ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Rangamarthanda (2023) ⭐TMDB: 63.0% User Score 🎬 #Bollywood #Drama #Family 🗓 2023 🎞 Movie 📺 #720p #1080p 💿 1.0 GB ⦿ 2.6 GB 🌎 #India ⏰ 2 နာရီ 31 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Rangamarthanda (2023) IMDb-8.2/10 ဗီလိန်ဇာတ်ရုပ်တွေနဲ့ ကျွန်တော်တို့ရင်းနှီးခဲ့ကြတဲ့မင်းသားကြီး Prakash Raj ကိုပြဇာတ်ကိုမြတ်နိုးတန်ဖိုးထားရူးသွပ်လွန်းတဲ့ ပြဇာတ်မင်းသားကြီးအဖြစ်မြင်တွေ့ရမဲ့ဇာတ်လမ်းဖြစ်ပါတယ် မင်းသမီးလေးကတော့ ငယ်ငယ်ချောချောShivathmika Rajashekar လေးပါ သက်တံ့ကိုနှစ်ရောင်ပဲခြယ်နိုင်ရင်တောင် ခံစားချက်ကိုးမျိုးထိပေးစွမ်းနိုင်တဲ့ အနုပညာရှင်လက်ခုပ်အားပေးသံတွေကိုစားသုံးပြီး လေချွန်သံတွေနဲ့ အသက်ဆက်ခဲ့ရတဲ့ အနုပညာရှင် ဆစ်ဒူးဆိုတာ အောင်မြင်တဲ့သရုပ်ဆောင်ဖြစ်ချင်တဲ့ တက်သစ်စ လူငယ်လေးတစ်ယောက်တစ်နေ့ပြဇာတ်အဖွဲ့တစ်ခုကို စိတ်ဝင်စားလို့လိုက်ကြည့်ရင်း ပန်းကန်ဆေးနေတဲ့အဘိုးကြီးတစ်ယောက်ကိုတွေ့သွားတယ် အဲဒီအဘိုးကြီးက သူ့ရဲ့ဆရာ တစ်ချိန်ကပြဇာတ်သဘင်လောကမှာ သူတထူးပြောရလောက်သည်ထိ နာမည်ကျော်ကြားခဲ့သူရန်ဂါ အဲဒီချိန်မှာပဲပြဇာတ်ရုံကြီးမီးလောင်ပြာကျတဲ့သတင်းကလည်းကြားလိုက်ရချိန်ရင်ကွဲနာကျခဲ့ရသူက ရန်ဂါ မီးလောင်ပြင်ပြဇာတ်ရုံကြီးမှာ အတိတ် နဲ့ ပစ္စုပ္ပန်ကိုယှဉ်ပြီး တသသတမ်းတပြောဆိုနေတဲ့ ပြဇာတ်မင်းသားကြီးရဲ့အတိတ်ဘဝဇာတ်ကြောင်းကိုကြည့်ရှုခံစားကြည့်ပါဦး (အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ Moon ~ Zwe ~ Cherry ~Yunni ~ V တို့ပဲဖြစ်ပါတယ်)...

Erumbu (2023) ⭐IMDB: 7.8/10 (595 Votes) 🎬 #Bollywood #Drama #Family 🗓 2023 🎞 movie 📺 #720p #1080p 💿 980.9 MB ⦿ 2.3 GB 🌎 #India ⏰ 1 နာရီ 45 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Erumbu 2023IMDb 7.7/10Drama/Family မိသားစုဇာတ်ကားကောင်းလေးတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်ရသကောင်းလေး‌ ပေးစွမ်းနိုင်မယ့် တမီးလ်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အန်နာဒူရိုင်ဟာ ‌အိမ်အတွက် ရုန်းကန်ပြီးဝမ်းစာနေရှာနေရတဲ့အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်။ ‌အကြွေးပတ်လည်ဝိုင်းနေပြီးမိသားစုဝင်ခြောက်ယောက်စာကို ရှာ‌ဖွေနေရတာမလို့ တကယ်ကိုမလွယ်ကူလှပါဘူး။ ဒါပေမဲ့လည်း သားဖြစ်သူမူသူးနဲ့ သမီးဖြစ်သူပန်ချီကို မရှိတဲ့ကြားကနေစိတ်ချမ်းသာအောင်ထားပေးတဲ့ ဖခင်ကောင်းတစ်ဦးဖြစ်ပါတယ်။မိထွေးဖြစ်သူနဲ့နေရတဲ့ သားနဲ့သမီးကို အတတ်နိုင်ဆုံးလိုတာတွေဖြည့်ဆည်းပေးပြီးသားနဲ့သမီးကလည်း ရုန်းကန်နေရတဲ့အဖေကို ပြန်ကြည့်ပေးတာမလို့ငွေကြေးမပြည့်စုံပေမယ့်လည်း မေတ္တာတွေနဲ့လွှမ်းခြုံထားတဲ့မိသားစုလေး‌ဖြစ်ပါတယ်။ တစ်နေ့မှာ မိထွေးဖြစ်သူရဲ့အရေးပါတဲ့ရွှေလက်စွပ်တစ်ကွင်းဟာ မထင်မှတ်ပဲပျောက်သွားတဲ့အတွက်ကြောင့်မူသူးတစ်ယောက် ပြာယာခတ်သွားပါတော့တယ်။ အရေးပါတဲ့လက်စွပ်ဖြစ်ပြီး အိမ်ကသိရင်ပြဿနာတက်မှာဖြစ်တဲ့အတွက်အစ်မဖြစ်သူနဲ့အတူ သူငယ်ချင်းတွေကိုပါ အကူအညီတောင်းရင်း ရှာပုံတော်စရပါတော့တယ်။မူသူးတို့မိသားစုလေး အစစအရာရာအဆင်ပြပါ့မလား။ ဘာတွေဆက်ဖြစ်ကြဦးမလဲ။ဒီဇာတ်ကားလေးမှာ ဆက်ပြီးကြည့်ရှုပေးကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်တွေကတော့Yunni~BpL~Moon~Zwe Yan~Cherry တို့ပဲဖြစ်ပါတယ်။)...

Bad Detective: Food Chain (2020) ⭐TMDB: 50.0% User Score 🎬 #Adult #Crime #Drama #Romance 🗓 2020 🎞 Movie 📺 #720p #1080p 💿 498.0 MB ⦿ 1.2 GB 🌎 #SouthKorea ⏰ 1 နာရီ 2 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီကားက ဇာတ်လမ်းလည်းကောင်းသလို 18+အခန်းတွေကလည်း ခပ်မိုက်မိုက်တွေမို့ ကြည့်ရအတော်ပြေတယ်… ပိုပြီးစိတ်ဝင်စားဖို့ ကောင်းတာက ဇာတ်အိမ်လေးနဲ့ တင်ဆက်ထားတာကြောင့် ကြည့်ရတာ ပိုပြီး စိတ်ကျေနပ်ဖို့ ကောင်းပြန်တယ် … ဇာတ်လမ်းလေးရဲ့ အစကို ခါးပိုက်နှိုက်တာက စတင်ထားပြီး ဘယ်လိုတွေ အဆုံးသတ်မလဲ ဆိုတာကိုတော့….....

The Lovebirds (2020) ⭐IMDB: 6.1/10 (27 k Votes) 🎬 #Comedy #Crime #Drama #Action #Romance #Mystery #Thriller 🗓 2020 🎞 movie 📺 #720p #1080p 💿 637.2 MB ⦿ 1.6 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 33 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Eternalsဇာတ်ကားမှာ Bollywood ကိုရောက်နေတဲ့ Eternal Kingoအ‌နေနဲ့သရုပ်ဆောင်ခဲ့တဲ့Kumail Nanjiani (ပိုးဟပ်မှာ ပုံအသုံးခံလိုက်ရလို့နာမည်ကြီးသွားတဲ့ဆရာကြီး)နဲ့ အာသွက်လျှာသွက် Comedy movie အများစုမှာပါ၀င်နေကျဖြစ်တဲ့ Issa Raeတို့ရဲ့ အချစ်ဟာသဇာတ်ကားလေးတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂျီဘရန်နဲ့ လီလာနီဆိုတာက တကယ့်ထူးထူးခြားခြားအတွဲ။ ဂျီဘရန်ဆိုတာက ပါကစ္စတန်သား ကမ္ဘာကြီးကိုအဆိုးဘက်ကနေပဲ ကြည့်တတ်သလို ဘ၀ကြီးမှာ ဘာမှမစွန့်စားရဲ ပိုနေမြဲကျားနေမြဲနေတတ်သူ စိတ်လှုပ်ရှားတဲ့အချိန်ဆို ဘာမဟုတ်တဲ့ အကြောင်းအရာတခုကအစ တောင်စဉ်ရေမရလျှောက်ပြောလိုက်ရမှ။ အန္တရာယ်ဆိုတာနဲ့ ပြေးလိုက်ရမှဆိုတဲ့လူမျိုး။ လီလာနီဆိုတာက လူမည်းအမျိူးသမီး အရမ်းလည်းစပ်စု ပါလေရာငပိချက် ပြောချင်တဲ့အကြောင်းအရာတခုကို ကရားရေလွှတ် အဆုံးထိဖြစ်ချင်ရာဖြစ် ပြောထည့်လိုက်ရမှကျေနပ်တဲ့လူမျိုး။ ဒီလိုမျိုးနဲ့ ချိန်းတွေ့မယ့်စားသောက်ဆိုင်ရွေးတာကအစ ရန်တကျက်ကျက်ဖြစ်နေရတဲ့ သူတို့နှစ်ယောက် ‌ တနေ့မှာတော့ လမ်းခွဲဖို့ဆုံးဖြတ်ကြရင်းနဲ့ မတော်မဆ လူသတ်မှုတခုထဲဆွဲထည့်ခံလိုက်ရပါတော့တယ်။ ဒီလူသတ်မှုမှာ အပြစ်မရှိတာကို သက်သေပြနိုင်ဖို့ လီလာနီရဲ့ မဟာအကြံကြီးအတိုင်း စုံစမ်းကြတာကနေ သူတို့ ဘုနဲ့ဘောက်အတွဲ ဘယ်လိုမျိုး တလွဲတွေဖြစ်ဦးမှာလဲ။ သူတို့ရဲ့အပြစ်ကင်းမှုကို သက်သေပြနိုင်မှာလား။ သူတို့ရဲ့အရင်တည်းကဆိုးရွားလာနေတဲ့ realtionship ကိုရော ပြန်အဖတ်ဆယ် ကယ်တင်နိုင်ဦးမလား။ အဆုံး‌မှာဘယ်လိုမျိုး ဒီဇာတ်လမ်းလေးတခု ပြီးဆုံးသွားမလဲဆိုတာကို the lovebirds ဆိုတဲ့ အချစ်ဟာသဇာတ်ကားလေးမှာ ရှုစားအားပေးကြပါဦးခင်ဗျ။...

The Irish Mob (2023) ⭐IMDB: 4.5/10 (141 Votes) 🎬 #Action #Crime #Drama 🗓 2023 🎞 movie 📺 #720p #1080p 💿 505.1 MB ⦿ 1.0 GB 🌎 #Ireland ⏰ 1 နာရီ 19 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb – 5.3/10 အိုင်ယာလန်နိုင်ငံမှာရှိတဲ့ ဒပ်ဗလင်မြို့ကြီးကို ဗယ်လန်တီနို ဖေဂန် / ဗယ်လ် လို့ခေါ်တဲ့ မူးယစ်ရာဇာဂိုဏ်းခေါင်းဆောင်တစ်ယောက်က အုပ်စိုးနေပါတယ်။ ရာဇဝတ်ဂိုဏ်းကြီးဖြစ်တဲ့အတွက်ကြောင့်လည်း ဂါဒါ လို့ခေါ်တဲ့ အိုင်းရစ်ရဲတပ်ဖွဲ့က သူတို့ခြေလှမ်းမှားမဲ့အချိန်ကို အမြဲတစေစောင့်ကြည့်နေကြတာပါ။ ဒီလိုနဲ့တစ်နေ့မှာတော့ ဗယ်လ်ဆီကိုရောက်လာရမဲ့ မူးယစ်ဆေးတွေကို လမ်းမှာအသိမ်းခံလိုက်ရပြီး ဈေးကွက်ထဲမှာ ပစ္စည်းပျက်မသွားဖို့လိုတဲ့အတွက် ယူရိုငွေ တစ်သန်းနဲ့ ပစ္စည်းအသစ်တွေထပ်မှာဖို့လိုလာခဲ့ပါပြီ။ ဒီလောက်ပိုက်ဆံအများကြီးကို တစုတစည်းထဲ ရနိုင်မဲ့နေရာကို ဗယ်လ်ရဲ့ လက်ရုံးဖြစ်တဲ့ ရေးနိုးကလမ်းပြပေးလိုက်ပြီး၊ အဲဒီနေရာကို ဓားပြတိုက်ကြဖို့အစီအစဉ်တွေချကြပါတော့တယ်။ ဒီလိုနဲ့ သေချာစီစဉ်ပြီးတိုက်ခဲ့တဲ့ ဓားပြမှုကနေ ယူရို ၅.၅ သန်းကိုရရှိခဲ့ပြီးနောက်မှာတော့ ဗယ်လ်တစ်ယောက်အာဏာအရှိဆုံးနဲ့ ချမ်းသာဆုံးဂိုဏ်းခေါင်းဆောင်် တစ်ယောက်ဖြစ်လာခဲ့ပြီး ဂါဒါရဲတွေရဲ့ နောက်ယောင်ခံစစ်ဆေးမှုတွေကလည်း ပိုပ်ုကြီးမားလာခဲ့ပါတော့တယ်။ ဒီလိုနဲ့ သူ့ရဲ့ ပလ္လုင်နေရာကို ဘယ်လိုကောင်မျိုးမှမလုယူနိုင်ဘူးလို့ထင်နေတဲ့ ‌မူးယစ်ရာဇာ ဗယ်လ်တစ်ယောက် တကယ်ပဲသူ့နေရာကို ဆက်ထိန်းထားနိုင်မလား ရာဇဝတ်လောကမှာဖြစ်တတ်တဲ့အလှည့်အပြောင်းတွေနဲ့ လူတွေရဲ့သဘောသဘာဝကို သေချရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်တာမလို့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တဲ့အပြင် သွေးထွက်သံယိုပြကွက်အချို့ပါပါဝင်တာကြောင့် ကလေးသူငယ်များကြည့်ရှုရန်မသင့်တော်ပါဘူးဗျ။...

Joy Ride (2023) ⭐IMDB: 6.7/10 (7 k Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 📺 #720p #1080p 💿 666.9 MB ⦿ 1.5 GB 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 9 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Joy Ride(2023) ************* ပွင့်လင်းမြင်သာတဲ့အဖော်အချွတ်တစ်ချို့ပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါကြောင်း….ကဲ ဘာဘီနဲ့အတူထွက်ရှိလာတဲ့ joy ride ဆိုတဲ့ဇာတ်ကားလေးကို တောင်းဆိုနေတဲ့သူတွေအတွက် ရပါပြီနော်။ ဇာတ်လမ်းအကျဥ်းကတော့ အသက်၂၉နှစ်အရွယ်ရှိတဲ့ အော်ဒရီဆိုတဲ့သူဟာ ငယ်ငယ်လေးတည်းက အမေရိကမှာမွေးစားဖို့အပို့ခံခဲ့ရတဲ့ တရုတ်လူမျိုးတစ်ယောက်ဖြစ်ပြီးတော့ လက်ရှိမှာ ရှေ့နေ့ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေပါတယ်။ အမေရိကမှာနေပြီး သူ့လိုပဲတရုတ်လူမျိုးဖြစ်တဲ့ လိုလိုဆိုတဲ့သူငယ်ချင်းတစ်ယောက်လည်းရှိပါတယ်။​ လိုလိုကတော့ sex organ တွေကို ပန်းချီဆွဲပြီးဖော်ပြရတာကို အရမ်းသဘောကျတဲ့သူပါ။​ လူတွေကို ဖုံးကွယ်ထားသင့်တဲ့ခန္ဓာအစိတ်အပိုင်းတွေနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိစေချင်တယ်ဆိုတာက သူ့ရဲ့ရည်ရွယ်ချက်ပါ။ တစ်ရက်မှာတော့ အော်ဒရီဟာ အလုပ်ကိစ္စနဲ့ သူ့ရဲ့မွေးရပ်မြေလို့သိထားတဲ့ တရုတ်ပြည်ကို လိုလိုနဲ့အတူခရီးထွက်ဖို့ဖြစ်လာပါတယ်။ လိုလိုက ခရီးမှာ သူ့ရဲ့တစ်ဝမ်းကွဲညီမဖြစ်တဲ့ ဒတ်အိုင်းကို အပါခေါ်လာခဲ့ပါတယ်။​ တရုတ်ကိုရောက်တော့ အော်ဒရီရဲ့သူငယ်ချင်းဖြစ်တဲ့ တရုတ်ပြည်မှာသရုပ်ဆောင်မင်းသမီးလုပ်နေတဲ့ ကတ်နဲ့တွေ့ကြပါတယ်။ ဒီလိုနဲ့လေးယောက်က အတူနေဖို့ဖြစ်လာကြပါတယ်။ တစ်ယောက်ချင်းစီရဲ့အကျင့်စရိုက်က ကွဲပြားခြားနားကြတာကြောင့် မကြာခဏရန်ဖြစ်ကြရင်းနဲ့ အလွဲတွေလုပ်ကြ၊ ပြန်ပြေလည်ကြနဲ့ ချစ်စရာကောင်းတဲ့သူတို့လေးယောက်ကြားက ဆက်ဆံရေးကိုရိုက်ပြထားတာပါ။ တရုတ်ယဥ်ကျေးမှုနဲ့ပတ်သက်ပြီးလည်း အများကြီးဖော်ပြထားပြီး လူမျိုးရေးခွဲခြားတတ်တာတွေပါ ပွင့်ပွင့်လင်းလင်းရိုက်ပြထားတဲ့ Asian-American, comedy ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ ပြောရရင်တော့ ပေါ့ပေါ့ပါးပါးသူငယ်ချင်းဇာတ်ကားလေးလည်းကြည့်ချင်တယ်၊ ခွီလည်းခွီချင်တယ်၊ ဗဟုသုတလည်းရချင်တယ်ဆိုရင်ဖြင့် ဒီဇာတ်ကားလေးကိုကြည့်သင့်ပါကြောင်း…...

Snatch Up (2018) ⭐IMDB: 6.3/10 (179 Votes) 🎬 #Uncategorized #Crime #Comedy #Action #Drama 🗓 2018 🎞 movie 📺 #720p #1080p 💿 883.5 MB ⦿ 1.7 GB 🌎 #SouthKorea ⏰ 1 နာရီ 40 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb – 6.3/10 ဇာတ်လမ်းအညွှန်း ဒီဇာတ်လမ်းလေးမှာ ငမွဲကောင်လေး၊ လူမိုက်၊ ငွေးတိုးချေးတဲ့သူဌေး၊ ကြေးစားလူသတ်သမား၊ လွှတ်တော်အမတ်၊ အကျင့်ပျက်ရဲနဲ့ ပစ္စည်းပို့သမားလေး ဆိုတဲ့ အဓိက ဇာတ်ကောင် ၇ယောက်ပါဝင်ပါတယ်။ အလုပ်အတည်တကျမရှိတဲ့ ငမွဲကောင်လေး ကင်မင်ဂျယ်ဟာ သူ့အမေ ခွဲစိတ်ဖို့အတွက်ဆိုပြီး သူနေတဲ့အခန်းကိုဖယ်ပြီး တိုက်ခန်းစရံငွေ ဝမ် ၁၀သန်း ရထားပါတယ်။ သူ့ဆီကနေ ငွေတိုးချေးတဲ့သူဌေးဘတ်ရဲ့ လူမိုက်က ဒီငွေတွေကို အကြွေးပြန်သိမ်းသွားတယ်။ သူဌေးဘတ်ကတော့ ဒီငွေတွေကို လွှတ်တော်အမတ်မွန်းအတွက် ရန်ပုံငွေပေးရမှာပါ။ သူဌေးဘတ်က မပေးချင်တော့ လွှတ်တော်အမတ်ကိုသတ်ဖို့ လူသတ်သမားငှားပါတယ်။ တစ်ဖက်မှာ အကျင့်ပျက်စုံထောက်ချွဲက လောင်းကစားလုပ်ရင်း သူဌေးဘတ်ဆီမှာ သူ့သေနတ်ကို အပေါင်ထားလိုက်ရပါတယ်။ ရဲရဲ့သေနတ်ကို သူဌေးဘတ်က လူသတ်သမားဆီ ပို့ခိုင်းလိုက်တဲ့အခါမှာ ငမွဲလေး ကင်မင်ဂျယ်ဆီ မှားရောက်သွားရာကနေ ပြဿနာတွေ ပိုရှုပ်လာပါတော့တယ်။ ကင်မင်ဂျယ်တစ်ယောက် သူ့ငွေအိတ်ကြီးကို ဆုပ်ကိုင်လိုက်ရ လက်လွှတ်လိုက်ရနဲ့ သူ့အမေခွဲစိတ်ဖို့ လိုအပ်နေတဲ့ ပိုက်ဆံတွေကို ပြန်ရယူဖို့ အသည်းအသန်ကြိုးစားရှာပါတယ်။ တစ်ယောက်ချင်းဆီက သောက်တလွဲပြဿနာလေးတွေ လုပ်ရင်း ဒီငွေအိတ်ကြီးက ဒီလူ ၇ယောက်ကြားမှာ ဟိုလူ့ဆီရောက်လိုက် ဒီလူ့ဆီရောက်လိုက်နဲ့ ဒီလူ ၇ယောက်ကြားမှာ ဆက်စပ်ထားတဲ့ ဇာတ်လမ်းကြောင်းကတော့ အတော်လေးမိုက်ပါတယ်။ နောက်ဆုံးမှာ ငွေထုပ်ပိုင်ရှင် မောင်ကံကောင်းက ဘယ်သူဖြစ်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။...

League of Gods: The Fall of Sheng (2023) ⭐TMDB: 50.0% User Score 🎬 #Action #Fantasy 🗓 2023 🎞 Movie 📺 #1080p 💿 646.4 MB ⦿ 980.7 MB 🌎 #China ⏰ 1 နာရီ 20 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 League of god Zhou Destructionရဲ့အဆက်ဒုတိယပိုင်းလေးတင်ဆက်ပေးလိုက်ပါတယ် ပထမအတွဲကဒီစာသာလေးကိုနိပ့်ပြီးဒေါင်းလိုက်ပါ ဒီအပိုင်းမှာတော့မိစ္ဆာမိဖုရားသာကျီဟာ ဧကရာဇ်ကျို့ကိုလုံးဝထိန်းချုပ်လိုက်ပြီးမိစ္ဆာဘုရင်ကြီးကိုအသက်သွင်းဖို့ ပြည်သူတွေကိုရက်ရက်စေခိုင်းပြီးသမင်စင်လုထိုင်ကိုအင်တိုက်အားတိုက် တည်ဆောက်ပါတော့တယ်။သာကျီရဲ့လက်ပါးစေ ရှန်ကုန်းပေါက်က ရွှမ်ကျောက်တုံး(၅)ခုအနက်(၄)ခုကိုစုဆောင်းပြီး နောက်ဆုံးတစ်ခုသာလိုတော့ပါတယ်။ နောက်ဆုံးရွှမ်ကျောက်ဟာ ကျီချန်းရဲ့သား လေကျန့်ကျီဖြစ်နေပါတယ်။လေကျန့်ကျီဟာ ငယ်ကတည်းက ကျုံးနန်တောင်မှာထားပြီးအဲဒီမှာပဲသင်ယူကြီးပြင်းလာခဲ့ရတယ်။လေကျန့်ကျီဟာ ဆရာ့အမိန့်အရ ကျီချန်ကိုရှီးချီထိစောင့်ရှောက်ပြီးလိုက်ပို့တဲ့အချိန်မှာ သူတို့သားအဖနှစ်ယောက်ဟာအခက်အခဲတွေအများကြီးကြုံကြရပြီး လေးနက်တဲ့သားအဖေသံယောဇဉ်ကိုပြန်တည်ဆောက်နိုင်ရုံတင်မကပဲ တူညီတဲ့ရည်ရွယ်ချက်တစ်ခုရှိလာပါတယ်။ အဲဒါကတော့ ရက်စက်ပြီးတရားမရှိတဲ့ ဧကရာဇ်ကျို့နဲ့သာကျီကိုတော်လှန်ပြီး ပြည်သူတွေကိုကပ်ဘေးကနေကယ်တင်ဖို့ပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့ကြိုးစားခဲ့တဲ့လမ်းတစ်လျှောက်ကိုလူ၊နတ်၊ မိစ္ဆာစုံစုံလင်လင်နဲ့ ဝေဝေဆာဆာတင်ဆက်ထားတာကို အားပေးလိုက်ပါဦးနော်……...

My hated father-in-law’s [SSIS-787] (2023) ⭐⁉️ 🎬 ##Adult #Asian #Romance 🗓 2023 🎞 Movie 📺 #720p #1080p 💿 1.0 GB ⦿ 1.9 GB 🌎 #⁉️ ⏰ 1 နာရီ 58 မိနစ် 31 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မိတ်ဆွေတို့အတွက် မြင်လိုက်တာနဲ့ စိတ်ထဲမှာ ကျန်တဲ့စိတ်တွေနောက်မှလာပြီးတပ်မက်စိတ်ကိုပဲ ဖြစ်ပေါ်သွားစေနိုင်မဲ့ အိမ်မက်ထဲက ကောင်မလေးမျိုး ရှိကြလား အခုဇာတ်ကားထဲက မင်းသမီးလေး မိုင်ဆူဘာဆာလေးကတော့ ဆံပင်တိုတိုအရပ်မြင့်မြင့် တင်ကားကား ရင်ကတဆူတဖြိုးနဲ့ မျက်နှာကျလေးကလဲဆွဲဆောင်မှုအပြည့် ချစ်စရာ ချစ်ချင်စရာလေးဆိုတော့ ညိုကီတို့အကြိုက်တွေ့မှာလုံးဝကို သေချာပါတယ် ဇာတ်လမ်းလေးကတော့ ငလည်မလေး ဆူဘာဆာတစ်ယောက်MLM ပေါက်ကရစီးပွားရေးတွေမှာ ရင်းနှီးမြှုပ်နှံ အလိမ်ခံရလို့ကျားကျားရဲ့အဖေ ယောက္ခထီးကြီးက ကိုယ်ဖိရင်ဖိ ကူညီပုံလေးပါဇာတ်လမ်းလေးရော မင်းသမီးလေးကိုပါ ညိုကီတို့ ၁၈ ယောက်စုကြည့်နိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်...

The Uncanny Counter (2020-2023) ⭐IMDB: 8.1/10 (8 k Votes) 🎬 #Action&Adventure #Drama #Mystery #Action #Adventure #Fantasy #Horror #Thriller 🗓 2020-2023 🎞 tv series 📺 #1080p 🌎 #SouthKorea ⏰ 1 နာရီ 14 မိနစ် 45 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Uncanny Counter (2023) Season2The Uncanny Counter Season 2: Counter Punch (2023)အားလုံးစောင့်မျှော်နေကြတဲ့ မကောင်းဆိုးဝါးအမဲလိုက်ပွဲကြီး ပြန်လာပါပြီ ဒီ S2 မှာ S1 ထက် ပိုကြမ်းမယ့် အပြင် အမိုက်စား Cast အသစ်တွေလည်း ထပ်မံပါဝင်လာမှာဖြစ်ပါတယ် အဓိက မကောင်းဆိုးဝါးနေရာကနေ စွယ်စုံရ သရုပ်ဆောင် Kang Ki-Young နဲ့ ပရိတ်သတ်ကြီးရဲ့ အချစ်တော် AOUAD ထဲက လူဆိုးလေး (ခေါ်) Good Bad Mom ထဲက ငပေါလေး Yoo In-Soo ကပါ ပါဝင်ထားပါတယ် ဇာတ်လမ်းကို ပြန်ညွှန်းရရင် ကမ္ဘာမြေကြီးကို ဖျက်ဆီးပြီး လူတွေကို သတ်ဖြတ်တဲ့ မကောင်းဆိုးဝါးတွေကို ဖမ်းဆီးချုပ်နှောင်ဖို့ နိုင်ငံ့အနှံ့မှာ ဖွဲ့စည်းထားတဲ့ စွမ်းအားရှင် ကောင်တာ အဖွဲ့တွေရှိပါတယ် ဒီထဲမှာမှ စွမ်းအားအမျိုးမျိုးကိုပိုင်ဆိုင်ထားပြီး အပြင်းအထန်လေ့ကျင့်ရင်း အခက်အခဲတွေကို ရင်ဆိုင်သွားကြမယ့် ကိုရီးယားခေါက်ဆွဲဆိုင်အဖွဲ့… အရင် S 1 မှာ ကောင်တာတွေရဲ့ ကိုယ်စားပြု စွမ်းအားရှင်လေးဖြစ်လာခဲ့တဲ့ ဆိုမွန်းရော အခု S2 မှာ ပိုကြမ်းလာမယ့် မကောင်းဆိုးဝါးတွေကို အပြတ်ရှင်းနိုင်ပါ့မလား..သဘာဝလွန် Fantasy ကားလေးဖြစ်ပြီး ဟာသရော thriller ပါ ရသစုံခံစားရမယ့်အပြင် မင်းသားမင်းသမီးတွေ စုံလင်စွာ ကြည့်ရတာမို့ ကြည့်ရတာအရမ်းတန်တဲ့ကားလေးဖြစ်ပါတယ် ကဲ ဒီထက် ညွှန်းစရာလည်း မလိုတော့ဘူး CM မှာ အခုပဲ ပြေးကြည့်လိုက်ပါတော့ရှင်စနေတနင်္ဂနွေနေ့တိုင်း ဘာသာပြန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်File Size – 760MBQuality – 1080p NF WEB DL / 720pDuration – 1h 14minsTotal Episodes: 12EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama ~ Mystery ~ Action ~ Adventure...

Home School (2023- ) ⭐IMDB: 6.5/10 (147 Votes) 🎬 #Mystery #Family #Animation #Drama #Thriller 🗓 2023- 🎞 tv series 📺 #1080p 🌎 #Thailand ⏰ 53 မိနစ် 24 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Home School (2023)ရန် အဖြစ် Gun Atthaphan မာကီ အဖြစ် Film rachanum တိဘက် အဖြစ် Nabi Hirunkit နိုင် အဖြစ် Dew Jirawat ဝိုက် အဖြစ် Jane Ramida ပိန်နိန် အဖြစ် Chimon Wachirawit ဟျူဂို အဖြစ် Kay Lertsittichai ကျင်ကျိုင် အဖြစ် Jamie Juthapich ဖလိန်း အဖြစ် Love Pattranite မတ် အဖြစ် AJ Chayapol မောက် အဖြစ် JJ Chayakorn ဖူဂျီ အဖြစ် View Benyapa ဘျူး အဖြစ် Prigkhing Sureeyares ယင် အဖြစ် Indy Thanathat ဇာတ်လမ်းအကျဉ်း“Home School “ ကတော့ စာသင်နှစ်တစ်နှစ်စာကို ဘတ်တစ်သန်းပေးရတဲ့ ကြေးမြင့် ဘော်ဒါကျောင်းတစ်ခုဖြစ်ပြီး လူချမ်းသာအများစု အလုအယက် ကလေးတွေကို ထားချင်ကြတဲ့ ကျောင်းတစ်ခုပဲ ဖြစ်ပါတယ်မတူညီတဲ့သင်ရိုးပုံစံတွေနဲ့ သင်ကြားပြီး ဝင်ခွင့်စာမေးပွဲကအစ အုပ်ထိန်းသူတွေပဲဖြေရတဲ့ ထူးခြားတဲ့ကျောင်းတစ်ခုလည်းဖြစ်ပါတယ်Gen 1 ကနေ စခဲ့တဲ့ “Home School “ ကတော့ Gen 6 ကျောင်းသားတွေအဖြစ် ပညာသင်ဆုနဲ့ ဝင်လာခဲ့တဲ့ ကျောင်းသား ၂ယောက်အပါအဝင် ၁၃ ယောက် လက်ခံခဲ့ပါတယ်“Home school” ရဲ့ Gen 6 ကျောင်းသား ၁၃ ယောက်လုံးကို ဆေးခတ်ပြီး တောအုပ်အလယ်က ကျောင်းကြီးဆီ ခေါ်သွားခဲ့ပြီးနောက်မှာတော့ ကျောင်းက သူတို့ထင်ထားတာနဲ့ မတူနေတာကို သိခဲ့ရပါတယ်ဆရာတွေကို မာစတာခေါ်ရင်း မာစတာတွေရဲ့ ဂိမ်းတွေ စည်းမျဉ်းတွေကြားက ထောင်နဲ့တူနေတဲ့ ကျောင်းတော်ကြီးကနေ သူတို့ လွတ်မြောက်နိုင်ပါ့မလားGen 4 ကျောင်းသားတစ်ဦးဖြစ်တဲ့ အစ်ကိုဖြစ်သူ ရန့်ကို ရှာဖွေဖို့ scholarship နဲ့ ဝင်လာခဲ့တဲ့ မာကီကရော သူ့အစ်ကိုကို ပြန်တွေ့နိုင်ပါ့မလား“Home school”ရဲ့ ဆန်းကြယ်တဲ့ လျှို့ဝှက်ချက်တွေနဲ့ ထိတ်လန့်စရာ အမှန်တရားတွေကိုရော သူတို့ ၁၃ယောက် ဖော်ထုတ်နိုင်ပါ့မလားဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ပါ )Native Title: Home School นักเรียนต้องขัง...

Cruel Summer (2021- ) ⭐IMDB: 7.4/10 (18 k Votes) 🎬 #Drama #Mystery #Thriller 🗓 2021- 🎞 tv series 📺 #1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 42 မိနစ် 23 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Cruel Summer (2021) Season 01 CompleteCruel Summer (2021) Season 01 Complete  ~ IMDb – 7.4/10, Rotten Tomatoes – 82% ~ ဒီ Teen, Drama, Thriller, Mystery Series လေးက 13 Reasons Why ဇာတ်လမ်းကို ကြိုက်သူတွေ မကြည့်မဖြစ်ကြည့်သင့်တဲ့ Series လေးပါပဲ။ ပုံမှန် ဆယ်ကျော်သက် ပြဿနာတွေထက်ပိုကြီးတဲ့ ပြဿနာတွေကို ကြုံတွေ့ရတဲ့ ဆယ်ကျော်သက်လေးတစ်စုအကြောင်းပါ။ စလာကတည်းက စိတ်ဝင်စားစရာကောင်းပြီး နောက်ဘာဖြစ်မယ်ဆိုတာ အပိုင်းတိုင်းမှာ ရင်ခုန်နေရအောင် ဆွဲဆောင်ထားနိုင်ပါတယ်။ ဇာတ်လမ်းကို ခုနှစ်သုံးခုရဲ့ နွေရာသီတွေမှာ ဖြစ်ခဲ့တဲ့ အကြောင်းကို အပြိုင်ပြထားတဲ့အတွက် နည်းနည်းတော့ ရောချင်စရာကောင်းပါတယ်။ အချိန်ကရှေ့နောက်ကူးနေပေမဲ့ ဇာတ်လမ်းသွားကတော့ Mystery အမျိုးအစားပီပီသသ ရှေ့မှာ ဘာဖြစ်မလဲဆိုတာ မှန်းမရအောင် ပြထားနိုင်တာကတော့ အရမ်းကိုလှတယ်လို့ပြောချင်ပါတယ်။ ဇာတ်လမ်းထဲကအကြောင်းအရာကိုပဲ အဓိကပြောထားပြီး လူ့အဖွဲ့အစည်းက ဘာဖြစ်တယ်၊ လူ့အသိုင်းအဝိုင်းက ဘယ်လို အဲဒါမျိုး မက်ဆေ့တွေပေးမထားတာလည်း တစ်မျိုးသဘောကျချင်စရာပါပဲ။ ဇာတ်ဆောင်မင်းသမီးနှစ်ယောက်ရဲ့ ခံစားချက်ကိုပဲ အဓိကပြပေးသွားတာပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ ကိတ်ဝေါလစ်ဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက် ပျောက်သွားတယ်။ သူက သူတို့မြို့မှာ လူချစ်လူခင်များ နာမည်ကြီးတဲ့ မြို့မျက်နှာဖုံး မိသားစု ကျောင်းသူလေးပေါ့။ သူပျောက်သွားတဲ့အချိန်မှာ ခပ်ကုပ်ကုပ်နေတတ်တဲ့ ဂျနက်တန်နာဆိုတဲ့ကောင်မလေးက သူ့နေရာကို အစားထိုးလိုက်သလို ပုံစံမျိုးနဲ့ လူရှေ့သူရှေ့မှာ ပေါ်လာတယ်။ ကိတ်ရဲ့ သူငယ်ချင်းတွေ ရည်းစား နာမည်ကြီးပြီး လူချစ်လူခင်များတာ အဲဒါတွေအကုန်လုံးကို အစားဝင်ယူလိုက်သလိုပုံစံမျိုးပေါ့။ ပျောက်နေတဲ့ ကိတ်က ပြန်ပေးဆွဲခံထားရတာဖြစ်ပြီး လွတ်လာတဲ့အချိန်မှာ သူ့ဘဝကို အစားထိုးဝင်နေသလိုနေနေတဲ့ ဂျနက်တန်နာက သူဖမ်းခံထားရတဲ့အချိန်မှာ သူ့ကိုတွေ့ရဲ့နဲ့ ရဲကို အကြောင်းကြားမပေးဘူးလို့ လူသိရှင်ကြား ပြောလိုက်တဲ့အချိန်မှာ သာယာနေတဲ့ ဂျနက်ရဲ့ ဘဝလည်း လှိုင်းထန်သွားပါတယ်။ လနဲ့ချီပြီးပြန်ပေးဆွဲခံထားရလို့ စိတ်ဒဏ်ရာဖြစ်နေတဲ့ ကောင်မလေးနဲ့ သူ့ရဲ့စကားတစ်ခွန်းကြောင့် ဘဝပျက်သလိုဖြစ်သွားတဲ့ ကောင်မလေးတို့ရဲ့ အားပြိုင်မှုတွေကို စိတ်ဝင်စားစရာ ကြည့်ရပါလိမ့်မယ်။ (* အပိုင်းတစ်ပိုင်းချင်းစီရဲ့ အစနားမှာ အဲဒီအပိုင်းက ဘယ်အချိန်မှာဖြစ်ခဲ့တာလဲဆိုတာကို ပြောပြထားပေးပါတယ်။ ဇာတ်လမ်းဘယ်ရောက်လို့ရောက်လဲမသိမဖြစ်ရအောင် အဲဒါကို သတိထားကြည့်ကြဖို့ အကြံပေးချင်ပါတယ်။ ပြီးတော့ ဒီဇာတ်လမ်းက ဖြစ်ရပ်မှန်ဇာတ်လမ်းမဟုတ်ပါဘူး။ စိတ်ကူးယဉ်ဇာတ်လမ်းလေးပါ *) [ဒီစီးရီးက ဇာတ်လမ်းဇာတ်အိမ်လောက်ပဲကောင်းတာမဟုတ်ပါဘူး။ Teenage Drama ဖြစ်တဲ့အတွက် နောက်ခံသီချင်းတွေလည်း အတော်လေးကို ကောင်းပါတယ်။ အဲဒီလိုသီချင်းကောင်းတွေ ကြည့်ရင်း နားထောင်နေရင်း ဘာသီချင်းမှန်းမသိလိုက်မှာစိုးလို့ Playlist ပါ ချပေးလိုက်ပါတယ်။ ခံစားနားဆင်ကြည့်ရှူလိုက်ကြပါဦး…https://www.youtube.com/playlist?list=PLvF3VzvSLBG-cc_iKGkKebBJEBmfMdxVy&fbclid=IwAR2jqIx8yYpMgjduznhdEPV56A03ijoVxELMV2khrawhZaq2GISF8KgYMG8 ] (ဒီစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ 666 ပဲဖြစ်ပါတယ်)Size ~ 600MB+...

Twisted Metal (2023- ) ⭐IMDB: 7.5/10 (3 k Votes) 🎬 #Action #Adventure #Comedy #Fantasy #SciFi 🗓 2023- 🎞 tv series 📺 #1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 31 မိနစ် 54 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Twisted Metal – Season (01)Twisted Metal – Season (01) ==================== IMDb Rating – 7.8/10Anthony Mackie(New Captain America မင်းသား) ရဲ့ စီးရီးသစ်လာပါပြီ။ Twisted metal ဆိုတဲ့ ဗီဒီယိုဂိမ်းကို အခြေခံရိုက်ကူးထားပြီး IMDb rating 7.5 ရရှိထားတဲ့ Adventure, Action, Comedy စီးရီးလေးပါ။ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က ကမ္ဘာပျက်ပြီးနောက်မှာ မြို့တွေမှာ တံတိုင်း တွေ ကာလိုက်ကြပါတယ်။ အဝင်အထွက်ကို တင်းကြပ်ထားပြီး အပြင် လူတွေက တံတိုင်းတွင်းကို ဝင်ခွင့်မရှိပါဘူး။ ကိုယ်တွေရဲ့ ဇာတ်လိုက် ဂျွန်ဒိုး(Anthony)ကတော့ မြို့တစ်မြို့နဲ့တစ်မြို့ ပစ္စည်းလိုက်ပို့ပေးတဲ့ Delivery သမားလေးပါ။ သူတို့အခေါ် နွားနို့ပို့သမားပေါ့။ တစ်နေ့တော့ နယူးဆန်ဖရန်စစ္စကိုရဲ့ စီအိုအိုက ဂျွန်ဒိုးကို နယူးချီကာဂို ကနေ ပစ္စည်းသွားယူပေးရင် တံတိုင်းတွင်းနေထိုင်ခွင့်ပေးမယ်လို့ အပေး အယူလုပ်လာပါတယ်။ သက်စွန့်ဆံဖျားအလုပ်လုပ်ရင်း သံယောဇဉ်တွယ် စရာဆိုလို့ သူ့ကားလေးပဲရှိတဲ့ဘဝမှာ ဂျွန်ဒိုးတစ်ယောက် တံတိုင်းတွင်းက ဘဝကို လောဘတက်မိပါတယ်။ ဒါကြောင့်ပေးလိုက်တဲ့အချိန်အတွင်း ပစ္စည်းသွားယူနိုင်ပါ့မလား ပစ္စည်းကရောဘာလဲ ခရီးတစ်လျှောက်ဘာ တွေနဲ့ကြုံရမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး။ (သွေးထွက်သံယိုအခန်းတွေပါတဲ့အတွက် အသည်းငယ်သူများ မကြည့်သင့်ပါ)(ဒီစီးရီးရဲ့အညွှန်းကို EL မှ ရေးသားပေးပြီး ဘာသာပြန်ရေးသားပေးသူ များကတော့ CM Team မှဖြစ်ပါတယ်)File Size………….(300 MB) / (700 MB)...

All Aboard for Love (2023) ⭐IMDB: 5.7/10 (69 Votes) 🎬 #Comedy #Romance #TVMovie 🗓 2023 🎞 movie 📺 #1080p #720p 💿 899.4 MB ⦿ 1.7 GB 🌎 #Canada ⏰ 1 နာရီ 26 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 CM ပရိသတ်တွေအတွက် အခုတင်ဆက်ပေးချင်တဲ့ ကားကတော့ ပေါ့ပေါ့ပါးပါးနဲ့ အချစ်ဒရာမာဇာတ်ကားကောင်းလေးတစ်ခုဖြစ်တဲ့ “All Aboard for Love” ပါ။ ဒီကားကို ရိုက်တဲ့ ဒါရိုက်တာကတော့ နာမည်ကြီး The Wedding Planners စီးရီးကို ရိုက်တဲ့ အေမီဖိုစ့် ဖြစ်ပါတယ်။ အဲ့ဒီစီးရီးထဲက ကတ်သရင်းဒေးဗစ်ကလည်း ဒီဇာတ်လမ်းမှာ အဓိကဇာတ်လိုက် အယ်လီဆင်နေရာကနေ ပါဝင်အားဖြည့်ထားပါတယ်။ တွဲဘက်အနေနဲ့ Supernatural တို့ Suits တို့လို နာမည်ကြီးတီဗွီစီးရီးတွေနဲ့ The Christmas Chronicles ကားတို့မှာ သရုပ်ဆောင်ခဲ့တဲ့ အစ်ရှ်မောရစ်ကနေပြီး ဂျိုအယ်ဆိုတဲ့ နေရာကနေ ‌ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းကတော့ ဂျိုအယ်က ကျိကျိတက်ချမ်းသာတဲ့ မိသားစုက သူဌေးသားလေးဖြစ်ပြီး နွေရာသီအပန်းဖြေဖို့အတွက် သူငယ်ငယ်က နေခဲ့တဲ့ မာရိုးလှေဆိပ်လေးဆီကို အလည်လာပါတယ်။ အယ်လီဆင်က အဲ့ဒီလှေဆိပ်လေးရဲ့ ပိုင်ရှင်ဖြစ်ပြီးတော့ သူက အတ္တလန္တိတ်သမုဒ္ဒရာထဲကို အလည်ခရီးသွားဖို့ ပြင်ဆင်နေတာပါ။ သူ လှေဆိပ်ရဲ့ ပိုင်ရှင်နေရာကို အခြားတစ်ယောက်စီ လွှဲပြောင်းပေးတဲ့ကိစ္စတွေလုပ်နေရင်း အလည်လာတဲ့ ဂျိုအယ်နဲ့ တွေ့ပြီး သူတို့ နှစ်ယောက် ဘယ်လိုနှစ်ပါးသွားကြမလဲ၊ အခက်အခဲတွေကရော ဘာတွေဖြစ်မလဲ၊ ပြဿနာတွေကို ဘယ်လိုရှင်းကြမလဲဆိုတာတွေကို ဒီ fancy drama ကားလေးမှာ ကြည့်နိုင်မှာဖြစ်ပါတယ်။...

Fatal Seduction (2023- ) ⭐IMDB: 4.4/10 (675 Votes) 🎬 #Mystery #Crime #Drama #Thriller 🗓 2023- 🎞 tv series 📺 #1080p 🌎 #SouthAfrica ⏰ 33 မိနစ် 46 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Fatal Seduction – Season (01) [18+] Fatal Seduction – Season (01) – Part(1) ==========================“ကာမ၊ ကာမေသု၊ မေထုန် ဆိုတဲ့ကိစ္စရပ်တွေက မလုပ်မနေရအလုပ်၊ ပြင်းပြတဲ့အရင်းခံဆန္ဒ၊ ဒါတွေကို ချစ်ခြင်းတရားရဲ့တံခါးပေါက်ဆိုပြီး လူ့အသိုင်းအဝိုင်းက ယုံကြည်စေချင်ကြတယ်” ဇာတ်လမ်းက ဤနိဒါန်း လေးအတိုင်းပါပဲ။ အိမ်ထောင်ရေးတစ်ခုမှာ ချစ်ခြင်းတရားတွေ ဆိတ် သုဉ်းပြီး အပြစ်တင်ခြင်းနဲ့မုသားတွေဝင်လာတဲ့အခါ ဘာတွေဆက်ဖြစ် လာမှာကိုကြည့်ရမဲ့ Dark Desire ဇာတ်လမ်းတွဲကို ပြန်လည်မှီငြမ်းရိုက် ကူးထားတဲ့ series လေးပဲဖြစ်ပါတယ်။ နန်ဒီမာဟ်လာတီ ဆိုတဲ့အမျိုးသမီးတစ်‌ယောက်၊ ခင်ပွန်းသည်လီယိုနာ့ဒ် က သူ့လက်‌ထောက်မနဲ့ နေက်ကွယ်မှာဖောက်ပြန်နေတာကို သိပြီး‌တဲ့နောက် နေ့မှာပဲ သူငယ်ချင်းဖြစ်သူ ဘရန်ဒါနဲ့ ပိတ်ရက်အပန်းသွားဖြေတယ်။ အဲ့ နေ့ညမှာ နန်ဒီက ယောင်္ကျားကို စိတ်နာပြီး ကိုယ့်သားအရွယ်လောက်ရှိတဲ့ လူနဲ့မှောက်မှားမိသွားတယ်။ အဲလိုနဲ့အိမ်ပြန်ရောက်ပြီးနောက်ရက်ကျတော့ ဘရန်ဒါက ကိုယ့်ကိုယ့်ကိုယ်အဆုံးစီရင်သွားတယ်ဆိုပြီး သတင်းကြားလိုက် ရပါလေ‌ရော။ စုံစမ်းကြည့်လိုက်တဲ့အခါမှာတော့ ဒီအမှုဟာ သာမန်သွေးရိုး သားရိုးမဟုတ်ဘူးဆိုပြီး သံသယတွေရှိလာကြတယ်။ ဘရန်ဒါက တကယ်ပဲ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားတာလား၊ နန်ဒီတို့ အိမ်ထောင်ရေးကလည်း ဘာဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရူရမဲ့ Netflix ရဲ့ တောင် အာဖရိက ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်။)File Size………….(400 MB) / (800 MB)...

Erased (2012) ⭐IMDB: 6.0/10 (32 k Votes) 🎬 #Action #Thriller 🗓 2012 🎞 movie 📺 #720p #1080p 💿 926.0 MB ⦿ 1.9 GB 🌎 #UnitedStates #Canada #Belgium #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မစ္စတာ လိုဂန်ဟာ သူ့သမီးနဲ့ အတူ ဘဝတစ်ခုကို ပြန်လည် စတင်ဖို့ ကြိုးစားနေတဲ့ သူတစ်ယောက်ပါ။ ဘယ်ဂျီယံကို ပြောင်းရွှေ့ပြီး အလုပ်လုပ်နေရာကနေ တစ်မနက် သူ့ရုံးကို သွားတဲ့အခါမှာတော့ တစ်ရုံးလုံးမှာ ဘာမှမရှိတော့ဘဲ ရှင်းလင်းနေတာကို တွေ့လိုက်ရပါတယ်။ ဒါဟာ ဘာလို့များလဲ။ မစ္စတာ လိုဂန်တို့ သားအဖ နှစ်ယောက် ဒီကိစ္စကို လိုက်အဖြေရှာရင်း ဘယ်လို အရှုပ်တွေကြားထဲ ပါမိလျက်သား ဖြစ်သွားမလဲ ဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်း အစမှာတင် စိတ်ဝင်စားစရာကောင်းအောင် ဆွဲခေါ်သွားနိုင်ပြီး IMDB rating 6အထိ ရရှိထားတဲ့ Action/ Thriller ဇာတ်ကားကောင်း တစ်ခုပဲ ဖြစ်ပါတယ်။...

Another Earth (2011) ⭐IMDB: 6.9/10 (98 k Votes) 🎬 #Drama #Romance #SciFi #ScienceFiction 🗓 2011 🎞 movie 📺 #720p #1080p 💿 730.1 MB ⦿ 1.7 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Another Earth (2011) ~ IMDb – 6.9/10, Rotten Tomatoes – 65% ~ အနန္တစကြဝဠာကြီးထဲမှာ ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာကြီးနဲ့ ပုံစံတူတဲ့ Parallel Universe တစ်ခုရှိနေမယ်လို့ တွေးဖူးလား။ တကယ်လို့များ အဲဒီအပြိုင်ကမ္ဘာတစ်ခုက ကျွန်တော်တို့မျက်စိရှေ့မှာ တကယ်ပေါ်လာခဲ့ရင်ရော ဘာတွေဆက်ဖြစ်ကြမယ်ထင်လဲ… ဒီဇာတ်ကားထဲမှာတော့ ကျွန်တော်တို့ကမ္ဘာနဲ့ ပုံစံတူတဲ့ Earth တစ်ခုကို တွေ့မိပြီးတော့ အကြီးအကဲတွေဟာ အဲဒီ Earth နဲ့ ဆက်သွယ်ဖို့ ကြိုးစားကြည့်တဲ့အခါမှာ အံ့ဩဖို့ကောင်းအောင်ပဲ ကမ္ဘာနှစ်ခုက ဆက်သွယ်နေတဲ့လူချင်းက အစစအရာရာ တူနေတာကို သိလိုက်ရပါတယ်။ Earth II ကို စတွေ့ရတဲ့နေ့မှာ Rhoda ဆိုတဲ့ သိပ္ပံထူးချွန်ကျောင်းသူလေးဟာ ကားအက်ဆီးဒင့်ဖြစ်ပြီးတော့ တဖက်ကားထဲက မိခင်နဲ့ ကလေးဖြစ်သူကို သေစေမိခဲ့တယ်။ ဒီကားတိုက်မှုကြောင့် ထောင်၄နှစ်ကျပြီး ပြန်လွတ်လာတဲ့အချိန်မှာ တဖက်က နစ်နာသူ လင်ယောက်ျား John ကို တောင်းပန်ဖို့ သွားခဲ့ပေမဲ့ တကယ်တမ်းကျ ပြောမထွက်တာကြောင့် အဲဒီယောက်ျားရဲ့အိမ်မှာ သန့်ရှင်းရေးဟန်ဆောင်ပြီး ကူညီလုပ်ကိုင်ပေးခဲ့တယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် ရင်းနှီးသွားကြပြီး ချစ်မိသွားတယ်ဆိုပါတော့… ဖြစ်ချင်တော့ Rhoda ဟာ Earth II ဆီ သွားလေ့လာရမယ့် အာကာသခရီးထဲ ပါဝင်ခွင့်ရသွားတယ်။ ဒီအချိန်မှာ Rhoda က ဘာတွေကြုံရမယ်မှန်းမသိသလို အသက်စွန့်ရမယ့်ခရီးလဲဖြစ်တဲ့ Earth II ကို သွားရမလား… ဒီကမ္ဘာမှာပဲ ဆက်နေရမလား… ဆိုပြီး အကျပ်ရိုက်ရပါတော့တယ်။ ဒါ့အပြင် John ရဲ့ ဇနီးနဲ့ကလေးသေရတာ သူ့ကြောင့်ပါဆိုတဲ့ အမှန်တရားကို ပြောပြဖို့ သူတွေဝေနေတယ်။ ဒီလိုနဲ့ Rhoda ဟာ Earth II နဲ့ ပတ်သက်တဲ့ သီအိုရီတစ်ခုကို သိလိုက်ရပြီးနောက်မှာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။ ဒီနေရာမှာ ဘယ်လို အလှည့်အပြောင်းတွေ ကြုံလာရမလဲ… Rhoda နဲ့ John တို့ရဲ့ အချစ်ဇာတ်လမ်းက ဘယ်လိုဇာတ်သိမ်းသွားမလဲ… Earth I နဲ့ Earth II ကြားက အရေးပါတဲ့ Connection တစ်ခုက ဘာဖြစ်မလဲ… ဆိုတာတွေကို ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါနော်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုHnyun Yadanar Myintmo Htunမှ ပြန်ဆို ရေးသားထားပါတယ်)...

New Baby (2020) ⭐TMDB: 0.0% User Score 🎬 #Adult #Drama #Romance 🗓 2020 🎞 Movie 📺 #720p #1080p 💿 534.3 MB ⦿ 1.3 GB 🌎 #SouthKorea ⏰ 1 နာရီ 16 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ******************** သားအဖ(၂)ယောက်ရှိတယ်..တစ်နေ့တော့ သားဖြစ်သူကအိမ်ထောင်ပြုတော့ မိန်းမကိုအိမ်ခေါ်တင်လာတယ်..အဖေဖြစ်သူကလည်း မုဆိုးဖိုဆိုတော့ မိသားစု(၃)ယောက်တူတူနေကြတာပေါ့… ဒီလိုနဲ့ အဖေဖြစ်သူဟာ ချွေးမကို မကြွေသင့်ဘဲ ကြွေသွားပါလေရော… အဲ့ဒီနောက်မှာတော့ …ကွီးယား18+မို့ လှတပတ ချောတောမောတော လေးတွေတစ်ဝကြီးငမ်းရမှာမို့ ခံစားကြည့်ကြပါဦး…...

I Love America (2022) ⭐IMDB: 4.8/10 (639 Votes) 🎬 #Comedy #Romance 🗓 2022 🎞 movie 📺 #720p #1080p 💿 727.9 MB ⦿ 1.5 GB 🌎 #France #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 I Love America(2023) ******************* အချစ်ဟာသဇာတ်ကားကောင်းလေးပေမဲ့ အချို့သောဇာတ်ဝင်ခန်းတွေကြောင့် မိသားစုနဲ့မကြည့်ပဲ သူငယ်ချင်း ၁၈ယောက်မပြည့်တပြည့်နဲ့သာစုကြည့်ပါနော်…..အချစ်ကားဆိုလို့ ဆယ်ကျော်သက်အရွယ် လေတိုက်ရင် ဟိဟိဆိုပြီးရီတတ်တဲ့ အပျိုဖြန်းအရွယ်လေးတော့မဟုတ်ပါဘူး ..အရွယ်ဟိုင်းနေပြီထင်ရပြီး ကလေးအမေ မုဆိုးမလည်းဖြစ်ပေမဲ့ ဘဲကြည်ချက်ကတော့ ခုခေတ် FA မတွေစောင်ကိုက်ကြည့်ရှူရမှာပါ…ဇာတ်လမ်းအကျဉ်းကတော့ လီဆာဆိုတဲ့ပြင်သစ်သူ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဟာ ဟောလီးဝုဒ်မှာ ဇာတ်ကားရိုက်ချင်တဲ့အပြင် ဘဝသစ်ကိုစမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့အတူ Los Angeles ကိုပြောင်းလာခဲ့ပါတယ် အမေနေမကောင်းသေလုဆဲဆဲဖြစ်ခဲ့ရတာကိုပြုစု‌နေခဲ့ရတာမလို့ ယောင်္ကျားလည်းမရှိရည်းစားလည်းမထားဖြစ်တဲ့ လီဆာဟာ ကုတင်ပေါ်မှာတစ်ယောက်တည်း ဖက်တုံးနဲ့ပဲအိပ်နေရတာ သုံးနှစ်ရှိလာခဲ့ပါပြီ ဒါကြောင့်အမေရိကန်ယောက်ျားကောင်းတစ်ယောက်နဲ့ဒိတ်ချင်တဲ့ ဆန္ဒကလည်းသူနဲ့အတူပါလာပါသေးတယ် အသက်ကလည်း ၅၀ရှိနေပြီမလို့ အချစ်ရေးမှာလက်လျော့ထားတဲ့လီဆာဟာ LAမှာနေနေတဲ့သူ့ရဲ့သူငယ်ချင်းကောင်း လူကာနဲ့အတွေ့မှာတော့ ပြောင်းလဲသွားပါပြီ လူကာက MILF(ကလေးအမေ)တွေကို ပွန်းဆိုက်တွေမှာရှာဖွေနှုန်းဟာ တတိယချိတ်ကြောင်း ခုခေတ်ကအမေအရွယ်တွေရဲ့ခေတ်ဖြစ်ကြောင်း လီဆာကိုသူ့ရဲ့ပြင်သစ်ပုံစံအချစ်အတွေးအခေါ်တွေကို စွန့်ပစ်သင့်ကြောင်းကိုဆွယ်တရားဟောပြီ း dating app မှာ acc ဖွင့်ပြီး သူကိုယ်တိုင်စီမံပေးပါတော့တယ်ဒီလိုနဲ့လီဆာတစ်ယောက် သိမ်းငှက်တွေမြေမှာ လိုင်းပေါ်ကလူပေါင်းစုံကြားမှာ သူလိုချင်သလိုအချစ်စစ်ကိုတွေ့ပါ့မလား သူ့ရဲ့အတိတ်ဘဝကကိစ္စတွေကရောသူ့ကို ဘယ်လိုဆက်နွယ်ပတ်သတ်နေမလဲဆိုတာကို ပျော်ပျော်ရွင်ရွင်ကြည့်ရှူရမဲ့ကားလေးပါဒါရိုက်တာ Lisa Azuelosရဲ့ ဖြစ်ရပ်မှန်ပေါ်အခြေခံထားတဲ့ ဇာတ်လမ်းဖြစ်ပြီး အဓိကမင်းသမီး Sophie Marceauကလည်း ငယ်စဉ်က James Bond ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ဝါရင့်မင်းသမီးကြီးဖြစ်ပါတယ်...

Hitchcock (2012) ⭐IMDB: 6.8/10 (78 k Votes) 🎬 #Drama #Biography #Romance 🗓 2012 🎞 movie 📺 #720p #1080p 💿 587.3 MB ⦿ 1.3 GB 🌎 #UnitedStates #UnitedKingdom ⏰ 1 နာရီ 39 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဟစ်ခ်ျကော့ခ်ဆိုတဲ့ နာမည်အတိုင်းပဲ ဒီဇာတ်ကားဟာ ရုပ်ရှင်သမိုင်းကြောင်းမှာ အထင်ရှားဆုံးဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်တဲ့ “သည်းထိတ်ရင်ဖို ဆရာသခင်ကြီး”လို့ တင်စားခေါ်ဝေါ်ခံခဲ့ရတဲ့ ဒါရိုက်တာကြီး ဟစ်ခ်ျကော့ခ်အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဒါရိုက်တာကြီး အဲဖရက်ဟစ်ခ်ျကော့ခ်ဟာ ရုပ်ရှင်သမိုင်းကြောင်းတလျှောက်မှာ အောင်မြင်မှုတွေများစွာရရှိခဲ့တဲ့ Psycho, Vertigo, North By Northwest အစရှိတဲ့ Thriller, Mystery ကားတွေရဲ့ ပဲ့ကိုင်ရှင်တစ်ဦးဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ‌တော့ Psycho လို့အမည်ရတဲ့ Horror/Thriller ရုပ်ရှင်ကို ဒါရိုက်တာကြီးဟစ်ခ်ျကော့ခ်တစ်ယောက် ပုံဖော်ရိုက်ကူးခဲ့ပုံကို ဇာတ်အိမ်တည်ထားပါတယ်။ အချိန်ကာလကတော့ Psychoရုပ်ရှင်ကိုရိုက်ကူးခဲ့တဲ့ ၁၉၆၀ ခုနှစ်မှာဖြစ်ပြီး ဟစ်ခ်ျကော့ခ်တစ်ယောက် Vertigo နဲ့ North by Northwest တို့ကို ၁၉၅၈ နဲ့ ၅၉ ခုနှစ်တွေမှာ ရိုက်ကူးဖြန့်ဝေခဲ့ပြီး အောင်မြင်မှုအပေါင်း သရဖူဆောင်းနေတဲ့အချိန်ဖြစ်ပါတယ်။ ဒါပေမယ့် ဟစ်ခ်ျကော့ခ်တစ်ယောက်ဟာ အသက်၆၀ ရှိနေပြီဖြစ်ပြီး ရုပ်ရှင်လောကကနေ အနားမယူသေးဘူးလားဆိုတဲ့ မေးခွန်းတွေကို ရင်ဆိုင်နေရတဲ့အချိန်လည်းဖြစ် Paramount နဲ့ စာချုပ်အရလည်း ရိုက်ကူးထုတ်ဝေဖို့ရာ ရုပ်ရှင်တစ်ကားပဲကျန်ရှိတော့တာဖြစ်ပါတယ်။ ဒီအချိန်မှာ ဟစ်ခ်ျကော့ခ်ဟာ သူ့ရဲ့ နောက်ဆုံးရုပ်ရှင်ကို ရှေ့ကရုပ်ရှင်တွေနဲ့မတူဘဲ တမူထူးခြားဆန်းသစ်အောင် ရိုက်ကူးချင်တဲ့ စိတ်ဆန္ဒတွေပြင်းပြလာပါတော့တယ်။ ဒီလိုနဲ့ မှီငြမ်းရိုက်ကူးဖို့ရာ ၀တ္ထုတွေကို ရှာဖွေရင်းကနေ ရောဘတ်ဘလော့ခ်ရေးသားခဲ့တဲ့ ၁၉၅၉ခုနစ်ထွက် Psycho လို့အမည်ရတဲ့ သည်းထိတ်ရင်ဖို၀တ္ထုကို ရှာတွေ့သွားပါတော့တယ်။ ဒါပေမယ့် ၁၉၆၀ခုနှစ်ဖြစ်သည့်အားလျော်စွာ ရုပ်ရှင်လောကမှာ ဆင်ဆာစိစစ်ဖြတ်တောက်မှုတွေဟာ တင်းကြပ်နေဆဲဖြစ်တာကြောင့် အဖော်အချွတ်နဲ့ သွေးသံရဲရဲဇာတ်၀င်ခန်းတွေပါတဲ့ Psycho ၀တ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းဖို့ရာ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်လာရပါတော့တယ်။ ဒါပေမယ့် ဟစ်ခ်ျကော့ခ်ဟာ အားလုံးဝိုင်းတားနေတဲ့ကြားထဲကနေ Psycho ရုပ်ရှင်ကိုရိုက်ကူးဖို့အတွက် ဘုရင့်နောင်ဖောင်ဖျက်ပီး အစွမ်းကုန်ဆက်သွားပါတော့တယ်။ ဒီရုပ်ရှင်ထဲမှာ ဟစ်ခ်ျကော့ခ်ကြီးရဲ့ ပြောပုံဆိုပုံ၊ ပင်ကိုစရိုက်တွေကို အသေးစိတ်ဖျော်ကျူးထားပါတယ်။အိမ်ထောင်ကျပြီးခါစကနေ နှစ်ပေါင်း၃၀ကျော်အထိ ရိုက်ကွင်းတွေကိုလိုက်ပြီး ဟစ်ခ်ျကော့ခ်ကိုကူညီခဲ့တဲ့ ဇနီးဖြစ်သူ အယ်မာရက်ဗယ်နဲ့ ဟစ်ခ်ျကော့ခ်တို့နှစ်ဦးကြား ဆက်ဆံရေးကိုလည်း မြင်တွေ့ရမှာပါ။ နောက်ထပ်တစ်ချက်ကတော့ Psychoရဲ့ ခေါင်းဆောင်မင်းသမီး ဂျဲနက်လိနေရာမှာ ပရိတ်သတ်အချစ်တော် Black widow မင်းသမီး Scarlett Johansson က၀င်ရောက်သရုပ်ဆောင်ထားတာကြောင့် အင်မတန်ကို ကြည့်ပျော်ရှုပျော်ရှိလှပါတယ်။ ရီဗျူးလည်း အနည်းငယ်ရှည်သွားပြီမလို့ ဒီဇာတ်ကားဟာ ရုပ်ရှင်ချစ်သူတွေအတွက် အချိန်ပေးကြည့်ရှုရကျိုးနပ်မဲ့ ဇာတ်ကားကောင်းလေးဖြစ်ကြောင်း ညွှန်းဆိုရင်းနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။...