ru
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
A Place Called Silence (2024) ⭐TMDB: 64% User Score 🎬 #Crime #Drama #Horror #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 59 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM ချစ်ပရိသတ်တို့အတွက် ဇာတ်ကားကောင်းလေးတစ်ခုကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…လူဆိုတာ တစ်ချိန်မှာ ကျောက်တုံးလို မာကျောလာနိုင်တယ်…အမှန်တရားက တူတစ်ချောင်းလိုပဲ…ကျောက်တုံးကိုတောင် ချေမွနိုင်တဲ့ တူတစ်ချောင်းပေါ့… ဒါပေမယ့် အမှန်တရားဆိုတဲ့ တူ ကို ကျောက်တုံးတွေအများကြီးက ဖုံးအုပ်လိုက်ရင်တော့…ကျောက်တုံးတစ်တုံးက စတေးပြီး တူတစ်ချောင်းရဲ့ အင်အားကို ပြန်ဖော်ထုတ်ဖို့ လိုအပ်သွားပြီပေါ့…ဟုတ်ပါတယ်… ဒီဇာတ်ကားလေးက မိန်းကလေးကျောင်းမှာဖြစ်ပျက်တဲ့ ကျောင်းသားချင်း အနိုင်ကျင့်မှုအကြောင်းကို အခြေခံ ရိုက်ကူးထားတာပါ… ဒီမိန်းကလေးကျောင်းရဲ့ ထူးခြားချက်ကတော့ သာမန်ကလေးတွေသာမကဘဲအထူးဂရုစိုက်ဖို့လိုတဲ့ ကလေးတွေပါ တက်တဲ့ကျောင်းလေးပေါ့…ဒါကြောင့်လည်း အထူးဂရုစိုက်ဖို့ လိုတဲ့ကလေးတွေ အနိုင်ကျင့်ခံရတဲ့ ကိစ္စဖြစ်ခဲ့တာပေါ့…ဒါပေမယ့် တကယ် ရဲတွေ လိုက်ခဲ့တာကတော့ ဒီအမှုမဟုတ်ဘဲ..ကျောင်းသူပျောက်သွားတဲ့ အမှုကိုပါ…ဘာကြောင့်မှန်းမသိ ကျောင်းသူ ၃ ယောက် ပျောက်သွားတာကိုလူပျောက်တိုင်ရာကနေ အမှုစစ်ဆေးဖို့အထိ ဖြစ်လာခဲ့တာပါ… တိုက်တိုက်ဆိုင်ဆိုင် မျက်မြင်သက်သေထဲမှာ မွေးရာပါစကားမပြောနိုင်တဲ့ကျောင်းသူလေးပါနေခဲ့တယ်…နောက်ဆုံး ဒီကလေးမလေးပါ ပျောက်သွားခဲ့တာပါ… ကဲ ရဲတွေ ပျောက်ဆုံးနေတဲ့ ကျောင်းသူတွေကို ပြန်ရှာတွေ့နိုင်မှာလား…တခြား ဘာအမှုတွေနဲ့ပါ ချိတ်ဆက်နေဦးမှာလဲ…နောက်ပြီး ဒီကျောင်းကြီးရဲ့ လျို့ဝှက်ချက်ကရော ဘာရှိနေမှာလဲ
...

Agatha All Along (2024) ⭐IMDB: 6.8/10 (5 k Votes) 🎬 #SciFi #Fantasy #Mystery #Action #Adventure #Comedy #Drama 🗓 2024 🎞 tv mini series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 41 မိနစ် 40 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒစ္စနေးရဲ့ မာဗယ်စကြဝဠာထဲက မှော်စီးရီးအသစ်တစ်ခု ထွက်လာပါပြီ။ ဒီစီးရီးထဲက အဓိက မင်းသမီးကတော့ စုန်းမကြီး အက်ဂ်သာ ဖြစ်တဲ့အတွက် သူ့ကိုပထမဆုံးမိတ်ဆက်ထားတဲ့ WandaVision စီးရီးကိုအရင်ကြည့်မှ ရပါမယ်။ အဲဒီစီးရီးထဲမှာ ကြက်သွေးရောင်စုန်းမဖြစ်လာတဲ့ ဝန်ဒါက သူ့ကို မှော်အကျဉ်းထောင် တစ်ခုထဲမှာ ပိတ်ထားခဲ့ပါတယ်။ လက်ရှိစီးရီးကတော့ Multiverse of Madness ဆိုတဲ့ဇာတ်လမ်းနောက်ပိုင်းကနေ ဆက်တာပါ။ ဝန်ဒါသေဆုံးအပြီးမှာ အက်ဂ်သာတစ်ယောက်လွတ်မြောက်ဖို့နဲ့ မှော်အစွမ်းတွေပြန်ရဖို့ သူ့ရဲ့ စုန်းအဖော်တွေနဲ့ ဘယ်လိုတွေ ကြိုးစားရမလဲဆိုတာ မြင်ရမှာပါ။ အစွမ်းတွေပျောက်နေတုန်းမှာပဲ လာသတ်မဲ့ ရန်သူတွေကိုလည်း ကျော်လွှားရပါဦးမယ်။ အပိုင်း ၁+၂ ထွက်လာပုံအရတော့ She-Hulk လို ပေါ့ပျက်ပျက်ရိုက်ထားမဲ့ပုံ မဟုတ်လို့ ကြည့်လို့ကောင်းမယ်ထင်ပါတယ်။ File size…(510 Mb)/(250 Mb)Quality….Webrip 1080p / 720pFormat… mp4Duration…. 00:40:00Genre… Dark Fantasy, Supernatural Fantasy, Action, Adventure, Comedy, Drama, Fantasy, Sci-FiSubtitle….Myanmar Subtitle (Hardsub)Encoded & Translated by …. Mr. Anderson Season 1 Episode 1 720p  –Telegram/Yoteshin/gdtot/Megaup/Usersdrive/Streamwish Episode 2 720p  –Telegram/Yoteshin/gdtot/Megaup/Usersdrive/Streamwish အပိုင်း ၂ ပိုင်းထွက်ရှိထားပြီး ကျန်အပိုင်းကိုလည်းဆက်လက်တင်ဆက်ပေးသွားပါ့မယ်
...

My Big Fat Greek Wedding (2002) ⭐TMDB: 65% User Score 🎬 #Comedy #Drama #Romance 🗓 2002 🎞 movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ IMDB 6.6/10 ရရှိထားတဲ့ Comedy/Romance ဇာတ်ကားလေးပါ။ ဂရိမျိုးနွယ်သူဖြစ်တဲ့ တူလာက အသက် ၃၀အရွယ်ထိ အိမ်ထောင်မကျသေးတဲ့၊ ဘဝရည်မှန်းချက် ပျောက်ဆုံးနေတဲ့သူပါ။ သူတို့ဂရိလူမျိုးတွေက ယူရင်လည်း ဂရိအချင်းချင်းပဲယူကြပြီး ကလေးတွေလည်း အများကြီးမွေးကြကာ မျိုးဆက်ပြန့်ပွားရေးကို အလေးထားကြသူများလည်း ဖြစ်ပါတယ်။ တူလာ့ရဲ့အဖေဖြစ်သူက အရေပြားပြဿနာကနေ ဓာတ်မတည့်တာအဆုံး Windex ဆိုတဲ့ မှန်သုတ်ဆေးထည့်ရင်ပျောက်တယ်လို့ ယုံကြည်သူပါ။ (ဘာမဆို ဆရာခိုနဲ့ပျောက် ဆိုတာမျိုးနဲ့ ခပ်ဆင်ဆင်ပေါ့လေ။) ဂရိဖြစ်ရတာကို အလွန်ဂုဏ်ယူတဲ့ အဖေဖြစ်သူက ဂရိမျိုးနွယ်ဂုဏ်ကို ထိန်းသိမ်းတဲ့သူမို့ သူ့သမီးကို ဂရိတစ်ယောက်နဲ့ အမြန်ဆုံး အိမ်ထောင်ချပေးဖို့ နည်းမျိုးစုံနဲ့ကြံနေခဲ့တာပေါ့လေ။ တူလာက တခြားမိန်းကလေးတွေနဲ့မတူဘဲ ဘဝကို သမားရိုးကျ မဖြတ်သန်းချင်သူဖြစ်တာနဲ့အညီ ဂရိမဟုတ်တဲ့ တခြားအမေရိကန်ကောင်လေး အီယန်ကို ချစ်မိသွားရာမှာတော့ မျိုးရိုးဂုဏ်စောင့်ထိန်းချင်တဲ့ သူ့အဖေနဲ့ တူလာ့ကြား ပဋိပက္ခတွေ ပေါ်လာပါတော့တယ်။ ချစ်သူကိုလည်း အင်မတန်ချစ်ပေမဲ့ အဖေ့စကားကို လွန်ဆန်ရခက်တဲ့ တူလာ့အတွက် ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲ၊ အီယန်ကရော တူလာ့ရဲ့အဖေဆီက မျက်နှာသာရဖို့လုပ်ရာမှာ ဘယ်လိုအလွဲတွေနဲ့ ကြုံရမလဲ၊ နောက်ဆုံးမှာ သူတို့နှစ်ယောက် ရွှေလက်တွဲမြဲနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ရှုစားလိုက်ကြပါဦး။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။)
...

Pained (2011) ⭐IMDB: 6.7/10 (695 Votes) 🎬 #Crime #Drama #Romance 🗓 2011 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 45 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pained (2011)*************ဒီကားလေးကတော့ နာကျင်မှုတွေကို မခံစားရတဲ့ ကောင်လေးနဲ့သွေးမတိတ်တဲ့ရောဂါရှိတဲ့လူနာ ကောင်မလေးတို့ကြားက အချစ်ဇာတ်လမ်းလေးကို ဖော်ပြထားတဲ့Romance Movie လေးပဲဖြစ်ပါတယ်။ မင်းသား Kwon Sang Woo နဲ့ မင်းသမီး Jung Ryeo Won တို့ ပါဝင်သရုပ်ဆောင်ထားပြီးမင်းသားကြီး Ma Dong Seok လည်းပါဝင်ထားလို့ Action scene တွေကိုလည်းစိတ်ဝင်တစား ကြည့်ရမယ့် Movie ကောင်းလေးပါနော် .. ဇာတ်လမ်းအကျဉ်း*************နမ်ဆွန်း (Kwon Sang Woo) ကတော့ မိသားစုရဲ့ ကားမတော်တဆမှုဖြစ်ပြီးနောက်ပိုင်းမှာစိတ်ဒဏ်ရာတွေရပြီး နာကျင်မှုကို မခံစားရတော့တဲ့ သူတစ်ယောက်ဖြစ်သွားခဲ့ပါတယ် ..လက်ရှိမှာတော့ ဘုံးနို (Ma Dong Seok)နဲ့ လက်တွဲအလုပ်လုပ်ရင်းသူ့ကိုယ်သူ အနာခံ အထိုးခံအနေနဲ့လုပ်ပြီးအတိုးကြီးစားငွေချေးသမားတွေအတွက် ပိုက်ဆံလိုက်ကောက်ပေးတဲ့သူတစ်ယောက်ပါ .. ဒုံဟျွန်း(Jung Ryeo Won)ကလည်း ငယ်စဉ်ကတည်းက မိဘနှစ်ပါးကိုဆုံးရှုံးလိုက်ရပြီးမိဘတွေရဲ့ ဆေးရုံစရိတ်တွေကြောင့် အကြွေးနွံနစ်နေတဲ့အပြင်သူ့ရဲ့သွေးမတိတ်တဲ့ရောဂါအတွက်ပါ ခက်ခက်ခဲခဲ လုပ်ကိုင်စားသောက်နေရပါတယ် .. တစ်နေ့မှာတော့ နမ်ဆွန်းနဲ့ ဘုံးနိုက ဒုံဟျွန်းဆီကနေ အကြွေးသွားကောက်ဖို့ ဖြစ်လာပါတော့တယ် .. ဘုံးနိုက သူ့မိန်းမရဲ့ပြဿနာတွေ ဖြေရှင်းနေရတဲ့အတွက်ဒုံဟျွန်းနောက်ကို လိုက်ပြီးအကြွေးကောက်ဖို့ရာက နမ်ဆွန်းရဲ့တာဝန်ဖြစ်လာခဲ့ပါတယ် .. ပေးစရာပိုက်ဆံမရှိတဲ့ ဒုံဟျွန်းနဲ့ မရမကအကြွေးလိုက်ကောက်နေတဲ့ နမ်ဆွန်းတို့ တွေ့တိုင်းစကားများရန်ဖြစ်ကြရင်း နှစ်ယောက်သား ဘယ်လိုသဘောကျသွားကြမှာလဲ .. မတူညီတဲ့ရောဂါတွေရှိနေတဲ့ သူတို့နှစ်ယောက်ကရော ဘယ်လိုဖေးမရင်း အတူတူဖြတ်သန်းသွားကြမှာလဲဆိုတာ ဒီကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ပါဦးနော် အညွှန်းကို Vanessa မှရေးသားပေးထားပါတယ်။
...

Moro (2023) ⭐IMDB: 3.6/10 (27 Votes) 🎬 #Drama #Action 🗓 2023 🎞 movie 🌎 #Philippines ⏰ 1 နာရီ 20 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ မိခင်တစ်ယောက်ရဲ့သားသမီးတွေအပေါ်ထားတဲ့ မိဘမေတ္တာ၊ စိုးရိမ်ပူပန်မှုတွေကိုအခြေခံပြီးနိုင်ငံရေးမတည်ငြိမ်မှုအကျိုးဆက်ကြောင့် မိခင်တစ်ယောက်သောကပွေရဲ့အကြောင်းကိုရိုက်ကူးတင်ဆက်ထားတဲ့ဖိလစ်ပိုင်ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ် ဒီဇာတ်ကားမှာ ညီအစ်ကိုနှစ်ယောက်အနက် ညီဖြစ်သူ အက်ဒဲလ်က လောင်းကစားခုံမင်သူဖြစ်ပြီးအစ်ကိုဖြစ်သူ ဂျက်ဆင်းက ရိုးသားကြိုးစားသူဖြစ်ပါတယ်။မုဆိုးမမိခင်ကြီးက အိပ်မက်တွေ မကောင်းတာကြောင့် သားငယ် အက်ဒဲလ်ကို ခေါ်ကာသားကြီးဂျက်ဆင်းဆီကို သွားပြီး ညီအစ်ကိုတွေ ပြန်ပြေလည်ဖို့ လုပ်ခဲ့ပါတယ်။ညီအစ်ကိုချင်းမပြေလည်ခဲ့ရတဲ့အကြောင်းကလည်း မိဘပိုင်မြေတွေကို ညီလုပ်သူကပေါင်နှံခဲ့တာကြောင့်ဖြစ်ပါတယ်။မြေပြန်ရွေးနိုင်ဖို့အတွက် အစ်ကိုဖြစ်သူက မိသားစုလိုက် အလုပ်ကြိုးစားနေကြရပါတယ်။သူတို့ညီအစ်ကိုတွေဟာ မိခင်ကြီးရဲ့အိပ်မက်နိမိတ်ဆိုးတွေ တကယ်ဖြစ်မလာဖို့အတွက်ကန်ဒူလီဆိုတဲ့ ရိုးရာဓလေ့အရ လှူဒါန်းပွဲလုပ်ခဲ့ကြပါတယ်။ဒီအချိန်မှာပဲ စစ်တပ်က သူတို့မြို့တွေဆီကို လာရောက်တိုက်ခိုက်ကြတဲ့အခါညီအစ်ကိုချင်း ပြန်ပြေလည်အောင် လုပ်နိုင်ကြပါ့မလား…ဒီစစ်ပွဲကနေ သူတို့မိသားစု ဘေးကင်းစွာနဲ့ နေနိုင်ကြပါမလား… အညွှန်း နဲ့ ဘာသာပြန်ကတော့Dao Phyoဖြစ်ပါတယ်။
...

Collision (2017) ⭐TMDB: 50% User Score 🎬 #Crime #Drama #Thriller #Horror 🗓 2017 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 27 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Collision (2017)****************ဒီတစ်ခေါက် တင်ဆက်ပေးသွားမယ့် Collision ဆိုတဲ့ဇာတ်ကားလေးထဲမှာ .. သရုပ်ဆောင်တွေအနေနဲ့ ထယ်ဟွာအဖြစ် အီဆွန်းဂျွန်း၊ ဂျောင်ဆူအဖြစ် အီအိဂျွန်တို့က ပါဝင်ထားတဲ့ Crime, Thriller ဇာတ်လမ်းအမျိုးစားပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ငွေမည်းရနိုင်မယ့်အချက်လက်ကို ရလာတဲ့ထယ်ဟွာက ညီဖြစ်သူတွေနဲ့အတူ အစီစဉ်ကို စတင်အကောင်ထည်ဖော်ပါတော့တယ် .. အဲဒီအချိန်မှာပဲ သူတို့ရှိရာအိမ်ကိုရောက်လာတဲ့ သူငယ်ချင်းအုပ်စုနဲ့ဆုံပြီး ကိစ္စတွေက ထင်သလိုဖြစ်မလာဘဲ လူသေဆုံးမှုတွေပါ ပါဝင်လာတဲ့အခါမှာ‌တော့ .. ထယ်ဟွာတို့ငွေမည်းတွေကို ဘယ်လိုနည်းနဲ့ရအောင်ယူသွားမလဲ၊ ဒီကိစ္စတွေရဲ့နောက်ကွယ်ကလူက ဘယ်သူဖြစ်နေမလဲ၊ ဘယ်သူကလူဆိုး ဘယ်သူကလူကောင်းဖြစ်နေမလဲဆိုတာကိုတော့… Collision ဆိုတဲ့ဇာတ်ကားလေးကိုကြည့်ရင်း အတူတူအဖြေရှာလိုက်ကြပါစို့နော်
...

Chimdaerella (2016) ⭐IMDB: 6.6/10 (10 Votes) 🎬 #Adult #Drama #Romance 🗓 2016 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 32 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 [18+] Chimdaerella (2016) ************************** ဂယူရီဆိုတဲ့ မိန်းကလေးဟာ တစ်ခါမှ ရည်းစား မထားဖူးတဲ့ ဇာတ်ညွှန်းရေးဆရာမတစ်ယောက် ဖြစ်ပါတယ် ..သူက မယ်လိုဒရာမာ ဇာတ်ညွှန်းတွေ ရေးနေပေမဲ့ အချစ်နဲ့ အထိအတွေ့တွေ အကြောင်းကို နားမလည်တာမို့ ..အချိန်အတော်ကြာ အခက်တွေ့နေခဲ့တယ် ..တစ်နေ့မှာ သူတို့ ကုမ္ပဏီ ကိုယ်စားလှယ်က ကေတီဗီ‌ ခေါ် အရက်တိုက်ပြီးတော့ အသားယူဖို့ ကြိုးစားတယ် ..အဲဒီအခါမှာ မဟုတ်မခံနိုင်သူပီပီ ကိုယ်စားလှယ်ကို ပြန်ပြောခဲ့ရာကနေနှစ်လစာပေးပြီး အလုပ်ထုတ်ခံလိုက်ရပါတော့တယ် ..အလုပ်ထုတ်ခံရပြီးတဲ့နောက်မှာ အပန်းဖြေစခန်းတစ်ခုမှာ သွားနားနေရင်းမင်ချောဆိုသူနဲ့ တွေ့ဆုံပြီး တစ်ညတာ ကုန်ဆုံးခဲ့ကြတယ် ..အဲဒီနောက်မှာ ဂယူရီက ခြေရာဖျောက်သွားခဲ့ပေမဲ့မင်ချောတစ်ယောက် ဂယူရီ့ကို စွဲလမ်းသွားခဲ့ပြီးတော့နေ့ရာအနှံ့ လိုက်ရှာနေခဲ့တယ် ..အဆုံးသတ်မှာ သူတို့နှစ်ဦး ပြန်လည် ဆုံဆည်းကြရမလားဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်
...

Sound of Hope: The Story of Possum Trot (2024) ⭐IMDB: 7.1/10 (1 k Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 10 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးဟာ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ ဒိုနာနဲ့ သင်းအုပ်ဆရာမာတင်တို့လင်မယားနှစ်ယောက်ဟာ ထိန်းသိမ်းရခက်တဲ့မိဘမဲ့ကလေးတွေကို သူတို့ကိုယ်တိုင်မွေးစားခဲ့တဲ့အပြင် တခြားသူတွေကိုပါမွေးစားချင်လာအောင် တိုက်တွန်းပေးနိုင်ခဲ့ပါတယ်ဒိုနာတစ်ယောက် သူမရဲ့မိခင်ကြီးဆုံးပါးသွားတဲ့အခါမှာ ဖြေဆည်မရတဲ့ပူဆွေးသောကြီးနဲ့လေးလံဖိစီးနေခဲ့ပါတယ် ဒါပေမဲ့တစ်နေ့မှာတော့ သူမရဲ့ပူဆွေးမှုတွေကိုဖြေဖျောက်နိုင်မယ့်နည်းလမ်းတစ်ခုရှာတွေ့သွားခဲ့ပါတယ် အဲ့ဒါကတော့ဘသူမတို့မောင်နှမတွေအများကြီးကို သူမရဲ့မိခင်ကမေတ္တာတွေပေးပြီးပြုစုစောင့်ရှောက်ခဲ့သလိုမျိုး သူမကလည်း ခိုကိုးရာမဲ့နေတဲ့ကလေးတွေကိုပြုစုစောင့်ရှောက်ပေးချင်တာပါ သူမရဲ့အမျိုးသားနဲ့တိုင်ပင်ပြီး မိဘမဲ့ကလေးနှစ်ယောက်ကိုအရင်ဆုံးမွေးစားလိုက်ပါတယ် နောက်ပိုင်း ထိုကလေးငယ်တွေရဲ့ဝမ်းနည်းကြေကွဲစရာအကြောင်းတွေကိုသိလာရတဲ့အခါမှာ အဲ့လိုကလေးမျိုးတွေအတွက်သာယာလှပတဲ့ဘဝလေးပေးနိုင်ဖို့ သူတို့ဘုရားကျောင်းကလူတွေကိုစည်းရုံးပြောဆိုနိုင်ခဲ့ပြီး အဲ့ကမိသားစု 22စုဟာ ကလေးမွေးစားပေးခဲ့ကြပါတယ် ဒါပေမဲ့ ထိန်းသိမ်းအုပ်ချုပ်ဖို့ခက်ခဲတဲ့ကလေးတွေလည်းပါနေတော့ ရင်ဆိုင်ရတဲ့ပြဿနာတွေရော လူများလာတာနဲ့အမျှငွေကြေးမလုံလောက်မှုတွေရောဖြစ်လာပေမဲ့ သူတို့ကဟာ သူတို့ယုံကြည်တဲ့ဘုရားသခင်ရဲ့လမ်းညွှန်မှုအတိုင်းလုပ်ခဲ့တာဖြစ်လို့ အဆင်ပြေမယ်ဆိုတဲ့ယုံကြည်ချက်နဲ့လက်မလျှော့ဘဲရှေ့ဆက်ခဲ့ကြပါတယ်
...

The Son (2022) ⭐TMDB: 67% User Score 🎬 #Drama #Mystery 🗓 2022 🎞 movie 🌎 #Australia #France #UnitedKingdom ⏰ 1 နာရီ 45 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ Drama,Mystery genre ပါ ဇာတ်လမ်းအကျဥ်းကတော့…….. အိုလီဗာဟာ ထောင်ကလွတ်လာတဲ့လူငယ်တွေအတွက်ပြန်လည်ထူထောင်ရေးအတွက် အသက်မွေးဝမ်းကြောင်းပညာရပ်သင်ကြားတဲ့စင်တာမှာ လက်သမားအတတ်ပညာကိုသင်ကြားပေးနေတဲ့သူတစ်ဦးပါ တစ်နေ့မှာ ဖရန်စစ်ဆိုတဲ့လူငယ်ကောင်လေးတစ်ယောက်ဟာ လက်သမားပညာကိုသင်ယူဖို့လျှောက်ထားခဲ့ပေမဲ့ အိုလီဗာကပယ်ချခဲ့ပါတယ် နောက်ပိုင်းမှာ အဲ့ကောင်လေးရဲ့နောက်ကို အိုလီဗာတစ်ယောက်နောက်ယောင်ခံလိုက်ပြီး ထိုကောင်လေးရဲ့ပြုမူလှုပ်ရှားမှုတွေအားလုံးကိုလေ့လာစောင့်ကြည့်ပါတယ် အဲ့ဒီနေ့မှာပဲ အိုလီဗာရဲ့ဇနီးဟောင်းဖြစ်သူက သူမနောက်အိမ်ထောင်ပြုတော့မှာဖြစ်ကြောင်းနဲ့ သူမမှာကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်းလာပြောပါတယ် အဲ့ဒီအချိန်မှာ အိုလီဗာမှခံစားချက်ပြင်းထန်လာတဲ့ပုံနဲ့ “ဘာလို့ဒီနေ့ကျမှလာပြောရတာလဲ”ဆိုပြီး ပြောခဲ့ပါတယ်အဲ့နောက်မှာ ဖရန်စစ်ရဲ့နောက်ကိုဆက်ပြီးနောက်ယောင်ခံလိုက်ခဲ့ပြီးမှ စိတ်ပြောင်းသွားပြီး သူ့ကိုပညာသင်ပေးဖို့လက်ခံခဲ့ပါတယ် သူတို့နှစ်ယောက်ရဲ့ကြားမှာ ဘယ်လိုပက်သက်မှုရှိနေတာလဲ…… အဲ့ဒီအဖြေကိုသိရပြီးရင်ရော အိုလီဗာဘာဆက်လုပ်မှာလဲဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်
...

Kiskisan (2024) ⭐TMDB: 0% User Score 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kiskisan (2024) အဒဲလ်နဲ့ရီနာတို့ဟာ အဒေါ်ဖြစ်သူရဲ့ဆန်စက်မှာ အတူတူလုပ်ရင်းကြိုးချင်းထားကြိုးချင်းညိကြတဲ့လူငယ်စုံတွဲဖြစ်ပြီး မကြာခင်လက်ထပ်ကြတော့မှာပါ။ အဲ့ဒီအချိန်မှာပဲ အဒဲလ်ရဲ့ညီမဖြစ်သူ ဘယ်ယာဟာ သူ့ကောင်မလေး ချက်စ်ကာနဲ့အတူ မင်္ဂလာပွဲတက်ဖို့ပြန်ရောက်လာပါတယ်။ ငယ်ရွယ်နုပျိုသူ သန်တုန်းမြန်တုန်းထန်တုန်းအရွယ်ကောင်းတွေကြားမှာ အချင်းချင်း ရမ္မက်ထန်မှောက်မှားကြပုံတွေကိုကွက်ကွက်ကွင်းကွင်းရှုစားရမှာဖြစ်ပါတယ်။ Vivamax ရဲ့ဝါရင့် မမ figure နှစ်ယောက်ဖြစ်တဲ့ Rob Guinto နဲ့ Apple Dy တို့ဦးဆောင်ပါဝင်ထားပြီး Skye Gonzaga ဆိုတဲ့ မင်းသမီးသစ်လေးကိုပွဲဦးထွက်မိတ်ဆက်ပေးထားပါတယ်။
...

Sister Wife Murder (2024) ⭐IMDB: 5.5/10 (150 Votes) 🎬 #Crime #Thriller #Mystery #TVMovie 🗓 2024 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အဖေဖြစ်သူ ဆုံးသွားလို့ စိတ်ထောင်းကိုယ်ကြေဖြစ်နေရှာတဲ့ ခလိုဝီတစ်ယောက် သင်းအုပ်ဆရာနဲ့ ချစ်ကြိုက်လက်ထပ်မိပြီး သင်းအုပ်ဆရာမှာ မယားကြီးနဲ့ မယားလတ်ရှိနေတဲ့အပြင် သူမက မယားအငယ်ဆုံးဖြစ်နေကြောင်း သိလိုက်ရတဲ့အခါ၊ ဒါတင်မကသေးပဲ သင်းအုပ်ဆရာက ဖိုဝါဒီ မတရားဆန်ပြီး အကြမ်းဖက်လာတဲ့အခါ ခလိုဝီတစ်ယောက် ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲ ဇာတ်လမ်းအကျဉ်း ခလိုဝီဟာ အဖေဖြစ်သူ ဆုံးသွားပြီးတဲ့နောက်မှာ စိတ်ဓာတ်တွေကျ၊ ဘာအလုပ်မှမလုပ်ဘဲ အိမ်မှာ သောင်တင်နေပါတယ်။ ဒါကို မကြည့်ရက်နိုင်တဲ့ အမေဖြစ်သူက သူ့ကို ဘုရားကျောင်းကို အတင်းခေါ်သွားတဲ့အခါမှာ ခေးလက်ဆိုတဲ့ သက်လတ်ပိုင်း သင်းအုပ်ဆရာအဆင်နဲ့ တွေ့ပါတော့တယ်။ ဒီအချိန်မှာ သူမဟာ ခေးလက်ကို သဘောကျသွားပြီး ဘုရားကျောင်းပုံမှန်သွား၊ ပရဟိတတွေလုပ်ကူပြီး ခေးလက်နဲ့ ချစ်ကြိုက်သွားကာ လက်ထပ်လိုက်ပါတော့တယ်။ ဒီအချိန်မှာ သူမသိလိုက်ရတာကတော့ ခေးလက်မှာ မယားကြီး မယားလတ်ရှိနေပြီး သူက မယားအငယ်ဆုံးဖြစ်တဲ့အပြင် ခေးလက်က စတွေ့တုန်းကလိုမဟုတ်ပဲ လက်ထပ်ပြီးမှ သူမကြိုက်တာလုပ်မိရင် အခန်းသော့ခတ်အပြစ်ပေးတတ်ပြီး ရိုက်နှက်အကြမ်းဖက်တတ်တဲ့လူမှန်း သိလိုက်ရတဲ့အခါ သူဟာ ခေးလက်ရဲ့အိမ်ကနေ ဘယ်လိုလွတ်မြောက်အောင်ကြိုးစားမလဲဆိုတာကို ရင်တထိတ်ထိတ်ကြည့်ရှုရမှာဖြစ်ပါတယ်။
...

Gintama Live Action the Movie (2017) ⭐IMDB: 6.1/10 (3 k Votes) 🎬 #Action #Comedy #ScienceFiction #Adventure #Fantasy #History #SciFi 🗓 2017 🎞 movie 🌎 #Japan ⏰ 2 နာရီ 11 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Gintama (2017) IMDb  Rating (6.1) ၂၀၁၇ ခုနှစ်မှာထွက်ရှိထားတဲ့ Live action လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားလေးက ဂျပန်မှာ အောင်မြင်မှုရရှိထားတဲ့ Gintama ဆိုတဲ့ manga ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီးတော့ ဒီဇာတ်ကားဟာလဲ ဝင်ငွေစံချိန်တင်ရရှိထား ပြီး ဂျပန်မှာ အောင်မြင်ခဲ့ တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ တိုကျိုမြို့ပေါ်ကို ဂြိုဟ်သားတွေကျူးကျော်လာပြီးတော့ ကမ္ဘာမြေပေါ်ကို နယ်ချဲ့ သိမ်းပိုက်ဖို့ ကြံစည်လာပါတယ်.. အဲ့ဒီဂြိုဟ်သားတွေကို ဆာမူရိုင်းတွေက ပြန်လည်ခုခံပြီး တိုကျိုမြို့ကိုကာကွယ်ဖို့ ကြိုးစားတဲ့အခါမှာ ဂြိုဟ်သားတွေကိုခုခံနိုင်မှာလား ဘာတွေဆက်ဖြစ်မှာလဲဆိုတာတွေကိုတော့ ပရိတ်သတ်ကြီးကဆက်လက်ကြည့်ကြရမှာပါ
...

Gintama 2: Rules are Made to be Broken (2018) ⭐IMDB: 6.4/10 (1 k Votes) 🎬 #Action #Comedy #Fantasy #ScienceFiction #Adventure #History #SciFi 🗓 2018 🎞 movie 🌎 #Japan ⏰ 2 နာရီ 15 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Gintama 2 (2018) IMDb  Rating (6.4) Anime နဲ့မရင်းနှီးသူတွေတောင် Gintama ဆိုတာကိုသိကြပါတယ် .. ဒါကတော့ ဒုတိယမြောက် Live action ရုပ်ရှင်ဇာတ်ကားလေးပါ .. ထုံးစံအတိုင်း အိမ်လခပေးစရာမရှိတဲ့ကြုံရာကျပန်း ဂင်ချန်တို့ဟာ ဆောင်ကြာမြိုင်မှာအလုပ်သွားရှာခဲ့ကြပါတယ် .. အဲ့ဒီမှာ ရှိုဂန်းနဲ့စတွေ့ပြီး ခေါင်းဖြတ်စက်ဆီရောက်မလို့ဖြစ်ခဲ့ရပါတယ် .. ရှိုဂန်းကိုလုံခြုံရေးယူပေးနေတဲ့ ရှင်ဆန်းဂုမိတပ်ဖွဲ့ နတ်ဆိုးဒုခေါင်းဆောင်ဟီဂျီကာတာကလည်း ချစ်ပ့်ပြားတစ်ခုထည့်သွင်းခံလိုက်ရပြီ လူဖြစ်ရှုံးတဲ့အိုတာကုဖြစ်သွားခဲ့ပါတယ် .. ထိုကနေတစ်ဆင့် ဂင်ချန်က ရှင်ဆန်းဂုမိတပ်ဖွဲ့ကို ကာကွယ်ဖို့ဖြစ်လာခဲ့ပါတယ် .. ဂင်တမာဆိုရင် တစ်ချိန်လုံးရယ်မောနေရပေမဲ့ ဝမ်းနည်းစရာကောင်းတဲ့အဖြစ်တစ်ခုလည်းရှိနေပါသေးတယ် .. ဒီရုပ်ရှင်မှာ အီတိုကာမာတိုရိုဇာတ်ကောင်ပါဝင်ခဲ့ပြီး ထိုဇာတ်ကောင်ကိုသရုပ်ဆောင်ခဲ့တဲ့ မင်းသားဟာရုမာဟာ ၂၀၂၀ ဂျူလိုင် ၁၈ မှာကြိုးဆွဲချပြီးသေဆုံးသွားခဲ့ပါတယ် .. ကျွန်တော် စကြည့်တုန်းက တစ်ချိန်လုံးရယ်မောခဲ့ရတဲ့ရုပ်ရှင်ဟာ သူ့ကိုမြင်တိုင်းဝမ်းနည်းမိရတဲ့အဖြစ်မျိုးကြုံတွေ့ခဲ့ရပါတယ်
...

New Biography of Xi Shi (2024) ⭐TMDB: 70% User Score 🎬 #History #Mystery #Romance 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 45 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တရုတ်နိုင်ငံသမိုင်းမှာ အလှဆုံးအမျိုးသမီး ၄ ဦးထဲက ရှီးစီးအကြောင်းကိုကိုးကားပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဘီစီ ၄၉၄ ခုနှစ်မှာဖူကျောင်းစစ်ပွဲမှာ ယွဲ့စစ်တပ်က ရှုံးနိမ့်ခဲ့ပြီး ယွဲ့တိုင်းပြည်ကပြည်ပျက်ခါနီးအချိန်ကို ရောက်လာပါတော့တယ်။ ယွဲ့အမျိုးသမီး ရှီးစီးနဲ့ အဖေဟာ မြို့တော်ကို ရှင်သန်နေထိုင်ဖို့ ရောက်လာခဲ့ပါတယ်။ဒါပေမဲ့ ဝူတိုင်းပြည်စစ်သူကြီး လင်ဖုန်းက ရှီးစီးရဲ့ အလှကိုမြင်ပြီးအဓ္ဓမသိမ်းပိုက်ဖို့ လုပ်ခဲ့ပါတယ်။ ရှီးစီးအဖေကလိုက်လံတားဆီးတဲ့အတွက် ရက်စက်စွာ သတ်ဖြတ်ခံလိုက်ရပါတယ်။ တိုင်းပြည်ရန်ငြိုး မိသားစုရန်ငြိုးတွေပေါင်းဆုံသွားပြီး ရှီးစီးကလည်းအဖေ့အတွက် ကလဲ့စားချေဖို့ ကျိန်ဆိုခဲ့ပါတယ်။ ကလဲ့စားချေဖို့ဝူတိုင်းပြည်မင်းကြီးကို ဆက်သမဲ့ အကမယ် ၈ ယောက်ထဲပါဝင်ခဲ့ပြီး သူမရဲ့အလှကြောင်း ဝူမင်းကြီးရဲ့ အချစ်ရဆုံး မိဖုရား ဖြစ်သွားခဲ့ပါတယ်။ သူလျှိုမိဖုရား ရှီးစီးအပေါ်ကို ဝူမင်းကြီးက မေတ္တာစစ်နဲ့ ချစ်သွားတဲ့အခါ……ဝူတိုင်းပြည်နဲ့ ယွဲ့တိုင်းပြည်ကြား ရှီးစီးတစ်ယောက် ဘယ်လိုရွေးချယ်မလဲ……သူမဟာ ယွဲ့တိုင်းပြည်က သူလျှိုဖြစ်ကြောင်းကိုရော သေချာဖုံးကွယ်နိုင်ပါ့မလား……ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်
...

#AMFAD: All My Friends Are Dead (2024) ⭐IMDB: 4.4/10 (444 Votes) 🎬 #Horror #Mystery #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အမေရိကန်ပြည်ထောင်စုမှာ KarmaPaloozaဆိုတဲ့ ပွဲတော်ကျင်းပလေ့ရှိတယ် အဲဒီပွဲတော်နဲ့ပတ်သတ်ပြီး အတိတ်ဆိုးကြီးတစ်ရပ်လည်းရှိခဲ့တယ် အဲဒီပွဲတော်နေ့မှာပဲ လူအစုလိုက်အပြုံလိုက်သတ်ခြင်းဖြစ်ပွားခဲ့တယ် ဒါပေမဲ့ တရားခံကိုလည်းလုံးဝရှာမတွေ့ခဲ့ပါဘူး ခုတော့အဲဒီတရားခံလွတ်နေတာနှစ်နှစ်ဆယ်ကြာခဲ့ပြီးဖြစ်ပြီး KarmaPalooza ပွဲတော်ရက်ကြီးကိုလည်း ပြန်လည်ရောက်ရှိလာခဲ့ပါတယ် လူတွေအားလုံးရဲ့စိတ်ထဲမှာတော့ နှစ်နှစ်ဆယ်ပြည့် KarmaPaloozaပွဲတော်ကြီးမှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က တရားခံပြန်လည်ပေါ်ပေါက်လာမလား တရားခံကရောဘယ်သူလဲ သူတို့ဘယ်လိုဟာမျိုးတွေလုပ်ခဲ့တာလဲဆိုတာ စိတ်လှုပ်ရှားဖွယ်စောင့်ကြည့်ပေးကြပါဦး
...

Gharat Ganpati (2024) ⭐IMDB: 7.9/10 (297 Votes) 🎬 #Bollywood #Family #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 18 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Gharat Ganpati 2024 ဂါရတ်စံအိမ်ရဲ့ချွေးမလောင်း ဂါရတ်မိသားစုက အရှင်ဂါနေ့ရှ်ပူဇော်ပွဲကို ကျင်းပလာခဲ့တာအခုဆို 124 နှစ်တိုင်ခဲ့ပြီပေါ့။ ရိုးရာကိုအလေးထားတဲ့ရှေးရိုးစွဲမိသားစုပီပီ အခုခေတ်ရဲ့အယူအဆတွေကိုလည်း သိပ်လက်မခံကြပါဘူး။ ဒီလိုနဲ့ တစ်ပတ်လုံးကျင်းပရတဲ့ ဂါနေ့ရှ်ပွဲတော်နေ့ ရောက်လာချိန်မှာတော့ဂါရတ်မိသားစုကြီးရဲ့ သားဖြစ်သူ ကီတန်တစ်ယောက် ကောင်မလေးတစ်ယောက်ကိုခေါ်လာပြီးတော့ အိမ်ကိုရောက်ချလာပြီး စပရိုက်စ်တိုက်ပါတော့တယ်။ အမှန်တော့ ဒီကောင်မလေး ကရီတီက ကီတန်နဲ့ အတူနေချစ်သူဖြစ်ပြီး တွဲနေတာ နှစ်နှစ်ကျော်နေပါပြီ။ဒါပေမဲ့ ရှေးဆန်လွန်းတဲ့ မိသားစုကဆင်းသက်လာတဲ့သူပီပီ ကရီတီနဲ့သူ့ရဲ့ ပတ်သက်မှုကိုလက်မခံနိုင်မှာစိုးတဲ့ကီတန်တစ်ယောက် ကရီတီကို သူငယ်ချင်းအနေနဲ့ပဲမိတ်ဆက်ပေးပြီး မိသားစုထဲက လူကြီးတွေရဲ့ နှလုံးသားကို အပိုင်သိမ်းဖို့ကြံပါတော့တယ်။ ဒါပေမဲ့ မိသားစုဝင်တွေကလည်း ကရီတီနဲ့ကီတန်ရဲ့ ဆက်ဆံရေးကို သေချာမသိပေမဲ့ သံသယဝင်နေကြတဲ့အခါမှာတော့….. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)
...

Thiragabadara Saami (2024) ⭐IMDB: 6.8/10 (63 Votes) 🎬 #Action #Bollywood #Romance 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 52 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tiragabadara Saami (2024) “တိုက်ခတ်လာသော မုန်တိုင်း” Genre – Action အသစ်စက်စက် ထွက်ရှိထားတဲ့ တေလဂူးစကားပြောအိန္ဒိယအချစ်အက်ရှင်ကားသစ်လေးကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဂီရီဆိုတာ ငယ်စဉ်ကတည်းက စိတ်အခံရှိတာကြောင့် သူများတွေလိုပုံမှန်အလုပ်မလုပ်ပဲ လူပျောက်တွေဆိုရင် လိုက်ရှာပေးပြီး မိသားစုတွေဆီပြန်အပ်တာ နားလည်အောင် ပြောပြပေးတာမျိုးလုပ်တဲ့ လူပျောက်ရှာတဲ့ ဆရာလေးတစ်ပါး။ ဒါပေမဲ့လည်း ဒီလိုမျိုးအလုပ် လုပ်တာကြောင့် မိသားစုဘဝလေးကို အားကျ စိတ်ကူးယဉ်နေပေမဲ့အကြောင်းအမျိုးမျိုးကြောင့် မိန်းမရှာလို့မရဘူး ဖြစ်နေခဲ့တယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ အင်မတန်မှလွတ်လပ်တဲ့စိတ်ထား ပွင့်လင်းမြင်သာတဲ့ သဘောထားနဲ့ ချောမောလှပတဲ့ကောင်မလေးတစ်ယောက်နဲ့ နဖူးစာရွာလည်ပြီး ဆုံခဲ့ကြပါလေရော။ လင်မယားကြား တစ်ခုခုဆိုလည်း ရှေ့ကနေ သွက်သွက်လက်လက်နဲ့ ဦးဆောင်ပြီးတော့ ဖြေရှင်းနိုင်သူလေးပေါ့။ဒါပေမဲ့ သိတဲ့အတိုင်း အပျော်တွေဆိုတာ ကြာရှည်မခံတတ်တဲ့အမျိုး ဖြစ်လေတော့ဂီရီရဲ့ အလုပ်နဲ့ ပတ်သက်ပြီးတော့ သူတို့လင်မယားကြားကို ကံဆိုးမိုးမှောင်ကျမှုကြီးဖြစ်လာတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ရင်တထိတ်ထိတ် ဆက်ကြည့်ရမှာ ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)
...

Midas (2024) ⭐IMDB: 4.6/10 (249 Votes) 🎬 #Action #Crime #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM ရဲ့ ပရိသတ်တွေကို ဒီတစ်ခါမှာတော့ IMDb မှာရော Rotten Tomato မှာရော Rating ကောင်းတွေရရှိထားတဲ့ ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဓိကသရုပ်ဆောင်တွေအနေနဲ့ တက်သစ်စသရုပ်ဆောင်တွေဖြစ်တဲ့ Laquan Copeland, Preet Kaur, Federico Parra တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ Midas ဆိုတဲ့ အာမခံ ကုမ္ပဏီတစ်ခုမှာ Ricky ဆိုတဲ့ ကောင်လေးတစ်ယောက်က သူ့ရဲ့ပညာရေးကို လိမ်လည်ပြီးတော့ အလုပ်ရသွားပါတယ်။ ဒီအာမခံလုပ်ငန်းဟာ သူ့အတွက် အသစ်အဆန်းတစ်ခုဖြစ်တာကြောင့် အစပိုင်းမှာတော့ ရေလိုက်ငါးလိုက်ပဲ နေနေခဲ့ပါတယ်။ နောက်ပိုင်းမှာ ကုမ္ပဏီရဲ့ မှောင်မိုက်တဲ့လျှို့ဝှက်ချက်တွေကို သိသွားတဲ့အခါမှာတော့ သူ့သူငယ်ချင်းတွေနဲ့အတူ အဲဒီလျှို့ဝှက်ချက်တွေကိုဖော်ထုတ်ဖို့ ကြိုးစား ကြပုံကို အလှည့်အပြောင်းတွေများစွာနဲ့အတူ ကြည့်ရှုရမှာဖြစ်ပါတယ်။ Story လေးက တကယ်ကိုမိုက်ပြီးတော့ ကြည့်နေရင်းနဲ့ ရှေ့ဆက်ဖြစ်မယ့် ဟာကို သိချင်လာအောင် နှိုးဆွပေးနိုင်တဲ့ ရသပေါင်းစုံပေးစွမ်းတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။
...

Black Stone (2015) ⭐IMDB: 6.1/10 (93 Votes) 🎬 #Drama #Military 🗓 2015 🎞 movie 🌎 #SouthKorea #France ⏰ 1 နာရီ 32 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Black Stone (2015)*******************Black Stone ရုပ်ရှင်လေးထဲမှာ သရုပ်ဆောင် Won Tae Hee နဲ့ My Liberation Notes ထဲက မင်းသား Son Suk Ku တို့ ပါဝင်ထားတာဖြစ်ပြီး .. ကိုရီးယားတပ်ထဲမှာ sexual abuse လုပ်ခံရပြီးတော့ တပ်ပြေးဖြစ်သွားခဲ့ရတဲ့ သွေးနှောလူငယ်လေးတစ်ယောက်ရဲ့ အကြောင်းကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ .. လူငယ်လေးရဲ့ မိဘတွေက ကိုရီးယားနိုင်ငံမှာ ခက်ခဲပင်ပန်းစွာ လုပ်ကိုင်ရင်းရုန်းကန်နေရတဲ့ နိုင်ငံခြားသားတွေဖြစ်ပါတယ် .. တစ်နေ့မှာတော့ တပ်ထဲကနေထွက်သွားပြီး မိဘတွေနေရာအိမ်ဆီသွားတဲ့အခါမှာ အိမ်မှာမိဘတွေ မရှိတော့တာကို တွေ့လိုက်ရပြီး မိဘတွေရှိရာနေရာကို လိုက်ရှာရင်းနဲ့ ဘယ်လိုထူးဆန်းတဲ့ အဖြစ်အပျက်တွေကို ကြုံတွေ့ရမလဲဆိုတာ .. ဇာတ်ကားလေးထဲမှာ ကြည့်လိုက်ပါဦးနော် .. အညွှန်းကို Vanessa မှရေးသားပေးထားပါတယ်။
...

The Polar Express (2004) ⭐TMDB: 67% User Score 🎬 #Adventure #Animation #Comedy #Family #Fantasy #Musical 🗓 2004 🎞 movie 🌎 #USA #UnitedStates #Australia #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကို Forrest Gump နဲ့ Cast Away ကို ပဲ့ကိုင်ခဲ့သူ ဒါရိုက်တာ Robert Zemeckis က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ IMDB Rating 6.6 ရှိပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့ကောင်လေး၊ တခြားဇာတ်ကောင်တွေဖြစ်တဲ့ ကောင်လေးရဲ့အဖေ၊ မီးရထားဂတ်ဗိုလ်၊ ဟိုဘို၊ ရုပ်သေးရုပ်နဲ့ ဆန်တာ နေရာတွေကို မင်းသားကြီး Tom Hanks ကလည်း အသံကော CGI ဇာတ်ကောင်အနေနဲ့ပါ သရုပ်ဆောင်ပေးခဲ့ပါတယ်။ ဇာတ်လမ်းလေးက ခရစ်စမတ်အကြိုညတစ်ညမှာ မှော်ဆန်ဆန်ရထားကြီးနဲ့ မြောက်ဝင်ရိုးစွန်းဒေသမှာရှိတဲ့ ဆန်တာကလော့စ်ရဲ့ နေရပ်ကိုရောက်သွားတဲ့ ကောင်လေးတစ်ယောက် အကြောင်းပါ။ ပျော်စရာတွေဟာ ယုံကြည်မှုရှိသူတစ်ယောက်အတွက် အမြဲရှိနေမယ်ဆိုတာ သိလိုက်ရတဲ့ ကောင်လေးတစ်ယောက်ရဲ့ စွန့်စားခန်းဆိုပါတော့။ မြောက်ဝင်ရိုးစွန်းကိုသွားတဲ့ ဒီခရီး တစ်လျှောက်မှာ ကောင်လေးက သူငယ်ချင်းတွေလည်းရခဲ့သလို ယုံကြည်မှုဆိုတဲ့စကားလုံးကို ကောင်းကောင်းကြီး သဘောပေါက်သွားခဲ့ပါတယ်။ ကိုယ့်လူတို့လည်း ခရစ်စမတ်မရောက်ခင် ဇာတ်လိုက်လေးနဲ့အတူ Polar Express ကြီးစီးပြီး စွန့်စားခန်း ထွက်ကြည့်ကြပါဦးနော… (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဝေယံမောင်ပါ)
...