ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Three Ways (2022) ⭐IMDB: 5.7/10 (179 Votes) 🎬 #Comedy 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 33 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 စတေစီဟာ ထက်မြက်ပြီးတော့ စိတ်သဘောထားကောင်းပြီး အလုပ်အကိုင်ကောင်းတဲ့ ဂရပ်ဖစ်ဒီဇိုင်နာတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် သူမဟာ လိင်မှုကိစ္စတွေမှာ မကျွမ်းကျင်ဘဲ ဇီဇာကြောင်တတ်တဲ့အတွက် အချစ်ရေးကံခေတဲ့သူပါ။ တစ်နေ့မှာတော့ သူ့ကိုအရှိအတိုင်းချစ်ပေးနိုင်တဲ့ ဂျပ်စတင်ဆိုတဲ့ကျောင်းဆရာနဲ့တွေ့ပြီး သမီးရည်းစားတွေ ဖြစ်သွားကြပါတယ်။ သူမရဲ့ လိင်မှုကိစ္စလိုအပ်ချက်ကြောင့် ဂျပ်စတင်က သူမကိုငြီးငွေ့လာမှာစိုးတာကြောင့် လိုက်လျောပေးတဲ့အနေနဲ့ ဂျပ်စတင်ရဲ့ ကျောင်းနေဖက်သူငယ်ချင်းဖြစ်တဲ့ လော်ရိန်းနဲ့ သုံးယောက်သား သရီးဆမ်းကြဖို့ ဖြစ်လာပါတော့တယ်။ တစ်ဖက်မှာ လော်ရိန်းကလည်း ကျောင်းတုန်းကတည်က ဂျပ်စတင်ကိုသဘောကျနေတာပါ။ သူတို့သုံးဦးသား အတွေးကိုယ်စီနဲ့ သရီးဆမ်းကြမယ့်အဖြစ်ကို ဟာသအနည်းငယ်နှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။...

The Changeling (2023- ) ⭐IMDB: 6.4/10 (600 Votes) 🎬 #Mystery #Drama #SciFi #Fantasy #Horror #Thriller 🗓 2023- 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 52 မိနစ် 57 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Changeling (2023) ကလေးချင်းလဲတဲ့ မကောင်းဆိုးရွား ခေါ် Changeling ဒီ နာမည်ကိုတော့ Supernatural ဖန်တွေ၊ အခြားမှော်ကားတွေ ကြိုက်တတ်တဲ့သူတွေ ကြားဖူးနေမှာပါ။ မွေးကင်းစကလေးလေးတွေကို အမေလက်ကနေ မသိအောင်ခိုးပြီး သူတို့ရဲ့ မကောင်းဆိုးရွားကလေးတွေနဲ့ ပုံစံတူ လဲလှယ်ထားတာပါ။ဒီနေရာမှာ အချို့ မူကွဲပုံပြင်တွေလည်း ရှိတတ်ပါသေးတယ်။ နတ်မှင်စာငယ်တွေက ကလေးချင်းလဲတဲ့ ပုံပြင်မျိုးလည်းရှိပါတယ်။ ဒီစီးရီးကတော့ ပဟေဠိဆန်ဆန်ရိုက်ထားတာမို့ ကလေးအလဲခံရတယ်ဆိုတာလည်း သက်သေမပြနိုင်သေး၊ ထူးဆန်းတာတွေဖြစ်နေပေမဲ့ အကြောင်းရင်းကို မသိသေးဘဲ အဖြေရှာရတဲ့အမျိုးအစားမို့ သို့လော သို့လောနဲ့ ရင်တထိတ်ထိတ်ကြည့်ရအောင် ဖန်တီးထားတာပါ။ပဟေဠိဆန်တဲ့ မိသားစုနောက်ခံနဲ့ လူတစ်ယောက်က အမျိုးသမီးလေးတစ်ယောက်နဲ့ ချစ်မိပြီး လက်ထပ်သွားကြတယ်။ အမျိုးသမီးလေးရဲ့မိသားစုနောက်ခံကလည်း ပဟေဠိဆန်နေပြန်တယ်။ ပိုဆိုးတာက အဲဒီအမျိုးသမီးဟာ ကလေးမရခင်မှာ စုန်းမလိုလို နတ်သမီးလိုလို သူတစ်ယောက်ဆီကနေ ဆုသုံးခုတောင်းလိုက်မိတယ်။ အဲဒီဆုတွေကိုလည်း မပြထားဘူး။ ဒီတော့ အဲဒီမိသားစုမှာ ကြောက်စရာတွေဖြစ်လာတဲ့အခါ ဇာတ်ဆောင်တွေနဲ့အတူ လိုက်အဖြေရှာရမဲ့ ဇာတ်လမ်းတွဲမျိုးမို့ အရသာရှိရှိ ကြည့်ရမှာပါပဲ။File size…(750 Mb)/(370 Mb)...

Red State (2011) ⭐TMDB: 61.0% User Score 🎬 #Action #Horror #Thriller #Crime 🗓 2011 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Imdb rating – 6.1 ဒီဇာတ်ကားက ဘာသာ​ရေးအစွန်းရောက်မှုကို​ အခြေ​တည်​ထားတဲ့​ indie​ ရုပ်ရှင်​ကား​ပါ။ ၂၀၁၁​ က​ထွက်ရှိခဲ့ပြီး Horror/Thriller နဲ့​ Action အမျိုး​အစား​ဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ ဆယ်ကျော်သက်အရွယ်ကျောင်းသားလူငယ်သုံးယောက်ကို အမျိုးသမီး​တစ်ဦးက​ အွန်လိုင်း​ကနေ​ လိင်​ဆက်ဆံဖို့ဖိတ်ခေါ်ပါတယ်။ လူငယ်​သုံးယောက်​ကနေ​ သွေးရိုးသားရိုးပဲထင်ပြီး လက်ခံမိရာကနေ သူတို့အပေါ်ဆိုး​ဝါးတဲ့ကံကြမ္မာဆိုးတစ်ခု ကျရောက်လာပါတော့တယ်။ တကယ်​တော့​ အဲဒီအမျိုးသမီးက Abin​ Cooper​ လို့ခေါ်တဲ့​အစွန်းရောက်ဘာသာရေးသမားတစ်ဥိီး​ ခေါင်းဆောင်တဲ့ Five​ Points​ Trinity Church​ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အဲဒီအဖွဲ့ဟာ ဘာသာရေး​အစွန်း​ရောက်​အဖွဲ့ ဖြစ်ပြီး​ လိင်​တူဆက်ဆံခြင်း လိင်ဖောက်ပြန်ခြင်းတို့ကို​ ရွံရှာမုန်းတီးကြသူများဖြစ်ပါတယ်။ လူငယ်​သုံးယောက်​တို့​ ဒီဂိုဏ်းလက်ထဲကလွတ်နိုင်ပါ့​မလား​ ဒီဂိုဏ်းရဲ့ရည်ရွယ်​ချက်​က​ ဘာဖြစ်​မလဲဆိုတာကိုတော့​ ဒီရုပ်ရှင်​ကိုကြည့်ရှုရင်းနဲ့ပဲ အဖြေရှာစေလိုပါတယ်။ ဒီဇာတ်ကားက​ Horror/Thriller ဆိုပေမဲ့ သွေး​ထွက်သံယိုအက်ရှင်ဇာတ်လမ်းဖက်ကို အလေးကဲနေတယ်လို့ထင်ပါတယ်။ အမေရိကန်​ indie​ ရုပ်​ရှင်​ဖြစ်ပြီး​ Stiges Film Festival မှာ​ Best Motion Picture ဆုချီးမြှင့်ခံခဲ့ရပါတယ်။ အစွန်း​ရောက်ဂိုဏ်းတွေ ဘာသာရေး​ cult​ တွေကို​ စိတ်​ဝင်စား​သူများကြည့်ရှုသင့်ပါတယ်။ အရွယ်​မရောက်သေးသူများ မကြည့်ရှူသင့်ပါဘူး။...

Tyson Fury: Redemption (2022) ⭐IMDB: 3.9/10 (11 Votes) 🎬 #Documentary #Sport 🗓 2022 🎞 movie 🌎 #UnitedKingdom ⏰ 55 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tyson Fury: Redemption (2022)======================== အမ္ဘာ့အကြီးမြတ်ဆုံးဟဲဗီးဝိတ်ချန်ပီယံတစ်ယောက်ဖြစ်တဲ့Tyson Fury ရဲ့ Documentaryပဲဖြစ်ပါတယ်။ သူချန်ပီယံတစ်ယောက်ဖြစ်ဖို့ဘယ်လိုအခက်အခဲတွေကြုံတွေ့ခဲ့ရလဲTyson Fury ကဘယ်လိုလူမျိုးလဲ စတာတွေအပြင်၊ သူပရော်ဖက်ရှင်နယ်သက်တမ်းတစ်လျောက်ကြုံခဲ့ရတဲ့ အနိမ့်အမြင့်အတက်အကျတွေကိုမြင်တွေရမဲ့ documentary ပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Khant Zar Ni Oo ဖြစ်ပါတယ်)...

Redeemer (2014) ⭐IMDB: 5.4/10 (1 k Votes) 🎬 #Action #Crime 🗓 2014 🎞 movie 🌎 #Chile #UnitedStates ⏰ 1 နာရီ 30 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ပါဒိုဆိုတဲ့လူသတ်သမားတစ်ယောက်ဟာ တစ်နေ့ သူလုပ်ကြံရမယ့်သူရဲ့သားကို မထင်မှတ်ဘဲ သတ်မိသွားတယ်။ တစ်ဦးတည်းသောသားလေးအသတ်ခံရအတွက် စကော်ပီယံဟာ ပါဒိုကို မြေလှန်လိုက်ရှာပြီး မိန်းမနဲ့ မမွေးသေတဲ့ကလေးကို ပါဒိုရဲ့ရှေ့မှာနှိပ်စက်ပြီးသတ်ပစ်လိုက်တယ်။ ပါဒို‌ကိုတော့ သဲကန္တာရအလယ်မှာ ကျည်တစ်တောင့် သေနတ်တစ်လက်နဲ့ထားခဲ့လိုက်တယ်။ သဲကန္တာရကနေ အသက်ရှင်လာတဲ့ ပါဒိုဟာဘုရားသခင်ရဲ့စောင့်ရှောက်မှုကြောင့် မသေဘူးလို့ယူဆလိုက်ပြီး ကောင်းကင်ဘုံကိုသွားဖို့အတွက် ဘုရားကျောင်းမှာ ဆုတောင်းသူတွေရဲ့ဆန္ဒကိုဖြည့်ဆည်းပေးမယ်လို့ဆုံဖြတ်လိုက်တယ်။ အဲ့မြို့မှာပဲ မူးယစ်ရောင်းဝယ်နေတဲ့ အမေရိကန်သား စတီဗ်ရဲ့ လူတွေဟာ ထင်တိုင်း ကြဲနေတော့ ဘုရားကျောင်းလာတဲ့သူတွေဟာ သူတို့ရန်ကနေလွှတ်ဖို့ပဲဆုတောင်း ကြတော့တယ်။ ဒီလိုနဲ့ပါဒိုတစ်ယောက် ဆုတောင်းသူတွေရဲ့ဆန္ဒကိုဖြည့်ဆည်း ပေးမယ်လို့ဆုံးဖြတ်လိုက်တဲ့အခါမှာတော့……….....

The Killer (2017) ⭐IMDB: 6.0/10 (3 k Votes) 🎬 #Action #Western 🗓 2017 🎞 movie 🌎 #Brazil ⏰ 1 နာရီ 40 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အသက်ရှင်နေထိုင်ဖို့ခက်ခဲလွန်းတဲ့ သဲကန္တာရမှာ လူဆိုးလူမိုက်တွေဟာ အဖွဲ့ဖွဲ့ပြီးတော့ သာမန်ပြည်သူတွေဆီကနေ လုယူသတ်ဖြတ်ပြီး ပိုင်ဆိုင်မှုတွေကိုအပိုင်သိမ်းကြပြီး ဒီအဖွဲ့ကို ပိုင်ဆိုင်တဲ့သူက ပြင်သစ်ကြီး မွန်ဆီယာဘလန်ရှောဖြစ်ပါတယ်။ ပြင်သစ်ကြီးဟာ မြို့မျက်နှာဖုံးဖြစ်ပြီး သူလိုချင်တဲ့မြေနေရာတွေကို မရောင်းတဲ့သူတွေ သူ့ကိုအန္တရာယ်ဖြစ်အောင် လုပ်တဲ့သူတွေကို လူသတ်သမားတွေငှားပြီးသတ်ခိုင်း လေ့ရှိပါတယ်။ မြို့မှာ မန်ကီးလို့ခေါ်တဲ့ တရားဥပဒေစိုးမိုးရေး ရဲတပ်ဖွဲ့ဆိုတာရှိတယ်ဆိုပေမယ့် ထင်သလောက် ဆောင်ရွက်နိုင်မှုမရှိပါဘူး။ အကြောင်းကတော့ ရဲတွေနဲ့ ပက်သက်သူမှန်သမျှကိုသတင်းပေးသတ်ဖြတ်နိုင်အောင် ပြင်သစ်ကြီးက အတွင်းလူသူလျှိုထားထားပါတယ်။ ဥပဒေမဲ့မြို့ကို ရှက်ဂီဆိုတဲ့ လူမိုက်လေး ရောက်လာပါတယ်။ ရှက်ဂီဟာမြို့ကိုမ‌‌ရောက်ခင်မှာ မြို့နဲ့အရမ်းအလှမ်းဝေးတဲ့ သဲကန္တာရမှာနေထိုင်ခဲ့တာပါ။ရှက်ဂီကို ဆဲဗင်းအီးယားစ်ဆိုတဲ့ လူသတ်သမား ကကျွေးမွေးပြုစုခဲ့ပြီး အမဲလိုက်နည်း သေနတ်ပစ်နည်း သားသတ်နည်း မျိုးစုံကို ကျွမ်းကျင့်အဆင့်ဖြစ်အောင်သင်ပေးခဲ့တာပါ။ တစ်နေ့ မြို့ကိုသွားရင်းနဲ့ ဆဲဗင်းအီးယားစ်က ပြန်မလာတော့ပါဘူး။ နှစ်များစွာကြာတော့ ရှက်ဂီဟာ ဆဲဗင်းအီးယားစ်ကိုမြို့မှာလိုက်ရှာရင်းနဲ့ ပြင်သစ်ကြီးဆီမှာ အလုပ်လုပ်နေလိုက်တယ်။ ဘာဆိုဘာမှမရှိတဲ့နေရာက လာတဲ့ ရှက်ဂီဟာ လိုချင်တာမှန်သမျှရလာပြီး လောဘတွေတက်လာတဲ့အခါမှာတော့……...

Fugitive Pieces (2007) ⭐TMDB: 61.0% User Score 🎬 #Drama 🗓 2007 🎞 movie 🌎 #Canada #Greece ⏰ 1 နာရီ 44 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ကမ္ဘာစစ်အတွင်းမှာ နာဇီတွေကြောင့် ဂျူးလူမျိုးတွေ ခံစားခဲ့ရတဲ့အကျိုးဆက်ကိုရိုက်ကူးထားတဲ့ ကားတစ်ကားပဲဖြစ်ပါတယ်။ ပိုလန်နိုင်ငံက တောအုပ်လေးထဲမှာ ဂျူးမိသားစုလေးယောက် အေးအေးချမ်းချမ်း နေနေပေမဲ့ နာဇီစစ်သားအချို့ဝင်လာပြီး အဖေ၊ အမေနဲ့ အစ်မဖြစ်သူတို့ကို ဆွဲခေါ်သွားပါတယ်။ ဂျက်ကော့ကိုယ်တိုင်တောင် စားပွဲအောက်မှာပုန်းနေလို့ အသက်ဘေးလွတ်ခဲ့ရတာပါ။ အမေတို့ကတော့ စောင့်နေဖို့မှာခဲ့ပေမဲ့ ကလေးဆိုတော့ ကြောက်ကြောက်လန့်လန့်နဲ့ တောအုပ်ထဲပြေးမိပြေးရာပြေးရင်း တိမ်ကောသွားတဲ့မြစ်ကို သုတေသနလာလုပ်တဲ့ ဂရိနိုင်ငံသား ရှေးဟောင်းသုတေသနပညာရှင်နဲ့တွေ့ပြီး မွေးစားခံလိုက်ရပါတယ်။ သူတို့နှစ်ယောက်ဟာ ပိုလန်ကနေ ဂရိကို ခိုးကြောင်ခိုးဝှက် ပြန်လာခဲ့ပါတယ်။ နုနယ်သေးတဲ့ကလေးအရွယ်မှာ မျက်စိရှေ့တင် အဖေအသတ်ခံရ အစ်မနဲ့ အမေတို့ကို ဆွဲခေါ်သွားတာတွေ တွေ့လိုက်ရတဲ့အတွက် ဒီကလေးရင်မှာ စိတ်ဒဏ်ရာတွေ ဘယ်လောက်တောင်များ ရှိနေလိုက်မလဲ။ ဒီကလေးဟာ ကောင်းကောင်းမွန်မွန်ရော ကြီးပြင်းသွားပါ့မလား။ အချစ်ဆိုတဲ့အရာကိုရော သူခံစားနိုင်ပါဦးမလား။ စောင့်နေလို့မှာခဲ့တာကို မစောင့်ခဲ့မိတဲ့သူ့ကိုယ်သူရော အပြစ်တင်နေဦးမလား စတဲ့မေးခွန်းပေါင်းများစွာနဲ့ ဒီဇာတ်ကားကို ဆက်လက်‌ကြည့်ရှုပေးပါဦးခင်ဗျာ။...

Love According to Dalva (2022) ⭐IMDB: 7.5/10 (1 k Votes) 🎬 #Drama 🗓 2022 🎞 movie 🌎 #France #Belgium ⏰ 1 နာရီ 23 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb – 7.5/10 Rotten Tomatoes – 95% ဒီရုပ်ရှင်က စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာနဲ့ အဲ့ဒီကနေဆက်ဖြစ်လာတဲ့ ကြေကွဲစရာ အကျိုးဆက်တွေအကြောင်းပါပဲ။ ရုပ်ရှင်ရဲ့ ဒါရိုက်တာ Emmanulle Nicotက ဒီလိုထိတ်လန့်စရာကောင်းတဲ့အကြောင်းအရာကို ဆွေးမြေ့စရာကောင်းအောင် ရိုးသားသိမ်မွေ့စွာ ရိုက်ကူးပြခဲ့ပါတယ်။ Dalvaက ၁၂နှစ်အရွယ် ကလေးတစ်ယောက်ဖြစ်ပြီး သူမအဖေနဲ့ အတူနှစ်ယောက်ထဲနေပါတယ်။ ကလေးဆိုပေမယ့် အရွယ်ရောက်ပြီးသားမိန်းမတစ်ယောက်တစ်ယောက်လို ဝတ်စားပြင်ဆင်ခြယ်သပြီး အနေအထိုင်ကလည်း လူကြီးတစ်ယောက်လိုပါပဲ။တစ်နေ့မှာ ရဲတွေက သူတို့အိမ်ထဲအတင်းဝင်လာပြီး သူ့ကို လူငယ်တွေကိုစောင့်ရှောက်ပေးတဲ့ ဂေဟာတစ်ခုကိုပို့ခဲ့ပါတယ်။အဲ့ဒီမှာ သူမရဲ့အခန်းဖော်အသစ် Samiaနဲ့ ဝန်ထမ်းဖြစ်တဲ့ Jaydenတို့နှစ်ယောက်နဲ့ မိတ်ဆွေဖြစ်လာပါတယ်။သူတဖြည်းဖြည်းနားလည်လာတာက သူ့အဖေနဲ့ဝေမျှခဲ့တဲ့အချစ်တွေက သူထင်ခဲ့သလိုမျိုးမဟုတ်ဘူးဆိုတာပါပဲ။သူ့မိတ်ဆွေတွေရဲ့ အကူအညီနဲ့ Dalvaက သူ့childhoodကိုပြန်ယူနိုင်ခဲ့ပါတယ်။ ဒီရုပ်ရှင်က စိတ်ကူးယဥ်ဖန်တီးချက်ဆိုပေမယ့် ဒီလိုအဖြစ်အပျက်မျိုးတွေရဲ့ real-life victimsတွေအပြင်မှာ အများကြီး ရှိပါတယ်။ ကြည့်ရတာ တစ်ချက်တစ်ချက် မသက်မသာဖြစ်ရပါတယ်။ ကလေးတစ်ယောက်နဲ့မလိုက်အောင် မှန်သလား မှားနေသလားတောင်မစဥ်းစားနိုင်အောင် အဖေဖြစ်သူဆီက brain-washedခံထားရတဲ့ Dalvaရဲ့ လုပ်ရပ်တွေကတစ်ခါတလေလန့်စရာလည်းကောင်းနေပါတယ်။ ရုပ်ရှင်က ရဲတွေဝင်ဖမ်းတဲ့အချိန်နဲ့စထားပြီး Dalvaရဲ့ အော်သံက “Jacques!” ဖြစ်ပြီး “Dad”မဟုတ်ပါဘူး။သူ့အဖေရဲ့ fantasyထဲက အမျိုးသမီးပုံစံအတိုင်း 1987ခုနှစ်ကလိုမျိုး ပုလဲနားကပ်တွေဇာအင်္ကျီတွေ တောက်လျှောက်ဝတ်လာခဲ့တဲ့ Dalvaလေးက ရုပ်ရှင်အဆုံးမှာရိုးရိုး တီရှပ် hoodieဝတ်ထားတဲ့အခါ တကယ့်ကလေးရုပ်လေးနဲ့ပြန်လိုက်ဖက်သွားပါတယ်။ ရုပ်ရှင်ရဲ့ main castတွေက professionalတွေ မဟုတ်တော့ တကယ့်လူအစစ်တွေရဲ့အဖြစ်အပျက်ကိုကြည့်နေရတာနဲ့တူပါတယ်။ ဒီရုပ်ရှင်ကို ကြည့်လို့ခံသာတာတစ်ခုက ဒါရိုက်တာရဲ့ abuserက victimအပေါ် အာရုံစိုက်တဲ့အပိုင်းတွေထည့်မရိုက်ထားလို့ လို့ပြောနိုင်ပါတယ်။အစကနေ အဆုံးထိတစ်ထိုင်တည်း မထတမ်းကြည့်ချင်နေမယ့်ရုပ်ရှင်မျိုးပါပဲ။...

{21+} Gorgeous Neighbour (FSDSS-569) ⭐⁉️ 🎬 ##Adult #Asian 🗓 ⁉️ 🎞 Movie 🌎 #⁉️ ⏰ 1 နာရီ 58 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ran Kamiki တဲ့ အတော်ချောပြီး အတော်လေးချစ်စရာကောင်းနေရောသူမရဲ့ နှုတ်ခမ်းဖူးဖူးလေးတွေက အတော်ဆွဲဆောင်မှုရှိတယ်သူမမှာ ရည်းစားရှိပါတယ်ညနေခင်းတစ်ခုမှာ သူ့ကောင်လေးအခန်းကိုထမင်းအတူစားမယ်ဆိုပြီး လိုက်သွားခဲ့ပါတယ်ပြီးတော့… ဟိုဖက်အခန်းမှာ အထီးကျန်ပြီးသူက သူ့အမျိုးသမီးကို တမ်းတစိတ်တွေဖြေဖျောက်ဖို့သီးချင်းအကျယ်ကြီး ဖွင့်ပြီး နေမိပါတယ် Ran Kamiki တို့အတွဲ သွားပြီးတောင်းပန်ချိန်မှာRan Kamiki ရဲ့ အလှတရားတွေ တွေ့သွားတဲ့ အချိန်….ဆင်ဆာရဲ့ ဝါးတားတားအဖက်တွေကိုလျှော့ချထားတဲ့ decencord ဗားရှင်းကို တင်ဆက်ပေးထားပါတယ် (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...

Music School (2023) ⭐IMDB: 7.7/10 (656 Votes) 🎬 #Bollywood #Drama #Musical #Music 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 11 မိနစ် 31 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Music School (2023)IMDb-9/10 IMDbကတော့ နိုင်းလောက်ရှိသဗျို့။ the sound of music ဆိုတဲ့ ဂန္တဝင်တေးဂီတကားကြီးကိုအခြေခံထားတဲ့ဇာတ်လမ်း။3Idiotsထဲက အဆောင်တွေလက်ဖွဲ့တွေယုံကြည်သူ ရာဂျူး ခေါင်းဆောင်ပါဝင်ထားတဲ့ဇာတ်လမ်း။ဂီတကားဖြစ်တဲ့အတွက် ဂီတကိုချစ်မြတ်နိုးတဲ့သူတွေ နှစ်သက်သဘောကျစေမှာပါ။ သားသမီးတွေကို ပညာရေးပဲအာရုံစိုက်စေချင်ပြီးအင်ဂျင်နီယာကြီး ဆရာဝန်ကြီးတွေဖြစ်စေချင်ပေမယ့် လူငယ်တွေရဲ့ ရင်ထဲကရူးသွပ်တဲ့ဂီတအနုပညာကိုနားလည်မပေးကြ။ ငါ့သား ငါ့သမီးလေးက အတန်းထဲမှာ အဆင့်တစ် ထိပ်ဆုံးကဆိုပြီး လက်မထောင်ချင်ကြတဲ့မိဘတွေ။ဒီလိုမိဘတွေရဲ့ဖိနှိပ်ချုပ်ချယ်မှုတွေကြားကနေပဲ ရင်ထဲကပေါက်ဖွားလာတဲ့အနုပညာကိုပုံဖော်ကြတဲ့ လူငယ်လေးတွေရဲ့ကြိုးစားအားထုတ်မှုတွေ ဖန်တီးတင်ဆက်နိုင်ပုံတွေကိုတေးဂီတဆရာမနဲ့ ပြဇာတ်ဆရာတို့က ဦးဆောင်လမ်းပြပြီး ဂန္တဝင်တေးဂီတပြဇာတ်တစ်ပုဒ်ကိုဖန်တီးတင်ဆက်ထားပါတယ်။ စာကြွင်းအနေနဲ့ ကျွန်တော်က နာမည်ကြီးသီချင်းတွေ ဘာတွေကိုဇာတ်ဝင်တေးယူသုံးထားရင် သဘောကျတဲ့ထဲပါပါတယ် တိုက်ဆိုင်သွားတတ်တာပေါ့ဒီဇာတ်ကားလေးက အိန္ဒိယကားဆိုပေမဲ့ အပိတ်သီချင်းလေးက” so long farewell auf wiedersehen goodbye” ဆိုတဲ့The sound of music ဂန္တဝင်တေးကိုပဲ အကနဲ့ဖျော်ဖြေထားတဲ့ပုံကကျွန်တော်သိပ်ကြိုက်ခဲ့တဲ့ Ted Lasso စီးရီးထဲက နည်းပြကြီး Ted Lasso ကိုနှုတ်ဆက်ခန်းကို ပြန်သတိရသွားတာမို့ မျက်ရည်လေးများတောင့်စို့မိတဲ့ပီတိအရသာလေးရတာမို့ ရင်ဘတ်ချင်းတူမဲ့ ဘော်ဒါတွေအတွက် လက်မလွတ်ခံဖို့ ကြိုပြောပြပေးလိုက်ပါတယ် (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ YH~V~Moon~Saiiတို့ပဲဖြစ်ပါတယ်)...

The Curse (2022- ) ⭐IMDB: 6.7/10 (2 k Votes) 🎬 #Comedy #Crime #Drama 🗓 2022- 🎞 tv series 🌎 #UnitedKingdom ⏰ 26 မိနစ် 16 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Curse – Season (01)The Curse – Season (01) ================== IMDb Rating – 6.7/10အချိန်အားဖြင့် ၁၉၈၀ ကာလအစောပိုင်းတစ်ခု၊ နေရာအားဖြင့် မြို့တော် လန်ဒန်မှာ ကုန်လှောင်ရုံဓားပြတိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဓားပြတွေ ကတော့ မိန်းမမျက်နှာ တစ်ကမ္ဘာ‌ဆိုတဲ့ အဲလ်ဘတ်ရယ်၊ ဘာနေနေသံယောင် လိုက်တတ်တဲ့ မစ်ခ်ရယ်၊ မိန်းမဖောက်ပြန်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကြေကွဲလူငယ်ဖြစ်နေတဲ့ ဆစ် ဒနီရယ်၊ စဆရကသိပ်လုပ်တတ်တဲ့ ဖေးလ်ရယ် မတည့်မတူနေ သူငယ်ချင်း တွေပါ။ ဒေါ်လာငါးသောင်းရနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဓားပြတိုက်ပွဲဝင် ခဲ့ကြတဲ့သူတွေပေါ့။ ဒါပေမဲ့ ဒေါ်လာငါးသောင်းမကတန်တဲ့ ရွှေတုံးတွေပါ အဲဒီကုန်လှောင်ရုံထဲကို ရောက်ရှိနေခဲ့ပါတယ်။ အခွင့်အရေးဆိုတာ လက်မလွှတ်ကောင်းဘူးဆိုတော့ လည်း ရှိတဲ့ရွှေတွေပါ မကြတော့တာပေါ့။  ဒါပေမဲ့ သူတို့မသိလိုက်တာက အဲဒီ ရွှေတွေက ဆိုးရွားတဲ့ ကျိန်စာမိထားတဲ့ရွှေတွေပါ။  ဒီတော့ သူတို့တွေ အဲဒီရွှေ တုံးတွေနဲ့ ဘယ်လိုနှစ်ပါးသွားဆက်ကကြမလဲဆိုတာ ရယ်ရင်းမောရင်းနဲ့ပဲ ကြည့် ရှုကြရဦးမှာပေါ့ဗျာ။လန်ဒန်မှာဆိုတော့ လန်ဒန်ရဲတွေ ရှိတာပေါ့ ဆိုသလိုပဲ ကိုယ်လူချောတို့ ရဲတွေ လက်ကနေ ဘယ်လိုလွတ်အောင် ပြေးကြဦးမလဲပေါ့။ သေချာတာတော့ မအေး အေးဝင်း စီစဉ်တဲ့စီးရီးမဟုတ်တာမို့ အဆုံးသတ်ကိုတော့ ခန့်မှန်းလို့မရပါဘူး။ Season 2 ထိ ထွက်ရှိထားပြီး CM မှဆက်တိုက်တင်ဆက်ပေးသွားမှာမို့ စောင့် မျှော်ကြည့်ရှုအားပေးကြပါဦး။(ဒီစီးရီးရဲ့ အညွှန်းကို May Thet Khine Soe မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size………….(250 MB) / (700 MB)...

The Slumber Party (2023) ⭐IMDB: 5.8/10 (327 Votes) 🎬 #Comedy #Family 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 22 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ Disney ရဲ့ Comedy, Family အမျိုးအစား The Slumber Party ဆိုတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဒီဇာတ်လမ်းအကျဉ်းလေးကတော့ မက်ဂန်နဲ့ သူ့ရဲ့သူငယ်ချင်းတစ်စု အန်နာမာရီယာရဲ့မွေးနေ့မှာ ပါတီကျင်းပရင်းဖြစ်ပေါ်လာတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် စိတ်ရောဂါဆရာဝန် အဖေနှစ်ယောက်ရှိတဲ့ LGBTမိသားစုကနေ မွေးဖွားလာတဲ့ မက်ဂန်၊ အမြဲတက်တက်ကြွကြွနေတတ်ပြီး သတ္တိရှိတဲ့ မက်ဂန်ရဲ့ ငယ်သူငယ်ချင်း ပေ့ခ်ျ၊ သူ့ရဲ့မွေးနေ့မှာ အဖေက နောက်အိမ်ထောင်ပြုတော့မှာကြောင့် စိတ်ရှုပ်နေတဲ့ အန်နာမာရီယာ၊ အန်နာမာရီယာရဲ့ညီအစ်မတော်ဖို့ ဖြစ်လာတဲ့ ဗရော်နီကာ၊ အဖေနှစ်ယောက်ရဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် လူငယ်သဘာဝအတိုင်း လွတ်လွတ်လပ်လပ်မနေတတ်ဘဲ အမြဲထိန်းချုပ်ပြီး‌နေတတ်တဲ့ မက်ဂန်ဟာ အန်နာမာရီယာ့မွေးနေ့မှာတော့ သူရဲ့ထိန်းချုပ်မှုတွေ ပူပန်မှု‌တွေကိုမေ့ပစ်ပြီး သူငယ်ချင်းတွေနဲ့အတူတူ အသစ်အဆန်းတွေလုပ်ကြည့်မယ်လို့ ဆုံးဖြတ်လိုက်ရင်း….. အစ်မရဲ့မွေးနေ့အတွက် အမှတ်တရဖြစ်အောင် ဗရော်နီကာ ဖိတ်ပေးထားတဲ့ မှော်ဆရာကလည်း သူတို့ကို စိုးရိမ်ပူပန်မှုအကုန်မေ့ပျောက်ပြီး စိတ်လွတ်လက်လွတ် ပျော်ပျော်နေကြဖို့ စိတ်ညှို့‌ပေးလိုက်တဲ့ အခါမှာတော့…. သူတို့သူငယ်ချင်းတစ်စု ဘာတွေဆက်ဖြစ်မလဲဆိုတာ…. အခုပဲကြည့်ကြည့်လိုက်ရအောင်...

Replicas (2018) ⭐IMDB: 5.4/10 (41 k Votes) 🎬 #Crime #Mystery #SciFi #ScienceFiction #Thriller #Drama #Action 🗓 2018 🎞 movie 🌎 #UnitedStates #UnitedKingdom #China #PuertoRico #Canada #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 UNICODE Replicas(2018) ဆေးကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေတဲ့ သူတစ်ယောက်ရှိတယ်…သူ့နာမည်က Will Foster လို့ခေါ်တယ်…  Will Foster.လုပ်နေတဲ့ကုမ္ပဏီရဲ့ အဓိက အလုပ်က  လူသေအလောင်းတွေရဲ့ ခန္ဓာကိုယ်ထဲကနေ မှတ်ဉာဏ်တွေကိုထုတ်ပြီး စက်ရုပ်တွေထဲကိုထည့်ပေးရတယ်…သေတဲ့သူကို အသက်ပြန်သွင်းခြင်းနည်းတစ်မျိုးပေါ့…ဒီသုတေသနာလုပ်ငန်းရဲ့ အရေးကြီးဆုံးဏ္ဍမှာ Will Foster. အဓိကပါဝင်နေတယ်.. ဒီလုပ်ငန်းရဲ့ အကျွမ်းကျင်ဆုံးပညာရှင်ဆိုလည်းမမှားဘူးပေါ့…သို့ပေမယ့်  လိုအပ်ချက်တစ်ချို့ရှိနေလို့ မအောင်မြင်သေးဘူ… တစ်နေ့တော့Will Foster  တို့မိသားစုဟာ အားလပ်ရက်မှာ ခရီးထွက်ကြတယ်… ဒီခရီးစဉ်က  Will Foster  အတွက် ကပ်ဆိုးကြီးကျရောက်ခြင်းပါပဲ..အဲ့ဒါကတော့ ကားမတော်တဆမှုကြောင့် မိန်းမရော သားသမီး ၂ယောက်ရောဆုံးပါးသွားခဲ့ရတယ်.. ဒီနောက်တော့  Will Foster  ဟာ မိသားစုကိုချစ်တဲ့စိတ်ကြောင့်  မလုပ်သင့်တာတွေလုပ်ဖို့ကြံစည်ပါတော့တယ်.. အဲ့ဒါကတော့ သူ့မိသားစုကို စက်ရုပ်တွေမယ် အသက်ပြန်သွင်းဖို့ပါပဲ.. ကိုင်း  Will Foster.တစ်ယောက်အောင်မြင်နိုင်ပါ့မလား ..ဆေးကုမ္ပဏီနဲ့ ဘယ်လိုပြသနာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးဗျ… မင်းသားကြီး Keanu Reeves အဓိက သရုပ်ဆောင်ထားပြီး မှုခင်း သိပ္ပံကားတွေကြိုက်တဲ့သူအတွက် အတော်ကြည့်လို့ကောင်းတဲ့ကားတစ်ကားဖြစ်ကြောင်း ပြောပါရစေ…. File Size : (910 MB) and (363 MB)Quality : 720p HCWEBRip,Format…mp4Duration…01:47:00Genre :  Crime, Mystery, Sci-FiSubtitle : Myanmar Subtitle (Hard Sub)Translated by Hein Thet NaingEncoded by Phyo Pyae ZAWGYI Replicas(2018) ဆေးကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေတဲ့ သူတစ်ယောက်ရှိတယ်…သူ့နာမည်ကWill Fosterလို့ခေါ်တယ်…Will Foster.လုပ်နေတဲ့ကုမ္ပဏီရဲ့ အဓိက အလုပ်က  လူသေအလောင်းတွေရဲ့ ခန္ဓာကိုယ်ထဲကနေ မှတ်ဥာဏ်တွေကိုထုတ်ပြီး စက်ရုပ်တွေထဲကိုထည့်ပေးရတယ်…သေတဲ့သူကို အသက်ပြန်သွင်းခြင်းနည်းတစ်မျိုးပေါ့…ဒီသုတေသနာလုပ်ငန်းရဲ့ အရေးကြီးဆုံးဏ္ဍမှာWill Foster. အဓိကပါ၀င်နေတယ်.. ဒီလုပ်ငန်းရဲ့ အကျွမ်းကျင်ဆုံးပညာရှင်ဆိုလည်းမမှားဘူးပေါ့…သို့ပေမယ့်  လိုအပ်ချက်တစ်ချို့ရှိနေလို့ မအောင်မြင်သေးဘူ… တစ်နေ့တော့Will Fosterတို့မိသားစုဟာ အားလပ်ရက်မှာ ခရီးထွက်ကြတယ်… ဒီခရီးစဥ်ကWill Fosterအတွက် ကပ်ဆိုးကြီးကျရောက်ခြင်းပါပဲ..အဲ့ဒါကတော့ ကားမတော်တဆမှုကြောင့် မိန်းမရော သားသမီး ၂ယောက်ရောဆုံးပါးသွားခဲ့ရတယ်.. ဒီနောက်တော့Will Fosterဟာ မိသားစုကိုချစ်တဲ့စိတ်ကြောင့်  မလုပ်သင့်တာတွေလုပ်ဖို့ကြံစည်ပါတော့တယ်.. အဲ့ဒါကတော့ သူ့မိသားစုကို စက်ရုပ်တွေမယ် အသက်ပြန်သွင်းဖို့ပါပဲ.. ကိုင်းWill Foster.တစ်ယောက်အောင်မြင်နိုင်ပါ့မလား ..ဆေးကုမ္ပဏီနဲ့ ဘယ်လိုပြသနာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးဗျ… မင်းသားကြီးKeanu Reevesအဓိက သရုပ်ဆောင်ထားပြီး မှုခင်း သိပ္ပံကားတွေကြိုက်တဲ့သူအတွက် အတော်ကြည့်လို့ကောင်းတဲ့ကားတစ်ကားဖြစ်ကြောင်း ေျပာပါရေစ…....

Heroes (2006) ⭐TMDB: 46.0% User Score 🎬 #Drama #Fantasy #SciFi #Thriller 🗓 2006 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 41 မိနစ် 58 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 လွန်ခဲ့သော ၁၇ နှစ်က Moving (သို့မဟုတ်) Heroes 2006 Season 1 2 3 4 completeအခုလက်ရှိ လူကြိုက်များနေတဲ့ Moving စီးရီးက အတော်ကောင်းပါတယ်။ အက်မင်လည်းကြည့်ပါတယ်။ Moving ကိုကြည့်ကြည့်မိချင်းမှာ ပြေးသတိရသွားတာကတော့ ၂၀၀၆ လောက်က အခွေနဲ့ စောင့်ကြည့်ခဲ့ရတဲ့ ဒီစီးရီးပါပဲ။ Moving လိုစီးရီးမျိုးကိုကြိုက်လို့ ခပ်ဆင်ဆင်ကြည့်ချင်တဲ့သူတွေ၊ စူပါပါဝါစီးရီးမျိုးကိုမှ English taste နဲ့ ကြည့်ချင်တဲ့သူတွေအတွက် ညွှန်းပေးရင်း ပြန်တင်ပေးထားတာပါ။ ဒီစီးရီးက အခွေခေတ်ကဆိုတော့ စီစန် -၁ ကတော့ Dvd 360p ပဲရှိပေမဲ့ ကျန်တဲ့စီစန်တွေကိုတော့ အကြည်တင်ပေးထားပါတယ်။ဒီစီးရီးဟာ စူပါဟီးရိုးကြိုက်သူတွေအတွက်တော့ ရွှေပါပဲ။ လူတိုင်းတစ်ယောက်ချင်းစီမှာ ထူးဆန်းတဲ့အစွမ်းတွေ ပိုင်ကြပါတယ်။ မိုးပေါ်ပျံနိုင်တာ၊ ဒဏ်ရာပြန်ကောင်းတာ၊ အချိန်ကိုထိန်းချုပ်နိုင်တာ စသဖြင့် အစွမ်းအစုံပါပါတယ်။ ဒီစီးရီးရဲ့ ကောင်းတဲ့အချက်ကတော့ ဇာတ်ကောင်အဆက်အစပ်ပါပဲ။ ဇာတ်ကောင်တွေဟာ တစ်နေရာစီ မဆိုင်သလိုဖြစ်နေပေမဲ့ တစ်ချိန်မှာ တွေ့ကြ ပေါင်းစပ်မိကြပြီး စွမ်းအားတွေကလည်း တစ်ယောက်နဲ့တစ်ယောက်ပေါင်းမှ အောင်မြင်မှာတွေ ဖြစ်လာပါတယ်။ ပေါင်းစပ်ပုံတွေကတော့ moving ထက် အတော်လေးကို ပိုရှုပ်ထွေးပြီး ဇာတ်အိမ်ပိုခိုင်ပါတယ်။ အပိုင်းပိုများလို့လည်း ဖြစ်မှာပါ။ နောက်ပြီး မိသားစုဒရာမာ၊ ညီအစ်ကိုဒရာမာတွေက အတော်ကောင်းပါတယ်။ ကိုရီးယားစတိုင်တော့မဟုတ်ဘဲ အမေရိကန်စတိုင် ဒရာမာပါပဲ။ နောက်ပြီး ရန်သူမိတ်ဆွေပုံသေမရှိဘဲ အခြေအနေရ တွဲကြ ခွဲကြတာတွေနဲ့ နောက်ကွယ်က ပဟေဠိဆန်ဆန်အဖွဲ့တွေနဲ့မို့ မထတမ်းကြည့်ချင်စရာတောင် ကောင်းပါတယ်။ မကြည့်ဖူးသေးရင် မြည်းကြည့်လိုက်ကြပါဦး။ Thit San Khant ===========...

Juang (2022) ⭐IMDB: 7.0/10 (102 Votes) 🎬 #Action #Drama #Family #Thriller 🗓 2022 🎞 movie 🌎 #Malaysia #Singapore ⏰ 1 နာရီ 59 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှာတော့ IMDB 7.1/10 ရရှိထားပြီး ကိုဗစ်ကပ်ရောဂါအကြောင်း ရိုက်ကူးထားတဲ့ Action/Drama/Thriller အမျိုးအစား မလေးဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မလေးရှား ရုပ်ရှင်ပွဲတော်မှာ ဆုနှစ်ဆုရရှိခဲ့ပြီး စကာတင်ဆယ်ခုဝင်ခဲ့တဲ့ ဒီဇာတ်ကားရဲ့နာမည်က “တိုက်ပွဲ”လို့ အဓိပ္ပါယ်ရပြီးတော့ ကိုဗစ်ကာလမှာ ရှေ့တန်းက တိုက်ပွဲဝင်ခဲ့တဲ့ ဟီးရိုးတွေအကြောင်းကို စုစုပေါင်း ဒါရိုက်တာ ၅ ယောက်က ဝိုင်းဝန်း ပုံဖော်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကိုဗစ်ကာလမှာ မလေးရှားအစိုးရက တရုတ်ပြည် ဝူဟန်မှာရှိ‌နေခဲ့တဲ့ သူ့နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ လေယာဉ်တစ်စီး စီစဉ်ပေးခဲ့ပါတယ်။ အားလုံးသိတဲ့အတိုင်း ကိုဗစ်စတင် ဖြစ်ပွားရာ ဝူဟန်ကိုဆိုရင် အားလုံးက ကြောက်လန့် တုန်လှုပ်ပြီး မသွားရဲ၊ အဲဒီက လာတဲ့သူတွေကိုဆို ရောဂါကူးစက်ခံထားရမလားဆိုပြီး သံသယမကင်းဖြစ်နေကြတာမို့ ကိုဗစ်ကာလရဲ့ အခက်အခဲ အတားအဆီးများစွာကြား အဲဒီလေယာဉ်ပေါ်မှာ လိုက်ပါခဲ့ကြတဲ့ လေယာဉ်အမှုထမ်းတွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ဝူဟန်က ခရီးသည်တွေအကုန်လုံးကို စာရင်းအတိအကျနဲ့ ပြန်ခေါ်လာနိုင်မလား၊ လေယာဉ်ပေါ်က ဝန်ထမ်းတွေအကုန်လုံးရော ပြန်လိုက်ပါလာနိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။ ကိုဗစ်ကာလတုန်းက လမ်းတွေပိတ်၊ ကားတွေစစ်၊ ဖြတ်သန်းခွင့်မရှိရင် မသွားရဆိုပြီး တားမြစ်မိန့်တွေလည်း ထုတ်ခဲ့တာမို့ အဲဒါအမိန့်ကို ဆောင်ရွက်ရတဲ့ ဝန်ထမ်းတွေနဲ့ အဲဒီအမိန့်ကို မလွှဲမရှောင်သာ ဖောက်ဖျက်ရတဲ့သူတွေ၊ ကိုယ်မှန်တယ်ထင်ရင် လုပ်ချင်ရာလုပ်မယ်ဆိုတဲ့ အတ္တသမားတွေ၊ ကိုယ်အဆင်ပြေဖို့ပဲအရေးကြီးပြီး ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့လူတွေရဲ့ အတ္တလောဘတွေ၊ ပစ္စည်းမလောက် လူအင်အားမရှိဘဲ ရှေ့တန်းက တိုက်ခိုက်ခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အခက်အခဲတွေ၊ အရေးကြုံရင် ရှိတဲ့ပစ္စည်း ရှိတဲ့လူအင်အားနဲ့ အရေးပေါ်အသက်ကယ်ဆယ်ရေး ဘယ်လိုလုပ်ရမလဲဆိုတဲ့ ဗဟုသုတတွေ၊ ကိုဗစ်ကာလရဲ့ နာကျင်ဖွယ်၊ သံဝေဂရဖွယ် ဒုက္ခမျိုးစုံကိုပါ ကွင်းကွင်းကွက်ကွက် မြင်သာအောင် ထည့်သွင်းရိုက်ကူးထားတာမို့ ခံစားချက်မျိုးစုံရရှိစေမယ့် ဇာတ်ကားလေးတစ်ကား ဖြစ်မှာအမှန်ပါ။ (ဒီဇာတ်ကားရဲ့ အညွန်းနဲ့ဘာသာပြန်ကတော့ Emily ပါ)...

Bloodstone: Subspecies II (1993) ⭐TMDB: 53.0% User Score 🎬 #Fantasy #Horror #Thriller 🗓 1993 🎞 video movie 🌎 #Romania #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ Subspecies 2: Blood Stone ကားလေးပါ။ ပထမကားမှာ မီရှယ်တို့ သူငယ်ချင်း ၃ယောက် သုတေသနလုပ်ရင်း ၂ယောက်ကသေ၊ မီရှယ်က သွေးစုပ်ဖုတ်က‌ကောင်ဖြစ်သွားတဲ့နေရာမှာ ဆုံးသွားခဲ့တာပါ။ ဒီကားထဲမှာတော့ ရာဒူးက မီရှယ် နဲ့ သူ့ရဲ့ချစ်သူ စတတ်ဖန် တို့ အိပ်နေတဲ့အချိန် စတတ်ဖန်ကို သတ်ပြီး သွေးကျောက်တုံး ခိုးမဲ့နေရာကနေ ပြန်စထားပါတယ်။ စတတ်ဖန် နဲ့ မီရှယ့် ကို ရာဒူးက သတ်ပြီး သွေးကျောက်တုံးကို ခိုးဖို့ကြံစည်ထားပေမဲ့ စတတ်ဖန်ကို သတ်ပြီး မီရှယ့်ကို သတ်မဲ့အချိန်ကျမှ နေထွက်လာတာကြောင့် မခိုးလိုက်နိုင်ခဲ့ပါဘူး။ အဲဒါနဲ့ မီရှယ်လည်း သွေးကျောက်တုံး ခိုးပြီး ထွက်ပြေးသွားပါတယ်။ အဲဒီသွေးကျောက်တုံးရော မီရှယ့်ကို ပါ လိုချင်နေတဲ့ ရာဒူးကတော့ မရမကလိုက်ရှာရင်း ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကတော့ ဆက်လက်ရှုစားအားပေးလိုက်ကြပါဦးလို့…….....

Jason and the Argonauts (1963) ⭐TMDB: 71.0% User Score 🎬 #Action #Adventure #Family #Fantasy 🗓 1963 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Jason and the Argonauts (1963) ~ IMDb – 7.3/10, Rotten Tomatoes – 89% ~ ဂရိနတ်ဘုရားတွေနဲ့ သူရဲကောင်းတွေ စွန့်စားခန်း‌တွေကို အမျိုးမျိုး ရိုက်ကူးကြရာမှာ ဒီကားကတော့ သူရဲကောင်းအ‌ကျော်အ‌မော်ဂျေဆင်နဲ့ သူ့အဖွဲ့သား အာဂိုနပ်စ်တွေရဲ့ ရွှေသိုးရှာဖွေတဲ့ စွန့်စားခန်းခရီးအကြောင်း 1963 ခုနှစ်ထွက်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇုစ်နတ်ဘုရားက ပလိုင်ရက်စ်ကို သက်စ်လေတိုင်းပြည်ကို အောင်နိုင်ဖို့ ဆုပေးပေမဲ့ နောင်ကျရင် သက်စ်လေဘုရင်ရဲ့မျိုးဆက်က ပလိုင်ရက်စ်ကို လက်စားချေမှာလို့ ဟောကိန်းရှိတဲ့အတွက် ပလိုင်ရက်စ်က ဘုရင်ရဲ့သားသမီး ၃ယောက်လုံးကိုပါ သတ်ဖို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သားတော်ဂျေဆင်က အစောင့်နဲ့အတူ ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့အခါ… ဂျေဆင်အရွယ်ရောက်လာတဲ့အခါ သက်စ်လေပြည်ကို ပြန်သိမ်းပြီး ပလိုင်ရက်စ်ကိုသတ်ဖို့ လိုက်ရှာပါတော့တယ်။ ဇုစ်ရဲ့မိဖုရား ဟယ်ရာက ဂျေဆင်ကို အလုံးစုံကူညီပေးချင်ပေမဲ့ ဇုစ်က အကြိမ်အရေအတွက်ကန့်သတ်ထားပြီး နတ်ဘုရား‌ မောင်နှံ၂ပါး အားပြိုင်တဲ့အခါ… ပလိုင်ရက်စ်ကို သတ်ပြီး သက်စ်လေတိုင်းပြည် ကြွယ်၀ချမ်းသာ ငြိမ်းချမ်းဖို့ ရွှေသိုးရှိရမယ်လို့ဟောကိန်းရှိတဲ့အတွက် ဂျေဆင်က သူ့အဖွဲ့သား အာဂိုနပ်တွေနဲ့ ရေကြောင်းခရီး ရွက်လွှင့်ခဲ့ပါတယ်။ ခရီးစဉ်တစ်လျှောက် ကြုံတွေ့ရတဲ့အန္တရာယ်တွေကို ရင်ဆိုင်ပုံနဲ့ ရွှေသိုးကို ကိုးကွယ်တဲ့ ကော်လ်ခိစ်တိုင်းပြည်က ခိုးယူပုံ၊ နတ်ဘုရားတွေ စောင်မကြည့်ရှုပုံတွေကို မြိုင်မြိုင်ဆိုင်ဆိုင် ရှုစားရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...

Darkland (2017) ⭐IMDB: 6.6/10 (7 k Votes) 🎬 #Action #Crime #Drama #Thriller 🗓 2017 🎞 movie 🌎 #Denmark ⏰ 1 နာရီ 54 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Darkland (2017) ~ IMDb – 6.6/10, Rotten Tomatoes – 56% ~ ဒီကားလေးက ဒိန်းမတ် အက်ရှင်ဒရာမာမှုခင်းကားလေးတစ်ကားဖြစ်ပါတယ်။ ဇိတ်က အောင်မြင်တဲ့နှလုံးခွဲစိတ်ဆရာ၀န်တစ်ယောက်ဖြစ်ပြီး စတိိန်းလို့ခေါ်တဲ့ ဇနီးချောချောလေးတစ်ယောက်ရှိတဲ့အပြင် သားတစ်ယောက်လည်းရတော့မှာပါ။ သောကြာညတစ်ညမှာ မိတ်ဆွေတွေနဲ့ ညစာစားနေတုန်း ညီဖြစ်သူ “ရာဇင်း” ရောက်လာပြီး အကူအညီလာတောင်းပါတယ်။ ဇိတ်ကငြင်းလိုက်ပြီး နောက်တစ်ရက်မှာတော့ ညီဖြစ်သူက ဆေးရုံရဲ့အရေးပေါ်ခန်းကို ဒဏ်ရာအပြည့်နဲ့ရောက်ရှိလာပြီး သေဆုံးသွားပါတော့တယ်။ အဲဒီနောက်ပိုင်း ဇိတ်ရဲ့ဘ၀က ကမ္ဘာကြီးပြောင်းပြန်လှန်လိုက်သလိုဖြစ်သွားတော့တာပါ။ အမှုကို ရဲတွေလက်အပ်ထားခဲ့ပေမဲ့ ဒီကကိုလှရွှေတွေလိုပဲ သိပ်အကူအညီမဖြစ်တော့ အပြစ်ရှိစိတ်ရှိနေတဲ့ဇိတ်က သူကျင်လည်ခဲ့ဖူးတဲ့ဘ၀ကိုပြန်သွားပြီး ညီဖြစ်သူအတွက် တရားမျှတမှုကို လိုက်ရှာပါတော့တယ်။ ဒီကားရဲ့ဇာတ်ညွှန်းဆရာတစ်ဖြစ်လဲ ဒါရိုက်တာက သူ့ရဲ့ညီ ဂိုဏ်းတစ်ခုနဲ့ပတ်သက်မိပြီး ဒုက္ခရောက်ခဲ့ဖူးတဲ့ လက်တွေ့ဘ၀အတွေ့အကြုံကိုမူတည်ပြီး ရိုက်ခဲ့ပါတယ်လို့ဆိုထားပါတယ်။ ‌ဆုတွေလည်း (၇)ခုလောက် ရထားပြီး Nomi (၁၉)ခုလောက်ရထားတဲ့ ဒီကားလေးကို အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...

Narcosis (2022) ⭐IMDB: 7.0/10 (454 Votes) 🎬 #Drama #Mystery #Romance 🗓 2022 🎞 movie 🌎 #Netherlands ⏰ 1 နာရီ 52 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Narcosis (2022) ပူဆွေးသောကဆိုတာ လူတိုင်းမှာရှိစမြဲပါ။ တချို့ကတော့ ဒီသောကကို ယစ်မူးစေတတ်တဲ့အရာတွေနဲ့ ဖြေသိမ့်တတ်ကြတယ်။ တချို့ကျတော့ ကိုယ့်ရဲ့အချစ်ဆုံးသောသူတွေရဲ့မေတ္တာကြောင့် ဒီအပူတွေက အလိုလိုငြိမ်းသွားတတ်ကြပါတယ်။ တချို့ကျတော့ ကြုံကြုံသမျှအခက်အခဲမှန်သမျှကို ကိုယ်တစ်ယောက်တည်း ရင်ဆိုင်ဖြေရှင်းရတာပေါ့။ ဒီဇာတ်ကားမှာတော့ အဖြစ်ဆိုးတစ်ခုနဲ့ တွေ့ကြုံလိုက်ရတဲ့ မိသားစုတစ်စုရဲ့ ရင်ဆိုင်လာရတဲ့ ပြဿနာတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြလဲဆိုတာကို ရှုမြင်ရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ နာမည်ကြီး ဒတ်ခ်ျဒါရိုက်တာ Martijn de Jong ကိုယ်တိုင်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ဆုပေါင်း ၉ ခုနဲ့ IMDb ဆို 7/10 အထိရရှိထားပါသေးတယ်။ ဒီဇာတ်ကားမှာဆိုရင်တော့ ရိုးရှင်းမှုရဲ့သဘောသဘာဝကို ကွက်ကွက်ကွင်းကွင်းမြင်အောင် CGI တွေကိုလည်း လျှော့သုံးထားပါတယ်။ သည်းထိတ်ရင်ဖိုကြိုက်တတ်တဲ့သူတွေအတွက်တော့ အားမရတာမျိုးဖြစ်စေနိုင်ပေမဲ့ ရိုးရိုးလေးတွေကြိုက်တတ်တဲ့သူတွေအတွက်တော့ ဖီးလ်အပြည့်ပေးစွမ်းနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...

One Cut Two Cut (2022) ⭐IMDB: 4.5/10 (551 Votes) 🎬 #Bollywood #Comedy 🗓 2022 🎞 movie 🌎 #India ⏰ 1 နာရီ 29 မိနစ် 3 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 One Cut Two Cut (2022) One cut two cutဆိုလို့ သွေးသံတရဲရဲနဲ့ သတ်မယ်ဖြတ်မယ်ဇာတ်ကားမျိုးတော့မဟုတ်ပါဘူး။ကြည်နူးဖို့ကောင်းပြီး အလွဲလွဲအချော်ချော် ဟာသတွေနဲ့ကြည့်ရှုရမဲ့ ကန်နဒါဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း အမေဖြစ်စေချင်တဲ့ အလုပ်ကောင်းကောင်းရဖို့နဲ့ အိမ်ထောင်ပြုဖို့ဆိုတဲ့ဆန္ဒတွေကို ဥပေက္ခာပြုထားတဲ့လက်မှုပညာနဲ့ဘွဲ့ရထားသူ လူပျိုသိုးကြီး ဂိုပီ…။ဂိုပီဟာ လက်မှုပညာမှာတစ်ဖက်ကမ်းခပ်ကျွမ်းကျင်ပေမဲ့ကြောင်တောင်တောင်နိုင်တဲ့ အဝတ်အစားတွေ ပုံစံတွေကြောင့် ပတ်ဝန်းကျင်ကအလှောင်ပြောင်ခံရသူတစ်ယောက်။ ဂိုပီတစ်ယောက် အစိုးရကျောင်းတစ်ကျောင်းမှာ ဆရာတစ်ယောက်အနေနဲ့ပထမဆုံးအလုပ်ဝင်တဲ့နေ့မှာပဲ လူတွေအာရုံစိုက်တာခံချင်တဲ့လူတစ်စုကစပိန်ဘဏ်ဓားပြတိုက်တဲ့ စီးရီးထဲကလို ဝတ်စုံတွေ မျက်နှာဖုံးတွေနဲ့ရောက်ချလာပြီးကျောင်းသားတွေကို ဓားစာခံအနေနဲ့ ဖမ်းဆီးထားပါတော့တယ်။ ဒီမှာပဲ ဆရာဂိုပီတစ်ယောက် Money Heistစီးရီးထဲကလို ဝတ်စုံနဲ့လူတွေကို ဘယ်လိုရင်ဆိုင်ပြီးကျောင်းသားတွေကို ကယ်တင်လိုက်နိုင်မလားဆိုတာ အလွဲလွဲအချော်ချော်‌တွေနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Moon~V~Dee~Yunni တို့ပဲဖြစ်ပါတယ်။)...