ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Bad City (2022)
⭐IMDB: 6.2/10 (158 Votes)
🎬 #Action #Crime
🗓️ 2022 🎞️ Movie 📺 720p
🌎 #Japan
⏰ 1 နာရီ 59 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bad City(2022)
**************
အက်ရှင်ကားကြိုက်နှစ်သက်သူတွေအတွက် ဂျပန်အက်ရှင်ကားကောင်းလေးတစ်ကား လာပါပြီ။အကျင့်ပျက်ခြစားပြီး ကိုရီးယားမာဖီးယားဂိုဏ်းနဲ့ပါပေါင်းကာ ဒုစရိုက်မျိုးစုံကျူးလွန်နေတဲ့
ဂိုဂျိုကော်ပိုရေးရှင်းကြီးရဲ့ ဥက္ကဌဖြစ်သူ ဂိုဂျိုဝါတရု။
သူ့ကိုဘယ်လိုပဲ ထောင်ထဲသွင်းဖို့လုပ်လုပ် စုံထောက်တွေဘက်ကပဲပြန်ခံခဲ့ရပြီး ဂိုဂျိုကတော့
အမြဲအပြစ်မရှိဟုလွတ်လာပါတယ်။
တစ်နေ့မှာတော့ အထူးစုံစမ်းရေးအဖွဲ့ဇီးရိုးဖွဲ့စည်းပြီး ဂိုဂျိုနဲ့ ကိုရီးယားမာဖီးယားဂိုဏ်းက
ကင်ဆွန်းဂီကိုဖြုတ်ချဖို့လုပ်ကြတဲ့အခါ.. ဂိုဂျိုတို့ဘက်ကပဲဆက်အနိုင်ရနေမလား။
တရားမှုက မတရားမှုကနိုင်သွားမလားဆိုတာကတော့…
Bad City (2022)
⭐IMDB: 6.2/10 (158 Votes)
🎬 #Action #Crime
🗓️ 2022 🎞️ Movie 📺 1080p
🌎 #Japan
⏰ 1 နာရီ 59 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bad City(2022)
**************
အက်ရှင်ကားကြိုက်နှစ်သက်သူတွေအတွက် ဂျပန်အက်ရှင်ကားကောင်းလေးတစ်ကား လာပါပြီ။အကျင့်ပျက်ခြစားပြီး ကိုရီးယားမာဖီးယားဂိုဏ်းနဲ့ပါပေါင်းကာ ဒုစရိုက်မျိုးစုံကျူးလွန်နေတဲ့
ဂိုဂျိုကော်ပိုရေးရှင်းကြီးရဲ့ ဥက္ကဌဖြစ်သူ ဂိုဂျိုဝါတရု။
သူ့ကိုဘယ်လိုပဲ ထောင်ထဲသွင်းဖို့လုပ်လုပ် စုံထောက်တွေဘက်ကပဲပြန်ခံခဲ့ရပြီး ဂိုဂျိုကတော့
အမြဲအပြစ်မရှိဟုလွတ်လာပါတယ်။
တစ်နေ့မှာတော့ အထူးစုံစမ်းရေးအဖွဲ့ဇီးရိုးဖွဲ့စည်းပြီး ဂိုဂျိုနဲ့ ကိုရီးယားမာဖီးယားဂိုဏ်းက
ကင်ဆွန်းဂီကိုဖြုတ်ချဖို့လုပ်ကြတဲ့အခါ.. ဂိုဂျိုတို့ဘက်ကပဲဆက်အနိုင်ရနေမလား။
တရားမှုက မတရားမှုကနိုင်သွားမလားဆိုတာကတော့…
The Legend of Vox Machina (2022- )
⭐IMDB: 8.4/10 (33 k Votes)
🎬 #Animation #SciFi #Fantasy #Action #Adventure #Comedy
🗓️ 2022- 🎞️ Series 📺 1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 29 မိနစ် 49 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Legend of Vox Machina – Season (01),(02)The Legend of Vox Machina – Season (01),(02)=================================
IMDB-8,7
Rotten Tomatoes- 100%
IMDB rating ကလည်းအလန်း၊ခရမ်းချဉ်သီးက အလုံး ၁၀၀ လောက်ရထားတဲ့
Adventure Series လေးကိုတင်ဆက်ပေးလိုက်ပါတယ်၊ဇာတ်လမ်းအကျဉ်းကတော့ …
တယ်လ်ဒိုရီဆိုတဲ့မှော်တိုင်းပြည်ဟာအရင်က သာယာခဲ့သလောက် အခုချိန်မှာတော့
သားရဲတစ်ကောင်ကြောင့် ရွာတွေလည်းပျက်စီး၊အပြစ်မဲ့ပြည်သူတွေလည်းသေကြေ
နေကြရတယ်။ ဒီသားရဲကိုသတ်ဖို့အတွက် တိုင်းပြည်ရဲ့ရှင်ဘုရင်ဟာ သူရဲ့စစ်တပ်တွေ
ကိုစေလွှတ်ပေမယ့်လည်း တစ်ခါမှအောင်မြင်တယ်ဆိုတာမရှိပါဘူး၊ ပိုဆိုးတာက သူတို့
ရင်ဆိုင်နေရတဲ့သားရဲကောင်က ဘယ်ကောင်ဘယ်ဝါမှန်းတောင်မသိလိုက်ရဘူး၊ သူ့စစ်တပ်
တင်မကနာမည်ကြီးကြေးစားလူမိုက်တွေပါလွှတ်ပါပေမ့ယ်လည်း လွှတ်လေသေလေဖြစ်နေပါ
တော့တယ်၊
ဒီလိုနဲ့ ရှင်ဘုရင်ဟာ ဒီသားရဲကောင်သတ်နိုင်ရင် ဆုငွေဘယ်လောက်ပေးမယ်ဆိုပြီး ကြေညာ
လိုက်တယ်၊ ဒီအချိန်မှာ ဗောက်စ်မက်ဒီနာဆိုတဲ့ မထင်မရှား ကြေးစားလူမိုက်အဖွဲ့ကဘုရင်ရဲ့
ကြေညာစာတမ်းကို တွေ့လိုက်တယ်၊ သူတို့တွေလည်းရွှေငွေဆိုငမ်းငမ်းတက်လိုချင်နေတာဆိုတော့
ဘာသားရဲကောင်လည်းဆိုတာသေချာ တောင်မသိဘဲနဲ့ ဘုရင့်ဆီသွားပြီးတော့ သူတို့သတ်မယ်
နိုင်ရင်ဆုလာဒ်ပေးဆိုပြီးသွားတောင်းတယ်။ ဘုရင်ကလည်း သတ်နိုင်ရင်ဆုလာဒ်ယူဆိုပြီး
စေလွှတ်လိုက်တယ်၊ ဘုရင့်စစ်တပ်တွေနာမည်ကြီးကြေးစားလူမိုက်တွေတောင် အစအနပျောက်သွား
အောင်လုပ်နိုင်တဲ့ ဒီသားရဲကောင်ကြီးကို ဗောက်စ်မက်ဒီနာအဖွဲ့ဘယ်လိုရင်ဆိုင်တိုက်ခိုက်မလဲဆိုတာ
စိတ်ဝင်စားဖွယ်ကြည့်ရှူပေးပါဦး ။(ဒီစီးရီးရဲ့ အညွှန်းကို Tin Myo Lwin မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေး
သူများကတော့ Tin Myo Lwin, d3mon တို့ဖြစ်ပါတယ်။)File Size – (500 MB) / (200 MB)
Mr. Heart (2020)
⭐IMDB: 7.3/10 (988 Votes)
🎬 #BL #Drama #Romance #Comedy #Short #Sport
🗓️ 2020-2020 🎞️ Movie 📺 1080p
🌎 #SouthKorea
⏰ 1 နာရီ 27 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဂျင်ဝန်ဟာ မီဟာတက္ကသိုလ်ရဲ့ မာရသွန် ချန်ပီယံတစ်ယောက်ပါဒါပေမယ့်လည်း သူ့ရဲ့စံချိန်တွေက တဖြေးဖြေးနဲ့ ကျနေတာကြောင့် နည်းပြကြီးက စိုးရိမ်ပူပန်နေခဲ့ပါတယ်
တစ်ရက်မှာတော့ ဆန်းဟာဆိုတဲ့ ဂျူနီယာကောင်လေးကို ဂျင်ဝန်ရဲ့ Pacemaker လုပ်ပေးဖို့ နည်းပြက ခေါ်ထားလိုက်ပါတယ်
အတွေ့အကြုံလည်းမရှိ အသက်အရွယ်လည်းငယ်တဲ့ဆန်းဟာကို ဂျင်ဝန်ကလက်မခံခဲ့ပါဘူး
ဒါပေမယ့် ဆန်းဟာရဲ့ကူညီမှုနဲ့ တက္ကသိုလ်မာရသွန်ပွဲမှာ သူအနိုင်ရရှိသွားတဲ့ခါမှာတော့ ဆန်းဟာကို သူ့ရဲ့ pacemaker အဖြစ်လက်ခံခဲ့ပါတယ်
အချင်းချင်းရင်းနှီးလာတဲ့အခါမှာ ခံစားချက်တွေ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါရှင် ။
( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Thar Oo ပါ )
The Way of the Gun (2000)
⭐IMDB: 6.6/10 (34 k Votes)
🎬 #Action #Crime #Drama #Thriller
🗓️ 2000 🎞️ Movie 📺 720p
🌎 #UnitedStates
⏰ 2 နာရီ 1 မိနစ် 3 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အခုတင်ဆက်ပေးမှာကတော့ Bencio နဲ့ Ryan Phillipe တို့ရဲ့ crime action ရုပ်ရှင်သစ်ပါ ၂၀၀၀ ပြည့်နှစ်ကာလကိုနောက်ခံထားပါတယ် Bencio က Traffic (2001) ရုပ်ရှင်နဲ့ Best Supporting Actor ဆုရထားပြီးRyan Phillipeကတော့ တော်တော်များများသိကြတဲ့ horror series ”I Know What You Did Last Summer” နဲ့နာမည်ကြီးပါတယ် ဇာတ်လမ်းအကျဥ်း အငှားကိုယ်ဝန်ဆောင်ပေးတဲ့အမျိုးသမီးတစ်ယောက် သူ့နာမည်က ရော်ဘင်။ ကလေးပိုင်ရှင်လင်မယားရဲ့အိမ်မှာ သက်တော်စောင့်တွေရဲ့အချိန်ပြည့်စောင့်ကြည့်မှုနဲ့ အကျဥ်းသားတစ်ယောက်လိုနေရတဲ့သူ။ ကလေးမီးဖွားပြီးရင် သူ့တာဝန်ပြီးဆုံးမှာဖြစ်ပြီး အဖိုးအခအနေနဲ့ ဒေါ်လာတစ်သန်းယူပြီးထွက်သွားရုံပါပဲ။ ဒါပေမဲ့ ကလေးမီးဖွားဖို့တစ်ပတ်အလိုမှာ ပြန်ပေးဆွဲခံလိုက်ရပြီး….. ဇာတ်ညွှန်းရေးသူဟာ ဒီဇာတ်ကားကိုကြည့်တဲ့သူတွေကို ဘယ်သူ့ဘက်ကိုပါရမှန်းမသိအောင် ဘယ်ဇာတ်ကောင်ကိုယုံရမယ်မှန်းမသိအောင် လုပ်ထားပါတယ်။ ဇာတ်လမ်းရဲ့ main role နှစ်ယောက်ကအစ ခိုးဆိုးလုယက်သူတွေဖြစ်နေလို့ပါပဲ။ အငှားကိုယ်ဝန်ဆောင်မိန်းကလေးဟာလည်း ထင်သလောက်ရိုးရှင်းမနေခဲ့ပါဘူး။ ပြန်ပေးဆွဲမခံရခင်ကတည်းက ကလေးကိုပေးစရာမလိုမယ့်နည်းလမ်းကို စဥ်းစားနေခဲ့တာဆိုရင်ရော…… ငွေမဲခဝါချတဲ့အလုပ်နဲ့ကြီးပွားနေတဲ့ ကလေးပိုင်ရှင် အဘိုးကြီးနဲ့ သူ့ဇနီးငယ်ငယ် ၊ အငှားကိုယ်ဝန်ဆောင်မိန်းကလေး ၊ ဆရာဝန် ၊ သက်တော်စောင့် သူတို့အားလုံးကြားမှာ ဖုံးကွယ်ထားတဲ့ဆက်ဆံရေးတွေ သစ္စာဖောက်မှုတွေရှိနေပြီး ဘယ်သူကမှ ဘယ်သူ့ကိုမှမယုံဘဲ အားလုံးဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ play နေကြတာပါပဲ ဒီဇာတ်ကားကနေ တွေးမိတဲ့အချက်ကတော့ လူတွေဟာ အပေါ်ယံမြင်ရတာထက်ပိုတယ်ဆိုတာပါပဲ ဒေါ်လာတစ်သန်းအတွက်တိုက်ပွဲက ဘယ်လိုအဆုံးသတ်သွားမလဲ။ kidnapperနှစ်ဦးကနောက်ပြန်လှည့်ဖြစ်မှာလား။ အငှားကိုယ်ဝန်နဲ့မိန်းကလေးအတွက်ဇာတ်သိမ်းကရောဘယ်လိုဖြစ်မှာလဲ…. ဒါရိုက်တာ Christopher McQuarrieရိုက်ကူးထားပြီး IMDb 6.6 ရထားပါတယ်
Move to Heaven (2021-2021)
⭐IMDB: 8.5/10 (7 k Votes)
🎬 #Drama
🗓️ 2021-2021 🎞️ Series 📺 1080p
🌎 #SouthKorea
⏰ 1 နာရီ 1 မိနစ် 36 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Move to Heaven (2021)Move to Heaven (2021)ကောင်းကင်ဘုံသို့ ပို့ဆောင်ခြင်း …..
ဂူရူကတော့ အက်စပါဂျာ ရောဂါ (Asperger Syndrome) လို့ ခေါ်တဲ့
ဉာဏ်ရည်ဖွံ့ဖြိုးမှု အားနည်းတဲ့ ရောဂါသည်လေးပဲ ဖြစ်ပါတယ်။ဂူရူရဲ့ အဖေ ဟန်ဂျောင်အူ ကတော့ Move to Heaven ဆိုတဲ့ သေဆုံးသူတစ်ယောက်ကျန်ရှိခဲ့တဲ့ ပစ္စည်းတွေကို စီမံခန့်ခွဲရတဲ့ လုပ်ငန်းကို လုပ်ကိုင်သူပဲ ဖြစ်ပါတယ်။တစ်နေ့မှာ ဂူရူ ရဲ့အဖေ သေဆုံးသွားတဲ့အတွက် ဂူရူတစ်ယောက်ထဲ ကျန်ခဲ့ရပါတော့တယ်။ဒါပေမယ့် ဂူရူရဲ့ဦးလေးဖြစ်သူ ဆန်းဂူ တစ်ယောက် ရုတ်တရက် ပေါ်ပေါက်လာခဲ့ပါတယ်။ဆန်းဂူ က သွေးအေးတဲ့ တိုက်ခိုက်ရေးသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။ရန်ပွဲတစ်ခုကြောင့် ဆန်းဂူက ထောင်ကျပြီး ထောင်က ထွက်လာခဲ့တာပါ။ဆန်းဂူက ဂူရူရဲ့စောင့်ရှောက်သူ ဖြစ်လာပြီး သူတို့နှစ်ယောက် အတူတူ Move to Heaven လုပ်ငန်းကို ဆက်လက် လုပ်ကိုင်ကြတဲ့အချိန်မှာတော့ …..
The Way of the Gun (2000)
⭐IMDB: 6.6/10 (34 k Votes)
🎬 #Action #Crime #Drama #Thriller
🗓️ 2000 🎞️ Movie 📺 1080p
🌎 #UnitedStates
⏰ 2 နာရီ 1 မိနစ် 3 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အခုတင်ဆက်ပေးမှာကတော့ Bencio နဲ့ Ryan Phillipe တို့ရဲ့ crime action ရုပ်ရှင်သစ်ပါ ၂၀၀၀ ပြည့်နှစ်ကာလကိုနောက်ခံထားပါတယ် Bencio က Traffic (2001) ရုပ်ရှင်နဲ့ Best Supporting Actor ဆုရထားပြီးRyan Phillipeကတော့ တော်တော်များများသိကြတဲ့ horror series ”I Know What You Did Last Summer” နဲ့နာမည်ကြီးပါတယ် ဇာတ်လမ်းအကျဥ်း အငှားကိုယ်ဝန်ဆောင်ပေးတဲ့အမျိုးသမီးတစ်ယောက် သူ့နာမည်က ရော်ဘင်။ ကလေးပိုင်ရှင်လင်မယားရဲ့အိမ်မှာ သက်တော်စောင့်တွေရဲ့အချိန်ပြည့်စောင့်ကြည့်မှုနဲ့ အကျဥ်းသားတစ်ယောက်လိုနေရတဲ့သူ။ ကလေးမီးဖွားပြီးရင် သူ့တာဝန်ပြီးဆုံးမှာဖြစ်ပြီး အဖိုးအခအနေနဲ့ ဒေါ်လာတစ်သန်းယူပြီးထွက်သွားရုံပါပဲ။ ဒါပေမဲ့ ကလေးမီးဖွားဖို့တစ်ပတ်အလိုမှာ ပြန်ပေးဆွဲခံလိုက်ရပြီး….. ဇာတ်ညွှန်းရေးသူဟာ ဒီဇာတ်ကားကိုကြည့်တဲ့သူတွေကို ဘယ်သူ့ဘက်ကိုပါရမှန်းမသိအောင် ဘယ်ဇာတ်ကောင်ကိုယုံရမယ်မှန်းမသိအောင် လုပ်ထားပါတယ်။ ဇာတ်လမ်းရဲ့ main role နှစ်ယောက်ကအစ ခိုးဆိုးလုယက်သူတွေဖြစ်နေလို့ပါပဲ။ အငှားကိုယ်ဝန်ဆောင်မိန်းကလေးဟာလည်း ထင်သလောက်ရိုးရှင်းမနေခဲ့ပါဘူး။ ပြန်ပေးဆွဲမခံရခင်ကတည်းက ကလေးကိုပေးစရာမလိုမယ့်နည်းလမ်းကို စဥ်းစားနေခဲ့တာဆိုရင်ရော…… ငွေမဲခဝါချတဲ့အလုပ်နဲ့ကြီးပွားနေတဲ့ ကလေးပိုင်ရှင် အဘိုးကြီးနဲ့ သူ့ဇနီးငယ်ငယ် ၊ အငှားကိုယ်ဝန်ဆောင်မိန်းကလေး ၊ ဆရာဝန် ၊ သက်တော်စောင့် သူတို့အားလုံးကြားမှာ ဖုံးကွယ်ထားတဲ့ဆက်ဆံရေးတွေ သစ္စာဖောက်မှုတွေရှိနေပြီး ဘယ်သူကမှ ဘယ်သူ့ကိုမှမယုံဘဲ အားလုံးဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ play နေကြတာပါပဲ ဒီဇာတ်ကားကနေ တွေးမိတဲ့အချက်ကတော့ လူတွေဟာ အပေါ်ယံမြင်ရတာထက်ပိုတယ်ဆိုတာပါပဲ ဒေါ်လာတစ်သန်းအတွက်တိုက်ပွဲက ဘယ်လိုအဆုံးသတ်သွားမလဲ။ kidnapperနှစ်ဦးကနောက်ပြန်လှည့်ဖြစ်မှာလား။ အငှားကိုယ်ဝန်နဲ့မိန်းကလေးအတွက်ဇာတ်သိမ်းကရောဘယ်လိုဖြစ်မှာလဲ…. ဒါရိုက်တာ Christopher McQuarrieရိုက်ကူးထားပြီး IMDb 6.6 ရထားပါတယ်
Rocket Boys (2022- )
⭐IMDB: 8.9/10 (14 k Votes)
🎬 #Drama #History
🗓️ 2022- 🎞️ Series 📺 1080p
🌎 #India
⏰ 44 မိနစ် 42 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rocket Boys (2022) CompleteRocket Boys (2022)———————————————-
1940-1960 ကာလတွေအတွင်းမှာ ဇာတ်လမ်းတည်ထားတဲ့ Sony LIV ရဲ့ Rocket Boys ဟာ အိန္ဒိယရဲ့Scientific Legendကြီး နှစ်ဦးဖြစ်တဲ့ Homi Bhabha နဲ့ Vikram Sarabai တို့ရဲ့ သမိုင်းသစ်ရေးထိုးပုံကိုရိုက်ကူးတင်ဆက်ထားတဲ့ အတ္ထုပ္ပတ္တိဆန်ဆန် ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်၁၉၄၇ အိန္ဒိယရဲ့ လွတ်လပ်ရေးကာလက အိန္ဒိယတွေကို ဂုဏ်ယူစေခဲ့တဲ့ သိပ္ပံပညာရှင် သုံးယောက်ဟာအခက်အခဲတွေ အတွေးမတူတာတွေ နိုင်ငံရေးဖိအားတွေ စိတ်သဘောထားကွဲလွဲမှုတွေကြားက အိန္ဒိယရဲ့ပထမဆုံး နျူးကလီယားစီမံကိန်းနဲ့ အာကာသသိပ္ပံစီမံကိန်းကို ဖော်ဆောင်ခဲ့ကြတဲ့အကြောင်းအသေးစိတ်ကျကျ ဗဟုသုတရမယ့်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်အတ္ထုပ္ပတ္တိဆန်ဆန် အပိုင်း ၈ ပ်ိုင်းရိုက်ကူးထားပေမယ့် တစ်ပိုင်းပြီး တစ်ပိုင်းဆက်သိချင်ကြည့်ချင်စေမယ့်ဒါရိုက်တာရဲ့ ရိုက်ချက်တွေအပြင် Scientist တွေရဲ့personal life နဲ့ အချစ်ရေးအချစ်ရာတွေကိုလည်း ဒရာမာဆန်ဆန်တွေ့မြင်ရမှာဖြစ်လ်ု့ ပျင်းစရာမကောင်းစေဘဲ ကြည်နူးဖွယ် စိတ်ဝင်စားဖွယ် ဖြစ်နေမှာပါဒီဇာတ်ကားကို ကြည့်ရင်းဆက်ကြည့်ချင်အောင် ဆွဲဆောင်နိုင်မယ့် အချက်တွေက ဒါတွေတင် မကသေးပါဘူးထိုခေတ်ထိုအခါက သိပ္ပံပညာအကြောင်း ထဲထဲဝင်ဝင်ရှိလှတဲ့ ဇာတ်ကြောင်းတွေအပြင်အဆင်အခမ်းအနားတွေနိုင်ငံရေးနဲ့ ပညာရေးဆက်နွယ်မှုတွေ ထိထိမိမိရှိလှတဲ့dialogue တွေကြောင့် ၁၉၄၀ ပတ်ချာလည်ဝန်းကျင်ကvibes လေးတွေကိုအားပါးတရခံစားရမှာဖြစ်လို့ ဒီseries လေးကိုလည်း ကြည့်ရှုဖို့ တိုက်တွန်းဆော်ဩလိုက်ရပါတယ်အညွှန်းကို Go-O မှ ရေးသားပေးထားပါတယ် File Size – [email protected]Quality – 1080p Sony WEB DL Duration – minute (@Episode)Total Episodes: 45minsSubtitle – Myanmar HardsubFormat – Mp4Genre : Drama
Swarm (2023- )
⭐IMDB: 7.3/10 (4 k Votes)
🎬 #Comedy #Drama #Thriller
🗓️ 2023- 🎞️ Series 📺 1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 35 မိနစ် 12 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Swarm (2023)Swarm (2023)Swarm (ပျားအုံ) က fandom တစ်ခုရဲ့နာမည်လို့ပြောရင်
ဘယ် fandom ဆိုတာရည်ညွှန်းတယ်ဆိုတာ ခန့်မှန်းမိကြလား???
Beyonce fandom Beyhive ပါပဲ။
ဒီဇာတ်လမ်းရဲ့အစမှာ “ဤဇာတ်လမ်းသည် စိတ်ကူးယဥ်ဇာတ်လမ်းမဟုတ်ပါ။
ပြင်ပကလူ ပြင်ပကဖြစ်ရပ်များနှင့် တိုက်ဆိုင်မှုရှိရင် တမင်ရည်ရွယ်ခြင်းသာဖြစ်သည်” လို့ခပ်လှောင်လှောင်ပဲရေးထားပါတယ်။
အမှန်ပါပဲ။ ဒီဇာတ်လမ်းက Beyonce fandom နဲ့တခြား မှုခင်းဖြစ်ရပ်မှန်များပေါ်အခြေခံတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။
ဒီဇာတ်လမ်းရဲ့ ဘီယွန်ဆေးကတော့ နိုင်ဂျာပါ။ နိုင်ဂျာ့ fandomက Swarm ပါပဲ။
နိုင်ဂျာ့ဖန်ထဲကတစ်ယောက်ဖြစ်တဲ့ ဒရေးကတော့ ဆယ်ကျော်သက်အရွယ်ကနေ သတ်လတ်ပိုင်းထိ နိုင်ဂျာ့ကိုအရူးအမူးကိုးကွယ်ခဲ့သူပါ။
ဒရေးက ခပ်အေးအေးနေတတ်တယ် ရှက်တတ်တယ် အသောက်အစားကင်းတယ် ရည်းစားဆိုတာလဲထားဖို့လုံးဝစိတ်မဝင်စား။
အဲ့ဒါကကောင်းတာပေါ့ဆိုရင်လဲ မဟုတ်ပြန်ပါဘူး။ ဒရေးကအလုပ်လဲစိတ်မဝင်စားသလို ဘာကိုမှလဲသိပ်လေးနက်ပူပန်မှုမရှိပြန်ပါဘူး။
တစ်နေ့တစ်နေ့ အိုင်ဒေါအကြောင်းပဲတွေးရင်းငေးရင်း ပီတိတွေဖြစ်နေသူဆိုပါတော့။
ဒရေးရဲ့သူ့အိုင်ဒေါအပေါ်ချစ်ခင်မှုလွန်ကဲတာက သူ့ကိုတစ်လောကလုံးနဲ့အဆက်အသွယ်ပြတ်စေပါတယ်။
သူနဲ့လောကကြီးကြားက တစ်ခုထဲသောအဆက်အသွယ်က သူ့အစ်မပါ။
တစ်နေ့မှာသူ့အစ်မဆုံးသွားတော့ ဒရေးတစ်ယောက် အားကိုးရာမဲ့သွားတဲ့နောက်မှာ
သူ့အိုင်ဒေါအပေါ်ပိုအရူးအမူးဖြစ်လာပြီး ဘယ်လိုအခြေအနေတွေဆက်ဖြစ်ကြမယ်ဆိုတာ ကြည့်ရမှာပါ။ဒီဇာတ်လမ်းကိုကြည့်ရင် ဘီယွန်ဆေးဖန်တွေအတွက် ဘီယွန်ဆေးရဲ့ဘဝအကြောင်းအရာတွေ
ပိုစတာတွေ အယ်လ်ဘမ်တွေနဲ့ပတ်သက်ပြီး Easter Eggs တွေများစွာပါဝင်တာမို့ စိတ်ဝင်စားစရာပါပဲ။
ဘီယွန်းဆေးဖန်မဟုတ်သူတွေအတွက်လဲ ဇာတ်လမ်းသွားကသီးသန့်ဖြစ်တာကြောင့်အားလုံးကိုနားလည်နိုင်မှာပါ။
ဒါတွေအပြင် ဘောနပ်စ်အနေနဲ့ အပိုင်းတစ်ပိုင်းမှာ Billie Eilllish ကိုတွေ့ရဖို့ရှိပါသေးတယ်။
Billie အနေနဲ့ပထမဆုံးသရုပ်ဆောင်မှုဖြစ်ပေမယ့် သူနဲ့အလိုက်ဖက်ဆုံးဇာတ်ကောင်ကိုရထားပြီး ချီးကျူးမှုတွေလဲတော်တော်ရထားပါသေးတယ်။အညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့
ဘာသာပြန်ထားတာကတော့ Rashida နဲ့ Roman NoX ပဲ ဖြစ်ပါတယ်။Genre….. Comedy, Drama
Ginger & Rosa (2012)
⭐IMDB: 6.2/10 (11 k Votes)
🎬 #Drama
🗓️ 2012 🎞️ Movie 📺 720p
🌎 #UnitedKingdom #Denmark #Canada #Germany
⏰ 1 နာရီ 31 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ginger & Rosa (2012)
~ IMDb – 6.2/10, Rotten Tomatoes – 78% ~
ဆယ်ကျော်သက်လူငယ်ဘဝဆိုတာ လူကြီးတွေရဲ့ ပုံဖျက်စကားတွေနဲ့ ပြောင်စရာလိုလို လှောင်စရာလိုလိုဖြစ်နေတယ်လို့ ပြောရမလား။ သစ်ရွက်လှုပ်ရင် ရယ်တဲ့အရွယ်တဲ့။ ဒါပေမဲ့ သူ့ရင်ထဲမှာ သူ့အတွေးထဲမှာ သစ်ရွက်လေးတွေလှုပ်သွားတာထက် အဆအများကြီးပိုတဲ့အရာတွေ ရှိနေတယ်လေ။ မြီးကောင်ပေါက်မအရွယ်တဲ့။ လူပျိုပေါက်တဲ့။ ဒါပေမဲ့ သူတို့ရင်ထဲက အတွေး၊ ခံစားချက်နဲ့ သောကတွေက ဆန့်ကျင်ဘက်လိင်အတွက်ချည်းပဲ မဟုတ်ဘူးပေါ့လေ။
ဒီလူငယ်တွေကပဲ ကမ္ဘာကို ကိုင်လှုပ်မယ့် လူကြီးတွေ ဖြစ်လာခဲ့တာပဲမဟုတ်လား။ သူတို့တွေရဲ့ စိတ်ခွန်အားနဲ့ စွမ်းဆောင်နိုင်ရည်တွေက အကန့်အသတ်မဲ့ပဲဗျ။ ကောင်းရင်လည်း ကမ္ဘာ့ရတနာတွေ ဖြစ်လာသလို ဆိုးပြီဆိုလည်း ကမ္ဘာကို မြေလှန်ပစ်မယ်တကဲကဲ လုပ်ကြပြန်ရော။
ဟုတ်တာမဟုတ်တာတော့ အသာထား။ ဆယ့်သုံးနှစ်သမီးလေးတစ်ယောက်က နျူကလီယားစစ်ပွဲကြီးကို ရပ်တန့်ပစ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေလေရဲ့။ သူ့ရဲ့ ဖွားဖက်တော် သူငယ်ချင်းမလေးတစ်ယောက်ကလည်း သူ့ကိုယ်ပိုင်တည်ထောင်မယ့် အချစ်ကမ္ဘာကို အားလုံးနဲ့ဆန့်ကျင်ပြီး ထုဆစ်ဆဲပဲလေ။ တစ်အူထုံဆင်း ညီအစ်မအရင်းတွေထက်တောင် သာနိုင်တဲ့အချစ်မျိုးနဲ့ ချစ်ခဲ့ကြသူနှစ်ယောက်… ဂျင်းဂျာ နဲ့ ရိုဆာ။ မိဘချင်းက မိတ်ဟောင်းဆွေဟောင်းကြီးတွေ။ ဒီ နုနုငယ်ငယ်ကလေးမနှစ်ယောက်က အရွယ်နဲ့မတန်တဲ့ လုပ်ဆောင်ချက်ကြီးတွေကို လူငယ်ပီပီ မှားမှားယွင်းယွင်း လဲလဲကွဲကွဲ လုပ်နေကြပုံတွေ ကြည့်ရှုရမှာပေါ့။
ဟောဒီဗြိတိန်ဇာတ်ကားလေးက ပြည်တွင်းရုပ်ရှင်ဆုတွေ၊ သရုပ်ဆောင်ဆုတွေ၊ ပညာရှင်ဆုတွေ ဆွတ်ခူးခဲ့ပါတယ်။ ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုတွေ ရရှိထားပြီး အထူးသဖြင့် လူငယ်သရုပ်ဆောင်တွေကို ချီးကျူးထားပါတယ်။
Maleficent ဇာတ်ကားထဲက မင်းသမီးလေး အော်ရိုရာ ကို မှတ်မိမယ်ဆိုရင်ဖြင့် ဟောဒီအမေရိကန်မင်းသမီးလေး Elle Fanning ရဲ့ အနောက်ဆန်တဲ့အလှနဲ့ မှော်ဆန်ဆန်သရုပ်ဆောင်မှုကို ဂျင်းဂျာ ဆိုတဲ့ကောင်မလေးအဖြစ် မြင်ရဖို့ရှိပါတယ်။ Alice Englert ဆိုတဲ့ ဩစတေးလျမင်းသမီးချောလေးရဲ့ အရှေ့ဆန်တဲ့အလှနဲ့ ပြေပြစ်တဲ့သရုပ်ဆောင်မှုကိုလည်း ရိုဆာ ဆိုတဲ့ အချစ်သူရဲကောင်းမလေးအဖြစ် ကြည့်ရှုရပါမယ်။
ဒုတိယကမ္ဘာစစ်အပြီး ဆိုဗီယက်ပြည်ထောင်စုနဲ့ ကျန်တဲ့မဟာမိတ်နိုင်ငံတွေအချင်းချင်း ရန်စောင်နေကြသဗျ။ နျူဒုံးကျည်တွေကိုယ်စီနဲ့ အစွယ်တပြပြလုပ်နေကြတော့ နျူကပ်ဘေးကြောင့် ကမ္ဘာပျက်တော့မလိုလိုကာလပေါ့ဗျာ။ အဆင်မပြေတဲ့ အိမ်ထောင်ရေးကိုယ်စီက မွေးဖွားလာတဲ့ကောင်မလေးနှစ်ယောက်ရဲ့ ကိုယ်စီပြဿနာတွေက ကမ္ဘာ့အရေးထက် ပိုကြီးတယ်လို့ သူတို့တွေထင်မှတ်ထားကြသလားမသိ။ အဖေ ကို အဖေလို့ ခေါ်ခွင့်မရတဲ့ ကောင်မလေးဂျင်းဂျာ ရယ်၊ အဖေခေါ်စရာကို မရှိတော့တဲ့ကောင်မလေး ရိုဆာ ရယ်၊ အချစ်ဆုံးသူငယ်ချင်းကို အချစ်ဆုံးသူပေးလိုက်ရတဲ့ ဂျင်းဂျာ၊ သူငယ်ချင်းအပေါ်ကို အဆုံးအထိ သစ္စာမဲ့ စာနာတရားမဲ့ခဲ့တဲ့ ရိုဆာ တို့ရဲ့ ဇာတ်ရှုပ်တွေကို လူကြီးမင်းတို့ကိုယ်တိုင်ပဲ ကြည့်လိုက်ပါတော့လေ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုArr Khun Winchesterမှ ပြန်ဆို ရေးသားထားပါတယ်)
Ginger & Rosa (2012)
⭐IMDB: 6.2/10 (11 k Votes)
🎬 #Drama
🗓️ 2012 🎞️ Movie 📺 1080p

Fearless (2006)
⭐IMDB: 7.6/10 (77 k Votes)
🎬 #Action #Biography #Drama
🗓️ 2006 🎞️ Movie 📺 720p
🌎 #China #HongKong #UnitedStates
⏰ 2 နာရီ 21 မိနစ် 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
တရုတ်ပြည်ရဲ့ဝူရှူးကို တစ်ကမ္ဘာလုံးသိအောင် အသက်သွင်းခဲ့ပေးတဲ့ ဟို့ရွမ်ကျားရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို ဟို့ရွမ်ကျားနေရာမှာ ဂျက်လီကပြန်ပြီးသရုပ်ဆောင်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဟို့ရွမ်ကျားရဲ့ဘဝဇာတ်လမ်းကို ပီပီပြင်ပြင်နဲ့ ဟာကွက်မရှိဖော်ပြနိုင်ခဲ့သလို တရုတ်သိုင်းကားတွေရဲ့ထုံးစံအတိုင်း fight scene တွေပါပြောစရာမရှိအောင် မိုက်တာမို့ ဝမ်းနည်းပူဆွေးနဲ့အံ့ဩမင်သက်မှုရောထွေးပြီး ကြည့်ရလို့ ဘာသာပြန်သူပါနှစ်ခါပြန်ကြည့်မိတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်ဗျ။
Fearless (2006)
⭐IMDB: 7.6/10 (77 k Votes)
🎬 #Action #Biography #Drama
🗓️ 2006 🎞️ Movie 📺 1080p
🌎 #China #HongKong #UnitedStates
⏰ 2 နာရီ 21 မိနစ် 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
တရုတ်ပြည်ရဲ့ဝူရှူးကို တစ်ကမ္ဘာလုံးသိအောင် အသက်သွင်းခဲ့ပေးတဲ့ ဟို့ရွမ်ကျားရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို ဟို့ရွမ်ကျားနေရာမှာ ဂျက်လီကပြန်ပြီးသရုပ်ဆောင်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဟို့ရွမ်ကျားရဲ့ဘဝဇာတ်လမ်းကို ပီပီပြင်ပြင်နဲ့ ဟာကွက်မရှိဖော်ပြနိုင်ခဲ့သလို တရုတ်သိုင်းကားတွေရဲ့ထုံးစံအတိုင်း fight scene တွေပါပြောစရာမရှိအောင် မိုက်တာမို့ ဝမ်းနည်းပူဆွေးနဲ့အံ့ဩမင်သက်မှုရောထွေးပြီး ကြည့်ရလို့ ဘာသာပြန်သူပါနှစ်ခါပြန်ကြည့်မိတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်ဗျ။
Repo! The Genetic Opera (2008)
⭐IMDB: 6.4/10 (26 k Votes)
🎬 #Horror #Music #Science Fiction #Musical #SciFi
🗓️ 2008 🎞️ Movie 📺 720p
🌎 #UnitedStates
⏰ 1 နာရီ 38 မိနစ် 8 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်လမ်းကတော့ Opera type movie ဖြစ်တဲ့အတွက် ဇာတ်ကြောင်းကို သီချင်းတွေနဲ့ပဲရှင်းသွားတဲ့ဇာတ်ကားမျိုးပါ။ တစ်ကားလုံးမှာ Gothဆန်ဆန် ဖက်ရှင်နဲ့ lifestyleတွေကိုပဲတွေ့ရမှာမို့ Gothဖန်တွေအတွက် ကြည့်လို့ကောင်းမယ့်ကားမျိုးပေါ့။ ဇာတ်လမ်းအကျဥ်းလေးကတော့ ကိုယ်တွင်းအင်္ဂါအချို့ပျက်စီးနေတဲ့သူတွေအတွက် ကယ်တင်ရှင်သဖွယ်လိုဖြစ်လာတဲ့ ဂျီနီကိုကုမ္ပဏီ၊ ဂျီနီကိုကုမ္ပဏီမှာ အရစ်ကျအကြွေးစနစ်နဲ့ ကိုယ်တွင်းအင်္ဂါတွေဝယ်ယူလို့ရတယ်။ ဒါပေမဲ့ အကြွေးမရှင်းရသေးဘူးလို့ပြောလိုက်မိပါသလား။ ဒါဆိုရင်တော့ ပြန်သိမ်းသမားက အချိန်မဆိုင်းပဲရောက်လာပါလိမ့်မယ်။ စည်းစိမ်ဥစ္စာပိုင်ဆိုင်မှုတွေကို သိမ်းတာမဟုတ်ပဲ အကောင်းအတိုင်းရှိနေဆဲအခြားကိုယ်တွင်းအင်္ဂါရပ်တွေကိုပါ အကြွေးအဖြစ်ပြန်သိမ်းယူတာပဲဖြစ်ပါတယ်။ ဒီနည်းနဲ့ပဲ ဂျီနီကိုက ကြီးပွားလာတာပေါ့။ ဂျီနီကိုရဲ့ သူဌေး ရော့တီလာဂိုနဲ့ ပြန်သိမ်းသမားနေသန်ကြားထဲက အချစ်ဟောင်းရန်ငြှိုး၊ ဖခင်ရဲ့ထိန်းချုပ်မှုအောက်မှာ အပြင်လောကကို မထွက်ရပဲမွန်းကြပ်နေတဲ့ နေသန့်ရဲ့သမီးရှယ်လို၊ တချက်တချက် ဇာတ်ကြောင်းရှင်းရင်း ထထပေါ်လာတဲ့ အုတ်ဂူဖောက်ထွင်းသမားနဲ့ ရော့တီရဲ့ အသုံးမကျတဲ့ သားသမီးသုံးယောက်တို့က အဓိကဇာတ်ဆောင်တွေအဖြစ် ပါဝင်ထားပါတယ်။ သီချင်းတွေကလည်း တကယ်နားထောင်ကောင်းတဲ့တေးသွားတွေဖြစ်ပြီး ဇာတ်လမ်းကတော့ darkဆန်ပေမဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်းပါဝင်နေတဲ့အတွက် သူ့ဟာနဲ့သူတော့ gentleဖြစ်ပါတယ်။ ဒါပေမဲ့ ချစ်ပုံချစ်နည်းတွေကတော့ မှားယွင်းနေတာပေါ့။ ဇာတ်လမ်းအဆုံးမှာ ရော့တီရဲ့အစီအစဥ်တွေက ဘယ်လိုရှိတယ်၊ နေသန်နဲ့ရှယ်လိုကြားက သားအဖမေတ္တာတွေနဲ့ သူတို့ရဲ့ ကံကြမ္မာတွေအတွက် အဆုံးအဖြတ်ပေးမယ့်ဇာတ်သိမ်းကို မျိုးရိုးဗီဇအော်ပရာဇာတ်မှာ ဆက်လက်ကြည့်ရှုခံစားလို့ရပါပြီ။
Repo! The Genetic Opera (2008)
⭐IMDB: 6.4/10 (26 k Votes)
🎬 #Horror #Music #Science Fiction #Musical #SciFi
🗓️ 2008 🎞️ Movie 📺 1080p

Four Horror Tales - Hidden Floor (2006)
⭐IMDB: 5.3/10 (401 Votes)
🎬 #Horror
🗓️ 2006 🎞️ Movie 📺 1080p
🌎 #SouthKorea
⏰ 1 နာရီ 32 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခေါက်တော့
Four Horror Tales:Hidden Floor ဆိုတဲ့ Korea Horror ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းကတော့ single-mother မင်ယောင်ဆိုတဲ့ အမျိုးသမီးဟာ သူ့သမီးလေး ဂျူဟီး နဲ့အတူ တိုက်ခန်းအသစ်တစ်ခုကို ပြောင်းလာတာကနေ အစပြုထားပါတယ်။
ရောက်ရောက်ချင်းမှာပဲ ဒီတိုက်ခန်းအိမ်ယာမှာ လေးလွှာ မထားတာကို မင်ယောင်က သတိထားမိသွားပါတယ်။(လေးဂဏန်းဟာ တရုတ်လို သေခြင်း နဲ့ အသံထွက်ဆင်လို့ နိမိတ်မကောင်းဘူးလို့ ယူဆကြပါတယ်။)မင်ယောင်ကတော့ ဒါတွေကို အယုံအကြည်မရှိတာကြောင့် အမှုမဲ့ အမှတ်မဲ့ပါပဲ။
မင်ယောင်တို့ သားအမိနေတဲ့အခန်းနံပါတ်က (၅၀၄)ပါ။သူတို့အောက်က အခန်းကတော့ (လေးလွှာမရှိတာကြောင့် ) ၃၀၄ ပေါ့။တစ်ရက်ကျ မင်ယောင်တို့ဆီကို အောက်အခန်းက လူက ဒေါသတကြီးနဲ့ရောက်လာပြီး မဆူပူဖို့ ၊ဝုန်းဝုန်းဒိုင်းဒိုင်းတွေ မလုပ်ဖို့ ဒေါသတကြီး လာပြောပါတယ်။မင်ယာင်တို့သားအမိဟာလည်း တိတ်တိတ်ဆိတ်ဆိတ်နေတတ်သူတွေမို့ ဒါမျိုးလာပြောခံရတာကို ထူးထူးဆန်းဆန်းဖြစ်နေပါတယ်။ပိုပြီး ထူးဆန်းတာက ညဘက်ဆိုရင် သူတို့အောက်ခန်းကတောင် (၃၀၄ လို့ ထင်ရတဲ့အခန်းက )ဆူညံသံတွေ ကြားရတာပါပဲ။
သားအမိနှစ်ယောက်ပဲရှိတဲ့ မင်ယောင်ဟာ နေ့ခင်းတွေအလုပ်သွားပြီဆိုရင် သမီးလေးကို အိမ်မှာပဲ တစ်ယောက်တည်းထားခဲ့ရပါတယ်။ဒီလိုထားခဲ့ပြီး ရက်နည်းနည်းကြာတဲ့အခါ ဂျူဟီးလေးဟာ အောက်ထပ်တမံသလင်းကို နားကပ်ပြီး အကြာကြီးနားထောင်နေတာ၊နံရံမှာ နားမလည်နိုင်တဲ့ ပုံတွေလျှောက်ဆွဲတာ စတဲ့ အရင်ကသူမလုပ်ဘူးတဲ့ ထူးထူးဆန်းဆန်းတွေ လုပ်လာပါတယ်။
ဂျူဟီးလေး အဲ့လိုဖြစ်ပြီး တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ တိုက်ခန်းအိမ်ယာမှာ လူသေမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာတယ်။
ဂျူဟီးရဲ့ ထူးဆန်းတဲ့ အပြုအမူတွေနဲ့ လူသေမှုတွေဟာ ဘယ်လိုဆက်စပ်နေမလဲ၊သူတို့ အောက်တည့်တည့်က ကြားရတဲ့ အသံတွေဟာ ဘာတွေလဲ၊မေမေ မင်ယောင်ကရော ဒီအဖြစ်အပျက်တွေကြားထဲမှာ ဂျူဟီးလေးကို ဘယ်လို ကာကွယ်ပေးမလဲဆိုတာ ရင်တုန်အသည်းတုန်စွာနဲ့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
IMDB 5.3/10 ရရှိထားပြီး Horror ကားကြိုက်နှစ်သက်သူတွေ ကျောတချမ်းချမ်းနဲ့ စောင့်ကြည့်ရမယ့် ဇာတ်ကားလေးဖြစ်တာကြောင့် ကြည့်ရှူကြဖို့ တိုက်တွန်းချင်ပါတယ်။
(ဘာသာပြန်နှင့် အညွှန်းကတော့ Damien ပဲ ဖြစ်ပါတယ်)
Paradise Kiss (2011)
⭐IMDB: 6.3/10 (2 k Votes)
🎬 #Drama
🗓️ 2011 🎞️ Movie 📺 720p
🌎 #Japan #UnitedStatesofAmerica
⏰ 1 နာရီ 54 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Paradise Kiss(2011)
******************
ယူကာရီ ဟယစကဟာ သူ့အမေစိတ်တိုင်းကျ စာပဲကုန်းရုန်းလုပ်နေတဲ့
ဆယ်ကျော်သက်အရွယ်အထက်တန်းကျောင်းသူတစ်ယောက်ပါ။
သူ့ဘဝကို သူကိုယ်တိုင်လည်းငြီးငွေ့နေပေမဲ့ သူ့အမေရဲ့ဆန္ဒကိုလည်းမလွန်ဆန်နိုင်ပါဘူး။
ဒီလိုနဲ့ တစ်ရက်မှာ သူဟာ ‘Paradise Kiss’ လို့ခေါ်တဲ့ ဒီဇိုင်းပညာကိုလေ့လာနေတဲ့အဖွဲ့နဲ့
တွေ့ပြီး သူတို့အတွက် မော်ဒယ်လုပ်ပေးဖို့ဖြစ်လာပါတယ်။
ယူကာရီဟာ မော်ဒယ်လောကအကြောင်းဘာမှမသိတာကြောင့် အစပိုင်းကငြင်းဆန်နေခဲ့ပေမဲ့
လွတ်လွတ်လပ်လပ်နေတတ်တဲ့ ‘Paradise Kiss’ အဖွဲ့သားတွေနဲ့ ရင်းနှီးလာပြီးနောက်မှာ မော်ဒယ်လုပ်ပေးဖို့သဘောတူခဲ့ပါတယ်။
ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ယောက်က သူရဲ့ရည်မှန်းချက်ကို ဘယ်လိုရှာတွေ့ပြီး
သူ့ရဲ့ဘဝကိုဘယ်လိုပြောင်းလဲပစ်မလဲဆိုတာကို romance, comedy, drama တွေနဲ့
မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရှူရမှာပဲဖြစ်ပါတယ်။
Superman Returns (2006)
⭐IMDB: 6.1/10 (286 k Votes)
🎬 #Action #Adventure #Sci-Fi #SciFi
🗓️ 2006 🎞️ Movie 📺 720p
🌎 #UnitedStates #Australia
⏰ 2 နာရီ 34 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Superman က သူ့အမိကမ္ဘာ Krypton ကို သွားရောက်စစ်ဆေးရင်း ငါးနှစ်အကြာမှာတော့ ကမ္ဘာမြေကို တစ်ဖန်ရောက်ရှိလာပါတယ်။ သူပြန်ရောက်လာချိန်မှာတော့ အရာရာဟာ အရင်ကလိုမဟုတ်တော့ပါဘူး။ ဒီအပြောင်းအလဲတွေကို Superman တစ်ယောက် ရင်ဆိုင်ဖြေရှင်းရတော့မှာပါ။ ဒါ့အပြင် ရန်သူတော် Lex Luthor ရဲ့ ကောက်ကျစ်စဥ်းလဲမှုတွေ၊ ဉာဏ်နီဉာဏ်နက်များတာတွေကိုလည်း တားဆီးဖို့လိုအပ်လာပါပြီ။ ဒါတွေကို Superman ကျော်ဖြတ်နိုင်ပါ့မလား၊ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ဦးမလဲဆိုတာတွေကို ကောင်းကောင်းလေးကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။
(အညွှန်းနဲ့ ဘာသာပြန်ကတော့ Kelvin ဖြစ်ပါတယ်)
The Happy Camper (2023)
⭐IMDB: 5.9/10 (133 Votes)
🎬 #Comedy #Romance #TVMovie
🗓️ 2023 🎞️ Movie 📺 720p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 31 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Happy Camper(2023)
************************
ဇာတ်ကားလေးကတော့ ဒေလွန်မိုက်ကယ်ဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာသူ့ချစ်သူဘရန်ဒန့်နဲ့အတူ ဒိတ်တင်း app ကုမ္ပဏီလေးတစ်ခုကိုအတူတူလုပ်ကြတယ်။ဘရန်ဒန်က အလုပ်ကိုပဲဦးစားပေးလွန်တဲ့အတွက် ဒေလွန်ဟာသူ့ကိုတဖြည်းဖြည်းစိတ်ပျက်လာပါတယ်။တစ်နေ့ သူတို့ရဲ့ကုမ္ပဏီကိုရင်းနှီးမြှပ်နှံမယ့်သူဟာ ငွေကြေးထပ်မထုတ်ပေးတော့တဲ့အတွက်ကုမ္ပဏီကိုပိတ်ဖို့ဖြစ်လာပါတော့တယ်၊ ဘရန်ဒန်ကလည်း နောက်ထပ်ရင်းနှီးမြှုပ်နှံသူကိုလိုက်ရှာမယ် ၊ ဒေလွန်ကိုခဏအနားယူဖို့ပြောလိုက်တယ်၊ ဒီလိုနဲ့ ဒေလွန်ရဲ့အဖိုးက သူ့မြေးကိုလွမ်းလို့တွေ့ချင်နေကြောင်းအမေဖြစ်သူကဖုန်းဆက်တယ်၊ လက်ရှိမှာအလုပ်မရှိတာရော စိတ်ညစ်တာရောဖြစ်နေတဲ့အတွက် မွေးရပ်မြေ ဆေးဗားဒေးမြို့ကိုပြန်သွားတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ဘဝရဲ့ အလှည့်အပြောင်းမျိုးစုံတွေ
ဆက်တိုက်ဖြစ်လာပါတော့တယ်…
The Happy Camper (2023)
⭐IMDB: 5.9/10 (133 Votes)
🎬 #Comedy #Romance #TVMovie
🗓️ 2023 🎞️ Movie 📺 1080p