ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Gabriel's Inferno: Part One (2020) ⭐IMDB: 5.9/10 (4 k Votes) 🎬 #Romance #Drama 🗓 2020 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 3 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Gabriel’s Inferno: Part I (2020) ****************************** အခု တစ်ခေါက် ဇာတ်ကားလေးကတော့ ကန်နေဒီရန် စာရေးဆရာတစ်ယောက် ရေးသားထားပြီး New York မြို့မှာ ရောင်းအားအကောင်းဆုံးစာအုပ်ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ခံစားချက်တွေကို မျိုသိပ်ထားတတ်တဲ့ ပရော်ဖက်ဆာနဲ့ ရည်မှန်းချက်ကြီးမားပြီး တစ်ချိန်က ချစ်ခဲ့ရတဲ့ချစ်သူနဲ့ ပြန်လည်ဆုံစည်းခွင့်ရဖို့ ကြိုးစားနေတဲ့ scholarship ကျောင်းသူတစ်ဦးရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ အချစ်စစ်တို့မည်သည် ဖြောင့်ဖြူးခြင်းမရှိဟု ဆိုလေ့ရှိသည့်အတိုင်း သူတို့ ခက်ခဲပင်ပန်းပြီး အချစ်စစ် တစ်ခု ဆုံဆည်းဖို့ကြိုးစားကြတာကို အခုလို အေးမြမြရာသီချိန်မှာ မိမိချစ်ရတဲ့သူ ဒါမှမဟုတ် ကော်ဖီတစ်ခွက်နဲ့ အေးအေးဆေးဆေးကြည့်လို့ကောင်းမယ့် romance ဇာတ်ကားလေး တစ်ကားပါပဲ။ ပရော်ဖက်ဆာ Gabriel Emerson နဲ့ Scholarship ကျောင်းသူ Julianne Mitchell တို့ရဲ့ ပတ်သက်မှုက ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရင်ခုန်ကြည်နူးဖွယ်ရာ ဇာတ်လမ်းဇာတ်ကွက်များနှင့် ကြည့်ရှူခံစားရမှာ ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်)...
Ghost Game (2024) ⭐IMDB: 3.4/10 (248 Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ 2024 ခုနှစ်ထွက် horror/thriller ဇာတ်ကားလေးဖြစ်ပါတယ် လူငယ်သဘာဝ စိတ်လှုပ်ရှားပြီး စွန့်စားစရာကိစ္စတွေကိုကြိုက်နှစ်သက်ကြတဲ့ စုံတွဲနှစ်ယောက်ရဲ့ဇာတ်လမ်းလေးဖြစ်ပါတယ် အဖွဲ့တွေဖွဲ့ ဖွဲ့ပြီးအုပ်စုလိုက် သူများအိမ်ထဲကိုခိုးဝင်ပြီး ကင်မရာရိုက်ကြ ပြီးရင် internet ပေါ်တင်ပြီးတော့ တကယ့်အပြင်ဖက်ဘဝမှာ ရလာတဲ့stress တွေကို ဒီလိုနည်းနဲ့ဖြေကြတာမျိုးပါ အဲဒီလိုကစားနည်းကို Ghost game လို့ခေါ်ပါတယ် အဲဒီထဲမှာလော်ရာနဲ့သူ့ကောင်လေးကလည်း စွန့်စားပြီး Halton house ဆိုတဲ့သရဲခြောက်တာကြမ်းပါတယ်ဆိုတဲ့အိမ်ကို ခိုးဝင်မိသွားရင်း သရဲပဲပြန်ခြောက်ခံရမလား သူတို့အိမ်ထဲခိုးဝင်တာကို အိမ်ရှင်တွေပဲမိသွားလားဆိုတာဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်ကားလေးကို အပန်းဖြေကြည့်ကြဖို့ တင်ဆက်ပေးလိုက်ပါတယ်...
12 Strong (2018) ⭐IMDB: 6.5/10 (95 k Votes) 🎬 #Action #Drama #History #War 🗓 2018 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 10 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 12 Strong (2018) စစ်ကားကောင်းကောင်းမှ ကြည့်ချင်တယ်ဆိုတဲ့ စစ်ကားကြိုက်ပရိသတ်တွေအတွက် 12 Strong ဆိုတဲ့ ရုံတင်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီရုပ်ရှင်ဟာ Doug Stanton ရဲ့ဖြစ်ရပ်မှန်ဝတ္ထု Horse Soldiers ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာဆိုရင်တော့ 9/11 အဖြစ်အပျက်အပြီး အာဖဂန်နစ္စတန်ကို ပထမဆုံးစေလွှတ်ခံရတဲ့ အမေရိကန်တပ်ဖွဲ့အကြောင်ကို အဓိကထားပြီး ပြသထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကပ္ပတိန်မစ်ချ်နယ်လ်ဆန်ဦးဆောင်ပြီး တပ်သား ၁၂ ယောက်သာပါဝင်တဲ့ တပ်ဖွဲ့တစ်ဖွဲ့ဟာ အာဖဂန်စစ်ခေါင်းဆောင်တစ်ယောက်နဲ့ ပူးပေါင်းပြီး တာလီဘန်နဲ့ အယ်လ်ကေဒါးတွေလက်ထဲကျရောက်နေတဲ့ မြို့၊ နယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်ဖို့ ကြိုးပမ်းကြရတာဖြစ်ပါတယ်။ တာလီဘန်တွေနဲ့ ယှဉ်ရင် လက်နက်အင်အား၊ လူအင်အားလဲ မမျှသလို နယ်မြေလဲမကျွမ်းကျင်ကြတဲ့ နယ်လ်ဆန်တို့အဖွဲ့သူတို့ရဲ့မစ်ရှင်တွေကို အောင်နိုင်ပါ့မလား၊ သူတို့ရဲ့မဟာမိတ် စစ်ခေါင်းဆောင်ဆိုတာလဲ ယုံကြည်ရရဲ့လား ဆိုတဲ့ သို့လော သို့လောတွေ အများကြီးပါဝင်ပါတယ်။ ပုံမှန်ဆိုရင် နှစ်စဉ် ပထမဆုံးလမှာ ရုံတင်တဲ့ရုပ်ရှင်ကားတွေက ဂွမ်းလေ့ရှိပေမယ့် ဒီကားကတော့ ရုံတင်တဲ့အခါ တော်တော်လေး ချီးကျူးခံခဲ့ရတဲ့ကားတစ်ကားဖြစ်ပါတယ်။ တာလီဘန်တွေ ဘယ်လောက်ရက်စက်သလဲဆိုတာကိုသေချာပြသွားနိုင်ခဲ့သလို အာဖဂန်ပြည်သူတွေရဲ့ သနားစရာကောင်းတဲ့ဘဝအခြေအနေတွေကိုလဲ သေချာရိုက်ကူးပြသွားခဲ့ပါတယ်။ ဝေဖန်ရေးဆရာတွေ အကြိုက်တွေ့ခဲ့တဲ့ကားတစ်ကားဖြစ်ပြီး Imdb 6.5 ရရှိထားတဲ့ကားတစ်ကားပါ။ MCU Thor မင်းသား Chris Hemsworth၊ Man of Steel ဇာတ်ကားမှာ Zod အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Michael Shannon၊ Ant-Man ဇာတ်ကားက Michael Pena တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး Chris Hemsworth ရဲ့ ဇနီးဖြစ်သူ Elsa Pataky ကလဲ ဒီကားမှာ သူ့ရဲ့ဇနီးအဖြစ်ပဲ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အက်ရှင်ကား၊ စစ်ကားကောင်းကောင်းမျှော်နေသူတွေအတွက်တော့ ဒီကားက ကြည့်ရကျိုးနပ်စေမှာပါ။...
A Harvest Homecoming (2023) ⭐IMDB: 6.4/10 (474 Votes) 🎬 #Romance #TVMovie #Comedy 🗓 2023 🎞 tv movie 🌎 #USA #Canada #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Harvest Homecoming (2023)mmsub==============================IMDB-6.4 ရှိတဲ့ ဒီဇာတ်လမ်းလေးက single mother Linie နဲ့ Drew တို့အချစ်ဇာတ်လမ်းကို ပုံဖော်ထားပါတယ် ဒီဇာတ်လမ်းထဲမှာဆိုရင်အချစ်ကိုမယုံကြည်တဲ့ Linie နဲ့ move on လုပ်ဖို့ကြိုးစားနေတဲ့Drew တို့တွေ့ဆုံကြပြီး တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတည်ဆောက်ဖို့ကြိုးစားထားတဲ့ကားလေးပါ ဒီကားလေးက အချစ်ကားလေးဖြစ်တဲ့အပြင်မိသားစုကားလေးလဲဖြစ်တာမို့လို့ နားနားနေနေ ပိတ်ရက်မှာအနားယူကြရင်း ကြည့်ရှုနိုင်ပါတယ်လို့ ညွှန်းဆိုလိုက်ရပါတယ်...
Timber Falls (2007) ⭐TMDB: 51% User Score 🎬 #Horror #Thriller 🗓 2007 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီ ဇာတ်ကားကတော့ horror/thriller ဇာတ်လမ်းအမျိုးအစားပဲဖြစ်ပါတယ်။ Mike နဲ့ Sheryl လို့ခေါ်တဲ့ စုံတွဲဟာ တနေ့မှာ မြို့ပြရဲ့ စိတ်ဖိစီးမှုတွေဆီကနေ လွတ်မြောက်ချင်တဲ့အတွက် Appalachian လို့ခေါ်တဲ့ အရမ်းလှပြီးတော့ တောတောင်ရေမြေပေါတဲ့ တောထဲကို ခရီးထွက်လာခဲ့ပါတယ်။ ဒါပေမယ့် အကြံပေးချက်တွေကို နားမထောင်ပဲ မဟုတ်တဲ့ လမ်းကိုမှ ရွေးပြီး သွားမိတာကြောင့် အရမ်းကိုမှ ဘာသာရေးတင်းကြပ်တဲ့ လင်မယားနဲ့တိုးပြီးတော့ မထင်မှတ်ထားတာတွေ ဖြစ်လာပါတော့တယ်။ ဒီလိုတွေ ဖြစ်လာတာနဲ့ အမျှ Mike နဲ့ Sheryl တို့ သူတို့အား သူတို့ကိုးပြီးတော့ ဘယ်လိုရုန်းထွက်မလဲဆိုတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းက ဇာတ်လမ်းအစကနေ အဆုံးထိ ကြည့်ရှုသူကို ဆွဲဆောင်နိုင်တဲ့ ဇာတ်လမ်းဆိုလဲ မမှားပါဘူးခင်ဗျာ။ ရင်တမမနဲ့ ဘာတွေဖြစ်လာမယ်မှန်းမသိတဲ့ ဇာတ်လမ်းမျိုးကို ကြည့်ရတာကြိုက်တဲ့လူဆိုရင်တော့ လုံးဝကို ကြည့်သင့်တဲ့ ဇာတ်ကားဖြစ်ပါတယ်လို့ပဲ ပြောပါရစေခင်ဗျာ။...
Dhishkyaoon (2023) ⭐IMDB: 7.3/10 (965 Votes) 🎬 #Bollywood #Comedy #Drama 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 21 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dhishkyaoon (2023) သေနတ်ရူးလေးကျွန်တော်IMDb – 7.3/10 ဒီတစ်ခေါက်တော့ ၂၀၂၃ တုန်းကထွက်ထားတဲ့ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပေါ့ပေါ့ပါးပါးဟာသဇာတ်ကွက်လေးတွေ အများကြီးပါတာကြောင့်ခဏတာ ဘဝအမောပြေစေမဲ့ကားလေးဆိုလည်း မမှားပါဘူး။ ဆန်ယာဆိုတဲ့ကောင်လေးက ရုပ်ရှင်တွေကြည့်ပြီး ဇာတ်လိုက်ရူးရူးနေတဲ့သူပါ။အဲဒီလိုကနေ သေနတ်ကိုင်ရဖို့ အရမ်းစွဲလမ်းသွားပြီးမရမက လိုက်ရှာဝယ်ဖို့လုပ်ပါတော့တယ်။ သူငယ်ချင်းတစ်သိုက် သေနတ်အကြောင်းပြောကြရင်းနဲ့မှာလို့ရတဲ့သူရှိတာကို သိသွားပါတယ်။ဆန်ယာတို့သူငယ်ချင်းအဖွဲ့ထဲက ဂျင်န်ယာကတော့အရမ်းကို စိတ်ပူတတ်တဲ့သူပါ။ ဆန်ယာ သေနတ်ဝယ်မယ်ဆိုတဲ့ကိစ္စကြောင့် သူ့မှာ ဟိုတွေးဒီတွေး တွေးလိုက်ရာကနေနောက်ဆုံးဘဝပျက်ကိန်းဆိုက်တဲ့ထိပါပဲ။ အဲဒါနဲ့ သူငယ်ချင်းကိုတားဖို့ဆိုပြီး အဖေဖြစ်သူကို သွားတိုင်ပြောပါတော့တယ်။ကဲ အဖေနဲ့သူငယ်ချင်းတစ်သိုက် ဆန်ယာ့ကိုတားရင်းနဲ့ဘယ်လိုအလွဲလေးတွေကြုံရပြီး ဘယ်လိုခွီရမလဲဆိုတာတော့ဇာတ်လမ်းလေးကြည့်ပြီးပဲ အဖြေရှာလိုက်ပါနော်။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ Eaindra ~ KKKZ ~ Cym ~ ToMo ~ Yunni ပဲဖြစ်ပါတယ်)...
All the Lost Ones (2024) ⭐IMDB: 3.8/10 (139 Votes) 🎬 #Action #Drama #SciFi #Thriller #ScienceFiction 🗓 2024 🎞 movie 🌎 #Canada ⏰ 1 နာရီ 46 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 All the Lost Ones (2024) 2024 ခုနှစ်မှာ ထွက်ရှိထားတဲ့ အသစ်စက်စက် စစ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအစမှာ ရာသီဥတုပြောင်းလဲမှုကြောင့် ရေတွေက ဆိုးဝါးလာပြီး အစိုးရသတ်မှတ်ထားတဲ့ အရေးယူမှုတွေကြောင့် လူတွေဟာ စစ်ပွဲဆိုတဲ့အရာနဲ့ ကြုံတွေ့ရပါတယ်။ အဲ့ဒီအချိန်မှာ နီရာရယ်၊ သူ့အစ်မ ပန်နီရယ် သူ့ကောင်လေး အီသန်တို့ဟာလဲ စစ်သွေးကြွခေါင်းဆောင်က သူတို့ကို EE တွေထင်ပြီး နောက်က လိုက်နေကြတာကြောင့် သူ့ဆီကနေ ပုန်းနေကြရပါတယ်။ ပုန်းနေရင်းနဲ့ အစာရေဆာမလောက်ငှတော့တဲ့အခါ မြိုပြင်ထွက်ပြီး ရသမျှကို ရှာကြရပါတယ်၊ အဲ့ဒီအချိန်မှာ စစ်သွေးကြွတွေနဲ့ပဲ တွေ့မလား တခြားဘယ်သူတွေနဲ့ ဆုံရဦးမှာလဲ၊ လက်နက်ကိုင်ပြီး ထင်တိုင်းကြဲနေတဲ့သူတွေက အောက်ကနေ လွတ်မြောက်သွားမှာလား ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ကြပါဦးနော်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။)...
Stella: A Life (2023) ⭐IMDB: 6.2/10 (634 Votes) 🎬 #Drama #History #War #Biography 🗓 2023 🎞 movie 🌎 #Germany #Austria #Switzerland #UnitedKingdom ⏰ 2 နာရီ 1 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Stella. A Life. (2023) IMDb Rating (6.2) ဒုတိယကမ္ဘာစစ်ကာလ ဂျာမနီမှာ ဂျူးတွေအသတ်မခံရခင်ကနေ စပြီးဇာတ်အိမ်တည်ထားတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံရုပ်ရှင်ပါ။ ဒါပေမဲ့ ဒီရုပ်ရှင်မှာတော့ စစ်ကို အရိပ်တောင်မြင်ရမှာမဟုတ်ဘဲ ဂျူးတွေရဲ့ အဖြစ်ဆိုးတွေကိုပဲ အခြေတည်ထားပါတယ်။ ဆိုပေမဲ့လည်း ဂျူးတွေအသတ်ခံရတာက အဓိကပေမဲ့ အဲဒါကိုလည်းမပြထားပါဘူး။ တကယ်တမ်း ဒီရုပ်ရှင်က ဒုတိယကမ္ဘာစစ်ကာလ ဂျူးခြောက်သန်းအသတ်ခံရခြင်းမှာ ဂျူးတွေကို သစ္စာဖောက်ခဲ့တဲ့ ဂျူးတွေကိုယ်တိုင်လည်း တရားခံအဖြစ်ပါနေတာ ကို ပြထားတဲ့ရုပ်ရှင်ပါပဲ။ စတယ်လာဆိုတဲ့ အမျိုးသမီးရဲ့ စစ်ကြီးမတိုင်ခင်ကနေ သစ္စာဖောက်ပုံတွေကနေ ဒီစစ်ကြီးအပြီး သူပြန်ခံခဲ့ရတဲ့ဒဏ်တွေကိုပါ ပြထားတယ်။ ဖြစ်ရပ်မှန်ပေါ် အခြေတည်ထားတဲ့ ဂျူးတွေရဲ့သမိုင်းတစ်ထောင့်ရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)...
Mr. Popper's Penguins (2011) ⭐IMDB: 6.0/10 (108 k Votes) 🎬 #Comedy #Fantasy #Family 🗓 2011 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကိုတော့ တော်တော်များများသိကြမယ်ထင်ပါတယ်။ အချစ်တော်မင်းသား Jim Carrey ပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသကားကောင်းတစ်ကားဖြစ်ပြီး အတော်လေးသဘောကျဖို့ကောင်းတဲ့ မိသားစုဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ ခရစ္စမတ်ကာလမှာ ကြည့်လို့သင့်တဲ့ ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ ၁၉၃၈ ခုနှစ်ထွက် ကလေးဖတ်ပုံပြင်စာအုပ်ကို အသက်သွင်းထားတာဖြစ်ပါတယ်။ ဟာသတွေကရယ်ရသလို တကယ်တမ်းပြန်တွေးကြည့်ရင် ဝမ်းနည်းစရာကောင်းသလို၊ ပီတဖြစ်ရမယ့် ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ ကြည့်သင့်တဲ့ရုပ်ရှင်ကားကောင်းလေးတစ်ကားဖြစ်တာမလို့ လက်လွှတ်မခံဖို့ အကြံပေးပါတယ်။ ဇာတ်ညွှန်း ပေါ့ပါ ဆိုတာကတော့ အောင်မြင်တဲ့ အိမ်ခြံမြေပွဲစားတစ်ယောက်၊ ဒါပေမယ့် အလုပ်ကို အရမ်းစွဲလမ်းလွန်းတယ်။ ခင်ဗျားတို့မှာ ဘဝရယ်လို့ ဖြစ်လာရင် ရွေးချယ်စရာနှစ်ခုရှိလာတယ်။ တစ်ခုက မိသားစုကိုအချိန်ပေးမယ်၊ အဲဒါဆို အလုပ်လစ်ဟင်းမယ်။ နောက်တစ်ခုက အလုပ်ကိုဖိလုပ်မယ်၊ ပိုက်ဆံရှာမယ်ဆို မိသားစုအရေးကွက်မယ်။ ပေါ့ပါဟာ အလုပ်မှာအောင်မြင်တဲ့လူတစ်ယောက်ဖြစ်ခဲ့ပေမယ့် မိသားစုမှာတော့ ဖခင်ကောင်းတစ်ယောက်မဖြစ်ခဲ့ပါဘူး။ သူ့ရဲ့အဖေဟာလည်း သူငယ်ငယ်ကတည်းကခရီးတွေပတ်သွားနေပြီး သေချာတောင်အတူတူမနေခဲ့ရပါဘူး။ ဒီလိုနဲ့တစ်နေ့မှာ ပေါ့ပါရဲ့အဖေဟာဆုံးသွားခဲ့ပြီး ပေါ့ပါကိုလက်ဆောင်တစ်ခုပေးခဲ့ပါတယ်။ အဲဒါကတော့ ပင်ဂွင်းလေးတစ်ကောင်ပါ။ နဂိုကမှ အလုပ်ကိုဖိလုပ်လွန်းလို့ ကျန်တာခေါင်းထဲသိပ်မထည့်နိုင်တာကတကြောင်း၊ အဖေက သူ့ကို သေချာလည်းလာမတွေ့ဘူး ဆုံးတော့လည်း အရေးမပါတဲ့ လက်ဆောင်ကြီးပို့လိုက်တယ်ဆိုပြီး စိတ်တိုတာကတကြောင်းနဲ့ ပင်ဂွင်းကိုပြန်ပို့ဖို့လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးတာလား ကောင်းတာလားတော့မသိဘူး နောက်ထပ်ပင်ဂွင်းတွေပါထပ်ရောက်လာခဲ့ပါတယ်။ ဒီလိုနဲ့ ပေါ့ပါတစ်ယောက် ပင်ဂွင်းတွေနဲ့ ဘယ်လိုများ နှစ်ပါးသွားကြမှာလဲ။ အတော်လေးကြည့်လို့ကောင်းတဲ့ ရုပ်ရှင်တစ်ကားမလို့ ကြည့်ဖို့အကြံပေးပါတယ်။...
Memoirs of a Geisha (2005) ⭐TMDB: 77% User Score 🎬 #Drama #Romance #History 🗓 2005 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 2 နာရီ 25 မိနစ် 29 စက္ကန့် 👑 Channel Myanmarဇာတ်ညွှန်း 📜 ၁၉၆၈နောက်ပိုင်း Bpအော်စကာရတဲ့ တစ်ကားတည်းသော မြူဇစ်ကယ်ကားဖြစ်ခဲ့တဲ့ Chicagoကို ရိုက်ခဲ့တဲ့ Rob Marshallက ချီကာဂိုအပြီးမှာ Arthur Goldenရေးတဲ့ Memoirs of a Geishaဝတ္တုကို ရိုက်ခဲ့တယ်။ ဂျပန်ဂေးရှားမယ်တွေအကြောင်းကို အမေရိကန်စာရေးဆရာက ရေးထားတာကို အမေရိကန်ဒါရိုက်တာက ရိုက်ထားတဲ့ ရုပ်ရှင်ပေါ့။ စားတာက ဒါတင်ပဲမဟုတ်ဘူး။ ဂေးရှားဇာတ်ဆိုတော့ မင်းသမီးက အဓိကဆိုတာ သိသာနေပြီ ဒါကို သုံးထားတဲ့ အဓိက မင်းသမီးသုံးယောက်စလုံးက တရုတ်မင်းသမီးတွေဖြစ်နေတယ်။ Steven Spielbergကတော့ ပရိုဂျူဆာလုပ်ထားပေးတယ်။ အော်စကာ ခြောက်ဆုဆန်ခါတင်ဝင်ခဲ့ပြီး Best Art Direction, Best Cinematography, Best Costume Design ၃ဆုကိုတော့ ရခဲ့တယ်။ ၁၉၂၉မှာ ချိရိုဆိုတဲ့ကောင်မလေး ဂေးရှားဂေဟာကို အရောင်းခံလိုက်ရတာကနေ စပြီး ဇာတ်အိမ်တည်ထားတယ်။ သူ့အစ်မရော သူရော နှစ်ယောက်စလုံးမတူတဲ့ဂေဟာတွေကို အရောင်းခံလိုက်ရတယ်။ ဂေးရှားအဖြစ် ပုံသွင်းခံခဲ့ရတယ်။ နည်းနည်းကြာတော့ သူ့အစ်မနဲ့သူပြန်တွေ့ပြီး ထွက်ပြေးဖို့လုပ်တယ်။ ထွက်ပြေးဖို့လုပ်ရာကနေ မိသွားပြီး သူ့အစ်မနဲ့ တစ်သက်လုံးကွဲသွားခဲ့တယ်။ ဂေဟာကလည်း သူ့ကို ဂေးရှားမယ်အဖြစ် လက်မခံတော့ဘဲ အိမ်စေအဖြစ်သာ အကြွေးမကျေမချင်းခိုင်းဖို့လုပ်ထားခဲ့တယ်။ တစ်နေ့မှာ သူ့ကံကြမ္မာအလှည့်အပြောင်းဖြစ်လာရာကနေ ကျွန်အဖြစ်ကနေ ဂေးရှားဖြစ်ဖို့လမ်းစပွင့်လာပြီး သူဖြတ်သန်းခဲ့ရတဲ့ ဂေးရှားဘဝ, သူဖြတ်သန်းခဲ့ရတဲ့ခေတ်နဲ့ သူမြိုသိပ်ခဲ့ရတဲ့အချစ်ကို ပြထားခဲ့တယ်။ ဒီရုပ်ရှင်မှာ နာမည်ကျော်ဂေးရှားသုံးယောက်အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသမီးသုံးယောက်စလုံးက ဒိတ်ဒိတ်ကြဲတရုတ်မင်းသမီးတွေချည်းပဲ။ ကျန်းကျိရီ, ဂေါင်လီ နောက် မစ်ချဲလ်ယိုကလည်း ဟောင်ကောင်ကားတွေချည်း ရိုက်ခဲ့တာဆိုတော့ တရုတ်မင်းသမီးလို့ပဲပြောရမှာပဲ။ ဒိတ်ဒိတ်ကြဲဆိုတာထက် အဲဒီခေတ်ရဲ့ထိပ်ဆုံး၃ယောက်လို့တောင် ပြောလို့ရတယ်။ မင်းသားတွေကလည်း ဟောလိဝုဒ်မှာ တော်တော်ပေါက်ရောက်တဲ့ ဂျပန်မင်းသား Ken Watanabe နဲ့ စရိုက်ကတည်းက ကားအလန်းစားတွေချည်းပဲရိုက်ခဲ့သလို လက်ရှိမှာလည်း ဂျပန်ရဲ့အကောင်းဆုံးသရုပ်ဆောင်ဖြစ်နေသေးတဲ့ Kōji Yakushoတို့ကိုသုံးထားတယ်။ စတားပါဝါကတော့ အာရှတစ်ခွင် ရိုက်သတ်လို့ရပေမဲ့ တရုတ်မှာအပိတ်ခံခဲ့ရပြီး ဂျပန်မှာတော့ အဆဲခံခဲ့ရတယ်။ တရုတ်ကတော့ တရုတ်မင်းသမီးတွေက ဂျပန်ဂေးရှားအဖြစ်သွားသရုပ်ဆောင်လို့ရော လိင်မှုအသားပေးခန်းတွေကြောင့်ရောပိတ်ခဲ့တာပေမဲ့ ဂျပန်ကတော့ ဂေးရှားတွေကို သေချာနားမလည်ဘဲ ပုံဖော်ထားလို့ ဝေဖန်ခဲ့တယ်။ ပထမတစ်ချက်အနေနဲ့တော့ တရုတ်မင်းသမီးသုံးတာက အမှားလို့တော့ မမြင်ဘူး။ အင်္ဂလိပ်စာရေးဆရာကရေးထားတဲ့ ဒီဇာတ်ရဲ့ ဇာတ်ကြောင်းနဲ့ ဒီဇာတ်ကောင်ပုံစံတွေနဲ့ဆို ဂျပန်မင်းသမီးတွေနဲ့ အံကိုက်လှမယ်မဟုတ်ဘူး။ ကျန်တာတွေထက်တော့ ဂေါင်လီသရုပ်ဆောင်ခဲ့တဲ့ မနာလိုစိတ်များတဲ့ ဟာဆုမိုမိုဇာတ်ကောင်ကို ဂျပန်မင်းသမီးနဲ့ပုံဖော်ဖို့ တော်တော်ခက်မယ်။ ဂေါင်လီမလို့သာ ဒီလောက်အသက်ဝင်နေတာပါပဲ။ ကျန်းကျိရီနဲ့ မစ်ချဲလ်ယိုနေရာကတော့ ဂျပန်မင်းသမီး သုံးလို့ရကောင်းရနိုင်တယ်။ ဒါပေမဲ့ သူ့ဇာတ်ကောင်နဲ့တော့ အံဝင်ခွင်ကျဖြစ်နေတော့ ဒီအချက်ကတော့ မမှားဘူးလို့ပြောရမယ်။ ဂျပန်မှာအဆဲခံရတဲ့ ဂေးရှားတွေကို ပုံဖော်မှု မပြည့်စုံဘဲ အပျက်ဘက်ပိုဆောင်နေတဲ့အချက်ကတော့ မှန်တယ်ပြောရမှာပဲ။ Hirokazu Kore-edaကိုယ်တိုင်ရေးသားရိုက်ကူးခဲ့တဲ့ The Makanai: Cooking for the Maiko Houseဇာတ်လမ်းတွဲကို ကြည့်ရင် ဂေးရှားဆိုတာ ဘယ်လောက်အနုပညာမြောက်လဲ Kore-eda အသေးစိတ်ပုံဖော်ပြထားတာကို မြင်ရလိမ့်မယ်။ အဲဒီဇာတ်လမ်းတွဲနဲ့တွဲကြည့်ရင်တော့ အဆင်ပြေတယ်။ ဒီတိုင်းဆိုရင်တော့ ဂေးရှားဆိုတဲ့ဖြစ်တည်မှုကို အောက်ကိုဆွဲချလိုက်သလိုတော့ ဖြစ်သွားမယ်။ တမင်လည်း အောက်ကိုဆွဲချထားတာပါပဲ။ ဒီအချက်က ဂျပန်တွေအတွက်တော့ ဆဲချင်စရာကောင်းနေတာ မဆန်းဘူး။ ပြောရရင် ဒီရုပ်ရှင်က တော်တော်ကြည့်ကောင်းတဲ့ရုပ်ရှင်ပါပဲ။ ဒါပေမဲ့ ဂျပန်ယဉ်ကျေးမှုထဲက ဂေးရှားယဉ်ကျေးမှုကို ဒီကားကြည့်ပြီးအကဲဖြတ်ဖို့ ဒီကားကြည့်ပြီး တီးမိခေါက်မိရှိဖို့တော့ မဖြစ်နိုင်ဘူး။ ဇာတ်ကိုပဲယူပြီး အထဲက အင်္ဂလိပ်အမြင်နဲ့ပုံဖော်ထားတဲ့ ဂေးရှားအပိုင်းကို မမှတ်ယူဘဲကြည့်ဖို့တော့လိုမယ်။ ဒါကလည်း သူတို့ အင်္ဂလိပ်အမြင်နဲ့မြင်တာက မှားတယ်မှန်တယ်ဆိုတာထက် ယဉ်ကျေးမှုတစ်ခုကို တီးမိခေါက်မိရှိဖို့က သူ့နိုင်ငံက သူ့ယဉ်ကျေးမှုကို သူပြောပြတာက ပိုဖြစ်သင့်လို့ပါပဲ။ အာရှအကြောင်းပုံဖော်ထားတဲ့ အမေရိကန်ရုပ်ရှင်တွေထဲက အကောင်းဆုံးတွေထဲတော့ပါပေမဲ့ ယဉ်ကျေးမှုတစ်ခုကို ကျောရိုးတည်ပြီး ရိုက်ပြတဲ့ ရုပ်ရှင်မှာ အဲဒီယဉ်ကျေးမှုက သူ့နိုင်ငံကလက်ခံထားသလိုမဖြစ်ဘဲ အနောက်တိုင်းအမြင်အရမ်းလွှမ်းသွားတာကတော့ အမေရိကန်စာရေးဆရာရေးပြီး အမေရိကန်ဒါရိုက်တာရိုက်တဲ့ သူ့အခြေအနေတွေအရတော့ ...
Gintama: The Very Final (2021) ⭐TMDB: 82% User Score 🎬 #Action #Adventure #Animation #Comedy 🗓 2021 🎞 movie 🌎 #Japan ⏰ 1 နာရီ 45 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB – 8.5/10, MyAnimeList – 9/10 Gintama တို့ Anime စီးရီးမှာ ဇာတ်သိမ်းသွားတဲ့အခန်းကနေ ပြန်ဆက်ပေးထားတဲ့ တကယ့်နောက်ဆုံးအပိတ် Movie ဖြစ်ပါတယ်။ Edo ကြီးကို Tendoshuu တွေ ဝင်တိုက်ခိုက်တာကို ပြန်ခုခံအပြီး ကြုံရာကျပန်းအဖွဲ့သားတွေ ကိုယ်စီလမ်းခွဲခဲ့ကြတယ်။ Utsuro ပြန်လာမှာကို ကြိုမြင်နေတဲ့ Gin တစ်ယောက် စုံစမ်းစရာရှိတာတွေကို ထွက်စုံစမ်းနေတဲ့အချိန် မသေခြင်းတရားကို လိုချင်နေကြတဲ့ Tendoshuu တွေ Edo မှာ နောက်တစ်ခါ ပြဿနာလာရှာနေတာမို့ ဆရာ Shoyo ရဲ့ တပည့်ကျော် ၃ ယောက်သား ပြန်စည်းလုံးပြီး အသေဖြုတ်ကြမှာပဲ ဖြစ်ပါတယ်။ ဒီလောက်များတဲ့လူတွေကို မနိုင်တော့ ထုံးစံအတိုင်း Gintama အဖွဲ့သားတွေလည်း ကိုယ်စီဆေးစက်ကျရာကနေ အုပ်လိုက်ကြီးနဲ့ ရုပ်ရှင်တစ်ကားစာ ထိုင်ချကြတာကို အားရပါးရ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ Gintama ထုံးစံအတိုင်း ဟာသအဖောက်တွေ တခြား Anime တွေကို Reference ယူပြီး ပြောင်တာတွေ 4th Wall Breaking တွေကတော့ တောက်လျှောက်ပါနေမှာ ဖြစ်လို့ အပျင်းတွေလည်း ပြေရပါသေးတယ်။ Gintama ပရိသတ်တွေအတွက်တော့ ဒါဟာ တကယ့်နောက်ဆုံး ရုပ်ရှင်ဖြစ်တာကြောင့် မကြည့်ရသေးရင် ကြည့်သင့်ပြီး ကြည့်ပြီးသားဆိုလည်း ထပ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေဗျာ။...
Against the Tide (2023) ⭐IMDB: 6.9/10 (176 Votes) 🎬 #Bollywood #Documentary 🗓 2023 🎞 movie 🌎 #India #France ⏰ 1 နာရီ 37 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Against the Tide (2023) “ဒီရေကို ဆန်၍” ဒီတစ်ခါမှာ နိုင်ငံတကာဆုတချို့ရထားတဲ့အိန္ဒိယမှတ်တမ်းရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ရာကတ်ရှ်နဲ့ ဂါနေ့ရှ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်လုံးကတိုင်းရင်းသားငါးဖမ်းသမားတွေဖြစ်ပြီး မိဘဘိုးဘွားလက်ဆင့်ကမ်းလာတဲ့ငါးဖမ်းပညာကို မြတ်နိုးကြသူတွေပါ အချိန်အခါတွေ ပြောင်းလဲလာတော့ငါးတွေအရင်လိုမရတော့ဘဲ ရှားပါးမှုတွေ တခြားအခက်အခဲတွေ ရင်ဆိုင်လာရပါတယ် ဒါပေမဲ့ တခြားအလုပ်ကိုမရွေးချယ်ချင်တဲ့ သူတို့တွေ ဘယ်လိုရင်ဆိုင်ကြမလဲမိသားစုဝမ်းရေးအတွက် ပင်လယ်ပြင်မှာ အခက်အခဲတွေကိုဘယ်လိုအံတုကြမလဲဆိုတာ ကြည့်ရမယ့်ဇာတ်ကားလေးပဲ ဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Eaindra ~ ToMo ~ Yunni တို့မှ ဖြစ်ပါတယ်...
Gladiator (2000) ⭐TMDB: 82% User Score 🎬 #Action #Adventure #Drama 🗓 2000 🎞 movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 50 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၀၀ ခုနှစ်က ထွက်ခဲ့တဲ့ Gladiator …ရဲစွမ်းသတ္တိအပြည့်နဲ့ စစ်သူကြီး မက်စီမက်ဟာ အင်ပါယာပြည့်ရှင် အားကိုး ချစ်မြတ်နိုးရတဲ့ လက်ရုံးတစ်ဦးပါ။ တိုက်ပွဲတိုင်းကို အနိုင်ယူပေးခဲ့လို့ လက်အောက်ငယ်သား အားလုံးကပါ လေးစားရတဲ့သူပေါ့။ ပြည့်ရှင်မင်း ဆီဇာက အင်ပါယာကြီးကို ထူထောင်ခဲ့ပေမဲ့ ရောမကို အာဏာရှင်စနစ်နဲ့ မအုပ်ချုပ်ချင်ပါဘူး။ သမ္မတနိုင်ငံတော်ဆိုတဲ့ စနစ်ကို ပြန်ပြောင်းချင်တဲ့သူ။ သူ့သားတော်ကတော့ သူနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်ဆိုတာ သိထားရတဲ့အတွက် မက်စီမက်ကိုပဲ နန်းမွေလွှဲခဲ့ဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီးတဲ့နောက်မှာတော့…. ဒီဇာတ်ကားက သွေးသံရဲရဲ ကြည့်ချင်သူတွေအတွက်တော့ အကြိုက်တွေ့မှာ သေချာပါတယ်။ ရောမရဲ့ မပါမဖြစ်တဲ့ အရီနာသတ်ကွင်းတွေထက်က သတ်ပုတ်ကြတဲ့ ပွဲတွေဆိုတာ ဘယ်လိုဆိုတာ သိထားပြီး ဖြစ်ကြမှာပါ။ IMDb 8.5 ရထားတဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။...
Gintama: The Movie (2010) ⭐TMDB: 74% User Score 🎬 #Action #Adventure #Animation #Comedy #ScienceFiction 🗓 2010 🎞 movie 🌎 #Japan ⏰ 1 နာရီ 36 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB – 7.6/10, MyAnimeList – 8.5/10 Anime လောကမှာတော့ Gintama ဆိုရင် မသိကြတဲ့လူ တော်တော်ကို ရှားပါတယ်။ ဒီကောင်က သူများ Anime တွေကို ခဏခဏ Reference ယူယူပြီး ဟာသလုပ်လေ့ရှိတဲ့အပြင် Deadpool တို့လိုလည်း 4th Wall Breaking လုပ်ပါသေးတယ်။ နောက်ပြီး သူ့ရဲ့ဟာသတွေက တော်တော်ကို ရယ်ရတဲ့ထဲမှာ ပါဝင်တာပါ။ ဟာသဆိုလို့ ဟာသတွေပဲပါတာမဟုတ်ပါဘူး ချကြပြီဆိုရင် တကယ်ဖိုက်ကြပါတယ်။ ဒါကတော့ သူတို့ရဲ့ ပထမဆုံး ထွက်ရှိလာတဲ့ Movie ပဲ ဖြစ်ပါတယ်။ အစမှာတင် ဇာတ်လမ်းက မစသေးဘူး ဟောလိဝုဒ်က Warner Bros ကို ထိုင်ဖြုတ်နေကြတာ အခွီတစ်လိုင်းပါ။ ဒီ Movie မှာတော့ Series မကြည့်ဖူးလည်း ဇာတ်လမ်းက သီးခြားလေးဖြစ်နေတော့ အဆင်ပြေပါတယ်။ Gintama ဆိုတာက အနာဂတ်ခေတ်လွန်ကာလ Edo က ဆာမူရိုင်းတွေအကြောင်းကို ဇာတ်တည်ထားတာပါ။ MC လုပ်တဲ့ ခေါင်းဖြူကြီး Gintoki ဆိုတာက Yorozuya ဆိုတဲ့ဆိုင်လေးဖွင့်ထားတာပါ အခကြေးငွေယူပြီး ဘာအလုပ်နေနေ လုပ်ပေးတာပေါ့။ သူ့လက်အောက်မှာတော့ Shinpachi ဆိုတဲ့ မှန်ကြောင်လေးရယ် Kagura ဆိုတဲ့ ကောင်မလေးရယ် ရှိပြီး အဓိကဇာတ်ကောင် ၃ ယောက်ပေါ့လေ။ ဒီ Movie ရဲ့ ဇာတ်အိမ်ကကျ သူတို့မြို့မှာ ထူးဆန်းတဲ့ ဓားတစ်လက်နဲ့ လူသတ်မှုတွေ ဖြစ်နေကြတယ်။ သူတို့ဘော်ဒါတစ်ယောက်ကလည်း ထူးထူးဆန်းဆန်း အတိုက်ခိုက်ခံရပြီး သေတာလိုလို ပျောက်တာလိုလို ဖြစ်နေတဲ့အချိန်။ မသမာသူလူတစ်စုကလည်း ခိုးကြောင်ခိုးဝှက် တစ်ခုခု ကြံစည်နေကြတဲ့အချိန်။ Gintoki တစ်ယောက် အဲဒါ ထူးဆန်းတဲ့ ကျိန်စာသင့်ဓားအကြောင်း အလုပ်လက်ခံရရှိလို့ လိုက်လံစုံစမ်းရာကနေ အကုန်လုံး ဘယ်လိုဆက်စပ်သွားပြီး ဘယ်လိုတွေ ဆက်ဖြစ်ကြမယ်ဆိုတာတော့...
Gintama the Movie: The Final Chapter - Be Forever Yorozuya (2013) ⭐IMDB: 8.3/10 (3 k Votes) 🎬 #Action #Adventure #Animation #Comedy #ScienceFiction #SciFi 🗓 2013 🎞 movie 🌎 #Japan #UnitedStates ⏰ 1 နာရီ 51 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB – 8.3/10, MyAnimeList – 8.9/10 ဆရာသမား Gintama တို့ရဲ့ ဒုတိယမြောက် ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။ ဒီကားကျ ဇာတ်လမ်းစထားတာကိုက တော်တော်လေး ထူးခြားတာပါ ထုံးစံအတိုင်း အဖောက်ပေါ့။ စစချင်း ရုပ်ရှင်ရုံမှာ ခိုးမရိုက်ရဘူးတို့ လုပ်သင့်လုပ်ထိုက်တဲ့ ရုပ်ရှင်ပညာပေးတွေကို ဆုံးမနေကြတာ။ နောက်ကျ မဆီမဆိုင် ပုံစံနဲ့ ဇာတ်လမ်းကြီးကို ဝုန်းခနဲ အစပျိုးပြသွားတာတော့ အမိုက်စားပါ။ ဒီကားကျ ကိုယ့်ဆရာတွေက Time Travel တွေ ပါလာပြီ ဖြစ်ပါတယ်။ Gintama တစ်ယောက် ရုပ်ရှင်ရုံထဲက ခိုးရိုက်ကောင်ကို ဖမ်းပြီး အပြစ်ပေးရာကနေ အူတိအူကြောင်နဲ့ နောင် ၅ နှစ် အနာဂတ်ကို ရောက်သွားပါတော့တယ်။ အဲဒီမှာ သူဆိုတာလည်း သေဆုံးနေပြီး သူတို့ကမ္ဘာကြီးက အဖြူရောင်ပလိပ်ဆိုတဲ့ ကပ်ဘေးဒုက္ခကြောင့် ပျက်စီးယိုယွင်းပြီး သုဿန်တစ်စပြင် ဖြစ်လို့နေပါပြီ။ အဲဒါကြောင့် ဘုမသိဘမသိတဲ့ Gintama တစ်ယောက် ဒါတွေကို ဘယ်လိုပြုပြင်သွားမလဲ သူ့တပည့်ကျော်နှစ်ယောက်ကလည်း ဘယ်လိုတွေ ဖြစ်နေမလဲ စသဖြင့် Gintama ထုံးစံအတိုင်း ဟာသတွေ အပုံလိုက်နဲ့ ဇာတ်လမ်းကောင်းတစ်ခုကို တင်ဆက်ထားတာဖြစ်လို့ အားရပါးရ ခံစားလိုက်ကြပါဦး။...
Kraven: The Hunter (2024) ⭐IMDB: 5.4/10 (21 k Votes) 🎬 #Action #Thriller #Adventure 🗓 2024 🎞 movie 🌎 #UnitedStates #Iceland #Canada #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 7 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အားလုံးမျှော်နေတဲ့ Sony ရဲ့ Spider-man ဗီလိန်တွေထဲက တစ်ယောက်ဖြစ်တဲ့ လူသားတစ်ပိုင်းမုဆိုးရိုင်း Kraven the Hunter ရဲ့ Origin Story ထွက်လာပါပြီ… နာမည်ကြီး မင်းသား Aaron Taylor Johnson က ဦးဆောင်ပါဝင်ထားပြီး Russel Crowe လို သဘာရင့်မင်းသားကြီးတွေလည်း ပါဝင်အားဖြည့်ထားပါတယ် ဘာပဲဖြစ်ဖြစ် Spider-man , Venom တို့ Universe ထဲက Anti-Hero ဇာတ်ကောင်တစ်ကောင်ဆိုတော့ ..သေချာပေါက်စောင့်ကြည့်ရမယ့်ကားပါ… မကောင်းမှုဒုစရိုက်နဲ့အသက်မွေးတဲ့ ဖခင် နီကိုလိုင်ခရေဗင်နော့စ်မှာ ဆာဂေးနဲ့ ဒီမီထရီဆိုတဲ့ သား ၂ ယောက်ရှိပါတယ်… ဖခင့်ရဲ့ နိုင့်ထက်စီးနင်းဆက်ဆံမှုတွေကြောင့် သား ၂ ယောက်လုံး နီကိုလိုင်ကို ငယ်ငယ်ထဲကမုန်းနေကြတာပါ… ဒါပေမယ့် သူတို့အမေဖြစ်သူ အဆုံးစီရင်သွားတဲ့အချိန်မှာတော့ နီကိုလိုင်းက သား ၂ ယောက်လုံးကို အမဲလိုက်ပညာသင်ပေးဖို့ တန်ဇနီးယားက ဆာဖာရီတောကြီးထဲကိုခေါ်သွားပါတယ် အဲ့ဒီမှာ လူပေါင်း ထောင်ချီကိုသတ်ခဲ့တဲ့ ဇာခြင်္သေ့ကိုပစ်သတ်ပြီး ဂန္တဝင်မုဆိုးအဖြစ် နာမည်ခံယူချင်တဲ့ နီကိုလိုင်းရဲ့ သားဖြစ်သူ အကြီးကောင် ဆာဂေးက ခြင်္သေ့ကိုက်ခံရပြီး သေသွာားပါတယ်… ဒါပေမယ့် ကလစ်ဆိုတဲ့ ဆိုတဲ့ ဆာဖာရီတောကိုအလည်လာကြည့်တဲ့ ကောင်မလေးက မသေခင်မှာ… သူ့ကို မှော်ဆေးရည်တစ်လုံးတိုက်လိုက်ပြီး ခြင်္သေ့ ဒီအန်အေနဲ့ပေါင်းစပ်ကာ… တောဘုရင် ခြင်္သေ့အစွမ်းတွေရလာတဲ့ မုဆိုးဖြစ်လာပါတယ် အရွယ်ရောက်လာတော့ ဆာဂေးက အိမ်ကနေ ထွက်လာခဲ့ပြီး မကောင်းတဲ့ဒုစရိုက်သမားတွေကို စာရင်းလုပ် ရှင်းလင်းအမဲလိုက်ရင်း သူရင်ဆိုင်ရမယ့်အတားဆီးတွေရှိလာပါတော့တယ်...
My Private Line to God (2024) ⭐IMDB: 6.9/10 (65 Votes) 🎬 #Drama #Family 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 22 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 My Private Line to God (2024) IMDb Rating (6.9) Calvin နဲ့ Janice ဇနီးမောင်နှံ၂ယောက်ကကလေးမရနိုင်လို့ သောကရောက်နေကြသူတွေပါ။ တစ်နေ့သူတို့ ကလေးမွေးစားဖို့ဆုံးဖြတ်လိုက်တဲ့အခါ Joy ဆိုတဲ့ကောင်မလေးကိုမွေးစားလိုက်ပါတယ်။ Joy လေးအတွက် ၇နှစ်ပြည့်မွေးနေ့လုပ်ပေးတဲ့အခါ အဒေါ်ဖြစ်သူမွေးနေ့လက်ဆောင်ပေးတဲ့ ဖုန်းလေးက ဘုရားသခင်ဆီ တိုက်ရိုက်ဆက်သွယ်နိုင်တယ်လို့ ယုံကြည်သွားပါတယ်။ အဲဒီလိုကနေ သူဘယ်လိုမျိုး အခက်အခဲတွေကို ဆုတောင်းရင်းနဲ့ ဘုရားသခင်ကဖြည့်ဆည်းပေးရင်း ကျော်လွှားနိုင်မလား ပုံဖော်ထားတဲ့ကားလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Kira ဖြစ်ပါတယ်။)...
Madanolsavam (2023) ⭐IMDB: 6.5/10 (484 Votes) 🎬 #Bollywood #Comedy #Family #Drama 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 8 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Madanolsavam (2023)“အသုံးချခံ” အခုတစ်ခါမှာတော့ မလေယာလမ် ကျေးလက်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် မာဒါနန်ဟာ အဒေါ်နဲ့အတူတူနေထိုင်ပြီး ကြက်တွေမွေး၊အလှဆင်ကာ ရောင်းချတဲ့အလုပ်ကို လုပ်ကိုင်ပါတယ် ပူစရာဆိုလို့ အိမ်ထောင်ပြုဖို့ မသေချာရုံကလွဲလို့ဘဝရည်မှန်းချက် ရေရေရာရာမရှိဘဲအနှောင့်အယှက်ကင်းကင်းနဲ့ အေးအေးချမ်းချမ်းနေရုံပါပဲ တစ်နေ့မှာတော့ ဦးလေးဆိုသူက သူ့ကို ပါတီတစ်ခုကကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ခိုင်းမယ်လို့ပြောတာကြောင့် ဘုမသိဘမသိ လိုက်သွားပြီးပြိုင်ဘက်ပါတီ နှစ်ခုကြားက ပြဿနာအရှုပ်အရှင်းများထဲဘယ်လိုရောက်သွားမလဲ ဆိုတာ ပရိသတ်တို့ကပဲ ဆက်လက်ကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်...
One Summer (2023) ⭐IMDB: 6.7/10 (270 Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #Canada ⏰ 2 နာရီ 6 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 One Summer (2023) IMDb Rating (6.7) ကနေဒီယန် မင်းသား Patrice Robitailleပါဝင်သရုပ်ဆောင်ထားပြီး ကြည်နူးစရာ၊ဝမ်းနည်းစရာကောင်းတဲ့ comedy / drama ဇာတ်ကားကောင်းလေး တခု ဖြစ်ပါတယ်။ အိမ်ယာမဲ့တွေကို စောင့်ရှောက်ကူညီနေတဲ့ ခရစ်ယာန်ဘုန်းတော်ကြီး မာစ့်ဟာ တနေ့မှာကျေးလက်ဒေသမှာ ရှိတဲ့ မြေကွက်ကြီးတခုကို အမွေရလိုက်ပါတယ်။ အဲ့ဒီမှာ သူကသူစောင့်ရှောက်ပေးနေတဲ့ အိမ်ရာမဲ့တွေနဲ့အတူ ပျော်ပွဲစားတခု ထွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီမြေကွက်မှာ နဂိုနေနေကျတဲ့သူတွေကလက်မခံကြတဲ့အခါ ဘာတွေဖြစ်သွားမလဲ ဆိုတာကိုကြည့်ရှူရင်း ကြည်နူးပီတိဖြစ်စရာ ၊ လူသားချင်း ကူညီရိုင်းပင်းမှုအကြောင်းတွေကို ကြည့်ရှုသွားရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ran Naing Zaw ဖြစ်ပါတယ်။)...
Mura (2024) ⭐IMDB: 7.3/10 (1 k Votes) 🎬 #Action #Bollywood #Drama #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 7 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mura (2024) “အကြံအစည်” ကျေးလက်အက်ရှင်-ဒရာမာဇာတ်လမ်းမျိုးနှစ်ခြိုက်ကြတဲ့ ပရိသတ်ကြီးအတွက် မလေယာလမ်စကားပြောရုပ်ရှင်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းမှာ အာဏာရှိတဲ့လူတွေနဲ့အခြေခံလူတန်းစားတွေကြားက ပြဿနာတွေကို မီးမောင်းထိုးပြထားပါတယ်။ ဇာတ်လမ်းထဲမှာတော့ အညတရမိသားစုတွေကနေ ကြီးပြင်းလာတဲ့သူငယ်ချင်းလေးယောက်ကို အခြေခံရိုက်ကူးထားပါတယ်။ သူတို့လေးယောက်ဟာ လုယက်ဓားပြတိုက်ဖို့ ကြံစည်ထားပေမဲ့တကယ့်လက်တမ်း အတိတ်ကလျှို့ဝှက်ချက်နဲ့ ဖုံးကွယ်ထားတဲ့မြှုပ်ကွက်တွေပေါ်လာတဲ့အခါ သူတို့ရဲ့သစ္စာတရားကို အစမ်းသပ်ခံရပါတော့တယ်။ နောက်ပိုင်း ရည်မှန်းချက်နဲ့ ရင်းနှီးခင်မင်မှုကြား လွန်ဆွဲရင်းခက်ခက်ခဲခဲရွေးချယ်ရဖို့ ဖြစ်လာတဲ့အခါ ဘယ်သူကဘယ်ဘက်ကိုတိမ်းသွားမလဲ၊ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ ဆက်လက်စောင့်ကြည့်ကြရမှာပါ။ အာဏာကိုလက်ကိုင်ထားတဲ့ လူကုံထံအသိုင်းအဝိုင်းက အညတရလူတန်းစားကိုအကြမ်းဖက်မှုနဲ့ ရာဇ၀တ်မှုတွေကျူးလွန်ဖို့ဘယ်လိုလက်ကိုင်တုတ်လုပ်ပြီး အသုံးချမလဲဆိုတာကလည်း စိတ်၀င်စားစရာပါပဲ။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)...
