ru
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Alien³ (1992) ⭐TMDB: 64% User Score 🎬 #Action #Alien #Horror #SciFi #ScienceFiction 🗓 1992 🎞 Series 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ…..အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်…..ထွက်ရှိပြီးသားကားတွေကတော့…… (1) Alien (1979)(2) Aliens (1986)(3) Alien³ (1992)(4) Alien: Resurrection (1997)(5) Prometheus (2012)(6) Alien: Covenant (2017)(7) Alien: Romulus (2024) – အကြည်မထွက်ရှိသေး….. တို့ဖြစ်ပါတယ်……Alien: Romulus (2024) ကလွဲပြီး ကျန်၆ကားလုံးကို CM မှာတင်ဆက်ထားပြီးဖြစ်လို့ ကြည့်ရှုအားပေးနိုင်ပါပြီ….. ***************************************************************************************************************** ဂြိုဟ်တစ်ဂြိုဟ်ပေါ်မှာ တစ်သက်တစ်ကျွန်းကျနေတဲ့ ထောင်သားတစ်စုဆီ လူသာားစားဂြိုဟ်သားတစ်ကောင်နှင့် မိန်းမတစ်ယောက်ပါတဲ့ ယာဉ်ပျံ ပျက်ကျလာတဲ့အခါ…… ဇာတ်လမ်းအကျဉ်း အနာဂါတ်ကာလမှာ အစိုးရက ဆိုးရွားရက်စက်တဲ့ မုဒိန်းကောင်တွေ လူသတ်သမားတွေ ရာဇဝတ်ကောင်တွေ အယောက်သုံးဆယ်လောက်ကို လူသူအရောက်အပေါက်မရှိတဲ့ ဂြိုဟ်သိမ်တစ်ခုမှာ အလုပ်ကြမ်းနဲ့ အကျဉ်းချထားခဲ့ပါတယ်။ တနေ့မှာတော့ သူတို့ဆီကို ယာဉ်ပျံတစ်စီး ပျက်ကျလာခဲ့ပြီး မိန်းမတစ်ယောက်ကလွဲလို့ ယာဉ်ထဲက စီးနင်းလိုက်ပါသူအားလုံး သေဆုံးသွားခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့က ဒီမိန်းမကို ကယ်တင်ထားပြီး သူ့ကို လာခေါ်မယ့် ကယ်ဆယ်ရေးယာဉ်ကို စောင့်နေခဲ့ပါတယ်။ သူတို့မသိလိုက်တာက ဒီယာဉ်ထဲမှာ ရက်စက်ကြမ်းကြုတ်တဲ့ အသားစား ဂြိုဟ်သားတစ်ကောင်ပါလာတာကိုပါပဲ။ ဒီယာဉ်ပေါ်က လူတွေသေပြီး ပျက်ကျခဲ့တာ ဒီအကောင်ကြောင့်လား ဒါဆို ဘာလို့ ရှင်ကျန်တဲ့ မိန်းမတစ်ယောက်ကို မသတ်ပဲထားခဲ့တာလဲ၊ ဒီဂြိုဟ်သားက ဘယ်လိုလုပ် ယာဉ်ပေါ်ရောက်လာတာလဲ၊ ဒီဂြိုဟ်သားရန်က ထောင်သားတွေ ဘယ်လိုလွှတ်မြောက်အောင် ကြံကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် သိပ္ပံဇာတ်ကားကောင်းလေးဖြစ်ပါတယ်။
...

Alien (1979) ⭐TMDB: 82% User Score 🎬 #Alien #Horror #SciFi #ScienceFiction 🗓 1979 🎞 Series 🌎 #USA #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 57 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ…..အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်…..ထွက်ရှိပြီးသားကားတွေကတော့…… (1) Alien (1979)(2) Aliens (1986)(3) Alien³ (1992)(4) Alien: Resurrection (1997)(5) Prometheus (2012)(6) Alien: Covenant (2017)(7) Alien: Romulus (2024) – အကြည်မထွက်ရှိသေး….. တို့ဖြစ်ပါတယ်……Alien: Romulus (2024) ကလွဲပြီး ကျန်၆ကားလုံးကို CM မှာတင်ဆက်ထားပြီးဖြစ်လို့ ကြည့်ရှုအားပေးနိုင်ပါပြီ….. ***************************************************************************************************************** ဂန္ဓဝင် စိတ်ကူးယဥ်သိပ္ပံရုပ်ရှင်တစ်ကားဖြစ်တဲ့ Alien ကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် “အာကာသမှာ သင့်အော်သံကို မည်သူမှ မကြားနိုင်ပါ” တဲ့… ၁၉၇၉ လို ကာလမှာ အဲဒီလို မားကတ်တင်းဆင်းခဲ့တဲ့ ဇာတ်ကားဟာ ဂြိုဟ်သားရှေ့ပြေးရုပ်ရှင်ဖြစ်ခဲ့ပြီးနောက်ဆက်တွဲရုပ်ရှင်တွေအများကြီးထွက်တဲ့အထိ ဆက်လက်အောင်မြင်ခဲ့တယ် ဇာတ်လမ်းအကျဥ်းကတော့ လုပ်ငန်းသုံး Nostromo အာကာသယာဥ်တစ်စင်းမှာ လိုက်ပါလာတဲ့ အဖွဲ့သားတွေ လုပ်ငန်းစဥ်တွေအားလုံးပြီးလို့ အိမ်ပြန်မယ့်ဆဲဆဲ… သူတို့ကို အလုပ်ခန့်အပ်ညွှန်ကြားသူ “Mother” ကနေ အရင်းအမြစ်တစ်ခုကို အပြင်ထွက်ပြီးရှာဖွေခိုင်းလာပြီး အမိန့်မလိုက်နာရင် ဝေစုမရဘူးဆိုတာ ဖြစ်လာပါတယ် ဒီကနေ အဆင့်မြင့်သက်ရှိတစ်မျိုးဖြစ်ပြီး ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင် ပြင်ဆင်ပြောင်းလဲတတ်ရုံသာမက ရန်လိုပြီးရိုင်းစိုင်းတဲ့ Alien နဲ့ အတွေ့မှာတော့ …. နောက်ဆက်တွဲကားတွေလို action ရုပ်ရှင်မဟုတ်ဘဲ horror ကားတစ်ကားလို ခံစားရမယ့် ဒီခေတ်ဟောင်းကားလေးကို ပရိသတ်အတွက် တင်ဆက်ပေးလိုက်ရပါတယ်
...

Queen Woo (2024) ⭐TMDB: 100% User Score 🎬 #Action #Adventure #Drama 🗓 2024 🎞 Series 🌎 #SouthKorea ⏰ 55 မိနစ် 30 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Queen Woo (2024)******************** အပိုင်းသစ် 3 CMပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့ Queen Woo ဇာတ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီဒီဇာတ်လမ်းမှာတော့ မင်းသမီး Jeon Jong-seo က ဂိုဂူလျောနိုင်ငံရဲ့ ဧကရီတစ်ပါး(အူဟီး)အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီးယောရောဘွန်းတို့ရဲ့ အချစ်ဦး Lee Soo-hyuk အိုပါးနဲ့ Ji Chang-wookအိုပါးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်နန်းတွင်းဇာတ်လမ်းကောင်းကြိုက်နှစ်သက်သူတွေ လက်မလွှတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်လမ်းတွဲလေးတစ်ခုပါနော် ဇာတ်လမ်းအကျဉ်း—————– ဂိုဂူလျောရဲ့ ဧကရီအူဟီးဟာ ခင်ပွန်းဖြစ်သူ ဘုရင်ကြီး ရုတ်တရက်ဆုံးပါးသွားတဲ့နောက်မှာသူမရဲ့ အသက်နဲ့အာဏာတည်မြဲဖို့အတွက် ဘုရင်ကြီးရဲ့ ညီတော် ၅ယောက်ထဲက မင်းသားတစ်ပါးနဲ့၂၄ နာရီအတွင်း ထိမ်းမြားပြီး ထီးနန်းကို ဆက်လက်ထိန်းသိမ်းဖို့ အကြောင်းဖန်လာပါတော့တယ် အူဟီးတစ်ယောက် မျိုးနွယ်စု ၅စုရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပြီးနောက်မှာတော့အင်အားကြီးတဲ့ မျိုးနွယ်စု ၅စုဟာ ထီးနန်းအတွက် ဘယ်လိုနည်းလမ်းတွေသုံးပြီး အပြိုင်အဆိုင် အားပြိုင်ကြမလဲဘယ်လိုနန်းတွင်းအရှုပ်တော်ပုံတွေပေါ်ပေါက်လာမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှူလိုက်ကြပါဦး ဇာတ်လမ်းအညွှန်းကို Zuri မှ ရေးသားပေးထားပါတယ်
...

Something Borrowed (2011) ⭐TMDB: 63% User Score 🎬 #Comedy #Drama #Romance 🗓 2011 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 53 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rachel (Ginnifer Goodwin) ကတော့ အောင်မြင်နေတဲ့ ရှေ့နေတစ်ဦးဖြစ်ပြီး သူငယ်ချင်းတွေအပေါ်‌ရော အလုပ် အပေါ်ပါ အလေးထား သစ္စာရှိတဲ့သူတစ်ယောက်ပေါ့ တစ်နေ့ သူမရဲ့အသက် ၃၀ ပြည့်မွေးနေ့မှာ အရက်တွေ အလွန်အကျွံသောက်မိပြီး သူ့အရင်တုန််းက Crush နဲ့ အတူူ အိပ်မိသွားတယ် အိပ်တာက ပြသနာမဟုတ်ပေမယ့် Crush ဆိုတာက သူ့အချစ်ဆုံးသူငယ်ချင်းနဲ့ စေ့စပ်ထားတဲ့သူဖြစ်နေတာပါ အဲ့လိုနဲ့ ဘယ်လိုတွေ အရှုပ်အထွေးတွေကြား ဟာသနှောပြီး ရိုက်ထားလဲဆိုတာကို ဆက်လက် ကြည့်ရှု့လိုက်ရအောင် ( အညွှန်းရေးသားထာသူကတော့
...

Despicable Me (2010) ⭐IMDB: 7.6/10 (594 k Votes) 🎬 #Animation #Comedy #Family #Adventure #Crime #SciFi 🗓 2010 🎞 movie 🌎 #UnitedStates #France #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Despicable Me (2010)Genre – Animation, Adventure, ComedyIMDB – 7.6/10 ဘနားနားလို့ခေါ်တဲ့ ပြည်သူ့အချစ်တော် Minion လေးတွေကို စတင်မိတ်ဆက်ပေးခဲ့တဲ့ Animation လေး ဖြစ်ပါတယ်။ Gru နေရာ အသံသရုပ်ဆောင်ကတော့ ဟာသမင်းသားကြီး Steve Carell ဖြစ်ပြီး တခြားနာမည်ကျော်တွေပဲ သရုပ်ဆောင်ပေးထားကြပါတယ်။ ဇာတ်လမ်းလေးကတော့ Gru ဆိုတဲ့ အင်မတန်မှ စိတ်ပုပ်ပြီး ဉာဏ်ကောင်းတဲ့ ပါရမီရှင် သူခိုးကြီးတစ်ယောက်ဟာ သူ့ တပည့်ကျော် Minion တွေနဲ့အတူ ကမ္ဘာတစ်လွှား ဒုစရိုက်မှုတွေ ကျူးလွန်နေခဲ့ပါတယ်။ နောက်ဆုံးပြောရမယ်ဆို သူများထက် နဖူးဂျိုပေါက်ပြီး ကောင်းကင်ပေါ်က လမင်းကြီးကိုပါ ခိုးချင်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း မဟာရန်ဖက်လို့ ပြောလို့ရတဲ့ Vector ဆိုတဲ့ကောင်ကလည်း သူလုပ်သမျှကို လိုက်လိုက်ပြီး ဖျက်လိုဖျက်ဆီးလုပ်နေတော့ Gru တစ်ယောက် ခွေးဖြစ်နေတာပေါ့။ ဒါနဲ့ မိဘမဲ့ကလေးမလေး ၃ ယောက်ကို အသုံးချပြီးတော့ သူ့ရဲ့ မဟာအကြံအစည်ကို အကောင်အထည်ဖော်ဖို့ လုပ်တဲ့အချိန်မှာပဲ မိဘမေတ္တာကို ငတ်မွတ်နေတဲ့ ကလေးလေး ၃ ယောက်နဲ့ အပြင်ပန်းအရ ရက်စက်နွေးထွေးမှုမရှိဘူးထင်ရပေမဲ့ တကယ်တမ်း စိတ်ထားကောင်းတဲ့ Gru ကြီးတို့ သံယောဇဉ်တွေ ပေါက်ဖွားပြီး ရန်သူတော်ထက်သာအောင် ဘယ်လိုမျိုးတွေ စွန့်စားသွားကြမလဲဆိုတာကို Minion တွေရဲ့ ပေါက်ကရနဲ့အတူ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဒီကနေစတင်လိုက်တာ ဘယ်လောက်အောင်မြင်သွားလဲဆိုတော့ Minion တွေရော သူတို့ရော Franchise လိုက်ကြီး ဖြစ်သွားပြီး ခုဆို ၄ ကားမြောက်ထိတောင် ထွက်ထားတာပဲ ဖြစ်ပါတယ်။
...

F-Buddies (2024) ⭐TMDB: 0% User Score 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 52 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂျက်စ်မင်းဟာ သုံးနှစ်တာတွဲခဲ့တဲ့ချစ်သူ မတ်တ်ကို အရူးအမူးစွဲလန်းနေပြီး မတ်တ်ရဲ့ထားရာနေစေရာသွားဘ၀နဲ့ နေခဲ့သူဖြစ်ပါတယ်။ တစ်နေ့မှာတော့ မတ်တ်ရဲ့ဖောက်ပြန်မှုကို ကိုယ်တိုင်မြင်တွေ့လိုက်ချိန်မှာ မတ်တ်က ဝန်ခံရုံတင်မကပဲ သူ့ကိုပါလမ်းခွဲစကားဆိုလာခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မတ်တ်ကို မခွဲနိုင်တဲ့အဆုံးတော့ တစ်ခြားသော မိန်းကလေးတွေနဲ့ တန်းတူ F-Buddies ဆိုတဲ့ အဆာပြေသွားရည်စာတစ်ယောက်ဘ၀ကိုခံယူလိုက်မိပါတော့တယ်။ ဒါတွေကို ဘေးကကြည့်ပြီး အားမလိုအားမရဖြစ်နေသူကတော့ သူ့ရဲ့အချစ်ဆုံး သူငယ်ချင်းလည်းဖြစ် သူ့ကိုလည်းတစ်ဖက်သက်ချစ်နေရှာတဲ့ တွိုင်းဆိုတဲ့ ကောင်လေးပါပဲ။ သူတို့ရဲ့နှစ်ပင်လိမ် သုံးပင်လိမ် ဇာတ်ရှုပ် ဘယ်နေရာမှာ ပူးပြီး ဘယ်နေရာမှာပြတ်ကြမလဲဆိုတာ ဆက်လက်ရှုစားကြပါ။ ( အညွှန်းနဲ့ ဘာသာပြန်သူကတော့
...

Despicable Me 2 (2013) ⭐IMDB: 7.3/10 (433 k Votes) 🎬 #Animation #Comedy #Family #Adventure #Crime #SciFi 🗓 2013 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Despicable Me 2 (2013)Genre – Animation, Adventure, ComedyIMDB – 7.3/10 ပထမကားထွက်ပြီး ဝက်ဝက်ကွဲအောင်မြင်ခဲ့တော့ Sequel ထွက်ခဲ့ရာမှာလည်း ဇာတ်လမ်းဇာတ်ရှိန်ကောင်းပြီး Minion တွေရဲ့ ပေါက်ကရလေးတွေကြောင့် ထပ်မံအောင်ပွဲခံခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီကားမှာတော့ Gru ကြီးတစ်ယောက် ဒူးမနာသမီးလေး ၃ ယောက်နဲ့အတူတူ မိသားစုလေးအဖြစ် အေးအေးချမ်းချမ်း နေနေပါပြီ။ ဒါပေမဲ့တစ်ရက်မှာတော့ သူ့ကို ဗီလိန်-တန်ပြန်တိုက်ဖျက်ရေးအဖွဲ့က ပြန်ပေးဆွဲသွားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့အဆင့်ရှိတဲ့ ဗီလိန်တစ်ယောက် သောင်းကျန်းနေပြီး ဒီလို ဗီလိန်ကို ချေမှုန်းဖို့ ဗီလိန်တစ်ယောက်ရဲ့ အမြင်တွေ အာရုံတွေ လိုအပ်တယ်ဆိုပြီး Gru ကို အကူအညီတောင်းတဲ့အခါမှာတော့ အဖွဲ့အစည်းအေးဂျင့်ဖြစ်သူ Lucy နဲ့အတူတူ စွန့်စားခန်းတွေ ထွက်ရပါတော့တယ်။ ဒီကားထဲမှာတော့ ဇာတ်ကောင်သစ် Lucy ပါဝင်လာပြီး သူ့နေရာကိုတော့ မင်းသမီး Kristen Wiig က အသံသရုပ်ဆောင်ပေးထားတာပဲ ဖြစ်ပါတယ်။ Rating ကလည်း ပထမကားနဲ့ သိပ်မကွာတာကြောင့် ကြည့်ကောင်းနေမှာတော့ အမှန်ပါပဲ။
...

Kinds of Kindness (2024) ⭐IMDB: 6.9/10 (20 k Votes) 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #Ireland #UnitedKingdom #UnitedStates #Greece #UnitedStatesofAmerica ⏰ 2 နာရီ 44 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အမ်မာစတုန်းနဲ့ ဝီလီယံဒဖိုးရဲ့ Poor Things စတိုင် နောက်ထပ် Dark Comedy အသစ်လာပါပြီ။ ဒါရိုက်တာကလည်း Poor Things၊ The Favourite နဲ့ The Killing of a Sacred Deer ကို ဖန်တီးခဲ့တဲ့ Yorgos Lanthimos ပါပဲ။ သူ့ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း နောက်ကွယ်က အဓိပ္ပါယ်ကို တွေးချင်သလိုတွေး၊ ယူဆချင်သလိုယူဆ၊ မတွေးချင်လည်း မေ့ပစ်လိုက်၊ ငါတော့ ငါပြချင်တာ ပြပြီးပြီ ကျန်တာသောက်ဂရု မစိုက်ဘူးဆိုတဲ့ စတိုင်နဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းအကျဉ်း *************** ဒီရုပ်ရှင်က ၂ နာရီ ၄၅ မိနစ်ကြာမြင့်ပြီး အပိုင်း-၃ ပိုင်း တည်ဆောက် ထားပါတယ်။ တစ်ပိုင်းချင်းဆီမှာ ဝက်သာဖက် ဝက်သာဖက်ဆိုပြီး ရွတ်ပြီး ကြည့်ရမဲ့ ဇာတ်လမ်းတွေ ပါပါတယ်။ အများကြီးလည်းမညွှန်းချင်ပါဘူး ခေါင်းကိုက်လို့ပါ။ ပထမပိုင်းမှာ လူတစ်ယောက်ကိုအလုပ်ခန့်ပြီး တစ်ဘဝလုံးစာ စားချိန်၊ အိပ်ချိန်၊ အဝတ်အစား၊ နေစရာ၊ မိန်းမယူတာ၊ ကလေးယူမယူ၊ လိင်ဆက်ဆံချိန်ကအစ လိုက်ထိန်းချုပ်ထားတဲ့ လူတစ်ယောက် အကြောင်းကိုပြတာပါ။ သူနဲ့ထိန်းချုပ်ခံကြားက ရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေပေါ့။ ဒုတိယပိုင်းက လှေမှောက်ပြီး အကြာကြီး ပျောက်နေတဲ့မိန်းမ အိမ်ကို ပြန်လာတဲ့အခါ လုံးဝပြောင်းလဲသွားတဲ့အတွက် သူ့မိန်းမမဟုတ်ဘူး ဘာကြီးလဲဆိုပြီးအဖြေရှာတဲ့ဇာတ်လမ်းပါ။ တတိယပိုင်းကတော့ လူတွေကို ပြန်ရှင်အောင်လုပ်နိုင်တဲ့ မိန်းမ တစ်ယောက်ကို လိုက်ရှာရတဲ့ ဇာတ်လမ်းပါ။ ကြည့်ပြီးရင်လည်း ချန်နယ်မြန်မာ ဂရုမှာ review တွေလာရေး လာဖတ်ဖို့ ဖိတ်ခေါ်ပါတယ်။
...

Despicable Me 3 (2017) ⭐IMDB: 6.2/10 (160 k Votes) 🎬 #Animation #Comedy #Action #Family #Adventure #Crime #SciFi 🗓 2017 🎞 movie 🌎 #UnitedStates #France #Japan #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Despicable Me 3 (2017)Genre – Animation, Adventure, ComedyIMDB – 6.2/10 Gru တို့ မိသားစုတွေ တတိယမြောက်အကြိမ် ပြန်လာကြတဲ့ ဇာတ်ကားလေးပါ။ အရှေ့ ၂ ကားနဲ့ ယှဉ်ရင် Rating လေး ကျသွားတယ်ဆိုပေမဲ့လည်း ကြည့်ပျော်ရှုပျော်ကတော့ ဖြစ်နေဆဲဆိုတာ အမှန်ပါပဲ။ ဒီကားလေးမှာတော့ ဆရာသမား Gru လည်း အေးဂျင့်ဖြစ်သူ Lucy နဲ့ ချစ်သူဖြစ်ပြီးတော့ လိမ်မာနေပါပြီ။ ချစ်သူနဲ့အတူ ဗီလိန်-တန်ပြန် တိုက်ဖျက်ရေး အဖွဲ့အစည်းမှာတောင် အလုပ်တွေလုပ်လို့ ပျော်နေပြီပေါ့လေ။ ဒါပေမဲ့ မထင်မှတ်ထားတဲ့ အကြောင်းအရာ ပေါ်လာပါတယ်။ အဲဒါကတော့ အမွှာညီအစ်ကို ရှိနေတာဖြစ်ပြီး ငယ်စဉ်ကတည်းက ကွဲကွာနေလို့ မသိခဲ့ရပဲ ယခုမှ သိရတဲ့အတွက် အမွှာညီအစ်ကိုတွေ ပြန်ဆုံဖို့ ဖြစ်လာပါတယ်။ ဒါပေမဲ့ ညီအစ်ကိုဆိုတော့ သွေးထဲက ဇာတိပြတဲ့အတိုင်း သူကလည်း ဗီလိန်တစ်ယောက်ဖြစ်နေပြီး အကြီးစား ခိုးမှုလုပ်ဖို့ ကြံစည်နေတာပါ။ ဒါ့အပြင် လိမ်မာနေတဲ့ ညီကိုလည်း နောက်ဆုံးတစ်ခါဆိုပြီး မြူစွယ်ဖြားယောင်းတဲ့အခါမှာတော့ Lucy သိရင် စိတ်ဆိုးမှာကို ကြောက်ရတဲ့ Gru တစ်ယောက် အမွှာညီအစ်ကိုတွေအဖြစ် ဘယ်လို ခိုးသောင်းကျန်းဦးမလဲ တစ်ဖက်ကလည်း ရန်သူတော်က ဘယ်သူတွေ ပေါ်လာဦးမလဲ စသဖြင့် ပျော်ပျော်ပါးပါး စွန့်စားခန်း ထွက်ကြတာကို ကြည့်ရမှာပါ။
...

Secret (2007) ⭐TMDB: 76% User Score 🎬 #Drama #Music #Romance #Fantasy #Thriller 🗓 2007 🎞 movie 🌎 #HongKong #Taiwan ⏰ 1 နာရီ 41 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Secret (2007) လူတိုင်းမှာ ပြောလို့မရတဲ့ လျှို့ဝှက်ချက်ဆိုတာရှိပါတယ်။ပြောလိုက်ရင် ယုံကြည်မှုပျက်ပြားသွားမှာတို့၊ လူတွေနားမလည်ဘဲ လှောင်ရယ်ကြမှာမျိုးတို့ပေါ့။ဒီကားရဲ့ ဇာတ်ကောင် လုရှောင်ယွီမှာလည်း ဒီလိုမျိုးလျှို့ဝှက်ချက်တစ်ခု ရှိလို့နေပါတယ်။ ဇာတ်လမ်းအကြောင်းပြောရရင် ထန်းရှန်းအနုပညာကျောင်းကို ကျောင်းပြောင်းလာတဲ့ ကျောင်းသားသစ် ယဲ့ရှန်းလွင်ဟာကျောင်းစစတက်တဲ့နေ့မှာပဲ ထူးဆန်းတဲ့သီချင်းသံကြောင့် စန္ဒရားအခန်းဟောင်းထဲကို ဝင်သွားရာက လျှို့ဝှက်ဆန်းကြယ်တဲ့ လုရှောင်ယွီနဲ့ ဆုံခဲ့ပါတယ်။ယဲ့ရှန်းလွင်ရော ရှောင်ယွီရော အတန်းတစ်တန်းတည်းက ဖြစ်ပြီးစန္ဒရားအထုံပါရမီလည်း ရင့်သန်ကြတာမို့ အချင်းချင်းခင်မင်ရင်းနှီးပြီး ချစ်မိသွားခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီကောင်မလေးဟာ ကျောင်းကိုတစ်ခါတလေမှလာတဲ့ ကျန်းမာရေးမကောင်းသူ‌လေးပါ။“ငါမရှိရင် တခြားကောင်မလေးတွေကို သွားကြိုက်မှာလား” လို့ သဝန်တိုတတ်တဲ့ ရှောင်ယွီတစ်ယောက်ယဲ့ရှန်းလွင် တခြားကောင်မလေးနဲ့နမ်းတာ မြင်သွားတဲ့အချိန်မှာ ရှန်းလွင်ဘဝကြီးထဲက ပျောက်ကွယ်သွားပါတော့တယ်။ဘဝထဲက ပျောက်ကွယ်တာထက် ပိုဆိုးတာကတော့ ရှန်းလွင်ရဲ့ဘေးကလူတွေအကုန် ရှောင်ယွီရဲ့ တည်ရှိမှုကို မသိကြတာပါပဲ။ ရှောင်ယွီက တကယ်တမ်းဘယ်သူလဲ? ဘာလို့ ဘယ်သူမှ သူ့ကိုမသိကြတာလဲ?ရှောင်ယွီရဲ့လျှို့ဝှက်ချက်က ဘာလဲ? ရှန်းလွင်တစ်ယောက် ရှောင်ယွီကို ပြန်ဆုံနိုင်ပါ့မလား? ဒီကားဟာ ထိုင်ဝမ်ရဲ့ နာမည်ကြီးအဆိုတော် Jay Chou ကိုယ်တိုင်မင်းသားယဲ့ရှန်းလွင် အနေနဲ့သရုပ်ဆောင်ထား၊ ဇာတ်ညွှန်းပါ ပါဝင်ရေးသားထားတဲ့အပြင်ဒါရိုက်တာအနေနဲ့ ပထမဆုံးရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ဒါ့အပြင် ဒီကားကို မင်းသား D.O.၊ မင်းသမီး Won Jin-ah တို့နဲ့အတူ remake ထပ်လာဦးမှာဆိုတော့Korea version မတိုင်ခင် Original version ကို အရင်မြည်းစမ်းကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ (အညွှန်း နဲ့ ဘာသာပြန်ကတော့Xing Eggပဲ ဖြစ်ပါတယ်)
...

Dead Boys Club (2024) ⭐IMDB: 5.7/10 (9 Votes) 🎬 #Horror #Mystery #Thriller 🗓 2024 🎞 movie 🌎 #Malaysia ⏰ 1 နာရီ 45 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dead Boys Club 2023Imdb -5.7 အိပ်မက်တစ်ခုတည်းကိုပဲ နှစ်တိုင်းအချိန်ကျလာရင်မက်တတ်တဲ့ဖာဟန်သူ့အိပ်မက်ကတော့ တောအုပ်တစ်ခုတည်း ဘယ်သူမှန်းမသိတဲ့အမျိုးသမီးတစ်ယောက်ကသူ့ကိုခေါ်နေတာပါ ငယ်စဉ်ထဲကမက်လာတဲ့ဒီအိပ်မက် အမေ့သေဆုံးနှစ်ပတ်လည်ရောက်လာချိန်တိုင်းပြန်ပြန်မက်နေလို့ ဆရာဝန်ဆီသွားပြီးဆွေးနွေးမှုခံယူခဲ့ရတဲ့အထိပါပဲဖာဟန့်မှာ သူငယ်ချင်း၃ယောက်ရှိပါတယ် အတိအကျဆိုရင်တော့၄ယောက်ပါ ဒါပေမဲ့ ၄ယောက်မြောက်က လူသားမဟုတ်ဘဲ ဘယ်သူမှမမြင်ရပေမဲ့ရှိတယ်လို့လက်ခံထားကြတဲ့ မွတ်စ်ဆိုတဲ့ပရလောကသားပါပဲ သူတို့တွေက ညဘက်ဆိုသင်္ချိုင်းထဲသွားထိုင်ပြီး စကားစမြည်ပြောရတာကို သဘောကျကြပါတယ်အကြောင်းကတော့ သင်္ချိုင်းကတိတ်ဆိတ်ပြီးတော့ ပြန်ပြောမဲ့သူမရှိလို့ပါတဲ့လေဖာဟန်က သူ့အိပ်မက်အကြောင်းပြောပြဖြစ်ရင်းနဲ့ လူငယ်သဘာဝစူးစမ်းချင်စိတ်ကြောင့်ဖာဟန်မက်မက်နေတဲ့တောအုပ်ထဲသွားကြည့်ဖို့ဆုံးဖြတ်ရာကနေဘယ်လိုကြောက်မက်ဖွယ်ရာတွေတွေ့ကြုံလာရမလဲဆို‌တာကိုတော့… ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Teamတို့ပဲဖြစ်ပါတယ်
...

Love You to Debt (2024) ⭐IMDB: 6.4/10 (518 Votes) 🎬 #Action #Comedy #Crime #Drama #Romance 🗓 2024 🎞 movie 🌎 #Thailand ⏰ 2 နာရီ 15 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ချစ်ကြွေးရှင် (၂၀၂၄) 2014 တုန်းက ထွက်ရှိခဲ့တဲ့ The Worst of evilဒါရိုက်တာရဲ့နာမည်ကြီးmovieတစ်ခုဖြစ်တဲ့ Man in Love ကို remake ပြန်ရိုက်ကူးထားတဲ့ Love You to Debt ‌Bright နဲ့ Yayaလို castအလန်းဇယားတွေနဲ့ပွဲထုတ်ထားတဲ့အပြင်မနှစ်ကတည်းက trailerတွေသတင်းတွေကြည့်ပြီးမျှော်တလင့်လင့် စောင့်စားနေရသူတွေအတွက် အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။ အကြွေးတောင်းရဖို့ဆို အသက်ကိုလောင်းကြေးထပ်ရဲတဲ့အထိမိုက်ရူးရဲဆန်လွန်းတဲ့ အကြွေးတောင်းသမားလေး “ဘို” ဘဝမှာ ဘာကိုမှဂရုမစိုက်ဘူးဆိုတဲ့ “ဘို” တစ်ယောက်“အော့” ဆီက အကြွေးသွားသိမ်းရာကနေ အော့ ရဲ့သမီးချောလေး”အင်မ်” နဲ့ ဆုံဖို့ဖြစ်လာတဲ့အခါ…. အဖေ့ရဲ့အကြွေးတွေနဲ့ ဆေးရုံစရိတ်တွေကြားအကြွေးနွံနစ်နေတဲ့ အင်မ် ကိုမှ တဇွတ်ထိုးဆန်တဲ့ဘိုက ချစ်မိသွားတဲ့အခါအကြွေးသိမ်းတဲ့သူနဲ့ ကြွေးနွံနစ်နေတဲ့သူတို့နှစ်ယောက်ကြားကချစ်ဇာတ်လမ်းလေးက ဘယ်လိုခရီးဆက်ကြမလဲဆိုတာ CMနဲ့အတူ ရှုစားကြပါဦး (အညွှန်းကိုတော့Mary Christက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Mary, Char Ou, Su Myat, Daoတို့ပဲ ဖြစ်ပါတယ်)
...

Pattaapakal (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Comedy #Musical 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 43 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pattaapakal (2024)”နေ့ခင်းကြောင်တောင်”================================= အသစ်ထွက်ထားတဲ့ မာလျာလမ်စကားပြောမှုခင်းဆန်ဆန် ဟာသဒရာမာရုပ်ရှင်လေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဝန်ကြီးတစ်ယောက်ရဲ့အိမ်မှာ ဖောက်ထွင်းမှုတစ်ခုဖြစ်သွားပါတယ်။ဖောက်ထွင်းမှုဖြစ်တယ်ဆိုပေမဲ့ ပစ္စည်းတစ်ခုမှ အိမ်ထဲကနေပျောက်မသွားပါဘူး။ဝန်ကြီးရဲ့ လျှို့ဝှက်ချက်တွေပါတဲ့ ပင်န်ဒရိုက်ဗ်တစ်ခုက လွဲလို့ပေါ့။ ဝန်ကြီးဟာ အဲဒီ ဒရိုက်ဗ်ထဲကဒေတာတွေကို လူတွေကြားထဲပြန့်မသွားစေချင်တဲ့အတွက်ဘယ်သူမှထိန်းလို့မရတဲ့ ဘေဘီဆိုနဲ့ ရဲမှူးကို သူခိုးဖမ်းဖို့တာဝန်ပေးလိုက်ပါတယ်။ အဲဒီလို ပင်န်ဒရိုက်ခိုးသွားတဲ့သူခိုးကို လိုက်ဖမ်းရင်း ဝန်ကြီးရယ်၊ ဂိုဏ်းစတားတစ်ယောက်ရယ်၊သူခိုးတွေရယ် အချင်းချင်း ငြိကုန်ကြပုံကို ဒီရုပ်ရှင်ထဲမှာ ဟာသဆန်ဆန်မြင်တွေ့ရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
...

The Deaths of Ian Stone (2007) ⭐TMDB: 55% User Score 🎬 #Horror #Thriller 🗓 2007 🎞 tv series 🌎 #UnitedStatesofAmerica #UnitedKingdom ⏰ 1 နာရီ 28 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အီယန်က ကောလိပ်တစ်ခုကကျောင်းသားတစ်ဖြစ်လည်း ကျောင်းကဟော်ကီအသင်းဝင်တစ်ယောက်ဆိုလည်းမမှားပါဘူး။ တစ်နေ့ဟော်ကီပွဲအပြီး ချစ်သူကောင်မလေးဖြစ်တဲ့ ဂျန်နီကိုအိမ်ပြန်လိုက်ပို့ပေးပြီးအပြန်လမ်းမှာ တစ္ဆေလိုလို မ‌ကောင်းဆိုးဝါးတစ်‌ကောင်ရဲ့လက်ချက်ကြောင့် အသက်ပါသွားတယ်။ အဲ့နောက် အီယန်ဟာ ရုံးခန်းတစ်ခုမှာ ရုံးဝတ်စုံနဲ့ပြန်နိုးလာတယ်။ သူ့ကိုယ်သူလည်းဘာဖြစ်ခဲ့မှန်းမသိဘဲ အခြားလူတစ်ယောက်ပုံစံအဖြစ်နဲ့လည်းပုံမှန်နေ့စဉ်ဘဝလိုနေထိုင်နေတယ်။ အဲ့ညနေခင်းမှာပဲ သူဟော်ကီကစားခဲ့တယ်ဆိုတဲ့ တကယ်မရှိခဲ့တဲ့မှတ်ဉာဏ်က တရေး‌ရေးပြန်ပေါ်လာပေမဲ့ ကျောင်းမှတ်တမ်းတွေကိုပြန်ကြည့်လိုက်တဲ့အခါမှာလည်း ဟော်ကီအဖွဲ့ထဲ သူမဝင်ခဲကြောင်းသိလိုက်ရတယ်။ တချိန်တည်းမှာပဲ သူ့ကိုတစ္ဆေသရဲလိုအကောင်တွေက လိုက်ပြီးခြောက်လှန့်နေတဲ့အခါမှာတော့ အီယန်တစ်ယောက် ဘာတွေဖြစ်နေတာလဲ ဘယ်လိုတွေအဖြေရှာမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမဲ့ ဇာတ်ကားဟောင်း ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ( အညွှန်းနဲ့ ဘာသာပြန်ဆိုထားသူကတော့
...

Butas (2024) ⭐TMDB: 0% User Score 🎬 #Adult #Drama #Thriller 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 53 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နိုဝယ်နဲ့ကေလာတို့ဟာ အဆောင်တစ်ခုတည်းမှာနေထိုင်ကြတဲ့ ချစ်သူတွေဖြစ်ပြီး အဆောင်ပိုင်ရှင်ကေလာအဒေါ်မသိအောင် တိတ်တိတ်လေးကြိတ်ပုန်းခုတ်နေရပါတယ်။ ကေလာကတော့ အဒေါ်ဖြစ်သူရဲ့ ကျေးဇူးမကင်းတာအပြင်ရှေးရိုးစွဲအယူအဆမျိုးရှိတာကြောင့် လိင်ကိစ္စနဲ့ပတ်သက်ရင် နိုဝယ်ကိုလိုက်လျောပေမယ့် သစ်တုံးကြီးလိုပဲ နေတာကြောင့်အကွက်ဆန်းတွေနဲ့ကြမ်းချင်တဲ့ နိုဝယ်မှာ မချင့်မရဲဖြစ်နေရပါတယ်။ တစ်နေ့တော့ သူတို့အဆောင်ကို မေယက်ဆိုတဲ့ အပြင်အဆင်ခေတ်ရှေ့ပြေးသလို ဆက်ဆံရေးပွင့်လင်းရဲတင်းတဲ့ အဆောင်သူအသစ်တစ်ယောက် ရောက်လာချိန်မှာတော့ သူတို့ဘ၀တွေမှာအပြောင်းအလဲတစ်ချို့နဲ့ကြုံဆုံရဖို့ဖြစ်လာပါတော့တယ်။ ( အညွှန်းနဲ့ ဘာသာပြန်ဆိုထားသူကတော့
...

License to Wed (2007) ⭐TMDB: 57% User Score 🎬 #Comedy #Romance 🗓 2007 🎞 tv series 🌎 #Australia #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဆေဒီ က သူ့ချစ်သူ ဘန်နဲ့သူ့တို့မိသားစု ဘုရားကျောင်းမှာလက်ထပ်ချင်နေတယ် ဒါပေမယ့် ဘုန်းတော်ကြီးဖရန်ခ့်ကတော့ သူ့ရဲ့သင်ရိုးအတိုင်းအောင်မှ ထိမ်းမြားပေးမှာပါ. ဆေဒီနဲ့ဘန် နဲ့က တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိကြတဲ့ အတွဲတွေလို့ထင်ထားကြပေမယ့် ဘုန်းတော်ကြီးဖရန့်ရဲ့ သင်ရိုးတွေအတိုင်းစမ်းသပ်ကြည့်တော့မှ ကတောက်ကဆ ဖြစ်စရာလေးတွေပေါ်လာတာပါ. ဒါကြောင့်သူတို့၂ယောက်ကြားထဲက ဘယ်လိုနားလည်မှုပြန်ယူမလဲဆိုတာ ဟာသဆန်ဆန်ကြည့်ရှုရမယ့် ကားလေးဖြစ်ပါတယ် ( အညွှန်းနဲ့ ဘာသာပြန်ဆိုထားသူကတော့
...

Baby Fever (2022) ⭐IMDB: 6.6/10 (1 k Votes) 🎬 #Drama #Comedy #Romance 🗓 2022 🎞 tv series 🌎 #Denmark #UnitedKingdom ⏰ 34 မိနစ် 12 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Baby Fever (aka) Skruk (2022- )Genre – Comedy, Drama, RomanceIMDB – 6.5/10 Netflix ကနေ ထွက်ရှိထားတဲ့ ဒိန်းမတ် အချစ်ဟာသဒရမ်မာစီးရီးလေးကို တင်ဆက်ပေးချင်ပါတယ်။ မျိုးဆက်ပွား ကျန်းမာရေးဆေးခန်းက ဆရာဝန်တွေရဲ့ ဘဝလေးကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။Nana ဆိုတဲ့ ဆရာဝန်မတစ်ယောက် ဆေးခန်းကနေ မီးဖွားခွင့်ယူရင်း ဆေးခန်းကလူလျှော့နေတာနဲ့ အလုပ်ထုတ်ခံထားရတဲ့သူပါ။ ၂ လသား သမီးလေးကို ထိန်းကျောင်းနေရင်း စိတ်တွေပင်ပန်း သောကရောက်ပြီး နေနေရတာပေါ့။ဒီကလေးကို ရထားတာလည်း အဆန်းတော့အဆန်း အဖေဖြစ်တဲ့လူကတောင်ဒီကလေးရှိနေမှန်းမသိရဘူး သူ့ဘာသာသူ သုတ်ပိုးကို ခိုးပြီး သန္ဓေယူထားတာမို့။ ဒီလိုနဲ့ ကမ္ဘာပျက်နေတဲ့ Nana တစ်ယောက် အလုပ်ရှင်ကို တောင်းပန်ပြီးအလုပ်ပြန်လုပ်ချင်လို့ပါဆိုတော့ ဟိုက အစမ်းခန့်အနေနဲ့ ခန့်လိုက်ပါတော့တယ်။အဲဒီမှာ ကလေးတစ်ဖက်နဲ့ Nana တစ်ယောက် ဆေးခန်းမှာ စိန်ခေါ်မှုအသစ်တွေကြားရင်ဆိုင်ဖို့ ဖြစ်လာပြီး ဘယ်လိုတွေ ကြုံရဆုံရ လွဲချော်ရဦးမလဲဆိုတာကိုပေါ့ပေါ့ပါးပါး တင်ဆက်ထားတာ ဖြစ်ပါတယ် (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Team ဖြစ်ပါတယ်)
...

The Prince of Egypt (1998) ⭐TMDB: 73% User Score 🎬 #Adventure #Animation #Drama #Family #Fantasy #Musical 🗓 1998 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီအန်နီမေးရှင်းဇာတ်လမ်းလေးမှာ Imdb 7 အထိရရှိထားပြီး မိသားစုနဲ့အတူကြည့်နိုင်တဲ့ ကားကောင်းလေးတစ်ကားပါ။ မိတ်ဆွေအချင်းချင်းရိုင်းပင်းကူညီမှုနဲ့ကြိုးစားအားထုတ်ရင်ဘာမဆို ဖြစ်လာနိုင်တယ်ဆိုတာကိုမီးမောင်းထိုးပြထားတဲ့ ပညာပေးအန်နီမေးရှင်းဇာတ်ကားကောင်းတစ်ကားဆိုလည်းမမှားပါဘူး။ ဇာတ်လမ်းအညွှန်းဆိုရရင်တော့ဖြင့်  တစ်ခါကအီဂျစ်နိုင်ငံမှာ Moses နဲ့ Ramses ဆိုတဲ့ညီအကိုနှစ်ယောက်အကြောင်းနဲ့စတင်ထားပါတယ်။ တစ်ယောက်ဟာ နန်းညွန့်နန်းလျာအဖြစ်ကြီးပြင်းလာခဲ့ပြီးတော့ ကျန်တစ်ယောက်မှာတော့  မိဘမဲ့အဖြစ်ကြီးပြင်းလာခဲ့ကြရပါတယ်။ ဘာကြောင့်လဲဆိုတာတော့မပြောတော့ပါဘူး။ သူတို့နှစ်ယောက်ဟာ သူငယ်ချင်းတွေအဖြစ်နဲ့သာရင်းနှီးကျွမ်းဝင်ကြပြီး ညီအကိုတွေမှန်းမသိခဲ့ကြပါဘူး။တစ်နေ့ အိမ်ရှေ့စံမင်းသားလေးဟာ တိုင်းပြည်ကိုအုပ်ချုပ်ရတော့တဲ့အခါမှာတော့  ငယ်ရွယ်သေးတာကြောင့်အခက်ခဲတွေနဲ့ကြုံတွေ့ရပါတော့တယ်။ အဲ့ဒီခါ သူဘာတွေကိုကြိုးစားသင်ယူပြီး ဘယ်လိုအခက်အခဲတွေကိုဖြေရှင်းမလဲ ဘယ်သူ့ရဲ့တိုက်ခိုက်မှုတွေ ဘယ်သူ့ရဲ့ကူညီမှုတွေကိုရနိုင်မလဲ နောက်ဆုံးအီဂျစ်ပြည်ကြီးစည်ပင်ဝပြောဖို့သူကြံဆောင်နိုင်ပါ့မလားဆိုတာ ဇာတ်ကားလေးကိုသာကြည့်ရှုကြဖို့တိုက်တွန်းချင်ပါတယ်။ (ဇာတ်ကား အညွှန်းကိုတော့ မိုးဦးမာန်က ရေးသားပေးခဲ့တာပါ)
...

Eivom Theater on Garosu Street (2024) ⭐TMDB: 0% User Score 🎬 #Drama #FilmNoir 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 39 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Eivom Theater on Garosu Street (2024)**************************************2024ခုနှစ်မှာ ပြသခဲ့တဲ့ Eivom Theater on Garosu Street (ဂါရိုဆူလမ်းမ​ပေါ်က အီဘုံးရုပ်ရှင်ရုံ)ဒီဇာတ်ကား​လေးက​တော့ ​ပေါ့​ပေါ့ပါးပါးနဲ့ အပန်း​ဖြေကြည့်ရှုနိုင်မယ့် ဇာတ်လမ်း​ကောင်း​လေးတစ်ခုဖြစ်ပါတယ်။ ဂါရိုဆူလမ်းမ​​ပေါ်က အီဘုံးရုပ်ရှင်မှာ စု​ဝေးကြတဲ့ ရုပ်ရှင်​လောကသားများ၊ လွန်ခဲ့တဲ့ ၃နှစ်ကရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကို ပြပွဲလုပ်ဖို့အတွက် အီဘုံးရုပ်ရှင်ရုံကို ဦးတည်ပြီးလာ​နေတဲ့ ဒါရိုက်တာအီ၊ ရုပ်ရှင်ထုတ်လုပ်သူဖြစ်​ပေမဲ့ လတ်တ​လော အရင်းအနှီး မ,တည်ဖို့ အခက်ကြုံ​တွေ့​နေရတဲ့ ထုတ်လုပ်​ရေးစီအီးအိုဂင်၊ ဒါရိုက်တာအီရဲ့ ရုပ်ရှင်မှာ ပါဝင်ခဲ့ပြီး လတ်တ​လော နာမည်ရ​နေတဲ့ သရုပ်​ဆောင်ယွန်းအီနှင့် တခြားမျက်နှာသစ်သရုပ်​ဆောင်များ၊ ဒါရိုက်တာအီရဲ့ ဘီအဆင့်ရုပ်ရှင်ကို ​ဝေဖန်ထိုးနှက်ဖို့​ရောက်လာတဲ့ movie review youtuber ပရိုဂင်၊ အ​ကြောင်းပြချက်တစ်ခုစီရှိ​နေတဲ့ ဒီလူအုပ်ကြီးဟာ ရုပ်ရှင်ပြပွဲအတွက် အီဘုံးရုပ်ရှင်ရုံကို ​ရောက်ရှိလာတဲ့အခါ… သရုပ်​ဆောင်​တွေရဲ့ အခက်အခဲ၊ သရုပ်​ဆောင်​လောကရဲ့ အရှုပ်အ​ထွေး၊ ရုပ်ရှင်နဲ့ ပတ်သတ်တဲ့ အ​တွေးအ​ခေါ်၊ ဇာတ်ကားတစ်ခုအတွက် မြှုပ်နှံရတဲ့ ကြိုးစားအားထုတ်မှု​တွေအ​ကြောင်းကို အချိန်တိုအတွင်း ​ဖော်ပြသွားပြီးတော့ ဒါရိုက်တာနဲ့ ထုတ်လုပ်သူ၊ သရုပ်​ဆောင်နဲ့ ဒါရိုက်တာ၊ ဒါရိုက်တာနဲ့ Youtuberကြားထဲက အထင်အမြင်လွဲမှားမှုတွေကို ​ဖြေရှင်းပြီး အချင်းချင်းပြန်လည်သင့်မြတ်သွားတာကို ရှူ​ထောင့်မျိုးရုံက​နေ ပုံ​ဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်း​ကောင်းတစ်ခုဖြစ်ပါတယ်
...

The Great Actor (2016) ⭐IMDB: 6.4/10 (31 Votes) 🎬 #Comedy #Drama 🗓 2016 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 47 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Great Actor (2016)*********************** 2016ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့ပြီး ဒါရိုက်တာ Seok Min Woo ရိုက်ကူးခဲ့တဲ့ The Great Actor ဇာတ်​ဆောင်​တွေအ​နေနဲ့ မင်းသားကြီး Oh Dal Su, Yoon Je Moon, Lee Geung Young တို့ အဓိက ပါဝင်သရုပ်​ဆောင်ထားကြပါတယ် ပြဇာတ်သရုပ်​ဆောင် Jang Sung pil (Oh Dal Su)က အနှစ်၂၀​ကျော်ကြာ ​ခွေးဇာတ်​ကောင်အ​နေနဲ့ပဲ သရုပ်​ဆောင်ခဲ့ရပါတယ် ဒါ​ပေမဲ့ သူ့အိပ်မက်က ​အရင်က အတူအလုပ်တွဲလုပ်ခဲ့တဲ့ စီနီယာ Sul Gang sik (Yoon Je moon)လိုမျိုး အောင်မြင်တဲ့ ရုပ်ရှင်သရုပ်​ဆောင်တစ်​ယောက်ဖြစ်လာဖို့ပါပဲ တစ်​နေ့မှာ ကိန်းဒါရိုက်တာ Park (Lee Geung Young)ရဲ့ ရုပ်ရှင်အတွက် လူ​ရွေးပွဲတစ်ခု ရှိလာပါတယ် တစ်ဖက်မှာ Jang Sung pilဟာ ဇွဲ​ကောင်း​ပေမဲ့ တာဝန်မ​ကျေတဲ့ ​အိမ်​ထောင်ဦးစီးအဖြစ် သတ်မှတ်ခံလာရ​တော့ ရလာတဲ့အခွင့်အ​ရေးကို အမိအရ ဆုပ်ကိုင်ပြီး လူ​ရွေးပွဲအောင်​အောင် နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားပါ​တော့တယ် ​ နောက်ဆုံး လူ​ရွေးပွဲ​အောင်ပြီး ရိုက်ကူး​ရေးစတဲ့အခါ အခက်အခဲအမျိုးမျိုးနဲ့ ကြုံ​တွေ့ခဲ့ပြီး အရှုံးမ​ပေးဘဲ ဆက်လက်ကြိုးစားခဲ့ပါတယ် ​ Jang Sung pilဟာ တကယ်ပဲ သူ့စီနီယာလိုမျိုး ​​အောင်မြင်တဲ့ သရုပ်​ဆောင်တစ်​ယောက် ဖြစ်လာနိုင်မလား သူဘယ်လိုအခက်အခဲ​တွေကြုံ​တွေ့ရမလဲဆိုတာ ဟာသ​နှော ရိုက်ကူးထားတဲ့ ရုပ်ရှင်ကား​ကောင်းတစ်ခုပဲ ဖြစ်ပါတယ် အညွှန်းကိုတော့ Stary မှ ရေးသားပေးထားပါတယ်
...