ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
The Watcher (2000) ⭐TMDB: 51% User Score 🎬 #Mystery #Thriller 🗓 2000 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Watcher (2000) IMDb Rating (5.3) / Rotten Tomatoes (11%) နာမည်ကြီး John Wick မင်းသားကြီး Keanu Reeves ပါဝင်သရုပ်ဆောင်ထားပြီး သရုပ်ဆောင်ပိုင်းမှာလူကြိုက်များခဲ့တဲ့ မှုခင်းကားလေးပါ။ ဒေးဗစ်အယ်လန်ဂရစ်ဖင် ဆိုတဲ့သွေးအေးလူသတ်သမားက အချိန်နဲ့အလိုက် မိန်းကလေးတွေကိုရွေးချယ်ပြီးနေ့စဥ်စောင့်ကြည့်ကာ စနစ်တကျ သတ်လေ့ရှိပါတယ်။ ဂျိုလ်ကန့်ဘဲကတော့ ဒီလူသတ်သမားကိုမဖမ်းနိုင်လို့စိတ်ညစ်ပြီး FBI ကထွက်ကာ ချီကာဂိုကိုပြောင်းလာပြီး စိတ်ဒါဏ်ရာရနေသူပါ။ နောက်တော့အသတ်ခံရတော့မည့်ကောင်မလေးတွေရဲ့ ဓာတ်ပုံတွေရရှိလာပြီး လူသတ်သူက သဲလွန်စများ ပေးလာတာကြောင့် ချီကာဂိုမှာတင် အမှုကိုဆက်ကိုင်ခဲ့ပါတယ်။ ထို့နောက် ဂျိုလ်နဲ့ ဂရစ်ဖင် ဘယ်လိုတွေများတွေ့ကြပြီးဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုခံစားရင်း အဖြေရှာကြည့်လိုက်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Kavil ဖြစ်ပါတယ်။)...
Polar Opposites (2025) ⭐IMDB: 6.1/10 (495 Votes) 🎬 #Comedy #Romance #TVMovie 🗓 2025 🎞 tv movie 🌎 #UnitedStates #Canada ⏰ 1 နာရီ 24 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Polar Opposites (2025) IMDb Rating (6.1) Hallmark Channel ရဲ့ ရုပ်ရှင်ဇာတ်ကားဟာ အားလုံးကို စိတ်ဝင်စားစရာနှင့် ချစ်ခြင်းမေတ္တာအပြည့်အစုံနဲ့ ဖော်ပြထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ ဇာတ်လမ်းမှာ Emma ဆိုတဲ့ မိန်းကလေးဟာ သူ့အဖေနဲ့ ပြန်တွေဖို့အန္တာတိကပြည်ကို ခရီးထွက်ပြီး Andy ဆိုတဲ့ အင်ဂျင်နီယာတစ်ယောက်နဲ့ တွေ့ဆုံလာပါတယ်။ သူတို့နှစ်ယောက်ဟာ အစပျိုးမှုကွာဟမှုများပေမယ့်၊ ခရီးစဉ်အတွင်း ပိုပြီးနားလည်လာပြီး ချစ်ခြင်းမေတ္တာတစ်ခုတည်ဆောက်ကြပါတယ်။ ဇာတ်လမ်းကတော့ စိတ်လှုပ်ရှားဖွယ်ဖြစ်ပြီး၊ ရုပ်ရှင်မှာ မြင်ရတဲ့ အန္တာတိက၏ ရှုခင်းလှပမှုတွေဟာ အရမ်းထူးထူးခြားခြားပါပဲ။ ဇာတ်သိမ်းမှာတော့ ချစ်ခြင်းနှင့် လူမှုရေးအခြေအနေတွေကို ပြသပြီး၊ လူတွေ အားလုံးက ပိုပြီးနားလည်လာတဲ့အခါ ဘယ်လိုချစ်ခြင်းမေတ္တာတစ်ခု ဖော်ဆောင်နိုင်သလဲဆိုတာကို ပြသပါတယ်။ Emma နဲ့ Andy တို့ရဲ့ ပုံပြင်ကတော့ ချစ်ခြင်း၊ ယုံကြည်မှု၊ နှစ်သက်မှု၊ ရင်သပ်ရှုမောဖွယ် ဇာတ်လမ်းဖြစ်ပြီး၊ ဒီဇာတ်ကားက အန္တာတိက ရှုခင်းလှပမှုနဲ့ လွတ်လပ်မှု့တွေကို ပေါင်းစပ်ပြီးပြထားပါတယ် ဇာတ်ကောင်တွေ ကောင်းမွန်တာကို ခံစားရသလို၊ ချစ်ခြင်းမေတ္တာနဲ့ ရင်သပ်ရှုမောမှုကိုလည်း ရနိုင်ပါတယ်။ Polar Opposites က ချစ်ခြင်းနှင့် စိတ်ဝင်စားစရာဇာတ်လမ်းကို ခံစားချင်သူတွေအတွက် အကောင်းဆုံး ရုပ်ရှင်တစ်ပုဒ်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။)...
Girl Walks Into a Bar (2011) ⭐IMDB: 5.6/10 (5 k Votes) 🎬 #Comedy #Drama #Romance 🗓 2011 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 19 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Girl Walks Into a Bar (2011)**************************** ကြည့်ဖူးနေကျ ဇာတ်ကားတွေနဲ့မတူဘဲ တစ်မူကွဲထွက်နေတဲ့ 2011 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ဇာတ်ကားလေးတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ပုံမှန်ဆိုရင် ဇာတ်ကားတွေမှာအဓိကသရုပ်ဆောင်တွေက ၁ ယောက် ၂ ယောက်ပဲပါပေမဲ့ ဒီဇာတ်ကားမှာ တွေ့ရမဲ့ဇာတ်ကောင်တိုင်းကတော့ သူ့ဘ၀နဲ့သူ သူ့ဇာတ်ကြောင်းနဲ့သူ အဓိကဇာတ်ဆောင်တွေဖြစ်နေကြတာပါပဲ။ ဇာတ်ကြောင်းဆိုပြီးတစ်ခုတည်း ခွဲထွက်နေတာမရှိသလို ဟိုရောက်ဒီရောက်နဲ့ ကြည့်ရမှာဆိုပေမဲ့တစ်မူထူးခြားနေလို့ ရိုးရိုးတွေကို အီနေပြီဆိုရင် ဒီကောင်လေးက မဆိုးဘူးလို့ပြောရမှာပါပဲ။ ဇာတ်ကားနာမည်ကတော့ Girl Walk Into A Bar ဖြစ်ပြီး IMDb Rating 5.6 အထိရရှိထားပါတယ်။ဇာတ်ကားနာမည်အတိုင်း ကောင်မလေးတစ်ယောက် ဘားတစ်ခုထဲ ဝင်လာတာကနေဇာတ်လမ်းစထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ တစ်ယောက်ချင်းစီတိုင်းရဲ့ အကြောင်းအရာတွေကိုချိတ်ဆက်ပြသသွားမှာဖြစ်တာမို့ ဇာတ်လမ်းအကျဉ်းချုပ်ရယ်ဆိုပြီး မရှိတဲ့အတွက်ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်လိုက်ဖို့ ညွှန်းပေးလိုက်ပါတယ်။ (အညွှန်းကို Saw Lay မှ ရေးသားထားပါတယ်)...
40 Days and 40 Nights (2002) ⭐TMDB: 55% User Score 🎬 #Comedy #Drama #Romance 🗓 2002 🎞 movie 🌎 #UnitedStatesofAmerica #France #UnitedKingdom ⏰ 1 နာရီ 35 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 40 Days and 40 Nights (2002)**************************** Romance ၊ Comedy အမျိုးအစားဖြစ်တဲ့ 40 Days and 40 Nights ကတော့လိင်အသားပေးဟာသအချစ်ကားဖြစ်ပါတယ်။ မတ်ဟာ ရည်းစားဟောင်းနီကိုးလ်နဲ့ပြတ်သွားပြီးကတည်းက ကောင်မလေးတွေနဲ့ အတူနေတဲ့အခါတိုင်း အထွတ်အထိပ်မရောက်သလို သုက်မလွှတ်နိုင်တဲ့အခြေအနေကို ရင်ဆိုင်နေခဲ့ရတာပါ။ ဒီလိုနဲ့ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ တစ်မျိုးစီ စွန့်လွှတ်လေ့ရှိတဲ့ ရက် ၄၀ဥပုသ်ကာလကို ရောက်ရှိလာချိန်မှာတော့ မတ်က သူ့ပြဿနာကို ဖြေရှင်းနိုင်မလားဆိုတဲ့မျှော်လင့်ချက်နဲ့ ရက် ၄၀ လုံးလိင်မှုကိစ္စကို လုံးဝရှောင်ရှားဖို ဆုံးဖြတ်လိုက်ပါတယ်။ မတ်ရဲ့ရုံးက လုပ်ဖော်ကိုင်ဖက်တွေဟာ မတ်တကယ်နေနိုင်မှာလားဆိုတာကို ဝက်ဆိုက်ဒ်စာမျက်နှာတစ်ခုဖန်တီးပြီး လောင်းကြေးထပ်ကြရင်း ပတ်ဝန်းကျင်ကလူတွေကပါမြင်တွေ့လာပြီးလောင်းကြေးကလည်း အဆမတန်ကြီးထွားလာခဲ့တာကြောင့် မတ်ကို ဥပုသ်ကျိုးအောင်ကြိုးစားသူတွေလည်း ရှိလာခဲ့ပါတယ်။ အစောပိုင်းမှာ မတ်က အမှန်တကယ် ကောင်မလေးတွေကိုရော လိင်မှုကိစ္စအားလုံးကိုပါရှောင်ရှားနိုင်ခဲ့ပေမယ့် ဒီရက် ၄၀ အတွင်းမှာမှ သူတကယ်ချစ်မိသွားတဲ့ အဲရစ်ကာဆိုတဲ့ကောင်မလေးချောချောလေးနဲ့ လာဆုံစည်းတဲ့အခါမှာတော့ .. မတ်တစ်ယောက် ရက် ၄၀ ပြည့်အောင်ဆက်ထိန်းထားနိုင်မှာလား။ စိတ်မထိန်းနိုင်ဘဲ အဲရစ်ကာနဲ့ ချစ်တင်းနှောလိုက်တော့မှာလားဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းကို JULY မှ ရေးသားထားပါတယ်)...
The Skulls (2000) ⭐TMDB: 58% User Score 🎬 #Crime #Drama #Thriller 🗓 2000 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Skulls (2000) IMDb Rating (5.6) / Rotten Tomatoes (9%) ၂၀၀၀ ပြည့်နှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်က အမေရိကန် အိုင်ဗီလိဂ် တက္ကသိုလ်တွေရဲ့ အထူးလျှို့ဝှက်အဖွဲ့အစည်းတစ်ခု အကြောင်းနဲ့ အဲဒီအဖွဲ့မှာ ပါဝင်ပတ်သက်မိတဲ့ ကျောင်းသားတစ်ဦး အကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။ Fast and Furious ဇာတ်ကားတွေရဲ့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Paul Walker နဲ့ Joshua Jackson တို့က အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ Luke ဟာ ဆင်းရဲနွမ်းပါးပေမဲ့ ထူးချွန်တဲ့ ကောလိပ်ကျောင်းသားတစ်ဦးဖြစ်ပြီး အိုင်ဗီလိဂ်လို့ခေါ်တဲ့ အမေရိက အရှေ့မြောက်ပိုင်းက ထိပ်သီးတက္ကသိုလ်ရှစ်ခုထဲက တစ်ခုမှာ တက်ရောက်နေသူဖြစ်ပါတယ်။ ကြီးလေးတဲ့ ကျောင်းစရိတ်အတွက် စကောလားရှစ်တွေနဲ့ အချိန်ပိုင်းအလုပ်တွေကို လုပ်ကိုင်ပြီး ရုန်းကန်နေရသူဖြစ်ပါတယ်။ တစ်ညမှာတော့ Luke ကို Skulls လို့ခေါ်တဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုက အသင်းဝင်အဖြစ် ကမ်းလှမ်းလာပါတယ်။ Skulls အဖွဲ့အစည်းက တက္ကသိုလ်ကျောင်းသားတွေကြားမှာ ဒဏ္ဍာရီလိုလို အမှန်တကယ်လိုလို လူပြောများနေတဲ့ လျှို့ဝှက်အဖွဲ့အစည်းတွေထဲက အင်အားအကြီးဆုံး အဖွဲ့ဖြစ်ပါတယ်။ ဒီအဖွဲ့မှာ လူ့မလိုင်တွေ လူချမ်းသာတွေနဲ့ အစိုးရထိပ်ပိုင်းပုဂ္ဂိုလ်တွေ ပါဝင်နေတယ်လို့ ဆိုကြပြီး အိုင်ဗီကောလိပ် ကျောင်းသားတွေထဲက အတော်ဆုံး အထက်ဆုံး ကျောင်းသားတွေကိုပဲ အသင်းဝင်အဖြစ် လက်ခံလေ့ရှိပါတယ်။ ဒီလိုနဲ့ Luke တစ်ယောက် Skulls အဖွဲ့နဲ့ ပတ်သက်မိပြီး နောက်ပိုင်းမှာ သူ့ဘဝကို ပြောင်းလဲစေမဲ့ အဖြစ်အပျက်တွေနဲ့ရင်ဆိုင်လာရပြီး ဒီအဖြစ်အပျက်တွေက Luke အပြင် သူ့ရည်းစား Chloe နဲ့ သူငယ်ချင်း Will တို့ကိုပါ သက်ရောက်မှုရှိလာချိန်မှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်က ကားဟောင်းလေး ဆိုပေမဲ့ Action/Thriller အမျိုးအစားဖြစ်ပြီး သွက်လက်မြန်ဆန်တဲ့ ဇာတ်အိမ်နဲ့အတူ ကြည့်ပျော်တဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wolfenheim ဖြစ်ပါတယ်။)...
Anjaana Anjaani (2010) ⭐IMDB: 5.7/10 (8 k Votes) 🎬 #Bollywood #Comedy #Drama #Musical #Romance 🗓 2010 🎞 movie 🌎 #India ⏰ 2 နာရီ 31 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Anjaana Anjaani (2010) “သူစိမ်းများ”IMDb – 5.7/10 ၂၀၁၀ကထွက်ရှိခဲ့တဲ့ ရန်ဘီးကပူးနဲ့ပရီယန်ကာချိုပရာတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီဇင်ဘာလ ၃၁ရက်နေ့ည ၁၂နာရီအတိမှာ သတ်သေဖို့ဆုံးဖြတ်ခဲ့ကြတဲ့ လူနှစ်ယောက်။သတ်သေဖို့ဆိုတာက အဖော်ရယ်အပေါင်းရယ် လိုလားမသိပေမဲ့ ကံကြမ္မာကသတ်သေဖို့ဆိုတဲ့ အကြောင်းတရားတစ်ခုပေါ်မှာ သူတို့နှစ်ယောက်ကိုဆုံစည်းစေခဲ့တယ်။သတ်သေဖို့ရက်ကို သူတို့ဆုံးဖြတ်ခဲ့ကြတဲ့နေ့က ဒီဇင်ဘာလ ဆယ့်တစ်ရက်နေ့။ ကြားထဲကရက်နှစ်ဆယ်မှာ သူတို့တွေ မလုပ်ဖြစ်လိုက်တဲ့၊လုပ်ဖို့အကြောင်းမတိုက်ဆိုင်ခဲ့တဲ့ဆန္ဒတစ်ခုကိုဖြည့်ဆည်းဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အမှောင်ထုဆီကို တွန်းပို့လိုက်တဲ့ ကံကြမ္မာကသူတို့နှစ်ယောက်ကို မျှော်လင့်ချက်အလင်းရောင်ဆီပြန်ပြီးခေါ်ဆောင်လာမှာလား။ သူတို့ဆုံးဖြတ်ချက်အတိုင်းပဲ အဆုံးသတ်သွားမှာလားဆိုတာကိုဒီအချစ်ဇာတ်လမ်းလေးမှာ ကြည်နူးလွမ်းဆွတ်ဖွယ် ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ Zwe Yan ~ Star ~ ToMoတို့ပဲဖြစ်ပါတယ်။)...
Blitz (2011) ⭐IMDB: 6.1/10 (93 k Votes) 🎬 #Action #Adventure #Crime #Mystery #Thriller 🗓 2011 🎞 movie 🌎 #France #USA #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 File size…(1.8 GB)/(1.1 GB)Quality….Blu-Ray 1080p / 720pFormat… mp4Duration…. 01:37:00Genre… Action, Adventure, Crime, Mystery, ThrillerSubtitle….Myanmar Subtitle (Hardsub)Encoder….Garfield...
Tacoma (2024) ⭐IMDB: 5.7/10 (102 Votes) 🎬 #Drama #SciFi #Thriller #ScienceFiction 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tacoma (2024) IMDb Rating (6.1) ကျွေးတဲ့အစာကနေဖြစ်လာတဲ့ မှိုရောဂါတစ်မျိုးကြောင့် ကိုယ်တွင်းအင်္ဂါတွေပျက်စီးနေတဲ့ဝက်ကလေးတာကိုမာကို ပြန်လည်ကောင်းမွန်ဖို့ စမ်းသပ်မှုတွေလုပ်နေတဲ့ လီယို။ ရှေ့မှာ အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့တဲ့စမ်းသပ်မှုတွေကနေ ဝက်ကလေးတာကိုမာပေါ်မှာ မျှော်လင့်ချက်ရောင်ခြည်တွေသန်းလာခဲ့တယ်။ သူစမ်းသပ်နေတာက အပင်ဆီက ပြန်လည်အသစ်ဖြစ်ပေါ်စေတဲ့ဆဲလ်တစ်မျိုးကို လူသားတွေဆီမှာအသုံးချနိုင်ဖို့။ သူ့အမှားတွေကို ထောက်ပြခဲ့တာက တရားမဝင်ရွှေ့ပြောင်းနေထိုင်နေကြတဲ့ မက္ကဆီကိုလူမျိုးမိသားစုက စားပွဲထိုးမလေး အယ်လီဂျန်ဒရာ။ သူတို့နှစ်ယောက်စမ်းသပ်မှုကနေ အောင်မြင်လာမဲ့ရလဒ်ကိုစောင့်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ မိသားစုတစ်ခုကလည်းရှိနေတဲ့အခါမှာတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။)...
Remember Me (2010) ⭐TMDB: 71% User Score 🎬 #Drama #Romance 🗓 2010 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2010 ခုနှစ်မှာထွက်ရှိထားတဲ့ ဇာတ်လမ်းဆိုပေမယ့် 2001ခုနှစ်ဝန်းကျင်လောက်ကို အခြေခံရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းထဲက ဇာတ်ကောင်တွေမှာ အတိတ်ကဖြစ်ရပ်ဆိုးတစ်ခုရဲ့ရိုက်ခက်မှု တစ်ခုဆီနဲ့ဇာတ်အိမ်ကိုတည်ထားပါတယ်။ညီမလေးကို အရမ်းချစ်တဲ့ တိုင်လာဟာ အဖေဖြစ်သူကစီးပွားရေးကိုသာ ဦးစားပေးပြီး မိသားစုရေးရာကိစ္စတွေမှာလစ်ဟာနေတယ်လို့ ထင်တဲ့အတွက် အဖေနဲ့ အမြဲ ပြသနာဖြစ်နေတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး လမ်းပေါ်ကရန်ပွဲတစ်ခုကို ဝင်ရောက်ဖြေရှင်းရင်းရာကနေ ရဲတစ်ယောက်နဲ့ ပြသနာဖြစ်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ အဲဒီ ရဲဖြစ်သူရဲ့သမီး နဲ့ ဇာတ်လမ်းဖြစ်ကြရာမှာ………ဒီဇာတ်လမ်းအမျိုးအစားက Drama/Romance အမျိုးအစားဖြစ်ပြီး IMDb rating ကတော့ 7.2/10ထိရရှိထားပါတယ်။ Drama ဇာတ်လမ်းကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ကြည့်လို့ကောင်းတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။(ဒီဇာတ်ကားရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ Han Htoo Zaw ပဲဖြစ်ပါတယ်။)...
Bat War (2024) ⭐TMDB: 0% User Score 🎬 #Comedy #Drama #Action 🗓 2024 🎞 movie 🌎 #Thailand ⏰ 1 နာရီ 54 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bat War (2024)*************** နာမည်ကြီးမင်းသားတွေဖြစ်တဲ့ မမထုန်ဒီ ဇာတ်ကားထဲက ဖီဆွတ်နေရာမှာသရုပ်ဆောင်ခဲ့တဲ့ Kao Jirayu La-ongmanee နဲ့ ရေညှိရောင်းပြီး သူဌေးဖြစ်အောင်လုပ်ခဲ့တဲ့ဇာတ်ကား(Billionaire)ထဲက မင်းသား Peach Pachara Chirathivatတို့နဲ့အတူမင်းသမီးချောလေး orin Khumpiraphanလည်း ပါဝင်ထားတဲ့ ဟာသဒရာမာဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း**************ကဲအိုတာ, ချတ်နဲ့ ပေါင်တို့ဟာ ငယ်ငယ်လေးတုန်းက ဂီတကျောင်းမှာ အတူတူ ပညာသင်ကြားခဲ့ကြတဲ့ သူငယ်ချင်းတွေဖြစ်ပါတယ်။ ကဲအိုတာတစ်ယောက် ချင်းရိုင်ကိုထွက်သွားခဲ့ပြီး ပေါင်ကလည်း ဂီတကျောင်းကဆရာခေါင်ကြောင့်နဲ့ စိတ်ဒဏ်ရာတွေရခဲ့ကာ စစ်တပ်ထဲကို ဝင်ရောက်သွားခဲ့ပါတယ်။ ကျန်ခဲ့တဲ့ ချတ်ကတော့ ဆရာခေါင်ရဲ့ သားဖြစ်ပြီး အဖေ့အမွေကို ဆက်ခံဖို့ဝေး လူငယ်ပီပီဘဝကို ပျော်ပျော်ကြီးကို နေနေခဲ့ပါတယ်။ ဒီလိုနဲ့ သူငယ်ချင်း ၃ယောက် အရွယ်တွေရလာပြီးတဲ့နောက်မှာတော့ ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှုကိုမြှင့်တင်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိုင်းဂီတကို ခွင့်ပြုချက်မရှိဘဲ ဆိုကြတီးကြတာတွေကိုတားမြစ်ဖို့ လုပ်ဆောင်ကြပါတော့တယ်။ ဒီအမိန့်ကို မနာခံတဲ့သူတွေကိုလည်း သေဒဏ်အထိ ချမှတ်နိုင်ပြီး နိုင်ငံအတွင်းမှာရှိတဲ့ထိုင်းဂီတကျောင်းတွေအကုန်လုံးကိုလည်း ပိတ်ပစ်ခဲ့ပါတယ်။ ငယ်ငယ်က ဆရာခေါင်ကို စိတ်နာပြီး စစ်တပ်ထဲဝင်သွားတဲ့ပေါင်ဟာ ဗိုလ်မှူးဖြစ်လာခဲ့ပြီးဒီအမိန့်အတွက် တာဝန်ပေးအပ်ခြင်းခံရတဲ့အခါမှာတော့ .. ဆရာခေါင်ရဲ့ ပြိုင်ဘက်ဖြစ်သူဆရာဒမ်နဲ့ပေါင်းပြီးတော့ ဆရာခေါင်တို့ကို ထိုင်းဂီတနဲ့ ပတ်သတ်တာတွေ မလုပ်နိုင်ဖို့လုပ်ဆောင်ပါတော့တယ်။ ဒီအချိန်မှာပဲ ဆရာခေါင်ရဲ့ သားဖြစ်သူ ချတ်ဟာ သူ့အဖေရဲ့ ကိုယ်စား ထိုင်းဂီတကို ဘယ်လိုနည်းလမ်းတွေနဲ့ ပြန်လည်ကယ်တင်ပေးမလဲ ……. ချတ်, ပေါင်နဲ့ ကဲအိုတာတို့ရဲ့၃ပွင့်ဆိုင်ဇာတ်လမ်းမှာရော ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ …… ဆိုတာကို ဟာသလေးနှောကြည့်ရှုရမယ့် ထိုင်း ဒရာမာဟာသဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းကို Char Ou မှ ရေးသားထားပါတယ်)...
Retreat Vama Veche (2024) ⭐IMDB: 3.9/10 (812 Votes) 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #Romania ⏰ 1 နာရီ 36 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “Retreat Vama Veche” ဆိုတဲ့ရိုမေးနီးယားရုပ်ရှင်က Eva ဆိုတဲ့ ဇာတ်ကောင်ဟာ သူ့ရဲ့မေ့မရနိုင်တဲ့ဘဝဇာတ်လမ်းကို ပြန်ပြောပြတဲ့ ပုံစံအဖြစ်ရိုက်ကူးထားတဲ့ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးရဲ့အစကိုတော့ Evaနဲ့ သူ့အချစ်ဆုံးသူငယ်ချင်း နှစ်ယောက်တို့ရဲ့ သူငယ်ချင်းဆက်ဆံရေးနဲ့အစပြုထားပါတယ်။ Evaဟာ သူမင်္ဂလာဆောင်ဖြစ်မဲ့အချိန်ကျရင်Vamaဆိုရဲ့ရွာလေးကို အတူတူပြန်လာကြမယ်လို့ ကတိပေးခဲ့ပါတယ်။ ကတိပေးထားတဲ့အတိုင်းကမ်းခြေရွာလေးကို သုံးယောက်သား ပြန်သွားဖြစ်တဲ့အခါ Evaတို့က မထင်မှတ်ထားတဲ့အရာတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတော့တယ်။ အကြောင်းကတော့ Evaဟာ ငယ်စဥ်ကတည်းက ချစ်ခဲ့ရပြီး အကြောင်းပြချက်မရှိဘဲ ပျောက်ကွယ်သွားခဲ့တဲ့ မေ့မရနိုင်ခဲ့တဲ့ ငယ်ချစ်ဦးနဲ့ပြန်တွေ့ခဲ့ရလို့ပါပဲ။ သူ့ငယ်ချစ်ဦးကလည်း မိန်းမရနေပြီးသားဖြစ်နေပါတယ်။ အဲ့လိုနဲ့ Eva က အကြောင်း ပြချက်မပေးဘဲ ပျောက်ကွယ်သွားရခြင်းရဲ့အမှန်တရားကို သိရဖို့ကြိုးစားပါတော့တယ်။ Evaက အမှန်တရားကို သိရဖို့ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ရမှာလဲ။ အမှန်တရားကို လက်ခံနိုင်ခဲ့သလား စတာတွေကို ကြည့်ရှူခံစားရမယ့် အပြင် comedy ကားလေးဖြစ်တာမိုလို့ တစ်ကားလုံးမပျင်းရဘဲ သူငယ်ချင်းသုံးယောက်ရဲ့ ဘဝအခက်အခဲပြဿနာတွေကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်နိုင်မဲ့ကားလေးလည်းဖြစ်ပါတယ်။...
Hawaizaada (2015) ⭐IMDB: 5.5/10 (2 k Votes) 🎬 #Biography #Bollywood #Drama #Fantasy #History 🗓 2015 🎞 movie 🌎 #India ⏰ 2 နာရီ 5 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hawaizaada (2015)“လွတ်လပ်သော နှလုံးသား” ၂၀၁၅ တုန်းက ထွက်ရှိခဲ့တဲ့ ဟင်ဒီစကားပြောစိတ်ကူးယဉ်ဒရာမာရုပ်ရှင်လေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ဗြိတိသျှအုပ်စိုးတဲ့ခေတ်မှာ တည်ထားပြီး ဆက်တင်အရောင်အသွေးစုံလင်စွာနဲ့ဖန်စီဆန်ဆန်ရိုက်ကူးထားပေမဲ့ အပြင်မှာတကယ်ရှိခဲ့တဲ့လူတစ်ယောက်ကိုအခြေခံထားတဲ့ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ရှီဗီဟာ ၄ တန်းရှစ်ခါကျပြီးသူ့မိသားစုအပါအဝင် ဘယ်သူမှသူ့ကိုသဘောမကျပေမဲ့လို့အပူအပင်မရှိဘဲ ခပ်ပျော်ပျော်နေတတ်တဲ့ လူငယ်လေးပါ တစ်နေ့တစ်နေ့ အလေလိုက်ရင်း ရှာစထွီဆိုတဲ့အင်္ဂလိပ်စစ်သားတွေလိုက်လံစုံစမ်းနေတဲ့ခပ်ရူးရူးသိပ္ပံပညာရှင်တစ်ယောက်နဲ့ ပတ်သက်မိသွားတဲ့နောက်မှာသူတို့နှစ်ယောက်ပေါင်းပြီး ဘာကိုတီထွင်ကြမှာလဲ ပရိသတ်တို့ကပဲ ဆက်ကြည့်ကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်...
Listen Carefully (2024) ⭐IMDB: 3.6/10 (111 Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 20 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ခင်ဗျားက အလုပ်မှာ ရာထူးတိုးတယ်ဗျာ။ ကောင်းတာပေါ့။ ခင်ဗျား သမီးဦးလေးရတယ်ဗျာ။ အတိုင်းထက်အလွန်ပေါ့။ လက်ထောက် ဘဏ်မန်နေဂျာ အန်ဒီမက်နေရီက အဲ့လိုလူ။ လတ်တလောမှာ ရာထူးလည်းတိုး သမီးဦးလေးလည်းရတဲ့ ဘဏ်မန်နေဂျာ အန်ဒီမက်နေရီ တစ်ယောက် ဖြစ်ချင်တော့ သူ့အမျိုးသမီးက သူ့သူငယ်ချင်းတွေနဲ့ နိုက်အောက်ထွက်ပြီး သူ ကလေးထိန်း တာဝန်ကျတဲ့ညကျမှ သူ့သမီးကို လူဆိုးတွေက ပြန်ပေးဆွဲသွားပါလေရော။ ရဲတိုင်ဖိုကျတော့လည်း သူ့မှာ လူသိခံလိုမရတဲ့ ကိစ္စတစ်ခုရှိနေတယ်။ ဆိုတော့ သူ့ရဲ့ လျှိဝှက်ချက်က ဘာလဲ… သူ့သမီးကို လူဆိုးတွေလက်ကနေ ဘယ်လို ကယ်မှာလဲ…. ကလေးကိုရော တကယ်ကယ်နိုင်မှာလား….. အသည်းတယားယားနဲ့ ကြည့်ရမယ့် ထိတ်လန့်သည်းဖို ဇာတ်ကားလေး ဖြစ်ပါတယ်…. (အညွှန်းနဲ့ ဘာသာပြန်ကတော့ Lazum David ဖြစ်ပါတယ်)...
Geostorm (2017) ⭐IMDB: 5.3/10 (124 k Votes) 🎬 #Action #SciFi #Thriller #ScienceFiction 🗓 2017 🎞 movie 🌎 #USA #UnitedStates #HongKong #Japan #UnitedArabEmirates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကားကို စကြည့်မိတဲ့ အချိန်ဘာကို သတိရမိလဲ ဆိုတော့အရင်က သဘာဝဘေး အကြောင်း ရုပ်ရှင်တွေ ရိုက်ပြီးရင် အပြင်မှာလဲဆူနာမီ လို မုန်တိုင်းတွေ တိုက်ခတ်ပြီးတကယ်ဖြစ်ဖြစ်သွားတာ လန့်လွန်းလို့ရှေ့ပြေးနိမိတ် ရုပ်ရှင်မဟုတ်ပါစေနဲ့ အရင်ဆုတောင်းရတယ် ကဲ ဇတ်လမ်းအကြောင်း နည်းနည်းပြောပြမယ်…. ဒီရုပ်ရှင်ကားကို Director: Dean Devlin က ရိုက်ကူးခဲ့ပြီးOctober 11, 2017 မှာ ရုံတင်ပြသခဲ့တယ်… Budget ကို 120 million USD နဲ့ ရိုက်ကူးခဲ့ပေမယ့် Box office မှာ184.4 million USD အထိ ရရှိခဲ့တယ် IMDb 5.3 သာ ရရှိထားပေမယ့် ကျနော့်စိတ်နဲ့ ဆို 7.0 လောက်ထိပေးချင်ပါတယ် ဒါဆို ဒီရုပ်ရှင်ဘယ်လောက်ကောင်းတယ်ဆိုတဲ့ အညွှန်းမလာသေးခင်ကြည့်ရတာ တန်တယ်ဆိုတဲ့ ခံစားချက် တစ်ခုပဲ ရှိသေးတယ်နော် ဇတ်လမ်းပုံစံကတော့ ၂၀၁၉ ခုနှစ်မှာ ကမ္ဘာအဝှမ်း ရာသီဥတုဆိုးရွားပျက်ဆီးမှုတွေ နဲ့ ကြုံတွေ့လာခဲ့ရတာကို စတင်ပြသထားပြီးအဲဒီ ရာသီဥတု ဆိုးဝါးတာတွေကို ကာကွယ်ဖို့အတွက် ဂျိတ် နဲ့ မတ် ဆိုတဲ့ ညီအကို ၂ ယောက်က နိုင်ငံတကာကသိပ္ပံပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဒက်ချ်ဘွိုင်း ဆိုတဲ့ စနစ်တစ်ခုကိုဖန်တီးခဲ့ပြီး အာကသထဲ စခန်းတည်ဆောက်ကာသက်ဆိုင်ရာ နိုင်ငံတွေရဲ့ ရာသီဥတုတွေကို လိုက်လျောညီထွေအောင်လုပ်ဆောင်နိုင်ခဲ့တယ် ဒီလိုနဲ့ တစ်ရက်မှာတော့ ဂျိတ် ဦးဆောင်ခဲ့တဲ့ ဒက်ချ်ဘွိုင်း စနစ်ကိုနာဆာ လက်အောက်ကို ရယူဖို့အတွက် ဂျိတ် ကို အလုပ်ဖြုတ်ပြီးစနစ် နဲ့ ဝေးရာကို တွန်းပို့ခဲ့ကြပါတော့တယ် ဂျိတ်မရှိတဲ့နောက်မှာဂျိတ် ရဲ့ ညီ ဖြစ်သူ မတ် က စနစ်ကို နာဆာ လက်အောက်မှ တဆင့်ဦးဆောင်ရင်း ၃ နှစ်ခန့် ကြာသော အခါမှာတော့…. နာဆာ ရဲ့ ဒက်ချ်ဘွိုင်း ဂြိုလ်တု တစ်ခုဟာ အာဖဂန်နစ်စတန် ရဲ့သဲကန္တာရ တစ်ခုထဲက မြို့အပေါ်ကျခဲ့ပြီး တစ်မြို့လုံး ရေခဲပြီးအကုန်အေးခဲသေသွားကြတယ်… အဲဒီလို ဖြစ်ပြီး ဟောင်ကောင် မှာလဲ အပူရှိန်လွန်ကဲကာဂစ်လိုင်းတွေ ပေါက်ကွဲတဲ့ သတင်း ဖြစ်ပွားခဲ့ပြန်တယ် အဲဒီသတင်းကြောင့် ဒက်ချ်ဘွိုင်း ကို ဦးဆောင်နေတဲ့အဖွဲ့ဟာအလုပ်တွေရှုပ်ပြီး ဘာကြောင့်မှန်း အဖြေရှာမရ ဖြစ်ခဲ့တယ် ဒီလိုနဲ့ မတ် ဟာ ဒီစနစ်ကို စတင်ဦးဆောင်တည်ဆောက်ခဲ့သူသူ့အကို ဂျိတ် ကို နာဆာ ကို ပြန်လာပြီး ဒီ ပြသနာတွေကို အဖြေရှာဖို့ပြန်လိုက်ရှာခေါ်ရပါတော့တယ် ပထမတော့ ဂျိတ် ဟာ ဒီကိစ္စတွေနဲ့ဝေးဝေးနေချင်ပေမယ့် သူ့ဘ၀ တစ်ခုလုံးနီးပါး ရင်းပြီး အချိန်ပေးခဲ့တဲ့ဒက်ချ်ဘွိုင်း ရဲ့ ပြဿနာကို အဖြေရှာဖို့ ပြန်လက်ခံခဲ့ပါတယ်… ဂျိတ် တစ်ယောက် နာဆာ မှ တဆင့် အာကသ ထဲက ဒက်ချ်ဘွိုင်းစနစ်တည်ရှိရာ စခန်းသို့ ရောက်သွားချိန်မှာတော့ သူ့ညီ မတ်ထင်နေခဲ့သလို ဒက်ချ်ဘွိုင်း ရဲ့ စနစ်ချို့ယွင်းမှု မဟုတ်ဘဲအမည်မသိ တစ်စုံတစ်ယောက်ရဲ့ မိုးလေဝသ ထိန်းချုပ်တဲ့ စက်အပေါ်လူသတ်လက်နက် အဖြစ် အသုံးချနေတဲ့ အဖြစ်မှန်း သိရှိသွားခဲ့တဲ့အခါ….. ရုပ်ရှင်ကား ကြာမြင့်ချိန် ၁ နာရီ ၄၀ မိနစ် ခန့် ရှိပြီးAction, Sci-Fi, Thriller အမျိုးအစား ဖြစ်လို့ ဇတ်လမ်းစတင်ချိန်မှဇတ်လမ်းအဆုံးသတ်ချိန်ထိ ရင်တမမ သည်းထိတ်ရင်ဖို ကြည့်ရှုရမယ့်ရုပ်ရှင်ကားကောင်း တစ်ခုပဲ ဖြစ်ပါတယ် ဒီဇာတ်ကားကို ဘာသာပြန်ပေးထားသူတွေကတော့ စောဝဏ္ဏ နှင့် အိစံ တို့ပဲ ဖြစ်ပါတယ်...
The Damned (2024) ⭐IMDB: 6.0/10 (1 k Votes) 🎬 #Drama #Mystery #Thriller #Horror 🗓 2024 🎞 movie 🌎 #Ireland #UnitedKingdom #Iceland #Belgium #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကမ္ဘာကြီးရဲ့ မြောက်ဝင်ရိုးစွန်းအနီးက စကင်န်ဒီနေးဗီးယန်းဒေသ တစ်ဝိုက်ဟာ ရာသီဥတုပြင်းထန်လွန်းတဲ့ဒေသဖြစ်သလို ဆောင်းတွင်းရောက်ပြီဆိုတာနဲ့ နေ့တာအရမ်းတိုတောင်းပြီး နေကိုမမြင်ရလောက်တဲ့အထိ အေးခဲတဲ့အပြင် ပတ်ဝန်းကျင်ကြီး တစ်ခုလုံးကလည်း အေးခဲလို့ပါပဲ။ ဒီလိုရေခဲပြင်အပြည့်နဲ့ အေးခဲနေတဲ့ရာသီဥတုကြီးထဲမှာ ငါးဖမ်းထွက်နေကြသူတွေလည်းရှိနေပါတယ်။ မစ္စအီဗာ ဟာ ခင်ပွန်းဖြစ်သူ ဆုံးပြီးနောက်မှာ ငါးဖမ်းစခန်းကို ဆက်လက်ဦးစီးပြီး လည်ပတ်နေသူတစ်ယောက်ပေါ့၊ ငါးဖမ်းထွက်ဖို့တာဝန်ကိုတော့ ပဲ့ထိန်းဖြစ်သူ မက်ဂနာ နဲ့ အဖွဲ့သားတွေက တာဝန်ယူပါတယ်။ တစ်ရက်မှာတော့ ငါးဖမ်းထွက်ဖို့ပြင်ဆင်နေရင်း မလှမ်းမကမ်းက ရေခဲကျောက်ဆောင်တွေကြားမှာ သင်္ဘောတစ်စီးပျက်စီး ဒုက္ခရောက်နေတာကိုတွေ့လိုက်ရပါတော့တယ်။ ဒီနစ်မြုပ်သွားတဲ့ သင်္ဘောကြီးရဲ့ ကံကြမ္မာဆိုးက မစ္စအီဗာတို့ရဲ့ တံငါသည်စခန်းလေးကို လာရိုက်ခတ်တဲ့အခါမှာတော့ …. ဒီဇာတ်ကားလေးကတော့ ၂၀၂၄ ခုနှစ်ထွက် Thriller ဆန်ဆန် ရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ စကင်န်ဒီနေးဗီးယန်း ဒေသက ခက်ခဲကြမ်းတမ်းတဲ့ ဘဝနေထိုင်မှု ပုံစံတွေကို ကွက်ကွက်ကွင်းကွင်း ရိုက်ကူးထားပြီးတော့ အေးခဲ ခက်ထန်တဲ့ဘဝတွေကြားထဲက နွေးထွေးမှုလေးကို လှစ်ဟပြီး တင်ဆက်ပြသရင်း Thriller အရသာ စစ်စစ်ကို ကြည့်ရင်းတွေးရင်းနဲ့ ခံစားမိစေမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်ခင်ဗျာ။...
S.T.A.L.K.E.R.: Shadow of the Zone (2024) ⭐IMDB: 5.5/10 (346 Votes) 🎬 #Action #SciFi #Thriller #Horror #ScienceFiction 🗓 2024 🎞 movie 🌎 #UnitedStates #Canada ⏰ 1 နာရီ 12 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူသားတွေရဲ့ ကမ္ဘာမှာ Noosphere (နိုစဖီးယား) ဆိုတဲ့ လူသားတွေရဲ့ အတွေးအခေါ် တွေကျင်လည်တဲ့ ကမ္ဘာနဲ့ Biosphere (ဘိုင်အိုစဖီးယား) ဆိုတဲ့ လူသားတွေရဲ့ ဇီဝရုပ်ခန္ဓာတွေကျင်လည်တဲ့ ကမ္ဘာဆိုပြီး နှစ်ခုပိုင်းခြားထားတယ်။ ဒီ (Zone) ဇုန်လို့ ခေါ်တဲ့ နေရာကြီးကတော့ အထက်ပါ လူသားကမ္ဘာနှစ်ခု ပွတ်တိုက်ပြီးမညီမျှမှုကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်လို့ လူသားတွေက ယုံကြည်ကြတယ်။ အဆိုပါ ဇုန် နဲ့ အတူပဲ မိုနိုလစ် ဆိုတဲ့ မျိုးဗီဇကွဲသက်ရှိ အသစ်တွေပါ ပေါ်ပေါက်လာခဲ့တယ်။ ဇာတ်လမ်းလေးရဲ့အစကိုတော့ Zone လို့ခေါ်တဲ့ ကန့်သတ် ဧရိယာတစ်ခုထဲကနေ ထွက်လာတဲ့ လှိုင်းတစ်ခုကို အကြောင်းပြုပြီး စတင်ထားပါတယ်။ အဆိုပါ လှိုင်းဟာ လူသားတွေရဲ့ အမူအကျင့်တွေအပေါ်လွှမ်းမိုးပြီး အန္တရာယ်ပြုနေတာကြောင့် အဲဒီလှိုင်း ကို စုံစမ်းထောက်လှမ်းဖို့နဲ့ ဖျက်ဆီးပစ်ဖို့ အထူးတပ်ဖွဲ့ တစ်ဖွဲ့ကို စေလွှတ်ခဲ့ပါတော့တယ်။ ဒီဇာတ်ကားလေးကတော့ Sci-fi Action အမျိုးအစားဖြစ်တာနဲ့အညီ အက်ရှင်ခန်းတွေကိုလည်း စုံစုံလင်လင်ရှုစားကြရမှာဖြစ်ပြီးတော့ ဒီ Zone လို့ခေါ်တဲ့ ပဟေဠိဆန်တဲ့အရာကြီးက ဘာလဲ၊ ထုတ်လွှင့်နေတဲ့လှိုင်းကရော ဘာအတွက်လဲ၊ အထူးတပ်ဖွဲ့အနေနဲ့ အဆိုပါ ပဟေဠိတွေကို စုံစမ်းဖော်ထုတ် သွားနိုင်မလားဆိုတာကို ကြည့်ရှုကြရမှာပါ။...
Snowman (2022) ⭐TMDB: 0% User Score 🎬 #Action #Drama 🗓 2022 🎞 Series 🌎 #India ⏰ 1 နာရီ 17 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Snowman (2024) IMDb Rating (3.4) မိမိတို့ငယ်ဘ၀မှာကြုံတွေ့ခဲ့ရတဲ့အရာတွေဟာ လူသားတစ်ယောက်ဘယ်လိုရှင်သန်ရပ်တည်မလဲဆိုတာကို ပုံသွင်းပေးနိုင်တယ်ဆိုတာကို ယုံပါသလား။ ငယ်စဉ်ကတည်းက ကိုယ့်ရှေ့မှာတင် အမေဖြစ်သူကိုရက်ရက်စက်စက်ရိုက်နှက် ၊ ကိုယ့်ကိုလည်း နေ့စဉ်နေ့တိုင်းအပြစ်လွတ်တယ်မရှိအောင် ဆူပူကျိန်းမောင်းတတ်တဲ့ဖခင်ဆိုးကိုရထားတဲ့ကလေးတစ်ယောက်ဆိုရင်ရော ပုံမှန်လူတစ်ယောက်လိုကြီးပြင်းလာနိုင်ပါမလား။ နှင်းတောကြီးထဲမှာ လူတွေတစ်ယောက်ပြီးတစ်ယောက်လိုက်သတ်နေတဲ့နှင်းလူသားလို့ခေါ်ကြတဲ့စိတ္တဇလူသတ်သမားတစ်ယောက်ရှိတယ်။ သူ့ကိုတစ်နေ့ကျ ကနေဒါရဲတွေကဖမ်းမိလိုက်တယ်။ ဒါပေမယ့် ထိုသူကရောနှင်းလူသားအစစ်ဟုတ်ပါရဲ့လား။ နှင်းလူသားဆီမှာအသတ်ခံလိုက်ရသူတစ်ယောက်ရဲ့ဇနီးဖြစ်သူကရော ပြစ်ဒဏ်ချမှတ်ချက်ကိုပေါ့လျော့ပေးတတ်တဲ့ကနေဒါနိုင်ငံဥပဒေကိုမမျှော်ကိုးတော့ပဲ ခင်ပွန်းဖြစ်သူအတွက်ဘယ်လိုလက်စားချေသွားမလဲ ဒါတွေကိုစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ အချိန်ပေးရတန်တဲ့ကားတစ်ကားဟုတ်သလားဆိုတာတော့ ပရိသတ်ကြီးကိုယ်တိုင်သာစောင့်ကြည့်လိုက်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။)...
The Way We Speak (2024) ⭐IMDB: 6.3/10 (162 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 27 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Way We Speak (2024) IMDb Rating (6.3) / Rotten Tomatoes (94%) နာမည်ကျော်စာရေးဆရာတစ်ယောက်ဖြစ်တဲ့ ဆိုင်မွန်ဟာရစ်ဆန်က နောက်ဆုံးမှာတော့ သူ့အချစ်ဆုံး သူငယ်ချင်းဂျော့နဲ့ စကားရည်လုပွဲမှာ ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ရတော့မှာ ဖြစ်တယ်။ ဂျော့က ကျန်းမာရေးအခြေအနေကြောင့် ဒီပြိုင်ပွဲကို ဆက်လက်မယှဉ်ပြိုင်နိုင်ခဲ့ချိန်မှာ သူ့နေရာမှာ ဆာရပ်ဆိုတဲ့ ခရစ်စယာန် စာရေးဆရာမတစ်ယောက်နဲ့ အစားထိုးစေခဲ့တယ်။ စတိတ်စင်ပေါ်မှာ တည်ငြိမ်တဲ့ပုံစံပေါက်နေတဲ့ဆိုင်မွန်ဟာ တကယ်တမ်းတော့ စိတ်မတည်ငြိမ်နိုင်ဘဲ ကင်ဆာရောဂါခံစားနေရတဲ့ မိန်းမဖြစ်သူနဲ့ အခြေအနေတွေ တင်းမာနေခဲ့သူပါ။ သူ့အချစ်ဆုံးသူငယ်ချင်းကို ဆုံးရှုံးရမှာကြောက်တဲ့စိတ်၊ မိန်းမဖြစ်သူကို စိုးရိမ်ပူပန်တဲ့စိတ်၊ သူ့ရဲ့ အလုပ်ရည်မှန်းချက်တွေ ပျက်စီးသွားမလားဆိုတဲ့ ပူပင်သောကပေါင်းများစွာနဲ့ ဆိုင်မွန်ဟာ သူ့ပြိုင်ဘက်ဆာရပ်ကို ပြိုင်ဘက်တစ်ယောက်အဖြစ် မမြင်တော့ဘဲ ရန်သူတစ်ယောက်အနေနဲ့ မြင်ယောင်လာခဲ့တဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ? ဘယ်လောက်ပဲစံနမူနာထားစရာလူတစ်ယောက်ဖြစ်နေပါစေ လက်တွေ့မှာ တစ်ကိုယ်ကောင်းဆန်မှုတွေ မစဉ်းစားမဆင်ခြင်ဘဲ လုပ်လိုက်မိတဲ့အရာတွေဆိုတာ ရှိလာနိုင်တယ်ဆိုတဲ့အချက်ကို ကောင်းကောင်းရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ မျက်ရည်လွယ်သူတွေက တစ်ရှူးဆောင်ပြီး ကြည့်ရမယ့် စိတ်ခံစားမှုကို အပြည့်အဝပေးမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့ စောင့်ကြည့်ပေးကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။)...
Bank of Dave 2: The Loan Ranger (2025) ⭐IMDB: 6.4/10 (1 k Votes) 🎬 #Comedy #Drama #Biography 🗓 2025 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 45 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bank of Dave 2: The Loan Ranger (2025) IMDb Rating (6.5) ဒီဇာတ်ကားလေးကတော့ 2023 ခုနှစ်က ထွက်ရှိထားတဲ့ Bank of Dave ရဲ့အဆက်ဖြစ်ပါတယ်။ 2025 ခုနှစ်ထဲမှာ ပူပူနွေးနွေးထွက်ရှိထားတာဖြစ်ပြီးတော့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားတာဖြစ်ပါတယ်။ Rory Kinnear က ပဲအဓိကပါဝင်သရုပ်ဆောင်ထားပြီးတော့ ဒါရိုက်တာကတော့ Chris Foggin ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း….. ဒီတစ်ခါမှာတော့ ဒေ့ဗ် တစ်ယောက်ပိုပြီး အန္တရာယ်များတဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ အမြတ်ကြီးစားငွေချေးသူတွေနဲ့ ရင်ဆိုင်ရတဲ့အကြောင်းကို စိတ်ဝင်တစားကြည့်ရှူရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။)...
Jawbreaker (1999) ⭐TMDB: 63% User Score 🎬 #Comedy #Crime 🗓 1999 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jawbreaker (1999) IMDb Rating (5.7) / Rotten Tomatoes (14%) နှစ် ၂၀ ကြာခဲ့တဲ့အထိ လန်းနေဆဲ ကြည့်ကောင်းနေဆဲ ဆိုးသွမ်းလုံမေလေးတွေရဲ့ ရုပ်ရှင်အဟောင်း အကောင်းတစ်ခုပါ။ အဲဒီခေတ်ကတော့ အရမ်းဟော့ပြီး အရမ်းဖက်ရှင်မိုက်ခဲ့လို့ ရေပန်းစားခဲ့တာပေါ့။ 1999 ကတည်းက ဆိုပေမယ့် ယနေ့ခေတ်ထိ ခေတ်စားနေဆဲ ဖြစ်တဲ့ Prank လုပ်တာကနေ ဇာတ်လမ်းစထားပါတယ်။ ကျောင်းရဲ့ စူပါးစတား Girl Squad အဖွဲ့ရဲ့ အလှဆုံး သဘောအကောင်းဆုံးကောင်မလေး လစ်ဇ်ရဲ့ မွေးနေ့မှာ သူ့သူငယ်ချင်းတွေက Prank လုပ်ကြတာပေါ့။ ကားနောက်ဖုံးထဲထည့်ပြီး ပြန်ပေးဆွဲရင်း အသံမထွက်အောင် ပါးစပ်ထဲကို Jawbreaker ဆိုတဲ့ သကြားလုံးအကြီးကို ဆို့ထားလိုက်ပါတယ်။ အဲ့ဒီလိုနဲ့ ကားဖုံးပြန်ဖွင့်တော့ သကြားလုံးကြီးက လည်ချောင်းထဲဝင်ပြီး လစ်ဇ်ဟာ သေဆုံးသွားပါတော့တယ်။ အဲ့ဒီလိုနဲ့ ဆယ်ကျော်သက်ကလေးသုံးယောက်ဟာ မတော်တဆလူသတ်မှုဖြစ်သွားပြီး ဘယ်လိုဖုံးဖိကြသလဲ…? လစ်ဇ်ရဲ့ မိဘတွေနဲ့ ရဲတွေကရော ဘယ်လိုမျိုးရှာဖွေကြမလဲ…? လစ်ဇ်ရဲ့ သူငယ်ချင်းသုံးယောက်ရော ဘာဆက်ဖြစ်မှာလဲ…? လူငယ်ဆန်ဆန်ရိုက်ကူးထားပြီး R-rated လည်း မဆန်တာမို့ စိတ်ဝင်တစားကြည့်ရှုနိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Kham Mon ဖြစ်ပါတယ်။)...
