ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Chevalier (2022) ⭐IMDB: 6.6/10 (3 k Votes) 🎬 #Biography #Drama #History #Music 🗓 2022 🎞 movie 📺 #1080p #720p #480p 💿 1.4 GB ⦿ 638.5 MB ⦿ 384.3 MB 🌎 #UnitedStates #CzechRepublic #Ireland #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 5 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Chevalier (2022)=============IMDb Rating – 6.6/10 ဒီဇာတ်လမ်းက တေးရေးဆရာ Chevalier de Saint-Georgesဖြစ်တဲ့ Joseph Bologne အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ပြင်သစ် သစ်တောပိုင်ရှင် သခင် Bologneနဲ့ သူ့ရဲ့ အာဖရိကန်ကျွန်တို့ကနေ မွေးဖွားခဲ့တဲ့ Joseph က ကပြားလူမဲကလေးပါ။အဲဒီခေတ်က လူမဲတွေကို ကျွန်အဖြစ်နဲ့ သတ်မှတ်ထားကြတာမို့Joseph ကိုလည်း သူ့ရဲ့အသားအရေနဲ့ ပတ်သက်ပြီး ကလေးတွေက အနိုင်ကျင့်ကြတယ်။ ဒါပေမဲ့ တယောထိုးရာမှာ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းပြီး ဓားထိုး၊ ဘာသာစကား စတဲ့ ကျန်တဲ့ပညာရပ်တွေလည်း အရမ်းကျွမ်းကျင်တာမို့ Joseph က မကြာခင်မှာပဲ ပြင်သစ်အထက်တန်းလွှာ တစ်ဦးအဖြစ် ကျော်ကြားလာခဲ့ပါတယ်။ Josephက ပြင်သစ်ဘုရင်မ Marie Antoinette နဲ့လည်းသူငယ်ချင်း ဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ အထက်တန်းလွှာခင်ပွန်းသည်ဇနီး Marie Josephine နဲ့ ဖောက်ပြန်တာ၊ပဲရစ်သံစုံတီးဝိုင်း ခေါင်းဆောင်နေရာကို ပြိုင်ကြတာနဲ့ဘုရင်မနဲ့လည်း အခင်အမင်ပြတ်သွားတယ်။ နောက်ပိုင်းမှာ လူမျိုးရေးခွဲခြားတဲ့ အတားအဆီးတွေ၊ ပြင်သစ် လူ့အဖွဲ့အစည်း တော်လှန်ရေးတွေကြောင့် အထက်တန်းလွှာ ကပြားဖြစ်တဲ့ Joseph က ဘယ်ဘက်ကို သစ္စာစောင့်သိမလဲဆိုတာကို ​ဒီဇာတ်လမ်းမှာ ဆက်ပြီးကြည့်ရှုရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)...

Colorless (2019) ⭐IMDB: 6.4/10 (69 Votes) 🎬 #Adult #Asian #Drama #Romance 🗓 2019 🎞 movie 📺 #1080p #720p 💿 1.4 GB ⦿ 684.1 MB 🌎 #Japan ⏰ 2 နာရီ 3 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Colorless (2019) (18+) IMDb – 6.4/10 ဒီတစ်​ခေါက် မိတ်ဆက်​ပေးမယ့်ဇာတ်ကား​​လေးက​တော့ 2019 မှာထွက်ရှိထားတဲ့ ဂျပန် အချစ်ရိုမန့်ဒရမ်မာ ဇာတ်လမ်းလေး  Colorless ​​ပဲဖြစ်ပါတယ်။အချစ်ရိုမန့်ဆိုပေမယ့် ဇာတ်ဝင်ခန်းတွေကိုပေါ်ပေါ်ထင်ထင်ရိုက်ကူးထားလို့ မိသားစုနဲ့တော့ကြည့်လို့မရပါဘူး…. ဇာတ်လမ်းကတော့…. အိုရာမာဒါဆိုတဲ့ ကောင်ချောလေးဟာ နာမည်ကျော်ဓါတ်ပုံဆရာဖြစ်ချင်တဲ့ အိမ်မက်​နောက်ကိုလိုက်​ရင်း ကြိုစား​ပေမယ့် ဘာတစ်ခုမှမအောင်မြင်ဘဲလူငယ်ဘာဝ ထုံးစံအတိုင်း ကျရှူံးမှုတွေပဲ ရင်ဆိုင်နေရသူလေးပါ။ တာနာကာယူကာဆိုတဲ့ ​ချစ်စရာ မော်ဒယ်မ​လေးကလဲ ဇာတိ​တောမြို့​လေးက​နေ ​မော်ဒယ်တစ်​ယောက်ဖြစ်ရမယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ တိုကျိုမြို့​ပေါ်တက်လာ​ပေမယ့်မှန်းချက်နဲ့နှမ်းထွက်မကိုက်ပဲ အ​ကြွေး​တွေပုံလာပြီး သူမဘဝတစ်ခုလုံးကို အလိမ်အညာ​တွေနဲ့ပဲ ဖုံးကွယ်ဟန်​ဆောင်​နေရတဲ့ သနားစရာကောင်မလေးတစ်ယောက်ပါ။ ဒီလို လူငယ်ဘာဝ ကျရှူံးမှုတွေနဲ့ နာကျင်နေကြရတဲ့ သူတို့နှစ်ဦး တစ်နေ့မှာ ဓာတ်ပုံရိုက်ရင်းဆုံကြရာကနေ လူငယ်ဘာဝ တစ်ယောက်ကိုတစ်ယောက် ငြိတွယ်မိကြတယ်ပေါ့….. ဒါပေမယ့် မဖြစ်လာတဲ့အိမ်မက်တွေကိုယ်စီနဲ့သူတို့နှစ်ယောက်ကြား ဖုံးကွယ်ထားတဲ့အလိမ်အညာတွေနဲ့ ပွင်းလင့်တဲ့အထိအတွေ့တွေကနူးညံ့တဲ့နှလုံးသားကို ဘယ်လောက်ထိရိုက်ခတ်လာကြမလဲဆိုတာ…….။...

Pokolenie Ikea (2023) ⭐IMDB: 4.6/10 (108 Votes) 🎬 #Comedy #Drama #Romance 🗓 2023 🎞 movie 📺 #1080p #720p 💿 1.0 GB ⦿ 514.8 MB 🌎 #Poland ⏰ 1 နာရီ 37 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Pokolenie Ikea(2023) ****************** ဦးဆုံးအနေနဲ့ ဇာတ်လမ်းတစ်လျှောက် sex sceneတချို့နဲ့ လိင်မှုအသုံးအနှုန်းတွေ ပေါပေါသီသီပါတာမို့ မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်ပါဘူး။ပိုလန်စာရေးဆရာ Piotr Cရဲ့ Pokolenie Ikeaဆိုတဲ့အရောင်းအရဆုံးစာအုပ်ကို ရုပ်ရှင်အဖြစ်ပြန်ရိုက်ကူးထားတာဖြစ်ပြီးဒီစာအုပ်ဟာ ပိုလန်အင်တာနက်အသုံးပြုသူတွေ ratingပေးတဲ့အဖတ်သင့်ဆုံးစာအုပ် 100ထဲမှာ နံပါတ်32အထိချိတ်ခဲ့ပါတယ်…ဇာတ်လမ်းနာမည်က englishလိုဆို IKEA Generationဖြစ်ပြီး Millennials နဲ့ Gen Zersတွေကိုဆိုလိုချင်တာပါ။တစ်နည်းအားဖြင့် ဒီဇာတ်လမ်းဟာ အသက် ၄၀အောက်အရွယ် ၂၁ရာစု ခေတ်သစ်လူလတ်ပိုင်းဘဝအကြောင်းကို ရိုက်ပြထားတဲ့ Drama၊ Comedy၊ Romanceကားလေးပါ… Romanceကားဆိုပေမယ့် ideaဆန်းဆန်းလေးနဲ့မို့ sex conceptတစ်ခုကို ချပြနေတယ်လို့တောင် အထင်မှားစရာရှိပါတယ်။၂၁ရာစုရဲ့ လူလတ်ပိုင်းဘဝဟာဆိုရင် ယခင်ရှေးရိုးစွဲကာလတွေနဲ့ မတူတော့ဘဲ လိင်မှုကို ကျား၊မ မရွေးလွယ်လွယ်ကူကူရယူနိုင်တဲ့အမှုတစ်ခုလိုဖြစ်နေပါပြီ။ဒီထဲမှာမှ ဘလက်ကီဟာ အသက်သုံးဆယ်ကျော် လူပျိုလူလွတ်ရှေ့နေတစ်ယောက်ပါ။အိမ်ထောင်သားမွေးပြုချင်သူမဟုတ်သလို၊ အချစ်ကိုမရှိလည်းဖြစ်တယ်လို့တွေးပြီး ဘဝကို ပါတီတက်လိုက်၊ မိန်းမလိုက်စားလိုက်နဲ့ ပျော်ပျော်ပါးပါးကျော်ဖြတ်နေသူပါ။သူဟာ လိင်ကိစ္စကိုလွတ်လပ်မှုတစ်ခုလို့ တွေးသူဖြစ်တဲ့အပြင် ထူးထူးဆန်းဆန်းအကြံဉာဏ်ရှိပါတယ်။ဘယ်လိုလဲဆိုတော့ A to Zနာမည်အစနဲ့ မိန်းကလေးအကုန်လုံးနဲ့အိပ်ချင်တာပါ…သူ့အတွက်တော့ အက္ခရာအစဥ်လိုက်နဲ့ အရေအတွက်က အရေးမကြီးပါဘူး။ Alpahbetအားလုံးပြည့်အောင် နေဖူးချင်သူပါ…၊ဒီလောက်ဆိုရင်ကို ဇာတ်လမ်းကတော်တော် စိတ်ဝင်စားဖို့ကောင်းနေပြီး ဇာတ်လမ်းတစ်လျှောက် သူ့ရဲ့ လိင်မှုအယူအဆတွေ၊ နေထိုင်ပုံတွေကို ကြည့်ရှုခံစားရမှာပါ။ဒီလိုလိင်မှုလွတ်လပ်ပြီး အချုပ်အနှောင်ကင်းတဲ့ သူဆီမှာလည်း မတို့မထိဘဲထားတဲ့ အမျိုးသမီးတစ်ယောက်ရှိပါသေးတယ်။သူ့ရဲ့အလုပ်က လုပ်ဖော်ကိုင်ဖက် အိုလ်ဂါဖြစ်ပါတယ်။ သူက ဒီအမျိုးသမီးကျမှ ဘာလို့ မတို့မထိဖြစ်နေရလဲဆိုတာတော့ ဇာတ်လမ်းထဲမှာပဲ အဖြေရှာကြည့်လိုက်ပါ… အခြားအချစ်ကားတွေနဲ့မတူတဲ့အချက်က ဒီဇာတ်လမ်းဟာ မင်းသားနဲ့ မင်းသမီး ချစ်ကြိုက်ကွဲညား၊ ကြည်နူးပြငိုယိုပြတာကို ရိုက်ပြထားတာမျိုးမဟုတ်ဘဲလွတ်လပ်တဲ့လိင်မှု၊ နေထိုင်ပုံ၊အယူအဆကို ရိုက်ကူးပြသထားတဲ့အတွက် အချိန်ပေးပြီး ကြည့်ကိုကြည့်သင့်တဲ့ကားတစ်ကားပါပဲ။...

The Perfect Find (2023) ⭐IMDB: 5.3/10 (1 k Votes) 🎬 #Comedy #Drama #Romance 🗓 2023 🎞 movie 📺 #1080p #720p 💿 1.2 GB ⦿ 546.2 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Perfect Find(2023) **********************ဂျန်နာဂျုံးစ်ဟာ တစ်ချိန်က နာမည်ကျော် ဖက်ရှင်မော်ဒယ်ဖြစ်ပေမယ့် ချစ်သူဖြစ်သူက (၁၀)နှစ်တာ အချစ်ရေးကို တစ်ဖက်သတ် တစ်ခန်းရပ်လိုက်တာကြောင့် အသည်းကွဲရုံသာမက အလုပ်ကပါအထုတ်ခံလိုက်ရပြီး အမေ့အိမ်မှာ သောင်တင်နေတာပါ။ အသက်ကလည်း ၄၀ကျော်ဖြစ်နေပြီဖြစ်တဲ့အပြင် အသည်းကွဲပြီး ၁နှစ်လောက် စားလိုက်သောက်လိုက်နဲ့ အလုပ်မလုပ်ဘဲနေနေတဲ့အတွက် အမေဖြစ်သူက အိမ်ကနေ အတင်းနှင်ထုတ်ပြီး အလုပ်ပြန်လျှောက်ခိုင်းပါတော့တယ်။ ကြံရာမရတော့ တချိန်က ပြိုင်ဘက်လည်းဖြစ်၊ ရည်းစားလုဘက်လည်းဖြစ် တဲ့ ဒါစီရဲ့ ဖက်ရှင်မဂ္ဂဇင်းတိုက်မှာ လစ်လပ်နေတဲ့ ကြော်ငြာကဏ္ဍမှာ အလုပ်ဝင်လုပ်ပါတယ်။ သိပ်မကြာခင်မှာပဲ အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ သူ့ဆီကို မောင်လေးတစ်ယောက်၊ အစ်ကိုကြီးတစ်ယောက်နဲ့ တချိန်က ပလစ်သွားတဲ့ ရည်းစားဟောင်းတို့က တပြိုင်နက်တည်း ချဉ်းကပ်လာပါတော့တယ်။ ကဲ သူ ဘယ်သူ့ကို လက်ခံမှာ လဲ၊ အချစ်ရေးကို စိတ်ပျက်သွားတဲ့ သူ့အတွက် ဒါဟာ အကောင်းလား၊ အဆိုးလား၊ ပြိုင်ဘက်ဖြစ်သူဆီမှာ ခေါင်းငုံ ပြီးအလုပ်ဝင်လုပ်တာ အဆင်ပြေပါ့မလား၊ သူ့ဘဝတက်လမ်းဘက်ကိုပဲဦးတည်မှာလားဆိုတာတွေကို ရယ်စရာ မောစရာအဖြစ်တွေနဲ့ ခံစားရမှာဖြစ်ပါတယ်။အသက်ကြီးပေမယ့် မပျက်စီးသေးဘူးထင်တဲ့ မမကြီးများအတွက်ရော၊ အသည်းကွဲနေသူများအတွက်ရော အင်မတန်ကြည့်ရှုသင့်တဲ့ကားလေးတစ်ကားဖြစ်ပါတယ်။ ကျွန်တော်တို့ငယ်စဉ်တုန်းက လူကြီးအများစုနဲ့ အမြင်မတူကြပါဘူး။ လူကြီးတွေကလည်း ကျွန်တော်တို့ ကလည်း လူကြီးတွေကို ခေတ်ဟောင်းနေပြီ၊ ဒိတ်အောက်နေပြီ ဆိုပြီး ကိုယ်ကြီးလာတဲ့တစ်နေ့ကျ သူတို့တွေ လုပ် တာတွေ၊ သူတို့အတွေးအမြင်မျိုးတွေနဲ့ မတူအောင် ပြောင်းလဲမယ်လို့ အများစုက တွေးဖူးကြပါတယ်။ ဒီလိုသဘော ထားခဲ့တဲ့သူတွေအတွက် ဒီကားလေးက မီးမောင်းထိုးပြနေပါတယ်။ လူတွေရဲ့အခြေခံစိတ်ထားတွေအားလုံးကို ဒီ ဇာတ်ကားလေးထဲမှာ တွေ့နိုင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့သားဖြစ်သူ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့် မရလို့ ပေါက်ကွဲနေတဲ့ ဖခင် တစ်ယောက်က ကျောင်းရှိ ဒုကျောင်းအုပ်နှင့် ဝင်တွေ့ပြီး အကြောင်းခြင်းရာကို လာဆွေးနွေးပါတယ်။ ထိုကိစ္စ အပေါ် အခြေတည်ပြီး ကျောင်းရှိ ကာယဆရာ၊ ဓါတုဗေဒဆရာ၊ အလုပ်သင်ဆရာမ၊ ဂီတဆရာမ၊ လက်တင်ဆရာ၊ ဂျာမန်ဆရာတို့က စုရုံးစည်းဝေးကြပြီး အများရဲ့အမြင်ကိုဆွေးနွေးကြပါတယ်။ “စကား စကားပြောပါများ စကား ထဲကဇာတိပြ” ပြီး ဆရာ၊ ဆရာမတွေ အချင်းချင်း သူ့အမြင်၊ ကိုယ့်အမြင်ပေါ်မှာ အကြိုက်မတွေ့တာတွေ၊ တစ်ယောက်အမှား တစ်ယောက် ထောက်ပြဝေဖန်တာတွေဖြစ်လာပါတော့တယ်။ ဇာတ်ကားကတော့ သူတို့ဆွေး နွေးတာ၊ တိုင်ပင်တာနဲ့ပဲ ဒီစာသင်ခန်းလေးထဲမှာပဲပြီးသွားတာပါ။ ဒါပေမယ့် သင်ခန်းစာယူစရာတွေအများကြီးပါပဲ။ လောကကြီးမှာ ကိုယ်ဖြစ်ချင်တိုင်း၊ လုပ်ချင်တိုင်း အမြင်စောင်းနေတတ်တဲ့ ပတ်ဝန်းကျင်ဆိုတာကြီးရဲ့ အမြင်တွေ၊ တလွဲတချော်ဖြစ်နေတဲ့ သဘောသဘာဝကို သေသေသပ်သပ် ရိုက်ပြထားတာပါ။ ဒီကားကြည့်လိုက်ရင် တစ်ခုခု တော့ ရင်ထဲမှာ ကျန်သွားမှာ သေချာပါတယ်။...

Silo (2023- ) ⭐IMDB: 8.1/10 (37 k Votes) 🎬 #Drama #SciFi&Fantasy #Reality #SciFi #Fantasy #Mystery 🗓 2023- 🎞 tv series 📺 #1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 44 မိနစ် 58 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Silo (2023)Silo (2023)Sci-fi seriesတွေထဲမှာ ပရိသတ်အားပေးမှုတော်တော်လေးရရှိထားတဲ့ The last of us , The Walking dead နဲ့ The sweet toothတို့လို Post apocalyptic seriesတစ်ခုဖြစ်တဲ့ Siloကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးကရော ရှေ့ကနာမည်ကြီးစီးရီးတွေလိုပဲ ပရိသတ်ရဲ့နှလုံးသားကိုဖမ်းစားနိုင်မလားဆိုတာကတော့ ရဗျူးကောင်းတွေလည်းရရှိထားတာဆိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုရင်း အကဲဖြတ်လိုက်ကြပါဦး။Siloဆိုတာကတော့ ၁၄၄ ထပ်ရှိတဲ့ မြေအောက်မျှော်စင်မြို့တော်ကြီးတစ်ခု၊ အထဲမှာ မြို့တစ်မြို့နဲ့ညီမျှတဲ့အင်္ဂါရပ်တွေ အကုန်အစုံရှိပြီးတော့ ပဋိညာဉ်တစ်ခုကို နေထိုင်သူအားလုံး လိုက်နာရတဲ့နေရာတစ်ခုပေါ့။ ပြင်ပကမ္ဘာကြီးကတော့ ကပ်ဆိုက်ပျက်စီးပြီးတော့ အဆိပ်သင့်နယ်မြေလို့ ယူဆကြပြီးတော့ ဒီSiloထဲက လူတစ်စုကတော့ Siloရဲ့ပြင်ပကိုထွက်ချင်ပါတယ်လို့ လုံးဝမပြောပါဘူးဆိုတဲ့ အဓိကဥပ‌ဒေတစ်ခုအပါအဝင် တခြားမြောက်များစွာသောစည်းကမ်းတွေကို မဖြစ်မနေလိုက်နာရပါတယ်။ဒီမှာမေးစရာရှိလာတာက စည်းကမ်းမလိုက်နာရင် Siloရင်ပြင်ပကိုထွက်ချင်ပါတယ်လို့ ပြောလာတဲ့လူအတွက် ဘာပြစ်ဒဏ်ရှိလဲ။ ဒီလို အပြင်ထွက်ချင်တယ်လို့ ပြောလာသူတိုင်းကို အပြင်ထွက်ခွင့်ပေးပါတယ်။ အလဲအလှယ်အနေနဲ့ Siloရဲ့အပြင်ဘက်မှာတပ်ဆင်ထားတဲ့ ပြင်ပအာရုံခံစက်တွေကို သန့်ရှင်းရေးလုပ်ရပါတယ်။ ဒါပေမဲ့ထူးခြားတာကတော့ အပြင်ကိုထွက်ချင်တယ်ပြောမိသူတိုင်း မဖြစ်မနေ သန့်ရှင်းရေးလုပ်စရာမလိုပေမဲ့ သန့်ရှင်းရေးလုပ်ပြီးသူတိုင်းတော့ မိနစ်ပိုင်းအတွင်း သေဆုံးကုန်ကြပါတယ်။ရှေ့ကလူတွေရဲ့ သေဆုံးခြင်းကိုပဲ မျက်ဝါးထင်ထင်မြင်နေရချိန်မှာတော့ Siloမြို့ကပြည်သူတွေအနေနဲ့ အထွန့်မတက်ရဲတော့ဘဲ စည်းမျဉ်းစည်းကမ်းတွေများလွန်းတဲ့ ဒီမြို့မှာပဲ အသက်ရှင်ဖို့ကိုသာ အဓိကထားနေထိုင်ကြရင်း နှစ် ၁၄၀ ကျော်ကြာခဲ့ပါတယ်။ ဒါပေမဲ့ ပုန်ကန်မှုဖြစ်ထားတယ်ဆိုတဲ့ မရေမရာအကြောင်းပြချက်တစ်ခုနဲ့ ဒီနှစ် ၁၄၀ ရှေ့မှာ ဘာတွေဖြစ်ခဲ့လဲ။ ဘာလို့မြေအောက်မှာရှင်သန်နေရလဲဆိုတာကိုတော့ ဘယ်သူမှမသိကြသလို အပြင်ဘယ်တော့ပြန်ထွက်နိုင်မှာလဲဆိုတာအတွက်လည်း အဖြေမရှိပါဘူး။ဒါပေမဲ့ တားမြစ်ထားရင် ပိုသိချင်တဲ့လူ့စိတ်ကို ကြာကြာထိန်းထားမရတော့ Siloအပြင်ဘက် မြေပြင်ပေါ်ကဘဝကဘယ်လိုလဲ၊ ဘာလို့မြေအောက်မှာရှင်သန်နေရတာလဲနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်သူက ပြန်လည်ထွက်လာပြန်ပါတယ်။ ဒီလူကတော့ ပဋိညာဉ်တည်တံ့ရေးအတွက် တာဝန်ယူထားတဲ့ တရားရေးအဖွဲ့ရဲ့ အရေးပါတဲ့လူတစ်ယောက်ဖြစ်တဲ့ Sheriff ဟိုလ်စတန်ရဲ့ဇနီးအယ်လစ်ဆန်ပါပဲ။ နှစ် ၁၄၀ ရှေ့ပိုင်းက ပျက်သွားပါပြီဆိုတဲ့ ဒေတာတစ်ခုကို မထင်မှတ်ဘဲမြင်လိုက်ရတဲ့ အယ်လစ်ဆန်ဟာ Siloအပြင်ဘက်ကိုထွက်ချင်တဲ့ Siloရဲ့လျှို့ဝှက်ချက်တွေကို လူတွေကိုစူးစမ်းချင်စိတ်တွေကို ပြန်လည်နိုးထစေခဲ့တဲ့ သော့ချက်တစ်ခုဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့….မေးခွန်းမြောက်များစွာနဲ့ Siloကြီးရဲ့အတိတ်က ဘာများဖြစ်မလဲ။ Siloရဲ့အပြင်ဘက်ကမ္ဘာမှာ ဘာတွေရှိနေမလဲ။ ဒီနှစ် ၁၄၀ မတိုင်ခင်က ဘာတွေဖြစ်ပျက်ခဲ့တာလဲ။ ဒီလောက်ကြီးမားတဲ့မြေအောက်မြို့တော်ကို ဘယ်သူကတည်ဆောက်ခဲ့တာလဲ အစရှိတဲ့ပဟေဠိတွေကို အတူအဖြေညှိဖို့အတွက် ဒီစီးရီးလေးကို အခုပဲကြည့်ရှုလိုက်ရအောင်ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။Genre….. Drama, Sci-fi & Fantasy...

The Bélier Family (2014) ⭐IMDB: 7.3/10 (29 k Votes) 🎬 #Comedy #Drama #Music 🗓 2014 🎞 movie 📺 #1080p #720p 💿 2.1 GB ⦿ 1008.9 MB 🌎 #France #Belgium ⏰ 1 နာရီ 45 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ La famille Belier လို့ခေါ်ပြီးတော့ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ ဘီလီရာလို့ ခေါ်တဲ့ မိသားစုလေးမှာ မိသားစုဝင် ၄ ယောက်ရှိပြီးတော့ ၃ ယောက်က ဆွံ့အနားမကြားသူတွေပါ။ သမီးတစ်ယောက် တည်းကပဲ ချွတ်ယွင်းမှုမရှိနေတာပါ။ သူက ကျန်တဲ့မိသားစု ၃ ယောက် အဆက်အသွယ်လုပ်နိုင်ဖို့ ကြားကနေ ဘာသာပြန်ပေး နေရသူဆိုလည်း မမှားပါဘူး။ သူဟာ မိသားစုနဲ့အတူ ဈေးထဲမှာ ချိစ်တွေကို ရောင်းပါသေးတယ်။ ကျောင်းတွေပြန်ဖွင့်လို့ ကျောင်းပြန်တက်တဲ့အခါမှာ သင်ရိုးအပို တွေထဲက တစ်ခုကို ရွေးချယ်ဖို့ ဖြစ်လာတဲ့အခါ သူဟာ ဓမ္မတေး အဖွဲ့ထဲဝင်ဖို့ ရွေးချယ်လိုက်ပါတယ်။ အဲဒီကနေမာ ဂီတဆရာ သောမက်ဆန်နဲ့ တွေ့ခဲ့ပြီးတော့ သူ့အသံဟာ သူများနဲ့မတူ တမူ ထူးခြားကြောင်း သိလာခဲ့ပါတယ်။ ဆရာဖြစ်သူ သောမက်ဆန်က သူ့အသံနဲ့ဆိုရင် ပဲရစ်မှာ ကျင်းပမယ့် အဆိုပြိုင်ပွဲကို ဝင်ပြိုင် လို့ရကြောင်း၊ ပြိုင်ပွဲကိုနိုင်ရင် ပဲရစ်မှာရှိတဲ့ အနုပညာကျောင်းမှာ ကျောင်းတက်ခွင့်ရမယ့်အကြောင်း ပြောပြခဲ့ပါတယ်။ ဒါဆိုရင် ဘီလီရာက သူ့ဆရာပြောတဲ့ ပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်မလား၊ ပြိုင်ပွဲကိစ္စကို သူ့မိဘတွေက ခွင့်ပြုပါ့မလား၊ သူ့အနေနဲ့ ဒီမြို့ငယ်လေးထဲမှာပဲ ဆက်နေသွားမလား ပဲရစ်ကိုသွားပြီး စွန့်စားခန်းအသစ် ရေးဆွဲမလားဆိုတာကိုတော့ ဟောဒီ La Famille Belier ဆိုတဲ့ ဇာတ်ကားထဲမှာ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါ။...

The Sky Coffin in Qinling Town (2023) ⭐TMDB: 0.0% User Score 🎬 #Adventure #Mystery #Thriller 🗓 2023 🎞 Movie 📺 #1080p #480p 💿 764.8 MB ⦿ 368.8 MB 🌎 # ⏰ 1 နာရီ 10 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကြမ်းကြမ်းတမ်းတမ်း စွန့်စားခန်း‌တွေကိုမှ ကြိုက်ပါတယ်ဆိုတဲ့ CM ကပရိတ်သတ်ကြီးတို့ အတွက် Qinling Town Coffin ဆိုတဲ့ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကြယ်အပိုင်းအစတစ်ခုဟာကမ္ဘာမြေပြင်ပေါ်ကျရောက်လာပြီး ချင်းလင်တောင်တန်းတွေကြားကရှေးဟောင်းသင်္ချိုင်းထဲကို ကျသွားခဲ့ပါတယ် ကျရောက်လာစဉ်က ဖြာထွက်ခဲ့တဲ့အလင်းတန်းတွေကထွန်းလင်းလွန်းတာကြောင့် ချင်းလင်တောင်ကရှေးဟောင်းဂူသင်္ချိုင်းထဲမှာ တစ္ဆေတံဆိပ်တော်ဆိုတဲ့ရတနာရှိတယ်ဆိုတဲ့သတင်းဟာ ချက်ချင်းပဲ သတင်းပျံ့နှံ့သွားခဲ့ပါတယ် သင်္ချိုင်းဖောက်ရမှာ ကျွမ်းကျင်တဲ့ ချင်ထျန်းဟာ အန္တရာယ်များတဲ့အလုပ်ကိုစွန့်လွှတ်ပြီး သာမန်အသက်‌မွေး၀မ်းကြောင်းပဲ ပြုလုပ်တော့မယ်လို့ စဉ်းစားထားသူပါဒါပေမဲ့ တစ်ရက်မှာ ဂျပန်ဗိုလ်မှူးရှန်ဟာ ချန်ထျန်းအိမ်ကိုအရောက်လာကာ နာမည်ကြီးနေတဲ့ ချင်းလင်တောင်ကရှေးဟောင်းသင်္ချိုင်းကို သွားဖောက်ဖို့ လမ်းပြခိုင်းခဲ့ပါတယ် စွန့်စားရတဲ့အလုပ်တွေမလုပ်ဖို့ဆုံးဖြတ်ထားတဲ့ ချင်ထျန်းက ငြင်းပေမဲ့ဗိုလ်မှူးရှန်က သူ့ဆရာနဲ့ ဆရာတူညီမကိုအကျပ်ကိုင်လာတာကြောင့် ချင်းလင်သင်္ချိုင်းဆီ သွားခဲ့ရပါတော့တယ်– ဒီလိုနဲ့ ချင်ထျန်းနဲ့ ဂျပန်ဗိုလ်မှူးရှန်တို့ဂူသင်္ချိုင်းဆီအရောက်သွားပြီး ရတနာကို အရယူနိုင်ပါ့မလား ??– နောက်ဆုံးမှာတော့ အသက်ရှင်လျက်ပြန်ထွက်နိုင်မလားဒါမှမဟုတ် ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို အခုပဲ ကြည့်ရှုလိုက်ကြရအောင်...

The Star (2002) ⭐IMDB: 7.0/10 (3 k Votes) 🎬 #Action #Adventure #Drama #History #War 🗓 2002 🎞 movie 📺 #1080p #720p 💿 2.0 GB ⦿ 992.6 MB 🌎 #Russia ⏰ 1 နာရီ 37 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 1944 ခုနှစ်မှာ ဆိုဗီယက်ပြည်‌‌ထောင်စုရဲ့တပ်နီကြီးက‌နေ ဂျာမန်နာဇီတွေကိုအလဲထိုးပြီး ဘာလင်ကိုမျက်စောင်းထိုးနိုင် စေခဲ့တဲ့ထိုးစစ်ဖြစ်တဲ့ Operation Bagrationကိုအောင်မြင် စေနိုင်ခဲ့တဲ့ကင်းထောက်တပ်တခုရဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေး တခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အချိန်ကတော့ Operation Bagration မတိုင်ခင် ၁၉၄၄ခုနှစ် မေလအတွင်း။ ဆိုဗီယက်တွေမှာ ပြဿနာတက်နေတာက ဂျာမန်ခုခံစစ်တွေရဲ့ နောက်တန်းမှာ လူပြန်စုနေတယ်လို့သတင်း ရထားပေမယ့် အတိအကျက ထောက်လှမ်းမရနိုင်သေးဘူး။ လွှတ်ထားသမျှကင်းထောက် တပ်ဖွဲ့ နှစ်ဖွဲ့ကလည်းအဆက်အသွယ် ပြတ်သွားခဲ့ပြီ။ ဒီလိုနဲ့ နောက်ဆုံးအကြိမ် ကြိုးစားပြီး ဒုဗိုလ်‌လေး တရာ့ဗ်ကင်ဦးဆောင်တဲ့ကြယ်ပွင့်လို့ အမည်ရတဲ့ကင်းထောက်အဖွဲ့ တခုကိုထပ်လွှတ်ဖို့ဖြစ်လာပါတော့တယ်။ဒီကင်းထောက်အဖွဲ့ရဲ့ ဂျာမန်ရှေ့တန်းတွေအကြားအရဲစွန့်ခဲ့တာတွေ ဂျာမန်တွေရဲ့ စစ်အင်အားတွေကို တပ်ဖွဲ့တွေအကြားထောက်လှမ်းသတင်း ပို့‌ပေးခဲ့တာတွေကိုရင်တဖိုဖိုနဲ့ကြည့်ရှူခံစားကြရမှာပဲဖြစ်ပါတယ်။ ကင်းထောက်တပ်ဖွဲ့လေးတစ်ခုက ဒီစစ်ဆင်ရေးကြီးကိုဘယ်လိုမျိုး ပြောင်းလဲပေးနိုင်ခဲ့မလဲဆိုတာကို CMပရိတ်သတ်ကြီးက ကြည့်ရှုခံစားပေးကြပါဦး။...

Black or White (2014) ⭐IMDB: 6.6/10 (14 k Votes) 🎬 #Drama 🗓 2014 🎞 movie 📺 #1080p #720p 💿 1.7 GB ⦿ 779.1 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 2 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးမှာ ဇနီးဖြစ်သူ ဆုံးပါးသွားတဲ့အခါ အဲလီရော့တ်အန်ဒါဆန်ဟာ သူ့မြေးမလေး အဲလူဝီးစ်ကို တစ်ယောက်တည်း ပြုစုပျိုးထောင်ပေးဖို့ ဖြစ်လာပါတယ်။ အဲလူဝီးစ်ရဲ့ အမေ၊ အဲလီရော့တ်ရဲ့သမီးကတော့ နှလုံး‌ရောဂါ အခံနဲ့ ကလေးမွေးဖွားစဉ်က ဆုံးပါးသွားခဲ့တာဖြစ်ပြီး အဖေဖြစ်သူကတော့ မူးယစ်ဆေးမှုတွေနဲ့ ပြစ်မှုမှတ်တမ်း တွေရှိပြီး သတင်းအစအနတောင် မကြားရတဲ့သူပါ။ အဲလီရော့တ်က သမီးဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့အပြင် ဇနီးဖြစ်သူကိုပါ ဆုံးရှုံးရပြန်တော့ အရက်သောက်‌နေတဲ့ အရက်သမားကြီးလို ဖြစ်နေပေမယ့် သူ့မြေးမလေးကိုတော့ ဘယ်နေရာမှလစ်ဟင်းမှုမရှိအောင် ချစ်ခြင်းမေတ္တာအပြည့်နဲ့ ဂရုစိုက်ပေးပါတယ်။ ဒါပေမဲ့ အဲလူဝီးစ်လေးရဲ့ တစ်ဖက်က အဘွား ရိုဝီနာကတော့ သူ့မြေးမလေးကို အဘိုးဖြစ်သူ အဲလီရော့တ် စောင့်ရှောက်တာကို စိတ်မချဖြစ်ပါတယ်။ ဒီလိုနဲ့ ရိုဝီနာက သူ့မောင် ရှေ့နေနဲ့အတူ ကလေးအုပ်ထိန်း စောင့်ရှောက်ခွင့်အတွက် တရားရင်ဆိုင်ပါတော့တယ်။ ဒီနေရာမှာ ပြဿနာကတော့ အဲလူဝီးစ်လေးရဲ့ အဘိုးအဲလီ‌ရော့တ်က လူဖြူဖြစ်ပြီး အဖေဘက်၊ အဘွားဝီဝီဘက်ကတော့ လူမဲ တွေဖြစ်နေတာပါ။ ကလေး အုပ်ထိန်းခွင့်အတွက် တရားရင်ဆိုင် ကြတဲ့အခါ အဘိုးဖြစ်သူ အဲလီရော့တ်ကပဲ အုပ်ထိန်းခွင့်ရသွားမလား၊ အဘွားဝီဝီကပဲ အုပ်ထိန်းခွင့်ရသွားမလားဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ ဒီဇာတ်လမ်းလေးဟာ မိသားစုချစ်ခြင်းမေတ္တာကို ဖော်ကြူးထားတဲ့ အပြင် လူမဲ လူဖြူဆိုတာ အသားအရောင်သာကွာခြားတဲ့ လူသားအချင်းချင်းပါပဲ ဆိုတဲ့ မက်ဆေ့ခ်ျလေးကို ရိုက်ပြထားတဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ် )...

Hounds of Love (2016) ⭐IMDB: 6.5/10 (13 k Votes) 🎬 #Crime #Drama #Horror #Thriller 🗓 2016 🎞 movie 📺 #1080p #720p #480p 💿 2.4 GB ⦿ 1.2 GB ⦿ 437.3 MB 🌎 #Australia ⏰ 1 နာရီ 43 မိနစ် 56 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 When Vicki Maloney is randomly abducted from a suburban street by a disturbed couple, she soon observes the dynamic between her captors and quickly realises she must drive a wedge between them if she is to survive....

Hugot (2023) ⭐IMDB: 6.1/10 (7 Votes) 🎬 #Crime #Drama 🗓 2023 🎞 movie 📺 #1080p #720p #480p 💿 2.3 GB ⦿ 1.1 GB ⦿ 458.5 MB 🌎 #Philippines ⏰ 1 နာရီ 39 မိနစ် 58 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 A basketball player, turns to drug peddling and gambling to earn more. When he realizes his path endangers not just his life but the people he loves, it’s already too late....

The Edge of Seventeen (2016) ⭐IMDB: 7.3/10 (134 k Votes) 🎬 #Comedy #Drama 🗓 2016 🎞 movie 📺 #1080p #720p #480p 💿 2.6 GB ⦿ 1.2 GB ⦿ 455.5 MB ⦿ 455.6 MB 🌎 #USA #UnitedStates #China #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 43 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 Two high school girls are best friends until one dates the other’s older brother, who is totally his sister’s nemesis....

House of 1000 Corpses (2003) ⭐IMDB: 6.0/10 (90 k Votes) 🎬 #Crime #Horror 🗓 2003 🎞 movie 📺 #1080p #720p #480p 💿 2.2 GB ⦿ 1.0 GB ⦿ 383.9 MB ⦿ 384.0 MB 🌎 #USA #UnitedStates ⏰ 1 နာရီ 29 မိနစ် 13 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 Two teenage couples traveling across the backwoods of Texas searching for urban legends of serial killers end up as prisoners of a bizarre and sadistic backwater family of serial killers....

Good Luck Jerry (2022) ⭐IMDB: 5.5/10 (6 k Votes) 🎬 #Bollywood #Comedy #Crime #Drama #Uncategorized 🗓 2022 🎞 movie 📺 #1080p #720p 💿 2.0 GB ⦿ 997.0 MB 🌎 #India ⏰ 1 နာရီ 59 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Drama / CrimeIMDb – 6.4 / 10 Disney+Hoster ကထွက်ရှိလာပြီးအမှုအခင်းနဲ့ပတ်သက်တဲ့ ကားကိုမှဒရမ်မာဆန်ဆန်လေး ကြည့်ချင်ရင် ဒီကားကို ကြည့်သင့်ပါတယ် ဂျယ်ရီဟာ အဖေမရှိတော့တဲ့ မိသားစုတစ်ခုကအစ်မကြီးတစ်ယောက်ဖြစ်ပြီးကျောင်းသူ ညီမလေး တစ်ယောက်လည်း ရှိပါတယ် အဆင်သိပ်မပြေတဲ့ မိသားစုထဲဂြိုလ်ဆိုးဝင်လာတာကတော့ သူ့အမေမှာအဆုတ်ကင်ဆာ ရှိနေတာပါပဲ အဲဒီလိုနဲ့ သူ့အမေကို ဆေးကုပေးဖို့အတွက်ဘိန်းအရောင်းအဝယ်လုပ်တဲ့အဖွဲ့အစည်းတစ်ခုထဲပစ္စည်းပို့ပေးရတဲ့အလုပ် ဝင်လုပ်ခဲ့ပါတော့တယ် အဲဒီလိုနဲ့ပဲ သူ့ရဲ့ရွေးချယ်မှုဟာ မှန်ကန်ပါ့မလား အဲဒီအဖွဲ့အစည်းကိုခြေရာခံနေတဲ့ ရဲတွေကလည်း ရှိတော့ သူ့အနေနဲ့ ဘာဆက်ဖြစ်မလဲသူ့အမေကိုရော ဆေးကုပေးနိုင်ပါ့မလားဆိုတာရင်တဖိုဖိုနဲ့ ကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်...

Down a Dark Hall (2018) ⭐IMDB: 5.0/10 (15 k Votes) 🎬 #Drama #Fantasy #Horror #Thriller #Mystery 🗓 2018 🎞 movie 📺 #1080p #720p #480p 💿 2.3 GB ⦿ 1.1 GB ⦿ 457.4 MB 🌎 #Spain #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 38 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 Kit, a troubled girl, is sent to the exclusive Blackwood boarding school, where she discovers that only four other female students have been admitted to learn the four pillars of knowledge under the ominous wing of the mysterious headmistress Madame Duret....

Akeelah and the Bee (2006) ⭐IMDB: 7.4/10 (21 k Votes) 🎬 #Drama #Family 🗓 2006 🎞 movie 📺 #1080p #720p #480p 💿 2.7 GB ⦿ 1.3 GB ⦿ 529.5 MB 🌎 #USA #UnitedStates ⏰ 1 နာရီ 53 မိနစ် 43 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 Akeelah is a precocious 11-year-old girl from south Los Angeles with a gift for words. Despite her mother’s objections, Akeelah enters various spelling contests, for which she is tutored by the forthright Dr. Larabee, her principal Mr. Welch, and the proud residents of her neighborhood. Akeelah’s aptitude earns her an opportunity to compete for a spot in the Scripps National Spelling Bee....

Deadly Cuts (2021) ⭐IMDB: 5.9/10 (1 k Votes) 🎬 #Action #Comedy 🗓 2021 🎞 movie 📺 #1080p #720p 💿 1.5 GB ⦿ 963.3 MB 🌎 #Ireland ⏰ 1 နာရီ 31 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ရာဇတ်ဝတ်မှုနဲ့ လူမိုက်ဂိုဏ်းတွေများပြားတဲ့ အိုင်ယာလန်နိုင်ငံ ပစ်ဂင်စတန်မြို့လေးမှာ Deadly Cuts ဆိုတဲ့ အလှပြင် ဆံပင်ညှပ်ဆိုင်ဖွင့်ထားတဲ့ အမျိုးသမီးတစ်စုရှိပါတယ်။ မြို့ကောင်စီကလည်း ဒီနယ်မြေကို လုံးဝမထိန်းနိုင်ဖြစ်ပြီး လူမိုက်ဂိုဏ်းတွေလည်း ဆတ်ကြေးကောက်နေတာလည်း ပျောက်သွားအောင် ဖွင့်ထားတဲ့ ဆိုင်တွေအကုန်လုံးကို ပိတ်သိမ်းလိုက်ဖို့ စီစဉ်လိုက်ပါတယ်… ဒီအခက်အခဲတွေကြားကနေ မီချဲ၊ စတေစီ၊ ဂျန်မာ နဲ့ ချန်တေဆိုတဲ့ အမျိုးသမီး ၄ ယောက်ဟာ အိုင်ယာလန်ရဲ့ ထိပ်တန်းအလှပြင်ဆိုင် ပြိုင်ပွဲမှာ ဝင်ပြိုင်ရင်း ပစ်ဂင်စတန်မြို့ရဲ့ Community ကို အဖက်ဆယ်ဖို့ ကြိုးစားကြပုံကို ရိုက်ကူးထားတဲ့ Comedy ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်)...

Aphrodisiac-Laced Confinement With Tied Up Squirting Orgasmic Pleasure For My Beloved Little Stepsister… Shoko Takahashi (2021) ⭐TMDB: 0.0% User Score 🎬 #Adult #Asian #Drama 🗓 2021 🎞 Movie 📺 #1080p #720p 💿 1.9 GB ⦿ 973.1 MB 🌎 #Japan ⏰ 2 နာရီ 03 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 MIDV 023 ဖြူဖြူဖွေးဖွေးနဲ့ရေဆေးငါးကြီးလို ဖြောင့်တင်းတောင့်စင်းနေတဲ့အလှနဲ့Takahashi Shouko လေးရဲ့ အမကြီးတော့ အမိရာဆိုတဲ့ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် လှပတဲ့ရုပ်ရည် ရှက်ကြောက်တတ်တဲ့ အမူအရာလေး‌နဲ့ စိုးရွံ့တုန်လှုပ်တဲ့ မျက်နှာပေးလေးတွေနဲ့သရုပ်ဆောင်ကောင်းလွန်းတဲ့ အပြင် ပုရိသတွေရဲ့ နှလုံးသားကိုပါကိုင်လှုပ်နိုင်တဲ့ ခန္ဓာကိုယ်ကောက်ကြောင်းလေးတွေလည်း ရှိတာမို့ ညိုကီတို့အကြိုက်တွေ့မိမှာပါ ဇာတ်လမ်းလေးကတော့ညီမဖြစ်သူကို မိဘတွေကွယ်လွန်ပြီးကတည်းက စောင့်ရှောက်လာခဲ့တဲ့အမကြီးတယောက်ရဲ့ ဓားခုတ်ရာလက်ဝင်လျှိုပေးတဲ့ တာဝန်ကျေပွန်မှုတွေကို ရှုစားကြရမှာပါ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...

Sang Krasue (2019) ⭐IMDB: 6.4/10 (2 k Votes) 🎬 #Asian #Horror #Drama #Romance 🗓 2019 🎞 movie 📺 #1080p #720p 💿 842.9 MB 🌎 #Thailand ⏰ 1 နာရီ 57 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ရွာလေး တစ်ရွာမှာပေါ့ဆိုင် ၊ နွိုင် ၊ ဂျက် ၊ ထင်း ဆိုတဲ့သူငယ်ချင်း ၄ ယောက် ရှိကြတယ်အဲ့ဒီထဲကမှ သရဲ မကြောက်တက်တဲ့ ဂျက် နဲ့ ဆိုင် တို့က ဦးဆောင်ပြီးသရဲ ခြောက်လှပါတယ်ဆိုတဲ့ ရွာအပြင်ကအိမ်ပျက်ကြီးမှာ တူတူပုန်းတမ်း သွားဆော့ကြတယ် အဲ့ဒီအိမ်ပျက်ကြီးက ရာဇဝင် နဲ့ လူတွေ ဝေးဝေးကရှောင်ကြတယ်ကရာစီ လို့ ခေါ်တဲ့ ခေါင်းပြတ်သရဲမ ကျတ်စားတဲ့နေရာလို့ လူတွေက ပြောကြတာပါပဲ… အဲ့ဒီအိမ်ထဲက အခန်းတစ်ခုမှာ ကရာစီ(ခေါင်းပြတ်သရဲမ) ကိုသေတ္တာတစ်ခု နဲ့ ချူပ်နှောင်ထားတယ်လို့ ပုံပြင်တွေ ရှိခဲ့တယ်… တိုက်တိုက်ဆိုင်ဆိုင်ပဲ ဆိုင် ဆိုတဲ့ ကောင်မလေးကအဲ့ဒီ သေတ္တာကို မထင်မှတ်ပဲ ရှာတွေ့သွားခဲ့တယ်…. ဒါပေမဲ့ ကရာစီ ကတော့ ရှိမနေပါဘူး… ဒီလို နဲ့ ဆိုင် အပျိုပေါက် အရွယ်ဖြစ်လာတဲ့အခါရွာမှာ ဂျက် ၊ ထင်း တို့ သူငယ်ချင်းတွေသာရှိတော့ပြီး နွိုင်း ကတော့ ဘန်ကောက်မှာ ကျောင်းတက်နေခဲ့တယ်….ဘန်ကောက်မှာ စစ်ဖြစ်နေပြီး နွိုင်း ကရွာကို ပြန်ရောက်လာခဲ့တယ် သူတစ်ယောက်ထဲတော့ မဟုတ်ဘူးကရာစီ (ခေါင်းပြတ်သရဲမ) ဖမ်းတဲ့ မုဆိုးအဖွဲ့တွေပါပါလာခဲ့တယ်… အဲ့ဒီလူတွေ ရောက်လာပြီး ကရာစီ ပြန်သောင်းကျန်းလာတယ်ကြက်တွေ နွားတွေ သတ်စားနေရာကနေလူတွေဘက်ကိုပါ ခြေဦးလှည့်လာတဲ့ အခါမှာတော့…. ဒီဇတ်လမ်းထဲမှာ ထိတ်လန့်စရာ ကြောက်ရွံ့စရာတွေအပြင်အချစ် နဲ့ ပေါင်းစပ်ထားတဲ့ လွမ်းစရာလေးတွေပါ ပါနေပါတယ်…ဆိုင် လေးက အရမ်းကို ချစ်စရာကောင်းတဲ့ ကလေးမသူ့ သူငယ်ချင်း ၂ ယောက် ဖြစ်တဲ့ ဂျက် နဲ့ နွိုင်း ကလဲ သူ့ကိုသိပ်ချစ်ကြတယ်…ဒါပေမဲ့ မမြင်နိုင်တဲ့ အရာတွေက ဆိုင် ဆီကိုပဲ ဦးတည်လာခဲ့တဲ့ အခါ…..ဒီရုပ်ရှင်ကားကို ကြောက်ကြောက်လန့်လန့် ဘာသာပြန်ပေးထားတာကတော့ Kyi Nue Zin & Nang Mwe Kham တို့ ဖြစ်ပြီး Thit San Khant မှ ရင်ခုန် စွာ Encode ၍ တင်ဆက်ပေးထားပါတယ် 😀 Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။...

Inhuman Kiss: The Last Breath (2023) ⭐IMDB: 5.5/10 (39 Votes) 🎬 #Drama #Fantasy #Horror #Romance 🗓 2023 🎞 movie 📺 #1080p #720p 💿 1.7 GB ⦿ 762.5 MB 🌎 #Thailand ⏰ 2 နာရီ 4 မိနစ် 31 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Inhuman Kiss 2 (2023) ခလောက် အဖြစ် JJ krissanapoom Pibulsonggramဆောင် အဖြစ် Ninky Chanya McClory လူသားနဲ့ခေါင်းပြတ်သရဲမ(မီးစားစုန်း)ကြားက အချစ်ရေးကတော့ နောက်တစ်ခါဖြစ်လို့လာပါပြီ ခုတ်အီနွန်ရွာက ခေါင်းပြတ်သရဲမသေသွားပြီး ၂၂ နှစ်အကြာမှာ နွိုင်းဟာ သမီးတယောက်ရှိခဲ့ပါတယ်နွိုင်းရဲ့သမီးဆောင်ဟာ ငယ်ငယ်ကတည်းက ခေါင်းပြတ်သရဲမဖြစ်နေခဲ့ပါတယ်အဲ့ဒါကိုထိန်းချုပ်ဖို့ သူမအဖေနဲ့ဖာသာဩဂတ်စ်တင်ဟာ ဆေးဖက်ဝင်အပင်တွေနဲ့ သူမအတွက်ဆေးတွေဖန်တီးခဲ့ပါတယ်ခလောက်ကတော့ ဖာတာမွေစားထားတဲ့သားလေးပေါ့သူ့ကိုယ်ထဲမှာထူးခြားတာတစ်ခုခုရှိနေပါတယ်တစ်နေ့မှာ ခလောက်နဲ့ဆောင်တို့တွေ့ဆုံကြပြီး သူငယ်ချင်းတွေဖြစ်သွားကြရင်း သံယောဇဉ်တွယ်ပြီး ချစ်မိသွားခဲ့ကြတယ်ခေါင်းပြတ်သရဲမကောလဟာလသတင်းတေထွက်သွားပြီးနောက် ခေါင်းပြတ်သရဲမကိုဖမ်းချင်တဲ့နိုင်ငံခြားသားတစ်ဖွဲ့ရှိပါတယ် သူတို့ ခေါင်းပြတ်သရဲမကိုဖမ်းနိုင်ပါ့မလားခေါင်းပြတ်သရဲမနဲ့ခလောက်အချစ်ရေးကရော ဘယ်လိုဖြစ်သွားမလဲဆိုတာဇာတ်ကားထဲကြည့်ရှုလိုက်ရအောင်နော် အညွှန်း နဲ့ ဘာသာပြန်ကတော့Nang Mwe Khamပဲ ဖြစ်ပါတယ်။...