ru
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Mr. Vampire (1985) ⭐TMDB: 68% User Score 🎬 #Action #Comedy #Horror #Mr #Vampire #Fantasy 🗓 1985 🎞 movie 🌎 #China #HongKong ⏰ 1 နာရီ 39 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အားလုံးရင်းနှီးကျမယ့် တရုတ်သရဲကားတစ်ကားဖြစ်မှာပါ..အလွယ်ခေါ်ရင်တော့ တရုတ်ခုန်ဆွ သရဲပေါ့ငယ်စဉ်ကထဲက အားလုံးရင်းနှီပြီးသားဇာတ်ကားလေးတကားပါပဲစုစုပေါင်း ၄ ကားရှိပြီး Bluray Quality Update တွေအကုန်လုပ်ပေးသွားမှာပဲဖြစ်ပါတယ် ဒီ ဇာတ်ကားလေးရဲ့ ရရှိထားတဲ့ IMDb Rate ကတော့ 7.3 ပဲဖြစ်ပါတယ်.. မင်ကော်ခေတ်ဦးပိုင်းမှာ သူဌေးကြီးရန်ဟာ ဖုန်းရွှေဆရာရဲ့ သတိပေးချက်အရနှစ် ၂၀ ကြာတဲ့အခါ အဖေ့ရဲ့အုတ်ဂူကို နေရာပြောင်းဖို့အတွက်ဦးလေးကျိုကို အကူအညီတောင်းခဲ့ပါတယ်။ အုတ်ဂူဖွင့်တဲ့နေ့မှာသိလိုက်ရတာက သခင်ကြီးရန်ရဲ့ သင်္ချိုင်းရှိရာနေရာဟာအလွန်ကောင်းတဲ့ ပုစဉ်းရေစက်ချနေရာဖြစ်ပေမဲ့ အရင်တုန်းက မြှုပ်နှံဖို့အကြံပေးခဲ့တဲ့ဖုန်းရွှေဆရာရဲ့ ယုတ်မာမှုကြောင့်သူ့အလောင်းဟာ နှစ် ၂၀ ကြာတဲ့အထိ မပုပ်မသိုးဖြစ်နေပါတယ်။ ဦးလေးကျိုဟာ သံသယဖြစ်မိပြီး အဲ့အလောင်းကို သူနေထိုင်ရာအလောင်းစံအိမ်ကို ပြန်သယ်သွားပြီး စောင့်ကြည့်ဖို့ စီစဉ်ခဲ့ပါတယ်။ဒါပေမဲ့ သခင်ကြီးရန်ရဲ့ အလောင်းဟာ ကျန်းရှီးသရဲဖြစ်သွားပြီးသူဌေးရန်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပါတယ်။ရဲတပ်ဖွဲ့ခေါင်းဆောင်ကလည်း ပေါ့ပျက်ပျက်နဲ့ပဲဦးလေးကျိုကို အချုပ်ခန်းထဲ ဖမ်းဆီးသွားခဲ့ပါတယ်။ အဲဒီညမှာပဲ သူဌေးရန်ရဲ့အလောင်းကလည်း ကျန်းရှီးသရဲဖြစ်သွားပြီးစခန်းက လူတွေကို လိုက်လံတိုက်ခိုက်ပါတော့တယ်။တစ်ဖက်မှာလည်း ထင်ထင်ကို ကာကွယ်ဖို့အတွက်ဝိန်ချိုင်တစ်ယောက် ကျန်းရှီးသရဲကိုက်တာ ခံလိုက်ရပြီးအလောင်းအဆိပ်တက်ပြီး ကျန်းရှီးသရဲဖြစ်သွားနိုင်ချေ ရှိနေပါတယ်။ ဦးလေးကျိုတစ်ယောက် ရန်အိမ်က ကျန်းရှီးသရဲ ၂ ကောင်နဲ့ကျန်းရှီးသရဲဖြစ်ခါနီး ဝိန်ချိုင်နဲ့ကို ဘယ်လိုဖြေရှင်းမလဲဆိုတာကိုရုပ်ရှင်ကို ကြည့်ရှုခံစားလိုက်ရအောင်နော်။
...

Srimulat: Hidup Memang Komedi (2023) ⭐IMDB: 7.1/10 (63 Votes) 🎬 #Biography #Comedy #Drama 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 46 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Srimulat.Hidup.Memang.Komedi ဆရီမူလတ် လူရွှင်တော်အဖွဲ့အကြောင်း ရိုက်ထားတဲ့ ဒုတိယအဆက်ကားလေးကိုပါပရိသတ်ကြီးအတွက် ထပ်မံတင်ဆက်ပေးလိုက်ပါတယ်ပထမကားထဲကအကြောင်းအရောတွေဖြစ်တဲ့ လူရွှင်တော်အဖွဲ့ကိုမြို့တော်ကြီးမှာ ဖျော်ဖြေဖို့ ဂျာဗားကျွန်းကနေ သွားရောက်ကြပုံတွေကြိုးစားကြပုံတွေ ဘာသာစကားအခက်အခဲတွေ အဓိကဇာတ်ကောင်တွေရဲ့အချင်းချင်း မိသားစုလိုနေရင်း တလွဲတွေလုပ် ဆူပူငေါက်ငမ်းကြရင်းနဲ့တစ်နိုင်ငံလုံးသဘောကျအောင် ဖျော်ဖြေပေးနိုင်မှာလားဆိုတာဒီဒုတိယကားမှာ ဆက်ရှုစားရမှာပဲဖြစ်ပါတယ်ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပဲဖြစ်ပြီး ဘဝမှာတခါတလေဘာမှမစဉ်းစားပဲ ကိုယ်ချစ်ရသူရယ် ကိုယ့်ကိုချစ်တဲ့မိတ်ဆွေတွေရယ်သာရှိရင်ဘဝကြီးဆိုတာ ဒီလိုပဲနေပျော်စရာကြီးပါလားဆိုတာ ကိုယ်တိုင်ပဲကြည့်ရှုခံစားနိုင်ဖို့ ဒီ heart warm ဖြစ်စေမယ့် ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Sai Thurein Lynnပဲ ဖြစ်ပါတယ်။
...

Affair (2014) ⭐IMDB: 5.0/10 (106 Votes) 🎬 #Adult #Drama #Romance 🗓 2014 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 27 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ****************ချွဲယွန်းနီဆိုတဲ့ ပြခန်းမှူးက ယောက်ျားဖြစ်သူနဲ့ ကွာရှင်းပြီး အလယ်တန်းကျောင်းသူ သမီးတစ်ယောက်နဲ့ ဘဝခရီးဆက်နေရသူ တစ်ယောက်ဖြစ်တယ် Single mother တစ်ယောက်ဖြစ်ပေမဲ့လည်း သပ်ရပ်ကြော့ရှင်းတဲ့ သူ့ပုံစံကြောင့် ပုရိသတွေကြားမှာ ရေပန်းစားနေသူလည်းဖြစ်တယ်တစ်နေ့မှာ ဓာတ်ပုံဝယ်ဖိုသွားရင်း ခပ်ငယ်ငယ် ဓာတ်ပုံဆရာလေးကို မြင်ကာ မျက်စိကျသွားခဲ့တယ် ဖြစ်ချင်တော့ ပြခန်းရဲ့ ပြပွဲမှာ အဲဒီဓာတ်ပုံဆရာရဲ့ လက်ရာတွေကို အသုံးပြုဖို ဖြစ်လာတော့ ဓာတ်ပုံဆရာလေးနဲ့ ရင်းနှီးဖို အကြောင်းဖန်လာခဲ့တယ် အဲဒီနောက်မှာ ဓာတ်ပုံဆရာလေးကို အရက်တိုက် ကင်မရာအမ်း တိုက်ခန်းအမ်းနဲ့ အမျိုးမျိုး မြူဆွယ်ခဲ့ရာ နောက်ဆုံးတော့ ဓာတ်ပုံဆရာလေးရဲ့ အချစ်ကို ရရှိခဲ့တယ် ဒါပေမဲ့လည်း Single mother မမကြီးက ဓာတ်ပုံဆရာလေးကို တကယ် မချစ်ဘဲ သူ့ရဲ့ အာသီသကြောင့်သာ တွဲ‌နေခဲ့တယ် ဓာတ်ပုံဆရာလေးကို လက်ဖဝါးပေါ်တင်ပြီး ဟိုမှောက်ဒီလှန်လုပ်မဲ့ ကလေးတစ်ယောက်အမေရဲ့ လှည့်ကွက်တွေကို ဒီဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်
...

Godzilla Raids Again (1955) ⭐TMDB: 60% User Score 🎬 #SciFi #Action #ScienceFiction #Horror 🗓 1955 🎞 movie 🌎 #Japan ⏰ 1 နာရီ 23 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကမ္ဘာ့အရှည်ကြာဆုံးfranchiseအဖြစ် ဂင်းနစ်စံချိန်ဝင်ထားတဲ့ Toho Godzilla franchiseရဲ့ ဒုတိယကားဖြစ်တဲ့ Godzilla Raids Againဟာ 1954ဂေါ်ဇီလာ အောင်မြင်ပြီးနောက် သူနဲ့တစ်ဆက်တည်း နောက်ဆက်တွဲအနေနဲ့ ထပ်ရိုက်ခဲ့တဲ့ ရုပ်ရှင်ပါပဲ။ မူရင်းဒါရိုက်တာနဲ့ creatorဖြစ်တဲ့ အိရှိရိုဟွန်ဒါကတော့ Lovetideဆိုတဲ့ ရုပ်ရှင်ကိုကိုင်နေလို့ မအားတာကြောင့် ဒီကားကိုမကိုင်ထားပေမဲ့ တွဲဖက်ဖန်တီးသူနဲ့ အထူးပြုလုပ်ချက်ပညာရှင် Eiji Tsuburayaကတော့ ဒီကားအတွက်လည်း သူပဲ special effectsတွေ လုပ်ပေးခဲ့တာပါ။ Godzilla Raids Again ဟာ monster vs monster formulaကို အစပျိုးပေးခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ ပထမကားမှာ ဂေါ်ဇီလာတစ်ကောင်တည်းရှိခဲ့ပေမဲ့ ဒီကားမှာတော့ နောက်ဂေါ်ဇီလာတစ်ကောင်ပေါ်လာသလို တခြား သတ္တဝါဆန်းတွေလည်းရှိသေးတယ်ဆိုတာကို ဂျပန်အာဏာပိုင်တွေ ပြည်သူတွေ သတိထားမိလာကြာပြီ။ ဒါပေမဲ့ အောက်စီဂျင်ဒတ်စတွိုင်ရာမရှိတော့သလို ဒီလိုဆန်းပြားတဲ့လက်နက်ကို ဖန်တီးခဲ့တဲ့ ဒေါက်တာဆဲအိဇာဝလည်းမရှိတော့တဲ့နောက် ဒီဂေါ်ဇီလာကို နှိမ်နင်းနိုင်မယ့်လက်နက် သူတို့မှာ မရှိနေပါဘူး။ ဂေါ်ဇီလာနဲ့ နောက်ထပ်မွန်းစတားတစ်ကောင်ရဲ့ သတ်ပုတ်ပွဲအောက်မှာ ဂျပန်ပြည်ကြီးလည်း လုံးပါးပါးနေပါပြီ။ ဒါကို ဂျပန်စစ်တပ်နဲ့ ဇာတ်လိုက်ဖြစ်တဲ့ ကြေးစားလေသူရဲက ဂေါ်ဇီလာကိုနှိမ်နင်းဖို့ ဘယ်လိုအဖြေရှာမလဲ စောင့်ကြည့်ရမှာပါ။ အိရှိရိုဟွန်ဒါကိုင်တာမဟုတ်လို့ ပထမကားရဲ့ အငွေ့အသက်ကိုမမီသလို ပထမကားလောက် မကြမ်းပေမဲ့ ပထမကားရဲ့တိုက်ရိုက်အဆက်လည်းဖြစ်သလို တင်ဆက်ပုံက ကြည့်ကောင်းသေးတာဖြစ်သလို ဒီfranchiseရဲ့အရေးပါတဲ့ ရုပ်ရှင်လည်းဖြစ်နေတာမို့ ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ နောက်တစ်ကားဖြစ်တဲ့ King Kong vs. Godzilla မှာတော့ အိရှိရိုဟွန်ဒါက ပြန်ကိုင်ထားပါတယ်။
...

Srimulat: Hil yang Mustahal - Babak Pertama (2022) ⭐IMDB: 6.9/10 (235 Votes) 🎬 #Biography #Comedy #Drama 🗓 2022 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 48 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Srimulat: Hil Yang Mustahal – Babak Pertama (2022) အခုတင်ဆက်ပေးမယ့်ကားလေးကတော့ ဒုတိယကမ္ဘာစစ်အပြီးနာမည်ကြီးခဲ့တဲ့ အင်ဒိုနီးရှား လူရွှင်တော်အဖွဲ့ ဆရီမူလတ်အဖွဲ့ရဲ့အစောပိုင်းနေ့ရက်တွေအကြောင်းကို ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်ဒီအဖွဲ့ကို တက်ဂ်ရာဟာဂျိုကနေပြီးတော့ သူ့ဇနီး ဆရီမူလတ်ကိုအမှတ်တရအဖြစ်နဲ့ ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်….စစ်ပြီးကာလ အင်ဒိုနီးရှားမှာ စားဝတ်နေရေးကျပ်တည်းရုန်းကန်နေရအချိန်မှာ ဆရီမူလတ်တို့လို ဖျော်ဖြေရေးအဖွဲ့တွေကိုနိုင်ငံတော်အစီအစဉ်နဲ့ ရုပ်သံကနေတင်ဆက်ပြီးတော့ပြည်သူတွေကို ဖျော်ဖြေပေးဖို့ ဂျကာတာကို ဖိတ်လိုက်ပါတယ်ပျော်ပျော်နေတတ်တဲ့ ဆရီမူလတ်အဖွဲ့သားတွေ ဂျကာတာရောက်လာတဲ့အခါမှာတောသားမြို့တက်လေးတွေ ဘယ်လိုတလွဲတွေလုပ်ကြမှာလဲအဆင်ပြေပြေနေနိုင်ဖို့ရော ဘယ်လိုလုပ်ကြမလဲ သူတို့လူရွှင်တော်အဖွဲ့ကြီးရောအောင်မြင်မှာလားဆိုတာ ကြည့်ရမှာပါပဲ….ဟာသ ဒရမ်မာ အချိုးကျကျပေါင်းစပ်ထားတဲ့ အတ္တုပတ္ထိကားလေးမို့အာရှကားကြိုက်တဲ့ပရိသတ်တွေအတွက်အကြိုက်တွေ့မယ့်ကားလေးပါပဲနောက်ဆက်တွဲ အပိုင်း ၂ လေးလည်း ရှိသေးတာမို့ စောင့်မျှော်အားပေးကြပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့Sai Thurein Lynnပဲ ဖြစ်ပါတယ်။
...

Fit in with the App (2018) ⭐IMDB: 6.1/10 (85 Votes) 🎬 #Comedy 🗓 2018 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 31 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sesuai Aplikasi (2018)IMDb 6.1/10 ဒီကားလေးကတော့ Tiktok မှာ trend ဖြစ်ခဲ့တဲ့ အင်ဒို သီချင်းလေး“အကို ဆရာ ဒါမူကြိုကျောင်းဆရာ” ဆိုတဲ့ ဇာတ်ဝင်တေးသီချင်းလေးပါတဲ့ ဇာတ်ကားကောင်းလေးပါပေါ့ပေါ့ပါးပါးနဲ့ လက်တွေ့ဘဝကို ထင်ဟတ်အောင်ရိုက်ကူးထားပြီးဟာသလေးတွေနဲ့ပေါင်းဆက်လိုက်တော့ ကြည့်ရတာ ကြည်နူးစရာပါအင်ဒိုကားလေးဖြစ်တော့ ဇာတ်လမ်းဇာတ်ကွက်တွေက အရှေ့တောင်အာရှဆန်တယ်ဇာတ်လမ်းလေးကတော့ ပရက်စ် နဲ့ ဒူရက်စ် ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်က Delivery ပို့ရတဲ့ ကောင်လေးနှစ်ယောက်ပေါ့နှစ်ယောက်သား အိမ်ချင်းကပ်ရပ်နေကြပြီး ရိုးသားကြိုးစားပြီးမိသားစုကို ရှာဖွေကျွေးနေခဲ့ရာကနေဘဝရဲ့လောကဓံတွေတစ်ခုပြီးတစ်ခုရင်ဆိုင်လာရချိန်မှာတော့ သူတို့တွေ ဘယ်လိုရုန်းကန်လှုတ်ရှားကြလဲဆိုတာ ကြည့်ရှုအားပေးလို့ရပါပြီချစ်ခြင်းမေတ္တာနဲ့ ကိုယ်ချင်းစာတရားကို အဓိကထားပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်လို့မိသားစုနဲ့ အတူတူကြည့်မယ်ဆိုလဲ သင့်တော်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Thet Ooပဲ ဖြစ်ပါတယ်။
...

Itutumba ka ng tatay ko (2024) ⭐IMDB: 5.7/10 (10 Votes) 🎬 #Action #Comedy 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 50 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Itutumba Ka Ng Tatay Ko [2024](IMDb – 5.7/10) တီတန်နဲ့ တင်တင်တို့က အဖေတစ်ခု သမီးတစ်ခု…သူတို့နှစ်ယောက်သာ ရှိတဲ့ ဘဝလေးမှာ တီတန်ဟာ ဖခင်ကောင်းတစ်ယောက် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပေမယ့်သူ့သမီးလေးကို အနိုင်ကျင့်ဗိုလ်ကျနေသူတွေဆီကနေတော့ အပြည့်အဝ မကာကွယ်ပေးနိုင်ရှာဘူး..အကြောင်းကတော့ တီတန်ဟာ လူကြောက် ဖြစ်နေလို့ပါ…ဒါကိုလည်း သမီးဖြစ်သူက မုန်းတီးလို့ နေခဲ့ပါတယ်…တီတန်ဟာ ဆုံးပါးသွားတဲ့ အမေကိုသာ သူ့အဖေ လူဆိုးလူမိုက်လို မဖြစ်စေရပါဘူးလို့ ကတိမပေးခဲ့ရင်သူဟာ အခုလို လူကြောက်ကြီးဖြစ်နေမှာ မဟုတ်ပါဘူး… ဒီလိုနဲ့ ဒါရိုက်တာတစ်ယောက်ဆီမှာ လက်တိုလက်တောင်း လုပ်ရင်း အသက်ဆက်နေရတဲ့ တီတန်တစ်ယောက်…ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာဆိုသလိုပဲ ဦးနှောက်မှာ အကျိတ်ရှိနေပြီး ခုနှစ်ရက်သာ အသက်ရှင်ရတော့မယ်လို့ ကြားသိလိုက်ရပါတော့တယ်…သိပ်မကျန်တော့တဲ့ သူ့ရဲ့ လူ့သက်တမ်းမှာ သူ့သမီးလေးအတွက် တီတန်တစ်ယောက်ဘာတွေဘယ်လိုမျိုးများ လုပ်ပေးသွားလိမ့်ဦးမလဲဆိုတာ ရှုစားရမှာပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Tun Aung Kyawပဲ ဖြစ်ပါတယ်။
...

Andragogy (2023) ⭐IMDB: 8.2/10 (862 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Indonesia #Singapore ⏰ 1 နာရီ 51 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Andragogy (2023) မျက်မှောက်ခေတ်မှာ မြင်ရတွေ့ရတဲ့ ပြဿနာတွေရဲ့ အရင်းအမြစ်တွေထဲတစ်ခုဖြစ်တဲ့ဆိုရှယ်မီဒီယာတွေရဲ့ ဒုက္ခပေးပုံအဖုံဖုံကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။မြှောက်ထိုးပင့်ကော်လုပ်တတ်တဲ့ မီဒီယာတွေကြောင့် လက်တွေ့ဘဝမှာဘယ်လောက်ထိ ရိုက်ခတ်မှုကြီးမားသလဲဆိုတာကို ကွက်ကွက်ကွင်းကွင်း မြင်ရစေပြီးအင်ဒိုနီးရှားဇာတ်ကားဆိုပေမယ့် ဇာတ်အိမ်ခိုင်ခန့်မှုက တော်တော်ကို ကောင်းမွန်တဲ့အနေအထားမှာရှိပါတယ်။ပညာရေးစနစ်၊ မိသားရေးရာ ပြဿနာ စတဲ့ အရာတွေကို ဇာတ်အိမ်လုံးတစ်ခုတည်းမှာအကုန်လုံးကို စုပြုံထည့်ပြီး ပြသထားတယ်ဆိုပေမယ့် သူ့နေရာနဲ့သူ အစပ်အဟပ်တည့်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သာမန်ပြဿနာလေးတစ်ခုကို လိုင်းပေါ်တင်လိုက်ရာကနေပြဿနာက တဖြည်းဖြည်းနဲ့ ကြီးလာခဲ့ပြီး ဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်။လိုင်းပေါ်က နာမည်တအားကြီးနေတဲ့ အုန်းသီးကိတ်ဆိုင်မှာ ဆရာမ ပရာနီက ဝယ်ယူရင်း ကြားဖြတ်ဝင်တဲ့သူနဲ့ ရန်ဖြစ်မိခဲ့တာပါ။ဒါပေမဲ့ အော်ကြီးဟစ်ကျယ်ဖြစ်နေတာက ဆရာမ ပရာနီဖြစ်တဲ့အတွက် လိုင်းပေါ်က လူတွေဟာ ဆရာမ ပရာနီကိုပဲ အပြစ်တင်ကြပါတယ်။ဒါကြောင့် ဆရာမ ပရာနီရဲ့ ပတ်ဝန်းကျင်မှာ ပြဿနာအမျိုးမျိုးကို ရင်ဆိုင်လာရပါတယ်။အဲဒီအတွက် ဖြေရှင်းချက် ဗီဒီယိုတစ်ခုကို ပရာနီက ပြန်တင်ပြီး ဖြေရှင်းခဲ့ပေမယ့်တစ်ဖက်လူကလည်း ပြန်လည်ဖြေရှင်းခဲ့တာကြောင့် သံသရာက မဆုံးနိုင်ဘဲ တိုင်ပတ်နေပါတယ်။အဲဒီလိုကနေ ပိုပိုဆိုးလာပြီး မပြီးနိုင် မစီးနိုင်ဖြစ်နေတာကြောင့်ဆရာမ ပရာနီရဲ့ တခြားကိုယ်ရေးကိုယ်တာကိစ္စတွေပါ လိုင်းပေါ် ရောက်လာပါတယ်။ဘယ်လိုရှင်းရှင်း မပြီးနိုင်တော့တာကြောင့် နောက်ဆုံးမှာ ဆရာမ ပရာနီတစ်ယောက်ဘယ်လိုဖြေရှင်းမလဲဆိုတာကို ပဟေဠိဆန်ဆန် ကြည့်ရမယ့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Khant Zaw Naingပဲ ဖြစ်ပါတယ်။
...

Godzilla (1954) ⭐TMDB: 76% User Score 🎬 #SciFi #Thriller #Horror #ScienceFiction 🗓 1954 🎞 movie 🌎 #Japan ⏰ 1 နာရီ 37 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Godzilla ( 1954 )Directed by  Ishirō HondaKaiju  Genreကို အစပျိုးပေးခဲ့တဲ့ ပထမဆုံး ဂေါ်ဇီလာရုပ်ရှင်ကို ၁၉၅၄မှာ အိရှိရိုဟွန်ဒါက ဇာတ်ညွှန်းရေးသား ရိုက်ကူးခဲ့တယ်။  Special effects ပိုင်းကိုတော့  Eiji Tsuburayaက ကိုင်ခဲ့တယ်။ သူတို့နှစ်ယောက်တွဲဟာ Kaiju  Genreကို ထောင်ခဲ့တဲ့လူတွေ ဂေါ်ဇီလာယူနီဗာ့စ်ကြီးကို စဖန်တီးခဲ့သူတွေပါပဲ။ ဒီဂေါ်ဇီလာကားတွေကို နာမည်ကျော် တိုဟိုကနေ ထုတ်ပေးခဲ့တယ်၊ ဒီဂေါ်ဇီလာတစ်ကားရဲ့ အောင်မြင်မှုကနေ Godzilla franchiseကြီးဖြစ်ခဲ့လာပြီး တိုဟိုက ထုတ်ခဲ့တဲ့ ဂျပန်ဂေါ်ဇီလာရုပ်ရှင်တင် ၃၃ကား , ခုနောက်ပိုင်းထွက်တဲ့ အမေရိကန်ရုပ်ရှင် ငါးကား , စုစုပေါင်း ၃၈ကား ထွက်ခဲ့ပြီးပြီ။ တိုဟိုက ထုတ်ခဲ့တဲ့ ၃၃ကားထဲမှာ မူရင်းဖန်တီးရှင်တွေဖြစ်တဲ့ အိရှိရိုနဲ့ အိဂျီတို့ ရိုက်ခဲ့တာက ၈ကားပဲရှိခဲ့တယ်။ သူရိုက်ခဲ့တာတွေက အအောင်မြင်ဆုံးနဲ့ အခမ်းနားဆုံး Godzilla (1954), နောက်   King Kong vs. Godzilla (1962) , Mothra vs. Godzilla (1964), Ghidorah, The Three-Headed Monster (1964), Invasion of Astro-Monster (1965),Destroy All Monsters (1968), All Monsters Attack (1969),Terror of Mechagodzilla (1975)တို့တွေပါပဲ။ Godzilla: King of Monsters (1956)မှာလည်း သူဝင်ရိုက်ပေးခဲ့ပေမဲ့  သူ့စာရင်းက ၈ကားပဲဆိုတော့ ထည့်တွက်မထားပုံပါပဲ၊၊ ပထမဆုံး ၁၉၅၄အတွက်ပဲ ဇာတ်ညွှန်းပါသူရေးခဲ့ပြီး ၁၉၅၄ကားကလည်း ထွက်ခဲ့သမျှ ဂေါ်ဇီလာတွေထဲ အကောင်းဆုံးအဖြစ်ရပ်တည်နေတယ်။  တိုဟိုဗားရှင်း ဂေါ်ဇီလာ ၃၃ကားကို ဂျပန်တွေထုံးစံအတိုင်း  Eraတွေနဲ့ခွဲထားပြီး Era၅ခုရှိပြီး Shōwa era (1954–1975)အတွင်းမှာ  ၁၅ကားရိုက်ကူးခဲ့ပါတယ်။ ဒီ၁၅ကားဟာ ဂျပန်ပြည်ရဲ့ နိုင်ငံရေးရဲ့ သူ့ခေတ်အခြေအနေကို ထင်ဟပ်ခဲ့တယ်လို့ ဆိုကြတယ်။ Eraတွေပြီးတိုင်း သူ့ယူနီဗာ့စ်ကို  Reboot ပြန်ချလိုက်ပေမဲ့  ၁၉၅၄ကားကိုတော့ လုံးဝမပယ်ခဲ့ကြဘူး။ ဂေါ်ဇီလာရဲ့   Originအဖြစ် ထားထားခဲ့တယ်။ 2019ကစတဲ့  Reiwa Eraမှာတော့ ဒီ  Originကို ပြောင်းလဲပစ်ခဲ့တယ်။ Godzilla Minus Oneကတော့ ဒီ၁၉၅၄ကားကို ပြန်လည်ပုံဖော်ထားတဲ့  Remakeကားလို့ ဆိုပါတယ်။အိရှိရိုဟွန်ဒါဟာ ခိုင်ဂျူ ရုပ်ရှင်Genreရဲ့ ဖန်တီးရှင် ဂေါ်ဇီလာရဲ့ ဖခင်ဖြစ်ပေမဲ့လည်း အကီရာ ကူရိုဆာဝါရဲ့ ရုပ်ရှင်တွေမှာ လက်ထောက်ဒါရိုက်တာအဖြစ်တစ်မျိုး အနုပညာအကြံပေးအဖြစ်တစ်ဖုံ လုပ်ခဲ့ဖူးတဲ့သူပါပဲ။ ကူရိုဆာဝါရဲ့နောက်ဆုံးငါးကားဟာ သူ့နောက်ဆုံးငါးကားလို့ ပြောရင်လည်းရပါတယ်။ ဂေါ်ဇီလာတွေအပြီးမှာ သူအနားယူခဲ့ပေမဲ့ ကူရိုဆာဝါက သူ့ကိုနားချပြီး သူ့ညာလက်ရုံးအဖြစ် ခေါ်သုံးခဲ့တာပါ။ ကူရိုဆာဝါ ဒီနှောင်းပိုင်း ကာလတွေမှာ မျက်စိလည်းသိပ်မမြင်တော့ဘူးဆိုတော့ ကူရိုရဲ့ နောက်ဆုံးငါးကားမှာ အိရှိရိုရဲ့ လက်စွမ်းလည်း မကင်းဘူးလို့ ယူဆလို့ရတယ်။  Guillermo del Toro, Tim Burton , John Carpenter , Martin Scorsese တို့ကတော့ ဟွန်ဒါရဲ့ လွှမ်းမိုးမှုနဲ့ သူတို့မကင်းဘူးလို့ ကြေညာဖူးပါတယ်။ စပီးဘာ့ခ်ဟာလည်း ဒီ၁၉၅၄ဂေါ်ဇီလာကို တော်တော်ကြိုက်ခဲ့တဲ့သူဖြစ်ပြီး။ ဒီဂေါ်ဇီလာ ၁၉၅၄နဲ့ အနီးစပ်ဆုံးတူတဲ့အရသာကို   စပီးဘာ့ခ်ရဲ့  Jaws (1974) မှာပဲ ကျွန်တော်တော့ရဖူးပါတယ်။ စပီးဘာ့ခ်ဟာ ဂေါ်ဇီလာကို သိပ်ကြိုက်တဲ့သူပီပီ  Jawsကို ငါးမန်းကားအဖြစ်ရိုက်ခဲ့ပေမဲ့ ၁၉၅၄ဂေါ်ဇီလာနဲ့ ထပ်တူညီတဲ့ အငွေ့အသက်ကို ပေးနိုင်ခဲ့တယ်။ဇာတ်ရဲ့အဖွင့်မှာ ပင်လယ်ထဲ သင်္ဘောတွေတစ်စီးပြီးတစ်စီး မြုပ်သွားတာကနေ စထားတယ်။ ဘယ်လိုအကြောင်းကြောင့်လဲတော့ ဘယ်သူမှမသိရဘူး။ သွားကယ်တဲ့ သင်္ဘောတွေပါ မြုပ်သွားရင်း မြုပ်သွားရင်း အဆုံးအရှုံးတော်တော်များလာသလို တံငါသည်တွေလည်း ငါးမမိတော့တဲ့နောက် ဒီပြဿနာကို အဖြေရှာကြဖို့ဖြစ်လာခဲ့တယ်။ အိုဒိုကျွန်းက ရှေ့မီနောက်မီလူကြီးကတော့ ဟိုးရှေးခေတ်ကတည်းက ရှိနေခဲ့တဲ့ ဂေါ်ဇီလာကြီးလို့ ပြောကြပေမဲ့ ဘယ်သူမှမယုံကြဘူး။ ဒီလိုနဲ့ ပညာရှင်တွေ သုတေသနသွားလုပ်တဲ့အချိန် ဂေါ်ဇီလာကို မျက်ဝါးထင်ထင်မြင်ခဲ့ရတယ်။ သတ္တဗေဒပညာရှင်ကတော့ ဂေါ်ဇီလာ Jurassicခေတ်နောက်ပိုင်း ဆင့်ကဲပြောင်းလဲလာတဲ့ သတ္တဝါကြီးလို့ သက်သေပြခဲ့တယ်။ ဒီလိုနဲ့ ဂေါ်ဇီလာဟာ မြို့ပေါ်ကိုပါ ဖျက်ဆီးလာတဲ့အခါ သူတို့ ဂေါ်ဇီလာကို နှိမ်နှင်းရဖို့ဖြစ်လာတယ်။ ဟိုက်ဒရိုဂျင်ဗုံးခေါ် နျူးကလီးယားကြောင့် နိုးထလာတဲ့ သတ္တဝါကြီးဖြစ်သလို  လူ့လက်နက်တွေ ဒဏ်ကို ခံနိုင်ရည်ကောင်းကောင်းရှိနေတော့ သူ့ကို  ဘယ်လက်နက်နဲ့မှ မနိုင်ဘူးဖြစ်နေတဲ့နောက် ဂေါ်လီလာကို နှိမ်နှင်းဖို့ အဖြေတစ်ခုရှာရတော့တယ်။သရုပ်ဆောင်တွေအနေနဲ့တော့ ကူရိုဆာဝါရဲ့ လက်စွဲ Ikiruထဲက မင်းသားကြီး Takashi Shimuraလည်း ပါဝင်သရုပ်ဆောင်ထားပေမဲ့ ဒီဂေါ်ဇီလာ ရုပ်ရှင်မှာ ကျွန်တော်တို့ မမေ့မယ့် ဇာတ်ရုပ်ကတော့ Akihiko Hirataရဲ့ ဒေါက်တာ Serizawaပါပဲ။ ခုလက်ရှိနောက်...

The Bad Batch (2016) ⭐IMDB: 5.2/10 (36 k Votes) 🎬 #Action #Horror #Mystery #Drama #ScienceFiction #Romance #SciFi 🗓 2016 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ cm ပရိသတ်ကြီးကို သာမန်ရုပ်ရှင်တွေကနေ ကွဲထွက်နေတဲ့ ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Jason Momoa ၊ Suki Waterhouse၊ Jim Carrey၊ Keanu Reeves တို့ ပါဝင် သရုပ်ဆောင်ထားကြတာပါ။ ၂၀၁၆ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး ဇာတ်ကားဆု ရရှိခဲ့ပြီး nomination လေးခုချိတ်နိုင်ခဲ့ပါတယ်။ ဇာတ်ကြောင်းက အမေရိကန် တက္ကဆက်ပြည်နယ် အပြင်ဘက် စည်းရိုးခတ်ထားတဲ့ နေရာမှာ တရားမဝင် ခိုးဝင်လာတဲ့ ရာဇဝတ်သားတွေ၊ သူခိုးဂျပိုးတွေကို တစ်ကျွန်း ပို့သလိုမျိုး ပို့တဲ့ ဘတ်ဘတ်ချ်ဆိုတဲ့ နယ်မြေတစ်ခုရှိပါတယ်။ အဲဒီထဲမှာ ဘာဥပဒေ ဘာစည်းမျဉ်းမှ မရှိဘဲ နိုင်ငံသားအခွင့်ရေး ဘာဆိုဘာမှ မရှိပါဘူး။ အာလန်ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ ရာဇဝတ်မှုတွေနဲ့ ဘတ်ဘတ်ချ် အမှတ် ၅၀၄၀ တက်တူးအထိုးခံရပြီး ဒီပူပြင်းခြောက်သွေ့နေတဲ့ ကန္တာရနယ်မြေထဲကို အပို့ခံလိုက်ရပါတယ်။ နယ်မြေထဲ ရောက်ပြီး မကြာခင်မှာပဲ လူအချင်းချင်း စားသောက်တဲ့ ကာနီဘယ် နှစ်ယောက်က ဖမ်းသွားတာ ခံလိုက်ရပြီး ဘယ်လက်နဲ့ ခြေထောက်တစ်ချောင်း ဖြတ်ယူ စားသောက် ခံလိုက်ရပါတယ်။ လက်တစ်ချောင်း ခြေတစ်ချောင်းပဲ ကျန်တဲ့ အာလန်တစ်ယောက် ဒီလူတွေလက်က ဘယ်လိုလွတ်အောင် ပြေးမလဲ။ ဒီနယ်မြေထဲမှာ ဘယ်လိုလူမျိုးတွေနဲ့ တွေ့ဆုံရဦးမလဲ
...

Paul, Apostle of Christ (2018) ⭐IMDB: 6.6/10 (10 k Votes) 🎬 #Adventure #Biography #Drama #History 🗓 2018 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၁၈ ကထွက်ရှိခဲ့တဲ့ Paul, the Apostle of Christ ဟာ အမေရိကန်သမ္မာကျမ်းလာရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်ပြီး Andrew Hyatt က ရိုက်ကူးပေးထားပါတယ်။ တမန်တော်ပေါလ်အဖြစ် James Faulkner နဲ့ သူတော်စင် လု့ခ်အဖြစ် Jim Caviezel တို့က ပါဝင်သရုပ်ဆောင် ပေးထားပါတယ်။ Jim Caviezel ဟာ ၂၀၀၄ ခုနှစ်ကရုပ်ရှင် The Passion of the Christ မှာလည်း ယေရှုအဖြစ်ပါဝင် သရုပ်ဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။ Paul, the Apostle of Christ ကတော့ ပေါလ်ရဲ့ ဇာတ်ကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ခရစ်ယာန်တွေကို ရက်ရက်စက်စက်နှိပ်ကွပ်တတ် သူဖြစ်တဲ့ပေါလ်ဟာ ခရစ်ယာဘာသာဝင်အဖြစ် ကူးပြောင်းပြီးတဲ့နောက် ခရစ်ယာန်ဘာသာအတွက် အကြီးမားဆုံးအကျိုးပြုသူတစ်ဦးဖြစ်လာခဲ့ပါတယ်။ ရောမမှာ ဧကရာဇ်နီရိုရဲ့ကွပ်မျက်မှုမခံရခင် အစောပိုင်း ကာလချာ့ချ်ကျောင်းတွေပေါ်ပေါက်လာရေးအတွက် အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပုံကို အဓိက ရိုက်ကူးပြထားပါတယ်။ ပေါလ်ဟာ ခွင့်လွှတ်မှုကို လက်ကိုင်ထားသူဖြစ်ပြီး ဒီအယူအဆက ဒီနေ့ခေတ်မှာ မဖြစ်နိုင်တော့တဲ့အရာတစ်ခုဖြစ်လာလုနီးပါးဖြစ်လာပေမယ့် အမှန်တကယ်လိုအပ်တဲ့အရာတစ်ခုလည်းဖြစ်တယ်ဆိုတာကို ပုံဖော်ပြထားပါတယ်။ ပေါလ်ရဲ့နောက်ဆုံးနေ့ရက်တွေမှာ လု့ခ်က ဆရာဖြစ်သူကိုတွေ့ရဖို့ အကြိမ်ကြိမ်အသက်စွန့်ပြီး ပေါလ်ရဲ့ဘဝအတွေ့အကြုံနဲ့အဆုံးအမတွေကို မှတ်တမ်း တင်ရေးသားခဲ့ပုံတွေကိုလည်း မြင်တွေ့ရပါတယ်။ Paul, the Apostle of Christ ရုပ်ရှင်ဟာ Grace Award for Movies နဲ့ Best Christian Movie ဆုနှစ်ခုကိုရရှိခဲ့ပါတယ်။ ဒေါ်လာ ၅ သန်းအကုန်အကျခံရိုက်ကူးခဲ့ပြီး ရုံတင်ဝင်ငွေဒေါ်လာ ၂၅.၅ သန်းပြန်လည်ရရှိခဲ့တဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။
...

Godzilla Minus One (2023) ⭐IMDB: 8.3/10 (49 k Votes) 🎬 #Action #Adventure #Drama #ScienceFiction #Horror #SciFi 🗓 2023 🎞 movie 🌎 #Japan ⏰ 2 နာရီ 5 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Godzilla Minus One (2023)=====================IMDb Rating – 8.3/10 ဂျပန်နိုင်ငံရဲ့ ဂန္ဓဝင် ဂေါ်ဇီလာ ရှေးဟောင်းကားတွေကို အမှတ်တရဖြစ်စေမဲ့စတိုင်နဲ့ ရိုက်ကူးထားတဲ့နောက်ဆုံးထွက် ဂေါ်ဇီလာကားပဲဖြစ်ပါတယ်။ ဂေါ်ဇီလာအမှတ်တံဆိပ်စတင်ခဲ့ပြီး နှစ် ၇၀ မြောက်အထိမ်းအမှတ်လည်းဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ဘက်ဂျက် ၁၅ သန်းထဲနဲ့ ရိုက်ကူးထားပြီး ဂျပန် နဲ့ အမေရိကန်မှာတင် ၇၅ သန်းကျော် ပြန်ဝင်နေပါပြီ။ CGI သုံးထားတာဖြစ်ပေမဲ့ ဂန္ဓဝင်အရုပ်စတိုင်အတိုင်း တူအောင် ပြန်ဖန်တီးထားတာလည်းတွေ့ရပါတယ်။ IMdbမှာလည်း 8.4 တောင်ရရှိထားပါတယ်။ Godzilla (2014) ရဲ့ ဒါရိုက်တာ GarethEdwards ကတော့ ဂေါ်ဇီလာရုပ်ရှင်ဆိုတာ ဒီလိုဖြစ်ရမှာဆိုပြီး အားကျသံကြီးနဲ့မှတ်ချက်ပေးသွားပါသေးတယ်။ ဇာတ်လမ်းအကျဉ်း –ဂေါ်ဇီလာရဲ့ မူလဂျပန်နာမည်ကတော့ ဂေါ်ဂျီရာဖြစ်ပြီး ဂေါ်ရီလာ (ဂျပန်သံ ဂေါ်ရီရာ) နဲ့ ဝေလငါး ကူဂျီရာတို့ကို ပေါင်းခေါ်ထားတာပါ။ ဂေါ်ဇီလာဆိုတာ သမိုင်းမတင်ခင် လက်ကျန် တွားသွားသတ္တဝါမျိုးနွယ် အနေနဲ့ ပင်လယ်ကြမ်းပြင်အောက်မှာ ရှိနေခဲ့တဲ့ သတ္တဝါကြီးပါ။ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုကြောင့် သူ့အသိုက်နဲ့ ဆွေမျိုးတွေ ပျက်စီးသွားပြီးနောက် ဒေါသတကြီးနဲ့ ကုန်းမြေပေါ်ကို တက်လာတာလည်းဖြစ်ပါတယ်။ သူ့လမ်းကြောင်းမှာရှိတဲ့အရာတိုင်းကို ဖျက်ဆီးပစ်ပြီး အဏုမြူဓာတ်ရောင်ခြည်တွေကိုလည်း စုပ်ယူနိုင် ပြန်သုံးနိုင်ပါတယ်။ ဂေါ်ဇီလာရဲ့ ဇစ်မြစ်ဟာ အဏုမြူဆန့်ကျင်ရေး သင်္ကေတအတွက် ရည်စူးပြီး စတင်ခဲ့တာပါပဲ။ ဟောလိဝုရုပ်ရှင်တွေမှာဂေါ်ဇီလာကို သတ္တဝါဆိုးကြီးအနေနဲ့ပဲ ပုံဖော်တာမျိုးပေမဲ့ ဂျပန်တွေမှာတော့ ဂေါ်ဇီလာဟာ သတ္တဝါကြီးတစ်ပိုင်း နတ်ဘုရားတစ်ပိုင်းအနေနဲ့ ပုံဖော်ခံရတာများပါတယ်။နတ်ဘုရားဆိုပေမဲ့ ဒေါသကြီးပြီး ဖျက်ဆီးတတ်တဲ့ နတ်ဘုရားမျိုးကို ပုံဖော်ထားတာပါ။ 1954 ပထမဆုံးဂေါ်ဇီလာရုပ်ရှင်ကို ရုံတင်ချိန်မှာ လာကြည့်ကြတဲ့ ဂျပန်နိုင်ငံသားတွေမျက်ရည်တွေနဲ့ ထွက်လာခဲ့ကြတယ်ဆိုရင် အခြားနိုင်ငံသားတွေနားလည်နိုင်မှာမဟုတ်ပါဘူး။ ဒုတိယကမ္ဘာစစ်အဆုံးမှာ အနုပညာရှင်တွေ နဲ့ နိုင်ငံရေးသမားတွေဟာ အဏုမြူဗုံးကိစ္စကို ပေါ်တင်ဆွေးနွေးခွင့် ရှုံ့ချခွင့်မရကြပါဘူး။ ဒါကြောင့်ပဲ ဟီရိုးရှီးမားနဲ့နာဂါဆာကီတို့ရဲ့ အဖြစ်ဆိုးကို ဂေါ်ဇီလာနဲ့ တင်စားပြခဲ့တာပါ။ ဂေါ်ဇီလာရဲ့ ကျောက ဆူးတောင်တွေဟာ အဏုမြူဗုံးဒဏ်ရာကြောင့် အမာရွတ်ကြီးတွေဖြစ်လာတာဖြစ်ပြီး ဂျပန်တွေရဲ့ရင်ထဲက အမာရွတ်ကြီးကို ပုံဆိုးပန်းဆိုးတမင်လုပ်ပြီး ဖော်ပြထားတာပါ။ ဟောလိဝုရုပ်ရှင်အချို့ဟာ ဒီဆူးတောင်တွေကို လှအောင်တောင် ပြင်လိုက်ပါသေးတယ်။ ဒီဇာတ်လမ်းဟာလည်း ဒုတိယကမ္ဘာစစ်ပြီးကာစ လေကြောင်းတိုက်ပွဲတွေကြောင့် ပြန်နာလံထူနေစ ဂျပန်နိုင်ငံ ဂေါ်ဇီလာတိုက်ခိုက်ခံရတာနဲ့ အစပြုခဲတာပါ။ စစ်အပြီးသုညအချိန်မှာဂေါ်ဇီလာတိုက်ခိုက်မှုဟာ သုညမှ အနုတ်သို့လို့ ဆိုလိုပြီး Minus One ဆိုတဲ့နာမည်ကိုပြန်သုံးခဲ့တာပါ။ ဒီရုပ်ရှင်ဟာ မူလဂေါ်ဇီလာ စတင်တိုက်ခိုက်တဲ့ အိုဒိုကျွန်းကနေပဲ စတင်ထားပြီး၊ စစ်အပြီးလက်နက်တွေဖြုတ်သိမ်းနေချိန် ပြန်အပ်နေချိန်မှာ ရှိမဲ့စုမဲ့ အင်အားလေးနဲ့ဂေါ်ဇီလာကို ရန်ဆိုင်ကြပုံတွေကို ပြသထားတာဖြစ်ပါတယ်။ ဒါကြောင့် ခုနှစ်ပိုင်းမှာ လူတွေကြည့်ထားတဲ့ နောက်ဆုံးပေါ် Monsterverse က တိုက်ပွဲအကြမ်းတွေကို မြင်ရမှာမဟုတ်ပါဘူး။ လေယာဉ်နောက်မြီးတောင်ပံလေးထပ်တပ်နိုင်တာကိုတောင် တအံ့တဩဖြစ်ရတဲ့လေယာဉ်စက်ပြင်ဆရာတွေ၊ ခုန်ထွက်ခလုတ်ဆိုတာဘာမှန်းမသိတဲ့ပိုင်းလော့တွေကိုပဲ မြင်ရမှာပါ။ ဒီတော့ ကိုယ်တွေရဲ့ ကလေးဘဝတွေကို အလွှမ်းမိုးဆုံးဇာတ်ကောင်တွေထဲက တစ်ခုဖြစ်တဲ့ ဂေါ်ဇီလာရဲ့ အမှတ်တရရုပ်ရှင်အဖြစ် ခံစားကြည့်လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Mr.Anderson ဖြစ်ပါတယ်)
...

Parimala D'Souza (2023) ⭐IMDB: 8.7/10 (211 Votes) 🎬 #Action #Bollywood #Crime #Drama #Family #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 10 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “အိပ်ပျော်သွားသော မိန်းကလေး” IMDb 8.7 ရထားတဲ့ ကန်နားဒါးမှုခင်းဇာတ်လမ်းလေး ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့အတူ အက်ရှင် ဇာတ်ကြမ်းအချစ်ဇာတ်လမ်း စုံလင်အောင် ကြည့်ရမယ့်ကားလေးပါ ပါရီမာလာဆိုတဲ့ ပျော်ပျော်နေတတ်တဲ့ အိမ်ထောင်ရှိမိန်းမငယ်လေးကခြံကျယ်ကြီးမှာ မိသားစု ညီအစ်ကိုမောင်နှမတွေနဲ့ သာမန်ဘဝကို ဖြတ်သန်းရင်း အရွှန်းအဖောက်တွေပါတဲ့ ဟာသဇာတ်လမ်းလေးကနေ အချိုးအကွေ့ဖြစ်ပုံကတစ်နေ့ ရေချိုးကန်ထဲက သွေးအိုင်ထဲ လဲနေတဲ့ ပါရီမာလာ သေဆုံးနေတာကို မြင်လိုက်ရတဲ့ အချိန်မှာတော့… တစ်မိသားစုလုံး ထိတ်ထိတ်ပျာပျာတွေဖြစ်ပြီး သက်ဆိုင်ရာဌာနကထက်မြက်တဲ့ အမျိုးသမီးအင်စပတ်တာ မဒမ်ဗီဂျေးလက်ရှ်မီးက တာဝန်ယူစုံစမ်းဖို့ ဖြစ်လာတယ် သေကြောင်းကြံစည်မှုအဖြစ် အသက်သွင်းထားတဲ့လူသတ်မှုဖြစ်နေတာကို သိသွားချိန်မှာတော့ တရားခံအစစ်ကိုဘယ်လိုရှာတွေ့သွားမှာလဲဆိုတာကို… အချစ်ဟာသနဲ့ လျှို့ဝှက်သည်းဖို မှုခင်းဇာတ်လမ်း အချိုးကျရောစပ်ထားတဲ့ဒီကားလေးမှာ ဆက်လက်အားပေးလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်
...

Sianviathan (2024) ⭐TMDB: 0% User Score 🎬 #Action #Fantasy #History 🗓 2024 🎞 tv series 🌎 #China ⏰ 1 နာရီ 41 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စွေ့မင်းဆက်ခေတ် မော့နှစ်မှာ စစ်ပွဲတွေအဆက်မပြတ်ဖြစ်ပြီးလောကကြီးတစ်ခုလုံး ရှုပ်ထွေးပြီး ပရမ်းပတာဖြစ်ကုန်ကြပါတယ် ။အဲဒီအချိန်မှာပဲ ကောလဟာလတစ်ခုကပြည်သူတွေကြားထဲမှာဟိုးလေးတကြော်ကြော်ဖြစ်ခဲ့ပါတယ် ။ အဲဒီကောလဟာကတော့မြောက်ပိုင်းမဟာတံတိုင်းကြီးရဲ့ အောက်ခြေမှာနတ်သစ်ပင်တစ်ပင်နဲ့နတ်ဓားတစ်လက်ပေါ်လာတယ်ဆိုတာပဲဖြစ်ပါတယ် ။ လူတွေကိုပိုပြီး လှုပ်လှုပ်ရှားရှားဖြစ်လာစေတာက အဲဒီနတ်ဓားကိုပိုင်ဆိုင်ခွင့်ရတဲ့ဘယ်သူမဆို မိမိရဲ့အလိုဆန္ဒတွေပြည့်သွားတတ်တယ်ဆိုတဲ့သတင်းကြောင့်ပါပဲ ။အဲဒီသတင်းပြန့်သွားပြီးနောက်ပိုင်းမှာ အနယ်နယ်အရပ်ရပ်ကအဆင့်မြင့်သိုင်းသမားတွေက အဲဒီဓားကိုလုဖို့လာကြပါတော့တယ် ။ အဲဒီသိုင်းသမားတွေထဲ ဘယ်သူကနတ်ဓားကိုပိုင်ဆိုင်သွားမလဲ ?နတ်ဓားနဲ့နတ်သစ်ပင်ရဲ့ဇစ်မြစ်ကရော ထင်ထားသလိုမျိုး ရိုးရှင်းမှုရှိပါ့မလား ။နတ်သစ်ပင်ကိုစောင့်ရှောက်တဲ့နတ်သားရဲကြီးကရောနတ်ဓားကိုလွယ်လင့်တကူ‌ယူခွင့်ပေးပါ့မလားဆိုတာကိုစိတ်ဝင်တစားနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်
...

Reply 1997 (2012-2013) ⭐IMDB: 7.9/10 (2 k Votes) 🎬 #Comedy #Drama #Romance 🗓 2012-2013 🎞 tv series 🌎 #SouthKorea ⏰ 50 မိနစ် 00 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Reply 1997 {Complete}Reply စီးရီးတွေကတော့ ကိုရီးယားဒရာမာလောကမှာနာမည်ကြီး စီးရီးတွေပဲ ဖြစ်ပါတယ်။ ၁၉၉၀ နားတဝိုက်မှာ မွေးဖွားခဲ့တဲ့သူတွေရဲ့ဘဝဖြတ်သန်းပုံတွေကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲတွေပဲ ဖြစ်ပါတယ်။၁၉၉၀ ခုနှစ်ရဲ့ အငွေ့အသက်တွေကနွေးထွေးမှု ပိုရှိတယ်လို့ ခံစားရပါတယ်။နည်းပညာတွေ အရမ်းမဖွံ့ဖြိုးခဲ့သေးတဲ့အချိန်ဖြစ်ခဲ့တော့ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ဆက်ဆံရေးဟာပိုမိုနွေးထွေးခဲ့ကြပါတယ်။ ပိုမိုရင်းနှီးခဲ့ကြပါတယ်။ဒီဇာတ်လမ်းမှာ အခြေတည်ထားတာက‌တော့“သူငယ်ချင်း” ဆိုတဲ့ စကားရပ်ပါပဲ။Reply 1997 ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ဘူဆန်မြို့က သူငယ်ချင်း ၆ ယောက်ရဲ့ ၁၈ နှစ်အရွယ်ဘဝတွေကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။၂၀၁၂ ခုနှစ် မှာတော့ ၃၃ နှစ် အရွယ်ကို ရောက်ရှိနေကြပြီပဲ ဖြစ်ပါတယ်။သူငယ်ချင်းဟောင်းတွေ ပြန်လည်တွေ့ဆုံပြီးညစာစားပွဲ ပြုလုပ်တဲ့အချိန်မှာ စုံတွဲတစ်တွဲကသူတို့လက်ထပ်ကြတော့မယ့်အကြောင်း ကြော်ငြာကြတဲ့အချိန်မှာ …..ကဲ …… ၉၀ ခုနှစ် အလွန်တွေကို သတိရတမ်းတစိတ်တွေနဲ့ ပြန်သွားလိုက်ကြရအောင်ပါဗျာ။ဘာသာပြန်ထားသူတွေကတော့August, Phue Nge Nge Thein, Naw Phoo, Dolly, Pyae Shan Tun Wai, YK, MTA, THAW, Hnin Wut Yi, Htoo Htoo Ka Joe, Charm Wave တို့ပဲ ဖြစ်ပါတယ်။
...

Reply 1994 (2013-2013) ⭐IMDB: 7.7/10 (2 k Votes) 🎬 #Comedy #Drama #Romance 🗓 2013-2013 🎞 Series 🌎 #SouthKorea ⏰ 1 နာရီ 15 မိနစ် 00 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Reply 1994Reply 1994  ကဲ.. CM က အချစ်တို့ရေ…..90 နှစ်ပိုင်းတွေကို မလွမ်းကြဘူးလား…ဒါမှမဟုတ် ဘယ်လိုလေးများလဲလို့ မသိချင်ကြဘူးလား..အဖြေက Yes! ဆိုရင်တော့…ဒီ Reply 1994 စီးရီးလေးကို လက်လွှတ် မခံသင့်တာ သိပ်သေချာသွား​ပြီပေါ့… ၉ဝ ခုနှစ် ဝန်းကျင်က အသိုင်းအဝိုင်း … ပတ်ဝန်းကျင်…. လူ့သဘောထား…ဒါတွေဟာ ခုခေတ်နဲ့ လားလားမှ မတူတာမို့…အတိတ်ဟောင်းတွေ ကို ပြန်ငဲ့ ကြည့်မိသလိုနွေးနွေးထွေးထွေးလေး ခံစားရမှာနော်…( ငယ်ချစ်ဟောင်းတွေ ပြန်တွေးမိရင်တော့ တာဝန် မယူပါကွယ်… ) အထူးသဖြင့် ဒီစီးရီး​​လေးဟာ..​..နယ်ပေါင်းစုံကနေ ​လာနေရင်းကျောင်းတက် ရသူတွေ အတွက် တစ်ထပ်တည်းကျလွမ်းဆွေးခွင့်ရမယ့်ကားလေးဆိုရင် မမှားဘူးရယ်…ဘော်ဒါ​နေ အဆောင်သူ အဆောင်သားတို့ ရဲ့ သဘာဝ….အချစ်ဦးဆိုတာကို အဲ့ဒီ​ခေတ်က လူငယ်တွေ ဘယ်လို မျိုးသဘောထားကြလဲ…အဲ့ဒီခေတ်အခါက လူ့သဘော… လူ့အကြိုက်…အထူးသဖြင့် လူငယ်တွေရဲ့ သဘာဝကို ဟာသလေးနှောပြီးရယ်ရယ်မောမော နဲ့ လွမ်းလွမ်းဆွေးဆွေးကြည့်ခွင့်ရမယ့် ကားကောင်းလေးဆိုတာကိုတော့.. ရဲရဲ ကြီး အာမခံပါတယ်… ဇာတ်လမ်းလေးကတော့ ဒီလိုပါတဲ့ကွယ်..၂၀၁၃ခုနှစ် မှာ..အိမ်ပြောင်းရင်း ပစ္စည်းတွေ နေရာချထားနေတဲ့..အိမ်ရှင်မ​​လေး နာဂျောင်းဟာ..အမှတ်မထင်​တွေ့တဲ့ သူမရဲ့ မင်္ဂလာပွဲဗီဒီယို​လေး ကို ​ပြန်ကြည့်ဖြစ်ပါသတဲ့…အဲ.. ဒီမှာ စဥ်းစားစရာဖြစ်လာတာက..သူ့ခင်ပွန်းသည် ကိုတော့ မပြဘဲ မြုပ်ထားတာရယ်…..ဒီတော့.. ၁၉၉၄ ခုနှစ်ရဲ့.. ရှင်းချွန်း ဘော်ဒါဆောင်လေးကအဆောင်သူ အဆောင်သားတို့ရဲ့ အ​ဖြစ်အပျက်ဇာတ်လမ်း​လေး တွေကို ကြည့်ရင်း…အဓိက မင်းသမီး နာဂျောင်းလေးရဲ့ ခင်ပွန်းသည်ကဘယ်သူ ဖြစ်မလဲ ဆိုတာ.. လိုက်ခန့်မှန်းရင်း..၉၀ ခုနှစ်က ဘဝ လေးတွေ ထဲကိုCM က အချစ်တို့ လည်း အတူတူ အလွမ်းပြေ စီးမျောကာ…ပါဝင်ခံစားကြည့်​ကြရအောင်….. Review ကိုတော့ Naw Phoo က ရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ August, Hein That Naing, YK, Pyae Shan Tun Wai, Charm Wave,Htoo Htoo Ka Joe, Thaw, Dolly, MTA,Naw Phoo,Phu Nge Nge Thein, Hnin Wut Yi, Shoon Thu Thu Chain  တို့ပဲ ဖြစ်ကြပါတယ် Encodedy by August
...

Bad Romeo (2022) ⭐TMDB: 77% User Score 🎬 #Drama #Romance 🗓 2022 🎞 Series 🌎 #Thailand ⏰ 1 နာရီ 30 မိနစ် 48 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bad Romeo (2022) [Complete]Bad Romeo (2022)[အစ-အဆုံး]အပိုင်းသစ် – ၁၇ (ဇာတ်သိမ်းပိုင်း) (1080p ရပါပြီ)ပရိတ်သတ်တွေ မျှော်လင့်နေတဲ့ YA YA နဲ့ MARIO တို့ရဲ့ BAD ROMEO ဇာတ်လမ်းတွဲအသစ်လေးကို CM မှ တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်း …ဖခင်ရဲ့ချုပ်ချယ်မှုတွေအောက်မှာ ကြီးပြင်းလာခဲ့ရတဲ့ စိုင်ခင်မ်ဆိုတဲ့ကောင်မလေး … တစ်နေ့မှာတော့ သူမနေခဲ့ဖူးတဲ့ ဘဝနဲ့ နေထိုင်ကြည့်ချင်လို့ ဖခင်ရဲ့ အရိပ်အောက်ကနေ ထွက်လာခဲ့တယ်။ အဲဒီလိုထွက်လာချိန်မှာတော့ ကလာ့ဆိုတဲ့ ကောင်လေးနဲ့တွေ့ပြီး သူမဘဝရဲ့ ကြီးမားတဲ့ ပြောင်းလဲမှုတွေ စတင်တော့တာပါပဲ။ ကလာ့ကတော့ ရိုးသားကြိုးစားတဲ့ ကောင်လေးတစ်ယောက် … ခင်မ်နဲ့ တွေ့ဆုံပြီးနောက်ပိုင်း ကလာ့ရဲ့ ဘဝမှာလည်း ပြောင်းလဲမှုတွေ ဖြစ်လာခဲ့တယ်။ချစ်သူရဲ့ သစ္စာဖောက်ခြင်းကိုလည်း ခံလိုက်ရပြီး အသဲကွဲနေတဲ့ ကလာ့နဲ့ ဖခင်ဆီကနေ ထွက်ပြေးလာတဲ့ စိုင်ခင်မ် သူတို့နှစ်ယောက် ရှေ့ဆက်ပြီး ဘာတွေဖြစ်မလဲဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြပါရှင့် ။(အညွှန်းကိုတော့ Angel က ရေးပေးထားပါတယ်။)
...

Reply 1988 (2015-2016) ⭐IMDB: 9.1/10 (12 k Votes) 🎬 #Comedy #Drama #Family #Romance 🗓 2015-2016 🎞 Series 🌎 #SouthKorea ⏰ 1 နာရီ 30 မိနစ် 00 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Reply 1988Reply 1988 ReviewReply စီးရီးတွေထဲမှာ လူကြိုက်အများဆုံး ဇာတ်လမ်းတွဲပါ။ Reply စီးရီးတွေက စုစုပေါင်း ၃ ခု ရှိပါတယ်။Reply 1997, Reply 1994 နဲ့ Reply 1988 တို့ပါ။ပထမနှစ်ကားကတော့ Channel Myanmar မှာ တင်ခဲ့ပြီးပါပြီ။ဒါကတော့ Reply စီးရီးတွဲတွေရဲ့ နောက်ဆုံးတွဲပါ။၁၉၉၀ ဝန်းကျင်နားတဝိုက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲတွေကို ဘာလို့ လူကြိုက်များရတာလဲဆိုတော့ …. ၂၀၀၀ အလွန် ခေတ်တွေထက်စာရင် လူသားပိုဆန်ခဲ့ကြလို့ပါပဲ။ဒီဂျစ်တယ် နည်းပညာ ခေတ်မစားခင် အချိန်ကာလက ဖြစ်တဲ့အတွက် လူလူချင်း ပိုပြီး ရင်းနှီးခင်မင်ခဲ့ကြပါတယ်။ဒါတွေဟာ ပြန်တွေးကြည့်ရင် လွမ်းမောစရာတွေပါပဲ။ယခင် Reply ဇာတ်လမ်းတွဲတွေနဲ့ မတူတဲ့အချက်ကတော့အချစ်ဇာတ်လမ်းကို အနည်းငယ်သာ ထည့်ထားပြီးတော့ ဆိုးလ်မြို့ ဆန်းမွန်ဒုံ ရပ်ကွက်က မိသားစု ၅ စု ရဲ့ အကြောင်းကို ဇာတ်လမ်းဆင်ပြီး ရိုက်ပြထားတာပါ။မိသားစုအကြောင်းကို အလေးထား တင်ပြထားတာပဲ ဖြစ်ပါတယ်။ဒါကြောင့်လည်း ဒီဇာတ်လမ်းကို ကြည့်မိသူတိုင်း မျက်ရည်လည်ရွဲ ဖြစ်ကြရတာပါ။သူတို့မိသားစုတွေရဲ့ကြားက ဆက်နွယ်မှုတွေ ဇာတ်လမ်းတွေကို ချိတ်ဆက်ထားပြီး ဇာတ်လမ်းဇာတ်အိမ် ခိုင်ခိုင်မာမာနဲ့ ၁၉၉၀ ဝန်းကျင်က လူနေမှုစရိုက်တွေကို လွမ်းမောဖွယ် ပြန်လည်ခံစားကြရဦးမှာပါ။ဒီဇာတ်လမ်းထဲက ချွဲထက် ရဲ့ ဇာတ်ကောင်စရိုက်ကတော့ အပြင်မှာ ရှိတဲ့ ဂိုး ကစားသမား လီချန်းဟို ကို အခြေတည်ပြီး ရိုက်ကူးထားတာလို့ ဆိုပါတယ်။Reply စီးရီးတွေရဲ့ ဒါရိုက်တာ ရှင်းဝန်ဟီး နဲ့ ဇာတ်ညွှန်းရေးဆရာ လီဝူဂျောင်းတို့ အတွဲညီညီနဲ့ ရိုက်ကူးပြီး အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲ နှစ်ခု ရှိပါသေးတယ်။Prison Playbook နဲ့ Hospital Playlist တို့ပါပဲ။မျှော်လင့်စရာရှိတာကတော့ Hospital Playlist ကို Season 2 ရိုက်ကူးဖို့ စီစဉ်နေပြီ ဆိုတဲ့ သတင်းပါပဲ။Channel Myanmar ကတော့ Reply စီးရီးတွေကို အကုန် တင်ထားခဲ့ပေးပါပြီ။၁၉၉၀ ဝန်းကျင် နှစ်များဆီကို အလည်တစ်ခေါက်လောက် သွားကြရအောင်ပါ။Review ကိုတော့ August က ရေးသားပေးထားပါတယ်။ဘာသာပြန်တွေကတော့ August, YK, Pyae Shan Tun Wai, Thinzar Htet,Htoo Htoo Ka Joe, Thaw, Dolly,MTA, Naw Phoo, Phu Nge Nge Thein,Jerrica, Thet Hnin Su, Hnin Wut Yi တို့ပဲ ဖြစ်ကြပါတယ်။Encoder – August
...

Reply 1988 (2015-2016) ⭐IMDB: 9.1/10 (12 k Votes) 🎬 #Comedy #Drama #Family #Romance 🗓 2015-2016 🎞 tv series 🌎 #SouthKorea ⏰ 1 နာရီ 30 မိနစ် 00 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Reply 1988Reply 1988 ReviewReply စီးရီးတွေထဲမှာ လူကြိုက်အများဆုံး ဇာတ်လမ်းတွဲပါ။ Reply စီးရီးတွေက စုစုပေါင်း ၃ ခု ရှိပါတယ်။Reply 1997, Reply 1994 နဲ့ Reply 1988 တို့ပါ။ပထမနှစ်ကားကတော့ Channel Myanmar မှာ တင်ခဲ့ပြီးပါပြီ။ဒါကတော့ Reply စီးရီးတွဲတွေရဲ့ နောက်ဆုံးတွဲပါ။၁၉၉၀ ဝန်းကျင်နားတဝိုက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲတွေကို ဘာလို့ လူကြိုက်များရတာလဲဆိုတော့ …. ၂၀၀၀ အလွန် ခေတ်တွေထက်စာရင် လူသားပိုဆန်ခဲ့ကြလို့ပါပဲ။ဒီဂျစ်တယ် နည်းပညာ ခေတ်မစားခင် အချိန်ကာလက ဖြစ်တဲ့အတွက် လူလူချင်း ပိုပြီး ရင်းနှီးခင်မင်ခဲ့ကြပါတယ်။ဒါတွေဟာ ပြန်တွေးကြည့်ရင် လွမ်းမောစရာတွေပါပဲ။ယခင် Reply ဇာတ်လမ်းတွဲတွေနဲ့ မတူတဲ့အချက်ကတော့အချစ်ဇာတ်လမ်းကို အနည်းငယ်သာ ထည့်ထားပြီးတော့ ဆိုးလ်မြို့ ဆန်းမွန်ဒုံ ရပ်ကွက်က မိသားစု ၅ စု ရဲ့ အကြောင်းကို ဇာတ်လမ်းဆင်ပြီး ရိုက်ပြထားတာပါ။မိသားစုအကြောင်းကို အလေးထား တင်ပြထားတာပဲ ဖြစ်ပါတယ်။ဒါကြောင့်လည်း ဒီဇာတ်လမ်းကို ကြည့်မိသူတိုင်း မျက်ရည်လည်ရွဲ ဖြစ်ကြရတာပါ။သူတို့မိသားစုတွေရဲ့ကြားက ဆက်နွယ်မှုတွေ ဇာတ်လမ်းတွေကို ချိတ်ဆက်ထားပြီး ဇာတ်လမ်းဇာတ်အိမ် ခိုင်ခိုင်မာမာနဲ့ ၁၉၉၀ ဝန်းကျင်က လူနေမှုစရိုက်တွေကို လွမ်းမောဖွယ် ပြန်လည်ခံစားကြရဦးမှာပါ။ဒီဇာတ်လမ်းထဲက ချွဲထက် ရဲ့ ဇာတ်ကောင်စရိုက်ကတော့ အပြင်မှာ ရှိတဲ့ ဂိုး ကစားသမား လီချန်းဟို ကို အခြေတည်ပြီး ရိုက်ကူးထားတာလို့ ဆိုပါတယ်။Reply စီးရီးတွေရဲ့ ဒါရိုက်တာ ရှင်းဝန်ဟီး နဲ့ ဇာတ်ညွှန်းရေးဆရာ လီဝူဂျောင်းတို့ အတွဲညီညီနဲ့ ရိုက်ကူးပြီး အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲ နှစ်ခု ရှိပါသေးတယ်။Prison Playbook နဲ့ Hospital Playlist တို့ပါပဲ။မျှော်လင့်စရာရှိတာကတော့ Hospital Playlist ကို Season 2 ရိုက်ကူးဖို့ စီစဉ်နေပြီ ဆိုတဲ့ သတင်းပါပဲ။Channel Myanmar ကတော့ Reply စီးရီးတွေကို အကုန် တင်ထားခဲ့ပေးပါပြီ။၁၉၉၀ ဝန်းကျင် နှစ်များဆီကို အလည်တစ်ခေါက်လောက် သွားကြရအောင်ပါ။Review ကိုတော့ August က ရေးသားပေးထားပါတယ်။ဘာသာပြန်တွေကတော့ August, YK, Pyae Shan Tun Wai, Thinzar Htet,Htoo Htoo Ka Joe, Thaw, Dolly,MTA, Naw Phoo, Phu Nge Nge Thein,Jerrica, Thet Hnin Su, Hnin Wut Yi တို့ပဲ ဖြစ်ကြပါတယ်။Encoder – August
...

Reply 1988 (2015-2016) ⭐IMDB: 9.1/10 (12 k Votes) 🎬 #Comedy #Drama #Family #Romance 🗓 2015-2016 🎞 tv series 🌎 #SouthKorea ⏰ 1 နာရီ 30 မိနစ် 00 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Reply 1988Reply 1988 ReviewReply စီးရီးတွေထဲမှာ လူကြိုက်အများဆုံး ဇာတ်လမ်းတွဲပါ။ Reply စီးရီးတွေက စုစုပေါင်း ၃ ခု ရှိပါတယ်။Reply 1997, Reply 1994 နဲ့ Reply 1988 တို့ပါ။ပထမနှစ်ကားကတော့ Channel Myanmar မှာ တင်ခဲ့ပြီးပါပြီ။ဒါကတော့ Reply စီးရီးတွဲတွေရဲ့ နောက်ဆုံးတွဲပါ။၁၉၉၀ ဝန်းကျင်နားတဝိုက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲတွေကို ဘာလို့ လူကြိုက်များရတာလဲဆိုတော့ …. ၂၀၀၀ အလွန် ခေတ်တွေထက်စာရင် လူသားပိုဆန်ခဲ့ကြလို့ပါပဲ။ဒီဂျစ်တယ် နည်းပညာ ခေတ်မစားခင် အချိန်ကာလက ဖြစ်တဲ့အတွက် လူလူချင်း ပိုပြီး ရင်းနှီးခင်မင်ခဲ့ကြပါတယ်။ဒါတွေဟာ ပြန်တွေးကြည့်ရင် လွမ်းမောစရာတွေပါပဲ။ယခင် Reply ဇာတ်လမ်းတွဲတွေနဲ့ မတူတဲ့အချက်ကတော့အချစ်ဇာတ်လမ်းကို အနည်းငယ်သာ ထည့်ထားပြီးတော့ ဆိုးလ်မြို့ ဆန်းမွန်ဒုံ ရပ်ကွက်က မိသားစု ၅ စု ရဲ့ အကြောင်းကို ဇာတ်လမ်းဆင်ပြီး ရိုက်ပြထားတာပါ။မိသားစုအကြောင်းကို အလေးထား တင်ပြထားတာပဲ ဖြစ်ပါတယ်။ဒါကြောင့်လည်း ဒီဇာတ်လမ်းကို ကြည့်မိသူတိုင်း မျက်ရည်လည်ရွဲ ဖြစ်ကြရတာပါ။သူတို့မိသားစုတွေရဲ့ကြားက ဆက်နွယ်မှုတွေ ဇာတ်လမ်းတွေကို ချိတ်ဆက်ထားပြီး ဇာတ်လမ်းဇာတ်အိမ် ခိုင်ခိုင်မာမာနဲ့ ၁၉၉၀ ဝန်းကျင်က လူနေမှုစရိုက်တွေကို လွမ်းမောဖွယ် ပြန်လည်ခံစားကြရဦးမှာပါ။ဒီဇာတ်လမ်းထဲက ချွဲထက် ရဲ့ ဇာတ်ကောင်စရိုက်ကတော့ အပြင်မှာ ရှိတဲ့ ဂိုး ကစားသမား လီချန်းဟို ကို အခြေတည်ပြီး ရိုက်ကူးထားတာလို့ ဆိုပါတယ်။Reply စီးရီးတွေရဲ့ ဒါရိုက်တာ ရှင်းဝန်ဟီး နဲ့ ဇာတ်ညွှန်းရေးဆရာ လီဝူဂျောင်းတို့ အတွဲညီညီနဲ့ ရိုက်ကူးပြီး အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲ နှစ်ခု ရှိပါသေးတယ်။Prison Playbook နဲ့ Hospital Playlist တို့ပါပဲ။မျှော်လင့်စရာရှိတာကတော့ Hospital Playlist ကို Season 2 ရိုက်ကူးဖို့ စီစဉ်နေပြီ ဆိုတဲ့ သတင်းပါပဲ။Channel Myanmar ကတော့ Reply စီးရီးတွေကို အကုန် တင်ထားခဲ့ပေးပါပြီ။၁၉၉၀ ဝန်းကျင် နှစ်များဆီကို အလည်တစ်ခေါက်လောက် သွားကြရအောင်ပါ။Review ကိုတော့ August က ရေးသားပေးထားပါတယ်။ဘာသာပြန်တွေကတော့ August, YK, Pyae Shan Tun Wai, Thinzar Htet,Htoo Htoo Ka Joe, Thaw, Dolly,MTA, Naw Phoo, Phu Nge Nge Thein,Jerrica, Thet Hnin Su, Hnin Wut Yi တို့ပဲ ဖြစ်ကြပါတယ်။Encoder – AugustComplete ZipEp 01-05        Yoteshin Complete ZipEp 06-10        Yoteshin Complete ZipEp 11-15        Yoteshin Complete ZipEp 16-20       Yoteshin   CM VIP Links Episode 01 – Yoteshin / Yandex / Megaup  / Datbu / Userdrive / Upstream / VeryfilesEpisode 02 – Yoteshin / Yandex / Megaup  / Datbu / Userdrive / Upstream / VeryfilesEpisode 03 – Yoteshin / Yandex / Megaup  / Datbu / Userdrive / Upstream / VeryfilesEpisode 04 – Yoteshin / Yandex / Megaup  / Datbu / Userdrive / Upstream / VeryfilesEpisode 05 – Yoteshin / Yandex / Megaup  / Datbu / Userdrive / Upstream / VeryfilesEpisode 06 – Yoteshin / Yandex / Megaup  / Datbu / Userdrive / Upstream / VeryfilesEpisode 07 – Yoteshin / Yandex / Megaup  / Datbu / Userdrive / Upstream / VeryfilesEpisode 08 – Yoteshin / Yandex / Megaup  / Datbu / Userdrive / Upstream / VeryfilesEpisode 09 – Yoteshin / Yandex / Megaup  / Datbu / Userdrive / Upstream / VeryfilesEpisode 10 – Yoteshin / Yandex / Megaup  / Datbu / Userdrive / Upstream / VeryfilesEpisode 11 – Yoteshin / Yandex / Megaup  / Datbu / Userdrive / Upstream / VeryfilesEpisode 12 – Yoteshin / Yandex / Megaup  / Datbu / Userdrive / Upstream / VeryfilesEpisode 13 – CMDrive / Yandex / Megaup  / Datbu / Userdrive / Upstream / VeryfilesEpisode 14 – CMDrive / Yandex / Megaup  / Datbu / Userdrive / Upstream / VeryfilesEpisode 15 – CMDrive / Yandex / Megaup  / Datbu / Userdrive / Upstream / VeryfilesEpisode 16 – CMDrive / Yandex / Megaup  / Datbu / Userdrive / Upstream / VeryfilesEpisode 17 – CMDrive / Yandex / Megaup  / Datbu / Userdrive / Upstream / VeryfilesEpisode 18 – CMDrive / Yandex / Megaup  / Datbu / Userdrive / Upstream / VeryfilesEpisode 19 – CMDrive / Yandex / Megaup  / Datbu / Userdrive / Upstream / VeryfilesEpisode 20 – CMDrive / Yandex / Megaup  / Datbu / Userdrive / Upstream / Veryfiles     ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက ...