ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Here (2024) ⭐IMDB: 6.2/10 (8 k Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီ Here ဆိုတဲ့ရုပ်ရှင်ကတော့ “ဒီနေရာ” ဆိုတဲ့အဓိပ္ပာယ်အတိုင်းပဲ ကင်မရာက နေရာတစ်နေရာတည်းကို Focus ထားပြီး ကမ္ဘာဦးအစကနေ လက်ရှိခေတ်ရောက်တဲ့အချိန်ထိ အဲဒီနေရာလေးမှာ ဖြစ်ပျက်ခဲ့သမျှကို ပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းအစကနေ တောက်လျှောက် ကင်မရာက အိမ်တစ်အိမ်ရဲ့ဧည့်ခန်း တစ်နေရာတည်းကိုပဲ ဦးတည်ရိုက်ထားခဲ့ပြီး ဇာတ်သိမ်းပိုင်းမှသာ အိမ်ရဲ့အပြင်ဘက်နဲ့ အခြားနေရာတွေကို ခဏတာမြင်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒီလိုပြောလိုက်လို့ ပျင်းစရာကြီးနေမှာလို့တော့ မတွေးမိစေချင်ပါဘူး။ ဒီတစ်နေရာတည်းကိုပဲ ဦးတည်ရိုက်ထားခဲ့တဲ့အတွက်ကြောင့် အဲဒီတစ်နေရာမှာ ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်တွေကို ဆယ်စုနှစ်၊ ရာစုနှစ်နဲ့ချီပြီးတော့ ပြောင်းလဲသွားတာတွေကို မြင်တွေ့ရမှာပါ။ ရုပ်ရှင်ဆိုတဲ့အတွက် ဖန်တီးရိုက်ကူးထားတာဖြစ်ပေမဲ့ တကယ့် သမိုင်းကြောင်းအချက်အလက်တွေလည်း ပါဝင်နေခဲ့ပါတယ်။ ဥပမာဆိုရင် လက်ရှိရိုက်ကူးနေတဲ့အိမ်ရဲ့ မျက်စောင်းထိုး တစ်ဖက်လမ်းကအိမ်ကြီးက မိုးကြိုးလျှပ်စီးဟာ လျှပ်စစ်ဓာတ် တစ်မျိုးဖြစ်တယ်ဆိုတာကို မိုးသည်းကြီးမည်းကြီးထဲ စွန်လွှတ်ရင်း ရှာဖွေတွေ့ရှိခဲ့တဲ့ ဘန်ဂျမင် ဖရန်ကလင်ရဲ့ တရားမဝင်သား ဝီလီယံ ဖရန်ကလင် နေထိုင်သွားတဲ့အိမ်ဆိုပြီး ပါပါတယ်။ ပြီးတော့လည်း တီဗီရှေ့မှာ ဇိမ်ရှိရှိနဲ့ ထိုင်ကြည့်ဖို့အတွက် ဆိုဖာခုံကို တီထွင်ခဲ့တဲ့သူ… ဆိုဖာခုံကို တီထွင်ခဲ့တာ မီရှီဂန်က ညီအစ်ကိုနှစ်ယောက်လို့ တွေ့ရပေမဲ့ ဒီထဲမှာတော့ ဘီလီဆိုတဲ့ လူကောင်ကြီးကြီးနဲ့ တစ်ယောက်က အိမ်မှာ အမြဲတမ်းသူ့ထိုင်ခုံကို အဆင့်မြှင့်တင်နေခဲ့ပြီး နောက်ဆုံး မီရှီဂန်ကကောင်လေးနှစ်ယောက်ကို ရောင်းလိုက်တယ် ဆိုတာမျိုး ထည့်ရိုက်ပြထားပါတယ်။ ဒါတွေအကုန် အမှန်ဟုတ်မဟုတ် ဘယ်သိနိုင်ပါ့မလဲနော်… အဲဒီလို ကိုလိုနီခေတ်နဲ့ ခေတ်ဟောင်းကလူတွေအပြင် အဲဒီအိမ်ကြီးကိုဝယ်ပြီး နေထိုင်ခဲ့တဲ့ မစ္စတာနဲ့ မစ္စစ်ယန်း တစ်နည်းအားဖြင့် အဲလ်နဲ့ ရို့စ်တို့လင်မယားရဲ့ သားသမီးတွေ ထွန်းကားလာပုံ အဲဒီသားသမီးတွေကနေ ထပ်ပြီး မိသားစုတိုးပွား လာပုံတွေနဲ့ အဲဒီလိုတိုးပွားလာတာနဲ့အမျှ ကြုံတွေ့လာရတဲ့ လူမှုရေးပြဿနာတွေ၊ မိသားစုဝင်ချင်း ကတောက်ကဆ ဖြစ်မှုတွေ၊ လင်မယားချင်း အဆင်မပြေမှုတွေနဲ့ ကလေးမွေးရာက အစ ကျန်းမာရေးချို့ယွင်းပြီးသေတဲ့အထိ အလုံးစုံကို ရိုက်ကူး ပြထားတာဖြစ်လို့ A Circle of Life လို့ပြောလည်း မှားမယ်မထင်ပါဘူး။ နေ့စဉ်ဘဝ Reality အရှိအတိုင်းကို မြင်တွေ့ရမှာဖြစ်လို့ ကြည့်ရှုသူနဲ့တိုက်ဆိုင်တဲ့ခံစားချက်တွေရှိလာခဲ့ရင် တွေးစရာတွေအများကြီးရစေမယ့် ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ အဲဒီအပြင် နာမည်ကျော်မင်းသားကြီး Tom Hanks ပါဝင်ရိုက်ကူး ထားတာမို့လို့ ရုပ်ရှင်ကောင်းတစ်ခု ဖြစ်မဖြစ်ဆိုတာကို တွေဝေ နေစရာလိုမယ်မထင်ပါဘူး။ အဲဒီတော့ ကိုယ့်ရဲ့အားလပ်ချိန်မှာ ရုပ်ရှင်ကောင်းလေးကြည့်ပြီး Chill ရင်း တွေးစရာလေးတွေရချင်တယ်ဆိုရင်တော့ ဒီရုပ်ရှင်လေးကို Play ခလုတ်နှိပ်လိုက်ပါတော့လို့ ပြောလိုက်ပါရစေ...
Pimpinero: Blood and Oil (2024) ⭐IMDB: 5.7/10 (413 Votes) 🎬 #Action #Adventure #Drama #Crime 🗓 2024 🎞 movie 🌎 #Colombia ⏰ 2 နာရီ 3 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရေနံတို့ ရေနံကိုသန့်စင်ပြီးရလာတဲ့ဓာတ်ဆီတို့ဆိုတာက ကမ္ဘာပေါ်မှာ စိန်တွေရွှေတွေထက်တောင် ပိုတန်ဖိုးကြီးတဲ့ အရာတွေလို့ပြောလို့ရပါတယ်။ဒါပေမယ့်အဲ့လိုတန်ဖိုးကြီးတဲ့ အရာတွေကို တန်ဖိုးနည်းနည်းနဲ့ရလာတဲ့အခါမှာတော့ လောဘသားကောင်တို့ရဲ့ မျက်စောင်းထိုးခြင်းကိုခံလာရတော့မှာ အသေအချာပါပဲ။ပြောရင်ယုံမလားတော့မသိပေမဲ့ ၂၀၁၂ ခုနှစ် တုန်းက ဗင်နီဇွဲလားနိင်ငံက တစ်ကမ္ဘာလုံးမှာ ဓာတ်ဆီစျေးအပေါဆုံး နိုင်ငံဖြစ်ခဲ့ဖူးပါတယ်။နိုင်ငံတွင်းမှာသာစျေးပေါနေပေမဲ့ ဗင်နီဇွဲလားနဲ့ ကပ်ရပ် ကိုလံဘီယာနယ်စပ်မှာတော့ အဲ့ဒီဓာတ်ဆီရဲ့တန်ဖိုးကိုပဲ အဆ ၆၀ ပေးခဲ့ရပါတယ်။အဲ့ဒါကြောင့်ပဲ အကွက်ကောင်းဆို ချောင်းနေတဲ့မှောင်ခိုသမားတွေအတွက် ဗင်နီဇွဲလားမှာဓာတ်ဆီ သွားယူပြီး နယ်စပ်ကိုပြန်ပို့ရတာကအလုပ်တစ်ခုဖြစ်လာပါ တော့တယ်။အခုတင်ဆက်ပေးမဲ့ Pimpinero:Blood And Oil ဆိုတဲ့ ဇာတ်ကားကလည်း အဲ့ဒီအဖြစ်အပျက်တွေကိုအခြေခံ စိတ်ကူးပုံဖော် ရိုက်ကူးထားတာဖြစ်ပြီး လက်ရှိ IMDb Rating 5.7 အထိရရှိထား ပါတယ်။ အထက်မှာပြောခဲ့တဲ့ဆီမှောင်ခိုသမားတွေထဲမှာ ဟွမ် အူလစ်စ်နဲ့ မိုးဆက်တို့ညီအစ်ကို ၃ ယောက်တို့ရဲ့ဆီမှောင်ခိုအဖွဲ့ကနာမည်ကြီး ပါပဲ။ဒါပေမယ့် ဒီလိုဒုစရိုက်လောကတွေထဲမှာအပြိုင်အဆိုင်တွေ များတဲ့အတွက် ကျောထောက်နောက်ခံသိပ်မရှိတဲ့သူတို့အဖွဲ့က သိပ်မကြာခင်မှာပဲ အဖွဲ့ဝင်တွေနည်းလာပြီး ပြိုကွဲသွားတဲ့အထိ ဖြစ်လာခဲ့ပါတော့တယ်။ပျော်ရာထက်တော်ရာကိုသွားရမယ်ဆိုတဲ့ အတိုင်း သူတို့ထဲကထွက်သွားတဲ့အဖွဲ့တွေက အဲ့ဒီလောကထဲမှာ အကြီးဆုံးဖြစ်တဲ့ကာမယ်လိုဦးဆောင်တဲ့အဖွဲ့ကိုပြောင်းရွှေ့သွား ခဲ့ပါတော့တယ်။အဲ့ဒီထဲမှာ ညီအစ်ကို ၃ ယောက်ထဲက အလတ်ကောင် အူလစ်စ်လည်းအပါအဝင်ဖြစ်ပြီး အကြီးဆုံးဖြစ်တဲ့မိုးဆက်ကတော့ မှောင်ခိုအလုပ်တွေဆက်မလုပ်တော့ပဲ ဘ၀ကိုအေးအေးဆေးဆေး ဆက်လက်ဖြတ်သန်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။အငယ်ဆုံးလေးဟွမ်ကတော့ ဒါတွေကိုလုံး၀လက်မခံနိုင်ဖြစ်ပြီး သူ့ကောင်မလေးနဲ့အတူ နှစ်ယောက် တည်း စိတ်တူကိုယ်တူ ဆီမှောင်ခိုဆက်ကူးဖို့လုပ်ခဲ့ရာကနေ ပြဿနာတွေတက်လာပြီး ကာမယ်လိုနဲ့မဖြစ်မနေပတ်သတ်လာရတဲ့ အခါမှာတော့ ဘာတွေဆက်ဖြစ်မယ်ဆိုတာကို စိတ်ဝင်စားစရာရှုစားရဦးမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။...
The Other Woman (2014) ⭐IMDB: 6.0/10 (155 k Votes) 🎬 #Drama #Romance #Comedy 🗓 2014 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Other Woman (2014) IMDb Rating (6.0) ညှို့အားပြင်း မင်းသမီး ကင်မရွန်းဒီယာ့ဇ် (Cameron Diaz) ၊နှုတ်ခမ်းဖျားကမှဲ့လေးနဲ့ ချစ်စဖွယ် အလှပိုင်ရှင် Vogue Model ကိတ်အပ်(ပ)တန် (Kate Upton) ၊17 Again, This is 40 စတဲ့ဇာတ်လမ်းတွေထဲကမင်းသမီး လက်(ဇ)လီမန်း (Leslie Mann) တို့အပြင်bonus အနေနဲ့ ရပ်(ပ်) အဆိုတော် Nicki Minaj စတဲ့မင်းသမီးအလန်းတွေချည်း တစုတစည်းတည်း သောင်းကျန်းထားတဲ့ အချစ်ဟာသရုပ်ရှင်ကားကြီးပါ။ အဲ့လို မင်းသမီးအလန်းတွေကို တပြိုင်တည်းဆော့ကစားမယ့် ဘဲကြီးကတော့Game Of Thrones ရဲ့ အချစ်သူရဲကောင်းကြီး ဂျိမ်းလန်နစ်စတာအဖြစ် လူသိများသူမင်းသား Nicolaj Coster-Waldau ပဲ ဖြစ်ပါတယ်…အချစ်သူရဲကောင်းကြီးကိုတော့ ဒီဇာတ်ကားထဲမှာလဲ အချစ်တွေများနေတဲ့ သူရဲကောင်းအဖြစ် မြင်တွေ့ရဦးမှာပါ။ ဇာတ်လမ်းကတော့…. ထက်မြက်ပြီးချောမောလှပတဲ့ ကာလီတယောက် သူတွဲနေတဲ့ သူ့ ချစ်သူ မက်ခ်ဟာ အိမ်ထောင်ကျပြီးသားဖြစ်ပြီးသူက ရာထူးနိမ့်နေတာကို သိသွားပါတယ်။အဲဒီနောက် ကာလီဟာ မက်ခ်ရဲ့ မိန်းမ ကိတ်နဲ့တွေ့ပြီး သူတို့နှစ်ယောက် မထင်မှတ်ဘဲ သူငယ်ချင်းတွေ ဖြစ်သွားပါတယ်။ဒါပေမဲ့ ဖြစ်ချင်တော့ မက်ခ်မှာ သူတို့နှစ်ယောက်အပြင် နောက်ထပ် မိန်းမချောလေးတစ်ယောက် ရှိသေးတယ်ဆိုတာကိုပါ ထပ်သိသွားပါတော့တယ်။ ဒီလို ဆော် ၃ ပွေကို တပြိုင်တည်းတွဲနေတဲ့ မက်ခ်ဆိုတဲ့ ဘဲကြီးဟာစီးပွားရေးလောကမှာပါ လိမ်လည်ကောက်ကျစ်လှည့်ဖျားတတ်တဲ့သူဖြစ်ပြီးမိန်းမမြင်ရင် ခြေရှုပ်ချင်တဲ့ဘဲကြီးဆိုတာ သိသွားတဲ့အခါမှာတော့မိန်းမတွေရဲ့ နာကျည်းမှုတွေဟာ သူ့အပေါ်ကို အပြွတ်လိုက် ကျရောက်လာပါတော့တယ်။ ကဲ ဘယ်လိုတွေ ရှေ့ဆက်ဖြေရှင်းကြမလဲဆိုတာ အလှလေးတွေထိုင်ကြည့်ရင်း ရယ်မောပျော်ရွှင်ရမယ့်ဇာတ်ကားပါ။...
MILF (2018) ⭐IMDB: 4.9/10 (8 k Votes) 🎬 #Comedy #Romance 🗓 2018 🎞 movie 🌎 #France #Belgium ⏰ 1 နာရီ 42 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 MILF (2018) လူကြီးဇာတ်ဝင်ခန်းတွေ ပါပေမယ့်လည်း ဟာသဆန်တဲ့ ရသမျိုးပေးနိုင်တဲ့ ဇာတ်ကားကိုပြောပါဆိုရင် ဒီ MILF ကိုပဲ ညွှန်းရမှာပါ။ တစ်နေ့မှာ သူငယ်ချင်းသုံယောက် ခရီးသွားလေသတဲ့။ ဒီလိုနဲ့ ဥရောပသားတွေနဲ့နောက်မီးလင်းတဲ့ ထုံးစံအတိုင်း ရရာအချိန်ကို အမြတ်ထုတ်ကြတဲ့ သက်လတ်ပိုင်း အမျိုးသမီးတစ်သိုက်ဟာ ကမ်းခြေရှိရာမြို့တစ်မြို့ကို ရောက်လာခဲ့ပါတယ်။ ဘော်ဘော်သုံးယောက်ထဲက စီစလီဟာ အဲဒီမှာ အိမ်ရှိတဲ့ကြောင်းပြချက်နဲ့ သူ့အရင်ယောက်ျားနဲ့ဝယ်ခဲ့တဲ့ အိမ်ကိုရောင်းဖို့ဆိုပြီး သန့်ရှင်းလုပ်၊ စာချုပ်တွေချုပ်မယ်ဆိုပြီး အကြောင်းပြရင်း ရောက်လာခဲ့တာပေါ့။ ရောက်ရောက်ချင်းမှာတော့ ဟုတ်သလိုလိုနဲ့ အိမ်ကိုသန့်ရှင်းရေးလုပ်သေသေသပ်သပ်ဖြစအောင်လုပ်ဖို့ ရွယ်ခဲ့ကြပါတယ်။ ဒါပေမဲ့ တစ်ဖြတ်အနား ကမ်းခြေကို အလည်သွားခဲ့ကြတဲ့ အချိန်မှာ မော်တော်လှေစီးရင်း ကိုယ်တော်ချောတစ်သိုက်နဲ့ ဆုံခဲ့ပါတယ်။ ညဘက်ကျတော့လည်း သူငယ်ချင်းသုံးယောက်ထဲက နှစ်ယောက်ကလပ်သွားတဲ့အချိန် ဝင်ခွင့်မရတဲ့အခါမှာ နေ့လည်က ချာတိတ်တွေကပဲ သူတို့ကိုကူညီပေးခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ပဲ တိုးပြီးရင်း တိုးတဲ့အခါမှာတော့ ငြိပြီးရင်းငြိဖို့ ဖြစ်လာကြပါတော့တယ်။ ***18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။*** (အညွှန်းနဲ့ဘာသာပြန်ကတော့ SM ဖြစ်ပါတယ်။)...
Whispery (2021) ⭐IMDB: 4.7/10 (102 Votes) 🎬 #Drama #Romance 🗓 2021 🎞 movie 🌎 #Romania ⏰ 1 နာရီ 39 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Whispery (2021) In Soapta ခေတ်အဆက်ဆက်ကြာပြီးနောက်ပိုင်း အရှေ့ပိုင်းတွေမှာ တစ်အိမ်ထောင်၊ တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးလာကြပါတယ်။ သိုပေမယ့်လည်း အနောက်အလယ်ပိုင်း အထူးသဖြင့် ဥရောပတစ်ခွင်မှာတော့ ဒါမျိုတွေက ရှေးရိုးစွဲလိုဖြစ်ဆဲပါပဲ။ ဒီဇာတ်ကားထဲမှာတော့ အချစ်စံအိမ်မှာ အချစ်တွေဖော်ပေမယ့်လည်း လိုအင်ရမ္မက်မပြည့်စုံနိုင်တဲ့ အမျိုးသမီး ဘယန်ကာကို ဇာတ်အိမ်တည်ထားတာပါ။ ဘယန်ကာက ချစ်ပြီးရင်း ချစ်ရည်လူးနေပေမယ့်လည်း လိုအင်ဆန္ဒတွေ မပြည့်ဝခဲ့ပါဘူး။ ဒီလိုနဲ့ သူ့ရဲကောင်လေးကို ငြိငြင်စပြုလာပါတယ်။ နားလည်ပေးတတ်တဲ့ ကောင်လေးကလည်း အရမ်းမချုပ်ခြယ်ပဲ တတ်နိုင်သလောက်လိုက်လျောပေးပါတယ်။ ဒါပေမဲ့လည်း ကတောက်ကစလေးတွေ ရှိစမြဲပါပဲ။ တစ်နေ့မှာတော့ ပါတီတစ်ခုတက်ရင်း သူတို့လို ရမ္မက်ကြီး လိုအင်မပြည့်နိုင်တဲ့ အတွဲနဲ့ တွေ့သွားတဲ့အခါမှတော့ အပြန်အလှန်ခြံခုန်ကြရင်ပျော်ပွဲနွှဲပါတော့တယ်။ ***18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။*** (အညွှန်းနဲ့ဘာသာပြန်ကတော့ SM ဖြစ်ပါတယ်။)...
Madame Claude (2021) ⭐IMDB: 5.4/10 (4 k Votes) 🎬 #Biography #Crime #Drama #Romance 🗓 2021 🎞 movie 🌎 #France ⏰ 1 နာရီ 52 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Madame Claude (2021) မဒမ်ကလောက် ဒါမှမဟုတ် ဖာနန်ဒီဘရူနက်လို့ ၂၀ ရာစုနှောင်းပိုင်းက အာဏာရှင်သဖွယ်ဖြစ်သွားတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို ဖြစ်ရပ်မှန်ဇာတ်လမ်ပေါ် အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ အခု ဒီ ၂၀၂၁ ထဲမှာ ထွက်ရှိထားတဲ့ ဇာတ်ကားကတော့ နောက်ဆုံး ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်လမ်းဖြစ်ပြီတော့ ၂၀၀၀ ခုနှစ်မပြည့်ခင်တုန်းက ထွက်ခဲ့တဲ့ OG ဇာတ်ကားလည်းရှိပါသေးတယ်။ ဇာတ်အိမ်အကျဉ်း မဒမ်ကလောက်ဟာ ၁၉၆၀ နှောင်းပိုင်းမှာ ပြည့်တန်ဆာခေါင်အဖြစ်နာမည်ကြီးခဲ့သူတစ်ယောက်ပါ။ ဘယ်လောက်တောင် အာဏာရှိခဲ့လဲဆိုရင် ကျင့်ဝတ်အရ အောက်တန်းကျတယ်လို့ ဆိုနိုင်တဲ့အလုပ်ကိုလုပ်နေပေမယ့် အစိုးရပိုင်းလူကြီတွေနဲ့ပေါင်းသင်းဆက်ဆံရပြီး နောက်ကွယ်က ဖြစ်ရပ်တချို့ကို ကြိုးကိုင်ခြယ်လှယ်နိုင်တဲ့အထိ အာဏာရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ငယ်စဉ်က ဖြစ်ရပ်ဆိုးရှိခဲ့တဲ့ မဒမ်ကလောက်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ လမ်းပေါ်ရောက်သွားခဲ့တဲ့အချိန် ခေတ်ကာလရေစီးကြောင်းအရလည်း ကမ္ဘာစစ်ဖြစ်ပြီး သွေးအေးစစ်ပွဲ ဒါမှမဟုတ် တိုင်းပြည်တွေပြည်လည်နာလည်ထူခါစ စစ်အေးကာလမှာ ယောက်ျားသားတွေရဲ့ ရမ္မက်ကြီးပုံကို အရသာတွေ့သွားပြီ အဲဒီကနေ အမြတ်ထုတ်ရာကနေ အာဏာတဖြည်းဖြည်းရလာခဲ့ပါတယ်။ ဒီဇာတ်လမ်းထဲမှတော့ သူရဲ့ ဘဝအစ သူ့ရဲ့သက်တမ်းတစ်လျှောက် နောက်ကွယ်နေ ပြည့်တန်ဆာလောကကို ဘယ်လိုကြိုးကိုင်ခြယ်လှယ်ခဲ့လဲ၊ ဒါ့အပြင်နောက်ဆုံးမှာ ရာဇဝတ်မှုကြီးတွေရဲ့ ဖြစ်မြဲဓလေ့အတိုင်း ဘယ်လိုလုံးပါးပါးသွားလဲဆိုတာကို ဖြစ်ရပ်မှန်သဖွယ် တရှုတမောတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ***18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။*** (အညွှန်းနဲ့ဘာသာပြန်ကတော့ SM ဖြစ်ပါတယ်။)...
100 Yen Love (2014) ⭐TMDB: 72% User Score 🎬 #Comedy #Drama #Romance 🗓 2014 🎞 movie 🌎 #Japan ⏰ 1 နာရီ 54 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 100 Yen Love (2014) ~ IMDb – 7.1/10, RT – 100%, MyDramaList – 7.3/10 ~ အသက် ၃၂ နှစ်အရွယ် ဆိုင်းတိုအီချိကို (Saito Ichiko) ဟာ မိဘများရဲ့ ကိုယ်ပိုင်လုပ်ငန်းဖြစ်တဲ့ ထမင်းဘူးဆိုင်မှာ ကူလည်းမကူညီ၊ တစ်ခြားသူတွေနဲ့လည်း အပြင်ထွက်လျှောက်မလည်၊ အခန်းအောင်းပြီး ပေါ့ပေါ့နေ ပေါ့ပေါ့စားနေတဲ့ မိန်းကလေးတစ်ယောက်ပေါ့။ သူ့ညီမဖြစ်တဲ့ အိမ်ထောင်ကွဲ ကလေးအမေ ဖူမီကို (Fumiko) ဟာ ခင်ပွန်းနဲ့ကွာရှင်းပြီး မိဘအိမ်ဆီ ပြန်လည်ရောက်ရှိလာမှ အီချိကိုနဲ့ ရန်တကျက်ကျက်ဖြစ်နေလို့ နောက်ဆုံးမှာ အီချိကိုတစ်ယောက် သည်းမခံနိုင်တော့ဘဲ အိမ်ပေါ်ကနေ တစ်ယောက်တည်းနေမယ်လို့ပြောပြီး ဆင်းချသွားတယ်။ ဘယ်အလုပ်မှ မယ်မယ်ရရမလုပ်ဖူးတဲ့ အီချိကိုဟာ နေရေးထိုင်ရေးစားရေးသောက်ရေး အဆင်ပြေဖို့ ယန်းတစ်ရာစတိုးဆိုင်မှာ အချိန်ပိုင်းဝင်ရောက်လုပ်ကိုင်ရပါတော့တယ်။ အဲဒီစတိုးဆိုင်နဲ့ သူငှားနေတဲ့တိုက်ခန်းကြားက အသွားအပြန်လမ်းပေါ်မှာ လက်ဝှေ့အားကစားရုံတစ်ခုရှိလို့ အဲဒီအရှေ့ရောက်တိုင်း တစ်ယောက်သောအမျိုးသား လက်ဝှေ့လေ့ကျင့်နေတာကို ဘာရယ်မဟုတ် ငေးကြည့်မိနေရာမှ အဲဒီလူနဲ့ မျက်မှန်းတန်းမိပြီး ရင်းနှီးခင်မင်သွားတယ်။ အဲဒီကနေစပြီး သူ့ဘဝဟာ ပြန်လည်ကောင်းမွန်သွားမလား ပိုမိုဆိုးဝါးသွားမလားဆိုတာ အီချိကိုကိုယ်တိုင် မှန်းဆမရတော့ပါဘူး။ ပြောရရင် ဇာတ်လမ်းတစ်ခုလုံးက အီချိကိုရဲ့ အကျများများ အတက်နည်းနည်းဖြစ်တဲ့ ဘဝထဲက တစ်စိတ်တစ်ပိုင်းကို စိတ်ညစ်ဖွယ်၊ စိတ်ပျက်ဖွယ်၊ စိတ်ဆင်းရဲဖွယ်၊ ဟားတိုက်ဖွယ်၊ အားတက်ဖွယ် ထိုင်ကြည့်နေရမှာဖြစ်ပါတယ်။ အစပိုင်းမှာ ဘာမှမလုပ်ချင်၊ လူတွေနဲ့လည်းမဆက်ဆံချင်၊ အိမ်တွင်းပုန်းနေတဲ့သူက အကြောင်းတစ်ခုခုကြောင့် အားကစားတစ်ခုခုကိုတွေ့ပြီး စိတ်ပါလက်ပါ ကစားရင်း သူ့ဘဝတစ်ခုလုံးက နည်းနည်းဖြစ်ဖြစ် များများဖြစ်ဖြစ် ပြောင်းလဲသွားနိုင်မလားဆိုတာကို ဇာတ်ကားထဲမှာ ရှုစားလိုက်ကြပါခင်ဗျာ။ 100 Yen Love ရဲ့ ဇာတ်ဆောင်အမျိုးသမီးဖြစ်တဲ့ “အီချိကို” ကို ပြောင်ပြောင်မြောက်မြောက် သရုပ်ဆောင်ခဲ့တဲ့သူကတော့ တစ်ခြားသူမဟုတ်ပါဘူး၊ ၄၇ ကြိမ်မြောက် ဂျပန်အကယ်ဒမီရုပ်ရှင်ဆုပေးပွဲမှာMonster (2023),Godzilla Minus One (2023)တွေနဲ့ အကောင်းဆုံးသရုပ်ဆောင်မင်းသမီးဆုနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုတွေကို ရသွားတဲ့ Sakura Ando ပဲဖြစ်ပါတယ်။ 100 Yen Love ကို ၈၈ ကြိမ်မြောက် အော်စကာဆုပေးပွဲ (၂၀၁၅) မှာ ဂျပန်ဘက်ကနေ အကောင်းဆုံးနိုင်ငံခြားဘာသာစကားပြောရုပ်ရှင်အနေနဲ့ စာရင်းသွင်းဖို့ ရွေးချယ်ခံထားရပေမဲ့ ဆန်ကာတင်မဝင်ခဲ့ပါဘူး။ ဒါပေမဲ့ ဂျပန်ရုပ်ရှင်ပွဲတော်များများမှာတော့ သက်ဆိုင်ရာရုပ်ရှင်ဆုများစွာကို အောက်ဖော်ပြပါအတိုင်း ရခဲ့ပါတယ်။ – 27th Tokyo International Film Festival(2014)မှာJapanese Cinema Splash Award– 88th Kinema Junpo (2015)မှာ8th best Japanese film of the year နဲ့ Best Actress Award– 24th Japan Film Professional Awards (2015)မှာBest Film Award နဲ့ Best Director Award– 57th Blue Ribbon Awards (2014)မှာBest Actress Award ဒီ 100 Yen Love (2014) ထွက်ရှိပြီး ဆယ်နှစ်အကြာ ဒီနှစ်အတွင်းမှာ တရုတ်ဗားရှင်းအဖြစ် “YOLO (2024)” ဆိုပြီး ထွက်ရှိလာခဲ့ပါတယ်။ *** There will be one sexual assault scene and nudity scenes. *** (ဒီဇာတ်ကားနဲ့အညွှန်းကိုAKမှ ပြန်ဆို ရေးသားထားပါတယ်)...
Haunt Season (2024) ⭐IMDB: 4.9/10 (629 Votes) 🎬 #Comedy #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 22 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Haunt Season (2024) ******************** ဟောလိုဝင်း ပရိသတ်တွေအတွက် ဟောလိုဝင်း vibe ရစေမယ့်ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ သွေးပျက်ဖွယ် ခြောက်လှန့်မှုတွေ လုပ်ပြီးတော့ ဖျော်ဖြေမှုလုပ်တဲ့ သရဲအိမ်လိုမျိုးအလုပ်လုပ်တဲ့ အဖွဲ့တစ်ခုကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်ညွှန်းပြောရရင်တော့ ဒီနှစ် ဟောလိုဝင်းရာသီချိန် ဒီအဖွဲ့သားတွေထဲက လူတွေတဖြည်းဖြည်း တစ်ယောက်ပြီးတစ်ယောက် ပျောက်ဆုံးတာတွေ ဖြစ်လာသလိုဝင်ပြီး လည်ကြတဲ့ ဧည့်သည်တွေလည်း တစ်ချို့တစ်လေ ပျောက်ခြင်းမလှပျောက်သွားတာတွေ ဖြစ်လာကြပါတယ်။ ဒီမျက်နှာဖုံး လူသတ်သမားဟာ သွေးသံရဲရဲ ဟန်ဆောင်ခြောက်လှန့်မှု လုပ်တာတွေကိုအမှန်တကယ် ကြောက်လန့်မှု ဖြစ်လာဖို့ ကြိုးစားလာတဲ့အခါမှာ ကျန်တဲ့အဖွဲ့သားတွေအနေနဲ့ ဒီသတ်ဖြတ်နေတဲ့သူက ဘယ်သူလဲ.. ဘာကြောင့် ဒီလိုတွေ လုပ်နေတာလဲ.. ဒီအိပ်မက်ဆိုးကနေ ဘယ်လိုမျိုး လွတ်အောင် ပြေးကြရမလဲဆိုတာတော့….။ (အညွှန်းကို Aoi မှ ရေးသားထားပါတယ်)...
I Stand Alone (1998) ⭐TMDB: 75% User Score 🎬 #Crime #Drama #Thriller 🗓 1998 🎞 movie 🌎 #France ⏰ 1 နာရီ 28 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 I Stand Alone (1998) ~ IMDb – 7.3/10, Rotten Tomatoes – 88% ~ ပြင်သစ်စကားပြော Psychological Drama ဇာတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Gaspar Noé ရဲ့ ပွဲဦးထွက် ရုပ်ရှင်ဖြစ်ပြီး တော်တော်လေးကို မွန်းကြပ်စရာ မသတီစရာ ထိတ်လန့်စရာဖြစ်တာကို တွေ့ရပါလိမ့်မယ်။ ကောင်းရောင်းကောင်းဝယ်လုပ်နေတဲ့ သားသတ်သမားတစ်ယောက် အမေပစ်သမီးလေးကို တစ်ကိုယ်တည်း ပျိုးထောင်နေရင်း သမီးကို အနိုင်ကျင့်တယ်လို့ အထင်မှားပြီး လူတစ်ယောက်ကို သတ်မိလို့ ထောင်ကျသွားပါတယ်။ ထောင်ကထွက်လာတော့ သမီးဆီ ပြန်မသွားဘဲ တခြားတစ်နေရာက မိန်းမတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး အဲဒီမိန်းမကိုယ်ဝန်ရတော့ မိန်းမရဲ့ဇာတိကို လိုက်သွားပြီး ယောက္ခမရဲ့အိမ်မှာနေတာကနေ ဇာတ်ကားစထားပါတယ်။ အဲဒီကနေ သားသတ်သမားရဲ့ စိတ်အတွင်းပိုင်းက အမှောင်အတွေးတွေ ကြောက်စရာအတွေးတွေ မကျေနပ်မှုတွေကို စိတ်ကူးတွေအတိုင်း မပြုမပြင် ပွင့်ပွင့်လင်းလင်း သူကိုယ်တိုင်ပြောပြနေတဲ့ပုံစံနဲ့ ချပြသွားမှာပါ။ အတွေးတွေဆိုတာ ရောက်ချင်တာကို အမြန်ဆုံးရောက်ပြီး အတိုင်းအဆမရှိ သွားနိုင်တယ်မဟုတ်လား။ လောကကြီးထဲဝင်မဆန့်ဖြစ်ပြီး လူ့အဖွဲ့အစည်းကို မုန်းတီးနေတဲ့ လူတစ်ယောက်ရဲ့စိတ်ရဲ့ စိတ်က ဘယ်လောက်ထိ မှောင်မိုက်နက်ရှိုင်းတဲ့ နေရာထိရောက်သွားနိုင်မလဲ စဉ်းစားသာကြည့်လိုက်ပါတော့။ စကားလုံးတွေမှာ ကိုယ်ကျင့်တရား၊ တရားမျှတမှု၊ လူတွေ၊ အသိုင်းအဝိုင်း အဲဒီစကားလုံးတွေကို တွင်တွင်သုံးထားပြီး ဒီစကားလုံးတွေကို တစ်ကိုယ်ကောင်းဆန်ဆန် သူ့စိတ်တိုင်းကျ တစ်ဖက်သတ်တွေးပြီး ဝေဖန်ထားတာတွေက စိတ်ကသိကအောက်ဖြစ်နိုင်လောက်ပေမဲ့ တချို့အတွေးတွေက ပွင့်လင်းလွန်းတော့ ကြောက်စရာကောင်းနေပါလိမ့်မယ်။ Drama ဆိုပေမဲ့လည်း ပြသွားတာက အရမ်းကို ခြောက်ခြားဖွယ်လှပနေတာကို တွေ့ရမှာပါ။ ဇာတ်ကားရဲ့ နောက်ဆုံးပိုင်းမှာလည်း သူ့ရဲ့အတွေးတွေကို လွန်လာတယ်လို့ ထင်လောက်စရာအပိုင်းတွေရောက်တဲ့အချိန်ကျ ခင်ဗျားစိတ်က ဒီဇာတ်ကားကို ဆက်မကြည့်နိုင်တော့ဘူးလို့ထင်လာရင် ရပ်ပစ်လိုက်ဖို့ သတိပေးချက်တက်လာပါလိမ့်မယ်။ အဲဒါက အပိုမဟုတ်ပါဘူး။ တကယ်ကို စိတ်ကို ညစ်ညူးထိခိုက်စရာတွေ ကြုံလာနိုင်လို့ သေချာပြီဆိုမှ ဆက်ကြည့်စေချင်ပါတယ်။ ဒီဇာတ်ကားကို ကြည့်ပြီးသွားရင်တော့ ဒါရိုက်တာက ခင်ဗျား Gaspar Noé ရုပ်ရှင်ဆိုတာ ကြည့်ဖူးသွားပြီဆိုတဲ့ အောင်လက်မှတ်တစ်ခု ပေးပါလိမ့်မယ်။ ရုပ်ရှင်ဇာတ်ကားကောင်း ကြိုက်တတ်ပြီး ၉၃ မိနစ်စာ စိတ်ညစ်ညူးဖွယ်လှပတဲ့ အခိုက်အတန့်လေးကို ခံစားချင်တယ်ဆိုရင်တော့ လုံးဝကို လက်မလွှတ်သင့်တဲ့ ဇာတ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)...
All About the Benjamins (2002) ⭐TMDB: 59% User Score 🎬 #Action #Adventure #Comedy 🗓 2002 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ West Coast ဆရာကြီး Ice Cube ရဲ့ action ဟာသဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Tyson Bucum လို့ခေါ်တဲ့ Bounty hunter တစ်ယောက်ဟာ တစ်နေ့ Reggie Wright လို့ခေါ်တဲ့ သူခိုးတစ်ယောက်ကိုလိုက်ဖမ်းရင်း နှစ်ကောင်သား စိန်ခိုးဂိုဏ်းတစ်ခုအကြောင်းကိုသိသွားခဲ့ပါတယ်။ ဖြစ်ချင်တော့ စိန်ခိုးဂိုဏ်းခိုးလာတဲ့စိန်တွေကအတုတွေပါ။ Reggie ကလည်း သန်းခြောက်ဆယ်တန် ထီလက်မှတ်ပေါက်ထားပေမယ့် ထီလက်မှတ်က စိန်ခိုးဂိုဏ်းဆီပါသွားတဲ့ ပိုက်ဆံအိတ်ထဲရောက်သွားတော့ သူ့ကိုလိုက်ဖမ်းနေတဲ့ Tyson Bucum ကိုစည်းရုံးပြီး စိန်ခိုးဂိုဏ်းကိုဖမ်းကြမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ Black Leading actor တွေပါတဲ့အလျောက်ဆဲသံဆိုသံကတော့ တစ်ကားလုံးတစ်ညံ့ညံ့နဲ့ကြည့်ရမှာဖြစ်ပါတယ်။ စကားများတဲ့လူပိန်လေး Reggie နဲ့ လူရိုးတုတ်ရိုက် Bucum တို့နှစ်ယောက် ဘယ်လိုမျိုးအလွဲတွေနဲ့အတူ နှစ်ပါးသွားကြမလဲဆိုတာကို စိတ်ဝင်စားစရာကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ Bad Boys ဇာတ်လမ်းမျိုးသဘောကျတဲ့သူတွေအတွက်တော့ ရွေးချယ်စရာဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။...
Come Into My Life (2024) ⭐TMDB: 73% User Score 🎬 #Comedy #Romance 🗓 2024 🎞 movie 🌎 #Mexico ⏰ 1 နာရီ 16 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Entra En Mi Vida or Come Into My Life (2024)“ငါ့ဘဝထဲကို ဝင်လာပါ”===================================== ယူဂျီးနီးစ်လို့ခေါ်တဲ့ ကောင်မလေးဟာအရင်တုန်းက ငယ်ရွယ်ဖျတ်လတ်တဲ့ မိန်းမလေးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ကို ရည်းစားက ပစ်သွားပြီးတဲ့နောက်မှာကံဆိုးမှုတွေကို ဆက်တိုက်ကြုံခဲ့ရတယ်။ ဘဲပစ်ခံရပြီးနောက်မှာ အလုပ်ပြုတ်တယ်၊ ခွေးပျောက်တယ်၊ အခန်းဖော်က ထားသွားတယ်။အဲဒီလို ဆောက်တည်ရာမရဖြစ်နေတဲ့ ယူဂျီးနီးစ်ဟာ ကိုယ့်ကိုယ်ကိုယ်ပြန်တည်ဆောက်ဖို့ကြိုးစားရင်းနဲ့ ယူကျုတို့ အင်စတာဂရမ်တို့မှာဗွီဒီယိုတွေတင်တဲ့ ကွန်းတန့်ဖန်တီးသူအဖြစ် ရပ်တည်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ အစပိုင်းမှာ ယူဂျီးနီးစ်ဟာ သူ့ကို ဖော်လိုလုပ်သူဆိုလို့ နာတာလီယာဆိုတဲ့သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ပဲရှိရာကနေ ဖော်လိုဝါတွေမူးစုပဲစုရှာရင်း တဖြည်းဖြည်း အောင်မြင်ပြီးအင်ဖလူရန်ဇာတစ်ယောက်ဖြစ်လာပုံကို ပရိသတ်တွေစိတ်အားတက်ဖွယ်ဖြစ်အောင် ဒီမက္ကဆီကန်ရုပ်ရှင်လေးထဲမှာ ပေါ့ပေါ့ပါးပါးပုံဖော်ပြထားပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)...
Silip (2024) ⭐IMDB: 4.9/10 (25 Votes) 🎬 #Adult #Drama #Romance 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 3 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Silip (2024) ဂျိုဝယ်ဟာ လမ်းဘေးစားသောက်ဆိုင်လေးတစ်ခုမှာအလုပ်လုပ်ရင်ကျောင်းတက်ဖို့ငွေစုနေတဲ့ကောင်လေးတစ်ယောက်ပါ။ သူနဲ့အတူတူတွဲအလုပ်လုပ်တဲ့ ကန်ဒီဆိုတဲ့ကောင်မလေးက သူ့ကိုကြိတ်ကြွေနေပေမယ့် နည်းနည်းမှစိတ်မဝင်စားပဲ တကယ်တမ်း သူမှန်းနေတဲ့သူကတော့ သူတို့မျက်နှာချင်းဆိုင်တိုက်မှာနေတဲ့ ကြေးကြီးဇိမ်မယ်လေးတစ်ယောက်ဖြစ်တဲ့ ရိုစ့် ဖြစ်ပါတယ်။ တစ်ခါမှအတွေ့အကြုံမရှိတဲ့ မနူးမနပ်ကလေးဟာ ဂျိုဝယ်ဟာ သူ့အနေအထားနဲ့ မှန်းလို့မရတဲ့ ဇိမ်မယ်လေးကို ဒီဘ၀ကနေ ဆွဲထုတ်ကယ်တင်ရှင်ကြီးလုပ်ဖို့စိတ်ကူးတွေပေါ်ပေါက်လာချိန်မှာတော့ စပြီး ဇယားတွေရှုပ်ဖို့ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)...
Death Wish (1974) ⭐TMDB: 69% User Score 🎬 #Action #Crime #Drama 🗓 1974 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားဟာ Brian Garfield ရဲ့ Death Wish ဆိုတဲ့ ဝတ္ထုကို အခြေခံထားတာဖြစ်ပြီးတော့ မင်းသားကြီး Charles Bronson ဦးဆောင်ထားတဲ့ Death Wish Franchise ရဲ့ ပထမဆုံး ဇာတ်ကားလည်းဖြစ်ပါတယ်။ 1970 ခုနှစ်ကာလ မှုခင်းဖြစ်ပွားနှုန်းတွေ မြင့်တက်နေတဲ့ နယူးယောက်မြို့ကြီးကို ကျောရိုးယူပြီး ရိုက်ကူးထားတာဖြစ်လို့ ထိုခေတ်အခါက ပရိသတ်စိတ်ဝင်စားခဲ့သလို ဝေဖန်မှုတွေ များခဲ့တဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့. ပေါလ်ကာဆီဆိုတဲ့ စစ်ပြန်ဗိသုကာပညာရှင်တစ်ယောက်ရဲ့ ဘဝမှာ ချစ်ရတဲ့ဇနီး သမီးဖြစ်သူတို့နဲ့ ပြည့်စုံကြွယ်ဝနေခဲ့ပါတယ်။ တစ်ရက်မှာတော့ ဇနီးဖြစ်သူနဲ့ သမီးတို့ စူပါမားကတ်က အပြန်မှာ လမ်းသရဲတစ်သိုက်ရဲ့ ပစ္စည်းပို့သူဟန်ဆောင်ပြီး အကြမ်းဖက်စော်ကားခြင်းကို ခံခဲ့ရပါတယ်.။ ဇနီးဖြစ်သူက ဆေးရုံမှာတင် သေဆုံးခဲ့ပြီး သမီးဖြစ်သူ ကယ်ရိုးကတော့ စော်ကားခံရတဲ့စိတ်ဒဏ်ရာတွေကြောင့် ရှင်လျက်သေနေတဲ့ဘဝကို ရုတ်ချည်းရောက်ရှိသွားရပါတော့တယ်။ နယူးယောက်မြို့ရဲ့ များပြားလှတဲ့မှုခင်းဖြစ်ရပ်တွေကြောင့် ဇနီးဖြစ်သူနဲ့သမီးအတွက် တရားမျှတမှုကို ရဲတပ်ဖွဲ့က ယူဆောင်ပေးလာနိုင်ခဲ့ခြင်း မရှိပါဘူး။ ဇနီးဖြစ်သူကိုလည်း ဆုံးရှုံး. သမီးရဲ့အဖြစ်ကိုလည်း မရှုရက်နိုင်ဖြစ်နေတဲ့ ပေါလ်ကာဆီအတွက် တူဆန် ဆိုတဲ့ အနောက်ပိုင်းဒေသကို ဗိသုကာပရောဂျက်တစ်ခုအတွက် ခရီးဆက်နိုင်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ သေနတ်ကိုင်ဆောင်မှုယဉ်ကျေးမှု မတိမ်ကောသေးတဲ့ အရပ်ဒေသဖြစ်တဲ့တူဆန်မှာ သေနတ်ပစ်ကလပ်တစ်ခုကို ဝင်ရင်းနဲ့ ပေါလ်ကာဆီရဲ့ တိမ်မြှုပ်နေတဲ့အရည်အချင်းတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ လက်နက်ကိုင်ဆောင်ဖို့ ငြင်းဆန်ထားတဲ့ ဆေးတပ်သားဟောင်း ပေါလ်ကာဆီဟာ သေနတ်ပစ်ရာမှာ မထင်မှတ်ထားဘဲ ကျွမ်းကျင်နေတာကို သူကိုယ်တိုင် သိရှိသွားခဲ့ပါတယ်.။ ပရောဂျက်အတွက် မြေနေရာကြည့်ရှုအပြီး အပြန်မှာတော့ မြေပိုင်ရှင် အိမ်းစ်ဂျိန်းချေးလ်ရဲ့ လက်ဆောင်တစ်ခုကို ရရှိခဲ့ပါတယ်။ အိမ်အရောက်မှာတော့ ထိုလက်ဆောင်ဟာ ကို့တ် ပွိုင့် ၃၂ ပစ္စတိုတစ်လက် ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ အဲဒီညမှာပဲ သေနတ်ကို ကျည်ဖြည့်ပြီး ပေါလ်တစ်ယောက် မှုခင်းထူပြောလှတဲ့ နယူးယောက်ညခင်းကို မကြောက်မရွံ လမ်းလျှောက်ထွက်လာခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ လုယက်သူတစ်ယောက်က ပေါလ်ကို သေနတ်နဲ့ ချိန်းခြောက်ပြီး ငွေတောင်းခဲ့ပါတယ်။ ပေါလ်က လက်ဦးမှုရယူပြီးတော့ သေကွင်းသေကွက်ကို အရပစ်နိုင်ခဲ့ပါတယ်။ သေနတ်ပစ်ကျွမ်းကျင်မှုကို လက်တွေ့အသုံးချအပြီးမှာတော့ ပေါလ်ရဲ့စိတ်ထဲမှာ ဇနီးနဲ့သမီးဖြစ်သူရဲ့ အဖြစ်ဆိုးကို လက်တုံ့ပြန်နိုင်ဖို့ နယူးယောက်မြို့ရဲ့မှုခင်းတွေကို တစ်ကိုယ်တော်ဖြေရှင်းဖို့ အကြံပေါ်လာခဲ့ပါတယ်.။ ထိုအကြံဉာဏ်ကြောင့်ပဲ ရာဇဝတ်သားတွေရဲ့ အိပ်မက်ဆိုး. နယူးယောက်မြို့သူမြို့သားတွေအတွက် တရားမျှတမှုကို ယူဆောင်လာပေးမယ့် ပြည်သူ့ဘက်တော်သား “The Vigilante” တစ်ဦး ပေါ်ပေါက်လာခဲ့ပါတော့တယ်။...
Out of My Mind (2024) ⭐IMDB: 7.4/10 (2 k Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Drama အမျိုးအစားဖြစ်တဲ့ Out of My Mind ဟာ စိတ်ဓာတ်လှုံ့ဆော်မှုပေးနိုင်တဲ့ကလေးကားလို့ပြောလို့ ရပါတယ်။ ဦးနှောက်အကြောသေရောဂါကြောင့် စကား မပြောနိုင်ဘဲ ဘီးတပ်ကုလားထိုင်တစ်ခုနဲ့ပဲသွားလာရတဲ့ ခြောက်တန်းကျောင်းသူလေးမယ်လိုဒီဟာ ဥာဏ်အရမ်း ကောင်းပြီး ထူးချွန်ပေမယ့် သူ့ရဲ့မသန်စွမ်းတဲ့အခြေအနေကြောင့် ခွဲခြားဆက်ဆံခံရတဲ့အပြင် သက်တူရွယ်တူတွေလို တူညီတဲ့ အခွင့်အရေးတွေလည်းမရခဲ့ပါဘူး။ တစ်ရက်မှာတော့ ပညာရေးလေ့လာမှုအတွက်ကျောင်းကိုရောက်ရှိလာတဲ့ ဒေါက်တာတစ်ယောက်ကြောင့် မယ်လိုဒီဟာ မသန်စွမ်း အတန်းမဟုတ်ဘဲ ပုံမှန်ကျောင်းသားတွေတက်တဲ့ခြောက်တန်း အခန်းထဲမှာ စာသင်ခွင့်ရရှိလိုက်ပါတယ်။ အတန်းထဲမှာ မယ်လိုဒီဟာ တခြားကျောင်းသားတွေထက် ထူးချွန်ပေမယ့် ခွဲခြားဆက်ဆံမှုတွေကတော့ရှိနေဆဲပါပဲ။ ဇာတ်လမ်းရဲ့အဆုံးပိုင်းမှာ တကယ်တော့ အသံမထွက်နိုင်တဲ့ မယ်လိုဒီအတွက် ဘယ်လိုစကားပြောရမလဲဆိုတာက အရေးမကြီးဘဲ သူပြောစရာရှိတာကိုပြောနေဖို့ပဲလိုတယ်ဆိုတဲ့ အချက်ကို မယ်လိုဒီတစ်ယောက်သဘောပေါက်နားလည် သွားခဲ့ပါတယ်။ အစစအရာရာလိုက်လုပ်ပေးဖို့လိုတဲ့ မယ်လိုဒီလို ကလေးတစ်ယောက်အတွက် မယ်လိုဒီရဲ့မိဘတွေရဲ့အပင်ပန်းခံ ပံ့ပိုးပေးမှုကလည်း မယ်လိုဒီရဲ့အောင်မြင်မှုနဲ့ထူးချွန်မှုအတွက် အဓိကအခန်းကဏ္ဍကပါဝင်နေတယ်ဆိုတာမြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။...
Ghosts (1997) ⭐TMDB: 80% User Score 🎬 #Fantasy #Horror #Music 🗓 1997 🎞 video movie 🌎 #UnitedStatesofAmerica ⏰ 39 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ တင်ဆက်ပေးသွားမှာကတော့ ကျွန်တော်တို့ ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ Michael jackson သရုပ်ဆောင်ထားတဲ့ ကားလေး တင်ဆက်ပေးသွားမှာပါ ဒီဇာတ်လမ်းလေးကိုတော့ Michael Jackson နဲ့ The Shining တို့ IT တို့ကိုရေးတဲ့ စာရေးဆရာ Stephen King နှစ်ယောက်ရေးထား ပြီး Terminator တို့ Jurassic Park တို့မှာ Special effect Make up artist လုပ်ခဲ့သူ Stan Winston က ဒါရိုက်တာ လုပ်ထားတဲ့ Short Film လေးဖြစ်ပါတယ် ။ ဒီဇာတ်လမ်းမှာ Michael Jackson က မြို့ထဲက အိမ်အကြီးကြီးမှာ နေတဲ့လူထူးဆန်းတစ်ယောက်ဖြစ်ပြီး သူ့ကိုမြို့ထဲကနေ မြို့တော်ဝန် ကမနေဖို့ လာနှင်ထုတ်တဲ့ အကြောင်းပါ။ ဒီ ဇာတ်လမ်းတိုထဲမှာ Michael Jackson ရဲ့ သီချင်းသုံးပုဒ် ဖြစ်တဲ့ Ghosts , 2 Bad နဲ့ Is it scary? တို့ဘာပါပါတယ်။ ဒီထဲမှာ Michael Jackson တစ်ယောက်သူရဲ့ သီချင်း အကတွေကို Short Film ထဲမှာ ဘယ်လိုပေါင်းစပ်ထားမလဲဆိုတာ ကြည့်ရှုလိုက်ပါ။...
Appudo Ippudo Eppudo (2024) ⭐IMDB: 4.9/10 (187 Votes) 🎬 #Action #Bollywood #Drama #Thriller #Romance 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Appudo Ippudo Eppudo (2024)“တာရာနှင့်စသော ဇာတ်လမ်းတစ်ပုဒ်” အသစ်ထွက်ရှိလာတဲ့ တေလဂူး မှုခင်းဒရာမာဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် မင်းသမီးအချောအလှလေးဖြစ်တဲ့ Rukmini Vasant ပါဝင်ထားပြီး ဇာတ်လမ်းအကျဉ်းကတော့ပြိုင်ကားမောင်းချင်တဲ့ အိပ်မက်တွေနဲ့ ပျော်ပျော်နေတတ်တဲ့ ရီရှီကတစ်နေ့မှာ ဆွဲကြိုးဖြတ်လုတဲ့ သူခိုးတစ်ယောက်ကို လိုက်ဖမ်းပေးရာကနေတာရာဆိုတဲ့ အချောအလှလေးနဲ့ စတင်သိကျွမ်းခဲ့ပါတယ်မြင်မြင်ချင်းချစ်မိသွားခဲ့ပြီး ဖွင့်ပြောဖို့ တုံ့ဆိုင်းနေခဲ့တယ် နောက်တော့ သူ့မှာရည်းစားရှိနှင့်နေတာ သိသွားတဲ့အခါလက်လျှော့လိုက်ပြီး အိပ်မက်တွေနောက်လိုက်ဖို့ဘော်ဒါတစ်ယောက်နဲ့အတူ လန်ဒန်ကိုထွက်သွားခဲ့တယ် နှစ်နှစ်အကြာမှ တာရာ့ကိုမထင်မှတ်ထားဘဲ ပြန်တွေ့တဲ့အခါမှာတော့ … အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်...
Joy (2024) ⭐IMDB: 7.1/10 (5 k Votes) 🎬 #Biography #Drama #History 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 55 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နာမည်ကျော် ဇာတ်ကားများစွာမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး CMပရိတ်သတ်တို့နဲ့မစိမ်းတဲ့ မင်းသားကြီး Bill Nighy၊ Jojo Rabbit (2019) နဲ့ Late Night in Soho (2021)တို့နဲ့ လူသိများတဲ့ မင်းသမီး Thomasin McKenzieအပြင် မင်းသားချော James Norton တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်တစ်ကားကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ရုပ်ရှင်ကတော့ အားလုံးကြားဖူးလောက်မဲ့ ဖန်ပြွန်သန္ဓေသား နည်းပညာအကြောင်းကို အပြင်ကဖြစ်ရပ်မှန် သမိုင်းအတိုင်း ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ အခုခေတ် မြန်မာနိုင်ငံရဲ့ ဒေသအချို့မှာတောင် အမျိုးသမီးတွေ ကလေးမရနိုင်ရင် “အိမ်ထောင်ရေးတာဝန်မကျေသူ၊ အမြုံမ” စသည်ဖြင့် ခေါ်ဝေါ်သတ်မှတ်နေကြတုန်းပါပဲ။ ဒါဆို ဒီလိုနည်းပညာတွေ မတိုးတက်ခင် 50s 60s ကာလတွေမှာ အမျိုးသမီးတွေဘယ်လောက်များခက်ခဲခဲ့ကြမလဲ။ ဒီမျိုးဆက်မပွားနိုင်တဲ့ပြဿနာကို ဆေးသိပ္ပံပညာပိုင်း လိုအပ်ချက်တစ်ခုပါလို့ မှတ်ယူပြီး မျိုးဆက်မပွားနိုင်တဲ့ အမျိုးသမီးတွေကို ဖန်ပြွန်သန္ဓေသားနည်းပညာနဲ့ ကလေး ရအောင်လုပ်ပေးမယ်လို့ စတင်အကောင်အထည်ဖော်ခဲ့သူက ဒေါက်တာရောဘတ် အက်ဒ်ဝက်ပါ။ သိပ္ပံပညာရှင် ဒေါက်တာရောဘတ်အက်ဒ်ဝက်ရယ်၊အရည်အချင်း အပြည့်နဲ့ သားဖွားဆရာဝန်ကြီး မစ္စတာစတပ်တိုးရယ်၊ ဓာတ်ခွဲခန်းမန်နေဂျာသူနာပြုမလေး ဂျင်းပါဒီတို့ရယ် သုံးယောက်ပေါင်းပြီး အမျိုးသမီးတွေအတွက် အနာဂတ်တစ်ခုကို ဖန်တီးပေးဖို့ကြိုးစာခဲ့ကြပါတယ်။ ပြောလို့သာလွယ်လွယ်လေးထင်ရပေမဲ့ နည်းပညာပိုင်းအရရော ဆေးသိပ္ပံပညာပိုင်းအရရော ခေတ်ကာလအရပါ အခက်အခဲတွေ အများကြီးရှိခဲ့တာကြောင့် ဖန်ပြွန်သန္ဓေသားနည်းပညာရယ်လို့ ဖြစ်ပေါ်လာဖို့ အချိန် ၁၀ နှစ်တောင်ကြာမြင့်ခဲ့ပါတယ်။ ကမ္ဘာ့ ပထမဆုံး ဖန်ပြွန်သန္ဓေသား ရင်သွေးလေး “Joy” မွေးဖွားလာဖို့ သူတို့တွေ ဘယ်လောက်ပေးဆပ်ခဲ့ကြရလဲဆိုတာ ကောင်းကောင်းကြီးမြင်တွေ့ရမှာပါ။ နာမည်ရ Actor တွေပါဝင်သရုပ် ဆောင်ထားတဲ့ရုပ်ရှင် ဖြစ်တဲ့ အလျောက် သဘာဝဆန်စွာနဲ့ ရသမျိုးစုံကို သရုပ်ဆောင်ချက်တွေကနေ တဆင့်ခံစားရဦးမှာပါ။ ဖန်ပြွန်သန္ဓေသားနည်းပညာနဲ့ပတ်သတ်ပြီးလည်း ဗဟုသုတတွေ အများကြီးရနိုင်တာမို့ အချိန်ပေးကြည့်ရတာနဲ့တန်မဲ့ ရုပ်ရှင်ကားကောင်း တစ်ခုဖြစ်ကြောင်းညွှန်းဆိုလိုက်ချင်ပါတယ်။...
Scooby-Doo! Music of the Vampire (2012) ⭐IMDB: 6.3/10 (3 k Votes) 🎬 #Adventure #Animation #Comedy #Family #Mystery #Fantasy #Musical 🗓 2012 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 18 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စကူဘီတို့အဖွဲ့ ကတော့ ဘယ်မကောင်းစိုးဝါးနဲ့ ဘယ်အချိန်ကကြုံရမှန်းမသိအောင်ကို ပဟေဠိပြဿနာတွေ ဖြေရှင်းလို့နေပါတယ်။ အဲဒီတော့ အပန်းဖြေခရီးလေး လိုအပ်လာတာပေါ့။ အားလပ်ရက်မှာ စကူဘီနဲ့ရှက်ဂီတို့ တစ္ဆေသရဲ၊နာနာဘာဝမတွေ့ချင်ပါလို့ ကြွေးကြော်ထားကြပေမယ့် ဗယ်မာရွေးချယ်လိုက်တဲ့မြို့လေးက ဗန်ဟဲဆင်း တည်ထောင်ခဲ့တဲ့မြို့လေးပါတဲ့။ ကဲ ပြောရရင် ဗန်ပိုင်းယားမြို့လေးပေါ့။ ဒီတစ်ခေါက်ရော ဉာဏ်ကြီးရှင်အဖွဲ့ ဘာတွေကြုံလို့ ဘယ်လိုဖြေရှင်းကြဦးမလဲ။ ဇာတ်လမ်းနာမည်အတိုင်းပဲ စကူဘီဒူးဇာတ်လမ်းတွေမှာ အကောင်းဆုံး musical ဇာတ်လမ်းလေးပါပဲ။ CM ဖန် စကူဘီဒူးဖန်တွေအတွက် doo doo doo- doo doo doo Scooby-Doo! တင်ဆက်လိုက်ပါပြီ။...
Scooby-Doo! And Kiss: Rock and Roll Mystery (2015) ⭐IMDB: 6.4/10 (3 k Votes) 🎬 #Adventure #Animation #Comedy #Family #Mystery #Fantasy #Music #Musical #SciFi 🗓 2015 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 19 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှာတော့ စကူးဘီ အဖွဲ့ဟာ အပန်းဖြေခရီးတစ်ခုထွက်လာကြပါတယ် Kiss World ဆိုတော့ နာမည်ကြီး ရော့ခ်တီးဝိုင်း ကို အမှီပြုပြီးဖွင့်ထားတဲ့ ပန်းခြံကိုပေါ့ ဟောလိုးဝင်းညမှာ ဖျော်ဖြေမယ့် Kiss ရဲ့ ပွဲကို အမီ လာကြတဲ့ စကူးဘီအဖွဲ့ဟာ ထုံးစံအတိုင်း ဆန်းကြယ်ပဟေဠိကို ဖြေရှင်းရဖို့ ကြုံလာပါတော့တယ် စုန်းမနီ လို့ခေါ်တဲ့ မကောင်းဆိုးဝါးကို ဘယ်လိုရင်ဆိုင်ပြီး ဒီတခါလဲ စကူးဘီအဖွဲ့က ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ် ထူးခြားတာကတော့ ဒီတခါ ဇာတ်လမ်းမှာတော့ ဆန်းကြယ်ပဟေဠိကို ဖြေရှင်းကြမှာက စကူးဘီအဖွဲ့သာမကပဲ KISS တီးဝိုင်းကပါ ပါဝင်ပူးပေါင်းပြီး ဖြေရှင်းကြတာကို တွေ့ရှိရမှာပါ KISS ရဲ့ နာမည်ကြီး သီချင်းတချို့ကိုလဲ ဇာတ်ဝင်တေးအဖြစ် ထည့်သွင်းထားတာကြောင့် KISS ရဲ့ ဖန်တွေ အတွက်တော့ ကြည့်ရတာ အရသာရှိတဲ့ ဇာတ်ကားတစ်ခုဖြစ်မှာပါ ဒါ့အပြင် အသံသရုပ်ဆောင်တွေအနေနဲ့ KISS ရဲ့ တကယ့် တီးဝိုင်းအဖွဲ့ဝင်တွေက ပါဝင်ထားတာဖြစ်ပါတယ် ဒီဇာတ်လမ်းမှာလဲ စကူးဘီအဖွဲ့ဟာ ဘယ်လို ဟာသတွေ ဖြေရှင်းချက်တွေနဲ့ ဆန်းကြယ်မှုတွေကို ရင်ဆိုင်ရမလဲဆိုတာကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။...
Scooby-Doo! Legend of the Phantosaur (2011) ⭐IMDB: 6.6/10 (3 k Votes) 🎬 #Adventure #Animation #Comedy #Mystery #Family 🗓 2011 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 15 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရှက်ဂီတို့အဖွဲ့ အမှုလိုက်နေရင်း ရှက်ဂီတစ်ယောက် အကြောက်လွန်ရောဂါ ရသွားပါတော့တယ်။ ဆရာဝန်နဲ့သွားပြတဲ့အခါမှာ ရှက်ဂီ့ကို အကြောက်လွန်ရောဂါကြောင့် ကြောက်စရာတွေနဲ့ ဝေးဝေးနေဖို့၊ အမှုဆက်မလိုက်တော့ဖို့အတွက် မှာလိုက်ပါတယ်။ တစ်ဖက်မှာ ဖရက်ကလည်း သိပ္ပံစာတမ်းထပ်တာမှာ ပရော်ဖက်ဆာက သူ့စာတမ်းကို မကြိုက်လို့ ပယ်ချလိုက်တဲ့အတွက် စာမေးပွဲကျမလိုဖြစ်နေပါတယ်။ ဒါတွေအကုန်လုံးကို အဆင်ပြေအောင်လို့ ဒက်ဖ်နီက သူ့ဦးလေးတစ်ယောက် လာဆရီနာမြို့မှာ Spa ဖွင့်ထားကြောင်း၊ အဲဒီနားမှာ ကျောက်တွင်းရှိကြောင်းပြောပြပါတော့တယ်။ ဖရက်လည်း စာတမ်းရေးဖို့ အကြောင်းအရာရသလို ရှက်ဂီ့အတွက် ကြောက်လန့်စရာ တစ်ခုမှမရှိတဲ့အတွက် လာဆရီနာမြို့ကို သွားဖို့ ဖြစ်လာကြပါတယ်။ ဒီလိုနဲ့ လာဆရီနာမြို့မှာ ရှက်ဂီတို့အုပ်စု ဘယ်လိုအတွေ့အကြုံတွေ ရလာမလဲ...
