာတ်ကောင်အမျိုးမျိုးရဲ့ဘ၀တွေကို ပုံဖော်ထားတဲ့ဇာတ်ကားလေးမလို့ အားလုံးပဲကြည့်ရှုခံစားကြပါဦး။
...

Trouble with the Curve (2012) ⭐IMDB: 6.8/10 (69 k Votes) 🎬 #Drama #Romance #Sport 🗓 2012 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb – 6.8 ဂန္တဝင်မင်းသားကြီး Clint Eastwood, လူးဝစ် လိန်းသရုပ်ဆောင် Amy Adams နဲ့ Justin Timberlake တို့ ပါဝင်သရုပ်‌ဆောင်ထားတဲ့ အားကစား ဒရာမာရုပ်ရှင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂတ်စ် လိုဘယ် (Clint Eastwood) ဟာ ဘေ့စ်ဘောကင်းထောက်တစ်ယောက်ဖြစ်ပြီး ဘရေ့ဗ်အသင်းမှာ အလုပ်လုပ်ပါတယ်။ ငယ်တုန်းကတော့ အသင်းအတွက် ကစားသမားကောင်းတွေ သေချာရှာပေးနိုင်ပေမဲ့ ဇရာရလာပြီဖြစ်လို့ အမြင်အာရုံကလည်း ချို့ယွင်းစပြုလာခဲ့ပြီး ကစားသမားကောင်းရွေးနိုင်စွမ်းလည်းကျလာခဲ့ပါတယ်။ မိတဆိုး သမီးလေးဖြစ်သူ မစ်ကီ (Amy Adams) နဲ့လည်း အခေါ်အပြောဆက်ဆံရေးလောက်ပဲရှိပြီး ရင်းနှီးတဲ့ဆက်ဆံရေးမရှိခဲ့ပါဘူး။ မစ်ကီကတော့ အဖေနဲ့ နီးစပ်ချင်လို့ကြိုးစားခဲ့ပေမဲ့လည်း ဂတ်စ်ကိုယ်တိုင်ကရှောင်နေခဲ့တာပါ။ တနေ့မှာတော့ ဂတ်စ်တယောက် မြောက်ကယ်ရိုလိုင်းနားက နာမည်ကြီးနေတဲ့ ဘို ဂျန်ထရီဆိုတဲ့ ကစားသမားကို ကင်းထောက်သွားဖို့ရင်း မိတ်ဆွေဖြစ်သူ ပိပ်ရဲ့ အကူအညီတောင်းမှုကြောင့် သမီးဖြစ်သူ မစ်ကီလည်းလိုက်လာပြီး ကင်းထောက်တာကို ကူညီပေးရင်းနဲ့ အဖေနဲ့ သမီးနှစ်ယောက်ကြားက အေးစက်တဲ့ဆက်ဆံရေးတစ်ခုပြန်လည်နွေးထွေးလာပုံကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။
...

Irati (2022) ⭐IMDB: 6.2/10 (2 k Votes) 🎬 #Action #Adventure #Drama #Fantasy #History 🗓 2022 🎞 movie 🌎 #Spain #France ⏰ 1 နာရီ 52 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Irati (2023) IMDb Rating (6.2) / Rotten Tomatoes (100%) ဒီကားကတော့ တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ဇတ်ကားပဲဖြစ်ပါတယ်… အောက်လမ်းမှော်ပညာနဲ့ ခရစ်ယာန်တွေရဲ့ကြားကတင်းမာမှုတွေကိုရိုက်ပြထားတာဖြစ်ပါတယ်… ဒဏ္ဠာရီလာသတ္တဝါတွေ , မိစ္ဆာတွေနဲ့လူတွေနဲ့ဆက်ဆံမှုကိုလည်းတွေ့နိုင်ပါတယ်… ဇတ်လမ်းအစမှာ စစ်တိုက်ခါနီး ခရစ်ယာန်သူကြီးတစ်ယောက်က မကောင်းဆိုးဝါးမနဲ့ အပေးအယူလုပ်ခဲ့ပါတယ် သူ့အဖေကိုမကောင်းဆိုးဝါးနဲ့ ပူးပေါင်းတဲ့သူမှန်းသိလို့ သူ့သားဖြစ်တဲ့ အန်ကိုကို သူကြီးမတင်မြှောက်ချင်တော့ပါဘူး အန်ကိုဟာသူ့သိခ္ခါကိုဆယ်ဖို့အတွက် သူ့အဖေရဲ့ နာမည်ဆိုးတွေကိုချေဖြတ်ဖို့ မကောင်းဆိုးဝါးမဆီကို ထွက်ခဲ့ရပါတော့တယ် Special effects နဲ့ audience winner ဆုတွေရထားတဲ့ကားမို့ ကြည့်ကိုကြည့်သင့်တဲ့ကားထဲမှာပါပါတယ်… (အညွှန်းနဲ့ဘာသာပြန်ကတော့ Zin Lin Khantပဲဖြစ်ပါတယ်)
...

Vaazha: Biopic of a Billion Boys (2024) ⭐IMDB: 7.3/10 (974 Votes) 🎬 #Bollywood #Drama #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 4 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Vaazha – Biopic of a Billion Boys(2024)“အပယ်ခံသူငယ်ချင်းများ” IMDb 7.4 ပရိသတ်တို့အတွက် မလေယာလမ် coming-of-ageဟာသဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်လိုက်ပါတယ် လူတိုင်းခံစားနားလည်နိုင်မယ့် ဒီဇာတ်ကားလေးဟာဆိုရင်ရုံဝင်ငွေ ၁၀ ဆ ပြန်ရထားတာပဲ ဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ ပတ်ဝန်းကျင်က ဖယ်ကျဥ်ထားတဲ့သူငယ်ချင်းငါးယောက် ကျောင်းသားလူငယ်ဘဝအခက်အခဲတွေကို ရင်ဆိုင်ရာမှာ… ကျောင်းစာလည်းမတော်သလို ကျောင်းအုပ်ရုံးခန်းကို အိမ်ဦးကြမ်းပြင်လိုထပ်ချည်တလဲ သွားနေရတဲ့ သူတို့ဘော်ဒါတွေ အချစ်ကိုစတင်ထိတွေ့တာစလို့ ကျောင်းရန်ပွဲတွေအလယ်နဲ့ … ငယ်ရွယ်စဥ်ကလေးဘဝမှသည် ကြီးကောင်ဝင်တဲ့ လူပျိုအရွယ်၊ ဒီမှတစ်ဆင့်လူလတ်ပိုင်းအထိ ပြောင်းလဲရင့်ကျက်လာပုံ၊ အချစ်၊ အလွမ်းအလီလီတို့အဆုံးတွေ့မြင်ရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပါ
...

Elaha (2023) ⭐IMDB: 6.6/10 (271 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Germany ⏰ 1 နာရီ 51 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အီလာဟာဆိုတဲ့ ၂၂ နှစ်အရွယ် ကောင်မလေးဟာ မင်္ဂလာဆောင်တစ်ခုမှာ နာဆင်းဆိုတဲ့ ကောင်လေးနဲ့ ဆုံတွေ့ခဲ့ပြီး နောက်တစ်နေ့မှာတော့ နာဆင်းဟာ အီလာဟာကို လက်ထပ်ချင်တဲ့အတွက် မိဘစုံရာနဲ့ လာရောက်တောင်းရမ်းပါတော့မယ်။ မိဘတွေကလည်း နာဆင်းကို သဘောကျတဲ့အတွက် အီလာဟာခမျာ သူ့ခံစားချက်ကို သေချာမသိပေမဲ့ မိဘတွေကို စိတ်မပျက်စေလိုတဲ့အတွက် လက်ခံလိုက်ပါတယ်။ သူတို့ပတ်ဝန်းကျင်ဟာ ဖိုဝါဒီ အင်မတန်ကြီးစိုးပြီးတော့ အမျိုးသမီးတွေဟာ လက်မထပ်ခင်မှာ အပျိုစင်ဖြစ်ဖို့ အရမ်းအလေးထားပြီးတော့ လက်မထပ်မှာ သတို့သားဘက်က အပျိုစစ်/မစစ် အထိပါ ဆရာဝန်နဲ့ စစ်ဆေးတတ်ကြတဲ့အထိ အင်မတန်ဆိုးရွားပါတယ်။ ဒီအချိန်မှာ အတူနေဖူးပြီးသွားတဲ့ အီလာဟာခမျာ မင်္ဂလာဆောင်ရက်မတိုင်ခင် အပျိုစင်အမြှေးပါးကို ပြန်လည်တည်ဆောက်တဲ့ကုထုံးကို ခံယူချင်ပေမဲ့ ဒီကုထုံးက ဈေးအရမ်းကြီးတဲ့အတွက် သူ့အနေနဲ့ ဘယ်လိုနည်းလမ်းရှာမလဲဆိုတာကို ရင်လေးစွာ ကြည့်ရှုရမှာဖြစ်ပါတယ်။ ယနေ့ခေတ်အခါမှာတောင် လိင်မှုပညာပေး ဗဟုသုတတွေကို မသိရှိသေးပဲ ဖိုဝါဒီကြီးစိုးမှုကို ခံစားနေရသေးတဲ့ လူမှုအဖွဲ့အစည်းအကြောင်းကို ပေါ်လွင်စွာ ရိုက်ကူးတင်ဆက်ထားတဲ့အတွက် မဖြစ်မနေ ကြည့်ရှုသင့်ပါတယ်။ ဘာသာပြန်ဆိုသူကတော့ Matteo ဖြစ်ပါတယ်။
...

Wallbanger (2024) ⭐IMDB: 5.8/10 (364 Votes) 🎬 #Comedy #Romance 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 59 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဆွဲဆောင်မှုရှိပြီး ချောမောလှပတဲ့ အိမ်တွင်းအလှဆင် ဒီဇိုင်နာမလေး ကယ်ရိုလိုင်း တယောက် အလုပ်အကိုင် ငွေရေးကြေးရေးမှာ အဆင်ပြေသလောက် အချစ်ရေးမှာတော့ …..တယောက်တည်းသမား ဖြစ်နေပါတယ် တိုက်ခန်း အသစ်ကိုပြောင်းသွားပြီး ဆူဆူညံညံအသံတွေလုပ်တဲ့ အိမ်နီးနားချင်း လူချောလေးနဲ့ ကြုံတဲ့အချိန်မှာတော့ …….သူတို နှစ်ယောက်ကြားက တယောက်နဲ့တယောက်ဆွဲဆောင်မိကြတဲ့အချိန်တွေ သူတို့ သူငယ်ချင်းတွေရဲ့ romantic တွေကိုပါ ပြုံးပြုံးကြီးကြည့်ရှုရမယ့်အရမ်း ရိုတဲ့ဇာတ်ကားမို မိုးအေးအေးနဲ့ chill လို အသင့်တော်ဆုံးပါ
...

Blood Simple (1985) ⭐TMDB: 73% User Score 🎬 #Comedy #Crime #Drama #Thriller 🗓 1985 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားကတော့ neo-noir crime အမျိုးအသားလေးဖြစ်ပြီး Crime thriller တွေကြိုက်တဲ့သူတွေအတွက် တော့ကွက်တိပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ တက္ကဆက်ပြည်နယ်က ဘားပိုင်ရှင်တစ်ယောက်က သူ့မိန်းကဖောက်ပြန်နေတာကို သံသယဝင်ပြီး အလွတ်စုံထောက်တစ်ယောက်ကို ငှားပြီးစုံစမ်းခိုင်းပြီးတော့ နှစ်ယောက်စလုံးကိုသတ်ခိုင်းပါတယ်။ ဇာတ်လမ်းကအဲ့ကနေစပြီးရှုပ်တော့တာပါပဲ။ Spoiler တွေပါမှစိုးလို့ ဒီလောက်ပဲ ညွှန်းပါတော့မယ် ။ မှုခင်း ကားတွေကြိုက်တဲ့သူတွေ အကြိုက်တွေ့မှာတော့သေချာပါတယ်။
...

Big Sleep (2023) ⭐TMDB: 50% User Score 🎬 #Drama 🗓 2023 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 54 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Big Sleep (2023) ******************* CM ပရိသတ်ကြီးတွေအတွက် ဒီတစ်ခေါက် တင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားလေးကတော့ Busan International Film Festival မှာ (၃) ထပ်ကွမ်းဆုရရှိထားခဲ့တဲ့ ကိုရီးယားနိုင်ငံက အိမ်ပြေးလူငယ်တွေရဲ့ အနာဂတ်ပျောက်တဲ့ပုံစံကို ဦးစားပေး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အိမ်ပြေးလူငယ်တစ်ယောက်နဲ့ သူ့ကိုဂရုစိုက်တဲ့ လူကြီးတစ်ယောက် ကြုံတွေ့ကြပြီး နှစ်ယောက်သား ဘယ်လိုတွေ ဘဝကိုရှင်သန်ဖြတ်သန်းကြမလဲဆိုတာကို ဇာတ်ကြောင်းအေးအေးလေးနဲ့ ကြည့်ရှုရမှာပါ။ -ဇာတ်လမ်းအကျဉ်း- ဂီဟိုဆိုတဲ့ ကောင်လေးကတော့ အိမ်တွင်းအကြမ်းဖက်မှုတွေကြောင့် အိမ်ကနေထွက်ပြေးလာတဲ့ အိမ်ပြေးလူငယ်တစ်ယောက်ပါ။ တစ်နေ့မှာ ဂင်ဂီယောင်းက မနက်ခင်းအလုပ်သွားဖို့ လုပ်ရင်း သူ့အိမ်ရှေ့ကကွပ်ပျစ်မှာ အိပ်နေတဲ့ဂီဟိုကို တွေ့သွားပြီး အပြောကြမ်းပေမဲ့ စိတ်ထားကောင်းတဲ့ ဂီယောင်းဟာ ဂီဟိုကိုကြည့်ပြီး သူ့ငယ်ဘဝကို ပြန်လည်အမှတ်ရမိသွားတဲ့အတွက် ဂီဟိုကို သူ့အိမ်မှာ နေခွင့်ပြုခဲ့ပါတော့တယ်။ ကိုယ်တိုင်က အရှုံးသမားတစ်ယောက်လို နေနေတဲ့ ဂီယောင်းတစ်ယောက် သူ့ထက်ပိုအားနည်းတဲ့ ဂီဟိုကို ဘယ်လိုတွေ နှစ်သိမ့် ဂရုစိုက်ပေးမလဲဆိုတာကို ရင်ထဲထိထိ ကြည့်လိုက်ရ‌အောင်နော်။ (ဇာတ်လမ်းအကျဉ်းကို Vanessa မှ ရေးသားပေးထားပါတယ်။)
...

Salsal ni L (2024) ⭐TMDB: 0% User Score 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 1 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အယ်လ်က ငယ်ရွယ်လှပတဲ့ အကနည်းပြကောင်မလေးဖြစ်ပြီး သူ့ပါတနာ လူးကပ်စ်နဲ့အတူအကသင်တန်းတွေဖွင့် အကပြိုင်ပွဲတွေနဲ့ဝင်ငွေရှာပြီး အိမ်ကမောင်နှမငယ်တွေနဲ့မိဘကိုပြန်ထောက်ပံ့နေတာပါ။ လူးကပ်စ်က သူ့အပေါ်တိတ်တခိုးမေတ္တာရှိနေပေမယ့် ဘ၀နာခဲ့တဲ့ အယ်လ်ရဲ့အိမ်မက်ကတော့ လူချမ်းသာတစ်ယောက်နဲ့လက်ထပ်ပြီးဆင်းရဲတွင်းက လွတ်မြောက်ဖို့ပါပဲ။ အဲ့ဒီလိုနဲ့ အယ်လ်ဆီကို အမည်မဖော်တဲ့ လူတစ်ယောက်ဆီက တန်ဖိုးကြီးလက်ဆောင်တွေ မကြာမကြာရောက်ရှိလာတတ်ပြီး အယ်လ်ကလည်း အဲ့ဒီပုဂ္ဂိုလ်ကို သူ့ဘ၀ရဲ့ကယ်တင်ရှင်လို့စိတ်ကူးမျှော်လင့်ချက်တွေရင့်သန်လာတဲ့အခါမှာတော့..။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ပဲဖြစ်ပါတယ်)
...

The Lonely Man with the Ghost Machine (2024) ⭐IMDB: 3.5/10 (107 Votes) 🎬 #Horror #ScienceFiction #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လက်ရှိနေထိုင်နေတဲ့ကမ္ဘာကြီးပျက်စီးသွားပြီး ကိုယ်နဲ့ကိုယ်ချစ်ရတဲ့ချစ်သူ ဒါမှမဟုတ် လင်မယားဖြစ်သူနဲ့ပဲကျန်ခဲ့မယ်ဆိုရင်ဘ၀ကြီးကလွယ်ကူနေဦး မှာပဲလို့တွေးမိတဲ့လူတွေရှိမှာပါ။ဒါပေမယ့်တကယ်တမ်းကိုယ်တွေ့မျက်မြင် ကြုံလာရတဲ့အခါမှာတော့အဲ့လောက်လွယ်ကူနေမှာမဟုတ်ပါဘူး။ ကိုယ်ချစ်ရတဲ့လူကကိုယ့်ဘေးမှာရှိနေမယ်ဆိုပေမဲ့ ပျက်စီးနေတဲ့ကမ္ဘာကြီးကို ကြည့်ပြီး တစ်နေ့တစ်နေ့ဖြတ်သန်းဖို့ကိုမနည်းရုန်းကန်နေရရင်တော့ လွယ်ကူမှာမဟုတ်တော့ပါဘူး။ အဲ့လိုစိတ်ကူးယဉ်မှုတွေကိုကွက်ကွက်ကွင်းကွင်းမြင်တွေ့ရအောင်ပုံဖော် ရိုက်ကူးထားတဲ့ The Lonely Man With The Ghost Machine ဆိုတဲ့ ဘက်ဂျက်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ အစမှာပြောခဲ့တဲ့အတိုင်း၀ူဇက်နဲ့နယ်လီတို့လင်မယားက ခရမ်းရောင် ကောင်းကင်တွေ တိမ်တိုက်ကြီးတွေနဲ့ ကောင်းကင်ပေါ်ကကျလာတဲ့ အကောင်ကြီးတွေရှိနေတဲ့ပျက်စီးနေတဲ့ကမ္ဘာကြီးမှာရှင်သန်အောင်ရုန်းကန် နေကြရတာကိုတွေ့ရမှာဖြစ်ပါတယ်။ စစချင်းတုန်းကတော့တစ်ယောက်လက်တစ်ယောက်တွဲပြီးလောကကြီးကို ရင်ဆိုင်ခဲ့ကြတယ်ဆိုပေမဲ့ကြာလာတဲ့အခါမှာတော့၀ူဇက်တစ်ယောက်လည်း စိတ်တွေလေလာပြီး အရက်တွေပဲသောက်နေပါတော့တယ်။ ဒီလိုနဲ့နယ်လီလည်းစိတ်တွေညစ်ပြီးစိတ်ပြေလက်ပျောက်လမ်းထွက် လျှောက်ရာကနေသေဆုံးသွားခဲ့ပါတယ်။အဲ့ဒါကြောင့်အကြီးအကျယ်တွေ နောင်တရနေတဲ့၀ူဇက်ကသူ့မိန်းမကိုပြန်ခေါ်ဖို့ကြိုးစားရင်းနဲ့ The Lonely Man With The Ghost Machine(အထီးကျန်နေသောယောက်ျားတစ်ယောက်နှင့် ဝိညာဉ်စက်)ဆိုတဲ့ဇာတ်ကားလေးပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။
...

Nanahimik ang gabi (2022) ⭐IMDB: 6.0/10 (72 Votes) 🎬 #Drama #Mystery #Thriller 🗓 2022 🎞 movie 🌎 #Philippines ⏰ 2 နာရီ 5 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Nanahimik ang Gabi (2023) IMDb Rating (6.0) ဖိလစ်ပိုင် Thriller ကားလေးပါ… မီအန် လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ဟာ အိမ်ထောင်သည်ရဲအရာရှိဟောင်းနဲ့ချစ်ကြိုက်မိပြီး သူ့အိမ်မှာအငယ်အနှောင်းသွားလုပ်ပါတယ်… ဒါပေမယ့် ဒီမိသားစုရဲ့ Background ဟာ သူထင်ထားသလိုမဟုတ်ပဲ တရားမျှတမှုမရှိတဲ့ပြစ်မှုတွေကျူးလွန်ထားတဲ့လျှို့၀ှက်ချက်တွေကို တွေ့ရှိပြီးတဲ့နောက်မှာ မီအန်တစ်ယောက် အသက်ရှင်ဖို့တိတ်တိတ်လေးနေသွားမလား အမှန်တရားကိုဖော်ထုတ်သွားမလားဆိုတာကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Son Gohan ပဲဖြစ်ပါတယ်)
...

I Can't Live Without You (2024) ⭐IMDB: 5.0/10 (596 Votes) 🎬 #Comedy #Romance 🗓 2024 🎞 movie 🌎 #Argentina #Spain ⏰ 1 နာရီ 38 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုခေတ်မှာနည်းပညာတိုးတက်လာပြီး လူကြီးလူငယ်မရွေးဖုန်းတွေ အလွယ်တကူကိုင်လာနိုင်တဲ့အချိန်မှာ ဖုန်းကိုပဲအာရုံစိုက်တာများပြီး ကိုယ်ချစ်တဲ့လူတွေကိုဘေးမှာထားပြီးမေ့နေတတ်ကြတာများကြပါတယ်။ ဖုန်းဆိုတာအချိန်မရွေးပြန်ဝယ်ကိုင်လို့ရပေမဲ့ ဖုန်းကြောင့်ပျက်စီးဆုံးရှုံး လိုက်ရတဲ့ ဆက်ဆံရေးတွေကတော့ လွယ်လွယ်ကူကူနဲ့ ပြန်ဝယ်ယူလို့ မရနိုင်တော့ပါဘူး။အဲ့ဒါကိုပညာပေးတဲ့အနေနဲ့ I Can’t Live Without You ဆိုတဲ့ ဟာသဆန်ဆန်ရိုက်ကူးထားတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ကားလို့စ်က စီးပွားရေးကုမ္ပဏီမှာရာထူးကြီးတဲ့ သူတစ်ယောက်ဖြစ်ပြီး ဖုန်းနဲ့ လက်နဲ့မပြတ်အလုပ်လုပ်ကိုင်နေရတဲ့သူဖြစ်ပါတယ်။အဲ့ဒီရလာဒ်အနေနဲ့ စားလည်းဖုန်း သွားလည်းဖုန်း အိပ်လည်းဖုန်းနဲ့ဖုန်းမသုံးပဲမနေနိုင်တဲ့  လူတစ်ယောက် ဖြစ်လာပြီး မိန်းမနဲ့ကလေးတွေကိုပစ်ထားမိလာတာဆယ်စုနှစ်နဲ့ ချီကြာလာပါ တော့တယ်။ အဲ့ဒီဖုန်းနဲ့အလုပ်ကြောင့်ပဲ မိသားစုအပေါ်ပျက်ကွက်တာတွေများလာတဲ့အခါမှာ မိန်းမဖြစ်သူက သည်းမခံနိုင်တော့ပဲ ကွာရှင်းဖို့အထိဖြစ်လာကြပါတော့တယ်။ အဲ့ဒီအခါကျမှကားလို့စ်ကဖုန်းဖြတ်ဖို့အတွက် ဖုန်းဖြတ်ကုထုံးတွေခံယူခဲ့ပြီး မိသားစုနဲ့ မိန်းမကိုပြန်လည်ပိုင်ဆိုင်နိုင်ဖို့အတွက်ကြိုးစားပုံတွေကိုကြည့်ရင်း ကိုယ်တွေရဲ့ဘ၀မှာလည်း ဖုန်းကိုကိုယ်ချစ်ရတဲ့လူတွေထက် ရှေ့တန်းတင်မိ နေပြီလားဆိုတာကို ပြန်လည်သုံးသပ်ရင်း ပြင်ဆင်နိုင်ဖို့ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။
...

Violett (2024) ⭐TMDB: 43% User Score 🎬 #Horror #Thriller #Drama 🗓 2024 🎞 movie 🌎 #Australia ⏰ 1 နာရီ 42 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Horror ပရိသတ်ကြီးကို ဒီတစ်ခါ မိတ်ဆက်ပေးချင်တာက Violett ဆိုတဲ့ ဇာတ်ကားလေးပါ။ ဒီကားက တခြား Horror ကားတွေလို ပြူးပြူးပြဲပြဲ ခြောက်ပြတာမျိုး မဟုတ်ဘဲ ခြောက်ခြားစရာ ကောင်းတဲ့ ဆက်တင်၊ အလင်းအမှောင်နဲ့ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ချက်တွေက creepy ဖြစ်တဲ့ဘက်ကို ပိုသွားတဲ့ ကားမျိုးပါ။ ဇာတ်ကားအဆုံးမှာ တချို့ Horror type တွေလို cliff hanger မဟုတ်ဘဲ Good Closure ဖြစ်လို့ ပြီးဆုံးချိန်မှာ ဇာတ်ကားကို နားလည်သွားတဲ့ ခံစားချက်မျိုး ရမှာပါ။ ဇာတ်ကားကို ကြည့်နေရင်း ဒီဇာတ်ဝင်ခန်းပြီးရင် ဘာဆက်ဖြစ်မှာလဲဆိုတဲ့ မွန်းကြပ်တဲ့ ခံစားချက်မျိုးကို ပေးနိုင်တဲ့ ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။ ဇာတ်လမ်းက မြို့ငယ်လေး တစ်မြို့မှာ ကလေးတွေ ပျောက်ဆုံးမှုတွေ ဆက်တိုက်ဖြစ်လာတဲ့အခါမှာ စိတ်ရောဂါရှင် မိခင်တစ်ယောက်ဖြစ်တဲ့ ဆွန်ညာအနေနဲ့ သူ့ရဲ့ ၁၁ အရွယ် သမီးလေးကို ဘယ်အချိန်မှာ ဘယ်အရာက လာခေါ်မလဲဆိုပြီး ကြောက်ရွံ့နေမှုကနေ စပါတယ်။ သူ့အနေနဲ့ တခြားသူတွေ မမြင်တဲ့အရာတွေကို မြင်တဲ့အခါ အမှန်တကယ် ဖြစ်နေတာလား… သူ့ရဲ့ စိတ်ကူးယဉ် စိတ်ကူးထဲက အရာတွေပဲလားဆိုတာ သူကိုယ်တိုင် ဝေခွဲမရ ဖြစ်နေပြီးတော့ သူ့ရဲ့ ခင်ပွန်း ဆရာဝန်ကိုယ်တိုင်ကတောင် သူ့ကို မကူညီနိုင်တဲ့အခါ… ဘယ်လိုအရာတွေကို သူတွေ့ရမလဲ။ သူ့ရဲ့ သမီးငယ်လေးကရော ဘယ်လို အန္တရာယ်မျိုး ကြုံဆုံခဲ့ရတာလဲဆိုတာ
...

Mr. Perfect (2014) ⭐IMDB: 6.7/10 (66 Votes) 🎬 #Comedy #Drama #Sport 🗓 2014 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 41 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mr. Perfect (2014)*****************ဒီတစ်ခါတော့ CM ပရိသတ်ကြီးအတွက် ၂၀၁၄ တုန်းကထွက်ခဲ့တဲ့Comedy/Sport Drama အမျိုးအစား ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။အဓိကသရုပ်ဆောင်တွေအနေနဲ့ Yoon Shi Yoon၊ Yeo Jin Goo၊ Lee Kyung Young တို့အပြင်ပရိသတ်နဲ့ရင်းနှီးပြီးသား သရုပ်ဆောင်များစွာလည်း ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း*************ပါရမီရှင် ဂေါက်ရိုက်သမားတစ်ယောက်ဖြစ်တဲ့ ဘဲ့ဆယ်ဂျင်း(Yoon Shi Yoon)ဟာအချိန်တိုအတွင်းမှာ အဓိကပြိုင်ပွဲပေါင်းများစွာကို အနိုင်ရဗိုလ်စွဲခဲ့ပြီး လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပေမဲ့သူ့ရဲ့ ပင်ကိုယ်စရိုက်ကြောင့် အောင်မြင်မှုကို ရေရှည်မထိန်းနိုင်ဘဲ အရှုပ်အပွေသတင်းပေါင်းများစွာနဲ့လက်ရည်ပိုင်းမှာရော ကြေးစားအဆင့်သတ်မှတ်ချက်မှာပါ ကျဆင်းလာခဲ့ပါတယ်။ တစ်နေ့ အရက်မူးပြီးကားမောင်းရင်းနဲ့ မတော်တဆမှုဖြစ်ခဲ့ပြီးကားပေါ်မှာပါလာတဲ့ သူ့ရဲ့သူငယ်ချင်းပါ အသက်ဆုံးရှုံးခဲ့ရတယ်။အဲဒီအချိန်ကစလို့ ဘဲ့ဆယ်ဂျင်းဟာ စိတ်ဒဏ်ရာကြောင့် စကားမပြောနိုင်ဖြစ်သွားခဲ့ရပါတယ် .. ဒီလိုနဲ့ နောက် ၁ နှစ်လောက်အကြာမှာတော့ .. ရွာငယ်လေးတစ်ရွာက ကျောင်းအုပ်ဖြစ်သူကကျောင်းမှာဆရာ မရှိတဲ့အတွက် ကျောင်းကို ပိတ်လိုက်ရမဲ့အရေးနဲ့ရင်ဆိုင်နေရတာကြောင့် ကျောင်းသားတွေကို ဂေါက်ရိုက်သင်ပေးပြီး အငယ်တန်းဂေါက်ရိုက်ပြိုင်ပွဲမှာအသိအမှတ်ပြုခံရရင်ကျောင်းမပိတ်ရအောင် ကယ်တင်နိုင်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ဘဲ့ဆယ်ဂျင်းကို ဖိတ်ခေါ်ခဲ့ပါတော့တယ် .. ကျောင်းသားမိဘတွေအနေနဲ့ စကားမပြောတတ်သူတစ်ယောက်ကို ဆရာအနေနဲ့လက်ခံနိုင်မှာလား…ကျောင်းမပိတ်ရအောင် ကယ်တင်နိုင်မှာလားဆိုတာကိုတော့ဇာတ်ကားထဲမှာ ရသမျိုးစုံနဲ့ ခံစားကြည့်ရှုလိုက်ပါဦးနော် .. အညွှန်းကိုZoronoaမှ ရေးသားပေးထားပါတယ်
...

A Wednesday! (2008) ⭐TMDB: 70% User Score 🎬 #Action #Bollywood #Crime #Drama #Thriller 🗓 2008 🎞 movie 🌎 #India ⏰ 1 နာရီ 43 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “လူသားစစ်မှန်ခဲ့ရင် ဇီဝန်ခြွေတဲ့ အလုပ်ကို သာယာနေမှာမဟုတ်ဘူး ” ဒါမှမဟုတ် အဲ့ဒီစကားပြောခဲ့တဲ့ဗုဒ္ဓဟူးနေ့လေးတစ်နေ့ °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° နိုင်ငံတစ်နိုင်ငံ၏ တရားရေးကို သဘောမကျရင် ကိုယ်တိုင်စီရင်ပစ်ရမည်ဟု ဒီဇာတ်ကားလေးနဲ့ ပြောခဲ့ချင်ပုံရသည်။ထို့သို့အတိုင်းပင် အိန္ဒိယ၏ ဇာတ်ကားတော်တော်များများသည် တည့်မတ်စေလိုသောသဘောတရားအရင်းခံရင်း တရားရေးမဏ္ဍိုင်ကို ကြုံရင်ကြုံသလိုသရော်လိုက်ကြသည်။ ဤကားသည် ထို့သို့အတိုင်းပင်။ ဤဇာတ်ကား၏ အရှိန်သည် အစ၌ပင် စ၍ အဆုံးပြီးမှ ဆုံးလိုက်သည့် ရစ်သမ်ညီသည့်ဇာတ်မျိုးဖြစ်သည်။ IMDB – 8.1 အထိ ရရှိထားပြီးဝေဖန်ရေး အရလည်း တော်တော်အောင်မြင်ခဲ့သည့် ကားမျိုးဖြစ်သည်။ ဇာတ်လမ်း အကျဉ်းအားဖြင့် ဆိုသော် တစ်နေ့သော ဗုဒ္ဓဟူး နေ့လေးတွင်သာ ဖြစ်ပျက်ခဲ့၏။ ထိုနေ့လေးတွင် ရဲကော်မရှင်နာရာဟိုးလ် ထံသို့ အမည်မသိ ဖုန်း တစ်ခု ဝင်လာသည်။ အမည် ကို A ဟု သတ်မှတ်ပါစို့။A က မြို့၏ နေရာကြီးငါးနေရာတွင် ဗုံးထောင် ခဲ့ကြောင်း ဆိုသည်။ A ၏ ရည်ရွယ်ချက်မှာ နာမည်ကြီး အကြမ်းဖက်သမား လေးဦးအား လွှတ်ပေးရေးဖြစ်သည်။ ပထမ အစတွင် ရာဟိုးလ် က A ကို မယုံကြည်ခဲ့ပေ။ဖုန်းနှောင့်ယှက်သူ တစ်ဦးအဖြစ်သာ သတ်မှတ်ခဲ့သည်။ သို့သော် ရဲစခန်းအိမ်သာ၌ ထောင်ခဲ့သော ဗုံးတစ်နေရာကို ဖွင့်ပြောလိုက်သောအခါမှ ရာဟိုးလ်ယုံကြည်ခဲ့သည်။ထို့နောက် နည်းပညာအကူအညီဖြင့် A ၏ တည်နေရာအားစုံစမ်းကြသည်။ A ကား မည်သူနည်း ဟု စုံစမ်းခဲ့ကြသည်။ ရဲမှတ်တမ်းများအရလွတ်မြောက်နေသော အကြမ်းဖက်သမားများ ရှိနေသောကြောင့်ရာဟိုးလ်အနေနဲ့ A သည် အကြမ်းဖက်ခေါင်းဆောင် ဖြစ်မည်ဟု မှတ်ယူခဲ့သည်။ A အနေနဲ့လည်း ကျွမ်းကျင်သင့်တင့်သော နည်းပညာ ရှိနေ၍ Sim card အမျိုးမျိုး တည်နေရာ အမျိုးမျိုး ပြောင်းနိုင်ခဲ့သည်။အကြမ်းဖက်သမားလေးယောက် ကို တစ်နေရာတည်း တစ်စုတစည်း မရပါက ကျန်ရှိနေသည့် ငါးနာရီအတွင်း ဗုံးဖောက် ခွဲရန် ကြုံးဝါးခဲ့သည်။ ဤသိူ့ဖြင့် ရာဟိုးလ် နှင့် အမည်မသိ ဖုန်းခေါ်သူ တို့ အားပြိုင် ဇာတ်ရှိန်တက်လာချိန်မှာတော့ …………? ဘာတွေ ဆက်ဖြစ်လာမည်နည်း။A ဟာ မည်သူနည်း။ မည်သို့သော မျက်နှာဖုံးနဲ့ တရားရေး ကဏ္ဍ ဆီ ချဉ်းနင်းလာခဲ့ပါသနည်း။ဤဇာတ်ကားသည် အလှည့်အပြောင်း နှင့် လူ့စိတ်ကို ဖွင့်ဟလိုက်သည်။ “ငါမှ မဆိုင် “ဟူသော စိတ်ဓာတ်နှင့် နိုင်ငံသားကောင်း မဖြစ်နိုင်ခြင်းကိုလည်း ပြောပြသည်။ အမှန်တရားနှင့် ထိုက်တန်သော ပြစ်ဒဏ် ကိုလည်း ကွက်ကွက် ကွင်းကွင်း ဖော်ပြခဲ့သည်။ဒီကားဟာ အကောင်းဆုံးဇာတ်လမ်းဆု၊အကောင်းဆုံးဇာတ်ညွှန်းဆုနဲ့အကောင်းဆုံးဇာတ်ပို့ဆုရရှိခဲ့သည်။သီးချင်တွေနဲ့ကတဲ့အခန်းတစ်ခန်းမှမပါ… အညွှန်းအား ကိုလင်းခယံ facebook page မှကူးယူဖော်ပြသည်
...