ru
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Sunny (2011) ⭐IMDB: 7.7/10 (7 k Votes) 🎬 #Comedy #Drama 🗓 2011 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 16 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒါကတော့ကလေးဘဝကို ပြန်အမှတ်ရစေမယ့် ကိုရီးယားကားလေးပါ အလယ်တန်းကျောင်းတုန်းက အုပ်စုဖွဲ့ပြီး မိုက်ခဲ့တဲ့ သူငယ်ချင်း ခုနှစ်ယောက်က သူတို့ထဲကတစ်ယောက် ကင်ဆာ ရောဂါနဲ့ သေခါနီးအချိန်မှပြန်ဆုံပြီး သူငယ်ချင်းတွေစုံအောင်ပြန်လိုက်စုရင်း ငယ်ဘဝဖြစ်စဉ်တွေကိုပြန်လည် တူးဖော်ကြတဲ့ Drama Comedy ဇာတ်လမ်းလေးပါ။ ဒီဇာတ်လမ်းက ပေါ့ပေါ့ပါးပါးဆိုပေမယ့်နောက်ဆုံးမှာ ကြည့်ရင်းနဲ့ရင်ထဲမှာ တစ်ခုခုကျန်ခဲ့နိုင်တဲ့ ဇာတ်ကားလေးမို့ ကိုရီးယားကားကြိုက်တဲ့သူဆိုရင် ကြည့်ကိုကြည့်သင့်တဲ့ Drama ဇာတ်ကားလေးတစ်ခုမို့လို့ ညွှန်းပေးပါတယ်ဗျ။
...

Kadakan (2024) ⭐TMDB: 0% User Score 🎬 #Action #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 8 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kadakan 2024 ကံစေ‌ရာ Imdb 6.5/10 ပိုက်ဆံ _ လောကမှာမျက်နှာအကြီးဆုံး အရေးအကြီးဆုံးပေါ့တရားသဖြင့်ရှာတဲ့ပိုက်ဆံက ကြာရှည်တတ်လို့မတရားသဖြင့် ဖြတ်လမ်းကလိုက်ဖို့ကြံကြတဲ့လူငယ်တွေတခြားတော့မဟုတ် သဲတွေကို ခိုးထုတ်ပြီးရောင်းရတာပါ နေ့ဘက်ဆို အဖမ်းအဆီးကြမ်းလို့ အရုဏ်တက်မရောက်ခင်ညဦးတည်းက ရဲတွေမမြင်အောင် သက်စွန့်ဆံဖျားတောအုပ်ကြားက ဆိုင်ကယ်နောက် သဲအိတ်ကြီးတွေနဲ့ပိုက်ဆံကို ပင်ပင်ပန်းပန်းရှာကြရတယ် ဒီလိုခိုးလုပ်ရတဲ့အလုပ်ကို ဆိုင်ကယ်ကဟောင်းနေတော့ ပျက်တဲ့အချိန်ပျက်တွန်းရတဲ့အချိန်တွန်းရပေါ့ဗျာ ဆိုင်ကယ်သစ်လေးဝယ်ချင်တာကဒီကလေးရဲ့အိပ်မက် သူ့နည်းတူတခြားလူတွေကဆိုင်ကယ်အကောင်းစားနဲ့ဆိုတော့ ပစ္စည်းတွေများများနဲ့မြန်မြန်ငွေပိုရှာနိုင်တော့ မဝယ်နိုင်သေးတဲ့သူ့အနေနဲ့က ‌အားကျရုံမှတစ်ပါးမတတ်နိုင်ခဲ့ဘူးပေါ့ ဒါပေမဲ့ လူ့ဘဝရဲ့ကံကြမ္မာအလှည့်အပြောင်းမှာ သူတို့ဘဝတွေထဲဘယ်လိုအန္တရာယ်တွေဝင်လာမလဲ သူတို့ကရောဘယ်လိုတွေခုခံရင်ဆိုင်သွားမယ်ဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်
...

Murivu (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Thriller 🗓 2024 🎞 movie 🌎 # ⏰ 1 နာရီ 42 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Murivu (2024) “ဒဏ်ရာ” အသစ်ထွက်ရှိလာတဲ့ မလေယာလမ်ရုံကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒိုင်ယာရီတစ်အုပ်ကနေ စတဲ့ဇာတ်လမ်း။နာမည်ကြီးသတင်းတိုက်က သတင်းထောက်တစ်ယောက်ဆီမထင်မှတ်ဘဲ ဒိုင်ယာရီတစ်အုပ် ရောက်လာခဲ့တယ်။ စာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတွေ အဖြစ်အပျက်တွေနဲ့ လူပုဂ္ဂိုလ်တွေက စိတ်ဝင်စားစရာ။ဒါနဲ့ စာအုပ်ထဲကလူတစ်ယောက်ကိုတွေ့ဖို့ကြိုးစားပြီး ဒိုင်ယာရီနောက်ကွယ်ကအဖြစ်အပျက်တွေကို သိလာရတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM BOLLYWOOD TEAM ဖြစ်ပါတယ်)
...

Short Circuit 2 (1988) ⭐TMDB: 62% User Score 🎬 #Comedy #Drama #Family #SciFi #ScienceFiction 🗓 1988 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sci-fi/comedyအမျိုးအစားဖြစ်တဲ့ Short Circuitဟာဆိုရင်1986မှာလည်း မတူညီတဲ့ဇာတ်ကွက်အမျိုးအစားနဲ့ ပရိသတ်စိတ်ဝင်စားအားပေးမှုအပြည့်အဝကိုရရှိခဲ့ပြီးသားပါ Jonny Fiveဆိုတဲ့ ဉာဏ်အရမ်းပြေးပြီး လူတစ်ယောက်လိုပဲ emotionallyအရရော physicallyအရပါ စိတ်ခံစားချက် မျိုးစုံကြိုးခုန်ပေါင်းစုံ ခံစားနိုင်တဲ့ စက်ရုပ်လေးဟာ ပိုင်ရှင်ဖြစ်သူ Bennyအတွက် ဘယ်လိုတွေအရေးပါတဲနေရာကနေ တစ်ဖက်တစ်လမ်းကူညီပေးသွားမလဲဆိုတာကို ငိုတစ်ဖုံ ရယ်တစ်လှည့် ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်
...

A Real Pain (2024) ⭐IMDB: 7.2/10 (14 k Votes) 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #Poland #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Real Pain (2024) IMDb Rating (7.3) / Rotten Tomatoes (96%) ဒီရုပ်ရှင်ကတော့ 2024 ရဲ့ထိပ်တန်းစာရင်းဝင် (၁၀) ကားထဲမှာ တစ်ကားအပါအဝင်ဖြစ်ပြီး Golden Globe မှာလည်း ဆုတွေ တစ်သီကြီးရရှိထားပါတယ်။ Now You See Me, Social Network တို့နဲ့ နာမည်ကြီးခဲ့တဲ့ မင်းသား Jesse Eisenberg ပါဝင်သရုပ်ဆောင်ထားပြီး ဆုရမင်းသား Kieran Culkin က ဦးဆောင်ထားပါတယ်။ ဇာတ်လမ်းက ပိုလန်နဲ့ အမေရိကန် ရုပ်ရှင်ကုမ္ပဏီ ပူးပေါင်းရိုက်ကူးတာဖြစ်ပြီး ဒုတိယ ကမ္ဘာစစ်က နာဇီဂျူးတပ်စခန်းမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လူတွေရဲ့ မျိုးဆက်တွေဖြစ်လာတဲ့ ကမ္ဘာအနှံ့က ဂျူးမျိူးနွယ်ဝင် လူတစ်စုက သူတို့ဘိုးဘေးတွေရဲ့သမိုင်းကြောင်းခြေရာပြန်ကောက်ဖို့ ပိုလန်ကိုခရီးထွက်ခဲ့ကြတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ ဒီထဲမှာ ဂျူး-အမေရိကန် တွေဖြစ်တဲ့ ဒေးဗစ်နဲ့ ဘန်ဂျီတို့ ဝမ်းကွဲညီအစ်ကိုကလည်း သူ့အဖွားနေခဲ့တဲ့ ပိုလန်ကအိမ်နဲ့ ဂျူးတွေရဲ့သမိုင်းကိုလေ့လာဖို့ ခရီးထွက်ရင်း ဇာတ်လမ်းလေးစတင်ထားပါတယ်။ လူတွေနဲ့သိပ်အပေါင်းအသင်းမရှိဘဲ Introvert ဆန်ဆန်နေတတ်တဲ့ ဒေးဗစ်နဲ့ ဆေးကွဲပြီး တွေ့ရာလူကို လိုက်ကြပ်နေတဲ့ဘန်ဂျီတို့ ၂ ယောက် ဒီခရီးစဉ်မှာ ဘယ်လိုအမှတ်တရတွေဖန်တီးသွားမလဲ ကြည့်လိုက်ကြပါဦး။ (အညွှန်းရေးသားသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။)
...

Nerchappetty (2023) ⭐IMDB: 5.4/10 (7 Votes) 🎬 #Bollywood #Drama 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 58 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Nerchappetty (2024) စည်းခြားထားသောအချစ် အခုတစ်ခါ CM Bollywood ပရိသတ်ကြီးကို တင်ဆက်ပေးမယ့်ကားလေးကလုံးဝကုလားကား vibe အပြည့်ရစေမယ့် ဒရာမာလေးလည်းပါလို့ငိုရသလို ဖိုက်တင်ခန်းလေးလည်းပါတော့ မပျင်းရတော့ဘူးပဲ ဖြစ်ပါတယ်… ဇာတ်လမ်းလေးကတော့ နယ်ဘက်ရွာလေးတစ်ရွာမှာ ဘာသာတရားကိုင်းရှိုင်းပြီးတော့ဖာသာရဲ့အဆုံးအမအောက်မှာ နေထိုင်ကြပြီး တစ်ရွာလုံးဆွေမျိုးတွေလို ခင်မင်ရင်းနှီးကြပါတယ်တဲ့… အဲ့ချိန်မှာပဲ ကိုယ်တို့ရဲ့ဇာတ်လိုက်မင်းသားလေး ချစ်ကျွမ်းဝင်မိသွားတာကချာ့ခ်ျကျောင်းက စစ္စတာမလေးကိုပဲ ဖြစ်ပါတယ်..ဘာသာတရား ယဉ်ကျေးမှု…အသိုင်းအဝိုင်းနဲ့ ပတ်ဝန်းကျင် စည်းပေါင်းများစွာကြားမှာ မချစ်သင့်တဲ့ချစ်ခြင်းတစ်ခုဟာဘယ်လိုရှေ့ဆက်မလဲဆိုတာ ပရိသတ်ကြီးပဲတစ်ရှူးဆောင်ရင်း အားပေးတော်မူကြပါလို့ တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်
...

Risen (2016) ⭐IMDB: 6.3/10 (31 k Votes) 🎬 #Action #Drama #History #Mystery #Adventure #Fantasy 🗓 2016 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rome နောက်ခံသမိုင်းဇာတ်လမ်းတွေကိုကြိုက်တတ်တဲ့သူတွေအတွက် Risen 2016 လာပါပြီ။ ဒီဇာတ်ကားရဲ့ထူးခြားချက်က တစ်ချိန်လုံး သ တ်နေ ဖြ တ် နေတာမဟုတ်ဘဲနဲ့ စုံထောက်ဆန်ဆန်ကြည့်ရမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ AD 33 လောက်မှာ Jesus ‌(ခရစ်တော်ပေါ်လာချိန်) မှာ ဘာသာရေးစစ်ပွဲတွေဖြစ်ကြပါတယ်။ အဲ့ဒီကာလမှာ ရိုမန်အင်ပါယာက အင်အားကြီးနေချိန်ဖြစ်တဲ့အတွက် ဘုရင် Ceasar က Christianity ပေါ်မလာရေးအတွက် Jesus ကိုကွပ်မျက်ခဲ့ပါတယ်။ ဒီထဲကဇာတ်လိုက်ဖြစ်တဲ့ Roman Tribune (စစ်အရာရှိ) Clavius က Jesus ကို လက်ဝါးကပ်တိုင်ပေါ်တင်ပြီး ကွက်မျက်ခဲ့ရသူဖြစ်ပါတယ်။ Clavius ကိုယ်တိုင်က စိတ်ကောင်းရှိတဲ့သူဆိုပေမဲ့ အမိန့်ကျလာတဲ့အခါ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ ရက်အနည်းငယ်ကြာတော့ သူကိုယ်တိုင် ‌ေ သ သွားတာကိုမြင်ခဲ့ရတဲ့ Jesus ဟာ သူ့ရဲ့အုတ်ဂူကနေ ပျောက်ချင်းမလှပျောက်သွားရတဲ့အကြောင်းကို လိုက်ရှာရပါတော့တယ်။ အလောင်းကိုလိုက်ရှာရင်း Clavius တစ်ယောက် ကိစ္စတော်တော်များများကို သဘောပေါက်လာပြီးနောက်… ဒီဇာတ်ကားလေးက Roman Vibe ကို စုံထောက်ဆန်ဆန်ကြည့်ရမဲ့အပြင် ခရစ်တော်ပေါ်လာခဲ့တဲ့ သမိုင်းကိုပါနောက်ခံထားတဲ့ Religious ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ IMDb မှာလည်း 6.3 အထိရရှိထားတဲ့ ရုပ်ရှင်ကားကောင်းလေးဖြစ်ပါတယ်။
...

American Reunion (2012) ⭐IMDB: 6.7/10 (227 k Votes) 🎬 #Adult #Comedy #Romance 🗓 2012 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 American Pie ဇာတ်ကားတွေဆိုတာနဲ့ အူတက်အောင် ရယ်နေရတဲ့ ကျောင်းသားဟာသ အခွီကားတွေမှန်း သိကြမှာပါ။ဒါပေမယ့် အဲ့လိုဟာသက်သက် အပြောင်အပျက်ဇာတ်ကားတွေမဟုတ်ဘဲ သူ့မှာ တခြားအဓိပ္ပါယ်ရှိတဲ့ ချစ်ခြင်းမေတ္တာ နွေးထွေးမှုတွေအကြောင်း အများကြီးပါဝင်နေပါတယ်။ဒါကို ရှင်းပြဖို့ဆို American Pie ဇာတ်ကားတွေကို အပိုင်း (၂)ပိုင်းနဲ့ ရှင်းပြဖို့လိုပါတယ်။ American Pie ရဲ့ Original မူလဇာတ်ကြောင်းက ဇာတ်ကား (၄) ကားပဲရှိတယ်။– American Pie (1999)– American Pie 2 (2001)– American Wedding (2003)– American Reunion (2012)ဒီရုပ်ရှင်ကား ၄ ကားသာလျင် သရုပ်ဆောင်တွေရော ဇာတ်လမ်းရောက တဆက်တည်းဖြစ်ပါတယ်။ လူငယ်သဘာဝ လူပျိုဖော်ဝင်စ အပျိုဖော်ဝင်စ ပြသနာတွေနဲ့ ကျောင်းသားဟာသတွေကို အစပြုထားပြီးတော့သူငယ်ချင်းတွေကြားက ခင်မင်မှုတွေ၊ ချစ်သူတွေကြားက ကြင်နာယုယမှုတွေ၊ မိသားစုတွေကြားက နွေးထွေးတဲ့မေတ္တာတွေကိုအဓိကထားတင်ဆက်ထားတာမလို့ ရယ်လဲရယ်နေရသလို နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်းကိုလဲ ခံစားမိစေမှာပါ။ ဒီရုပ်ရှင်ကား ၄ ကားစလုံးရဲ့ ကုန်ကျစရိတ်က Budget $147 million ခန့်သာရှိခဲ့ပေမယ့် ရုံတင်ဝင်ငွေ Box office $989.5 million ပြန်ရတဲ့ထိ အောင်မြင်ခဲ့ပြီးRating တွေလဲ ထိုက်သင့်သလောက်ကောင်းမွန်ခဲ့သလို ဝေဖန်ရေးဆရာတွေလဲ အကြိုက်တွေ့ခဲ့ကြတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။ နောက်တပိုင်းကတော့ American Pie ရဲ့ Spin-off ဇာတ်ကားတွေဖြစ်တဲ့ American Pie Presents ဇာတ်ကားတွေပါ။– American Pie Presents: Band Camp (2005)– American Pie Presents: The Naked Mile (2006)– American Pie Presents: Beta House (2007)– American Pie Presents: The Book of Love (2009)– American Pie Presents: Girls’ Rules (2020)ဒီ American Pie Presents ဇာတ်ကားတွေကတော့ ဇာတ်လမ်းတွေ ဆက်စပ်မှုသိပ်မရှိတော့ဘဲဆယ်ကျော်သက် ပါတီတွေ၊ နောက်ပြောင်မှုတွေ၊ လိင်မှုဆိုင်ရာ ဟာသတွေကိုသာ အသားပေး တင်ဆက်ထားပါတယ်။မူလဇာတ်ကြောင်းထဲက Jim ရဲ့ အဖေဖြစ်သူနဲ့ Stifler ရဲ့မိသားစုကိုသာ အခြေခံထားပြီး Stifler ရဲ့ညီဝမ်းကွဲတွေက အဓိကဇာတ်ကောင်အဖြစ်ပါဝင်သွားပါတယ်။ ဒီ American Pie Presents ဇာတ်ကားတွေကတော့ direct-to-video(DVD)လိုအဖြစ်သာ ရိုက်ကူးထားတာဖြစ်လို့Rating တွေလဲ သိပ်မကောင်းခဲ့ဘဲ ကျောင်းသားဟာသဇာတ်ကားတွေအဖြစ်သာ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ +++++++++++++++ American Reunion (2012) American Pie 4 IMDb Rating (6.7) ဒီကားကတော့ American Pie 4 လို့ တနည်းအားဖြင့်ခေါ်ရမှာဖြစ်ပြီး မူလဇာတ်လမ်းရဲ့ အဆုံးပိတ်ရုပ်ရှင်ကားဖြစ်ပါတယ်။ American Reunion ဆိုတဲ့အတိုင်း Jim,Kevin,Oz,Finch,Stifler တို့ ၉၉ ကျောင်းသားအုပ်စုတွေ နှစ်ပေါင်းများစွာအကြာမှာ တဖန်ပြန်တွေ့ကြမယ့်ပွဲပါ။1999 ခုနှစ်က အထက်တန်းကျောင်းသားတွေအဖြစ်နဲ့ ပျော်ရွှင်ကြည်နူးခဲ့ကြတဲ့ သူတို့အုပ်စု ဆယ်စုနှစ်တခုကျော်အကြာ ၂၀၁၂ မှာ ဘာတွေဖြစ်နေကြပြီလဲအထက်တန်းကျောင်းတုန်းက ကျောင်းမှတ်တမ်းစာအုပ်မှာ အသီးသီးရေးထားခဲ့ကြတဲ့ သူတို့ရဲ့ရည်မှန်းချက်တွေ ခုချိန်မှာ ဖြစ်တည်နေကြပြီလား လူ့ဘဝကြီးမှာ တခါတလေ လှောင်ရယ်ချင်စရာကောင်းတာက မှန်းထားတာနဲ့ ဖြစ်နေကြတာတွေက တလွဲစီတွေ ဖြစ်နေတတ်ကြတာမျိုးပဲမလားဖြူစင်တဲ့ကလေးဘဝကိုကျော်ဖြတ်ပြီးသွားကြတဲ့ Jim တို့အုပ်စု ဘယ်လိုအနေအထားတွေနဲ့ ပြန်ဆုံကြမလဲ…သူတို့ချစ်သူရည်းစားတွေနဲ့ရော ဘယ်သူတွေက တည်တံ့ခိုင်မြဲနေပြီလဲ ပြောရရင် American Pie ဇာတ်လမ်းတခုလုံးကို ဒီ American Reunion က အကောင်းဆုံးပိတ်သိမ်းပေးနိုင်ခဲ့ပါတယ်။Jim တို့ ၉၉ ကျောင်းသားအုပ်စုရဲ့ သူငယ်ချင်းသံယောဇဉ်တွေ မိသားစုမေတ္တာတွေ ဖြူစင်မှုတွေကို အကောင်းဆုံးချပြပိတ်သိမ်းနိုင်ခဲ့ပြီးဒီ American Reunion ဇာတ်ကားကြောင့်ပဲ ရှေ့က ၃ ကားလုံးက ပိုပြီး တောင်ပြောင်သွားစေတယ်လို့ ရဲရဲကြီး ပြောချင်ပါတယ်။ ဘာဆင်ဆာမှမဖြတ်ထားတဲ့ Unrated Version ကို တင်ဆက်ထားပြီးCM အနေနဲ့ မြန်မာစာတန်းထိုးကိုလဲ ယခင်ကထက်ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးထားပါတယ်။ (American Pie ဇာတ်ကားတွေက အဖော်အချွတ်ခန်းတွေနဲ့ အပြောအဆိုတချို့ကြောင့် R-Rated အဆင့်ဖြစ်ပြီး မိသားစုနဲ့ကြည့်လို့မရပါဘူး။)
...

Monolith (2016) ⭐IMDB: 4.8/10 (3 k Votes) 🎬 #Drama #Thriller #Horror 🗓 2016 🎞 movie 🌎 #Italy ⏰ 1 နာရီ 21 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Monolith (2016) စန်ဒရာဆိုတာ ဟစ်ပ်အဆိုတော်ယောက်ဖြစ်ပြီး သားဖြစ်သူ ဒေးဗစ် မွေးပြီးနောက် သူ့အနုပညာကိုလက်လျှော့ပြီး မိခင်တစ်ယောက်အနေနဲ့နေသူပါ။ ယောကျ်ားဖြစ်သူ ကားလ် ကလည်း အောင်မြင်တဲ့ အဆိုတော်တစ်ဦးဖြစ်ပြီး အလုပ်ကြောင့် မကြာခဏခရီးထွက်နေရသူဖြစ်ပါတယ်။ မိသားစုအတွက်လုံခြုံစိတ်ချရအောင် ကားလ်က စန်ဒရာကို နည်းပညာအဆင့်မြင့်မားပြီး “ကမ္ဘာမှာ အလုံခြုံဆုံးကား” အဖြစ်ကြေငြာထားတဲ့ မိုနိုလစ်ကားကို လက်ဆောင်ပေးခဲ့တယ်။ ကားလ်က လော့စ်အိန်ဂျလိစ်ကိုခရီးထွက်သွားချိန် စန်ဒရာက သားဖြစ်သူ ဒေးဗစ်နှင့်အတူ သူ့မိဘတွေဆီ သွားလည်ဖို့ စီစဉ်ထားပါတယ်။ သို့ပေမယ့် ခရီးလယ်မှာ စန်ဒရာ ကားလ် ရဲ့ဖောက်ပြန်မှုအပေါ် သံသယဖြစ်လာပြီး ချက်ချင်းစိတ် ပြောင်းကာ ဒေးဗစ်နှင့်အတူ လော့စ်အိန်ဂျလိစ်ကို လိုက်သွားခဲ့တယ်။ ခရီးလယ်တစ်ဝက်မှာ စန်ဒရာက ဒေးဗစ်ကို ဖုန်းပေးသုံးခဲ့ပါတယ်။ ကားလ်က မိုနိုလစ်ကားကို ဖုန်းနဲ့ထိန်းချုပ်လို့ရတယ်ဆိုတာပြောထားပေမယ့်လည်း စန်ဒရာသတိမမူခဲ့ပါဘူး။ စန်ဒရာအပြင်ရောက်နေချိန် ကလေးပီပီ ဘာမှမသိတာကြောင့် ဒေးဗစ်လေးက လျှောက်နှိပ်ရာမှာ ကားလော့ခ်ကျသွားခဲ့ပြီး အမေဖြစ်သူ စန်ဒရာကယ်ဖို့ကြိုးစားရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Kavil ဖြစ်ပါတယ်။)
...

A Mother's Embrace (2024) ⭐IMDB: 5.8/10 (475 Votes) 🎬 #Horror #Drama 🗓 2024 🎞 movie 🌎 #Brazil ⏰ 1 နာရီ 31 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားကိုတော့ ဒါရိုက်တာ Cristian Ponce ရိုက်ကူးထားပြီး မင်းသမီး Marjorie Estiano က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားလေးကတော့ ထူးဆန်းထွေလာဆန်ဆန် ‌Horror  ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအစမှာတော့ အန်နာရဲ့ငယ်ဘဝအိပ်မက်ဆိုးကနေ စတင်ထားပါတယ်။ အမေအရင်းရဲ့‌ ဆေးခတ်ထားတဲ့နွားနို့ကိုသောက်ပြီးတော့ ထူးဆန်းတဲ့နေရာတစ်ခုမှာ ပိတ်မိနေခဲ့ပြီး မီး‌လောင်ပြင်ထဲကနေ ကယ်ထုတ်ခဲ့ရပါတယ်။အနှစ်နှစ်ဆယ်ကျော်အကြာမှာ အမေဖြစ်သူရဲ့ သေဆုံးမှုသတင်းနဲ့ အတူ မီးသတ်ဌာနမှာ ကယ်ဆယ်ရေးအဖွဲ့ဝင်ဖြစ်လာခဲ့တဲ့ အန်နာက ငယ်စဉ်က အိပ်မက်ဆိုးတွေကို မေ့ဖျောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေခဲ့ပါတယ်။ ဒီလိုနဲ့ ရီယိုမုန်တိုင်းကြောင့်‌ နေရာအနှံ့ရေကြီးခဲ့တဲ့အချိန်မှာ ဂေဟာ တစ်ခုကို ကယ်တင်ဖို့ အန်နာတို့အဖွဲ့က တာဝန်ရရှိခဲ့ပါတယ်။‌ အဲဒီဂေဟာက ရိုးရှင်းတဲ့ သက်ကြီးရွယ်အိုဂေဟာမဟုတ်ပဲ ထူးဆန်းနေတဲ့အခါ… အန်နာတို့အဖွဲ့က တစ်‌‌ယောက်စီခွဲသွားမိတဲ့နောက် သူတို့ကံကြမ္မာတွေက ဘယ်လိုဖြစ်သွားမလဲ… အန်နာရဲ့သေသွားတယ်ဆိုတဲ့ အမေကို ဂေဟာမှာတွေ့နေရတဲ့အခါ… ‌‌‌ဂေဟာကလူတွေက ထွက်မသွားနိုင်ဘဲ ဘာကိုစောင့်နေကြတာလဲ‌… အန်နာနဲ့က‌ရော ဘာတွေပတ်သက်နေတာလဲ… အဲဒီအရာရဲ့ လက်ထဲက အန်နာလွတ်‌မြောက်နိုင်မလား… ဒါတွေကို ဒီဇာတ်ကား‌ထဲမှာ အဖြေရှာရမှာပါ
...

Qinling Mountains (2022) ⭐TMDB: 0% User Score 🎬 #Adventure #Mystery #Drama 🗓 2022 🎞 movie 🌎 #China ⏰ 1 နာရီ 19 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒဏ္ဏာရီလာစကားတွေအရ ချင်းလင်တောင်ထဲမှာ အဖိုးမဖြတ်နိုင်တဲ့ရတနာပစ္စည်းတွေရှိနေပါသတဲ့။ လူတိုင်းက တောင်ထဲကလျို့ဝှက်ဂူကိုဖွင့်ပြီးရတနာတွေကိုအပိုင်သိမ်းချင်နေကြပါတယ်။ ရှေးဟောင်းသုတေသန မြေနေရာသတင်းရယူရေးအဖွဲ့ဖြစ်တဲ့ချီရှမ်းဝမ်နဲ့အဖွဲ့ဟာ ချင်းလင်တောင်ပေါ်ကဂူထဲမှာရှေးနှစ်ပေါင်းများစွာကကျောက်ထွင်းစာတစ်ချပ်ကိုရှာတွေ့ခဲ့ပါတယ်။ ဂူထဲမှာသုတေသနပြုလုပ်နေရင်း ပေါက်ကွဲမှုဖြစ်တဲ့အခါချီရှန်းဝမ်တစ်ယောက်သာ အသက်ရှင်လျက်ပြန်ထွက်လာနိုင်ခဲ့ပါတယ်။သူဟာဒဏ်ရာကြောင့် ရွာတစ်ရွာမှာအနားယူနေရတဲ့အချိန်အဲ့ဒီရွာကိုဓားပြတွေဝင်စီးတာခံရပြီး အဲ့ဒီဓားပြတွေကလည်းချင်းလင်တောင်ကရတနာတွေကိုအပိုင်စီးချင်နေတဲ့အခါ.. လူဆိုးတွေတင်မကဘဲ လူနှစ်ရပ်စာလောက်ရှိတဲ့ပင့်ကူသတ္တဝါဆန်းကြီးတွေရောပါဝင်လာတဲ့အခါ…တောင်ထဲကရတနာကရောဘာဖြစ်မလဲပင့်ကူကြီးတွေကိုရောဘယ်လိုရင်ဆိုင်ကြမလဲရွာသားတွေကိုရော ဓားပြလက်က ကယ်နိုင်ပါ့မလားဆိုတာကိုရုပ်ရှင်ထဲမှာဆက်လက်ကြည့်ရှုလိုက်ကြရအောင်။
...

Genius (2016) ⭐IMDB: 6.5/10 (22 k Votes) 🎬 #Biography #Drama #History 🗓 2016 🎞 movie 🌎 #USA #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Maxwell Perkins ဟာ နာမည်ကျော် အမေရိကန်စာရေးဆရာကြီးများဖြစ်တဲ့ The Great Gatsby ကို ရေးသားခဲ့သူ F. Scott Fitzgerald နဲ့ စာပေနိုဘယ်ဆုရှင် Ernest Hemingway တို့ကို တွေ့ရှိစင်တင်ပေးခဲ့သူ အယ်ဒီတာတစ်ဦးဖြစ်ပြီး ၁၉၂၉ ရဲ့ တစ်ခုသောနေ့မှာ သူ့ဆီကို စာမျက်နှာပေါင်း တစ်ထောင်ကျော်တဲ့ စာမူတစ်ထပ်ကြီး ရောက်လာပါတယ်။ အဲဒီစာမူပိုင်ရှင်က Thomas Wolfe ဆိုတဲ့ မထင်မရှား လူငယ်စာရေးဆရာတစ်ဦးဖြစ်ပြီး Maxwell ကလည်း စာမူကို အကြမ်းသဘော ဖတ်မိရာကနေ တစ်ပတ်တာလုံးလုံး ဇနီးနဲ့သမီးတွေကိုတောင် ဂရုမစိုက်အားဘဲ စာမူကို လက်ကမချစတမ်း ဖတ်ရှူမိပါတော့တယ်။ နောက်ဆုံးမှာ Maxwell ဟာ Thomas Wolfe နဲ့ တွေ့ဆုံပြီး ဒီစာမူကို စာအုပ်အဖြစ်ထုတ်ဝေဖို့ စာချုပ်ချုပ်လိုက်ရာကနေ “Look Homeward, Angel” ဆိုတဲ့ စာအုပ်ဖြစ်လာပြီး Thomas Wolfe ဟာလည်း အမေရိကန်စာပေသမိုင်းမှာ အရေးပါဆုံး စာရေးဆရာတစ်ဦး ဖြစ်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာလည်း Maxwell နဲ့ Thomas တို့အကြားမှာလည်း ထူးခြားလေးနက်တဲ့ ဆက်ဆံရေးမျိုးနဲ့ မမေ့နိုင်စရာ အဖြစ်သနစ်တွေ ပေါ်ပေါက်လာပါတော့တယ်။ ဒီဇာတ်ကားကို တိုနီဆုရ ဒါရိုက်တာ Michael Grandage ရိုက်ကူးထားပြီး ဉာဏ်ကြီးရှင် အယ်ဒီတာလို့ လူသိများတဲ့ Maxwell Perkins နဲ့ ဉာဏ်ကြီးရှင် စာရေးဆရာလို့ ထင်ရှားတဲ့ Thomas Wolfe တို့နှစ်ဦးအကြားက မတူကွဲပြားတဲ့ အယူအဆတွေနဲ့ လေးနက်တဲ့ ဆက်ဆံရေးအပြင် သူတို့မိသားစုတွေအပေါ် သက်ရောက်လာတဲ့ အကျိုးဆက်တွေကို ဖွဲ့ဆိုတင်ဆက်ထားတဲ့ Drama/History ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ အက်ဖ်စကော့ ဖစ်ဂျရယ်နဲ့ အားနက်စ်ဟဲမင်းဝေးတို့နဲ့ အဲဒီခေတ် အမေရိကန်စာပေလောကကိုလည်း တစေ့တစောင်း မြင်တွေ့နိုင်ပါသေးတယ်။ Maxwell အဖြစ် Collin Firth ၊ Thomas Wolfe အဖြစ် Jude Law ၊ Thomas ရဲ့ အတူနေချစ်သူအဖြစ် Nicole Kidman ၊ Scott Fitzgerald အဖြစ် Guy Pearce ၊ Ernest Hemingway အဖြစ် Dominic West တို့လို နာမည်ကျော် သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ ဒရာမာ နှစ်သက်သူတွေ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။
...

Manhattan Night (2016) ⭐IMDB: 6.2/10 (14 k Votes) 🎬 #Crime #Drama #Mystery #Thriller 🗓 2016 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်းသား Adrien Brody နဲ့ မင်းသမီး Yvonne Strahovski တို့ အဓိကပါ၀င်ထားတဲ့ မှုခင်းဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအညွှန်းလေးကတော့ သတင်းထောက် ပေါ်တာ၀ရန်ဟာ ပျောက်နေတဲ့ကလေးမလေး တစ်ယောက်ကို ရှာ‌တွေ့ခဲ့တာကြောင့် လူ‌ပြောများနေပါတယ်၊ သူဟာ ပါတီပွဲတစ်ခုတတ်ရင်း ကာရိုလင်းဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ဆုံခဲ့ပါတယ်၊ ကာရိုလင်းရဲ့ ယောကျာ်းဖြစ်သူ ဆိုင်မွန်ဟာ သေဆုံးတာသိပ်မကြာသေးပဲ ဘာလို့သေဆုံးတာလဲ‌ဆိုတာ ရဲတွေကတောင် အဖြေမရှာနိုင်ကြသေးပါဘူး၊ အဲ့မှာ ကာရိုလင်းက ၀ရန့်ကို သူ့ယောကျာ်းသေဆုံးတဲ့အမှုကို အကူအညီတောင်းပါတော့တယ်၊ သူတို့နှစ်ယောက် အမှုကိုစုံစမ်းရင်း ဘာတွေကြုံတွေ့ရမလဲ၊ ဆိုင်မွန် သေရတာရောဘာကြောင့်လဲ ဆိုတာကို ရင်တထိတ်ထိတ်နဲ့ အဆုံးထိကြည့်ရှုခံစားလိုက်ကြပါဦး
...

A '90s Christmas (2024) ⭐IMDB: 6.0/10 (1 k Votes) 🎬 #Romance #Comedy #TVMovie 🗓 2024 🎞 movie 🌎 #UnitedStates #Canada ⏰ 1 နာရီ 24 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပစ္စုပ္ပန်မှာရှင်သန်နေရတဲ့လူသားတွေဟာ အတိတ်ကိုရော အနာဂတ်ကိုပါပြောင်းလဲပြင်ဆင်လိုမရပါဘူး။ မိသားစုဝင်တွေနဲ့ရော သူငယ်ချင်းတွေနဲ့ပါအဆက်အသွယ်ဖြတ်ပြီး အလုပ်တွေပဲဖိလုပ်နေတဲ့ ရှေ့နေမလေးလူစီကတော့ ၂၀၂၄ ခရစ္စမတ်မှာ အတိတ်ကိုပြင်ဆင်ပြီး အနာဂတ်ကိုပြောင်းလဲဖို အခွင့်အရေးတစ်ခုရခဲ့ပါတယ်။ ထူးဆန်းတဲ့တက္ကစီတစီးကြောင့် လူစီဟာ ဘဝရဲ့အရေးပါတဲ့ အချိုးအကွေ့တွေဖြစ်ခဲ့တဲ့ ၁၉၉၉ ခုနှစ်ခရစ္စမတ်ကို ပြန်ရောက် သွားခဲ့ပါတယ်။ ဖခင်ဆုံးပါးပြီးခါစ ပူဆွေးသောကရောက်နေတဲ့ မိသားစုကို သူလုပ်ခဲ့ဖူးသလို ထပ်ချန်ထားခဲ့ဦးမှာလား ဒါမှမဟုတ် မိသားစုဝင်တွေကိုဖေးမကူညီပေးသွားမှာလား။ သူငယ်ချင်းမတ်တီကို ခံစားချက်တွေဖွင့်မပြောဘဲ နေရာသစ် တစ်ခုကိုတစ်ကိုယ်တည်းပြောင်းရွှေ့လာဦးမှာလား ဒါမှမဟုတ် မတ်တီနဲ့ချစ်သူတွေဖြစ်ပြီး ကျောင်းအတူတူတက်ကြမှာလား။ အချစ်ဆုံးသူငယ်ချင်းနေဒင်းနဲ့သူစိမ်းတွေဖြစ်လာဦးမှာလား ဒါမှမဟုတ် တစ်သက်လုံးအချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်နေကြမှာလား။ လူစီဟာ အတိတ်ကိုပြင်ဆင်ခွင့်ရခဲ့ပေမယ့် ဆယ်စုနှစ်ပေါင်းများစွာ သူကြိုးစားခဲ့ရတဲ့ဘဝကိုပြောင်းလဲပစ်ဖို ခဲရာခဲဆစ်ရွေးချယ်မှုတွေ လုပ်ရပုံကို A 90s Christmas မှာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
...

The Gardener's Year (2024) ⭐IMDB: 6.7/10 (115 Votes) 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #Czechia #CzechRepublic ⏰ 1 နာရီ 39 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Gardener’s Year (2024) Zahradníkuv rok IMDb Rating (6.4) ဥယျာဥ်မှူးကြီးတစ်ယောက်နဲ့မိန်းမဖြစ်သူဟာ ဥယျာဥ်စိုက်ပျိုး,မွေးမြူရေးလုပ်ရင်း ဘဝကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြတ်သန်းနေခဲ့ကြပါတယ်။ ဒီလိုနဲ့တစ်ရက်မှာတော့ သူတို့ရဲ့အနီးတဝိုက်က သမိုင်းဝင်ရဲတိုက်ကို ပြန်လည်ပြုပြင်ချင်တဲ့ပိုင်ရှင်တစ်ယောက်က ဥယျာဥ်မှူးတို့ကိုငွေပေးပြီး နေရာဖယ်ပေးဖို့ပြောလာတာကနေအစပြုပြီး သူတို့ရဲ့ငြိမ်သက်နေတဲ့ဘဝလေးဟာ လှုပ်ခတ်စပြုလာပါတော့တယ်။ မသမာတဲ့နည်းလမ်းတွေအမျိူးမျိုးနဲ့သူ့ဥယျာဥ်ကိုဖျက်ဆီးတာခံရတဲ့အခါ.. ဒီဇာတ်ကားမှာ ဥယျာဥ်မှူးတစ်ယောက်ရဲ့ သီးနှံစိုက်ခင်းဥယျာဥ်ကိုချစ်မြတ်နိုးပုံကို main character ရဲ့ silent performance တွေကနေတဆင့် မြင်သာအောင် ရိုက်ပြထားပါတယ်။ ဒါ့အပြင် ချက်ဇ်နိုင်ငံလူ့အဖွဲ့အစည်းရဲ့ အစိုးရပိုင်းဆိုင်ရာတွေဟာ ယုံစားမရပုံတွေကိုပါထည့်သွင်းဖော်ပြထားပါတယ် ခံစားကြည့်ရှုလိုက်ကြပါအုံးနော်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Shwe Eain Si ဖြစ်ပါတယ်။)
...

The Iron Coffin of Western Xia (2022) ⭐TMDB: 0% User Score 🎬 #Action #Mystery 🗓 2022 🎞 movie 🌎 #China ⏰ 1 နာရီ 15 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မသိမသာ စိတ်ဝင်စားဖို့ကောင်းတဲ့themysteriousclothsဆိုတဲ့ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဒီကားလေးက တစုန့်မင်းကြီးရဲ့ မွေးနေ့ပွဲက စတယ်ဆိုရမလား…ပါးစပ်ရာဇဝင်ထဲက မသေမျိုးနတ်မျိုးနွယ်တို့ရဲ့ မြဝတ်ရုံက စတယ်ဆိုရမလားပဲ…ဘာလို့လဲဆိုတော့ ရှီရှပြည်ထောင်က မသေမျိုးနတ်မျိုးနွယ်တို့ရဲ့မြဝတ်ရုံကို တစုန့်မင်းကြီး မွေးနေ့ပွဲအတွက် မွေးနေ့လက်ဆောင်မွန်အဖြစ်ဆက်သဖို့ကြိုးစားရာမှာ တစုန့်က လက်ဆောင်လက်ခံသူ လျန်ဝမ်ရယ်ဟာလက်ဆောင်လက်ခံပြီး ညတွင်းချင်းမှာပဲ ဘဝတစ်ပါးကို အကြောင်းရင်းမဲ့စွာပြုံးပြုံးကြီး ကူးပြောင်းသွားပါတယ်… ဟုတ်ပါတယ် ဒဏ္ဏာရီလာ မြဝတ်ရုံကို စမ်းမဝတ်ဘဲ မနေနိုင်တဲ့ လျန်ဝမ်ရယ်ဟာမြဝတ်ရုံကို စမ်းဝတ်ကြည့်ပြီးနောက် ပြုံးပြုံးကြီးနဲ့  ဘာကြောင့်မှန်းမသိဆုံးပါးသွားခဲ့တာပါ… တစ်ဖက်မှာ အလောင်းကို စစ်ဆေးတော့လည်းခုခံထားဟန်မတွေ့ အဆိပ်မိတဲ့လက္ခဏာကမရှိတဲ့အပြင် ကိုယ့်ကိုယ်ကိုသတ်သေဖို့ဆိုတာလည်းမဖြစ်နိုင်တော့ အခက်တွေ့တာပေါ့ ဒါကြောင့်လည်းလက်ဆောင်ဆက်သသူ ရှီရှပြည်ထောင်က ချင်ယွမ်မင်းသားကိုပဲ စစ်ဆေးဖို့ဖမ်းလိုက်ရတာကြောင့် ၂ ပြည်ထောင် ချစ်ကြည်ရေးတည်ဆောက်ဖို့ ကြိုးစားရာကနေဆက်ဆံရေးက အဆိုးဖက်ကို ကူးပြောင်းလာတော့တယ်… ဒါကြောင့် စုန့်စီဆိုတဲ့ ပြည်သူတွေသတ်မှတ်ထားတဲ့ သမာသမတ်ကျသူတရားသူကြီးမင်းကို စစ်ဆေးစုံစမ်းဖို့ တာဝန်လွှဲအပ်ခဲ့တယ်… ဒီလိုနဲ့လျန်ဝမ်ရော ရှီရှ လက်ဆောင်ဆက်သသူတို့အပါအဝင်တစုန့်မင်းကြီးမွေးနေ့မင်္ဂလာပွဲတက်ဖို့ ရောက်လာသူတွေ တည်းခိုတဲ့တည်းခိုဆောင်ကို ရောက်လာခဲ့တော့တယ်…. စုန့်အမတ်မင်းက တကယ်ပဲ ဒီအမှုကို ရှင်းနိုင်မှာလား…လျန်ဝမ်ကရော ဘာကြောင့်သေသွားတာလဲ…မြဝတ်ရုံရဲ့ တကယ့်ဇစ်မြစ်ကရော ဘာလဲ…ရှီရှပြည်ထောင်နဲ့ လျန်ဝမ်သေဆုံးမှုက တကယ် ပတ်သက်နေတာလား…ဇာတ်လမ်းလေးထဲမှာ အဖြေရှာတွေ့မှာပါ
...

When Love Strikes (2024) ⭐IMDB: 6.7/10 (45 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #Nigeria ⏰ 1 နာရီ 44 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 When Love Strikes (2024) IMDb Rating (6.5) ဘောလုံးအားကစားနဲ့ မိသားစု၊ သူငယ်ချင်းနဲ့ ချစ်ရသူတို့ကြားက နွေးထွေးတဲ့ချစ်ခြင်းတရားကို ရိုက်ကူးပုံဖော်ထားတဲ့ နိုင်ဂျီးရီးယားရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။ အောင်မြင်တဲ့ဘောလုံးသမားတစ်ယောက်ဖြစ်ဖို့ဆိုတဲ့ အိပ်မက်နောက်ကို လိုက်ရမလား၊ အမေဖြစ်စေချင်တဲ့ စကော်လာရှစ်ရဖို့ကြိုးစားပြီး နိုင်ငံခြားကိုကျောင်းသွားတက်ရမလား ဝေခွဲမရဖြစ်နေတဲ့ အိုင်ဘီ‌ကေ.. လက်ရှိသူကစားနေတာ ရီမိုစတားဆိုတဲ့ ဘောလုံးအသင်းတစ်ခုမှာ။ အကောင်းဆုံးကစားသမားဆုရတဲ့လူက ဒေါ်လာနှစ်သိန်းအပြင် ဥရောပကိုပါသွားကစားဖို့အတွက်ရွေးချယ်မဲ့ လူငယ်စိန်ခေါ်ဖလားပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ အိုင်ဘီကေ.. အမေဖြစ်သူ အစ်မဖြစ်သူနဲ့နေရင်း သူ့ကိုဘောလုံးကစားဖို့ အားပေးခဲ့သူ၊ ဆုံးသွားတဲ့အဖေဖြစ်သူကသူ့အဖေရင်းမဟုတ်တာကို သိလိုက်ရတဲ့အချိန်.. ဖိုင်နယ်ပွဲနဲ့ စကော်လာရှစ်ရဖို့စာမေးပွဲဖြေရမဲ့ရက်က တစ်ရက်တည်းဖြစ်လာတဲ့အခါမှာတော့.. မိသားစုအရှုပ်အရှင်းတွေနဲ့ အိုင်ဘီကေတစ်ယောက် ဘယ်အရာကိုရွေးချယ်မလဲဆိုတာခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။)
...

What Lies Beneath (2000) ⭐TMDB: 64% User Score 🎬 #Drama #Horror #Mystery #Thriller 🗓 2000 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 2 နာရီ 10 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 What Lies Beneath (2000) IMDb Rating (6.6) / Rotten Tomatoes (47%) ကလဲယာ ဟာ တယောပညာရှင် တစ်ယောက်ဖြစ်သလို အဆိုလဲ ကောင်းသူပါ ပထမ အိမ်ထောင် နဲ့ တုန်းက ခင်ပွန်းဖြစ်သူ မဆုံးပါးခင်ထိပျော်ရွှင်စရာ ဘဝ လေးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ပထမ ခင်ပွန်း ဆုံးပါးပြီးနောက် မျှော်လင့်ချက် မဲ့နေတဲ့သူ့ ဘ၀ ထဲကို နော်မန် ဆိုတဲ့ သက္ကသိုလ် တစ်ခုကသုတေသန ဆရာ တစ်ယောက် ဝင်လာခဲ့ပါတယ်။ နော်မန် နဲ့ လက်ထပ်ပြီးနောက်ပိုင်း ပျော်ရွှင်စရာဘ၀ တစ်ခုကို ထပ်မံ ပိုင်ဆိုင်ခဲ့ရပါတယ်။ ပထမ ယောင်္ကျားနဲ့ ရခဲ့တဲ့ သမီးလေးကိုလဲနော်မန် က သူ့သမီးအရင်းလေးလို ချစ်တဲ့သူပါ။ နော်မန် က ကျောင်းဆရာ ဖြစ်တာနဲ့ အညီအလုပ်ပြောင်းရင် အိမ်လိုက်ပြောင်းရပါတယ်။ တစ်နေ့မှာတော့ ကလဲယာ တို့ မိသားစု ဟာနော်မန် စာသင်ရမယ့် ကျောင်းရှိတဲ့ မြို့လေးကိုရောက်ရှိခဲ့ပြီး နော်မန် ရဲ့ ဖခင်ဖြစ်သူ ပိုင်ဆိုင်တဲ့အိမ်ကြီး တစ်ခုကို ပြန်လည်ပြုပြင်ပြီး နေထိုင်ခဲ့ပါတယ်။ အိမ်ကြီးရဲ့ နောက်ဖက်မှာလဲ မြစ်ကမ်းစပ်ကြီးက ကပ်လို့ပေါ့ နေချင်စရာ အတိပြီးတဲ့ အိမ်ကြီးပါပဲ၊ ဒါပေမဲ့ ကလဲယာ အတွက် အလုပ်ပိုတွေ ရှိလာပါတယ်။ ဘေးအိမ်က လင်မယားက အမြဲလိုလို ရန်ဖြစ်တာကိုစပ်စုနေတက်ခဲ့ပါတယ်။ တစ်ခါတစ်လေ အားလုံး အလုပ်သွား ကျောင်းသွားတဲ့အခါ သူတစ်ယောက်ထဲ အိမ်ကြီးထဲမှာ ခြောက်ခြားနေသလို ခံစားခဲ့ရပါတယ်။ အဲ့ဒီဖြစ်ရပ်တွေက ကလဲယာ ရဲ့ သမီးဖြစ်သူ ကျောင်းအိပ်ကျောင်းစားထွက်သွားတဲ့ နေ့ကစပြီး ပိုမိုပီပြင်လာခဲ့ပါတော့တယ်။ အိမ်ကြီးထဲ လူတစ်ယောက်လမ်းလျှောက်သွားသလိုရေစိုနေတဲ့ ခြေရာတွေ နဲ့ ရွံ့ပေနေတဲ့ ခြေရာတွေအမြဲလိုလို တွေ့ရပြီး ရေတွေစိုပြီး ခြံထဲကနေ ကလဲယာ ကိုငေးကြည့်နေတဲ့ အမျိုးသမီး တစ်ယောက်ကိုလဲ ရံဖန်ရံခါတွေ့ရတက်ပါတယ်။ ထိုအရာများကို တစ တစ အဖြေရှာခဲ့တဲ့ အခါမှာတော့
...

City of Ember (2008) ⭐TMDB: 63% User Score 🎬 #Adventure #Family #Fantasy 🗓 2008 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 City of Ember (2008) IMDb Rating (6.4) / Rotten Tomatoes (53%) ဒီတစ်ခါတော့ပရိသတ်ကိုစွန့်စားခန်းနဲ့မိသားစုဖြော်ဖြေရေး ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ကလေးစာပေဆုနဲ့ပါတ်သက်ပြီးဆုတွေ အများကြီးရထားတဲ့ ဝတ္ထုကိုဒါရိုက်တာ Gil Kenanကရိုက်ကူးထားပါတယ်။ City of Emberရုပ်ရှင်နဲ့ပါဝင်တဲ့သရုပ်ဆောင်တွေလည်းဆုတွေအများကြီးရထားပါတယ်။ ဒီကားလေးကတော့ ကျွန်တော်ကြိုက်လွန်းလို့ ခဏခဏပြန်ကြည့်ဖြစ်တဲ့ ကားတစ်ကားပါ.. စိတ်ဝင်စားဖို့ကောင်းတဲ့ ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဇတ်လမ်းအရဆိုရင် ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးဟာ အန္တရာယ်တွေနဲ့ရင်ဆိုင်နေရပြီး လူသားတွေနေထိုင်ဖို့အတွက် ခက်ခဲတဲ့အချိန်ကိုရောက်နေပါပြီ.. ဒီအချိန်မှာ လူမျိုးတစ်စုရဲ့ ဆိုင်ရာဆိုင်ရာနည်းပညာရှင် အတတ်ပညာရှင်တွေစုပေါင်းပြီးတော့ လူသားတွေနေထိုင်ဖို့အတွက် မြေအောက်မြို့တော်တစ်ခုကို တည်ဆောက်ခဲ့ပါတယ်.. အဲ့ဒီမြို့တော်မှာနေထိုင်ကြတဲ့သူတွေဟာ ပြင်ပလောကကမ္ဘာကြီးနဲ့ မထိတွေ့ရတော့ပါဘူး.. ဒီလိုနေထိုင်နေကြမယ့်အချိန်မှာ ပညာရှင်တွေစုပေါင်း ဆွေးနွေးပြီးတော့ သေတ္တာလေးတစ်လုံးကိုပြုလုပ်ခဲ့ပါတယ်.. ပြီးတော့ သေတ္တာလေးမှာ အချိန်ကာလတစ်ခုကို သတ်မှတ်ထားခဲ့ပါတယ်..(သတ်မှတ်ထားတဲ့ အချိန်ကာလပြည့်သွားတာနဲ့ သေတ္တာလေးက ပွင့်သွားမှာပါ) ဒီလိုနဲ့ သေတ္တာလေးကို မြို့ရဲ့ အုပ်ချုပ်တွေတစ်ယောက်ပြီးတစ်ယောက် လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ပါတယ်..ကြာလာတော့ သေတ္တာလေးအကြောင်းကိုမေ့လာကြပြီး ဟိုရောက်ဒီရောက်နဲ့ သေတ္တာလေးဟာချောင်တစ်ချောင်ထဲရောက်သွားပါတော့တယ်.. ဒီလိုနဲ့ သတ်မှတ်ထားတဲ့အချိန်ပြည့်သွားပြီး သေတ္တာလေးဟာ သူ့ဟာသူ ပွင့်သွားတဲ့အခါမှာတော့.. ဘာတွေဖြစ်လာမလဲ ?? သေတ္တာလေးထဲမှာ ဘာတွေရှိမလဲ ?? ဒါတွေကိုတော့ ဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားကြပါခင်ဗျာ.. ဒီကားလေးကြည့်ပြီးတဲ့အခါမှာလည်း ပရိတ်သတ်ရဲ့ အတွေးထဲမှာ ဒီကားလေးက အချိန်အတိုင်းအတာတစ်ခုအထိနေရာယူနေဦးမှာပါ.. ဇာတ်လမ်းအမျိုးအစား Adventure, Family, Fantasy ဖြစ်ပြီး IMDb rating 6.4/10 ရရှိထားတဲ့ ဒီCity of Ember (မီးခဲမြို့တော်)ဆိုတဲ့ကားလေးဟာ လက်လွတ်မခံပဲ ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါကြောင်း.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar khin ဖြစ်ပါတယ်။)
...

Romance on the Ranch (2024) ⭐TMDB: 62% User Score 🎬 #Romance #TVMovie #Comedy #Drama 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Romance on the Ranch (2024) IMDb Rating (6.8) Romance ဇာတ်ကားလေးတွေကို နှစ်သက်ကြတဲ့ပရိသတ်တွေအကြိုက်တွေ့စေမယ့် Romance on the Ranch ကားလေးကတော့ ဘဝကိုအသစ်တစ်ဖန်ပြန်စဖို့ကြိုးစားကာ အလုပ်သစ်တစ်ခု‌အတွက် Nevada ကိုခရီးနှင်လာတဲ့ Sara ဆိုတဲ့ကောင်မလေးနဲ့ မွေးမြူရေးခြံက Aidan ဆိုတဲ့ အမျိုးသားလေးနဲ့ သူ့ညီ Porter တို့သုံးဦးရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ S‌ara ရဲ့ညီမဖြစ်သူက Sara ရဲ့ချစ်သူဟောင်းနဲ့လက်ထပ်ပြီးတဲ့နောက် Nevada ကိုအလုပ်သစ်အတွက်ခရီးထွက်လာရင်း လမ်းခုလတ်မှာကားပျက်ရာနေ Aidan တို့သားအဖနဲ့အမှတ်မထင်တွေ့ဆုံခဲ့ကြပါတယ်။ ကူညီတတ်တဲ့ Aidan တို့သားအဖကြောင့် မွေးမြူရေးခြံလေးကိုခဏတာနားခိုဖို့ရောက်လာခဲ့တဲ့နောက် မိသားစုဆန်တဲ့နွေးထွေးပျူငှာမှုတွေ ချစ်ခြင်းမေတ္တာတွေကို ခံစားမိလာတဲ့ Sara ဟာ ဒီမိသားစုလေးအပေါ် တွယ်တာစိတ်ဖြစ်လာပြီး ခရီးဆက်ရမယ့်ရက်ရောက်လာတဲ့အခါ ဒီနေရာလေးကိုစွန့်ခွာပြီး Nevada ကိုခရီးဆက်သွားမလား၊ သူလိုချင်မိတဲ့ ပျော်ရွှင်စရာအိမ်လေးနဲ့ဘဝကိုရွေးချယ်သွားမလား စောင့်ကြည့်ရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ T Hmue ဖြစ်ပါတယ်။)
...