ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
American Born Chinese (2023- )
⭐IMDB: 6.4/10 (208 Votes)
🎬 #Action&Adventure #Comedy #SciFi&Fantasy #Action #Adventure #SciFi #Fantasy
🗓️ 2023- 🎞️ Series 📺 1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 43 မိနစ် 32 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
American Born Chinese (2023)
ဒီစီးရီးကိုတော့ အတော်များများ မျှော်နေကြတာပါ။ ဒစ္စနေးကနေ မင်းသမီးကြီး မီရှဲယိုနဲ့ ရိုက်ကူးထားတဲ့ စိတ်ကူးယဉ်မှော်စီးရီးပါပဲ။အမေရိကန်နိုင်ငံနဲ့ တရုတ်ကောင်းကင်ဘုံကို အခြေခံထားပါတယ်။ ကောင်းကင်ဘုံမှာ မိုးနတ်မင်းဟာ အေးချမ်းစွာ အုပ်စိုးနေပေမဲ့ နွားမိစ္ဆာဟာ ပုန်ကန်ဖို့ အင်အားစုနေပါပြီ။ နွားမိစ္ဆာကိုတားနိုင်ဖို့ကလည်း မျောက်မင်းစွန်းဝူခုန်းရဲ့ သံတောင်ဝှေးရှိမှဖြစ်မှာဆိုပေမဲ့ သံတောင်ဝှေးကို စွန်းဝူခုန်းရဲ့ သား စွန်းဝေ့ချန်က ခိုးပြီးထွက်ပြေးသွားပါတယ်။ ခိုးပြီးတော့ အမေရိကန်က ကျောင်းတစ်ကျောင်းမှာ ကျောင်းသားအဖြစ်ဟန်ဆောင်ပြီးပုန်းနေခဲ့တာပါ။ အဲဒီမှာပဲ စွန်းဝေ့ချန်နဲ့ တရုတ်လေး ကျင်းဝမ်တို့ သူငယ်ချင်းဖြစ်လာပါတယ်။ အဲဒီတောင်ဝှေးကို ပြန်ရဖို့ လိုက်ယူတဲ့ ဝူခုန်း၊ နွားမိစ္ဆာတို့အဖွဲ့နဲ့ စွန်းဝေ့ချန်ကိုကူညီမယ့် ကွမ်ယင်မယ်တော်တို့ ဘာဆက်ဖြစ်ကြမလဲဆိုတာ….File size…(1.7 GB)/(1 GB)/(500 Mb)
The Consultant (2022)
⭐IMDB: 6.8/10 (50 Votes)
🎬 #Thriller
🗓️ 2022 🎞️ Movie 📺 720p
🌎 #UnitedKingdom
⏰ 1 နာရီ 36 မိနစ် 9 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Consultant (2022)
~ IMDb rating – 6.5/10 ~
လူ ၅ ယောက်ရဲ့ ထူးထူးခြားခြားပတ်သက်ဆက်နွယ်နေပုံကို Psychology ရှုထောင့်ကနေ တွဲဖက်ဇာတ်လမ်းဆင်ထားတာဖြစ်ပါတယ်။ Psycho ဆန်ဆန်ကားပေမယ့် တစ်ကားလုံး ဆရာ၀န်နဲ့ လူနာစကားပြောတဲ့ပုံစံနဲ့ အငြိမ်ကြည့်ရမှာပါ။
ဒေးဗစ်ဆိုတဲ့ စိတ္တဇရောဂါဆရာ၀န်ဆီကို လူနာ ၃ယောက် ရောက်လာတာကနေ စပါတယ်။ ဒေးဗစ်က မကြာသေးခင်က ဇနီးဖြစ်သူ ကိုယ့်ကိုယ်ကိုယ်သတ်သေလို့ ပူဆွေးနေတာပါ။ ဒေးဗစ်ကို ရဲဘက်က အမှုဖွင့်ထားပေမယ့် သူ့ဇနီးက ရောဂါတစ်မျိုးကြောင့် သတ်သေတာဆိုပြီး အမှုပြန်ပိတ်သွားပါတယ်။
လူနာ ၃ယောက်က သူတို့ဖြစ်နေတဲ့ အခြေအနေကို ဒေးဗစ်ဆီ လာရင်ဖွင့်ကြတာပါ။ ဂျွန်ရယ် မိုက်ရယ် ကိတ်ရယ်ဆိုပြီး ၃ယောက် တစ်လှည့်စီလာကြပါတယ်။သူတို့နဲ့ ဆွေးနွေးရင်း ဒေးဗစ်ရဲ့ အကြောက်တရားတွေ ပြန်ပေါ်လာတဲ့အခါ…
သူတို့ ၃ယောက် ပြောပြနေတဲ့ အကြောင်းအရာတွေက ဒေးဗစ်တို့ ဇနီးမောင်နှံနဲ့ ဘယ်လို ဆက်စပ်နေတာလဲ… သူတို့ ၅ယောက်က ဘယ်လို ပတ်သက်နေတာလဲ… ဒေးဗစ်ဇနီးကရော ကိုယ့်ကိုယ်ကိုယ်သတ်သေတာဟုတ်ရဲ့လား… နောက်ဆုံးမှာ ဘယ်သူက မှန်ပြီး ဘယ်သူက မှားနေတာလဲ… ဒေးဗစ်ရဲ့ အကြောက်တရားတွေက ဘာတွေလဲ ဆိုတာသိချင်ရင်တော့ ခုပဲ ကြည့်လိုက်ပါနော်။ ငြိမ်ငြိမ်လေးနဲ့ သိလိုစိတ်ပြင်းပြလာအောင် ဆွဲခေါ်သွားတဲ့ ကားတစ်ကားဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)
The Consultant (2022)
⭐IMDB: 6.8/10 (50 Votes)
🎬 #Thriller
🗓️ 2022 🎞️ Movie 📺 1080p

The Incredible Water Monster (2023)
⭐TMDB: 0.0% User Score
🎬 #Action #ScienceFiction
🗓️ 2023 🎞️ Movie 📺 1080p
🌎 #China
⏰ 1 နာရီ 16 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ယခုတစ်ခေါက်သိပ္ပံဇာတ်လမ်းကောင်းလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ –
ဇီဝဗေဒပါမောက္ခ စုလိယဟာ နိုင်ငံခြားမှာ ရေမိစ္ဆာကြီးက တျန်းချစ်မြစ်မှာပေါ်ပေါက်လာကြောင်း သတင်းရခဲ့တယ်။ ထိုရေမိစ္ဆာကြီးနဲ့ ပျောက်ဆုံးသွားတဲ့သူမအဖေတို့ အဆက်အနွယ်တချို့ရှိမယ်လို့ ခံစားမိခဲ့တယ်။သူမအဖေ ပျောက်ဆုံးသွားတဲ့ အကြောင်းအရင်းကို ရှာဖွေရန်သူမတစ်ယောက်တည်း အန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့ ရွာကို ရောက်လာခဲ့တယ်။
ထိုရွာမှ ရွာသားတွေက သူတို့ရွာမှာ အပန်းဖြေစခန်း တည်ဆောက်ရန်ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်နေတာ ဖြစ်တဲ့အတွက် ရေမိစ္ဆာအကြောင်းစုံစမ်းသူများကို ဆန့်ကျင်ခဲ့တယ်။ သူမ ရွာထဲဝင်တာနဲ့ အမှောင်ခန်းထဲမှာ အဖမ်းခံလိုက်ရတယ်။
ထိုအမှောင်ခန်းထဲမှာ မထင်မှတ်ထားပဲ သူမရဲ့ သူငယ်ချင်းဖြစ်သူစန်းဟားနဲ့ ချန်လုံတို့ကို တွေ့ခဲ့တယ်။ သူတို့တတွေဟာ နယ်မြေတစ်ခုငြိမ်းချမ်းစေဖို့အတွက် အဆင့်မြင့်အတိုင်းအတာ ပတ်ဝန်းကျင်အပေါ်နားလည်မှုနဲ့ အချိန်ခရီးသွားခြင်း ဟာကွက်တွေကို အသုံးချပြီးရေမိစ္ဆာနဲ့ ပြင်ပအန္တရယ်များကို တိုက်ခိုက်ခဲ့ပါတယ်။
သူတို့တတွေ ရေမိစ္ဆာကြီးကို နှိမ်နင်းနိုင်ပါ့မလား……ထိုရေမိစ္ဆာကြီးကလဲ လိယရဲ့ အဖေနဲ့ ဘယ်လို ပတ်သက်နေလဲဆိုတာကို ရုပ်ရှင်လေးနဲ့အတူ လိုက်ပါ ခံစားကြည့်ရှုလိုက်ပါနော်။
Evil Spider (2023)
⭐TMDB: 0.0% User Score
🎬 #Action #Comedy
🗓️ 2023 🎞️ Movie 📺 1080p
🌎 #China
⏰ 1 နာရီ 10 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မိစ္ဆာဂိုဏ်းကို နှိမ်နင်းခဲ့ပြီးနောက် နဂါးဂိုဏ်းခေါင်းဆောင် လန်ယန်ဟာလုံတူးမြို့ကို တည်ထောင်ခဲ့ပြီး တိုင်းပြည်တည်ငြိမ်ဖို့အတွက် လုံချွဲ့တပ်ကို ဖွဲ့စည်းခဲ့တယ်။
၁၂ နှစ်ကြာပြီးနောက်မှာ နဂါးဂိုဏ်းကို ပင့်ကူတွေက တိုက်ခိုက်ခဲ့တယ်။လန်ယန်လဲ အဆိပ်မိသွားပြီး တစ်မြို့လုံးမှာ ဘေးအန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်။
လုံချွဲ့တပ်ခေါင်းဆောင် ဖန်းယွမ်နဲ့ နတ်မယ်တော် ကျီးရှင်းယဲ့တို့ဟာမိစ္ဆာမြို့မှာ နတ်သမားတော် ကျန်းလျန်ဟွာကို ရှာပုံတော်ထွက်ခဲ့ပါတယ်။
သူတို့ ၃ ယောက်သား အခက်အခဲအဆင့်ဆင့်ကို ဘယ်လို ကျော်ဖြတ်ကြမလဲ……မိစ္ဆာဂိုဏ်းဆက်ခံသူတို့က မြို့တော်ငြိမ်းချမ်းရေးကို ဖျက်ဆီးမဲ့အကြံအစည်တွေကို တားဆီးနိုင်ပါ့မလားဆိုတာကိုခံစားကြည့်ရှုလိုက်ရအောင်နော်။
Sirf Ek Bandaa Kaafi Hai (2023)
⭐IMDB: 8.6/10 (4 k Votes)
🎬 #Action #Bollywood #Drama
🗓️ 2023 🎞️ Movie 📺 720p
🌎 #India
⏰ 2 နာရီ 7 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sirf Ek Bandaa Kaafi Hai 2023
IMDb rating 7.3 အထိရရှိထားပပြီး၂၀၂၃ မှာအသစ်ထွက်ရှိလာတဲ့ တရားခွင်အခြေပြုဘောလီးဝုဒ်အိန္ဒိယဇာတ်ကားလေးဟာ အသက်မပြည့်သေးတဲ့ ကောင်မလေးတစ်ယောက်ကို လိင်အမြတ်ထုတ်ခဲ့တဲ့ဘာသာရေးဆရာတစ်ယောက်နဲ့ သူ့ကိုတရားစွဲတဲ့အခါ ရင်ဆိုင်လျှောက်လဲပေးတဲ့ ရှေ့နေတို့ရဲ့ အားပြိုင်မှုကို ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်း ဒိုင်ယာလော့အလန်းတွေနဲ့ ရှုစားကြရမှာဖြစ်ပြီး တစ်ခန်းမှကို ပစ်ရက်စရာမရှိ ဇာတ်ရှိန်မကျပဲနဲ့ ဆွဲဆောင်သွားနိုင်တဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်
အားကိုးရာရှာကြတဲ့ လူတွေရဲ့ ဘာသာတရားတစ်ခု လူတစ်ယောက်ကိုအစွန်းရောက်ကိုးကွယ်လိုက်တဲ့အခါမှာ ဒီဘာသာတရားတစ်ခုကိုခေါင်းစဉ်တပ်ထားရုံနဲ့မျက်ကန်းတွေဖြစ် အမှားတွေအမှန်တွေမသိတော့ပဲ ဘယ်သူ့ကိုမဆိုအဲ့ခေါင်းစဉ်အောက်ကဆိုတာနဲ့ ဇွတ်တွေယုံကြည်ကိုးကွယ်ကြတာပါပဲဒါကဘာသာတရားတစ်ခုတည်းကို မဆိုလိုပါဘူး ယစ်ပူဇော်တတ်တဲ့ အာဖရိကလူရိုင်းတွေကစလို့ဂိုဏ်းဆရာတွေကဟောလို့ ကိုယ့်ကိုယ်ကိုအုပ်လိုက်ကြီးသတ်သေကြတယ်ဆိုတဲ့အနောက်တိုင်းက ရီနေးဆန့်ဆရာကြီးများအလယ်စောင့်ထိန်းစရာအကျင့်သိက္ခာတွေများပြားပြီး တစ်ခုမှမစောင့်ထိန်းလဲနာမည်ကြီးရင် ဇွတ်ကိုးကွယ်ကျတဲ့ အာရှသားများထိအဆုံးလို့ပဲ ပြောရမှာပေါ့
ဘာသာရေးဆိုတဲ့ ခေါင်းစဉ်တစ်ခုဒါကိုခုတုံးလုပ်ပြီး ပရဟိတကျောင်းဘာညာ ရိုက်စားလုပ်တဲ့ကောင်တွေရှိတယ်ဒါကိုခုတုံးလုပ်ပြီး ကလေးသူငယ်တွေကို ကျားမမရွေးလိင်အမြတ်ထုတ်နေတာတွေရှိတယ်ဒါကိုခုတုံးလုပ်ပြီး ဗန်းပြအလှူခံသူဌေးဖြစ်နေတဲ့ကောင်တွေရှိတယ်ပြောရရင်တော့ ပြောမဆုံးစေမဲ့ အရာတွေပေါ့
အိန္ဒိယဇာတ်ကားတွေထဲမှာ ကျွန်တော်မှတ်မိသလောက် ကတော့ဘုရားရှင်ကို တရားစွဲတဲ့ဇာတ်ကားရယ်အူကြောင်ကြောင် ဂြိုလ်သား PK ရယ်ကဘာသာတရားကို အပီအပြင်ဖဲ့ထားတာပေါ့ခုဒီဇာတ်ကားထဲမှာလည်း ဘာသာတရားဗန်းပြပြီး လိင်အမြတ်ထုတ်နေတဲ့အိန္ဒိယက ဂိုဏ်းဆရာတစ်ယောက်ကို တရားစွဲတဲ့ပုံစံနဲ့ ရှယ်ဖဲ့ထားပါတယ်ဒီဆရာသခင်ကြီးရဲ့ သောက်ကျင့်မကောင်းပုံတွေက ကိုယ်တိုင်ကြည့်ရင်ပိုဒေါသထွက် ပိုခံပြင်းရမှာ သေချာပါတယ်
နောက်ပြီး အမှန်တရားဘက်မှာ ဘာဖြစ်ဖြစ်ရပ်တည်မယ်ဆိုတဲ့သူတွေအတွက်ဒီကားကတော့ အားဆေးတစ်ခွက်ပါပဲ အဲ့တော့ ဘာသာရေးခုတုံးလိုက်ဂျင်းအတောင့်လိုက်ထည့်တာတွေနိုင်ငံရေး စီးပွားရေးသမားတွေရယ် နေရာတကာဝင်ပါတာတွေတရားခွင်မှာ အပြန်အလှန်နဲ့ မာန်ပါပါနဲ့အနိုင်ကျဲရတာတွေကိုကြည့်ချင်တဲ့သူတွေအတွက်တော့ ဒီကားလေးက ဆန္ဒတွေဖြည့်ဆည်းပေးမဲ့ချွေးသိပ်ဆေးလေးတစ်ခွက်ဆိုတာ ညွှန်းဆိုပေးလိုက်ပါတယ်ဆင်ခြင်တုံတရားမပါတဲ့ ကိုးကွယ်မှုဆိုတာ အဆိပ်သက်သက်ပါပဲ

Ai Kai, Wat Chedi Boy (2023)
⭐TMDB: 60.0% User Score
🎬 #Comedy #Drama #Fantasy #Thriller
🗓️ 2023 🎞️ Movie 📺 720p
🌎 #⁉️ #Thailand
⏰ 1 နာရီ 53 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ai Khai Dek Wat Chedi (2023)
****************************
ကိန်နဲ့ပီအက်တို့ ညီအစ်ကိုနှစ်ဦး တောင်ပိုင်းက ရွာတစ်ရွာကိုလာပြီးကြက်တိုက်ကြပါတယ်..
ကြက်တိုက်ပွဲမှာရှုံးသွားလို့ ပိုက်ဆံမပေးချင်တာ မြို့ခံလူမိုက်တွေဆီက
ထွက်ပြေးရင်း စွန့်ပစ်ဘုရားကျောင်းတစ်ခုကိုရောက်သွားခဲ့ပါတယ် …
အဲဒီဘုရားကျောင်းက Sichon ပြည်နယ်မှာရှိပြီး ရှေးသမိုင်းအစဥ်အဆက်တည်းရှိလာခဲ့တဲ့
Nakhon Si Thammarat ခရိုင်မှာရှိတဲ့ဘုရားကျောင်းပဲဖြစ်ပါတယ် …
အဲဘုရားကျောင်းမှာဆိုရင် အသက် ၁၀ နှစ်အရွယ်ကောင်လေးတစ်ဦးက ရတနာတွေကိုစောင့်ကြပ်ပေးနေပါတယ်သူခိုးတွေရန်ကနေ….
ဒါမယ့်တစ်နေ့မှာတော့ ရတနာတွေကိုယူချင်နေတဲ့မြို့ခံတစ်ချို့နဲ့ ကိန် ပီအက်နဲ့ ခိုင်တို့ နိုက်ခိုက်ကြပါတော့တယ် ..
အဲဒီကနေတဆင့် ဆန်းကြယ်မှုတွေဖြစ်ပွားလာပြီး အဲ ၁၀ နှစ်အရွယ်ကောင်လေးက ဘယ်ကလာပြီး
ဘ့ာလို့ဒီဘုရားကျောင်းကိုစောင့်ကြပ်ပေးနေရတာလဲ ကိန်နဲ့ပီအက်ကရေ
ာ ဒီအရှုပ်တော်ပုံထဲဘယ်လိုဝင်ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီသဘာဝလွန်ဇာတ်ကားလေးထဲမှာပဲ ကြည့်လိုက်ကြပါတော့…..

Memoir (2017)
⭐IMDB: 6.6/10 (9 Votes)
🎬 #Horror #Mystery
🗓️ 2017 🎞️ Movie 📺 1080p
🌎 #SouthKorea #Thailand
⏰ 1 နာရီ 38 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒါရနီ အဖြစ် Now Tisanartယို အဖြစ် Tina Suppanad
ဇာတ်လမ်းအကျဉ်း
ဒါရနီက အိမ်လမ်းထိပ်က ဆိုင်မှာ အမြဲညဆိုင်းဆင်းနေတတ်တဲ့ မိန်းကလေး တစ်ယောက်ပါ
ဒါရနီရဲ့ အိပ်မက်က တခြားအသိမိတ်ဆွေတွေလို နေရာတစ်ခုရပြီး အလုပ်ကောင်းကောင်းတစ်ခုနဲ့ ငွေရှာချင်ခဲ့တာပေါ့
တစ်ရက် ဆိုင်လာတဲ့ ဝယ်သူ ပမ့်ဆိုတဲ့မိန်းကလေးတစ်ယောက် အောင်မြင် ဝင်ငွေကောင်းနေတာကို အားကျရင်း ဒါရနီတစ်ယောက် နာဝီထိုင်းအာမခံကုမ္ပဏီအဖွဲ့ဝင်တစ်ယောက်ဖြစ်လာခဲ့တယ်
သူငယ်ချင်းတွေကို အာမခံရောင်းဖို့ ဒါရနီတစ်ယောက် အပြင်းအထန်ကြိုးစားရင်း ငယ်ငယ်က အရမ်းခင်ခဲ့တယ်ဆိုတဲ့ ယို့ကို ဖုန်းဆက်အာမခံမိတ်ဆက်ပေးမိရာက မမျှော်လင့်ထားတဲ့ ထိတ်လန့်စရာအဖြစ်တွေ ဖြစ်ပေါ်လာခဲ့ပါတော့တယ်
ယိုနဲ့ဒါရနီတို့ရဲ့ ဆက်ဆံရေးက ဘာအကြောင်းရင်းတွေကြောင့် ပြတ်တောက်ခဲ့ရတာလဲ
ဒါရနီ ကြုံတွေ့လာရတဲ့ ထိတ်လန့်စရာအဖြစ်တွေကရော ဘာတွေဖြစ်မလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်
( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ပါ )
Everest (2015)
⭐IMDB: 7.1/10 (224 k Votes)
🎬 #Adventure #Drama #History #Action #Biography #Thriller
🗓️ 2015 🎞️ Movie 📺 1080p
🌎 #Iceland #UnitedKingdom #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 1 မိနစ် 10 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
Inspired by the incredible events surrounding a treacherous attempt to reach the summit of the world’s highest mountain, “Everest” documents the awe-inspiring journey of two different expeditions challenged beyond their limits by one of the fiercest snowstorms ever encountered by mankind. Their mettle tested by the harshest of elements found on the planet, the climbers will face nearly impossible obstacles as a lifelong obsession becomes a breathtaking struggle for survival.
Maksym Osa (2022)
⭐IMDB: 6.4/10 (301 Votes)
🎬 #Horror #Mystery #Thriller #History
🗓️ 2022 🎞️ Movie 📺 720p
🌎 #Ukraine
⏰ 1 နာရီ 41 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Maksym Osa(2022)
*****************
AD ၁၆၀၀ ကျော်လောက်မှာ နာမည်ကြီးတဲ့ စစ်သည်တော်အုပ်စုတွေရှိခဲ့တယ်…
သူတိုကတော့ ဆစ်ခ်ျမှာအခြေစိုက်တဲ့ ကာ့ဆက်ဇ်စစ်သည်တော်တွေပါပဲ…
မဟုတ်မခံ ဆတ်ဆတ်ကြဲ အပေအတေလိုနေထိုင်တတ်ကြပေမယ့် လက်ရုံးရည်အရာမှာ
အရမ်းတော်ကြတဲ့ ကာ့ဆက်ဇ်စစ်သည်တွေကို တစ်နေ့မှာ ဘုရင်ဖြစ်သူက ရွှေတွေချီးမြှင့်ခဲ့တယ်….
ဝါးဆောမြိုတော်ကနေ ဆစ်ခ်ျအခြေစိုက်စခန်းအထိ ရွှေတွေကိူသယ်ဖို ဝာာဝန်ကျတာကတော့ ဆံဖြူတိုတပ်ဖွဲပေါ့
ဒါပေမယ့် လမ်းမှာ သမန်းဝံပုလွေနဲ့တွေ့ပြီး တစ်ဖွဲလုံးအသတ်ခံရ ရွှေတွေအလုခံလိုက်ရပါတော့တယ်…
သူတိုတပ်ဖွဲရဲ့ရွှေသယ်ခရီးမှာ မပါလာတဲ့ ဇာတ်လိုက် မက်ဆင်အိုဆာတစ်ယောက်ဟာ
ဒီအကြောင်းကိုကြားပြီး သူ့သူငယ်ချင်းတွေကိုသတ်တဲ့သူကိုစုံစမ်း ရွှေတွေကိုပြန်ရှာဖိုလုပ်ပါတော့တယ်..
အိုဆာရဲ့သူငယ်ချင်းတွေကို တကယ်ပဲသမန်းဝံပုလွေသတ်တာလား…
ရွှေတွေဘယ်ပျောက်သွားတာလဲဆိုတာကို မက်ဆန်အိုဆာနဲ့တူတူ ရင်ခုန်စွာစီးမြောကြည့်ရှူရမှာဖြစ်ပါတယ်….

The Five Immortals of Northeast China (2023)
⭐TMDB: 50.0% User Score
🎬 #Mystery #Thriller
🗓️ 2023 🎞️ Movie 📺 1080p
🌎 #China
⏰ 1 နာရီ 21 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ချင်းခေတ်နှောင်းပိုင်းတောတောင်တွေကြားထဲကရွာလေးတစ်ရွာမှာရွာသားတွေက မြေခွေး ၊ဖျံနီညို၊ ဖြူ၊ မြွေ၊ ကြွက်ဆိုတဲ့သတ္တဝါ(၅)မျိုးကိုနတ်အဖြစ်နဲ့ယုံကြည်ကိုးကွယ်ကြတယ်။
တစ်နေ့မှာတော့ရွာရဲ့လူချမ်းသာဖြစ်တဲ့စွန်းမျိုးနွယ်ဟာကြွက်တွေကိုအမျိုးတုန်းလိုက်ရှင်းတဲ့အတွက် ကြွက်နတ်ကိုပြစ်မှားမိလို့ဒုက္ခရောက်သွားခဲ့တယ်ဆိုတဲ့ထူးဆန်းဖြစ်ရပ်ဖြစ်လာခဲ့တယ်။
ဂျင်ဆင်းနဲ့ပူဇော်ရမယ့်လို့ဆိုကြတဲ့အတွက် စွန်းမျိုးနွယ်ရဲ့ညီဟာတောင်ပေါ်တက်ပြီး ဂျင်ဆင်းရှာတဲ့ခရီးတင်ပါတော့တယ်……ထူးဆန်းတဲ့ဖြစ်ရပ်တွေ တစ်မျိုးပြီးတစ်မျိုးဖြစ်လာခဲ့တယ်တကယ်ပဲ တောင်တွင်းနတ်(၅)ပါးပေးတဲ့အပြစ်တွေလား……အမှန်တရားဟာဘယ်လိုဖြစ်နေမလဲ……
Sandwich (2023)
⭐IMDB: 8.1/10 (10 Votes)
🎬 #Adult #Drama
🗓️ 2023 🎞️ Movie 📺 720p
🌎 #Philippines
⏰ 1 နာရီ 31 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sandwich (2023)
~ IMDb rating – 8.1/10 ~
ကိုဗစ် ၁၉ ကပ်ဘေးကမ္ဘာပေါ်ကို ပထမဆုံးကျရောက်လာတဲ့အချိန်၊ ကိုဗစ်ဆိုတာ၊ လော့ဒေါင်းဆိုတာ၊ ခပ်ခွာခွာနေဖို့ဆိုတာ ဘာရယ်ဆိုတာ လူတွေသေချာမသိရခင်ကာလလေးကို အခြေခံထားတာပါ။
ဖိလစ်ပိုင်မှာ ကိုဗစ်ကြောင့် လော့ဒေါင်းတွေချဖို့ တစ်ရက်အလို အဆင့်မြင့် တိုက်ခန်းတွဲတစ်ခုမှာနေထိုင်တဲ့ လင်မယားနှစ်ယောက် သူတို့ရဲ့ရိုးအီနေတဲ့ အိမ်ထောင်ရေးကနေ အသစ်အဆန်းလေးထွက်ပေါက်ရှာဖို့ သရီးဆမ်းကြမယ်ဆိုပြီး ကောင်မလေးတစ်ယောက်ကို ဖိတ်ခေါ်ကြရာကနေစပါတယ်။ ကောင်မလေးနဲ့သုံးယောက် ဆက်ဆံရာမှာ အဆင်မပြေဖြစ်သွားရာကနေ အခဲမကျေသေးတဲ့ သူ့အမျိုးသားဟာ ဒီတစ်ခါတော့ ယောက်ျားတစ်ယောက်ကိုခေါ်ဖို့စိတ်ကူးရသွားပါတယ်။
ရှေ့က မိန်းကလေးနဲ့မှာ လပေါင်းများစွာအချိန်ယူ အစီအစဉ်ချထားတာမှန်ပေမဲ့ အခုလိုအပြင်လောကမှာ လော့ဒေါင်းကိစ္စကြောင့် လူတွေရုန်းရန်းဆန်ခတ်ဖြစ်နေတဲ့အတွက် သူတို့ခေါ်ယူမယ့်လူဟာ ကြုံရာလူပဲဖြစ်နိုင်တော့မှာ အသေအချာပါ။ အဲဒီအချိန်မှာ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့သူကတော့ သူတို့တိုက်ခန်းကို တစ်ဖက်ကနေ မှန်ဘီလူးနဲ့ချောင်းကြည့် အာသာဖြေတတ်တဲ့ သူတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့…
နာမည်နဲ့လိုက်အောင် သုံးထပ်ကိတ်ဖုတ်တဲ့ကိစ္စကိုပဲ အခြေခံထားတာဖြစ်ပြီး တစ်ကားလုံးကိုလည်း ဒီအကြောင်းအရာပေါ်မှာပဲ အခြေပြုတည်ဆောက်သွားတာဖြစ်ပါတယ်။ သုံးထပ်ကိတ်လေးကို မြည်းစမ်းကြည့်ကြပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)

No Man's Land Hunt (2023)
⭐TMDB: 0.0% User Score
🎬 #Action #Crime
🗓️ 2023 🎞️ Movie 📺 1080p
🌎 #China
⏰ 1 နာရီ 5 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
တစ်ခါတလေမှာ မနက်ဖြန်နဲ့ မတော်တဆကဘယ်ဟာအရင်လာမလဲဆိုတာ မသိကြဘူးတဲ့။လူမရှိတဲ့ တောအုပ်ထဲမှာ ကြောက်လန့်ဖွယ်ကောင်းလှတဲ့အဖြစ်အပျက်ကြီးတစ်ခု ဖြစ်နေပါတယ်။ လူငယ်လေးကျင်ယန်ဟာလူမရှိတဲ့နေရာကို ခရီးထွက်လာရင်း အမဲခိုးလိုက်သူကရဲကို တိုက်ခိုက်နေတာကို ဓာတ်ပုံရိုက်မိသွားပါတယ်။
အမဲခိုးလိုက်သူဟာ ကျင်ယန်ကို သတိထားမိသွားပြီး တိုက်ခိုက်ခဲ့ပါတယ်။ကျင်ယန်ဟာ နာကျင်မှုတွေနဲ့ အေးခဲလှတဲ့ ရာသီဥတုကြားက ရွာသားအိမ်ကို ထွက်ပြေးလာခဲ့ပေမဲ့ အမဲခိုးလိုက်သူက အနောက်က ဆက်လိုက်လာပါတယ်။
အမဲခိုးလိုက်သူက ကျင်ယန်ရဲ့ အစ်မကို လိမ်ပြီး ကျင်ယန်ကိုသက်သေထုတ်ပေးဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ထို့နောက်ကျင်ယန်က သူ့အစ်မကို ကယ်နိုင်ခဲ့ပြီး သူတို့မောင်နှမနှစ်ယောက် လူမရှိတဲ့ တောအုပ်ထဲမှာ အသက်လု ထွက်ပြေးခဲ့ရပါတယ်။
ကံဆိုးလှတဲ့ မောင်နှမနှစ်ယောက် လူသတ်သမားရဲ့ဘေးရန်ကနေလွှတ်မြောက်ဖို့ ဘယ်လို ကြိုးစားကြရမလဲ။ သူတို့နှစ်ယောက်လွှတ်မြောက်ပြီး ရှင်သန်နိုင်ပါ့မလားဆိုတာကိုရင်တမမနဲ့ ကြည့်ရမဲ့ ကားလေးပဲ ဖြစ်ပါတယ်။
Alexandra's Project (2003)
⭐IMDB: 6.5/10 (5 k Votes)
🎬 #Drama #Mystery #Thriller
🗓️ 2003 🎞️ Movie 📺 1080p
🌎 #Australia
⏰ 1 နာရီ 39 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb Rating/(6.5)
အိမ်ထောင်ရေးတစ်ခုမှာ သာယာမှုဆိုတာကို ဘယ်လိုဆုံးဖြတ်တတ်ကြပါသလဲ လူအမျိုးမျိုး စိတ်အထွေအထွေမို့ အကြောင်းအရာမျိုးစုံရှိကြမှာပါ အပေါ်ယံကြည့်ရင် သာယာချမ်းမြေ့တဲ့ မိသားစုလို့ ထင်ရပေမယ့် နောက်ကွယ်မှာ ကာယကာရှင်ကိုယ်တိုင်သာ သိမြင်ခံစားရတဲ့ ကိစ္စတွေအတော်များများရှိတတ်ကြပါတယ် ဒီကားလေးကတော့ Gone Girl ဆန်ဆန်လေး ဆိုပါတော့ အထန်ကောင် ယောက်ျားကို ပိုင်ဆိုင်ထားမိတဲ့ Alexandra တစ်ယောက် သားသမီးမျက်နှာကိုထောက်ပြီး နှစ်ပိုင်းများစွာ သည်းခံခဲ့ပေမယ့် အတိုင်းထက်လွန်လာတဲ့ ကိစ္စတွေ သိရှိကြုံတွေ့ လာရတဲ့အခါ ဘယ်လိုသင်ခန်းစာပေးမလဲ ချစ်ခြင်းမေတ္တာတွေ ဆာလောင်မွတ်သိပ်ချိန် ခင်ပွန်းဖြစ်သူရဲ့ လိင်အသုံးချမှုသက်သက်အဖြစ်ပဲ နေထိုင်လာရတဲ့ မိန်းမတစ်ယောက်အနေနဲ့ ဘယ်လို တုန့်ပြန်မလဲဆိုတာ CM ပရိသတ် ယောကျာ်းဘသားတို့ ဘုတုတ အနေနဲ့သတိထားရအောင် ကြည့်ရှုခံစားလိုက်ကြပါ… အမျိုးသမီးထုတို့လည်း မွေးနေ့လက်ဆောင်ကောင်းလေး ရှာဖွေနေရပြီဆိုရင် ဒီကားလေးကို ကြည့်ရှုရင်း လေ့လာလိုက်ကြပါနော် Best Film from Oceania, Best Screenplay နဲ့ Best actress ဆု၃ဆုအပြင် Nominations တွေလည်း အများကြီး ဝင်ထားတာမို့ အေးအေးငြိမ့်ငြိမ့်လေးနဲ့ ခံစားရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါကြောင်း….. (ဝတ်လစ်စလစ်နဲ့ လိင်အသားပေးခန်းတွေ ပါရှိတာကြောင့် ၁၈ယောက်စုပြီးမှကြည့်ရှုကြပါရန်…)
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်သူကတော့ Mugiwara Ya ပဲဖြစ်ပါတယ်။)
Zoom (2006)
⭐IMDB: 4.3/10 (22 k Votes)
🎬 #Action #Adventure #Comedy #Family #Fantasy #SciFi
🗓️ 2006 🎞️ Movie 📺 720p
🌎 #UnitedStates
⏰ 1 နာရီ 29 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Zoom (2006)
ဒီတစ်ခါမိတ်ဆက်ပေးမယ့် ကားလေးကတော့ Facebook Short Clip လေးတွေမှာ ခဏခဏတွေ့နေရလေ့ရှိပြီး ကျွန်တော်တို့တွေ ငယ်ငယ်က ကြည့်ဖူးလောက်ကြမယ့် စူပါဟီးရိုးဇာတ်လမ်းလေးဖြစ်တဲ့ Zoom ပဲဖြစ်ပါတယ်။
~ ဇာတ်လမ်းအကျဉ်း ~
အတိတ်က ဂမ်မာရောင်ခြည်စမ်းသပ်မှုမှာ ဇီးနစ်အဖွဲ့ဝင်လည်းဖြစ် အစ်ကိုလည်းဖြစ်သူ ကွန်ကားရှင်းတစ်ယောက် စိတ်ရိုင်းဝင်သွားတာကို တိုက်ခိုက်ရင်း စွမ်းအင်ပျောက်သွားတဲ့ ဟီးရိုး ဇွန်းမ် တစ်ယောက် ဂျက်အဖြစ် သာမန်လူအနေနဲ့ အလုပ်လုပ်ရင်း ဇာတ်မြုပ်နေရာကနေ ကွန်းကားရှင်းတစ်ယောက် ကမ္ဘာမြေဆီ နှစ် ၃၀လောက် အကြာမှ ပြန်ပေါ်လာမယ်လို့ ခြေရာခံမိသွားချိန်မှာ သူနဲ့ ယှဥ်ဖို့ စွမ်းအားသစ်ပိုင်ရှင် ကလေးတွေနဲ့ ဖွဲ့ထားတဲ့ အဖွဲ့သစ်ကို လေ့ကျင့်ပေးဖို့ တာဝန်ကျလာတဲ့အခါ…
အဖွဲ့ဝင်သစ်တွေနဲ့ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ… နောက်ဆုံး အောင်မြင်မှုရရှိခဲ့လားဆိုတာကိုကြည့်ရမယ့် ဟာသ စူပါးဟီးရိုးကားလေး တစ်ကားပဲဖြစ်ပါတယ်။
ရုပ်ရှင်ပရိသတ်တိုင်းနဲ့ မကင်းတဲ့ Toy Story ကားတွေထဲက Buzz Lightyear အသံသရုပ်ဆောင် Tim Allen, ဂန္ထဝင်မြောက် Sitcom တစ်ခုဖြစ်တဲ့ FRIENDS မှာ Monica အနေနဲ့ သိခဲ့ကြတဲ့ မမ Courtney Cox တို့ ဦးဆောင်ပါဝင်ထားတာဖြစ်တာမို့ Rating မကောင်းတောင် Nostalgic ဖြစ်စေမယ့် ကားဟောင်းတစ်ကားပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)
Zoom (2006)
⭐IMDB: 4.3/10 (22 k Votes)
🎬 #Action #Adventure #Comedy #Family #Fantasy #SciFi
🗓️ 2006 🎞️ Movie 📺 1080p