ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Happy Death Day (2017) ⭐IMDB: 6.6/10 (171 k Votes) 🎬 #Comedy #Horror #Mystery #Thriller 🗓 2017 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Happy Death Day (2017) IMDb Rating (6.6) / Rotten Tomatoes (71%) Thiller ဇာတ်ကားကောင်းလေးကြည့်ချင်သူများအတွက် ဒီကားကတော့ လုံးဝအမိုက်စားပါပဲ။Before I Fall ဇာတ်ကားလေးနဲ့ပုံစံတူပါတယ်။ဒီကားလေးမှာကတော့ပိုပြီးစိတ်လှုပ်ရှားစရာကောင်းပြီး Mystery ဆန်တဲ့ပုံစံကိုတွေ့ရမှာပါ။လူ့ရုပ်သကန်ကိုသေချာပြဆိုနိုင်တဲ့ဇာတ်ကားမျိုးတွေပါ။လူဆိုတာမျိုးကဘာမှမဖြစ်ခင်မှာတော့ဘာမှမဖြစ်သလိုပေါ့ပေါ့နဲ့ကိုယ့်ယူဆချက်နဲ့ကိုယ်နေထိုင်ကြပေမယ့်တကယ်တမ်းအကျဉ်းကျပ်ထဲရောက်ချိန်မှာတော့ပြောင်းလဲလာတတ်ကြတာပါပဲ။ ဇာတ်လမ်းလေးကတော့…ထရီဇာဆိုတဲ့ကောလိပ်ကျောင်းသူလေးတစ်ယောက်ဟာတနင်္လာနေ့တစ်မနက်မှာကာတာဆိုတဲ့ကျောင်းသားအဆောင်လေးထဲမှာနိုးထလာခဲ့ပါတယ်။ညဖက်ပါတီမှာအသေသောင်းကျန်းပြီးယောကျာ်လေးတစ်ယောက်ရဲ့အခန်းမှာရောက်မနက်အိပ်ရာနိုးရတယ်ဆိုတာကိုကြည့်ခြင်းအားဖြင့်ထရီဇာရဲ့ဇာတ်ကောင်သဘာဝကိုသိနိုင်ပါတယ်။ခေတ်ဆန်ဆန်ပိုက်ဆံရှိမိဘအသိုင်းအဝိုင်းကလာပြီးကိုယ်စိတ်ထင်သလိုလုပ်နေတဲ့ကျောင်းသူလေးတစ်ယောက်ပါပဲ။ ဒီနေရာမှာဇာတ်ကားကိုစိတ်ဝင်စားစေတာကတော့အဲဒီနေ့ဟာသူ့မွေးနေ့ဖြစ်နေပါတယ်။မနက်နိုးလာကတည်းကညအထိပုံမှန်လိုပဲဖြတ်သန်းလာခဲ့ပေမယ့်ညနက်ပိုင်းပါတီကိုသွားတဲ့လမ်းရောက်တဲ့အချိန်မှာပဲသူ့ဘဝစကြမ်းပြီလို့ပြောရမှာပါပဲ။ညဖက်ပါတီကိုသွားရင်လမ်းမှာလူတစ်ယောက်ရဲ့လက်ချက်နဲ့အသတ်ခံလိုက်ရတာပါ။ ဇာတ်လမ်းကအဲဒီမှစတာပါ။သူအသတ်ခံလိုက်ရပြီးရုတ်တရတ်ပြန်နိုးလာပါတယ်။နိုးလာတဲ့နေရာကလည်းမနက်ကသူနိုးလာတဲ့အခန်းသူနိုးလာတဲ့ပုံစံအတိုင်းသူ့မွေးနေ့မှာပဲသူပြန်နိုးလာခဲ့တာပါ။ အိပ်မက်လိုလိုဘာလိုလိုနဲ့ဦးနှောက်ခြောက်နေရင်းထရီဇာတစ်ယောက်အဲဒီညမှာလူသတ်သမားလက်ချက်နဲ့နောက်တစ်ခါအသတ်ခံလိုရပြီးတဲ့အခါမှာတော့သူပြန်လည်နိုးထလာချိန်မှာ Happy Birthday မဟုတ်ပဲ Happy Death Dayဖြစ်နေပြီး ရက်တစ်ရက်ထဲမှာပဲပိတ်မိနေတော့တာပါပဲ။ ထရီဇာတစ်ယောက် အဲဒီတစ်ရက်တည်းမှာပဲအဖန်တလဲလဲနိုးထလာလိုက်သေဆုံးလိုက်နဲ့သံသရာလည်နေရင်းလူတွေအကြောင်း၊သူ့အကြောင်းကိုသူပိုသိလာပါတော့တယ်။သူ့ပတ်ဝန်းကျင်ကလူတွေအကြောင်းပိုသိလာတယ်။ဟန်ဆောင်မှုတွေကြားကလူတွေရဲ့မျက်နှာဖုံးတွေကိုလည်းမြင်လာပါတယ်။တဖြေးဖြေးနဲ့စိတ်ညစ်လာတဲ့ထရီဇာတစ်ယောက်၊ ဘဝမှာသူ့စိတ်တိုင်းကျလုပ်ချင်ရာလုပ်ခဲ့တဲ့ထရီဇာတစ်ယောက်အခုတော့သူလိုချင်တာမနက်ဖြန်ဆိုတဲ့ဆုတောင်းပဲရှိပါတော့တယ်။ ဒါဟာကျွန်တော်တို့သတိမပြုမိတာဒါရိုက်တာပြလိုက်တာပါပဲ။မနက်ဖြန်ပေါင်းများစွာရှိတဲ့အချိန်တုန်းကတန်ဖိုးမထားပဲအီလေးဆွဲခဲ့ပေမယ့်အဲဒီမနက်ဖြန်ကိုလက်လွှတ်လိုက်ရချိန်တစ်နည်းအားဖြင့် နောက်ထပ်အခွင့်အရေးမရှိတော့ချိန်မှာတမ်းတကြတာသဘာဝပါပဲ။ ဒီကားလေးကတော့ စိတ်လှုပ်ရှားစရာ၊စဥ်းစားစရာလေးတွေနဲ့တင်ဆက်ထားတဲ့အတွက်တစ်မျိုးတစ်ဖုံခံစားမှုရစေမှာပါ။လူသတ်သမားကရောဘယ်သူလဲ၊ ဘာကြောင့်သူ့ကိုသတ်ရတာလဲ၊Happy Birthdayနေ Happy Death Day ဖြစ်သွားရှာတဲ့ထရီဇာတစ်ယောက်ရောအဲဒီသံသရာထဲကလွတ်မြောက်နိုင်မှာလားဆိုတာကတော့……..။ Happy Death Day (2017) နဲ့ Happy Death Day 2U (2019) ဆိုတဲ့ အဆက်ရုပ်ရှင် ၂ ကားရှိပြီး ၂ ကားလုံးကို CM မှာ တင်ဆက်ထားပါပြီ။...
Happy Death Day 2U (2019) ⭐IMDB: 6.2/10 (89 k Votes) 🎬 #Comedy #Horror #Mystery #SciFi #Thriller #ScienceFiction 🗓 2019 🎞 movie 🌎 #USA #UnitedStates #Japan #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Happy Death Day 2U (2019) IMDb Rating (6.2) / Rotten Tomatoes (72%) ဒီကားက 2017 တုန်းကထွက်ရှိခဲ့တဲ့ Happy Death Day ရဲ့အဆက်ဇာတ်ကားလေးဖြစ်ပါတယ်။ပထမကားမှာ တက္ကသိုလ်ကျောက်းသူလေးတစ်ယောက် ရုတ်တရက်သူ့မွေးနေ့မှာ မနက်အိပ်ရာနိုးလာတော့ပုံမှန်လိုပဲတနေ့တာကုန်ဆုံးပေမဲ့ အဲဒီနေ့ညမှာ လူသတ်သမားတစ်ယောက်ရဲ့ သတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။Happy Birthday မဖြစ်ဘဲ Happy Death Day ဖြစ်လာရတဲ့အကြောင်းအရင်းကတော့သူအသတ်ခံရပြီးပေမဲ့ အဲ့ဒီနေ့ သူ့မွေးနေ့မှာပဲ ပြန်နိုးလာပြန်ပြီး အရာရာတိုင်းကတပုံစံတည်းဖြစ်နေပါတယ်။ပြောရရင် သူ့မွေးနေ့မှာပဲ ပြန်ပြန်နိုးလာပြီး ညရောက်ရင်အသတ်ခံရလိုက် နိုးလာလိုက်နဲ့ Happy Death Day ကိုဆင်နွဲခဲ့ရတာပါ။ ပထမကားမှာ သူ့ကိုသတ်တဲ့လူကိုဖော်ထုတ်နိုင်ပြီး ဇာတ်သိမ်းသွားပေမဲ့ဒီဒုတိယကားမှာတော့သူ့လိုဖြစ်တဲ့နောက်တစ်ယောက်ပေါ်လာပါတယ်။အစကတော့ သူ့လိုနောက်တစ်ယောက်ဆိုပြီးကူညီပေးပေမဲ့ ကောင်းကျိုးထက်ဆိုးကျိုးများပြီးသူပါအရင်လိုပြန်ဖြစ်သွားပါတယ်။ဒါပေမဲ့အရာရာက အသတ်ခံရတာကလွဲလို့ အရင်လိုမဟုတ်တော့ပါဘူး။ ဘာတွေကွဲပြားသွားမလဲဆိုတာတော့ စိတ်ဝင်စားစရာပါ..ရှေ့ကားမှာတော့ ဘာလို့နေ့တစ်နေ့ထဲမှာပိတ်မိနေရတာလဲဆိုတာကို ထည့်မပြထားဘဲ Mystery ဆန်ဆန်ထားခဲ့ပေမဲ့ဒီကားမှာတော့ အကြောင်းအရင်းကိုဖော်ပြထားပြီး အဲ့ပြသနာအရင်းအမြစ်ကိုဖြေရှင်းမှပဲ သူလွတ်မြောက်နိုင်မှာပါ။ကဲ…ဒီတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ……။ ခုကားမှာတော့ Mystery ထက် Sci-Fi ဖက်နွယ်ပြီးသွားတဲ့အတွက် ပထမကားနဲ့မတူ အရသာအနည်းငယ်ကွဲသွားပေမယ့် Rating တွေကတော့ မြင့်နေဆဲပါပဲ။Happy Death Day (2017) နဲ့ Happy Death Day 2U (2019) ၂ ကားလုံးကို CM မှာ တင်ဆက်ထားပါပြီ။...
Gumasthan (2024) ⭐IMDB: 5.8/10 (240 Votes) 🎬 #Bollywood #Crime #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 27 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Gumasthan 2024 (ဂူမာစ်သန်) မိန်းမကို သံတုတ်နဲ့ရိုက်လိုက်မိလို့ မိန်းမသေသွားရာကနေ အမှုဖွင့်ခံထားရတဲ့ ဂီရိ၊သူဟာ ထောင်မကျဖို့အရေး လွတ်လမ်းရှာရင်းနဲ့ တရားဥပဒေနဲ့ပတ်သတ်ပြီးတော့ဉာဏ်ကြီးရှင်ကြီးတစ်ပါးဖြစ်တဲ့ ပါလီပါဒန်ကို သူ့ရဲ့ ရှေ့နေကနေတစ်ဆင့် သိခဲ့ပါတယ်။ ပါလီပါဒန်ဟာဆိုရင် ဥပဒေရဲ့ ယိုပေါက်တွေအားလုံးကို သူသိနေပါတယ်။ဥပဒေကနေ လွတ်လမ်းရှာချင်သူတိုင်း သူ့ဆီလာပြီးတော့ အကြံတောင်းကြပါတယ်။တစ်ခုထူးခြားတာကတော့ ပါလီပါဒန်ဟာ ဆူညံမှုကို မုန်းတီးတာပါပဲ။သူ့အိမ်မှာဆိုရင် အသံကျယ်ကျယ်ပြောလို့မရသလို ဘာဆူညံမှုမှလည်း လုပ်လို့မရပါဘူး။ ဂီရိဟာ ဒီအမှုကနေ ကွင်းလုံးကျွတ် လွတ်မြောက်နိုင်ဖို့အတွက် ပါလီပါဒန်ဆီကနေ အကြံသွားတောင်းခံခဲ့ပါတယ်။ပါလီပါဒန် အကြံပေးတဲ့အတိုင်း လုပ်ဆောင်ခဲ့ပေမယ့် ရဲအရာရှိတွေဟာလည်းဂီရိရဲ့ မှုခင်းဇာတ်ကြောင်း အကြောင်းကို သိသွားကြတဲ့နောက်မှာရဲတွေဟာလည်း ဒီအမှုကို အမှန်ဖြစ်စေနိုင်ဖို့ လုပ်ဆောင်ပါတော့တယ်။ ဒီလိုနဲ့ ဂီရိကို အမှုကနေ ကွင်းလုံးကျွတ်နိုင်ဖို့ ပါလီပါဒန်ပေးတဲ့ အကြံတွေအတိုင်းလုပ်ရင်း လွတ်သွားနိုင်မလား ……ရဲတွေဘက်ကနေပဲ အားသာပြီး ဂီရိတစ်ယောက်အမှုမှာ ရှုံးသွားမလား …….ပါလီပါဒန်ရဲ့ နောက်ကွယ်က အကြောင်းတွေကရော ဘယ်လိုတွေ စိတ်ဝင်စားဖို့ကောင်းမလဲ…..ဆိုတာတွေကို ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)...
Shinda Shinda No Papa (2024) ⭐IMDB: 5.8/10 (498 Votes) 🎬 #Bollywood #Comedy #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 13 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Shinda Shinda No Papa (2024) “ဖအေထက် သားတစ်လကြီး” ဂိုပီဆိုတာ ငယ်စဉ်ကတည်းက သူတို့ ပန်ချာပီရိုးရာအတိုင်းလူကြီးတွေက ရိုက်နှက်ဆုံးမတာခံယူပြီး ကြီးပြင်းလာတဲ့လူတစ်ယောက်။ ဒါပေမဲ့ အသက်ကြီးလာတော့ ကနေဒါမှာ အိမ်ထောင်ကျပြီးသားတစ်ယောက် ထွန်းကားခဲ့တာပေါ့။အဲဒီမှာ သူ ငယ်ငယ်တုန်းကလိုပဲ ပန်ချာပီရိုးရာအဆုံးအမတွေနဲ့ သွန်သင်ချင်ပေမဲ့လည်း သူ ရောက်နေတာကကနေဒါဆိုတော့ မိဘက သားသမီးကို ခက်ခက်ထန်ထန်ကြည့်ရုံနဲ့ ဖအေခမျာ အချုပ်အောင်းရတဲ့ထိ ကလေးတွေကိုဦးစားပေးထားတဲ့ ဥပဒေတွေရှိနေတော့ ဂိုပီတစ်ယောက်သားဖြစ်သူက ဘာတွေပဲလုပ်လုပ် ပြန်မလုပ်နိုင်ပဲ ခြေချုပ်မိနေခဲ့တာပေါ့။ သူကိုယ်တိုင်လည်း အချုပ်ထဲ ခဏခဏဝင်ရပြီး ငွေကုန်ရပေါင်းလည်း မနည်းတော့ဘူး။ဒီလိုနဲ့ တစ်စထက်တစ်စ ဆိုးသွမ်းလာတဲ့ သားတော်မောင်ကိုအိန္ဒိယကို အလည်ပြန်ခေါ်ရင်း ဆုံးမမယ်ဆိုတဲ့ အကြံဆိုးနဲ့ဂိုပီတို့ မိသားစုတစ်သိုက် အမိမြေ ပြန်လာခဲ့ကြတဲ့အခါမှာဘယ်လိုတွေ ကြုံရဆုံရ ဖြစ်ပျက်ကြဦးမယ်ဆိုတာကို ဟာသလေးနှောပြီးသားသမီး ပြုစုပျိုးထောင်နည်းကို ပညာပေးသွားတဲ့ အိန္ဒိယ ပန်ချာပီကားလေးပဲ ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)...
Operation Raavan (2024) ⭐IMDB: 9.4/10 (1 k Votes) 🎬 #Bollywood #Crime #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 19 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Operation Raavan (2024)“နတ်ဆိုးဘုရင်စစ်ဆင်ရေး” အသစ်ထွက်ရှိလာတဲ့ တေလဂူးသည်းထိပ်ရင်ဖိုမှုခင်းဇာတ်လမ်းလေးကို တင်ဆက်လိုက်ရပါတယ် အချစ်နဲ့ ပတ်သက်ပြီး နာကျည်းစိတ်ရှိပုံရတဲ့ မျက်နှာဖုံးနဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်သူပစ်မှတ်ထားတာကတော့ သတို့သမီးအသစ်ကျပ်ချွတ်လေးတွေဖြစ်ပြီးသူသုံးတဲ့နည်းလမ်းကလည်း ရက်စက်အကျည်းတန်လှပါတယ် သတင်းဌာနတစ်ခုမှာ ဝန်ကြီးတစ်ယောက်ရဲ့ခြစားမှုကိုဖော်ထုတ်ဖို့ကြိုးစားနေတဲ့ ရဲရင့်ဖြတ်လတ် ဂျာနယ်လစ်မလေး အာမာနီနဲ့သူ့လက်ထောက်အဖြစ်လုပ်ကိုင်တဲ့ ရမ်တို့နှစ်ယောက်ကအဲဒီလျှို့ဝှက်ဆန်းကြယ်လူသတ်မှုတွေအကြောင်း သိလာရတဲ့အခါမှာဘယ်လိုဖော်ထုတ်သွားမှာလဲ ပရိသတ်ကြီးကပဲ ဆက်လက်ကြည့်ရှုလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်...
Blood Promise (2024) ⭐TMDB: 65% User Score 🎬 #Drama #Horror #Thriller 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 44 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Janji Darah (2024) IMDb Rating (5.3) ဒီတစ်ခါမှာတော့ suspenseကောင်းကောင်းနဲ့ ကြည့်လိုကောင်းတဲ့ အင်ဒိုနီးရှားသရဲကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ပထမဆုံးကိုယ်ဝန်ရလို ပျော်နေတဲ့ လင်မယားနှစ်ယောက် Sheren နဲ့ Rayhan က ကလေးရပြီးမကြာခင်မှာပဲ သူတိုအိမ်ကို သရဲခြောက်လှန့်တာတွေ ကြုံလာရတယ်။ ခင်ပွန်းဖြစ်သူ Rayhan က ငယ်ငယ်က သရဲတွေမြင်နိုင်တဲ့သူဖြစ်ပြီး အခုအချိန်မှာတော့ အဲဒီစွမ်းအင်ပျောက်သွားတာမို သူတိုအိမ်ကို ခြောက်လှန့်တဲ့သရဲကဘယ်သူလဲ သိရအောင်ကြိုးစားခဲ့တယ်။ အစပိုင်းမှာ သာမန်သရဲခြောက်ရုံလောက်ပါဆိုပြီး ငြိမ်နေခဲ့ပေမဲ့ နောက်ပိုင်းမှာ သူတိုအိမ်က ဇနီး Sheren ကို အဓိကလိုက်ခြောက်နေတဲ့သရဲက Rayhan ရဲ့အရင်က အဆက်ဟောင်းဖြစ်နေပြီး Rayhan ပေးခဲ့တဲ့ အတိတ်ကကတိတည်ဖို လာခေါ်ဖိုလုပ်နေတာကို သိပြီးနောက်မှာတော့ Rayhan ဘယ်လိုတွေ ဖြေရှင်းရမလဲ၊ သူ့မိန်းမနဲ့ကလေးကို ကာကွယ်နိုင်ပါ့မလားဆိုတာကို ကျောချမ်းချမ်းနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)...
Darkest of Lies (2023) ⭐IMDB: 4.2/10 (129 Votes) 🎬 #Drama #Thriller #Horror 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 52 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Darkest of Lies (2023) Primeကနေ ပြနေတဲ့ရုပ်ရှင်ပါ။ Horror , Suspense , Thriller ဇာတ်ကို အေးအေးငြိမ့်ငြိမ့်နဲ့ သို့လော သို့လော တစိမ့်စိမ့်ချင်း သည်းထိတ်ရင်ဖိုဖြစ်အောင် ရိုက်ပြထားတယ်။ Thrillerကြိုက်တဲ့လူတွေတော့ ကြည့်လို့ကောင်းမယ့် ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းကတော့ အာဖဂန်စစ်ပြန် တစ်ယောက်ရှိတယ်။ စစ်ပွဲထဲက ဒဏ်တွေကြောင့် သူက ဆေးနည်းနည်းစွဲနေတယ်။ သူ့မိန်းမက သူ့ကိုနာလန်ထူအောင် ပြန်ကြိုးစားလုပ်ပေးရင်း သူတို့တွေ ဘဝကို အသစ်က အတူတူပြန်စဖို့ကြိုးစားခဲ့ကြတယ်။ ဒီလိုနဲ့ သူတို့တွေ နယူးယောက်ကနေ နယ်ဘက်ရောက်တဲ့မြို့ကလေးကိုပြောင်းပြီး သူ့မိန်းမအလုပ်က ပေးတဲ့အိမ်မှာ အတူတူသွားနေကြတယ်။ အဲဒီအိမ်ကို သူ့မိန်းမရဲ့ ကောလိပ်က သူငယ်ချင်းတွေကလည်း အမြဲလာလည်ကြတယ်။ သူ့မိန်းမကလည်း အလုပ်ကနေ တော်တော်နဲ့အိမ်ပြန်မလာတတ်ဘူး။ ဒီအိမ်ကြီးထဲမှာ သူတစ်ယောက်တည်းနေနေရင်း ဒီအိမ်ထဲ တစ်ခုခုရှိနေသလို သူခံစားခဲ့ရတယ်။ ဒီလိုနဲ့ သူဟာ နယ်အသစ်မှာ အလိမ်ပေါင်းများစွာနဲ့ သူကြုံနေရတာ သူသတိထားမိသွားခဲ့တယ်။ သူ့မိန်းမ သူ့ကိုလိမ်ထားတဲ့အလိမ်တွေ , သူ့မိန်းမသူငယ်ချင်းတွေရဲ့အလိမ်တွေ, သူ့မိန်းမရဲ့အလုပ်ကလူတွေရဲ့အလိမ်တွေ ဒီလိုအလိမ်တွေကြားမှာ သူအမှန်ကို သိအောင်လုပ်ဖို့ကြိုးစားရင်း အိမ်ကြီးရဲ့လျှို့ဝှက်ချက်နဲ့ သူ့မိန်းမရဲ့လျှို့ဝှက်ချက်တွေကို တူးဖော်မိတဲ့အကြောင်းကို သည်းထိတ်ရင်ဖိုကြည့်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)...
Waiting for Dali (2023) ⭐IMDB: 6.8/10 (755 Votes) 🎬 #Comedy #Drama #Romance 🗓 2023 🎞 movie 🌎 #Spain ⏰ 1 နာရီ 54 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နိုင်ငံရေးရှုပ်ထွေးမှုတွေကြောင့် အရည်အချင်းရှိတဲ့စာဖိုမှုးတယောက်နဲ့ သူ့ညီ ဒါလီဆိုတဲ့ကျော်ကြားလေးစားခံရတဲ့ အနုပညာရှင်နေတဲ့ လှပတဲ့ ကျွန်းပေါ်ကို ရောက်လာတဲ့အခါမှာတော့ သူကြုံတွေ့ရမယ့် အစားအသောက်နဲ့ပက်သတ်တဲ့စိတ်ဝင်စားစရာတွေ ကျွန်းပေါ်က သူတွေရဲ့ ခံယူချက် ရဲမှုးအရာရှိတွေနဲ့ ကျင့်ပျက်ချစားမှု အခြေအနေတွေကို ပါ ရသအစုံခံစားရမယ့် စပိန်/ ပြင်သစ် စကားပြော ဇာတ်ကားကောင်းတခုဖြစ်ပါတယ်… ဟင်းပွဲတခုကို ဘာက ကောင်းစေမကောင်းစေဖြစ်စေသလဲ …. လူတွေရဲ့ချစ်ခြင်းမေတ္တာတွေက ကြိုမြင် ကြိုသိ ကြိုစီစဉ်လိုမရတဲ့အခါ...
The Spy: Undercover Operation (2013) ⭐TMDB: 60% User Score 🎬 #Action #Comedy #Crime #Thriller 🗓 2013 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 1 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Spy: Undercover Operation (2013) **************************************** Chul-Soo ဆိုတဲ့ အေးဂျင့်တစ်ယောက်ဟာ ထူးချွန်ထက်မြက်တဲ့အတွက်အရေးကြီးစစ်ဆင်ရေးတွေ တိတ်တဆိတ်သုတ်သင်ရေး ကိစ္စတွေမှာဆိုအထူးတာဝန်ပေးအပ်ခြင်းခံရတယ်…… အေးဂျင့်တစ်ယောက်မှာရှိတဲ့ အရည်အချင်းအားလုံးရှိသလိုစည်းမျဉ်းစည်းကမ်းတွေကိုလည်း တစ်သွေမတိမ်းလိုက်နာလေ့ရှိတယ်… အထူးအေးဂျင့်ဖြစ်နေတော့ သူ့အလုပ်ကို အိမ်သူသက်ထားကိုတော့အသိပေးထားခြင်းမရှိဘူး…..သိပ်တော်တဲ့အေးဂျင့်ဖြစ်ပေမယ့် သူ့မှာ အားနည်းချက်တစ်ခုတော့ရှိတယ်…အိမ်က လေဒီကို မဟားတရား နင်းကန် ကြောက်ရပါတယ်….ရန်သူတွေရဲ့ကျည်ဆန် မိုးသီးမိုးပေါက်တွေလိုကျနေတာတောင်ဖုန်းမကိုင်ဘဲ မနေရဲပါဘူး………………….. ဒီလိုနဲ့ အထူးစစ်ဆင်ရေးတွေတာဝန်ထမ်းရင်း မိန်းမကလည်းအိမ်ထောင်ဦးစီးမပီသလိုဖြစ်နေတဲ့သူ့ကို ကြာတော့စိတ်ပျက်လာဟန်တူပါတယ်…. ဒီလောက်အခြေအနေဆိုးတဲ့ကြားထဲကိုးရီးယားတစ်နိုင်ငံလုံးကို ဒုက္ခရောက်စေမယ့် အကြမ်းဖက်အဖွဲ့ကိုနှိမ်နှင်းဖို့စုံစမ်းထောက်လှမ်းရတဲ့အခြေအနေကိုရောက်လာတဲ့အခါမှာတော့ .. Chul-Soo တစ်ယောက် ဘယ်လိုတွေရှေ့ဆက်ဖြတ်သန်းမလဲ … ဒီကားက မင်းသားကြီး Kyung-gu Sol အဓိကသရုပ်ဆောင်ထားပြီးအက်ရှင်ခန်းတွေလည်း မိုက်သလို ရိုက်ချက်တွေလည်း အတော်ကိုလန်းပါတယ်…ရယ်လည်းရယ်ရသလို ရင်ခုန်စိတ်လှုပ်ရှားရတဲ့ အက်ရှင်ခန်းပေါင်းများစွာလည်းပါလေတော့ခံစားကြည့်လိုက်ဦးဗျို့…. (အညွှန်းကို Alias မှ ရေးသားထားပါတယ်)...
Bantay-Bahay (2024) ⭐TMDB: 40% User Score 🎬 #Comedy #Horror 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 27 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bantay-Bahay (2024) ကေလတ်ဘ်က မအောင်မြင်သေးတဲ့ vlogger နဲ့ podcaster တစ်ယောက်ဖြစ်ပြီး အခုချိန်မှာတော့လူသူမနီးတဲ့တောအုပ်ကြီးအလယ်က ရည်းစားဖြစ်သူအဘွားရဲ့အိမ်ကိုတစ်ညတာစောင့်ပေးဖို့ ရည်းစားခိုင်းထားလို့ ရောက်နေပါတယ်။ ငွေရေးကြေးရေးမှာရော၊ရုပ်ရည်မှာပါချို့တဲ့တဲ့အတွက် မတန်မရာရထားတဲ့ ရည်းစားလေးတစ်ယောက်ကို မျက်နှာအပျက်မခံနိုင်အောင်ကြောက်ရတဲ့ သူဟာ အိမ်ကိုလည်းမထောက်ပံ့နိုင်တဲ့အတွက် မိခင်ဖြစ်သူကဖုန်းဆက်ပြီး နှိမ်တာကိုလည်းခံရပါသေးတယ်။ အခုလိုလှပခမ်းနားတဲ့ အိမ်ကြီးမှာ Live လွှင့်ဖို့အစီအစဉ်ရှိတဲ့ ကေလတ်ဘ်ဟာ သူ့ပစ္စည်းပစ္စယာတွေဆင်ပြီး တစ်ခန်းဝင်တစ်ခန်းထွက်လိုက်စပ်စုရာကနေ မဝင်ရမယ့် အခန်း၊မဖွင့်ရမယ့် တံခါးတွေကိုဘုမသိဘမသိသွားဖွင့်မိခဲ့ပါတယ်။ အဲ့ဒီနောက် သူ့ Livestream စတင်ချိန်မှာ အိမ်ထဲကနေ ထူးဆန်းတဲ့အသံတွေ အရိပ်ယောင်တွေတင်မက သူ့ရှေ့တည့်တည့်မှာပါကိုယ်ထင်ပြလာတဲ့ ဝိဉာဉ်တွေ သဘာ၀လွန်သတ္တဝါတွေနဲ့ Live လွှင့်ရင်းတစ်ညတာနပမ်းလုံးရမယ့် စွန့်စားခန်းကြီးစတင်ပါတော့တယ်။ အဲ့ဒီ Live နဲ့ကျမှသူ့ရဲ့မဖြစ်စလောက် ဖော်လိုဝါဦးရေကနေထိုးတက်ပြီး ကြည့်ရှုသူပါသန်းချီတဲ့အထိအောင်မြင်သွားချိန်မှာတော့..။ အစကနေအဆုံးထိ သဘာ၀ကျကျဟာသတွေနဲ့ခွီနေရမယ့် သရဲဟာသဇာတ်လမ်းပါ။ ဟာသဇာတ်ဆိုပေမယ့် နောက်ခံဇာတ်ကြောင်းအခိုင်အမာ၊လှည့်ကွက်ကောင်းကောင်းတွေနဲ့တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)...
Haikyu!! The Dumpster Battle (2024) ⭐IMDB: 7.8/10 (4 k Votes) 🎬 #Comedy #Drama #Sport #Animation 🗓 2024 🎞 movie 🌎 #Japan ⏰ 1 နာရီ 24 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sport Anime မှာဆိုရင်တော့ Haikyu ကို မသိကြတဲ့လူ ရှားပါလိမ့်မယ်။ သူကတော့ ဘော်လီဘော အားကစားကို အခြေခံထားတဲ့ Anime ကောင်းတစ်ခု ဖြစ်ပါတယ်။ အခု ဒီ ရုပ်ရှင်လေးကတော့ Season 4 အပြီး တိုက်ရိုက်ဆက်စပ်ထားတဲ့ ရုပ်ရှင်လေးပါ။ နောက်ထပ် စီးရီးမလာတော့ပဲ Ending အဖြစ် နောက်ဆုံးရုပ်ရှင်နှစ်ကားထုတ်မယ်ဆိုပြီး ကြေငြာထားရာမှာ ဒီကောင်က ပထမကား ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ မင်းသားတို့ Karasuno ကျီးနက်တွေ အစမ်းဆော့ကြည့်တိုင်း ဘယ်တော့မှအနိုင်မရတဲ့ ဟိုးအရင်ကတည်းက ပြိုင်ဖက်ဟောင်းအသင်း ကြောင်ရိုင်းတွေရဲ့ Nekoma အသင်းနဲ့ ပထမဆုံးအကြိမ်အဖြစ် အမျိုးသားပြိုင်ပွဲ တတိယအဆင့်မှာ တွေ့ဆုံယှဉ်ပြိုင်ကြတာကို ဦးစားပေး တင်ဆက်ထားပါတယ်။ Hinata အနေနဲ့လည်း ဘော်လီဘောအားကစားကို ပေါ့ပေါ့တန်တန် ကစားပေမဲ့ ဉာဏ်အသေပြေးတဲ့ Kenma နဲ့ ပွဲထဲမှာ ဘယ်လိုတွေ ပညာစမ်းကြဦးမလဲ ဘယ်လိုတွေ ဒီအဆင့်ကို ကျော်ဖြတ်ပြီး ဘယ်အသင်းက အနိုင်ရသွားဦးမလဲဆိုတာ ထုံးစံအတိုင်း စိတ်ဝင်စားဖွယ် ကြည့်ရှုရဦးမယ့် Haikyuu ရုပ်ရှင်လေး ဖြစ်ပါတယ်ဗျာ။...
The Town (2010) ⭐TMDB: 72% User Score 🎬 #Crime #Drama #Thriller 🗓 2010 🎞 movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 31 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Town (2010) ******************** FBI ရဲတွေ ဒေါသအရမ်းထွက်နေကြတယ်…FBIအဖွဲ့ခေါင်းဆောင်ကလည်း ဆဲဆိုသံနဲ့အတူ ” ဒီသောက်ဘဏ်ဓားပြတွေက သောက်ချဉ်တော့မဟုတ်ဘူးကွ” ဆိုပြီးအော်ဟစ်နေတယ်… ဘာကြောင့် ဒီလိုဖြစ်နေတာလဲဆိုတော့ ဘဏ်ကိုဓားပြတိုက်ခံရပြီး အချိန်မီ အချက်ပေးသံကြောင့် ဘဏ်ကိုရဲတွေဝိုင်းခဲ့ပေမယ့် တစ်ယောက်မှမမိလိုက်ဘူး.. ..မှုခင်းသဲလွန်စတွေရှာပြန်တော့လည်း cctv မှတ်တမ်းတွေဖျက်ဆီးသွားတဲ့အပြင် လက်ဗွေရာတစ်စွန်းတစ်စတောင် မကျန်အောင် ဆပ်ပြာရည်တွေ ဘဏ်အတွင်းပက်ပြန်းသွားလို့ပါပဲ….တစ်ခုတော့ရှိတယ် … ဘဏ်ဓားပြတွေက ဓားစာခံအဖြစ် ဘဏ်စာရေးမတစ်ယောက်ကို ဖမ်းခေါ်သွားပါတယ်.. ..ဒီကားရဲ့ ဒါရိုက်တာက Ben Affleck ဖြစ်ပါတယ်… Gone Baby Gone ကိုလည်း သူကိုယ်တိုင်ရိုက်ကူးခဲ့ပြီး အဲ့ဒီကားမှာ သူ့ရဲ့အရည်အချင်းကိုကြည့်ဖူးသူတိုင်း မချီးကျူးဘဲမနေနိုင်အောင်ဖြစ်ခဲ့ကြမှာပါ… မှုခင်း ဘဏ်ဓားပြ နဲ့အချစ်ဇာတ်လမ်းလေးတွေ အချိုးကျတင်ဆက်ထားလေတော့ ခံစားကြည့်လိုက်ပါဦးလို့...
The Secret Mission (2019) ⭐IMDB: 6.9/10 (692 Votes) 🎬 #Comedy #Drama #Historical #History 🗓 2019 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 15 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 MAL·MO·E: The Secret Mission (2019) *********************************** အရင်ဆုံး ဇာတ်ကားထဲက သရုပ်ဆောင်တွေအကြောင်းပြောရရင်ယောကျ်ားလေးပရိသတ်တွေ အရမ်းကြွေတဲ့ The Outlaws ထဲက ဆံရှည်ဘဲကြီးကအဓိကသရုပ်ဆောင်တစ်ဦးအနေနဲ့ပါဝင်ထားပါတယ်ဒီထဲမှာတော့ တာဝန်ယူမှုအပြည့်နဲ့ထက်မြက်တဲ့ စာပေအဖွဲ့အစည်းကိုယ်စားလှယ်အဖြစ် မြင်တွေ့ရမှာပါ…..တခြားဇာတ်ဆောင်နဲ့ဇာတ်ပို့တွေကလည်း ကျရာဇာတ်ရုပ်ကိုပိုင်နိုင်တဲ့ခပ်မိုက်မိုက် သရုပ်ဆောင်တွေဖြစ်တာမလို့ဇာတ်ကောင်အတွက် နောက်ဆံတင်းစရာမလိုဘဲ စိတ်ချလက်ချကြည့်ရှုနိုင်ပါတယ်… ဇာတ်ကားနောက်ခံကတော့ ဂျပန်ကိုလိုနီခေတ်ကို အခြေတည်ပြီးရိုက်ထားတယ်ငါတို့အမိန့်အတိုင်းလိုက်နာရမယ် ဂျပန်ဘာသာစကားကိုပဲသုံးရမယ် မလုပ်ရင်ဖမ်းပြီးထောင်ချမယ်ဒီလိုကျွန်ပြုမှုတွေအောက်မှာ ကိုယ့်နိုင်ငံရဲ့ဘာသာစာပေမပျောက်ကွယ်ဖို့ နည်းမျိုးစုံနဲ့ကြိုးစားပုံကိုကွင်းကွင်းကွက်ကွက်မြင်အောင်ရိုက်ပြထားတယ် .. ဂျပန်ခေတ်ဖိနှိပ်ချုပ်ခြယ်မှုတွေအောက်မှာ ကိုယ့်နိုင်ငံရဲ့ စိတ်ဝိဉာဉ်မပျောက်ကွယ်အောင်တကယ်တမ်းလုပ်ဆောင်ကြတဲ့အခါ ဘယ်လောက်ထိခက်ခဲခဲ့တယ် ..ဘယ်လိုတွေပေးဆပ်ပြီး ဘာသာစာပေကို ဘယ်လိုပုံစံနဲ့ကာကွယ်ခဲ့ရတယ်ဆိုတာတွေရင်ထဲထိအောင် ကြည့်နေရင်းနားလည်ပေးနိုင်အောင် ရိုက်ပြထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာမလို့ လက်လွှတ်မခံသင့်ကြောင်းပြောချင်ပါတယ် (ကိုရီးယားလူမျိုးတွေ ဂျပန်ကိုလိုနီနဲ့ပတ်သတ်ရင် ဘာကြောင့်ဆတ်ဆတ်ထိမခံဖြစ်ရလဲဒီဇာတ်ကားထဲမှာ အသေအချာမြင်နိုင်ပါလိမ့်မယ် ) (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Phu Nge Nge Thein ပဲဖြစ်ပါတယ်...
The Sonata (2018) ⭐IMDB: 5.2/10 (2 k Votes) 🎬 #Mystery #Thriller #Horror #Music 🗓 2018 🎞 movie 🌎 #France #UnitedKingdom #Russia #Latvia ⏰ 1 နာရီ 29 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Sonata (2018) ********************* ဒီဇာတ်ကားလေးကတော့ Freya Tingley နဲ့ Simon Abkarian တို့ကအဓိကပါဝင်တင်ဆက်ထားတာပါ။ ဒီဇာတ်လမ်းလေးကတော့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ Rose Fisher ကနာမည်ရခါစ တယောပညာအဖြစ်အသက်မွေးနေတဲ့ အချိန်မှာအဖေ Richard Marlowe ဖြစ်သူ ဆုံးပါးသွားတဲ့သတင်းကို ကြားလိုက်ရတယ်။ အဖေဖြစ်သူက ငယ်ငယ်လေးကတည်းမိသားစုကို ပစ်ပြီး ရုတ်တရတ်ထွက်ထားခဲ့တဲ့အတွက်အဖေက သူ့ဘဝမှာမလိုအပ်ဘူးလို့ နှုတ်ကပြောနေပေမဲ့စိတ်ထဲမှာတော့ မေတ္တာစိတ်ကရှိနေဆဲပေါ့။ ဒီလိုနဲ့ ရှေ့နေနဲ့သွားတွေ့တော့ ကျန်ရစ်ခဲ့တဲ့ သူပစ္စည်းတွေရယ်၊နောက်ဆုံးနေခဲ့တဲ့ ပြင်သစ်ကအိမ်သော့ကို လွှဲပေးလိုက်တော့အဲ့အိမ်ကိုသွားကြည့်လိုက်တဲ့အခါမှာ သူအဖေဘယ်သူမှမပြောခဲ့တဲ့လျှို့ဝှက်ချက်တွေက ဘယ်လိုအသက်ဝင်လာမလဲ။ သူအေးဂျင့်ဖြစ်တဲ့ Charles Vernaisကလည်း ဘယ်လိုတွေကူပေးရပြီးသူ့အကူအညီက ကောင်းရာဘက်ကို ဦးတည်သွားမလား…နှစ်ယောက်သားဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ Latvian National Film AwardLielais Kristaps for Best Fiction Film Cinematographerဆုရထားတဲ့ ကားလေးမို့ပိတ်ကားပေါ်မှာ အတူစီးမျောကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Theint Theint Aung ပဲဖြစ်ပါတယ်...
The Great War (2019) ⭐IMDB: 4.0/10 (1 k Votes) 🎬 #Action #Drama #War #History 🗓 2019 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Great War (2019)********************** ၁၉၁၄ ဂျူလိုင် ၁၈ကနေ ၁၉၁၈ နို၀င်ဘာ ၁၁ အထိကြာညောင်းခဲ့တဲ့ ပထမကမ္ဘာစစ်ကြီးအတွင်းမှာ နောက်ဆုံးမိနစ်အထိတိုက်ပွဲ၀င်ခဲ့သူတစ်ယောက်ရှိတယ် ၁၉၁၈ နို၀င်ဘာ ၁၁ရက် မနက် ၁၁နာရီအချိန်မှာ ဂျာမနီကအပစ်ခတ်ရပ်စဲမယ်လို့ကြေညာလိုက်သော်ငြားလည်း မဟာစစ်ကြီးမပြီးဆုံးခင် အဲ့၁၁လ မြောက်ရဲ့ ၁၁ရက်နေ့ မနက်၁၁ နာရီမတိုင်မချင်းမှာ အင်အားကြီးပြင်သစ်တွေက အမေရီကန်ကိုဆက် လက်တိုက်ခိုက်ဖို့တွန်းအားပေးခဲ့တယ် ပြင်သစ်တွေအတွက်နယ်နိမိတ်တချို့ရလိုရငြားပေါ့ ဒါပေမယ့် ဂျာမနီဖက်ကလဲ သူ့မြေတွေမပါချင်ဘူး ဆိုတော့ကာအပစ်ခတ်ရပ်စဲကြပြီဖြစ်ပေမယ်လို့ နောက်ဆုံး မိနစ်မတိုင်ခင်ထိ အတိုက်အခိုက်တွေရှိကြတုန်းပဲ ထိုအချိန်မှာ ရန်သူ့စစ်ကြောင်းထဲထိရောက်နေတဲ့ လူမဲစစ်သားတပ်စုကို ပြန်လည်ခေါ်ယူဖို့ အထက်ကအမိန့်အရ စာသင်ကြီးဝီလီယမ်ရေဗာစ်ဆိုင်းပြင်းရ တော့တယ် ဒီလူမဲစစ်သားတွေကိုပြန်ခေါ်ဖို့ မစ်ရှင်က ရေဗာစ်အတွက်နောက်ဆုံးမစ်ရှင်ပဲ… ဒါပေမယ့် လူဖြူလူမဲညီညွတ်မှုမရှိသေးခင်ကာလဖြစ်လို့ မကြာခင်ပြီးဆုံးတော့မယ့်စစ်ကြီးအတွင်းမှာ ရေဗာစ့် ရဲဘော်တွေဟာ မလုပ်ပေးချင်ကြပါဘူး … ကဲ plot ကတော့ လူမဲတွေကို ကြည့်မရတဲ့တပ်စု ခေါင်းဆောင်စာသင်ကြီးရေဗာစ် သူဘယ်အချိန်ထိဆက်တိုက်ခိုက်သွားမှာ လူမဲစစ်သားတွေကို အသက်ရှင်ရက်ပြန်ကယ်ထုတ်နိုင်မှာလား ပရိတ်သတ်ကြီးပဲကိုယ်တိုက် ကြည့်ရှုခံစားကြည့်ကြပါ… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ပဲဖြစ်ပါတယ်...
The Silent Hour (2024) ⭐IMDB: 6.0/10 (3 k Votes) 🎬 #Action #Crime #Thriller 🗓 2024 🎞 movie 🌎 #Malta #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Brad Anderson ရိုက်ကူးထားပြီ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ရဲစုံထောက်ဇာတ်ကားဖြစ်ပါတယ်။ Joel Kinnaman သည် ရဲအရာရှိ Frank Shaw အဖြစ် သရုပ်ဆောင်ထားပြီး၊ နားမကြားနိုင်တော့တဲ့ ဘဝသစ်တစ်ခုကို ရင်ဆိုင်ရင်း သက်သေတစ်ယောက်ဖြစ်တဲ့ Ava (Sandra Mae Frank) ကို ကာကွယ်ဖို့ ကြိုးပမ်းပါတော့တယ်။ ဒီဇာတ်လမ်းက အခက်အခဲများစွာနှင့် မသန်စွမ်းသူတွေရဲ့စွမ်းအားကို ထုတ်ဖော်ပြသထားပြီး စိတ်လှုပ်ရှားစရာဇာတ်လမ်းအနေနဲ့လည်း ရှုစားရမှာဖြစ်ပါတယ်။ Mark Strong လည်း အဓိက ပါဝင်သရုပ်ဆောင်ထားပြီး၊ မသန်စွမ်းတွေအပေါ် မှာ မကောင်းတာတွေ မရိုးသားမှု့တွေကို ရင်ခုန်စိတ်လှုပ်ရှာဖွယ် ခံစားရမှာဖြစ်ပါတယ်။ အားလုံးမြင်ဖူးနေကြ မဟုတ်တဲ့ ဇာတ်ကားတစ်ခုကိုကြည့်ချင်တယ်ဆိုရင်တော့ ဒီကားကို ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ...
9 Windows (2024) ⭐IMDB: 3.5/10 (184 Votes) 🎬 #Crime #Horror #Mystery #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 22 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဉာဏ်အရမ်းကောင်းပြီး Liza လို့ ခေါ်တဲ့ကောင်မလေးဟာ ကားမတော်တဆမှုနဲ့ မိဘတွေဆုံးသွားပြီး ကိုယ်တိုင်လည်းဒုက္ခိတဘဝရောက်သွားခဲ့ပါတယ်။ ဒါကြောင့်သူမဟာ စိတ်ဓာတ်တွေတအားကျပြီးစိတ်ကျန်းမာရေးကုထုံးပါခံယူလိုက်ရပါနယ်။ ဒါပေမယ့် လိုင်းပေါ်က ကွန်မြူနီတီဂရုတစ်ခုမှာ စိတ်ဓာတ်ကျနေတဲ့သူတွေကိုအားပေးရမယ့်အစား လိုက်ပြီးဝေဖန်တိုက်ခိုက်တာတွေလုပ်နေခဲ့ပါတယ်။ တစ်နေ့တော့ လူတစ်ယောက်ကခွေးလေးတစ်ကောင်ကိုရက်ရက်စက်စက်မီးရှို့သတ်ပြတာကိုလိုင်းပေါ်တင်တဲ့အတွက် Liza တစ်ယောက်တွေ့ပြီး ရဲတိုင်ခဲ့ပေမယ့်ဘယ်သူမှမယုံခဲ့ပါဘူး။ နောက်နေ့တွေမှာ ခွေးမဟုတ်တော့ဘဲ လူတွေကိုပါသတ်ပြလာတဲ့အခါ Liza တစ်ယောက်ဘယ်လိုမျိုး ရဲတွေနဲ့ပေါင်းပြီး လူသတ်သမားကိုဖမ်းပြမလဲဆိုတာ ရင်တစ်ထိတ်ထိတ်နဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။...
Aftermath (2024) ⭐IMDB: 5.0/10 (297 Votes) 🎬 #Action #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ အက်ရှင်အကြမ်းစားတွေကိုကြည့်ချင်တဲ့ ပရိသတ်တွေအတွက် အက်ရှင်ကားကောင်းတစ်ကားကို ယူဆောင်လာပါတယ်။ ဇာတ်ကားနာမည်က Aftermath ဖြစ်ပြီးတော့ အက်ရှင် ဇာတ်ကားတွေနဲ့ ဆုပေါင်းများစွာရရှိထားတဲ့ ဒါရိုက်တာ Patrick Lussier က ရိုက်ကူးထားပါတယ်။ အဓိကဇာတ်ဆောင်တွေအဖြစ် Mason Gooding, Dylan Sprouse, Dichen Lachman တို့က ပါဝင် ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ အကြမ်းဖက်အဖွဲ့ တစ်ခုဟာ တံတားတစ်စင်းကိုဖောက်ခွဲပြီးတော့ တံတားပေါ်က လူတွေကို ဓားစာခံဖမ်းလိုက်ပါတယ်။ ဒါပေမယ့် အဲဒီဓားစာခံတွေထဲမှာ စစ်သားဟောင်းတစ်ယောက် ဖြစ်တဲ့ Eric နဲ့အတူ သူ့ညီမလေးပါ ပါသွားပါတယ်။ ဒီလိုနဲ့ Eric ဟာ သူ့ညီမလေးနဲ့အတူ ဓားစာခံအဖြစ်ကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုကြရမှာပါ။ အမိုက်စားအက်ရှင်ခန်းတွေနဲ့အတူ အကြမ်းပတမ်းရိုက်ကူး ပြသထားပြီးတော့ အက်ရှင်ရသကို အပြည့်အဝပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။...
Bookworm (2024) ⭐IMDB: 6.2/10 (913 Votes) 🎬 #Adventure #Comedy #Family #Drama 🗓 2024 🎞 movie 🌎 #NewZealand ⏰ 1 နာရီ 44 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Imdb 6.2 RT 90% Lord of the Rings ရုပ်ရှင်မှာ Frodo အဖြစ် လူသိများတဲ့ မင်းသား Elijah Wood ရဲ့၂၀၂၃ ထွက် ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ မီးလ်ဒရစ်ဆိုတဲ့ အရွယ်နဲ့ မလိုက်အောင် တော်တဲ့ ၁၁ နှစ်အရွယ် စာကြမ်းပိုးမလေးဟာ သူ့အမေ မမျှော်လင့်ဘဲ ကိုမာဝင်သွားပြီးနောက် သူတစ်ခါမှ မတွေ့ဖူးတဲ့ အဖေ ဆိုသူနဲ့ တွေ့ကြပါတယ်။ သူ့အဖေဆိုသူက မအောင်မြင်တဲ့ မျက်လှည့်ဆရာတစ်ယောက်ဖြစ်ပြီး မီးလ်ဒရစ်နဲ့လည်း ဘာဆိုဘာမှ မတူဘဲ သားအဖနှစ်ယောက် တွေ့တွေ့ချင်း အစေးမကပ်ဖြစ်ကြပါတယ်။ ဒါပေမဲ့ မီးလ်ဒရစ်မှာ သူ့အမေရဲ့ ဆေးရုံစားရိတ်အတွက် ပိုက်ဆံ ၅၀၀၀၀ တန်အကြံတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ သူတို့နယ်တစ်ဝိုက်မှာ နာမည်ကြီးနေတဲ့ ကျားသစ်နက်ကြီးရဲ့ ဓာတ်ပုံမှတ်တမ်းကို အရယူပေးနိုင်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ခုမှ စတွေ့ရတဲ့ သူ့အဖေရဲ့ အကူအညီနဲ့ သားအဖနှစ်ယောက် တောနက်ထဲကိုကျားသစ်နက်ရှာပုံတော် ထွက်လာပါတော့တယ်။ သားအဖ နှစ်ယောက်ကြားက ကြည်နူးဖွယ် မေတ္တာဖွဲ့ ဇာတ်လမ်းလေးကို တောနက် စွန့်စားခန်းတွေနဲ့ ရောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။...
Love Story (1970) ⭐TMDB: 68% User Score 🎬 #Drama #Romance 🗓 1970 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Love Story (1970) ~ IMDb – 6.9/10, Rotten Tomatoes – 63% ~ The Godfather ရုပ်ရှင်ဖြစ်တည်လာပုံအကြောင်း အသေးစိတ်ရိုက်ပြထားတဲ့ The Offer ဆိုတဲ့ စီးရီးကို ကြည့်ဖူးတဲ့လူတွေတော့ ဒီရုပ်ရှင်ကို ရင်းနှီးကြမှာပါပဲ။ The Offer ဟာ The Godfather ရုပ်ရှင်ရဲ့ ဖြစ်တည်ပုံကို အဓိကထားပြထားခဲ့ပေမဲ့ အဲဒီကာလ ပါရာမောင့်ရဲ့ အခြေအနေတွေကိုလည်း ပြသင့်သလောက်ပြထားခဲ့တော့ အဲဒီကာလမှာ ရိုက်ခဲ့တဲ့နာမည်ကြီးရုပ်ရှင်တွေကို ရိုက်ဖြစ်ပုံတွေကိုလည်း နည်းနည်းပါးပါး တွေ့ခဲ့ရတယ်။ အဲဒီထဲ ဒီ Love Story (1970)ကတော့ တော်တော်လေး မြင်သာခဲ့တယ်။ မြင်သာဆို ဘော့အီဗန်ရဲ့စကီဖြစ်တဲ့ Ali MacGraw ရဲ့ကားကိုး။ Love Story ဟာ ဟောလိဝုဒ်ရွှေခေတ်မှာ ဘတ်ဆဲလားစာအုပ်ဖြစ်ခဲ့တဲ့ Erich Segal ရဲ့ Love Story ကို ပြန်ရိုက်ထားတယ်။ ငွေကြေးဖောင်းပွမှုနှုန်းကို ပြန်ချိန်ကိုက်ပြီး စာရင်းထုတ်ထားတဲ့ Highest-grossing Films of All Time စာရင်းထဲလည်း ပါခဲ့သလို အမေရိကန်ရုပ်ရှင်အစည်းအရုံးက စာရင်းပြုစုထားတဲ့ ရိုမန့်တစ်အဆန်ဆုံးရုပ်ရှင်စာရင်းထဲမှာလည်း နံပါတ်ကိုးချိတ်ခဲ့တယ်။ ဇာတ်ကတော့ နှစ်ပေါင်းများစွာကြာသွားပေမဲ့ ရိုးရိုးရှင်းရှင်းကိုပဲ ထိထိခတ်ခတ်ဖြစ်အောင် ရိုက်ပြထားလို့ မဟောင်းသွားသေးဘူး ပြောရမှာပဲ။ အချစ်ရုပ်ရှင်တစ်ကားအနေနဲ့တော့ အဆင့်တစ်ခုမှာရှိနေတယ်။ ကာရိုက်တာတွေကတော့ မဲပြာပုဆိုးဖြစ်နေတဲ့ သူဌေးသားနဲ့ ဆင်းရဲတဲ့ကောင်မလေး ကာရိုက်တာတွေပါပဲ။ ဒါပေမဲ့ ဒီလိုကာရိုက်တာတွေကို ရိုးရိုးရှင်းရှင်းဇာတ်လေးထဲ လှလှပပသွတ်သွင်းပြလိုက်တာကလည်း ကြည့်ရတာ အရသာရှိပါတယ်။ ဒီလို တက္ကသိုလ်နောက်ခံဇာတ်ဖြစ်လာအောင်လည်း ဒီဇာတ်ကို စာရေးဆရာက အဲဒီခေတ်တက္ကသိုလ်ဝန်းထဲ သွားလေ့လာပြီး ရေးခဲ့တယ်။ ၁၉၇၁ အော်စကာဆုပေးပွဲမှာ Best Picture နဲ့ Best Director အပါအဝင် ၇ဆုဆန်ခါတင်ဝင်ခဲ့ပြီး Best Original Score ဆုကိုရသွားခဲ့တယ်။ Oliver’s Story (1978) ဆိုပြီး အဆက်ထွက်ခဲ့ပေမဲ့ ဒီကားရဲ့ ဒါရိုက်တာ Arthur Hiller ရိုက်ထားတာတော့မဟုတ်ခဲ့ဘူး။ ဒါပေမဲ့ မူရင်းစာရေးဆရာရဲ့ဇာတ်ပဲ။ Love Story (1970) ဟာ Tommy Lee Jones သရုပ်ဆောင်အနေနဲ့ ပထမဆုံးစပါဝင်ထားတဲ့ကားလည်း ဟုတ်တယ်။ Facts တွေသက်သက်ပါပဲ။ The Offer ထဲလည်းရင်းနှီးပြီးသားဖြစ်နေမယ့် ဟောလိဝုဒ်ရွှေခေတ်ကို ချစ်တဲ့လူတွေအတွက်တော့ Love Story (1970) ဟာ ဒီတိုင်းကို ကြည့်ဖြစ်လောက်မယ့် ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ဟာ အချစ်အကြောင်းသက်သက်ပါပဲ။ ကျွန်တော်တို့ရဲ့ ခွင့်လွှတ်လို့မရတဲ့အမှားဆိုတာ အချစ်တွေရဲ့ကမ္ဘာမှာ မရှိတဲ့အကြောင်းပါပဲ။ ~ အချစ်များအကြောင်း ~ ကြယ်တံခွန်တွေကိုလည်းနားလည်ဖို့ မကြိုးစားခဲ့ပါဘူးဘာမှမဟုတ်သလိုပဲ ရှင်သန်လာတယ်ဘာမှမဟုတ်သလိုပဲ သေဆုံးသွားတယ်ခွင့်လွှတ်လို့မရတဲ့အမှားကိုလည်းသူတို့ရဲ့ကမ္ဘာမှာ ငါ့မှာမတွေ့ခဲ့ရဘူး… (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...
