ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Suro (2022)
⭐IMDB: 6.5/10 (520 Votes)
🎬 #Drama #Thriller
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Spain
⏰ 1 နာရီ 58 မိနစ် 29 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Suro (2022)=========IMDb Rating – 6.5/10
ဒီSpain ဇာတ်လမ်းကို ဒါရိုက်တာ Mikel Gurrea ရိုက်ကူးထားပြီး rating 6.5 ရထားတာပါ။ Helenaနဲ့ Ivanဆိုတဲ့ ညားခါစ လင်မယားနှစ်ယောက် ဖော့ဆို့ပင်သစ်တောရှိတဲ့ နယ်ဘက်က အိမ်တစ်အိမ်ကို ပြောင်းလာကြတယ်။ အဲ့အိမ်က ဆုံးသွားတဲ့Helena ရဲ့ အဒေါ်ပိုင်အိမ်ပါ။
Helena တို့လင်မယားနှစ်ယောက် အဲ့မြို့ကိုပြောင်းလာတော့မြို့ခံလူတွေက နွေရာသီမိုးခေါင်တဲ့အတွက် မီးဘေးအန္တရာယ်ကိုကာကွယ်ဖို့ ပြောနေကြတယ်။ ဒါပေမဲ့ Helenaတို့ကတော့ သူတို့ကလေးလေးမမွေးခင် ဖော့ဆို့ပင်တွေ အခေါက်ခွာပြီး ချမ်းသာဖို့ကိုပဲ အာရုံစိုက်နေကြတယ်။ အဲ့နောက်ပိုင်း ဖော့ဆို့ပင်အကြောင်းဘာမှမသိတဲ့ Ivanနဲ့ Helenaတို့ အလုပ်သမားတွေငှားပြီး စုပေါင်းအလုပ်လုပ်ကြတော့ ဘယ်လိုပြဿနာတွေဖြစ်မလဲဆိုတာတော့ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ညားခါစလင်မယားအချင်းချင်း အမြင်မတူလို့ရန်ဖြစ်တာတွေ၊ ဖော့ဆို့အခေါက်ခွာတဲ့လုပ်နည်းတွေ၊ ပိုက်ဆံရဖို့ ခေါင်းဘယ်လောက်တောင် အခြောက်ခံလိုက်ရလဲဆိုတာတွေကို Mystery ဆန်ဆန် ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)
Kabzaa (2023)
⭐IMDB: 7.0/10 (14 k Votes)
🎬 #Action #Bollywood #Crime #Drama #History
🗓️ 2023 🎞️ Movie 📺 720p
🌎 #India
⏰ 2 နာရီ 7 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Kabzaa (2023)IMDb 7.2
ဒီကားကတော့ အိန္ဒိယသမိုင်းအကြောင်းတွင်တွင်ကျယ်ကျယ်ရိုက်ပြထားတယ်ဆိုရမှာဖြစ်ပြီးရုံတင်ကားတကားဆိုလဲ မမှားပါဘူး Cast တွေအနေနဲ့ မင်းသမီးချောလေး Shriya Saran က တော်ဝင်မင်းသမီးအဖြစ် ယင်ကောင်၂ဘဝကလဲ့စားကားထဲကဗီလိန် Kiccha Sudeep ကလည်းအပိုအလိုမရှိသရုပ်ဆောင်ထားပြန်ပါတယ်
လူမိုက်တစ်ယောက်ကိုဖမ်းလိုက်မိလို့ ရဲစခန်းတစ်ခုလုံးကိုမီးလောင်တိုက်သွင်းလိုက်တဲ့ဂိုဏ်းစတားတွေထကြွမှုကြောင့်ဒီလူမိုက်တွေကိုရှင်းပစ်ဖို့ ဘာဟ်ဂတ်ဘတ်ခ်ရှီကို အထက်ကတာဝန်ပေးခဲ့ပါတယ် မရေတွက်နိုင်တဲ့ တိုက်ပွဲတွေကိုအောင်နိုင်ခဲ့ပြီး နိုင်ငံတော်အလံကလွဲရင် ဘယ်သူ့ကိုမှဦးမညွတ်ဖူးတဲ့သူ ဒီလူဖြတ်ကျော်ခဲ့ရတဲ့သမိုင်းကလည်းနည်းနည်းနောနောမဟုတ် ..
၁၉၄၂ကနေ ၁၉၈၆အထိ သူဖြတ်သန်းခဲ့ရတဲ့အိန္ဒိယသမိုင်းမှာ သူကရာထူးကြီးလူတစ်ယောက် ဒီလိုလူက သောင်းကျန်းနေတဲ့လူမိုက်တွေမြို့ကိုရောက်ချလာပြီး လူမိုက်တွေအကုန်စုစေခဲ့တယ် ပြီးတော့ သူ့အာဏာကိုပြဖို့အတွက် သူတွေ့ကြုံခဲ့ရတဲ့ အိန္ဒိယလွတ်လပ်ရေးမရခင်ကစအခုချိန်အထိ နောက်ကြောင်းပြန်ပြကွက်မျိုးနဲ့ ပြောပြပေးသွားမှာပဲဖြစ်ပါတယ် ကဲ သူကြုံတွေ့ခဲ့ရတဲ့ အိန္ဒိယသမိုင်းကိုလိုက်ပါရှုစားလိုက်ပါဦး
World War III (2022)
⭐IMDB: 7.0/10 (864 Votes)
🎬 #Adventure #Crime #Drama #War
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #Iran
⏰ 1 နာရီ 47 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
World War III (2022)
~ IMDb – 7/10, Rotten Tomatoes – 100% ~
အီရန်က အော်စကာအတွက် ဝင်ပြိုင်ဖို့ရွေးခဲ့တဲ့ အီရန်ကားပါပဲ။ ဆန်ခါတင်ထဲတော့ မဝင်သွားပေမဲ့ ခရမ်းချဉ်သီး ၁၀၀ ရာခိုင်နှုန်းရထားတဲ့ ကားကောင်းလို့တော့ ပြောလို့ရပါတယ်။ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာတော့ ဆုရခဲ့ပါတယ်။ အီရန်ရုပ်ရှင်ကိုမှ Drama Thriller အမျိုးအစားမို့ ရင်တမမနဲ့ ကြည့်ရမယ့် ရုပ်ရှင်ဆိုလည်း မမှားပါဘူး။
ဇာတ်က ဒီလိုပါ။ လူတစ်ယောက်ရှိတယ်။ စာလည်းမတတ်ဘူး။ မိသားစုတွေကလည်း ငလျင်ကာလမှာ သေသွားလို့ ဘဝကို ထီးတည်းရှင်သန်နေတဲ့လူပေါ့။ အိမ်ရယ်လည်းမရှိဘူး။ သူငယ်ချင်းဆီ ကပ်နေနေရင်း တစ်နေ့ ရုပ်ရှင်ရိုက်ကွင်းတစ်ခုမှာ ဆက်တင်ပြင်တဲ့ဆီ အလုပ်သွားလုပ်ဖို့ အကြောင်းဖန်လာတယ်။ အဲဒီကားက ဒုတိယကမ္ဘာစစ်အကြောင်းရိုက်တာ။ ဟစ်တလာနေရာက သရုပ်ဆောင်တဲ့ သရုပ်ဆောင်က နှလုံးဖောက်ပြီး ဆေးရုံရောက်သွားရော။ ဒီတော့ ရိုက်ကွင်းအလုပ်သမားတွေထဲကပဲ အော်ဒီးရှင်းဝင်ခိုင်းပြီး လူရွေးတယ်။ ဒီမှာ ခုနလူက ဟစ်တလာနေရာက သရုပ်ဆောင်ရမယ့် မင်းသားဖြစ်လာရော။ ဘာမှမရှိတဲ့ဘဝကနေ အခွင့်အလမ်းလေးတစ်ခုပေါ်လာတယ်ပေါ့။ အဲဒီအခွင့်အလမ်းနောက်မှာ ဘယ်လိုနတ်ဆိုးတွေ စောင့်စားနေမလဲ ရင်တမမနဲ့ ဆက်ကြည့်ရမယ့်ရုပ်ရှင်ပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)

🗓️ 2023 🎞️ Movie 📺 1080p

Dream Home (2010)
⭐IMDB: 6.6/10 (6 k Votes)
🎬 #Adult #Asian #Crime #Drama #Horror
🗓️ 2010 🎞️ Movie 📺 1080p
🌎 #HongKong
⏰ 1 နာရီ 36 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ငယ်ငယ်ကတည်းက အစွဲအလန်းကြီးလွန်းတဲ့မိန်းကလေးတစ်ယောက်ရဲ့ အကြောင်းကို သဘာဝကျကျလေးရိုက်ကူးထားတဲ့ ဟောင်ကောင် (၁၈ +) လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ၁၈ + ဆိုတော့ သရေကျစရာလေးတွေလည်းပါမယ်၊ စိတ်လှုပ်ရှားစရာလေးတွေလည်းပါမယ်၊ သွေးသံရဲရဲတွေလည်း ပါပါမယ်။ ခံစားချက်စုံတာပေါ့နော်
အားရှန်းငယ်ငယ်က ပင်လယ်ဘေးနားက နှစ်ထပ်အိမ်လေးမှာနေခဲ့တာပါ။ ဒါပေမဲ့ နိုင်ငံရေးစီမံချက်တွေကြောင့် အိမ်ပြောင်းရတော့ သူငယ်ချင်းရှိခဲ့တဲ့အိမ်၊ သူ့အဘိုးသဘောကျတဲ့အိမ်လေးဖြစ်ခဲ့တာမို့ အသက်ကြီးလာရင် ပင်လယ်ဘေးက ဒီအိမ်မှာပဲပြန်နေမယ်လို့ ဆုတောင်းခဲ့သူပါ။
ပင်လယ်ကိုမျက်နှာမူတဲ့ sea view အခန်းကို အခုချိန်ပြန်ဝယ်ဖို့ဆိုတာ သာမာန်ဝန်ထမ်းအတွက် ဘယ်လိုမှမလွယ်ကူတဲ့စိတ်ကူးပါ။ ဒါပေမဲ့ စိတ်ကူးယဉ်အိမ်ကလေးဖြစ်တဲ့ တိုက်ခန်းကို ဝယ်ဖို့ ရရာအလုပ် အကုန်လုပ်ခဲ့ပါတယ်။ ပိုင်ရှင်နဲ့ဈေးညှိတဲ့အခါမှာတော့ “လူ ၁၁ ယောက် နှင့် ကိုယ်ဝန်ဆောင်သည် ၁ ယောက် အသတ်ခံရမှု”ဆိုတဲ့ သတင်းစာကိုကိုင်ပြီး ဘယ်လိုမျိုး ဈေးနှုန်းညှိနိုင်ခဲ့လဲဆိုတာတော့ ဆက်လက်ကြည့်ရအောင်ဗျာ….
Garis Waktu (2022)
⭐IMDB: 6.7/10 (74 Votes)
🎬 #Bollywood #Drama #Romance
🗓️ 2022 🎞️ Movie 📺 720p
🌎 #Indonesia
⏰ 1 နာရီ 42 မိနစ် 3 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Garis Waktu (2022)——————————-IMDb 6.7/10
အချစ်တွေသာစစ်ရင် ဘယ်လိုပဲ အခက်အခဲအတားအဆီးတွေနဲ့ အထင်လွဲမှုတွေကြုံလာကြုံလာ မဝေးကြစမြဲဆိုတာ ချစ်ဖူးသူတိုင်း သိကြမှာပါ…..ဒီတခါတင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကလဲ ဒီလိုပါပဲ…
ငယ်စဉ်ကတည်းက မိဘရဲ့အစီအမံတွေကြား ချုပ်ချယ်မှုတွေကြီးပြင်းခဲ့ရတဲ့ဧပရယ်…………
မိဘမဲ့ဘဝနဲ့ ပရဟိတစာသင်ကျောင်းမှာ ကြီးပြင်းလာပြီးဘဝကို ကိုယ့်စိတ်ကြိုက်အရောင်ခြယ် ပျော်ပျော်နေတတ်တဲ့အပျော်တမ်းအဆိုတော်လေး ဆီနမ်ဒီကာ….
ဘောင်တွေ အဆင့်အတန်းတွေ မတူညီတဲ့သူတိုနှစ်ဦးသားဟာတနေ့မှာတော့ လမ်းဘေးတနေရာမှာ အမှတ်မထင်ဆုံခဲ့ပြီးစွတ်ပျံ့ကြည်နူးဖွယ် ဝမ်းနည်းကြေကွဲဖွယ် ခံစားချက်တွေနဲ့ဇာတ်လမ်းလေးတပုဒ် ဖြစ်တည်လာခဲ့ပါတယ်…..
အစပိုင်း ကြည်နူးမှုတွေ အလယ်ပိုင်းရင်ခုန်စရာတွေအဆုံးပိုင်း ဝမ်းနည်းကြေကွဲမှု ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ပိတ်ရက်မှာ အနားယူအေးဆေးကြည့်လိုကောင်းမယ့် ဇာတ်လမ်းတပုဒ်ဖြစ်တာကြောင့်တင်ဆက်ပေးလိုက်ပါတယ်
Duel: Final Round (2016)
⭐IMDB: 5.5/10 (24 Votes)
🎬 #Action #Comedy
🗓️ 2016 🎞️ Movie 📺 1080p
🌎 #SouthKorea
⏰ 1 နာရီ 39 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါ CM Fan တွေ အတွက် ကိုရီးယား ဟာသ
အက်ရှင်ကားကောင်လေးတစ်ကား တင်ဆက်ပေးပါ့မယ်
ဖွန်းဟို ဆိုတဲ့ ဆယ်ကျော်သက် ကောင်လေးဟာ ကိုယ်ခံပညာကို
ကောင်းစွာ တက်မြောက်ထားပြီး အပိုမုန့်ဖိုးရှာတဲ့အနေဖြင့်
အွန်လိုင်းက တရားမဝင်ချယ်နယ်တွေကနေ ပြိုင်ဘက်ရှာပြီး
စိန်ခေါ် ထိုးလေ့ ရှိပါတယ်…
ဖွန်းဟို ရဲ့ အပျော်တမ်း စိန်ခေါ်ပွဲထက် ကြမ်းတဲ့ ထိုးသတ်ပွဲတွေလဲ
သပ်သပ်ထက်ရှိနေပါသေးတယ်
ထိုပွဲတွေကတော့ အနိုင်အရှုံး ဆိုတာထက် ပြိုင်ဘက်ကို သေဆုံးသည်အထိ
သို့မဟုတ် ဒုက္ခိတ ဖြစ်သွားသည် အထိ ထိုးသတ်တဲ့ ပြိုင်ပွဲတွေပါ
ထိုပြိုင်ပွဲတွေကနေ လူသေမှုတွေ ဖြစ်လာတဲ့အခါမှာတော့
ဖွန်းဟို ရဲ့ အကိုဖြစ်သူ ရဲအရာရှိမှ လိုက်လံ စုံစမ်းရင်း
ယုန်ထောင်ကြောင်မိ အပျော်တမ်း ထိုးပြီး မုန့်ဖိုးရှာတဲ့
ညီဖြစ်သူကိုသာ ဖမ်းမိသွားပါတော့တယ်….
အကိုရဲ့ ဆုံးမ ဒဏ်ပေးမှု အောက်မှာ ပြစ်မှု မှတ်တမ်းမဝင်ဖို့
ဖွန်းဟိုတစ်ယောက် သက်ကြီးရွယ်အိုတွေကို ပရဟိတ လိုက်ပြီး
ကူညီပေးရပါတော့တယ်…
တစ်ရက်မှာတော့ ဖွန်းဟိုရဲ့ အကို ရဲအရာရှိဟာ တရားမဝင်သတ်ကွင်း
တစ်ခုကို စုံစမ်းရင်းသေလုဆဲဆဲ အခြေအနေကို ရောက်ရှိလာခဲ့သော
အခါမှာတော့ ဖွန်းဟို တစ်ယောက် ဘယ်လို ဆက်လုပ်မလဲ ဆိုတာ
ကြည့်ရှုလိုက်ကြပါဦး….
Garis Waktu (2022)
⭐IMDB: 6.7/10 (74 Votes)
🎬 #Bollywood #Drama #Romance
🗓️ 2022 🎞️ Movie 📺 1080p
🌎 #Indonesia
⏰ 1 နာရီ 42 မိနစ် 3 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Garis Waktu (2022)——————————-IMDb 6.7/10
အချစ်တွေသာစစ်ရင် ဘယ်လိုပဲ အခက်အခဲအတားအဆီးတွေနဲ့ အထင်လွဲမှုတွေကြုံလာကြုံလာ မဝေးကြစမြဲဆိုတာ ချစ်ဖူးသူတိုင်း သိကြမှာပါ…..ဒီတခါတင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကလဲ ဒီလိုပါပဲ…
ငယ်စဉ်ကတည်းက မိဘရဲ့အစီအမံတွေကြား ချုပ်ချယ်မှုတွေကြီးပြင်းခဲ့ရတဲ့ဧပရယ်…………
မိဘမဲ့ဘဝနဲ့ ပရဟိတစာသင်ကျောင်းမှာ ကြီးပြင်းလာပြီးဘဝကို ကိုယ့်စိတ်ကြိုက်အရောင်ခြယ် ပျော်ပျော်နေတတ်တဲ့အပျော်တမ်းအဆိုတော်လေး ဆီနမ်ဒီကာ….
ဘောင်တွေ အဆင့်အတန်းတွေ မတူညီတဲ့သူတိုနှစ်ဦးသားဟာတနေ့မှာတော့ လမ်းဘေးတနေရာမှာ အမှတ်မထင်ဆုံခဲ့ပြီးစွတ်ပျံ့ကြည်နူးဖွယ် ဝမ်းနည်းကြေကွဲဖွယ် ခံစားချက်တွေနဲ့ဇာတ်လမ်းလေးတပုဒ် ဖြစ်တည်လာခဲ့ပါတယ်…..
အစပိုင်း ကြည်နူးမှုတွေ အလယ်ပိုင်းရင်ခုန်စရာတွေအဆုံးပိုင်း ဝမ်းနည်းကြေကွဲမှု ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ပိတ်ရက်မှာ အနားယူအေးဆေးကြည့်လိုကောင်းမယ့် ဇာတ်လမ်းတပုဒ်ဖြစ်တာကြောင့်တင်ဆက်ပေးလိုက်ပါတယ်
Your Honor (2020-2023)
⭐IMDB: 7.6/10 (59 k Votes)
🎬 #Drama #Crime #Thriller
🗓️ 2020-2023 🎞️ tv series 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 59 မိနစ် 26 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Your Honor Season 1 (2020)
ဒီလောကကြီးမှာ တရားမျှတမှုဆိုတဲ့ စကားလုံးနဲ့ လူတိုင်း မစိမ်းကြပါဘူးတရားမျှတမှု ဆိုတာနဲ့အတူ မတရားမှုဆိုတာလည်း ဒွန်တွဲရှိနေပါသေးတယ်ဒီလိုနဲ့ တရားမျှတမှုဘက်တော်သားတွေနဲ့ မတရားသူတွေဆိုတာလည်း အလိုလို ပေါ်လာတယ်ဒါပေမဲ့ တရားမျှတမှုဘက်တော်သားတိုင်း တကယ်တရားမျှတမှုရှိကြရဲ့လား ..လောကီရေးရာတွေ သံယောဇဉ်ဆိုတာတွေ ပါလာတဲ့အခါတရားမျှတမှုတစ်ခု ဖန်တီးပေးလိုက်ရင် ကိုယ်ချစ်တဲ့သူ တစ်ဦးတစ်ယောက်ထိခိုက်ရမယ်ဆိုရင် တရားမျှတမှုကို လိုချင်ပါဦးမလား …မိုက်ကယ်ဒက်စီယာတိုဆိုတာ တရားသူကြီးတစ်ဦးပါ .. သူဟာ လူတိုင်းကို စာနာတတ်သူဖြစ်လို့တရားခံအများစုကို အတတ်နိုင်ဆုံးအပြစ်လွတ်အောင် စီရင်ချက် ချတတ်ပါတယ် .. ဒီလိုလုပ်တတ်တဲ့ သူ့အကျင့်ကို ဥပဒေလောကသားတွေကတော့ သိပ်တော့ သဘောမတွေ့လှပါဘူးသူတို့ဖြစ်စေချင်တာက အပြစ်ရှိရင် အပြစ်ပေးရမယ် ညှာတာနေဖို့ မလိုဘူးပေါ့ .. ဒါပေမဲ့အထက်မှာပြောခဲ့သလို မိုက်ကယ်ကား မေတ္တာရှင်ကြီး …ဒီလိုနဲ့ တစ်နေ့မှာ မိုက်ကယ့်ရဲ့သားဖြစ်သူ အဒမ်ဟာ … လမ်းပေါ်မှာ လူတစ်ယောက်ကို ကားနဲ့တိုက်မိပြီး ထွက်ပြေးလာခဲ့ပါတယ် ..အစပိုင်းမှာတော့ မိုက်ကယ်ဟာ ဒီကိစ္စကို တရားဥပဒေအရ အတတ်နိုင်ဆုံး ဖြေရှင်းဖို့ ဆုံးဖြတ်ပြီး သားဖြစ်သူနဲ့ ရဲစခန်းကို သွားခဲ့ပါတယ်သို့ပေမဲ့ ရဲစခန်းရောက်တဲ့အခါ သိလိုက်ရတာက တစ်ဖက်က သေဆုံးသွားတဲ့ ကောင်လေးဟာမြို့ရဲ့ ဒိတ်ဒိတ်ကြဲ မျက်လုံးတစ်လုံးဆို မျက်လုံးတစ်လုံးပြန်ယူတတ်သူ လူဆိုးဂိုဏ်းချုပ်ကြီးရဲ့သားဖြစ်နေတဲ့အခါ… သားကို ကာကွယ်ဖို့အရေး တရားသူကြီးဖြစ်သူ မိုက်ကယ်ဒက်စီယာတိုဟာ မတရားမှုတွေကို ဖန်တီးရပါတော့တယ် …File size…(700 MB)/(380MB )
Duel: Final Round (2016)
⭐IMDB: 5.5/10 (24 Votes)
🎬 #Action #Comedy
🗓️ 2016 🎞️ Movie 📺 720p
🌎 #SouthKorea
⏰ 1 နာရီ 39 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါ CM Fan တွေ အတွက် ကိုရီးယား ဟာသ
အက်ရှင်ကားကောင်လေးတစ်ကား တင်ဆက်ပေးပါ့မယ်
ဖွန်းဟို ဆိုတဲ့ ဆယ်ကျော်သက် ကောင်လေးဟာ ကိုယ်ခံပညာကို
ကောင်းစွာ တက်မြောက်ထားပြီး အပိုမုန့်ဖိုးရှာတဲ့အနေဖြင့်
အွန်လိုင်းက တရားမဝင်ချယ်နယ်တွေကနေ ပြိုင်ဘက်ရှာပြီး
စိန်ခေါ် ထိုးလေ့ ရှိပါတယ်…
ဖွန်းဟို ရဲ့ အပျော်တမ်း စိန်ခေါ်ပွဲထက် ကြမ်းတဲ့ ထိုးသတ်ပွဲတွေလဲ
သပ်သပ်ထက်ရှိနေပါသေးတယ်
ထိုပွဲတွေကတော့ အနိုင်အရှုံး ဆိုတာထက် ပြိုင်ဘက်ကို သေဆုံးသည်အထိ
သို့မဟုတ် ဒုက္ခိတ ဖြစ်သွားသည် အထိ ထိုးသတ်တဲ့ ပြိုင်ပွဲတွေပါ
ထိုပြိုင်ပွဲတွေကနေ လူသေမှုတွေ ဖြစ်လာတဲ့အခါမှာတော့
ဖွန်းဟို ရဲ့ အကိုဖြစ်သူ ရဲအရာရှိမှ လိုက်လံ စုံစမ်းရင်း
ယုန်ထောင်ကြောင်မိ အပျော်တမ်း ထိုးပြီး မုန့်ဖိုးရှာတဲ့
ညီဖြစ်သူကိုသာ ဖမ်းမိသွားပါတော့တယ်….
အကိုရဲ့ ဆုံးမ ဒဏ်ပေးမှု အောက်မှာ ပြစ်မှု မှတ်တမ်းမဝင်ဖို့
ဖွန်းဟိုတစ်ယောက် သက်ကြီးရွယ်အိုတွေကို ပရဟိတ လိုက်ပြီး
ကူညီပေးရပါတော့တယ်…
တစ်ရက်မှာတော့ ဖွန်းဟိုရဲ့ အကို ရဲအရာရှိဟာ တရားမဝင်သတ်ကွင်း
တစ်ခုကို စုံစမ်းရင်းသေလုဆဲဆဲ အခြေအနေကို ရောက်ရှိလာခဲ့သော
အခါမှာတော့ ဖွန်းဟို တစ်ယောက် ဘယ်လို ဆက်လုပ်မလဲ ဆိုတာ
ကြည့်ရှုလိုက်ကြပါဦး….
Raquel 1,1 (2022)
⭐IMDB: 6.8/10 (72 Votes)
🎬 #Thriller #Drama #Mystery
🗓️ 2022 🎞️ Movie 📺 1080p
🌎 #Brazil
⏰ 1 နာရီ 31 မိနစ် 22 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Raquel 1:1 (2022)
~ IMDb – 6.8/10, Rotten Tomatoes – 80% ~
ဒီရုပ်ရှင်ကို ဘယ်လိုရုပ်ရှင်မျိုးလဲ ဒြပ်ခွဲဖို့တော့ နည်းနည်းတော့ခက်လိမ့်မယ်။ ဘာလို့ဆို ဒီရုပ်ရှင်က Concept ကောင်းကောင်းကိုအခြေတည်ပြီးမှ အဲဒီ Concept ကို အခြေတည်ပြီး ရင်းမြစ်ကို အများကြီးပြန်ဖြန့်ပစ်လိုက်တဲ့ ရုပ်ရှင်မျိုးလို့ပြောရမလားပဲ။ နည်းနည်းလည်းဆန်းတော့ဆန်းတယ်။ တခြားဘာသာရေးတွေရဲ့ အမျိုးသမီးဖိနှိပ်မှုတွေအကြောင်း ရုပ်ရှင်တွေကို ကျွန်တော်တို့ တော်တော်များများကြည့်ဖူးကြပေမဲ့ ခရစ်ယာန်ဘာသာရေးမှာလည်း ဒါမျိုးရှိတာကို ကျွန်တော်တော့ မကြည့်ခဲ့ဖူးဘူး။ ကြားလည်းမကြားဖူးခဲ့ဘူး။ ဒီရုပ်ရှင်ရဲ့ Concept က ခရစ်ယာန်ဘာသာရေးက အမျိုးသမီးဖိနှိပ်မှုတွေအကြောင်းလို့ ပြောလို့ရတယ်။ ဒါပေမဲ့ သူက ဒါကြီးကို ဒါပါလို့ ဒဲ့တော့မသွားဘူး။
စစချင်း အမေသေသွားပြီး အဖေနဲ့ အဖေ့ဇာတိမြို့မှာ သွားနေတဲ့ကောင်မလေးတစ်ယောက်အကြောင်းကိုပြတယ်။ နောက် သူကြုံရတဲ့ ဘာသာရေးလိုက်စားတဲ့ မြို့ခံလူတွေပေါ့။ သူလည်း အဲဒီလိုလူတွေထဲက တစ်ယောက်ဖြစ်လာတယ်။ ဒါပေမဲ့ သူ့မှာ စိတ်ဒဏ်ရာကရှိနေတယ်။ သူ့အမေသေတာက သမားရိုးကျသေတာမဟုတ်ဘဲ သူ့အမေရဲ့ ရည်းစားဟောင်းကြောင့်သေတာကိုး။ ဒီလိုနဲ့ ဒီစိတ်ဒဏ်ရာရယ် သူ့ပတ်ဝန်းကျင်ကမြင်ရတဲ့ ဖိနှိပ်မှုတွေရယ် ထိပ်တိုက်တိုးသွားတဲ့အခါ သူကျမ်းစာထဲက ဖိနှိပ်မှုတွေကို ဆန်ကျင်ချင်စိတ်ပေါ်လာပြီး ကျမ်းစာကို ပြန်ပြင်ရေးဖို့ ကြံကြတယ်။ ဒီလိုနဲ့ ဒီဇာတ်ဖြစ်လာတယ်။ ဒီဇာတ်က ဘယ်ကို ဆက်သွားမလဲတော့ ကိုယ်တိုင်ပဲ ကြည့်ကြည့်ကြပေါ့။ Mystery Drama ဇာတ်ပေမဲ့ Thriller လိုလို အရသာလည်း ပေါင်းထားပေးလို့ တော်တော်တော့ သို့လောသို့လောနဲ့ ကြည့်ကောင်းမယ့် ဇာတ်ပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMမှ ပြန်ဆို ရေးသားထားပါတယ်)
The Last Kingdom: Seven Kings Must Die (2023)
⭐IMDB: 7.6/10 (4 k Votes)
🎬 #Action #Drama #History #Adventure #War
🗓️ 2023 🎞️ Movie 📺 1080p
🌎 #UnitedKingdom
⏰ 1 နာရီ 54 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Last Kingdom: Seven Kings Must Die (2023)=================================IMDb Rating – 7.7/10
နာမည်ကြီး The Last Kingdom ဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်းရုပ်ရှင်ထွက်လာပါပြီ ။ Vikings နဲ့ Game of Thrones fanတွေဆိုရင် သေချာပေါက်အကြိုက်တွေ့မယ့် ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ် ။
၀က်ဆက်ရဲ့ဘုရင် အက်ဒ်၀က်ကျဆုံးပြီးနောက်မှာ အရိုက်ရာဆက်ခံသူအဖြစ် သားဖြစ်သူ အဲသည်စတန် နန်းတက်လာပါပြီ။ ဖခင်ရဲ့ မပြီးပြတ်သေးတဲ့ဆန္ဒဖြစ်တဲ့ အင်္ဂလန်ပြည်ကြီးကိုတည်ဖို့အတွက် ဆက်လက်ကြိုးစားနေဆဲပါ။
အက်ဒ်၀က်ဘုရင် ကျရှုံးပြီးနောက်မှာ အရင်က အူထရက် အကူညီနဲ့ မဟာမိတ်ဖွဲ့ပေးခဲ့တဲ့ နော့သမ်းဘီးယား၊ ၀င်ချက်စတာ၊စကော့တလန်၊ ဝေလ အစရှိတဲ့ဘုရင့်နိုင်ငံတော်များကလည်းခွဲထွက်ရေးအတွက် မဟာမိတ်ဖွဲ့ပြီး ၀က်ဆက်နန်းတက်ဘုရင်ကို တော်လှန်ကြပါတယ်။ ဒါကို လက်ပိုက်ကြည့်နေလို့မဖြစ်တော့တဲ့ ဇာတ်လိုက်ကျော်ကြီး ဘီဘာမ်ဘာ့ရဲ့ အူထရက်က ၀င်ပါရပါတော့တယ်။
The last Kingdom ဇာတ်လမ်းတွဲရဲ့နောက်ဆုံးအဆုံးသတ်ဖြစ်သလို အူထရက်နဲ့ ၀က်ဆက်ပြည်ကြီး ဘယ်လိုအဆုံးသတ်သွားမလဲ၊ အင်္ဂလန်ပြည်ကြီးရောတည်ထောင်သွားမှာလား ဆိုတာကိုတော့ စိတ်၀င်တစားစောင့်ကြည့်ရမှာဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thiha Yan Naing ဖြစ်ပါတယ်)
[21+] A Female Detective- Shiramine Miu[SAME-013-Decensored]
⭐⁉️
🎬 #Adult
🗓️ ⁉️ 🎞️ Movie 📺 720p
🌎 #⁉️
⏰ 2 နာရီ 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
JAV မင်းသမီးတွေထဲ Shiramine Miu ကို တော်တော်များများအကြိုက်တွေ့ကြပါတယ်။
အရှေ့တိုင်းရဲ့လှပမှုဖြစ်တဲ့ ဝိုင်းစက်တဲ့မျက်နှာကျလေးနဲ့ အပြစ်ဆိုစရာမရှိအောင်လှပသူလေးပါ။
SAME-013 ဒီဇာတ်လမ်းမှာတော့ သူမကို စုံထောက်တစ်ယောက်အနေနဲ့ ရှုမြင်ရမှာဖြစ်ပြီးတော့
သနားငဲ့ညှာတတ်တဲ့သူမနဲ့ ရက်စက်ကြမ်းကြုတ်တဲ့လောကကြီးအကြောင်းကို တွဲမြင်ရမှာပါ။
JAV ထဲမှာမှ ဇာတ်လမ်းဇာတ်ကွက်နဲ့မလို့ Shiramine Miu ဖန်တွေအတွက် Decensored Version နဲ့ တင်ဆက်လိုက်ပါတယ်။
(Dark Side Production မှ တင်ဆက်သည်။)
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။
[21+] A Female Detective- Shiramine Miu[SAME-013-Decensored]
⭐⁉️
🎬 #Adult
🗓️ ⁉️ 🎞️ Movie 📺 1080p
🌎 #⁉️
⏰ 1 နာရီ 59 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
JAV မင်းသမီးတွေထဲ Shiramine Miu ကို တော်တော်များများအကြိုက်တွေ့ကြပါတယ်။
အရှေ့တိုင်းရဲ့လှပမှုဖြစ်တဲ့ ဝိုင်းစက်တဲ့မျက်နှာကျလေးနဲ့ အပြစ်ဆိုစရာမရှိအောင်လှပသူလေးပါ။
SAME-013 ဒီဇာတ်လမ်းမှာတော့ သူမကို စုံထောက်တစ်ယောက်အနေနဲ့ ရှုမြင်ရမှာဖြစ်ပြီးတော့
သနားငဲ့ညှာတတ်တဲ့သူမနဲ့ ရက်စက်ကြမ်းကြုတ်တဲ့လောကကြီးအကြောင်းကို တွဲမြင်ရမှာပါ။
JAV ထဲမှာမှ ဇာတ်လမ်းဇာတ်ကွက်နဲ့မလို့ Shiramine Miu ဖန်တွေအတွက် Decensored Version နဲ့ တင်ဆက်လိုက်ပါတယ်။
(Dark Side Production မှ တင်ဆက်သည်။)
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။
What If...? (2008)
⭐IMDB: 5.8/10 (426 Votes)
🎬 #Comedy #Drama #Romance
🗓️ 2008 🎞️ Movie 📺 720p
🌎 #France
⏰ 1 နာရီ 24 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
What If…? (2008)==============IMDb Rating – 5.8/10
ဗစ်တာနဲ့ မာဂေါ့တို့ချစ်သူနှစ်ဦးဟာ ရှေ့နေရုံးမှာအလုပ်တူတူလုပ်နေကြတဲ့ ရှေ့နေတွေဖြစ်ကြပါတယ်။ ပျော်ရွှင်စွာအတူတူနေထိုင်ရင်း အိမ်ထောင်ပြုဖို့ကြိုးစားနေကြတဲ့သူတို့နှစ်ဦးအတွက် အပြောင်းအလဲကြီးဖြစ်လာစေတာကတော့ သူတို့ရုံးကရာထူးအကြီးဆုံးသူ ရုတ်တရတ်ဆုံးပါးသွားရာကနေ လစ်လပ်ရာထူးအတွက်ယှဉ်ပြိုင်ကြရာမှာနောက်ဆုံးယှဉ်ပြိုင်ရမယ်သူအဖြစ် ချစ်သူနှစ်ဦးထိပ်တိုက်တွေ့ဆုံကြပါတော့တယ်။
What if ဆိုတဲ့ ဇာတ်ကားနာမည်အတိုင်း ဗစ်တာအရွေးချယ်ခံလိုက်ရပြီး အတွင်းရေးမှုးနဲ့ဖောက်ပြန်တဲ့ဘဝ၊ မာဂေါ့ အရွေးချယ်ခံရပြီး ဘော့စ်နဲ့ ဖောက်ပြန်ကြတဲ့ဘဝ တွေကို ပြိုင်တူရှုစားရင်း သူတို့နှစ်ဦး အဆုံးသတ်မှာ ဘာကိုရွေးချယ်ပြီး ဘယ်လိုဇာတ်သိမ်းကြမှာလဲဆိုတာကို ကြည့်ရှုရမှာပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Chit Min Thu ဖြစ်ပါတယ်)
Shehzada (2023)
⭐IMDB: 5.1/10 (27 k Votes)
🎬 #Action #Bollywood #Comedy #Drama #Romance
🗓️ 2023 🎞️ Movie 📺 720p
🌎 #India
⏰ 2 နာရီ 24 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Shehzada 2023IMDb 5.1/10Action/Comedy/Drama
အခုတစ်ခါတင်ဆက်ပေးမှာကတော့ ပရိသတ်တွေရင်ထဲကိုရောက်ရှိပြီးသားဖြစ်တဲ့နာမည်ကြီးမင်းသား Kartik Aaryanနဲ့ မင်းသမီး Kriti Sanonတို့ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားသစ်ပဲဖြစ်ပါတယ်။
ဆေးရုံတစ်ခုမှာ သားယောက်ျားလေးရလို့ ပျော်ရွှင်နေကြတဲ့မိသားစုနှစ်ခုရှိနေပါတယ်။တစ်နေ့တည်းတစ်ချိန်တည်းမှာပဲ မွေးလာခဲ့ရပေမယ့် ကလေးနှစ်ယောက်ဟာတော့ကံချင်းမတူခဲ့ပါဘူး။ တစ်ယောက်ကတော့ လိုတိုင်းရတဲ့ဘဝမှာ နေရမှာဖြစ်ပြီး တစ်ယောက်ကတော့ ရုန်းကန်ရတဲ့ဘဝမျိုးမှာ နေရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကံတရားကို ပြောင်းလဲပစ်ချင်တဲ့သူတစ်ယောက်ရှိနေခဲ့ပါတယ်။ ချမ်းသာတဲ့ဘီလျံနာမိသားစုမှာ အလုပ်လုပ်နေရတဲ့ ဗယ်မီကီဟာ သူ့ကလေးနဲ့ အလုပ်ရှင်မိသားစုက ကလေးကို လဲပစ်ခဲ့ပါတယ်။
ကံတရားကမျက်နှာသာမပေးခဲ့တဲ့သူ့ဘဝလိုမျိုး ဒီကလေးလည်း ကြုံတွေ့စေရမယ်။ သူ့သားကတော့ ဘုရင်တစ်ပါးလိုဘဝမျိုးမှာပဲနေရမယ်လို့ ကြုံးဝါးရင်းနဲ့ပေါ့။ ဒီလိုနဲ့တဖြည်းဖြည်းအရွယ်ရောက်လာတဲ့ သားဖြစ်သူဘန်တူကို အမုန်းတရားတွေ လျစ်လျူရှုမှုတွေနဲ့ပဲ ဆက်ဆံခဲ့ပါတယ်။ ဘုရင်တစ်ပါးလိုဆက်ဆံခံနေရတဲ့သူ့သားအရင်းဖြစ်သူ ရာ့ဂျ်ကိုတော့ ကျေနပ်ပီတိတွေနဲ့ပဲ ကြည့်နေခဲ့ပါတယ်။ ဒီလိုမျိုး ပြောင်းလဲပစ်ခံထားရတဲ့ကံတရားတွေနဲ့ သူတို့နှစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲ။ ဘဝအမှန်တွေကိုရော သိသွားကြမလားဆိုတာကို ရသမျိုးစုံနဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်။
Linoleum (2022)
⭐IMDB: 6.7/10 (628 Votes)
🎬 #Comedy #Drama #Sci-Fi #ScienceFiction #SciFi
🗓️ 2022 🎞️ Movie 📺 720p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 39 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Linoleum (2022)
~ IMDb – 6.7/10, RT – 80%, Meta – 80% ~
အသက်၅၀ကျော်အရွယ် ကမ်မရွန်ဟာ ကလေးတွေအတွက် အာကာသသိပွံနဲ့ဆိုင်တဲ့ တီဗီ Program တင်ဆက်သူဖြစ်ပါတယ်။ သူဟာ သိပ္ပံပညာကို ရူးသွပ်ပြီး ငယ်စဉ်က အာကာသယာဉ်မှူးဖြစ်ချင်ခဲ့တာပါ။ လက်ရှိမှာတော့ နက္ခတဗေဒပညာရှင်ဘ၀နဲ့ပဲ တီဗီ Program Host လုပ်နေရတာပါ။ Program က ညသန်းခေါင်မှာလွှင့်တာဖြစ်ပြီး သိပ်မအောင်မြင်တဲ့အတွက် လွှင့်ဖို့အချိန်ကောင်းကိုလည်းမရတဲ့အပြင် တခြားလူဆီကိုပါ ပါသွားပါတယ်။ ကမ်မရွန်နေရာမှာ ၀င်လာတဲ့သူကတော့ ထူးချွန်ပြီး ဆုရထားတဲ့ အာကာသယာဉ်မှူး ကန့်ပါ။ ကန့်က ကမ်မရွန်ဖြစ်ချင်တဲ့အရာတွေကို ပိုင်ဆိုင်ထားတဲ့ အောင်မြင်တဲ့သူပါ။ အလုပ်ကအဆင်မပြေတဲ့အပြင် မိသားစုနဲ့ပါ ကတောက်ကဆတွေဖြစ်လာတော့ ကမ်မရွန်ဟာ သူ့ရဲ့လုပ်နိုင်စွမ်းကို သက်သေပြချင်ပြီး သူ့အိပ်မက်ကို အကောင်အထည်ဖော်ချင်နေခဲ့ပါတယ်။
တစ်နေ့မှာ ရုရှားက ဒုံးကျည်အစိတ်အပိုင်းတစ်ခု ကမ်မရွန်တို့ခြံနောက်ကို မတော်တဆ ပျက်ကျလာတဲ့အခါ ကမ်မရွန်က သူထိုက်တန်တာကို သက်သေပြဖို့ အခွင့်အရေးရလာပါတယ်။ ဒုံးကျည်ပြုတ်ကျတဲ့အတွက် ကမ်မရွန်တို့အိမ်က အစိုးရလုပ်ပိုင်ခွင့်အောက်ရောက်ပြီး လုပ်စရာတွေမပြီးပြတ်ခင်အထိ အိမ်မှာနေလို့မရပါဘူး။ အဲ့အတွက်သူတို့မိသားစုဟာ ကမ်မရွန်ရဲ့ဇနီး အီရင်နဲ့ ညီမဖြစ်သူအိမ်မှာ ခဏသွားနေရပါတယ်။
အဲဒီရပ်ကွက်မှာပဲ သမီးဖြစ်သူက သူတို့လိုပဲ အိမ်ပြောင်းလာတဲ့ ကျောင်းက အသစ်ကောင်လေးနဲ့ တွေ့ပြီး သူငယ်ချင်းတွေဖြစ်ခဲ့ပါတယ်။ အဲ့ကောင်လေးရဲ့အဖေကတော့ တခြားသူမဟုတ်ဘဲ ကမ်မရွန်နေရာကိုလုသွားတဲ့ ကန့်ရဲ့သားဖြစ်နေပါတယ်။ ကမ်မရွန်ကတော့ ပျက်ကျလာတဲ့ ဒုံးကျည်အစိတ်အပိုင်းကနေ သူ့ကိုယ်ပိုင် ဒုံးကျည်ဆောက်ဖို့ လုံးပန်းနေခဲ့ပါတယ်။ အစပိုင်းမှာ ဇနီးဖြစ်သူက သဘောမတူတဲ့အတွက် စကားများခဲ့ပေမယ့် နောက်တော့ ဇနီးဖြစ်သူကလည်း အတူပါ၀င်ပြီး တည်ဆောက်ခဲ့ကြပါတယ်။ အားလုံးပြီးသွားလို့ လွှတ်တင်မယ့်နေ့မှာတော့ ကမ်မရွန်ဟာ သူ့ဘ၀ဟာ သူထင်သလောက်မရိုးရှင်းဘူးဆိုတာ အမှတ်ရလာပါတော့တယ်။ သူတစ်လျှောက်လုံးထင်နေတဲ့ အရာတွေက တကယ့်ဘ၀မှာ တကယ်ကော ဟုတ်ပါ့မလားဆိုတာကို ရသအစုံနဲ့ ကြည့်ပြီး Plot Twist အကြီးစားကြီးနဲ့အတူ စဉ်းစားခန်း၀င်လို့ရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)