ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
https://m.media-amazon.com/images/M/MV5BYjg2MzY4NmUtZTA1Ny00ZTk0LWIwYTQtYjYzZmRiOTVmMGMzXkEyXkFqcGdeQXVyODE5NzE3OTE@._V1_FMjpg_UX1000_.jpg 8 x 10 Tasveer (2009) ⭐IMDB: 5.4/10 (6 k Votes) 🎬 #Action #Bollywood #Crime #Drama #Fantasy #Mystery #Thriller 🗓️ 2009 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 1 နာရီ 59 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 8 x 10 Tasveer (2009)Action, Crime, DramaIMDb 5.4/10 (5.8K) အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ မင်းသားကြီးအရှေးကူမားနဲ့မင်းသမီးအိုင်ရှားတာကီယာတို့ရဲ့ကားကောင်းလေးတစ်ကားပဲဖြစ်ပြီး Box Office မှာလည်းအိန္ဒိယရူပီ ၂၃၅.၈သန်းအထိ ပြန်လည်ရရှိခဲ့တဲ့ကားလေးပဲဖြစ်ပါတယ်။ ဂျယ်ဟာ မိဘပိုင်လုပ်ငန်းကို စိတ်မဝင်စားဘဲ ကိုယ်ဝါသနာပါရာကိုလုပ်ရင်းပျော်မွေ့နေသူတစ်ယောက်ပါ။ ဂျယ်ရဲ့ကောင်မလေးကတော့ ရှီလာပေါ့။ သူတို့နှစ်ယောက်ဟာ သိပ်ချစ်ကြပါတယ်။ တစ်ရက် ဂျယ်ရဲ့ဖခင်ဖြစ်သူဟာ ဂျယ်ဆီလာပြီး ကိစ္စတစ်ခုကို ပြောပြဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ ဂျယ် နားမထောင်ခဲ့ပါဘူး။ အဲ့ဒီနေ့မှာပဲ ဂျယ်ရဲ့ဖခင်ဟာ မတော်တဆ ဆုံးပါးသွားခဲ့ပါတယ်။ ဖခင်ဆုံးပြီးသွားနောက် ဂျယ်ဆီကို စုံထောက်တစ်ယောက်ရောက်လာပြီးဒီသေဆုံးမှုဟာ မတော်တဆမှုမဖြစ်နိုင်ကြောင်း။ အသတ်ခံရတာဖြစ်ကြောင်း ပြောလာပါတယ်။ ဂျယ်ဟာ လူတစ်ယောက်ရဲ့ဓါတ်ပုံတစ်ပုံကို ကြည့်ပြီး အဲ့ဒီလူရဲ့အတိတ်ကိုပြန်သွားနိုင်တဲ့လူမသိသူမသိ အစွမ်းလေးတစ်ခုရှိနေပါတယ်။ ဒီလိုနဲ့ ဖခင်ဖြစ်သူရဲ့အမှုကို တစ်ကိုယ်တော် စုံစမ်းခန်းဖွင့်လာတဲ့အခါမှာတော့ဘယ်လိုတွေ စိတ်လှုပ်ရှားစရာကောင်းလာမလဲဆိုတာကို လှည့်ကွက်လေးတွေနဲ့ရှုစားရဦးမှာဖြစ်ပါတယ်နော်။

https://m.media-amazon.com/images/M/MV5BNWY5MTc3MTMtYjkwMi00YjU2LWFhMjktMzZlNzc0NjhiNjZkXkEyXkFqcGdeQXVyNjI4NDY5ODM@._V1_FMjpg_UX1000_.jpg Gangnam Zombie (2023) ⭐IMDB: 4.7/10 (26 Votes) 🎬 #Horror 🗓️ 2023 🎞️ Movie 📺 720p HD 🌎 #SouthKorea ⏰ 1 နာရီ 21 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Gangnam Zombie (2023) Ji II Jooနဲ့ Park Ji-yeon တို့ ပါဝင်သရုပ်ဆောင်ထားကြပါတဲ့ Gangnam Zombie လေးရပါပြီ။ Ji-yeonလေး ၇ နှစ်အကြာမှ ပထမဆုံးပြန်ရိုက်တဲ့ ကားလေးဖြစ်ပြီးတော့ Ji-yeon ပုံစံလေးအတိုင်း ခပ်ချေချေ စတိုင်လေးကို ပြန်တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း … ကိုရိုနာအပြီး အကုန် ပြန်အဆင်ပြေ‌ဖို့ လူတွေက မျှော်လင့်နေကြတဲ့အချိန်‌ ဆိုးလ်မြို့ရဲ့ ဂန်းနမ်ခရိုင်မှာ မြို့သူမြို့သားတွေက ပုံမှန်မဟုတ်တဲ့ ရောဂါလက္ခဏာ‌တွေကို စတင်ခံစားလာရတယ်။ အဲဒီကနေ လူတွေက မကောင်းဆိုးဝါး ဇွန်ဘီတွေအဖြစ် ပြောင်းလဲသွားပြီး ဘယ်လိုတွေ ကြုံတွေ့ရင်ဆိုင်ကြရမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်‌ကြည့်ရှုလိုက်ကြစို့နော်။ (ဇာတ်လမ်းအညွှန်းကိုတော့Miriက ရေးပေးထားပါတယ်။)

https://m.media-amazon.com/images/M/MV5BY2VhNjAwZmMtM2Q3Zi00ZWM1LWE0OTItM2QyZjYyMTI3ZDczXkEyXkFqcGdeQXVyMjIyMDE5Mjg@._V1_FMjpg_UX1000_.jpg Akhirat: A Love Story (2021) ⭐IMDB: 6.2/10 (119 Votes) 🎬 #Drama #Fantasy #Romance 🗓️ 2021 🎞️ Movie 📺 1080p FHD 🌎 #Indonesia #UnitedStates ⏰ 1 နာရီ 52 မိနစ် 24 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 Akhirat: A Love Story (2021)အင်ဒိုနီးရှား အချစ်ရိုမန့်စ် လေးနဲ့မိတ်ဆက်ပေးပါရစေ…Timar ဆိုတဲ့ ကောင်လေးတစ်ယောက် Mentari ဆိုတဲ့ကောင်မလေးတစ်ယောက်ကို ချစ်ကျွမ်းဝင်သွားခဲ့ရာ ဘာသာမတူတဲ့သူနှစ်ယောက် နှစ်ဖက်မိသားစု အသိုင်းအဝိုင်းကြမှာ အဆင်ပြေနိုင်ပါ့မလား… ချစ်ခြင်းတရားနဲ့ မိသားစုအကြား ဘယ်လိုဆက်ဖြစ်မလဲဆိုတာ…Translated by A.M.OEncoded by Hubin

https://m.media-amazon.com/images/M/MV5BNGRjNWMyMDMtZDU1YS00MzYwLTgzNTUtYzA0OWVmYzk1NWU1XkEyXkFqcGdeQXVyMTU4MzQzNDkx._V1_FMjpg_UX1000_.jpg The Wedding Veil Expectations (2023) ⭐IMDB: 6.9/10 (294 Votes) 🎬 #Comedy #Romance #TV Movie 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #Canada #UnitedStates ⏰ 1 နာရီ 24 မိနစ် 04 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 The Wedding Veil Expectations (2023)Avery နဲ့ Peter တို့ ချစ်သူနှစ်ဦးဟာ သူတို့နဲ့ချစ်ကြည်နူးစရာကောင်းတဲ့ဘ၀ကိုမှာ သူတို့ရဲ့ “အိပ်မက်” ဖြစ်တဲ့ အိမ်ဟောင်းကို ပြုပြင်မွမ်းမံဖို့ ရှာဖွေ့ခဲ့ကြပါတယ်။ ရှာဖွေတွေ့ရှိပြီးနောက်မှာ ကန်ထရိုက်တာဆမ်နဲ့ ချိတ်တက်ပြီး အိမ်ကို စစ်ဆေးကြည့်တဲ့အခါမှာ မမျှော်လင့်ထားတဲ့ မကောင်းတဲ့ အံ့သြစရာများစွာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒီလိုနဲ့ အိမ်ဟောင်းကို ပြန်လည်ပြုပြင်ရင်း Averyဟာ ဇာပုဝါခင်းကျင်းပြသမှုကို ပြလုပ်ခဲ့ရပါတယ်။တစ်ရက်တော့ သူမရဲ့ သူငယ်ချင်းဖြစ်သူတွေကို သူမနဲ့Peterက ကိုယ်၀န်ရှိ/မရှိ စမ်းသပ်ချက်ပြုလုပ်ခဲ့ပေမယ့် သူတို့ ထင်ထားသလိုဖြစ်မလာခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ဒီလိုနဲ့ Avery က ဆရာ၀န်နဲ့ ထပ်မံစမ်းသပ်ဖို့ ချိန်းဆိုခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူမမှာ ကိုယ်၀န်ရှိနေတာကို သိခဲ့ရပါတယ်။Averyဟာ သူမမှာ ကလေးရှိနေကြောင်း Peterကို ပြောမယ်ကြံလိုက် အိမ်ဟောင်းကြီးက ပြဿနာတွေတက်လိုက် Peterက သူ့အမေဖြစ်သူ Grace နဲ့ ငယ်ချစ်ဦး Clerkတို့ကြောင့် စိတ်ညစ်လိုက်ဖြစ်လိုက်နဲ့ မပြောဖြစ်ပါဘူး။ ဒါကြောင့်မလို့ ဒီဇာတ်လမ်းလေးမှာ Averyက Peterကို သူ့မှာကိုယ်၀န်ရှိနေကြောင်း ဘယ်အချိန်မှသေချာလေး surprise တိုက်နိုင်မလဲဆိုတာ ကြည်နူးရင်ခုန်ဖွယ်နဲ့ ဘာပြဿနာတွေများထပ်ဖြစ်ဦးမလဲဆိုတာ ဒီ ” The Wedding Veil Expectations”မှာ စိတ်၀င်တစားစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။Reviewed by La Pyae AungTranslated by La Pyae Aung, DoHsuHsuEncoded by Siran

https://m.media-amazon.com/images/M/MV5BODY2ZWZiMjYtZmRlNi00NDI5LTlhMGQtNTljZTNlNDhhZWExXkEyXkFqcGdeQXVyMTA2NDI2MzEx._V1_FMjpg_UX1000_.jpg Escape the Field (2022) ⭐IMDB: 4.3/10 (2 k Votes) 🎬 #Horror #Thriller 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #Canada #UnitedStates ⏰ 1 နာရီ 28 မိနစ် 34 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 Escape the Field (2022)လျှို့ဝှက်ဆန်းကြယ် သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့….မသိတဲ့ လူစိမ်း ၆ယောက် နိုးလာတဲ့အချိန်မှာ အဆုံးမရှိတဲ့ ကွင်းပြင်ကျယ် ပြောင်းခင်းထဲ ရောက်ရှိနေပြီး…သူတို့ ဘယ်လိုရောက်လာမှန်းတောင်မသိဘဲ…..တစ်ယောက်ချင်းစီမှာ ပစ္စည်းတစ်မျိုး ကိုယ်စီနဲ့ အသက်ရှင်ဖို့ ဘယ်လို နည်းလမ်းတွေသုံးမလဲ? ဘယ်လိုအခက်အခဲတွေရှိမလဲဆိုတာ…Translated & Encoded by A.M.O

https://m.media-amazon.com/images/M/MV5BNTIzMDY3NjYtMmZhNy00NzdmLTkzZDgtZWE3MjhmMTE2NjNlXkEyXkFqcGdeQXVyMzM4MjM0Nzg@._V1_FMjpg_UX1000_.jpg Erotic Ghost Story III (1992) ⭐IMDB: 5.3/10 (235 Votes) 🎬 #Adult #Asian #Fantasy #Horror #Thriller 🗓️ 1992 🎞️ Movie 📺 1080p FHD 🌎 #HongKong ⏰ 1 နာရီ 33 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Erotic Ghost Story ဆိုရင် မသိသူမရှိလောက်ပါဘူး။ လူသား နဲ့ ၀ိညာဥ်ကြားက အချစ်ကို အမျိုးမျိုးအဖုံဖုံ ရိုက်ကူးကြတဲ့ ဇာတ်လမ်းလေးပေါ့။ တတိယမြောက် ထွက်ရှိထားတဲ့ ဒီဇာတ်ကားမှာဆိုရင်လည်း ‌မူမပျက်ဘဲ လူသား ကောင်လေးနဲ့ ၀ိညာဥ်မလေးတို့ ချစ်ကြိုးကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ လေလွင့်သိုင်းသမား ချူ ဟာ ခရီးသွားရင်း ဘုန်းကြီးကျောင်းပျက်တစ်ခုမှာ ၀င်တည်းဖြစ်ပါတယ်။ ချူ နဲ့အတူ သူ့ကို လိုက်ကြိုက်နေတဲ့ စီစီ ဆိုတဲ့ကောင်မလေးလည်း ပါလာခဲ့တယ်။ အဲဒီကျောင်းပျက်ကြီးမှာ သူတို့က ထူးထူးဆန်းဆန်း ဘုန်းကြီးတစ်ပါးနဲ့ဆုံခဲ့တယ်။ အဲဒီ ဘုန်းကြီးကတော့ မီးစာကိုယ်တော်လို့ အမည်ရတဲ့ ကိုယ်တော်တစ်ပါးပါ။ ကျောင်းပျက်ကြီးထဲမှာ ပန်းချီကားတစ်ချပ်ရှိပြီး အဲဒီပန်းချီကားထဲက မိန်းမပျိုလေးကို ချူက မြင်မြင်ချင်း စွဲလန်းသွားခဲ့တယ်။ အဲဒါနဲ့ ချူတစ်ယောက် မီးစာကိုယ်တော်ကို အပူကပ်ပြီး မိန်းမပျိုနောက်ကိုလိုက်ဖို့ တစ်ဖက်လောကကို ၀င်သွားပါတော့တယ်။ ဒါပေမယ့် တစ်ဖက်လောကမှာတော့ ချူမမြင်နိုင်တဲ့အန္တရာယ်တွေရှိနေပြီး မိစ္ဆာပေါင်းစုံရှိနေတဲ့ ငရဲဘုံဖြစ်နေတဲ့အခါမှာ ဘယ်လိုတွေ ဖြစ်လာဦးမလဲဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။

https://m.media-amazon.com/images/M/MV5BNjIzMzcwZDUtYTI2Mi00OTQzLTg5ZDctNmNlZTQ5NzExZjkyXkEyXkFqcGdeQXVyNjU0NTI0Nw@@._V1_FMjpg_UX1000_.jpg Losing Addison (2022) ⭐IMDB: 5.1/10 (44 Votes) 🎬 #Thriller 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #UnitedStates ⏰ 1 နာရီ 31 မိနစ် 03 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Losing Addison (2022) ဇာတ်လမ်းကို Les ကတရားခွင်မှာလူသတ်မှုနဲ့စစ်မေးခံနေရတာနဲ့အစပျိုးထားတယ်။ သူ့ရဲ့ခေါင်းကိုထိခိုက်ထားပြီး မှတ်ဉာဏ်တွေကပျောက်ဆုံးနေတယ်။ ဒါပေမဲ့ သူ့ရဲ့အမွှာညီ Addison ကပျောက်နေခဲ့ပြီး သူဘယ်လိုမှစဥ်းစားလို့မရရာကနေ တစ်စတစ်စနဲ့ မှတ်ဉာဏ်တွေ၊ သူနဲ့ သူ့အမွှာညီလေးနဲ့ကြားထဲက ချည်နှောင်ထားတဲ့ကြိုးတစ်ခုကို ဒီဇာတ်လမ်းမှာ ကောင်းကောင်းပျိုးသွားပြီး ကြည့်ရတဲ့လူကို အဆုံးမှာဘာဖြစ်မလဲ၊ အဖြေကဘာလဲသိချင်အောင် ဆွဲခေါ်သွားပါလိမ့်မယ်။ Mystery, Thriller ဆိုတဲ့ Genreကို သဘောကျသူတွေအဖို့ ဒီကားကအချိန်ပေးရကျိုးနပ်မယ့် ဇာတ်လမ်းတစ်ခုလို့ပြောနိုင်တဲ့အတွက် ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ။ ထပ်ဆောင်းအနေနဲ့ ဒီဇာတ်လမ်းက 2011 မှာထုတ်ဝေထားတဲ့ နာမည်ကြီးစာအုပ်ကောင်းတစ်အုပ်ဖြစ်တဲ့ Losing Addison ကို Adaption လုပ်ထားတဲ့ဇာတ်ကားပါ။ ထူးခြားတာက အမွှာဆိုသော်ငြားလည်း အသွင်ပြင်နဲ့အမူအကျင့်ဗီဇတွေပါကွဲပြားနေတဲ့ အက်ဒီဆန်နဲ့ လက်စ်နှစ်ယောက်က မွေးကတည်းက တူတူစားတူတူသွားနေခဲ့တဲ့အတွက် နှစ်ယောက်ကြားထဲက ထူးခြားတဲ့ Bond လေးတစ်ခုကို ဒီဇာတ်လမ်းမှာ သေချာပေါက်မြင်ကြရမယ်။ သူတို့အဖေနဲ့အမေက ခွဲခြားဆက်ဆံခဲ့ပေမဲ့ လောင်းရိပ်လွတ်သွားချိန်မှာလည်း အမုန်းမပွား ဆက်ချစ်နေကြတဲ့ ညီအကိုနှစ်ယောက်သံယောဇဥ်ဟာ ခွဲမရအောင်ခိုင်မြဲနေကြောင်း သိသိသာသာတွေ့ကြရမယ်ပေါ့။ အဲဒီကနေ ဘယ်လိုဖြစ်ပြီးဒီလိုဖြစ်သွားလဲ၊ အက်ဒီဆန်ကကော ဘယ်ပျောက်သွားလဲ၊ မှတ်ဉာဏ်တွေအကုန်ပေါ်လာပြီး အဖြစ်မှန်ကိုသိသွားမလား ဆိုတာတွေကို စူးစမ်းချင်စိတ်ဖြစ်လာအောင်လုပ်ပြီး ထိုင်ရာကမထချင်အောင် ခေါ်သွားနိုင်မယ့်ဇာတ်ကားကောင်းတစ်ကားမို့ အချိန်မဆွဲပဲကြည့်ကြဖို့ ထပ်မံတိုက်တွန်းပါရစေခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုTissueမှ ပြန်ဆို ရေးသားထားပါတယ်)

https://m.media-amazon.com/images/M/MV5BMTUwODA2NDMxOV5BMl5BanBnXkFtZTcwODg3NDUxMQ@@._V1_FMjpg_UX1000_.jpg Erotic Ghost Story II (1991) ⭐IMDB: 4.5/10 (275 Votes) 🎬 #Adult #Asian #Fantasy #Horror 🗓️ 1991 🎞️ Movie 📺 1080p FHD 🌎 #HongKong ⏰ 1 နာရီ 39 မိနစ် 02 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Erotic Ghost Story ဆိုရင် မသိသူမရှိလောက်ပါဘူး။ လူသား နဲ့ ၀ိညာဥ်ကြားက အချစ်ကို အမျိုးမျိုးအဖုံဖုံ ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးတွေပေါ့။ ဟောင်ကောင်ရုပ်ရှင်ရွှေခေတ်ကရိုက်ကူးထားတာမလို့ တကယ့်ဂန္တဝင် Softcore ဇာတ်ကားတွေပဲဖြစ်ပါတယ်။ ခုဇာတ်ကားကတော့ Erotic Ghost Story 2 ဖြစ်ပြီး အဲ့ဒီခေတ်တုန်းက ဟောင်ကောင်မင်းသမီးတပြုံကြီးပါဝင်ထားပါတယ်။ Anthony Chau-Sang Wong တို့ Amy Yip တို့လို နောင်မှာနာမည်ကြီးလာမယ့်သရုပ်ဆောင်တွေရောပေါ့။ Fantasy Horror Erotic အမျိုးအစားဖြစ်တာကြောင့် အတည်ပေါက်တွေနဲ့လန်းမယ့်ဇာတ်ကားပဲဖြစ်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။

https://m.media-amazon.com/images/M/MV5BN2Q3YzY2YzktNWNlMy00MGVkLWI0YTctZTVlMmJkMmI5NDY0XkEyXkFqcGdeQXVyNzc5MjA3OA@@._V1_FMjpg_UX1000_.jpg Erotic Ghost Story (1990) ⭐IMDB: 5.7/10 (936 Votes) 🎬 #Adult #Asian #Fantasy #Horror 🗓️ 1990 🎞️ Movie 📺 1080p FHD 🌎 #HongKong ⏰ 1 နာရီ 29 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Erotic Ghost Story (1990) ================================= DSဖန်တွေအတွက် ရုပ်ရှင်အသစ်တွေကို တင်ဆက်ပေးနေရင်းကနေ ဟိုအရင်ချိန်တွေကို ပြန်လည်သတိရလာပြီး ဒီရုပ်ရှင်ကားဟာလဲ Qualityကောင်းကောင်းလဲ မရှိသေးတာကြောင့် ပြန်လည်တင်ဆက်ပေးဖို့ အကြံရလာခဲ့ပါတယ်….မင်းသမီးတွေကတော့ ကျွန်တော်တို့ အင်တာနက်မရှိခင် အခွေခေတ်က အိမ်မက်ထဲထိ ကြီးစိုးခဲ့တဲ့ မင်းသမီးတွေပါပဲ…. ဇာတ်လမ်းအကျဉ်း ပန်ဆုဆု ယွဲ့ယွဲ့ ဖိန်ဖိန်တို့ မြေခွေးညီအစ်မသုံးဖော်ဟာ လူသားအဖြစ်ထာဝရပြောင်းလဲနေနိုင်ဖို့ တာအိုကျင့်စဉ်ကို ကျင့်ကြံနေတဲ့ မှော်မြေခွေးသုံးဖော်ပဲ ဖြစ်ပါတယ်…. အကြီးမဖြစ်သူ ပန်ဆုဆုကတော့ အသက်ကြီးဆုံးလဲ ဖြစ်ပြီး စိတ်ထဲကလဲရင့်ကျက် ဖြူစင်သူဆိုတော့ သွေးသားဆန္ဒကို ချုပ်တည်းနိုင်နေပမယ့် ညီအစ်မငယ်နှစ်ယောက်ကတော့ သွေးသားဆူပွက်မှုကြောင့် နှစ်ယောက်သားအချင်းချင်းဖြေသိမ့်ပြီး အဆင်ပြေနေခဲ့ရပါတယ်…တနေ့မှာတော့ သူတို့ညီအစ်မသုံးဖော်ရဲ့ ဘဝထဲကို ယောကျာ်းပျိုတဦး ဝင်ရောက်လာခဲ့ပြီး. ဒီယောကျာ်းပျိုကိုပဲ ညီအစ်မသုံးဖော်တို့က ချစ်ခင်စုံမက်ခဲ့ပါတယ်… မုန့်ကိုသာမျှစေစားမယ် အချစ်ကိုတော့ မမျှဝေဘူးဆိုတဲ့စကားက သူတို့လို မြေခွေးညီအစ်မသုံးဖော်အတွက်တော့ မမှန်ကန်ခဲ့ပါဘူး… ညီအစ်မချင်းသိပ်ကိုချစ်ကြတော့ လုလင်ပျိုကို မျှဝေချစ်ခင်ရင်း မထင်မှတ်ထားတဲ့ တနေ့မှာတော့……(Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။

https://m.media-amazon.com/images/M/MV5BMjIzNTc2MTgwNV5BMl5BanBnXkFtZTcwMzYzMzgxNQ@@._V1_FMjpg_UX1000_.jpg What's Your Number? (2011) ⭐IMDB: 6.0/10 (82 k Votes) 🎬 #Comedy #Romance 🗓️ 2011 🎞️ Movie 📺 1080p FHD 🌎 #UnitedStates ⏰ 1 နာရီ 58 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 What’s Your Number?(2011) ************************** “ဘဝတစ်လျှောက် ပျှမ်းမျှချစ်သူအရေအတွက် 10.5 ဆိုတာ နည်းတာပေါ့” ဒီစကားကိုပြောခဲ့တဲ့လူကတော့ မဘဲစီမလေးအယ်လီပါပဲ။ ဒါပေမဲ့ အယ်လီတစ်ယောက် ဘဲတွေမှိုလိုပေါက်ရတာ အယ်လီအပြစ်ရယ်တော့လည်းမဟုတ်ပါဘူး။ ဘဲတွေက ထစ်ချုန်းမိုးလို ရေနံတူးဖို့လောက်သာ စိတ်အားထက်သန်ပြီးရင် ပျောက်ပျောက်သွားတာကြောင့်ရယ်ပါ။ ဒါပေမဲ့ ပလေးဂဲလေးအယ်လီတစ်ယောက် ဒါကိုစိတ်ထဲ အလေးအနက်မထားပါဘူး သူပလေးကိုယ်ပလေး ဝမ်းဂိုး တူးကမ်း သရီးရယ်ဒီလုပ်နေခဲ့တာပေါ့။ ဒါပေမဲ့ နောက်ဆုံးဘဲဘဲလေးရစ်ခ်ကျမှ အမေတွေနဲ့မိတ်ဆက်ပေးဖို့ ကြံရွယ်ပြီးမှ ထုံးစံအတိုင်း ရေနံမင်းသားလေးက ဘိုင့်ဘိုင့်လုပ်သွားတဲ့အပြင် နေရင်းထိုင်ရင်းအလုပ်ကပါ သူ့ကိုပဲကွက်ပြီးလူလျှော့ပါသတဲ့။ ဘဲရောအလုပ်ရှင်ကပါ ရင်ဝဆောင့်ကန်တာခံရတဲ့ အယ်လီတစ်ယောက် အလုပ်ကနေ ပစ္စည်းသိမ်း ပုံးလေးကိုင်လို့ရထားစီးရင်းနဲ့ “What’s your number”ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကိုဖတ်မိပါတော့တယ်။ ဒီဆောင်းပါးလေးက ဘဲစီတော့ဘာဖြစ်လဲ You only live once ဆိုတဲ့အယ်လီကို အကြီးအကျယ်တုန်လှုပ်သွားစေပါသတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဆောင်းပါးထဲမှာ တစ်နိုင်ငံလုံးမှာရှိတဲ့ အမျိုးသမီးတွေရဲ့ ပျှမ်းမျှချစ်သူအရေအတွက်က ၁၀.၅ ဖြစ်ပြီး အယောက် ၂၀ နဲ့အထက်ဆို လင်မရတော့ဘူးလို့ စစ်တမ်းနဲ့အခိုင်အမာပြောထားလို့ပါပဲ။ ဘဲတွေမှိုလိုပေါက်ပေမဲ့ လင်တော့လိုချင်ရှာသေးတဲ့အယ်လီတစ်ယောက် exတွေတွက်ကြည့်တော့လည်း 19 ယောက်ဖြစ်နေတဲ့အခါမှာတော့… အယောက် 20 ကျော်ရင် လင်မရဘူးဆိုတဲ့စကားအပေါ်ကို အကြီးအကျယ်စိတ်စွဲနေရင်းနဲ့ နဂိုထဲက messed up love lifeမှာ အယ်လီတစ်ယောက် ဘာတွေလျှောက်လုပ်လို့ ဘယ်လိုတလွဲတချော်တွေလာဦးမလဲ။ မဘဲစီလိုပဲ စော်လိုက်လို့ပြေးနေရတဲ့ မောင်စော်ကြည်ကောလင်နဲ့ရော ဘယ်လိုဖူးစာဆုံမလဲ။ သူသံဓိဌာန်ချထားတဲ့ အယောက် 20 မြောက်လူဟာ သူရဲ့ဖူးစာရှင်ဆိုတဲ့စကားကိုရော တည်အောင်လုပ်နိုင်ပါ့မလားဆိုတာကို အတူတူကြည့်ရှုလိုက်ရအောင်ပါ။ Sexiest man alive ဆိုပြီး ပျိုမေတွေကိုပြုစားနေပြီး sold outသတင်းနဲ့ သစ်စိမ်းချိုးချိုးသွားတဲ့ Chris Evansရဲ့ Good reviewတွေပိုင်ဆိုင်ထားတဲ့ comedy romance ကားကောင်းလေးဖြစ်တာမလို့ ကြည့်ရှုခံစားရင်း ရယ်မောနိုင်ကြဖို့ တင်ဆက်ပေးလိုက်ပါတယ်။

https://m.media-amazon.com/images/M/MV5BMjIzNTc2MTgwNV5BMl5BanBnXkFtZTcwMzYzMzgxNQ@@._V1_FMjpg_UX1000_.jpg What's Your Number? (2011) ⭐IMDB: 6.0/10 (82 k Votes) 🎬 #Comedy #Romance 🗓️ 2011 🎞️ movie 📺 720p HD 🌎 #UnitedStates ⏰ 1 နာရီ 58 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 What’s Your Number?(2011) ************************** “ဘဝတစ်လျှောက် ပျှမ်းမျှချစ်သူအရေအတွက် 10.5 ဆိုတာ နည်းတာပေါ့” ဒီစကားကိုပြောခဲ့တဲ့လူကတော့ မဘဲစီမလေးအယ်လီပါပဲ။ ဒါပေမဲ့ အယ်လီတစ်ယောက် ဘဲတွေမှိုလိုပေါက်ရတာ အယ်လီအပြစ်ရယ်တော့လည်းမဟုတ်ပါဘူး။ ဘဲတွေက ထစ်ချုန်းမိုးလို ရေနံတူးဖို့လောက်သာ စိတ်အားထက်သန်ပြီးရင် ပျောက်ပျောက်သွားတာကြောင့်ရယ်ပါ။ ဒါပေမဲ့ ပလေးဂဲလေးအယ်လီတစ်ယောက် ဒါကိုစိတ်ထဲ အလေးအနက်မထားပါဘူး သူပလေးကိုယ်ပလေး ဝမ်းဂိုး တူးကမ်း သရီးရယ်ဒီလုပ်နေခဲ့တာပေါ့။ ဒါပေမဲ့ နောက်ဆုံးဘဲဘဲလေးရစ်ခ်ကျမှ အမေတွေနဲ့မိတ်ဆက်ပေးဖို့ ကြံရွယ်ပြီးမှ ထုံးစံအတိုင်း ရေနံမင်းသားလေးက ဘိုင့်ဘိုင့်လုပ်သွားတဲ့အပြင် နေရင်းထိုင်ရင်းအလုပ်ကပါ သူ့ကိုပဲကွက်ပြီးလူလျှော့ပါသတဲ့။ ဘဲရောအလုပ်ရှင်ကပါ ရင်ဝဆောင့်ကန်တာခံရတဲ့ အယ်လီတစ်ယောက် အလုပ်ကနေ ပစ္စည်းသိမ်း ပုံးလေးကိုင်လို့ရထားစီးရင်းနဲ့ “What’s your number”ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကိုဖတ်မိပါတော့တယ်။ ဒီဆောင်းပါးလေးက ဘဲစီတော့ဘာဖြစ်လဲ You only live once ဆိုတဲ့အယ်လီကို အကြီးအကျယ်တုန်လှုပ်သွားစေပါသတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဆောင်းပါးထဲမှာ တစ်နိုင်ငံလုံးမှာရှိတဲ့ အမျိုးသမီးတွေရဲ့ ပျှမ်းမျှချစ်သူအရေအတွက်က ၁၀.၅ ဖြစ်ပြီး အယောက် ၂၀ နဲ့အထက်ဆို လင်မရတော့ဘူးလို့ စစ်တမ်းနဲ့အခိုင်အမာပြောထားလို့ပါပဲ။ ဘဲတွေမှိုလိုပေါက်ပေမဲ့ လင်တော့လိုချင်ရှာသေးတဲ့အယ်လီတစ်ယောက် exတွေတွက်ကြည့်တော့လည်း 19 ယောက်ဖြစ်နေတဲ့အခါမှာတော့… အယောက် 20 ကျော်ရင် လင်မရဘူးဆိုတဲ့စကားအပေါ်ကို အကြီးအကျယ်စိတ်စွဲနေရင်းနဲ့ နဂိုထဲက messed up love lifeမှာ အယ်လီတစ်ယောက် ဘာတွေလျှောက်လုပ်လို့ ဘယ်လိုတလွဲတချော်တွေလာဦးမလဲ။ မဘဲစီလိုပဲ စော်လိုက်လို့ပြေးနေရတဲ့ မောင်စော်ကြည်ကောလင်နဲ့ရော ဘယ်လိုဖူးစာဆုံမလဲ။ သူသံဓိဌာန်ချထားတဲ့ အယောက် 20 မြောက်လူဟာ သူရဲ့ဖူးစာရှင်ဆိုတဲ့စကားကိုရော တည်အောင်လုပ်နိုင်ပါ့မလားဆိုတာကို အတူတူကြည့်ရှုလိုက်ရအောင်ပါ။ Sexiest man alive ဆိုပြီး ပျိုမေတွေကိုပြုစားနေပြီး sold outသတင်းနဲ့ သစ်စိမ်းချိုးချိုးသွားတဲ့ Chris Evansရဲ့ Good reviewတွေပိုင်ဆိုင်ထားတဲ့ comedy romance ကားကောင်းလေးဖြစ်တာမလို့ ကြည့်ရှုခံစားရင်း ရယ်မောနိုင်ကြဖို့ တင်ဆက်ပေးလိုက်ပါတယ်။

https://m.media-amazon.com/images/M/MV5BZWE0Mjc3NWYtMDMzYy00M2RhLWJiZDAtMDMzYTFkMzcxM2RmXkEyXkFqcGdeQXVyMTkyMTUwNzA@._V1_FMjpg_UX1000_.jpg Final Cut (2022) ⭐IMDB: 6.6/10 (2 k Votes) 🎬 #Comedy #Horror 🗓️ 2022 🎞️ Movie 📺 720p HD 🌎 #France #UnitedKingdom #Japan #UnitedStates ⏰ 1 နာရီ 52 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Final Cut (a.k.a) Coupez (2022) ဇာတ်လမ်းလေးကတော့ ပေါ့ပေါ့ပါးပါးကြည့်ရမယ့်ဟာသကားလေးပါ။ ရာမီဟာ သာမန်အဆင့်ဒါရိုက်တာတစ်ယောက်ပါ။ လူမသိသူမသိဇာတ်ကားလေးတွေကို ဖန်တီးရင်းနဲ့ ဘဝကို အဆင်ပြေသလိုနေထိုင်နေတဲ့သူပေါ့။ တစ်နေ့မှာ ရာမီရဲ့ ထုတ်လုပ်သူ မော်ညာ ဟာ ရာမီ ဂျပန်လူမျိုးတစ်ယောက်နဲ့မိတ်ဆက်ပေးတယ်။ အခြားအကြောင်းတော့ မဟုတ်ပါဘူး။ ဂျပန်ဇွန်ဘီးရုပ်ရှင်ကား ရိုက်ဖို့အတွက် ရာမီနဲ့ဆွေးနွေးဖို့ပါ။ ဒါပေမယ့် ဒီဇွန်ဘီးရုပ်ရှင်ကားကို တည်းဖြတ်မှုမပါဘဲ နာရီဝက်စာလောက် Live လွှင့်ပြီးရိုက်ပြဖို့ပါ။လူအများကြီးနဲ့ လုပ်ရတဲ့အလုပ်မှာ တည်းဖြတ်မှုမပါဘဲ နာရီဝက်စာလောက် ရိုက်ပြမယ်ဆိုတော့ ရာမီလည်းငြင်းပေမယ့် ထုတ်လုပ်သူက အတင်းရိုက်ခိုင်းတဲ့အတွက် လက်ခံလိုက်ရပါတော့တယ်။ သူတို့ပေးတဲ့ ဇွန်ဘီးဇာတ်ညွှန်းကလည်း အဆင်မပြေတဲ့အပြင် တိုက်ရိုက် Live လည်းလွှင့်ပြတဲ့အခါ ရာမီတစ်ယောက် ရုပ်ရှင်ရိုက်ရင်း ဘယ်လိုအခက်အခဲတွေ ရှိမလဲ?သူ ဘယ်လိုဖြေရှင်းမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Tin Myo Lwinပါ။)

https://m.media-amazon.com/images/M/MV5BYzAzZTIyMTUtNGUyMi00MWQ2LWEzMzUtZTVmMWViZDliZmNlXkEyXkFqcGdeQXVyMTMwODMyNjUw._V1_FMjpg_UX1000_.jpg Dreams of Getting Rich (2021) ⭐IMDB: 5.3/10 (56 Votes) 🎬 #Comedy #Drama 🗓️ 2021 🎞️ Movie 📺 1080p FHD 🌎 #China ⏰ 2 နာရီ 09 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 “အသက် (၃၀) အရွယ် မိဘမဲ့တစ်ယောက်ဖြစ်သူ ၊ ရွာမှာ ရှိတဲ့အလုပ်မှန်သမျှကို လုပ်ကိုင်ပြီး ရွာက ကျွေးတာကမ်းတာကိုပဲစားရသူ ၊ဆင်းရဲပြီး အရပ်မှာ ၅ ပေပဲရှိလို့ လူစဥ်မမှီတဲ့သူတစ်ယောက်အဖြစ် ရပ်တည်နေရသူ – စုန့်ရှောင်ပေါင်” စုန့်ရှောင်ပေါင်တစ်ယောက် ချမ်းသာချင်တဲ့အတွက်သူ့အစ်ကို(၂) ဖြစ်သူကို ပူဆာပြီး ရှန့်ကျန့်မြို့ကြီးဆီပိုက်ဆံရှာဖို့ထွက်လာခဲ့ပါတယ် ။ ပိုက်ဆံရှာဖို့ ထွက်လာတဲ့ရှောင်ပေါင် တစ်ယောက် ပိုက်ဆံမရတဲ့အပြင် စွန့်ပစ်ခံထားရတဲ့ကလေးငယ်တစ်ယောက်နဲ့ တွေ့ဆုံဖို့ ကံကြမ္မာကအကြောင်းဖန်လာခဲ့ပါတော့တယ် ။ ကိုယ်တိုင်ကမိဘမဲ့တစ်ယောက်ဖြစ်တာမို့ ကလေးငယ်လေးကိုလဲ မစွန့်ပစ်ရက်ပဲဆင်းရဲမွဲတေတဲ့ ကြားကနေ မွေးစားခဲ့ပါတယ် ။ ကလေးတစ်ယောက်နဲ့ နေစရာအိမ်မရှိတဲ့ ရှောင်ပေါင် နဲ့အစ်ကို (၂) တို့နှစ်ယောက်ဟာ အဘိုးတစ်ယောက်ရဲ့ကူညီမှုနဲ့ နေစရာရရှိခဲ့ပြီး တစ်ချိန်ထဲမှာပဲ ရှောင်ပေါင်ဟာမာလုဆိုတဲ့ မိန်းကလေးနဲ့ တွေ့ဆုံခဲ့ပါတယ် ။ ကလေးငယ်လေးနဲ့အတူ ကံကြမ္မာအရ တွေ့ဆုံကြရတဲ့ သူစိမ်းတွေဟာဆွေမျိုးရင်းလိုဖြစ်လာပြီး နွေးထွေးတဲ့ မိသားစုလေးအဖြစ်ပြောင်းလဲ လာခဲ့ပါတယ် ။ဒါပေမဲ့လို့ ဒါတွေဟာ ကြာရှည်မခံခဲ့ပါဘူး ။အရွယ်ယောက်လာတဲ့ ကလေးငယ်လေးဟာ အမေဖြစ်သူကို တွေ့ချင်လာတဲ့အခါမှာတော့ – ❏ ရှောင်ပေါင်တစ်ယောက် ဘယ်လိုဖြေရှင်းပေးမလဲ?❏ မွေးစားသားပေမဲ့ သားအရင်းလို ရှာကျွေး ခဲ့တဲ့ “သူ”❏ အရာရာကိုမျိုသိပ်ပြီး သားဖြစ်သူကိုသာ ရှေ့တန်းတင်ခဲ့တဲ့ “သူ”❏ သားဖြစ်သူ အတွက်ဆို အသက်ကိုတောင် စတေးဝံ့တဲ့ “သူ” “သူ” ဘာတွေဆက်ဖြစ််မှာလဲ / ဘယ်လိုတွေရင်ဆိုင်ရမလဲ ဆိုတာဒီကားလေးမှာဆက်ပြီးတော့ စောင့်ကြည့်ပေးပါဦးရှင် ။ဒီကားလေးကတော့ တကယ်ကိုကြည့်ရတာ အရမ်းအရမ်းတန်စေမယ်လို့ အာမခံပါတယ် ။ တကယ့်လက်တွေ့ဘဝမှာဖြစ်ပျက်နေရတာတွေကို ဟာသလေးတွေ နှောပြီးပြသထားတဲ့အပြင် ဖခင်အရင်းမဟုတ်ပေမဲ့ သားဖြစ်သူကို ချစ်ရှာတဲ့ဖခင်မေတ္တာတွေကို ကြည့်ရှုရင်းနဲ့ တကယ်ကိုနွေးထွေးမှုတွေကူးစပ်စေမှာပါ ။ အခုပဲကြည့်ရှုလိုက်ရအောင်ပါနော် ။

https://m.media-amazon.com/images/M/MV5BMGJiZTVhNTItMTdmMC00ZDE4LWI2ZmItNjFhMmFiMzc1MmNhXkEyXkFqcGdeQXVyNjYxNzY5MjE@._V1_FMjpg_UX1000_.jpg Rise (2022) ⭐IMDB: 7.2/10 (2 k Votes) 🎬 #Comedy #Drama 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #BE #France #Belgium #Netherlands ⏰ 1 နာရီ 57 မိနစ် 16 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 Rise (2022)ကိုယ်မြတ်မြတ်နိုးနိုးနဲ့ချစ်တဲ့ ဘ၀လမ်းကြောင်းတစ်ခုကိုဆုံးရှုံးလိုက်ရတဲ့အခါမှာ သင်ဘယ်လိုခံစားရမလဲ။ ဘ၀လမ်းကြောင်းဆုံးရှုံးခဲ့ရုံတင်မကပဲ သင်ချစ်တဲ့လူကပါသစ္စာဖောက်သွားခဲ့ရင်ရော။ဒီထဲကဘဲလေးအကမယ်လေးဟာ ခြေကျင်း၀တ်ဒဏ်ရာခဏခဏဖြစ်ခဲ့တဲ့အတွက် ပွဲတစ်ပွဲမှာအကတောင်ထပ်မကနိုင်တော့တဲ့အထိဒဏ်ရာအကြီးအကျယ်ရခဲ့ပါတယ်။ ချစ်သူကလည်းသစ္စာဖောက်နေပြန်တော့ ဒဏ်ရာရနေတဲ့ လူကိုနောက်ကျောကနေ ဓားနဲ့ထပ်ထိုးလိုက်သလိုပါပဲ။ တစ်လောကလုံးမှာ သူ့ကိုယ်သူကံအဆိုးဆုံးလို့ထင်နေတဲ့ကောင်မလေးဟာ ဘ၀ကိုဘယ်လိုဖြတ်သန်းမှာလဲ။ သူ့အိမ်မက်တွေပြောင်းလဲပြီး နောက်ထပ်လမ်းကြောင်းတစ်ခုကိုရွေးချယ်သွားလေမလား အိမ်မက်နဲ့ ဘ၀အကြား ရွေးချယ်ရခက်နေတဲ့ ထိုကောင်မလေးဘာကိုရွေးချယ်သွားမလဲဆိုတာကို စောင့်ကြည့်လိုက်ရအောင်ပါ။Reviewed by MayLinTranslated by MayLin & PhyuWinEiEncoded by Hubin

https://m.media-amazon.com/images/M/MV5BNDNiMDE2ZDctZTBjYy00N2ZkLWI1ZjEtYzJlYzFjNjFlMTk2XkEyXkFqcGdeQXVyMTI1NDEyNTM5._V1_FMjpg_UX1000_.jpg Kral Sakir: Geri Dönüsüm (2022) ⭐IMDB: 6.0/10 (55 Votes) 🎬 #Adventure #Animation #Comedy 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #Turkey ⏰ 1 နာရီ 31 မိနစ် 11 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 Kral Sakir:Geri Donusum (2022)ဒီတစ်ခါမှာတော့ လူတွေဟာ စွန့်ပစ်ပစ္စည်းနဲ့ပလက်စတစ်တွေ စည်းကမ်းမဲ့စွန့်ပစ်မှုကြောင့် ကမ္ဘာကြီးလေထုညစ်ညမ်းပြီး နေထိုင်ရာ ပတ်ဝန်းကျင်ပျက်စီးဖို့ နီးကပ်လာပြီမို့ သိပ္ပံပညာရှင်တွေဟာ ဖြေရှင်းနည်းကိုစဉ်းစားရပါတော့တယ်။ ထိုဖြေရှင်းနည်းကတော့ အမှိုက်တွေကို ဒုံးပျံနဲ့တင်ပြီး အာကာသဟင်းလင်းပြင်ထဲ လွှင့်တင်ဖို့ပဲဖြစ်ပါတယ်။ ကြာလာတဲ့အခါမှာတော့ အာကာသထဲ ညစ်ညမ်းလာပြီး ဂြိုလ်သားတွေကို ဒေါသထွက်သွားစေရာကနေ ဂြိုလ်သားတွေကမ္ဘာမြေကြီးကို သိမ်းဖို့လာရောက်တဲ့အခါ ဘယ်လိုကာကွယ် တိုက်ခိုက်ဖြေရှင်းကြမလဲဆိုတာကို ဒီ Kral Sakirကားလေးထဲမှာ ဆက်လက်ကြည့်ရှုကြရအောင်နော်။Reviewed by Ella WuTranslated by Ella Wu & AyeThinzarEncoded by Hubin

https://image.tmdb.org/t/p/original/n8BhNybCdPMhGulFg2M4Jd0Oq3G.jpg Nobody’s Lover (2022) ⭐IMDB: ⁉️ 🎬 #Drama 🗓️ 2022 🎞️ Movie 📺 720p HD 🌎 #⁉️ ⏰ 2 နာရီ 10 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Nobody’s Lover (2022) မြို့သေးသေးလေးမှာ အမေနဲ့ နှစ်ယောက်တည်း အတူနေတဲ့ ၁၈နှစ်အရွယ် ယူဂျင်းဆိုတဲ့ ကောင်မလေး တစ်ယောက် … တစ်ရက်မှာ အမေက သူ့ချစ်သူနဲ့ ကလေးရသွားလို့ချစ်သူအိမ်မှာပဲ နေတော့မယ်ဆိုပြီး အိမ်မှာ တစ်ယောက်တည်း ကျန်နေခဲ့တဲ့ ကောင်မလေး … ကိုယ့်ဝမ်းကိုယ်ကြောင်းဖို့ အချိန်ပိုင်းအလုပ်လိုက်ရှာရင်း ပီဇာဆိုင်မှာ အလုပ်ရသွားခဲ့တဲ့ ၁၈နှစ်မလေးက ပီဇာဆိုင်မှာ ကောင်လေးနှစ်ယောက်နဲ့ တွေ့ပြီး ဘယ်လိုတွေ ဆက်ဖြစ်မလဲ? လောကကြီးအကြောင်း ဘာမှမသိတဲ့ မြီးကောင်ပေါက်လေးရဲ့ ပထမဆုံးကြုံဖူးတဲ့ ချစ်ခြင်း လွမ်းခြင်း ခွဲခွါခြင်းတွေက ဘယ်လိုလဲဆိုတာကိုတော့ ကြည့်ရှုလိုက်ကြရအောင်နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Tiffပါ။)

https://image.tmdb.org/t/p/original/1Avzg6TfpsSaMc44sueZBw9eXHx.jpg The Unspoken Stories: Legend of Green Fish ( 2022 ) ⭐IMDB: ⁉️ 🎬 #Action #Fantasy 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #China ⏰ 1 နာရီ 18 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှာတော့ VFX ကောင်းကောင်းနဲ့မိန်းကလေးချောချောလေးတွေပါတဲ့တရုတ်မှော်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် အရမ်းဆိုးသွမ်းလွန်းတဲ့နဂါးနီကို ဖမ်းဖို့ ပု၀ူဂိုဏ်းရဲ့ဂိုဏ်းချုပ်ဆရာကြီးဟာကိုယ့်ကိုကိုယ် စတေးပြီး နှစ်တစ်ရာလောက် နဂါးနီကိုလှောင်ထားခဲ့ပါတယ်။ နှစ်တစ်ရာလုံး အဲ့ဒီနေရာကို ဘယ်သူမှရှာလို့မတွေ့ပေမယ့် နှစ်တစ်ရာပြည့်တဲ့အချိန်မှာတော့မိစ္ဆာအဖြစ်ကနေ နဂါးဖြစ်ချင်တဲ့မချောလေးရယ် ပု၀ူဂိုဏ်းက မိစ္ဆာနှိမ်နင်းတဲ့ဆရာရယ်ပေါင်းပြီး နဂါးနီရှိတဲ့နေရာကိုရှာဖို့ အကြောင်းဖန်လာပါတော့တယ်…သူတို့နှစ်ဦး နဂါးနီဖမ်းထားတဲ့နေရာကိုရှာတွေ့မလားဘယ်လိုအကြောင်းအရာတွေပေါ်ထွက်လာဦးမလဲဆိုတာတော့ရုပ်ရှင်ထဲမှာစီးမျောခံစားလိုက်ပါဦး

https://m.media-amazon.com/images/M/MV5BZTM4ZmJmMTQtMWUxOS00MjQxLTllNmQtNzI4YWVhYzZlNTRkXkEyXkFqcGdeQXVyNjU0NTI0Nw@@._V1_FMjpg_UX1000_.jpg Fear (1996) ⭐IMDB: 6.2/10 (50 k Votes) 🎬 #Drama #Thriller 🗓️ 1996 🎞️ Movie 📺 1080p FHD 🌎 #UnitedStates ⏰ 1 နာရီ 37 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Fear စိတ္တဇလူသတ်သမားဇာတ်လမ်းအမျိုးအစားတွေကိုမှ ကြိုက်နှစ်သက်တဲ့သူတွေအတွက် ထပ်ပြီး ရင်ဖိုစွာနဲ့ ကြည့်ရှုရမဲ့ ၁၉၉၆ခုနှစ်က အမေရိကန်ရုပ်ရှင်။ အသက်ဆယ့်ခြောက်နှစ်အရွယ် ကောင်မလေး နစ်ခိုးလ်ဟာ သူ့အဖေရဲ့ အိမ်ထောင်အသစ်နဲ့အတူ ဝါရှင်တန်မှာ အတူနေကြတယ်။ အလုပ်တွေပဲ အမြဲများနေတတ်တဲ့ အဖေဖြစ်သူ စတီဗင်က ဒုတိယအိမ်ထောင်ဆက်မှာတော့ သာယာတဲ့မိသားစုလေးကို တည်ထောင်ဖို့ကြိုးစားနေချိန်မှာပဲ နစ်ခိုးလ်က အန္တရာယ်အနံ့အသက်တွေအပြည့်နဲ့ကောင်လေးနဲ့ တွဲလာတယ်။ အစပိုင်းမှာ ယောက်ျားပီသပြီး အရာရာကိုကူညီတတ်တယ်လို့ သူထင်ထားတဲ့ သူ့ကောင်လေးက တဖြည်းဖြည်း စိတ္တဇဆန်လာပြီး လူသတ်ကောင်လိုမျိုးသားရဲဆန်လာတာကို နစ်ခိုးလ် တွေ့လာရတယ်။ အဲဒီအချိန်မှာ နစ်ခိုးလ်က ဒီကောင်လေးနဲ့ ပတ်သက်သမျှကို အဆက်ဖြတ်နိုင်ပါ့မလား သူကစတဲ့ မီးပွားဟာ သူ့မိသားစုဆီမှာပါလာစင်မလားဆိုတာ သည်းထိတ်ရင်ဖိုဖွယ်ဇာတ်ဝင်ခန်းများနဲ့အတူကြည့်ရှုရမှာပဲဖြစ်ပါတယ်။

https://m.media-amazon.com/images/M/MV5BMDk1NDYyODktMmIxNi00ZTZjLWI4NWMtMmU2ZDc3YzEyMjdjXkEyXkFqcGdeQXVyMDYyODA2Mw@@._V1_FMjpg_UX1000_.jpg Hilma (2022) ⭐IMDB: 6.1/10 (432 Votes) 🎬 #Biography #Drama 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #Sweden ⏰ 1 နာရီ 54 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hilma (2022) ~ IMDb – 6.1/10, Rotten Tomatoes – 63% ~ ဟာမားအက်ဖ်ကလစ် ဆိုတဲ့ ပထမဆုံး စိတ်ကူးယဥ်အနုပညာကိုဆွဲပြခဲ့တဲ့ ပန်းချီဆရာမ​လေးအ​ကြောင်း ရိုက်ပြထားတဲ့ အတ္ထုပ္ပတ္တိ (Biography) ဇာတ်ကားပဲဖြစ်ပါတယ် ဆွီဒင်ပန်းချီဆရာမ ဟာမားအက်ဖ်ကလင့်ဟာ စိတ်ကူးယဥ်ပန်းချီဆွဲသူအ​နေနဲ့ ကမ္ဘာမှာလူသိများပါတယ်။ ထူးဆန်းတာက သူ့ရဲ့အ​တွေး​အ​ခေါ်​တွေက ဝိညာဥ်​​တွေဆီကပဲ ရတယ်​ပြော​တော့ အဲဒီခေတ်ကလူ​တွေကယုံရခက်ခဲ့ကြပါတယ်။ ခေတ်ကလည်း ပန်းချီလို့​ပြောလိုက်ရင် လက်​တွေ့ဆန်တဲ့ ရှူခင်းပုံ​တွေကိုပဲ သိကြ​သေးတဲ့​ခေတ်ဆို​တော့ ဒီဇာတ်ကားထဲမှာ… – ဝိညာဥ်​လောကက တစ်ကယ်ရှိတာလား– ဟာမား ဘယ်လို ပန်းချီဆွဲချင်သွားတာလဲ– ဟာမားရဲ့ အချစ်​ရေး– လူ​​တွေက ဟာမား အလုပ်ကို အသိအမှတ်ပြုခဲ့လား– ဟာမား ဘယ်လိုအခက်အခဲ​​တွေကြုံ​တွေ့ခဲ့ရလဲ– ဟာမား အိပ်မက်​တွေကို လက်​လျော့ခဲ့လား– ဟာမားရဲ့အိပ်မက် အ​​ကောင်အထည်​ပေါ်သွားခဲ့လား စတာ​တွေကို စိတ်ဝင်တစား​ဖြစ်အောင် ရိုက်ပြထားတာ​တွေ့ရမှာဖြစ်ပါတယ်။ အဲဒါအပြင် ဟာမားရဲ့ လှပတဲ့ အနုပညာပန်းချီကား​တွေကိုလည်း ​ထည့်သွင်း ရိုက်ပြထားပါ​သေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)

https://m.media-amazon.com/images/M/MV5BZjllN2NhYmQtM2ZmYi00Y2ExLWI1NjYtZTIxNDgxY2NhOGVkXkEyXkFqcGdeQXVyMjQwMjk0NjI@._V1_FMjpg_UX1000_.jpg The Legend of Fong Sai-Yuk 2 (1993) ⭐IMDB: 6.9/10 (4 k Votes) 🎬 #Action #Adventure #Comedy #History 🗓️ 1993 🎞️ Movie 📺 480p SD 🌎 #China #HongKong ⏰ 1 နာရီ 33 မိနစ် 08 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှာလဲ မင်းသားကြီးဂျက်လီပါဝင်တဲ့သိုင်းအက်ရှင်ရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ မန်ချူးနဲ့ ဂျပန်တွေကျူးကျော်မှုခံရတဲ့အချိန်မှာတော်ဝင်မျိုးဆက်ရင်သွေးကို ပန်းနီဂိုဏ်းရဲ့အကူအညီနဲ့ ဂျပန်ကိုပို့ထားခဲ့ပါတယ်။အရွယ်ရောက်လာတဲ့ မင်းအလောင်းအလျာဟာပန်းနီဂိုဏ်းရဲ့ခေါင်းဆောင်ဖြစ်လာပြီး ဘုန်းကြီးတစ်ပါးကသူ့ကို ဧကရာဇ်ဖြစ်ကြောင်း သူ့ဘေးမှာသစ္စာဖောက်တစ်ယောက်နဲ့ကယ်မယ့်သူ တစ်ယောက်ရှိကြောင်း ဗေဒင်ဟောခဲ့ပါတယ်။ ဘုန်းတော်ကြီးရဲ့ဟောပြောချက်မှန်မလားမှားမလားတော့ရုပ်ရှင်မှာပဲစီးမျောခံစားကြည့်ပါ။သိုင်းအက်ရှင်တင်မကပဲဟာသနဲ့မင်းသမီးချောတွေကြောင့်ကြည့်ရတန်ပါလိမ့်မယ်။