ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Cocaine Godmother (2017) ⭐IMDB: 5.6/10 (3 k Votes) 🎬 #Biography #Crime #Drama #TVMovie 🗓 2017 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လက်တွေ့ဖြစ်ရပ်မှန် ဇာတ်လမ်းတွေကို ရုပ်ရှင်အဖြစ် ကြည့်ရှုရတာ ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့ကို လူတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိကို ရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးပါဦးမယ်။ အတုယူလေးစားစရာ ပုဂ္ဂိုလ်မျိုးမဟုတ်ဘဲ ကိုလမ်ဘီယာကနေ အမေရိကကို ပြောင်းလာတဲ့ မူးယစ်ဆေးရာဇာကြီးအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Cocaine Godmother ဖြစ်ပြီးတော့ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တာပါ။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ မာဒီရီနာဘလန်ကိုဆိုတဲ့ အမျိုးသမီးက ကိုလမ်ဘီယာနိုင်ငံ မယ်ဒီအင်မြို့မှာ မိသားစုအတွက် ရုန်းကန်နေရတဲ့ သာမန်အမျိုးသမီး တစ်ယောက် ဖြစ်ပါတယ်။ အလုပ်မည်မည်ရရ မလုပ်တဲ့ ယောက်ျားကြောင့် သား ၃ ယောက်ကို ပြည့်ပြည့်စုံစုံ ထားနိုင်ဖို့က မလွယ်ကူခဲ့ဘူး။ ထမင်းနပ်မှန်အောင် စားရဖို့တောင်မှ မနည်းရုန်းကန်ခဲ့ရသူပါ။ တစ်ရက်မှာတော့ ယောက်ျားရဲ့ မိတ်ဆွေဖြစ်သူနဲ့ ချိတ်ဆက်မိပြီးတော့ မူးယစ်ဆေးလောကထဲကို စတင်ဝင်ရောက်လာခဲ့တယ်။ သူဟာ ဆေးတွေကို ဖြန့်ပေးမယ်ဆိုပြီး အလုပ်ဝင်လုပ်ခဲ့တာပါ။ ဒီကိစ္စကြောင့် ယောက်ျားဖြစ်သူနဲ့လည်း ကွဲသွားခဲ့ပြီးတော့ မူးယစ်ဆေးလောကထဲကို လုံးဝခြေစုံချခဲ့တော့တာပါ။ သာမန်အကူဘဝကနေ သူ့ရဲ့ ဉာဏ်ပြေးမှုကြောင့် မူးယစ်ဆေးလောကမှာ နာမည်ကြီး ဘိန်းရာဇာတစ်ဦး ဖြစ်လာခဲ့ပါတယ်။ သား ၃ ယောက်ကလည်း သူ့အမေနဲ့အတူ ဒီအလုပ်ကိုပဲ ကူညီလုပ်ပေးခဲ့ကြပါတော့တယ်။ ဒီဇာတ်လမ်းထဲမှာဆိုရင်တော့ သူ့ဘဝတစ်လျှောက်မှာ ဘယ်လိုနည်းလမ်းတွေနဲ့ ဆေးတွေကို ဖြန့်ဖြူးခဲ့သလဲ၊ စီးပွားပြိုင်ဖက်တွေကို ဘယ်လိုလက်စဖျောက်ပစ်ခဲ့လဲ၊ နှစ်အတော်အကြာအထိ အဖမ်းမခံရဘဲ ဘယ်လိုရှောင်ထွက်နိုင်ခဲ့လဲ၊ နောက်ဆုံးမှာရော သူ ဘယ်လိုအဆုံးသတ်သွားခဲ့လဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ အမြင်ကိုပြောရရင်တော့ ဒီဇာတ်ကားက တခြား အတ္ထုပ္ပတ္တိရုပ်ရှင်တွေလို ပျင်းစရာကောင်းမနေဘဲ ဇာတ်လမ်းတစ်လျှောက် ကြည့်ရှုသူကို ဆွဲခေါ်နိုင်တယ်လို့ ထင်မြင်မိပါတယ်။ ဒါကြောင့် အချိန်ပေးပြီး ကြည့်ရှုမယ်ဆိုရင်လည်း အချိန်ကုန်ရတာ အလဟဿမဖြစ်စေရဘူးလို့တော့ ခံစားမိတာမလို့ အားလုံးကို ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။...

Escobar: Paradise Lost (2014) ⭐IMDB: 6.5/10 (23 k Votes) 🎬 #Crime #Drama #History #Thriller #Romance 🗓 2014 🎞 movie 🌎 #France #Spain #Belgium #Panama ⏰ 2 နာရီ 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Pablo Escobar ဆိုတဲ့ ကိုလံဘီယာက မူးယစ်ရာဇာကို ရုပ်ရှင်၊ စီးရီးများအဖြစ် ပုံဖော်ခဲ့ကြတဲ့ ဇာတ်လမ်းတွေ အများကြီးရှိခဲ့ကြပါတယ်။ ဒီ Escobar Paradise Lost ဆိုတဲ့ ဇာတ်လမ်းလေးမှာတော့ ပုံမှန်ချဉ်းကပ်နေကြ ဇာတ်လမ်းပုံစံမျိုးတွေထက် အချစ်နဲ့ အန္တရာယ်ကြားထဲက သည်းထိတ်ရင်ဖိုဇာတ်လမ်းပုံစံမျိုးကို အသားပေး ဖော်ပြထားပါတယ်။ ပါဘလို အက်စကိုးဘားအဖြစ် Benicio Del Toro က သရုပ်ဆောင်ထားပြီး Josh Hutcherson က နစ်ခ်ဘရေဒီ အဖြစ် ပါဝင်ထားပါတယ်။ The Usual Suspects, Che, Sicario စတဲ့ ဇာတ်ကားတွဲ တွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ Legend ကြီး Benicio Del Toro နဲ့ The Hunger Games ဇာတ်လမ်းတွဲတွေရဲ့ စတား Josh Hutcherson တို့ အားပြိုင်မှုကိုလည်း တွေ့ရပါတယ်။ နစ်ခ်ဘရေဒီဟာ ကိုလံဘီယာမှာ အစ်ကိုနဲ့အတူ အလုပ်လုပ်နေပြီးတော့ မာရီယာနဲ့ တွေ့ဆုံပြီး ချစ်မိသွားခဲ့တာဖြစ်ပါတယ်။ မာရီယာကလည်း မူးယစ်ရာဇာ Pablo Escobar ရဲ့ တူမ ဖြစ်နေပြန်ပါတယ်။ အစပိုင်းမှာတော့ သူတို့အချစ်ရေးက အားလုံးကလည်း သဘောတူကြည်ဖြူတဲ့အတွက် ဖြောင့်ဖြူးသလိုရှိခဲ့ပေမယ့်.. အက်စကိုးဘားမိသားစုထဲ ပိုပြီးဝင်ရောက်လာလေ အန္တရာယ်များပြီး ကြောက်မက်ဖွယ်ကောင်းတာတွေက ပိုပြီး ထင်ရှားလာခဲ့ပါတယ်။ ပါဘလိုအက်စကိုးဘားနဲ့ပတ်သက်နေသရွေ့ သူတို့အဖို့ မလုံခြုံနိုင်မှန်း သဘောပေါက်သွားချိန်မှာ နစ်ခ်ဟာ မာရီယာနဲ့အတူ ကိုလံဘီယာက ထွက်ပြေးဖို့ ကြံစည်ခဲ့ပါတယ်။ သူတို့ မပြေးနိုင်ခင်မှာပဲ အက်စကိုးဘားက သူ့လူယုံတွေကို အရေးပေါ်အစည်းအဝေးတစ်ခု ခေါ်လိုက်ပါတယ်။ နစ်ခ်ကိုလည်း သူ့ရဲ့ အဖိုးတန်ပစ္စည်းတွေကို သိမ်းဆည်းဖျောက်ဖျက်တဲ့အစီအစဉ်မှာ ပါဝင်ခိုင်းခဲ့ပြန်ပါတယ်။ ပစ္စည်းတွေဖျောက်ဖျက်ရုံတင်မဟုတ်ဘဲ လမ်းပြသူကိုပါ တစ်ခါတည်း နှုတ်ပိတ်ရမယ့်တာဝန် ရှိလာခဲ့ချိန်မှာ သာမန်လူတန်းစားဘဝက လာခဲ့သူ နစ်ခ်ဟာ သူ့တာဝန်ကို ပြီးဆုံးအောင် မလုပ်နိုင်ဘဲ လမ်းပြကို လွှတ်ပေးမိခဲ့ ပါတယ်။ အစီအစဉ်အတိုင်း ဖြစ်မလာခဲ့ဘဲ ပါဘလိုအက်စကိုးဘားကို ဆက်သွယ်ခဲ့ချိန်မှာတော့ နှုတ်ပိတ်ခံရမယ့်စာရင်းမှာ သူလည်းအပါအဝင်ဖြစ်နေတယ်ဆိုတာ နစ်ခ်ဟာ ရိပ်စားခဲ့ပါတယ်.။ အက်စကိုးဘားရဲ့ သွေးအေးတဲ့လှည့်ကွက်တွေကြားထဲမှာ နစ်ခ်က ရုန်းထွက်ဖို့ ကြိုးစားလေ ညှို့ချက်မိသလို ဝဲလည်ရင်းနဲ့ သူ စီစဉ်ထားတဲ့ ထွက်ပြေးမယ့် အစီအစဉ် အထမြောက်မှာလား. အက်စကိုးဘားရဲ့ လက်တံရှည် တွေကြားထဲမှာ ပြန်မိမှာလား ဆိုတာကို ဇာတ်လမ်းအဆုံးထိ သည်းထိတ်ရင်ဖို ခံစားကြည့်ရှုနိုင်ဖို့ CM ကနေ တင်ဆက်ပေးလိုက်ပါတယ်။...

Holiday Road (2023) ⭐IMDB: 7.2/10 (1 k Votes) 🎬 #Drama #Romance #TVMovie 🗓 2023 🎞 tv movie 🌎 #Canada #UnitedStates ⏰ 1 နာရီ 24 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Holiday Road (2023)================IMDb Rating – 7.2/10 အားလပ်ရက်‌ အထူးသဖြင့် ခရစ္စမတ်လိုအားလပ်ရက်မှာကိုယ်ချစ်ရတဲ့သူတွေနဲ့အတူ အချိန်ကုန်‌ဆုံးချင်ကြတာဟာသိပ်ကြည်နူးစရာကောင်းတယ်လို့ပြောရင် မှားမယ်မထင်ပါဘူး။ အဲလို ချစ်ရသူတွေနဲ့ ခရစ္စမတ်ကိုအတူဖြတ်သန်းချင်တဲ့သူတွေထဲမှာ ဒန်ဗာမြို့ကိုသွားမဲ့ သူစိမ်းရှစ်ယောက်လည်းပါဝင်ပါတယ်။ ရာသီဥတုဆိုးရွားလွန်းတဲ့အတွက်ကြောင့် လေယာဉ်ခရီးစဉ်တွေကိုပယ်ဖျက်လိုက်တဲ့အခါမှာတော့ လူရှစ်ယောက်ကကားတစ်စီးငှားပြီး ဒန်ဗာကို ကုန်းလမ်းကနေသွားဖို့ ‌အကြောင်းဖန်လာပါတော့တယ်။ ခရီးလမ်းတစ်လျှောက် တစ်ယောက်အကြောင်းတစ်ယောက်ဝေမျှ၊ အတူရယ်မောပျော်ရွှင်ရင်းနဲ့ ဖြတ်သန်းသွားတဲ့အကြောင်းနဲ့ ခရစ္စမတ်မှော်အကြောင်းကို ခရစ္စမတ်အားလပ်ရက်မှာ ကြည့်ရှုဖို့အတွက်တင်ဆက်ပေးလိုက်ရပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Khant Sett Naing ဖြစ်ပါတယ်)...

12th Fail (2023) ⭐IMDB: 9.2/10 (11 k Votes) 🎬 #Biography #Bollywood #Drama 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 27 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 12th Fail (2023) “ရိုးဂုဏ်” IMDb – 9.2/10 2009ခုနှစ်က ထုတ်ဝေခဲ့တဲ့ ရဲအရာရှိ မာနို့ဂျ်ကူမားရှာရ်မာနဲ့ အခွန်အရာရှိ ရှရတ်ဒါးဂျိုရှီ ရှာမာတို့အကြောင်း ဖြစ်ရပ်မှန်၀တ္ထုကိုအခြေခံပြီး ရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးတင်ဆက်ထားတာပါ။ဘတ်ဂျတ်ငွေရဲ့ သုံးဆကျော် ပြန်လည်ရရှိခဲ့တဲ့ ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။ Haseen Dillruba(2021)မှာ ချစ်ရတဲ့ဇနီးသည်အတွက် လက်တစ်ဖက်ကိုစတေးခဲ့တဲ့ ချစ်တတ်လွန်းသူကြီးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား ဗစ်ခရန့်မတ်ဆီက ရဲအရာရှိ မာနို့ဂျ်အဖြစ်ပါဝင်ထားပါတယ်။ ချမ်ဘာလ်ဆိုတဲ့ မြစ်လက်တက်လေးရဲ့ဘေးက ဘီလာဂွန်လို့ခေါ်တဲ့ ဇနပုဒ်ငယ်လေးမှာနေတဲ့ မိသားစုလေးတစ်ခု။ အဲဒီမိသားစုရဲ့ အိမ်ထောင်ဦးစီးဖြစ်သူက အလုပ်မှာ သူ့ရဲ့ရိုးသားတဲ့စိတ် မဟုတ်မခံစိတ်ကြောင့် တာဝန်ကရပ်ဆိုင်းခံရပါတယ်။ အဲဒါကို မကျေနပ်တာကြောင့် လာဘ်ပေးလာဘ်ယူမှုကိုတိုက်ဖျက်ဖို့ အကျင့်ပျက်ချစားမှုကို တိုက်ဖျက်ဖို့ အထက်တရားရုံးတက်မယ်ဆိုပြီး မြို့တက်သွားပါတော့တယ်။ ရဲအရာရှိမာနို့ဂျ်ဖြစ်လာမဲ့သူကတော့ သူတို့အိမ်က သားလတ်။ ၁၂တန်းစာမေးပွဲအောင်ရင် ရုံးဝန်ထမ်းလေးလုပ်မယ်ပေါ့။ စာမေးပွဲမှာ ခိုးချဖို့အရေး အများကြီးကြိုးစားခဲ့ရပြီးမှ အသစ်ပြောင်းလာတဲ့ ဒုရဲအုပ်ကြီးရောက်လာလို့ ခဲလေသမျှ သဲရေကျပြီး အစ်ကိုဖြစ်သူနဲ့ ထော်လာဂျီမောင်းစားရပါတော့တယ်။ထော်လာဂျီလေးမောင်းလို့ အဆင်ပြေမယ်လုပ်မှ ခရိုနီတွေကြောင့် ဒုက္ခရောက်ရချိန်မှာ ရိုးသားတဲ့ဒုရဲအုပ်ကြီးရဲ့ ကျေးဇူးနဲ့ အချုပ်ထဲကလွတ်လာတော့ အရင်က ရိုးသားမှုဆိုတာ ဘာတန်ဖိုးမှမရှိဘူးဆိုတဲ့ စိတ်ကနေ ရိုးသားမှုနဲ့ အာဏာပေါင်းလိုက်ရင်တော့ ပြောင်းလဲမှုတွေ ဖန်တီးနိုင်တယ်ဆိုတဲ့ အတွေးဝင်ခဲ့ပါတယ်။ ဒီကနေပဲ ရဲအရာရှိတစ်ယောက်ဖြစ်ဖို့ ကြိုးစားရင်း ကြုံတွေ့ရတဲ့ ဒုက္ခအဖုံဖုံကိုရိုက်ကူးပုံဖော်ထားတာမို့ ဘောလိ၀ုဒ်ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Glisten and the Merry Mission (2023) ⭐IMDB: 6.5/10 (51 Votes) 🎬 #Adventure #Animation #Family #Fantasy 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 18 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Glisten and the Merry Mission (2023)============================IMDb Rating – 6.5/10 CM ပရိသတ်ကြီးအတွက် Christmas ရာသီရဲ့ latest animationကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့ခံယူချက်တွေ၊ ယုံကြည်သက်ဝင်မှုတွေကပဲ အဖြေရှာပေးသွားပြီးဘဝအမောတွေကို ပြေစေမဲ့ ဇာတ်လမ်းကောင်းလေးပေါ့။ ကဲ ဇာတ်လမ်းလေးကတော့ ဒီလိုပါ။ခရစ်စမတ်နေ့မှာ ဆန်တာကြီးကနေ ကလေးတွေကို လက်ဆောင်ပေးနိုင်ဖို့အတွက် အရုပ်လေးတွေကို ဖန်တီးပေးရတဲ့ နတ်သူငယ်လေးတွေနေထိုင်တဲ့ ရွာလေးတစ်ရွာရှိပါတယ်။ မာဇီပန်ကတော့ အဲဒီရွာမှာ နေထိုင်တဲ့ နတ်သူငယ်မလေးတစ်ယောက်ပါ။ မာဇီပန်ရဲ့ အမေဖြစ်သူကတော့အရုပ်ထုပ်လုပ်ရေးအလုပ်ရုံရဲ့ လက်ထောက်မန်နေဂျာတစ်ယောက်ဖြစ်ပြီးသမားရိုးကျအတိုင်း သွားနေတဲ့ အလုပ်ရုံကြောင့် အရုပ်တွေ လုံ‌လုံလောက်လောက် မထုတ်နိုင်မှာကို အမြဲစိုးရိမ်နေတတ်ပါတယ်။ တစ်ရက်မှာတော့ စက်ချို့ယွင်းမှုကြောင့် အရုပ်စာရင်းတွေ အဆမတန်တက်လာခဲ့ပြီး မာဇီပန့်အမေပြောခဲ့တဲ့အတိုင်း နတ်သူငယ်တို့ ဒုက္ခလှလှနဲ့တွေ့လာကြတာပေါ့။ ဆိုတော့ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် သူတို့တွေစစ်ဆင်ရေးတစ်ခုကို ဆွဲလိုက်ကြပါတယ်။ အဲဒီစစ်ဆင်ရေးရဲ့ နာမည်ကတော့“Merry Mission” ပါတဲ့။ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ပွဲထွက်လာတာမို့ ကလေးလူကြီးမရွေးနှစ်သက်ကြမဲ့ ဇာတ်လမ်းလေး ဖြစ်လာဦးမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့May Thet Khine Soe ဖြစ်ပါတယ်)...

Mondo (2023) ⭐IMDB: 8.0/10 (51 Votes) 🎬 #Comedy #Drama #Romance #SciFi #ScienceFiction 🗓 2023 🎞 movie 🌎 #Thailand ⏰ 2 နာရီ 9 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mondo (2023) ခုခေတ်မှာ AI နည်းပညာက နေရာတိုင်းကို စိုးမိုးနေတာပါ ဒီကားလေးထဲမှာတော့ Mondo လို့ခေါ်တဲ့ AI နည်းပညာနဲ့ လူတွေရဲ့ အတိတ်ကအမှတ်တရတွေကိုတကယ့်လက်တွေ့ဘ၀ကို ရောက်သွားသလို ဖော်ဆောင်ထားတဲ့ ဇာတ်ကားလေးပါ ဆိုတော့ AI စနစ်က ဘယ်လိုတိုးတက်နေပြီလဲ“AI က သင့်ရဲ့ဘ၀ကို ရေးသားပေးမယ်” ဆိုတဲ့ ဆောင်ပုဒ်ကို ယုံကြည်ပါသလားဆိုတာကို အကဲခတ်ဖို့ စောင့်ကြည့်လိုက်ပါ အညွှန်းကိုတော့Fake Loveက ရေးထားပေးပြီး‌တော့ဘာသာပြန်ထားတာကတော့Nang Mwe Kham&Fake Loveပဲ ဖြစ်ပါတယ်။...

The Lovers (2023-2024) ⭐IMDB: 7.4/10 (1 k Votes) 🎬 #Drama #Comedy 🗓 2023-2024 🎞 tv series 🌎 #UnitedStates #UnitedKingdom ⏰ 30 မိနစ် 52 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Lovers (2023)The Lovers (2023) ============== IMDb Rating – 7.3/10IMDb 7.4 ရထားတဲ့ အချစ်ဟာသ စီးရီးလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရှေးမက်စ်က နာမည်ကြီး အစီအစဉ် တင်ဆက်သူပါ။ သူ့ ဇာတိမြို့ဖြစ်တဲ့ ဘဲလ်ဖက်စ်ကို အလုပ်ကိစ္စကြောင့် ပြန်ရောက်သွားတယ်။ ဒါပေမဲ့ စကားမှား သွားမိလို့ လူငယ်တွေဆီက ဝိုင်းရိုက်ခံရတဲ့အတွက် ထွက်ပြေးရင်းကနေ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ လုပ်နေတဲ့ ဂျန်နက်နဲ့ တွေ့သွားတယ်။ ဒီလိုမျိုး ပုံမှန်မဟုတ်တဲ့ တွေ့ဆုံမှုမျိုးနဲ့ ဆုံခဲ့ရတဲ့ သူတို့နှစ်ယောက်က တစ်ရက်ပဲ တွေ့လိုက်ရပေမဲ့ သက်ရောက်မှုက ကြီးပါတယ်။ အထူးသဖြင့် ဂျန်နက်ကိုပေါ့။ Your browser does not support the video tag.အပေါက်ဆိုး အဆဲကြမ်းပြီး သတ်သေချင်စိတ်ပေါက်နေတဲ့ ဂျန်နက်က ရှေးမက်စ်နဲ့ တွေ့ပြီးတဲ့နောက်မှာ သူ့အလုပ်သူပြန်သွားပြီး သူများတွေနဲ့ အဆင်ပြေအောင် နေတဲ့ထိပါပဲ။ ဒါပေမဲ့ ရှေးမက်စ်မှာ သရုပ်ဆောင်လုပ် နေတဲ့ ချစ်သူကောင်မလေး ရှိနေမှန်း မဂ္ဂဇင်း အင်တာဗျူးကနေ တွေ့လိုက် ရပါတယ်။ ဂျန်နက်တို့နှစ်ယောက်က Right person, wrong time တွေ ဖြစ်နေလား။ ဆိုင်သူရှိနေတဲ့ ရှေးမက်စ်ကရော ဘယ်လိုရှေ့ဆက်မလဲ။ ဂျန်နက်တစ်ယောက် ဆန္ဒကို သိက္ခာနဲ့ ထိန်းနိုင်မလား ကြည့်ရှုခံစားလိုက် ကြပါဦး။(ဒီစီးရီးရဲ့ အညွှန်းကို EL မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေး သူများကတော့ EL, Ngwe Zin တို့ ဖြစ်ပါတယ်။)...

The Crash Reel (2013) ⭐IMDB: 8.2/10 (5 k Votes) 🎬 #Biography #Documentary #Sport 🗓 2013 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Action sports တွေဖြစ်တဲ့ နှင်းလျှောစီး၊ အတားအဆီးဖြတ်ကျော်ဆိုင်ကယ်စီး စတဲ့ အားကစားနည်းတွေဟာ ပရိသတ်တွေ အတွက်ရင်သပ်ရှုမောဖြစ်စေပေမဲ့ ကစားသမားတွေအတွက်‌တော့ အသက်ဆုံးတဲ့အထိဖြစ်စေနိုင်ပါတယ်။ တစ်နှစ်မှာ ကစားသမား နှစ်သိန်းမှ ခြောက်သိန်းလောက် ထိခိုက်ဒဏ်ရာရတယ်လို့‌ စာရင်းတွေမှာဖော်ပြကြပါတယ်။ ၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားလေးမှာတော့ နှင်းလျှောစီးကစားသမား ကယ်ဗင် ပီးရတ်စ် နဲ့ ရှောင်န်ဝိုက်ကြားကပြိုင်ဆိုင်မှု‌တွေ၊ ကစားသမားဘဝတ‌လျှောက် ရုန်းကန်ရပုံတွေ၊ ကစားနည်းအပေါ် ရူးသွပ်ပုံတွေ ကိုပေါ်လွင်အောင်ရိုက်ပြထားပါတယ်။ အားကစားဝါသနာပါသူတွေကြိုက်ကြမဲ့ ဇာတ်လမ်းလေးပါ။ ပရိသတ်တွေကိုဖျော်ဖြေမှုပေးနိုင်တဲ့ကစားနည်းတွေရဲ့ နောက်ကွယ်ကအဖြစ်အပျက်တွေလည်းတွေ့မြင်နိုင်ပါတယ်။ ကစားသမားတွေကိုယ်တိုင် သရုပ်ဆောင်ထားပြီး အမျိုးသမီးဒါရိုက်တာဖြစ်တဲ့ Lucy Walker ရိုက်ကူးထားတာပါ။ IMDb rating 8.2 နဲ့ RT 96% ရရှိထားပြီးနိုင်ငံတကာဆုတွေ လည်းတသီကြီးရရှိထားပါတယ်။ ကစားသမားတွေရဲ့ ဒဏ်ရာအတွက်ရုန်းကန်ကြရ အသက်ဆုံးနိုင်လောက်အောင် ဖြစ်ခဲ့ကြပေမဲ့ ပြန်ကစားနိုင်ဖို့ စိတ်အားထက်သန်ကြတဲ့ စိတ်ဓာတ်ကိုလည်းတွေ့ကြရမှာပါ။ မိသားစုတွေရဲ့ထောက်ပံ့မှုတွေ ချစ်ခြင်းမေတ္တာတွေကိုလည်း ရိုက်ပြထားတဲ့အတွက် ကြည့်ရတာ နွေးထွေးစေ ပါတယ် ခြုံပြီးပြောရရင်တော့ မှတ်တမ်းရုပ်ရှင်ဖြစ်ပေမဲ့ ကစားသမားတွေရဲ့ပြိုင်ပွဲဝင်ပုံတွေ၊ နောက်ခံသီချင်းကောင်းတွေနဲ့ လှပတဲ့ရိုက်ချက်တွေကြောင့် အစမှအဆုံးပျင်းစရာကောင်းတယ်လို့မခံစားရပါဘူး။ သမားရိုးကျဇာတ်လမ်းတွေကြည့်ပြီးနည်းနည်းအီလာရင် ဒီလိုဇာတ်ကားတွေကြည့်ခြင်းအားဖြင့်လည်း မတူညီတဲ့ခံစားချက်တွေရနိုင်သလို စိတ်ဓာတ်ကျနေတဲ့အချိန်မှာကြည့်ဖြစ်ရင်တော့ စိတ်အားတက်ကြွမှုတွေပြန်လည်ရရှိနိုင်ပါတယ်လို့ ပြောချင်ပါတယ်။...

Maria Full of Grace (2004) ⭐TMDB: 72.0% User Score 🎬 #Crime #Drama #Thriller 🗓 2004 🎞 movie 🌎 #Colombia #Ecuador #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDB 7.4 ရရှိထားတဲ့ ကိုလံဘီယာဘတ်ဂျတ်ရုပ်ရှင်တစ်ကားပါ။ ဘတ်ဂျတ်ရုပ်ရှင်ဆိုပေမဲ့ သရုပ်ဆောင်ချက်တွေက လက်ဖျားခါစရာပါပဲ။ ကိုလံဘီယာက အမှီအခိုကင်းပြီး စိတ်ဓာတ်ပြင်းတဲ့ ၁၇ နှစ်အရွယ် မာရီယာဟာ ထိုက်သင့်သလောက် လခမရတဲ့ ပန်းထုပ်ပိုးတဲ့အလုပ်မှာ လုပ်နေတဲ့ ကောင်မလေးတစ်ယောက်ဖြစ်တယ်။ သူ့ရဲ့ဘဝက အသုံးမကျတဲ့ရည်းစား ဝမ်ကြောင့် စိတ်ပျက်စရာကောင်းသလို မျှော်လင့်မထားဘဲ ကိုယ်ဝန်ရသွားပြီး အလုပ်ရှင်နဲ့ ဆက်ဆံရေးအဆင်မပြေလို့ အလုပ်ထွက်လိုက်ပြီးတဲ့နောက်မှာ ပိုဆိုးလာတော့တယ်။ အစ်မနဲ့အမေဖြစ်သူရဲ့ ဖိအားကြောင့်ရော ငွေကြေးအခက်အခဲရောကြောင့် မာရီယာဟာ မူးယစ်ဆေးတို့လိုမျိုး တရားမဝင်ပစ္စည်းတွေပို့ဆောင်ပေးတဲ့ ကောင်မလေးတစ်ယောက်ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ အမေရိကားကိုသွားရတဲ့ သူ့ရဲ့ပထမဆုံးပို့ဆောင်မှုမှာတင် အခြေအနေက ထင်သလိုဖြစ်မလာခဲ့ဘဲ အဆိုးဘက်ကိုပဲ ဆက်သွားနေတဲ့အခါ နောက်ဆုံးမှာ မာရီယာနဲ့ သူ့ကလေးဟာ ဘေးကင်းတဲ့အနာဂတ်တစ်ခု ရလာနိုင်မလားဆိုတာကိုတော့...

The Delinquents (2023) ⭐IMDB: 6.8/10 (1 k Votes) 🎬 #Comedy #Crime #Drama 🗓 2023 🎞 movie 🌎 #Argentina #Brazil #Chile #Luxembourg ⏰ 3 နာရီ 10 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Delinquents (2023) ~ IMDb – 6.8/10, RT – 84%, Meta – 86% ~ ဒီတစ်ခေါက်မှာတော့ ၂၀၂၄ ခုနှစ်မှာကျင်းပမယ့် ၉၆ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲအတွက် အာဂျင်တီးနားနိုင်ငံကနေ “အကောင်းဆုံး နိုင်ငံတကာ ရုပ်ရှင်ဇာတ်ကားဆု” အတွက် စာရင်းတင်သွင်းထားတဲ့ စပိန်စကားပြော ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ World Premiere ကိုလည်း ကိန်းရုပ်ရှင်ပွဲတော်ရဲ့ Un Certain Regard ဆိုတဲ့ ကဏ္ဍမှာ ပြခွင့်ရခဲ့တာပါ။ မြို့မှာဆို လူတွေက အချင်းချင်းတွေ့ရင် ဘယ်လိုနှုတ်ဆက်ကြလဲ သိလား။ “ဘာအလုပ်လုပ်လဲ” “အလုပ်အကိုင် ဘယ်လိုလဲ” တဲ့။ လူတစ်ယောက်ဟာ သူ့ကိုယ်သူ အလုပ်ဆိုတာကြီးနဲ့ ဖော်ပြရတယ်။ အဲဒီအလုပ်ဆိုတာကြီးကိုသွားဖို့ မနက်တွေဆို တသမတ်တည်း ဒီအချိန်မှာပဲထ၊ မြင်နေကျဒီမျက်နှာတွေပဲ ပါမယ့် ဒီရထားကိုပဲစီး၊ ဒီအလုပ်တွေကိုပဲ ပြန်လုပ်၊ နောက်တစ်ရက်ကျတော့လည်း အရင်နေ့က လုပ်ခဲ့တာတွေကိုပဲ အစက ပြန်လုပ်၊ အဲ့လိုနဲ့ ပိတ်ရက်နည်းနည်းလေးမှာ ကမ်းခြေသွားတယ်ဆိုပါစို့၊ ရထားပေါ်မှာ တွေ့နေကျ မျက်နှာတွေကိုပဲ ဒီကမ်းခြေမှာ ပြန်စုပြီးတွေ့နေရ။ နေ့စဉ်ဘဝကိုယ်၌ကိုက အဖန်တလဲလဲသံသရာ…။ ဇာတ်ကားအဖွင့်မှာ ကိန်းတွေဂဏန်းတွေနဲ့ အလုပ်များနေကြတဲ့ ဘဏ်ဝန်ထမ်းတွေကို တွေ့ရမှာပါ။ ဘဏ်ရဲ့နိစ္စဓူဝပြဿနာတွေ အရှုပ်အရှင်းတွေနဲ့ မဆိုစလောက်နားချိန်လေးကို လုပြီး ဆေးလိပ်ထွက်သောက်နေရတဲ့ ဝန်ထမ်းတွေ။ ဒီထဲကမှ မိုရန်ဆိုတဲ့ ငွေထိန်းဖြစ်သူကတော့ ကိုယ်တွေရဲ့ ဇာတ်လိုက်ထဲက တစ်ယောက်ပေါ့။ အဲဒီညနေမှာတော့ သူဟာ တစ်သက်စာ အလုပ်မလုပ်ဘဲ နေနိုင်မယ့် ငွေပမာဏကို ဘဏ်က အလစ်သုတ်ခဲ့ပြီး လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းဖြစ်သူ ရိုမန်ဆီ အပေါင်းအပါညှိပါတော့တယ်။ မိုရန်ဟာ ကိုယ်တိုင်ဝန်ခံ၊ ထောင်ထဲမှာ သုံးနှစ်ခွဲသွားနေမှာဖြစ်ပြီး ရိုမန်ကတော့ ငွေကို ဝှက်ပေးထားရမှာပဲဖြစ်ပါတယ်။ မိုရန်ထောင်ကထွက်လာတဲ့နေ့မှာ ၂ယောက်သား တစ်ဝက်စီ ခွဲယူကြပြီး တစ်သက်လုံး အလုပ်လုပ်စရာမလိုတော့တဲ့ ဘဝကို နေထိုင်ဖို့က အိပ်မက်ပါ။ သူတို့အိပ်မက်လေး အမှန်တကယ်ဖြစ်မလား… အပြောလွယ်သလောက် ထောင်ကျရတာဟာရော ထင်သလောက်လွယ်ပါ့မလား… ငွေပမာဏကြီးကြီးကို ဝှက်ထားရသူအဖို့ကရော pressure ကို ခံနိုင်ပါ့မလား… သူတို့၂ဦးသား မတူညီတော့တဲ့ နေ့စဉ်ဘဝတွေထဲက မတူညီတော့တဲ့ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာပဲ ဆက်ကြည့်ရမှာပါ။ Comedy, Crime, Drama သုံးမျိုးပေါင်းကိုမှ တစ်ကားတည်းနဲ့ ၃နာရီကြာ အဝကြည့်ရမယ့် ရုပ်ရှင်စစ်စစ်ပဲဖြစ်ပါတယ်။ တကယ်တော့ ဒီရုပ်ရှင်မှာ အပိုင်း ၂ပိုင်းပါ,ပါတယ်။ ပထမတစ်ပိုင်းကတော့ ဘဏ်က ပိုက်ဆံအလစ်သုတ်တဲ့အပိုင်းဖြစ်ပေမဲ့ ဒုတိယအပိုင်းကတော့ သူတို့ ၂ယောက်လုံးရဲ့ အပြောင်းအလဲအပိုင်းပဲဖြစ်ပါတယ်။ ပြောရရင် ဒီအပိုင်းက တော်တော်လေး စိတ်ချမ်းသာရတယ် ဆိုရမယ်။ ဒီအပိုင်းကို ဇာတ်လမ်း Spoil သလိုဖြစ်မှာစိုးလို့ ပြောပြလို့ မရပေမဲ့ အာဂျင်တီးနားရဲ့ ကျေးလက်အလှတွေ ရှုခင်းတွေကို မဟူရာဆံပင်၊ မျက်လုံးရွှင်ရွှင်နဲ့ အတော်လှတဲ့ မိန်းကလေးတစ်ယောက်နဲ့အတူ တွေ့ရမယ်ဆိုတာလောက်တော့ ပြောပြထားချင်ပါတယ်။ ဒီရုပ်ရှင်မှာ ထူးခြားတဲ့ နောက်တစ်ခုကတော့ သရုပ်ဆောင်တစ်ယောက်ဟာ ဇာတ်ကောင် ၂ယောက်နေရာကနေ သရုပ်ဆောင်သွားပါတယ်။ သတိမထားမိလိုက်ရင်တော့ သိလိုက်မှာ မဟုတ်ပေမဲ့ အကယ်၍ သတိထားမိလိုက်မယ်ဆိုရင်တော့ သူ အဲဒီလို ဇာတ်ကောင် ၂ခု သရုပ်ဆောင်သွားတာကိုက ဇာတ်လမ်းအတွက် အဓိပ္ပာယ်တစ်ခုရှိနေတာမို့ ဒီအညွှန်းဖတ်ပြီးမှ ကြည့်တယ်ဆိုရင်တော့ သတိလေးထားပြီး ကြည့်ပေးစေချင်ပါတယ်။ အချုပ်ပြောရမယ်ဆိုရင်တော့ The Delinquents ဟာ တမူထူးခြားတဲ့ နည်းနဲ့ အတော်လေး ဖမ်းစားနိုင်တဲ့ ရုပ်ရှင်တစ်ကားလို့သာပဲ ပြောလိုက်ချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)...

I Succumbed To The Excessive Temptation Of My Teacher’s Wife – Suzu Matsuoka (KBI-095 – Decensored) ⭐- 🎬 #Adult 🗓 - 🎞 tv movie 🌎 #Japan ⏰ 3 နာရီ 1 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Suzu Matsuoka ဆိုတဲ့ မင်းသမီးလေးကတော့ ခန္ဓာကိုယ်တောင့်တောင့်ဖြောင့်ဖြောင့် ဒေါင်ကောင်းကောင်းနဲ့ မောင်လေးတွေကို အလိုလိုက်တတ်တဲ့ ဆိုက်နဲ့ဂိုက်နဲ့ မင်းသမီးလေးပါ။ ခန္ဓာကိုယ်လှလို့ ရုပ်ရည်လေးကြည့်လိုက်တော့လည်း သာမန် မင်းသမီးတွေတောင် လည်ပြန်ငေးရမဲ့ အနေအထားလေးဆိုတော့ ညိုကီတို့ အကြိုက်လေးပေါ့ဗျာ….. ဒီ KBI-095 ဆိုတဲ့ ကားလေးထဲမှာတော့ ဒီလိုပြီးပြည့်စုံတဲ့ မင်းသမီးလေးရဲ့ အပြုအစုအယုအယတွေအပြင် အားပေးနည်းအသစ်လေးကိုပါ ရှုမြင်ကြရမှာပါ…..ဇာတ်လမ်းလေးကတော့ ပန်းချီဆွဲတဲ့အလုပ်ကို လိုက်လျော့ဖို့ဆုံးဖြတ်ပြီး ဆရာဖြစ်သူဆီ လာပြောရာကနေ ဆရာကတော်က အောင်းနေတဲ့ ပန်းချီပါရမီလေးကို အားပေးဖွင့်ချပေးလိုက်တဲ့ ကားလေးပါပဲ။ ညိုကီတို့လည်း အားငယ်စိတ်လျှော့နေချိန်ဆို အားတက်သွားအောင် ချက်ချင်းသာကြည့်လိုက်ပါတော့လို့………. (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။...

Our Season (2023) ⭐IMDB: 5.6/10 (9 Votes) 🎬 #Drama #Fantasy #Family 🗓 2023 🎞 movie 🌎 #Korea #SouthKorea ⏰ 1 နာရီ 46 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Our Season(2023) ***************** ဒီကားက ပိုစ်စတာကလည်းဆွဲဆောင်မှုမရှိ…ခပ်မိုက်မိုက်မင်းသားတွေလည်းမပါ… မင်းသမီးကြီးတွေဖြစ်တဲ့Kim Hae Sook ,Shin Min Ahwတို့ပါတယ်ဆိုသော်ငြားလည်း ကောင်းပါ့မလားလို့ ကျွန်တော့်လိုတွေးမိကြမယ်သူတွေများမယ်ထင်တယ်… သို့သော်ဒီကားက ၂၀၂၃ရဲ့ အကောင်းဆုံးသော ကွီးယားကားတွေထဲကို ထည့်ကိုထည့်ရမယ်ထင်တယ်… ဘတ်ဘို့ဂျာဆိုတဲ့အသက် ၆၀ ဝန်းကျင်အမျိုးသမီကြီးဟာ နှလုံးရောဂါနဲ့ရုတ်တရက်ဆုံးပါးသွားတယ်.. သေလွန်ပြီးလို့ ဝိဉာဉ်ဘဝနဲ့ ရှိနေချိန် သေမင်းကနေ သူ့ကို အားလပ်ရက်အဖြစ် အချိန်(၃)ရက်ပေးပါတယ်.. ပြောရရင် တခြားဘဝတစ်ခုကိုမကူးခင် နောက်ဆုံးဆန္ဒအနေနဲ့ ၃ ရက်မှာ လုပ်ချင်တာလုပ်ပါစေဆိုတဲ့ သဘောပေါ့…ဘတ်ဘို့ဂျာဆိုတဲ့အမျိုးသမီးကြီးကတော့ သူမရဲ့  သမီးဖြစ်သူ အနားမှာနေရင်း အချိန်ကုန်ဆုံးမယ်လို့ဆုံးဖြတ်လိုက်ပါတယ်… ဒီလိုနဲ့ သမီးဖြစ်သူရှိတဲ့နေရာကို ရောက်သွားခဲ့တဲ့အချိန်မှာတော့… အားလုံးကိုပြောချင်တာကတော့ ဒီကားလေးကို ကြည့်ဖို့အချိန်မပေးနိုင်ရင်တောင် လောဆယ်ဒေါင်းသိမ်းထားကြပါ..အားလပ်တဲ့အချိန်လေးမှာ လူတိုင်းကြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်...

No Time for Nuts (2006) ⭐TMDB: 72.0% User Score 🎬 #Action #Adventure #Animation #Short #Comedy #Family #SciFi #ScienceFiction 🗓 2006 🎞 video movie 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 07 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ice age movie တွေထဲ အမြဲပါတက်တဲ့ ရှဉ့်ကလေးScrat ရဲ့ Short Animation Film လေးကို CM Fan တွေ အတွက် တင်ပေးလိုက်ပါတယ် အေးချမ်းလှတဲ့ December လလေးမှာ ပျော်ရွှင်အေးချမ်းကြပါစေ...

Ice Age: A Mammoth Christmas (2011) ⭐IMDB: 6.4/10 (11 k Votes) 🎬 #Action #Adventure #Animation #Family #TVMovie #Comedy #Fantasy 🗓 2011 🎞 tv movie 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 22 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်း​လေးက Ice ageရဲ့ခရစ္စမတ်အထူး ဇာတ်လမ်းတို​လေးဖြစ်ပြီး ၂၀၁၁ခုနှစ်က ထွက်ရှိခဲ့တာပါ။ Ice Age 3 ပြီးတဲ့ကာလကိုဇာတ်အိမ်တည်ထားတာ ဖြစ်ပြီး မန်နီနဲ့ အယ်လီတို့ရဲ့သမီး ပိချက်စ်စတင်ပါဝင်လာတဲ့ ဇာတ်လမ်း​လေးပါ။ ခရစ္စမတ်အတွက် မန်နီတို့တ​တွေ ပြင်ဆင်​နေကြချိန် ထုံးစံအတိုင်းဆစ်ဒ်​ကြောင့် ပြင်ဆင်ထားတာ​တွေ အကုန်ပျက်စီးသွားလို့ မန်နီက​ဒေါသထွက်ပြီး ဆန်တာက​​လော့စ်ရဲ့ ခရစ္စမတ် လူဆိုးစာရင်းထဲမှာဆစ်ဒ်ပါသွားပြီဖြစ်​ကြောင်း ​ခြောက်လိုက်တာကို ဆစ်ဒ်ကတကယ်ထင်မှတ်ပြီး ​မြောက်ဝင်ရိုးစွန်းအထိသွားကာ ဆန်တာက​လော့စ်ကိုရှာဖို့ လုပ်ပါ​တော့တယ်။ သူနဲ့အတူတူ ပိချက်စ်​အပြင် အက်ဒီနဲ့ ခရက်ပါ ပါသွားတာ​ကြောင့်မလွဲရရင် မ​နေနိုင်တဲ့ ဆစ်ဒ်ကို​ကြောက်တဲ့ မန်နီတို့တ​တွေပါ သူတို့​လေး​ယောက်ကို လိုက်ရှာရပါ​တယ်။ ​သူတို့ရဲ့ ဆန်တာရှာပုံ​တော်မှာဘယ်လိုအလွဲ​တွေ ဖြစ်ဦးမလဲဆိုတာ မိသားစုနဲ့အတူ ဒီပိတ်ရက်မှာအပန်း​ဖြေကြည့်ရှုနိုင်ဖို့ တင်ဆက်​ပေးလိုက်ပါတယ်။...

Ice Age (2002) ⭐TMDB: 74.0% User Score 🎬 #Adventure #Animation #Comedy #Family 🗓 2002 🎞 movie 🌎 #UnitedStates #France #Canada #UnitedStatesofAmerica ⏰ 1 နာရီ 21 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီကားဟာ Ice Age franchiseရဲ့ ပထမဆုံးဇာတ်ကား ဖြစ်သလို ကျွန်​တော်တို့ ချစ်ရတဲ့ ဇာတ်​ကောင်​တွေကို ပထမဆုံး မြင်ဖူးခဲ့တဲ့ Animationလည်း ဖြစ်ပါတယ်။ မန်နီ၊ ဒီ​ယေဂို၊ ဆစ်ဒ​နေ ​ဘော်ဒါ သုံး​​ယောက်ဟာ အဖွဲ့မဖြစ်သေးပါဘူး။ သူတို့ကိုဆုံ​စေခဲ့တဲ့ အဓိကအ​ကြောင်းရင်းက​တော့ က​လေးတစ်​ယောက်ပါပဲ။ ဒီ​ယေဂိုရဲ့ ကျားအုပ်က လူ​သားတွေကို တိုက်ခိုက်ရင်း ထွက်​ပြေး လွတ်​မြောက်လာတဲ့ မိခင်တစ်​ယောက်နဲ့ က​​လေးတစ်​ယောက်က ဆစ်ဒ် မန်နီတို့နဲ့ တိုက်တိုက်ဆိုင်ဆိုင်တွေ့ခဲ့ပြီး မိခင်ဆုံးပြီး​နောက် ကျန်ခဲ့တဲ့ လူမမယ်က​လေး​​လေးကို သူ့ဖခင်လူသား​တွေဆီ ပြန်ပို့ ​ပေးဖို့က မန်နီတို့ရဲ့တာဝန် ဖြစ်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဒီ​ယေဂိုရဲ့ခေါင်း​ဆောင်ကျားက အဲဒီက​လေးကို အရှင်လတ်လတ် ပြန်ဖမ်း​ခေါ်လာဖို့ အမိန့်​ပေးထားလို့ ဒီ​ယေဂိုအ​နေနဲ့ မန်နီနဲ့ ဆစ်ဒနီ ၂​​ကောင်ကြား ဝင်​ရောဖို့ ကြိုးစားရင်း အလွဲလွဲအ​ချော်​ချော်​​တွေ၊ ပဋိပက္ခ​တွေ ​ပေါင်းစုံနဲ့ ဗရုတ်သုက်ခအဖွဲ့ကြီးရဲ့ မဟာစွန့်စားခန်း စတင်ခဲ့ပါ​တော့တယ်။...

Ice Age: The Meltdown (2006) ⭐TMDB: 67.0% User Score 🎬 #Adventure #Animation #Comedy #Family 🗓 2006 🎞 movie 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက Ice age franchiseရဲ့ ဒုတိယဇာတ်ကား ဖြစ်ပြီး၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်ကားက ဆင်ကြီးမန်နီရဲ့emotional damageကို အဓိကဦးတည်ထားတာပဲ ဖြစ်ပါတယ်၊အ​မွေးရှည် မန်းမွန့်ဆင်မျိုးစိတ်ထဲမှာ သူသာကျန်ခဲ့​တော့တယ်လို့ယုံကြည်ထားတဲ့ ဆင်ကြီးမန်နီဟာ အထီးကျန်​ဝေဒနာကို ခံစားခဲ့ရသလို သူငယ်ချင်း​တွေဖြစ်တဲ့ ဒီ​ယေဂိုနဲ့ ဆစ်ဒ်တို့ဟာလည်း သူ့ကိုမ​ဖျောင်းဖြနိုင်ခဲ့ပါဘူး။ အဲဒီအချိန်မှာ မန်နီ့ဘဝရဲ့ကံ​ကောင်းမှုအဖြစ် အယ်လီဆိုတဲ့မျိုးတူဆင်မ​လေးတစ်​ကောင်ဟာ သူ့ဘဝထဲကို ​ဆိုက်ဆိုက်မြိုက်မြိုက်ပဲ​ရောက်လာခဲ့ပါတယ်။ ဖြစ်ချင်​တော့ အယ်လီက ငယ်ဘဝမှာထဲကမိဘ​တွေနဲ့ သင်းကွဲပြီး ကြွက်​မိသားစုရဲ့ ပျိုး​ထောင်မှု​​ကို ခံခဲ့ရလို့သူ့ကိုယ်သူ ကြွက်လို့ထင်​​နေတာပဲ ဖြစ်ပြီး အက်ဒီနဲ့ ခရက်ရှ်ဆိုတဲ့​မောင်နှစ်​ယောက်ပါ ရှိ​နေပါ​သေးတယ်။ ဒါ​ကြောင့် ဆင်ကြီးမန်နီအ​နေနဲ့ အယ်လီကို လူပျိုမလှည့်ခင် သူ့ရဲ့ဘဝမှန်ကို အရင်သိ​အောင် ​​ရှင်းပြရသလို သူ့​မောင်နှစ်​ကောင်ကိုစည်းရုံး​ရေးဆင်းရင်း ကြုံရမယ့်အလွဲ​​အမှားတွေကို ဟာသ​နှောပြီးရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။...

Ice Age: Dawn of the Dinosaurs (2009) ⭐IMDB: 6.9/10 (260 k Votes) 🎬 #Action #Adventure #Animation #Comedy #Family 🗓 2009 🎞 movie 🌎 #UnitedStates #UnitedKingdom #Canada #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက Ice age franchiseရဲ့ တတိယဇာတ်ကား ဖြစ်ပြီး၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီကားရဲ့အဓိကဇာတ်​ဆောင်ကအချစ်​တော် ဆ​လော့တ် ဆစ်ဒနီပဲဖြစ်ပါတယ်။ ကမ္ဘာဦး​ရေခဲ​ခေတ်မှာ သူတို့မသိထားတဲ့ ​မြေ​အောက်ကမ္ဘာတစ်ခု ရှိ​နေခဲ့ပြီး တစ်​နေ့မှာအဲဒီကမ္ဘာကို သွားတဲ့ဝင်​ပေါက်တစ်ခုကို ဆစ်ဒ်က ကံ​အား​လျော်စွာရှာ​တွေ့သွားခဲ့ပါတယ်။ မိသားစုရဲ့စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ဆစ်ဒ်ဟာသူငယ်ချင်း မန်နီရဲ့မိသားစုဘဝကို အားကျ​တာ​ကြောင့် ကိုယ်ပိုင်မိသားစုတစ်ခုကို လိုချင်​နေခဲ့တာပါ။ ဒါ​ကြောင့် မြေ​အောက်ကမ္ဘာမှာ​ ​တွေ့ခဲ့တဲ့ဥသုံးလုံးကို ဘူမသိကိုးမသိ ​မြေ​ပေါ်ကမ္ဘာကိုယူလာပြီးသူ့က​လေး​တွေလို ​ပျိုး​ထောင်ဖို့ လုပ်ခဲ့ပါတယ်။ ဖြစ်ချင်​တော့ အဲဒီဥ​တွေဟာ ဒိုင်နို​ဆောဥ​တွေဖြစ်​နေပြီး မိခင်ရင်းဖြစ်သူ ဒိုင်နို​ဆောမကြီးက ​မြေ​ပေါ်အထိ တက်လာပြီး သူ့က​လေး​​တွေကို ပြန်လာ​ခေါ်ရင်း ဥ​တွေကိုယူသွားတဲ့ ဆစ်ဒ်ကိုပါ ဖမ်းသွားလို့ မန်နီ ဒီ​ယေဂိုနဲ့ ကိုယ်ဝန်အရင့်အမာကြီး ဖြစ်​နေတဲ့ အယ်လီတို့တစ်သိုက်ခမျာ သူတို့မကျွမ်းဝင်တဲ့ ​မြေ​အောက် ဒိုင်နို​ဆောကမ္ဘာအထိလိုက်ပြီး ဆစ်ဒ်ကိုကယ်ဖို့ ကြိုးစားရပါ​တော့တယ်။...

Ice Age: Continental Drift (2012) ⭐IMDB: 6.5/10 (221 k Votes) 🎬 #Action #Adventure #Animation #Comedy #Family 🗓 2012 🎞 movie 🌎 #UnitedStates #UnitedKingdom #Canada #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက Ice age franchiseရဲ့ စတုတ္ထဇာတ်ကား ဖြစ်ပြီး၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းကြီးတစ်ခုလုံးမှာအစကတည်းက ပါဝင်ခဲ့တဲ့ ဝက်သစ်ချသီးကိုမှ အရူးအမူးစွဲလမ်း​နေတဲ့ ရှဉ့်​လေး​ကြောင့်ပဲ ဒီဇာတ်လမ်း မြစ်ဖျားခံလာခဲ့တယ်လို့​ပြောရမှာပါပဲ။ အမြဲတမ်း ကိုရီးယားကားလိုမျိုး တေ့လွဲလွဲ​နေတဲ့ဝက်သစ်ချသီးကို လိုက်ဖမ်းရင်း အဆိုပါရှဉ့်ဟာ ကမ္ဘာ့ဗဟိုချက်အူတိုင်ထဲကို ​ကျသွားပြီး သူ့ရဲ့ဂယက်​ကြောင့်ပဲ ကမ္ဘာဦး​ခေတ်ရဲ့ကုန်း​မြေ​တွေ တစ်စစီပြိုကွဲသွားကာ ယ​နေ့​ခေတ် တိုက်ကြီး၇ခုရဲ့ကနဦးဗားရှင်း​​တွေ ဖြစ်လာခဲ့ပါတယ်။ ဒီသက်​ရောက်မှုကို အဓိကခံခဲ့ရတာက ​ကမ္ဘာပေါ်က တိရစ္ဆာန်​တွေဖြစ်ပြီး ​မြေလွှာပြတ်​ရွေ့မှု​တွေ​ကြောင့် ​​နေရပ်​ဌာနတွေ ပျက်စီးကာမိသားစုပြိုကွဲမှု​တွေ ကြုံခဲ့ရပါတယ်။ အဲဒီထဲမှာ ဇာတ်လိုက်​ကျော်မန်နီတို့ မိသားစုလည်း ပါဝင်ခဲ့ပြီး ဇနီးအယ်လီ၊သမီးပိချက်စ်တို့ရဲ့အ​ဝေးကိုရောက်သွားခဲ့တာ​ကြောင့် မိသားစုဆီပြန်ဖို့ မန်နီတို့အဖွဲ့ရဲ့ကြိုးစားအားထုတ်မှု​တွေ၊ ခရီးမှာကြုံရတဲ့ ဓါးပြ​အဖွဲ့ရဲ့ အန္တရာယ်​တွေကို ​ကျော်ဖြတ်ဖို့ကြိုးစားမှု​တွေကို မြင်​တွေ့ရမှာပါ။ ဒီကားမှာcharacter အသစ်​တွေအဖြစ် ဒီ​ယေဂိုရဲ့ချစ်သူဖြစ်လာမယ့် ရှီရာဆိုတဲ့ ကျားမ​လေးနဲ့ ဆစ်ဒနီရဲ့ အဘွားဖြစ်သူပါ ပါလာတာ​ကြောင့်အလွဲအ​ချော်​တွေ၊ဟာသ​တွေနဲ့ Ice age​တွေရဲ့အရသာ မပျက်တဲ့Animationဇာတ်ကား​ကောင်းပဲ ဖြစ်ပါတယ်။...

Ice Age: Collision Course (2016) ⭐IMDB: 5.7/10 (73 k Votes) 🎬 #Action #Adventure #Animation #Family #Comedy #SciFi 🗓 2016 🎞 movie 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက Ice age franchiseရဲ့ ပဥ္ဇမဇာတ်ကား ဖြစ်သလို​နောက်ဆုံးဇာတ်ကားလည်း ဖြစ်ပြီး ၂၀၁၆နှစ်မှာ ထွက်ခဲ့ပါတယ်။ဒီဇာတ်ကားရဲ့ အဓိကလက်သည်ကလည်း ထုံးစံအတိုင်း ရှဉ့်​​လေးဖြစ်ခဲ့ပြီး ဝက်သစ်ချသီးကို လိုက်ဖမ်းရင်း ပန်းကန်ပြားပျံတစ်စင်း​တွေ့ကာ အာကာသထဲ​ရောက်သွားရမှတဆင့် ဒီဇာတ်လမ်း စခဲ့ပါတယ်။ သူ့ရဲ့ဂယက်​တွေ​ကြောင့်ပဲ ကမ္ဘာ​ပေါ်ကို ဥက္ကာခဲကြီးတစ်ခုပြုတ်ကျလာပြီး အဲဒီဥက္ကာခဲက​နေတဆင့် ​​နောက်ထပ်ဥက္ကာခဲ​​တွေတစ်လုံးပြီး တစ်လုံး ဆင့်ကျလာရင်း ကမ္ဘာပျက်မယ့်အ​ရေးအထိကြုံလာရပါ​တော့တယ်။ ဒါ​ကြောင့် မန်နီ ဆစ် ဒီ​ယေဂိုတို့ သူငယ်ချင်း​တွေနဲ့ မိသားစုဝင်​တွေIce Age 3မှာ ပါဝင်ခဲ့တဲ့ ဘက်ခ်တို့ပါ ပြန်လည်ပါဝင်လာပြီး ကမ္ဘာပျက်မယ့်အ​ရေးကို ကာကွယ်ဖို့ ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်းမန်နီရဲ့သမီး​လေးပိချက်စ်မှာ ချစ်ရတဲ့သူရှိလာပြီး တစ်အိုးတစ်အိမ်​ထူ​ထောင်ဖို့ ကြိုးစားလာတာ​ကြောင့် သမီးကို တုန်​နေ​အောင်ချစ်တဲ့ဆင်ကြီးမန်နီခမျာ သမီးကိုလက်မလွှတ်နိုင်၊ နှ​မြောလည်းနှ​မြောပြီးသမီးဖြစ်သူရဲ့ ချစ်သူ သမက်​လောင်းကို ဘုကလန့်တိုက်ပုံ​တွေကအ​တော်​လေးရယ်ရပါတယ်။ ငယ်စဉ်ကတည်းက ကြည့်လာခဲ့ရတဲ့Ice ageဆိုတဲ့အရသာကို sequel​တွေရဲ့ထုံးစံအတိုင်း အပြည့်အဝမရနိုင်​ပေမဲ့ franchiseကြီးတစ်ခုလုံးကို အ​ကောင်းဆုံး ပိတ်သိမ်း​ပေးနိုင်ခဲ့တဲ့၊ ကျွန်​တော်တို့ချစ်ခဲ့ရတဲ့ ဇာတ်​ကောင်​တွေကို မိသားစုကိုယ်စီနဲ့ နှုတ်ဆက်နိုင်ခဲ့တဲ့ ဇာတ်လမ်း​ကောင်း ဖြစ်ခဲ့ပါတယ်။...

The Ice Age Adventures of Buck Wild (2022) ⭐IMDB: 4.3/10 (16 k Votes) 🎬 #Adventure #Animation #Comedy #Family 🗓 2022 🎞 movie 🌎 #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 21 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ice Age : Adventure of Buck Wild (2022) IMDb – 6.9/10 ကဲ အိုက်စ်အေ့ဂျ် ကာတွန်းကား အသစ်လေး လာပါပြီ။ ဒီတစ်ခေါက်အဓိက စွန့်စားခန်းဖွင့်မှာကတော့မမ်မို့ဆင်မလေး အယ်လီရဲ့ မောင်နှမဖြစ်တဲ့ ပေါ့ဆမ်နှစ်ကောင် ခရက်ရှ် နဲ့ အက်ဒီတို့ပါပဲ။ ခရက်ရှ်နဲ့အက်ဒီဟာ သူတို့ကို အမြဲစိုးရိမ်ပြီး ချုပ်ချယ်နေတဲ့ အယ်လီတို့ဆီကနေ ခိုးထွက်လာပြီးမြေအောက်ကမ္ဘာမှာနေတဲ့ ဘက်ခ် ဆီကို သွားလည်ခဲ့ပါတယ်။အဲဒီအချိန်မှာပဲ ဒိုင်နိုအော်ဆန်က ရက်ပ်တာတွေကို ခေါ်လာပြီးပျောက်ဆုံးနေတဲ့ကမ္ဘာကို သိမ်းပိုက်ဖို့ ကြိုးစားလာတဲ့အခါတလွဲတချော် စွန့်စားခန်းအသစ်တွေ စတင်ပါတော့တယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။...