ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
The Pregnancy Promise (2023) ⭐IMDB: 5.5/10 (71 Votes) 🎬 #Thriller #TVMovie #Drama #Crime 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Pregnancy Promise (2023)====================== စကိုင်းရဲ့မိဘတွေက ချုပ်ချယ်လွန်းတဲ့မိဘတွေပါ။ အထက်တန်းကျောင်းသူအရွယ်ပဲရှိသေးတဲ့စကိုင်းကို ပါတီမသွားရဘူး၊ ရည်းစားမထားရဘူး၊ မိတ်ကပ်မလိမ်းရဘူး၊ ငါတို့ဝယ်ပေးတဲ့အဝတ်အစားတွေပဲဝတ်ဆိုတဲ့ မိဘတွေပေါ့။ စကိုင်းကလည်း တက္ကသိုလ်တက်ရင်တောင် သူသင်ချင်တဲ့ပန်းချီမသင်ဘဲ မိဘတွေစိတ်ကြိုက် ဗိသုကာတက်ဖို့အထိ နာခံတဲ့ သမီးလိမ္မာလေး။ ဒီသမီးလိမ္မာလေးကိုသူ့bffဖြစ်တဲ့ လူစီက အားမရပါဘူး။ ဒါကြောင့် အထက်တန်းမပြီးခင် အထက်တန်းကျောင်းသူဘဝကိုအကောင်းဆုံးနေမယ်ဆိုပြီး စကိုင်းကိုပါတီတစ်ခါခိုးခေါ်သွားလိုက်တာ စကိုင်းက ရည်းစားရသွားပါတယ်။ ဘဲရသွားတဲ့စကိုင်းက ဘဲနဲ့ပဲအချိန်ကုန်ပြီး လူစီ့ကိုပလစ်ပါတော့တယ်။ တစ်ယောက်တည်းဖြစ်သွားတဲ့ လူစီက စကိုင်းမရှိတော့ စကိုင်းရဲ့အစ်ကိုနဲ့ အနေနီးပြီးတွဲဖြစ်သွားပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ စကိုင်းရော လူစီရော ပြိုင်တူကိုယ်ဝန်ရလာကြပါတယ်။ မိဘတွေကတော့ သူငယ်ချင်းနှစ်ယောက်က ကိုယ်ဝန်ပြိုင်တူရအောင် တမင်လုပ်တာလားလို့ မယုံသင်္ကာဖြစ်ကြတာပေါ့။ စကိုင်းတို့ကိစ္စကြောင့် စိတ်ရှုပ်နေကြချိန်မှာပဲ စကိုင်းရဲ့မိဘတွေက ခြိမ်းခြောက်စာတွေပို့ခံရ စီးပွားပျက်လုနီးပါး နှောင့်ယှက်ခံရနဲ့ အခက်အခဲမျိုးစုံတွေ့ပါတော့တယ်။ ဒါတွေရဲ့ နောက်ကွယ်ကတရားခံကဘယ်သူလဲ ဘာလို့စကိုင်းတို့မိသားစုကို ပစ်မှတ်ထားနေရတာလဲ သူငယ်ချင်းနှစ်ယောက်ရဲ့ကံကြမ္မာကရော ဘယ်လိုဖြစ်သွားမလဲဆိုတာ ကြည့်ရှုရမဲ့ Thriller ကားလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့EL ဖြစ်ပါတယ်)

The Best Man (2023) ⭐IMDB: 3.8/10 (378 Votes) 🎬 #Action #Thriller 🗓️ 2023 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 1 နာရီ 33 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Best Man (2023)=============== ဒီတစ်ခါမှာတော့ CM ပရိတ်သတ်ကြီးတို့ကို “The BestMan”ဆိုတဲ့အက်ရှင်ကားသစ်တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ သူဌေးကြီးတစ်ဦးရဲ့သမီးပြန်ပေးဆွဲခံရရာကနေ ပြန်ကယ်ဖို့တပ်ဖွဲ့တစ်ဖွဲ့ငှားလိုက်ပါတယ်။ အဖွဲ့သားဆုံးရှုံးမှုတွေရှိပေမဲ့သူဌေးသမီးကိုတော့ ပြန်ကယ်လာနိုင်ခဲ့ပါတယ်။ အဲဒီနောက်အချိန်တစ်ခုကြာပြီး ကယ်ပေးတဲ့တပ်ဖွဲ့ထဲက အသက်ရှင်ကျန်ရစ်သူအဖွဲ့သားနဲ့ သူဌေးသမီးတို့ ချစ်ကြိုးသွယ်ပြီး လက်ထပ်ကြတော့မယ်ပေါ့လေ။ ငွေကို‌ရေလိုသုံးနိုင်တဲ့ သူဌေးတွေဆိုတော့ မင်္ဂလာပွဲအတွက်ဟိုတယ်ကြီးတစ်ခုလုံးအပြတ်ငှားထားတာပေါ့။ အဲဒီမင်္ဂလာပွဲကိုအကြမ်းဖက်သမားတွေ ဝင်စီးတော့ အရင်ကအသက်ရှင်ကျန်ရစ်တဲ့မင်းသားတို့အဖွဲ့ကလူတွေနဲ့ အကြမ်းဖက်သမားတွေ ဘတစ်ပြန်ကျားတစ်ပြန် ဖိုက်ကြတာကိုကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)

The Best Man (2023) ⭐IMDB: 3.8/10 (378 Votes) 🎬 #Action #Thriller 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 33 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Best Man (2023)=============== ဒီတစ်ခါမှာတော့ CM ပရိတ်သတ်ကြီးတို့ကို “The BestMan”ဆိုတဲ့အက်ရှင်ကားသစ်တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ သူဌေးကြီးတစ်ဦးရဲ့သမီးပြန်ပေးဆွဲခံရရာကနေ ပြန်ကယ်ဖို့တပ်ဖွဲ့တစ်ဖွဲ့ငှားလိုက်ပါတယ်။ အဖွဲ့သားဆုံးရှုံးမှုတွေရှိပေမဲ့သူဌေးသမီးကိုတော့ ပြန်ကယ်လာနိုင်ခဲ့ပါတယ်။ အဲဒီနောက်အချိန်တစ်ခုကြာပြီး ကယ်ပေးတဲ့တပ်ဖွဲ့ထဲက အသက်ရှင်ကျန်ရစ်သူအဖွဲ့သားနဲ့ သူဌေးသမီးတို့ ချစ်ကြိုးသွယ်ပြီး လက်ထပ်ကြတော့မယ်ပေါ့လေ။ ငွေကို‌ရေလိုသုံးနိုင်တဲ့ သူဌေးတွေဆိုတော့ မင်္ဂလာပွဲအတွက်ဟိုတယ်ကြီးတစ်ခုလုံးအပြတ်ငှားထားတာပေါ့။ အဲဒီမင်္ဂလာပွဲကိုအကြမ်းဖက်သမားတွေ ဝင်စီးတော့ အရင်ကအသက်ရှင်ကျန်ရစ်တဲ့မင်းသားတို့အဖွဲ့ကလူတွေနဲ့ အကြမ်းဖက်သမားတွေ ဘတစ်ပြန်ကျားတစ်ပြန် ဖိုက်ကြတာကိုကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)

Rupture (2016) ⭐IMDB: 4.9/10 (8 k Votes) 🎬 #Horror #Sci-Fi #Thriller #ScienceFiction #SciFi 🗓️ 2016 🎞️ Movie 📺 720p 🌎 #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Rupture (2016) ရနေးဆိုတဲ့ အမျိုးသမီးဟာ ကွာရှင်းခံထားရတဲ့ မိန်းမ‌တစ်ယောက်ဖြစ်ပြီး သားဖြစ်သူ အဲဗန်နဲ့အတူ ပျော်ရွှင်စွာနေထိုင်နေသူ… အမည်မသိ လူတစ်စုဟာ သူတို့ မိသားစုကို အချိန်အကြာကြီး တိတ်တခိုး စောင့်ကြည့်နေခဲ့တယ်။ ဒါကိုတော့ သူတို့မသိရှာဘူး။ တစ်နေ့ ရနေးဟာ သူ့ရဲ့သားလေးကို ခင်ပွန်းဟောင်းဆီ သွားအပ်ပြီး လေထီးခုန်ဖို့ရာ ထွက်လာခဲ့တယ်။ လမ်းခုလတ်မှာ ကားဘီးပေါက်သွားတာကို လူတစ်ယောက်က ကူညီပေးသယောင်နဲ့ သူ့ကို ဖမ်းခေါ်သွားခဲ့တယ်။ ဘယ်နေရာမှန်းမသိတဲ့ အဆောက်အဦးတစ်ခုဆီ ရောက်သွားပြီး ထိုလူတစ်စုဟာ သူ့ကို စမ်းသပ်မှုတွေ ပြုလုပ်ပါတော့တယ်။ ဒီလူတစ်စုက ဘာတွေလဲ… ဘယ်လိုစမ်းသပ်မှုတွေ လုပ်သလဲ… ဘာအတွက်လုပ်ရသလဲဆိုတာတော့ အသည်းယားဖွယ် ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMugiwara Yaမှ ပြန်ဆို ရေးသားထားပါတယ်)

Rupture (2016) ⭐IMDB: 4.9/10 (8 k Votes) 🎬 #Horror #Sci-Fi #Thriller #ScienceFiction #SciFi 🗓️ 2016 🎞️ Movie 📺 1080p 🌎 #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Rupture (2016) ရနေးဆိုတဲ့ အမျိုးသမီးဟာ ကွာရှင်းခံထားရတဲ့ မိန်းမ‌တစ်ယောက်ဖြစ်ပြီး သားဖြစ်သူ အဲဗန်နဲ့အတူ ပျော်ရွှင်စွာနေထိုင်နေသူ… အမည်မသိ လူတစ်စုဟာ သူတို့ မိသားစုကို အချိန်အကြာကြီး တိတ်တခိုး စောင့်ကြည့်နေခဲ့တယ်။ ဒါကိုတော့ သူတို့မသိရှာဘူး။ တစ်နေ့ ရနေးဟာ သူ့ရဲ့သားလေးကို ခင်ပွန်းဟောင်းဆီ သွားအပ်ပြီး လေထီးခုန်ဖို့ရာ ထွက်လာခဲ့တယ်။ လမ်းခုလတ်မှာ ကားဘီးပေါက်သွားတာကို လူတစ်ယောက်က ကူညီပေးသယောင်နဲ့ သူ့ကို ဖမ်းခေါ်သွားခဲ့တယ်။ ဘယ်နေရာမှန်းမသိတဲ့ အဆောက်အဦးတစ်ခုဆီ ရောက်သွားပြီး ထိုလူတစ်စုဟာ သူ့ကို စမ်းသပ်မှုတွေ ပြုလုပ်ပါတော့တယ်။ ဒီလူတစ်စုက ဘာတွေလဲ… ဘယ်လိုစမ်းသပ်မှုတွေ လုပ်သလဲ… ဘာအတွက်လုပ်ရသလဲဆိုတာတော့ အသည်းယားဖွယ် ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMugiwara Yaမှ ပြန်ဆို ရေးသားထားပါတယ်)

The Milagro Beanfield War (1988) ⭐IMDB: 6.8/10 (7 k Votes) 🎬 #Comedy #Drama #Fantasy 🗓️ 1988 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 1 နာရီ 58 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Rt-61 ~ IMDb-6.8 1988 မှာထွက်ရှိခဲ့တဲ့ The Milagro Beanfield War ရုပ်ရှင်ကို စာရေးဆရာ John Nichols ရဲ့ The Milagro Beanfield War ဆိုတဲ့ဝတ္တုကိုယူပြီး ဒါရိုက်တာ Robert Redford ကရိုက်ကူးခဲ့တာပါ။ 1989 ခုနှစ်အတွက် Best Original Score အော်စကာ ဆုကိုလည်းရရှိခဲ့ပါသေးတယ်။ နယူးမက္ကဆီကိုပြည်နယ်အတွင်းမှာ လူပေါင်း 450 ခန့်နေထိုင်ကြတဲ့ မီလန်ဂရိုဆိုတဲ့ မြို့ငယ်လေးရှိပါတယ်။ အတိတ်မှာတုန်းကတော့ ရေအရင်းအမြစ်ပေါများတာကြောင့်စိုက်ပျိုးရေးအဆင်ပြေပေမဲ့ ဆည်ကိုတည်ဆောက်ပြီးနောက်ပိုင်းမှာ မြို့အတွက်ဆည်ရေလွှတ်မပေးတော့တာကြောင့် စိုက်ခင်းတွေခြောက်သွေ့ပြီး ဘာမှစိုက်ပျိုးလို့မရတော့ပါဘူး။ ဒါပေမဲ့လည်း မြို့ကို အံ့ဖွယ်တောင်ကြားပ‌ရောဂျက်ဆိုတဲ့နာမည်နဲ့ ပြန်လည်ပြုပြင်ရေးလုပ်နေတဲ့ ကုမ္ပဏီအတွက်တော့ သီးသန့်ရေမြောင်းတစ်ခုကိုဖောက်ပေးထားပြီး ဒေသခံတွေအသုံးပြုတာကိုလည်း တားမြစ်ထားပါတယ်။တစ်နေ့မှာတော့ ဒေသခံလယ်သမား ဂျိုး မွန်ဒရာဂွန်ဟာ အလုပ်ကလည်းရှားတဲ့အပြင် ဘာမှလည်းစိုက်ပျိုးလို့မရတာကြောင့်စိတ်ပေါက်ပေါက်နဲ့ ရေမြောင်းကိုကန်လိုက်မိပြီး ရေမြောင်းပေါက်သွားတဲ့ အတွက်ကြောင့် သူ့ရဲ့ပဲစိုက်ခင်းထဲကိုရေသွင်းမိသလိုဖြစ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ပဲခင်းသေးသေးလေးကို ရေသွင်းမိတဲ့ကိစ္စကနေစပြီး ကုမ္ပဏီကြီးနဲ့ထိပ်တိုက်ရင်ဆိုင်ရမဲ့အပြင် နိုင်ငံရေးအရှုပ်အထွေးတွေပါ ပါဝင်လာတဲ့အခါမှာတော့ ဂျိုး တို့ရဲ့ မီလန်ဂရိုမြို့လေး ဘာဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။

The Milagro Beanfield War (1988) ⭐IMDB: 6.8/10 (7 k Votes) 🎬 #Comedy #Drama #Fantasy 🗓️ 1988 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 58 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Rt-61 ~ IMDb-6.8 1988 မှာထွက်ရှိခဲ့တဲ့ The Milagro Beanfield War ရုပ်ရှင်ကို စာရေးဆရာ John Nichols ရဲ့ The Milagro Beanfield War ဆိုတဲ့ဝတ္တုကိုယူပြီး ဒါရိုက်တာ Robert Redford ကရိုက်ကူးခဲ့တာပါ။ 1989 ခုနှစ်အတွက် Best Original Score အော်စကာ ဆုကိုလည်းရရှိခဲ့ပါသေးတယ်။ နယူးမက္ကဆီကိုပြည်နယ်အတွင်းမှာ လူပေါင်း 450 ခန့်နေထိုင်ကြတဲ့ မီလန်ဂရိုဆိုတဲ့ မြို့ငယ်လေးရှိပါတယ်။ အတိတ်မှာတုန်းကတော့ ရေအရင်းအမြစ်ပေါများတာကြောင့်စိုက်ပျိုးရေးအဆင်ပြေပေမဲ့ ဆည်ကိုတည်ဆောက်ပြီးနောက်ပိုင်းမှာ မြို့အတွက်ဆည်ရေလွှတ်မပေးတော့တာကြောင့် စိုက်ခင်းတွေခြောက်သွေ့ပြီး ဘာမှစိုက်ပျိုးလို့မရတော့ပါဘူး။ ဒါပေမဲ့လည်း မြို့ကို အံ့ဖွယ်တောင်ကြားပ‌ရောဂျက်ဆိုတဲ့နာမည်နဲ့ ပြန်လည်ပြုပြင်ရေးလုပ်နေတဲ့ ကုမ္ပဏီအတွက်တော့ သီးသန့်ရေမြောင်းတစ်ခုကိုဖောက်ပေးထားပြီး ဒေသခံတွေအသုံးပြုတာကိုလည်း တားမြစ်ထားပါတယ်။တစ်နေ့မှာတော့ ဒေသခံလယ်သမား ဂျိုး မွန်ဒရာဂွန်ဟာ အလုပ်ကလည်းရှားတဲ့အပြင် ဘာမှလည်းစိုက်ပျိုးလို့မရတာကြောင့်စိတ်ပေါက်ပေါက်နဲ့ ရေမြောင်းကိုကန်လိုက်မိပြီး ရေမြောင်းပေါက်သွားတဲ့ အတွက်ကြောင့် သူ့ရဲ့ပဲစိုက်ခင်းထဲကိုရေသွင်းမိသလိုဖြစ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ပဲခင်းသေးသေးလေးကို ရေသွင်းမိတဲ့ကိစ္စကနေစပြီး ကုမ္ပဏီကြီးနဲ့ထိပ်တိုက်ရင်ဆိုင်ရမဲ့အပြင် နိုင်ငံရေးအရှုပ်အထွေးတွေပါ ပါဝင်လာတဲ့အခါမှာတော့ ဂျိုး တို့ရဲ့ မီလန်ဂရိုမြို့လေး ဘာဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။

Housemaid Mom (2020) ⭐TMDB: 68.0% User Score 🎬 #Adult #Romance 🗓️ 2020 🎞️ Movie 📺 720p 🌎 # ⏰ 1 နာရီ 10 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Housemaid Mom(2020) ********************** ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး သမီးဖြစ်သူကို ကျောင်းစရိတ် ထောက်ပံ့ ပေးနေတဲ့ မိခင် အူဂျူအမေ ထောက်ပံ့နေတဲ့ ကျောင်းစရိတ်ကို ရည်းစားကို ပြန်ပေးနေတဲ့ သမီး ဆွန်းဟယ်ဆက်ဆံရေးအဆင်မပြေဖြစ်နေတဲ့ သားအမိနှစ်ယောက်အတွက် တစ်နေ့မှာ အမျိုးသားတစ်ယောက်တည်း နေတဲ့ အိမ်ကြီးမှာ နေပြီး အလုပ်လုပ်ဖို ဖြစ်လာတဲ့အခါ သူတို၃ယောက်ရဲ့ ဆက်ဆံရေးတွေက ဘယ်လိုတွေ ရှုပ်ထွေးလာမလဲဆိုတာ ကြည့်ရှုလိုက်ပါဦး… သမီးလေးကလည်းနင်းကန်ချောသလို အမေကလည်းလုံးဆက်စီလေးမို့အားပေးကြပါ…

The Nutcracker and the Magic Flute (2022) ⭐IMDB: 5.3/10 (126 Votes) 🎬 #Animation #Family #Fantasy 🗓️ 2022 🎞️ Movie 📺 720p 🌎 #Russia #Hungary ⏰ 1 နာရီ 24 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Nutcracker and The Magic Flute(2022) *************************************** မကြာသေးခင်ကမှထွက်ရှိလာတဲ့ ကာတွန်းဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးပါရစေ။ ခရစ္စမတ်အကြိုညလေးမှာ မာရီတို့အိမ်ကိုသတင်းဆိုးတစ်ခုရောက်လာပါတယ်။ မာရီတို့အဖေသေသွားတဲ့အခါ မစ္စတာရက်တာဆိုတဲ့သူဆီမှာ ဒေါ်လာတစ်သိန်းအကြွေးတင်နေခဲ့ပြီး အကြွေးမဆပ်နိုင်ရင် မစ္စတာရက်တာက မာရီကို သူ့ဇနီးလုပ်ပေးရမယ်လို့ပြောလာပါတယ်။ မစ္စတာရက်တာဟာ မာရီကို သူနဲ့လက်ထပ်ဖို့စဥ်းစားစေချင်တဲ့အတွက် နော့ခရက်ကာဆိုတဲ့ အရုပ်လေးတစ်ရုပ်ကိုလည်း လက်ဆောင်ပေးခဲ့ပါတယ်။ မာရီဟာ သတင်းကြားပြီးတော့ စိတ်ပျက်ဝမ်နည်းပြီး အပူအပင်ကင်းခဲ့တဲ့ကလေးဘဝကိုပြန်တမ်းတရင်း သီချင်းလေးတစ်ပုဒ်ညီးဆိုခဲ့ပါတယ်။ ဖြစ်ချင်တော့ သီချင်းဆိုပြီးတာနဲ့ မှော်ပညာတစ်ခုအသက်ဝင်လာပြီး မာရီက အရမ်းသေးငယ်သွားပြီးတော့ သူ့ရဲ့အရုပ်လေးတွေနဲ့ နော့ခရက်ကာက အသက်ဝင်လာခဲ့ပါတယ်။ မာရီရဲ့နဂိုအခြေအနေကို ပြန်ရောက်အောင်ကြိုးစားရင်းနဲ့ နော့ခရက်ကာဟာ မင်းသားဂျော့ချ်ဖြစ်နေခဲ့ပြီး မာရီလိုပဲကျိန်စာကြောင့် အရုပ်အဖြစ်ပြောင်းသွားမှန်းသိရတဲ့အခါမှာတော့…… မာရီ၊ မင်းသားဂျော့ချ်နဲ့ မာရီရဲ့အရုပ်လေးတွေက ကျိန်စာပြယ်အောင်ဘယ်လိုကြိုးစားကြမလဲဆိုတာကို comedy, romance ဆန်ဆန်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

The Nutcracker and the Magic Flute (2022) ⭐IMDB: 5.3/10 (126 Votes) 🎬 #Animation #Family #Fantasy 🗓️ 2022 🎞️ Movie 📺 1080p 🌎 #Russia #Hungary ⏰ 1 နာရီ 24 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Nutcracker and The Magic Flute(2022) *************************************** မကြာသေးခင်ကမှထွက်ရှိလာတဲ့ ကာတွန်းဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးပါရစေ။ ခရစ္စမတ်အကြိုညလေးမှာ မာရီတို့အိမ်ကိုသတင်းဆိုးတစ်ခုရောက်လာပါတယ်။ မာရီတို့အဖေသေသွားတဲ့အခါ မစ္စတာရက်တာဆိုတဲ့သူဆီမှာ ဒေါ်လာတစ်သိန်းအကြွေးတင်နေခဲ့ပြီး အကြွေးမဆပ်နိုင်ရင် မစ္စတာရက်တာက မာရီကို သူ့ဇနီးလုပ်ပေးရမယ်လို့ပြောလာပါတယ်။ မစ္စတာရက်တာဟာ မာရီကို သူနဲ့လက်ထပ်ဖို့စဥ်းစားစေချင်တဲ့အတွက် နော့ခရက်ကာဆိုတဲ့ အရုပ်လေးတစ်ရုပ်ကိုလည်း လက်ဆောင်ပေးခဲ့ပါတယ်။ မာရီဟာ သတင်းကြားပြီးတော့ စိတ်ပျက်ဝမ်နည်းပြီး အပူအပင်ကင်းခဲ့တဲ့ကလေးဘဝကိုပြန်တမ်းတရင်း သီချင်းလေးတစ်ပုဒ်ညီးဆိုခဲ့ပါတယ်။ ဖြစ်ချင်တော့ သီချင်းဆိုပြီးတာနဲ့ မှော်ပညာတစ်ခုအသက်ဝင်လာပြီး မာရီက အရမ်းသေးငယ်သွားပြီးတော့ သူ့ရဲ့အရုပ်လေးတွေနဲ့ နော့ခရက်ကာက အသက်ဝင်လာခဲ့ပါတယ်။ မာရီရဲ့နဂိုအခြေအနေကို ပြန်ရောက်အောင်ကြိုးစားရင်းနဲ့ နော့ခရက်ကာဟာ မင်းသားဂျော့ချ်ဖြစ်နေခဲ့ပြီး မာရီလိုပဲကျိန်စာကြောင့် အရုပ်အဖြစ်ပြောင်းသွားမှန်းသိရတဲ့အခါမှာတော့…… မာရီ၊ မင်းသားဂျော့ချ်နဲ့ မာရီရဲ့အရုပ်လေးတွေက ကျိန်စာပြယ်အောင်ဘယ်လိုကြိုးစားကြမလဲဆိုတာကို comedy, romance ဆန်ဆန်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

Death to Smoochy (2002) ⭐IMDB: 6.3/10 (42 k Votes) 🎬 #Comedy #Crime #Drama #Thriller 🗓️ 2002 🎞️ Movie 📺 720p 🌎 #UnitedKingdom #Germany #UnitedStates #Canada ⏰ 1 နာရီ 50 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Jumanji (1995) မင်းသားကြီး၊ Good Will Hunting (1997) မှာ ဇာတ်ပို့မင်းသားဆု ရခဲ့သူ။ အကြီးမြတ်ဆုံး ဟာသသရုပ်ဆောင်ကြီး Robin Williams ကို အလွမ်းပြေ ကြည့်ရှုချင်ရင်ပဲဖြစ်ဖြစ်။ The Incredible Hulk (2008) ရဲ့ မင်းသားကြီး၊ မျက်လှည့်ဆရာကြီးအဖြစ် The Illusionist (2006) မှာ‌ ‌တွေ့မြင်ခဲ့ရသူ Edward Norton ကို ပေါက်စလေးအဖြစ် ပြန်ကြည့်ချင်ရင်ပဲဖြစ်ဖြစ်။ Catherine Keener ဆိုတဲ့ မင်းသမီးကြီးကို နုနုနယ်နယ် ပြန်မြင်ချင်ရင်ပဲဖြစ်ဖြစ် ဟောဒီဇာတ်ကားကို ရွေးချယ်သင့်ပါတယ်။ ဇာတ်လမ်းကတော့ ဟာသ နဲ့ ဇာတ်ကြမ်း ရောယှက်ထားတာဖြစ်ပြီး ကလေးကြိုက်ရုပ်သံလိုင်းတွေရဲ့ နောက်ကွယ်ကို တစ်ဝကြီး မြင်တွေ့ကြရမှာပါ။ ရိန်းဘိုးရန်းဒေါ့ဖ် ဆိုတဲ့ တင်ဆက်သူကြီး ငွေအလွဲသုံးစားမှုနဲ့ ဖမ်းခံရ၊ အလုပ်ပြုတ်၊ နေစရာမရှိ ဒုက္ခရောက်နေစဉ်မှာ သူ့နေရာကို မထင်မရှား စမူချီ ကြံ့ကြီးတစ်ဖြစ်လဲ ရှယ်လ်ဒွန် မော့ပ်စ် ကို ဇွတ်အတင်း ဆွဲထည့်လိုက်ရပါတယ်။ ဒီလိုနဲ့ အောင်မြင်လာတဲ့ စမူချီ ကို ရန်းဒေါ့ဖ် တစ်ယောက် နည်းနည်းလေးမှ မကျေနပ်လို့ ခဏခဏ အကွက်ဆင် ချောက်ချနေခဲ့တယ်။ ဒီလိုပဲ ကလေးကြိုက်ရုပ်သံလိုင်းတွေရဲ့ ဝိသမလောဘကို မကြိုက်တဲ့ စမူချီ ရဲ့ ‌ဝင်ငွေထိခိုက်အောင် လုပ်ဆောင်မှုတွေ မကြိုက်တော့တဲ့ ရုပ်သံလိုင်းစပွန်ဆာတွေကလည်း စမူချီ ကို မကျေနပ်တော့ပါ။ ဒီလိုနဲ့ နှစ်ဖက်စလုံးက စမူချီ ကို အသေသတ်ဖို့ ကြိုးစားလာတဲ့အခါ Death to Smoochy (2002) ဇာတ်လမ်း ဖြစ်တည်လာပါတယ်။ Rating 6.3 မလို့ ရွေးချယ်ထိုက်တဲ့ဇာတ်လမ်းဖြစ်ပေမဲ့ Box Office မှာတော့ ခွက်ခွက်လန်ရှုံးတဲ့ huge bomb of BO ပါနော်။ ဒါပေမဲ့ နွေပူပူမှာ မိသားစုနဲ့အတူ တဝါးဝါး ဝဟားဟားကြည့်ပြီး အပူဒဏ်ကို မေ့နိုင်မှာမလို့ ကြည့်ရှုသင့်ပါတယ်ခင်ဗျာ။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Arr Khun Winchester ပါ )

Death to Smoochy (2002) ⭐IMDB: 6.3/10 (42 k Votes) 🎬 #Comedy #Crime #Drama #Thriller 🗓️ 2002 🎞️ Movie 📺 1080p 🌎 #UnitedKingdom #Germany #UnitedStates #Canada ⏰ 1 နာရီ 50 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Jumanji (1995) မင်းသားကြီး၊ Good Will Hunting (1997) မှာ ဇာတ်ပို့မင်းသားဆု ရခဲ့သူ။ အကြီးမြတ်ဆုံး ဟာသသရုပ်ဆောင်ကြီး Robin Williams ကို အလွမ်းပြေ ကြည့်ရှုချင်ရင်ပဲဖြစ်ဖြစ်။ The Incredible Hulk (2008) ရဲ့ မင်းသားကြီး၊ မျက်လှည့်ဆရာကြီးအဖြစ် The Illusionist (2006) မှာ‌ ‌တွေ့မြင်ခဲ့ရသူ Edward Norton ကို ပေါက်စလေးအဖြစ် ပြန်ကြည့်ချင်ရင်ပဲဖြစ်ဖြစ်။ Catherine Keener ဆိုတဲ့ မင်းသမီးကြီးကို နုနုနယ်နယ် ပြန်မြင်ချင်ရင်ပဲဖြစ်ဖြစ် ဟောဒီဇာတ်ကားကို ရွေးချယ်သင့်ပါတယ်။ ဇာတ်လမ်းကတော့ ဟာသ နဲ့ ဇာတ်ကြမ်း ရောယှက်ထားတာဖြစ်ပြီး ကလေးကြိုက်ရုပ်သံလိုင်းတွေရဲ့ နောက်ကွယ်ကို တစ်ဝကြီး မြင်တွေ့ကြရမှာပါ။ ရိန်းဘိုးရန်းဒေါ့ဖ် ဆိုတဲ့ တင်ဆက်သူကြီး ငွေအလွဲသုံးစားမှုနဲ့ ဖမ်းခံရ၊ အလုပ်ပြုတ်၊ နေစရာမရှိ ဒုက္ခရောက်နေစဉ်မှာ သူ့နေရာကို မထင်မရှား စမူချီ ကြံ့ကြီးတစ်ဖြစ်လဲ ရှယ်လ်ဒွန် မော့ပ်စ် ကို ဇွတ်အတင်း ဆွဲထည့်လိုက်ရပါတယ်။ ဒီလိုနဲ့ အောင်မြင်လာတဲ့ စမူချီ ကို ရန်းဒေါ့ဖ် တစ်ယောက် နည်းနည်းလေးမှ မကျေနပ်လို့ ခဏခဏ အကွက်ဆင် ချောက်ချနေခဲ့တယ်။ ဒီလိုပဲ ကလေးကြိုက်ရုပ်သံလိုင်းတွေရဲ့ ဝိသမလောဘကို မကြိုက်တဲ့ စမူချီ ရဲ့ ‌ဝင်ငွေထိခိုက်အောင် လုပ်ဆောင်မှုတွေ မကြိုက်တော့တဲ့ ရုပ်သံလိုင်းစပွန်ဆာတွေကလည်း စမူချီ ကို မကျေနပ်တော့ပါ။ ဒီလိုနဲ့ နှစ်ဖက်စလုံးက စမူချီ ကို အသေသတ်ဖို့ ကြိုးစားလာတဲ့အခါ Death to Smoochy (2002) ဇာတ်လမ်း ဖြစ်တည်လာပါတယ်။ Rating 6.3 မလို့ ရွေးချယ်ထိုက်တဲ့ဇာတ်လမ်းဖြစ်ပေမဲ့ Box Office မှာတော့ ခွက်ခွက်လန်ရှုံးတဲ့ huge bomb of BO ပါနော်။ ဒါပေမဲ့ နွေပူပူမှာ မိသားစုနဲ့အတူ တဝါးဝါး ဝဟားဟားကြည့်ပြီး အပူဒဏ်ကို မေ့နိုင်မှာမလို့ ကြည့်ရှုသင့်ပါတယ်ခင်ဗျာ။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Arr Khun Winchester ပါ )

ThiruvinKural (2023) ⭐IMDB: 5.4/10 (162 Votes) 🎬 #Bollywood #Thriller #Drama #Action 🗓️ 2023 🎞️ Movie 📺 720p 🌎 #India ⏰ 1 နာရီ 57 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ရုပ်ရှင်တကား ကောင်းတယ် မကောင်းဘူးပြောရအောင်ကကြည့်တဲ့သူအပေါ်မှာပဲ မူတည်တတ်တာမျိုးဗျ။ဥပမာ K.G.F လိုမျိုး ၂ ဘ၀ကလဲ့စားလိုမျိုး အယောက်တရာလောက်ကို တယောက်ထဲ ယှဉ်ဖိုက်ပြီး မင်းသားကပဲ နိုင်တယ်ဆိုတဲ့ဇာတ်မျိုးကြိုက်တဲ့သူ ရှိသလို Ae Dil Hai Mush Kil လိုမျိုးအချစ် ဒရမ်မာ သီးသန့်လေးကိုမှ ခိုက်ပါတယ်ဆိုတဲ့သူမျိုးနဲ့ကွဲပြားကြသလိုပေါ့။တချို့ကျလည်း ဇာတ်ကားကြည့်တော့မယ်ဆိုဘယ်သူသရုပ်ဆောင်တယ် ဘာဇာတ်အမျိုးစားလဲဆိုတာထက်Rating တွေ Review တွေကြည့်ပြီး များမှဆိုတဲ့သူတွေလည်းရှိကြတယ်။ ပြောချင်တာ ခုတင်ဆက်ပေးမဲ့ ဒီတမီးလ်ရုပ်ရှင်ကားကလဲ ကြိုက်တတ်သူတွေအတွက်ကတော့အသည်းတယားယား ရင်တဖိုဖိုနဲ့ ကြည့်ရမဲ့ အက်ရှင် ဒရမ်မာကားတကားပါပဲ။မင်းသားက စကားမပြောတတ်တဲ့အပြင် အနားကပ်ပြောမှ အသံသဲ့သဲ့ပဲကြားရတဲ့ ဘ၀၊ဒါပေမဲ့ အင်ဂျင်နီယာဘွဲ့ရ၊အဖေဖြစ်သူနဲ့အတူတူ ဆောက်လုပ်ရေးတခုမှာ ဝင်ဦးစီးပေးနေတာ။မိသားစု သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ရွှင်တဲ့ ဘ၀လေးတခု ပိုင်ဆိုင်ထားတဲ့သူ။လှတပတချစ်သူကောင်မလေးနဲ့ကလည်း ရွှေလမ်းငွေလမ်း ဖောက်ပြီးသား။သူ့ပတ်ဝန်းကျင်က မိန်းကလေးတွေကို စော်ကားလာရင် ဖြုန်း ဖြောင်းနဲ့ ဆော်လွှတ်တတ်တဲ့စရိုက်နဲ့ လူ။လောကဓံတရားရဲ့ ပုံမှန်ပြကွက်တွေလို့ ဆိုရမလိုပဲ တရက် မင်းသားရဲ့အဖေကဆိုဒ်ထဲမှာ မတော်တဆမှုတခုနဲ့ ဆေးရုံတတ်ရပါလေရော။အဲ့မှာ ဇာတ်နာတာပဲ။ဆေးရုံက ဝန်ထမ်းတွေ၊ ဝန်ထမ်းတွေဆိုတာ ဓာတ်လှေကားစောင့်တဲ့သူဆရာကြီးဦးဆောင်တဲ့ အောက်ခြေသိမ်းဝန်ထမ်းအဖွဲ့။အဖွဲ့က တကယ့်ဇိုးတွေ။ရုပ်နဲ့စိတ်ဓာတ်နဲ့က တထပ်တည်းလို့ပြောရလောက်အောင်သရုပ်ဆောင်တော်ကြတဲ့ ဗီလိန်အဖွဲ့။အဲ့ဒီအဖွဲ့နဲ့မှ တည့်တည့်ရင်ဆိုင်မိတဲ့မင်းသားတို့ မိသားစု၊မင်းသားကပဲ အဲဒီ ဗီလိန်အဖွဲ့ကိုဖြုတ်နိုင်ပြီး ပျော်ရွှင်တဲ့မိသားစုလေးပြန်ဖန်တီးနိုင်မလား၊ဗီလိန်အဖွဲ့ကပဲ မင်းသားတို့ မိသားစုတစစီပြိုကွဲအောင်ယုတ်မာဖျက်ဆီးနိုင်ကြမလားဆိုတာ အသားတယားယား ရင်တဖိုဖိုနဲ့ ကြည့်ရမဲ့ဇာတ်။ကဲ ကိုယ့်အကြိုက်နဲ့ တထပ်တည်းကျသလားဆိုတာ ဒေါင်းယူကြည့်ရှုကြပါအုံးလို့ပြောရင်း…

ThiruvinKural (2023) ⭐IMDB: 5.4/10 (162 Votes) 🎬 #Bollywood #Thriller #Drama #Action 🗓️ 2023 🎞️ Movie 📺 1080p 🌎 #India ⏰ 1 နာရီ 57 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ရုပ်ရှင်တကား ကောင်းတယ် မကောင်းဘူးပြောရအောင်ကကြည့်တဲ့သူအပေါ်မှာပဲ မူတည်တတ်တာမျိုးဗျ။ဥပမာ K.G.F လိုမျိုး ၂ ဘ၀ကလဲ့စားလိုမျိုး အယောက်တရာလောက်ကို တယောက်ထဲ ယှဉ်ဖိုက်ပြီး မင်းသားကပဲ နိုင်တယ်ဆိုတဲ့ဇာတ်မျိုးကြိုက်တဲ့သူ ရှိသလို Ae Dil Hai Mush Kil လိုမျိုးအချစ် ဒရမ်မာ သီးသန့်လေးကိုမှ ခိုက်ပါတယ်ဆိုတဲ့သူမျိုးနဲ့ကွဲပြားကြသလိုပေါ့။တချို့ကျလည်း ဇာတ်ကားကြည့်တော့မယ်ဆိုဘယ်သူသရုပ်ဆောင်တယ် ဘာဇာတ်အမျိုးစားလဲဆိုတာထက်Rating တွေ Review တွေကြည့်ပြီး များမှဆိုတဲ့သူတွေလည်းရှိကြတယ်။ ပြောချင်တာ ခုတင်ဆက်ပေးမဲ့ ဒီတမီးလ်ရုပ်ရှင်ကားကလဲ ကြိုက်တတ်သူတွေအတွက်ကတော့အသည်းတယားယား ရင်တဖိုဖိုနဲ့ ကြည့်ရမဲ့ အက်ရှင် ဒရမ်မာကားတကားပါပဲ။မင်းသားက စကားမပြောတတ်တဲ့အပြင် အနားကပ်ပြောမှ အသံသဲ့သဲ့ပဲကြားရတဲ့ ဘ၀၊ဒါပေမဲ့ အင်ဂျင်နီယာဘွဲ့ရ၊အဖေဖြစ်သူနဲ့အတူတူ ဆောက်လုပ်ရေးတခုမှာ ဝင်ဦးစီးပေးနေတာ။မိသားစု သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ရွှင်တဲ့ ဘ၀လေးတခု ပိုင်ဆိုင်ထားတဲ့သူ။လှတပတချစ်သူကောင်မလေးနဲ့ကလည်း ရွှေလမ်းငွေလမ်း ဖောက်ပြီးသား။သူ့ပတ်ဝန်းကျင်က မိန်းကလေးတွေကို စော်ကားလာရင် ဖြုန်း ဖြောင်းနဲ့ ဆော်လွှတ်တတ်တဲ့စရိုက်နဲ့ လူ။လောကဓံတရားရဲ့ ပုံမှန်ပြကွက်တွေလို့ ဆိုရမလိုပဲ တရက် မင်းသားရဲ့အဖေကဆိုဒ်ထဲမှာ မတော်တဆမှုတခုနဲ့ ဆေးရုံတတ်ရပါလေရော။အဲ့မှာ ဇာတ်နာတာပဲ။ဆေးရုံက ဝန်ထမ်းတွေ၊ ဝန်ထမ်းတွေဆိုတာ ဓာတ်လှေကားစောင့်တဲ့သူဆရာကြီးဦးဆောင်တဲ့ အောက်ခြေသိမ်းဝန်ထမ်းအဖွဲ့။အဖွဲ့က တကယ့်ဇိုးတွေ။ရုပ်နဲ့စိတ်ဓာတ်နဲ့က တထပ်တည်းလို့ပြောရလောက်အောင်သရုပ်ဆောင်တော်ကြတဲ့ ဗီလိန်အဖွဲ့။အဲ့ဒီအဖွဲ့နဲ့မှ တည့်တည့်ရင်ဆိုင်မိတဲ့မင်းသားတို့ မိသားစု၊မင်းသားကပဲ အဲဒီ ဗီလိန်အဖွဲ့ကိုဖြုတ်နိုင်ပြီး ပျော်ရွှင်တဲ့မိသားစုလေးပြန်ဖန်တီးနိုင်မလား၊ဗီလိန်အဖွဲ့ကပဲ မင်းသားတို့ မိသားစုတစစီပြိုကွဲအောင်ယုတ်မာဖျက်ဆီးနိုင်ကြမလားဆိုတာ အသားတယားယား ရင်တဖိုဖိုနဲ့ ကြည့်ရမဲ့ဇာတ်။ကဲ ကိုယ့်အကြိုက်နဲ့ တထပ်တည်းကျသလားဆိုတာ ဒေါင်းယူကြည့်ရှုကြပါအုံးလို့ပြောရင်း…

Journey to the West (2021) ⭐IMDB: 7.4/10 (561 Votes) 🎬 #Comedy #Science Fiction #ScienceFiction #SciFi 🗓️ 2021 🎞️ Movie 📺 1080p 🌎 #China ⏰ 1 နာရီ 58 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 UFOတွေ ဂြိုလ်သားတွေဆိုတာ တကယ်ရှိသလားဆိုတဲ့မေးခွန်းကိုသိချင်တဲ့သူတွေ စိတ်ဝင်စားတဲ့သူတွေအတွက်အကြိုက်တွေ့မယ့်ကားကောင်းတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ထန်ကျစ်ကျွင်းဟာ (စကြာဝဠာကိုစူးစမ်းခြင်း)ဆိုတဲ့မဂ္ဂဇင်းရဲ့အယ်ဒီတာတစ်ယောက်ဖြစ်တယ်။ ထန်ကျစ်ကျွင်းကကမ္ဘာပြင်ဘက်ကယဉ်ကျေးမှုတွေအပေါ်စိတ်ဝင်စားမှုကသာမန်ထပ်ပိုပြီး အလွန်အကျွံလို့တောင်ပြောလို့ရပါတယ်။ သူ့ရဲ့စွဲလမ်းမှုတွေကြောင့်မိန်းမလဲမခံနိုင်ကွာရှင်းခဲ့ပြီး သမီးလေးဟာလဲစိတ်ကျရောဂါနဲ့ဆုံးသွားခဲ့ပါတယ်။တစ်နေ့မှာတော့ စင်္ကြာဝဠာအဝေးတစ်နေရာမှပို့လာတယ်လို့ယူဆရတဲ့Signalကိုလက်ခံရရှိလာတဲ့အခါ နေရာအနှံ့ကသူလိုလူတွေစုစည်းပြီးသူ့တစ်ဘဝလုံးမဖြေရှင်းနိုင်ခဲ့တဲ့ပုစ္ဆာတစ်ခုနဲ့အတူဂြိုလ်သားရှာဖွေရေးခရီးစဉ်ကိုပြန်လည်စတင်လိုက်ပါတော့တယ်……

Moving On (2022) ⭐IMDB: 5.9/10 (567 Votes) 🎬 #Comedy #Drama 🗓️ 2022 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Moving On(2022) **************** ကလဲရာ၊ အက်ဗ်လင်းနဲ့ ဂျွိုက်စ်တို့ဟာ ကောလိပ်ကတည်းက အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ပြီး အိမ်ထောင်ကိုယ်စီကျသွားလို့ ဝေးသွားကြသူတွေပါ။အဘွားအရွယ်ကိုရောက် မြေးတွေရလို့ရနဲ့ ဘဝရဲ့သက်တမ်းအတော်များများကိုဖြတ်သန်းပြီးခဲ့ကြပါပြီ။ဒီလိုနဲ့ ဂျွိုက်စ် ကွယ်လွန်သွားတဲ့အခါမှာတော့ သူငယ်ချင်းဖြစ်သူရဲ့အသုဘကိုလာရင်း လေဒီကြီးနှစ်ယောက်ပြန်ဆုံစည်းမိကြပါလေရော။ဇာတ်လမ်းကခုမှစမှာပါ။ သူတို့ဒီအသုဘကို လာခဲ့တာက အခြားရည်ရွယ်ချက်တွေ ကိုယ်စီကိုယ်စီနဲ့ပါ။ပြောရရင် ကလဲရာဟာ ဂျွိုက်စ်ရဲ့ ယောက်ျားဖြစ်သူနဲ့က ရန်ကြွေးတွေရှိလို့ အသေသတ်ဖို့ကြံနေတာပါ။အက်ဗ်လင်းကလည်း ဂျွိုက်စ်ရဲ့ ယောက်ျားဖြစ်သူကိုမကြည်တဲ့အကြောင်းရှိလို့ ကလဲရာကိုကူညီဖို့ ဆုံးဖြတ်လိုက်ပါတယ်။နှစ်ပေါင်းလေးဆယ်ကျော်ကြာခဲ့တဲ့ သူတို့ကြားက ရန်ငြိုးကဘာဖြစ်မလဲ၊ လေဒီကြီးနှစ်ယောက်ကရော ဘယ်လိုအတူတကွပူပေါင်းလုပ်ကြံမလဲဆိုတာပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် Comdedyဇာတ်ကားလေးဖြစ်ပါတယ်။

Colonials (2023) ⭐IMDB: 2.4/10 (177 Votes) 🎬 #Sci-Fi #ScienceFiction #Action #SciFi 🗓️ 2023 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 1 နာရီ 20 မိနစ် 31 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Colonials(2023) ************** မစ်ရှင်နဲ့ အဂႅါဂြိုဟ်ပေါ်ကနေ ကမ္ဘာကိုသွားဖို့လုပ်ရင်း အိတ်ဇိုင်းလ်တွေတိုက်ခိုက်မှုကြောင့် ဆိုင်းလက်စ်ဆိုတဲ့ ကိုလိုနီတစ်ယောက် အတိတ်မေ့သွားခဲ့ရပါတယ်။ ဒါပေမဲ့ သောမတ်စ်နဲ့ ဇိုးအီးဆိုတဲ့ ကမ္ဘာကလူသားနှစ်ယောက် ကယ်တင်တာခံခဲ့ရပါတယ်။ ဒါပေမဲ့ အိတ်ဇိုင်းလ်တွေကြောင့် ကမ္ဘာကြီးပျက်တော့မလိုဖြစ်နေရပြီး ဆိုင်းလက်စ်ရဲ့အာကာသယာဉ်ကိုလည်း အိတ်ဇိုင်းလ်တွေယူသွားကြတဲ့အခါ.. ဆိုင်းလက်စ်တစ်ယောက် သူ့မှတ်ဉာဏ်တွေပြန်ရပြီး ယာဉ်ကိုပြန်ယူနိုင်ပါ့မလား.. အိတ်ဇိုင်းလ်နဲ့ ကိုလိုနီတွေဆိုတာကရော ဘာတွေလဲဆိုတာကတော့…

Colonials (2023) ⭐IMDB: 2.4/10 (177 Votes) 🎬 #Sci-Fi #ScienceFiction #Action #SciFi 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 20 မိနစ် 31 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Colonials(2023) ************** မစ်ရှင်နဲ့ အဂႅါဂြိုဟ်ပေါ်ကနေ ကမ္ဘာကိုသွားဖို့လုပ်ရင်း အိတ်ဇိုင်းလ်တွေတိုက်ခိုက်မှုကြောင့် ဆိုင်းလက်စ်ဆိုတဲ့ ကိုလိုနီတစ်ယောက် အတိတ်မေ့သွားခဲ့ရပါတယ်။ ဒါပေမဲ့ သောမတ်စ်နဲ့ ဇိုးအီးဆိုတဲ့ ကမ္ဘာကလူသားနှစ်ယောက် ကယ်တင်တာခံခဲ့ရပါတယ်။ ဒါပေမဲ့ အိတ်ဇိုင်းလ်တွေကြောင့် ကမ္ဘာကြီးပျက်တော့မလိုဖြစ်နေရပြီး ဆိုင်းလက်စ်ရဲ့အာကာသယာဉ်ကိုလည်း အိတ်ဇိုင်းလ်တွေယူသွားကြတဲ့အခါ.. ဆိုင်းလက်စ်တစ်ယောက် သူ့မှတ်ဉာဏ်တွေပြန်ရပြီး ယာဉ်ကိုပြန်ယူနိုင်ပါ့မလား.. အိတ်ဇိုင်းလ်နဲ့ ကိုလိုနီတွေဆိုတာကရော ဘာတွေလဲဆိုတာကတော့…

A Chinese Torture Chamber Story (1994) ⭐IMDB: 5.9/10 (1 k Votes) 🎬 #Comedy #Drama #Thriller 🗓️ 1994 🎞️ Movie 📺 480p 🌎 #HongKong ⏰ 1 နာရီ 33 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဂေါ်ဖီထုပ်ကလေးဆိုတဲ့ ခြေသေးမမိန်မပျိုလေးဟာ ဆေးဆရာယန်နေဝူ ဆီမှာအိမ်တော်ထိန်းအဖြစ်တာဝန်ထမ်းနေပါတယ်။ ဒါပေမယ့်ယန်က သူ့အပေါ်တိမ်းညွတ်နေပြီးတစ်ချိန်မှာ ကိုယ်လုပ်တော်အဖြစ်မြှောက်စားဖို့အထိ ဆန္ဒရှိနေပါတယ်။ ယန်ရဲ့ဇနီးဖြစ်သူနဲ့အောက်ရုံးတရားသူကြီးရဲ့သားနဲ့ဖောက်ပြန်နေတဲ့ ဇာတ်လမ်းကိုဂေါ်ဖီထုပ်ကလေး အမှတ်မထင်မြင်သွားတဲ့နောက်မှာတော့ သူ့ရဲ့ဇာတ်လမ်းပေါ်လာမှာစိုးရိမ်စိတ်နဲ့ဂေါ်ဖီထုပ်ကလေးကိုယောက်ျားပေးစားပြီးအဝေးပို့လိုက်ရုံမကပဲ ဆက်လက်ဒုက္ခပေးဖို့အကြံဆိုးတွေကြံပါတော့တယ်။အဲ့ဒါကတော့ သူပေးစားလိုက်တဲ့ဂေါ်ဖီထုပ်ကလေးရဲ့ယောက်ျားကိုတစ်ဖက်လှည့်နဲ့လုပ်ကြံပြီး အဲ့ဒီအမှုကိုဂေါ်ဖီထုပ်ကလေးနဲ့ခင်ပွန်းသည်ယန်နေဝူတို့အပေါ်ပုံချလိုက်တာပါပဲ။ဒီအမှုကိုစစ်တဲ့တရားသူကြီးကိုယ်တိုင်က ဘက်လိုက်တဲ့သူဖြစ်တဲ့အတွက်တရားခွင်မှာ အဲ့ဒီအချိန်ကတရားဝင်ပြဌာန်းထားတဲ့ ရက်စက်ကြမ်းတမ်းလွန်းတဲ့နှိပ်စက်နည်းအမျိုးမျိုးနဲ့စစ်မေးတော့မှာဖြစ်ပါတယ်။ဟောင်ကောင်ရုပ်ရှင်ရွှေခေတ် ၁၉၉၀ လွန်နှစ်များဆီက ဂန္ဓဝင်ဇာတ်ကားတစ်ကားပါ။ ဇာတ်ကားနာမည်နဲ့တွဲမသိရင်တောင် ဂရုထဲမှာလာမေးကြတဲ့ လေပေါ်မှာဝဲပျံပြီးကိုယ်ဖော့ပညာနဲ့ဂျိန်းကြတဲ့ ဟောင်ကောင်ကတုံးကြီး Elvis Tsui ရဲ့နာမည်ကျော်ဇာတ်ဝင်ခန်းကိုသိကြမှာပါ။ ဇာတ်ကားနာမည်နဲ့လိုက်အောင်အလွန်ရက်စက်ပြီး စိတ်မသက်သာဖွယ် ညှင်းပန်းနှိပ်စက်နည်းပေါင်းစုံနဲ့ကြံကြံဖန်ဖန်ပေါက်ပေါက်ရှာရှာလို့ပြောရမယ့်လိင်ဇာတ်ဝင်ခန်းတွေပါဝင်ပါတယ်။ဒါပေမယ့်လည်း Dark comedy ဆန်ဆန်မြူးမြူးသွက်သွက်နဲ့ပေါ့ပါးတဲ့တင်ဆက်ပုံအရ ကြည့်ရတာပျော်စရာကောင်းပြီးentertaining ဖြစ်တဲ့ကားပါ။

Fall Guy (2023) ⭐IMDB: 5.0/10 (11 Votes) 🎬 #Adult #Drama 🗓️ 2023 🎞️ Movie 📺 720p 🌎 #Philippines ⏰ 1 နာရီ 47 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Fall Guy (2023) အမြင့်ကြီးမှာပျံသန်းနေတဲ့ ခိုတွေကိုကြည့်ရင်း ဂျူးလီယပ်စ် နားမလည်နိုင်ဖြစ်ဖူးပါတယ်။ သူတို့ဟာ အဝေးကြီးလည်းသွားလို့ရတယ် အမြင့်ကြီးလည်းပျံနိုင်တယ်။ အတောင်ပံတွေရှိရက်နဲ့ ဒီဆင်းရဲသားရပ်ကွက်ထဲကို ဘာလို့ပြန်ရောက်လာလဲဆိုတာ သူနားမလည်နိုင်ဖြစ်တယ်။ ” ငါသာ ခိုတစ်ကောင်ဖြစ်ခဲ့ရင် ဒီနေရာနဲ့အဝေးကြီးကို ပျံသွားမယ် ဘယ်တော့မှ ပြန်မလာတော့ဘူး ” လို့သူပြောပါတယ်။ ဂျူးလီယပ်စ်ရဲ့မိခင်က လွှတ်တော်အမတ်လူချမ်းသာတစ်ယောက်အိမ်မှာ အိမ်ဖော်လုပ်ပြီး ဂျူးလီယပ်စ်ကိုယ်တိုင်လည်း ကျွန်ဝယ်ရာအဆစ်ပါသလို အိမ်ကြီးရှင်သား ဖွန်ဇီရဲ့ လက်တိုလက်တောင်းအလုပ်တွေ လုပ်ရပါတယ်။ ချမ်းသာချင်တဲ့ ဂျူးလီယပ်စ်ဟာ သူဌေးသားနဲ့ အနီးကပ်ပေါင်းရင်း၊ အိမ်တွင်းက သူ့အသုံးအဆောင်တွေကို လစ်ရင်လစ်သလိုခိုးယူသုံးစွဲရင်း တစ်ခါတရံဘဝမေ့သွားတတ်တဲ့အတွက် သူ့အမေက သူ့ကိုသတိပေးရတတ်တယ်။ တစ်နေ့မှာတော့ နိုင်ငံခြားက ပြန်ရောက်လာတဲ့ ဖွန်ဇီ့ညီဝမ်းကွဲကို ဖွန်ဇီနဲ့အတူ သူတို့သူငယ်ချင်းဖြစ်သူရဲ့ပါတီတစ်ခုကို ဂျူးလီယပ်စ်လိုက်ပို့ရပါတယ်။ အဲဒီညမှာပဲ ဖွန်ဇီတို့သုံးယောက်ဟာ သူ့ညီဝမ်းကွဲရဲ့ကောင်မလေးကို အမူးလွန်ဆေးကွဲပြီး မုဒိမ်းကျင့်ရာကလက်လွန်ပြီးကောင်မလေးသေဆုံးသွားပါတော့တယ်။ သူတို့ကတော့ အဲဒီညမှာပဲ တစ်နေရာမှာ မူးပြီး အိပ်ပျော်နေတဲ့ ဂျူးလီယပ်စ်ကို ကောင်မလေး အလောင်းဘေးမှာချပြီး အကွက်ဆင်ခဲ့သလို သူ့အမေ လွှတ်တော်အမတ်နဲ့ သူ့သြဇာခံ ရဲတွေ ရှေ့နေတွေနဲ့မျက်မြင်သက်သေအားလုံးကို ငွေလမ်းခင်းပြီး ဂျူးလီယပ်စ်ကို အခိုင်အမာတရားခံအဖြစ် တွန်းပို့ကြပါတော့တယ်။ အခုချိန်မှာတော့ သူအထင်ကြီးနေတဲ့ လူချမ်းသာအသိုင်းအဝိုင်းရဲ့ ယုတ်မာပက်စက်မှုတွေကို ဂျူးလီယပ်စ်ကိုယ်တိုင် မျက်ဝါးထင်ထင်တွေ့မြင်ရပြီး အလွတ်ရုန်းရမယ့်အချိန်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)