ru
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
The Sticky (2024) ⭐IMDB: 7.0/10 (3 k Votes) 🎬 #Comedy #Drama #Crime 🗓 2024 🎞 tv series 🌎 #Canada #UnitedStatesofAmerica ⏰ 33 မိနစ် 9 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ( Season 1 ) အပိုင်း ( ၁ မှ ၆ ) အထိ စ / ဆုံး ကနေဒါနိုင်ငံရဲ့မေပယ်သကာရည်ဟာ အကျိုးရှိတဲ့ဓာတ်သတ္တုပေါင်း ၅၄ မျိုးပါဝင်လို ကွေဘက်မြိုမှာ အကြီးအကျယ်စိုက်ပျိုးပြီး ကမ္ဘာမှာနာမည်ကျော်ပါတယ်။ ကွေဘက်မေပယ်အစည်းအရုံးဟာ ခြံသမားတွေဆီကသကာရည်တွေကိုဝယ်ယူသိုလှောင်ထားပြီး အစည်းအရုံးရဲ့ဂိုဒေါင်ထဲမှာ ဒေါ်လာသန်းချီတဲ့မေပယ်သကာရည် စည်တွေရှိနေပါတယ်။ အစည်းအရုံးရဲ့ခေါင်းဆောင်လီယိုနာ့ဒ်ဟာ မေပယ်ခြံစိုက်သူတွေကိုခေါင်းပုံဖြတ်တတ်သူဖြစ်ပြီး တစ်ရက် မှာတော့ ယောကျ်ားကအိပ်ရာထဲလဲနေတာကြောင့် ခြံကိုဦးစီး လုပ်ကိုင်နေရတဲ့ရု့သ်ကို ဖိအားပေးပြီး ခြံကိုရောင်းခိုင်းခဲ့ပါတယ်။ အစည်းအရုံးရဲ့ဂိုဒေါင်မှာ တစ်ဦးတည်းသောလုံခြုံရေးအစောင့် ဖြစ်တဲ့ရီမီက အစည်းအရုံးထဲမှာ သူ့ကိုဘယ်သူကမှလူရာမသွင်း တာကြောင့် သူ့အစွမ်းကိုပြချင်နေခဲ့သူဖြစ်ပါတယ်။ ကွေဘက်မြိုမှာ နာမည်ကျော်လူဆိုးဂိုဏ်းတစ်ခုအတွက် ငွေကောက်ပေးရတဲ့မိုက်ခ်ကလည်း သူ့အလုပ်ကိုစိတ်ကုန်နေခဲ့ ပါတယ်။ ဒါပေမဲ့ ရု့သ်၊ မိုက်ခ်နဲ့ရီမီတိုသုံးယောက်ဆုံချိန်မှာတော့ ဒေါ်လာသန်းချီတန်ဖိုးရှိတဲ့မေပယ်သကာရည်စည်တွေကိုခိုးယူမှုကြီး ဖြစ်လာခဲ့ပါတော့တယ်။ Comedy ၊ Crime အမျိုးအစားဖြစ်တဲ့ The Sticky ကို ခရမ်းချဥ်သီးပုတ်က ၈၂ ရာခိုင်နှုန်းထောက်ခံ ပေးထားပြီး ရင်တစ်ဖိုဖိုနဲ့ကြည့်ရမယ့်ဟာသစီးရီးကောင်းတစ်ခု ဖြစ်ပါတယ်။
...

Interior Chinatown (2024) ⭐IMDB: 7.1/10 (3 k Votes) 🎬 #Drama #Crime #Comedy 🗓 2024 🎞 tv mini series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 43 မိနစ် 49 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းကတော့ အရာမဝင်တဲ့ လူတစ်ယောက်ရဲ့ အရာဝင်ချင်တဲ့ ဇာတ်လမ်းလေးလို့ ဆိုရမယ်။ မိသားစုထဲမှာ မိဘဦးစားပေးခြင်း မခံရတဲ့ မိဘရဲ့ fav child ဖြစ်ခွင့်မရတဲ့ နောက်လူတစ်ယောက်ရဲ့ ဇာတ်လမ်းပေါ့။ ဝီလစ်ဆိုတဲ့ အမျိုးသားဟာ ငယ်စဉ်ကတိုင် ကွန်ဖူးသိပ်တော်တဲ့ သူ့ရဲ့ အစ်ကိုကို အားကျခဲ့ရတယ်။ သူ့ရဲ့ အစ်ကိုလို လူတိုင်းအထင်ကြီးတဲ့ ကောင်လေးတစ်ယောက် ဖြစ်ဖို့ဟာ သူ့အိပ်မက်ပဲ။ ဒါပေမဲ့ တချို့သောသူတွေအတွက် အိပ်မက်ဆိုတာ အိပ်မက်အဆင့်ကနေ တက်မလာပါဘူး။ ဒီအုပ်စုမှာ ဝီလစ်လည်း ပါသည်ပေါ့။ တိုက်ရည်ခိုက်ရည်အပြည့်နဲ့ သူရဲကောင်းကြီး ဖြစ်ဖို့ မွေးဖွားလာပေမဲ့ ကံအကြောင်းမလှစွာ ရွှေ‌နန်းတော်ဆိုတဲ့ ဦးလေးဖြစ်သူရဲ့ တရုတ်တန်းက စားသောက်ဆိုင်မှာ စားပွဲထိုး လုပ်နေရပါတယ်။ ဝီလစ်ဟာ သိပ်ကို တိုက်ချင်ခိုက်ချင်တယ်။ စုံထောက်တွေလို အမှုတွေ လိုက်ချင်တယ်။ တစ်နေ့တော့ သူတို့ဆိုင် နောက်ဖေးလမ်းကြားထဲမှာ အမျိုးသမီးတစ်ယောက် ပြန်ပေးဆွဲခံလိုက်ရတယ်။ ဝီလစ်ဟာ ဒါကို တပ်အပ်မြင်လိုက်တဲ့ မျက်မြင်သက်သေဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ ဇာတ်လိုက်‌ကျော်ကြီး ဖြစ်ချင်တဲ့ သူ့ရဲ့အိပ်မက်ဟာ အကောင်အထည်ပေါ်ဖို့ လမ်းစလေး ပွင့်လာခဲ့ပါတော့တယ်။ ဒီဇာတ်လမ်းမှာ အဓိကဇာတ်ဆောင် ဝီလစ်အဖြစ် အားလုံးနဲ့ မစိမ်းတဲ့ Stand-up Comedian နဲ့ သရုပ်ဆောင်ဖြစ်သူ Jimmy O.Yang က ပါဝင်သရုပ်ဆောင်ထားပါတယ်
...

Soudain seuls (2023) ⭐IMDB: 6.1/10 (1 k Votes) 🎬 #Adventure #Drama #Thriller 🗓 2023 🎞 movie 🌎 #France #Iceland #Belgium ⏰ 1 နာရီ 50 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သင်္ဘောတစ်စီးနဲ့အတူ စွန့်စားခရီးထွက်လာကြတဲ့ လက်ဂ်နဲ့ လော်ရာတို့ ဇနီးမောင်နှံ နှစ်ယောက်ဟာ မူလ ပွယ်တိုအေဒင်မြို့ကို သွားဖို့လုပ်ထားပေမယ့် ယောကျ်ားဖြစ်သူက ရေခဲစိုင်ကြီးတွေကို မြင်ရတဲ့ အရမ်းလှတဲ့ကျွန်းလေးကို သွားချင်တယ်ဆိုတာနဲ့ပဲ တောင်ဝင်ရိုးစွန်းဘက်မှာရှိနေတဲ့ကျွန်းသေးလေးကို ထွက်လာခဲ့ ကြပါတော့တယ်။ အဲဒီကျွန်းလေးကိုရောက်တဲ့အခါ လှပတဲ့ရှုခင်းတွေကို ခံစားနေတုန်း မုန်တိုင်းတစ်ခုက သူတို့ဘက်ကိုတည့်တည့် ဝင်လာပါလေရော… အဲဒါနဲ့ပဲ ပါလာတဲ့ လေထိုးလှေနဲ့ သင်္ဘောဆီကိုပြန်သွားဖို့လုပ်ပေမဲ့ လှိုင်းလေထန်တာကြောင့် လက်လျှော့ပြီး ကျွန်းပေါ်မှာ တစ်ညတာ အိပ်စက်လိုက်ရပါတယ်… အဲဒီလိုနဲ့ မုန်တိုင်းစဲပြီး မနက်နိုးတဲ့အခါမှာတော့ ပင်လယ်ပြင်မှာ ကျောက်ချထားခဲ့တဲ့ သူတို့သင်္ဘောကို မမြင်ရတော့ပါဘူး သင်္ဘောကို လေထိုးလှေစီးကာ လိုက်ရှာရင်း ဒီကျွန်းကနေပြန်ထွက်ဖို့ လမ်းမရှိတော့ဘူးဆိုတာ သိရတဲ့အခါ သူတို့နှစ်ယောက် ဘယ်လို ကျော်ဖြတ်မလဲ… ဒီကျွန်းကနေ အသက်ရှင်ရက်နဲ့ ပြန်ထွက်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။
...

Shameless (2011) ⭐IMDB: 8.5/10 (302 k Votes) 🎬 #Drama #Comedy 🗓 2011 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 46 မိနစ် 4 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းတွဲကို Facebook က video အတိုအထွာဟာသတွေ TikTokတွေမှာ ခဏခဏမြင်ဖူးကြမှာပါ 2011 ကစတင်ထွက်ခဲ့ပြီး season 9 ခုရှိတဲ့ ဇာတ်လမ်းတွဲဟာ လူ 3 သိန်းကျော်မဲပေးမှုမှာ IMDB 8.5 နဲ့ရပ်တည်နေပါတယ်… နာမည်ကျော် sitcom တွေနောက်မှာ အကောင်းဆုံးထွက်ရှိလာတဲ့ dark comedy အမျိုးအစား ဇာတ်လမ်းတွဲဖြစ်ပြီး သေချာပေါက်ကြည့်သွားသင့်တဲ့ စီးရီးပါ ဒီဇာတ်လမ်းက Jeremy Allen . Cameron Monaghan , Ethan Cutkosky တို့လိုလူငယ်သရုပ်ဆောင်တွေကို ဟော်လီးဝုဒ်မှာနေရာရစေခဲ့တဲ့ ဇာတ်လမ်းတွဲဆိုလည်း မမှားပါဘူး ဇာတ်လမ်းအညွှန်းကတော့ ချီကာဂိုက ရုန်းကန်လှုပ်ရှားနေရတဲ့ ဂါလာဂါ မိသားစုကြားထဲ ပဋိပက္ခတွေ အလွဲအချော်ဖြစ်တဲ့ဟာသ ဘ၀ဇာတ်ကြောင်းတွေကို ရိုက်ကူးထားတာဖြစ်ပါတယ် ..တစ်ပိုင်းစကြည့်မိရင်း ထိုင်ရာမထ စွဲ‌သွားစေမယ့် ဇာတ်လမ်းမျိုးဖြစ်ပြီး ကိုယ့်အကြိုက်ဆုံး ရုပ်ရှင်ဇာတ်ကောင်တွေအဖြစ်နဲ့ ကျန်နေခဲ့မှာပါ
...

Monkey King: The One and Only (2021) ⭐TMDB: 0% User Score 🎬 #Action #Drama #Adventure #Fantasy 🗓 2021 🎞 video movie 🌎 #China ⏰ 1 နာရီ 33 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CMကနေ စွန်းဝူခုန်း နောက်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဒီတစ်ခါဇာတ်ကားလေးကတော့ ဟာသပုံစံမျိုးရိုက်ကူးထားတာပါနော်မူရင်းဝူခုန်းကိုတော့ မမှီပေမဲ့ ဒီကားလေးလည်း တဖန်အသစ်ဆန်းထားတဲ့ပုံလေးနဲ့ ရိုက်ကူးထားတာကြောင့်မို့လို့ ကြည့်လို့ကောင်းပါတယ် ဒီဇာတ်ကားလေးဟာ အရာရာကို အကြမ်းဖက်ဖြေရှင်းတတ်တဲ့ ဝူခုန်းနဲ့အမြဲမေတ္တာတရားကို ရှေ့ထားပြီး ဖြေရှင်းချင်တဲ့ ဆရာတော် နှစ်ဦးသားကြားကပြဿနာကနေ အစချီပြီးတော့ရိုက်ကူးထားတာပါ တစ်နေ့ ဝူခုန်းနဲ့ဆရာတော်သဘောထားကွဲလွဲမှုကြောင့် ဆရာတော်က အရမ်းဒေါသထွက်ပြီး ဝူခုန်းကိုအပြင်းအထန်ပြောဆိုကာ မောင်းထုတ်လိုက်ပါတယ် ဝူခုန်းကလည်းဆရာတော်စကားတွေကို စိတ်နာက ဆရာတော်အပါးကနေ အပြီးတိုင်ထွက်သွားပါတော့တယ် ဝူခုန်းထွက်သွားပြီးမကြာခင်မှာပဲ ဆရာတော်နဲ့ ဝူကျင်း ရှန့်ကျန်းမိစ္ဆာဆီမှာအဖမ်းခံလိုက်ရပါတယ် အဲ့ဒီအချိန်မှာ ဝူခုန်းတစ်ယောက်မနေသာတော့ဘဲပါးကျဲနဲ့အတူ စွမ်းအားကြီး မိစ္ဆာရှန့်ကျန်းကို ဘယ်လို နည်းလမ်းမျိုးတွေသုံးကာဘယ်လိုကယ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုရမှာပါ ဒီကားလေးဟာဆိုရင်ခေတ်သစ်ဟာသတွေနဲ့ ပေါင်းစပ်ဖန်တီးထားတာဖြစ်တဲ့အတွက်ကြောင့်တစ်ကားလုံးပျင်းမနေရဘဲ ရီနေရတဲ့ အချိန်ကုန်မြန်စေမဲ့ကားလေးမို့လို႕ခုပဲ ဒေါင်းကြည့်လိုက်ပါတော့နော်
...

Ghost Walk (2018) ⭐IMDB: 5.4/10 (107 Votes) 🎬 #Drama #Fantasy #Mystery 🗓 2018 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 30 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “ဝိညာဉ်တွေမှာ နက်ဖြန်ဆိုတာ မရှိဘူးတဲ့ အဲ့ဒါကြောင့် ပျောက်ကွယ်မသွားအောင်မနေ့ကအချိန်ကို တွယ်ကပ်နေတတ်ကြတယ်” ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ ဟေးဂျောင်ဆိုတဲ့ ဝိညာဉ်မလေးဟာ အသတ်ခံရပြီးသတိမေ့မျောနေချိန်မှာ အသက်ရှင်ချင်လွန်းပြီး သူ့ရဲ့ နေ့ရက်တွေကိုအနောက်ကို တဖြည်းဖြည်းချင်းပြန်သွားတဲ့ ပုံစံမျိုးလေး ရိုက်ကူးတင်ဆက်ထားတာပါ ဇာတ်လမ်းအကြောင်းအရာလေးကတော့… ဟေးဂျောင်ဟာ မိသားစုကို စွန့်ခွာပြီးတစ်ကိုယ်တည်း ကြိုးစားနေတဲ့ အမျိုးသမီးတစ်ယောက်ပါ သူဟာ လက်ထပ်ဖို့ရောရည်းစားထားဖို့ရော စိတ်ကူးမရှိဘဲနဲ့ ဘဝကို အလုပ်လုပ်ရင်းအဓိပ္ပါယ်မရှိစွာဖြတ်သန်းနေတဲ့ လူတစ်ယောက်လည်းဖြစ်ပါတယ် ဒါပေမဲ့ တစ်နေ့ သူအသတ်ခံရပြီး မေ့မျောနေချိန်မှာတော့ သူရဲ့ ဘဝကိုတန်ဖိုးထားရကောင်းမှန်းသိပြီး အသက်ရှင်ချင်လာပါတော့တယ်အဲ့ဒီနောက်မှာ ဟေးဂျောင်အနေနဲ့ သူ အသတ်မခံရဖို့အတွက်အရင်ရက်တွေကို ပြန်သွားပြီး ဘယ်လိုဖြေရှင်းမလဲဆိုတာကို စိတ်ဝင်းစားဖွယ်ကြည့်ရှုရမှာပါ
...

No Good Deed (2024) ⭐IMDB: 7.0/10 (7 k Votes) 🎬 #Drama #Comedy 🗓 2024 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 40 မိနစ် 4 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB – 6.5/10, RT – 69% Netflix ကနေ အသစ်ထွက်ရှိလာတဲ့ Dark Comedy အမျိုးအစား စီးရီးလေး ဖြစ်ပါတယ်။ Luke Wilson တို့ Linda Cardellini တို့လို မင်းသား မင်းသမီးတွေအပြင် တခြားမျက်နှာသိသရုပ်ဆောင်တွေလည်း များစွာပါဝင်ထားပြီး မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ထားတာပါ။ ဇာတ်ကြောင်းလေးကတော့ LA မြို့ လမ်းထောင့်တစ်နေရာက ၁၉၂၀ ကာလဒီဇိုင်းနဲ့ စပိန်စတိုင်အိမ်တစ်လုံး ရောင်းတော့မယ်။ စိတ်ဝင်စားနေကြတာက ဘာနေနေ အဆိုးမြင်တတ်သူ ပါဝင်တဲ့ လက်ဖက်ဆီပြန် စုံတွဲတစ်တွဲရယ်၊ မိန်းမဖြစ်သူက ဗိုက်ကြီးနေပြီး အိမ်ဝယ်ချင်ပေမဲ့ ငွေမလောက်သေးလို့ အမေကို အပူကပ်ချင်တဲ့ မားမားဘွိုင်းတို့ လင်မယားရယ်၊ မိန်းမဖြစ်သူက လုပ်ချင်ရာလုပ် ယောက်ျားဖြစ်သူက မိန်းမကြိုက်တဲ့အိမ်လေး ဝယ်ပေးချင်ပေမဲ့ ရိုက်ကူးရေးမရှိလို့ ငြိမ်နေရတဲ့ သရုပ်ဆောင်တို့ လင်မယားရယ်ဖြစ်ပါတယ်။ အဲဒီမှာ အိမ်ရှင်လင်မယားကလည်း အတိတ်က သူတို့ ပြဿနာ သူတို့အပူနဲ့သူ။ ဒီအိမ်ကြီးမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေကြမလဲ၊ ဘယ်အတွဲက အိမ်ကြီးကို ဝယ်နိုင်သွားမလဲ၊ ထောင်ထွက်သူစိမ်းတစ်ယောက်ကလည်း ဘယ်လိုမွှေဦးမလဲ စသဖြင့် စိတ်ဝင်စားစရာတွေနဲ့ ရိုက်ကူးထားတဲ့ ဟာသဒရမ်မာစီးရီးလေး ဖြစ်ပါတယ်ဗျာ။
...

Caught by the Tides (2024) ⭐TMDB: 73% User Score 🎬 #Drama 🗓 2024 🎞 movie 🌎 #China #France #Japan ⏰ 1 နာရီ 51 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စိတ်ဝင်စားစရာကောင်းတဲ့တင်ဆက်မှုတွေနဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာNomineeတွေဆုတွေရထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ငယ်ငယ်တုန်းက အရမ်းချစ်တဲ့ချစ်သူတွေဖြစ်ကြပေမယ့်ရွေးချယ်တဲ့လမ်းကြောင်းမတူကြတဲ့အတွက် ကွဲကွာခဲ့ပြီးကွဲပြားတဲ့ရလာဒ်တွေကိုယ်စီရခဲ့ကြတယ်။ ၂၀၀၀ခုနှစ် မိန်းမပျိုတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းကို ပြောင်းလဲလာတဲ့ခေတ်ရေစီးကြောင်းနဲ့ ယှဉ်ပြီးပြသွားတာဖြစ်ပါတယ်။ အချိန်စီးကြောင်းအတိုင်း မိန်းကလေးဟာ ရင့်ကျက်လာတယ် နားလည်လာတယ်ပြောင်းလဲလာပြီး သန်မာလာခဲ့တဲ့ဖြစ်စဉ်ကို ရိုက်ပြသွားတဲ့နေရာမှာပိုပြီးစိတ်ဝင်စားစရာကောင်းတာကတော့ မင်းသမီးကတစ်ကားလုံးဒိုင်ယာလော့တစ်လုံးမှမပါတာပါပဲ။ အစပိုင်းမှာတော့ ဇဝေဇဝါနည်းနည်းဖြစ်ပေမယ့်တဖြည်းဖြည်းချင်းဇာတ်လမ်းထဲကို နစ်မြုပ်သွားစေမယ့်ခံစားချက်တွေအပြည့်ပေးနိုင်မယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။
...

The King's Letters (2019) ⭐IMDB: 6.4/10 (541 Votes) 🎬 #Drama #Historical #History 🗓 2019 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 50 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The King’s Letters (2019) ************************** IMDb… 6.4 Song Kang-Ho , Park Hae-Il , Jeon Mi-Sun အစရှိတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများ အဓိကပါဝင်သရုပ်ဆောင်ထားပြီး ကိုရီးယားအက္ခရာဖန်တီးပုံကို ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ ဇာတ်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ – ဇာတ်လမ်းအကျဉ်း – ဂျိုဆွန်းဘုရင် ဆယ်ဂျုံးလက်ထက်မှာ ကိုယ်ပိုင်အက္ခရာမရှိခဲ့တဲ့အတွက် တရုတ်အက္ခရာများကိုသာ အသုံးပြုခဲ့ကြရပါတယ်။ သို့သော်လည်း တရုတ်အက္ခရာတွေက မှတ်သားရခက်ခဲတဲ့အတွက် သာမန်ပြည်သူ အများစုက စာမတတ်ပေမတတ် ဘဝပဲ ဖြစ်ကျန်နေပြီး သူတို့ရဲ့ဖြစ်ချင်တဲ့ ဆန္ဒတွေကိုတောင် ဘုရင်ဆီ ရေးသားလျှောက်တင်ဖို့ အခွင့်မရခဲ့ကြပါဘူး။ ဒီအတွက် ဆယ်ဂျုံးဘုရင်က ပြည်သူအားလုံး ‌သင်ယူဖို့လွယ်ကူတဲ့ ကိုယ်ပိုင်အက္ခရာကို ဖန်တီးဖို့ ဆုံးဖြတ်လိုက်ပြီး ဘုန်းကြီးရှင်းမီဆိုသူနဲ့အတူ နှစ်ယောက်အင်အားပေါင်းပြီး ဂျိုဆွန်းရဲ့ကိုယ်ပိုင်အက္ခရာကို ကြိုးစားဖန်တီးကြရာမှာတော့… ကိုးရီးယားသမိုင်းကြောင်းနဲ့ သွေဖည်နေတဲ့ အကြောင်းအရာများ ပါဝင်နေသော်ငြား ဇာတ်လိုက်သရုပ်ဆောင်များရဲ့ သရုပ်ဆောင်ချက်များကတော့ အံ့မခန်းလောက်အောင် ကောင်းမွန်တာမို့ ကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားလို့ အကြံပြုပါရစေရှင်။ (ဇာတ်လမ်းအကျဉ်းကို  Hnin Wai Oo  မှ ရေးသားပေးထားပါတယ်။)
...

Blitz (2024) ⭐IMDB: 6.2/10 (11 k Votes) 🎬 #Action #Drama #History #War 🗓 2024 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Blitz (2024) IMDb Rating (6.3) / Rotten Tomatoes (81%) ဒီဇာတ်လမ်းလေးကတော့ ဒုတိယကမ္ဘာစစ်အတွင်း ဂျာမနီက ဗြိတိန်ကို ‌ဗုံးတွေကြဲခဲ့ချိန်ကို ဇာတ်အိမ်တည်ထားပါတယ်။ ရီတာလို့ အမည်ရတဲ့ အမျိုးသမီးဟာ သူ့ရဲ့ အဖေရယ် သားဖြစ်သူ ဂျော့ဂ်ျရယ်နဲ့ ဘဝကို အေးအတူပူအမျှ ဖြတ်သန်းနေသူပေါ့။ ဒါပေမဲ့ တစ်နေ့တော့ သူတို့နေထိုင်ရာ မြို့လေးဟာ နာဇီတို့ရဲ့ လေကြောင်းကနေ ဗုံးကြဲမဲ့ ပစ်မှတ်တစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်မလို့ သားသမီးရှိတဲ့ မိသားစုတွေဟာ ကလေးတွေ ဘေကင်းဖို့အတွက် ကျေးလက်ဒေသဘက်ကို စစ်ရှောင်ဖို့ ပို့ဆောင်ကြရပါတယ်။ ဒီထဲမှာ ရီတာရဲ့ သားလေး ဂျော့ဂ်ျလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ ဂျော့ဂ်ျဟာ သူ့အမေနဲ့ပဲ နေချင်သူပါ။ မိခင်နဲ့ ကတောက်ကဆဖြစ်ပြီး ရထားပေါ် ပါသွားတဲ့ ဂျော့ဂ်ျဟာ အမေမှာလိုက်တဲ့ လိမ်လိမ်မာမာနေနော်ဆိုတဲ့ စကားကို နားမထောင်ဘဲ တစ်ကိုယ်တည်း အိမ်ပြန်ဖို့ ကြိုးစားပါတော့တယ်။ ဒီဇာတ်လမ်းမှာ ရီတာအဖြစ် Ladybird, Little Women စတဲ့ နာမည်ကြီး ရုပ်ရှင်တွေမှာ ပါဝင်တဲ့ မင်းသမီးချော Saoirse Ronan က ပါဝင်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Act Molemy ဖြစ်ပါတယ်။)
...

Miracle on 1st Street (2007) ⭐TMDB: 68% User Score 🎬 #Comedy #Romance #Sport 🗓 2007 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 53 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Miracle on 1st Street (2007)**************************** ၁ လမ်းရပ်ကွက်မှ အံ့သြစရာဖြစ်ရပ်။ ဒီဇာတ်လမ်းမှာ ကလေးသရုပ်ဆောင်တွေက အဓိကဖြစ်ပြီး ချစ်စရာ ဒေသခံတွေရဲ့ … ဇာတ်လမ်းအသီးသီးတွေ၊ လူနေမှုအဆင့်အတန်းကွာဟမှုတွေ… မြို့ပြစီမံကိန်းရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေနဲ့အတူ ရင်ထဲကိုနွေးသွားစေမဲ့ အခိုက်အတန့်တွေအားလုံးကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားတာမို့ ရယ်တစ်လှည့်၊ ငိုတစ်လှည့် ကြည့်ရမှာဖြစ်ပြီး ၂၀၀၀ ခုနှစ်ရဲ့ ဒိတ်ဒိတ်ကြဲ မမ ဟာဂျီဝန်းရဲ့ … ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကိုလည်း ရှုစားနိုင်မှာဖြစ်လို့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်တယ်ဆိုတာ ညွှန်းလိုက်ပါရစေနော်။ ဇာတ်လမ်းအကျဉ်း————– ဆင်းရဲသားရပ်ကွက်လို့ လူတိုင်းကနှိမ်ခေါ်ကြတဲ့ ၁ လမ်းရပ်ကွက်လေးဟာ… စရိုက်အဖုံဖုံနဲ့ အရောင်အသွေးစုံလှတဲ့ မိသားစုတွေရဲ့ အိမ်လို့ ခေါ်ရမှာပေါ့။ အဲဒီနေရာလေးကိုမှ လူမိုက်ဖီးဂျယ်ဟာ ရောက်ရှိသွားခဲ့တယ်။ ဖီးဂျယ်ဟာ… အဲဒီကိုရောက်ပြီး သိပ်မကြာခင်မှာပဲ ၁ လမ်းမှာနေထိုင်တဲ့ မြောင်နန်ဆိုတဲ့ကောင်မလေးနဲ့ တွေ့ဆုံခဲ့တယ်။ လက်ဝှေ့သမားပေါက်စဖြစ်ပြီး တစ်နေ့မှာ ချန်ပီယံဖြစ်ဖို့ အိပ်မက်ရှိတဲ့ မြောင်နန်ဟာ… အလုပ်ကြမ်းလုပ်ပြီး နေမကောင်းမကျန်းမာတဲ့ ဖခင်ဖြစ်သူကို ပြုစုစောင့်ရှောက်နေတဲ့ သမီးလိမ္မာတစ်ဦးပါ။ အစကတော့ ဒေသခံတွေကို ခြိမ်းခြောက်နှင်ထုတ်ဖို့ လာခဲ့တဲ့ ဖီးဂျယ်ဟာ… အပြင်ပန်းမှာတော့ ကြမ်းတမ်းရိုင်းစိုင်းပေမဲ့ ရပ်ကွက်လေးထဲက နက်ရှိုင်းတဲ့နှောင်ကြိုးတွေကို… ရှာဖွေတွေ့ရှိလာခဲ့ပြီးနောက် တဖြည်းဖြည်းနဲ့ သူ့ရဲ့စရိုက်ဟာ ပြောင်းလဲလာခဲ့တော့တယ်။ ခက်ခဲကြမ်းတမ်းတဲ့ဘဝကို ရင်ဆိုင်နေရပေမဲ့ ဇွဲမလျှော့ဘဲ ကြိုးစားနေတဲ့ မြောင်နန်ကတော့… သူ့ပြောင်းလဲမှုအတွက် တစ်စိတ်တစ်ပိုင်းကနေ ပါဝင်ကူညီပေးခဲ့တဲ့လူပေါ့။ ဒီလိုနဲ့ပဲ သူတို့နှစ်ဦးဘဝဟာ ကံကြမ္မာစပ်ခဲ့ကြတယ်။
...

Secret Level (2024) ⭐IMDB: 7.6/10 (14 k Votes) 🎬 #Animation #SciFi #Fantasy #Action #Adventure 🗓 2024 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 12 မိနစ် 56 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Game ချစ်သူတွေ Animation ချစ်သူတွေအတွက် အမျှော်လင့်ရဆုံးဖြစ်တဲ့ Secret Level က ဒီနေ့ ထွက်ရှိလာခဲ့ပါပြီ။ ထုံးစံအတိုင်း Amazon Prime က ထုတ်လုပ်ပေးထားတာမို့ ကွာတလီပိုင်းက မကောင်းမှာတော့ ပူမနေနဲ့တော့ဗျာ။ တစ်ပိုင်းစီက Game တစ်ခုချင်းစီရဲ့အကြောင်းကို အခြေခံ ဖန်တီးထားတဲ့ သီးခြားဇာတ်လမ်းလေးတွေ ဖြစ်ပါတယ်။ နာမည်ကျော်ဂိမ်းတွေအနေနဲ့ဆို Pac Man, Mega Man, Warhummer, Dungeon & Dragons, Sifu စသဖြင့် ဒါတွေအပြင် တခြားဂိမ်းဇာတ်လမ်းပေါင်းစုံတွေ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စုစုပေါင်း ၈ ပိုင်းထွက်ရှိထားပြီး ကျန်တဲ့အပိုင်းတွေတော့ နောက်တစ်ပတ်မှ ဆက်လက်ထုတ်လွှင့်ပေးသွားမှာပါ။ ဆိုတော့ကား အညွန်းကို ရှည်ရှည်ဝေးဝေး ပြောမနေတော့ပါဘူး အားရပါးရ တမုန်းကြည့်ကြဖို့သာ အားခဲထားကြပါလို့။
...

Tehranto (2022) ⭐IMDB: 5.8/10 (132 Votes) 🎬 #Comedy #Drama #Romance 🗓 2022 🎞 movie 🌎 #Canada ⏰ 1 နာရီ 25 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tehranto (2022) IMDb Rating (5.8) ရုပ်ရှင်ဇာတ်လမ်းဟာ တိုရွန်တိုမြို့ရဲ့ ထူးခြားတဲ့ အလှပပုံရိပ်နောက်ခံမှာ၊ အီရန်ယဉ်ကျေးမှုနဲ့ အနောက်တိုင်း ဘဝတွေကြားက ပဋိပက္ခတွေကို ပြသထားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဘာဒီးက နဲ့ ဟန်နာ တို့က ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ မျိုးဆက်အဆက်ကြား ကွာဟမှုတွေကြားက အချစ်တစ်ခုကို ဖော်ဆောင်သွားကြတာ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ သဘာဝကျတဲ့ ဟာသတွေနဲ့ အလှအပလှုံ့ဆော်မှုတွေ ပါဝင်ပြီး၊ ခေတ်သစ်နဲ့ ရိုးရာကြား ပေါင်းစည်းမှုတွေကို ရိုမန့်တစ်ဆန်ဆန် ရှုစားရမှာ ဖြစ်ပါတယ်။ Tehranto ဟာ အချစ်နဲ့ ကိုယ့်ကိုယ်ကို ရှာဖွေဖို့ လမ်းစဉ်တစ်ခုကို ပရိသတ်တွေအတွက် ဖော်ဆောင်လာပေးနိုင်တဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Aung Kyaw ဖြစ်ပါတယ်။)
...

Alive (2014) ⭐IMDB: 6.6/10 (535 Votes) 🎬 #Documentary #Drama 🗓 2014 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 46 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Alive (2014)************ 2014 ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့ပြီး ဒါရိုက်တာ Park Jung Bumရိုက်ကူးထားတဲ့ Alive ရုပ်ရှင်ကား… သရုပ်​ဆောင် Park Jung Bum, Lee Seung Yeon, Park Myoung Hoonနဲ့ … က​လေးသရုပ်​ဆောင် Shin Haet Bitတို့ အဓိကပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း————–​အလုပ်ရှားပါးတဲ့ ​ဆောင်းရာသီမှာ ရရာအလုပ်လုပ်ပြီး ကြိုးစားရှာ​ဖွေရုန်းကန်​နေရတဲ့ ​ဂျောင်​ချော… စိတ်မနှံ့ဖြစ်​နေတဲ့ အစ်မဖြစ်သူ ဆူ​ယောင်းက ဆိုးလ်ကို​ပြောင်း​နေချင်​ပေမဲ့… အတိတ်ကဖြစ်ရပ်ဆိုးထဲ ပိတ်မိ​နေခဲ့ပါတယ်။ ​ဂျောင်​ချောရဲ့ တူမဖြစ်သူ ဟာနာကလည်း… အ​မေဖြစ်သူ ပြဿနာရှာတိုင်း ဦး​လေးဆီ​မှာ အကူအညီ​သွားတောင်းရ​တဲ့… အရွယ်နဲ့မလိုက်​အောင် ရင့်ကျက်တဲ့က​လေးတစ်​ယောက်ဖြစ်တယ်။ ​အော်တစ်ဇင်သူငယ်ချင်း ​မြောင်ဟွန်းကလည်း… ​ဂျောင်​ချော​နောက်တ​ကောက်​ကောက်လိုက်ရင်း အစ်မဖြစ်သူကို သ​ဘောကျ​နေတာပါ။ ​ ဂျောင်​ချောက ရည်းစားဖြစ်သူနဲ့ အ​ခြေချ​ချင်​ပေမဲ့ ပိုက်ဆံအလိမ်ခံရတာ​ကြောင့် ​ရှေ့ဆက်မတိုးနိုင်ဖြစ်​နေချိန်… ပဲပိစပ်အလုပ်ရုံတစ်ခုမှာ ​ဂျောင်​ချောတစ်​ယောက် အလုပ်လုပ်ဖို့ အခွင့်အ​ရေးရလာတဲ့အခါ… ပိုက်ဆံစုမိပြီး ရည်းစားနဲ့အတူတူ အ​ခြေချနိုင်မလား ဒါမှမဟုတ် လွဲချော်သွားနိုင်မလားဆိုတာကို… ​ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြပါရှင်
...

Heartbeats: Pyaar aur Armaan (2024) ⭐IMDB: 7.5/10 (3 k Votes) 🎬 #Drama #Comedy #Romance 🗓 2024 🎞 tv series 🌎 #India ⏰ 26 မိနစ် 42 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Heartbeats Pyaar aur Armaan (2024) ချစ်ရင်ခုန်သံ ဒီတစ်ခေါက်မိတ်ဆက်ပေးမှာတော့ ဆရာဝန်ကားကိုမှကြိုက်နှစ်သက်တဲ့သူတွေ သေချာပေါက်ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးပါ။ အလုပ်သင်ဆရာဝန်တွေ နေ့စဉ်ကြုံတွေ့နေရတဲ့အခက်အခဲတွေကို မြင်တွေ့ရမဲ့အပြင်ဒီလိုအခက်အခဲတွေကြားမှာပေါက်ဖွားလာကြမဲ့ သူငယ်ချင်းသံယောဇဉ်နဲ့ချစ်ခြင်းမေတ္တာတွေကိုပါ ခံစားကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ အက်ရှန့်ဟာ နယ်မြို့လေးတစ်မြို့က တက်လာတဲ့အလုပ်သင်ဆရာဝန်တစ်ယောက်ပါ။ သူ့မှာ ဆေးကျောင်းပထမနှစ်ကတည်းကကျိတ်သဘောကျနေရတဲ့ ရွယ်တူဆရာဝန်မလေး ရှန်ဆိုတာရှိပါတယ်။ ဒါပေမဲ့ အက်ရှန့်က သူချစ်တာကိုဖုံးကွယ်ထားပြီး ရှန်ကို မထိတထိနဲ့ရွဲ့ပြောတတ်တာကြောင့်နှစ်ယောက်သား ကျောင်းမှာကတည်းက မတည့်လိုက်တာ ဆေးရုံမှာ အလုပ်ဆင်းကြတဲ့အထိပါပဲ။ သူတို့အဖွဲ့မှာဆိုရင် နောက်ထပ်သုံးယောက်ရှိပါသေးတယ်။အဲဒါကတော့ ပေါ့ပေါ့ပါးပါးနေတတ်ပြီး ပျော်တတ်တဲ့ ရီရှီရယ်၊ ဆိုရှယ်မီဒီယာပေါ်အကုန်တင်တတ်တဲ့ ပူကစ်နဲ့ ရူချီစုံတွဲရယ်ပါ။ မိသားစုနောက်ခံလည်းမတူ၊အကျင့်စရိုက်ချင်းလည်းမတူကြတဲ့ ဒီငါးယောက် ဆေးရုံမှာသူတို့ရဲ့အလုပ်သင်ကာလကို ဘယ်လိုဖြတ်သန်းကြမလဲဆိုတာတော့ဇာတ်လမ်းလေးကြည့်ပြီး စီးမျောခံစားလိုက်ပါနော်။ (ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှဖြစ်ပါတယ်)
...

Mad Sad Bad (2014) ⭐IMDB: 5.7/10 (190 Votes) 🎬 #Drama #Horror #Supernatural #Thriller #Fantasy #Romance #SciFi 🗓 2014 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 57 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mad Sad Bad (2014)****************** Thriller, Horror, Drama, Supernatural ရသစုံ ကြည့်ချင်တယ်ဆိုရင်တော့… ဒီ‌ကားလေးကိုကြည့်ဖို့ညွှန်း‌ပေးချင်ပါတယ်နော်။ ဒီကားလေးထဲမှာတော့ ဇာတ်လမ်းတိုလေးတွေ… သုံးခုပါဝင်ပြီး ဒါရိုက်တာကြီးသုံးယောက်ရဲ့ မတူညီတဲ့လက်ရာတွေကိုကြည့်ရူခံစားကြရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း————– “ဖြစ်ရပ်မှန်လူသတ်မှုအပေါ်အခြေခံပြီး ရိုက်ကူးထားတဲ့ ပထမဇာတ်လမ်းလေးမှာတော့… လူငယ်သဘာဝ အွန်လိုင်းကတစ်ဆင့်သံယောဇဉ်တွယ်ကာ ကိုယ်မမြင်ဖူးတဲ့သူလေးအတွက်နဲ့… ဘယ်လိုလုပ်ရပ်တွေပါလုပ်နိုင်တယ်ဆိုတာကို ရှုစားကြရမှာဖြစ်ပါတယ်” “ဒုတိယဇာတ်လမ်းလေးကတော့ သဘာဝလွန်အမျိုးအစားအဖြစ်နဲ့ အကယ်၍များ… ကာကွယ်ဆေးရှာတွေ့နိုင်ခဲ့ပြီး ဇွန်ဘီတွေနဲ့ လူတွေနဲ့ အတူနေထိုင်ကြတဲ့အခါ… ဘယ်လို‌တွေဖြစ်လာနိုင်တယ်ဆိုတာကို အချစ်ဇာတ်လမ်းလေးနှောကာ ဖော်ပြသွားဦးမှာပါနော့်” “နောက်ဆုံးဇာတ်လမ်းလေးမှာတော့ နေမကောင်းဖြစ်နေတဲ့မောင်လေးကို စောင့်ရှောက်ပေးရင်း… ကလေးဘဝကို ကောင်းကောင်းမဖြတ်သန်းရတဲ့ ကာတွန်းစာအုပ်တွေနှစ်ခြိုက်သူ ကလေးမလေးရဲ့ … တွေးခေါ်ပုံတွေ နေထိုင်ပုံလေးတွေကိုလိုက်ပါခံစားနိုင်ပါတယ်” ဇာတ်လိုက်သရုပ်ဆောင်ပေါင်းများစွာက မတူညီတဲ့ရသမျိုးစုံကိုပိုင်ပိုင်နိုင်နိုင်ဖော်ပြပေးသွားလို့ Horror တွေပါပေမဲ့လည်း အတင်းဖြဲခြောက်ပြကာ jump scareပါတာမျိုးမဟုတ်ဘဲ… အဆုံးထိအဖြေရှာကြရမှာမို့ တမြေ့မြေ့စဉ်းစားကာ တွေးရတာကြိုက်ရသူများကြည့်ရှုရန် အထူးသင့်တော်ပါတယ်ရှင်… ဇာတ်လမ်းအညွှန်းကို Khin Ni မှ ရေးသားပေးထားပါတယ်
...

Malibu's Most Wanted (2003) ⭐TMDB: 51% User Score 🎬 #Comedy #Crime 🗓 2003 🎞 tv series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Malibu’s Most Wanted (2003)*************************** အူနှိပ်ပြီး တစ်ကားလုံး ရယ်နေရမဲ့ ဟာသကားကောင်းကောင်းလေး တစ်ကားကို… ရှာနေတယ်ဆိုရင် ဒီကားကို ညွှန်ပေးပါရစေ။ ဇာတ်လမ်းအကျဉ်း————– မစ္စတာ ဘေလ်ဂလက်မန်းဆိုတဲ့ ရွေးကောက်ပွဲဝင်ပြိုင်နေတဲ့ လူကြီးမှာ… Eminem လိုလို ဘာလိုလို Rap ကို အရမ်း ရူးသွပ်ပြီး ဂန်းစတား ဖြစ်ချင်နေတဲ့… B Rad ဆိုတဲ့ လူဖြူသားလေးတစ်ယောက်ရှိပါတယ်။ ဘေလ်ဂလက်မန်းက… နိုင်ငံရေး ကမ်ပိန်းတွေ လုပ်နေတဲ့အချိန်မှာ သူ့သားဖြစ်သူ Rapper ရူးက… သူ့ကမ်ပိန်းပွဲတွေမှာ အနှောက်အယှက်လို ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်… ဘေလ်ဂလက်မန်းရဲ့ ကမ်ပိန်းအဖွဲ့က လူမည်း နှစ်ယောက်ကို ငှားပြီး B Rad ကို… ရှင်းထုတ်ဖို့ ကြိုးစားပါတော့တယ်။ အဲဒီ လူမည်းနှစ်ယောက်က B Rad ကို… ပြန်ပေးဆွဲတဲ့ပုံစံ ဟန်ဆောင်ပြီး လူမိုက်ရပ်ကွက်တွေထဲ ခေါ်သွားရင်း … တကယ့် ဂန်းစတား လူမိုက် အစစ်တွေနဲ့ ကြုံကြိုက်ရတဲ့အခါမှာ… ဘယ်လို ဘာတွေ ဖြစ်ပြီး .. ဘယ်လောက် ခွီရမယ်ဆိုတာကတော့… ဇာတ်ကားထဲမှာပဲ ကြည့်ရှု ခံစားကြပါတော့။ (ဒီဇာတ်ကားထဲက ဇာတ်ကောင် B Rad က 2002 ခုနှစ်က ထွက်ခဲ့တဲ့… Eminem ရဲ့ 8 Mile ဇာတ်ကားထဲက B Rabbit ဆိုတဲ့ နာမည်ကို ပြက်လုံးထုတ်ထားတာဖြစ်ပါတယ်) ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့
...

Dexter: Original Sin (2024) ⭐IMDB: 8.3/10 (7 k Votes) 🎬 #Crime #Drama #Mystery 🗓 2024 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 58 မိနစ် 44 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dexter New Blood မှာ ဒက်စ်တာမော်ဂန်ဟာ သားဖြစ်သူရဲ့လက်ချက်နဲ့ သေနတ်မှန်ပြီးသေပြီလို့ အားလုံးကထင်ခဲ့ကြပေမဲ့ မထင်မှတ်ထားတဲ့အရာတွေထပ်ဖြစ်လာပါတယ်။ လူတွေဟာ သေခါနီးအချိန်မှာ ကိုယ့်ဘဝရဲ့ အရေးပါတဲ့အဖြစ်အပျက်တချို့ကို flashback ပြန်ရတယ်ဆိုတဲ့အတိုင်း ဒီစီးရီးမှာတော့ သေခါနီးဖြစ်နေတဲ့ ဒက်စ်တာဟာ သူငယ်စဉ်တုန်းက သူ့ဘဝအကြောင်းကို ပြန်မြင်ယောင်လာပါတော့တယ်။အကျဉ်းချုပ်ပြောရရင်တော့ ဒီစီးရီးဟာ Dexter ရဲ့ prequel series ဖြစ်ပြီး အမှောင်ခရီးသည်ကြီး ဒက်စ်တာမော်ဂန်ရဲ့ မိုင်ယာမီမက်ထရိုကို စရောက်စဉ် ငယ်ဘဝအကြောင်းကို အသေးစိတ်ရိုက်ကူးထားတာဖြစ်ပါတယ်။ဒက်စ်တာရဲ့တတိယမြောက်စီးရီးဖြစ်ပြီး အရည်အသွေးပိုင်းမှာလည်း လုံးဝကျမသွားဘဲ Original Dexter ဖြစ်တဲ့ Micheal C Hall ကိုယ်တိုင် Young Dexter ရဲ့ Inner Voice အဖြစ် ပါဝင်ပေးထားတာကြောင့် Dexter fans တွေအတွက် လက်မလွှတ်သင့်တဲ့ စီးရီးတစ်ခုဖြစ်ပါတယ်။
...

Matlock (2024) ⭐IMDB: 7.7/10 (6 k Votes) 🎬 #Drama #Crime 🗓 2024 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 43 မိနစ် 25 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီစီးရီးကတော့ သိပ်မကြာခင်ကမှ ထွက်ရှိထားတဲ့ Legal Dram စီးရီးအမျိုးအစားဖြစ်ပါတယ်။Linclon Lawyer တို့လို့ ရှေ့နေလိုက်တဲ့ဇာတ်လမ်းမျိုးတွေကြိုက်တတ်ရင် ဒီစီးရီးကသင့်အတွက်ပါပဲ။ မယ်ဒလင်းမက်လော့ခ်ဟာ ငယ်စဉ်က အင်မတန်နာမည်ကျော်ကြားပြီးထက်မြက်တဲ့ရှေ့နေအမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။အရွယ်ရလာတဲ့အခါ ရှေ့နေလောကကနေ အနားယူလိုက်ပြီးဥပဒေလုပ်ငန်းတွေနဲ့ ဝေးကွာလာတာ ဆယ်နှစ်ကျော်သွားခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ မက်လော့ခ်ဟာ အကြောင်းရင်းတစ်ထုကြောင့်နာမည်ကြီးရှေ့နေလုပ်ငန်းတစ်ခုကိုပြန်ဝင်ပြီးအလုပ်လုပ်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။ရှေ့နေဘဝမှာ အတွေ့အကြုံပြည့်ဝပြီး အံတိုနေပြီဖြစ်တဲ့ မစ္စမက်လော့ခ်ဟာအသက်ကြီးမှ ရှေ့နေလုပ်ငန်းထဲကို ဘယ်လိုအကြံအစည်တွေနဲ့ ဝင်လာလဲဆိုတာစိတ်ဝင်စားစရာစောင့်ကြည့်ရမယ့် ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။
...

The Most Notorious "Talker" Runs the World's Greatest Clan (2024) ⭐IMDB: 7.2/10 (450 Votes) 🎬 #Animation #Action #Adventure #SciFi #Fantasy #Comedy #Drama 🗓 2024 🎞 tv series 🌎 #Japan ⏰ 24 မိနစ် 58 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB – 6.6/10, MyAnimeList – 7/10 နောက်ထပ် Fantansy World တစ်ခုကို အခြေခံထားတဲ့ Anime တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကောင်ကျ Dungeon တွေပဲ သွား အကောင်တွေချ လူတွေခေါ် ရိုးရှင်းတဲ့ဇာတ် ဟုတ်မနေဘူး။ ဒီ Anime မှာကျ MC လုပ်တဲ့ကောင်က ထိပ်ဆုံးကိုရောက်ဖို့ ဘယ်လိုနည်းလမ်းနဲ့ ဖြစ်ပါစေ ရောက်အောင်သွားမယ် မှန်ကန်ဖြောင့်မတ်တာ ဂုဏ်သိက္ခာဘာညာဆိုတာတွေ ထည့်တွေးတတ်တဲ့ကောင်မဟုတ်ဘူး။ သူ့အပေါ် မကောင်းတဲ့ကောင်တွေဆို ရှယ်ပလန်နဲ့ ဖြုတ်တယ် နောက်ပြီး သူ ဆရာဖြစ်လာဖို့အတွက် ပညာသားပါပါ တော်ကီတစ်ပေါက်နဲ့ လူတွေကို လိုရင်လိုသလို ဂျင်းထည့်ပြီး ပတ်ကြမ်းတဲ့အကွက်မျိုး။ ဒီတော့ MC ကောင် ဘယ်လိုမျိုးတွေ ဉာဏ်ကစားသွားမလဲဆိုတာ ကြည့်ရတာနဲ့တင် တော်တော်ကောင်းတဲ့ Anime ပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ လူတွေက အရွယ်ရောက်တာနဲ့ Class တွေ ခွဲကြပြီး Seeker ဆိုတာလုပ်မယ် Abyss လို့ခေါ်တဲ့ Dungeon လိုနေရာကကောင်တွေသတ် ပိုက်ဆံရှာ ပါတီဖွဲ့ Clan ထောင် ဒါမျိုးပေါ့။ အဲဒီမှာ Noel ဆိုတဲ့ကောင်လေးက ငယ်စဉ်ကတည်းက နာမည်ကျော် Warrior class ဖြစ်တဲ့လူရဲ့ မြေးဖြစ်သူ။ ဒါပေမဲ့ အရွယ်ရောက်လို့ Class ခွဲတော့ သူတို့ထဲမှာ အားအနည်းဆုံးဖြစ်တဲ့ Talker ဆိုတဲ့အမျိုးအစား ဖြစ်နေတယ်။ Talker ဆိုတာက ပါတီဝင်တွေကို တော်ကီတစ်ပေါက်နဲ့ နောက်ကနေ Buff ပေးရတဲ့ကောင်မျိုး ကိုယ့်ကိုကိုယ်တောင် ပြန်သုံးလို့မရဘူး သူများပဲ ပေးသုံးလို့ရတာ။ ဒီတော့ အဘိုးဖြစ်သူ ဆုံးပါးပြီးတဲ့နောက် Noel တစ်ယောက် အဘိုးကို ကတိပေးခဲ့သလို အသန်မာဆုံး Seeker ဖြစ်ဖို့ အစပိုင်းတော့ ဖြူစင်ရိုးသားစွာ ကြိုးစားပေမဲ့လည်း ဒီလောကကြီးက အရာတိုင်းက ရိုးသားဖြောင့်မတ်နေစရာမလိုဘူး ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့ လိုအပ်တာမှန်သမျှ ဆိုးဆိုးကောင်းကောင်း လုပ်ရမှာပဲဆိုပြီး သဘောပေါက်သွားတဲ့ Noel တစ်ယောက် ဇာတ်ကားနာမည်အတိုင်း နာမည်ဆိုးနဲ့ ဘယ်လိုကျော်ကြားပြီး အသန်မာဆုံး Clan တစ်ခုကို ထူထောင်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
...