ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Guthlee Ladoo (2023)
⭐IMDB: 7.7/10 (746 Votes)
🎬 #Bollywood #Drama
🗓 2023 🎞 movie
🌎 #India
⏰ 1 နာရီ 45 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Guthlee Ladoo (2023) ဂူသလီးနဲ့လဒူး
IMDb-7.8/10 Sanjay Mishra နဲ့ Subrata Datta တို့လို ဝါရင့်အနုပညာရှင်ကြီးနှစ်ယောက်နဲ့ကလေးတွေရဲ့ညသရုပ်ဆောင်ချက်တွေကို ရင်ထဲထိနေအောင် ရှုစားရမဲ့ကားပါ ဘဝမှာရှင်သန်ရတဲ့အနေအထား ပတ်ဝန်းကျင်တူရင်တောင် စိတ်ကူးရည်မှန်းချက်တွေကမတူညီကြပါဘူး
ကလေးငယ်တွေရဲ့စိတ်ကူးရည်မှန်းချက်ကွဲပြားသွားတာက မိဘတွေရဲ့အတွေးခံယူမှု သင်ကြားပြသမှုတွေနဲ့အများကြီးသက်ဆိုင်ကြောင်းဒီကားမှာမြင်တွေ့ရမှာပါ ဂူသလီး နဲ့ လဒူးဆိုတာ သန့်ရှင်းသမားကြီးတွေရဲ့ သားတွေပေါ့ဂူသလီးရဲ့အဖေက ပညာနဲ့ဒီဘဝကနေလွတ်မြောက်အောင်လုပ်နိုင်တယ်လို့ သင်ကြားပေးတဲ့သူ လဒူးရဲ့အဖေကတော့ကံကြမ္မာဆိုတာပြောင်းလဲလို့မရဘူးဆိုပြီး ဒီဘဝကိုပဲလက်ခံတတ်အောင်သင်ကြားပေးတဲ့သူ ဂူသလီးလေးကကျောင်းစာသင်ခန်းတွေရဲ့ အပြင်ကနေ စာတွေလိုက်သင်ပညာကို အရမ်းတောင့်တလိုချင်နေပေမဲ့ လဒူးလေးကတော့လဒူးမုန့်ချိုတွေပဲအမြဲစားချင်နေတဲ့ ဝတုတ်လေး ဂူသလီးလေး စာအရမ်းတတ်ချင်တာကို သိလို့ပံ့ပိုးချင်ကြသူတွေရှိသလိုသန့်ရှင်းရေးသမားသားဆိုတာနဲ့ အဆင့်အတန်းခွဲ နှိမ်ထားချင်သူကလည်းအပြည့် ဇွဲမသေးတဲ့ဂူသလီးနဲ့ အားပေးတန်တဲ့အဖေကြောင့် ဒီကလေးအနာဂတ်က အပြောင်းအလဲတွေဖြစ်လာမလား…|
လူ့အဖွဲ့အစည်းရဲ့ဖိနှိပ်မှုတွေကြားမှာ အရှုံးပေးသွားရမလား လဒူးလေးကရောသူငယ်ချင်းဂူသလီးနဲ့အတူပြောင်းလဲလာမလားဆိုတာ ရှုစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ Yunni ~ ToMo ~ Sai တို့ပဲဖြစ်ပါတယ်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Universal Soldier: Regeneration (2009)
⭐TMDB: 56.0% User Score
🎬 #Action #Bollywood #ScienceFiction #Thriller #Adventure
🗓 2009 🎞 movie
🌎 #UnitedStatesofAmerica
⏰ 1 နာရီ 37 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီရုပ်ရှင်ကတော့ Universal Soldier franchise ရဲ့ ငါးကားမြောက်ရုပ်ရှင်ဖြစ်ပြီး Action/ Sci-fi အမျိုးအစားဖြစ်ပါတယ်။ အရင်ဇာတ်ကားတွေကလို ဗန်ဒိန်းကပဲ Luv အဖြစ် ပါဝင်ထားပြီး သူ့ရဲ့ရန်သူတော် Andrew နေရာမှာ ၁၉၉၂ ရုပ်ရှင်မှာပါဝင်ခဲ့တဲ့ မင်းသားကြီး Lundgren ကပဲထပ်မံပါဝင်ထားပါတယ်။ ဒီဇာတ်ကားက ၁၉၉၂ ရုပ်ရှင်ရဲ့ နောက်ဆက်တွဲဇာတ်လမ်းဖြစ်ပြီး ၁၉၉၉ က Universal Soldier : The Return လိုပဲ ၁၉၉၂ ရုပ်ရှင်ရဲ့နောက်ဆက်တွဲ sequel ဇာတ်ကားဖြစ်ပါတယ်။ ဒါပေမဲ့ ၁၉၉၉ ရုပ်ရှင်နဲ့ မတူညီတဲ့ Alternative story ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့
ပါဆာလန်လွတ်မြောက်ရေးတပ်ဦးဆိုတဲ့ အကြမ်းဖက်အဖွဲ့က ယူကရိန်းနိုင်ငံဝန်ကြီးချုပ်ရဲ့ သားနဲ့သမီးကို ပြန်ပေးဆွဲပြီး ချာနိုဘိုင်းမြို့ပျက်ကြီးက နျူကလီးယားစက်ရုံဟောင်းမှာ ထိန်းသိမ်းထားပါတယ်။ယူကရိန်းဝန်ကြီးချုပ်က သူတို့တောင်းဆိုတာမလိုက်လျောရင် အဏုမြူဓာတ်ပေါင်းဖိုကို ဖောက်ခွဲပစ်မယ်လို့ ခြိမ့်းခြောက်ပါတယ်။ သူတို့ဘက်မှာ NGU လို့ခေါ်တဲ့ မျိုးဆက်သစ် Universal Soldier တစ်ဦးလည်းရှိနေပါတယ်။
ဇာတ်လိုက်ဖြစ်တဲ့ Luc (ဗန်ဒိန်း)ကတော့ ဆွစ်ဇာလန်မှာ ဒေါက်တာ Flemming ဆိုသူရဲ့ အကူအညီနဲ့ စိတ်ပိုင်းဆိုင်ရာနာလန်ပြန်ထဖို့ ရုန်းကန်နေရပါတယ်။ စက်ရုံကိုသိမ်းပိုက်ပြီး နျူကလီးယားဓာတ်ပေါင်းဖိုပေါက်ကွဲမဲ့ အရေးကို အစိုးရတပ်တွေက ကာကွယ်ဖို့ကြိုးစားပေမဲ့ နောက်ဆုံးပေါ် Universal Soldier ဖြစ်တဲ့ NGU ကြောင့် ရှုံးနိမ့်ခဲ့ရာမှာ မူလလက်ဟောင်း Universal Soldier ဖြစ်တဲ့ Luc ရဲ့အကူအညီကိုရယူဖို့ ကြိုးစားရပါတော့တယ်။
ဇာတ်လမ်းက pace မြန်ပြီး အက်ရှင် scene များသလို ဗန်ဒိန်းကို သူ့ရဲ့နာမည်ကျော် Luc Devereaux ဇာတ်ကောင်အဖြစ် ပြန်မြင်ရမှာဖြစ်လို့ Universal Soldier ရုပ်ရှင်ကားများကို ကြိုက်နှစ်သက်သူများ၊ အက်ရှင်ဇာတ်လမ်းပရိသတ်များ မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။...
Universal Soldier: The Return (1999)
⭐TMDB: 59.0% User Score
🎬 #Action #SciFi #ScienceFiction
🗓 1999 🎞 movie
🌎 #UnitedStatesofAmerica
⏰ 1 နာရီ 23 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီရုပ်ရှင်က Universal Soldier (1992) ရဲ့အဆက် ဇာတ်လမ်းဖြစ်ပြီး ဗန်ဒိန်းက အဓိကဇာတ်ကောင် Luc အဖြစ် သရုပ်ဆောင်ထားပါတယ်။ ပထမရုပ်ရှင်အပြီး နှစ်အတန်ကြာကာလမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။
၁၉၉၂ ဇာတ်ကားနဲ့ အခု ၁၉၉၉၊ ဇာတ်ကားကြားမှာ ထွက်ရှိခဲ့တဲ့ Universal Soldier နှစ်ကားကတော့ ရုပ်သံလိုင်းအတွက် ရိုက်ကူးခဲ့တဲ့ဇာတ်ကားတွေဖြစ်ပြီး Luc နေရာမှာ ဗန်ဒိန်းမဟုတ်တဲ့အပြင် အဲဒီနှစ်ကားက အဖြစ်အပျက်တွေကို အခု Universal Soldier : The Return မှာ ထည့်သွင်းစဉ်းစားထားခြင်းမရှိတဲ့အတွက် Universal Soldier franchise ရဲ့ လေးကားမြောက်ရုပ်ရှင်ဖြစ်ပေမဲ့ အထက်က နှစ်ကားကိုပယ်ပြီး ဒုတိယမြောက်ဇာတ်ကားအဖြစ် သတ်မှတ်ရင်လည်းရပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့
ပထမဇာတ်ကားအပြီး Luc ရဲ့ရန်သူတော် GR 13 သေဆုံးပြီးတဲ့နောက်မှာ Luc ဟာ Veronica နဲ့ လက်ထပ်ပြီး သမီးတစ်ဦးဖွားမြင်ပါတယ်။ Veronica ကွယ်လွန်ပြီးနောက်မှာတော့ Luc ဟာ အစိုးရနဲ့ပူးပေါင်းပြီး ဒေါက်တာ Cotner နဲ့အတူ UniSol စီမံကိန်းမှာပါဝင်ဆောင်ရွက်နေခဲ့ပါတယ်။ Universal Soldiers တွေဟာ အရင်ကထက် အဆင့်မြင့်လာပြီး ပိုမိုသန်မာမြန်ဆန်လာပြီး သူတို့ရဲ့လှုပ်ရှားမှုတွေကို ဒေါက်တာ Cotner တည်ဆောက်ထားတဲ့ SETH လို့ခေါ်တဲ့ ဉာဏ်ရည်မြင့်ကွန်ပျူတာက ထိန်းချုပ်စောင့်ကြည့်နေပါတယ်။ တနေ့မှာအစိုးရက UniSol စီမံကိန်းကိုဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ချိန်မှာတော့ SETH က သူ့ရဲ့တည်ရှိမှုကိုခြိမ်းခြောက်တယ်လို့ယူဆပြီး အစိုးရကိုဆန့်ကျင်ကာ Luc တို့ဝန်ထမ်းတွေကိုပါ ရန်မူလာပါတော့တယ်။ စွမ်းရည်မြင့် Universal Soldiers တွေကိုထိန်းချုပ်အမိန့်ပေးနိုင်တဲ့ SETH ရဲ့အကြံကို Luc နဲ့ အမေရိကန်စစ်တပ်တို့ ဘယ်လိုတားဆီးကြမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။
90s ခုနှစ်တွေက အများအပြားထွက်လေ့ရှိတဲ့ Action/Sci-fi အမျိုးအစားဖြစ်တာကြောင့် ဇာတ်အိမ်မကျယ်ပြန့်ပေမဲ့ ဗန်ဒိန်းရဲ့ အက်ရှင် scene တွေကို တဝကြီးမြင်ရမှာဖြစ်သလို Universal Soldier တွေကလည်း 1992 ကထက် အများကြီးကြမ်းတမ်းလာတာကိုတွေ့မြင်ရမှာပါ။ သမားရိုးကျအက်ရှင်ကားဖြစ်တာကြောင့် ဇာတ်လမ်းက ပုံမှန်အတိုင်းမြင်နေကျဇာတ်လမ်းမျိုးဆိုပေမဲ့ အက်ရှင်ဇာတ်လမ်းပရိသတ်တွေအတွက်တော့ အချိန်ပေးကြည့်ရှုလို့ကောင်းမဲ့ရုပ်ရှင်ဖြစ်ပါတယ်။...
AI Girlfriend- Rin Hachimitsu [FSDSS-731-Decensored]
⭐-
🎬 #Adult
🗓 - 🎞 movie
🌎 #Japan
⏰ 2 နာရီ 5 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rin Hachimitsu ဆိုတာနဲ့ ခင်ဗျားတို့ပြေးမြင်ကြမယ့် JAV မင်းသမီးကတော့ သူမပါပဲ။
JAV လောကရဲ့ နတ်ဘုရာမးတစ်ပါးအဖြစ် အားလုံးသတ်မှတ်ထားကြတဲ့ မျက်ဝန်းမျက်ဖန်လှလှနဲ့ တမူထူးခြားစွာလှပတဲ့နတ်ဘုရားမပါပဲ။
FSDSS-731-Decensoredဒီဇာတ်လမ်းထဲမှာတော့ သူမကို AI ကောင်မလေးအဖြစ်မြင်တွေ့ရမှာပါ။
၂၀၂၃ မှာကတည်းက AI ဆိုတဲ့ စကားလုံးက တော်တော်ကို တွင်ကျယ်လာပါတယ်။
AI ဆိုတာက မိမိစိတ်တိုင်းကျ ဖန်တီးလို့ရတဲ့ မိမိရဲ့ကြိုက်နှစ်သက်မှုဖြစ်ပြီး
ဘယ်သူ့ကိုမှ မထိခိုက်တာက ကမ္ဘာဦးအစက လိုချင်တပ်မက်မှုတွေနဲ့လုံးဝကွာခြားစေခဲ့ပါတယ်။
ယခင့်ယခင်က လိုချင်တပ်မက်မှုတွေက မိမိတော့ပျော်ရွှင်နိုင်ပေမယ့် တစုံတယောက်မှာတော့ ထိခိုက်မှုတွေနဲ့ ဝမ်းနည်းစရာဖြစ်နေတတ်ပါတယ်။
AI မှာတော့ ဒီပြသနာတွေမရှိတော့ပါဘူး။
မိမိတပ်မက်မှုက ဘာကိုမှ ထိခိုက်မှုမရှိတော့ဘဲ နည်းပညာက ပံ့ပိုးပေးထားတဲ့ Pure ဆန္ဒအဖြူထည်ဖြစ်လာပါတယ်။
ဒါကြောင့်လဲ နောင်လာမယ့် လူမှုနေထိုင်ရေးမှာ AI က အဓိကကျလာမယ်လို့ ယူဆနေကြတာဖြစ်ပါတယ်။
ဒါတွေခဏမေ့ပြီး Rin Hachimitsu ကိုပဲ ခံစားချင်တယ်ဆိုရင်တော့
DS ကနေ Decensored Version တင်ဆက်ထားတဲ့ ဒီဇာတ်ကားကိုပဲ ခံစားကြည့်ကြပါစို့။
(Dark Side Production မှ တင်ဆက်သည်။)
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
Universal Soldier II: Brothers in Arms (1998)
⭐TMDB: 42.0% User Score
🎬 #Action #ScienceFiction
🗓 1998 🎞 movie
🌎 #Canada
⏰ 1 နာရီ 33 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားက နာမည်ကြီး Universal Soldier (1992) ရဲ့ နောက်ဆက်တွဲရုပ်ရှင်ဖြစ်ပြီး ၁၉၉၈ မှာထွက်ရှိခဲ့ပါတယ်။ ရုပ်သံလိုင်းမှာထုတ်လွှင့်ဖို့ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်တာကြောင့် ၁၉၉၂ က မူလဇာတ်ကားက သရုပ်ဆောင်တွေအစား အသစ်တွေထည့်သုံးထားပါတယ်။
ဒီဇာတ်လမ်းက ၁၉၉၂ က ရုပ်ရှင်အပြီးမှာ ဇာတ်အိမ်တည်ထားပါတယ်။ Luc နဲ့ သတင်းထောက်မလေး Veronica တို့ဟာ Luc ရဲ့မိဘတွေအိမ်မှာ ပုန်းရှောင်နေကြဆဲဖြစ်ပြီး ယူနီဗာဆယ်စစ်သည်ပရိုဂရမ်ကို အစိုးရက ငွေကြေးမထောက်ပံ့တော့တာကြောင့် ကြေးစားတပ်အဖြစ်ရပ်တည်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တစ်ချိန်တည်းမှာ လူရဲ့အစ်ကိုဖြစ်ပြီး စစ်ပွဲမှာကျဆုံးခဲ့သူ Eric ဟာ Universal စစ်သည်တွေကို ဖန်တီးနေတဲ့ရန်သူ့လက်ထဲမှာ အထိန်းသိမ်းခံထားရတာကိုသိတဲ့အခါ လုနဲ့ ဗရော်နီကာတို့အနေနဲ့ သူ့ကိုကယ်တင်ဖို့ကြိုးစားရပါတော့တယ်။
တီဗွီမှာပြသဖို့ ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်တာကြောင့် သရုပ်ဆောင်အသစ်တွေသုံးထားပြီး လု နေရာမှာ မူရင်းသရုပ်ဆောင်သူ ဗန်ဒိန်းအစား တခြားတစ်ယောက်ကိုတွေ့နေရလို့ ဗန်ဒိန်းဖန်တွေအနေနဲ့ ကြည့်ရတာတစ်မျိုးတော့ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ Universal Soldier franchise ထဲမှာပါဝင်တဲ့ ဇာတ်ကားဖြစ်တာမလို့ Universal Soldier ရုပ်ရှင်တွေကိုနှစ်သက်ရင် ကြည့်ရှုသင့်ပါတယ်။
ဒီဇာတ်ကားထွက်အပြီး နောက်တစ်နှစ်အကြာ ၁၉၉၉ မှာ ထွက်ရှိခဲ့တဲ့ Universal Soldier : The Return မှာမှ ဗန်ဒိန်းက Luc အဖြစ်နဲ့ပြန်လာမှာဖြစ်ပါတယ်။...
Universal Soldier (1992)
⭐TMDB: 63.0% User Score
🎬 #Action #Crime #ScienceFiction #Thriller
🗓 1992 🎞 movie
🌎 #UnitedStatesofAmerica
⏰ 1 နာရီ 44 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
90 ခုနှစ်တွေက ထွက်ရှိခဲ့တဲ့ ဗန်ဒိန်းရဲ့ Universal Soldier ဇာတ်ကားတွေကို ကြည့်ဖူးကြမှာပါ။
၁၉၉၂ မှာထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားက Universal Soldier ရုပ်ရှင်တွေရဲ့ ပထမဆုံးရုပ်ရှင်ဖြစ်ပြီး Action/Sci-fi အမျိုးအစားဖြစ်ပါတယ်။ ဗန်ဒိန်းရဲ့နာမည်ကျော်ရုပ်ရှင်တွေထဲကတစ်ခုဖြစ်ပြီး ငွေကြေးအရလည်းအောင်မြင်မှုရရှိခဲ့ပါတယ်။ ရုရှားအာနိုးလို့လူသိများတဲ့ Dolf Lundgren ကလည်း ဗီလိန်အဖြစ်အပြိုင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့
ဗီယက်နမ်စစ်ပွဲအတွင်းမှာ Luc (ဗန်ဒိန်း) နဲ့ ဆာဂျင် Andrew Scott တို့အချင်းများပြီးပစ်ခတ်ကြရာကနေ နှစ်ယောက်လုံးသေဆုံးသွားကြပါတယ်။ သူတို့အလောင်းတွေကို အမေရိကန်အစိုးရက ပြန်အသက်သွင်းပြီး မှတ်ဉာဏ်တွေဖျက်သိမ်းကာ Unisol စစ်သည်တွေအဖြစ် ဖန်တီးခဲ့ပါတယ်။ တစ်နေ့မှာတော့ Luc တစ်ယောက်တာဝန်ထမ်းဆောင်နေချိန်မှာ မှတ်ဉာဏ်ဟောင်းတွေကို သတိရလာပြီး သတင်းထောက်မလေး Veronica Robert နဲ့အတူထွက်ပြေးပါတယ်။ Luc ရဲ့ရန်သူဖြစ်တဲ့ ဆာဂျင် Andrew Scott ကလည်း Luc လိုပဲ မှတ်ဉာဏ်တွေပြန်ရရှိပြီး အထိန်းအကွပ်မဲ့သွားပါတယ်။ Luc ကိုသတ်ဖြတ်ဖို့ ဆုံးဖြတ်ထားတဲ့ Andrew Scott က သူတို့နောက်ကိုလိုက်လာရာကနေ ရန်သူဟောင်းနှစ်ဦးအားပြိုင်မှု ဖြစ်ပေါ်လာပါတော့တယ်။
၉၂ ကထွက်ရှိခဲ့တဲ့ဒီဇာတ်ကားက အောင်မြင်မှုရရှိခဲ့ပြီး နောက်ဆက်တွဲဇာတ်ကားများစွာ ထွက်ရှိခဲ့ပါတယ်။ ၉၀ ခုနှစ် အက်ရှင်ဇာတ်ကားတွေရဲ့အငွေ့အသက်နဲ့အညီ ဖျော်ဖြေမှုကောင်းကောင်းပေးနိုင်တဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။ အက်ရှင်ကြိုက်သူများ ဗန်ဒိန်းဖန်များ မဖြစ်မနေကြည့်ရှုသင့်တဲ့ ဇာတ်ကားဖြစ်ပါတယ်။...
Will-o'-the-Wisp (2022)
⭐IMDB: 6.1/10 (924 Votes)
🎬 #Comedy #Fantasy #Music #Romance #Musical #SciFi
🗓 2022 🎞 movie
🌎 #Portugal #France #UnitedStatesofAmerica
⏰ 1 နာရီ 8 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Will-o’-the-Wisp က 2022 ခုနှစ်ကထွက်ရှိထားတဲ့ Musical comedy အမျိုးအစားဖြစ်ပါတယ်။ Rated movie အမျိုးအစားပါ။
သေဆုံးခါနီးအသက်ငင်နေတဲ့ဘုရင်တစ်ပါးဟာ သီချင်းဟောင်းတစ်ပုဒ်ကြောင့်ပဲ သစ်ပင်တွေအကြောင်း မီးလောင်ပြာကျသွားတဲ့ ထင်းရှူးပင်နဲ့ထင်းရှူးတောအုပ်တွေအကြောင်းပြန်လည်အောက်မေ့အမှတ်ရသွားပြီး ထင်းရှူးပင်တွေကိုကာကွယ်ဖို့မီးသတ်သမားဖြစ်ချင်ခဲ့တဲ့ဆန္ဒဟာ တကယ်တမ်းတော့ တခြားလိုအင်ဆန္ဒတစ်ခုကြောင့်သာဖြစ်တယ်ဆိုတာကို တင်ဆက်ထားတာမျိုးဖြစ်ပါတယ်။...
Kannagi (2023)
⭐IMDB: 7.9/10 (5 k Votes)
🎬 #Bollywood #Romance #Drama
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 31 မိနစ် 8 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Kannagi (2023) ” အာဂမိန်းမသား ”
IMDb-8.1/10
Yashwanth Kishore လို့ခေါ်တဲ့အမျိုးသားဒါရိုက်တာတစ်ယောက်ရိုက်ကူးတဲ့ အမျိုးသမီးလေးယောက်ရဲ့ ခက်ခဲဖြတ်သန်းရတဲ့ဘဝအဖုံဖုံကိုရိုက်ကူးထားတာဖြစ်ပါတယ်
အိမ်ထောင်ပြုဖို့ အားလုံးစီစဉ်ထားပြီးမှ အဆင်မပြေမှုတွေဆက်တိုင်ဖြစ်နေတဲ့ကာလိုင်ယောက်ျားက ကွာရှင်းခွင့်တောင်းဆိုခံထားရတဲ့နယ်သရာအိမ်ထောင်သည်ဘဝအစတည်းက ပတ်ဝန်းကျင်စံသတ်မှတ်ချက်တွေကြား ဖိနှိပ်ချုပ်ချယ်ခံနေရတဲ့နဒီချစ်သူနဲ့ကိုယ်ဝန်ရပြီး ဘာဆက်လုပ်ရမှန်းမသိဖြစ်နေတဲ့ ဂီတာ
ဒီလေးယောက်ရဲ့ဘဝဟာ ဘေးကနေကြည့်ရင်ရိုးရှင်းသလောက်လက်တွေ့ရင်ဆိုင်ကြတဲ့အချိန်မှာ ရိုးရှင်းမနေပါဘူး မိသားစု ၊ခင်ပွန်းဘက်ကမိသားစု နဲ့ ပတ်ဝန်းကျင်ပြောစကား နဲ့ကိုယ်တိုင်ဆင်ခြင်တုံ့တရားတွေကြား အဖြေရှာရင်းလမ်းပျောက်နေကြသူတွေ…
မိန်းမတွေခက်ခဲပင်ပန်းရတာကို မိန်းမတွေပဲသိတယ်လို့ပြောခဲ့ကြပေမဲ့ ဒီကားကတော့ယောက်ျားတစ်ယောက်က ဇာတ်ညွှန်းရေးရိုက်ကူးထားတာမို့ ဘယ်လိုအမြင်တွေကွဲထွက်နေမလဲဆိုတာရှုစားကြည့်ပါဦးအညွှန်းနှင့်ဘာသာပြန်သူတွေကတော့ V ~ Zwe ~ Cherry ~ ToMo ~ BpL တို့ပဲဖြစ်ပါတယ်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
The Kitchen (2023)
⭐IMDB: 5.0/10 (4 k Votes)
🎬 #Action #Adventure #ScienceFiction #Thriller #Drama #SciFi
🗓 2023 🎞 movie
🌎 #UnitedKingdom #UnitedStates
⏰ 1 နာရီ 49 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
2024 ရဲ့နှစ်ဦးပိုင်းမှာ Netflix ကနေ Streaming လုပ်ထားတဲ့Sci-fi/ Drama/ Thriller ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်
Sci-fi နဲ့ Animation Director တစ်ယောက်ဖြစ်တဲ့ Kibwe Tavares နဲ့ Co-Director အဖြစ် Black Panther တို့ Spider Man:Across the Spider-Verse တို့တွေထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Oscar ဆုရသရုပ်ဆောင် Daniel Kaluuya တို့ပူးပေါင်းဖန်တီးထားပြီး England Film Actor/Producer/ Director တစ်ယောက်ဖြစ်တဲ့ Kano(IV) နဲ့ ကလေးသရုပ်ဆောင် Jedaiah Bannerman တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးတစ်ကားပါ
ဇာတ်အိမ်လေးကတော့
မိမိတို့ရဲ့လက်ရှိနေရာကနေဘယ်လိုမှမခွာနိုင်တဲ့ Kitchen လို့အမည်ပေးထားတဲ့ လူနေရပ်ကွက်တစ်ခုမှာ ကျွန်တော်တို့လူသားသမိုင်းရဲ့ မလွှဲမရှောင်သာဖြစ်လာတော့မယ့် လူတန်းစားခွဲခြားတာ၊ ရက်စက်ကြမ်းကြုတ်တာ၊ နိုင်ထက်စီးနင်းလုပ်တာ နဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရပြီး လူသားချင်းသာတူညီမျှမှုမရှိတော့ဘဲ လူတန်းစားကွာခြားမှုပိုပိုများလာပြီး အဖိနှိပ်ခံနဲ့ အသာစံ လူတန်းစားနှစ်ရပ်ကြားက ကျောတစ်ခင်းစာနဲ့ စားစရာအတွက် စိတ်မချမ်းသာစရာ ပဋိပက္ခတွေကြားက London မြို့ကြီးရဲ့ မဝေးတော့တဲ့အနာဂတ်တစ်ခုရဲ့ လူ့အဖွဲ့အစည်းကြီးအကြောင်းကို ရိုက်ကူးထားတာပါသေပြီးသွားတဲ့နောက် မြေချစရာနေရာအတွက်တောင် မတတ်နိုင်တဲ့လူတန်းစားတစ်ရပ်အတွက်Life After Life ဆိုတဲ့ Company Service တစ်ခုကနေ သေပြီးသွားတဲ့လူတွေကို ပြာချပြီးသစ်ပင်တစ်ပင်အဖြစ်ပြောင်းလဲပြီး ဘယ်နေရာမှန်းမသိတဲ့နေရာတွေမှာ သဘာဝပတ်ဝန်းကျင်အတွက်အကြောင်းပြပြီး ပြောင်းရွှေ့စိုက်ပျိုးခြင်းခံရတယ်
Kitchen မှာနေထိုင်တဲ့ အိဇီ ဆိုတဲ့တစ်ကောင်ကြွက်တစ်ယောက်ဟာ အဲဒီ service မှာအလုပ်လုပ် ငွေစုပြီး Kitchen ဆိုတဲ့ ချီးတွင်းထဲကနေရုန်းထွက်ပြီး လူလတ်တန်းစားဘဝတစ်ခုမှာ နေစရာတိုက်ခန်းတစ်ခုရဖို့အတွက်ကို အသည်းအသန်ကြိုးစားနေရတဲ့လူတစ်ယောက်ပေါ့ တနေ့တော့ မမျှော်လင့်ထားဘဲနဲ့ သူတို့ service မှာ အသုဘလာလုပ်တဲ့ သေဆုံးသူအမျိုးသမီးရဲ့ ဘင်ဂျီ ဆိုတဲ့ကျန်ရစ်သူ တစ်ကောင်ကြွက်သားတစ်ယောက်အဖြစ်နဲ့တွေ့ဆုံပြီး သူဘဝရဲ့ ကြိုးစားမှုအလှည့်အပြောင်းတွေနဲ့ အဖိနှိပ်ခံ Kitchen သားတွေရဲ့ အုံကြွမှုတွေကြားမှာ ဘဝကို ဘယ်လိုရုန်းကန်ကြမလဲဆိုတာကိုတော့…….
ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်...
Crows Zero (2007)
⭐TMDB: 70.0% User Score
🎬 #Uncategorized #Action #Adventure #Comedy #Crime
🗓 2007 🎞 movie
🌎 #Japan
⏰ 2 နာရီ 10 မိနစ် 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb rating 7.1/10 ထိရရှိထားတဲ့ ဂျပန် action ကားကောင်းလေးပါပဲ။
အားလုံးပဲကြိုက်နစ်သက်မယ်လို့ထင်တဲ့ကျွန်တော်(စိုးထွေး)ရဲ့၁၅ကားမြောက် ဂျပန်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါပြီ။ ဒီဇတ်ကားလေးဟာဂျပန်ကာတွန်းကားကိုအခြေခံထားတဲ့ဇတ်ကားလေးတစ်ကားပါ။ လူငယ်လူရွယ်တွေနဲ့ Action ခပ်ကြမ်းကြမ်းကြိုက်သူတွေအကြိုက်တွေ့စေမဲ့ လမ်းသရဲဆန်ဆန်ကျောင်းသားဖိုက်တာကားလေးပါပဲ။ဇာတ်လမ်းအကြောင်းလေးအနည်းငယ်ပြောရရင် စုဇုရန်ကျောင်းမှာနစ်အလိုက်အဖွဲ့တွေအများကြီးရှိတယ်။ ပြောရရင်တော့ဖိုက်တာတွေများတာပေါ့ . စုဇုရန်ကျောင်းကိုကျောင်းသားသစ်ဂမ်းဂျိရောက်လာတဲ့ခါ
ဘာတွေဖြစ်မလဲ. . . ဂမ်းဂျိကကောဘယ်သူလဲ . . .အချိန်တိုအတွင်းမှာမိမိအဖွဲ့အင်အားတောင့်တင်းလာ အောင်ဂမ်းဂျိဘယ်လိုကြို းစားမလဲ။
Your browser does not support the video tag.ကျောင်းမှာ ရှိနင့်ပြီးသားစီနီယာဖိုက်တာတွေကို ဂမ်းဂျိဘယ်လိုရင်ဆိုင်မလဲစသဖြင့်စိတ်ဝင်စားဖွယ်ရာအချက်အလက်တွေအများကြီးပါဝင်ပါတယ်။ စကီလေးတွေကော ကောင်လေးတွေကောအများကြီးပါဝင်တာကြောင့် . ဘဲချောချော . စကီချောချောလေးတွေငမ်းချင်သူများအကြိုက်ပေါ့ 😀 . . .
(ဇာတ်ကား အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ Ko Soe Htwe ပဲဖြစ်ပါတယ်။)
@SanWinMaungFile Size : 900 Mb
Quality : HD 720P
File Size 2 : 400 Mb
Quality : HD 360P
Running Time : 2h 10m
Translated : Soe Htwe
Encoded : San Win Maung
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။...
Captains of the World (2023-2023)
⭐IMDB: 8.4/10 (3 k Votes)
🎬 #Documentary #Sport
🗓 2023-2023 🎞 tv mini series
🌎 #UnitedKingdom
⏰ 43 မိနစ် 4 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Captains of the World (2023)Captains of the World (2023) A Netflix Mini Series
Your browser does not support the video tag.~ IMDb – 8.4/10, Rotten Tomatoes – 97% ~ ကမ္ဘာ့ဖလား… ကမ္ဘာရဲ့ ဖလား…ကမ္ဘာပေါ်က တိုက်ကြီး ၇ တိုက် နိုင်ငံပေါင်းရာနဲ့ချီကြားက ကမ္ဘာ့အကောင်းဆုံး နိုင်ငံအသင်းတစ်ခုတည်းကပဲ ရနိုင်မယ့်ဖလား… တချို့တွေအိပ်မက်မက်ခဲ့ကြတယ်။ တချို့တွေ အိပ်မက်ကို အကောင်အထည်ဖော်ခဲ့ကြတယ်။ ခေတ်တိုင်းရဲ့ အခမ်းနားဆုံးကစားသမားတွေဟာ သူတို့ရဲ့ ခမ်းနားမှုကို သကာဆင့်ဖို့ ဒါမှမဟုတ် သက်သေတည်ဖို့ ဒီရွှေသားကို တမ်းတခဲ့ကြတယ်။ ၄ နှစ် တစ်ကြိမ်… အခွင့်အရေးဆိုတာ လူတစ်ယောက်အတွက် ၅ ခါထက်ပိုမလာနိုင်ဘူး…အခမ်းနားဆုံးပါဆိုတဲ့ ကစားသမားတွေအတွက်ဆိုရင်တောင်ပေါ့။ ကမ္ဘာ့ဖလားဆိုတာ အမှားအယွင်းတွေဖြစ်သွားဖို့ အလွယ်ကူဆုံးပြိုင်ပွဲပဲ။ ထပ်မံကြိုးစားခွင့်ကို ဘုရားသခင်ဆီမှာတောင် တောင်းခံလို့မရ။ ကြားထဲက အချိန် ၄ နှစ်မှာ ရင်ထဲ မီးကိုမွေးပြီး ပြိုင်ပွဲစတဲ့အချိန် အစွမ်းကုန်လောင်ကျွမ်းပြဖို့ပဲ ရှိမယ်။ ကမ္ဘာ့ဖလားရဲ့ ထူးခြားချက်က အဲဒါပဲ။ အစွမ်းကုန်လောင်ကျွမ်းပြတဲ့ ကစားသမားတွေကို မြင်ရမယ်။ အစွမ်းကုန် မီးတင်ပေးတဲ့ ပရိသတ်တွေကို မြင်ရမယ်။ အစွမ်းကုန် တွေအားလုံးကို ဟင်းလေးအိုးကြီးတဲ့ရောထည့်လိုက်တဲ့အခါ အစွမ်းကုန် ခမ်းနားတဲ့ ပြိုင်ပွဲကြီးကိုရလိမ့်မယ်။ ကမ္ဘာ့ဖလားကို အရှိန်အဝါအရှိဆုံး ဖလားတစ်လုံးလို့ သတ်မှတ်ဖို့ အကြောင်းအရာတွေအများကြီးရှိတယ်။ ရာဇဝင်လား… စိတ်လှုပ်ရှားမှုလား… သမိုင်းကြောင်းလား… ဒရာမာတွေလား… ဘယ်ရှုထောင့်ကကြည့်ကြည့် ကမ္ဘာ့ဖလားဆိုတာ ဘောလုံးဘာသာရေးမှာ ယေရှုရဲ့ သောက်ရေခွက်တော်အလားပဲ။ ထိုသောက်ရေခွက်တော်ကို ထိုက်သူသာ တွေ့အံ့။ ထိုက်သူသာ ပင့်ဆောင်နိုင်အံ့။ အမည်မသိကျိန်စာအောက် အခမ်းနားဆုံးဆိုတဲ့ ကစားသမားတွေ ငိုကြွေးခဲ့ရဖူးတယ်။ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားကတော့ ပိုလို့တောင် ဒရာမာတွေ များခဲ့တယ်။ ဆော်ဒီကို အာဂျင်တီးနားက ရှုံးသတဲ့လား။ မော်ရိုကိုသားတွေ ဆာဟာရကို ကာတာအထိ ယူဆောင်လာကြ။ ဆာမူရိုင်းတွေရဲ့ ဘူရှီဒိုလမ်းစဉ်က ပြန်လာခြင်းလမ်းတွေကိုဖောက်ခဲ့။ ပြင်သစ်မှာ တစ်ကိုယ်ရည်ပျံသန်းတဲ့ ငှက်တစ်ကောင်။ ဆမ်ဘာတေးသံတွေ ထင်သလောက် အသံမကျယ်ခဲ့ခြင်းများ။ ပေါ်တူဂီအင်ပါယာသမိုင်း တကျော့ပြန်လည်ခြင်း။ ဒက်ကလန်ရိုက်စ် မသုံးလိုက်ရတဲ့ ကမ္ဘာ့ဖလားထည့်ဖို့အိတ်… အဲဒါတွေအပြင် ကျွန်တော်တို့ ငယ်ငယ်က ကြည့်လာခဲ့ရတဲ့ ဘောလုံးခေတ်တစ်ခုက ကစားသမားအများစုရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်နေခြင်းကလည်း ဒီပြိုင်ပွဲကို အရောင်တင်ပေးခဲ့တယ်။ ခေတ်တစ်ခုရဲ့အဆုံးမှာ ခေတ်သစ်တစ်ခုကို စောင်းပါးရိပ်ချည် မြင်ခဲ့ရတယ်။ ကမ္ဘာ့ဖလားရဲ့ ဖိအားဟာ သိပ်ကြောက်ဖို့ကောင်းတယ်။ စိန်ဟာ သိပ်ကြီးမားတဲ့ဖိအားအောက်မှာမှ ဖြစ်ထွန်းတယ်။ ကမ္ဘာ့ဖလားဖိအားကလည်း အကြံ့ခိုင်ဆုံး စစ်သည်တွေကို သွန်းလုပ်ပေးတယ်။ ဒါပေမဲ့ အရေးအပါဆုံးက ဘယ်သူတွေလဲ။ အရေးအပါဆုံးဆိုတာထက် အရာအားလုံးကို ဦးဆောင်တဲ့သူ၊ ခေါင်းခံတဲ့သူ၊ ကိုယ်စားပြုထားတဲ့သူတွေက ဘယ်သူတွေလဲ။ သူတို့ကိုတော့ အသင်းခေါင်းဆောင် ကပ္ပတိန်တွေလို့ ခေါ်ပါတယ်။ ကပ္ပတိန်တွေရဲ့ အခန်းကဏ္ဍဟာ ကစားသမားတွေရဲ့ကွင်းတွင်းကွင်းပြင် စိတ်ပိုင်းဆိုင်ရာအတွက် သိပ်ကိုအရေးပါတယ်။ ကစားသမားတစ်ယောက်က တစ်ရာဖိုးလောက် စိတ်ဓာတ်ကြံ့ခိုင်ရရင် ကပ္ပတိန်တစ်ယောက်က တစ်သောင်းဖိုးလောက် ကြံ့ခိုင်နေမှ တော်ကာကျပါလိမ့်မယ်။ ကပ္ပတိန်ဆိုတာ အဲဒီလို စိတ်ဓာတ်မျိုးနဲ့ ကစားသမားတွေပါ။ ဒီ စီးရီးမှာတော့ ကိုယ့်အသင်းကို ကမ္ဘာ့ဖလားဆီဦးဆောင်ခဲ့တဲ့ ကပ္ပတိန်တွေအကြောင်းနဲ့ ကမ္ဘာ့ဖလားရဲ့ အဝတ်လဲခန်း ဒရာမာတွေကို ရိုက်ကူးပြထားတယ်။ ခုနောက်ပိုင်း နက်ဖလစ်ရဲ့ အားကစား ဒိုကူမန်တရီတွေရဲ့ ကွာလတီက အတော်ကိုကောင်းလာတာ မြင်ပြီးသားဖြစ်မှာပါ။ Commentary ကိုလည်း တကယ့်ပွဲသံကိုသုံးထားတာကြောင့် တခြားလူမဟုတ်တဲ့ Peter Drury ရဲ့အသံနဲ့ ကမ္ဘာ့ဖလားပွဲတွေကို ပြန်လည်ခံစားရမှာပါ။ ကမ္ဘာ့ဖလားအပြီး ၁ နှစ် အကြာမှာ ထုတ်ခဲ့တာဆိုတော့ ကမ္ဘာ့ဖလားအလွမ်းပြေအဖြစ်ကော… အခမ်းနားဆုံးကစားသမားတွေရဲ့ နောက်ဆုံးကခုန်ခြင်းအဖြစ်ပါ ကြည့်ရှုဖို့အတွက် အတော်ကောင်းတဲ့ ဒိုကူမန်ထရီတစ်ခုပါပဲ။ (ဒီဒိုကူစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ Min Thant Bo ပဲဖြစ်ပါတယ်။)...
Lot No. 249 (2023)
⭐IMDB: 5.9/10 (737 Votes)
🎬 #Horror #TVMovie
🗓 2023 🎞 tv movie
🌎 #UnitedKingdom
⏰ 29 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားလေးကတော့ 1892 မှာ ပထမဆုံးအကြိမ် ထုတ်ဝေခဲ့တဲ့ Horror Short Story လေးကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်.
စမစ်ဟာ Oxford မှာ ဆေးပညာကိုလေ့လာနေတဲ့ ကျောင်းသားတစ်ယောက်ပါ သူနဲ့ တစ်ဆောင်တည်းနေတဲ့ ဘယ်လီဂန်ကတော့ အီဂျစ် ရှေးဟောင်းသုတေသနတွေကို လေ့လာနေတဲ့သူပေါ့။ ဘယ်လီဂန်တစ်ယောက် သတိမေ့နေတာကို စမစ် သွားရောက်ကုသပေးတဲ့အချိန် ဘယ်လီဂန်ရဲ့ အခန်းထဲမှာ မံမီတစ်ကောင်ရှိနေတာကို တွေ့လိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ Oxford ကျောင်း ပတ်ဝန်းကျင်မှာ ထူးဆန်းတဲ့အရာတွေ ဆက်တိုက်ဖြစ်လာပါတော့တယ်...
Upon Entry (2022)
⭐IMDB: 7.0/10 (2 k Votes)
🎬 #Drama
🗓 2022 🎞 movie
🌎 #Spain
⏰ 1 နာရီ 17 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ရုပ်ရှင်ကို စကြည့်လိုက်မိတာနဲ့ ထိုင်ရာကနေ မထနိုင်လောက်အောင် ကြည့်ရှုနေသူကို တောက်လျှောက်ဆွဲခေါ်သွားနိုင်တဲ့ ရုင်ရှင်တစ်ခုကို တင်ဆက်ပေးချင်ပါတယ်။
Upon Entry ရုပ်ရှင်ဟာ လူဝင်မှုကြီးကြပ်ရေး၊ ယုံကြည်မှုနဲ့ ကိုယ်ရေးကိုယ်တာထုတ်ဖော်မှုတွေရဲ့ ရှုပ်ထွေးပွေလီလှတဲ့ အသွင်အပြင်များစွာကို ကြည့်ရှု့ရမယ့် ဒရာမာ တစ်ခု ဖြစ်ပါတယ်။ Alberto Ammann, Bruna Cusí, Laura Gómezနှင့် Ben Templeတို့လို့ castတွေ အသုံးပြုထားတာကြောင့်လည်း ကြည့်ရှု့သူကို ပြုစားနိုင်တဲ့ရုပ်ရှင်တစ်ကားဖြစ်တယ်လို့ ထင်မိပါတယ်။
ဇာတ်လမ်းလေးကတော့ ….စာဖတ်သူ ပြည်ပနိုင်ငံတစ်ခုဆီ ခရီးသွားပြီး ပြောင်းရွှေ့အခြေချဖို့ သွားပါတယ် ထားပါစို့။ နိုင်ငံကူးလက်မှတ်၊ ဗီဇာနဲ့ တခြားသောစာရွက်စာတမ်းတွေအပြည့်ပါလျက်နဲ့ လဝက,နေ ကိုယ့်ကိုဆွဲခေါ်ထားလိုက်ပြီး နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးမေးမြန်းပါတော့တယ်။ မေးခွန်းပေါင်းများစွာ စစ်မေးနေပေမယ့် ဘာကြောင့်မေးနေမှန်းလည်း မပြောပြဘဲ၊ ဘာဖြစ်လို့လဲဆိုတာကို မပြောဘဲ၊ အကြောင်းပြချက် မပေးဘဲ ဆက်တိုက်ကို အဘက်ဘက်ကနေ မေးမြန်းနေကြပါတော့တယ်။ ဒီလိုအခြေနေမျိုးမှာဆိုရင် စာဖတ်သူအနေနဲ့ ဘယ်လိုရင်ဆိုင်တွေ့ကြုံလာရမယ်လို့ ထင်ပါသလဲ။ ဘယ်လိုမေးခွန်းတွေနဲ့ စိတ်ကျဉ်းကျပ်အောင် ဘယ်လိုစေ့စပ်သေချာတဲ့ မေးခွန်းတွေနဲ့ အမေးခံရမှာလဲ။ အထူးသဖြင့် ဒီလိုတွေလိုက်မေးနေတာက ဘာကြောင့်များ မေးနေတာလဲ။ စာရွက်စာတမ်းတွေ စုံလျက်သားနဲ့ ဘာလို့ဆက်တိုက် နာရီနဲ့ချီအောင် မေးမြန်းခံနေရတာလဲ။ ဘယ်တော့များမှ ကိုယ်နေထိုင်မယ့် နိုင်ငံထဲကို ဝင်ခွင့်ရမှာလဲ ….ရုပ်ရှင်ရဲ့ ဇာတ်လမ်းကတော့ ဒီလိုမျိုးပဲ ဖြစ်ပါတယ်။
“ဟာနက်ဒက်ဇ်”ဆိုသူဟာ ဗင်နီဇွဲလားနိုင်ငံသား မြို့ပြစီမံကိန်းရေးဆွဲသူတစ်ယောက် ဖြစ်ပါတယ်။ ဟာနက်ဒက်ဇ်ဟာ ပမ်မီးစ်လို့ခေါ်တဲ့ ခေတ်ပြိုင်အကသမား စပိန်သူလေးနဲ့ တွဲနေပါတယ်။ စပိန်သူလေး ပမ်မီးစ်က DV ထီ ပေါက်လို့ အမေရိကန်နိုင်ငံသား green card ရရှိထားလို့ အမေရိကန်နိုင်ငံဆီကို ရည်းစားလေး ဟာနက်ဒက်ဇ်ရဲ့လက်ကိုတွဲကာ ပြောင်းရွှေ့နေထိုင်တော့မှာဖြစ်ပါတယ်။ဇာတ်လမ်း အစမှာ အမေရိကန်နိုင်ငံဆီကို ၂ယောက်သား ထွက်ခွာသွားတာနဲ့ အစပြုထားပြီး အဘက်ဘက်ကနေ စာရွက်စာတမ်းအပြည့်အစုံနဲ့ အမေရိကန် လေဆိပ်ဆီ ချောချောမွေ့မွေ့ရောက်ရှိလာပါတော့တယ်။ ဒါပေမယ့် လူဝင်မှုကြီးကြပ်ရေးဆီ ရောက်တဲ့အခါမှာတော့ စစ်ဆေးမေးမြန်းမယ်ဆိုပြီး ခေါ်ဆောင်ခြင်းခံလာရပါတယ်။ အထက်မှာပြောခဲ့တဲ့အတိုင်းပဲ ဘာလို့ခေါ်တာလဲလည်း မသိ၊ ဘာကြောင့်အမေးခံနေရတာလည်း မသိနဲ့ တစ်ကားလုံးကို မေးခွန်းတွေကြားထဲမှာ လိုက်ပါစီးမြောခံစားခွင့်ရမှာဖြစ်ပါတယ်။
ဇာတ်လမ်းဇာတ်အိမ်ကို ရိုးရိုးရှင်းရှင်းလေးနဲ့ ကြည့်ရှု့နေသူကို ဆောင်ခေါ်သွားနိုင်တာ အင်မတန်မှ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ရုပ်ရှင်ကိုကြည့်နေရင်းနဲ့ တစ်ပါတည်း တွေးတောချင်သူတွေအတွက် သိပ်ကိုအကြိုက်တွေ့စေမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။ Upon Entry ရုပ်ရှင်ဟာ အချစ်၊ ယုံကြည်မှု၊ ရိုးသားခြင်းရဲ့ ရှုပ်ထွေးမှုတွေကို လှလှပပရိုးရိုးရှင်းရှင်းနဲ့ တည်ဆောက်ပြသွားနိုင်တဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်လို့ဆိုရင်း နိဂုံးချုပ်အပ်ပါတယ်။
အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။...
Nothing Ever Happened (2022)
⭐IMDB: 6.5/10 (110 Votes)
🎬 #Adult #Drama
🗓 2022 🎞 movie
🌎 #Portugal
⏰ 1 နာရီ 59 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb 6.5 / 9 wins & 28 nominations
ပေါ်တူဂီဒရာမာရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ပီဒရို၊ မာရီယာ နဲ့ ပေါ်လိုတို့ဟာ ဆယ်ကျော်သက် သူငယ်ချင်းသုံးဦး။ သူတို့တစ်ယောက်ချင်းစီမှာ ဆယ်ကျော်သက်စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုတွေ၊ အိမ်တွင်းရေးပြဿနာတွေ ကိုယ်စီရှိကြတယ်။ သူတို့သုံးယောက် ပေါင်းမိသွားတဲ့အခါမှာတော့ ပျော်ရွှင်မှု၊ လွတ်လပ်မှုနဲ့ အချစ်တို့ကို သူတို့ရှာတွေ့သွားကြတယ်။
ပီဒရိုရဲ့အိမ်မှာတော့ မိသားစု၀င်သုံးယောက်ရှိတယ်။ ပီဒရိုရဲ့အဖိုးဟာ အကြောင်းကိစ္စတစ်ခုကြောင့် ရွာကနေတက်လာပြီး ပီဒရိုတို့အိမ်မှာလာနေပေးတယ်။ ပီဒရိုတို့ဆီမှာလည်း အိမ်ထောင်ရေး၊ စီးပွားရေး အစရှိသဖြင့် အိမ်တွင်းရေးပြဿနာပေါင်း သောင်းခြောက်ထောင်ရှိနေတယ်။ တစ်နေ့မှာတော့ ပီဒရိုတို့သူငယ်ချင်းသုံးယောက်ဟာ ယခင်ကတည်းကတိုင်ပင်ထားကြတဲ့ သဘောတူညီမှုတစ်ခုကို တကယ်ဖြစ်အောင် လုပ်လိုက်ကြတဲ့အခါမှာတော့ ဘယ်လိုမထင်မှတ်ထားတဲ့ အပြောင်းအလဲတွေဖြစ်ကုန်မလဲဆိုတာကို ပီဒရိုတို့အိမ်လေးထဲက အဖိုးဖြစ်သူ အန်တိုနီယိုရယ် အဖေရယ် အမေရယ်တို့သုံးဦးအကြားက ဒရာမာတွေနဲ့ ရောယှက်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
ဒီဒရာမာက လက်တွေ့ဘ၀က မိသားစုပြဿနာတွေနဲ့ ထပ်တူကျအောင်ရိုက်ကူးပုံဖော်ထားပြီး တော်တော်လေးတော့ စိတ်ကျဉ်းကြပ် ဖိစီးစရာကောင်းတာမလို့ စိတ်ဓာတ်ကျနေတဲ့သူတွေ စိတ်ညစ်နေတဲ့သူတွေအနေနဲ့တော့ ကြည့်ရှုဖို့သိပ်မသင့်ကြောင်း စကားပါးလိုက်ပါရစေ။ မိမွေးဖမွေးအတိုင်းရိုက်ပြထားတဲ့ ဇာတ်၀င်ခန်းတွေ၊ sex scene တွေလည်းပါ၀င်တာကြောင့် ၁၈ နှစ်အောက်လည်း ကြည့်ရှုဖို့မသင့်ပါဘူး။...
An Instant Dad (2023)
⭐IMDB: 5.7/10 (42 Votes)
🎬 #Comedy
🗓 2023 🎞 movie
🌎 #Kenya
⏰ 1 နာရီ 19 မိနစ် 30 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ricky က ဘဝကို ပျော်ပျော်နဲ့ ပေါ့ပေါ့ပါးပါးနေတတ်တဲ့ လူပျိုကြီးတစ်ယောက်ပါ။ သူငယ်ချင်းအုပ်စုနဲ့အတူ သောက်စားလိုက် ကောင်မလေးတွေ မျိုးစုံတွဲလိုက်နဲ့ ဘဝကို အတည်တကျမရှိပဲ ဖြတ်သန်းနေပါတယ်။
တစ်နေ့တော့ သူ့အိမ်ပေါက်ဝကို ၁၀နှစ်အရွယ် Amyဆိုတဲ့ကလေးမလေးတစ်ယောက် ရောက်လာပြီး သူ့သမီးဖြစ်ကြောင်းပြောပါတယ်။ ကလေးရဲ့ မိခင်ကလည်း ဆုံးပါးသွားပြီး အဖွားဖြစ်သူကလည်း ဂေဟာမှာနေရတာကြောင့် အုပ်ထိန်းမယ့်သူမရှိတဲ့ Amy ကို Ricky ကပဲ ကြည့်ပေးထားရပါတယ်။
အပျော်အပါးကြိုက်တဲ့ Rickyက ကလေးကို စစချင်းလိုချင်စိတ်မရှိခဲ့ပါဘူး။ Amyက တစ်ချိန်က Rickyရဲ့ ငယ်ချစ်ဦးရဲ့ သမီးလေးလည်း ဖြစ်ပါတယ်။ ဒီလိုနဲ့ သားအဖကြား ဘယ်လို သံယောဇဥ်တွေ တိုးလာပြီး Amyလေးကို Ricky တစ်ယောက် ပျိုးထောင်နိုင်ပါ့မလားဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။...
Fight Club (2023)
⭐IMDB: 7.3/10 (1 k Votes)
🎬 #Action #Bollywood #Mystery #Drama #Thriller
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 16 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Fight Club 2023 ( ရန်ငြိုး)===================IMDB 7.3/10
အခုတစ်ခါတင်ဆက်ပေးမယ့် တမီလ်ကားကောင်းလေးကတော့ဘရက်ပစ်ရဲ့ Fight Club မဟုတ်တဲ့ တမီလ် Fight Club ပါဟို Fight Club ကို ခေါင်းမစားပဲ အမှန်အကန်ချမဲ့ကားမို့အေးဆေးခံစားကြည့်ရှုလို့ရပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ မူးယစ်ဆေးအရက်ပုန်းရောင်းတဲ့ ကီရူဘာဆိုတဲ့သူကသူ့ပါတနာဂျိုးဆပ်ဆီက ငွေရင်းတောင်းတာကို ဟိုကောင်ကအိမ်ကနေဆွဲကြိုးခိုးရောင်းပြီး ပေးပါတယ် အဲဒီချိန်မှာ သူ့အကို ဘန်ဂျီနဲ့ကွိုင်ပြီးသူ့အကိုဘန်ဂျီက ကီရူဘာကိုရော ဂျိုးဆပ်ကိုပါ ဒီမကောင်းတာတွေမလုပ်ဖို့တားနေတဲ့အချိန် အသတ်ခံလိုက်ရပါတယ်
အဲဒီမှာ ကီရူဘာက ဂျိုးဆပ်ကိုသူ့အကိုကို ပြန်သတ်ပါတယ်လို့ အမှုဆင်ပြီးဂျေးထဲအောင်းခိုင်းလိုက်ပါတယ် ဂျိုးဆပ်ထောင်ကပြန်ထွက်လာတော့ကီရူဘာက အပြင်မှာဆရာကြီးဖြစ်နေပါပြီ အဲ့လိုနဲ့ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ပိတ်ကားထက်မှာ ဆက်မျှော်ကြည့်ကြဖို့ ပြောလိုပါတယ်
ဇာတ်လမ်းလေးကလည်း သဘာဝဆန်ပြီး ရိုက်ချက်တွေကလည်းသဘာဝဆန်တာမို့ ပရိသတ်တို့အကြိုက်တွေ့မယ့်ဇာတ်ကားလေးပါပဲလို့ညွှန်းဆိုပေးလိုက်ပါရစေ အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
I Met My Cousin – Tomoda Ayaka ( Decensored – DLDSS-163 )
⭐-
🎬 #Adult
🗓 - 🎞 movie
🌎 #Japan
⏰ 2 နာရီ 5 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ပရိသတ်ကြီးကို ဖျော်ဖြေဖို့ ဒီတခါ အလှည့်ကျလာတဲ့ သမီးပျိုလေးကတော့ Tomoda Ayaka ဆိုတဲ့ ဂျပန်မလေးပဲဖြစ်ပါတယ်……မျက်နှာထားချိုချိုးလေး ခန္ဓာကိုယ်အချိုးအစားပြေပြေပြစ်ပြစ်လေးနဲ့…..ချွဲချွဲနွဲ့နွဲ့လေးများပြောလိုက်ရင် သာခွေယိုင်လဲသွားစေမဲ့ မင်းသမီးအလှလေးတစ်ယောက်ပဲဖြစ်ပါတယ်……
DLDSS-163 ကားထဲမှာတော့ ၁၀နှစ်ကြာမတွေ့ဖြစ်တဲ့ အဒေါ်အိမ်သွားလည်ရင်း ကောင်မလေးက ဖောက်ပြန်သွားလို့ ဝမ်းနည်းပက်လက်ဖြစ်နေတဲ့ အစ်ကိုဝမ်းကွဲတစ်ယောက်နဲ့ ဆုံရာကနေ မေတ္တာရှင်မလေး Tomoda Ayaka က နှစ်သိမ့်ပေးတဲ့ ကားလေးပါပဲ……တကယ့်ကို တောင့်တင်းဖြောင့်စင်းနေတဲ့ ခန္ဓာကိုယ်လေးရဲ့ အနုအရွ အလှုပ်အခတ်လေးတွေကို ခံစားနိုင်ဖို့ ကြည့်ရှုလိုက်ကြပါဦးလို့……
(Dark Side Production မှ တင်ဆက်သည်။)
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။...
Gentlemen Broncos (2009)
⭐TMDB: 57.0% User Score
🎬 #Comedy #Drama #ScienceFiction
🗓 2009 🎞 movie
🌎 #UnitedStatesofAmerica
⏰ 1 နာရီ 29 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sci-fi & comedy အမျိုးအစားဖြစ်တဲ့ ဒီဇာတ်ကားထဲမှာဆိုရင် အဓိကဇာတ်လိုက်ကျော်ဖြစ်တဲ့ ဘန်ဂျေမင်း ဆိုတဲ့ ဆယ်ကျော်သက်လေးဟာ ငယ်ငယ်လေးကတည်းက Sci-fi ဇာတ်လမ်းတွေကို ကြိုက်တဲ့သူတစ်ယောက်ဖြစ်ပြီး အသက် ၇ နှစ်အရွယ်ကတည်းက ကိုယ်ပိုင်စာဆိုပေစတွေ ရေးလာခဲ့သူတစ်ယောက်ဖြစ်တယ်။ တစ်ရက်မှာ သူက နာမည်ရစာရေးဆရာတစ်ယောက်ဖြစ်တဲ့ သူ့ အိုင်ဒေါ ချီဗာလီယာရဲ့ workshop ကို သွားတက်ခဲ့ပြီး အဲကနေ တာဘာသာဆိုတဲ့ သူ့လိုပဲ အပျော်တမ်းစာရေးဆရာတစ်ယောက်ရယ်၊ လွန်နီဒီနာဟိုဆိုတဲ့ ကိုယ်ပိုင် စတူဒီယိုရှိတဲ့ ရိုက်ကူးရေးသမားတစ်ယောက်နဲ့ ရင်းနှီးခဲ့တယ်။ အဲ workshop မှာက လာကြတဲ့ လူငယ်စာရေးဆရာတွေအတွက် စာမူပြိုင်ပွဲတစ်ခုပါ အတူတွဲပါတာကြောင့် ဘန်ဂျေမင်းဟာ သူ့နောက်ဆုံးရေးထားတဲ့ “တဆေးအရှင်များ” ဆိုတာကို တင်ခဲ့လိုက်တယ်။
“တဆေးအရှင်များ” ကို ပေးဖတ်ခဲ့ဖူးတာ သူ့အမေရယ် တာဘာသာရယ်ပဲရှိတယ်။ တာဘာသာက လွန်နီနဲ့အတူ သူ့ဝတ္ထုကို adaptation လုပ်ဖို့ ဝယ်ယူခဲ့ပြီး ရုံပါတင်တဲ့အချိန်မှာပဲ ချီဗာလီယာဟာ စာအုပ်အသစ်တစ်အုပ်ကို ထုတ်ဝေခဲ့တယ်။ မယုံနိုင်အောင်ပဲ အဲစာအုပ်က သူ့ရဲ့ “တဆေးအရှင်များ” ကို ဇာတ်ဆောင်နာမည်တွေပြောင်းထားတာကြီး ဖြစ်နေခဲ့တာကို သူတွေ့လိုက်ရတယ်။
အတိုချုံ့ရရင်တော့ လူငယ်စာရေးဆရာတစ်ယောက်ရဲ့ ဇာတ်လမ်းကို ခိုးယူခဲ့တဲ့ နာမည်ကြီးစာရေးဆရာတစ်ယောက်ရဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။...
19 Prohibition of Secret Tutoring(2020)
⭐-
🎬 #Adult #Drama
🗓 2020 🎞 movie
🌎 #Korea
⏰ 1 နာရီ 12 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
******************************************2020ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ 19 Prohibition of Secret Tutoring ဆိုတဲ့ အချစ်ကားလေးအကြောင်း ပြောပြပေးချင်ပါတယ်ယူဂျောင်က ရည်းစားဖြစ်သူနဲ့ အတူနေတဲ့အခါ အမြဲငြီးငွေ့ဖိုကောင်းတယ်လို ခံစားနေရသူပါ
ဒီလိုနဲ့ တစ်ရက်မှာ အသိတစ်ယောက်က လိင်ကိစ္စနဲ့ ပတ်သက်တဲ့ လျှိဝှက်သင်တန်းတစ်ခုကို ညွှန်းပေးခဲ့ပါတယ်ဒီလျှိဝှက်သင်တန်းကို သင်တန်းကို တက်ပြီးတဲ့နောက် ယူဂျောင်နဲ့သူ့ချစ်သူတိုဆက်ဆံရေးမှာ
အပြောင်းအလဲတွေ ဖြစ်သွားမလားဆိုတာ ကြည့်လိုက်ကြပါဦးနော်
ပါတဲ့အခန်းတိုင်းရော လေဒီအမိုက်စားတွေရော စွန်းမိမိုက်နေလို့
ဒေါင်းရကျိုးလုံးဝနပ်စေရမယ်ုလို့အာမခံပါတယ်ဗျို့...
The Outwaters (2022)
⭐IMDB: 4.0/10 (4 k Votes)
🎬 #Horror #SciFi #Thriller #ScienceFiction
🗓 2022 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 51 မိနစ် 7 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Found-footage အမျိုးအစားဝင် ၂၀၂၂ ခုနှစ်ထွက် အမေရိကန် horror ရုပ်ရှင်ကားတစ်ကား တင်ဆက်ပေးချင်ပါတယ်။
ပုံမှန် horror ရုပ်ရှင်ကားပုံစံထက် မှတ်တမ်းဗီဒီယိုရုပ်သံကို ပြန်ခံစားရတဲ့ မှတ်တမ်းဇာတ်လမ်းပုံစံမျိုး တမူထူးခြားတဲ့ ရသကိုခံစားမိရမှာပါ။ Horror ကားဆိုပေမယ့် Nope (2022) တို့လို အစပိုင်းမှာ sci-fi ဆန်ဆန်ဆွဲခေါ်သွားပြီး ဇာတ်လမ်းတစ်ဝက်အကျော်မှသာ horror ရသကို သွေးသံရဲရဲနဲ့အပြည့်အဝခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ ကုန်ကျစရိတ် ဒေါ်လာ ၁၅,၀၀၀ ဝန်းကျင်သာသုံးထားပေမယ့် Rotten tomatoes မှာ rating 74% ထိရပြီး ဆုအနေနဲ့လည်း ၂၀၂၂ ခုနှစ် Unnamed Footage Festival နဲ့ Dead of night film featival မှာ Best feature ဆုတွေရထားတာဖြစ်လို့ အောင်မြင်တယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။ သရုပ်ဆောင် Robbie Banfitch ကိုယ်တိုင် ရေးသားရိုက်ကူး ပါဝင်သရုပ်ဆောင်ထားပြီး အခြားသရုပ်ဆောင်များကတော့ Angela Basolis၊ Michelle May၊ Scott Schamell၊ Leslie Ann Banfitch၊ Christine Brown နဲ့ Aro Caitlin တို့ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့
ကယ်လီဖိုးနီးယားတောင်ပိုင်း မိုဟာဗီးသဲကန္တာရထဲမှာ သီချင်းဗီဒီယို outdoor ရိုက်ကွင်းရိုက်ဖို့သွားတဲ့ သူငယ်ချင်းလေးယောက် ရော်ဘီ၊ အန့်ဂျ်၊ စကော့တ်နဲ့ မစ်ရှယ်လ်တို့အကြောင်းဖြစ်ပါတယ်။ ဇာတ်ရဲဌာနကို ဖုန်းခေါ်တိုင်ကြားတဲ့အသံနဲ့ memory card တစ်ခုကို ရဲဌာနက စစ်ဆေးကြည့်ရှုတဲ့မြင်ကွင်းနဲ့ ဇာတ်လမ်းကိုစဖွင့်ထားပါတယ်။ရော်ဘီနဲ့ စကော့တ်က ညီအစ်ကိုတွေဖြစ်ပြီး အဆိုတော်ပေါက်စဖြစ်တဲ့ မစ်ရှယ်လ်အတွက် သီချင်းဗီဒီယိုရိုက်ကွင်းသွားဖို့ ခရီးထွက်ကြပါတယ်။ အစပိုင်းမှာ ပြသနာမရှိပေမယ့် မိုဟာဗီးသဲကန္တာရထဲမှာ စခန်းချတဲ့အချိန်မှာ ထူးထူးဆန်းဆန်းဖြစ်ရပ်တွေ၊ သဘာဝအတိုင်းမဟုတ်တဲ့ အသံဗလံတွေကြားလာရပါတယ်။ စခန်းချတဲ့ဒုတိယညမှာ မိုးချုန်းသံလိုလိုဘာလိုလိုအသံနဲ့ ထူးထူးဆန်းဆန်းလေသံတွေကြားလို့ စကော့တ်နဲ့ ရော်ဘီတဲပြင်ထွက်ကြည့်မိရာကနေ သူတို့လေးယောက်အတွက် နောက်ပြန်မလှည့်နိုင်မယ့် ကံဆိုးမိုးမှောင်ကျမှုနဲ့ ဖြစ်ရပ်ဆန်းတွေကို ကြုံတွေ့လိုက်ကြရပါတော့တယ်။...
